十二处
《趣向涅槃之道》中文全译本 · 非缩略版
名色分别章 · 原书第 285–289 页 · 43 个翻译单元
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书第 285 页
အာယတန (၁၂) ပါး
十二处
အတွင်း အာယတန (၆) ပါး အပြင် အာယတန (၆) ပါး ၁။ စက္ခာယတန ၁။ ရူပါယတန ၂။ သောတာယတန ၂။ သဒ္ဒါယတန ၃။ ဃာနာယတန ၃။ ဂန္ဓာယတန ၄။ ဇိဝှါယတန ၄။ ရသာယတန ၅။ ကာယာယတန ၅။ ဖောဋ္ဌဗ္ဗာယတန ၆။ မနာယတန ၆။ ဓမ္မာယတန ---
内六处|外六处:1.眼处|色处;2.耳处|声处;3.鼻处|香处;4.舌处|味处;5.身处|触处;6.意处|法处。
原书第 286 页
၁။ စက္ခုအကြည်ဓာတ် = စက္ခုပသာဒသည် စက္ခာယတန မည်၏။
1.眼净界,即眼净色,称为眼处。
၂။ သောတအကြည်ဓာတ် = သောတပသာဒသည် သောတာယတန မည်၏။
2.耳净界,即耳净色,称为耳处。
၃။ ဃာနအကြည်ဓာတ် = ဃာနပသာဒသည် ဃာနာယတန မည်၏။
3.鼻净界,即鼻净色,称为鼻处。
၄။ ဇိဝှါအကြည်ဓာတ် = ဇိဝှါပသာဒသည် ဇိဝှါယတန မည်၏။
4.舌净界,即舌净色,称为舌处。
၅။ ကာယအကြည်ဓာတ် = ကာယပသာဒသည် ကာယာယတန မည်၏။
5.身净界,即身净色,称为身处。
၆။ လောကီ ဝိညာဏဓာတ် (၇)ပါးသည် မနာယတန မည်၏။
6.七种世间识界称为意处。
〔လောကိယ သတ္တ ဝိညာဏဓာတုယော ''မနာယတန''န္တိ။〕 (ဝိသုဒ္ဓိ-၂-၂၂၄။) ၁။ ရူပါရုံသည် = ရူပါယတန မည်၏။
“七种世间识界称为‘意处’。”(《清净道论》2-224。)1.色所缘称为色处。
၂။ သဒ္ဒါရုံသည် = သဒ္ဒါယတန မည်၏။
2.声所缘称为声处。
၃။ ဂန္ဓာရုံသည် = ဂန္ဓာယတန မည်၏။
3.香所缘称为香处。
၄။ ရသာရုံသည် = ရသာယတန မည်၏။
4.味所缘称为味处。
၅။ ဖောဋ္ဌဗ္ဗာရုံသည် = ဖောဋ္ဌဗ္ဗာယတန မည်၏။
5.触所缘称为触处。
၆။ စေတသိက် (၅၂)မျိုး၊ သုခုမရုပ် (၁၆)ပါးသည် ဓမ္မာယတန မည်၏။
6.五十二种心所与十六种细色称为法处。
အာယတန အမည်ရပုံ
处的得名
အဝိသေသတော ပန အာယတနတော၊ အာယာနံ တနနတော၊ အာယတဿ စ နယနတော အာယတနန္တိ ဝေဒိတဗ္ဗံ။ (ဝိသုဒ္ဓိ-၂-၁၁၂။) ၁။ စိတ် စေတသိက်တို့၏ မိမိ မိမိတို့၏ ကိစ္စကို အားထုတ်ရာ အားထုတ်ကြောင်း ဖြစ်သောကြောင့်လည်း- ကောင်း --- ၂။ မိမိ မိမိတို့၏ ဆိုင်ရာ ကိစ္စကို အားထုတ်သည်ဖြစ်၍ အာယ ဖြစ်ကုန်သော စိတ်စေတသိက်တို့ကို ကျယ် ပြန့်အောင် ချဲ့ထွင်တတ်သောကြောင့်လည်းကောင်း --- ၃။ အစမထင် = အနမတဂ္ဂ သံသရာတစ်ခွင်၌ ဖြစ်သော သံသရာဝဋ်ဆင်းရဲ ဒုက္ခကြီးကို လှလှကြီး ဝဝကြီး ဆောင်ထားတတ်သည်၏ အဖြစ်ကြောင့်လည်းကောင်း --- အာယတန မည်၏ ဟူ၍ သိရှိပါလေ။
