摄取五门不善速行心路名法的方法

《趣向涅槃之道》中文全译本 · 非缩略版

非色把握章 · 原书第 246–257 页 · 116 个翻译单元

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 246 页
ပဉ္စဒွါရ အကုသိုလ်ဇောဝီထိ နာမ်တရားများကို သိမ်းဆည်းပုံ
摄取五门不善速行心路名法的方法
ရူပါရုံ အရောင်လိုင်း မကောင်းအုပ်စု ရှုပုံအပိုင်း
色所缘(颜色)线——不善组观修部分
တတ္ထ ပဉ္စဒွါရာဝဇ္ဇန စက္ခုဝိညာဏ သမ္ပဋိစ္ဆန သန္တီရဏ ဝေါဋ္ဌဗ္ဗန ကာမာဝစရဇဝန တဒါရမ္မဏဝသေန ဆစတ္တာလီသ စိတ္တာနိ စက္ခုဒွါရေ ယထာရဟံ ဥပ္ပဇ္ဇန္တိ။ (အဘိဓမ္မတ္ထသင်္ဂဟ-ဒွါရသင်္ဂဟ။) ဤအထက်ပါ သင်္ဂဟအဋ္ဌကထာ၌ စက္ခုဒွါရဝီထိစသော ပဉ္စဒွါရဝီထိတို့၌ ကာမဇော (၂၉)မျိုးလုံး စောနိုင် ကြောင်းကို ဖွင့်ဆိုလျက်ရှိ၏။ ထိုကာမဇော (၂၉)မျိုးတို့တွင် တိဟိတ်ပုထုဇန်အဆင့်တွင် တည်ရှိနေသေးသော အသင်ယောဂါဝစရပုဂ္ဂိုလ်သူမြတ်၏ သန္တာန်ဝယ် အကုသိုလ်ဇော (၁၂)မျိုးနှင့် မဟာကုသိုလ်ဇော (၈)မျိုးတို့သာ ထိုက်သလို စောခွင့်ရှိပေသည်။ ထိုတွင် မဟာကုသိုလ်ဇောများ ပါဝင်သော ပဉ္စဒွါရဝီထိများနှင့် မနောဒွါရဝီထိ တို့၏ အတွင်း၌ ပါဝင်တည်ရှိကြသော နာမ်တရားစုတို့ကို သိမ်းဆည်းရှုပွားပုံကို အထက်တွင် ဖော်ပြခဲ့ပြီး ဖြစ်ပေ သည်။ ယခုအခါတွင် အကုသိုလ်ဇောများ ပါဝင်သည့် ပဉ္စဒွါရဝီထိများနှင့် မနောဒွါရဝီထိတို့၏ အတွင်း၌ ပါဝင်
“在这里,依五门转向、眼识、领受、推度、确定、欲界速行与彼所缘,在眼门中随其所应生起四十六种心。”上述《摄阿毗达磨义论》说明,在眼门心路等五门心路中,二十九种欲界速行都可能生起。在这二十九种欲界速行中,于仍处在三因凡夫阶段的瑜伽行者相续里,只有十二种不善速行和八种大善速行能够随其所应生起。其中,如何摄取、观修含有大善速行的五门心路与意门心路内的诸名法组,前文已经说明。现在继续说明如何摄取、观修含有不善速行的五门心路与意门心路内所存在的
တည်ရှိကြသော နာမ်တရားစုတို့ကို သိမ်းဆည်း ရှုပွားပုံစနစ်ကို ဆက်လက်၍ ဖော်ပြအပ်ပါသည်။
诸名法组的方法。
မိစ္ဆာဒိဋ္ဌိ အကုသိုလ်ဇော စောရခြင်း၏ အကြောင်းတရားများ
邪见相应不善速行生起的诸因
တတ္ထ အသဒ္ဓမ္မသဝနံ၊ အကလျာဏမိတ္တတာ၊ အရိယာနံ အဒဿနကာမတာဒီနိ အယောနိသော မနသိ- ကာရောတိ ဧဝမာဒီဟိ ကာရဏေဟိ ဣမဿ ဒိဋ္ဌိဂတသင်္ခါတဿ မိစ္ဆာဒဿနဿ ဥပ္ပတ္တိ ဝေဒိတဗ္ဗာ။ ယေ ဟိ ဧတေ ဒိဋ္ဌိဝါဒပဋိသံယုတ္တာ အသဒ္ဓမ္မာ တေသံ ဗဟုမာနပုဗ္ဗင်္ဂမေန အတိက္ကန္တမဇ္ဈတ္တေန ဥပပရိက္ခာရဟိတေန သဝနေန၊ ယေ စ ဒိဋ္ဌိဝိပန္နာ အကလျာဏမိတ္တာ တံသမ္ပဝင်္ကတာသင်္ခါတာယ အကလျာဏမိတ္တတာယ၊ ဗုဒ္ဓါဒီနံ အရိယာနဉ္စေဝ သပ္ပုရိသာနဉ္စ အဒဿနကာမတာယ စတုသတိပဋ္ဌာနာဒိဘေဒေ အရိယဓမ္မေ အကောဝိဒတ္တေန ပါတိမောက္ခသံဝရဣန္ဒြိယသံဝရသတိသံဝရဉာဏသံဝရပဟာနသံဝရပ္ပဘေဒေ အရိယဓမ္မေ စေဝ သပ္ပုရိသဓမ္မေ စ သံဝရဘေဒသင်္ခါတေန အဝိနယေန တေဟေဝ ကာရဏေဟိ ပရိဘာဝိတေန အယောနိသော မနသိကာရေန ကောတူဟလမင်္ဂလာဒိပသုတတာယ စ ဧတံ ဥပ္ပဇ္ဇတီတိ ဝေဒိတဗ္ဗံ။ (အဘိ-ဋ္ဌ-၁-၂၉ဝ။) အယူမှားခြင်း မိစ္ဆာဒိဋ္ဌိနှင့် ယှဥ်သည့် အကုသိုလ်တရားများ ဖြစ်ပေါ်လာရာ၌ ---
“在这里,应知:由于听闻非正法、亲近恶友、不欲见诸圣者以及不如理作意等因,便会生起这称为见执的错误见解。具体而言:以高度尊崇为先导、不能保持中正且不加审察地听闻与见论相连的非正法;所谓亲近恶友,即倾向那些正见已经败坏的恶友;不欲见佛陀等圣者及善士;不熟悉四念处等类别的圣法;在由别解脱律仪、根律仪、念律仪、智律仪和断律仪这五种律仪所区分的圣法及善士法中,缺乏律仪而造成律仪破坏;由上述诸因熏成的不如理作意;以及耽于奇异吉祥等——应知,这一邪见由此生起。”(《殊胜义注》第一册,第290页。)当与错误见解——邪见——相应的不善法生起时——
၁။ သဒ္ဓမ္မသုံးဖြာ သာသနာတွင်းတရား မဟုတ်သော မိစ္ဆာအယူမှားရှိသူ မသူတော်တို့၏ တရားကို ကြားနာ ရခြင်း၊ ၂။ သူတော်မဟုတ် သူယုတ်မာ မသူတော်တို့နှင့် ပေါင်းသင်းမိခြင်း၊ ၃။ ဘုရား အစရှိသော အရိယာသူတော်ကောင်းတို့ကို မဖူးတွေ့လိုခြင်း၊ စသော အကြောင်းတရားများ ၄။ အယောနိသောမနသိကာရ = အာရုံကို နည်းမှန် လမ်းမှန် နှလုံးမသွင်းတတ်ဘဲ နည်းမှား လမ်းမှား နှလုံး- သွင်းခြင်း - ဤသို့စသော အကြောင်းတရားတို့ကြောင့် ပုဂ္ဂိုလ်တစ်ဦး၏ သန္တာန်ဝယ် ဒိဋ္ဌိဂတဟု ခေါ်ဆိုအပ်သော မိစ္ဆာဒဿန = အမြင်မှား မိစ္ဆာအယူ၏ ဖြစ်ပေါ်လာခြင်းကို သိရှိပါလေ။
其因包括:1.听闻那些不属于教内三种正法、持有错误邪见的恶人之法;2.与不善、卑劣的恶人交往;3.不愿谒见佛陀等圣者善士;4.不如理作意——不会以正确方法、正确途径对所缘作意,反而以错误方法、错误途径作意。应知:由于这些因缘,个人相续中便会生起称为“见执”的错误见解、邪见。
原书第 247 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- အရူပပရိဂ္ဂဟ အခန်း ၁။ အသဒ္ဓမ္မသဝန --- သမ္မာသမ္ဗုဒ္ဓဘုရားရှင်၏ သာသနာတော်တွင်း၌ ပရိယတ္တိသဒ္ဓမ္မ၊ ပဋိပတ္တိသဒ္ဓမ္မ၊ ပဋိ- ဝေဓသဒ္ဓမ္မဟူသော သဒ္ဓမ္မသုံးဖြာ အဆုံးအမသာသနာတော်သည် တည်ရှိ၏။ သာသနာပ၌ကား မှားယွင်းသော မိစ္ဆာအယူဝါဒနှင့် စပ်ယှဥ်ကုန်သော အသဒ္ဓမ္မ အမည်ရသည့် ဘုရားရှင်၏ သဒ္ဓမ္မသုံးဖြာ သာသနာနှင့် ထိပ်တိုက် ဆန့်ကျင်ဘက်ဖြစ်ကြကုန်သော မသူတော်တရားတို့သည် ထင်ရှားရှိကြကုန်၏။ ယင်းအသဒ္ဓမ္မ = မသူတော်တရား တို့ကို များစွာမြတ်နိုးခြင်း ရှေ့သွားရှိသော၊ ယင်းမသူတော်တရားတို့ကို လျစ်လျူရှုမထားနိုင်ဘဲ လျစ်လျူရှုခြင်း ကို လွန်နေသော၊ စူးစမ်းဆင်ခြင်ခြင်းမှ ကင်းသော စိတ်ထားဖြင့် ကြားနာခြင်းကြောင့်လည်းကောင်း --- ၂။ အကလျာဏမိတ္တတာ --- မှန်ကန်သော သမ္မာဒိဋ္ဌိအယူဝါဒ ပျက်ပြားလျက် ပျက်စီးသော အယူဝါဒ ရှိကြ ကုန်သော၊ ကလျာဏမိတ္တ = မိတ်ကောင်း ဆွေကောင်း မဟုတ်ကြသည့် မိတ်ဆွေတို့သည် လောကဝယ် ရှိကြ
1.听闻非正法——在正等正觉佛陀的教法中,存在教理正法、行道正法、证悟正法这三种正法教诫。教法之外,则显然存在与错误邪见相连、称为“非正法”的恶人之法;它们与佛陀的三种正法教诫正相反。若先对这些非正法、恶人之法高度尊崇,不能对它们保持中正而有所偏执,又以不加审察思惟的心态听闻,便构成一项因缘。2.亲近恶友——世间有些朋友的正确正见已经败坏,所持见解也已腐坏,他们并非善友
ကုန်၏။ ထို အကလျာဏမိတ္တ = မသူတော်တို့အပေါ်၌ အထင်ကြီးလျက် ''သူပြောလျှင် ဟုတ်၏၊ သူလုပ်တာ မှန်၏။'' --- စသည်ဖြင့် ညွတ်ကိုင်းရှိုင်းသော စိတ်ဓာတ်ဖြင့် ယင်း အကလျာဏမိတ္တ = မသူတော်တို့ကို မိတ်ဆွေ အဖြစ် မှီဝဲဆည်းကပ်ခြင်းကြောင့်လည်းကောင်း --- ၃။ ဘုရားအစရှိကုန်သော အရိယာ အရှင်မြတ်တို့ကိုလည်းကောင်း သပ္ပုရိသ အမည်ရသည့် သူတော်စင်တို့ ကိုလည်းကောင်း ကြည့်ရှုဖူးမြော်ခြင်း ဆည်းကပ်ခြင်းကို အလိုမရှိသူ ဖြစ်ခြင်းကြောင့်လည်းကောင်း --- ၄။ သတိပဋ္ဌာန် (၄)ပါး စသည်အားဖြင့် ပြားသော အရိယဓမ္မ အမည်ရသည့် ဗောဓိပက္ခိယဓမ္မ အပြား (၃၇) ပါးသော တရား၌ မကျွမ်းကျင်သူ ဖြစ်ခြင်းကြောင့်လည်းကောင်း --- ၅။ (က) မိမိ၏ သီလသိက္ခာပုဒ်တော်တို့ကို မကျိုးမပေါက် မပြောက်မကျားအောင် ထိန်းသိမ်းစောင့်ရှောက်
存在。若对这些恶友、恶人推崇备至,以“他说的就是对的,他做的就是正确的”等倾向、顺从的心态,把他们当作朋友而依止亲近,便构成一项因缘。3.不愿瞻仰、谒见并亲近佛陀等圣者尊者,以及称为善士的贤善之人,也构成一项因缘。4.不熟悉以四念处等为类别、称为圣法的三十七菩提分法,也构成一项因缘。5.(a)守护自己的戒学处,使之不破、不穿、不斑、不杂
