大小便利时正知而行

《趣向涅槃之道》中文全译本 · 非缩略版

威仪章与正知章 · 原书第 427–430 页 · 36 个翻译单元

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 427 页
ဥစ္စာရပဿာဝကမ္မေ သမ္ပဇာနကာရီ ဟောတိ၊ = ကျင်ကြီးစွန့်ရာ ကျင်ငယ်စွန့်ရာ၌ သမ္ပဇဥ်ဉာဏ်ဖြင့် ပြုလေ့ရှိ၏။
大小便利时正知而行
၁။ သာတ္ထကသမ္ပဇဥ်
1.有益正知
ထိုကျင်ကြီး ကျင်ငယ်ကို စွန့်ရာ၌ စွန့်ဖို့ရန် ဆိုက်ရောက်လာသော အချိန်ဝယ် ကျင်ကြီး ကျင်ငယ်ကို မစွန့်သောသူအား တစ်ကိုယ်လုံး ချွေးတို့သည် ထွက်လာတတ်ကြကုန်၏၊ မျက်လုံးတို့သည် လည်လာတတ်ကြ ကုန်၏၊ စိတ်သည် တည်ကြည်မှု မရှိ။ အခြားတစ်ပါးသော ရောဂါတို့သည်လည်း ဖြစ်ပေါ်လာတတ်ကုန်၏။ စွန့် သင့်ရာ အခါ၌ ကျင်ကြီး ကျင်ငယ်ကို စွန့်သောသူအားကား ထိုအလုံးစုံသော အပြစ်သည် မဖြစ်တော့ပေ။ ဤ အပြစ်တို့၏ မဖြစ်ခြင်းသည်ပင် ဤအရာ၌ အကျိုးတရား မည်၏။ ထိုအကျိုးကို ပိုင်းခြားယူနိုင်သည်၏ အစွမ်း ဖြင့် သာတ္ထကသမ္ပဇဥ်ဉာဏ်ကို သိရှိပါလေ။
到了应当大小便利的时候,若仍不大小便,全身就会出汗,眼睛会翻转,心也不能安定,还可能生起其他疾病。若在应当便利时大小便,这一切过患便都不会发生。此处所谓利益,正是这些过患不生。应当知道:能够辨别这一利益之智,就是有益正知智。
၂။ သပ္ပါယသမ္ပဇဥ်
2.适宜正知
ကျောင်းတိုက် အတွင်းဝယ် ဝစ္စကုဋိ = ကျင်ကြီးအိမ်၊ ပဿာဝကုဋိ = ကျင်ငယ်အိမ် --- ဤသို့ ကျင်ကြီး ကျင်ငယ် စွန့်ဖို့ရန်နေရာများကို သတ်မှတ်ထား၏။ ယင်းသို့သတ်မှတ်ထားသော နေရာတို့ကား ကျင်ကြီး ကျင်ငယ်
寺院中会划定 vaccakuṭi——大便房、passāvakuṭi——小便房等大小便利之处。这样划定的地方,就是
原书第 428 页
စွန့်သင့်ရာဌာနတည်း။ အကယ်၍ ရဟန်းတော်တစ်ပါးသည် သတ်မှတ်ထားသည့် နေရာ၌ မဟုတ်ဘဲ ကျင်ကြီး ကျင်ငယ် မစွန့်သင့်ရာ အရပ်၌ ကျင်ကြီး ကျင်ငယ်ကို စွန့်ခဲ့သော် အာပတ်သင့်၏။ (ဘုရားရှင် ပညတ်ထား တော်မူသောကြောင့် ဖြစ်၏။) အကျော်အစော မရှိခြင်း ဂုဏ်သိက္ခာ ကျဆင်းခြင်း (= ဝိနည်းတော်ကို မလေးစား ဟု နာမည်ပျက်ခြင်း)သည် ဖြစ်ပေါ်လာတတ်၏။
适合大小便利之处。若比丘不在划定之处,而在不应大小便利的地方大小便,即会犯戒〔因为世尊已经制定不得如此〕,还会招致恶名、名誉受损——被人说成不尊重律制。