“不过,一般说来,应知:由于是诸 āya 发动之处,由于扩展诸 āya,又由于引导已扩展者,所以称为 āyatana。”(《清净道论》2-112。)其义是:1.它是心与心所各自努力执行自身作用之处,也是其所由之因;2.心与心所各自努力执行相应作用,因而称为 āya,诸处能使这些心、心所广为扩展;3.诸处能把无始轮回中的庞大轮回苦充分承载、延续下去。由于这三层意义,故称为“处”。
၁။ အာယတန --- သဒ္ဒါသည် ''အကြောင်း''ဟူသော အနက်ကို ဟောသော အနိပ္ဖန္န ပါဋိပဒိကပုဒ်တည်း။
1.āyatana 一词,是表示“因”义的非派生词干(anipphanna pāṭipadika)。
စက္ခုပသာဒနှင့် ရူပါရုံ မရှိလျှင် စက္ခုဒွါရိကဝီထိစိတ်များသည် မဖြစ်နိုင်၊ စက္ခုဒွါရိကဝီထိစိတ်များ မဖြစ်ပါက လည်း စက္ခုဒွါရိကဝီထိစိတ်အတွင်း စိတ္တက္ခဏတိုင်း၌ တည်ရှိကြကုန်သော စိတ်စေတသိက်တို့သည် မိမိ မိမိ တို့၏ ဆိုင်ရာ ဆိုင်ရာ လုပ်ငန်းကိစ္စရပ်ကို မဆောင်ရွက်နိုင်ကြကုန် အားမထုတ်နိုင်ကြကုန်။ ထိုကြောင့် စက္ခု ပသာဒနှင့် ရူပါရုံတို့သည် စက္ခုဒွါရိကဝီထိစိတ်တို့၏ ဖြစ်ကြောင်းဖြစ်၍ စက္ခုဒွါရိက နာမ်တရားစုတို့၏ မိမိ မိမိ တို့၏ ဆိုင်ရာ ဆိုင်ရာ လုပ်ငန်းကိစ္စရပ်ကို ဆောင်ရွက်ရာ ဆောင်ရွက်ကြောင်း အားထုတ်ရာ အားထုတ်ကြောင်း ဖြစ်သောကြောင့် စက္ခာယတန - ရူပါယတန ဟူသော အမည်ကို ရရှိကြသည်။ ကျန်အာယတန အစုံအစုံတို့၌ လည်း နည်းတူ သဘောပေါက်ပါ။
若没有眼净色与色所缘,眼门心路心便不可能生起;眼门心路心若不生起,其中每一心刹那所含的心与心所,也就不能执行、不能努力完成各自相应的作用。因此,眼净色与色所缘既是眼门心路心的生起之因,也是眼门名法组执行、努力完成各自相应作用之处及其所由之因,所以分别获得“眼处”与“色处”之名。其余成对的诸处也应同理理解。
၂။ စက္ခုဒွါရနှင့် ရူပါရုံ ရှိပါမှ စက္ခုဒွါရဝီထိ နာမ်တရားစုတို့ ဖြစ်နိုင်ကြ၏။ စက္ခုဒွါရနှင့် ရူပါရုံ မရှိပါက စက္ခု ဒွါရ နာမ်တရားစုတို့သည် မဖြစ်နိုင်ကြကုန်။ သောတဒွါရ သဒ္ဒါရုံ စသည်တို့၌လည်း နည်းတူ မှတ်ပါ။ ယင်းသို့ ထိုထို ဒွါရ ထိုထို အာရုံကို အစွဲပြု၍ ဖြစ်ကြကုန်သော ဆိုင်ရာ ဆိုင်ရာ ထိုထို စိတ်စေတသိက်တရားတို့ကို ထို အာယတနတို့သည် ကျယ်ပြန့်အောင် ချဲ့ထွင်တတ်ကြကုန်၏။ ဓာတ်ပုံဆိုင်များ၌ အသုံးပြုသော ''ပုံကြီးချဲ့ကိရိယာ''
2.只有眼门与色所缘存在,眼门心路名法组才可能生起;若无眼门与色所缘,眼门名法组便不可能生起。耳门与声所缘等也应同理理解。诸处就这样使依各门、各所缘而生的相应心与心所广为扩展。照相馆所使用的一种“照片放大器”
