威仪章与正知章

《趣向涅槃之道》中文全译本 · 非缩略版

威仪章与正知章 · 原书第 347 页 · 10 个翻译单元

本页并入了原书的相邻小节:威仪与正知的观法、四种色身。

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 347 页
ဣရိယာပထ အခန်းနှင့် သမ္ပဇဥ်အခန်း
威仪章与正知章
ဣရိယာပထနှင့် သမ္ပဇညပိုင်း ရှုကွက်
威仪与正知的观法
ရုပ်ကမ္မဋ္ဌာန်းပိုင်းတွင် ရုပ်ပိုင်းဆိုင်ရာ ဣရိယာပထပိုင်း ရှုကွက်နှင့် သမ္ပဇညပိုင်း ရှုကွက်တို့ကို ဖော်ပြခဲ့ ပြီး ဖြစ်၏။ ယခု ဤနာမ်ကမ္မဋ္ဌာန်းပိုင်းတွင်ကား ခန္ဓာ (၅)ပါး ရှုကွက်တို့ကို ဖော်ပြမည် ဖြစ်ပါသည်။ ထိုသို့ ဖော် ပြရာ၌ ရုပ်ပိုင်းတွင် ရှင်းလင်းတင်ပြခဲ့သည့် အပိုင်းတို့ကို ကျေကျေညက်ညက် ဖြစ်အောင် ပြန်လည်လေ့လာပါ ပြန်လည် သိမ်းဆည်းပါ ပြန်လည် ရှုပွားပါ။ သို့မှသာလျှင် ဤနာမ်ကမ္မဋ္ဌာန်းပိုင်းတွင် ဖော်ပြမည့် ရှုကွက်တို့ကို ပိုမိုနက်ရှိုင်းစွာ သဘောပေါက်နိုင်မည် သိမ်းဆည်းရှုပွားနိုင်မည် ဖြစ်ပါသည်။
在色业处部分,已经说明了色法方面的威仪观法与正知观法。现在,在本名业处部分,将说明五蕴的观法。为此,应把色法部分已经清楚说明的内容重新学到纯熟,重新摄取,重新观修。只有这样,才能更深入地理解本名业处部分将要说明的观法,并能实际摄取、观修。
ရူပကာယ (၄) မျိုး
四种色身
တတ္ထ စတုဗ္ဗိဓော ကာယော ဥပါဒိန္နကော အာဟာရသမုဋ္ဌာနော ဥတုသမုဋ္ဌာနော စိတ္တသမုဋ္ဌာနောတိ။
“这里所说的色身有四种:已被执受色身、食所生色身、时节所生色身与心所生色身。”
တတ္ထ စက္ခာယတနာဒီနိ ဇီဝိတိန္ဒြိယပရိယန္တာနိ အဋ္ဌ ကမ္မသမုဋ္ဌာနရူပါနိပိ၊ ကမ္မသမုဋ္ဌာနာနေဝ စတဿော ဓာတုယော ဝဏ္ဏော ဂန္ဓော ရသော သြဇာတိ အဋ္ဌ ဥပါဒိန္နကကာယော နာမ။ တာနေဝ အဋ္ဌ အာဟာရဇာနိ အာဟာရသမုဋ္ဌာနိကကာယော နာမ။ အဋ္ဌ ဥတုဇာနိ ဥတုသမုဋ္ဌာနိကကာယော နာမ၊ အဋ္ဌ စိတ္တဇာနိ စိတ္တ- သမုဋ္ဌာနိကကာယော နာမ။ (အဘိ-ဋ္ဌ-၁-၁၂၄။) ၁။ ဥပါဒိန္နကကာယ --- ကံကြောင့် ဖြစ်သော ကမ္မသမုဋ္ဌာန် ဖြစ်သော စက္ခာယတန၊ သောတာယတန၊ ဃာနာယတန၊ ဇိဝှါယတန၊ ကာယာယတန၊ ဣတ္ထိဘာဝရုပ်၊ ပုရိသဘာဝရုပ်၊ ဇီဝိတိန္ဒြေဟူသော ဤ (၈)မျိုးသော ကမ္မသမုဋ္ဌာန်ရုပ်တို့သည်လည်းကောင်း၊ (ဟဒယဝတ္ထုကိုပါ ထည့်သော် - ၉ - မျိုးဟု မှတ်ပါ။) ကမ္မသမုဋ္ဌာန်ပင် ဖြစ်သော ပထဝီ အာပေါ တေဇော ဝါယော ဝဏ္ဏ ဂန္ဓ ရသ သြဇာ --- ဤ (၈)မျိုးသော ရုပ်တို့သည်လည်းကောင်း ဥပါဒိန္နကကာယ မည်၏။ 〔တဏှာ-ဒိဋ္ဌိတို့သည် ကပ်အပ်သော ယှဥ်အပ်သော သို့မဟုတ် ခြံရံအပ်သော ကံသည်
