《逐一经》节录

《趣向涅槃之道》中文全译本 · 非缩略版

非色把握章 · 原书第 12–16 页 · 30 个翻译单元

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 12 页
အနုပဒသုတ္တန် ကောက်နုတ်ချက်
《逐一经》节录
ဝီထိခေါ်သည့် စိတ္တနိယာမ လမ်းကြောင်းအတိုင်း ဖြစ်သွားကြကုန်သော နာမ်တရားတို့ကို စိတ္တက္ခဏတိုင်း၌ ယှဥ်ဖက် စိတ်စေတသိက်တို့ကို သာဝကများ ရှု၍ ရရှိနိုင် မရရှိနိုင် ဟူသော ဤအချက်နှင့်ပတ်သက်၍ သံသယ မကင်း ဖြစ်နေကြသော ယောဂါဝစရပုဂ္ဂိုလ်မြတ်တို့လည်း ရှိကြပေသည်။ သံသယ ကင်းရှင်းသွားအောင် ဆက် လက်၍ ရှင်းလင်း တင်ပြအပ်ပါသည်။ သာဝကတို့တွင် ပညာအရာတွင် ဧတဒဂ်ရတော်မူသော အရှင်သာရိပုတ္တ ကိုယ်တော်မြတ်ကြီး ရှုပွားသွားတော်မူသော ထုံးဟောင်းကြီးတစ်ရပ်သည် အနုပဒသုတ္တန်တွင် လာရှိပေသည်။
有些禅修者对于这一点仍未免存疑:在沿着称为心路的心定律轨道生起的名法中,声闻弟子究竟能不能在每一心刹那观照彼此相应的心与心所?为消除这种疑惑,下面继续加以说明。《逐一经》中记载着一项古老的典范,即声闻弟子中智慧第一的舍利弗尊者所修的观法。
အရှင်မဟာမောဂ္ဂလဒာနကိုယ်တော်မြတ်ကြီး၏ တန်ခိုးဣဒ္ဓိ ကြီးမြတ်တော်မူသောဂုဏ်၊ အရှင်မဟာကဿပ ကိုယ်တော်မြတ်ကြီး၏ ဓုတင်အရာ၌ ကြီးမြတ်တော်မူသောဂုဏ်၊ အရှင်အနုရုဒ္ဓါမထေရ်မြတ်ကြီး၏ ဒိဗ္ဗစက္ခု အဘိညာဏ်အရာ၌ ကြီးမြတ်တော်မူသောဂုဏ်၊ အရှင်ဥပါလိမထေရ်မြတ်၏ ဝိနည်းကို ဆောင်တော်မူရာ၌ ကြီးမြတ်တော်မူသောဂုဏ်၊ အရှင်ရေဝတမထေရ်၏ စျာန်ဝင်စားလေ့ရှိတော်မူရာ၌ စျာန်ဝင်စားခြင်း၌ မွေ့လျော် ပျော်ပိုက် နှစ်ခြိုက်တော်မူရာ၌ ကြီးမြတ်တော်မူသောဂုဏ်၊ အရှင်အာနန္ဒာ မထေရ်မြတ်၏ အကြားအမြင် ဗဟု သုတအရာ၌ ကြီးမြတ်တော်မူသောဂုဏ် - ဤသို့လျှင် ထိုထို မထေရ်မြတ်ကြီးတို့၏ ထိုထို ဂုဏ်ကျေးဇူးတို့ကား ထင်ရှားလျက် ရှိကြကုန်၏။ အရှင်သာရိပုတ္တ ကိုယ်တော်မြတ်ကြီး၏ ဂုဏ်ကျေးဇူးတို့ကား မထင်ရှား ဖြစ်နေကြ ကုန်၏။ အဘယ်ကြောင့်နည်းဟူမူ -- ပညာရှိသောသူ၏ ဂုဏ်ကျေးဇူးတို့ကား မဟောပြခဲ့သော် သိရှိဖို့ရန် မစွမ်း