原书第 287 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- နာမရူပဝဝတ္ထာနအခန်း တစ်မျိုးသည် သေးငယ်သော ဓာတ်ပုံများကို ကြီးမားကျယ်ပြန့်အောင် ပုံကြီးချဲ့၍ ပေးတတ်၏။ အလားတူပင် ဤအာယတနတို့သည်လည်း စိတ်စေတသိက်တို့ကို ကျယ်ပြန့်အောင် ချဲ့ထွင်၍ ပေးတတ်ကြ၏။ ဣဋ္ဌ ဖြစ်သော နှစ်ခြိုက်ဖွယ် အဆင်း အသံ စသည်တို့နှင့် တွေ့ကြုံခွင့် ရပါက (အယောနိသောမနသိကာရ ရှိသူတို့သည်) ပြုံး၍ ပုံကြီးချဲ့နေတတ်ကြ၏။ အနိဋ္ဌ ဖြစ်သော မနှစ်ခြိုက်ဖွယ်ရာ အဆင်း အသံ စသည်တို့နှင့် တွေ့ကြုံခွင့် ရရှိပြန်ပါကလည်း (အယောနိသော မနသိကာရ ရှိသူတို့သည်) မဲ့၍ ပုံကြီးချဲ့နေတတ်ကြပြန်၏။ စိတ်ထဲမှာ တပြုံးပြုံးလည်း ဖြစ်နေတတ်၏၊ တနုံ့နုံ့လည်း ဖြစ်နေတတ်၏။ စိတ်စေတသိက်တို့ကို ကျယ်ပြန့်အောင် ချဲ့ထွင် နေခြင်းတစ်မျိုး ဖြစ်၏။ ယောနိသောမနသိကာရ ရှိသူ သူတော်ကောင်းတို့ သန္တာန်၌ကား -- ယင်း ဒွါရ အာရုံတို့ကို အစွဲပြု၍ အကုသိုလ်တရားတို့ ကျယ်ပြန့်မလာသော်လည်း အနိစ္စာနုပဿနာဉာဏ် ဒုက္ခာနုပဿနာဉာဏ်
能把小照片放大,使之变得宽广。同样,这些处也能使心与心所扩展开来。具不如理作意者若遇到可意、令人喜爱的形色、声音等,便会笑着把它放大;若遇到不可意、不令人喜爱的形色、声音等,又会皱着脸把它放大。他会在心中反复暗笑,也会反复懊恼;这就是使心与心所扩展的一种情形。至于具如理作意的贤善者,在其相续中,不善法虽然不会依这些门与所缘扩展开来,但与无常随观智、苦随观智
အနတ္တာနုပဿနာဉာဏ် စသော ဝိပဿနာဉာဏ်တို့နှင့် ယှဥ်တွဲလျက်ရှိကြသော စိတ်စေတသိက်တို့သည်ကား ကျယ်ပြန့်လျက်ပင် ရှိပေသည်။ သို့သော် ယင်းသို့ ကျယ်ပြန့်မှုကား နိဗ္ဗာန်သို့ ပို့ဆောင်ပေးနေသည့် ကျယ်ပြန့်မှု မျိုးသာ ဖြစ်၍ ပွားများထိုက် မှီဝဲထိုက်လှပေသည်။
无我随观智等观智相应的心与心所,仍会不断扩展。不过,这样的扩展是导向涅槃的扩展,因此很值得培育、修习。
၃။ အစမထင် သံသရာတစ်ခွင်၌ ဖြစ်သော အလွန်ရှည်လျားလှစွာသော ဤသံသရာဝဋ်ဆင်းရဲဒုက္ခကြီးသည် အကြင်မျှလောက်သော ကာလပတ်လုံး နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဟု ခေါ်ဆိုအပ်သော အနုပ္ပါဒနိရောဓ သဘောအားဖြင့် မနစ်မြုပ်သေး မချုပ်သေး၊ ထိုမျှလောက် မနစ်မြုပ်သေး မချုပ်သေးသမျှ ကာလပတ်လုံး ယင်း သံသရာဝဋ်ဆင်းရဲဒုက္ခကြီးကို ယင်းအာယတနတို့က လှလှကြီး ဝဝကြီး ဆောင်ထားတတ်ကြကုန်၏ ဖြစ်စေတတ် ကြကုန်၏။ ထိုကြောင့်လည်း အာယတန မည်ပေသည်။ (ဝိသုဒ္ဓိ-၂-၁၁၂။)
