依家舍受,即有爱染舍受

《趣向涅槃之道》中文全译本 · 非缩略版

四念处章 · 原书第 496–497 页 · 11 个翻译单元

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 496 页
ဂေဟသိတ ဥပေက္ခာ = သာမိသ ဥပေက္ခာ
依家舍受,即有爱染舍受
စက္ခုနာ ရူပံ ဒိသွာ ဥပ္ပဇ္ဇတိ ဥပေက္ခာ ဗာလဿ မူဠှဿ ပုထုဇ္ဇနဿ အနောဓိဇိနဿ အဝိပါကဇိနဿ အနာဒီနဝဒဿာဝိနော အဿုတဝတော ပုထုဇ္ဇနဿ။ ယာ ဧဝရူပါ ဥပေက္ခာ ရူပံ သာ နာတိဝတ္တတိ၊ တသ္မာ သာ ဥပေက္ခာ ဂေဟသိတာတိ ဝုစ္စတိ။ (မ-၃-၂၆၁။) စက္ခုဝိညာဏ်ဖြင့် ရူပါရုံကို မြင်လတ်သော် လူမိုက်ဖြစ်ကြောင်း အကုသိုလ်တရားနှင့် ယှဥ်ခြင်းကြောင့် မိုက်မဲသော မလိမ္မာသော၊ မိမိ သူတစ်ပါး နှစ်ဦးသားတို့၏ အကျိုးစီးပွား၌ အမှန်အတိုင်း မသိသဖြင့် တွေဝေသော၊ ကိလေသာတို့ကို များစွာဖြစ်စေတတ်သော၊ ကိလေသာတည်းဟူသော အပိုင်းအခြားကို အရိယမဂ်တည်းဟူသော အပိုင်းအခြားဖြင့် မအောင်မြင်နိုင်သေးသော၊ (ပဋိသန္ဓေတည်းဟူသော အကျိုးဝိပါက်ကို မဖြစ်အောင် ပြုလုပ် ခြင်းငှာ စွမ်းနိုင်သော အရိယမဂ်တရားကို မရရှိသေးသဖြင့်) ပဋိသန္ဓေတည်းဟူသော အကျိုးဝိပါက်ကို မအောင်နိုင် သေးသော၊ ရူပါရုံကို ဖောက်ပြန်ပျက်စီးတတ်သော ဝိပရိဏာမဓမ္မဟူသော အပြစ်ရှိသည့်တရားဟု ရှုမြင်လေ့
“愚痴、迷昧、尚未胜过界限、尚未胜过果报、不见过患、无闻的凡夫,以眼看见色时,舍便生起。如此之舍不能超越色,所以称为依家舍。”(《中部》3-261。)当眼识看见色所缘时,有一种凡夫:他因与使人成为愚者的不善法相应而愚昧、不善巧;不能如实了知自己与他人双方的利益而迷惑;能令诸烦恼大量增长;尚未以圣道的界限胜过烦恼的界限;又因尚未获得能使结生果报不再生起的圣道,所以尚未胜过称为结生的果报;也不惯于把色所缘观作具有变异坏灭这一过患之法
မရှိသော ရူပါရုံ၏ အနိစ္စ ဒုက္ခ ဝိပရိဏာမဓမ္မဟူသော အပြစ်ကို မသိမမြင် တွေဝေတတ်သော သမ္မောဟတရား ၌လည်း အနိစ္စ ဒုက္ခ ဝိပရိဏာမဓမ္မဟူသော အပြစ်တို့ကို ရှုမြင်လေ့ မရှိသော၊ ကြားနာအပ်ပြီးသော သင်သိ ကျင့်သိဟူသော အကြားအမြင် ဗဟုသုတ မရှိသော ပရမတ္ထ ဉာဏ်ပညာမျက်စိ ကာဏ်းနေသော အန္ဓပုထုဇန် ပုဂ္ဂိုလ်၏သန္တာန်၌ ဖြစ်ပေါ်လာသော အညာဏုပေက္ခာသည် ရူပါရုံကို တစ်နည်း ရူပါရုံ၌ဖြစ်သော ကိလေသာကို မကျော်လွှား မလွန်မြောက်နိုင်။ ထိုကြောင့် ထိုဥပေက္ခာကို ဂေဟသိတဥပေက္ခာဟူ၍ ခေါ်ဆို၏။ (မ-၃-၂၆၁။)
不知不见色所缘的无常、苦、变异等过患,因而迷惑;对于痴法,也不惯于观见无常、苦、变异等过患;缺少称为“由学而知”与“由修而知”的多闻见识,是洞见究竟法的慧眼失明的盲愚凡夫。在这种人的相续中生起的无智舍,不能超越色所缘,换言之,不能超越缘色所缘而生的烦恼。因此,这种舍称为依家舍。(《中部》3-261。)
