见清净
《趣向涅槃之道》中文全译本 · 非缩略版
名色分别章 · 原书第 282–284 页 · 18 个翻译单元
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书第 282 页
ဒိဋ္ဌိဝိသုဒ္ဓိ
见清净
လက္ခဏ-ရသ-ပစ္စုပဋ္ဌာန-ပဒဋ္ဌာနဝသေန နာမရူပပရိဂ္ဂဟော ဒိဋ္ဌိဝိသုဒ္ဓိ နာမ။ (အဘိဓမ္မတ္ထသင်္ဂဟ။) = လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်တို့၏ အစွမ်းဖြင့် နာမ်ရုပ်ကို သိမ်းဆည်းခြင်းသည် ပရမတ္ထဉာဏ်အမြင် သန့်ရှင်းစင်ကြယ်သော = ဒိဋ္ဌိဝိသုဒ္ဓိ မည်၏။ (အဘိဓမ္မတ္ထသင်္ဂဟ။) ဒီဃနိကာယ် မဟာဝဂ္ဂ အဋ္ဌကထာ = (ဒီ-ဋ္ဌ-၂-၅၃)၊ သံယုတ္တနိကာယ် နိဒါနဝဂ္ဂ အဋ္ဌကထာ = (သံ-ဋ္ဌ-၂- ၄၄) စသော အဋ္ဌကထာကြီးများနှင့် အညီ ဖွင့်ဆိုထားသော စကားတော်ပင် ဖြစ်သည်။ သို့အတွက် ဒိဋ္ဌိဝိသုဒ္ဓိ = ပရမတ္ထဉာဏ်အမြင် သန့်ရှင်းစင်ကြယ်ရေးအတွက် လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်တို့၏ အစွမ်းဖြင့် နာမ်ရုပ် တို့ကို ဆက်လက်၍ သိမ်းဆည်းရပေဦးမည်။ ထိုသို့သိမ်းဆည်းပုံ အပိုင်းကို --- လက္ခဏာဒိစတုက္ကပိုင်း ဟူသော အမည်ဖြင့် သီးသန့်ဖော်ပြမည်ဖြစ်ပါသည်။ ဤတွင် --- ၁။ ဓာတ် (၁၈)ပါးနည်း ၂။ အာယတန (၁၂)ပါးနည်း
“依特相、作用、现起、近因把握名色,名为见清净。”(《摄阿毗达磨义论》。)也就是说,依特相、作用、现起、近因把握名色,就是究竟智之见清净,故称“见清净”。这一解释与《长部·大品义注》(长义注2-53)、《相应部·因缘品义注》(相应义注2-44)等大义注相符。因此,为使究竟智之见清净,还须继续依特相、作用、现起、近因把握名色。具体方法将在“特相等四法部分”另行说明;这里继续说明:1.十八界法;2.十二处法
၃။ ခန္ဓာ (၅)ပါးနည်းတို့ဖြင့် ရုပ်နာမ်ကို သိမ်းဆည်းပုံကို ဆက်လက်၍ ဖော်ပြအပ်ပါသည်။
3.五蕴法。下面依次说明如何以这三种方法把握色名。
ဓာတ် (၁၈) ပါး ဇယား
十八界表
ဒွါရ (၆) ဖုံ အာရုံ (၆) တန် ဝိညာဏ် (၆) သွယ်
六门|六所缘|六识
အခံဓာတ် အတိုက်ဓာတ် အပွင့်ဓာတ်
承受界|撞击界|显发界
၁။ စက္ခုဓာတ် (= စက္ခုအကြည်) ရူပဓာတ် (= ရူပါရုံ) စက္ခုဝိညာဏဓာတ် ၂။ သောတဓာတ် (= သောတအကြည်) သဒ္ဒဓာတ် (= သဒ္ဒါရုံ) သောတဝိညာဏဓာတ် ၃။ ဃာနဓာတ် (= ဃာနအကြည်) ဂန္ဓဓာတ် (= ဂန္ဓာရုံ) ဃာနဝိညာဏဓာတ် ၄။ ဇိဝှါဓာတ် (= ဇိဝှါအကြည်) ရသဓာတ် (= ရသာရုံ) ဇိဝှါဝိညာဏဓာတ် ၅။ ကာယဓာတ် (= ကာယအကြည်) ဖောဋ္ဌဗ္ဗဓာတ် (= ဖောဋ္ဌဗ္ဗာရုံ) ကာယဝိညာဏဓာတ် ၆။ မနောဓာတ် ဓမ္မဓာတ် (= ဓမ္မာရုံ) မနောဝိညာဏဓာတ်
1.眼界(=眼净色)|色界(=色所缘)|眼识界;2.耳界(=耳净色)|声界(=声所缘)|耳识界;3.鼻界(=鼻净色)|香界(=香所缘)|鼻识界;4.舌界(=舌净色)|味界(=味所缘)|舌识界;5.身界(=身净色)|触界(=触所缘)|身识界;6.意界|法界(=法所缘)|意识界。
