门与所缘
《趣向涅槃之道》中文全译本 · 非缩略版
非色把握章 · 原书第 33–35 页 · 17 个翻译单元
本页并入了原书的相邻小节:所缘在二门显现与速行生起。
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书第 33 页
ဒွါရ နှင့် အာရုံ
门与所缘
တတ္ထ ဧကေကံ အာရမ္မဏံ ဒွီသု ဒွီသု ဒွါရေသု အာပါထမာဂစ္ဆတိ။ ရူပါရမ္မဏဥှိ စက္ခုပသာဒံ ဃဋ္ဋေတွာ တင်္ခဏညေဝ မနောဒွါရေ အာပါထမာဂစ္ဆတိ၊ ဘဝင်္ဂစလနဿ ပစ္စယော ဟောတီတိ အတ္ထော။ သဒ္ဒ-ဂန္ဓ-ရသ
巴利义注引文(缅文转写,跨页上段):“တတ္ထ ဧကေကံ အာရမ္မဏံ ဒွီသု ဒွီသု ဒွါရေသု အာပါထမာဂစ္ဆတိ။ ရူပါရမ္မဏဥှိ စက္ခုပသာဒံ ဃဋ္ဋေတွာ တင်္ခဏညေဝ မနောဒွါရေ အာပါထမာဂစ္ဆတိ၊ ဘဝင်္ဂစလနဿ ပစ္စယော ဟောတီတိ အတ္ထော။ သဒ္ဒ-ဂန္ဓ-ရသ”译:“在这里,每一种所缘都来到两个门的范围。色所缘撞击眼净色时,同时来到意门的范围,成为有分波动之缘;这就是其义。声、香、味——”
原书第 34 页
ဖောဋ္ဌဗ္ဗာရမ္မဏေသုပိ ဧသေဝ နယော။ ယထာ ဟိ သကုဏော အာကာသေနာဂန္တွာ ရုက္ခဂ္ဂေ နီလိယမာနောဝ ရုက္ခသာခဉ္စ ဃဋ္ဋေတိ၊ ဆာယာ စဿ ပထဝိယံ ပဋိဟညတိ၊ သာခါဃဋ္ဋနဆာယာဖရဏာနိ အပုဗ္ဗံ အစရိမံ ဧကက္ခဏေယေဝ ဘဝန္တိ။ ဧဝံ ပစ္စုပ္ပန္နရူပါဒီနံ စက္ခုပသာဒါဒိဃဋ္ဋနဉ္စ ဘဝင်္ဂစလနသမတ္ထတာယ မနောဒွါရေ အာပါထဂမနဉ္စ အပုဗ္ဗံ အစရိမံ ဧကက္ခဏေယေဝ ဟောတိ။ တတော ဘဝင်္ဂံ ဝိစ္ဆိန္ဒိတွာ စက္ခုဒွါရာဒီသု ဥပ္ပန္နာနံ အာဝဇ္ဇနာဒီနံ ဝေါဋ္ဌဗ္ဗနပရိယောသာနာနံ အနန္တရာ တေသံ အာရမ္မဏာနံ အညတရသ္မိံ ဣဒံ မဟာစိတ္တံ ဥပ္ပဇ္ဇတိ။
“——以及触所缘,也同此理。譬如鸟从空中飞来,落在树梢时,既碰触树枝,它的影子也投在地上;碰触树枝与影子铺落并无先后,在同一刹那发生。同样,现在的色等所缘撞击眼净色等,同时也凭借使有分波动的能力来到意门的范围;二者无先无后,在同一刹那发生。此后,有分被截断;在眼门等处生起的转向等心直到确定为止,其无间之后,这一大心即在那些所缘中的某一种上生起。”
(အဘိ-ဋ္ဌ-၁-၁၁၄။)
(《殊胜义注》1-114。)
ဤ အထက်ပါ အဋ္ဌကထာ၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။
上述义注文的意思如下。
ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံ ဟူသော အာရုံ (၅)မျိုးတို့တွင် အာရုံ တစ်မျိုး တစ်မျိုးသည် ဒွါရ နှစ်ခု နှစ်ခုတို့၌ ပြိုင်တူထင်လာ၏။ ဘဝင်လှုပ်ခြင်း၏ အကြောင်းတရား ဖြစ်သည်ဟု ဆိုလို၏။
色所缘、声所缘、香所缘、味所缘、触所缘这五种所缘,每一种都会同时显现在两个门中;意思是,它也成为有分波动之因。
