染著—嗔害—迷惑之性
《趣向涅槃之道》中文全译本 · 非缩略版
非色把握章 · 原书第 258–263 页 · 40 个翻译单元
本页并入了原书的相邻小节:一个字音的声所缘、两个字音的声所缘、以手、足等动作示意时、语表声、定相应心所与不定相应心所。
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书第 258 页
ရဇ္ဇန - ဒုဿန - မုယှန သဘော
染著—嗔害—迷惑之性
တတ္ထ ပဌမဇဝနေပိ ''အယံ ဣတ္ထီ၊ အယံ ပုရိသော''တိ ရဇ္ဇနဒုဿနမုယှနဝသေန အာလောကိတဝိလော- ကိတံ န ဟောတိ၊ ဒုတိယဇဝနေပိ ။ ပ ။ သတ္တမဇဝနေပိ။ (အဘိ-ဋ္ဌ-၂-၃၄၁။) ပဌမဇဝနေပိ ။ ပ ။ န ဟောတီတိ ဣဒံ ပဉ္စဝိညာဏဝီထိယံ ဣတ္ထိပုရိသောတိ ရဇ္ဇနာဒီနံ အဘာဝံ သန္ဓာယ ဝုတ္တံ။ တတ္ထ ဟိ အာဝဇ္ဇနဝေါဋ္ဌဗ္ဗနာနံ အယောနိသော အာဝဇ္ဇနဝေါဋ္ဌဗ္ဗနဝသေန ဣဋ္ဌေ ဣတ္ထိရူပါဒိမှိ လောဘော၊ အနိဋ္ဌေ စ ပဋိဃော ဥပ္ပဇ္ဇတိ။ မနောဒွါရေ ပန ဣတ္ထိပုရိသောတိ ရဇ္ဇနာဒိ ဟောတိ။
“在这里,即使在第一速行中,也不会由于认定‘这是女人,这是男人’,而以染著、嗔害、迷惑的方式前视、旁顾;第二速行乃至第七速行也同样。”(《殊胜义注》2-341。)巴利《根本复注》引文译:“‘即使在第一速行中……也不会’这句话,是针对五识心路中没有以‘女人、男人’而染著等情形说的。在那里,由于转向与确定作了不如理的转向、确定,对女人的色所缘等可意对象会生起贪,对不可意对象会生起嗔恚;但在意门中,才会以‘女人、男人’而染著等。”
(မူလဋီ-၂-၁၈၁။)
(《根本复注》2-181。)
ယာနိ ပနေတာနိ စက္ခုဒွါရေ ဝေါဋ္ဌဗ္ဗနပရိယောသာနာနိ စိတ္တာနိ ဥပ္ပဇ္ဇန္တိ၊ တာနိ သဒ္ဓိံ သမ္ပယုတ္တဓမ္မေဟိ တတ္ထ တတ္ထေဝ ဘိဇ္ဇန္တိ၊ အညမညံ န ပဿန္တီတိ ဣတ္တရာနိ တာဝကာလိကာနိ ဟောန္တိ။ တတ္ထ ယထာ ဧကသ္မိံ ဃရေ သဗ္ဗေသု မာနုသကေသု မတေသု အဝသေသဿ ဧကကဿ တင်္ခဏညေဝ မရဏဓမ္မဿ န ယုတ္တာ နစ္စဂီတာဒီသု အဘိရတိ နာမ။ ဧဝမေဝ ဧကဒွါရေ သသမ္ပယုတ္တေသု အာဝဇ္ဇနာဒီသု တတ္ထ တတ္ထေဝ မတေသု အဝသေသဿ တင်္ခဏညေဝ မရဏဓမ္မဿ ဇဝနဿာပိ ရဇ္ဇနဒုဿနမုယှနဝသေန အဘိရတိ နာမ န ယုတ္တာတိ။
“在眼门中生起、以确定为终点的这些心,连同各自的相应法,都在各自生起之处坏灭,彼此不能相见;所以它们短暂,只存在片刻。譬如一所房子里的人全都死去以后,唯一剩下的那个人本身也会当下死亡,他不应再以歌舞等为乐。同样,在同一门中,转向等心连同相应法都各自在生起处灭去以后,剩下的速行本身也会当下灭亡,因此它不应再以染著、嗔害、迷惑的方式乐于所缘。”
(အဘိ-ဋ္ဌ-၂-၃၄၁-၃၄၂။)
(《殊胜义注》2-341—342。)
တတ္ထာယံ ပဝတ္တိက္ကမော --- ပဉ္စဒွါရေ ရူပါဒိအာရမ္မဏေ အာပါထဂတေ နိယမိတာဒိဝသေန ကုသလာ- ကုသလဇဝနေ ဥပ္ပဇ္ဇိတွာ ဘဝင်္ဂံ သြတိဏ္ဏေ မနောဒွါရိကဇဝနံ တံယေဝါရမ္မဏံ ကတွာ ဘဝင်္ဂံ သြတရတိ၊ ပုန တသ္မိံ ယေဝ ဒွါရေ ''ဣတ္ထိပုရိသော''တိအာဒိနာ ဝဝတ္ထပေတွာ ဇဝနံ (ဥပ္ပဇ္ဇိတွာ) ဘဝင်္ဂံ သြတရတိ။ ပုန ဝါရေ ပသာဒရဇ္ဇနာဒိဝသေန ဇဝနံ ဇဝတိ။ ပုန ယဒိ တံ အာရမ္မဏံ အာပါထံ အာဂစ္ဆတိ၊ တံသဒိသမေဝ ပဉ္စဒွါရာဒီသု ဇဝနံ တဒါ ဥပ္ပဇ္ဇမာနကံ သန္ဓာယ ''ဧဝမေဝ ဇဝနေ ဒုဿီလျာဒီသု ဥပ္ပန္နေသု တသ္မိံ အသံဝရေ သတိ ဒွါရမ္ပိ အဂုတ္တ''န္တိအာဒိ ဝုတ္တံ။ အယံ ပန ဥက္ကဋ္ဌနယော ပရိစိတာရမ္မဏံ သန္ဓာယ ဝုတ္တော၊ အပရိစိတေ အန္တရန္တရာ ပဉ္စဒွါရေ ဥပ္ပဇ္ဇိတွာ တဒနုရူပံ မနောဒွါရေပိ ဥပ္ပဇ္ဇတီတိ။ ဒွါရဘဝင်္ဂါဒီနံ ဇဝနေန သမ္ဗန္ဓော ဧကသန္တတိ- ပရိယာပန္နတော ဒဋ္ဌဗ္ဗော။ (အနုဋီ-၁-၂ဝဝ။) ဒိသွာတိ စက္ခုဝိညာဏေန ဒိသွာ။ ဣဒဉ္စ ဒုတိယ တတိယမနောဝိညာဏဝီထိယော စက္ခုဝိညာဏဝိထိယာ
