无爱染乐受

《趣向涅槃之道》中文全译本 · 非缩略版

四念处章 · 原书第 484–486 页 · 16 个翻译单元

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 484 页
နိရာမိသ သုခဝေဒနာ
无爱染乐受
တတ္ထ ကတမာနိ ဆ နေက္ခမ္မသိတာနိ သောမနဿာနိ။ ရူပါနံတွေဝ အနိစ္စတံ ဝိဒိတွာ ဝိပရိဏာမ- ဝိရာဂနိရောဓံ ''ပုဗ္ဗေ စေဝ ရူပါ ဧတရဟိ စ၊ သဗ္ဗေ တေ ရူပါ အနိစ္စာ ဒုက္ခာ ဝိပရိဏာမဓမ္မာ''တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ပဿတော ဥပ္ပဇ္ဇတိ သောမနဿံ။ ယံ ဧဝရူပံ သောမနဿံ၊ ဣဒံ ဝုစ္စတိ နေက္ခမ္မ- သိတံ သောမနဿံ။ (မ-၃-၂၆ဝ။) = ထိုတွင် နေက္ခမ္မသိတ သောမနဿဝေဒနာ (၆)မျိုးတို့ကား အဘယ်သည်တို့နည်းဟူမူ --- ရူပါရုံ (သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံ၊ ဓမ္မာရုံ)တို့၏သာလျှင် မမြဲသော အခြင်းအရာကိုလည်းကောင်း၊ ဖောက်ပြန်ခြင်း ကင်းပြတ်ခြင်း ချုပ်ပျောက်ခြင်းကိုလည်းကောင်း သိရှိ၍ --- ''ရှေး၌ ဖြစ်ခဲ့ပြီးကုန်သော ရူပါရုံတို့သည်လည်း ကောင်း၊ ယခုအခါ၌ ရူပါရုံတို့သည်လည်းကောင်း ရှိကြကုန်၏၊ ခပ်သိမ်းကုန်သော ထိုရူပါရုံတို့သည် (သဒ္ဒါရုံ တို့သည်၊ ဂန္ဓာရုံတို့သည်၊ ရသာရုံတို့သည်၊ ဖောဋ္ဌဗ္ဗာရုံတို့သည်၊ ဓမ္မာရုံတို့သည်) ---
“其中,什么是六种依出离之悦?了知诸色的无常,以及它们的变异、离贪与灭,便以正慧如实看见:‘过去与现在的一切色,都是无常、苦、会变异之法。’如此观见时生起悦;这样的悦,称为依出离之悦。”(《中部》3-260。)其中,六种依出离悦受是什么?了知色所缘——声、香、味、触、法所缘也一样——的无常行相,以及它们的变异、离贪与灭,进而如此观照:“过去已经生起的色所缘与现在的色所缘,所有这些色所缘——声、香、味、触、法所缘也一样:
၁။ ဖြစ်ပြီးလျှင် ပျက်တတ်သော အနိစ္စတရားတို့သာတည်း၊ ၂။ ဖြစ်ခြင်း ပျက်ခြင်း ဒဏ်ချက်ဖြင့် အနှိပ်စက်ခံရကုန်သော ဒုက္ခတရားတို့သာတည်း၊ ၃။ ဇရာ-မရဏတို့ဖြင့် ဖောက်ပြန်ပျက်စီးတတ်ကုန်သော ဝိပရိဏာမဓမ္မတို့သာတည်း'' --- ဤသို့လျှင် ဤရူပါရုံကို (သဒ္ဒါရုံကို၊ ဂန္ဓာရုံကို၊ ရသာရုံကို၊ ဖောဋ္ဌဗ္ဗာရုံကို၊ ဓမ္မာရုံကို) မဖောက်မပြန် ဟုတ် တိုင်းမှန်စွာ ဝိပဿနာဉာဏ်ဖြင့် ရှုသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ သောမနဿဝေဒနာသည် ဖြစ်ပေါ်၍ လာ၏။ ဤသောမနဿဝေဒနာကို နေက္ခမ္မသိတ သောမနဿဝေဒနာဟူ၍ ခေါ်ဆို၏။ နိရာမိသ သုခဝေဒနာ ဟူ၍လည်း ခေါ်ဆို၏။ ဤ၌လည်း အာရုံ (၆)မျိုး ပြားသဖြင့် နိရာမိသ ဝေဒနာလည်း (၆)မျိုးပင် ပြား၏။
1.都只是生起以后便会坏灭的无常法;2.都只是受生灭逼迫的苦法;3.都只是会因老、死而变异坏灭的变异法。”当瑜伽行者以观智如实无倒地这样观照色所缘——声、香、味、触、法所缘也一样——时,其相续中便会生起悦受。这种悦受称为依出离悦受,也称为无爱染乐受。这里同样因为所缘有六种,无爱染乐受也分为六种。
(မ-၃-၂၆ဝ။)
(《中部》3-260。)
ဣဒံ ဝုစ္စတိ နေက္ခမ္မသိတံ သောမနဿန္တိ ဣဒံ ရညော ဝိယ အတ္တနော သိရိသမ္ပတ္တိံ သြလောကေန္တဿ ဝိပဿနံ ပဋ္ဌပေတွာ နိသိန္နဿ သင်္ခါရာနံ ဘေဒံ ပဿတော သင်္ခါရဂတမှိ တိက္ခေ သူရေ ဝိပဿနာဉာဏေ ဝဟန္တေ ဥပ္ပန္နသောမနဿံ ''နေက္ခမ္မသိတံ သောမနဿ''န္တိ ဝုစ္စတိ။ ဝုတ္တမ္ပိ စေတံ --- သုညာဂါရံ ပဝိဋ္ဌဿ၊ သန္တစိတ္တဿ ဘိက္ခုနော။
“所谓‘依出离之悦’,是指这样生起的悦:犹如国王观看自己的吉祥荣华,一位坐下建立观修、正看见诸行坏灭的人,当敏锐、勇健的观智在诸行所缘上运作时,便会生起悦;这称为依出离之悦。对此又有如下偈颂:‘比丘进入空屋中,其心寂静而安定;’”
အမာနုသီ ရတီ ဟောတိ၊ သမ္မာ ဓမ္မံ ဝိပဿတော။
“如实观见诸法者,生起非人间的欣乐。”
原书第 485 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- သတိပဋ္ဌာန် (၄)ပါး အခန်း ယတော ယတော သမ္မသတိ၊ ခန္ဓာနံ ဥဒယဗ္ဗယံ။
“每当如实审察诸蕴的生与灭——”
လဘတီ ပီတိပါမောဇ္ဇံ၊ အမတန္တံ ဝိဇာနတံ။ (မ-ဋ္ဌ-၄-၁၈၆။ ခု-၁-၆၇။ ဓမ္မပဒ။ )
“——便获得喜悦;对于知者,这就是不死。”(《中部义注》4-186;《小部》1-67;《法句经》。)
မိမိ၏ မင်းစည်းစိမ်၏ ကျက်သရေမင်္ဂလာ အဖြာဖြာတို့နှင့် ပြည့်စုံမှုကို ကြည့်ရှု၍နေသော ရှင်ဘုရင်၏ သန္တာန်၌ နှစ်သက်ဝမ်းမြောက်ခြင်း သောမနဿဝေဒနာသည် ဖြစ်ပေါ်လာသကဲ့သို့ ဤဥပမာအတူပင်လျှင် ဝိပ- ဿနာဉာဏ်ကို ဖြစ်စေလျက် တရားထိုင်နေသော သင်္ခါရတရားတို့၏ အပျက်ကို ရှုမြင်နေသော ယောဂါဝစရ ရဟန်းတော်၏ သန္တာန်ဝယ် သင်္ခါရတရားအပေါင်း အာရုံ၌ ထက်မြက်စူးရှ ရဲရင့်သော ဝိပဿနာဉာဏ်သည် မိမိ၏ ကိစ္စကို ရွက်ဆောင်လျက် ဖြစ်ပေါ်လာလတ်သော် နှစ်သက် ဝမ်းမြောက်ခြင်း သောမနဿဝေဒနာသည် ဖြစ်ပေါ်လာ၏။ ယင်း သောမနဿဝေဒနာကို နေက္ခမ္မသိတ သောမနဿဝေဒနာ = နိရာမိသ သောမနဿဝေဒနာ ဟူ၍ ခေါ်ဆိုအပ်ပေသည်။ (မ-ဋ္ဌ-၄-၁၈၆။) ထိုကြောင့် ဘုရားရှင်သည် ဤတရားစကားတော်ကို ဟောကြားထားတော်မူပေသည်။
国王观看自己的王者荣华具足种种吉祥时,其相续中会生起欢喜、欣悦的悦受。与这个譬喻相同,一位瑜伽行比丘坐禅建立观智,正观见诸行的坏灭;当敏锐、锐利、勇健的观智在一切行法所缘上执行自身作用而生起时,比丘的相续中便会生起欢喜、欣悦的悦受。这种悦受称为依出离悦受,也就是无爱染悦受。(《中部义注》4-186。)因此,世尊开示了上面的偈颂。
မြို့ရွာ အူသံ မဆူညံသည့် လူသံ ကင်းတိတ် ဆိတ်ငြိမ်သည့် ကမ္မဋ္ဌာန်းကျောင်း အတွင်းသို့ မခေါ်အပို ဖော်မလိုဘဲ တစ်ကိုယ်တည်းပင် ကပ်ဝင်၍ နေသော၊ ဥပစာရ အပ္ပနာ နှစ်ဖြာသော သမာဓိတို့၏ စွမ်းအားဖြင့် ပယ်ရှားအပ်ပြီးသော ကိလေသာ ရှိသဖြင့် အလွန်ငြိမ်သက် တည်ကြည်သော စိတ်ဓာတ် ရှိသော၊ ခန္ဓာ (၅)ပါး ရုပ်နာမ်တရားကို မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ဖြစ်ပုံ ပျက်ဟန် အချက်မှန်ကို နက်သန်စေ့ငု ကြည့်ရှုလျက် ဝိပဿနာ ဘာဝနာ ကမ္မဋ္ဌာန်းကို အစဥ်အတိုင်း စီးဖြန်းလျက်ရှိသော ယောဂါဝစရ ရဟန်းတော်၏ သန္တာန်၌ ကာမဂုဏ် ထူထပ်သည့် လူနတ်တို့၏ မွေ့လျော်ပုံ အပျော်မျိုးနှင့် မတူသော၊ လူသားတို့၏ သာမန် ဒါန သီလ ကုသိုလ်ထက် မြင့်မြတ်သည့် စျာန်ချမ်းသာ မဂ်ချမ်းသာ ဖိုလ်ချမ်းသာ နိဗ္ဗာန်ချမ်းသာကို မှီနေသည့်အတွက်- ကြောင့် ဝိဝေကရတိ နေက္ခမ္မရတိဟု ခေါ်ဆိုအပ်သော အမာနုသီ အမည်ရသော ဝိပဿနာဉာဏ်နှင့် ယှဥ်သော
一位瑜伽行比丘独自进入禅修寺院;那里没有城市、乡村的喧声,也没有人声,寂静无扰。他不呼朋引伴,独自安住;烦恼已被近行定与安止定两种定力所镇伏,所以其心极为寂静、稳定。他如实无倒、深入审察五蕴名色的生灭实相,依次修习毗婆舍那禅修业处。这时,在他的相续中,一种不同于沉溺五欲功德的人、天之乐,依于胜过普通人间布施、持戒善业的禅那乐、道乐、果乐与涅槃乐,因而称为远离之乐(vivekarati)、出离之乐(nekkhammarati)、非人间之乐(amānusī rati),并与观智相应的
