意界

《趣向涅槃之道》中文全译本 · 非缩略版

名色分别章 · 原书第 284–285 页 · 15 个翻译单元

本页并入了原书的相邻小节:五识界、意识界。

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 284 页
မနောဓာတ်
意界
တီဏိ မနောဓာတုစိတ္တာနိ ဧကာ မနောဓာတု။ (ဝိသုဒ္ဓိ-၂-၂၂၄။) (၁) ပဉ္စဒွါရာဝဇ္ဇန်း။ (၂) အဟိတ်ကုသလဝိပါက်သမ္ပဋိစ္ဆိုင်း (၃) အဟိတ်အကုသလဝိပါက်သမ္ပဋိစ္ဆိုင်း - ဤ (၃)မျိုးကုန်သော စိတ်တို့သည် မနောဓာတ်တို့ မည်ကြသည်။
“三种意界心合为一意界。”(《清净道论》2-224。)这三种心是:1.五门转向心;2.无因善果报领受;3.无因不善果报领受。它们都称为意界。
အန္တာဒိကာ မနောဓာတု၊ မနောဝိညာဏဓာတုယာ။
“意界位于意识界的末端与开端;”
ပဝေသာ-ပဂမေ ဒွါရ-ပရိယာယေန တိဋ္ဌတိ။ (နာမရူပပရိစ္ဆေဒ။)
巴利引文(缅文转写):〔“ပဝေသာ-ပဂမေ ဒွါရ-ပရိယာယေန တိဋ္ဌတိ။”〕以下随文译释:“在进入与离去之际,依方便说而立为门。”(《名色分别论》。)
ယင်းမနောဓာတ် အမည်ရသော စိတ် (၃)မျိုးတို့တွင် ပဉ္စဒွါရာဝဇ္ဇန်းသို့ ရောက်သည့်အခါ ဘဝင်တည်း ဟူသော မနောဝိညာဏ်အစဥ်သည် ကုန်ပျောက်သဖြင့် ထိုမနောဝိညာဏ်သည် ပဉ္စဒွါရာဝဇ္ဇန်းထဲသို့ ဝင်သွား သလို ထင်မှတ်ရ၏၊ ထိုကြောင့် ပဉ္စဒွါရာဝဇ္ဇန်းသည် ဘဝင်မနောဝိညာဏ်၏ ဝင်ရာ ဒွါရတည်း။ တစ်ဖန် သမ္ပဋိစ္ဆိုင်း၏နောက်၌ သန္တီရဏတည်းဟူသော မနောဝိညာဏ်သည် ဖြစ်ပေါ်လာပြန်၏။ ထိုကြောင့် သမ္ပဋိစ္ဆိုင်း သည် မနောဝိညာဏ်၏ ထွက်ခွာလာရာ တံခါးသဖွယ် ဖြစ်ပြန်၏။ ဤသို့သော ပရိယာယ်အရ မနောဓာတ် (၃)ခုကို မနောဝိညာဏ်၏ ဒွါရဟု ဆိုနိုင်ပြန်သည်။ မုချ ယူရိုးယူစဥ် မဟုတ် ဟူလိုသည်။
在称为意界的三种心中,当心路到达五门转向时,称为有分的意识相续已经灭尽,看起来仿佛该意识进入了五门转向;因此,五门转向好似有分意识进入之门。另一方面,领受之后又生起称为推度的意识;因此,领受又好似意识离出之门。依这样的方便说,可以把三种意界称作意识之门;意思是,这并不是直接的、通行的安立方式。
နာမ်ကမ္မဋ္ဌာန်း ရှေ့ပိုင်းစာမျက်နှာ (၃၁) စသည်၌ --- ၁။ ဘဝင်မနောအကြည်ဓာတ်ကို မနောဒွါရဟုလည်းကောင်း ၂။ အာဝဇ္ဇန်းနှင့် တကွသော ဘဝင်မနောအကြည်ဓာတ်ကို မနောဒွါရဟုလည်းကောင်း ၃။ ဌာနူပစာရအားဖြင့် သို့မဟုတ် ဖလူပစာရအားဖြင့် ဟဒယဝတ္ထုကိုလည်း မနောဒွါရဟုလည်းကောင်း - အသီးအသီး ခေါ်ဆိုကြောင်း ရှင်းပြခဲ့၏။ (စာမျက်နှာ -၃၁- စသည်၌ ပြန်ကြည့်ပါ။) ဘဝင်ကို မနော ဒွါရဟု ယူခြင်း အာဝဇ္ဇန်းနှင့် တကွသော ဘဝင်ကို မနောဒွါရဟု ယူခြင်းကား ယူရိုးယူစဥ်တည်း။