ခြင်း --- ပါတိမောက္ခသံဝရ
即别解脱律仪;
( ခ ) မျက်စိ-နား-နှာ-လျှာ-ကိုယ်-နှလုံး ဟူသော ဒွါရ (၆)ပါး ဣန္ဒြေ (၆)ပါးတို့ကို၊ အာရုံ (၆)ပါးကို အ-
(b)守护眼、耳、鼻、舌、身、意这六门、六根,使依六种所缘而
ကြောင်းပြု၍ လိုလားတပ်မက်ခြင်း အဘိဇ္ဈာတရား၊ စိတ်မချမ်းသာခြင်း ဒေါမနဿတရား စသည့်
生起的贪欲、忧恼等
ယုတ်မာသည့် အကုသိုလ်တရားတို့ မဖြစ်အောင် စောင့်စည်းခြင်း --- ဣန္ဒြိယသံဝရ
卑劣不善法不致生起——即根律仪;
( ဂ ) အချမ်းအပူ စသော ဆန့်ကျင်ဘက်တရားတို့က တွေ့ထိနှိပ်စက်အပ်သောအခါ သတိထား၍ သည်း- ခံနိုင်ခြင်း --- သတိသံဝရ --- 〔သတိသံဝရောတိ ဣဓ သီတာဒီဟိ ဖုဋ္ဌဿ အပ္ပမဇ္ဇနံ ခမနံ ဒဋ္ဌဗ္ဗံ။ - မူလဋီ-၁-၁၁၉။〕 〔''စက္ခုန္ဒြိယေ သံဝရမာပဇ္ဇတီ''တိအာဒီသု သတိသံဝရော။ (မ-ဋ္ဌ-၁-၆၅။) --- ဤသို့
巴利引文(缅文转写):〔“သတိသံဝရောတိ ဣဓ သီတာဒီဟိ ဖုဋ္ဌဿ အပ္ပမဇ္ဇနံ ခမနံ ဒဋ္ဌဗ္ဗံ။”〕〔“''စက္ခုန္ဒြိယေ သံဝရမာပဇ္ဇတီ''တိအာဒီသု သတိသံဝရော။”〕以下随文译释:(c)受到寒、热等相对之法触犯逼迫时,保持正念而能够忍耐——即念律仪。〔“这里所谓念律仪,应理解为受寒冷等触犯者的不放逸与忍耐。”(《根本复注》第一册,第119页。)〕〔在“于眼根受持律仪”等句中,所说的是念律仪。(《中部义注》第一册,第65页。)在此等
စသော နေရာတို့၌ ဣန္ဒြေ (၆)ပါးနှင့် စပ်၍ အဘိဇ္ဈာ ဒေါမနဿ စသည် မဖြစ်အောင် သတိထား
处,虽然为了不让与六根有关的贪欲、忧恼等生起而保持正念
ကြောင်း စောင့်စည်းကြောင်းကို ''သတိသံဝရ''ဟု ခေါ်ဆိုနိုင်သော်လည်း ထို စောင့်စည်းမှုကို
并加以防护,也可以称为“念律仪”;但是这种防护
''ဣန္ဒြိယသံဝရ''ဟု ဆိုအပ်ပြီး ဖြစ်သောကြောင့် ဤ၌ သတိသံဝရဟု မယူအပ် ဟူလိုသည်။〕
已经被称作“根律仪”,所以这里不应再把它归为念律仪。〕
(ဃ) အဂ္ဂဟိတဂ္ဂဟဏေန ပန ဒဿနံ ပဋိသေဝနာ ဘာဝနာ စ ဉာဏသံဝရော။ --- (မ-ဋ္ဌ-၁-၆၅။) ၁။ သစ္စာ (၄)ပါးကို သိမြင်သောဉာဏ် - ၂။ ပစ္စည်း (၄)ပါးကို ဆင်ခြင်၍ သုံးစွဲတတ်သော ပစ္စဝေက္ခဏာဉာဏ် - ၃။ သမထဘာဝနာဉာဏ် ဝိပဿနာဘာဝနာဉာဏ် ဟူသော ဉာဏသံဝရ ( င ) ပဟာနသံဝရောတိ ဝီရိယသံဝရော၊ (မူလဋီ-၁-၁၁၉။)
巴利引文(缅文转写):〔“အဂ္ဂဟိတဂ္ဂဟဏေန ပန ဒဿနံ ပဋိသေဝနာ ဘာဝနာ စ ဉာဏသံဝရော။”〕〔“ပဟာနသံဝရောတိ ဝီရိယသံဝရော၊”〕以下随文译释:(d)“而总摄前文尚未摄入的项目来说,见、受用与修习都是智律仪。”(《中部义注》第一册,第65页。)所谓智律仪,包括:1.知见四谛之智;2.省察四资具而善加受用的省察智;3.修习止与观之智。(e)“所谓断律仪,即精进律仪。”(《根本复注》第一册,第119页。)对于每次
ဖြစ်ပေါ်လာတိုင်းကုန်သော ---
生起的一切:
原书第 248 页
၁။ ကာမဝိတက် = အာရုံ (၅)ပါး ကာမဂုဏ်တရားတို့၌ လိုလားတပ်မက်ခြင်း ကာမရာဂနှင့် ယှဥ်တွဲ
1.欲寻:与贪求五种欲所缘的欲贪相应的
နေသော ကြံစည်စိတ်ကူးမှု -
思惟、构想;
၂။ ဗျာပါဒဝိတက် = သတ္တဝါတို့ကို သေကြေပျက်စီးအောင် ကြံစည်မှု ၃။ ဝိဟိံ သဝိတက် = သတ္တဝါတို့ကို ညှဥ်းပန်းနှိပ်စက်ဖို့ရန် ကြံစည်စိတ်ကူးမှုဟူသော အကုသလဝိ-
2.恚寻:谋划使众生死亡、毁灭;3.害寻:谋划、构想如何折磨压迫众生。对于这些不善
တက်တို့ကို လက်ခံမထားဘဲ ဝီရိယဖြင့် တွန်းကန်၍ ပယ်လှန်ခြင်းဟူသော ပဟာနသံဝရ
寻,不予容纳,而以精进加以推拒、断除,即为断律仪。
ဤ သံဝရတရား (၅)ပါးတည်းဟူသော အရိယာတို့၏ တရား၌လည်းကောင်း၊ သပ္ပုရိသဓမ္မ အမည်ရသော သူတော်ကောင်းတရား၌လည်းကောင်း စောင့်စည်းမှု သံဝရတရား၏ ပျက်စီးခြင်းဟု ဆိုအပ်သော စောင့်စည်းမှု ဝိနည်း၏ ဆန့်ကျင်ဘက် ဖြစ်နေခြင်းကြောင့်လည်းကောင်း --- ၆။ ဤအထက်တွင် ဖော်ပြထားခဲ့သော အသဒ္ဓမ္မသဝန = မသူတော်တရားကို နာကြားခြင်း စသော အကြောင်း တရားတို့သည်ပင် ထုံမွမ်းထားအပ်သော ယင်းအကြောင်းတရားတို့ကြောင့်ပင် ဖြစ်ပေါ်လာရသော အာရုံကို နည်းမှန် လမ်းမှန် နှလုံးမသွင်းခြင်း = နည်းမှား လမ်းမှား နှလုံးသွင်းခြင်းဟူသော အယောနိသော မနသိကာရ ကြောင့်လည်းကောင်း --- ၇။ ကောတူဟလမင်္ဂလာဒိပသုတတာယ --- ကောတူဟလမင်္ဂလာဟူသော အံ့သြဖွယ် လောကီမင်္ဂလာတို့၌ လေ့လာလိုက်စားသူ ဖြစ်ခြင်းစသည့် အကြောင်းတရားတို့ကြောင့်လည်းကောင်း --- ဤဖော်ပြပါ အကြောင်းအရပ်ရပ် စသည်တို့ကြောင့် ဒိဋ္ဌိဂတသမ္ပယုတ်ဟူသော အကုသိုလ်စိတ်သည်
由于在这五种律仪——即圣者之法,以及称为善士法的贤善之法——上,处于与律仪戒相反、称为律仪破坏的状态,也会构成一项因缘。6.又由于不如理作意:它受上述听闻非正法等因熏习;由这些因而生起时,不以正确方法、正确途径对所缘作意,反而以错误方法、错误途径作意。7.又由于“耽于奇异吉祥等”,也就是热衷学习称为“奇异吉祥”的奇异世俗吉祥等。由于上述种种因缘,称为邪见相应的不善心便
ဖြစ်ပေါ်လာရ၏။ (အဘိ-ဋ္ဌ-၁-၂၉ဝ) ဤအကြောင်းတရားတို့ကား မိစ္ဆာဒိဋ္ဌိဖြစ်ရေးအတွက်သာ အထောက်အကူပြုသည် မဟုတ်သေး။ အခြား အခြားသော အကုသိုလ်တရားများ ဖြစ်ပေါ်လာရေးအတွက်လည်း များစွာပင် အထောက်အကူ ပြုနိုင်သည်သာ ဖြစ်ပေသည်။ ဤတွင် ယောနိသောမနသိကာရ အယောနိသောမနသိကာရ ကောတူဟလမင်္ဂလာ --- စသည်တို့ကို ဆက်လက်၍ ရှင်းလင်းတင်ပြပါဦးအံ့ ---
生起。(《殊胜义注》第一册,第290页。)这些因缘不只助成邪见,也能在很大程度上助成其他各种不善法的生起。这里将继续解释如理作意、不如理作意、奇异吉祥等。
ယောနိသော မနသိကာရ - အယောနိသော မနသိကာရ
如理作意与不如理作意
တတ္ထ ယောနိသော မနသိကာရော နာမ ဥပါယမနသိကာရော ပထမနသိကာရော၊ အနိစ္စာဒီသု အနိစ္စန္တိ အာဒိနာ ဧဝ နယေန သစ္စာနုလောမိကေန ဝါ စိတ္တဿ အာဝဋ္ဋနာ အနွာဝဋ္ဋနာ အာဘောဂေါ သမန္နာဟာရော မနသိကာရော၊ အယံ ဝုစ္စတိ ယောနိသော မနသိကာရောတိ။
“其中,所谓如理作意,即方便作意、正路作意;对于无常等法,依‘无常’等方式,或依谛随顺之理,使心转动、反复转动、回转、善加引向并作意;这称为如理作意。”
အယောနိသော မနသိကာရောတိ အနုပါယမနသိကာရော ဥပ္ပထမနသိကာရော၊ အနိစ္စေ နိစ္စန္တိ ဒုက္ခေ သုခန္တိ အနတ္တနိ အတ္တာတိ အသုဘေ သုဘန္တိ အယောနိသော မနသိကာရော ဥပ္ပထမနသိကာရော။ သစ္စပ္ပဋိ- ကုလေန ဝါ စိတ္တဿ အာဝဋ္ဋနာ အနွာဝဋ္ဋနာ အာဘောဂေါ သမန္နာဟာရော မနသိကာရော၊ အယံ ဝုစ္စတိ အယောနိသော မနသိကာရောတိ။ (မ-ဋ္ဌ-၁-၆၆-၆၇။) ကုသိုလ်တရားဖြစ်ပေါ်လာခြင်း၏ အကြောင်းဖြစ်သော နှလုံးသွင်းမှု = မနသိကာရ၊ ကုသိုလ်တရား ဖြစ်- ပေါ်လာအောင် နည်းမှန် လမ်းမှန် နှလုံးသွင်းမှု = မနသိကာရသည် ယောနိသော မနသိကာရ မည်၏။ အနိစ္စ- ဒုက္ခ-အနတ္တ-အသုဘ စင်စစ်ဧကန် မှန်သော ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့ကို အနိစ္စဟု ဒုက္ခဟု အနတ္တဟု အသုဘဟု နှလုံးသွင်းရှုပွားမှုသည်လည်းကောင်း၊ အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တည်းဟူသော
“所谓不如理作意,即非方便作意、邪路作意:于无常计常,于苦计乐,于无我计我,于不净计净;这就是不如理作意、邪路作意。或使心以违逆真谛的方式转动、反复转动、回转、善加引向并作意;这称为不如理作意。”(《中部义注》第一册,第66—67页。)作为善法生起之因的内心导向,就是作意;以正确方法、正确途径作意而令善法生起,称为如理作意。苦谛法与集谛法确实是无常、苦、无我、不净;把它们作意、观修为无常、苦、无我、不净,以及对于称为无为界、寂静界、即涅槃的
