法随观谛品(saccapabba)·第一阶段(下)

《趣向涅槃之道》中文全译本 · 非缩略版

四念处章 · 原书第 565–567 页 · 20 个翻译单元

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 565 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- သတိပဋ္ဌာန် (၄)ပါး အခန်း ၂။ ဝိတက် ဝိစာရတို့၏ ချုပ်ငြိမ်းသွားခြင်းကြောင့် မိမိ၏ ကိုယ်တွင်း အဇ္ဈတ္တသန္တာန်၌ စိတ်ကို ကြည်လင်စေ တတ်သော၊ မြတ်သော တည်ကြည်မှု သမာဓိကို တိုးပွားစေတတ်သော၊ ဝိတက်လည်း မရှိ ဝိစာရလည်း မရှိသော၊ ပထမစျာန် သမာဓိကြောင့် ဖြစ်ပေါ်၍လာသော တစ်နည်း သမ္ပယုတ် သမာဓိကြောင့် ဖြစ်ပေါ်၍လာသော နှစ်သက်ခြင်း = ပီတိ၊ ချမ်းသာခြင်း = သုခ ရှိသော ဒုတိယစျာန်သို့ ရောက်၍ နေ၏။
2.由于寻(vitakka)与伺(vicāra)止息,他到达并住于第二禅:在自身内在相续中,内心得以明净,殊胜的一境性——即定——得以增长;其中无寻、无伺,并具足由初禅定而生——另一释为由相应定而生——的喜(pīti)与乐(sukha)。
၃။ ပီတိ၏လည်း ကင်းပြတ်သွားခြင်းကြောင့် (အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော ကမ္မဋ္ဌာန်းအာရုံကို) အညီ အမျှ လျစ်လျူရှုလျက်၊ (ကမ္မဋ္ဌာန်းအာရုံကို) အမှတ်ရတတ်သော သိမ်းဆည်းတတ်သော သတိရှိလျက်၊ (ကမ္မဋ္ဌာန်း အာရုံကို) သမ္ပဇဥ်ဉာဏ်ဖြင့် ဆင်ခြင်လျက် နေ၏။ ချမ်းသာခြင်း ကာယိကသုခ စေတသိကသုခကိုလည်း နာမ ကာယ = နာမ်တရားအပေါင်းဖြင့် ခံစား၏။ အကြင်တတိယစျာန်ကြောင့်၊ ထိုတတိယစျာန်နှင့် ပြည့်စုံသူကို ''(ကမ္မဋ္ဌာန်းအာရုံကို) အညီအမျှ လျစ်လျူရှုသူ၊ (ကမ္မဋ္ဌာန်းအာရုံကို) အမှတ်ရတတ်သော သိမ်းဆည်းတတ်သော သတိရှိသူ ချမ်းသာစွာ နေလေ့ရှိသူ''ဟု ဘုရား အစရှိကုန်သော အရိယာတကာ သူတော်စွာတို့သည် ချီးမွမ်း စကား ပြောကြားတော်မူကြကုန်၏၊ ထိုတတိယစျာန်သို့ ရောက်၍ နေ၏။
3.由于也离了喜(pīti),他以舍对业处所缘〔例如入出息似相〕平等而住,具备能忆念、摄取业处所缘的念,也以正知智审察业处所缘而住;又以名身——即名法之聚——感受身乐与心乐。由于成就这第三禅,佛陀等诸圣善士赞叹具足第三禅者为“平等舍置业处所缘者、具备能忆念与摄取业处所缘之念者、常常乐住者”;他到达并住于第三禅。
၄။ ကိုယ်ချမ်းသာခြင်း = ကာယိကသုခ၊ ကိုယ်ဆင်းရဲခြင်း = ကာယိကဒုက္ခကို ပယ်ရှားထားခြင်းကြောင့်လည်း ကောင်း၊ ရှေးဦးကပင် ဝမ်းသာခြင်း = သောမနဿ၊ စိတ်နှလုံး မသာယာခြင်း = ဒေါမနဿတရားတို့၏ ချုပ်ငြိမ်း ခြင်းကြောင့်လည်းကောင်း ဆင်းရဲ ချမ်းသာ ကင်းသော (တတြမဇ္ဈတ္တတာ စေတသိက်ဟူသော) စျာနုပေက္ခာ- ကြောင့် ဖြစ်ပေါ်လာသော သတိ၏ ထက်ဝန်းကျင် စင်ကြယ်ခြင်း ရှိသော စတုတ္ထစျာန်သို့ ရောက်၍ နေ၏။
