《帝释所问经》

《趣向涅槃之道》中文全译本 · 非缩略版

四念处章 · 原书第 473–475 页 · 16 个翻译单元

本页并入了原书的相邻小节:另一种明确辨知受的方法。

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 473 页
သက္ကပဥှသုတ္တန်
《帝释所问经》
တတ္ထ ဘဂဝါ ယဿ ရူပံ ပါကဋံ၊ တဿ သင်္ခေပမနသိကာရဝသေန ဝါ ဝိတ္ထာရမနသိကာရဝသေန ဝါ စတုဓာတုဝဝတ္ထာနံ ဝိတ္ထာရေန္တော ရူပကမ္မဋ္ဌာနံ ကထေတိ။ ယဿ အရူပံ ပါကဋံ၊ တဿ အရူပကမ္မဋ္ဌာနံ ကထေတိ။ ကထေန္တော စ တဿ ဝတ္ထုဘူတံ ရူပကမ္မဋ္ဌာနံ ဒဿေတွာဝ ကထေတိ၊ ဒေဝါနံ ပန အရူပကမ္မဋ္ဌာနံ ပါကဋန္တိ အရူပကမ္မဋ္ဌာနဝသေန ဝေဒနာ အာရဘိ။ (ဒီ-ဋ္ဌ-၂-၃၁၄။) ထိုရုပ်ကမ္မဋ္ဌာန်း နာမ်ကမ္မဋ္ဌာန်း နှစ်မျိုးတို့တွင် အကြင်ပုဂ္ဂိုလ်၏ သန္တာန်၌ ရုပ်တရားသည် ထင်ရှား၏၊ ထိုပုဂ္ဂိုလ်အား ဘုရားရှင်သည် သင်္ခေပမနသိကာရ = အကျဥ်းနှလုံးသွင်းနည်း၏ အစွမ်းဖြင့်သော်လည်းကောင်း၊ ဝိတ္ထာရမနသိကာရ = အကျယ်နှလုံးသွင်းနည်း၏ အစွမ်းဖြင့်သော်လည်းကောင်း စတုဓာတုဝဝတ္ထာန်ကမ္မဋ္ဌာန်းကို ချဲ့ထွင်လျက် ရုပ်ကမ္မဋ္ဌာန်းကို ဟောကြားတော်မူ၏။ အကြင်ပုဂ္ဂိုလ်အား နာမ်ကမ္မဋ္ဌာန်းသည် ထင်ရှား၏၊ ထို ပုဂ္ဂိုလ်အား ဘုရားရှင်သည် နာမ်ကမ္မဋ္ဌာန်းကို ဟောကြားပေးတော်မူ၏။ ထိုသို့ နာမ်ကမ္မဋ္ဌာန်းကို ဟောကြားပေး
“这里,对于色法显明者,世尊依简略作意法或详细作意法,展开四界分别而开示色业处;对于非色法显明者,则开示非色业处。开示后者时,也只是在先显示作为其所依基础的色业处之后才开示。又因天人的非色业处显明,所以世尊依非色业处而从受开始。”(《长部义注》2-314。)在色业处与名业处这两种中,某人的相续若以色法为显明,世尊就依简略作意法或详细作意法,展开四界分别业处而向他开示色业处;某人的名业处若显明,世尊就向他开示名业处。开示名业处
တော်မူရာ၌လည်း ထိုနာမ်တရား၏ စွဲမှီရာဝတ္ထု ဖြစ်သော မှီရာဝတ္ထုရုပ်နှင့် အာရုံရုပ်တည်းဟူသော ရုပ်ကမ္မ- ဋ္ဌာန်းကို ညွှန်ကြားပြသတော်မူပြီးမှသာလျှင် နာမ်ကမ္မဋ္ဌာန်းကို ဟောကြားပေးတော်မူ၏။ နတ်တို့၏ အသိဉာဏ်- ၌ကား နာမ်ကမ္မဋ္ဌာန်းက ထင်ရှားသောကြောင့် နာမ်ကမ္မဋ္ဌာန်း၏ အစွမ်းဖြင့် ဝေဒနာကို အားထုတ် ဟောကြား တော်မူလေသည်။ (ဒီ-ဋ္ဌ-၂-၃၁၄။) ဤအဋ္ဌကထာ၏ ဖွင့်ဆိုချက်အရ ဘုရားရှင်သည် ရုပ်ကမ္မဋ္ဌာန်းရှုကွက်ကို