原书第 249 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- အရူပပရိဂ္ဂဟ အခန်း နိရောဓသစ္စာတရားကြီး အဝင်အပါ အရိယသစ္စာလေးရပ် တရားမြတ်ကို မဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ဖြင့် ထိုးထွင်း သိမြင်ခြင်းငှာလျော်သည်၏ အစွမ်းဖြင့် သစ္စာနုလောမိက အမည်ရသော ဝိပဿနာကုသိုလ်ဇောတို့၏ ဖြစ်ခြင်း သည်လည်းကောင်း၊ ယင်းသစ္စာနုလောမိက အမည်ရသော ဝိပဿနာဇောဝီထိတို့၏ အတွင်းဝယ် ယင်းဝိပဿ- နာဇောတို့၏ ရှေး၌ဖြစ်သော မနောဒွါရာဝဇ္ဇန်းသည် သစ္စာ (၄)ရပ်ကို ထိုးထွင်းသိမြင်ခြင်းအား လျော်သည်၏ အစွမ်းဖြင့် ဘဝင်အယဥ်ကို လည်စေခြင်း၊ ကြိမ်ဖန်များစွာ ထပ်ကာ ထပ်ကာ လည်စေခြင်း၊ ဘဝင်၏ အာရုံမှ တစ်ပါးသော သင်္ခါရတရားတို့၏ အနိစ္စ ဒုက္ခ အနတ္တ အခြင်းအရာကို နှလုံးသွင်းခြင်း၊ ကောင်းစွာ စိတ်၌ ဆောင် ထားခြင်း၊ ထိုသင်္ခါရတရားတို့၏ အနိစ္စ ဒုက္ခ အနတ္တ အခြင်းအရာ အာရုံကိုပင်လျှင် မိမိအာဝဇ္ဇန်းသို့ အစဥ်တ- စိုက် ဖွဲ့ချည်၍ ဖြစ်ပေါ်လာအောင် နှလုံးသွင်းခြင်း နှလုံး၌ထားခြင်းသည်လည်းကောင်း ယောနိသော မနသိကာရ
灭谛在内的四圣谛,依适宜以道智、果智穿透知见的方式,使名为“谛随顺”的观善速行生起;又在这些名为“谛随顺”的观速行心路中,先于观速行而生的意门转向,以适宜穿透知见四谛的方式转动有分流,一再反复转动有分流;对于不同于有分所缘的诸行法,作意其无常、苦、无我之相,并善持于心;又将诸行法的无常、苦、无我相这一所缘持续系属于自己的转向,使之生起,而加以作意、置于心中——这些也称为如理作意
မည်၏။ ယင်းယောနိသောမနသိကာရ၏ စွမ်းအားကြောင့် ယောဂါဝစရပုဂ္ဂိုလ်မြတ်သည် သစ္စာ (၄)ရပ် တရား မြတ်တို့ကို ထိုးထွင်းသိမြင်ခြင်းငှာ ဆင်ခြင်ခြင်းငှာ စွမ်းနိုင်လာ၏။ (မ-ဋီ-၁-၁၄၉။ ကြည့်) ကုသိုလ်တရား ဖြစ်ပေါ်လာအောင် နှလုံးမသွင်းဘဲ အကုသိုလ်တရား ဖြစ်ပေါ်လာအောင် နှလုံးသွင်းမှု၊ ကုသိုလ်တရား ဖြစ်ပေါ်လာအောင် နည်းမှန် လမ်းမှန် နှလုံးမသွင်းဘဲ အကုသိုလ်တရား ဖြစ်ပေါ်လာအောင်သာ နည်းမှားလမ်မှား နှလုံးသွင်းမှုသည် အယောနိသောမနသိကာရ မည်၏။ ဒုက္ခသစ္စာတရား သမုဒယသစ္စာတရား တို့ကား အနိစ္စ ဒုက္ခ အနတ္တ အသုဘ တရားတို့သာ စင်စစ် ဧကန်မှန်ကြ၏။
。凭借这种如理作意的力量,瑜伽行者便能穿透知见、审察四谛圣法。(参见《中部复注》第一册,第149页。)不为令善法生起而作意,反为令不善法生起而作意;不以正确方法、正确途径作意令善法生起,却只以错误方法、错误途径作意令不善法生起——这称为不如理作意。苦谛法与集谛法确实是无常、苦、无我、不净之法。
၁။ အနိစ္စတရား၌ နိစ္စဟုလည်းကောင်း ၂။ ဒုက္ခတရား၌ သုခဟုလည်းကောင်း ၃။ အနတ္တတရား၌ အတ္တဟုလည်းကောင်း ၄။ အသုဘတရား၌ သုဘဟုလည်းကောင်း --- ဤသို့ မသင့်သောအားဖြင့် နှလုံးသွင်းမှု နည်းမှားလမ်းမှား နှလုံးသွင်းမှုသည် အယောနိသော မနသိ- ကာရ မည်၏။
1.于无常之法计为常;2.于苦法计为乐;3.于无我法计为我;4.于不净法计为净。像这样不恰当地作意,以错误方法、错误途径作意,就称为不如理作意。
၅။ သစ္စာ (၄)ပါးကို လျော်စွာ ထိုးထွင်းသိမြင်ခြင်းငှာ မလျော် မလျောက်ပတ်သည်၏ အစွမ်းဖြင့် ဘဝင် အယဥ်ကို လည်စေခြင်း၊ ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ လည်စေခြင်း၊ သစ္စာ (၄)ပါးကို ထိုးထွင်းသိခြင်းအား မလျော်သော အာရုံကို နှလုံးသွင်းခြင်း၊ ယင်းမလျော်သော အာရုံ၌ စိတ်ကို ကောင်းစွာ ဆောင်ထားခြင်း၊ ယင်း မလျော်သော အာရုံကိုပင်လျှင် မိမိ အာဝဇ္ဇန်းသို့ အစဥ်တစိုက် လိုက်ပါ၍ ဖြစ်ပေါ်လာအောင် နှလုံးသွင်းခြင်း နှလုံး၌ထားခြင်းသည်လည်း အယောနိသော မနသိကာရပင် မည်၏။ (မ-ဋ္ဌ-၁-၆၆-၆၇။) တွေ့ကြုံရသော အာရုံတစ်ခု၌ သစ္စာ (၄)ပါးကို သိမှုနှင့် မလျော်အောင် မသင့်မတော် နှလုံးသွင်းမှုသည် အထက်တွင် ဖော်ပြခဲ့သော အသဒ္ဓမ္မသဝန = မသူတော်တရားကို နာကြားခြင်း၊ အကလျာဏမိတ္တ = မသူတော် တို့နှင့် ပေါင်းဖော်ခြင်းစသော ရှေးအကြောင်းများ အရင်းခံလျက်ပင် ရှိ၏။ ထိုကြောင့် မိစ္ဆာဒိဋ္ဌိစသည့် အကုသိုလ်
5.以不适宜如实穿透知见四谛的方式转动有分流,并一再反复转动;对不适合穿透知见四谛的所缘作意,把心善持在该不适合的所缘上;又持续使同一不适合的所缘系属于自己的转向而生起,并加以作意、置于心中——这也称为不如理作意。(《中部义注》第一册,第66—67页。)对所遇所缘作不恰当的作意,使之不适合知见四谛,是以上述听闻非正法、与恶友交往等先前的远因为基础。因此,在邪见等不善
တရားစုတို့ ဖြစ်ပေါ်လာခြင်း၏ အကြောင်းတရားတို့တွင် အယောနိသောမနသိကာရကို သီးခြားအကြောင်းတစ် ပါးအဖြစ်ဖြင့် ဆိုဖွယ်မလိုတော့သည် မဟုတ်ပါလောဟု မေးဖွယ်ရှိ၏၊ အဖြေကား --- အယောနိသော မနသိကာရဟူသည် တရားကိုယ်အားဖြင့် ဇောဝီထိတွင် ပါဝင်သော အာဝဇ္ဇန်းတည်း။
法组生起的诸因中,岂不是已经不必再把不如理作意另立为一种原因了吗?对此可以这样回答:不如理作意,就其法体而言,是包含在速行心路中的转向心。
(တဂ္ဂတိက သဘောတည်း စာမျက်နှာ-၄၅-၌ ပြန်ကြည့်ပါ။) ထိုအာဝဇ္ဇန်းက မသင့်မတော် နှလုံးသွင်းမှု = အယောနိသော မနသိကာရ ပြုလိုက်ပါမှ အကုသိုလ်ဇော ဖြစ်ရ၏။ ဤသို့လျှင် အယောနိသော မနသိကာရသည် အသဒ္ဓမ္မသဝန = မသူတော်တရားကို နာကြားခြင်း စသည့် အကြောင်းတရားတို့ကဲ့သို့ ဝေးသော အကြောင်းတရား
(这是“同趋法”的意义,参见第45页。)只有该转向心作不恰当的作意——即不如理作意——不善速行才会生起。由此可见,不如理作意并不像听闻非正法等因缘那样是远因,而是
原书第 250 页
ကား မဟုတ်၊ အကုသိုလ်ဖြစ်ဖို့ရန် အလွန်နီးကပ်သော အကြောင်းဖြစ်သောကြောင့် သီးခြားအကြောင်းတရား အဖြစ်ဖြင့် ဖွင့်ဆိုရသည်။
并非那样的远因;由于它是极为接近不善生起的原因,所以被作为一项独立的原因加以解释。
ထို့ပြင် မသူတော်တို့၏ တရားကို နာကြားခြင်း စသော ရှေးအကြောင်းများသည် အကုသိုလ်ဖြစ်ဖို့ရန် ဧကန်အကြောင်းတရားများ မဟုတ်ကြကုန်၊ မသူတော်တို့၏ တရားကို နာရသော်လည်း မသူတော်တို့နှင့် ပေါင်း ဖော်မိငြားသော်လည်း စဥ်းစားဉာဏ်ရှိသူမှာ ကုသိုလ် ဖြစ်နိုင်သေး၏။ ဇောဝီထိတစ်ခု ဖြစ်ခွင့် အလှည့် အကြိမ် ဆိုက်ရောက်လာပါမှ အယောနိသောမနသိကာရ ဖြစ်လျှင်ကား ဧကန် အကုသိုလ်သာ ဖြစ်ရတော့သည်။ ဤသို့ အကုသိုလ်ဖြစ်ဖို့ရန် ဧကန်အကြောင်း ဖြစ်သောကြောင့်လည်း အယောနိသောမနသိကာရကို သီးခြားအကြောင်း တစ်ပါး အဖြစ်ဖြင့် အဋ္ဌကထာဆရာတော်သည် ဖွင့်ပြတော်မူခြင်း ဖြစ်သည်။
此外,听闻恶人的教说等先行之因,并非令不善必然生起的原因。即使听到恶人的教说,甚至与恶人交往,具有审辨之智者仍可能生起善法。唯有当一道速行心路获得生起的机会、轮次已经到来,而不如理作意又于此时生起,才必然会有不善生起。正因为不如理作意是令不善必然生起的原因,义注师才把它另外列作一项独立的原因而加以解释。
အာသန္နကာရဏတ္တာ အယောနိသောမနသိကာရဿ ဝိသုံ ဂဟဏံ ဧကန္တကာရဏတ္တာ စ။
巴利引文(缅文转写):“အာသန္နကာရဏတ္တာ အယောနိသောမနသိကာရဿ ဝိသုံ ဂဟဏံ ဧကန္တကာရဏတ္တာ စ။〔āsannakāraṇattā ayonisomanasikārassa visuṃ gahaṇaṃ ekantakāraṇattā ca〕”译:“由于它是近因,故将不如理作意单独列出;又因为它是必然之因。”
(မူလဋီ-၁-၁၁၉။)
(《根本复注》1-119。)
ယခုအခါ၌ ''နောက်ဘဝမရှိ၊ မိဘတို့၌ ပြုအပ်သော ကောင်းမှု မကောင်းမှု ကောင်းကျိုး မကောင်းကျိုး သည် မရှိ၊ ကံ-ကံ၏ အကျိုးမရှိ'' --- ဤသို့ စသော အယူဝါဒတို့သည် သဒ္ဓမ္မ၏ ဆန့်ကျင်ဘက် အသဒ္ဓမ္မတို့တည်း။
现今有这样的见解:“没有后世;对父母所作的善行、恶行及其善果、恶果都不存在;没有业,也没有业果。”诸如此类的观点,都属于与正法相违的非正法。