大目犍连尊者以神通成就殊胜而著称;摩诃迦叶尊者以头陀支成就殊胜而著称;阿那律长老以天眼通殊胜而著称;优波离长老以持守律藏殊胜而著称;离婆多长老以常入禅定、乐于并喜爱入定而著称;阿难长老则以多闻殊胜而著称。像这样,各位大长老的种种功德都十分显著,舍利弗尊者的功德却并不显著。这是为什么呢?因为智者的功德若无人宣说,人们便无法——
နိုင်ပေ။ ထိုကြောင့် ဘုရားရှင်သည် အရှင်သာရိပုတ္တ ကိုယ်တော်မြတ်ကြီး၏ ဂုဏ်ကျေးဇူးတို့ကို ဟောကြားတော် မူပေအံ့ဟု ရည်ရွယ်တော်မူလျက် သဘောတူ သဘာဂ ဖြစ်သော ပရိသတ်အစည်းအဝေးကို မျှော်လင့် စောင့်ဆိုင်း တော်မူလျက် ရှိ၏။ သဘောမတူသည့် ဝိသဘာဂပုဂ္ဂိုလ်တို့၏ ထံမှောက်၌ ဂုဏ်ကျေးဇူးတို့ကို ဟောကြားပြသ ရန်ကား မသင့်တင့် မလျောက်ပတ်ပေ။ ထိုဝိသဘာဂပုဂ္ဂိုလ်တို့ကား ဂုဏ်ကျေးဇူးတို့ကို ဟောပြခဲ့သည်ရှိသော် ကျေးဇူးမဲ့ ကဲ့ရဲ့စကားကိုသာလျှင် ပြောဆိုတတ်ကြ၏။ အနုပဒသုတ္တန်ကို ဟောတော်မူရာ ဤနေ့၌ကား အရှင်
——知晓。因此,世尊有意宣说舍利弗尊者的功德,便等待与之相应、志趣相同的听众聚集。在志趣不相同的人面前宣说这些功德,并不适当;因为这种人听到功德时,往往只会作无益的毁谤。到了宣说《逐一经》的这一天,舍利弗尊者的——
原书第 13 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- အရူပပရိဂ္ဂဟ အခန်း သာရိပုတ္တကိုယ်တော်မြတ်ကြီး၏ သဘောတူ သဘာဂ ပရိသတ်သည် စည်းဝေးမိနေ၏။ ထိုသဘာဂပရိသတ်၏ စည်းဝေးမိသည်၏ အဖြစ်ကို သိမြင်တော်မူ၍ ဘုရားရှင်သည် အရှင်သာရိပုတ္တ ကိုယ်တော်မြတ်ကြီး၏ ဂုဏ် ကျေးဇူးတော်ကို ဟောကြားပြသတော်မူလိုသည်ဖြစ်ရကား ဤအနုပဒသုတ္တန်တရားဒေသနာတော်ကို အားသစ် တော်မူပေသည်။ (မ-ဋ္ဌ-၄-၅၆။) ထိုသုတ္တန်တွင် အရှင်သာရိပုတ္တ ကိုယ်တော်မြတ်ကြီး၏ ဉာဏ်ပညာ ကြီးမြတ်တော်မူပုံနှင့် ဆက်စပ်လျက် တပို့တွဲလဆန်း (၁)ရက်မှ တပို့တွဲလပြည့်တိုင်အောင် (၁၅)ရက်တို့ ပတ်လုံး အနုပဒဓမ္မဝိပဿနာနည်းအားဖြင့် ဝိပဿနာ ရှုပွားသုံးသပ်ပုံ အပိုင်းကိုလည်း ကဏ္ဍတစ်ရပ်အဖြစ် ထည့်သွင်း၍ ဟောကြားတော်မူခဲ့ပေသည်။
——志趣相同的听众恰好已经聚集。世尊知道并见到这一相应听众的集会,为了显示舍利弗尊者的功德,便宣说了《逐一经》。(《中部义注》4-56。)该经在说明舍利弗尊者智慧广大时,也把他从缅历德波端月(Tabodwe)初一至月圆日、连续十五天依逐法观修观的过程,作为一个部分纳入开示。
