最近的过去
《趣向涅槃之道》中文全译本 · 非缩略版
非色把握章 · 原书第 21–22 页 · 14 个翻译单元
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书第 21 页
အနီးကပ်ဆုံးသော အတိတ်
最近过去
ဤအရာဝယ် အတိတ်ရှုမှုနှင့် ပတ်သက်၍ အနည်းငယ် ရှင်းလင်း တင်ပြအပ်ပါသည်။
这里对观照过去略作说明。
၁။ ဤ၌ အရှုခံ နာမ်တရားတို့မှာ သမာပတ် (၈)ပါး အတွင်း၌ တည်ရှိကြသော စျာနဓမ္မ အမည်ရသည့် နာမ်တရားစုတို့ ဖြစ်ကြ၏။
1. 此处作为所观的名法,是存在于八种等至中的禅那名法。
၂။ ရှုတတ်သော ဉာဏ်မှာ ---- သဗ္ဗောပိ ပနေသ ပဘေဒေါ မနောဒွါရိကဇဝနေယေဝ လဗ္ဘတိ။ (အဘိ-ဋ္ဌ-၂-၃၈၈။) ဤအထက်ပါ သမ္မောဟဝိနောဒနီ အဋ္ဌကထာ ဉာဏဝိဘင်း၏ ဖွင့်ဆိုချက်အရ ---- (က) ပုထုဇန်နှင့် သေက္ခအရိယာသူတော်ကောင်းတို့၏ သန္တာန်၌ မဟာကုသိုလ် မနောဒွါရိက ဇောဝီထိ
所有这些类别,只能在意门速行中获得。(《迷惑冰消》2-388。)依上述《迷惑冰消》〈智分别〉的解释:(a)在凡夫与有学圣者的相续中,是大善意门速行心路——
စိတ်အစဥ်ဖြစ်၍
——心相续;
( ခ ) ရဟန္တာအရှင်မြတ်တို့၏သန္တာန်၌ မဟာကြိယာ မနောဒွါရိက ဇောဝီထိစိတ်အစဥ်များ ဖြစ်ကြ၏။
(b)在诸阿罗汉的相续中,则是大唯作意门速行心路心相续。
အရှုခံ နာမ်တရားတို့မှာ စျာနသမာပတ်တရားတို့ ဖြစ်ခြင်းကြောင့် မဟဂ္ဂုတ်တရားတို့ ဖြစ်ကြ၏၊ ရှုတတ်သော ဝိပဿနာဉာဏ်မှာ မဟာကုသိုလ် (မဟာကြိယာ) ဖြစ်၍ ကာမာဝစရတရားများ ဖြစ်ကြ၏။ မဟဂ္ဂုတ်တရားနှင့် ကာမာဝစရတရားတို့သည် တစ်နည်းဆိုရသော် မဟဂ္ဂုတ်ဇောနှင့် ကာမဇောတို့သည် စိတ္တက္ခဏတစ်ခု အတွင်း၌ လည်း အတူယှဥ်တွဲ၍ ဖြစ်နိုင်သည့် စွမ်းအား မရှိကြပေ။ (မဂ္ဂဝီထိကလွဲလျှင်) အာဝဇ္ဇန်းတစ်ခုသာ ရှိသည့် ဇောဝီထိစိတ်တစ်ခု အတွင်း၌လည်း မတူကွဲပြားသော အာရုံတို့ကို အသီးအသီး အာရုံပြု၍ အတူယှဥ်တွဲ ဖြစ်နိုင် သည့် စွမ်းအားလည်း မရှိကြပေ။ အာရုံချင်း မတူညီသောကြောင့် ဖြစ်၏။
作为所观的名法是禅那等至法,所以属于广大法;能观的观智属于大善(或大唯作),所以属于欲界法。广大法与欲界法——换句话说,广大速行与欲界速行——不能在同一心刹那共同生起。除道心路外,在仅有一个转向心的同一速行心路中,它们也不能各自取不同所缘而共同生起;因为两者的所缘不同。