ထိုအသဒ္ဓမ္မကို ဟောပြောသော စကား၊ ရေးသားအပ်သော စာတို့ကို ကြားနာခြင်း ကြည့်ရှုခြင်း၌ ပင်ကိုယ်က သမ္မာဒိဋ္ဌိအယူမှန် အခံဓာတ် ရှိနေသူတို့သည် ဗဟုသုတ အဖြစ်ဖြင့်လည်းကောင်း ဟုတ်နိုင် မဟုတ်နိုင်ကို စဥ်း- စဥ်းစားစား အားဖြင့်လည်းကောင်း ကြားနာကြ ကြည့်ရှုကြလျှင် ထိုကြားနာမှု ကြည့်ရှုမှုကြောင့်ကား မိစ္ဆာဒိဋ္ဌိ မဖြစ်နိုင်သေးပါ။ သဒ္ဓမ္မကို ကောင်းစွာ နားမလည်သေးသူတို့ကား ထိုမှားယွင်းနေသည့် မိစ္ဆာဒိဋ္ဌိ အယူဝါဒကို အမြတ်တနိုးထား၍လည်းကောင်း၊ ဥပေက္ခာသဘောမျှမက ကျေကျေနပ်နပ် လက်ခံသောအားဖြင့်လည်းကောင်း၊ စဥ်းစားစိစစ်ခြင်း မရှိသောအားဖြင့်လည်းကောင်း၊ ကြားနာကြ ကြည့်ရှုကြ၏။ ထိုသို့ ကြားနာမှု ကြည့်ရှုမှုကြောင့် ''ကံနှင့် ကံ၏အကျိုးဟူသည် မရှိ''ဟု စွဲယူမိလျှင် ဒိဋ္ဌိဂတသမ္ပယုတ်စိတ်များ ဖြစ်ကြရတော့၏။
对于宣说这些非正法的话语和写成的文字,若本来具有正见、已有正确见解为根底的人,只把它们当作见闻,或审慎思考其是否合理而听闻、阅读,那么单凭这种听闻与阅读,邪见还不会生起。尚未善解正法的人则不同:他们珍重那些错误的邪见学说,不只是以中性的态度接触,而是满意地接受,又不加思考审查地听闻、阅读。若因这样听闻、阅读而执取“业与业果并不存在”,邪见相应心便会生起。
ကောတူဟလမင်္ဂလာဒိပသုတ
耽于奇异吉祥等
လောက၌ --- ''အထူးအဆန်းတစ်ခု ပေါ်ပေါက်လာလျှင် ထိုအထူးအဆန်း အသစ်အဆန်းကို တွေ့ရ မြင်ရ ကြားရ နမ်းရ စားသောက်ရ တွေ့ထိရလျှင် မင်္ဂလာဖြစ်၍ ကောင်းကျိုးရတော့မည်''ဟု ယူဆခြင်းသည် ကံ-ဉာဏ်-ဝီရိယတို့၏ အကျိုးကို ပယ်ရာရောက်၏၊ ထိုကြောင့် ထိုအယူ၌ အလေ့အလာများသူမှာ ကံ-ကံ၏ အကျိုးကို ပစ်ပယ်သော မိစ္ဆာဒိဋ္ဌိ ဖြစ်တတ်ပေသည်။
世间有人认为:“若出现某种奇事,只要见到、看到、听到、闻到、吃到或触到这件新奇之事,便是吉祥,必会获得善果。”这样的见解等于否定业、智与精进的作用。因此,惯于持守这种见解的人,容易生起否定业与业果的邪见。
ယခုကာလ မြန်မာများ၏ --- ''ရက်ရာဇာနေ့၌ ခရီးသွားလျှင် ကောင်းကျိုးရတတ်၏၊ ပြဿဒါးနေ့၌ ခရီး သွားလျှင် ဘေးရန် ဖြစ်တတ်၏။'' ဤသို့ စသည်ဖြင့် သတ်မှတ်၍ ထားအပ်သော ရှေးစာများ၌ လေ့ကျက်ထား သူသည် ထိုနေ့ ထိုလ၌ ဆိုင်ရာအမှုကို ပြု၍ ကောင်းကျိုး မကောင်းကျိုးကို ရ၏ဟု ယူဆ၏။ ထိုအယူအဆ ကြောင့် --- ''ကံ-ဉာဏ်-ဝီရိယ အတွက် အကျိုးရခြင်းမဟုတ် ထိုနေ့၊ ရက်၊ အချိန်နာရီ၏ ကောင်းမှုကြောင့်သာ အကျိုးရသည်''ဟု အယူဖြစ်ကြောင်းများ၌ လေ့လာမှု၊ ကျက်မှတ်ထားမှု၊ ယုံကြည်စွဲလမ်းမှုများလျှင် ထိုသူ၏ သန္တာန်ဝယ် ကံ-ကံ၏အကျိုးကို ပစ်ပယ်တတ်သော မိစ္ဆာဒိဋ္ဌိ ဖြစ်တတ်ပြန်ပေသည်။ သို့သော် ဤသို့ လေ့လာ ပြီးနောက် ''ထို ရက် လ အချိန်တို့က အကျိုးပေးဖို့ရန် အထောက်အကူမျှသာ''ဟု ယူဆ၍ ကံ-ဉာဏ်-ဝီရိယ၏ အစွမ်းကို မပယ်လျှင်ကား မိစ္ဆာအယူ မဖြစ်ပါ။ အောင်စံဖျိုးရေချိုးရက်၊ ငါ့သားရွှေတောင် ရေကိုရှောင်၊ မွေးနေ့
现今缅甸人的古老文字中,定有“在吉祥日出行会得善果,在凶日出行会遇灾祸”等说法。熟习这些说法的人,便认为在某日、某月做相应之事,就会得到善果或恶果。若因这种见解而反复学习、背诵并坚信:“所得结果并非来自业、智与精进,只来自那一天、日期和时辰本身的吉利”,其相续中也容易生起否定业与业果的邪见。不过,若学过这些说法以后,只认为“那些日期、月份和时辰不过是结果生起的助缘”,并不否定业、智与精进的力量,便不构成邪见。又如缅语旧俗口诀:“‘အောင်စံဖျိုး’为沐浴之日,‘ငါ့သားရွှေတောင်’则应避水;生日、
သောကြာ တနင်္လာ ကေသာဆံဖြတ် မပြုအပ်။ --- ဤသို့ စသော အယူအဆတို့၌ လေ့လာလိုက်စားမှုများခြင်း တို့၌လည်း နည်းတူပင် မှတ်ပါ။
周五、周一,不宜剪发。”对于诸如此类见解的反复学习与奉行,也应作同样理解。
原书第 251 页
လောဘမူစိတ် (၈) မျိုး ရှုပုံစနစ်
八种贪根心的观修方法
ဒိဋ္ဌိဂတသမ္ပယုတ်စိတ် (၄) မျိုး
四种邪见相应心
၁။ သောမနဿသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် အသင်္ခါရိကစိတ်တစ်ခု --- = သောမနဿဝေဒနာနှင့် အတူတကွဖြစ်သော မိစ္ဆာဒိဋ္ဌိနှင့် ယှဥ်သော တိုက်တွန်းမှု မရှိသော အသင်္ခါရိက စိတ်တစ်ခု --- ၂။ တိုက်တွန်းမှု ရှိသော သသင်္ခါရိကစိတ်တစ်ခု --- အထက် စာမျက်နှာ (၂၁၃) စသည်၌ ရူပါရုံကို အာရုံပြု၍ ဖြစ်ပေါ်လာကြသော သံယောဇဥ် (၁ဝ)ပါးတို့ ကို ရေးသားတင်ပြခဲ့ပြီးဖြစ်၏။ ယင်းသံယောဇဥ် (၁ဝ)ပါး ဖြစ်ပေါ်လာပုံမှာ ရူပါရုံကိုအာရုံပြု၍ ဖြစ်ပေါ်လာကြ ကုန်သော မကောင်းအုပ်စု အကုသိုလ်ဇောများ ပါဝင်သည့် စက္ခုဒွါရဝီထိနှင့် မနောဒွါရဝီထိ စိတ်+စေတသိက် = နာမ်တရားစုတို့ကို သိမ်းဆည်း ရှုပွားပုံစနစ်ပင် ဖြစ်သည်။ ယင်းစနစ်ကိုပင် နည်းမှီ၍ ရုပ် (၂၈)ပါးလုံးကိုလည်း သိမ်းဆည်း ရှုပွားရန် ဖြစ်သည်။ ဓမ္မာရုံ အမည်ရသော ရုပ်တရားစုတို့ကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော မကောင်းအုပ်စု နာမ်တရားစုတို့ကို သိမ်းဆည်း ရှုပွားပုံကို ဖော်ပြခဲ့ပြီး ဖြစ်သည်။ ဤတွင် ရူပါရုံကို အာရုံယူ၍
1.悦俱邪见相应无行心一种——即与悦受俱、与邪见相应而未经促动的无行心。2.经过促动的有行心一种。前面第213页等处已经说明以色所缘为所缘而生起十结。那十结的生起方式,正是摄取、观修眼门心路与意门心路中的心+心所=名法组的方法;这些心路含有以色所缘为所缘而生起的不善组不善速行。还应仿照同一方法,把二十八种色法全部摄取、观修。前文也已经说明:如何摄取、观修以称为法所缘的色法组为所缘而生起的不善组名法组。这里先说明以色所缘为所缘而
ဖြစ်ပေါ်လာကြကုန်သော လောဘဒိဋ္ဌိ ဦးဆောင်သည့် အကုသိုလ်ဇောဝီထိစိတ်အစဥ် နာမ်တရားစုတို့ကို သိမ်း- ဆည်းရှုပွားပုံကို ရှေးဦးစွာ ဖော်ပြအပ်ပါသည်။
生起、以贪与邪见为首的不善速行心路心相续名法组,应如何摄取、观修。
သိမ်းဆည်း ရှုပွားပုံစနစ်
摄取、观修方法
၁။ စက္ခုအကြည်ဓာတ်နှင့် ဘဝင်မနောအကြည်ဓာတ်ကို ပူးတွဲသိမ်းဆည်းပါ။
1.把眼净色与有分意净界同时摄取起来。
၂။ ဣဋ္ဌဖြစ်သော = အလိုရှိအပ် နှစ်သက်မြတ်နိုးအပ်သော ရုပ်ကလာပ်တို့၏ ရူပါရုံအရောင်ကို လှမ်း၍ အာရုံယူပါ။
2.伸取可意——即可欲、可爱的——色聚之色所缘(颜色)为所缘。
၃။ ထိုရူပါရုံအရောင်က စက္ခုအကြည်ဓာတ်နှင့် ဘဝင်မနောအကြည်ဓာတ်တို့ကို ပြိုင်တူ ရိုက်ခတ်သောအခါ ထိုရူပါရုံအရောင်သည် စက္ခုအကြည်ဓာတ်နှင့် ဘဝင်မနောအကြည်ဓာတ်တို့၌ ပြိုင်တူ ရှေးရှူကျရောက်လာ- သောအခါ ထင်လာသောအခါ --- စက္ခုဒွါရဝီထိနှင့် မနောဒွါရဝီထိ စိတ်အစဥ်များသည် ယင်းရူပါရုံကိုပင် အာ- ရုံယူ၍ ဖြစ်ပေါ်လာကြမည်။
3.当该色所缘(颜色)同时撞击眼净色与有分意净界,也就是同时趋入二者并显现于其中时,以同一色所缘为所缘的眼门心路与意门心路心相续便会生起。
၄။ ထိုဝီထိစိတ်တို့တွင် ပါဝင်သော ပဉ္စဒွါရာဝဇ္ဇန်း ဝုဋ္ဌော မနောဒွါရာဝဇ္ဇန်းတို့က --- (က) သုဘ= တင့်တယ်၏ဟု ဆုံးဖြတ်ကြည့်ပါ။ ယင်း ရူပါရုံအရောင်ကို သုဘဟု သာယာတပ်မက်နေသော လောဘ-ဒိဋ္ဌိ ဦးဆောင်သည့် စက္ခုဒွါရဝီထိ မနောဒွါရဝီထိ နာမ်တရားစုတို့ ဖြစ်ပေါ်လာကြမည်။ တစ် နည်း ယင်းရူပါရုံအရောင်ကို ဣဋ္ဌ = ကောင်း၏ဟု ဆုံးဖြတ်ကြည့်ပါ။ ယင်းရူပါရုံအရာင်ကို ဣဋ္ဌဟု
4.试令这些心路中所含的五门转向、确定与意门转向作如下判定:(甲)判定为“净=美好”。于是,以贪与邪见为首、贪爱执著该色所缘(颜色)为净的眼门心路与意门心路名法组便会生起。另一种方法,是把该色所缘(颜色)判定为“可意=好”,于是贪爱执著该色所缘(颜色)为可意的
သာယာတပ်မက်နေသော လောဘ-ဒိဋ္ဌိ ဦးဆောင်သည့် စက္ခုဒွါရဝီထိနှင့် မနောဒွါရဝီထိ နာမ်တရားတို့