“其发生次第如下:在五门中,色等所缘进入显现范围时,依决定等因而善速行或不善速行生起,随后落入有分;意门速行又取同一所缘,随后落入有分。接着,在同一意门中,判定为‘女人、男人’等,速行生起后又落入有分。再下一回,则以净信、染著等方式运行速行。其后,若该所缘再次进入显现范围,同样的速行又会在五门等处生起。正是针对当时生起的速行而说:‘同样,在速行中生起恶戒等时,既有这种不律仪,该门也未受守护’等。不过,这是针对熟悉所缘所说的最胜显示法,即按最大情形说明的方法;对于不熟悉的所缘,间或先在五门生起,又在意门中生起与之相应的心路。应知,门、有分等与速行之所以相连,是因为它们都属于同一相续。”(《随复注》1-200。)巴利 `Maṇimañjūsā-ṭīkā` 引文译:“所谓‘看见’,即以眼识而见。这里把第二、第三意识心路合摄入眼识心路
သင်္ဂဟေတွာ ဝုတ္တံ။ (မဏိမဉ္ဇူ။) စိတ္တဿ ပန လဟုပရိဝတ္တိတာယ စက္ခုဝိညာဏဝီထိယာ အနန္တရံ မနောဝိညာဏေန ဝိညာတမ္ပိ စလနံ စက္ခုနာ ဒိဋ္ဌံ ဝိယ မညန္တိ အဝိသေသဝိဒုနော။ (မူလဋီ-၁-၇၂-၇၃။) ဤအထက်ပါ အဋ္ဌကထာဋီကာတို့၏ ဖွင့်ဆိုထားတော်မူချက်အရ --- ပဉ္စဒွါရဝီထိ = ပဉ္စဝိညာဏဝီထိတို့၌ ''ဤသူကား ယောကျာ်း ဤသူကား မိန်းမ'' --- ဤသို့ စသည်ဖြင့် သိရှိ၍ ရဇ္ဇန = တပ်မက်ခြင်း၊ ဒုဿန = ပြစ်မှားခြင်း၊ မုယှန = တွေဝေခြင်း = အာရုံ၏ ပရမတ္ထသဘောမှန်ကို မသိခြင်း --- ဟူသော လောဘ-ဒေါသ- မောဟတို့ ဖြစ်ပေါ်လာကြသည်ကား မဟုတ်ပေ။
“由于心转变极为迅速,不辨差别者会把紧接眼识心路之后由意识所识知的移动,也认为仿佛是眼所看见的。”(《根本复注》1-72—73。)依上述义注与复注的解释,在五门心路——即五识心路中,并不会由于识别“此人是男人,此人是女人”等,而生起染著(贪著)、嗔害及迷惑(不了知所缘的究竟真实自性)这些贪、嗔、痴。
၁။ နိယမိတ --- ''ငါသည် အကုသိုလ်ကိုသာ ပြုသင့်၏''ဟု အကုသိုလ်ကို ပြုခြင်း၌ မိမိစိတ်ကို သတ်မှတ် ထားခြင်း၊ ၂။ ပရိဏာမိတ --- ကုသိုလ်ကို ပြုလုပ်ခြင်းမှ စိတ်ကို ဆုတ်နစ်စေလျက် အကုသိုလ်ကို ပြုခြင်း၌သာလျှင် စိတ်ဓာတ်ကို ညွတ်ကိုင်းထားခြင်း၊
1.决定(`niyamita`)——把自己的心确定在作不善上,认定“我只应作不善”;2.倾向(`pariṇāmita`)——使心从作善中退却,而只令心志倾向于作不善;
原书第 259 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- အရူပပရိဂ္ဂဟ အခန်း ၃။ သမုဒါစာရ --- အကုသိုလ်ကို အမြဲမပြတ် ပြုလုပ်ခြင်းဖြင့်စိတ်၏ အကုသိုလ်၌ အလေ့အကျက်များခြင်း၊ ၄။ အာဘုဇိတ --- (က) ဘုရား အစရှိသော သူတော်သူမြတ်တို့ရှိရာ သင့်တင့်လျောက်ပတ် ကောင်းမြတ်သော ပတိရူပဒေသ၌ မနေထိုင်ရခြင်း၊ ( ခ ) မသူတော်တို့ကို မှီဝဲဆည်းကပ်ခြင်း၊ သူတော်ကောင်းတို့ကို မှီဝဲဆည်းကပ်ခွင့် မရရှိခြင်း၊ ( ဂ ) မသူတော်တို့၏ တရားကို နာကြားခြင်း၊ သူတော်ကောင်းတရားကို နာကြားခွင့် မရခြင်း၊ (ဃ) ရှေးက ပြုခဲ့ဖူးသော ကောင်းမှုကုသိုလ်ရှိခြင်းဟူသော ပုဗ္ဗေစကတပုညတာစက်၏ ချို့တဲ့နေခြင်း --- ဤသို့ စသော အားကြီးသော မှီရာ ဥပနိဿယ အကြောင်းတို့ကြောင့် အာရုံတစ်ခုနှင့် တွေ့ကြုံရာဝယ် ယင်းအာရုံကို နည်းမှန်လမ်းမှန် နှလုံးမသွင်းတတ်ဘဲ နိစ္စ သုခ အတ္တ သုဘ ဣဋ္ဌ စသည်ဖြင့် နည်းမှားလမ်းမှား နှလုံးသွင်းခြင်း (= အယောနိသော မနသိကာရ)၊ ဤသည်တို့ကား အကုသိုလ်ဖြစ်ရန် အကြောင်းတရားတို့တည်း။
3.惯行(`samudācāra`)——由于持续不断地作不善,使心惯于不善;4.作意(`ābhujita`)——(a)不能住在佛陀等贤善圣者所在的适宜善地;(b)亲近恶人,不能亲近善士;(c)听闻恶人之法,不能听闻善士之法;(d)缺乏“往昔曾作福”成就轮(`pubbe ca katapuññatā-cakka`)。由于这些强力的亲依止缘,在遭遇某一所缘时,不能以正确方法对它作意,反而以常、乐、我、净、可意等方式对它作不如理作意。这些就是令不善生起的诸因。