3.在无始轮回中,这极其漫长的轮回苦,只要还没有依称为“不再生起之灭”的方式沉寂、止息,诸处就会一直充分承载这庞大的轮回苦,并令它继续生起。因此,它们也称为“处”。(《清净道论》2-112。)
မနာယတန - ဓမ္မာယတန
意处—法处
ဒွါရာရမ္မဏ ဘေဒေန၊ ဘဝန္တာယတနာနိ စ၊
“由于门与所缘各有差别,诸处因而成立;”
ဒွါရာရမ္မဏ တဒုပ္ပန္န၊ ပရိယာယေန ဓာတုယော။ (အဘိဓမ္မတ္ထသင်္ဂဟ။)
巴利引文(缅文转写):〔“ဒွါရာရမ္မဏ တဒုပ္ပန္န၊ ပရိယာယေန ဓာတုယော။”〕以下随文译释:“依门、所缘及由彼生起者的门径,诸界因而成立。”(《摄阿毗达磨义论》。)
''အတ္တနော သဘာဝံ ဓာရေတီတိ ဓမ္မော = မိမိ မိမိတို့၏ သဘောလက္ခဏာကို မိမိတို့ကိုယ်တိုင် ဆောင် ထားတတ်သောကြောင့် ဓမ္မ မည်၏။ --- ဟု ဆိုသဖြင့် ပရမတ္ထတရား အားလုံးသည် မိမိ၏ ကိုယ်ပိုင်သဘာဝ လက္ခဏာကို (= သဘောလက္ခဏာကို) မိမိကိုယ်တိုင် ဆောင်ထားနိုင်သဖြင့် ပရမတ္ထတရား အားလုံးကို ''ဓမ္မာ- ယတန''ဟု တစ်မျိုးတည်းသာ ဟောသင့်ပါလျက် အကွဲအပြား မရှိ တစ်ခုတည်း မဟောမူ၍ အဘယ်ကြောင့် အာယတန (၁၂)ပါးတို့ဟူ၍ ဟောကြားတော်မူအပ်ပါကုန်သနည်း။ --- ဤသို့ ယုတ္တိသဘော စောကြောလာ ငြားအံ့ --- အဖြေကား ဤသို့တည်း။
“由于自行持有各自的自性,故称为法(attano sabhāvaṃ dhāretīti dhammo)。”既然一切究竟法都能自行持有各自特有的自性特相,那么似乎应当把一切究竟法全都只说成同一个“法处”。既然如此,为什么不作无分别的一处说,却要开示十二处?若有人作这样的理路推究,答复如下。
အာယတနဒေသနာတော်သည် ဝိညာဏကာယ (၆)မျိုးတို့၏ ဒွါရနှင့် အာရုံကို ကွဲကွဲပြားပြား ခွဲခြားပြသ လို၍ ဟောကြားထားတော်မူအပ်သော ဒေသနာဖြစ်၏။ ထိုဒွါရနှင့် အာရုံတို့က (၆)ပါးစီ ကွဲပြားလျက် ရှိသော ကြောင့် ပရမတ္ထတရား အားလုံးကို ဓမ္မာယတနဟု တစ်မျိုးတည်း မဟောဘဲ --- ဒွါရ အာယတန (၆)ပါး၊ အာရုံ အာယတန (၆)ပါး --- ဤသို့ ခွဲခြား၍ အာယတန (၁၂)ပါး ဟောထားတော်မူရသည်။
处的教说,是为了把六识身各自的门与所缘清楚分别开来而作的开示。由于门与所缘各分六种,故不把一切究竟法笼统说成一个法处,而是分别开示六个门处、六个所缘处,共十二处。
၁။ စက္ခုဝိညာဏဝီထိ၌ အကျုံးဝင်သော ဝိညာဏ်အားလုံး၏ ဖြစ်ရာ ဒွါရသည် စက္ခာယတနသာလျှင် ဖြစ်၏၊ ကျက်စားရာ အာရုံသည် ရူပါရုံသာလျှင် ဖြစ်၏။
1.眼识心路所摄一切识的生起之门,唯是眼处;其活动所缘,唯是色所缘。
၂။ သောတဝိညာဏဝီထိ၌ အကျုံးဝင်သော ဝိညာဏ်အားလုံး၏ ဖြစ်ရာ ဒွါရသည် သောတာယတနသာလျှင် ဖြစ်၏၊ ကျက်စားရာ အာရုံသည် သဒ္ဒါရုံသာလျှင် ဖြစ်၏။
