无爱染苦受
《趣向涅槃之道》中文全译本 · 非缩略版
四念处章 · 原书第 487–496 页 · 101 个翻译单元
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书第 487 页
နိရာမိသ ဒုက္ခဝေဒနာ
无爱染苦受
ရူပါနံတွေဝ အနိစ္စတံ ဝိဒိတွာ ဝိပရိဏာမဝိရာဂနိရောဓံ ''ပုဗ္ဗေ စေဝ ရူပါ ဧတရဟိ စ၊ သဗ္ဗေ တေ ရူပါ အနိစ္စာ ဒုက္ခာ ဝိပရိဏာမဓမ္မာ''တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒိသွာ အနုတ္တရေသု ဝိမောက္ခေသု ပိဟံ ဥပဋ္ဌာပေတိ ''ကုဒါဿု နာမာဟံ တဒါယတနံ ဥပသမ္ပဇ္ဇ ဝိဟရိဿာမိ၊ ယဒရိယာ ဧတရဟိ အာယတနံ ဥပသမ္ပဇ္ဇ ဝိဟရန္တီ''တိ။ ဣတိ အနုတ္တရေသု ဝိမောက္ခေသု ပိဟံ ဥပဋ္ဌာပယတော ဥပ္ပဇ္ဇတိ ပိဟပစ္စယာ ဒေါမနဿံ၊ ယံ ဧဝရူပံ ဒေါမနဿံ ဣဒံ ဝုစ္စတိ နေက္ခမ္မသိတံ ဒေါမနဿံ။ (မ-၃-၂၆၁။)
“了知诸色的无常,以及它们的变异、离贪与灭,依正慧如实看见:‘过去的色与现在的色,一切这些色都是无常、苦、变易之法。’于是,他对无上诸解脱建立希求:‘圣者如今进入并安住于那一境地;我究竟何时也能进入并安住于其中?’对于这样对无上诸解脱建立希求的人,缘于希求而生起忧受;如此之忧受,称为依出离忧受。”(《中部》3-261。)
原书第 488 页
= ရူပါရုံတို့၏သာလျှင် မမြဲသော အနိစ္စအခြင်းအရာကိုလည်းကောင်း၊ ဖောက်ပြန်ခြင်း = ဝိပရိဏာမ သ- ဘော၊ ကင်းပြတ်ခြင်း = ဝိရာဂသဘော၊ ချုပ်ပျောက်ခြင်း = နိရောဓသဘောကိုလည်းကောင်း သိရှိ၍ --- ''ရှေး၌ ဖြစ်ခဲ့ပြီးကုန်သော ရူပါရုံတို့သည်လည်းကောင်း၊ ယခုအခါ၌ ရူပါရုံတို့သည်လည်းကောင်း ရှိကြကုန်၏။ ခပ်သိမ်း ကုန်သော ထိုရူပါရုံတို့သည် --- ၁။ ဖြစ်ပြီးလျှင် ပျက်တတ်သော အနိစ္စတရားတို့သာတည်း၊ ၂။ ဖြစ်ခြင်း ပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် ညှဥ်းပန်းနှိပ်စက်ခံရသော ဒုက္ခတရားတို့သာတည်း၊ ၃။ ဇရာ-မရဏတို့ဖြင့် ဖောက်ပြန်ပျက်စီးတတ်သော ဝိပရိဏာမတရားတို့သာတည်း'' --- ဤသို့လျှင် ဤရူပါရုံကို မဖောက်မပြန် ဟုတ်မှန်သည့်အတိုင်း ဝိပဿနာဉာဏ်ဖြင့် ရှုမြင်ရသည် ဖြစ်၍ ကိလေသာတို့မှ လွတ်မြောက်မှုတို့၌ အသာဆုံး အမြတ်ဆုံး ဖြစ်သောကြောင့် အနုတ္တရဝိမောက္ခ အမည်ရကုန် သော အရဟတ္တဖိုလ်တို့၌ --- ''အရိယာ သူတော်ကောင်းတို့သည် ယခုအခါ၌ အကြင် အရဟတ္တဖိုလ်သို့ ကပ်-
也就是说,了知色所缘的无常之性,以及变异(vipariṇāma)、离贪(virāga)、灭(nirodha)之性;并以毗婆舍那智如实、不颠倒地看见:“有过去已经生起的色所缘,也有现在的色所缘;这一切色所缘,1.都是生起以后便会坏灭的无常法;2.都是不断受生灭逼迫的苦法;3.都是会因老死而变异坏灭的变易法。”如此如实观见色所缘以后,他便对阿罗汉果——因为是从诸烦恼解脱中最上、最胜者,故称“无上解脱”——生起希求:“诸圣者如今已经进入
ရောက်၍ နေထိုင်တော်မူကြကုန်၏၊ ငါသည်လည်းပဲ အဘယ်မည်သော အခါ၌ ထိုအရဟတ္တဖိုလ်သို့ ကပ်ရောက် ၍ နေရပါအံ့နည်း'' --- ဟူသော တောင့်တခြင်းကို (မြတ်နိုးခြင်းကို) ဖြစ်စေ၏။ ဤသို့လျှင် အနုတ္တရဝိမောက္ခ တရားတို့၌ တောင့်တခြင်း (ချစ်မြတ်နိုးခြင်းကို) ဖြစ်စေသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ တောင့်တမှု (ချစ် မြတ်နိုးမှု) ဟူသော အကြောင်းကြောင့် ဒေါမနဿတရားသည် ဖြစ်ပေါ်၍လာ၏။ ဤဒေါမနဿတရားသည် နေက္ခမ္မသိတဒေါမနဿ မည်၏။ နိရာမိသ ဒုက္ခဝေနာတည်း။ (သဒ္ဒါရုံ စသည့် အာရုံငါးပါးတို့၌လည်း ပုံစံတူပင် ဟောကြားထားတော်မူပေသည်။) (မ-၃-၂၆၁။) ဣမာနိ ဆ နေက္ခမ္မသိတာနိ ဒေါမနဿာနီတိ ဣမာနိ ဧဝံ ဆသု ဒွါရေသု ဣဋ္ဌာရမ္မဏေ အာပါထဂတေ အရဟတ္တေ ပိဟံ ပဋ္ဌပေတွာ တဒဓိဂမာယ အနိစ္စာဒိဝသေန ဝိပဿနံ ဥပဋ္ဌပေတွာ ဥဿုက္ကာပေတုံ အသ- က္ကောန္တဿ ''ဣမမ္ပိ ပက္ခံ ဣမမ္ပိ မာသံ ဣမမ္ပိ သံဝစ္ဆရံ အရဟတ္တံ ပါပုဏိတုံ ပါပုဏိတုံ နသက္ခိ''န္တိ အနုသော-
并安住于这一阿罗汉果,我又何时才能进入并安住于这一阿罗汉果呢?”他由此生起渴求与珍爱。这样,瑜伽行者对无上解脱之法生起渴求与珍爱;在其相续中,以这份渴求与珍爱为因,忧法便随之生起。这种忧法称为依出离忧受,也就是无爱染苦受。(其余声所缘等五种所缘,也以同样方式开示。)(《中部》3-261。)巴利《中部义注》引文起(缅文转写):“ဣမာနိ ဆ နေက္ခမ္မသိတာနိ ဒေါမနဿာနီတိ ဣမာနိ ဧဝံ ဆသု ဒွါရေသု ဣဋ္ဌာရမ္မဏေ အာပါထဂတေ အရဟတ္တေ ပိဟံ ပဋ္ဌပေတွာ တဒဓိဂမာယ အနိစ္စာဒိဝသေန ဝိပဿနံ ဥပဋ္ဌပေတွာ ဥဿုက္ကာပေတုံ အသ- က္ကောန္တဿ ''ဣမမ္ပိ ပက္ခံ ဣမမ္ပိ မာသံ ဣမမ္ပိ သံဝစ္ဆရံ အရဟတ္တံ ပါပုဏိတုံ ပါပုဏိတုံ နသက္ခိ''န္တိ အနုသော-”截至本单元译义:“所谓‘这六种依出离忧受’,应当这样理解:可意所缘现于六门时,一个人先对阿罗汉果建立希求,再为了证得它而依无常等建立观;但他不能使精进振作起来,于是悲叹:‘这个半月、这个月、这一年,我都未能证得阿罗汉果。’他如此一再悲伤——”
စတော ဂါမန္တပဗ္ဘာရဝါသိမဟာသိဝတ္ထေရဿ ဝိယ အဿုဓာရာပဝတ္တနဝသေန ဥပ္ပန္နဒေါမနဿာနိ ဆ နေက္ခ- မ္မသိတဒေါမနဿာနီတိ ဝေဒိတဗ္ဗာနိ။ (မ-ဋ္ဌ- ၄-၁၈၇။) ဘုရား အစရှိသော အရိယာသူတော်မြတ်တို့၏ အထံမှ အရဟတ္တဖိုလ်၏ ဂုဏ်ကျေးဇူးတို့ကို တစ်ဆင့် ကြားနာရ၍ အရဟတ္တဖိုလ်ကို ရလိုသော ကြံစည်စိတ်ကူးမှုများသည် ဖြစ်ပေါ်လာ၏၊ အရဟတ္တဖိုလ်ကို ရည် ညွှန်း၍ ဆုတောင်းပန်ထွာမှုကိုလည်း ပြု၏။ ထိုအရဟတ္တဖိုလ်၌ မိမိ၏ စိတ်ကို ရရှိဖို့ရန် ဆောက်တည်ထား ၏။ ဤသို့ အရဟတ္တဖိုလ်ကို လိုလားတောင့်တလျက်ရှိသော သူတော်ကောင်းတစ်ဦးသည် အရဟတ္တဖိုလ်ကို ရကြောင်းဖြစ်သည့် သမထ ဝိပဿနာ ဘာဝနာတို့ကို စီးဖြန်းအားထုတ်လေရာဝယ် ဒွါရ (၆)ပါးတို့၌ ဣဋ္ဌာရုံ (၆)မျိုးတို့သည် ထိုက်သလို ထင်လာကြ၏။ ဤသို့လျှင် ဒွါရ (၆)ပါးတို့၌ ဣဋ္ဌာရုံသည် ထင်လာလတ်သော် အရ- ဟတ္တဖိုလ်၌ လိုလားတောင့်တခြင်း = ချစ်မြတ်နိုးခြင်းဟူသော အလွန် သိမ်မွေ့နူးညံ့သော ပိဟတရားကို ဖြစ်စေ