原书第 283 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- နာမရူပဝဝတ္ထာနအခန်း ဓာတု = ဓာတ် --- အတ္တနော သဘာဝံ ဓာရေတီတိ ဓာတု။
dhātu=界——“အတ္တနော သဘာဝံ ဓာရေတီတိ ဓာတု။”
= မိမိ၏ သဘောလက္ခဏာကို မိမိဆောင်ထားတတ်သောကြောင့် ဓာတ်မည်၏။ (ဝိသုဒ္ဓိ-၂-၁၁၆။) သာသနာပအယူအဆရှိသူ တိတ္တိတို့ ကြံဆအပ်သော အတ္တသည်ကား ပရမတ္ထသစ္စာနယ်မှ ပရမတ္ထဉာဏ်- ပညာမျက်စိဖြင့် တကယ်တမ်း စူးစမ်းရှာဖွေကြည့်သောအခါ၊ အထူးသဖြင့် ယခုကဲ့သို့ ရုပ်နာမ်တို့ကို ပရမတ် သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းနိုင်သဖြင့် ယင်းရုပ်နာမ်တို့ဝယ် ပရမတ္ထဉာဏ်ပညာမျက်စိဖြင့် စူးစမ်း ရှာဖွေကြည့်သောအခါ အထင်အရှား မရှိတော့ပြီ ဖြစ်၏။ ရုပ်နာမ်ကလွဲ၍လည်း မည်သည့်အရာကိုမျှ မတွေ့ရ၊ ဉာဏ်ဖြင့် တွေ့မြင်နေရသော ရုပ်နာမ်တို့၌လည်း အတ္တကားမရှိ။ အတ္တသည် ပြုလုပ်တတ်သော ကာရကတည်း၊ အတ္တသည် ခံစားတတ်သော ဝေဒကတည်း၊ ဤသို့လျှင် အတ္တကို ကာရက ဝေဒက စသည် အမည်နာမတပ်၍ ပြုလုပ်တတ် ခံစားတတ်သည်ဟု ဆိုသော်လည်း တကယ်တမ်းအားဖြင့် မပြုလုပ်တတ် မခံစားတတ်ပေ၊ ပြု- လုပ်ခြင်း ခံစားခြင်း သဘောကို မရွက်ဆောင်နိုင်ပေ။ ပြုလုပ်တတ်သည် ခံစားတတ်သည်ဟု ခေါ်ဝေါ်သုံးစွဲ
译:“由于持有自身的自性特相,故称为界。”(《清净道论》2-116。)教外诸外道所构想的“我”,若从究竟谛层面以究竟智的慧眼真正探究,尤其像现在这样把色名一直摄取到智见抵达究竟法,再以究竟智的慧眼从这些色名中探求,就再也找不到它。除色名以外,什么也见不到;智慧所见的色名中也没有“我”。他们把“我”安立为能作的能作者、能受的能受者等,并说它能够造作、能够领受;然而实际上它既不能造作,也不能领受,不能承担造作或领受的性质。因为那个被称作能造作、能领受的
နေသော အတ္တသည်ပင် တကယ်ထင်ရှား မရှိသောကြောင့် ဖြစ်၏။
“我”本身,事实上就并不存在。
စက္ခုစသော ပရမတ်တရားတို့ကား မိမိသဘောကို မိမိ ဆောင်ရွက်နိုင်၏၊ မိမိ သဘောအတိုင်း တည်ရှိ၏၊ ဥပမာ --- ရူပါဘိဃာတာရဟဘူတပ္ပသာဒလက္ခဏံ၊ ဒဋ္ဌုကာမတာနိဒါနကမ္မသမုဋ္ဌာနဘူတပ္ပသာဒလက္ခဏံ ဝါ စက္ခု။
眼等究竟法则能持有自身的自性,依自身的自性“眼〔净色〕以能承受色所缘撞击的四大种之明净性为特相;或以欲见为因、由业所生的四大种之明净性为特相。”
(ဝိသုဒ္ဓိ-၂-၇၄။)
(《清净道论》2-74。)
စက္ခုဓာတ် (= စက္ခုအကြည်ဓာတ်)သည် ရူပါရုံ၏ ရှေးရှူရိုက်ခတ်ခြင်းငှာ ထိုက်သော ဘူတရုပ် = ဓာတ် ကြီး (၄)ပါးတို့ကို ကြည်လင်စေခြင်း သဘောလက္ခဏာ ရှိ၏။ တစ်နည်း --- ရူပါရုံကို မြင်ခြင်းငှာ အလိုရှိသော ကာမတဏှာလျှင် အကြောင်းရင်းခံရှိသော ကံကြောင့်ဖြစ်သော ဘူတရုပ် ဓာတ်ကြီး (၄)ပါးကို ကြည်လင်စေခြင်း သဘောလက္ခဏာ ရှိ၏။