အဋ္ဌာနေတိ မနုဿာမနုဿပရိဂ္ဂဟိတေ အယုတ္တဋ္ဌာနေ ခေတ္တဒေဝါယတနာဒိကေ။ ကုဒ္ဓါ ဟိ အမနုဿာ၊ မနုဿာပိ ဝါ ဇီဝိတက္ခယံ ပါပေန္တိ။ (ဒီ-ဋီ-၁-၂၅၂။) ကျင်ကြီး ကျင်ငယ် မစွန့်သင့်ရာ အရပ်ဌာနဟူသည် လူသားတို့ သိမ်းဆည်းထားအပ်သော လူသားတို့ ပိုင်ဆိုင်သော ခြံမြေ စသည်နှင့် နတ်တို့ သိမ်းဆည်းထားအပ်သော သစ်ပင် စသည့် ကျင်ကြီး ကျင်ငယ် မစွန့် သင့်သောနေရာ လယ်တော နတ်ကွန်း စသည်တို့ကို ဆိုလိုပေသည်။ မှန်ပေသည် ယင်းကျင်ကြီး ကျင်ငယ်စွန့် မှုကို အကြောင်းပြု၍ မကျေနပ်ကြသော အမျက်ထွက်ကြသော နတ်တို့သည်လည်းကောင်း၊ လူတို့သည် လည်းကောင်း ယင်းကျင်ကြီး ကျင်ငယ် စွန့်သူ၏ အသက်ကို ကုန်ခြင်းသို့ ရောက်စေတတ်ကုန်၏။
“所谓‘不适当处’,是指被人或非人所占有的不宜之地,例如田地、神祠等。发怒的非人,或人,确实会使〔在此便利者〕丧命。”所谓不应大小便利之处,是指人们占有的庭园、土地等,以及诸天、非人占有的树木等不宜便利的地方,如田地、神祠等。确实,由于对方在不宜之处大小便而心生不满、发怒的非人或人,可能使便利者丧命。
(ဒီ-ဋီ-၁-၂၅၂။)
(《长部复注》1-252。)
ဤစကားအရ နတ်တို့ ဘုံဗိမာန်များ ရှိလိမ့်မည်ဟု ယူဆရသော သစ်ပင်ကြီးကြီးတို့၏ အောက်၌ ကျင်- ကြီး ကျင်ငယ် စွန့်ခြင်းကိုလည်း ရှောင်ကြဥ်သင့်ပေသည်။ အသက်၏ အန္တရာယ် ဖြစ်နိုင်၏။
依此说法,在被认为可能是诸天、非人宫殿居所的大树下,也应避免大小便利,否则可能危及生命。
လူဝတ်ကြောင်ပုဂ္ဂိုလ်တို့သည် သံဃာတော်များ သီတင်းသုံးရာ ကျောင်းဝင်း အတွင်း၌လည်းကောင်း၊ ဘုရားဝင်း အတွင်း၌လည်းကောင်း၊ အရံ (အာရာမ = အာရာမ်) မရှိသော် အရံထိုက်ရာ အရပ်အတွင်း၌လည်း ကောင်း ကျင်ကြီးစွန့်ခြင်း ကျင်ငယ်စွန့်ခြင်း တံတွေးထွေးခြင်း ဘိနပ်စီးခြင်း ထီးဆောင်းခြင်းတို့ကို ပြုလုပ်ခဲ့ သော် သရဏဂုံ ညှိုးနွမ်းသွားကြောင်းကို င်္သဂီတိသုတ္တန် အဋ္ဌကထာ၌ ဖွင့်ဆိုထား၏။
《合诵经义注》解释:在僧众所住的寺院范围内、佛塔范围内,以及在尚无围界时本应属于围界的区域内,若在家人大小便利、吐痰、穿鞋或撑伞,会使其皈依三宝之德衰损。
ကျင်ကြီး ကျင်ငယ် စွန့်ဖို့ရန် သတ်မှတ်ထားသည့် စွန့်သင့်ရာ နေရာဌာန၌ ကျင်ကြီး ကျင်ငယ် စွန့်သော သူအား ထိုအလုံးစုံသော အပြစ်သည် မဖြစ်နိုင်ပေ။ ဤအပြစ်မရှိခြင်းသည်ပင်လျှင် ဤအရာ၌ သပ္ပါယတည်း။