မွေ့လျော် ပျော်ပိုက် နှစ်ခြိုက်ခြင်း ရတိတရားသည် ဖြစ်ပေါ်၍ လာပေ၏။
令人欣乐、欢喜、爱好的欣乐之法便会生起。
အကြင်အကြင် ရုပ်အဖို့ နာမ်အဖို့မှ ဥပါဒါနက္ခန္ဓာ (၅)ပါးတို့၏ ဖြစ်ခြင်း ပျက်ခြင်း ဥဒယ-ဝယ သဘောကို လက္ခဏာတင်ကာ ရှုပွားသုံးသပ်၏၊ ထိုသို့ သုံးသပ်တိုင်းသော ရုပ်နာမ်အဖို့မှ နှစ်သက်ဝမ်းမြောက်ခြင်း ပီတိ ပါမောဇ္ဇတရားကို ရရှိနိုင်သည်သာ ဖြစ်၏။ ဝိပဿနာဘာဝနာ၌ မွေ့လျော်ပျော်ပိုက် အနှစ်ခြိုက်ကြီး နှစ်ခြိုက် နေသော ထိုပီတိပါမောဇ္ဇတရားသည် ခန္ဓာ (၅)ပါး ရုပ်နာမ်တရားတို့၏ ဖြစ်ပုံ ပျက်ပုံ အလုံးစုံကို အကုန်အစင် ထင်ထင်လင်းလင်း ရှင်းရှင်းကြီး သိမြင်ကြကုန်သော ပညာရှိသူတော်ကောင်းတို့၏ မသေရာ အမြိုက်နိဗ္ဗာန် တရားတော်မြတ်ကြီးကို မုချပိုင်ပိုင် ရခြင်း ရောက်ခြင်း၏ အကြောင်းရင်းစစ် ဧကန်ပင် ဖြစ်သောကြောင့် မသေရာ အမတ အမည်ရသည့် အမြိုက်တရားကြီးပါပေတည်း။ (မဟာဋီ-၂-၄၃၁။ မ-ဋီ-၃-၃၈၃ အဖွင့်များနှင့် အညီ ဘာသာပြန်ထားသည်။) ဤအထက်ပါ နေက္ခမ္မသိတ သောမနဿဝေဒနာ = နိရာမိသ သုခဝေဒနာမှာ အထွတ်အထိပ်သို့ ရောက်ရှိ
每当对于某一部分色法、某一部分名法,标举五取蕴的生灭之相而观修、审察时,都会从所审察的那部分名色获得欢喜欣悦的喜悦法(pīti-pāmojja)。这种对毗婆舍那修习充满欣乐、极为爱乐的喜悦法,确实是令贤善智者证达不死甘露涅槃的真正原因;这些智者清楚、明晰而无余地知见五蕴名色的一切生灭。因此,这种喜悦法被称为“不死”(amata)、“甘露法”。(依《大复注》2-431、《中部复注》3-383 的解释而译。)上述依出离悦受=无爱染乐受,是已经达到
သွားသော နိရာမိသ သုခဝေဒနာကို ရည်ညွှန်းထားပေသည်။ အသင်သူတော်ကောင်းသည် ယခုအခါဝယ် ဝိပ- ဿနာပိုင်းသို့ မရောက်သေးသော်လည်း ဤ နာမရူပပရိစ္ဆေဒဉာဏ်ပိုင်းတွင်လည်း ယင်း နိရာမိသ သုခဝေဒနာကို သိမ်းဆည်းရန် ဝေဒနာနုပဿနာ သတိပဋ္ဌာန်ပိုင်းတွင် ဘုရားရှင်က ညွှန်ကြားတော်မူလျက်ပင် ရှိ၏။ သို့အတွက် ရူပါရုံ စသည့် အာရုံ (၆)မျိုးတို့၏ အနိစ္စအခြင်းအရာကိုလည်းကောင်း၊ ဒုက္ခအခြင်းအရာကိုလည်းကောင်း၊အနတ္တ အခြင်းအရာကိုလည်းကောင်း၊ အသုဘအခြင်းအရာကိုလည်းကောင်း အသီးအသီး အာရုံယူ၍ ---