ပဉ္စဒွါရဝီထိတို့ဝယ် ဆိုင်ရာဒွါရတို့၌ ဆိုင်ရာအာရုံတို့ ရှေးရှူကျရောက်လာရာဝယ် ပဉ္စဒွါရာဝဇ္ဇန်းနှင့် ဝုဋ္ဌောတို့က အယောနိသောမနသိကာရ ဖြစ်ခဲ့သော် နှလုံးသွင်းမှားခဲ့သော်၊ ကုသိုလ်ဖြစ်အောင် နည်းမှန်လမ်းမှန် နှလုံးမသွင်းတတ်သော၊ အကုသိုလ်ဖြစ်အောင်သာ နည်းမှားလမ်းမှား နှလုံးသွင်းတတ်သော ယင်းအာဝဇ္ဇန်းနှင့် ဝုဋ္ဌောတို့၏ ဆင်ခြင်ဆုံးဖြတ်မှု စွမ်းအားကြောင့် ဣဋ္ဌ ဖြစ်သော အမျိုးသ္မီးရူပါရုံ စသည်၌ လောဘ၊ အနိဋ္ဌ ဖြစ် သော အမျိုးသ္မီးရူပါရုံ စသည်၌ စိတ်ခက်ထန်ကြမ်းတမ်းမှု ပဋိဃ = ဒေါသ --- ကား ဖြစ်၏။ (သို့သော် ယောကျာ်း မိန်းမ စသည်ဖြင့် အဖြူအဝါ စသည်ဖြင့် သိ၍ ဖြစ်သည်ကား မဟုတ်။) မနောဒွါရဝီထိ၌ကား အမျိုးသ္မီး အမျိုး- သားဟု သိ၍ ရဇ္ဇန = တပ်မက်ခြင်း၊ ဒုဿန = ပြစ်မှားခြင်း စသည်သည် ဖြစ်ပေါ်လာ၏။ (မူလဋီ-၂-၁၈၁) စက္ခုဒွါရ၌ ဝုဋ္ဌောတိုင်အောင်သော စိတ်တို့သည် ယှဥ်ဖက်စေတသိက် သမ္ပယုတ်တရားတို့နှင့် အတူတကွ
在五门心路中,当相应所缘呈现于相应门时,如果五门转向与确定成了不如理作意,也就是作了错误作意,则由于这两个心不会以正确方式作意而令善生起、只会以错误方式作意而令不善生起的审察与确定能力,对于女人的色所缘等可意对象,贪便生起;对于女人的色所缘等不可意对象,则生起心刚强粗暴——嗔恚(=嗔)。(但这并不是在认知“男人、女人”或“白、黄”等之后生起的。)到了意门心路,才会由于认知为女人、男人而生起染著、嗔害等。(《根本复注》2-181。)在眼门中,直至确定的诸心连同相应心所、相应法一起
ဖြစ်ကြ၍ ထိုထို ဖြစ်ဆဲခဏမှာပင်လျှင် ချုပ်ပျက်သွားကြကုန်၏။ ယင်းသို့ ချုပ်ပျက်ကုန်သော် တစ်ဝီထိအတွင်း၌ အတူယှဥ်တွဲဖြစ်သော ထိုခဏမှာပင် ချက်ချင်း ဖြစ်ပြီးက ပျက်ခြင်း သေခြင်း သဘောရှိသော ဇော၏လည်း ထို အာရုံကို တပ်မက်ခြင်း ပြစ်မှားခြင်း တွေဝေခြင်း ရဇ္ဇန ဒုဿန မုယှန- ၏ အစွမ်းဖြင့် မွေ့လျော်ခြင်း မည်သည် မဖြစ်သင့်ပေ။ (အဘိ-ဋ္ဌ-၂-၃၄၁-၃၄၂။) ဖြစ်စဥ်မှာ ဤသို့ ဖြစ်၏။
生起,并在各自生起的当下立即坏灭。这些心如此坏灭后,同一心路中随后生起的速行,本身也具有当下生起即坏灭、即死亡的性质;按理说,它也不应再以染著、嗔害、迷惑(`rajjana–dussana–muyhana`)的方式乐于该所缘。(《殊胜义注》2-341—342。)发生次第如下。
ပဉ္စဒွါရ၌ ရူပါရုံစသော အာရုံသည် ရှေးရှူကျရောက်ခြင်း ထင်ခြင်းသို့ ရောက်လာလတ်သော် -- နိယမိတ --- ''ငါသည် ကုသိုလ်ကိုသာ ပြုလုပ်သင့်၏။ ငါသည် အကုသိုလ်ကိုသာ ပြုလုပ်သင့်၏'' --- ဟု သတ်မှတ်ထားခြင်း စသော ကုသိုလ်ဖြစ်ကြောင်းတရား အကုသိုလ်ဖြစ်ကြောင်းတရား စသည်တို့၏ စွမ်းအားကြောင့် ကုသိုလ်ဇော သို့မဟုတ် အကုသိုလ်ဇောတို့သည် ဖြစ်ကြပြီးနောက် ဘဝင်သို့ သက်ရောက်လတ်သော် ထိုဘဝင်၏ နောင်၌ မနောဒွါရိကဇောဝီထိသည် ထိုအာရုံကိုပင် အာရုံပြု၍ ဘဝင်သို့ သက်ပြန်၏။ (ဤစကားရပ်တို့ကား ၁- ပဉ္စဒွါရ ဝီထိနှင့် ၂- ဒုတိယ တဒနုဝတ္တက မနောဒွါရဝီထိ ၃- တတိယ သုဒ္ဓမနောဒွါရဝီထိတို့ကို ပြ၏။) တစ်ဖန် ထိုမနောဒွါရ၌ပင်လျှင် ''အမျိုးသ္မီး အမျိုးသား''ဤသို့ စသည်ဖြင့် ပိုင်းခြား မှတ်သားပြီးနောက် ဇောစောလျက် ဘဝင်သို့ သက်ပြန်၏။ ၄- စတုတ္ထ မနောဒွါရဝီထိတည်း။