၁။ ရူပါရုံသည် စက္ခုအကြည်ဓာတ် စက္ခုဒွါရကို ရိုက်ခတ်ပြီး၍ ထိုခဏ၌ပင်လျှင် ဘဝင်မနောအကြည်ဓာတ် = မနောဒွါရ၌ ထင်လာ၏ (= ရှေးရှု ကျရောက်လာ၏။) ၂။ သဒ္ဒါရုံသည် သောတဒွါရကို ရိုက်ခတ်ပြီး၍ ထိုခဏ၌ပင်လျှင် မနောဒွါရ၌ ထင်လာ၏။
1.色所缘撞击眼净色——即眼门——时,也在同一刹那显现于有分意净界,即意门(也就是来到其范围)。2.声所缘撞击耳门时,也在同一刹那显现于意门。
၃။ ဂန္ဓာရုံသည် ဃာနဒွါရကို ရိုက်ခတ်ပြီး၍ ထိုခဏ၌ပင်လျှင် မနောဒွါရ၌ ထင်လာ၏။
3.香所缘撞击鼻门时,也在同一刹那显现于意门。
၄။ ရသာရုံသည် ဇိဝှါဒွါရကို ရိုက်ခတ်ပြီး၍ ထိုခဏ၌ပင်လျှင် မနောဒွါရ၌ ထင်လာ၏။
4.味所缘撞击舌门时,也在同一刹那显现于意门。
၅။ ဖောဋ္ဌဗ္ဗာရုံသည် ကာယဒွါရကို ရိုက်ခတ်ပြီး၍ ထိုခဏ၌ပင်လျှင် မနောဒွါရ၌ ထင်လာ၏။ ဘဝင်လှုပ်ခြင်း၏ အကြောင်းတရား ဖြစ်သည်ဟု ဆိုလို၏။
5.触所缘撞击身门时,也在同一刹那显现于意门;意思是,它成为有分波动之因。
လောကဥပမာအားဖြင့် ဆိုရသော် ---- ငှက်တစ်ကောင်သည် ကောင်းကင်ခရီးဖြင့် လာလတ်၍ သစ်ပင်ဖျား ၌ နားသည် ဆိုကြပါစို့။ ငှက်၏ သစ်ပင်ဖျား၌ နားစဥ် အချိန်ကာလ အတွင်းမှာပင်လျှင် သစ်ကိုင်းကိုလည်း ထိခိုက်မိ ရိုက်ခတ်မိ၏၊ ထိုငှက်၏ အရိပ်သည်လည်း မြေကြီး၌ ထင်၏၊ သစ်ခက်ကို ထိခိုက်မိခြင်း အရိပ်၏ မြေ ကြီးပေါ်၌ ပြန်နှံ့ခြင်းတို့သည် မရှေးမနှောင်း တစ်ခုတည်းသော အချိန်ကာလ ခဏအတွင်းမှာပင်လျှင် ဖြစ်ပေါ် လာကြကုန်၏။ ဤဥပမာအတူပင်လျှင် ပစ္စုပ္ပန် ရူပါရုံ စသည်တို့၏ စက္ခုပသာဒ စသည့် ဆိုင်ရာ အကြည်ဓာတ် တို့ကို ထိခိုက်ခြင်းသည်လည်းကောင်း ဘဝင်လှုပ်ခြင်းငှာ စွမ်းနိုင်သည်၏ အဖြစ်ဖြင့် မနောဒွါရ (= ဘဝင်မနော အကြည်ဓာတ်)၌ ထင်လာခြင်း ရှေးရှုကျရောက်လာခြင်းသည်လည်းကောင်း မရှေးမနှောင်း တစ်ခုတည်းသော အချိန်ကာလခဏ အတွင်းမှာပင်လျှင် ဖြစ်ပေါ်၍လာ၏။ ထိုနောင် ဘဝင်ရပ်၍ ရူပါရုံ စသည်ကို ဆင်ခြင်တတ်
以世间譬喻来说:假设一只鸟从空中飞来,落在树梢。就在鸟落上树梢的同一时段,它既碰触、撞击树枝,鸟影也投在地上;碰触树枝与影子铺落地面,并无先后,而在同一刹那发生。同样,现在的色所缘等撞击眼净色等相应净色,以及它们凭借使有分波动的能力显现于意门——即有分意净界——并无先后,也在同一刹那发生。此后,有分停止,能够审察色所缘等的——
သော အာဝဇ္ဇန်း အစရှိသော စက္ခုဒွါရဝီထိ စသည့် ဝီထိစိတ်အစဥ်တို့သည် ထိုက်သလို ဖြစ်ပေါ်လာကြကုန်၏။
