五门转向
《趣向涅槃之道》中文全译本 · 非缩略版
非色把握章 · 原书第 38–39 页 · 26 个翻译单元
本页并入了原书的相邻小节:意门心路的三种路心、预先应知、六种所缘呈现。
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书第 38 页
ပဉ္စဒွါရာဝဇ္ဇန်း ဆင်ခြင်
五门转向:审察
စက္ခုဒွါရစသော ပဉ္စဒွါရ (= ငါးဒွါရ)၌ ထင်လာသော အာရုံကို ဆင်ခြင်သော အာဝဇ္ဇန်းစိတ်ကိုပင် မနော ဒွါရာဝဇ္ဇန်း (= မနောဒွါရ၌ ထင်လာသော အာရုံကို ဆင်ခြင်သောစိတ်)နှင့် ကွဲပြားစေရန် ပဉ္စဒွါရာဝဇ္ဇန်းဟု အမည်ပေးထားသည်။ ငါးဒွါရလုံး၌ အာရုံ ငါးမျိုးလုံး ပြိုင်တူထင်၍ ပြိုင်တူဆင်ခြင်သည်ကား မဟုတ်ပေ။
为了与意门转向——即审察显现于意门所缘的心——区分,把审察显现于眼门等五门所缘的转向心命名为“五门转向”。并不是五种所缘同时显现于全部五门,再由转向心同时审察这五种所缘。
၁။ ရူပါရုံသည် စက္ခုဒွါရ မနောဒွါရ နှစ်ခု၌ ပြိုင်တူ ထင်၏။
1.色所缘同时显现于眼门与意门。
အာဝဇ္ဇန်းသည် ထိုဒွါရနှစ်ခု၌ ထင်လာသော ရူပါရုံကို ဆင်ခြင်၏။
转向心审察显现于这两个门的色所缘。
၂။ သဒ္ဒါရုံသည် သောတဒွါရ မနောဒွါရ နှစ်ခု၌ ပြိုင်တူ ထင်၏။
2.声所缘同时显现于耳门与意门。
အာဝဇ္ဇန်းသည် ထိုဒွါရ နှစ်ခု၌ ထင်လာသော သဒ္ဒါရုံကို ဆင်ခြင်၏။
转向心审察显现于这两个门的声所缘。
၃။ ဂန္ဓာရုံသည် ဃာနဒွါရ မနောဒွါရ နှစ်ခု၌ ပြိုင်တူ ထင်၏။
3.香所缘同时显现于鼻门与意门。
အာဝဇ္ဇန်းသည် ထိုဒွါရ နှစ်ခု၌ ထင်လာသော ဂန္ဓာရုံကို ဆင်ခြင်၏။
转向心审察显现于这两个门的香所缘。
၄။ ရသာရုံသည် ဇိဝှါဒွါရ မနောဒွါရ နှစ်ခု၌ ပြိုင်တူ ထင်၏။
4.味所缘同时显现于舌门与意门。
အာဝဇ္ဇန်းသည် ထိုဒွါရ နှစ်ခု၌ ထင်လာသော ရသာရုံကို ဆင်ခြင်၏။
转向心审察显现于这两个门的味所缘。
၅။ ဖောဋ္ဌဗ္ဗာရုံသည် ကာယဒွါရ မနောဒွါရ နှစ်ခု၌ ပြိုင်တူ ထင်၏။
5.触所缘同时显现于身门与意门。
အာဝဇ္ဇန်းသည် ထိုဒွါရ နှစ်ခု၌ ထင်လာသော ဖောဋ္ဌဗ္ဗာရုံကို ဆင်ခြင်၏။
转向心审察显现于这两个门的触所缘。