当色等所缘进入五门的显现范围时,由决定——“我只应作善”或“我只应作不善”——等使善或不善生起的诸因,善速行或不善速行生起后落入有分。继而,一道意门速行心路取同一所缘为所缘,又落入有分。(这里说明了三道心路:1.五门心路;2.第二道随转意门心路;3.第三道纯意门心路。)之后,还在同一意门中,判定、标记为“女人、男人”等,速行运行后又落入有分。这是第四道意门心路。
နောက်တစ်ကြိမ် မနောဒွါရဝီထိ အလှည့်၌ကား ထိုအာရုံကို --- ၁။ ကြည်ညိုခြင်း၏ အစွမ်းဖြင့် ကုသိုလ်ဇော စော၏။ သို့မဟုတ် ၂။ ထိုအာရုံကို တပ်မက်ခြင်း = ရဇ္ဇန စသည်၏ အစွမ်းဖြင့် အကုသိုလ်ဇော စော၏။
下一回意门心路生起时:1.依对该所缘的净信,善速行运行;或者,2.依对该所缘的染著(`rajjana`)等,不善速行运行。
(၅- ပဉ္စမ မနောဒွါရဝီထိတည်း။) (အနုဋီ-၁-၂ဝဝ။)
(这是第五道意门心路。)(《随复注》1-200。)
原书第 260 页
ဤစကားစဥ်အရ --- ရူပါရုံတစ်ခုက စက္ခုဒွါရ မနောဒွါရတို့၌ ရှေးရှူကျရောက်လာရာ ထင်လာရာဝယ် - ၁။ ရူပါရုံကို အာရုံပြုသော စက္ခုဒွါရဝီထိ - ၂။ ယင်းစက္ခုဒွါရဝီထိ၏ အာရုံဖြစ်သော အတိတ်ရူပါရုံကိုပင် ဆက်လက်၍ အာရုံပြုသော တဒနုဝတ္တက (တဒနုဝတ္တိက) မနောဒွါရဝီထိ တစ်ဝီထိ - ၃။ ယင်းစက္ခုဒွါရဝီထိ၊ တဒနုဝတ္တက မနောဒွါရဝီထိတို့ဖြင့် မြင်အပ်ပြီးသော အတိတ်ရူပါရုံကိုပင် ညို၏ ဝါ၏ ပြာ၏ နက်၏ စသည်ဖြင့် ပိုင်းခြားနိုင်သော သုဒ္ဓမနောဒွါရဝီထိ တစ်ဝီထိ - ၄။ ယင်း (၃)ဝီထိတို့ဖြင့် မြင်အပ် သိအပ် ပိုင်းခြားအပ်ပြီးသော ရူပါရုံကို စွဲ၍ ''ယောကျာ်း မိန်းမ အိုး ပုဆိုး စသည်တည်း'' --- ဟု အမှတ်အသား သင်္ကေတ ရှိဖူးသည်နှင့် လျော်စွာ ယောကျာ်း မိန်းမ အိုး ပုဆိုး စသော အတ္ထ ပညတ်ကို သိသော သုဒ္ဓမနောဒွါရဝီထိ တစ်ဝီထိ - ၅။ ယင်းရူပါရုံ၏ ယောကျာ်း မိန်းမ အိုး ပုဆိုးစသော အတ္ထပညတ်တို့တွင် တစ်ခုခုကို (ယောကျာ်းကို သို့မ-
依上述次第,当某一色所缘呈现于眼门与意门时,会有:1.一道以色所缘为所缘的眼门心路;2.一道随转意门心路,继续取作为该眼门心路所缘的过去色所缘为所缘;3.一道纯意门心路,把已经由眼门心路、随转意门心路看见的该过去色所缘,判别为褐、黄、蓝、黑等;4.一道纯意门心路,依照以往对“男人、女人、壶、衣物等”形成的标记、符号,基于已经由上述三道心路看见、认知、判别的色所缘,了知男人、女人、壶、衣物等义概念;5.又有一道纯意门心路,取该色所缘的男人、女人、壶、衣物等义概念中的某一个(即男人,或
ဟုတ် မိန်းမကို သို့မဟုတ် အိုးကို သို့မဟုတ် ပုဆိုးကို) အာရုံပြု၍ သုဒ္ဓမနောဒွါရဝီထိ တစ်ဝီထိကျပြန်၏။
女人,或壶,或衣物)为所缘。
ဤပဉ္စမမြောက် မနောဒွါရဝီထိကျမှ (ယောနိသောမနသိကာရ ဖြစ်လျှင်) ကြည်ညိုခြင်း၊ (အယောနိသော မနသိကာရ ဖြစ်လျှင်) တပ်မက်ခြင်း ချစ်ခင်ခြင်း မုန်းတီးခြင်း စသည်ဖြစ်၏။ ဤကား ဆရာစဥ်ဆက် သင်ကြား ပို့ချရိုး ဝါစာနာမဂ္ဂအတိုင်း ဖော်ပြခြင်းတည်း။ (မိုင်းခိုင်းဆရာတော်၏ --- ဝီထိပုံ-ဘုံစဥ်-ဆန်းပုံ-သိမ်ပုံကျမ်း- ၂၆-၂၇ တို့၌ ကြည့်ပါ။) စက္ခုနာ ရူပံ ဒိသွာ = စက္ခုဝိညာဏ်ဖြင့် ရူပါရုံကို မြင်၍ --- ဤသို့သော ဒေသနာတော်တို့၌ ဒုတိယ မနောဝိညာဏဝီထိ (= မနောဒွါရဝီထိ) တတိယ မနောဝိညာဏဝီထိတို့ကို စက္ခုဝိညာဏဝီထိ၌ စုပေါင်း၍ ဘုရားရှင်သည် ဟောကြားထားတော်မူခဲ့ပေသည်။ (မဏိမဉ္ဇူ) စိတ်တို့၏ အလွန်လျင်မြန်စွာ ဖြစ်ခြင်းသဘော ရှိခြင်းကြောင့် စက္ခုဝိညာဏဝီထိ၏ အခြားမဲ့၌ ဖြစ်ကုန် သော မနောဒွါရဝီထိတို့ဖြင့် ယောကျာ်း မိန်းမ အိုး ပုဆိုး စသော အတ္ထပညတ်ကို သိမှု၊ ကြည်ညိုခြင်း တပ်မက်