以贪与邪见为首的眼门心路与意门心路诸名法
ဖြစ်ပေါ်လာကြမည်။ အလားတူပင် ယင်းရူပါရုံအရောင်ကို ---
便会生起。同样,对于该色所缘(颜色)
( ခ ) နိစ္စ = မြဲ၏ဟုလည်းကောင်း၊ ( ဂ ) သုခ = ချမ်းသာ၏ဟုလည်းကောင်း၊ (ဃ) အတ္တဟုလည်းကောင်း - မနောဒွါရာဝဇ္ဇန်းက ---
(乙)常=恒常;(丙)乐=安乐;(丁)我——也应试令意门转向
原书第 252 页
အသီးအသီး ဆုံးဖြတ်ကြည့်ပါ။ နိစ္စဟုလည်းကောင်း သို့မဟုတ် သုခဟုလည်းကောင်း သို့မဟုတ် အတ္တ ဟုလည်းကောင်း အသီးအသီး ခံယူချက်မှားနေသော ဒိဋ္ဌိ ဦးဆောင်သည့် မနောဒွါရဝီထိစိတ်အစဥ်များ ထင်ရှား ဖြစ်ပေါ်လာကြမည် ဖြစ်သည်။
逐一作出判定。于是,分别错误执取为常、或乐、或我的、以邪见为首的意门心路心相续,便会明显生起。
ရူပါရုံအရောင်ကို --- နိစ္စ သုခ အတ္တ သုဘဟု အသိမှားမှုကား မောဟတည်း။ နိစ္စ သုခ အတ္တ သုဘ ဟု ခံယူချက်မှားမှုကား ဒိဋ္ဌိတည်း။ ယင်းရူပါရုံအရောင်ကို သာယာတပ်မက်မှုသဘောကား လောဘတည်း။
把色所缘(颜色)错知为常、乐、我、净,是痴;把它错误执取为常、乐、我、净,是邪见;贪爱执著该色所缘(颜色)的性质,则是贪。
၁။ သောမနဿသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် --- ပထမလောဘမူ အသင်္ခါရိကစိတ်၌ ပီတိ ပါဝင်သဖြင့် လောဘ-ဒိဋ္ဌိ အုပ်စု နာမ်တရား အလုံး (၂ဝ) ရှိ၏။
1.第一悦俱·邪见相应·无行贪根心含有喜,所以贪—邪见组共有20种名法。
၂။ သောမနဿသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် --- ဒုတိယလောဘမူ သသင်္ခါရိကစိတ်၌ တိုက်တွန်းမှုရှိသဖြင့် ထိန-မိဒ္ဓ ပါဝင်ရကား (၂ဝ+၂ =၂၂)လုံးသော နာမ်တရားစုတို့ ရှိကြ၏။
2.第二悦俱·邪见相应·有行贪根心因有促动而含有昏沉、睡眠,所以共有20+2=22种名法。
လောဘမူ ဒုတိယစိတ် …
第二贪根心……
ဤဒုတိယ လောဘမူစိတ်သည် အာရုံ (၆)ပါးတို့၌ ဝမ်းမြောက်ရွှင်လန်းခြင်း သောမနဿရှိသည်ဖြစ်၍ လိုလားတပ်မက်မှု လောဘကို ဖြစ်စေလျက် ''သတ္တဝါကောင် အသက်ကောင် လိပ်ပြာကောင် ဝိညာဏ်ကောင်'' စသည်ဖြင့် ''ယောကျာ်း မိန်းမ ပုဂ္ဂိုလ် သတ္တဝါ'' --- စသည်ဖြင့် မှတ်ထင်သော မိစ္ဆာအယူဖြင့် မှားသောအားဖြင့် သုံးသပ်တတ်သော ပုဂ္ဂိုလ်၏ သန္တာန်၌ ပထမစိတ်တုန်းကကဲ့သို့ပင် အကယ်၍ကား ဖြစ်ပါပေ၏၊ သို့သော်လည်း သသင်္ခါရိက ဖြစ်နေသည့်အတွက် တိုက်တွန်းမှု ပယောဂနှင့် တကွဖြစ်သော အာရုံ မနသိကာရ စသော အကြောင်း အပေါင်းကြောင့် အကြောင်း ဥပါယနှင့် တကွဖြစ်သော အာရုံ မနသိကာရ စသော အကြောင်းအပေါင်းကြောင့် ဖြစ်ပေါ်လာရ၏။ ထိုသို့ ဖြစ်ပေါ်လာရခြင်းကြောင့် --- အကြင်အခါ၌ အမျိုးကောင်းသားတစ်ဦးသည် မိစ္ဆာဒိဋ္ဌိအယူရှိသော အမျိုးအနွယ်၏ သတို့သ္မီးကို လိုလား တောင့်တနေ၏၊ ထိုသတို့သ္မီးရှင်တို့ကလည်း --- ''သင်တို့ဟာ ငါတို့အယူမှ တစ်ပါးသော အယူရှိသူတို့ပါ၊ တို့နှင့်
这第二贪根心也会如第一心一样,生起于这样的人之相续中:他对六种所缘具有欢悦的悦受,令欲求、贪著之贪生起,并以邪见错误思量为“有情实体、生命实体、灵魂实体、识实体”等,或“男人、女人、个人、有情”等。不过,因为此心是有行,所以必须由伴随促动(payoga)的所缘、作意等诸因,或伴随方便(upāya)的所缘、作意等诸因聚合而生。它以这种方式生起,例如:某时,一位良家子渴望迎娶一个持邪见家族的女子;女方家人却说:“你们持的是不同于我们的见解,与你们
ဘာသာချင်း မတူကြပါ''ဟု ပြော၍ အမျိုးသ္မီးကို မပေးကြကုန်။ ထိုအခါဝယ် အခြား ဆွေမျိုးတို့က ''သင်တို့ ဘာသာ အယူနှင့် ဆိုင်သောအမှုကို သင်တို့ပြုကြသလို ဤသတို့သားက ပြုလုပ်ပါလိမ့်မယ်''ဟု ပြောဆို၍ အမျိုး- သ္မီးကို တောင်းကြပြန်၏။ အမျိုးသ္မီးကို ပေးလိုက်ကြသောအခါ ထိုအမျိုးသားသည် ထိုမိစ္ဆာအယူရှိသော ဘာသာ- ခြား အမျိုးတို့နှင့် အတူတကွ တိတ္ထိဆရာကြီးတို့ထံသို့ ချဥ်းကပ်၏၊ အစပိုင်း၌ကား ယင်း မိစ္ဆာအယူဝါဒဘာသာ အပေါ်၌ ယုံမှားသံသယ ရှိနေသေး၏၊ ကာလကြာညောင်းလာသော အခါ၌ကား စိတ်ဓာတ်များ ပြောင်းလဲလာ ၏။ -- ''ဤတိတ္ထိဆရာကြီးတို့၏ အမူအရာသည် စိတ်နှလုံးကို တိုးပွားစေတတ်၏ = မြတ်နိုးဖွယ် ကောင်းလှ၏'' ဤသို့ တွေးခေါ်ကာ မိစ္ဆာအယူဝါဒကို နှစ်သက်သွား၏၊ မိစ္ဆာအယူကို လက်ခံ စွဲယူလိုက်၏။ --- ဤသို့ သဘောရှိသော အခါကာလမျိုး၌ ဤဒုတိယ အကုသိုလ်စိတ်ကို ရအပ်၏ဟု သိရှိပါလေ။
信奉的宗教不同。”因而不肯把女子嫁给他。这时,其他亲属又代为求亲,说:“你们怎样举行与你们宗教见解有关的仪式,这位新郎也会照样举行。”女方答应婚事以后,这名男子便随同那些持邪见的异教亲属,前往诸外道大师处。起初,他对那种邪见宗教仍有疑惑;日久之后,心态逐渐改变,转而想:“这些外道大师的举止能使人心增长,实在值得珍重。”于是喜爱那种邪见学说,并接受、执取了邪见。应知,在具有这种情形的时候,便会得到这第二不善心。
(အဘိ-ဋ္ဌ-၁-၂၉၆-၂၉၇။)
(《殊胜义注》1-296—297。)
ဤ၌ကား ဣဋ္ဌ ဖြစ်သည့် ရူပါရုံကို --- နိစ္စ သုခ အတ္တ သုဘဟု ဣဋ္ဌဟု စွဲယူမိအောင် မိမိကိုယ်ကို မိမိက တိုက်တွန်းရမှု သို့မဟုတ် သူတစ်ပါးတို့က တိုက်တွန်းရမှုကို အာရုံယူ၍ ရှုပါ။
在这里,对于可意的色所缘,应以促使自己把它执为常、乐、我、净或可意的自我促动,或者他人的促动,为所缘来观修。
၃။ ဥပေက္ခာသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် အသင်္ခါရိကစိတ်တစ်ခု - = ဥပေက္ခာဝေဒနာနှင့် အတူတကွဖြစ်သော မိစ္ဆာဒိဋ္ဌိနှင့် ယှဥ်သော တိုက်တွန်းမှု မရှိသော အသင်္ခါရိကစိတ် တစ်ခု -
3.舍俱邪见相应无行心一种——即与舍受俱、与邪见相应而未经促动的无行心。
原书第 253 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- အရူပပရိဂ္ဂဟ အခန်း ၄။ တိုက်တွန်းမှု ရှိသော သသင်္ခါရိကစိတ်တစ်ခု - ဤစိတ် (၂) မျိုးကား ဥပေက္ခာဝေဒနာနှင့် ယှဥ်၏၊ သို့အတွက် ပီတိ မပါပေ။ မိစ္ဆာဒိဋ္ဌိနှင့်ကား ယှဥ်လျက် ပင်ရှိ၏။ သို့အတွက် စိတ်စေတသိက် အရေအတွက်မှာ (၁၉/၂၁) အသီးအသီး ဖြစ်သည်။ ရှုပုံစနစ်ကား ပထမစိတ် ဒုတိယစိတ်တို့နှင့် တူညီ၏။ ဤတွင် ဒိဋ္ဌိဂတသမ္ပယုတ်စိတ် (၄)မျိုး ပြီး၏။ ဒိဋ္ဌိဂတဝိပ္ပယုတ် = ဒိဋ္ဌိနှင့် မယှဥ်သော လောဘမူစိတ် (၄)မျိုး၏ ရှုကွက်ကို ဆက်လက်၍ ဖော်ပြအပ်ပါသည်။
4.经过促动的有行心一种。上述两种心都与舍受俱,所以不含喜;但仍与邪见相应。因此,其心与心所的数目分别为19/21种。观修方法与第一、第二心相同。至此,四种邪见相应心已经讲完;下面继续说明邪见不相应——即不与邪见相应——的四种贪根心之观修项目。
ဒိဋ္ဌိဂတဝိပ္ပယုတ် စိတ် (၄) မျိုး
四种邪见不相应心
၅။ သောမနဿသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် အသင်္ခါရိကစိတ်တစ်ခု - = သောမနဿဝေဒနာနှင့် အတူတကွ ဖြစ်သော မိစ္ဆာဒိဋ္ဌိနှင့် မယှဥ်သော တိုက်တွန်းမှု မရှိသော စိတ်တစ်ခု ၆။ သောမနဿသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် သသင်္ခါရိကစိတ်တစ်ခု - = သောမနဿဝေဒနာနှင့် အတူတကွ ဖြစ်သော မိစ္ဆာဒိဋ္ဌိနှင့် မယှဥ်သော တိုက်တွန်းမှု ရှိသော စိတ်တစ်ခု ၇။ ဥပေက္ခာသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် အသင်္ခါရိကစိတ်တစ်ခု - = ဥပေက္ခာဝေဒနာနှင့် အတူတကွ ဖြစ်သော မိစ္ဆာဒိဋ္ဌိနှင့် မယှဥ်သော တိုက်တွန်းမှု မရှိသော စိတ်တစ်ခု ၈။ ဥပေက္ခာသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် သသင်္ခါရိကစိတ်တစ်ခု - = ဥပေက္ခာဝေဒနာနှင့် အတူတကွ ဖြစ်သော မိစ္ဆာဒိဋ္ဌိနှင့် မယှဥ်သော တိုက်တွန်းမှု ရှိသော စိတ်တစ်ခု --- ဤ ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် (၄)မျိုး၌ မာနသည် ရံခါယှဥ်၍ ဖြစ်၏။ မာနသည် ကဒါစိ စေတသိက် = တစ်ရံ တစ်ခါသာ ဖြစ်လေ့ ယှဥ်လေ့ရှိသော စေတသိက် ဖြစ်သဖြင့် ဤစိတ် (၄)မျိုး၌ ရံခါသာ ယှဥ်ခြင်းဖြစ်၏။ မာန