“——就像住在村边山洞的大湿婆长老那样,泪流成行而生起的忧受,便应知是六种依出离忧受。”(《中部义注》4-187。)作者释义:从佛陀等圣者那里间接听闻阿罗汉果的功德以后,他生起想要获得阿罗汉果的意愿,也以阿罗汉果为目标发愿祈求,并立定其心要证得阿罗汉果。如此希求阿罗汉果的善人,为了获得阿罗汉果而勤修止与观;其时,六种可意所缘随其所应显现于六门。当可意所缘如此显现于六门时,他生起对阿罗汉果的希求=珍爱,也就是极微细、柔和的希求(pihā)之法
လျက် ထိုအရဟတ္တဖိုလ်ကို ရရှိခြင်းငှာ ယင်းအာရုံ (၆)ပါး သင်္ခါရတရားတို့ကို အနိစ္စ ဒုက္ခ အနတ္တဟု လက္ခ- ဏာရေးတင်ကာ ဝိပဿနာ ရှုပွားသုံးသပ်၏၊ ဝိပဿနာဉာဏ်ကို ဖြစ်စေ၏၊ ဝိပဿနာဉာဏ်ကို ဖြစ်စေ၍ အရဟ- တ္တဖိုလ်သို့တိုင်အောင် ရောက်ရှိအံ့သောငှာ လုံ့လကြိုးကုတ် အားထုတ်ပါသောလည်း ရောက်ရှိစေဖို့ရန် မစွမ်းနိုင် ဖြစ်နေ၏။ ထိုသို့ အရဟတ္တဖိုလ်သို့ ရောက်ရှိဖို့ရန် မစွမ်းနိုင် ဖြစ်နေသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် - ''ငါသည် ဤလဆန်းပက္ခပတ်လုံးလည်း၊ ဤလဆုတ်ပက္ခပတ်လုံးလည်း၊ ဤလပတ်လုံးလည်း၊ ဤနှစ် ပတ်လုံးလည်း ဝိပဿနာကို လုံ့လကြိုးကုတ် အားထုတ်ပါလျက် ဖြစ်စေပါလျက် အရဟတ္တဖိုလ်သို့ ရောက်ရှိအံ့ သောငှာ မစွမ်းနိုင်ခဲ့လေပေါ့'' --- ဟု
并为了获得这一阿罗汉果,把六种所缘这些行法安立于无常、苦、无我三相之下,修习毗婆舍那、作观照,令毗婆舍那智生起。虽然他令观智生起并奋力精进,想要一路达到阿罗汉果,却仍然不能证得。不能证得阿罗汉果的瑜伽行者便想:“在这个上半月、这个下半月、这个月、这一年中,我虽然一直奋力精进、令毗婆舍那生起,却仍不能证得阿罗汉果。”于是
原书第 489 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- သတိပဋ္ဌာန် (၄)ပါး အခန်း အဖန်ဖန် ဝမ်းနည်း ကြေကွဲခြင်းသည် ဖြစ်ပေါ်လာ၏။ ယင်းသို့ အဖန်ဖန် ဝမ်းနည်း ကြေကွဲသော ယော- ဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ရွာနီးကျောင်း လိုဏ်ဂူ၌ သီတင်းသုံးတော်မူသော မဟာသီဝမထေရ်မြတ်ကြီး၏ သန္တာန်၌ကဲ့သို့ မျက်ရည် အယဥ်တို့ကို တသွင်သွင် စီးဆင်းစေသည်၏ အစွမ်းဖြင့် ဖြစ်ပေါ်လာကြကုန်သော (၆)ပါးကုန်သော ဒေါမနဿဝေဒနာတို့ကို နေက္ခမ္မသိတဒေါမနဿဝေဒနာတို့ဟူ၍ သိအပ်ကုန်၏။
一再悲伤、哀痛。像住在村边寺院洞窟的大湿婆长老那样,在一再悲伤哀痛的瑜伽行者相续中,因泪流成行而生起的六种忧受,应知就是依出离忧受。
(မ-ဋ္ဌ-၄-၁၈၇။)
(《中部义注》4-187。)
အနုတ္တရဝိမောက္ခော နာမ အရဟတ္တံ ဣဓ အဓိပ္ပေတံ ဥက္ကဋ္ဌနိဒ္ဒေသေန။ (မ-ဋီ-၃-၃၈၃။) အနုတ္တရေသု ဝိမောက္ခေသူတိ သုညတဖလာဒိအရိယဖလဝိမောက္ခေသု။ (ဒီ-ဋီ-၂-၂၆၅။) အနုတ္တရဝိမောက္ခ အရ အရဟတ္တဖိုလ်ကို ကောက်ယူရန် အဋ္ဌကထာက (မ-ဋ္ဌ-၄-၁၈၆) ဖွင့်ဆိုခြင်းမှာ အသာဆုံး အမြတ်ဆုံးဖြစ်သည့် ဝိမောက္ခတရား = ကိလေသာတို့မှ လွတ်မြောက်ကြောင်းတရားကို ညွှန်ကြား တော်မူလိုသည့် အတွက် ဥက္ကဋ္ဌနိဒ္ဒေသနည်းအားဖြင့် ဖွင့်ဆိုခြင်း ဖြစ်သည်။ ဥပစာရစျာန်၊ အပ္ပနာစျာန်၊ ဝိပဿ- နာစျာန်၊ အောက်မဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ကို လိုလားတောင့်တလျက် ချစ်မြတ်နိုးလျက် သမထ ဝိပဿနာ ဘာ- ဝနာတို့ကို အားထုတ်ရာ၌လည်း မျှော်လင့် တောင့်တသည့်အတိုင်း မရရှိ၍ ဝမ်းနည်းကြေကွဲရာ၌ ဖြစ်ပေါ် လာကုန်သော ဒေါမနဿဝေဒနာတို့သည်လည်း နေက္ခမ္မသိတဒေါမနဿဝေဒနာတို့သာတည်းဟု မှတ်ပါ။
“这里所谓‘无上解脱’,依最胜显示,是指阿罗汉果。”(《中部复注》3“‘于无上诸解脱’,是指空果等诸圣果解脱。”(《长部复注》2-265。)《中部义注》(4-186)把“无上解脱”解释为阿罗汉果,是依“最胜显示法”作的说明,目的在于指出从烦恼解脱的最上、最胜之法。不过应当知道:一个人希求、珍爱近行禅、安止禅、观禅以及较低层的道智、果智,勤修止观却未能如愿获得,因悲伤而生起的忧受,也同样都是依出离忧受。
ဆိုလိုရင်းသဘော
要义
ဤ၌ ပိဟာခေါ်သော လောဘတရားက အရိယဖိုလ်ကို ဧကန် တိုက်ရိုက် အာရုံပြု၍ တောင့်တသည်ဟု ဆိုလိုသည် မဟုတ်၊ လောဘကဲ့သို့သော အကုသိုလ်ကို မဆိုထားဘိ၊ ဉာဏဝိပ္ပယုတ်ကုသိုလ်များသည်ပင်သော် လည်း လောကုတ္တရာတရားကို လုံးဝတိုက်ရိုက် အာရုံ မပြုနိုင်ချေ။ အမှန်စင်စစ်သော်ကား --- ''အရိယဖိုလ်တို့သည် ဤသို့ ဤသို့သော အာနုဘော်ထူး ဂုဏ်ကျေးဇူး ရှိကုန်၏'' စသည်ဖြင့် တစ်ဆင့်ကြား၍ ဖြစ်စေ၊ ကျမ်းဂန်စာပေ သင်ကြားခြင်း၊ သမထ ဝိပဿနာ ဘာဝနာတရားတို့ကို ပွားများခြင်း၏ စွမ်းအင်သတ္တိကြောင့် ထင်ရှားလာသော လောကုတ္တရာတရားတို့၏ အခြင်းအရာ အာကာရ သဘောသွားကို မှတ်သားတတ်သည့် ဉာဏ်ပညာ၌ တည်၍ ဖြစ်စေ --- အနုမာန မှန်းဆသောအားဖြင့် လောကုတ္တရာ အရိယဖိုလ်တရားတို့ကို တောင့်တကြလေသည်။
这里并不是说,称为希求(pihā)的贪能够真正、直接以圣果为所缘而渴求它。何况贪这类不善法,即便智不相应善也完全不能直接以出世间法为所缘。实际情形是:一方面,可以间接听闻“诸圣果具有如此这般的殊胜威力与功德”等教说;另一方面,也可以依据这样的智慧——它依学习典籍及修习止观之力,把握由此显现的出世间法之行相与性质。凡夫依这两种基础,以推断(anumāna)的方式希求出世间圣果法。