ဤတွင် အရှင်သာရိပုတ္တကိုယ်တော်မြတ်ကြီး၏ အနုပဒဓမ္မဝိပဿနာရှုနည်း ကောက်နုတ်ချက် တစ်ခုကို ဖော်ပြ အပ်ပါသည်။
这里摘录舍利弗尊者修逐法观的方法如下。
ဣဓ ဘိက္ခဝေ သာရိပုတ္တော ဝိဝိစ္စေဝ ကာမေဟိ ဝိဝိစ္စ အကုသလေဟိ ဓမ္မေဟိ သဝိတက္ကံ သဝိစာရံ ဝိဝေကဇံ ပီတိသုခံ ပဌမံ စျာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ ယေ စ ပဌမေ စျာနေ ဓမ္မာ ဝိတက္ကော စ ဝိစာရော စ ပီတိ စ သုခဉ္စ စိတ္တေကဂ္ဂတာ စ ဖဿော ဝေဒနာ သညာ စေတနာ စိတ္တံ ဆန္ဒော အဓိမောက္ခော ဝီရိယံ သတိ ဥပေက္ခာ မနသိကာရော။ တျာဿ ဓမ္မာ အနုပဒဝဝတ္ထိတာ ဟောန္တိ၊ တျာဿ ဓမ္မာ ဝိဒိတာ ဥပ္ပဇ္ဇန္တိ၊ ဝိဒိတာ ဥပဋ္ဌဟန္တိ၊ ဝိဒိတာ အဗ္ဘတ္ထံ ဂစ္ဆန္တိ။ သော ဧဝံ ပဇာနာတိ ''ဧဝံ ကိရမေ ဓမ္မာ အဟုတွာ သမ္ဘောန္တိ၊ ဟုတွာ ပဋိဝေန္တီ''တိ။ သော တေသု ဓမ္မေသု အနုပါယော အနပါယော အနိဿိတော အပ္ပဋိဗဒ္ဓေါ ဝိပ္ပမုတ္တော ဝိသံယုတ္တော ဝိမရိယာဒီကတေန စေတသာ ဝိဟရတိ၊ သော ''အတ္ထိ ဥတ္တရိ နိဿရဏ''န္တိ ပဇာနာတိ။ တဗ္ဗဟုလီကာရာ အတ္ထိတွေဝဿ ဟောတိ။ (မ-၃-၇၅။) = ရဟန်းတို့ …သာရိပုတြာသည် ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်
诸比丘,于此,舍利弗离欲、离不善法,有寻有伺,离生喜乐,具足初禅而住。初禅中的诸法,即寻、伺、喜、乐、心一境性、触、受、想、思、心、欲、胜解、精进、念、舍、作意,他都逐一确定。这些法为他所知而生起、为他所知而住立、为他所知而灭没。他这样了知:“这些法确实本来没有而生起,生起之后便坏灭。”对于这些法,他不亲近、不排斥、不依止、不系著,解脱、离系,以无界限之心安住。他了知:“尚有更上的出离。”由于多修这一点,他确定更上的出离确实存在。(《中部》3-75。)释文:诸比丘……舍利弗离诸欲,也离诸不善法——
၍သာလျှင် ကြံစည်ခြင်း (= ဝိတက်)နှင့်တကွ ဖြစ်သော၊ သုံးသပ်ဆင်ခြင်ခြင်း (= ဝိစာရ)နှင့်တကွ ဖြစ်သော နီဝရဏ ကင်းဆိတ်ခြင်းကြောင့် ဖြစ်ပေါ်၍လာသော နှစ်သိမ့်ခြင်း (= ပီတိ)၊ ချမ်းသာခြင်း (= သုခ)ရှိသော ပထမစျာန်သို့ ရောက်၍နေ၏။ ပထမစျာန်သမာပတ် အတွင်း၌ ---- ၁။ ကြံစည်ခြင်း = ဝိတက် ၂။ သုံးသပ်ဆင်ခြင်ခြင်း = ဝိစာရ ၃။ နှစ်သိမ့်ခြင်း = ပီတိ ၄။ ချမ်းသာခြင်း = သုခ (ဝေဒနာ) ၅။ စိတ်တည်ကြည်ခြင်း = ဧကဂ္ဂတာ (= သမာဓိ) ၆။ အာရုံကို တွေ့ထိခြင်း = ဖဿ ၇။ အာရုံ၏ အရသာကို ခံစားခြင်း = ဝေဒနာ ၈။ အာရုံကို မှတ်သားခြင်း = သညာ ၉။ အာရုံပေါ်သို့ သမ္ပယုတ်တရားတို့ကို စေ့ဆော်တိုက်တွန်းခြင်း = စေတနာ ၁ဝ။ အာရုံကို ရယူခြင်း = အာရုံကို သိခြင်း = စိတ် ၁၁။ ပြုလိုခြင်း = ဆန္ဒ ၁၂။ အာရုံကို ဆုံးဖြတ်ခြင်း = အဓိမောက္ခ ၁၃။ လုံ့လပြုခြင်း = ကြိုးစားအားထုတ်ခြင်း = ဝီရိယ ၁၄။ အာရုံကို မမေ့ပျောက်ခြင်း = အောက်မေ့ခြင်း = သတိ
——有寻、有伺,具有由远离诸盖而生的喜与乐,进入并安住于初禅。在初禅等至之中有:1. 寻——把心投入所缘;2. 伺——持续审察所缘;3. 喜——对所缘感到欢喜;4. 乐——乐受;5. 一境性——心的安定,即定;6. 触——接触所缘;7. 受——体验所缘之味;8. 想——标记所缘;9. 思——推动并促使诸相应法趋向所缘;10. 心——取得所缘,即了知所缘;11. 欲——想要造作;12. 胜解——决定所缘;13. 精进——努力、用功;14. 念——不忘失所缘、忆持所缘;
原书第 14 页
၁၅။ အာရုံကို လျစ်လျူရှုခြင်း = ဥပေက္ခာ ၁၆။ အာရုံကို နှလုံးသွင်းခြင်း = မနသိကာရ ---- ယင်းသဘောတရားတို့သည် ထင်ရှားရှိကြကုန်၏၊ ထိုသဘောတရားတို့ကို သာရိပုတြာသည် အစဥ်အတိုင်း = တစ်လုံးစီ တစ်လုံးစီ ပိုင်းခြား၍ သိ၏၊ ထိုသဘောတရားတို့သည် ထိုသာရိပုတြာ၏ အသိဉာဏ်၌ ---- ၁။ ထင်ထင်ရှားရှား ဖြစ်ကုန်၏၊ ၂။ ထင်ထင်ရှားရှား တည်ကုန်၏၊ ၃။ ထင်ထင်ရှားရှား ချုပ်ကုန်၏။
15. 舍——中舍地看待所缘;16. 作意——令心转向所缘。这些法都清楚显现。舍利弗依次把它们逐一分别了知;这些法在他的智中:1. 清楚地生起;2. 清楚地住立;3. 清楚地灭没。
''ဤသဘောတရားတို့သည် ရှေးကထင်ရှား မရှိဘဲ ယခုမှ ရုတ်ချည်းအသစ် ဖြစ်ပေါ်လာကုန်၏၊ ဖြစ်ပြီးလျှင် ရုတ်ချည်း ချုပ်ပျက်ကုန်၏''ဟု သာရိပုတြာသည် ဤသို့ သိ၏။ ထိုသာရိပုတြာသည် ထိုသဘောတရားတို့၌ ရာဂဖြင့် တပ်မက်ခြင်း မရှိ၊ ဒေါသဖြင့် ဖဲခြင်း မရှိ၊ တဏှာ ဒိဋ္ဌိတို့ဖြင့် ''ငါ-ငါ့ဟာ''ဟု မမှီ၊ လိုလားတပ်မက်ခြင်း