——转向心等眼门心路及其余相应心路,便依各自情形生起。
(အဘိ-ဋ္ဌ-၁-၁၁၄။)
(《殊胜义注》1-114。)
၆။ သုဒ္ဓမနောဒွါရ၌ကား ပသာဒ (= အကြည်ဓာတ်)တို့၏ ထိခိုက်မှု လုပ်ငန်းကိစ္စကား မရှိကြတော့ပေ။ ဓမ္မာရုံ အမည်ရသော တရားစုတို့သည် မနောဒွါရ (= ဘဝင်မနောအကြည်ဓာတ်)၌ ထင်လာကြကုန်၏။
6.至于纯意门,则不再有撞击净色的作用;称为法所缘的一组法直接显现于意门,即有分意净界。
ဒွါရနှစ်ပါး၌ ထင်ပုံ - ဇောဖြစ်ပုံ
所缘在二门显现与速行生起
ဧဝံ ဧကေကာရမ္မဏံ ဇဝနံ ဒွီသု ဒွီသု ဒွါရေသု ဥပ္ပဇ္ဇတီတိ ဝေဒိတဗ္ဗံ။ ရူပါရမ္မဏဥှိ ဇဝနံ စက္ခုဒွါရေပိ ဥပ္ပဇ္ဇတိ မနောဒွါရေပိ။ သဒ္ဒါဒိအာရမ္မဏေသုပိ ဧသေဝ နယော။ (အဘိ-ဋ္ဌ-၁-၁၁၆။) ဤ ဆိုအပ်ခဲ့ပြီးသည့်အတိုင်း ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံဟူသော အာရုံ (၅)မျိုးတို့တွင် တစ်မျိုး တစ်မျိုးသော အာရုံသည် ဒွါရ နှစ်မျိုး နှစ်မျိုးတို့၌ ဖြစ်၏ဟု သိရှိပါလေ။ မှန်ပေသည် ---- ရူပါရုံကို
“应知:如此,每一所缘的速行都会在两个门中生起。取色所缘的速行既在眼门生起,也在意门生起;对声等所缘,也是同理。”(《殊胜义注》1-116。)如前所说,在色所缘、声所缘、香所缘、味所缘、触所缘这五种所缘中,每一种所缘都显现在两个门中。确实,取色所缘而——
原书第 35 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- အရူပပရိဂ္ဂဟ အခန်း အာရုံပြု၍ ဖြစ်ပေါ်လာသော ဇောစိတ်အစဥ်သည် စက္ခုဒွါရ၌လည်းဖြစ်၏၊ မနောဒွါရ၌လည်း ဖြစ်၏။ သဒ္ဒါရုံ စသော အာရုံတို့၌လည်း နည်းတူပင် မှတ်ပါ။ 〔ဒွါရနှစ်မျိုးတို့၌ ရူပါရုံစသည့် ပဉ္စာရုံတို့ ထင်လာသောအခါ စက္ခု ဝိညာဏ် စသော ပဉ္စဝိညာဏ်သည်လည်းကောင်း၊ ပဉ္စဒွါရာဝဇ္ဇန်း စသော မနောဝိညာဏ်သည်လည်းကောင်း ဝီထိစဥ်အတိုင်းသာ ဖြစ်ရိုးဓမ္မတာ ရှိ၏။ ထိုကြောင့် ပဉ္စဝိညာဏ်က ထိုအာရုံကို ယူနိုင်လောက်အောင် စက္ခုဒွါရ စသော ပဉ္စဒွါရတွင် တစ်ပါးပါး၌လည်းကောင်း၊ မနောဝိညာဏ်က ထိုအာရုံကို ယူနိုင်လောက်အောင် ဘဝင် ဟူသော မနောဒွါရ၌လည်းကောင်း ဤသို့ ဒွါရ နှစ်ခု နှစ်ခု၌ ထင်ရသည်။〕
——生起的速行心相续,既在眼门生起,也在意门生起;对于声所缘等,也应作同样理解。〔当色所缘等五所缘显现在两个门中时,眼识等五识,以及五门转向等意识,都只会依心路次第生起。因此,每一种五所缘都必须显现在两门:一方面显现在眼门等五门之一,使五识能够取该所缘;另一方面显现在有分这一意门,使意识能够取该所缘。〕