若在划定为大小便利处的适当地点大小便,上述一切过患都不会发生。此处所谓适宜,正是没有这些过患。
ယင်းသပ္ပါယကို ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်ခြင်းသည် သပ္ပါယသမ္ပဇဥ်ဉာဏ် မည်၏။ (အဘိ-ဋ္ဌ-၂-၃၄၆-၃၄၇။)
能够以智慧辨别这种适宜,称为适宜正知智。(《殊胜义注》2-346—347。)
၃။ ဂေါစရသမ္ပဇဥ်
3.行处正知
မိမိ နှလုံးသွင်းနေကျ ကမ္မဋ္ဌာန်းကို (ကမ္မဋ္ဌာန်း -၄ဝ- တို့တွင် တစ်ခုခုကို) မစွန့်လွှတ်ဘဲ ကမ္မဋ္ဌာန်းကို နှလုံးသွင်းလျက်သာလျှင် ကျင်ကြီး ကျင်ငယ်ကို စွန့်ခြင်းသည် ဂေါစရသမ္ပဇဥ်ဉာဏ် မည်၏ ဟူ၍ သိရှိပါလေ။
大小便利时,不舍弃自己惯常作意的业处〔四十业处中的任一种〕,仍只作意该业处;应当知道,这称为行处正知智。
(အဘိ-ဋ္ဌ-၂-၃၄၇။)
(《殊胜义注》2-347。)
၄။ အသမ္မောဟသမ္ပဇဥ်
4.不痴正知
ခန္ဓာကိုယ်အတွင်း၌ အတ္တ မည်သော ကျင်ကြီး ကျင်ငယ် စွန့်ခြင်းအမှုကို ပြုလုပ်သောသူမည်သည် မရှိ သည်သာတည်း။ ကျင်ကြီး ကျင်ငယ် စွန့်လိုသော စိတ်သည် ဖြစ်ပေါ်လာ၏၊ ယင်း စိတ်သည် ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ရုပ်ကလာပ်အပေါင်းကို ဖြစ်စေ၏။ ယင်း ရုပ်ကလာပ်တို့တွင် သဘာဝ သတ္တိစွမ်းအင် လွန်ကဲနေသော ဝါယောဓာတ်သည် တစ်နည်း မဟာဘုတ် (၄)ပါးသည် ဝိညတ်ရုပ်ကို ဖြစ်စေ လျက် ဖြစ်ပေါ်လာ၏။ ကာယဝိညတ္တိနဝက ကလာပ် ကာယဝိညတ္တိလဟုတာဒိဒွါဒသက ကလာပ် ရုပ်တို့တည်း။
身体内部并不存在一个名为“我”、执行大小便利动作的人。欲大小便之心生起;该心产生风界自性力偏胜的诸色聚。那些色聚中所含的风界——或者说,风界自性力偏胜的四大种——在使身表色生起的同时生起。这些色法就是身表九法聚,以及身表、轻快性等十二法聚。
ယင်း ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ရုပ်ကလာပ်အပေါင်း၏ တစ်ကိုယ်လုံးသို့ ပျံ့နှံ့၍
由于这些风界自性力偏胜的色聚遍满全身,
原书第 429 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- ဣရိယာပထ အခန်းနှင့် သမ္ပဇဥ် အခန်း သွားခြင်းကြောင့် အထူးသဖြင့် ကျင်ကြီးအိမ် ကျင်ငယ်အိမ် ဝန်းကျင်အရပ်သို့တိုင်အောင် ပျံ့နှံ့၍ သွားခြင်း ကြောင့် ကျင်ကြီးစွန့်ခြင်း ကျင်ငယ်စွန့်ခြင်းသည် ဖြစ်ပေါ်လာ၏။ (အဘိ-ဋ္ဌ-၂-၃၄၇။ မ-ဋ္ဌ-၁-၂၇၃။)