အလွန်မွန်မြတ် သိမ်မွေ့သော စျာန်၊ မဂ်၊ ဖိုလ်၊ နိဗ္ဗာန်တရားတို့၏ အမည်နာမ ပညတ်များသည်လည်း ထိုတရားတို့ကဲ့သို့ပင် မွန်မြတ် သိမ်မွေ့သောသဘော ရှိကုန်၏။ သို့ရကား ပုထုဇန် သူငါတို့သည် မိမိတို့ မရသေး မသိသေးသော စျာန်၊ မဂ်၊ ဖိုလ်၊ နိဗ္ဗာန်တရားတို့ကို တိုက်ရိုက်အာရုံပြု၍ တောင့်တနိုင်ကြသည်ကား မဟုတ် ကုန်၊ ထိုတရားတို့၏ စျာန်ဟူသော အမည် နာမပညတ်၊ မဂ် ဖိုလ် နိဗ္ဗာန်ဟူသော အမည် နာမပညတ် --- ဤ အလွန်သိမ်မွေ့လှသည့် ပညတ်တို့ကို အာရုံပြု၍သာ ထိုစျာန်၊ မဂ်၊ ဖိုလ်၊ နိဗ္ဗာန်တရားတို့ကို ရော်ရမ်းမှန်းဆ အနုမာနအားဖြင့်သာ တောင့်တကြရလေသည်။ ထိုကြောင့် ဤယခုအခါ၌ ပုထုဇန် ယောဂီသူတော်ကောင်း တို့သည် တစ်ဆင့်ကြား = သုတပရိယတ်အားဖြင့် သိရှိအပ်သည့် လောကုတ္တရာ အရိယဖိုလ်တရားတို့ကို ရော်- ရမ်းမှန်းဆ၍ ထိုအရိယဖိုလ်တရားတို့၏ ''လောကုတ္တရာ အရိယဖိုလ်ဟူသော ပညတ်ကိုသာ အာရုံပြု၍ လို
极其殊胜微细的禅、道、果、涅槃诸法,其名称所成的名言概念,也像这些法一样具有殊胜、微细的性质。因此,我们这些凡夫不能直接以自己尚未获得、尚未了知的禅、道、果、涅槃法为所缘而希求;只能以“禅”这一名概念,以及“道”“果”“涅槃”这些名概念——这些极为微细的概念——为所缘,依推断而间接希求禅、道、果、涅槃。所以,现在的凡夫瑜伽行善人,对于经由教理的间接听闻而得知的出世间圣果法,只能作间接推断;他们只是以指称该圣果法的“出世间圣果”这一概念为所缘,令称为
လားတောင့်တမှု = ပိဟာ ခေါ်သော လောဘတရားကိုဖြစ်စေကြသည်ကိုပင် လောကုတ္တရာ အရိယဖိုလ်တရား တို့၌ လိုလားတောင့်တမှု = ပိဟာ ခေါ်သော သိမ်မွေ့သော လောဘတရားသည် ဖြစ်ပေါ်လာ၏''ဟု ဖော်ပြခြင်း ဖြစ်ပေသည်။
“希求”(pihā)的贪生起。正是就这种情形,文中才说:“对于出世间圣果法,生起了希求=称为 pihā 的微细贪。”
ထိုသို့ လောကုတ္တရာ အရိယဖိုလ်တရားတို့၌ လိုလားတောင့်တမှု = ပိဟာခေါ်သော သိမ်မွေ့သော လောဘ တရားသည် ထင်ရှားဖြစ်ပေါ်ပြီးနောက် ထိုလောကုတ္တရာ အရိယဖိုလ်တရားတို့ကို ရရှိနိုင်ရန် ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းကို မနေမနား ပွားများကြိုးကုတ် အားထုတ်ပါလျက် အရိယဖိုလ်သို့ မရောက်နိုင်သော ယောဂါဝစရ
对出世间圣果法的希求=称为 pihā 的微细贪如此明显生起以后,瑜伽行者为了获得这些出世间圣果法,不停地修习、努力用功于毗婆舍那业处,却仍不能证得圣果;在这位瑜伽行善人的
原书第 490 页
ပုဂ္ဂိုလ်သူမြတ်၏ သန္တာန်ဝယ် --- ''ငါကား ဤပက္ခပတ်လုံး၊ ဤလပတ်လုံး၊ ဤနှစ်ပတ်လုံး ဝိပဿနာတရားကို မနေမနား ပွားများကြိုးကုတ် အားထုတ်ပါလျက် ငါတောင့်တသည့် အရိယဖိုလ်သို့ မရောက်နိုင်စွတကား''ဟု အဖန်ဖန် စိုးရိမ်ပူပန်သောအခါ ဖြစ်ပွား ပေါ်ပေါက်၍လာသော စိတ်နှလုံးမသာယာခြင်း = ဒေါမနဿဝေဒနာကို နေက္ခမ္မသိတဒေါမနဿဝေဒနာဟု ခေါ်၏။
相续中,他一再忧虑:“在这个半月、这个月、这一年里,我不停修习毗婆舍那、努力用功,却仍不能证得我所希求的圣果!”这时生起的内心不悦=忧受,称为依出离忧受。
တစ်ဖန် မိမိရရှိထားပြီးသော စျာန်များ၏ လျှောကျသွားခြင်းကြောင့်လည်းကောင်း၊ ရရှိထားပြီး ဖြစ်သည့် စျာန်ကို တစ်ဖန်ပြန်၍ မရရှိသေးခြင်းကြောင့်လည်းကောင်း ထိုပျောက်ပျက်သွားသော စျာန်ကို အာရုံယူ၍ ဖြစ် ပေါ်လာသော စိတ်နှလုံး မသာယာမှု = ဒေါမနဿဝေဒနာကိုလည်း နေက္ခမ္မသိတဒေါမနဿဝေဒနာဟုပင် ခေါ်ဆို၏။
此外,由于自己已经获得的诸禅退失,或者由于尚未重新获得先前已经获得的禅,而以已经失去的禅为所缘生起内心不悦=忧受,这也同样称为依出离忧受。
ယင်း နေက္ခမ္မသိတဒေါမနဿဝေဒနာတို့ကို မှီဝဲလျှင် အဖန်တလဲလဲ ဖြစ်စေလျှင် ထိုဒေါမနဿဝေဒနာမှ အားကြီးသော မှီရာ ဥပနိဿယပစ္စည်း အကြောင်းတရားကို ရရှိ၍ သမထ ဝိပဿနာ ဘာဝနာလုပ်ငန်းရပ်တို့ ဆတက်ထမ်းပိုး တိုးပွားလားနိုင်သဖြင့် အကုသိုလ်တရားများ ဆုတ်ယုတ်ကာ ကုသိုလ်တရားတို့သည် ဒီရေအလား တစ်နေ့တခြား တိုးပွားလာနိုင်လေသည်။ ထိုကြောင့် ယင်းနေက္ခမ္မသိတ ဒေါမနဿဝေဒနာကို မှီဝဲအပ် မှီဝဲ ကောင်း၏ဟူ၍ သက္ကပဥှသုတ္တန်၌ ဘုရားရှင်သည် ဟောကြားတော်မူခဲ့ခြင်း ဖြစ်ပေသည်။ ဤတွင် မဟာသီဝ မထေရ်မြတ်ကြီး၏ထုံးကို အဋ္ဌကထာက ထုတ်ဆောင် ပြထားတော်မူပေသည်။
若亲近这些依出离忧受,一再令其生起,这种忧受便会成为强有力的亲依止缘,使止与观的修习事业成倍增长;不善法因而衰减,善法则如涨潮般日益增长。正因如此,世尊在《帝释所问经》中开示:这种依出离忧受应当亲近修习。这里,义注举出了大湿婆长老的事例。
မဟာသီဝမထေရ်မြတ်ကြီး (ဒီ-ဋ္ဌ-၂-၃၁၉-၃၂၂။)
大湿婆长老(《长部义注》2-319—322。)
မဟာသီဝမထေရ်မြတ်ကြီးကား သံဃာတော်ပေါင်း ထောင်နှင့်သောင်းနှင့်ချီ၍ အရေအတွက်ရှိသော ဂိုဏ်း ကြီး (၁၈)ဂိုဏ်းတို့ကို စာပေပို့ချတော်မူ၏။ ထိုမထေရ်မြတ်ကြီး၏ အဆုံးအမသြဝါဒ၌ ရပ်တည်၍ သုံးသောင်း အတိုင်းအရှည် ရှိကုန်သော ရဟန်းတော်တို့သည် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူကုန်၏။ ယင်း တပည့် အပေါင်းတို့၏ ရဟန္တာဖြစ်ပြီးရာ ကာလမှနောက်ပိုင်း အချိန်ကာလ၌ ရဟန်းတော်တစ်ပါးသည် ဤသို့စဥ်းစားမိ၏။
大湿婆长老为十八个由成千上万位僧众组成的大教学团体讲授圣典。依止这位大长老的教诫而行,足有三万位比丘证得了阿罗汉果。在这些弟子成为阿罗汉以后,其中一位比丘这样思惟:
''ငါ၏ကိုယ်တွင်း အဇ္ဈတ္တသန္တာန်၌ ဂုဏ်ကျေးဇူးတို့ကား အတိုင်းအရှည် မရှိကြကုန်၊ ငါ၏ ဆရာသမား၏ ဂုဏ်ကျေးဇူးတို့ကို အဘယ်ကဲ့သို့ ရှုအပ်ပါကုန်လိမ့်မည်နည်း?'' ဤသို့ ဆင်ခြင်လတ်သော် ပုထုဇန်အဖြစ်၌သာ တည်ရှိနေသေးသည်ကို ဉာဏ်ဖြင့် တွေ့မြင်ရ၍ (အဘိ- ညာဏ်ဖြင့် သိရှိ၍) --- ''ငါတို့၏ ဆရာသမားသည်ကား သူတစ်ပါးတို့၏ မှီခိုအားထားရာကား ဖြစ်၏၊ မိမိ၏ကား မှီခိုအားထားရာ ဖြစ်ဖို့ရန် မစွမ်းနိုင်လေပေါ့၊ ထိုဆရာသမားအား ဆိုဆုံးမပေဦးအံ့'' --- ဟု နှလုံးပိုက်၍ ကောင်းကင်ခရီးဖြင့် ကြွ ရောက်လာ၍ မဟာသီဝမထေရ်မြတ်ကြီး သီတင်းသုံးတော်မူရာကျောင်း၏ အနီး၌ ကောင်းကင်မှ သက်ဆင်း၍ နေသန့်စင်တော်မူရာအရပ်၌ ထိုင်၍ သီတင်းသုံးနေတော်မူသော ဆရာသမားထံသို့ ချဥ်းကပ်၍ ဝတ်ကြီး ဝတ် ငယ်ကို ပြုသင့်သမျှ ပြုကျင့်ခြင်းဖြင့် ထင်ရှားပြပြီး၍ သင့်တင့်လျောက်ပတ်သော တစ်နေရာ၌ ထိုင်၍ သီတင်းသုံး