2.耳识心路所摄一切识的生起之门,唯是耳处;其活动所缘,唯是声所缘。
原书第 288 页
၃။ ဃာနဝိညာဏဝီထိ၌ အကျုံးဝင်သော ဝိညာဏ်အားလုံး၏ ဖြစ်ရာ ဒွါရသည် ဃာနာယတနသာလျှင် ဖြစ်၏၊ ကျက်စားရာ အာရုံသည် ဂန္ဓာရုံသာလျှင် ဖြစ်၏။
3.鼻识心路所摄一切识的生起之门,唯是鼻处;其活动所缘,唯是香所缘。
၄။ ဇိဝှါဝိညာဏဝီထိ၌ အကျုံးဝင်သော ဝိညာဏ်အားလုံး၏ ဖြစ်ရာ ဒွါရသည် ဇိဝှါယတနသာလျှင် ဖြစ်၏၊ ကျက်စားရာ အာရုံသည် ရသာရုံသာလျှင် ဖြစ်၏။
4.舌识心路所摄一切识的生起之门,唯是舌处;其活动所缘,唯是味所缘。
၅။ ကာယဝိညာဏဝီထိ၌ အကျုံးဝင်သော ဝိညာဏ်အားလုံး၏ ဖြစ်ရာဒွါရသည် ကာယာယတနသာလျှင် ဖြစ်၏၊ ကျက်စားရာ အာရုံသည် ဖောဋ္ဌဗ္ဗာရုံသာလျှင် ဖြစ်၏။
5.身识心路所摄一切识的生起之门,唯是身处;其活动所缘,唯是触所缘。
ဆဋ္ဌဿ ပန ဘဝင်္ဂမနသင်္ခါတော မနာယတနေကဒေသောဝ ဥပ္ပတ္တိဒွါရံ၊ အသာဓာရဏဉ္စ ဓမ္မာယတနံ အာရမ္မဏန္တိ။ (အဘိ-ဋ္ဌ-၂-၄၃-၄၄။ ဝိသုဒ္ဓိ-၂-၁၁၃။) ဘဝင်္ဂမနသင်္ခါတောတိ ဒွိက္ခတ္တုံ စလိတွာ ပဝတ္တဘဝင်္ဂမနသင်္ခါတော။ စလနဝသေန ဘဝင်္ဂပ္ပဝတ္တိယာ သတိ ဧဝ အာဝဇ္ဇနုပ္ပတ္တိ၊ န အညတ္ထာတိ အာဝဇ္ဇနဿာပိ ကာရဏဘူတန္တိ ကတွာ ဝုတ္တံ ''ဘဝင်္ဂမနသင်္ခါတော ။ ပ ။ ဥပ္ပတ္တိဒွါရ''န္တိ။ အသာဓာရဏန္တိ စက္ခုဝိညာဏာဒီနံ အသာဓာရဏံ။ သတိပိ အသာဓာရဏဘာဝေ စက္ခာဒီနံ ဒွါရဘာဝေန ဂဟိတတ္တာ ဓမ္မာယတနေန အဂ္ဂဟဏံ ဒဋ္ဌဗ္ဗံ။ ဒွါရာရမ္မဏဘာဝေဟိ ဝါ အသာဓာရဏတံ သန္ဓာယ ''အသာဓာရဏ''န္တိ ဝုတ္တံ။ (မဟာဋီ-၂-၁၇၃။) ၆။ မနောဝိညာဏဝီထိ၌ အကျုံးဝင်သော ဝိညာဏ်အားလုံး၏ ဖြစ်ရာဒွါရသည် နှစ်ကြိမ်လှုပ်၍ ဖြစ်ပေါ် လာသော ဘဝင်စိတ်ဟု ဆိုအပ်သော မနာယတနတစ်စိတ် တစ်ဒေသသည်သာလျှင် ဖြစ်ရာ ဒွါရ ဖြစ်၏။
“然而,第六〔意识身〕的生起之门,唯是意处中称为有分意的那一部分;其所缘,则是不共〔于前五识〕的法处。”(《迷惑冰消》2-43—44;《清净道论》“所谓‘称为有分意’,是说称为两度动摇而转起的有分意。只有有分以动摇的方式转起时,转向才会生起,别无他途;由于它也是转向之因,故说‘称为有分意……生起之门’。‘不共’意为不共于眼识等。眼处等虽也各具不共性,但因已作为门摄取,故应知不再由法处摄取。或者,‘不共’是针对门与所缘两方面的不共性而说。”(《大复注》2-173。)6.意处的一部分——称为两度动摇而转起的有分心——唯是意识心路所摄一切识的生起之门。
(ဤကား မဟာဋီကာအဖွင့်အတိုင်း ဘာသာပြန်ဆိုချက် ဖြစ်သည်။ ဆရာစဥ်ဆက် သင်ကြားပို့ချလာသော ဝါစာနာမဂ္ဂအတိုင်း ဆိုရမူ --- နှစ်ကြိမ်လှုပ်၍ ပြတ်သော ဘဝင်စိတ်ဟု ဆိုအပ်သော မနာယတန တစ်စိတ် တစ်ဒေသသည်သာလျှင် မနောဝိညာဏဝီထိ၌ အကျုံးဝင်သော ဝိညာဏ်အားလုံး၏ ဖြစ်ရာ ဒွါရ ဖြစ်သည်။
(以上是依《大复注》的解释而作的译文。若依历代导师相承教授的传诵轨范(vācanāmagga)来说,则应作:意处的一部分——称为两度动摇后即断止的有分心——唯是意识心路所摄一切识的生起之门。
ဋီကာကား နှစ်ကြိမ်လှုပ်လျက် ဖြစ်ပေါ်လာသော ဘဝင်္ဂစလနသည် မနောဒွါရ မည်၏၊ ဆရာစဥ်ဆက်ကား လှုပ်သော ဘဝင် = ဘဝင်္ဂစလန နောင်၌ ဖြစ်သော ပြတ်သော ဘဝင် = ဘဝင်္ဂုပစ္ဆဒသည် မနောဒွါရ မည်၏ဟု ဆိုလိုသည်။ ဘဝင်္ဂစလနဟု သုံးခြင်း ဘဝင်္ဂုပစ္ဆေဒဟု သုံးခြင်း --- ဟူသော အခေါ်အဝေါ်သာ ကွာသည်၊ တရားကိုယ်ကား အတူတူပင်ဟု မှတ်ပါ။ လှုပ်သော ဘဝင် = ဘဝင်္ဂစလန၏ အစွမ်းဖြင့် ဘဝင်၏ ဖြစ်ပေါ် လာခြင်း ထင်ရှားရှိမှသာလျှင် အာဝဇ္ဇန်း၏ ဖြစ်ပေါ်လာခြင်းသည်လည်း ဖြစ်နိုင်၏။ ဘဝင်္ဂစလန မဖြစ်ရာ၌ အာဝဇ္ဇန်းလည်း မဖြစ်နိုင်။ သို့အတွက် အာဝဇ္ဇန်း၏ အကြောင်းဖြစ်သော ဘဝင်ကို နှလုံးပိုက်တော်မူ၍ မနာ- ယတန၏ တစ်စိတ် တစ်ဒေသဖြစ်သော ဘဝင်္ဂမနဟု ခေါ်ဆိုအပ်သော ဘဝင်္ဂစလနသည် (= ဘဝင်္ဂုပစ္ဆေဒသည်) မနောဝိညာဏဝီထိ၌ အကျုံးဝင်သော ဝိညာဏ်အားလုံး၏ ဖြစ်ရာ ဒွါရ ဖြစ်၏ဟု အဋ္ဌကထာ ဆရာတော် ဖွင့်ဆိုတော်မူခြင်း ဖြစ်သည်။)
复注的意思是,两度动摇而转起的有分波动称为意门;历代导师的意思则是,在波动的有分——有分波动——之后生起的断止有分,即有分断,称为意门。应知,二者只是使用“有分波动”或“有分断”这一名称的差别,所指法体相同。只有借有分波动之力,有分的转起清楚出现以后,转向才可能生起;若无有分波动,转向也不可能生起。因此,义注师心系作为转向之因的有分,解释说:意处的一部分——称为有分意的有分波动〔即有分断〕——是意识心路所摄一切识的生起之门。)
ဧကဒေသျူပစာ --- လောကိယသတ္တဝိညာဏဓာတုယော မနာယတနံ --- (ဝိသုဒ္ဓိ-၂-၂၂၄။) လောကီဝိညာဏဓာတ် (၇)ပါးသည် တစ်နည်း (ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်သော) လောကီစိတ် အားလုံးသည် မနာယတန မည်၏ဟု ဖွင့်ဆိုထား၏။ တစ်ဖန် ဤ၌ --- မနာယတန၏ တစ်စိတ်တစ်ပိုင်းဖြစ်သော ဘဝင်စိတ်ကို ဧကဒေသျူပစာရနည်းအားဖြင့် မနာယတန- အရ ကောက်ယူ၍ ယင်းဘဝင်မနာယတနကိုပင် မနောဝိညာဏ် အားလုံးတို့၏ စွဲမှီ၍ ဖြစ်ရာ မနောဒွါရဟု ဖွင့်ဆိုထားသည် မှတ်ပါ။
一分借称(ekadesūpac“七种世间识界为意处。”(《清净道论》2-224。)经解释,七种世间识界,换言之,作为观智所观之所缘的一切世间心,都称为意处。此处又以一分借称之法,用“意处”之名指取意处的一部分——有分心;并把这个有分意处解释为一切意识所依而生的意门。应如此理解。