尤其扩展到大小便处附近,大小便利便发生了。(《殊胜义注》2-347;《中部义注》1-273。)
ရုပ်နာမ်ကို သိမ်းဆည်းပုံ
摄取色名的方法
၁။ သမာဓိကို အဆင့်ဆင့် ထူထောင်၍ သိမ်းဆည်းပြီးသော ရုပ်နာမ်တို့ကို တစ်ဖန်ပြန်၍ သိမ်းဆည်းပါ။
1.逐步建立定力,再次摄取此前已经摄取过的名色。
၂။ ဘဝင်မနောအကြည်ဓာတ်ကို သိမ်းဆည်းပါ။
2.摄取有分意净界。
၃။ ကျင်ကြီး ကျင်ငယ်တို့ကို အာရုံပြု၍ ဖြစ်ပေါ်လာသော ကျင်ကြီးစွန့်လိုသောစိတ် ကျင်ငယ်စွန့်လိုသော စိတ် ပြဓာန်းသော မနောဒွါရိကဇောဝီထိ စိတ်စေတသိက် = နာမ်တရားစုတို့ကို သိမ်းဆည်းပါ။
3.摄取缘取大小便而生、由欲大小便之心主导的意门速行心路之心与心所,即名法组。
၄။ ယင်းစိတ်စေတသိက်တို့ကြောင့် ဖြစ်ပေါ်လာကုန်သော ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲ နေသော ကာယဝိညတ္တိနဝက ကလာပ် ကာယဝိညတ္တိလဟုတာဒိဒွါဒသက ကလာပ် ရုပ်တရားတို့ကို သိမ်းဆည်း ပါ။ ပဓာန = ပြဓာန်းသော ရုပ်တို့တည်း။
4.摄取由上述心与心所所生、风界自性力偏胜的身表九法聚,以及身表、轻快性等十二法聚之诸色法。这些就是主导色。
၅။ အဓောဂမဝါတ အမည်ရသော အောက်သို့ စုန်ဆင်းသော ဝါယောကောဋ္ဌာသ ရုပ်တရား (၃၃)မျိုးတို့ကို လည်း သိမ်းဆည်းပါ။ ယင်းရုပ်တရားတို့ကား စတုသမုဋ္ဌာနိကရုပ်တရားတို့တည်း။ ယင်းရုပ်တရားတို့တွင် စတု- သမုဋ္ဌာနိက ဝါယောဓာတ်တို့လည်း ပါဝင်ကြ၏။ ယင်းတို့တွင် စိတ္တဇဝါယောဓာတ်တို့လည်း ပါဝင်ကြ၏။ ယင်း စိတ္တဇရုပ် စိတ္တဇဝါယောဓာတ်တို့မှာ ကျင်ကြီး ကျင်ငယ် စွန့်လိုသော မနောဒွါရိကဇောဝီထိစိတ်တို့ကြောင့် ဖြစ် ပေါ်လာကြသော စိတ္တဇရုပ် စိတ္တဇဝါယောဓာတ်တို့လည်း ဖြစ်နိုင်ကြ၏။ ဘဝင်စိတ်ကြောင့် ဖြစ်ပေါ်လာကြ သော စိတ္တဇရုပ် စိတ္တဇဝါယောဓာတ်တို့လည်း ဖြစ်နိုင်ကြ၏။ ကျင်ကြီး ကျင်ငယ် စွန့်ခိုက်ဝယ် ထိုထိုအာရုံတို့ကို ကြံစည် စိတ်ကူးနေသော ထိုထို ဤဤ အာရုံတို့ကို အကြောင်းပြု၍ ဖြစ်ပေါ်လာကြသော ပဉ္စဝိညာဏ်မှ တစ်ပါးသော ပဉ္စဒွါရဝီထိတို့နှင့် မနောဒွါရဝီထိတို့ကြောင့် ဖြစ်ပေါ်လာကြသော စိတ္တဇရုပ် စိတ္တဇဝါယောဓာတ်