“我自己内在相续中的功德无量;我师父的功德又当如何观察呢?”他这样省察时,以智看见师父仍只安住于凡夫位(即以神通智知晓),便想:“我们的师父能成为他人的依靠,却不能成为自己的依靠。我要再去劝诫这位师父。”于是,他从空中前来,在大湿婆长老所住寺院附近从空中降下,走近正坐在日间静处的师父;以完成一切应作的大小义务表明敬意以后,在适当的位置落座安住
လိုက်၏။ မဟာသီဝမထေရ်မြတ်ကြီးက လာရောက်ခြင်း၏ အကြောင်းရင်းကို မေးမြန်းတော်မူ၏။ တပည့်ဖြစ်သူ ကလည်း အနုမောဒနာတရား တစ်ပုဒ်လောက်ကို သင်ယူလို၍ လာရောက်ပါကြောင်းကို ပြန်ပြောင်း၍ လျှောက် ထား၏။
下来。大湿婆长老问他前来的缘由。弟子回答说,自己是想来学习一篇随喜开示。
အနုမောဒနာတရား တပုဒ်လောက်ကို သင်ယူဖို့ရန် သင်ကြားပေးရန် အခွင့်အရေး ရနိုင်လိမ့်မည်မဟုတ် ကြောင်းကို မထေရ်မြတ်ကြီးက ပြန်လည်၍ မိန့်ကြားတော်မူ၏။
大长老答道,恐怕找不到时间教他一篇随喜开示。
原书第 491 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- သတိပဋ္ဌာန် (၄)ပါး အခန်း ထိုနောင် ဆရာနှင့် တပည့်တို့ အချီအချ ပြောဆိုကြသည်မှာ ဤသို့ ဖြစ်၏ --- တပည့် ။ ။ အရှင်ဘုရား …''ယနေ့ ငါသည် အဘယ်အရပ်၌ ဆွမ်းခံလှည့်လည်ရပါအံ့နည်း'' ဤသို့
随后,师徒二人这样一来一往地交谈。弟子:尊者,当您思量“今天我该到哪里托钵?”而
အရှင်ဘုရား ကြံစည် စိတ်ကူးရာ တန်ဆောင်းဝန်း၌ ရပ်တည်နေသောအခါ တပည့်တော် မေးမြန်း
站在作此思量的亭院中时,请让弟子向您请问
လျှောက်ထားပါရစေ။
吧。
ဆရာ ။ ။ ထိုတန်ဆောင်းဝန်းအရပ်၌လည်း အခြားရဟန်းတို့က မေးမြန်း လျှောက်ထားကြသည် ငါ့ရှင်။
师父:贤友,在那亭院里,也有其他比丘前来请问。
တပည့် ။ ။ အရှင်ဘုရား ဆွမ်းခံရွာသို့ မရောက်မီ ကျောင်းမှ ဆွမ်းခံရွာသို့ အသွား လမ်းခရီး စပ်ကြား၌ မေးမြန်း လျှောက်ထားပါရစေ။
弟子:尊者,在还没有到达托钵村、从寺院前往托钵村的路途中,请让我向您请问。
ဆရာ ။ ။ ထိုလမ်းခရီး စပ်ကြား၌လည်း အခြားရဟန်းတို့က မေးမြန်း လျှောက်ထားကြကုန်၏ ငါ့ရှင်။
师父:贤友,在那段路上,也有其他比丘前来请问。
တပည့် ။ ။ နှစ်ထပ်သော သင်းပိုင်ကို ပြင်၍ဝတ်ရာ အရပ်၌ မေးမြန်း လျှောက်ထားပါရစေ။
弟子:在整理、穿好双层下衣的地方,请让我向您请问。
ဆရာ ။ ။ ထိုနေရာ၌လည်း အခြားရဟန်းတို့က မေးမြန်း လျှောက်ထားကြကုန်၏ ငါ့ရှင်။
师父:贤友,在那里,也有其他比丘前来请问。
တပည့် ။ ။ ရွာတွင်းသို့ ဆွမ်းခံဝင်ဖို့ရန် သင်္ကန်းကြီးကို ရုံရာအရပ်၌ မေးမြန်း လျှောက်ထားပါရစေ။
弟子:在为了入村托钵而披覆大衣的地方,请让我向您请问。
ဆရာ ။ ။ ထိုနေရာ၌လည်း အခြားရဟန်းတို့က မေးမြန်း လျှောက်ထားကြကုန်၏ ငါ့ရှင်။
师父:贤友,在那里,也有其他比丘前来请问。
တပည့် ။ ။ ဆွမ်းခံဖို့ရန် သပိတ်အိတ်အတွင်းမှ သပိတ်ကို ထုတ်ယူရာအရပ်၌ မေးမြန်း လျှောက်ထားပါရစေ။
弟子:在为了托钵而从钵袋里取出钵的地方,请让我向您请问。
ဆရာ ။ ။ ထိုနေရာ၌လည်း အခြားရဟန်းတို့က မေးမြန်း လျှောက်ထားကြကုန်၏ ငါ့ရှင်။
师父:贤友,在那里,也有其他比丘前来请问。
တပည့် ။ ။ အရှင်ဘုရား ရွာတွင်း၌ ဆွမ်းခံလှည့်လည်ပြီးနောက် ရွာတွင်း ဆွမ်းစားရာဇရပ်၌ (ထိုင်နေရာ ဇရပ်၌) ယာဂုကို ဘုဥ်းပေးသုံးဆောင်နေတော်မူသော အခါ၌ မေးမြန်း လျှောက်ထားပါရစေ။
弟子:尊者,在村中巡行托钵以后,当您坐在村里的用餐亭(坐憩亭)中享用粥时,请让我向您请问。
ဆရာ ။ ။ ထိုယာဂုကို သောက်သုံးရာအခါ၌ အဋ္ဌကထာ၏ အနက်အဓိပ္ပါယ်ကို မေးမြန်းတတ်ကုန်သော မထေရ်ကြီးတို့သည် မိမိ၏ ယုံမှားသံသယ ရှိနေမှုကို လာရောက်၍ ပယ်ဖျောက်ကြကုန်၏ ငါ့ရှင်။
师父:贤友,就在喝粥时,那些惯常请问义注意义的大长老会前来消除各自的疑惑。
တပည့် ။ ။ အရှင်ဘုရား ယာဂုဆွမ်းစားခြင်းကိစ္စ ပြီး၍ ရွာတွင်းမှ ထွက်ခွာလာရာအခါ၌ မေးမြန်း လျှောက်- ထားပါရစေ။
弟子:尊者,喝粥用餐完毕、离开村庄时,请让我向您请问。
ဆရာ ။ ။ ထိုရွာတွင်းမှ ထွက်ခွာလာရာအခါ၌လည်း အခြားရဟန်းတို့က မေးမြန်း လျှောက်ထားကြကုန်၏ ငါ့ရှင် ။
师父:贤友,在离开村庄时,也有其他比丘前来请问。
တပည့် ။ ။ ဆွမ်းခံလှည့်လည်ပြီးနောက် ဆွမ်းကို ယူဆောင်၍ ရွာတွင်းမှ ကျောင်းသို့ ပြန်လာရာ လမ်းခရီး အကြား၌ မေးမြန်း လျှောက်ထားပါရစေ။
弟子:巡行托钵以后,带着钵食从村中返回寺院的路上,请让我向您请问。
ဆရာ ။ ။ ထိုနေရာ၌ အခြားရဟန်းတို့က မေးမြန်း လျှောက်ထားကြကုန်၏ ငါ့ရှင်။
师父:贤友,在那里,有其他比丘前来请问。
တပည့် ။ ။ အရှင်ဘုရား ကျောင်းတွင်းရှိ ဆွမ်းစားကျောင်း၌ ဆွမ်းစားခြင်းကိစ္စ ပြီးဆုံးသောအခါဝယ် မေးမြန်း လျှောက်ထားပါရစေ။
弟子:尊者,在寺内食堂用餐完毕时,请让我向您请问。
ဆရာ ။ ။ ထိုနေရာ၌လည်း အခြားရဟန်းတို့က မေးမြန်း လျှောက်ထားကြကုန်၏ ငါ့ရှင်။
师父:贤友,在那里,也有其他比丘前来请问。
တပည့် ။ ။ အရှင်ဘုရား နေ့သန့်စင်တော်မူရာ နေရာ၌ မေးမြန်း လျှောက်ထားပါရစေ။
弟子:尊者,在您的日间静处,请让我向您请问。
ဆရာ ။ ။ ထိုနေရာ၌လည်း အခြားရဟန်းတို့က မေးမြန်း လျှောက်ထားကြကုန်၏ ငါ့ရှင်။
师父:贤友,在那里,也有其他比丘前来请问。
တပည့် ။ ။ ကျောင်းပေါ်သို့တက်ရန် ခြေဆေးသည့် အင်းပျဥ်ခုံ၌ ထိုင်လျက် ခြေတို့ကို ဆေးကြောနေစဥ်