5.悦俱邪见不相应无行心一种——即与悦受俱、不与邪见相应而未经促动的心。6.悦俱邪见不相应有行心一种——即与悦受俱、不与邪见相应而经过促动的心。7.舍俱邪见不相应无行心一种——即与舍受俱、不与邪见相应而未经促动的心。8.舍俱邪见不相应有行心一种——即与舍受俱、不与邪见相应而经过促动的心。在这四种邪见不相应心中,慢有时会相应生起。慢属于偶生心所,即只在某些时候才生起、才相应的心所,所以只在这四种心中偶尔相应。慢
နှင့် ဒိဋ္ဌိတို့သည် စိတ္တက္ခဏတစ်ခု၏ အတွင်း၌ အတူယှဥ်တွဲ၍ မဖြစ်နိုင်ကြသဖြင့် ဤဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် (၄)မျိုး ၌ ဒိဋ္ဌိမယှဥ်ပေ။
与邪见不能在同一心刹那内同时相应而生,因此,这四种邪见不相应心不与邪见相应。
၅။ အာရုံ (၆)ပါးတို့၌ ဝမ်းမြောက်လေ့ရှိသည်ဖြစ်၍ လိုလားတပ်မက်မှု လောဘကို ဖြစ်စေလျက် ''ငါ-သူ တစ်ပါး-ယောကျာ်း-မိန်းမ-ပုဂ္ဂိုလ်-သတ္တဝါ-လူ-နတ်-ဗြဟ္မာ-အသက်ကောင်-လိပ်ပြာကောင်-ဝိညာဏ်ကောင်- အတ္တကောင် စသော နည်းဖြင့် မှားသောအားဖြင့် မသုံးသပ်ဘဲ ဗိဿနိုးနတ်၏ တင့်တယ်စံပယ်ခြင်း စသော နတ်ပွဲ၊ လကေ့်ဝှပွဲ၊ ဇာတ်ပွဲ၊ အငြိမ့်ပွဲ စသည်တို့ကို ကြည့်ရှုသော ပုဂ္ဂိုလ်၏ သန္တာန်၌လည်းကောင်း၊ နှစ်သက် မြတ်နိုးခြင်းကို ဖြစ်စေတတ်သော အဆိုကျော်တို့၏ အသံ၊ ဓမ္မကထိကတို့၏ အသံ စသည်ကို နားထောင်ခြင်း အစရှိသည်၌ လေ့ကျက်လိုက်စားသော ပုဂ္ဂိုလ်၏ သန္တာန်၌လည်းကောင်း မြတ်နိုးဖွယ် အနံ့ အရသာ အတွေ့ အထိ စသည်တို့ကို လိုက်စားသူ၏ သန္တာန်၌လည်းကောင်း အမှတ် (၅) ဖြစ်သော ဤသောမနဿသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် အသင်္ခါရိကစိတ်သည် ဖြစ်၏။ (အဘိ-ဋ္ဌ-၁-၂၉၇။) ၆။ အထက်ပါ ဗိဿနိုးနတ်ပွဲ လကေ့်ဝှပွဲ ကပွဲ စသည့် ပွဲလမ်းသဘင်တို့ကို ကြည့်ရှုရာဌာနဝယ် ပွဲကြည့်ပရိ-
5.有些人对六种所缘惯常感到欢悦,令欲求、贪著之贪生起,却不以“我、他人、男人、女人、个人、有情、人、天、梵天、生命实体、灵魂实体、识实体、自我实体”等方式作错误思量;在观看毗湿奴天神盛装庄严等神庆、拳赛、戏剧、歌舞表演等人的相续中,或在惯于听闻能引生喜爱珍重的名歌手之声、说法师之声等人的相续中,或在追逐可爱气味、滋味、触感等人的相续中,便会生起编号第5的悦俱邪见不相应无行心。(《殊胜义注》1-297。)6.在观看上述毗湿奴神庆、拳赛、舞蹈等节庆表演的场所,为观众
သတ်တို့အတွက် ထိုင်ခုံများကို အဆင့်ဆင့် အနိမ့်အမြင့် တန်းထား၏။ အထက်အဆင့်တွင် ထိုင်လျက် ပွဲကြည့် သူတို့က တံတွေး ထွေးချသည် ဖြစ်စေ ခြေမှုန့် ခါချသည် ဖြစ်စေ၊ အောက်ဆင့်တွင် ထိုင်လျက် ပွဲကြည့်သူတို့က ထိုတံတွေး ခြေမှုန့်တို့ကို ရှောင်လွှဲဖို့ရန် အားထုတ်ကြရ၏။ သို့ရှောင်လွှဲဖို့ရန် အားထုတ်သောစိတ်ဖြင့် ရှောင်လွှဲ ရင်း အကြားအကြား၌ ပွဲကြည့်ရသူတို့၏ သန္တာန်၌လည်းကောင်း ---- မင်း၏ မောင်းမမိဿံများ ထွက်လာသောအခါ လာရောက် ကြည့်ရှုကြသည့် ပွဲကြည့်ပရိသတ်တွေ အလွန်များလှသဖြင့် ဆိုင်ရာအစောင့်အရှောက်တို့က လမ်းဖယ်ခိုင်းခြင်း လမ်းရှင်းခြင်းတို့ကို ပြုလုပ်ကြ၏၊ ထိုသို့
分层排列高低不同的座位。坐在较高层观看的人若吐下唾沫,或抖落脚上的尘土,坐在较低层的观众就得努力躲避。以努力躲避之心一边避开、一边时断时续观看表演者的相续中,也会有这种心。又如国王的后妃、宫女出行时,前来观看的民众极多,相关守卫便命人让路、清道;这样
原书第 254 页
လမ်းရှင်းသောအခါ ပွဲကြည့်ပရိသတ်တို့သည် ရုံးရုံး ရုံးရုံးနှင့် နောက်သို့ဆုတ်ကြ လမ်းဖယ်ပေးကြရသဖြင့် ပွဲကို ကောင်းကောင်း မကြည့်ရဘဲ ခပ်ဝေးဝေးမှ ထိုထို လူကြား သူကြား အပေါက်ဖြင့် ချောင်း၍ သို့မဟုတ် ခြေကို ထောက်၍ ကြည့်ကြရ၏။ ထိုသို့ မမြင့်တမြင်ဖြင့် ပွဲကြည့်ရှုသူတို့၏ သန္တာန်၌လည်းကောင်း ---- ဤသောမနဿသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် သသင်္ခါရိကစိတ် ဖြစ်၏။ (အဘိ-ဋ္ဌ-၁-၂၉၇။) ဤစိတ် (၂) မျိုးကား သောမနဿဝေဒနာနှင့် ယှဥ်၏။
道路被清开时,观众喧闹着向后退让、让出道路,不能好好观看演出,只能从远处透过人群间的空隙窥看,或踮脚观看。在这样勉强观看演出者的相续中,便生起这种悦俱·邪见不相应·有行贪根心。(《殊胜义注》1-297。)这两种心都与悦受相应。
၇။ ဥပေက္ခာသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် အသင်္ခါရိကစိတ် - ၈။ သသင်္ခါရိကစိတ်တို့ကား ဥပေက္ခာဝေဒနာနှင့် ယှဥ်၏။ နည်းတူ သဘောပေါက်ပါလေ။
7.舍俱·邪见不相应·无行贪根心;8.舍俱·邪见不相应·有行贪根心。这两种心与舍受相应,应依同样方式理解。
ဤအထက်ပါ လောဘမူစိတ် (၈)မျိုးဖြစ်ပုံ ရှင်းလင်းချက်တို့ကား လောဘမူစိတ်ဖြစ်ပုံကို နားလည်လွယ် စေရန် သမ္မုတိသစ္စာနယ်မှ ရှင်းလင်းချက်များပင် ဖြစ်၏။ ဤတွင် ရူပါရုံကို အာရုံပြု၍ ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် ဖြစ်ပုံကို ပရမတ္ထသစ္စာနယ်မှ ဆက်လက် ဖော်ပြအပ်ပါသည်။ ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ်တို့ကို သိမ်းဆည်းရှုပွားပုံမှာ ဤသို့ ဖြစ်၏။
以上关于八种贪根心如何生起的解释,是为了便于理解贪根心的生起,而从世俗谛领域作出的说明。现在继续从胜义谛领域,说明取色所缘为所缘时邪见不相应心如何生起。摄取、观修这些邪见不相应心的方法如下。
သိမ်းဆည်း ရှုပွားပုံစနစ်
摄取、观修方法
၁။ စက္ခုအကြည်ဓာတ်နှင့် ဘဝင်မနောအကြည်ဓာတ်ကို ပူးတွဲ သိမ်းဆည်းပါ။
1.把眼净色与有分意净界一并摄取。
၂။ ဣဋ္ဌ ဖြစ်သော = အလိုရှိအပ် နှစ်သက်မြတ်နိုးအပ်သော ရုပ်ကလာပ်တို့၏ ရူပါရုံအရောင်ကို လှမ်း၍ အာရုံယူပါ။
2.取色聚中属于可意——即可欲、可喜、可珍重——的色所缘,也就是颜色,为所缘。
၃။ ထိုရူပါရုံအရောင်သည် စက္ခုအကြည်ဓာတ်နှင့် ဘဝင် မနောအကြည်ဓာတ်တို့ကို ပြိုင်တူ ရိုက်ခတ်သော အခါ = ထိုရူပါရုံအရောင်သည် စက္ခုအကြည်ဓာတ်နှင့် ဘဝင် မနောအကြည်ဓာတ်တို့၌ ပြိုင်တူ ရှေးရှူကျ ရောက်လာသောအခါ = ထင်လာသောအခါ --- စက္ခုဒွါရဝီထိနှင့် မနောဒွါရဝီထိစိတ်အစဥ်တို့သည် ယင်း ရူပါရုံကိုပင် အာရုံပြု၍ ဖြစ်ပေါ်လာကြ၏။
3.当该色所缘——颜色——同时撞击眼净色与有分意净界,也就是同时来到二者之前并显现时,眼门心路与意门心路的心相续便取同一色所缘为所缘而生起。
၄။ ထိုဝီထိစိတ်တို့တွင် ပါဝင်သော --- ပဉ္စဒွါရဝဇ္ဇန်း-ဝုဋ္ဌော-မနောဒွါရဝဇ္ဇန်းတို့က ''ဤရုပ်ကလာပ်တို့၏ ရူပါရုံ အရောင်ကို ငါမို့ ရှုရတာ'' --- ဟု ဆင်ခြင်ဆုံးဖြတ်ပါ၊ နှလုံးသွင်းပါ။
4.试让这些心路心中的五门转向、确定与意门转向这样思量、判定并作意:“这些色聚的色所缘——颜色,正因为是我,才能观见。”
အယောနိသောမနသိကာရ ဖြစ်သဖြင့် မိမိကိုယ်ကို မိမိ အထင်ကြီးနေသော မာန ဦးဆောင်နေသည့် လောဘ-မာန အုပ်စု အကုသိုလ်ဇောများ ပါဝင်သော စက္ခုဒွါရဝီထိ မနောဒွါရဝီထိတို့ ဖြစ်ပေါ်လာကြပေလိမ့် မည်။ ဇောအသီးအသီး၌ (၂ဝ/၂၂/၁၉/၂၁)လုံးသော နာမ်တရားစုတို့ အသီးအသီး ပါဝင်ကြ၏။ ယခင် လောဘ -ဒိဋ္ဌိ အုပ်စုတွင် ဒိဋ္ဌိပြုတ်၍ မာနဝင်လာခြင်း ဖြစ်၏။ သို့သော် မာန စေတသိက်သည် ရံခါသာ ယှဥ်တတ်သော ကဒါစိ စေတသိက်ဖြစ်သဖြင့် မာန မယှဥ်သော် ယင်းဒိဋ္ဌိဂတဝိပ္ပယုတ်စိတ်၌ (၁၉/၂၁/၁၈/၂ဝ)သော နာမ် တရားစုသာ အသီးအသီး ရှိပေလိမ့်မည်ဟု မှတ်ပါ။