5.还应摄取称为“下行风”、向下流动的风身分中三十三种色法。这些是四因所生色,其中也包含四因所生风界,又包含心生风界。这些心生色与心生风界,可能由欲大小便之心所主导的意门速行心路诸心所生,也可能由有分心所生;大小便利时,因思量、想象种种所缘而生的诸五门心路〔五识除外〕及意门心路,也可能产生这些心生色与心生风界,
တို့လည်း ဖြစ်နိုင်ကြ၏။
这些也都可能包括在内。
ထိုစိတ္တဇရုပ် စိတ္တဇဝါယောဓာတ် အမျိုးမျိုးတို့တွင် ဤကျင်ကြီး ကျင်ငယ်ကို စွန့်ရာအခိုက်၌ ကျင်ကြီး ကျင်ငယ် စွန့်လိုသောစိတ်တို့ ပြဓာန်းသော မနောဒွါရိကဇောဝီထိစိတ်တို့ကြောင့် ဖြစ်ပေါ်လာသော ကာယ- ဝိညတ္တိနဝက ကလာပ်ရုပ်၊ ကာယဝိညတ္တိလဟုတာဒိဒွါဒသက ကလာပ် ရုပ်တို့ကား ပဓာန = ပြဓာန်းသော ရုပ် တရားတို့တည်း။ ကြွင်းကျန်သော စိတ္တဇရုပ် စိတ္တဇဝါယောဓာတ်တို့ကား မပြဓာန်းပေ။ အလားတူပင် အဓောဂမ- ဝါတ = အောက်သို့ စုန်ဆင်းသော လေကောဋ္ဌာသတွင် အကျုံးဝင်သော ကမ္မဇရုပ် ဥတုဇရုပ် အာဟာရဇရုပ် ကမ္မဇဝါယော ဥတုဇဝါယော အာဟာရဇဝါယောဓာတ်တို့သည်လည်း မပြဓာန်းပေ။ သို့အတွက် ပြဓာန်းသော စိတ္တဇရုပ်တို့ကို အမှတ်(၄)တွင် သီးသန့်ဖော်ပြ၍ မပြဓာန်းသော စတုသမုဋ္ဌာနိကရုပ်တို့ကို အမှတ် (၅)တွင် ဖော်ပြခြင်း ဖြစ်ပါသည်။
在上述种种心生色与心生风界中,大小便利之际,由欲大小便之心所主导的意门速行心路诸心所生的身表九法聚,以及身表、轻快性等十二法聚,是主导色;其余心生色与心生风界并不居于主导。同样,下行风——向下流动的风身分——所含的业生色、时节生色、食生色,以及业生风、时节生风、食生风,也都不居于主导。因此,第4项单独列出居于主导的心生色,第5项则列出不居于主导的四因所生色。
သို့သော် မပြဓာန်းသော ကမ္မဇဝါယော စိတ္တဇဝါယော ဥတုဇဝါယော အာဟာရဇဝါယော တို့သည် ပြဓာန်း သော စိတ္တဇဝါယောဓာတ်အား အထူးအားပေး ထောက်ပံ့လျက်ပင် ရှိကြ၏။ ကျင်ကြီး ကျင်ငယ် စွန့်ရာ၌ ယင်း ဝါယောဓာတ် လေးမျိုးလုံး မပါဝင်လျှင်ကား မပြီးနိုင်ပေ။ ဆီးချုပ် ဝမ်းချုပ် ဖြစ်နေသော အခါမျိုးတို့၌ ကျင်ကြီး ကျင်ငယ် စွန့်ချင်သောစိတ် ဖြစ်နိုင်သော်လည်း စွန့်၍ မရသည်ကို ထောက်ရှုကြည့်ပါ။ သို့အတွက် အထက် -- အသိတေ သမ္ပဇာနကာရီ ဟောတိ --- ဟူသော ပုဒ်အဖွင့်တုန်းက --- ဝါယောဓာတုယေဝ နိဟရတိ။ (အဘိ-ဋ္ဌ-၂-၃၄၆။ မ-ဋ္ဌ-၁-၂၇၂။)
然而,不居于主导的业生风、心生风、时节生风与食生风,仍会特别支持、助成居于主导的心生风界。大小便利时,若这四种风界不能共同参与,排泄便无法完成。可以想想尿潴留或便秘的情形:欲大小便之心虽已生起,却仍无法排出。因此,前文解释 asite sampajānākārī hoti 一句时说:“ဝါယောဓာတုယေဝ နိဟရတိ။”——“唯有风界将其排出。”(《殊胜义注》2-346;《中部义注》1-272。)