弟子:为了登上寺舍,当您坐在洗脚板凳上洗脚之时
အချိန်အခါကာလ၌ မေးမြန်း လျှောက်ထားပါရစေ။ အရှင်ဘုရား …
请让我向您请问,尊者。
原书第 492 页
ဆရာ ။ ။ ထိုနေရာ၌လည်း အခြားရဟန်းတို့က မေးမြန်း လျှောက်ထားကြကုန်၏ ငါ့ရှင်။
师父:贤友,在那里,也有其他比丘前来请问。
တပည့် ။ ။ မျက်နှာကို သစ်တော်မူရာအခါ၌ မေးမြန်း လျှောက်ထားပါရစေ အရှင်ဘုရား။
弟子:尊者,在您洗脸时,请让我向您请问。
ဆရာ ။ ။ ထိုအခါ၌လည်း အခြားရဟန်းတို့က မေးမြန်း လျှောက်ထားကြကုန်၏ ငါ့ရှင်။ ထိုအချိန်မှ စ၍ အရုဏ်တက်ရာ ကာလတိုင်အောင် အခြားရဟန်းတို့က မေးမြန်း လျှောက်ထားကြကုန်၏ ငါ့ရှင်။
师父:贤友,那时也有其他比丘前来请问。从那时起,直至黎明,也都有其他比丘前来请问。
တပည့် ။ ။ အရှင်ဘုရား ဒန်ပူကို ယူဆောင်၍ မျက်နှာသစ်ဖို့ရန် ကြွတော်မူရာအခါ၌ မေးမြန်း လျှောက်- ထားပါရစေ။
弟子:尊者,当您拿着齿木前去洗脸时,请让我向您请问。
ဆရာ ။ ။ ထိုအခါ၌လည်း အခြားရဟန်းတို့က မေးမြန်း လျှောက်ထားကြကုန်၏ ငါ့ရှင်။
师父:贤友,那时也有其他比丘前来请问。
တပည့် ။ ။ အရှင်ဘုရား မျက်နှာသစ်တော်မူပြီး၍ ပြန်ကြွလာရာ အခါ၌ မေးမြန်း လျှောက်ထားပါရစေ။
弟子:尊者,当您洗脸以后返回时,请让我向您请问。
ဆရာ ။ ။ မျက်နှာသစ်ပြီး၍ ပြန်လာရာ ထိုအခါမှာလည်း အခြားရဟန်းတို့က မေးမြန်း လျှောက်ထားကြ ကုန်၏ ငါ့ရှင်။
师父:贤友,在洗脸后返回的那时,也有其他比丘前来请问。
တပည့် ။ ။ အရှင်ဘုရား ကျောင်းတွင်းသို့ ဝင်၍ ထိုင်နေရာအခါ၌ မေးမြန်း လျှောက်ထားပါရစေ။
弟子:尊者,当您进入寺舍坐下时,请让我向您请问。
ဆရာ ။ ။ ထိုနေရာ၌လည်း အခြားသူတို့က မေးမြန်း လျှောက်ထားကြကုန်၏ ငါ့ရှင်။
师父:贤友,在那里,也有其他人前来请问。
တပည့် ။ ။ အရှင်ဘုရား …မျက်နှာသစ်တော်မူပြီး၍ ထက်ဝယ်ဖွဲ့ခွေလျက် ထိုင်နေသည့် ဣရိယာပုထ်ကို
弟子:尊者,洗脸以后,当您盘腿坐下、
နှစ်ကြိမ် သုံးကြိမ် ပြင်၍ ထိုင်ရာ အချိန်အခါပတ်လုံးလောက် ကိုယ်ငွေ့ကို ယူစေ၍ မဂ်ဉာဏ်
两三次调整坐姿以待身体回暖时,为了获得道智
ဖိုလ်ဉာဏ် နိဗ္ဗာန် စသော စီးပွားချမ်းသာကို ရခြင်း၏ အကြောင်းဖြစ်သော ယောနိသောမနသိ-
果智、涅槃等利益安乐,以作为这些利益之因、名为如理作意的
ကာရ အမည်ရသော ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းကို နှလုံးသွင်းခြင်း၌ ဝိပဿနာ ဘာဝနာ
毗婆舍那修习业处,在心中作意,并培育毗婆舍那
လုပ်ငန်းရပ်ကို ပြုစုပျိုးထောင်ကြကုန်စဥ် ကမ္မဋ္ဌာန်းနှလုံးသွင်းချိန်၌ သူတစ်ပါးတို့က မေးမြန်း
修习事业时;既是在作意业处的时段,别人本来无须前来
လျှောက်ထားဖွယ် မလိုသောကြောင့် မိမိကမ္မဋ္ဌာန်းအတွက် အခွင့်ပေးသင့်သည့် အချိန်အခါ
请问,因此这不正应该是给自己的业处留出
ကား ဖြစ်သင့်သည် မဟုတ်ပါလား? (ဤမျှလောက်တော့ မိမိအတွက် အချိန်ပေးသင့်သည်
机会的时间吗?(至少这么一点时间,也应该留给自己
မဟုတ်ပါလား?) အရှင်ဘုရား …အရှင်ဘုရားတို့သည် သေဖို့ရန် အချိန်ကာလ ခဏကိုသော်
不是吗?)尊者,您如今连死去所需的一刹那
မျှလည်း မရကြကုန်တော့လတ္တံ့။ အရှင်ဘုရား …အရှင်ဘုရားတို့သည် မှီရာ တံကဲမှီပျဥ်-
都再也得不到了!尊者,您就像供人倚靠的靠背板
ချပ်နှင့် တူတော်မူကြပါကုန်၏။ သူတစ်ပါး၏ မှီခိုအားထားရာကား ဖြစ်တော်မူကြပါကုန်၏။
一样,成为他人的依靠。
မိမိ၏ မှီခိုအားထားရာ ဖြစ်ဖို့ရန်ကား မစွမ်းနိုင်ကြပါကုန်။ တပည့်တော်အား အရှင်ဘုရားတို့၏
可是您却不能成为自己的依靠。我也不再想从尊者这里得到
ဆွမ်းအနုမောဒနာတရား စသည့် အနုမောဒနာတရား တစ်ပုဒ်ဖြင့် အလိုမရှိတော့ပါ။
任何一篇斋食随喜开示等随喜法了。
ဤသို့ လျှောက်ထားပြီး၍ ကောင်းကင်ခရီး၌ ပျံတက်၍ ကြွသွားတော်မူ၏။
如此说完以后,弟子便腾空而起,从空中离去了。
မဟာသီဝမထေရ်မြတ်ကြီးကား ဤသို့ စဥ်းစားတော်မူ၏ --- ''ဤရဟန်းတော်မှာ ပရိယတ် စာသင်ခြင်း ဖြင့် ပြုလုပ်ဖွယ် လုပ်ငန်းကိစ္စကား မရှိတန်ရာ၊ သို့သော် --- ပကတိသော ချွန်းသည် ဆင်ကို ဆိုဆုံးမတတ်သည့် လက်နက်ကောင်းတစ်ခု ဖြစ်သကဲ့သို့ အလားတူပင် ဤရဟန်းတော်သည် ငါ၏ ချွန်းချိတ်သဖွယ် ဖြစ်ပေအံ့ဟု ဤသို့ကြံစည်၍ ငါ့ထံသို့ လာရောက်ခြင်း ဖြစ်ပေ၏။''ဟု သိရှိ၍ --- ''ယခုအခါ၌ ရဟန်းတရားကို သွားရောက်အားထုတ်ဖို့ရန် ဤကျောင်းမှ ထွက်ခွာဖို့ရန် အခွင့်အရေးသည် ကား မဖြစ်တော့ပေလတ္တံ့၊ နံနက် မိုးသောက်ထသောအခါ၌ သွားပေအံ့'' --- ဟု ဤသို့ ကြံစည်ဆုံးဖြတ်၍ သပိတ်သင်္ကန်းကို အနီးအနား၌ထား၍ တစ်နေ့ပတ်လုံးလည်း စာပေကို ပို့ချ၏၊ ပထမယာမ် (ညဥ့်ဦးယာမ်) ပတ်လုံးလည်း စာပေကို ပို့ချ၏။ ပစ္ဆိမ = မိုးသောက်ယာမ်၌ကား မထေရ်တစ်ပါးက ပါဠိတော်ကို သင်ယူပြီး၍ မဟာသီဝမထေရ်ကြီး အထံမှ အထွက်တွင် ထိုမထေရ်နှင့် အတူတကွသာလျှင် ကျောင်းမှ ထွက်တော်မူခဲ့၏။
大湿婆长老心想:“这位比丘大概已没有需要通过教理学习来完成的事;不过,正如象钩是调御大象的利器,这位比丘来到我这里,必定正是要像象钩那样警策我。”长老明白以后,又作决定:“现在已经没有机会离开这座寺院、前往用功修习沙门法了;明早天亮时再走。”他把钵与袈裟放在身旁,整整一天继续教授圣典,初夜也继续教授。到了后夜=黎明时分,一位长老学完巴利圣典,从大湿婆长老处离开;大湿婆长老便与那位长老一同走出寺院。