顶峰的无爱染乐受。贤善的你目前虽然尚未进入毗婆舍那阶段,但在这一名色分别智阶段,世尊仍在受随观念处部分教导摄取这种无爱染乐受。因此,应逐一取色所缘等六种所缘的无常行相、苦行相、无我行相与不净行相为所缘,摄取:
原书第 486 页
၁။ အနိစ္စဟု သိနေသော မနောဒွါရဝီထိများ၊ ၂။ ဒုက္ခဟု သိနေသော မနောဒွါရဝီထိများ၊ ၃။ အနတ္တဟု သိနေသော မနောဒွါရဝီထိများ၊ ၄။ အသုဘဟု သိနေသော မနောဒွါရဝီထိများ --- ဤမနောဒွါရဝီထိများကို သိမ်းဆည်း ရှုပွားရမည် ဖြစ်သည်။ ထိုသို့ ရှုရာ၌ အာရုံ (၆)ပါးတို့တွင် အာရုံ တစ်ပါးစီကို အာရုံယူ၍ ရှုပါ။ သောမနဿဝေဒနာကို အဦးမူ၍ ရှုပါ။ ဇော အသီးအသီး၌လည်းကောင်း၊ တဒါရုံ ကျခဲ့သော် တဒါရုံ အသီးအသီး၌လည်းကောင်း --- ၁။ ဉာဏ်-ပီတိ နှစ်မျိုးလုံးယှဥ်ခဲ့သော် နာမ်တရား (၃၄) အသီးအသီး ရှိ၏။
1.正在了知“无常”的诸意门心路;2.正在了知“苦”的诸意门心路;3.正在了知“无我”的诸意门心路;4.正在了知“不净”的诸意门心路。必须摄取、观修这些意门心路。如此观修时,应在六种所缘中,逐一取每一种所缘为所缘而观;并以悦受为首而观。在每一速行,以及彼所缘生起时的每一彼所缘中:1.若智与喜两者都相应,各有三十四种名法。
၂။ ဉာဏ်မယှဥ် ပီတိသာယှဥ်သော် နာမ်တရား (၃၃) အသီးအသီး ရှိ၏။
2.若智不相应、只有喜相应,各有三十三种名法。
နိရာမိသ သုခဝေဒနာကို အဦးမူ၍ ယင်းမနောဒွါရဝီထိ နာမ်တရားစုတို့ကို သိမ်းဆည်းပြီးသော် ယင်းနာမ် တရားစုတို့၏ မှီရာဝတ္ထုရုပ်တို့နှင့် အာရုံရုပ်တို့ကိုလည်း ဆက်လက်၍ သိမ်းဆည်းပါ။ ယင်းသို့ သိမ်းဆည်းနိုင်- ခဲ့သော် ကာမဂုဏ်နှင့် မစပ်သော နိရာမိသ သုခဝေဒနာကို ခံစားလျှင်လည်း ကာမဂုဏ်နှင့် မစပ်သော နိရာမိသ သုခဝေဒနာကို ခံစား၏ဟု ကွဲကွဲပြားပြား သိသည် မည်ပေသည်။
以无爱染乐受为首摄取这些意门心路名法组以后,还应继续摄取这些名法组的所依处色与所缘色。若能如此摄取,当感受不与五欲功德相应的无爱染乐受时,便称为能够清楚分别了知:“我正在感受不与五欲功德相应的无爱染乐受。”

本页是帕奥禅师缅文「五大册」第二册(趣向涅槃之道·第二册,书名暂定)的现代汉语全译本,非缩略版、非节译;译者 Dhammesanā。与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。