ဤသို့ အသီးအသီး မှတ်ပါ။ (အဘိ-ဋ္ဌ-၁-၁၁၄ - ကြည့်။) အကယ်၍ သောတဒွါရဝီထိ စိတ်အစဥ်ဖြစ်လျှင် စက္ခုဝိညာဏ်နေရာတွင် သောတဝိညာဏ်ကို ပြောင်း ထည့်ပါ။ ဃာနဒွါရဝီထိ စသည်၌လည်း နည်းတူပင် ဃာနဝိညာဏ်စသည်ကို ပြောင်းထည့်ပါ။ တစ်ဖန် ထိုရူပါရုံ စသည်ကိုပင် ဆက်လက်၍ အာရုံယူကာ စက္ခုဒွါရဝီထိ စသည်၏ နောက်တွင် ဘဝင်ခြားလျက် ဖြစ်ပေါ်လာသော တဒနုဝတ္တက မနောဒွါရဝီထိ အမည်ရသော နောက်လိုက် မနောဒွါရဝီထိ၌လည်းကောင်း၊ ထိုရူပါရုံ စသည်ကိုပင်
应分别这样理解。(参见《殊胜义注》1-114。)如果是耳门心路,就在眼识的位置换入耳识;鼻门心路等也同样换入鼻识等。再者,在眼门心路等之后、隔着有分而生起,并继续取同一色所缘等的随转意门心路中;以及继续取该色所缘等——
原书第 39 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- အရူပပရိဂ္ဂဟ အခန်း ဆက်လက်အာရုံယူသည့် နှစ်ခုမြောက်သော မနောဒွါရဝီထိ စသည့် သက်သက်သော သုဒ္ဓမနောဒွါရဝီထိတို့၌ လည်းကောင်း၊ ဓမ္မာရုံအမည်ရသည့် တရားစုတို့တွင် တစ်မျိုးမျိုးကိုဖြစ်စေ အများစုကိုဖြစ်စေ အာရုံယူ၍ ဖြစ် ပေါ်လာကြကုန်သော မနောဒွါရဝီထိတို့၌လည်းကောင်း ဝီထိစိတ်အမျိုးအစား (၃)မျိုးစီ ရှိသည်။ ယင်းတို့မှာ အောက်ပါအတိုင်း ဖြစ်ကြ၏။
——的第二条意门心路及其后各条纯意门心路中;又或者,在缘取法所缘所摄的一种或多种法而生起的意门心路中,每一心路都各有三类路心,如下。
၁။ မနောဒွါရာဝဇ္ဇန်း = မနောဒွါရ၌ ထင်လာသော အာရုံကို ဆင်ခြင်သောစိတ်။ (ဆုံးဖြတ်သည့် လုပ်ငန်း
1.意门转向:审察显现于意门的所缘之心。(同时也执行确定——
ကိစ္စကိုပါ ပူးတွဲ ပြုလုပ်သည်။) (= ဆင်ခြင် ဆုံးဖြတ်)
——的作用。)亦即“审察、确定”。
၂။ ဇော = အဟုန်ပြင်းစွာ ဆက်တိုက်ဖြစ်သော အဟုန်ပြင်းစွာ အာရုံ၏ အရသာကို ခံစားသော
2.速行:以强劲势力连续生起、体验所缘滋味——
စိတ်။ (= ဇော)
——的心,亦即“速行”。
၃။ တဒါရုံ = ဇောယူသည့် အာရုံကို ဆက်လက် သိသောစိတ် (= တဒါရုံ)
3.彼所缘:继续了知速行所取所缘的心,亦即“彼所缘”。
ကြိုတင်သိမှတ်ထားရန်
预先应知
ယေဘုယျအားဖြင့် ဤဝီထိစိတ်တို့တွင် ဇောသည် (၇)ကြိမ် ဖြစ်တတ်၍ တဒါရုံမှာ နှစ် (=၂)ကြိမ် ဖြစ် တတ်၏။ ကျန်ဝီထိစိတ်တို့ကား တစ်ကြိမ်စီသာ ဖြစ်တတ်၏။ စက္ခုဒွါရဝီထိ စသော ပဉ္စဒွါရဝီထိများ၏ နောက်၌ ဘဝင်များခြားလျက် မနောဒွါရဝီထိများ ဖြစ်ကြ၏။ ရှေးဦးစွာသော မနောဒွါရဝီထိကို