眼界(即眼净色),具有使能够承受色所缘撞击的四大种明净的自性特相。换言之,它具有使业生四大种明净的自性特相;此业以欲见色所缘的欲爱为根本原因。
အထက် ရုပ်ကမ္မဋ္ဌာန်းပိုင်းတွင် ရှင်းပြခဲ့သည့် အတိုင်း ရုပ်တို့မည်သည် ကလာပ်ဟု ခေါ်ဆိုအပ်သည့် အမှုန်အနေဖြင့် ဖြစ်ကြ၏။ ကလာပ်ဟူသည် ရုပ်ပရမတ်နယ်၌ ရုပ်တို့၏ အသေးဆုံး အဖွဲ့အစည်းသာတည်း။
如前面色业处部分所解释,诸色以称为“色聚”的微粒形态存在。色聚,就是色究竟法领域中诸色最小的组合单位。
စက္ခုဓာတ်သည်လည်း တစ်ခုချင်း ဖြစ်သည်မဟုတ် စက္ခုဒသကကလာပ်ဟူသော ရုပ်ကလာပ် အလိုက်သာ ဖြစ်၏။
眼界也不是单独生起,而只随称为“眼十法聚”的色聚生起。
ယင်းစက္ခုဒသက ကလာပ်တွင် ရုပ်သဘောတရား (၁ဝ)မျိုး ပါဝင်၏။ ယင်းရုပ်တရားတို့ကား အတိတ်ဘဝ တစ်ခုခုက ပြုစုပျိုးထောင်ခဲ့သော အဝိဇ္ဇာ-တဏှာ-ဥပါဒါန်လျှင် အကြောင်းရင်းခံရှိသော ကံကြောင့်ဖြစ်သော ကမ္မဇရုပ်တို့သည်သာ ဖြစ်ကုန်၏။ ယင်းစက္ခုဒသကကလာပ် အတွင်း၌ (၁ဝ)မျိုးသော ရုပ်တို့တွင် မဟာဘုတ် ဓာတ်ကြီး (၄)ပါးတို့လည်း ပါဝင်ကြ၏။ ယင်း မဟာဘုတ်ဓာတ်ကြီး (၄)ပါးတို့ကား ရူပါရုံ၏ ရှေးရှူရိုက်ခတ် ခြင်းငှာထိုက်သော တရားတို့ ဖြစ်ကြ၏။ ရူပါရုံ၏ ရှေးရှူရိုက်ခတ်ခြင်းငှာ ထိုက်သော မဟာဘုတ်တို့ကို ကြည် လင်စေတတ်သော သဘောကား စက္ခုဓာတ်၏ သဘောသဘာဝလက္ခဏာပင် ဖြစ်၏၊ စက္ခုဓာတ်တိုင်း၌ ယင်း သဘာဝလက္ခဏာကား တည်ရှိ၏။ သို့အတွက် စက္ခုဓာတ်သည် မိမိသဘောကို မိမိ ဆောင်ထား၏၊ မိမိသဘောကို မိမိ ဆောင်ရွက်နိုင်၏၊ မိမိသဘောအတိုင်း တည်ရှိ၏ဟု ဆိုရ၏။ ကျန်ဓာတ်တို့၌လည်း နည်းတူမှတ်ပါ။ ဤသို့လျှင်
眼十法聚含有十种色法。这些色法全是业生色,由过去某一生所积集、以无明、爱、取为根本原因的业所生。眼十法聚的十种色法中,也包括四大种;这些四大种能承受色所缘的撞击。使能承受色所缘撞击的四大种明净,正是眼界的自性特相;每一眼界都具备这一自性特相。因此说,眼界持有自身的自性,能呈现自身的自性,并依自身的自性而住。其余诸界也应同理理解。这样
ဤ (၁၈)ပါးကုန်သော သဘောတရားတို့သည် မိမိဆိုင်ရာ ကိုယ်ပိုင်သဘာဝလက္ခဏာ သဘောတရားကို ဆောင်- ရွက်နိုင်ကြသဖြင့် ''ဓာတု = ဓာတ်''ဟူသော အမည်ကို ရကြပေသည်။
这十八种法都能持有各自特有的自性特相,因此获得“dhātu=界”之名。
原书第 284 页
ဤဓာတ် (၁၈)ပါးတို့တွင် စက္ခုဓာတ် စသည်တို့၏ တရားကိုယ်မှာ ထင်ရှားပြီ။ မထင်ရှားရာကို အနည်းငယ် ဆိုပေအံ့။ ရှေးဦးစွာ မနောဓာတ် ပဉ္စဝိညာဏဓာတ် မနောဝိညာဏဓာတ်တို့၏ ထူးထွေကွဲပြားမှုကို ဖော်ပြပေအံ့။
在这十八界中,眼界等的法体已经清楚;现在略说尚不清楚的部分。首先说明意界、五识界与意识界之间的差别。