ဓမ္မာယတန --- တံသမ္ပယုတ္တာ ဖဿာဒယော သေသရူပဉ္စ ''ဓမ္မာယတန''န္တိ။ (ဝိသုဒ္ဓိ-၂-၂၂၄။)
“与彼〔诸世间识界〕相应的触等,以及其余诸色,称为‘法处’。”(《清净道论》2-224。)
原书第 289 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- နာမရူပဝဝတ္ထာနအခန်း ထိုလောကီဝိညာဏဓာတ် (၇)ပါးနှင့် စိတ္တက္ခဏတစ်ခု တစ်ခု အတွင်း၌ ထိုက်သလို အတူယှဥ်တွဲ ဖြစ်ကြ သော ဖဿ စသော စေတသိက် (၅၂)မျိုးနှင့် စက္ခာယတန စသည့် အထက်ပါ ရုပ်အာယတန (၁ဝ)ပါးတို့မှ ကြွင်းကျန်ကုန်သော သုခုမရုပ် (၁၆)မျိုးတို့သည် ဓမ္မာယတန မည်ကုန်၏။ ဤဓမ္မာယတနတရားစုတို့ကား စက္ခု ဝိညာဏ် စသော ပဉ္စဝိညာဏ်တို့၏ ဒွါရ၏အဖြစ် အာရုံ၏အဖြစ်ဖြင့် မဆက်ဆံသော အာယတနပင်တည်း။
与这七种世间识界在每一心刹那中随其所宜相应俱起、以触等为首的五十二种心所,以及在上述眼处等十个色法之处以外所余的十六种细色,都称为法处。这组法处之法,对眼识等五识既不充当门,也不充当所缘。
မနောဒွါရယူပုံ တစ်နည်း --- ''အယံ နာမ မနော မနောဒွါရံ န ဟောတီ''တိ န ဝတ္တဗ္ဗော။
另一“不应说:‘有某一种心不是意门。’”
(အဘိ-ဋ္ဌ-၁-၁၂၉။)
(《殊胜义注》1-129。)
= ဤအဋ္ဌကထာ အဖွင့်အရ ရှေးရှေး မနသည် (= စိတ်သည်) နောက်နောက် မနအား ဖြစ်ပေါ်လာအောင် ကျေးဇူးပြုခြင်းကြောင့် ရှေးရှေး မနဟူသမျှကို နောက်နောက် မန၏ ဖြစ်ကြောင်းဒွါရဟု ဆိုနိုင်သည်။ ဤအဖွင့် အရမူ မနာယတန အမည်ရသော စိတ်အားလုံးသည် မနောဒွါရ မည်၏။ ဘဝင်ကိုသာ မနောဒွါရဟု ကောက်ယူ ခြင်းသည်ကား ယူရိုးယူစဥ် ထုံးစံပင်တည်း။ စိတ်အားလုံးကို မနောဒွါရဟု ကောက်ယူခြင်းကား ပရိယာယ် တစ်မျိုးအားဖြင့်သာ ကောက်ယူခြင်းဟု မှတ်သားပါလေ။ (ပရိယာယ်တစ်မျိုးဟူသည် အနန္တရအကြောင်းကို ဆိုလိုသည်။) ဓမ္မာယတနလည်း ပရိယာယ်ပင် --- ရူပါယတန စသည်ကို ရူပါရုံ စသည်ဖြင့် ဆိုခြင်းမှာလည်း ထုံးစံ ပင်တည်း။ သို့သော် ဓမ္မာယတနနှင့် ဓမ္မာရုံကား ကွာဟချက် အနည်းငယ် ရှိနေ၏၊ မတူတတ်ချေ။ ရှေးစာမျက်- နှာ (၃၅)၌ ဖော်ပြခဲ့သည့်အတိုင်း --- ဓမ္မာရုံ အမည်ရသော တရားစုတို့မှာ --- ပသာဒရုပ်၊ သုခုမရုပ်၊ စိတ်၊
依这段义注的解释,由于每一个前心都资助后一个心生起,所以一切前心都可以说是令后心生起的门。依此解释,一切称为意处的心都称为意门。只取有分为意门,是通行的传统取法;把一切心都取作意门,则只是依一种方便说而取。〔这里所谓“一种方便”,是指以前心作为后心的无间因。〕把法处称为法所缘,也同样只是一种方便说;至于把色处等称为色所缘等,则是通行说法。不过,法处与法所缘仍略有差别,并不总是相同。如前面第35页所列,称为法所缘的一组法包括:净色、细色、心