原书第 430 页
စတုသမုဋ္ဌာနိကဝါယောဓာတ်ကပင်လျှင် အစာဟောင်းကို အပြင်သို့ရောက်အောင် ထုတ်ဆောင်ကြောင်း ကို ဖွင့်ဆိုခဲ့၏။ ဤအပိုင်းတွင်ကား စိတ္တဇဝါယောဓာတ်က ထိုဝါယောဓာတ်လေးမျိုးတို့တွင် လွန်ကဲသော ပဓာန = ပြဓာန်းသော ရုပ်ဖြစ်၍ စိတ္တဇဝါယောဓာတ်ကြောင့် ကျင်ကြီး ကျင်ငယ် စွန့်မှုကို တစ်ဖန် ဖွင့်ဆိုသည်ဟု မှတ်ပါ။
前文已经说明,是四因所生风界把旧食运送到体外。本节则应当这样理解:心生风界在四种风界中自性力偏胜,是居于主导的色,所以这里又从心生风界说明大小便利。
ယောဂါဝစရပုဂ္ဂိုလ်သည် ယင်းပဓာန-အပ္ပဓာန ရုပ်အားလုံးကိုပင် သိမ်းဆည်းပါ၊ ဉာဏ်ဖြင့် ပိုင်းခြားယူပါ။
瑜伽行者应把上述一切主导色与非主导色都摄取起来,以智慧分别辨识。
၆။ အစာဟောင်းကောဋ္ဌာသဟူသော ဥတုဇသြဇဋ္ဌမကရုပ်များ၊ ကျင်ငယ်ကောဋ္ဌာသ ဟူသော ဥတုဇသြဇဋ္ဌမကရုပ်များ --- ဤရုပ်တရားတို့ကိုလည်း သိမ်းဆည်းပါ။ အပ္ပ- ဓာန = မပြဓာန်းသော ရုပ်တို့ပင်တည်း။
6.还应摄取称为旧食身分与尿身分的时节生食素八法色;这些色法就是非主导色。
ပဓာန = ပြဓာန်းသော ရုပ်တရားတို့ကား သယ်ဆောင်တတ်သော အခြင်းအရာအားဖြင့် ဖြစ်သော ရုပ် တရားတို့တည်း။ အပ္ပဓာန = မပြဓာန်းသော ရုပ်တို့ကား အသယ်ဆောင်ခံရသော အခြင်းအရာအားဖြင့် ဖြစ်- သော ရုပ်တရားတို့တည်း။
主导色,是以能运载的形态生起之色;非主导色,是以所运载的形态生起之色。
(က) ယင်းပဓာန-အပ္ပဓာနဖြစ်သော ရုပ်တို့ကား - ရုပ်တရား၊ ( ခ ) ကျင်ကြီး ကျင်ငယ် စွန့်လိုသောစိတ် ပြဓာန်းသော မနောဒွါရိကဇောဝီထိစိတ်အစဥ်တို့ကား - နာမ်တရား- ဤသို့ ရုပ်-နာမ် ခွဲပါ။ (ကျင်ကြီး ကျင်ငယ်စွန့်ခိုက် ဖြစ်ပေါ်နေကြသော အခြားအခြားသော နာမ်တရား တို့ကိုလည်း သိမ်းဆည်းနိုင်သည်သာ ဖြစ်ပါသည်။)
(甲)上述主导色与非主导色,是色法;(乙)由欲大小便之心主导的意门速行心路心相续,是名法。应当这样分别色与名。〔大小便利时生起的其他名法,也同样可以摄取。〕
ဥပမာဆောင်၍ ထင်ရှားအောင် ပြပုံ
举譬喻说明