ဆန္ဒရာဂဖြင့် ဖွဲ့ချည်မထား၊ ကာမရာဂမှ လွတ်မြောက်၏၊ ဆန့်ကျင်ဘက်တရားတို့နှင့် မယှဥ်၊ အပိုင်းအခြား မရှိသော စိတ်ဖြင့် နေ၏။ ထိုသာရိပုတြာသည် ''ထိုထက်အလွန် လွတ်မြောက်ရာသည် ရှိသည်သာတည်း''ဟု မြဲစွာ ဖြစ်၏။ (မ-၃-၇၅။) အဋ္ဌကထာကလည်း အောက်ပါအတိုင်း ဆက်လက်၍ ရှင်းလင်း တင်ပြထားပြန်၏။
舍利弗如此了知:“这些法先前并未显现,如今突然新生;生起之后,又立即坏灭。”对于这些法,他不以贪染著,不以嗔排斥,不以爱与见执为“我、我所”而依止,不以欲贪系缚;他从欲贪解脱,不与对立之法相应,以无界限之心安住。舍利弗确定地了知:“尚有更上的出离。”(《中部》3-75。)义注又继续解释如下。
ဝိဒိတာ ဥပ္ပဇ္ဇန္တီတိ ဥပ္ပဇ္ဇမာနာ ဝိဒိတာ ပါကဋာဝ ဟုတွာ ဥပ္ပဇ္ဇန္တိ။ ဝိဒိတာ ဥပဋ္ဌဟန္တီတိ တိဋ္ဌမာနာပိ ဝိဒိတာ ပါကဋာဝ ဟုတွာ တိဋ္ဌန္တိ။ ဝိဒိတာ အဗ္ဘတ္ထံ ဂစ္ဆန္တီတိ နိရုဇ္ဈမာနာပိ ဝိဒိတာ ပါကဋာဝ ဟုတွာ နိရုဇ္ဈန္တိ။
“为他所知而生起”,是说正在生起时,为他所知、清楚显现地生起;“为他所知而住立”,是说正在住立时,也为他所知、清楚显现地住立;“为他所知而灭没”,是说正在灭尽时,也为他所知、清楚显现地灭尽。
ဧတ္ထ ပန တံဉာဏတာ စေဝ ဉာဏဗဟုတာ စ မောစေတဗ္ဗာ။ ယထာ ဟိ တေနေဝ အင်္ဂုလဂ္ဂေန တံ အင်္ဂုလဂ္ဂံ န သက္ကာ ဖုသိတုံ၊ ဧဝမေဝ တေနေဝ စိတ္တေန တဿ စိတ္တဿ ဥပ္ပါဒေါ ဝါ ဌိတိ ဝါ ဘင်္ဂေါ ဝါ န သက္ကာ ဇာနိတုန္တိ။ ဧဝံ တာဝ တံဉာဏတာ မောစေတဗ္ဗာ။
这里必须排除“能知与所知是同一心”以及“同时有许多能知之心”这两种误解。譬如不能用同一个指尖触到它自身,同样,也不能以同一心了知该心自身的生起、住立或坏灭。首先应当这样排除能知心与所知心为同一心的误解。
ယဒိ ပန ဒွေ စိတ္တာနိ ဧကတော ဥပ္ပဇ္ဇေယျုံ၊ ဧကေန စိတ္တေန ဧကဿ ဥပ္ပါဒေါ ဝါ ဌိတိ ဝါ ဘင်္ဂေါ ဝါ သက္ကာ ဘဝေယျ ဇာနိတုံ။ ဒွေ ပန ဖဿာ ဝါ ဝေဒနာ ဝါ သညာ ဝါ စေတနာ ဝါ စိတ္တာနိ ဝါ ဧကတော ဥပ္ပဇ္ဇနကာနိ နာမ နတ္ထိ၊ ဧကေကမေဝ ဥပ္ပဇ္ဇတိ။ ဧဝံ ဉာဏဗဟုတာ မောစေတဗ္ဗာ။
假如两个心能够同时生起,便可能以一心了知另一心的生起、住立或坏灭。然而,并不存在两个触、两个受、两个想、两个思或两个心同时生起的情形;每次只生起一个。应当这样排除同一心刹那有许多能知之心的误解。
ဧဝံ သန္တေ ကထံ မဟာထေရဿ အန္တော သမာပတ္တိယံ သောဠသ ဓမ္မာ ဝိဒိတာ ပါကဋာ ဟောန္တီတိ?
既然如此,大长老在等至之中,如何能清楚了知这十六种法呢?