တဒနုဝတ္တက မနောဒွါရဝီထိ (= နောက်လိုက် မနောဒွါရဝီထိ)ဟု ခေါ်ဆို၍ ဒုတိယမနောဒွါရဝီထိမှ စ၍ နောက်ပိုင်း ဆက်လက်၍ ဖြစ်ပေါ်ကြ ကုန်သော မနောဒွါရဝီထိများကိုကား သုဒ္ဓမနောဒွါရဝီထိဟု ခေါ်ဝေါ်သုံးစွဲကြပေသည်။ တစ်ဖန် ဓမ္မာရုံစာရင်းဝင် တရားစု တစ်ခုခုကို အာရုံပြု၍ သို့မဟုတ် အများစုကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော မနောဒွါရဝီထိ စိတ်အစဥ်များကိုလည်း သုဒ္ဓမနောဒွါရဝီထိဟုပင် ခေါ်ဆိုသည်ဟု မှတ်ပါ။ တစ်ဖန် ထိုဝီထိစိတ်အစဥ်တို့တွင် စက္ခုဝိညာဏ် စသော ပဉ္စဝိညာဏ်မှ လွဲ၍ ကျန်ဝီထိစိတ် အားလုံးကို မနောဝိညာဏ်ဟုလည်းကောင်း မနော
一般而言,在这些心路中,速行通常生起七次,彼所缘通常生起两次,其余路心各只生起一次。眼门心路等五门心路之后,隔着若干有分,意门心路随即生起。第一条意门心路称为“随转意门心路”,即后随意门心路;从第二条开始,后续生起的意门心路称为“纯意门心路”。此外,缘取法所缘所摄的某一种或多种法而生起的意门心路相续,也称为纯意门心路。再者,在这些心路中,除眼识等五识之外,其余一切路心都称为意识,也称为——
ဝိညာဏဓာတ်ဟုလည်းကောင်း ခေါ်ဆို၍ သုတ္တန်နည်းအရ ဘဝင်မနောအကြည်ဓာတ်ကို မနောဓာတ်ဟုလည်း- ကောင်း၊ မနောဒွါရဟုလည်းကောင်း အသီးအသီး ခေါ်ဆိုသည်ဟုလည်း မှတ်သားပါ။
——意识界;依经教方法,有分意净界则分别称为意界或意门。对此也应预先了知。
ဝိသယပ္ပဝတ္တိ (၆) ပါး
六种所缘呈现
အာရုံ၏ ဒွါရ၌ ထင်လာခြင်းကိုပင် ဝိသယပ္ပဝတ္တိဟု ဆိုလိုသည်။ အာရုံ၏ ဒွါရ၌ ထင်လာခြင်းဟူရာ၌ လည်း လက်ဆုပ်လက်ကိုင် ရှာလျှင် ထင်လာသော အာရုံမှ တစ်ပါး ''ထင်ခြင်း''ဟု သီးခြား မရှိတော့ပြီ၊ ထိုကြောင့် ဝိသယပ္ပဝတ္တိ (၆)မျိုး အရ ---- ၁။ အတိမဟန္တာရုံ၊ ၂။ မဟန္တာရုံ၊ ၃။ ပရိတ္တာရုံ၊ ၄။ အတိပရိတ္တာရုံ - ဟု ပဉ္စဒွါရ၌ (၄)မျိုး။
所缘显现于门,称为“所缘呈现”。所谓所缘显现于门,若要找一个可以实际指认的“显现”,除了显现的所缘本身,并没有另一个独立的“显现”。因此,六种所缘呈现如下:五门有四种,即1.极大所缘;2.大所缘;3.微细所缘;4.极微细所缘。
၅။ ဝိဘူတာရုံ၊ ၆။ အဝိဘူတာရုံ - ဟု မနောဒွါရ၌ (၂)မျိုး။
意门有两种,即5.清晰所缘;6.不清晰所缘。
အားလုံးပေါင်းသော် (၆)မျိုးကိုပင် ဆိုလိုသည်ဟု မှတ်ပါ။
合计即是六种。