ဟောကြားတော်မူရာဝယ် ဓာတ်ကမ္မဋ္ဌာန်း အကျဥ်းနည်း၊ ဓာတ်ကမ္မဋ္ဌာန်း အကျယ်နည်းအားဖြင့် စတုဓာတုဝဝတ္ထာန်ကမ္မဋ္ဌာန်းကို ဟော- ကြားတော်မူ၍၊ နာမ်ကမ္မဋ္ဌာန်းရှုကွက်ကို ဟောကြားတော်မူရာ၌ ယင်းနာမ်တရား၏ စွဲမှီ၍ ဖြစ်ရာ မှီရာဝတ္ထု ရုပ်နှင့် အာရုံရုပ်တို့ကို ညွှန်ကြားပြသတော်မူပြီးမှသာလျှင် နာမ်ကမ္မဋ္ဌာန်းကို ဟောကြားတော်မူ၏။ --- ဟူသော ဥပဒေသကိုကား ကျင့်စဥ်မှန်ကို မြတ်နိုးတမ်းတလျက်ရှိသော အသင်သူတော်ကောင်းသည် ရိုသေစွာ ဦးဖြင့်
时,也是在先指示该名法赖以生起的所依处色,以及作为其所缘的所缘色——也就是色业处——之后,才开示名业处。又因名业处在天人的智中显明,世尊便依名业处,着重开示受。(《长部义注》2-314。)依这段义注的解释,世尊开示色业处的观法时,依界业处的简略法或详细法开示四界分别业处;开示名业处的观法时,也是在先指示名法赖以生起的所依处色与所缘色以后,才开示名业处。珍爱、追求正确修行次第的贤善者,应当恭敬地顶
ခံယူလေရာသည်။ သို့သော် သက္ကပဥှသုတ္တန် ပါဠိတော်၌ ရုပ်ကမ္မဋ္ဌာန်းရှုကွက်ကို သင်္ဂါယနာ၌ ထည့်သွင်း၍ သင်္ဂါယနာ မတင်ခဲ့ခြင်းနှင့် ပတ်သက်၍ အဋ္ဌကထာက ဤသို့ ရှင်းပြထား၏။
戴受持这一教诫。不过,关于《帝释所问经》巴利圣典为何未把色业处的观法收入结集本,义注解释如下。
ယထာ စ တေသု တေသု၊ ဧဝံ ဣမိသ္မိမ္ပိ သက္ကပဥှေ ပဌမံ ရူပကမ္မဋ္ဌာနံ ကထေတွာ ပစ္ဆာ အရူပကမ္မဋ္ဌာနံ ဝေဒနာဝသေန နိဝတ္တေတွာ ဒဿေသိ။ ရူပကမ္မဋ္ဌာနံ ပနေတ္ထ ဝေဒနာယ အာရမ္မဏမတ္တကံယေဝ သံခိတ္တံ၊ တသ္မာ ပါဠိယံ နာရုဠှံ ဘဝိဿတိ။ (ဒီ-ဋ္ဌ-၂-၃၁၆။) = ထိုထို အထက်တွင် ဖော်ပြခဲ့သော မဟာသတိပဋ္ဌာနသုတ္တန် စသော ထိုထို သုတ္တန်တို့၌ ရုပ်ကမ္မဋ္ဌာန်းကို ညွှန်ကြားပြသတော်မူပြီးမှ ဝေဒနာကို အဦးမူ၍ နာမ်ကမ္မဋ္ဌာန်းကို ဟောကြားတော်မူသကဲ့သို့ အလားတူပင်
“正如在上述各经中一样,在本《帝释所问经》中,世尊也先开示色业处,后来再依受转而显示非色业处。可是,本经的色业处被简略为仅是受的所缘,所以大概没有载入巴利圣典。”(《长部义注》2-316。)=正如上文所举《大念处经》等诸经,都是先指示色业处,然后以受为先开示名业处;同样
原书第 474 页