4.由于已经舍离身乐与身苦,又由于悦(somanassa)与忧(domanassa)早已灭尽,他到达并住于第四禅;此禅不苦不乐,具备由禅舍〔即中舍性心所〕而使念周遍清净的状态。
ရဟန်းတို့ …ဤသမာဓိကို မှန်စွာတည်ကြည်ခြင်း = သမ္မာသမာဓိဟူ၍ ဆိုအပ်၏။
诸比丘……这种定称为正确的定,即正定。
ရဟန်းတို့ …ဤမဂ္ဂင် (၈)ပါး အကျင့်မြတ်တရားတည်းဟူသော တရားသဘောကို ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စာ = ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းကျင့်စဥ် မဂ္ဂအရိယသစ္စာဟူ၍ ဆိုအပ်၏။
诸比丘……八种道支这一殊胜行法,称为“趣向苦灭的行道圣谛”,也就是导向苦灭涅槃的修行——道圣谛。
(မ-၁-၈၉။)
(《中部》1-89。)
ဤစျာန်တရားတို့သည်ကား အရိယမဂ်၏ ရှေ့အဖို့၌ ဖြည့်ကျင့်အပ်သော ပုဗ္ဗဘာဂ သတိပဋ္ဌာနမဂ်ဟု ခေါ်ဆိုအပ်သော လောကီ သတိပဋ္ဌာန်ကျင့်စဥ်ပိုင်း၌လည်းကောင်း၊ အရိယမဂ်ခဏ၌လည်းကောင်း မတူထူးခြား ကွဲပြားကြကုန်၏။ အရိယမဂ်၏ ရှေ့အဖို့ ပုဗ္ဗဘာဂ သတိပဋ္ဌာနမဂ်ပိုင်း၌ ပထမစျာန်သမာပတ်၊ ဒုတိယစျာန် သမာပတ်၊ တတိယစျာန်သမာပတ်၊ စတုတ္ထစျာန်သမာပတ် --- ဤသို့စသည့် သမာပတ်၏ အစွမ်းဖြင့် မတူထူးခြား ကွဲပြားကြကုန်၏။ အရိယမဂ်ခဏ၌ အမျိုးမျိုးသော အရိယမဂ်၏ အစွမ်းဖြင့် မတူထူးခြား ကွဲပြားကြကုန်၏။
这些禅那法,在名为“前分念处道”、须于圣道之前圆满修习的世间念处行中,以及在圣道刹那,都各有不同。在圣道之前的前分念处道阶段,它们依初禅等至、第二禅等至、第三禅等至、第四禅等至等各种等至而有差别;在圣道刹那,则依预流道、一来道、不还道、阿罗汉道等各种圣道而有差别。由此,禅那道与四圣道的相应方式并非一律相同。
တစ်ဦးသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် ရှေးဦးစွာ ဖြစ်သော သောတာပတ္တိမဂ်သည် ပထမစျာန် နှင့် ယှဥ်၏၊ သကဒါဂါမိမဂ် အနာဂါမိမဂ် အရဟတ္တမဂ်တို့သည်လည်း ပထမစျာန်နှင့် ယှဥ်ကုန်သည်သော်လည်း ကောင်း၊ ဒုတိယစျာန် စသည့် စျာန်တို့တွင် အမှတ်မထား တစ်ပါးပါးသော စျာန်နှင့် ယှဥ်ကုန်သည်သော်လည်း ကောင်း ဖြစ်ကြကုန်၏။
在一位瑜伽行者的相续中,最先发生的预流道与初禅相应;一来道、不还道、阿罗汉道则可能同样与初禅相应,也可能不限定地与第二禅等诸禅中的某一禅相应。
တစ်ဦးသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် ရှေးဦးစွာ ဖြစ်သော သောတာပတ္တိမဂ်သည်လည်း ဒုတိ- ယစျာန် စသည့် စျာန်တို့တွင် အမှတ်မထား တစ်ပါးပါးသော စျာန်နှင့် ယှဥ်သည်လည်း ဖြစ်နိုင်၏၊ သကဒါဂါမိမဂ် အနာဂါမိမဂ် အရဟတ္တမဂ်တို့သည်လည်း ဒုတိယစျာန် စသည်တို့တွင် အမှတ်မထား တစ်ပါးပါးသော စျာန်နှင့် ယှဥ်ကုန်သည်သော်လည်းကောင်း၊ ပထမစျာန်နှင့် ယှဥ်ကုန်သည်သော်လည်းကောင်း ဖြစ်နိုင်ကုန်၏။
在另一位瑜伽行者的相续中,最先发生的预流道也可能不限定地与第二禅等诸禅中的某一禅相应;一来道、不还道、阿罗汉道也可能不限定地与第二禅等某一禅相应,或与初禅相应。