只有第五道意门心路生起时,若有如理作意,才会生起净信;若有不如理作意,才会生起染著、爱著、憎恨等。这是依历代师承的口授法所作的说明。(参见 Mine Khine Sayadaw〔မိုင်းခိုင်းဆရာတော်〕《ဝီထိပုံ-ဘုံစဥ်-ဆန်းပုံ-သိမ်ပုံကျမ်း》,第26—27页。)在“以眼看见色”(`cakkhunā rūpaṃ disvā`),即“以眼识看见色所缘”这类教说中,佛陀把第二、第三意识心路(=意门心路)合摄于眼识心路而说。(`Maṇimañjūsā-ṭīkā`。)由于诸心生起得极其迅速,紧接在眼识心路之后生起的诸意门心路,才会认知男人、女人、壶、衣物等义概念,并生起净信、染著
ခြင်း ချစ်ခင်ခြင်း ပြစ်မှားခြင်း စသည် ဖြစ်မှုကို ပရမတ္ထဉာဏ်ပညာမျက်စိ မရှိကြကုန်သော စက္ခုဝိညာဏဝီထိနှင့် မနောဒွါရဝီထိတို့၏ ထူးထွေကွဲပြားမှုကို ခွဲခြားမသိနိုင်ကြကုန်သော = အဝိသေသဝိဒူ အမည်ရကုန်သော ပုထု- ဇန် ငမိုက်သားတို့သည်ကား စက္ခုဝိညာဏ်ဖြင့် (= မျက်စိဖြင့်)ပင် ယင်း ယောကျာ်း မိန်းမ အိုး ပုဆိုး စသည်တို့ကို မြင်သကဲ့သို့ အောက်မေ့မှတ်ထင်ကြကုန်၏။ (မူလဋီ-၁-၇၂-၇၃။) အမှန်စင်စစ်မှာမူ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း မနောဒွါရဝီထိ (= မနောဝိညာဏဝီထိ)တို့ဖြင့်သာ ယောကျာ်း မိန်းမ အိုး ပုဆိုး - စသော အတ္ထပညတ်ကိုလည်း သိ၏။ ပဉ္စမ မနောဒွါရဝီထိကျမှသာလျှင် ကြည်- ညိုခြင်း တပ်မက်ခြင်း ချစ်ခင်ခြင်း ပြစ်မှားခြင်း စသည် ဖြစ်၏ဟု မှတ်သားပါလေ။
以及爱著、嗔害等反应。没有观究竟法的慧眼、不能辨别眼识心路与意门心路之差别、因而称为“不辨差别者”(`avisesavidū`)的愚痴凡夫,却误以为这些男人、女人、壶、衣物等仿佛是由眼识(即眼睛)本身看见的。(《根本复注》1-72—73。)其实,正如前文所说,只有意门心路(=意识心路)才会认知男人、女人、壶、衣物等义概念;也只有到了第五道意门心路,才会生起净信、染著、爱著、嗔害等。应当这样记住。
နောက်ထပ်တစ်ဖန် အကယ်၍ ထိုရူပါရုံသည် စက္ခုဒွါရ မနောဒွါရတို့၌ ရှေးရှူကျရောက်လာသည် ထင်- လာသည် ဖြစ်အံ့၊ နည်းတူပင်လျှင် စက္ခုဝိညာဏဝီထိ တစ်ဝီထိနှင့် မနောဝိညာဏဝီထိ လေးဝီထိတို့သည် ထပ်၍ ဖြစ်ကြပြန်ကုန်၏။ ဤစကားကား အလွန်ဆုံးကို ပြောဆိုသော ဥက္ကဋ္ဌနိဒ္ဒေသနည်းတည်း။ ဤသို့ စက္ခုဝိညာ- ဏဝီထိ တစ်ဝီထိ၊ မနောဝိညာဏဝီထိ လေးဝီထိ ဖြစ်ကြောင်းကို ဖွင့်ဆိုသော ဤနည်းကို လေ့ကျက်အပ်ပြီး သော အလေ့အလာများနေသော ကျက်စားနေကျ အာရုံကို ရည်ရွယ်၍ ဆိုခြင်းသာဖြစ်၏။ လေ့ကျက်မှု နည်းပါး သည့် ကျက်စားနေကျ မဟုတ်သော အာရုံ၌ကား ကြိုးကြားကြိုးကြား၌ ပဉ္စဒွါရဝီထိဖြစ်၍ ထိုပဉ္စဒွါရဝီထိနှင့်
其后,如果同一色所缘又再次显现于眼门与意门,便会同样再生起一道眼识心路和四道意识心路,共五道心路。这种说法采用的是最胜显示法,即按最大情形说明的方法。眼识一道、意识四道的说明,只针对已经熟习、反复经验、惯常出现的所缘而说。对于熟习较少、并非惯常出现的所缘,还会间或生起五门心路,并生起与该五门心路
原书第 261 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- အရူပပရိဂ္ဂဟ အခန်း လျော်သော မနောဒွါရဝီထိလည်း ဖြစ်၏ဟု သိပါလေ။ ဒွါရ ဘဝင် စသည်တို့၏ ဇောနှင့် ဆက်စပ်မှု ရှိနေခြင်း မှာ ရုပ်နာမ် သန္တာန်အစဥ်တစ်ခုတည်း၌ အကျုံးဝင်နေသောကြောင့်ဟု မှတ်သားပါလေ။ (အနုဋီ-၁-၂ဝဝ။) ဤအနုဋီကာ၏ ဖွင့်ဆိုချက်အရ စက္ခုဝိညာဏဝီထိတစ်ခု၏ အခြားမဲ့၌ မနောဝိညာဏဝီထိများ အနည်း အများ ထိုက်သလို ဖြစ်နိုင်၏၊ မနောဝိညာဏဝီထိတို့၏ အကြားအကြား၌လည်း စက္ခုဝိညာဏဝီထိ စသည့် ပဉ္စ ဝိညာဏဝီထိတို့သည် ဒွါရ အာရုံ တိုက်ဆိုင်မှု စသော အကြောင်းတို့ကို အခြေခံ၍ ထိုက်သလို ဖြစ်နိုင်၏ဟု မှတ်သားပါ။ သောတဝိညာဏဝီထိ စသည်တို့၌လည်း နည်းတူ သဘောပေါက်ပါလေ။