ဤသက္ကပဥှသုတ္တန်၌လည်း ရှေးဦးစွာ ရုပ်ကမ္မဋ္ဌာန်းကို ဟောကြားတော်မူပြီးမှ နောက်ပိုင်း၌ နာမ်ကမ္မဋ္ဌာန်းကို ဝေဒနာ၏အစွမ်းဖြင့် ဝေဒနာကို အဦးမူ၍ ဝေဒနာကို ဦးတည်၍ နာမ်ခန္ဓာလေးပါးမှ ဝေဒနာကို သီးသန့် ထုတ် ဆောင်လျက် ညွှန်ကြားပြသတော်မူလေသည်။ သို့သော် ဤသက္ကပဥှသုတ္တန်၌ ဘုရားရှင်သည် ဝေဒနာ၏ အာရုံ မျှသာဖြစ်သော ရုပ်ကမ္မဋ္ဌာန်းကို အကျဥ်းချုံး၍ ဟောကြားထားတော်မူ၏။ ထိုကြောင့် သက္ကပဥှသုတ္တန်ပါဠိတော် ၌ အလွန်ကျဥ်းလွန်းသော ရုပ်ကမ္မဋ္ဌာန်းရှုကွက်ကို ထည့်သွင်း၍ သင်္ဂါယနာ မတင်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
在本《帝释所问经》中,也是先开示色业处,后来再依受,以受为先、把受作为目标,从四种名蕴中单独提出受来指示名业处。然而在本经中,世尊把仅作为受之所缘的色业处作了简略开示;因此,这一过于简略的色业处观法,可能没有收入《帝释所问经》巴利圣典的结集本。
(ဒီ-ဋ္ဌ-၂-၃၁၆။)
(《长部义注》2-316。)
မဟာသတိပဋ္ဌာနသုတ္တာဒီသု ကတ္ထစိ ပဌမံ ရူပကမ္မဋ္ဌာနံ ဝတွာ ပစ္ဆာ အရူပကမ္မဋ္ဌာနံ ဝေဒနာဝသေန ဝိနိဝတ္တေတွာ ဒဿိတံ။ ကတ္ထစိ အရူပကမ္မဌာနံ ဧဝ ဝေဒနာဝသေန အရူပရာသိတော၊ ဉာတပရိညာယ ပရိညာ- တတော ဝါ ရူပါရူပရာသိတော ဝါ ဝိနိဝတ္တေတွာ ဒဿိတံ။ တတ္ထာပိ ယေသု ပဌမံ ဉာတပရိညာ ဝုတ္တာ၊ တေသု တဒန္တောဂဓံ။ ယေသု န ဝုတ္တာ၊ တေသု စ ဝေဒနာယ အာရမ္မဏမတ္တံ သံခိတ္တံ ပါဠိအနာရုဠှံ ရူပကမ္မဋ္ဌာနံ သန္ဓာယ ရူပကမ္မဋ္ဌာနဿ ပဌမံ ကထိတတာ ဝုတ္တာတိ ဝေဒိတဗ္ဗာ။ (မူလဋီ-၂-၁၅၇။) = မဟာသတိပဋ္ဌာနသုတ္တန် စသည်တို့တွင် အချို့အချို့သောသုတ်၌ ဘုရားရှင်သည် ရှေးဦးစွာ ရုပ်ကမ္မဋ္ဌာန်း ကို ဟောကြားတော်မူပြီးပါမှ နောက်၌ နာမ်ကမ္မဋ္ဌာန်းကို ဝေဒနာ၏အစွမ်းဖြင့် ဝေဒနာကို အဦးမူ၍ နာမ်ခန္ဓာ လေးပါးမှ ဝေဒနာကို သီးခြားထုတ်ဆောင်၍ ညွှန်ကြား ပြသတော်မူ၏။
“在《大念处经》等经中,有些经先说色业处,后来再依受分别显示非色业处;有些经则只依受显示非色业处:或从非色法聚中,或从已经由知遍知所遍知的法聚中,或从色非色法聚中,把受分别提取出来而显示。即使在后一类经中,凡是先说知遍知的,色业处已经摄在知遍知之中;凡是没有先说知遍知的,则应当知道,所谓先开示色业处,是针对仅为受之所缘、内容简略而未载入巴利圣典的色业处来说。”(《根本复注》2-157。)=在《大念处经》等经中,有些经是世尊先开示色业处,后来再依受,以受为先,从四种名蕴中把受单独提取出来,指示名业处。