前面名业处第31页等处已经说明,以下三者各自也称为意门:1.有分意净界;2.与转向俱在的有分意净界;3.依处所借称或依果名转称其因,也把心所依处称为意门。(请回看第31页等处。)其中,把有分取作意门,或把与转向俱在的有分取作意门,才是通行的安立方式。
မနောဓာတ် အမည်ရသော ပဉ္စဒွါရာဝဇ္ဇန်း သမ္ပဋိစ္ဆိုင်းဒွေတို့တွင် ပဉ္စဒွါရာဝဇ္ဇန်းသည် အသစ်ဖြစ်သော အာရုံကို ရှေးဦးစွာ တစ်ကြိမ်မျှ ယူရခြင်းကြောင့် သူများနောက်မှ ဆက်လက်၍ အာရုံကို ယူရသလောက်လည်း ကောင်း၊ အကြိမ်များစွာ ယူရသလောက်လည်းကောင်း ထိထိရောက်ရောက် မရှိချေ။ ထိုပြင် မိမိ၏နောက်တွင် ဆက်လက် ဖြစ်ပေါ်လာသည့် မှီရာဝတ္ထုရုပ်ချင်း မတူသော ပဉ္စဝိညာဏ်အား အနန္တရပစ္စယသတ္တိဖြင့် ကျေးဇူးပြု ပေးနေရသည့် အတွက် မှီရာတူသော စိတ်အား ကျေးဇူးပြုပေးရသလောက် အားမရှိပေ။ သမ္ပဋိစ္ဆိုင်းဒွေသည် လည်း ဟဒယဝတ္ထုကိုသာ မှီ၍ဖြစ်ရသဖြင့် မိမိနှင့် မှီရာဝတ္ထုရုပ်ချင်း မတူသော ပဉ္စဝိညာဏ်မှ အနန္တရပစ္စယ သတ္တိဖြင့် ကျေးဇူးပြုပေးမှုကို ခံယူရသောကြောင့် မှီရာ ဝတ္ထုရုပ်ချင်း တူညီသော စိတ်မှ ကျေးဇူးအပြုခံရသ- လောက် အားမရှိချေ၊ သို့အတွက် ပဉ္စဒွါရာဝဇ္ဇန်းနှင့် သမ္ပဋိစ္ဆိုင်းဒွေကို --- မနော ဧဝဓာတု မနောဓာတု --- သိရုံ
在称为意界的五门转向和两种领受中,五门转向最初只取一次新所缘,因而不如随后取所缘的其他心有力,也不如多次取所缘时有力。此外,它还须以无间缘力资助随后生起、所依色与自己不同的五识,故不如资助同一所依之心有力。两种领受也都依心所依处生起,而以无间缘力接受所依色与自己不同的五识资助,故不如接受同一所依之心资助有力。因此,五门转向与两种领受是“唯意之界,故为意界(mano eva dhātu, manodhātu)”,即只是知
မျှသာဖြစ်သော ဓာတ်ဖြစ်ခြင်းကြောင့် မနောဓာတ်ဟု မှည့်ခေါ်ရလေသည်။
而已的界,所以称为意界。
ပဉ္စဝိညာဏဓာတ်
五识界
ပဉ္စဝိညာဏ်တို့ကား မိမိတို့ မှီရာဝတ္ထုရုပ် အသီးအသီး၌ တိုက်ရိုက်ထင်လာသော အာရုံကို အလွယ်တကူ ယူရုံသာဖြစ်၍ မနောဓာတ်ထက် သိမှု အားရှိကြပေသည်၊ သို့အတွက် သိခြင်းအနက်ဟော ဉာဏသဒ္ဒါပေါ်တွင်