“其中,从眼处等直至命根的8种业所生色,以及同由业所生的四界、颜色、香、味、食素这8种色,称为已被执受色身。同样这8种色由食所生时,称为食所生色身;8种时节所生色称为时节所生色身;8种心所生色称为心所生色身。”(《殊胜义注》1-124。)1.已被执受色身——眼处、耳处、鼻处、舌处、身处、女根色、男根色、命根这8种由业所生的色〔若把心所依处也计算在内,应记为9种〕,以及同由业所生的地、水、火、风、颜色、香、味、食素这8种色,都称为已被执受色身。〔这是指:由爱与见所黏附、相应或围绕的业所生,而又被执受为“我、我的果”的
''ငါ-ငါ၏အကျိုး''ဟု အကျိုးအဖြစ်ဖြင့် စွဲယူအပ်သော ကမ္မဇရုပ်အပေါင်းဟု ဆိုလိုသည်။〕 ၂။ အာဟာရသမုဋ္ဌာနိကကာယ --- ထို ပထဝီ အာပေါ တေဇော ဝါယော ဝဏ္ဏ ဂန္ဓ ရသ သြဇာဟူသော (၈)မျိုးသော ရုပ်တို့သည်ပင် အာဟာရကြောင့် ဖြစ်ကုန်လတ်သော် အာဟာရသမုဋ္ဌာနိကကာယ မည်၏။
业生诸色之总和。〕2.食所生色身——地、水、火、风、颜色、香、味、食素这8种色由食物所生时,称为食所生色身。
၃။ ဥတုသမုဋ္ဌာနိကကာယ --- ထို (၈)မျိုးသော ရုပ်တို့သည်ပင် ဥတု (= တေဇောဓာတ်) ကြောင့် ဖြစ်ကုန်သည် ဖြစ်လတ်သော် ဥတုသမုဋ္ဌာနိကကာယ မည်၏။
3.时节所生色身——同样这8种色由时节〔即火界〕所生时,称为时节所生色身。
၄။ စိတ္တသမုဋ္ဌာနိကကာယ --- ထို (၈)မျိုးသော ရုပ်တို့သည်ပင် စိတ်ကြောင့် ဖြစ်ကုန်သည် ဖြစ်လတ်သော် စိတ္တသမုဋ္ဌာနိကကာယ မည်၏။
4.心所生色身——同样这8种色由心所生时,称为心所生色身。
〔မှတ်ချက် --- ကံ စသော အကြောင်းတရား (၄)ပါးကြောင့် ထင်ရှားဖြစ်ပေါ်လာရသော ရူပကာယ = ရုပ် တရားအပေါင်းဖြစ်သော ခန္ဓာကိုယ်ဝယ် အမြဲဖြစ်နေသော ရူပရူပ = ရုပ်အစစ်တို့ကိုသာ ဖွင့်ပြထားခြင်း ဖြစ် သည်။ ထိုကြောင့် တစ်ရံ တစ်ခါမှ ဖြစ်သော သဒ္ဒရုပ်ကိုလည်းကောင်း၊ ရုပ်အစစ် မဟုတ်ကြသော အနိပ္ဖန္န ရုပ်များကိုလည်းကောင်း ဖွင့်မပြဘဲထားသည်ဟု မှတ်ပါ။〕
〔注意——上述只解释了色身,也就是由业等四种因明显生起的一切色法之聚中,恒常出现的真实色法。因此,应当知道:只在某些时候生起的声色,以及其余非真实色法,都没有在这里列出。〕

本页是帕奥禅师缅文「五大册」第二册(趣向涅槃之道·第二册,书名暂定)的现代汉语全译本,非缩略版、非节译;译者 Dhammesanā。与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。