相应的意门心路。应当这样理解。门、有分等之所以与速行相关,是因为它们都摄属于同一色名相续。(《随复注》1-200。)依这段《随复注》的解释,在一道眼识心路之后,可以随其所应紧接着生起或多或少的意识心路;在各意识心路之间,也可以基于门与所缘相合等因缘,随其所应生起眼识心路等五识心路。耳识心路等也应同样理解。
အထူးသဖြင့် ယခုကဲ့သို့ ရုပ်နာမ် ပရမတ်တရားတို့ကို အာရုံယူ၍ နာမ်တရားတို့ကို သိမ်းဆည်းနေသော အပိုင်း၌ကား ပဉ္စဒွါရဝီထိတစ်ခု၏ နောင်ဝယ် မနောဒွါရဝီထိများသည် ဝီထိတစ်ခုနှင့် တစ်ခု အကြားတွင် ဘဝင် များခြားလျက် ဝီထိပေါင်းများစွာလည်း ဖြစ်နိုင်သည်သာဟု မှတ်သားပါလေ။ ပရမတ်သက်သက်ကို အာရုံယူ နေသော ဝီထိတို့ကို အထူးဆိုလိုသည်။ ယင်းရူပါရုံကို နိစ္စဟု သုခဟု အတ္တဟု သုဘဟု ပိုင်ပိုင်နိုင်နိုင် သိမှုမှာ မနောဒွါရဝီထိတို့နှင့်သာ အထူးသက်ဆိုင်၏။ ပဉ္စဒွါရဝီထိတို့၌ကား ယင်းရူပါရုံ စသည်ကို အာရုံယူ၍ ဣဋ္ဌရူပါရုံ ၌ တပ်မက်ရုံမျှ အနိဋ္ဌရူပါရုံ၌ ပြစ်မှားရုံမျှ၊ အာရုံ၏ သဘောမှန်ကို မမြင်ရာ၌ တွေဝေရုံမျှသာ ဖြစ်သည်။ သို့ အတွက် နိစ္စ သုခ အတ္တ စသည်ဖြင့် သိမှုကို မနောဒွါရဝီထိတို့၌သာ ရှုပါလေ။
尤其在当前这一部分,我们以色、名究竟法为所缘摄取名法;在这里,应知,一道五门心路之后,可以生起许多道意门心路,各道之间由有分隔开。这里特别指只取究竟法为所缘的心路。把该色所缘明确认作“常、乐、我、净”的认知,只特别属于意门心路;在五门心路中,则只是对可意色所缘生起染著,对不可意色所缘生起嗔害,或因未见所缘真实自性而生起迷惑而已。因此,应只在意门心路中观照把所缘认作常、乐、我等的认知。
သဒ္ဒံ ပဌမစိတ္တေန၊ တီတံ ဒုတိယစေတသာ။
巴利 `Abhidhammāvatāra-ṭīkā` 偈(缅文转写,上行):“သဒ္ဒံ ပဌမစိတ္တေန၊ တီတံ ဒုတိယစေတသာ။”译:“以第一心识知声音,以第二心识知已经过去的〔声音〕。”
နာမံ တတိယစိတ္တေန၊ အတ္ထံ စတုတ္ထစေတသာ။
“以第三心识知名称,以第四心识知意义。”
ဃဋောတိ သဒ္ဒံ သုဏန္တဿ ဧကမေကံ သဒ္ဒံ အာရဗ္ဘ ပစ္စုပ္ပန္နာတီတာရမ္မဏဝသေန ဒွေ ဒွေ ဇဝနဝါရာ ဟောန္တိ။ တတော သဒ္ဒသမုဒါယမာရဗ္ဘ ဧကော၊ တတော နာမပဏ္ဏတ္တိမာရဗ္ဘ ဧကောတိ ဧဝံ သဒ္ဒသမုဒါရမ္မဏာယ ဇဝနဝီထိယာ အနန္တရနာမပဏ္ဏတ္တိ ပါကဋာ ဟောတိ။ တတော ပရံ အတ္ထာဝဗောဓော။ (အဘိဓမ္မာဝတာရဋီကာ၊၊)
“对于听闻‘ghaṭo’这一声音的人,针对其中每一个字音,各有两回速行:一回取现在的声音为所缘,一回取已经过去的声音为所缘。随后,取声音的总合为所缘,有一回〔速行〕;再随后,取名概念为所缘,又有一回〔速行〕。如此,紧接着以声音总合为所缘的速行心路之后,名概念便显现出来;再往后,才领会其意义。”(`Abhidhammāvatāra-ṭīkā`。)
အက္ခရာ အသံ - တစ်လုံးရှိသော သဒ္ဒါရုံ
一个字音的声所缘
ဂေါ = နွား - ဟူသော အက္ခရာတစ်လုံးသာ ရှိသော ပစ္စုပ္ပန်သဒ္ဒါရုံကို ကြားရာ၌ --- ၁။ ဂေါ = နွား - ဟူသော ပစ္စုပ္ပန်သဒ္ဒါရုံကို သိသော ပထမ သောတဒွါရဝီထိ - ၂။ ယင်းသောတဒွါရဝီထိဖြင့် သိပြီးသော အတိတ်သဒ္ဒါရုံကို သိသော ဒုတိယ တဒနုဝတ္တက မနောဒွါရဝီထိ (ဂေါ = နွားဟူသော အသံကို ဆိုလိုသည်။) ၃။ ဂေါ = နွားဟူသော အမည်နာမပညတ်ကို သိသော တတိယ သုဒ္ဓမနောဒွါရဝီထိ ၄။ နွားဒြပ် အတ္ထပညတ်ကို အာရုံပြုသော စတုတ္ထ သုဒ္ဓမနောဒွါရဝီထိ - ၅။ ဂေါ = နွားဟူသော သဒ္ဒါရုံ နာမပညတ် သို့မဟုတ် နွားဒြပ်ဟူသော အတ္ထပညတ်ကို အာရုံပြုသော ပဉ္စမ သုဒ္ဓမနောဒွါရဝီထိ - ဤပဉ္စမဝီထိသို့ ရောက်ရှိမှ နွားဟု သိ၍ ကြည်ညိုခြင်း ချစ်ခင်ခြင်း တပ်မက်ခြင်း စသည် ဖြစ်၏။