အချို့အချို့သောသုတ်၌ နာမ်ကမ္မဋ္ဌာန်းကိုသာလျှင် ဝေဒနာ၏ အစွမ်းဖြင့် ဝေဒနာကို အဦးမူ၍ --- ၁။ နာမ်တရား အစုမှသော်လည်းကောင်း၊ ၂။ ဉာတပရိညာပညာဖြင့် ပိုင်းခြားသိအပ်ပြီးသော တရားစုမှသော်လည်းကောင်း၊ (= ရုပ်-နာမ်-ကြောင်း- ကျိုး = သင်္ခါရတရားစုမှ ဟူလိုသည်။) ၃။ ရုပ်နာမ်တရား အစုမှသော်လည်းကောင်း --- သီးခြား ထုတ်ဆောင်၍ ဘုရားရှင်သည် ညွှန်ကြားပြသတော်မူအပ်ပေသည်။ ထိုနာမ်ကမ္မဋ္ဌာန်းကိုသာ ညွှန်ကြားပြသရာ သုတ္တန်တို့တွင်လည်း အကြင် သုတ္တန်တို့၌ ရှေးဦးစွာ ဉာတပရိညာကို (= နာမရူပပရိစ္ဆေဒဉာဏ် နှင့် ပစ္စယပရိဂ္ဂဟဉာဏ်ကို) ဟောကြားထားတော်မူအပ်၏၊ ထိုသုတ္တန်တို့၌ ထိုဉာတပရိညာ၌ အကျုံးဝင်သော ရုပ်ကမ္မဋ္ဌာန်းကိုလည်းကောင်း၊ အကြင် သုတ္တန်တို့၌ ဉာတပရိညာကို ဟောတော်မမူအပ်၊ ထိုသုတ္တန်တို့၌လည်း ဝေဒနာ၏ အာရုံမျှ ဖြစ်သော အကျဥ်းချုံးအပ်သော ပါဠိတော်၌ မတက်ရောက်သော သင်္ဂါယနာထည့်သွင်း၍
在另一些经中,世尊只开示名业处,依受、以受为先,从下列三类法中把受分别提出:1.名法聚;2.已经由知遍知慧分别了知的法聚(也就是色、名、因、果这一行法聚);3.色名法聚。至于那些只开示名业处的经:若某经先已开示知遍知(即名色分别智与缘摄受智),则也意指摄在该知遍知中的色业处;若某经没有开示知遍知,则也意指另一类仅作为受之所缘、内容极其简略、未载入巴利圣典而未收入结集本的
မတင်ထားအပ်သော ရုပ်ကမ္မဋ္ဌာန်းကိုလည်းကောင်း ရည်ရွယ်တော်မူ၍ ရုပ်ကမ္မဋ္ဌာန်း၏ နာမ်ကမ္မဋ္ဌာန်းကို မ- ဟောကြားမီ ရှေးဦးစွာ ဘုရားရှင် ဟောကြားထားတော်မူအပ်သည်၏ အဖြစ်ကို သင်္ဂဟအဋ္ဌကထာကို စီရင် တော်မူသော အဋ္ဌကထာဆရာတော်က ဖွင့်ဆိုတော်မူအပ်၏ဟု သိရှိပါလေ။ (မူလဋီ-၂-၁၅၇။) ဤဖွင့်ဆိုချက်များနှင့် အညီ ဝေဒနာကို သိမ်းဆည်းရှုပွားတော့မည့် ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် --- ၁။ ရုပ်ကမ္မဋ္ဌာန်းကို သိမ်းဆည်း ရှုပွားပြီး ဖြစ်ရမည်။
色业处。应知,编纂《摄义注》(Saṅgaha-aṭṭhakathā)的义注师正是着眼于这两类色业处,而解释说:世尊在开示名业处之前,已经先开示色业处。(《根本复注》2-157。)依这些解释,准备摄取、观修受的贤善瑜伽行者必须遵守:1.必须已经摄取、观修色业处。
၂။ ဝေဒနာတစ်ခုတည်းကိုသာ မသိမ်းဆည်းရ မရှုပွားရ။ စိတ္တက္ခဏတစ်ခု၏ အတွင်း၌ ဝေဒနာနှင့် အတူယှဥ် တွဲ ဖြစ်ကြသည့် စိတ်စေတသိက် သမ္ပယုတ်တရားစုအားလုံးကို သိမ်းဆည်း ရှုပွားရမည်။
2.不得只摄取、只观修一个受。在同一心刹那内,必须摄取、观修与受同时相应而生的全部心、心所相应法组,也就是同一刹那中的四名蕴。