原书第 497 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- သတိပဋ္ဌာန် (၄)ပါး အခန်း သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံ၊ ဓမ္မာရုံတို့၌လည်း နည်းတူပင် ဟောကြားထားတော်မူသည်။ ဂေဟ- သိတ ဥပေက္ခာ (၆)မျိုးတည်း။ ဤသို့လျှင် ဒွါရ (၆)ပါးတို့၌ ဣဋ္ဌာရုံသည် ထင်လာလတ်သော် တင်လဲခဲ၌ (ထန်းလျက်ခဲ၊ သကာခဲ၊ သကြားခဲ၌) နားမိသော ယင်ကောင်ကဲ့သို့ ရူပါရုံ စသည့် အာရုံတို့ကို တစ်နည်းဆိုသော် ရူပါရုံ စသည်တို့၌ ဖြစ်သော ကိလေသာတို့ကို မကျော်လွှား မလွန်မြောက်နိုင်သည် ဖြစ်၍ ထိုရူပါရုံ စသည့် အာရုံတို့၌ပင်လျှင် ငြိကပ်သည် အလွန်ငြိကပ်ခြင်းရှိသည် ဖြစ်၍ ဖြစ်ပေါ်လာသော ကာမဂုဏ်၌ မှီသော ဥပေက္ခာ ဝေဒနာတည်း။ (ဒီ-ဋ္ဌ-၂-၃၂၃။ မ-ဋ္ဌ-၄-၁၈၇။) အညာဏုပေက္ခာတိ အညာဏသဟိတာ ဥပေက္ခာ အသမပေက္ခနပဝတ္တာ။ (မ-ဋီ-၃-၃၈၄။) ရူပါရုံ စသည့် အာရုံ (၆)ပါးတို့ကား အနိစ္စ-ဒုက္ခ-အနတ္တ-အသုဘ တရားတို့သာတည်း။ ယင်းအာရုံ (၆)
对于声、香、味、触与法所缘,也以同样方式开示。因此共有六种依家舍受。如此,当可意所缘显现于六门时,就像停在糖块、棕糖块、砂糖块上的苍蝇一样,凡夫不能超越色所缘等所缘,换言之,不能超越缘这些所缘而生的烦恼;他黏着、紧紧黏着于色所缘等所缘,由此生起依止五欲功德的舍受。(《长部义注》2-323;《中部义注》4“所谓无智舍,是与无智俱行、由无等观而转起的舍。”(《中部复注》3-384。)色所缘等六种所缘,都只是无常、苦、无我、不净之法;若不能了知这六种所缘的
ပါးတို့၏ အနိစ္စ-ဒုက္ခ-အနတ္တ- အသုဘ သဘောမှန်ကို မသိမှုကား အညာဏတည်း။ တရားကိုယ်မှာ မောဟတည်း။
无常、苦、无我、不净等真实性质,就是“无智”;其法体是痴。
ယင်းအညာဏ အမည်ရသော မောဟနှင့် အတူတကွဖြစ်သော ဥပေက္ခာသည် အညာဏုပေက္ခာတည်း။ ယင်း အညာဏုပေက္ခာသည် အာရုံ (၆)ပါး = ရုပ်နာမ်ဓမ္မ = သင်္ခါရတရားတို့ကို အနိစ္စ-ဒုက္ခ-အနတ္တ-အသုဘဟု မရှုဘဲ နိစ္စ-သုခ-အတ္တ-သုဘဟု ရှုမြင်တတ်၏။ ယင်းသို့ ရှုမြင်ခြင်းကို အသမပေက္ခန = မညီမညွတ် ရှုမြင်ခြင်းဟု ခေါ် ဆိုသည်။ ယင်းအညာဏုပေက္ခာကို ဂေဟသိတဥပေက္ခာဟု ခေါ်ဆို၏။
与这种名为“无智”的痴一同生起的舍,就是无智舍。这种无智舍不把六种所缘——色名法,也就是诸行——观作无常、苦、无我、不净,反而观作常、乐、我、净。这样的观察称为“无等观”(asamapekkhana),即不能平等、如实正观。这种无智舍也称为依家舍。
သို့သော် မောဟနှင့် ယှဥ်တွဲနေသော ဥပေက္ခာမှာ မောဟမူစိတ်၌လည်း ရှိနေသဖြင့် ဤ၌ အလိုရှိအပ် သော အညာဏုပေက္ခာကို မဟာဝဂ္ဂဋီကာဆရာတော်က အောက်ပါအတိုင်း ရှင်းလင်း တင်ပြထား၏။
然而,与痴相应的舍受也存在于痴根心中;为了说明此处所意指的是哪一种无智舍,《长部·大品复注》的论师作了如下解释:
အညာဏာဝိဘူတတာယ အာရမ္မဏေ အဇ္ဈုပေက္ခနဝသေန ပဝတ္တမာနာ လောဘသမ္ပယုတ္တဥပေက္ခာ ဣဓာဓိပ္ပေတာတိ တဿ လောဘဿ အနုစ္ဆဝိကမေဝ အာရမ္မဏံ ဒဿေန္တော ''ဣဋ္ဌာရမ္မဏေ''တိ အာဟ။
“此处所意指的,是由于无智并不明显,依对所缘漠然观待而转起、与贪相应的舍受;为了显示恰与该贪相宜的所缘,所以说‘于可意所缘’。”
(ဒီ-ဋီ-၂-၂၆၈။)
(《长部复注》2-268。)
အာရုံ (၆)ပါးတို့တွင် အာရုံ တစ်ပါးပါးသည် ဆိုင်ရာဒွါရ၌ ထင်လာသောအခါ ယင်းအာရုံ၏ အနိစ္စ- ဒုက္ခ-အနတ္တ-အသုဘ သဘောမှန်ကို မသိမှု မောဟက မထင်ရှားဘဲ အာရုံကို နိစ္စ-သုခ-အတ္တ-သုဘဟု မညီမမျှ ရှုတတ်သည့် အသမပေက္ခနဟူသော ဥပေက္ခာသဘောက ပို၍ ထင်ရှားနေ၏။ ရှေ့တန်းသို့ ရောက်နေ၏။ အထူး သဖြင့် ဤအပိုင်း၌ အလိုရှိအပ် နှစ်သက်မြတ်နိုးအပ်သည့် ဣဋ္ဌဖြစ်သော အာရုံအပေါ်၌ တင့်တယ်သည့် သုဘ ဟု ရှုမြင်မှုက ထင်ရှားနေ၏။ အာရုံ၏ အနိစ္စ-ဒုက္ခ-အနတ္တ-အသုဘ သဘောမှန်ကို မသိမှုက မထင်ရှားသည့် အတွက်ကြောင့် အာရုံအပေါ်၌ မညီမညွတ် ရှုမြင်တတ်သော ဥပေက္ခာ၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသော လောဘ နှင့် ယှဥ်တွဲနေသော ဥပေက္ခာကို ဤနေရာ၌ ဂေဟသိတဥပေက္ခာဟူ၍ အလိုရှိအပ်ပေသည်။ (ဒီ-ဋီ-၂-၂၆၈။) ရှေးနာမ်ကမ္မဋ္ဌာန်းပိုင်း ဇယားများတွင် ဖော်ပြခဲ့သည့်အတိုင်း အာရုံ (၆)ပါးတို့တွင် သုဘဖြစ်သော အာရုံ
六种所缘中的某一种显现于相应门时,不知该所缘无常、苦、无我、不净真实性质的痴并不明显;较为明显、居于前列的,是称为“无等观”的舍之行相:它不平等地把所缘观作常、乐、我、净。尤其在这里,对于可欲、可爱、可珍重的可意所缘,把它看作美好、清净的观察最为明显。正因为不知所缘无常、苦、无我、不净真实性质的痴不明显,此处所意指的“依家舍”,就是在以无等观错误观察所缘的舍之作用下生起、与贪相应的舍受。(《长部复注》2-268。)如前面名业处诸表所示,在六种所缘中,应对每一种呈现净相的所缘
တစ်မျိုးစီကို အာရုံယူ၍ ဆိုင်ရာဒွါရတို့ကို ပူးတွဲသိမ်းဆည်းလျက် ယင်း ဂေဟသိတဥပေက္ခာဝေဒနာ = သာမိသ ဥပေက္ခာဝေဒနာကို အဦးမူသဖြင့် လောဘအုပ်စု နာမ်တရားတို့ကို သိမ်းဆည်းရှုပွားပါ၊ ထိုနောင် မှီရာဝတ္ထုရုပ်နှင့် အာရုံရုပ်တို့ကိုလည်း ဆက်လက် သိမ်းဆည်းပါ။ ယင်းနာမ်ရုပ်တို့ကို သိမ်းဆည်းနိုင်ခဲ့သော် သာမိသ ဥပေက္ခာ ဝေဒနာကို ခံစားလျှင်လည်း သာမိသ ဥပေက္ခာဝေဒနာကို ခံစား၏ဟု သိသည် မည်ပေသည်။
逐一取作所缘,同时摄取相应的门;再以依家舍受,也就是有爱染舍受为首,摄取、观修贪组名法。随后,还要继续摄取所依处色与所缘色。若能如此摄取这些色名,当感受有爱染舍受时,便称为能够了知:“我正在感受有爱染舍受。”

本页是帕奥禅师缅文「五大册」第二册(趣向涅槃之道·第二册,书名暂定)的现代汉语全译本,非缩略版、非节译;译者 Dhammesanā。与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。