原书第 493 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- သတိပဋ္ဌာန် (၄)ပါး အခန်း စာမေးမြန်း လျှောက်ထားဖို့ရန် ထိုင်နေစောင့်နေကြကုန်သော အနီးနေတပည့်တို့သည် --- ''ငါတို့၏ ဆရာ- တော်သည် ကိုယ်လက်သုတ်သင်မှု စသည့် တစ်စုံတစ်ခုသော ပြုဖွယ်ကိစ္စကြောင့် ထွက်ခွာသွားလေရာ၏''ဟု မှတ်ထင်ကြကုန်၏။ နောက်ဆုံး ပစ္ဆိမယာမ်ဖြစ်၍ မှိုးတိုးမှောင်တောင် ဝိုးတိုးဝါးတား ဖြစ်နေချိန်ဝယ် နောက်က နေကြည့် လိုက်ရသောကြောင့် ထွက်ခွာသွားသော မထေရ်မြတ်ကြီးကို ဆရာတူ ရဟန်းတော်တစ်ပါးပဲဟု အချို့သူက အမှတ်သညာ ပြုမိ၏။ မထေရ်မြတ်ကြီးကား မိမိကိုယ်ကို မိမိ ဤသို့ ယူဆတော်မူ၏ --- ''ငါကဲ့သို့သော ပုဂ္ဂိုလ်မျိုးမှာ အရဟတ္တဖိုလ်မည်သည် အဘယ်မှာလျှင် ခဲယဥ်းဖွယ် ရှိနိုင်အံ့နည်း? နှစ်ရက် သုံးရက်ဖြင့်ပင်လျှင် အရဟတ္တဖိုလ်သို့ ရောက်ရှိ၍ ပြန်လာပေအံ့'' --- ဤသို့ ကြံစည် ယူဆတော်မူ၍ အတွင်းနေ တပည့်တို့အား မပြောပြမူ၍သာလျှင် ဝါဆိုလ၏ လဆန်းပက္ခ
那些坐着等候请问教理的近住弟子心想:“我们的导师大概因清洁身体等某件应办之事出去了。”当时已到后夜,天色朦胧;有人从后面望见离去的长老,便误以为只是同门的一位比丘。大湿婆长老自忖:“像我这样的人,证得阿罗汉果会有什么困难?只须两三天,我便能证得阿罗汉果回来。”这样想过以后,他没有告诉内住弟子,便在安居月上弦
(၁၃)ရက်မြောက်သောနေ့၌ ကျောင်းမှ ထွက်ခဲ့၍ ရွာနီးကျောင်းဖြစ်သည့် တောင်ဝှမ်းလိုဏ်သို့ ကြွတော်မူ၏။
第十三日离开寺院,前往村边寺院的山坳洞窟。
ရောက်ရှိသောအခါ စင်္ကြံထက်သို့ တက်၍ ကမ္မဋ္ဌာန်းကို နှလုံးသွင်းလတ်သော် ထိုနေ့၌ အရဟတ္တဖိုလ်ကို ရယူ ခြင်းငှာ မစွမ်းနိုင် ဖြစ်ခဲ့၏။ ဝါဆိုလပြည့် ဥပုသ်နေ့သို့ ရောက်လတ်သော် --- ''နှစ်ရက် သုံးရက်ဖြင့် အရဟတ္တဖိုလ်ကို အရယူပေအံ့ဟု နှလုံးပိုက်၍ ဤနေရာသို့ ရောက်ရှိလာခဲ့၏။ အရဟတ္တဖိုလ်ကို အရယူဖို့ရန်ကား မစွမ်းနိုင် ရှိခဲ့ လေပေါ့''ဟု ကြံစည် စဥ်းစားမိခဲ့လေ၏။ ဝါတွင်းသုံးလတို့ကို သုံးရက်ကဲ့သို့ သဘောထားကာ ''သီတင်းကျွတ် လပြည့် မဟာပဝါရဏာနေ့သို့ ဆိုက်ရောက်သောအခါ အရဟတ္တဖိုလ်ကို သိရတော့ပေလတ္တံ့''ဟု စိတ်အားတင်း ကာ ထိုရွာနီးကျောင်းလိုဏ်မှာပင် ဝါဆို ဝါကပ်တော်မူလိုက်၏။ ဝါဆိုဝါကပ်၍ ဝါတွင်းသုံးလပတ်လုံး ကမ္မဋ္ဌာန်းတရားကို လှလှကြီး ဝဝကြီး အင်တိုက်အားတိုက် အားသွန်ခွန်စိုက် ကြိုးပမ်းပါသော်လည်း အရ- ဟတ္တဖိုလ်ကို ရယူခြင်းငှာ မစွမ်းနိုင် ဖြစ်ခဲ့၏။
抵达以后,他登上经行道,作意业处,却未能在当天证得阿罗汉果。到了安居月圆布萨日,他想:“我本来抱着两三天内证得阿罗汉果的打算来到这里,却没能证得。”于是,他把三个月雨安居看作三天,振作心力想道:“到了解夏月圆大自恣日,我必将证知阿罗汉果。”他就在这座村边寺院的洞窟入雨安居。整整三个月雨安居期间,他竭尽全力、勇猛精勤地修习业处,却仍未能证得阿罗汉果。
သီတင်းကျွတ်လပြည့်နေ့ မဟာပဝါရဏာနေ့၌ကား ဤသို့ စဥ်းစားတော်မူ၏ -- ''ငါသည် နှစ်ရက် သုံးရက် ဖြင့် အရဟတ္တဖိုလ်ကို အရယူပေအံ့ဟူသော ဦးတည်ချက်ဖြင့် ဤနေရာသို့ ရောက်ရှိလာခဲ့၏၊ ဝါတွင်းသုံးလ ဖြင့်သော်မှလည်း အရဟတ္တဖိုလ်ကို အရယူခြင်းငှာ မစွမ်းနိုင်ခဲ့ပြီပေါ့၊ ငါနှင့် အတူတကွ သီလ-သမာဓိ-ပညာ = သိက္ခာသုံးရပ် အကျင့်မြတ်တည်းဟူသော သာသနဗြဟ္မစရိယ၊ အရိယမဂ်ဉာဏ်တည်းဟူသော မဂ္ဂဗြဟ္မစရိယ - ဤမွန်မြတ်သော ဗြဟ္မစရိယကျင့်စဥ် နှစ်ရပ်ကို ပြုကျင့်လေ့ ဖြည့်ကျင့်လေ့ ရှိကြကုန်သော သီတင်းသုံးဖော် တို့သည်ကား အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ကြကုန်၍ ကိလေသာတို့မှ အထူးသဖြင့် စင်ကြယ်သော ရဟန္တာ အရှင်မြတ်တို့၏ သီတင်းကျွတ်လပြည့် မဟာပဝါရဏာနေ့၌ တစ်ပါးနှင့်တစ်ပါး မြင်လျှင်၊ ကြားလျှင်၊ သံသယ ရှိလျှင် ပြောဆိုဆုံးမတော်မူပါရန် ဖိတ်ကြားသည့် ဝိသုဒ္ဓိမဟာပဝါရဏာပွဲကြီးကို ဆင်နွှဲတော်မူကြကုန်ပြီပေါ့''ဟု
到了解夏月圆大自恣日,他又想:“我本以两三天内证得阿罗汉果为目标来到这里,如今即使经过三个月雨安居,也仍未能证得。与我一同住修的道友们,向来修习、圆满两种殊胜梵行:一是戒、定、慧三学之胜行,即教法梵行;二是圣道智,即道梵行。他们如今已经证得阿罗汉果,成为从烦恼中获得殊胜清净的阿罗汉;在解夏月圆大自恣日,他们已经举行清净大自恣,彼此邀请:若对彼此有所见、所闻或疑,请指出并予教诫。”他就这样
ဤသို့ ကြံစည်စဥ်းစားမိလေ၏။
思量着。
ဤသို့ ကြံစည်စဥ်းစားမိသော မဟာသီဝမထေရ်မြတ်ကြီး၏ သန္တာန်ဝယ် မျက်ရည်အယဥ်တို့သည် တသွင် သွင် စီးဆင်း၍ ကျလာကုန်၏။ ထိုနောင် ကျောက်တောင်ကြီးပမာ အလွန့်အလွန် မြဲမြံခိုင်ခံသည့် ဆုံးဖြတ်ချက်ကြီး များကို ဤသို့ ချမှတ်တော်မူလိုက်၏။
大湿婆长老如此思量时,泪水便不断涌出,成行流下。随后,他作出了如巨岩般极其坚定、牢固的决意:
''ညောင်စောင်းထက်၌ ဣရိယာပုထ် လေးပါးတို့ဖြင့် ရဟန်းတရားကို ပွားများအားထုတ်လျက်ရှိသော ငါ၏သန္တာန်ဝယ် မဂ်ဉာဏ် ဖိုလ်ဉာဏ်ဟူသည် ဖြစ်နိုင်လိမ့်မည်ကား မဟုတ်၊ --- ၁။ အရဟတ္တဖိုလ်သို့ မရောက်မချင်း ညောင်စောင်းထက်၌ ကျောက်ကုန်းကို မည်သည့်အခါမျှ မဆန့်တန်း တော့ပေအံ့၊ ၂။ အရဟတ္တဖိုလ်သို့ မရောက်မချင်း ခြေတို့ကို မည်သည့်အခါမျှ (= ဘယ်တော့မှ) မဆေးကြောပေတော့အံ့''
“我若仍在床榻上,依四种威仪修习比丘之法,道智、果智便不可能在我的相续中生起。因此:1.在尚未证得阿罗汉果以前,我绝不再在床榻上伸直背脊躺卧;2.在尚未证得阿罗汉果以前,我绝不再洗脚。”
原书第 494 页
ဤသို့ ဆုံးဖြတ်ချက်ချတော်မူ၍ အဓိဋ္ဌာန်ပြုတော်မူ၍ ညောင်စောင်းကို ထောင်ထားလိုက်၏။
如此下定决心、作了决意以后,他便把床榻竖起来收好。
တစ်ဖန် ဝါတွင်းကာလသို့ ရောက်ရှိလာပြန်၏၊ အရဟတ္တဖိုလ်ကို အရယူခြင်းငှာကား မစွမ်းနိုင်ပေ ဖြစ်နေ သေး၏။ (၂၉)ကြိမ်သော သီတင်းကျွတ်လပြည့် ပဝါရဏာနေ့တို့၌ မျက်ရည်အယဥ်တို့သည် တသွင်သွင် စီး- ဆင်း၍ အမြဲတမ်းကျခဲ့ရ၏။