ဟူသော ဤဥပဒေသ နှစ်ရပ်ကို သေချာစွာ မှတ်သားနာယူပါလေ။
请务必确实记取、领受这两项教诫。
原书第 475 页
တစ်နည်း ဝေဒနာကို ကွဲကွဲပြားပြား သိပုံ
另一种明确辨知受的方法
သုခံ ဝေဒနံ ဝေဒယာမီတိ ပဇာနာတိ = သုခဝေဒနာကို ခံစား၏ဟု ကွဲကွဲပြားပြား သိ၏ဟူသည် သုခ ဝေဒနာ ဖြစ်ဆဲခဏ၌ ဒုက္ခဝေဒနာ၏ မရှိခြင်းကြောင့် သုခဝေဒနာကို ခံစားလတ်သော် သုခဝေဒနာကို ခံစား၏- ဟူ၍ ခွဲခွဲခြားခြား ကွဲကွဲပြားပြားအားဖြင့် သိ၏၊ ထိုသို့ သိခြင်းကြောင့် သုခဝေဒနာ မဖြစ်မီ ရှေးအဖို့က ဖြစ်ခဲ့ဖူး သော အကြင် ဒုက္ခဝေဒနာသည် ရှိ၏၊ ထိုဒုက္ခဝေဒနာ၏ ယခု သုခဝေဒနာ ဖြစ်ဆဲခဏ၌ ဥပါဒ်-ဌီ-ဘင် အနေ အားဖြင့် ယခု ထင်ရှားဖြစ်နေဆဲ ဖြစ်သော ဤသုခဝေဒနာ၏ ဤယခု ဖြစ်ဆဲအချိန်အခါမှ ရှေးဦးစွာ မဖြစ်မီက မရှိခြင်းကြောင့်လည်းကောင်း၊ (ယခု သုခ မဖြစ်မီ ရှေးယခင်က သုခ ဖြစ်ဖူးသော်လည်း ရှေးယခင် သုခကား တခြား၊ ယခု သုခကား တခြား ဖြစ်သည်ကိုလည်း သဘောပေါက်ပါ။) ဝေဒနာမည်သည် --- ၁။ ဖြစ်ပြီး ပျက်တတ်သည့် အနိစ္စတရားသာတည်း၊ ၂။ မခိုင်ခံသည့် အဒ္ဓုဝတရားသာတည်း၊ ၃။ တည်ခြင်း ပျက်ခြင်း = ဇရာ-မရဏဟူသော နှစ်ပါး အပြားအားဖြင့် ဖောက်ပြန်တတ်သော ဝိပရိဏာမ
巴利语句(缅文转写):“သုခံ ဝေဒနံ ဝေဒယာမီတိ ပဇာနာတိ”,即“他了知:‘我正在感受乐受。’”这句话的意思是:在乐受正生起的刹那,由于苦受不存在,当他感受乐受时,便分别而明确地了知:“我正在感受乐受。”由于能这样了知,他也辨明:乐受尚未生起以前,先前曾经有过的苦受,在现在乐受正生起的刹那已不存在;而此刻依生、住、坏正明显存在的当下乐受,在它尚未于此刻生起以前也不存在。(即使在这次乐受以前曾经有过乐受,也应明白:先前的乐受是一种,当下的乐受又是另一种。)所谓受:1.只是生起后即会坏灭的无常法;2.只是不坚固的非恒常法;3.只是以住与坏——即老与死——这两方面而发生变异的变异
ဓမ္မသာတည်း။
法。
ဤသို့လျှင် ခွဲခွဲခြားခြား ကွဲကွဲပြားပြား သိ၏။ --- ဤသို့လျှင် ထိုဝေဒနာ၌ ကွဲကွဲပြားပြား သိမှု သမ္ပဇဥ်ဉာဏ် သည် ဖြစ်ပေ၏။ (အဘိ-ဋ္ဌ-၂-၂၅၄။ မ-ဋ္ဌ-၁-၂၈၂-၂၈၃။)
他如此分别而明确地了知。像这样,对于该受便生起了明确辨知的正知智。(《迷惑冰消》2-254;《中部义注》1-282—283。)

本页是帕奥禅师缅文「五大册」第二册(趣向涅槃之道·第二册,书名暂定)的现代汉语全译本,非缩略版、非节译;译者 Dhammesanā。与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。