စေတသိက်၊ နိဗ္ဗာန်၊ ပညတ်တို့ ပါဝင်ကြ၏။ ဤဓမ္မာယတန၌ကား ဝိပဿနာဉာဏ်၏ အရှုခံအာရုံတို့ကိုသာ ရွေးချယ်၍ ဟောကြား ဖွင့်ဆိုထားသောအပိုင်း ဖြစ်သဖြင့် နိဗ္ဗာန်နှင့် ပညတ်တို့လည်း မပါဝင်နိုင်။ ပသာဒရုပ် (၅)ပါးတို့မှာ စက္ခာယတန စသော အမည်ထူးကို ရရှိပြီးဖြစ်၍ ဓမ္မာယတန၌ မပါဝင်နိုင်။ လောကီစိတ်အားလုံး တို့မှာလည်း မနာယတနဟူသော အမည်ထူးကို ရရှိထားပြီး ဖြစ်၍ ဓမ္မာယတန၌ မပါဝင်နိုင်။ သို့အတွက် ဓမ္မာယတနကို ဓမ္မာရုံဟု ခေါ်ဆိုခြင်းမှာလည်း --- ဒွါရအာယတန (၆)ပါး၊ အာရုံအာယတန (၆)ပါး --- ဤသို့ ခွဲခြား၍ အာယတန (၁၂)ပါး ဟောကြားတော်မူလိုသော အကြောင်းပရိယာယ် တစ်မျိုးအားဖြင့်သာ ခေါ်ဆိုခြင်း ဖြစ်သည်ဟု မှတ်သားပါလေ။ (ရူပသမ္မူဠှာပုဂ္ဂိုလ်၊ မဇ္ဈိမရုစိပုဂ္ဂိုလ်တို့အတွက် အာယတန ဒေသနာတော်ကို ဟောကြားတော်မူသည်။ ရုပ်ကမ္မဋ္ဌာန်းပိုင်း (၅၄၃) စသည်တို့တွင် ပြန်ကြည့်ပါ။)
心所、涅槃与概念。可是,本处所说的法处,是专门拣选观智所观照的所缘而开示、解释的一部分,所以涅槃与概念不能包括在内。5种净色已经分别得到眼处等专名,不能收入法处;一切世间心也已得到意处这一专名,同样不能收入法处。因此,应当记住:把法处称为法所缘,只是为了按6种门处与6种所缘处来分别宣说12处而采用的一种方便说。〔十二处的教说,是为对色法迷惑者、喜好中等详略者而说;参见色业处部分第543页等。〕
〔အထူးသတိပြုရန် --- ဤ ဓမ္မာယတန အမည်ရသော သုခုမရုပ် (၁၆)မျိုးတို့တွင် အလွန်အရေးပါလှသော ဟဒယဝတ္ထုရုပ်လည်း ပါဝင်လျက်ရှိ၏။ ယင်း ဟဒယဝတ္ထုရုပ်သည်လည်း ဓမ္မာယတနပင် မည်၏၊ ဤအချက်မှာ အာယတန (၁၂)ပါး ရှုကွက် ဓာတ် (၁၈)ပါး ရှုကွက်တို့၌ အလွန်အရေးပါသော အချက်ပင် ဖြစ်ပေသည်။〕 တစ်ဖန် ဒွါရ (၆)ပါး၊ အာရုံ (၆)ပါး၊ ထို အာရုံ (၆)ပါးကိုပင် အာရုံပြု၍ ထိုဒွါရ (၆)ပါးကို အစွဲပြု၍ ဖြစ် ပေါ်လာသော ဝိညာဏ် (၆)ပါး --- ဤသို့ ဒွါရ၊ အာရုံ၊ ဝိညာဏ်တို့၏ (၆)ပါးစီ ပြားသောကြောင့် ဓာတ် (၁၈)ပါး ပြားရလေသည်။ ဓမ္မဓာတ်ကို ဓမ္မာရုံဟု ခေါ်ဆိုရာ၌လည်း ဓမ္မာယတန၌ ဖော်ပြခဲ့သည့်အတိုင်းပင် မှတ်ပါ။
〔特别应当注意:称为法处的16种细色中,还包括极为重要的心所依处色。该心所依处色本身也是法处;这一点在十二处观法与十八界观法中极为重要。〕再者,有6门、6所缘,以及以这6所缘为所缘、依止这6门而生起的6识。因为门、所缘、识各分为6种,所以分成18界。至于把法界称为法所缘,也应依前述法处的说明来理解。