ဤ၌ စျာနဓမ္မ အမည်ရသည့် မဟဂ္ဂုတ်တရားတို့ကား ကသိုဏ်းပဋိဘာဂနိမိတ်၊ အာနာပါနပဋိဘာဂနိမိတ် စသော နိမိတ်တို့ကို အာရုံပြုကြ၏။ ဝိပဿနာဇောတို့ကား ယင်းသမာပတ်တို့၏ အတွင်း၌ တည်ရှိကြသော စျာနဓမ္မနာမ်တရားစုတို့ကို အာရုံပြုကြ၏။ ဝီထိတစ်ခုအတွင်း၌လည်း အာဝဇ္ဇန်း (= အာရုံကို ဆင်ခြင်သော စိတ်) သည် တစ်မျိုးသာ ရှိ၏။ တစ်ခုတည်းသော အာဝဇ္ဇန်းက ---- ၁။ ကသိုဏ်းပဋိဘာဂနိမိတ် သို့မဟုတ် အာနာပါနပဋိဘာဂနိမိတ် စသော နိမိတ်ကိုလည်းကောင်း၊ ၂။ ယင်း နိမိတ်တို့ကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော စျာနဓမ္မ နာမ်တရားစုတို့ကိုလည်းကောင်း ---- ဤ (၂) မျိုးလုံးကို တစ်ပြိုင်နက်တည်း အာရုံမပြုနိုင်၊ ဇောတို့ မည်သည် အာဝဇ္ဇန်းနှင့် ကင်း၍ ဖြစ်သည့် ထုံးမှာ နိရောဓသမာပတ်မှ အထ၌သာ ရှိ၏။ ကျန်ဌာနတို့၌ အာဝဇ္ဇန်းနှင့် ကင်း၍ ဖြစ်ရိုးဓမ္မတာ မရှိကြပေ။
这里,称为禅那法的广大法取遍似相、入出息似相等相为所缘;观速行则取等至中的禅那名法为所缘。一条心路中只有一个转向心。一个转向心不能同时取这两类所缘:1. 遍似相、入出息似相等相;2. 以这些相为所缘而生起的禅那名法。除从灭尽等至出定这一特殊情形外,速行不会离开转向心而生起;在其他场合,速行依定则不能没有转向心而生起。
သို့အတွက် အထက်တွင် ဥပရိပဏ္ဏာသအဋ္ဌကထာက ရှင်းပြသည့်အတိုင်း ---- ၁။ အရှုခံ နာမ်တရားနှင့် ၂။ ရှုတတ်သည့် နာမ်တရားတို့မှာ
因此,正如上文《中部·后五十篇义注》所解释的:1. 作为所观的名法;2. 作为能观的名法——
原书第 22 页
စိတ္တက္ခဏ တစ်ခုအတွင်း သို့မဟုတ် ဇောဝီထိစဥ် တစ်ခု အတွင်း၌ ပြိုင်တူဖြစ်ကြသော တရားတို့ မဟုတ် ကြပေ။ စျာနသမာပတ္တိဝီထိတစ်ခု အတွင်း၌ ပရိကံ ဥပစာ အနုလုံ ဂေါတြဘု အမည်ရသော ကာမဇောများနောင် ပထမစျာန်ဇောစသော မဟဂ္ဂုတ်တရားများ ဖြစ်ကြသည်ကား မှန်၏။ သို့သော် ယင်းစျာနသမာပတ္တိဝီထိ တစ်ခု အတွင်း၌ တည်ရှိကြသော ကာမဇောနှင့် မဟဂ္ဂုတ်ဇောတို့ကား ကသိုဏ်းပညတ်စသော တူညီသော သမထနိမိတ် ကိုသာ အာရုံပြုကြပေသည်။ အာရုံကွဲပြားမှု မရှိပေ။
——并不在同一心刹那或同一速行心路中同时生起。在一条禅那等至心路中,遍作、近行、随顺、种姓等欲界速行之后,确实会生起初禅速行等广大法。然而,同一禅那等至心路中的欲界速行与广大速行,都只取遍业处概念等同一个止禅之相为所缘,所缘并无不同。
သို့အတွက် ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်ကြကုန်သော စျာနသမာပတ်တရားများ ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှား ဖြစ်နေချိန်၌ ရှုတတ်သော ဝိပဿနာဉာဏ် ပြဓာန်းသော မဟာကုသိုလ် မနောဒွါရိကဇော ဝီထိစိတ်အစဥ်များသည် ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှားမဖြစ်ကြသေးကုန်။ ရှုတတ်သော ဝိပဿနာဉာဏ် ပြဓာန်းသော မဟာကုသိုလ်မနောဒွါရိက ဇောဝီထိစိတ်အစဥ်များသည် ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှား ဖြစ်ပေါ်လာသော အချိန်အခါ၌လည်း အရှုခံ နာမ်တရားများ ဖြစ်ကြသည့် စျာနဓမ္မ = စျာနသမာပတ် နာမ်တရားစု တို့သည် ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှားမရှိကြတော့ပြီ ဖြစ်ကုန်၏။ သို့အတွက် ဘုရားရှင်က ----