雨安居又一次到来,他仍未能证得阿罗汉果。在此前二十九次解夏月圆自恣日,他每次都泪流不止。
မဟာသီဝမထေရ်မြတ်ကြီး၏ ခြေတော်တို့ကား ရေမဆေးခဲ့သည်မှာ အလွန်ကြာညောင်းပြီ ဖြစ်သဖြင့် ကွဲအက်တော်မူလာကြကုန်၏။ ရွာသူရွာသား ကလေးသူငယ်တို့သည် မထေရ်မြတ်ကြီး၏ ခြေတော်တို့၌ အလွန် ကွဲအက်နေကြသော နေရာတို့ကို ဆူးတို့ဖြင့် ချုပ်စပ်ပေးကြကုန်၏။
大湿婆长老的双脚久未用水洗濯,已经处处皲裂。村里的孩子们便用刺,把长老脚上裂得很深的地方缝合起来。
ယင်းကလေးသူငယ်တို့သည် တစ်ဦးက တစ်ဦးကို ပြက်ရယ် ပြောင်လှောင်မှုကို ပြုကြသောအခါတို့၌ သော်မှလည်း --- ''အရှင်မဟာသီဝမထေရ်မြတ်ကြီး၏ ခြေထောက်တို့ကဲ့သို့ ဖြစ်ကြပါစေ'' --- ဤသို့ ပြောဆို၍ ပြက်ရယ်မှုကို ပြုကြကုန်၏။
那些孩子彼此取笑时,甚至会说:“愿你的脚也变得像大湿婆长老的脚一样!”以此互相戏弄。
မထေရ်မြတ်ကြီးသည် အနှစ် (၃ဝ)တို့ပတ်လုံး ရဟန်းတရားကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လာရာ အနှစ် (၃ဝ)မြောက်ဖြစ်သော သီတင်းကျွတ်လပြည့် မဟာပဝါရဏာနေ့၌ တံကဲမှီပျဥ်ချပ်ကို မှီ၍ ရပ်တည်လျက် ဤသို့ စဥ်းစား၏ --- ''ယခုအခါ ရဟန်းတရားကို ပွားများအားထုတ်၍လာသော ငါ့အား အနှစ် (၃ဝ)တို့သည် ပြည့်ကုန်ပြီ၊ အရ- ဟတ္တဖိုလ်သို့ ရောက်ရှိအံ့သောငှာ မစွမ်းနိုင်ခဲ့လေပေါ့၊ မချွတ်အမှန် ငါ့မှာ ဤခန္ဓာအတ္တဘော၌ (= ဤဘဝ၌) အရိယမဂ်သည်လည်းကောင်း၊ အရိယဖိုလ်သည်လည်းကောင်း ရရှိပုံမပေါ်ပေ၊ ငါသည် သီတင်းသုံးဖော်တို့နှင့် အတူတကွ ဝိသုဒ္ဓိပဝါရဏာပွဲကြီးကို ဖိတ်ကြားဆင်နွဲဖို့ရန် အခွင့်အရေးကြီးကိုကား မရနိုင်တော့ပြီပေါ့'' --- ဤသို့ ကြံစည် စဥ်းစားမိ၏။
大长老如此精勤修习比丘之法,已经整整三十年。第三十年的解夏月圆大自恣日,他倚着靠背板站立,心想:“如今,我精勤修习比丘之法已经三十年了,却仍未能证得阿罗汉果。看来我在这个蕴身,也就是这一生中,确实得不到圣道、圣果了;也再没有机会同住道友们一道举行清净自恣了。”
ဤသို့ ကြံစည်နေစဥ်ပင်လျှင် ထို မဟာသီဝမထေရ်မြတ်ကြီး၏ သန္တာန်၌ စိတ်မချမ်းသာမှု ဒေါမနဿ တရားသည် ထင်ရှားဖြစ်ပေါ်လာ၏၊ မျက်ရည်အယဥ်တို့သည် တသွင်သွင် စီးဆင်းလာကြကုန်၏။
正这样思量时,大湿婆长老的相续中明显生起了不悦的忧受,泪水不断涌流。
ထိုအခါ၌ မနီးမဝေးသော အရပ်၌ နတ်သမီးတစ်ဦးသည် ငိုယိုလျက် ရပ်တည်လာ၏။
这时,在不远不近的地方,有一位天女也站在那里哭泣。
''ဤအရပ်၌ ငိုယိုနေသူကား အဘယ်သူနည်း''ဟု မထေရ်မြတ်ကြီးက မေးတော်မူလိုက်၏။
大长老问:“是谁在这里哭泣?”
''အရှင်ဘုရား …တပည့်တော်သည် နတ်သမီးပါ ဘုရား'' --- ဟု ပြန်လည် လျှောက်ထားလိုက်၏။
她答道:“尊者,我是一位天女。”
''အဘယ်အကြောင်းကြောင့် ငိုယိုနေရပါသနည်း''ဟု မထေရ်မြတ်ကြီးက မေးမြန်းလိုက်သောအခါ နတ်- သမီးက ဤသို့ ပြန်လည်လျှောက်ထား၏။
大长老又问:“你为什么哭泣?”天女便这样回答:
''အရှင်ဘုရား …ငိုယိုသော ပုဂ္ဂိုလ်သည် မဂ်ဖိုလ်ကို ဖြစ်စေအပ်ပါပြီ၊ အရှင်ဘုရား …ထိုသို့ ငိုလျှင် မဂ်ဖိုလ်ကို ရနိုင်သောကြောင့် တပည့်တော်မသည်လည်း တစ်မဂ် တစ်ဖိုလ်ကိုသော်လည်းကောင်း၊ နှစ်မဂ် နှစ်ဖိုလ် တို့ကိုလည်းကောင်း ဖြစ်စေတော့အံ့၊ ဤသို့ နှလုံးပိုက်၍ ငိုယိုနေပါသည် ဘုရား'' ထိုသို့ နတ်သမီးက လျှောက်ထားလိုက်ခြင်းကြောင့် မဟာသီဝမထေရ်မြတ်ကြီးသည် ဤသို့ စဥ်းစားခန်း ဝင်တော်မူ၏။
“尊者,听说哭泣的人已经能使道果生起。尊者,既然这样哭便能得到道果,我也想使一道一果,乃至二道二果生起;我正怀着这个念头哭泣。”天女这样说过以后,大湿婆长老便反省道:
''အိုအမောင်မဟာသီဝ …နတ်တို့ကသော်မှလည်း အမောင်နှင့် အတူတကွ ပြက်ရယ်ပြောင်လှောင်မှုကို ပြုကြကုန်ဘိ၏၊ အမောင့်အား ဤသို့ မျက်ရည်ယို၍ ငိုနေခြင်းသည် သင့်တင့်လျောက်ပတ် ကောင်းမြတ်ပါအံ့ လော''
“大湿婆啊!如今连诸天也来取笑你了。你这样流泪哭泣,难道合宜、可取吗?”
原书第 495 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- သတိပဋ္ဌာန် (၄)ပါး အခန်း ဤသို့ သံဝေဂဉာဏ် ဖြစ်တော်မူ၍ ဝိပဿနာဉာဏ်ကို ဝိပဿနာဉာဏ်စဥ်အတိုင်း အစဥ်အတိုင်း တိုးပွား စေလတ်သည်ရှိသော် အရဟတ္တဖိုလ်ကို အရယူနိုင်ခဲ့လေပြီ။
如此生起悚惧智以后,他依观智次第,循序增长观智,终于证得阿罗汉果。
ရဟန္တာအဖြစ်သို့ ရောက်ရှိသွားတော်မူသော ထိုမဟာသီဝမထေရ်မြတ်ကြီးသည် --- ''ယခုအခါ၌ လျောင်း စက်ပေတော့အံ့''ဟု ကြံစည်၍ ကျောင်းအိပ်ရာနေရာကို သုတ်သင် ရှင်းလင်း၍ ညောင်စောင်းငယ်ကို ခင်းကျင်း လိုက်၏။ ထိုနောင် ခြေဆေးရေထားရာအရပ်၌ ရေကို တည်ထားပြီးနောက် ''ခြေတို့ကို ဆေးကြောပေတော့အံ့''ဟု ကြံစည်၍ စောင်းတန်းလှေခါးဦးဝယ် ခင်းထားအပ်သော ခြေထိုင်ဆေးသည့် အင်းပျဥ်ချပ်ပေါ်၌ ထိုင်တော်မူ လိုက်၏။
已经成为阿罗汉的大湿婆长老心想:“现在可以躺下休息了。”他打扫、清理住处的卧处,铺好小榻。随后,他把水放在洗脚处,心想:“现在可以洗脚了。”便坐到阶梯顶端铺设的洗脚木板上。
ထိုမဟာသီဝမထေရ်မြတ်ကြီးသည် အန္တေဝါသိက အတွင်းနေ တပည့်တို့သည်လည်း ''ရဟန်းတရားကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ရန် ကြွသွားတော်မူသော ငါတို့၏ ဆရာသမားသည်ကား နှစ်ပေါင်း (၃ဝ) တို့ ပြည့်ကုန်ပြီ၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်ဟူသော တရားထူး တရားမြတ်ကို ဖြစ်စေခြင်းငှာ စွမ်းနိုင်လေသလော?