当听到“ဂေါ(go)=牛”这一仅有一个字音的现在声所缘时:1.第一道耳门心路,了知“ဂေါ=牛”这一现在声所缘;2.第二道随转意门心路,了知已经由该耳门心路识知的过去声所缘〔指“ဂေါ=牛”这一声音〕;3.第三道纯意门心路,了知“ဂေါ=牛”这一名概念;4.第四道纯意门心路,取牛这一实体义概念为所缘;5.第五道纯意门心路,取“ဂေါ=牛”这一声所缘、名概念,或“牛的实体”这一义概念为所缘。只有到了第五道心路,才会认知为牛,并生起净信、爱著、染著等。
အက္ခရာ နှစ်လုံး ရှိသော သဒ္ဒါရုံ
两个字音的声所缘
ပဋ = ပုဆိုး အက္ခရာနှစ်လုံး ရှိသော ပဋ စသော သဒ္ဒါရုံတို့၌ ---
对于“ပဋ(paṭa)=筒裙”等由两个字音组成的声所缘
原书第 262 页
၁။ ပ - ကို အာရုံပြု၍ သောတဒွါရ တစ်ဝီထိ - ၂။ တဒနုဝတ္တက မနောဒွါရ တစ်ဝီထိ - ၃။ ဋ - ကို အာရုံပြု၍ သောတဒွါရ တစ်ဝီထိ - ၄။ တဒနုဝတ္တက မနောဒွါရ တစ်ဝီထိ - ၅။ ထိုနောင် ပဋ ဟူသော အက္ခရာ (၂)လုံးပေါင်းကို အာရုံပြု၍ သုဒ္ဓမနောဒွါရ တစ်ဝီထိ - ၆။ ထိုနောင် ပဋ = ပုဆိုးဟူသော အမည်နာမပညတ်ကို အာရုံပြု၍ သုဒ္ဓမနောဒွါရ တစ်ဝီထိ - ၇။ ထိုနောင် ပဋ = ပုဆိုးဒြပ် အတ္ထပညတ်ကို အာရုံပြု၍ သုဒ္ဓမနောဒွါရ တစ်ဝီထိ - ဤသို့လျှင် ပဋ = ပုဆိုးဟူသော အသံကို ကြားရာ၌ ဝီထိပေါင်း (၇)ခုရှိမှ လူတို့ ဝတ်ဆင်သော ပုဆိုးဒြပ် ဟူသော အနက်ကို သိ၏။ ဤသို့ (၄)ဝီထိ (၅)ဝီထိ စသည် ကျပုံကား ဝိညတ်ရုပ် အလိုအဓိပ္ပါယ်တို့ကို သိခြင်း နှင့် မစပ်သော ဝီထိကျပုံတည်း။ အက္ခရာများရာတို့၌ နည်းမှီး၍ သိလေ။
1.以“ပ(pa)”为所缘的一道耳门心路;2.一道随转意门心路;3.以“ဋ(ṭa)”为所缘的一道耳门心路;4.一道随转意门心路;5.随后,以“ပဋ(paṭa)”两个字音的组合为所缘的一道纯意门心路;6.随后,以“ပဋ=ပုဆိုး(paṭa=筒裙)”这一名概念为所缘的一道纯意门心路;7.随后,以“ပဋ=ပုဆိုး(paṭa=筒裙实体)”这一义概念为所缘的一道纯意门心路。这样,听到“ပဋ=ပုဆိုး”这一声音时,必须共有七道心路,才会知道其义是人们所穿的筒裙实体。这里所说四道、五道等心路的生起方式,并不涉及了知表色及其意向。字音更多时,也应仿照此理理解。
လက်-ခြေ စသည် လှုပ်ပြရာ၌
以手、足等动作示意时
လက်-ခြေ-ဦးခေါင်း လှုပ်၍ပြခြင်း စသည်တို့၌ --- ၁။ လှုပ်သော လက်-ခြေ စသည်၌ တည်သော ပစ္စုပ္ပန်ရူပါရုံကို အာရုံပြု၍ ရှေးဦးစွာ စက္ခုဒွါရဝီထိ တစ်ဝီထိ ၂။ ထိုနောင် ယင်းအတိတ်ရူပါရုံကို အာရုံပြု၍ တဒနုဝတ္တက မနောဒွါရဝီထိ တစ်ဝီထိ ၃။ ထိုနောင် ယင်းအတိတ်ရူပါရုံကို အညို အရွှေ စသည်ဖြင့် ဆုံးဖြတ်တတ်သော တတိယ သုဒ္ဓမနောဒွါရ- ဝီထိ တစ်ဝီထိ ၄။ ထိုနောင် ဝိညတ်ကို သိသော (လက်လှုပ်မှု စသည်ကို သိသော) စတုတ္ထ မနောဒွါရဝီထိ တစ်ဝီထိ ၅။ ထိုနောင် ဤပုဂ္ဂိုလ်သည် ဤအမှုကို ပြုစေလို၏ဟု ပုဂ္ဂိုလ်၏ အလိုကို (ဘာဝကို) သိသော ပဉ္စမ မနော- ဒွါရဝီထိ ဖြစ်သည်။
以手、足、头部动作示意等情形中:1.先以移动的手、足等处所呈现的现在色所缘为所缘,生起一道眼门心路;2.随后,以该过去色所缘为所缘,生起一道随转意门心路;3.随后,以该过去色所缘为所缘,判定其为褐色、金色等,生起第三道纯意门心路;4.随后,了知其表〔即了知手的动作等〕,生起第四道意门心路;5.随后,了知那个人的意向〔状态〕是“此人想要人做这件事”,生起第五道意门心路。
ဝစီဝိညတ်သံ
语表声