因此,当作为观智所缘的禅那等至法正以生—住—灭的方式显现时,以能观之观智为主的大善意门速行心路,还没有以生—住—灭的方式显现。反过来,当以能观之观智为主的大善意门速行心路正以生—住—灭的方式显现时,作为所观名法的禅那法——即禅那等至名法——已经不再以生—住—灭的方式存在。因此,世尊说:
သော တာယ သမာပတ္တိယာ သတော ဝုဋ္ဌဟတိ၊ သော တာယ သမာပတ္တိယာ သတော ဝုဋ္ဌဟိတွာ
他具念地从该等至出定;具念地从该等至出定后——
ယေ ဓမ္မာ အတီတာ နိရုဒ္ဓါ ဝိပရိဏတာ၊ တေ ဓမ္မေ သမနုပဿတိ '' ဧဝံ ကိရမေ ဓမ္မာ အဟုတွာ သမ္ဘောန္တိ၊ ဟုတွာ ပဋိဝေန္တီ''တိ။ (မ-၃-၇၈။) = ထိုသာရိပုတြာသည် ထိုနေဝသညာနာသညာယတန သမာပတ်မှ သတိ ပညာနှင့် ပြည့်စုံ၍ ထ၏။ ထို သာရိပုတြာသည် ထိုနေဝသညာနာသညာယတနသမာပတ်မှ သတိ ပညာနှင့် ပြည့်စုံ၍ ထပြီးလျှင် လွန်ကုန်ပြီး ချုပ်ကုန်ပြီး ဖောက်ပြန်ကုန်ပြီးသော (၃၁)မျိုးကုန်သော နေဝသညာနာသညာယတန စျာနဓမ္မတရားစုတို့ကို ''ဤသို့လျှင် ဤစျာနဓမ္မ တရားစုတို့သည် ရှေးက ထင်ရှား မရှိကြကုန်ဘဲ ယခုမှ ရုတ်ချည်း အသစ် ဖြစ်ပေါ် လာကြကုန်၏၊ ဖြစ်ပြီးလျှင် ရုတ်ချည်း ချုပ်ပျက်ကုန်၏''ဟု ယင်း (၃၁)မျိုးကုန်သော စျာနဓမ္မတရားစုတို့ကို ပေါင်းစုခြုံငုံလျက် အပေါင်းအစုအားဖြင့် (= ကလာပသမ္မသနနည်း အားဖြင့်) ဝိပဿနာ ရှု၏။ ---- ဤသို့ စသည်ဖြင့် ဘုရားရှင်ဟောကြားတော်မူခြင်းဖြစ်ပေသည်။ ဤသည်မှာ အနီးကပ်ဆုံးသော ချုပ်ပျက်
——他随观那些已经过去、灭尽、变异的法:“这些法确实本来没有而生起,生起之后便坏灭。”(《中部》3-78。)也就是说,舍利弗具足念与慧,从非想非非想处等至出定。具足念与慧出定之后,他把已经过去、灭尽、变异的三十一种非想非非想处禅法汇集、总摄为一整体,依聚思惟的方法观照:“这些禅那法先前并未显现,如今突然新生;生起之后,又立即坏灭。”世尊作了如上开示。这就说明,能够以观智观照最近才——
ကုန်ပြီးသော အတိတ်တရားစုတို့ကို ဝိပဿနာဉာဏ်ဖြင့် ရှု၍ ရနိုင်သည့် ကျောက်စာတိုင်ကဲ့သို့ လှုပ်ရှား၍ မရ နိုင်လောက်အောင် မြဲခိုင်လှသည့် ရှေးဟောင်းထုံးကြီးတစ်ရပ် ဥပဒေသတစ်ရပ်ပင် ဖြစ်ပေသည်။ ကျောက်ထီး တန္တု အလေးဂရုပြုထိုက်သည့် ဘုရားဟော ဗုဒ္ဓပါဝစနကြီးပင် ဖြစ်ပေသည်။
——灭尽的过去法。这是一项如石柱般坚定不移的古老典范,也是一项教诫;它正是值得郑重尊重的佛陀教言。