由于这是不如理作意,便会生起含有贪—慢组不善速行、以贡高自大的慢为首的眼门心路与意门心路。按本段第五至第八心的次序,每一速行分别含20、22、19、21种名法。也就是先前贪—邪见组中的邪见退去,由慢进入取代。不过,慢心所属于偶生心所,只在某些时候相应;慢不相应时,这些邪见不相应心便分别只有19、21、18、20种名法。
ဤဒိဋ္ဌိဂတသမ္ပယုတ် ဒိဋ္ဌိဂတဝိပ္ပယုတ်ဟူသော လောဘမူစိတ် (၈)မျိုးတို့၌ သောမနဿဝေဒနာဖြစ်လျှင် ပီတိ ပါ၏၊ ဥပေက္ခာဝေဒနာဖြစ်လျှင် ပီတိ မပါ။ သသင်္ခါရိက = တိုက်တွန်းမှုရှိလျှင် ထိန-မိဒ္ဓ ယှဥ်၏။ အသင်္ခါရိက = တိုက်တွန်းမှု မရှိလျှင် ထိန-မိဒ္ဓ မယှဥ်။
在邪见相应与邪见不相应的这八种贪根心中,与悦受相应时含有喜,与舍受相应时不含喜;有行,即有推动时,与昏沉、睡眠相应;无行,即无推动时,不与昏沉、睡眠相应。
ဝီထိစိတ်အစဥ်အတွင်း၌ တည်ရှိသော စိတ္တက္ခဏတိုင်း၌ စိတ် စေတသိက် အရေအတွက်ကို ဇယားဖြင့် ဖော်ပြထားပါသည်။ ဇောတွင် ပီတိပါလျှင် သောမနဿဝေဒနာဖြစ်လျှင် သန္တီရဏနှင့် တဒါရုံတို့၌လည်း ပီတိပါ
表中列出了心路相续内每一心刹那的心与心所数目。若速行含有喜、与悦受相应,那么推度与彼所缘也含有喜
原书第 255 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- အရူပပရိဂ္ဂဟ အခန်း ၍ သောမနဿဝေဒနာကိုပင် ချပြထားပါသည်။ ဇောတွင် ဥပေက္ခာဝေဒနာ ဖြစ်၍ ပီတိမပါလျှင် သန္တီရဏနှင့် တဒါရုံတို့၌လည်း ဥပေက္ခာဝေဒနာကိုပင် ချပြထားပါသည်၊ ပီတိလည်း မပါပေ။
而以悦受表示。若速行与舍受相应、不含喜,推度与彼所缘也都以舍受表示,同样不含喜。
သို့သော် တဒါရုံမှာ ယေဘုယျအားဖြင့် ဇောနှင့် ဝေဒနာချင်း တူညီသော်လည်း၊ မူလက ဥပေက္ခာဝေဒနာ ဖြင့် ပဋိသန္ဓေတည်နေခဲ့သူ၏ သန္တာန်ဝယ် --- ဇော၌ ဒေါမနဿဝေဒနာဖြစ်လျှင် တဒါရုံ၌လည်း ဒေါမနဿ ဝေဒနာ မဖြစ်နိုင်သဖြင့် ဥပေက္ခာဝေဒနာသာ ဖြစ်သည်။ အကယ်၍ မူလက သောမနဿ ပဋိသန္ဓေတည်နေခဲ့သူ ဖြစ်မူ အတိဣဋ္ဌာရုံဝယ် ဒေါသဇောနောင်၌ တဒါရုံ မကျနိုင်ဘဲ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း အာဂန္တုက ဘဝင်သာ ကျနိုင်သည်ဟု မှတ်ပါ။
不过,彼所缘所相应的受一般虽与速行相同,在原本以舍受相应心结生者的相续中,若速行与忧受相应,彼所缘不可能也与忧受相应,只能与舍受相应。若原本以悦受相应心结生,那么在极可意所缘上,嗔速行之后彼所缘不能生起,只能如前所说落入客来有分;应当这样记住。
ပဉ္စဒွါရာဝဇ္ဇန်း၊ စက္ခုဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ မနောဒွါရာဝဇ္ဇန်းတို့တွင် ပါဝင်တည်ရှိကြ သော နာမ်တရားတို့၏ အရေအတွက်မှာ အကောင်းအုပ်စုတွင် ဖော်ပြထားသော နာမ်တရား အရေအတွက်နှင့် ပုံစံတူပင် ဖြစ်သည်။ ဇော၌ရှိသော နာမ်တရား အရေအတွက်သာလျှင် အကောင်းအုပ်စုနှင့် မကောင်းအုပ်စုတို့ မတူညီကြပေ။
五门转向、眼识、领受、推度、确定与意门转向中所含名法的数目,与善组所列的数目相同;只有速行中的名法数,善组与不善组有所不同。
အထက် တဒါရုံဇယားတွင် ဖော်ပြခဲ့သည့်အတိုင်း လောဘမူဇော (၈)ခု နောင်၌ တဒါရုံ (၁၁)မျိုး၊ ဒေါသ မူဇော (၂)ခု နောင်၌ တဒါရုံ (၆)မျိုး၊ မောဟမူဇော (၂)ခု နောင်၌ တဒါရုံ (၁၁)မျိုး ထိုက်သလို ကျနိုင်၏။ ယင်း တဒါရုံ နာမ်တရားစုတို့၏ အရေအတွက်ကို အကောင်းအုပ်စုတွင် ဖော်ပြထားခဲ့သည့်အတိုင်းသာ သိရှိပါလေ။
如上面的彼所缘表所示,在八种贪根速行之后,可随其所应生起十一种彼所缘;在两种嗔根速行之后,可生起六种;在两种痴根速行之后,可生起十一种。这些彼所缘名法组的法数,应依善组先前所列的方式了知。
(က) ဣဋ္ဌာရုံ၌ (အဟိတ်-သဟိတ်) ကုသလဝိပါက် တဒါရုံများ ( ခ ) အတိဣဋ္ဌာရုံ၌ (အဟိတ်-သဟိတ်) ကုသလဝိပါက် သောမနဿတဒါရုံများ ( ဂ ) အနိဋ္ဌာရုံ၌ အဟိတ် အကုသလဝိပါက် တဒါရုံများ (ဃ) သောမနဿဇောနောင်၌ သောမနဿတဒါရုံများ ( င ) ဥပေက္ခာဇောနောင်၌ ဥပေက္ခာတဒါရုံများ ( စ ) ဒေါသဇောနောင်၌ ဥပေက္ခာတဒါရုံများ အာဂန္တုကဘဝင်များ --- ဤသို့ စသည်ဖြင့် တဒါရုံများ၏ ထိုက်သလို ဖြစ်မှုကို အထက်တွင် ဖော်ပြခဲ့သော နည်းများကို မှီး၍ သိရှိပါလေ။
(甲)在可意所缘上,生起无因或有因善果报彼所缘;(乙)在极可意所缘上,生起无因或有因善果报悦俱彼所缘;(丙)在不可意所缘上,生起无因不善果报彼所缘;(丁)悦俱速行之后,生起悦俱彼所缘;(戊)舍俱速行之后,生起舍俱彼所缘;(己)嗔速行之后,生起舍俱彼所缘或客来有分。彼所缘如何随其所应生起,应仿照前述诸法了知。
ဤဖော်ပြလတ္တံ့သော ဇယားတွင်ကား အသိဉာဏ် မရှုပ်ထွေးစေရန် ရည်သန်၍ အကုသိုလ်ဇောများ၏ နောင်၌ အဟိတ် ကုသလဝိပါက်နှင့် အကုသလဝိပါက် တဒါရုံများကိုလည်း ချပြထားပါသည်။ မဟာဝိပါက် တဒါရုံများလည်း ဣဋ္ဌ-အတိဣဋ္ဌ စသော အာရုံသဘောသို့လိုက်၍ ကျနိုင်သည်သာ ဖြစ်ပါသည်။ အကယ်၍ မဟာဝိပါက် တဒါရုံများသည်လည်း ဆိုင်ရာ အကုသိုလ်ဇောနောင်၌ ထိုက်သလို ကျခဲ့လျှင်လည်း အသင်ယောဂီ သူတော်ကောင်းသည် ရှုရင်းဖြင့် သဘောပေါက်လိမ့်မည်ဟု မျှော်လင့်ပါသည်။ ထိုကြောင့် တဒါရုံ အကွက်တွင် (၃၄/၃၃) တို့ကား မဟာဝိပါက်တဒါရုံတည်း (၁၂)ကား အဟိတ်ကုသလဝိပါက် သောမနဿသန္တီရဏ တဒါရုံ --- (၁၁)ကား ကုသလဝိပါက်+အကုသလဝိပါက် ဥပေက္ခာသန္တီရဏ တဒါရုံတို့တည်းဟု အသီးအသီး မှတ်သား ပါ။ သို့သော် ဝီထိစဥ်တစ်ခု အတွင်း၌ တဒါရုံတစ်မျိုးသာ ကျနိုင်သည်ဟု မှတ်ပါ။ ဤတွင် ဒေါသဇော မောဟ ဇော ပြဓာန်းသော စက္ခုဒွါရဝီထိ မနောဒွါရဝီထိတို့ကို သိမ်းဆည်း ရှုပွားပုံကို အကျဥ်းချုပ်၍ ဆက်လက် ဖော်ပြ
在下面这张表中,为免理解混乱,也列出了不善速行之后的无因善果报与不善果报彼所缘。大果报彼所缘也能依可意、极可意等所缘性质而生起;若大果报彼所缘随其所应生起于相应不善速行之后,期望贤善的瑜伽行者能在观修过程中逐渐明白。因此应分别记住:彼所缘栏中的34/33是大果报彼所缘;12是悦俱无因善果报推度彼所缘;11则是善果报与不善果报两种舍俱推度彼所缘。不过,一道心路次第中只能生起一种彼所缘。下面将简要继续说明如何摄取、观修以嗔速行、痴速行为主的眼门心路与意门心路
အပ်ပါသည်။
如下所述。
原书第 256 页
ဒေါသဇော အုပ်စု ရှုပုံစနစ်
嗔速行组的观修方法
၁။ စက္ခုအကြည်ဓာတ်နှင့် ဘဝင် မနောအကြည်ဓာတ်ကို ပူးတွဲ သိမ်းဆည်းပါ။
1.把眼净色与有分意净界一并摄取。
၂။ အနိဋ္ဌဖြစ်သော ရူပါရုံအရောင်ကို လှမ်း၍ အာရုံယူပါ။
2.取不可意的色所缘——颜色——为所缘。
၃။ ထိုရူပါရုံအရောင်က စက္ခုဒွါရနှင့် မနောဒွါရတို့၌ ပြိုင်တူ ရိုက်ခတ်လာသောအခါ ရှေးရှူကျရောက်လာ သောအခါ ထင်လာသောအခါ ထိုရူပါရုံအရောင်ကို အနိဋ္ဌ အဖြစ် နှလုံးသွင်းလိုက်ပါက အယောနိသော မနသိကာရ ဖြစ်သဖြင့် ဒေါသပြဓာန်းသော စက္ခုဒွါရဝီထိ မနောဒွါရဝီထိများ ဖြစ်ပေါ်လာကြပေလတ္တံ့။
3.当该色所缘——颜色——同时撞击眼门与意门,也就是来到面前并显现时,若把它作意为“不可意”,由于这是不如理作意,以嗔为主的眼门心路与意门心路便会生起。
အနိဋ္ဌဖြစ်သော ရူပါရုံကို မနှစ်သက်သော် ဒေါသထွက်သော် --- ပဋိဃ သံယောဇဥ် ဖြစ်၏ = ဒေါသအုပ်စု နာမ်တရားများဖြစ်၏။ ဇော၌ (၁၈/၂ဝ)သော နာမ်တရားများတည်း။
若不喜爱不可意的色所缘并生起嗔怒,嗔恚结便会生起,也就是嗔组名法生起;速行中分别有18/20种名法。