ဝတ္ထာရမ္မဏာနံ ပရိဂ္ဂဟိတတာယ။ ထေရေန ဟိ ဝတ္ထု စေဝ အာရမ္မဏဉ္စ ပရိဂ္ဂဟိတံ၊ တေနဿ တေသံ ဓမ္မာနံ ဥပ္ပါဒံ အာဝဇ္ဇန္တဿ ဥပ္ပါဒေါ ပါကဋော ဟောတိ၊ ဌာနံ အာဝဇ္ဇန္တဿ ဌာနံ ပါကဋံ ဟောတိ၊ ဘေဒံ အာဝဇ္ဇန္တဿ ဘေဒေါ ပါကဋော ဟောတိ။ တေန ဝုတ္တံ ''ဝိဒိတာ ဥပ္ပဇ္ဇန္တိ ဝိဒိတာ ဥပဋ္ဌဟန္တိ ဝိဒိတာ အဗ္ဘတ္ထံ ဂစ္ဆန္တီ''တိ။
因为已经摄取依处与所缘。长老已经摄取依处与所缘,所以,当他转向那些法的生起时,生起便清楚显现;转向住立时,住立便清楚显现;转向坏灭时,坏灭便清楚显现。因此才说:“为他所知而生起、为他所知而住立、为他所知而灭没。”
အဟုတွာ သမ္ဘောန္တီတိ ဣမိနာ ဥဒယံ ပဿတိ။ ဟုတွာ ပဋိဝေန္တီတိ ဣမိနာ ဝယံ ပဿတိ။
以“本来没有而生起”见生;以“生起之后便坏灭”见灭。
(မ-ဋ္ဌ-၄-၆ဝ။)
(《中部义注》4-60。)
= ထင်ထင်ရှားရှား ဖြစ်ကုန်၏ဟူသည် အရှင်သာရိပုတြာ ကိုယ်တော်မြတ်ကြီး၏ ဉာဏ်ဝယ် ယင်း (၁၆)မျိုး ကုန်သော တရားတို့သည် ဖြစ်ပေါ်လာကုန်သည် ရှိသော် ထင်ရှားကုန်သည်သာ ဖြစ်ကြကုန်၍ ဖြစ်ပေါ်လာကြ ကုန်၏။
“清楚地生起”是说:这十六种法生起时,在舍利弗尊者的智中清楚显现而生起。
原书第 15 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- အရူပပရိဂ္ဂဟ အခန်း ထင်ထင်ရှားရှား တည်ကုန်၏ဟူသည် အရှင်သာရိပုတြာ ကိုယ်တော်မြတ်ကြီး၏ ဉာဏ်၌ ယင်း (၁၆)မျိုး ကုန်သော တရားတို့သည် တည်ဆဲ ဌီကာလသို့ ရောက်ကုန်သော်လည်း ထင်ရှားကုန်သည်သာ ဖြစ်ကြကုန်၍ တည်နေကြကုန်၏။
“清楚地住立”是说:这十六种法到达住时,在舍利弗尊者的智中仍清楚显现而住立。
ထင်ထင်ရှားရှား ချုပ်ပျက်ကုန်၏ဟူသည် အရှင်သာရိပုတြာ ကိုယ်တော်မြတ်ကြီး၏ ဉာဏ်၌ ယင်း (၁၆) မျိုးကုန်သော တရားတို့သည် ချုပ်ပျက်ကုန်သော်လည်း ထင်ရှားကုန်သည်သာ ဖြစ်ကြကုန်၍ ချုပ်ပျက်ကြကုန်၏။
“清楚地灭没”是说:这十六种法灭没时,在舍利弗尊者的智中仍清楚显现而坏灭。
ဤအရာဝယ် ---- ၁။ ရှုတတ်သည့် ဉာဏ်နှင့် အရှုခံဉာဏ်တို့၏ တစ်ခုတည်း ဖြစ်မှုကိုလည်းကောင်း၊ ၂။ စိတ္တက္ခဏ တစ်ခုအတွင်း၌ ဉာဏ်တို့၏ များစွာ ပြိုင်တူ ဖြစ်မှုကိုလည်းကောင်း ---- လွတ်အောင် ယူဆတတ်ရပေမည်။
在这里应当避免两种误解:1. 以为能观之智与所观之心是同一个;2. 以为同一心刹那中有许多智同时生起。
၁။ ထိုလက်ညှိုး၏ အဖျားဖြင့်ပင်လျှင် ထိုလက်ညှိုး၏ အဖျားကို တွေ့ထိဖို့ရန် မတတ်ကောင်းသကဲ့သို့ ဤ ဥပမာအတူပင်လျှင် ထိုစိတ်ဖြင့်ပင်လျှင် ထိုစိတ်၏ဖြစ်မှု ဥပါဒ်ကိုလည်းကောင်း၊ တည်မှု ဌီကိုလည်းကောင်း၊ ပျက်မှု ဘင်ကိုလည်းကောင်း သိရှိဖို့ရန် မတတ်ကောင်းသည်သာ ဖြစ်ပေသည်။ ဤသို့လျှင် ရှေးဦးစွာ ရှုတတ်သည့်ဉာဏ်နှင့် အရှုခံဉာဏ်တို့၏ တစ်ခုတည်းဖြစ်မှုကို လွတ်အောင် ယူဆပါ။ (ရှုတတ်သည့်စိတ်နှင့် အရှုခံစိတ်သည် တစ်ခုတည်း မဟုတ်ဟု ဆိုလိုသည်။) ၂။ အကယ်၍ စိတ်နှစ်ခုတို့သည် စိတ္တက္ခဏတစ်ခု ဟူသော အချိန်ကာလ တစ်ခု အတွင်း၌ နှစ်ခု ပြိုင်တူ တစ်ပေါင်းတည်း ဖြစ်ကုန်ငြားအံ့၊ တစ်ခုသော စိတ်ဖြင့် တစ်ခုသော စိတ်၏ ဖြစ်မှု ဥပါဒ်ကိုလည်းကောင်း၊ တည်မှု ဌီကိုလည်းကောင်း ပျက်မှု ဘင်ကိုလည်းကောင်း သိရှိဖို့ရန် တတ်ကောင်းသည် ဖြစ်လေရာ၏။
1. 正如不能用同一个指尖触到它自身,同样,也不能用同一心了知该心自身的生起、住立或坏灭。因此,首先应当避免把能观之智与所观之心认作同一个。(意思是:能观的心与作为所观的心不是同一心。)2. 假如两个心能在同一心刹那、同一时间内同时生起,那么便可能以一心了知另一心的生起、住立与坏灭。
သို့သော် စိတ္တက္ခဏ တစ်ခု ဟူသော အချိန်ကာလ တစ်ခု အတွင်း၌ ဖဿ နှစ်မျိုးတို့သည်လည်းကောင်း၊ ဝေဒနာ နှစ်မျိုးတို့သည်လည်းကောင်း၊ သညာ နှစ်မျိုးတို့သည်လည်းကောင်း၊ စေတနာ နှစ်မျိုးတို့သည် လည်းကောင်း၊ စိတ်နှစ်မျိုးတို့သည်လည်းကောင်း နှစ်ခုပြိုင်တူ တစ်ပေါင်းတည်း ဖြစ်ကုန်သည် မည်သည် မရှိသည်သာတည်း။ တစ်လုံးစီ တစ်လုံးစီ သာလျှင် (ဖဿတစ်မျိုး ဝေဒနာတစ်မျိုး သညာတစ်မျိုး စေတနာတစ်မျိုး စိတ်တစ်မျိုး ဟူသည့် တစ်မျိုးစီ တစ်မျိုးစီ တစ်လုံးစီ တစ်လုံးစီသာလျှင်) ဖြစ်ရိုးဓမ္မတာ ရှိ၏။ ဤသို့ စိတ္တက္ခဏတစ်ခုအတွင်း၌ ဉာဏ်တို့၏ များစွာ ပြိုင်တူ ဖြစ်မှုကိုလည်း လွတ်မြောက်စေအပ်၏၊ လွတ်အောင် ယူဆပါ။ ဤသို့ ဖြစ်ခဲ့သော် အဘယ်သို့လျှင် အရှင်သာရိပုတြာ မဟာထေရ်မြတ်ကြီး၏ ဉာဏ်၌ စျာန်သမာပတ်၏ အတွင်း၌ ဖြစ်ပေါ်သွားကြကုန်သော (၁၆)မျိုးကုန်သော တရားတို့သည် ထင်ထင် ရှားရှား ဖြစ်ကုန်သနည်းဟု မေးရန် ရှိ၏။
但是,在同一心刹那中,并不存在两个触、两个受、两个想、两个思或两个心同时生起的情形。依心定律,每次只生起一个触、一个受、一个想、一个思、一个心。因此,也必须排除同一心刹那有许多智同时生起的误解。若是如此,便会有一个问题:在舍利弗大长老的智中,禅那等至内生起的十六种法,怎么会清楚显现呢?