ခေါ်ဝေါ်ပြောကြားခြင်း စသည်ကို ပြုသောသူ၏ အသံကို ကြားသော သူအား --- ၁။ ယင်းပစ္စုပ္ပန် အသံ သဒ္ဒါရုံကို အာရုံပြု၍ ရှေးဦးစွာ သောတဒွါရဝီထိ တစ်ဝီထိ ၂။ ထိုနောင် ယင်းအတိတ်သဒ္ဒါရုံကို အာရုံပြု၍ တဒနုဝတ္တက မနောဒွါရဝီထိ တစ်ဝီထိ ၃။ ထိုနောင် အမည်နာမပညတ်ကို အာရုံပြု၍ တတိယ သုဒ္ဓမနောဒွါရဝီထိ တစ်ဝီထိ ၄။ ထိုနောင် ဝစီဝိညတ်ကို အာရုံပြု၍ စတုတ္ထ မနောဒွါရဝီထိ တစ်ဝီထိ ၅။ ထိုနောင် ပြောဆိုသော ပုဂ္ဂိုလ်၏ အလို (ဘာဝ)ကို သိသော ပဉ္စမ မနောဒွါရဝီထိ တစ်ဝီထိ ဖြစ်၏။
听到他人呼唤、说话等声音时:1.先以该现在声音,即声所缘为所缘,生起一道耳门心路;2.随后,以该过去声所缘为所缘,生起一道随转意门心路;3.随后,以名概念为所缘,生起第三道纯意门心路;4.随后,以语表为所缘,生起第四道意门心路;5.随后,了知说话者的意向〔状态〕,生起第五道意门心路。
ဤသို့ ဝစီဝိညတ်ကို သိသော ဝီထိကို ပြရာ၌ အနက်ကို သိသော ဝီထိကို ဋီကာဆရာတို့ အသီး မပြသည် မှာ အလိုကို သိသော ဝီထိ၌ ပေါင်းသွင်းချုံးထားသည်ဟု ယူအပ်၏။ ထိုတွင် အလိုကို သိသော ဝီထိ မကျမီ အနက်ကို သိသော ဝီထိ ရှေးဦးကျသည်များ၏။ (ဝီထိပုံ-ဘုံစဥ်-ဆန်းပုံ-သိမ်ပုံကျမ်း --- ၂၈-၂၉ ကြည့်။)
这样说明了知语表的心路时,诸复注师并未把了知意义的心路另行列出,应当理解为已把它合并、缩摄在了知意向的心路之中。实际上,在了知意向的心路生起以前,通常先有了知意义的心路生起。(参见《ဝီထိပုံ-ဘုံစဥ်-ဆန်းပုံ-သိမ်ပုံကျမ်း》,第28—29页。)
原书第 263 页
နိယတယောဂီ - အနိယတယောဂီ
定相应心所与不定相应心所
ဣဿာ-မစ္ဆေရ-ကုက္ကုစ္စ၊ ဝိရတီ ကရုဏာဒယော။
巴利偈(缅文转写):“ဣဿာ-မစ္ဆေရ-ကုက္ကုစ္စ၊ ဝိရတီ ကရုဏာဒယော။〔issā-macchera-kukkucca, viratī karuṇādayo〕”译:“嫉、悭与恶作,诸离心所与悲等;”
နာနာ ကဒါစိ မာနောစ၊ ထိန-မိဒ္ဓံ တထာ သဟ။
巴利偈(缅文转写):“နာနာ ကဒါစိ မာနောစ၊ ထိန-မိဒ္ဓံ တထာ သဟ။〔nānā kadāci māno ca, thīna-middhaṃ tathā saha〕”译:“〔前述诸项〕别别而偶相应,慢也偶相应;昏沉、睡眠则共同而偶相应。”
ယထာဝုတ္တာနုသာရေန၊ သေသာ နိယတယောဂိနော။
巴利偈(缅文转写):“ယထာဝုတ္တာနုသာရေန၊ သေသာ နိယတယောဂိနော။〔yathāvuttānusārena, sesā niyatayogino〕”译:“其余诸心所,依照前述,皆为定相应者。”
(အဘိဓမ္မတ္ထသင်္ဂဟ။)
(《摄阿毗达磨义论》。)
မိမိတို့ ယှဥ်ဖက်စိတ် ဖြစ်တိုင်း ဖြစ်တိုင်း အမြဲယှဥ်လျက်ရှိသော စေတသိက်များကို နိယတယောဂီ စေတသိက်ဟု ခေါ်ဆို၍ မိမိတို့ ယှဥ်ဖက်စိတ် ဖြစ်တိုင်း ဖြစ်တိုင်း အမြဲမယှဥ်ဘဲ တစ်ရံတစ်ခါသာ ယှဥ်နိုင်သော စေတသိက်များကို အနိယတယောဂီ စေတသိက်ဟု ခေါ်ဆိုသည်။ ယင်းစေတသိက်တို့မှာ --- ၁။ ဣဿာ-မစ္ဆေရ (= မစ္ဆရိယ)- ကုက္ကုစ္စ ၂။ သမ္မာဝါစာ-သမ္မာကမ္မန္တ-သမ္မာအာဇီဝ (= ဝိရတိ-၃-မျိုး) ၃။ ကရုဏာ-မုဒိတာ-(အပ္ပမညာ-၂-မျိုး) ၄။ မာန ၅။ ထိန-မိဒ္ဓ အားလုံးပေါင်းသော် (၁၁)မျိုးတည်း၊ ဤ (၁၁)မျိုးတို့ကား အနိတယောဂီ စေတသိက် တို့တည်း။ စေတ- သိက် (၅၂)မျိုးတို့တွင် ယင်း (၁၁)မျိုးမှ ကြွင်းကျန်သော ကျန် (၄၁)မျိုးသော စေတသိက်တို့ကား နိယတယောဂီ စေတသိက်တို့တည်း။
凡各自的相应心每次生起时都必定与之相应的心所,称为定相应心所;凡各自的相应心生起时并非每次都与之相应、只能偶尔相应的心所,称为不定相应心所。这些心所是:1.嫉、悭〔即悭吝〕、恶作;2.正语、正业、正命〔三种离心所〕;3.悲、随喜〔两种无量心所〕;4.慢;5.昏沉、睡眠。合计十一种。这十一种是不定相应心所。五十二心所中,除这十一种以外的其余四十一种,都是定相应心所。