大湿婆长老的内住弟子们也思量:“我们的导师离开去精勤修习比丘之法,至今已经整整三十年;他究竟能够生起道智、果智这些殊胜上法
မစွမ်းနိုင်လေသလော? --- ဤသို့ ဆင်ခြင်ကုန်လတ်သော် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ပြီး၍ ခြေဆေးရန် အလို့ငှာ ထိုင်နေပြီဟု မြင်တော်မူကုန်ရကား'' --- ငါတို့၏ ဆရာသမားသည် ငါတို့ကဲ့သို့သော အန္တေဝါသိက တပည့်တို့သည် အသက်ထင်ရှား တည်ရှိနေကြကုန်စဥ် မိမိကိုယ်တိုင်ပင်လျှင် မိမိခြေတို့ကို ဆေးကြောရပေ လတ္တံ့ဟူသော --- ဤသဘောတရားကား သင့်တင့်သော အကြောင်းအရာ မဟုတ်ချေ၊ ''ငါသည် ခြေဆေးပေး ပေအံ့၊ ငါသည် ခြေဆေးပေးပေအံ့'' --- ဤသို့ ကြံစည်၍ သုံးသောင်းကုန်သော ရဟန်းတော်တို့သည်လည်း ကောင်းကင်ခရီးဖြင့် ကြွလာတော်မူကြကုန်၍ မဟာသီဝမထေရ်မြတ်ကြီးအား ရှိခိုးဝတ်ချပြီးနောက် --- ''အရှင်ဘုရား …အရှင်ဘုရား၏ ခြေတော်တို့ကို တပည့်တော်တို့ ဆေးကြောပေးကြပါကုန်အံ့'' --- ဟု လျှောက်ထားကြကုန်၏။
还是不能生起呢?”正这样思量时,他们看见导师已经证得阿罗汉果,正坐着准备洗脚,便想:“我们这些内住弟子还在,怎能让导师亲自洗脚?我要替他洗,我要替他洗!”于是三万位比丘从空中前来,礼敬大湿婆长老以后禀告:“尊者,请让我们为您洗脚。”
''ငါရှင်တို့ …ယခုအခါ၌ ရေမဆေးဘဲ ထားအပ်ကုန်သော ငါ၏ ခြေတို့ကား နှစ်ပေါင်း (၃ဝ) ရှိကုန်ပြီ၊ သင်တို့ ရပ်တည်နေပေကုန်ဦးတော့၊ ငါသည်ပင် ဆေးကြောပေအံ့''ဟု မိန့်ဆိုတော်မူလိုက်၏။
大长老说:“贤友们,我这双脚已经三十年没有用水洗过了。你们且站着吧,我自己来洗。”
နတ်တို့သနင်း သိကြားမင်းသည်လည်း ဆင်ခြင်လတ်သော် --- '' ငါ၏ အရှင်မဟာသီဝမထေရ်မြတ်ကြီး သည်ကား အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူခဲ့လေပြီ၊ ခြေဆေးပေးကြပါကုန်အံ့ဟူသော ရည်ရွယ်ချက်ဖြင့် ကြွလာတော်မူကြကုန်သော သုံးသောင်း အတိုင်းအရှည် ရှိကုန်သော အန္တေဝါသိက တပည့်တို့အား ခြေဆေးခွင့်ကို မပေး၊ ငါကဲ့သို့သော အလုပ်အကျွေး ဥပါသကာသည် ထင်ရှားတည်ရှိနေစဥ် ''ငါ၏ အရှင်မြတ်သည် မိမိ ကိုယ်တိုင်ပင် ခြေဆေးရပေလတ္တံ့'' --- ဟူသော ဤသဘောတရားသည် သင့်တင့်သော အကြောင်းအရာကား မဟုတ်၊ ငါသည် ခြေဆေးပေးပေအံ့ --- ဤသို့ ဆုံးဖြတ်ချက်ချ၍ နတ်မိဖုရားကြီး သုဇာနှင့် အတူတကွ ရဟန်း သံဃာတော်၏ အနီးအပါး၌ ကိုယ်ထင်ရှား ဖြစ်ခဲ့လေပြီ။
诸天之主帝释天王也思量道:“我的尊者大湿婆长老已经证得阿罗汉果。为替他洗脚而来的三万位内住弟子,他都没有准许他们洗;可是我这样的侍者优婆塞还在,怎能让我的尊者亲自洗脚?我要替他洗。”帝释作了这个决定,便与须阇天后一同现身在比丘僧团附近。
ထိုသိကြားမင်းသည် သုဇာ မည်သော အသုရာသတို့သမီးကို ရှေ့က ထား၍ --- ''အရှင်ဘုရားတို့ … လမ်းဖယ်ပေးတော်မူကြပါ၊ အမျိုးသ္မီးပါဘုရား''ဟု လျှောက်ထား၍ သွားခွင့်ကို ရအောင်ပြု၍ မဟာသီဝမထေရ် မြတ်ကြီးထံသို့ ချဥ်းကပ်၍ ရှိခိုးဝတ်ချ၏၊ ထိုနောင် မဟာသီဝမထေရ်မြတ်ကြီး၏ ရှေ့၌ ဆောင့်ကြောင့်ထိုင်၍ - ''အရှင်ဘုရား …ခြေတော်တို့ကို ဆေးကြောပေးပါရစေ''ဟု လျှောက်ထား၏။
帝释让名叫须阇的阿修罗女走在前面,禀告比丘们:“诸尊者,请让一让,有女子要经过。”他由此取得通道,走到大湿婆长老面前顶礼,然后蹲踞在长老前禀告:“尊者,请让我为您洗脚。”
ကောသိယအနွယ်၌ ဖြစ်သော ဒါယကာတော် သိကြားမင်း …ယခုအခါ၌ ရေမဆေးကြောဘဲ ထား အပ်ကုန်သော ငါ၏ ခြေထောက်တို့ကား နှစ်ပေါင်း (၃ဝ)တို့ ရှိကုန်ပြီ။ ပင်ကိုယ် ပကတိအားဖြင့်လည်း နတ်တို့ အဖို့ လူတို့၏ကိုယ်ရနံ့ မည်သည် အလွန် ရွံရှာစက်ဆုပ်ဖွယ် သဘောသာ ရှိ၏။ ယူဇနာတစ်ရာ ဝေးကွာရာ
“憍尸迦族的施主帝释,我这双脚如今已经三十年没有用水洗过了。何况,对诸天而言,人的体味本来就极其可厌、可憎;即使是住在一百由旬以外
原书第 496 页
အရပ်၌ တည်နေကုန်သော နတ်တို့၏ စိတ်၌လည်း လူတို့၏ ကိုယ်ရနံ့မည်သည် လည်ပင်း၌ ဆွဲထားအပ်သော အကောင်ပုပ်ကဲ့သို့ ဖြစ်နေတတ်၏၊ ငါသည်ပင် ဆေးကြောပေအံ့ဟု ပြန်လည် မိန့်ကြားတော်မူလိုက်၏။
的诸天,也会觉得人的体味犹如挂在颈上的腐尸。我还是自己洗吧。”大长老这样答复。
အရှင်ဘုရား …အရှင်ဘုရား၏ ဤကိုယ်ရနံ့ဟူသော အနံ့မည်သည်ကား မထင်ရှားပါ၊ အရှင်ဘုရား တို့၏ သီလရနံ့သည်ကား ကာမာဝစရ နတ်ပြည်ခြောက်ထပ်တို့ကို ကျော်လွန်၍ အထက်ဘဝဂ်သို့ တိုင်အောင် ရောက်ရှိ၍ တည်နေပါသည် ဘုရား၊ အရှင်ဘုရား …သီလရနံ့ထက်သာလွန်၍ မြင့်မြတ်သော ရနံ့မည်သည် မရှိပါ။ အရှင် ဘုရားတို့၏ သီလရနံ့ကြောင့် တပည့်တော် ဆိုက်ရောက်လာခြင်း ဖြစ်ပါ၏၊ --- ဤသို့ လျှောက်ထား ၍ လက်ဝဲလက်ဖြင့် ခြေဖမျက်အစပ်၌ ကိုင်၍ လက်ယာလက်ဖြင့် ခြေဖဝါးအပြင်ကို ဆုပ်နယ်ပွတ်သပ်လေ၏။
“尊者,您的体味根本闻不到;您的戒香越过欲界六重天,直达上方的有顶。尊者,没有任何香能胜过戒香;我正是因您的戒香而来到这里。”帝释这样禀告以后,用左手握住长老的踝部,用右手揉捏、摩擦脚掌。
ငယ်ရွယ် နုနယ်သော ကလေးသူငယ်၏ ခြေတို့ကဲ့သို့ နုသွားကြကုန်၏။ သိကြားမင်းကြီးသည် မထေရ်မြတ်- ကြီး၏ ခြေတို့ကို ဆေးကြောပြီး၍ ရှိခိုးဝတ်ချပြီးလျှင် နတ်ပြည်လောကသို့သာ ပြန်သွားလေ၏။ (ဒီ-ဋ္ဌ-၂-၃၁၉ -၃၂၂။) ယောကျာ်းမြတ်တို့၏ ကြီးကျယ်မြင့်မြတ် အလွန်အထက်တန်းကျသည့် စွမ်းအားကြီး အပေါင်းတို့တွင် အလွန်ကြည်ညိုဖွယ်ရာ နှစ်ခြိုက်ဖွယ်ရာ မြတ်နိုးဖွယ်ရာ အတုယူဖွယ်ရာကောင်းသည့် ကျင့်ဝတ်ပဋိပတ် စွမ်း- အားကြီးတစ်မျိုးပင် ဖြစ်ပေသည်။
长老的双脚变得柔嫩,如年幼孩子的脚一般。帝释天王为大长老洗净双脚,顶礼以后,便返回天界。(《长部义注》2-319—322。)这确是诸大丈夫种种高超殊胜的威力中,一种极能令人净信、欣悦、珍重并愿意效法的行持之力。
နိရာမိသ ဒုက္ခဝေဒနာ ရှုကွက်
无爱染苦受的观法
ရူပါရုံ စသည့် အာရုံ (၆)ပါးတို့ကို တစ်နည်းဆိုရသော် ဥပါဒါနက္ခန္ဓာ (၅)ပါး = ရုပ်နာမ်တရားတို့ကို လက္ခ- ဏာရေးသုံးတန်တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ပါသော်လည်း မိမိ တောင့်တနေသည့် မဂ်ဉာဏ် ဖိုလ်ဉာဏ်သို့ မဆိုက်ရောက်နိုင်သဖြင့် ဝမ်းနည်းကြေကွဲမှု ဖြစ်ခဲ့သော် ယင်းဒေါမနဿဝေဒနာ ဦးဆောင်သည့် နာမ်တရားစု တို့ကိုလည်းကောင်း၊ မှီရာဝတ္ထုရုပ်နှင့် အာရုံရုပ်တို့ကိုလည်းကောင်း သိမ်းဆည်း ရှုပွားပါ။ အာရုံ (၆)ပါးတို့ကို တစ်ပါးစီ ခွဲခြား၍ ရှုပါက နိရာမိသ ဒုက္ခဝေဒနာ (၆)မျိုး ဖြစ်ပေသည်။
即使已经把色所缘等六种所缘——换言之,五取蕴,也就是色名诸法——安立于三相之下,修习毗婆舍那、作观照,若仍因未能证得自己所盼望的道智、果智而忧伤悲痛,也应摄取、观修以这种忧受为首的名法组,以及所依处色和所缘色。把六种所缘逐一分别而观,便有六种无爱染苦受。