五识只是直接、轻易地取得显现于各自所依色上的所缘,所以其了知之力强于意界。因此,在表示“知”义的 ñā 词根前
原书第 285 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- နာမရူပဝဝတ္ထာနအခန်း ဝိ -- ဥပသာရပုဒ် အမွှန်းတင်ပြီးလျှင် --- ဝိသေသေန ဇာနာတီတိ ဝိညာဏံ = မနောဓာတ်ထက် ထူးသောအား- ဖြင့်အာရုံကို သိတတ်သောကြောင့် ဝိညာဏဓာတ်ဟု ခေါ်စမှတ် ပြုရလေသည်၊ သို့သော် မှီရာ ဝတ္ထုရုပ်ချင်း မတူညီသော အာဝဇ္ဇန်းမှ အနန္တရသတ္တိဖြင့် ကျေးဇူးပြုမှုကို ရရှိသည်ဖြစ်၍ မှီရာဝတ္ထုရုပ်ချင်း မတူညီသော သမ္ပဋိစ္ဆိုင်းအား တစ်ဖန်ပြန်၍ အနန္တရသတ္တိဖြင့် ကျေးဇူးပြုပေးနေရသည့် အတွက် မှီရာတူ စိတ်မှ ကျေးဇူးအပြု ခံရသလောက်လည်းကောင်း၊ မှီရာတူ ဝိညာဏ်အား ကျေးဇူးပြုရသည့် မနောဝိညာဏဓာတ်များလောက်လည်း- ကောင်း အားမပြည့်တတ်ချေ။ အညတြ အဘိနိပါတမတ္တာ - ဟူသော ဝိဘင်းပါဠိတော်၌ ဟောကြားထားတော် မူသည့်အတိုင်း မိမိ မိမိ၏ ဆိုင်ရာ ဆိုင်ရာ ပဉ္စာရုံပေါ်သို့ ရှေးရှူကျရောက်ခြင်း သဘောမျှသာ ဖြစ်ပေသည်။
巴利引文(缅文转写):〔“အညတြ အဘိနိပါတမတ္တာ”〕以下随文译释:冠以增上前缀 vi,便有“由于殊胜地知,故为识(visesena jānātīti viññāṇaṃ)”之说;因为比意界更有力地了知所缘,所以称为识界。然而,五识以无间缘力接受所依色与自己不同的转向心资助,又须反过来以无间缘力资助所依色与自己不同的领受,所以既不如接受同一所依之心资助有力,也不如那些资助同一所依之识的意识界有力。如《分别论》巴利所说“除去仅仅趋入(aññatra abhinipātamattā)”,五识只具有趋向、落在各自相应五所缘之上的性质。
〔အနန္တရ --- သူတည်းတစ်ယောက် ကောင်းဖို့ရောက်မူ သူတစ်ယောက်မှာ ပျက်လင့်ကာသာ ဓမ္မတာတည်း။
〔无间——俗语说:“一人若要登场,另一人便须退去;法尔如此。”
ဟူ၏သို့ စိတ်တို့မည်သည် စိတ္တက္ခဏတစ်ခု၏ အတွင်း၌ စိတ်နှစ်မျိုး ပြိုင်တူ မဖြစ်နိုင်ဘဲ စိတ်တစ်ခုဖြစ်ပြီး ပျက်သွားပါမှ နောက်စိတ်တစ်ခု ထပ်ဖြစ်နိုင်၏။ ရှေးရှေးစိတ်သည် ဖြစ်ပြီး ပျက်သွားသောအခါ နောက်နောက် စိတ်ဖြစ်ဖို့ရန် ကျေးဇူးပြုပေးပြီးမှ ပျက်သွား၏။ ရှေးရှေးစိတ် မချုပ်ပျက်သေးလျှင်လည်း နောက်နောက်စိတ် သည် ဖြစ်ခွင့်မရနိုင်။ သမ္မတတစ်ဦး ဆင်းသွားသောအခါ သမ္မတအသစ်ကို တင်ပြီးမှ ဆင်းသွားသကဲ့သို့ မှတ်ပါ။ ယင်းသို့ ရှေးရှေးစိတ်က နောက်နောက်စိတ် ဖြစ်ပေါ်လာအောင် ကျေးဇူးပြုပေးမှုကို အနန္တရပစ္စယ သတ္တိဟု ဆိုသည်။〕
正如这句话,两个心不能在同一心刹那内同时生起;只有一个心生起并灭去以后,后一个心才能再生。前心生起而将灭时,先资助后心生起,然后才灭去;前心若尚未灭,后心也没有生起的机会。应当把它理解为:一位总统卸任时,先让新总统就任,然后自己才离任。前心这样资助后心生起,称为“无间缘力”。〕
မနောဝိညာဏဓာတ်
意识界
မနော- သဒ္ဒါသည်လည်း --- ''သိခြင်း'' အနက်ကို ဟော၏၊ ဝိညာဏ- သဒ္ဒါကလည်း ''အထူးသိခြင်း'' အနက်ကိုပင် ဟော၏။ ဤသို့ --- သိခြင်း + အထူးသိခြင်း --- ဟူသော သဒ္ဒါနှစ်ပါးကို ယှက်ဖက်ထားသဖြင့် - ''အများကြီးသိ၊ သိပ်သိ၊ အလွန်အကြူး အထူးသိ''ဟူသော အဓိပ္ပါယ်ကို ဖော်ပြလျက်ရှိ၏။ အလွန်အကြူး အထူး သိပုံမှာ --- ဆိုခဲ့ပြီးသော စိတ်များကဲ့သို့ မဟုတ်ဘဲ၊ အာရုံသစ်ကို ရှေးဦးစွာ ထွက်၍ မယူခြင်း၊ (မနောဒွါရာ ဝဇ္ဇန်းကဲ့သို့ ယူရစေကာမူ) မှီရာဝတ္ထုရုပ်ချင်း တူညီသော စိတ်မှ အနန္တရသတ္တိဖြင့် ကျေးဇူးအပြုခံရ၍ မှီရာ ဝတ္ထုရုပ်ချင်း တူညီသော နောက်စိတ်အားလည်း အနန္တရသတ္တိဖြင့် ကျေးဇူးပြုပေးရခြင်းကြောင့် အာရုံကို သိရာ၌ ထိထိမိမိ ပိပိရိရိ ရှိကြပေသည်၊ သို့အတွက် မနော ဧဝ ဝိညာဏံ မနောဝိညာဏံ အရ မနောဝိညာဏဓာတ် မည်ရလေသည်။ (သင်္ဂြိုဟ်ဘာသာဋီကာ - ၁၈၂ - ကြည့်။)
mano 一词表示“知”,viññāṇa 一词也表示“殊胜地知”。这样把“知”与“殊胜地知”两词结合起来,便表达“知得多、知得深、极其殊胜地知”的意义。其极其殊胜地知的方式是:它不像前述诸心那样最先出去取得新所缘;即使如意门转向那样取得新所缘,也能以无间缘力接受同一所依之心的资助,并以无间缘力资助其后同一所依之心,所以对所缘的了知切实而准确。因此,依“意即是识,故为意识(mano eva viññāṇaṃ, manoviññāṇaṃ)”之义,称为意识界。(参见《摄阿毗达磨义论》缅文复注,第182页。)

本页是帕奥禅师缅文「五大册」第二册(趣向涅槃之道·第二册,书名暂定)的现代汉语全译本,非缩略版、非节译;译者 Dhammesanā。与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。