အိုင်းအမာနာသည် ရင့်ကျက်၍ ပြည်မှည့်ပြီးသော် အိုင်းအမာနာ၏ ပေါက်ကွဲလာခြင်းကြောင့် ပြည်သွေး သည် အနာဝမှ အလိုမရှိဘဲ ထွက်လာရသကဲ့သို့လည်းကောင်း၊ အလွန် ပြည့်လွန်းသောကြောင့် (ရေအိုးထဲသို့ ရေကို လျှံကျအောင် လောင်းချလိုက်ခြင်းကြောင့်) ရေအိုးမှ ရေသည် အလိုမရှိဘဲ ထွက်လာရသကဲ့သို့လည်း ကောင်း၊ ဤဥပမာအတူ အစာဟောင်းအိမ် ကျင်ငယ်အိမ်တို့မှ စုဝေးတည်ရှိကြကုန်သော ကျင်ကြီး ကျင်ငယ် တို့သည် (စိတ္တဇဝါယော သို့မဟုတ် စတုသမုဋ္ဌာနိကဝါယောဟူသော) ဝါယောဓာတ်၏ တွန်းကန်နေသော အဟုန် သည် နှိပ်စက်အပ်ကုန်သည်ဖြစ်၍ အလိုမရှိဘဲသော်လည်း ထွက်ကြရကုန်၏။ ထွက်လာသော ထိုကျင်ကြီး ကျင်- ငယ်သည် စွန့်လွှတ်အပ်ပြီးသည်၏ အတွက်ကြောင့် ထိုရဟန်းတော်အဖို့ မိမိ၏ ကိုယ်ပိုင်ဥစ္စာလည်း မဟုတ်။
譬如疮疡成熟、脓已成形以后,疮口破裂,脓血便不由自主地从伤口流出;又如水罐盛得过满〔向罐中继续倒水,以至水溢出〕,水便不由自主地从罐中流出。同样,积聚在旧食处与尿处的大小便,受到风界〔心生风界或四因所生风界〕推动之力的逼迫,即使不由意愿,也会排出。排出的大小便既已被舍弃,对该比丘而言就不再是自己的财物。
တစ်စုံတစ်ယောက်သောသူအား စွန့်လွှတ်အပ်သည် မဟုတ်သောကြောင့်လည်းကောင်း၊ ရွံရှာ စက်ဆုပ်ဖွယ် သဘောသာ ရှိသောကြောင့်လည်းကောင်း သူတစ်ပါး၏ ဥစ္စာလည်း မဟုတ်။ သက်သက်သော ခန္ဓာကိုယ်ကြောင့် ဖြစ်ပေါ်လာရသော ခန္ဓာအိမ်၏ အကျိုးဆက် သက်သက်သာ ဖြစ်၏။ အဘယ်ကဲ့သို့နည်းဟူမူ --- ရေကျည် တောက် ရေဗူး စသည်မှ ရေဟောင်းကို စွန့်ပစ်သောသူအား ထိုရေဟောင်းသည် စွန့်ပစ်သော မိမိ၏ ဥစ္စာလည်း မဟုတ်၊ သူတစ်ပါးတို့၏ ဥစ္စာလည်း မဟုတ်၊ ဗူး၏ စင်ကြယ်ခြင်း သက်သက်မျှသည်သာလျှင် ဖြစ်သကဲ့သို့ တည်း။ --- ဤသို့ ဖြစ်ခြင်းကို ဆင်ခြင်တတ်သော ဉာဏ်၏ အစွမ်းဖြင့် ဤကျင်ကြီး ကျင်ငယ် စွန့်ရာ၌ အသ- မ္မောဟသမ္ပဇဥ်ဉာဏ်ကို သိရှိပါလေ။ (အဘိ-ဋ္ဌ-၂-၃၄၇။ မ-ဋ္ဌ-၁-၂၇၃။)
它既不是交付给任何人的东西,又只有可厌、可恶的性质,因此也不是他人的财物;它只是由身体形成、只是这具身躯的后果而已。譬如有人从竹筒、水瓶等容器中倒掉旧水,那旧水既不是倒水者自己的财物,也不是他人的财物;发生的只是容器得到清净。同样,能够这样省察之智,应知就是大小便利时的不痴正知智。(《殊胜义注》2-347;《中部义注》1-273。)

本页是帕奥禅师缅文「五大册」第二册(趣向涅槃之道·第二册,书名暂定)的现代汉语全译本,非缩略版、非节译;译者 Dhammesanā。与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。