ဝတ္ထာရမ္မဏာနံ ပရိဂ္ဂဟိတတာယ။ (မ-ဋ္ဌ-၄-၆ဝ။) ဝတ္ထာရမ္မဏာနံ ပရိဂ္ဂဟိတတာယာတိ ယသ္မိံ စ အာရမ္မဏေ ယေ စျာနဓမ္မာ ပဝတ္တန္တိ၊ တေသံ ဝတ္ထာ- ရမ္မဏာနံ ပဂေဝ ဉာဏေန ပရိစ္ဆိဇ္ဇ ဂဟိတတ္တာ။ (မ-ဋီ-၃-၂၇၈။) = အကြင် ကသိုဏ်းပညတ်စသော အာရုံ၌ ယင်း စျာနဓမ္မ အမည်ရသည့် စျာန်နာမ်တရားတို့သည် ဖြစ်ကြ ကုန်၏၊ ထိုစျာနဓမ္မ နာမ်တရားစုတို့၏ မှီရာဝတ္ထုနှင့် ကသိုဏ်းပညတ်စသော အာရုံတို့ကို ရှေးမဆွကပင် ကြိုတင် ၍ ဉာဏ်ဖြင့် ပိုင်းခြား၍ ယူထားပြီး သိမ်းဆည်းထားပြီး ဖြစ်သောကြောင့်ဟု ဖြေဆိုလေရာသည်။
因为已经摄取依处与所缘。(“因为已经摄取依处与所缘”,是说:禅那诸法在某一所缘——遍业处概念等——上生起;这些禅那名法所依的依处以及遍业处概念等所缘,早已由智预先辨别、摄取。(《中部复注》3-278。)
မှန်ပေသည် ---- အရှင်သာရိပုတြာကိုယ်တော်မြတ်ကြီးသည် ----
确实,舍利弗尊者——
原书第 16 页
၁။ ယင်း စျာနဓမ္မ နာမ်တရားတို့၏ စွဲမှီရာ ဘဝင်မနောအကြည်ဓာတ် သို့မဟုတ် ဟဒယဝတ္ထုကိုလည်းကောင်း၊ ၂။ ကသိုဏ်းပညတ် စသော သမထနိမိတ်ကို အာရုံပြုကုန်သော စျာနဓမ္မတရားစုတို့၏ ယင်းသမထနိမိတ် အာရုံကို လည်းကောင်း ---- ဤ (၂)မျိုးသော တရားတို့ကို ကြိုတင်၍ ဉာဏ်ဖြင့် ပိုင်းခြားယူထားတော်မူ၏ သိမ်းဆည်းထားတော်မူ၏။
——预先以智辨别、摄取了这两类法:1. 禅那名法所依的有分意净界,或心所依处;2. 禅那诸法所缘取的遍业处概念等止禅之相。
ထိုကြောင့် ထိုစျာနဓမ္မ နာမ်တရားတို့၏ ---- ၁။ ဖြစ်မှု (= ဥပါဒ်)ကို ဆင်ခြင်သော အရှင်သာရိပုတြာ မထေရ်မြတ်ကြီး၏ ဉာဏ်ဝယ် ဖြစ်မှု (= ဥပါဒ်)သည် ထင်ရှားနေ၏။
因此,1. 当舍利弗尊者的智转向这些禅那名法的生起时,生起便清楚显现。
၂။ တည်မှု (= ဌီကာလ)ကို ဆင်ခြင်သော အရှင်သာရိပုတြာ မထေရ်မြတ်ကြီး၏ ဉာဏ်ဝယ် တည်မှု (= ဌီ ကာလ)သည် ထင်ရှားနေ၏။
2. 当舍利弗尊者的智转向其住立时,住立便清楚显现。
၃။ ပျက်မှု (= ဘင်)ကို ဆင်ခြင်သော အရှင်သာရိပုတြာ မထေရ်မြတ်ကြီး၏ ဉာဏ်ဝယ် ပျက်မှု (= ဘင်)သည် ထင်ရှားနေ၏။
3. 当舍利弗尊者的智转向其坏灭时,坏灭便清楚显现。
ထိုကြောင့် ထို စျာနဓမ္မသဘောတရားတို့သည် အရှင်သာရိပုတြာမထေရ်မြတ်ကြီး၏ အသိဉာဏ်၌ ---- ၁။ ထင်ထင်ရှားရှား ဖြစ်ကုန်၏၊ ၂။ ထင်ထင်ရှားရှား တည်ကုန်၏၊ ၃။ ထင်ထင်ရှားရှား ချုပ်ပျက်ကုန်၏ ---- ဟု ဘုရားရှင်သည် ဟောကြားတော်မူခြင်း ဖြစ်ပေသည်။ (မ-ဋ္ဌ-၄-၆ဝ။)
因此,世尊才说这些禅那法在舍利弗尊者的智中:1. 清楚地生起;2. 清楚地住立;3. 清楚地灭没。(《中部义注》4-60。)

本页是帕奥禅师缅文「五大册」第二册(趣向涅槃之道·第二册,书名暂定)的现代汉语全译本,非缩略版、非节译;译者 Dhammesanā。与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。