ဤသို့လျှင် အရိယမဂ် လေးပါးတို့သည်လည်း စျာန်နှင့် စပ်သဖြင့် ---
如此,四种圣道就其与禅相应的情形而言:
原书第 566 页
၁။ အလုံးစုံ တူကုန်သည်သော်လည်းကောင်း (= အရိယမဂ် လေးပါးလုံးသည် --- (က) ပထမစျာန်နှင့် ယှဥ်သော ပထမစျာနိကမဂ်ချည်းသော်လည်းကောင်း၊ ( ခ ) ဒုတိယစျာန်နှင့် ယှဥ်သော ဒုတိယစျာနိကမဂ်ချည်းသော်လည်းကောင်း၊ ( ဂ ) တတိယစျာန်နှင့် ယှဥ်သော တတိယစျာနိကမဂ်ချည်းသော်လည်းကောင်း၊ (ဃ) စတုတ္ထစျာန်နှင့် ယှဥ်သော စတုတ္ထစျာနိကမဂ်ချည်းသော်လည်းကောင်း ---
1.可能全部相同〔意即四种圣道全都属于:(a)与初禅相应的初禅道;或(b)与第二禅相应的第二禅道;或(c)与第三禅相应的第三禅道;或(d)与第四禅相应的第四禅道,
ဤသို့ စသည်ကို ဆိုလိုသည်။)
等等〕;
၂။ အလုံးစုံ မတူကုန်သည်သော်လည်းကောင်း၊ (အချို့မဂ်က ပထမစျာန်နှင့် ယှဥ်၍ အချို့မဂ်က ဒုတိယ စျာန်နှင့် ယှဥ်၏ --- ဤသို့ စသည်ကို ဆိုလိုသည်။) ၃။ အချို့ တူကုန်သည်သော်လည်းကောင်း ဖြစ်နိုင်ကုန်၏။
2.也可能全部不同〔意即某些道与初禅相应,某些道与第二禅相应,等等〕;3.也可能其中一些相同。
အရိယမဂ်၏ အလုံးစုံ တူမှု၊ အလုံးစုံ မတူမှု၊ အချို့ တူမှုဟူသော ဤထူးခြားမှုသည် မတူကွဲပြားအောင် မှတ်သားကြောင်း ဖြစ်သော ပါဒကစျာန်ကြောင့် ဖြစ်ပေါ်လာရ၏။ (ဒီ-ဋ္ဌ-၂-၃၉၃။) အကျယ်ကို ဝိပဿနာပိုင်းတွင် တွေ့ရလတ္တံ့။
四种圣道之所以会有全部相同、全部不同或部分相同的差别,是由于作为区别依据的基础禅——即作为观修基础的禅那——不同所致。(《长部义注》2-393。)详说可见观法部分。
လောကီမဂ္ဂင် တရားကိုယ် (၈) ပါး ရှုကွက်
世间八种道支法体的观法
လောကီ သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝ --- ဟူသော လောကီ ဝိရတိ စေတသိက် ရှုကွက်များကို ဤနာမ်ကမ္မဋ္ဌာန်းပိုင်းတွင် ဖော်ပြခဲ့ပြီးသည့်အတိုင်း ရှုပါ။
对于世间正语、正业、正命——即世间离心所——应当依照本名业处篇已经说明的观法来观照。
ဝိပဿနာဇောသည် ဉာဏသမ္ပယုတ် = ဉာဏ်ယှဥ်ခဲ့လျှင် ယင်း ဝိပဿနာဇော အသီးအသီး၌ သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ သမ္မာဝါယာမ (= ဝီရိယ)၊ သမ္မာသတိ၊ သမ္မာသမာဓိ (= ဧကဂ္ဂတာ)တို့ ပါဝင်ကြ၏။ ဉာဏဝိပ္ပယုတ် ဝိပဿနာဇော၌ကား သမ္မာဒိဋ္ဌိ မပါဝင်ပေ။ နာမ်ကမ္မဋ္ဌာန်းပိုင်း ရှုကွက်များကို ပြန်၍ သတိပြုကြည့်ပါ။
若观速行为智相应,也就是与智相应,则每一个观速行中都含有正见、正思惟、正精进〔=精进〕、正念和正定〔=一境性〕。至于智不相应观速行,则不含正见。请回顾名业处篇的各项观法。