''ဤရူပါရုံအရောင်ကို ငါမှတစ်ပါးသော သူတို့သည် မရရှိကြပါကုန်မူကား ကောင်းလေစွ''ဟု နှလုံးသွင်း ကြည့်ပါ။ အယောနိသောမနသိကာရဖြစ်၏။ ဤသို့ ငြူစူစောင်းမြောင်းသော စိတ်ဓာတ်ရှိသော ပုဂ္ဂိုလ်၏သန္တာန်၌ ဣဿာသံယောဇဥ် ဖြစ်၏။ ဒေါသ-ဣဿာ နာမ်တရားစုတို့တည်း။ ဇောအသီးအသီး၌ (၁၉/၂၁)လုံးကုန်သော နာမ်တရားစုတို့တည်း။
试着这样作意:“这个色所缘——颜色——除我之外,其他人若都得不到,那就好了。”这就是不如理作意。在具有这种嫉妒心态者的相续中,嫉结生起,也就是嗔—嫉组名法生起;每一速行分别含19/21种名法。
ယင်းရူပါရုံအရောင်ကိုပင် သူတစ်ပါးတို့နှင့် မဆက်ဆံရအောင် နှလုံးသွင်းကြည့်ပါ။ အယောနိသောမန- သိကာရပင်တည်း။ မစ္ဆရိယသံယောဇဥ် ဖြစ်၏။ ဒေါသ-မစ္ဆရိယ နာမ်တရားစုများပင်တည်း။ ဇောအသီးအသီး၌ (၁၉/၂၁)လုံးကုန်သော နာမ်တရားစုတို့တည်း။
再试着这样作意:“不要让这个色所缘——颜色——与他人发生关联。”这同样是不如理作意,会生起悭结,也就是嗔—悭组名法;每一速行分别含19/21种名法。
စက္ခုဒွါရ မနောဒွါရဟူသော ဒွါရနှစ်ခုကို ပြိုင်တူထင်အောင် ပူးတွဲသိမ်းဆည်းပြီးနောက် မိမိဖျက်ဆီးမိခဲ့ သော ရူပါရုံအရောင်ကို (သူတစ်ပါး၏ အင်္ကျီအရောင် ပျက်အောင် မင်ဖြင့် တို့ဖူးခဲ့သော် ထိုအင်္ကျီအရောင်ကို) လှမ်းအာရုံယူ၍ --- ''ငါပြုမိတာ မှားပြီ''ဟု နှလုံးသွင်းကြည့်ပါ။ ဒေါသ-ကုက္ကုစ္စ နာမ်တရားများ ဖြစ်ပေါ်လာလတ္တံ့။
先把眼门与意门这两门一并摄取,使二者同时显现;然后取自己曾经毁坏的色所缘——颜色——为所缘〔例如,若曾用墨水弄坏他人的衣服颜色,就取那件衣服的颜色为所缘〕,试着作意:“我做错了。”嗔—恶作组名法便会生起。
တစ်ဖန် ပန်းအရောင်လှနေတုံး ဘုရား မလှူလိုက်ရ၍ စိတ်မကောင်းဖြစ်မိသော် ထိုရူပါရုံ ပန်းအရောင်ကို အာရုံယူ၍ ''မှားပေါ့''ဟု နှလုံးသွင်းကြည့်ပါ။ နောင်တတစ်ဖန် ပူပန်မှု ကုက္ကုစ္စအုပ်စု နာမ်တရားများ ဖြစ်ပေါ် လာလတ္တံ့။ ဇောအသီးအသီး၌ (၁၉/၂၁)လုံးသော နာမ်တရားစုတည်း။
又如,因为未能趁花色鲜美时供佛而心生不悦,就取那朵花的色所缘——颜色——为所缘,试着作意:“真是做错了。”于是会生起再次后悔、忧恼的恶作组名法;每一速行分别含19/21种名法。
မောဟ အုပ်စု နာမ်တရားများကို သိမ်းဆည်းပုံ
摄取痴组名法的方法
စက္ခုဒွါရ မနောဒွါရဟူသော ဒွါရနှစ်ခုကို ပူးတွဲသိမ်းဆည်းပြီးလျှင် စိတ်မငြိမ်မသက် ဖြစ်နေကျ စိတ်ပျံ့ လွင့်နေကျ ရူပါရုံအရောင်ကို လှမ်း၍ အာရုံယူလိုက်သောအခါ စိတ်ပျံ့လွင့်သော် ဥဒ္ဓစ္စအုပ်စု နာမ်တရားများ ဖြစ်ပေါ်လာလတ္တံ့။ ဇောအသီး အသီး၌ (၁၆)လုံးစီသော နာမ်တရားစုတည်း။
把眼门与意门这两门一并摄取以后,取惯常令心不安、心散乱的色所缘——颜色——为所缘;若心散乱,掉举组名法便会生起,每一速行含16种名法。
ဒွါရနှစ်ခုကို ပူးတွဲသိမ်းဆည်းပြီးလျှင် ရုပ်ကလာပ်တို့၏ ရူပါရုံအရောင်ကို လှမ်းအာရုံယူ၍ ''ဤရူပါရုံ အရောင်သည် ---'' သတ္တလေလော = အတ္တလေလော၊ သတ္တ၏ ဥစ္စာလော = အတ္တ၏ ဥစ္စာလော၊ = အတ္တ၏ အရောင်လေလော''ဟု နှလုံးသွင်းပါ။ အယောနိသောမနသိကာရ ဖြစ်သဖြင့် ဤသို့ ယုံမှားသံသယ ရှိနေသော ပုဂ္ဂိုလ်၏ သန္တာန်၌ ဝိစိကိစ္ဆာသံယောဇဥ် = ဝိစိကိစ္ဆာ နာမ်တရားစုဖြစ်၏၊ ဇောအသီးအသီး၌ (၁၆)လုံးသော နာမ်တရားစုတို့ ပါဝင်ကြ၏။
把两门一并摄取以后,取色聚的色所缘——颜色——为所缘,并这样作意:“这个色所缘——颜色——是有情,也就是我吗?是有情所有,也就是我所有的吗?也就是我的颜色吗?”由于这是不如理作意,在这样犹疑不决者的相续中会生起疑结,也就是疑名法组;每一速行含16种名法。
原书第 257 页
ရူပါရုံ = အရောင်လိုင်း - မကောင်းအုပ်စု အကုသိုလ်ဇောဝီထိ ဇယား
色所缘(颜色)线——不善组不善速行心路表
စက္ခုဒွါရဝီထိ မနောဒွါရဝီထိ
眼门心路|意门心路
မှီရာဝတ္ထုရုပ် ဟဒယ = ၅၄ စက္ခု = ၅၄ ဟဒယ = ၅၄ ဟဒယ = ၅၄ ဟဒယ = ၅၄ ဟဒယ = ၅၄ ဟဒယ = ၅၄ = ၅၄ = ၅၄ = ၅၄ = ၅၄ ပဉ္စဒွါရာဝဇ္ဇန်း စက္ခုဝိညာဏ် သမ္ပဋိစ္ဆိုင်း သန္တီရဏ ဝုဋ္ဌော ဇော (၇) တဒါရုံ (၂) ဘဝင် မနောဒွါ- ဇော တဒါရုံ (၂)
所依处色|心脏=54|眼=54|心脏=54|心脏=54|心脏=54|心脏=54|心脏=54|心脏=54|心脏=54|心脏=54|心脏=54;五门转向|眼识|领受|推度|确定|速行(7次)|彼所缘(2次)|有分
ရာဝဇ္ဇန်း (၇)
意门转向|速行(7次)|彼所缘(2次)
၁။လောဘ-ဒိဋ္ဌိ ၁၁ ၈ ၁၁ ၁၂ ၁၂ ၂ဝ ၃၄/၃၃/၁၂/၁၁ ၃၄ ၁၂ ၂ဝ ၃၄/၃၃/၁၂/၁၁ ၂။လောဘ-ဒိဋ္ဌိ ။ ။ ။ ၁၁ ။ ၁၉ ၃၃/၃၂/၁၁/၁၁ ။ ။ ၁၉ ၃၃/၃၂/၁၁/၁၁ ၃။လောဘ-ဒိဋ္ဌိ ။ ။ ။ ၁၂ ။ ၂၂ ၃၄/၃၃/၁၂/၁၁ ။ ။ ၂၂ ၃၄/၃၃/၁၂/၁၁ ၄။လောဘ-ဒိဋ္ဌိ ။ ။ ။ ၁၁ ။ ၂၁ ၃၃/၃၂/၁၁/၁၁ ။ ။ ၂၁ ၃၃/၃၂/၁၁/၁၁ ၅။လောဘ-မာန ။ ။ ။ ၁၂ ။ ၂ဝ ၃၄/၃၃/၁၂/၁၁ ။ ။ ၂ဝ ၃၄/၃၃/၁၂/၁၁ ၆။လောဘ-မာန ။ ။ ။ ၁၁ ။ ၁၉ ၃၃/၃၂/၁၁/၁၁ ။ ။ ၁၉ ၃၃/၃၂/၁၁/၁၁ ၇။လောဘ-မာန ။ ။ ။ ၁၂ ။ ၂၂ ၃၄/၃၃/၁၂/၁၁ ။ ။ ၂၂ ၃၄/၃၃/၁၂/၁၁ ၈။လောဘ-မာန ။ ။ ။ ၁၁ ။ ၂၁ ၃၃/၃၂/၁၁/၁၁ ။ ။ ၂၁ ၃၃/၃၂/၁၁/၁၁ ၉။ဒေါသ ။ ။ ။ ၁၁ ။ ၁၈ ၃၃/၃၂/၁၁/၁၁ ။ ။ ၁၈ ၃၃/၃၂/၁၁/၁၁ ၁ဝ။ဒေါသ ။ ။ ။ ၁၁ ။ ၂ဝ ။ ။ ။ ၂ဝ ။
1.贪—邪见|11|8|11|12|12|20|34/33/12/11|34|12|20|34/33/12/11;2.贪—邪见|11|8|11|11|12|19|33/32/11/11|34|12|19|33/32/11/11;3.贪—邪见|11|8|11|12|12|22|34/33/12/11|34|12|22|34/33/12/11;4.贪—邪见|11|8|11|11|12|21|33/32/11/11|34|12|21|33/32/11/11;5.贪—慢|11|8|11|12|12|20|34/33/12/11|34|12|20|34/33/12/11;6.贪—慢|11|8|11|11|12|19|33/32/11/11|34|12|19|33/32/11/11;7.贪—慢|11|8|11|12|12|22|34/33/12/11|34|12|22|34/33/12/11;8.贪—慢|11|8|11|11|12|21|33/32/11/11|34|12|21|33/32/11/11;9.嗔|11|8|11|11|12|18|33/32/11/11|34|12|18|33/32/11/11;10.嗔|11|8|11|11|12|20|33/32/11/11|34|12|20|33/32/11/11
၁၁။ဒေါသ-ဣဿာ ။ ။ ။ ၁၁ ။ ၁၉ ။ ။ ။ ၁၉ ။
11.嗔—嫉|11|8|11|11|12|19|33/32/11/11|34|12|19|33/32/11/11
၁၂။ဒေါသ-ဣဿာ ။ ။ ။ ၁၁ ။ ၂၁ ။ ။ ။ ၂၁ ။
12.嗔—嫉|11|8|11|11|12|21|33/32/11/11|34|12|21|33/32/11/11
၁၃။ဒေါသ-မစ္ဆရိယ ။ ။ ။ ၁၁ ။ ၁၉ ။ ။ ။ ၁၉ ။
13.嗔—悭|11|8|11|11|12|19|33/32/11/11|34|12|19|33/32/11/11
၁၄။ဒေါသ-မစ္ဆရိယ ။ ။ ။ ၁၁ ။ ၂၁ ။ ။ ။ ၂၁ ။
14.嗔—悭|11|8|11|11|12|21|33/32/11/11|34|12|21|33/32/11/11
၁၅။ဒေါသ-ကုက္ကုစ္စ ။ ။ ။ ၁၁ ။ ၁၉ ။ ။ ။ ၁၉ ။
15.嗔—恶作|11|8|11|11|12|19|33/32/11/11|34|12|19|33/32/11/11
၁၆။ဒေါသ-ကုက္ကုစ္စ ။ ။ ။ ၁၁ ။ ၂၁ ။ ။ ။ ၂၁ ။
16.嗔—恶作|11|8|11|11|12|21|33/32/11/11|34|12|21|33/32/11/11
၁၇။ဥဒ္ဓစ္စ ။ ။ ။ ၁၁ ။ ၁၆ ။ ။ ။ ၁၆ ။
17.掉举|11|8|11|11|12|16|33/32/11/11|34|12|16|33/32/11/11
၁၈။ဝိစိကိစ္ဆာ ။ ။ ။ ၁၁ ။ ၁၆ ။ ။ ။ ၁၆ ။
18.疑|11|8|11|11|12|16|33/32/11/11|34|12|16|33/32/11/11
မှတ်ချက် - ဒေါသ-ကုက္ကုစ္စ၌ ပြုပြီးဒုစရိုက်ကို အာရုံယူ၍ (၂) ချက်၊ မပြုလိုက်မိသော သုစရိုက်ကို အာရုံယူ၍ (၂) ချက်၊ ပေါင်း (၄) ချက် ရှုပါ။
注——嗔—恶作组应观四项:取已经造作的不善行为为所缘,观两项;取未曾造作的善行为为所缘,观两项;合计四项(2+2=4)。

本页是帕奥禅师缅文「五大册」第二册(趣向涅槃之道·第二册,书名暂定)的现代汉语全译本,非缩略版、非节译;译者 Dhammesanā。与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。