စက္ခုအကြည်ဓာတ် ရုပ်တရား တစ်လုံးကိုပင် --- ၁။ စက္ခုအကြည်ဓာတ်ဟု သိသော မနောဒွါရဝီထိ၊ ၂။ ရုပ်တရားဟု သိသော မနောဒွါရဝီထိ၊ ၃။ အနိစ္စဟု သိသော မနောဒွါရဝီထိ၊ ၄။ ဒုက္ခဟု သိသော မနောဒွါရဝီထိ၊ ၅။ အနတ္တဟု သိသော မနောဒွါရဝီထိ၊ ၆။ အသုဘဟု သိသော မနောဒွါရဝီထိ - ဤမနောဒွါရဝီထိ အသီးအသီး၌ ဇော အသီးအသီးသည် ဉာဏသမ္ပယုတ် မဟာကုသိုလ် ဖြစ်လျှင် ယင်း မဂ္ဂင်တရားကိုယ် (၅)ပါးတို့ ပါဝင်ကြ၏။ ယင်းမနောဒွါရဝီထိ နာမ်တရားတို့ကို သိမ်းဆည်းသောအခါ၌ ယင်းမဂ္ဂင် တရားကိုယ် (၅)ပါးတို့ကို သိမ်းဆည်းခြင်းလည်း အကျုံးဝင်သွားပေသည်။ ကျန်ရုပ်တရားတို့ကို အာရုံပြု၍ ဖြစ် ပေါ်လာကြသော နာမ်တရားတို့ကို သိမ်းဆည်းရာ၌လည်းကောင်း၊ ရုပ်တရားအားလုံးကို ခြုံ၍ ရှုနေသော မနော- ဒွါရဝီထိ နာမ်တရားတို့ကို တစ်ဖန်ပြန်၍ သိမ်းဆည်းရာ၌လည်းကောင်း၊ နာမ်တရား တစ်လုံးစီကို ဖြစ်စေ၊ စိတ္တက္ခဏ တစ်ခုအတွင်း၊ ဝီထိစဥ် တစ်ခုအတွင်းရှိ နာမ်တရားအားလုံးတို့ကို ခြုံ၍ ဖြစ်စေ ရှုနေသော မနောဒွါရဝီထိ နာမ်
即使只取眼净色这一种色法,也有下列意门心路:1.了知为眼净色的意门心路;2.了知为色法的意门心路;3.了知为无常的意门心路;4.了知为苦的意门心路;5.了知为无我的意门心路;6.了知为不净的意门心路。在这些意门心路中,若每一个速行都是智相应大善速行,便都含有上述五道支。摄取这些意门心路的名法时,也就把摄取这五道支包括在内。同样,无论是摄取以其余色法为所缘而生起的名法,还是再次摄取总观一切色法的意门心路名法;无论逐一观照名法,还是总观一个心刹那内或一道心路相续内的一切名法,其意门心路名
တရားများကို တစ်ဖန်ပြန်၍ သိမ်းဆည်း ရှုပွားရာ၌လည်း နည်းတူပင် သဘောပေါက်ပါ။
法,再次加以摄取、观修时,其理也完全相同。
原书第 567 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- သတိပဋ္ဌာန် (၄)ပါး အခန်း ဝိပဿနာပိုင်းသို့ ရောက်ရှိသောအခါ အရူပသတ္တက ရှုနည်းတို့၌လည်းကောင်း၊ ဘင်္ဂဉာဏ်ပိုင်း စသည် တို့၌လည်းကောင်း ဝိပဿနာဉာဏ်ကို တစ်ဖန်ပြန်၍ ဝိပဿနာရှုရာ၌ ယင်းအရှုခံဝိပဿနာဉာဏ် ပြဓာန်းသော မဟာကုသိုလ် မနောဒွါရဝီထိအတွင်း ဇော အသီးအသီး၌လည်း ယင်း မဂ္ဂင်တရားကိုယ် (၅)ပါးတို့ ပါဝင်လျက်ပင် ရှိကြ၏။ လောကီ မဂ္ဂင်တရားကိုယ် (၅)ပါးတို့ကို တစ်နည်း လောကီ မဂ္ဂင်တရားကိုယ် (၅)ပါးနှင့် တကွသော သမ္ပယုတ် နာမ်တရားစုတို့ကို သိမ်းဆည်းခြင်း တစ်ဖန်ပြန်၍ ဝိပဿနာရှုခြင်းပင် ဖြစ်ပေသည်။ လောကီ မဂ္ဂသစ္စာ တရားတို့ကို ဟုတ်တိုင်းမှန်စွာ ပိုင်းပိုင်းခြားခြား ကွဲကွဲပြားပြား သိခြင်းပင် ဖြစ်ပေသည်။ သိအောင်ကြိုးစားပါလေ။
进入观禅阶段以后,在非色七法的观法及坏灭智等部分中,以后起观智返观先前的观智时,以该所观观智为主的大善意门心路,其每一个速行也都含有这五道支。摄取世间五道支——换言之,摄取与世间五道支相应的名法组——本身就是再次返观;这也就是如实、清楚而有区别地了知世间道谛诸法。请努力修到能够这样了知。

本页是帕奥禅师缅文「五大册」第二册(趣向涅槃之道·第二册,书名暂定)的现代汉语全译本,非缩略版、非节译;译者 Dhammesanā。与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。