十六种法
《趣向涅槃之道》中文全译本 · 非缩略版
非色把握章 · 原书第 16–18 页 · 16 个翻译单元
本页并入了原书的相邻小节:非想非非想处禅。
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书第 16 页
(၁၆) မျိုးသော တရား
十六种法
သောဠသန္နံ ဧဝ စေတ္ထ ဓမ္မာနံ ဂဟဏံ တေသံယေဝ ထေရေန ဝဝတ္ထာပိတဘာဝတော၊ တေ ဧဝဿ တဒါ ဥပဋ္ဌဟိံ သု၊ န ဣတရေတိ ဝဒန္တိ။ ဝီရိယသတိဂ္ဂဟဏေနေဝ စေတ္ထ ဣန္ဒြိယဘာဝသာမညတော သဒ္ဓါ- ပညာ၊ သတိဂ္ဂဟဏေနေဝ ဧကန္တာနဝဇ္ဇဘာဝသာမညတော ပဿဒ္ဓိအာဒယော ဆ ယုဂဠာ၊ အလောဘာဒေါသာ စ သင်္ဂဟိတာ စျာနစိတ္တုပ္ပါဒပရိယာပန္နတ္တာ တေသံ ဓမ္မာနံ၊ ထေရေနစ ဓမ္မာ ဝဝတ္ထာနသာမညတော အာရဒ္ဓါ၊ (တသ္မာ) တေ န ဥပဋ္ဌဟိံ သူတိ န သက္ကာ ဝတ္တုန္တိ အပရေ။ (မ-ဋီ-၃-၂၇၇။) ကသိုဏ်းပဋိဘာဂနိမိတ် အာနာပါနပဋိဘာဂနိမိတ်တို့ကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော ပထမစျာန် နာမ်တရားတို့သည် (၃၄)အထိ ရှိကြ၏။ (နာမ်ကမ္မဋ္ဌာန်း ဇယားများတွင် ကြည့်ပါ။) ယင်း (၃၄)မျိုးကုန်သော စျာနဓမ္မနာမ်တရားစုတို့တွင် ဘုရားရှင်သည် (၁၆)မျိုးကုန်သော စျာနဓမ္မနာမ်တရားစုတို့ကိုသာ တိုက်ရိုက်ယူ၍ သရုပ်ထုတ်ကာ ဟောကြားထားတော်မူ၏။
有些论师说,这里只取十六法,是因为长老只确定了这些法;当时也只有这些法向他显现,其他法没有显现。另一些论师则说:这里举出精进与念,由它们同属根,便已摄入信与慧;举出念,由它们同样决定无过,便已摄入轻安等六对心所,以及无贪、无嗔。因为这些法都属于禅心的生起,而且长老是依确定诸法这一共同方式而开始观照,所以不能说它们没有向他显现。(《中部复注》3-277。)以遍似相、入出息似相为所缘而生起的初禅名法共有三十四种。(参见名业处诸表。)在这三十四种禅那名法中,世尊只直接列举并说明了十六种。
၁။ ဤအရာဝယ် (၁၆)မျိုးကုန်သော စျာနဓမ္မတို့ကိုသာ တိုက်ရိုက်ယူ၍ သရုပ်ထုတ်ကာ ဟောကြားတော် မူခြင်းသည် ''ထို (၁၆)မျိုးသော တရားတို့ကိုသာလျှင် အရှင်သာရိပုတြာမထေရ်မြတ်ကြီးသည် တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ပိုင်းခြားယူအပ်သည်၏ အဖြစ်ကြောင့်တည်း၊ ထို (၁၆)မျိုးကုန်သော စျာနဓမ္မတို့သည် သာလျှင် ထိုအရှင်သာရိပုတြာ ကိုယ်တော်မြတ်ကြီး၏ ဉာဏ်၌ ထိုအချိန်အခါက ထင်မြင်ခဲ့ကြကုန်၏၊ အခြားအခြားကုန်သော စျာနဓမ္မတို့သည် မထင်မြင်ခဲ့ကြကုန်''ဟု ဆရာမြတ်တို့ မိန့်ဆိုတော်မူကြကုန်၏။
1. 关于这里为何只直接列举并说明十六种禅那法,有些论师说:“因为舍利弗尊者只把这十六种法逐一以智辨别;当时也只有这十六种禅那法在他的智中显现,其他禅那法没有显现。”
(ဤကား ဝဒန္တိဝါဒ တည်း။)
(这是“有论师说”之见。)
原书第 17 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- အရူပပရိဂ္ဂဟ အခန်း ၂။ ထို (၁၆)မျိုးသော တရားတို့တွင် ဣန္ဒြေထိုက်သော ဝီရိယနှင့် သတိကို တိုက်ရိုက်ယူ၍ ဟောကြားတော် မူခြင်းဖြင့် ဣန္ဒြေဖြစ်မှုချင်း တူညီသောကြောင့် သဒ္ဓါနှင့် ပညာ တရားနှစ်ပါးကိုလည်း သိမ်းကျုံးယူအပ်၏။
2. 在这十六种法中,世尊直接列举具根性质的精进与念;由于同样具有根的性质,信与慧这两法也就被总摄在内。
သတိကို တိုက်ရိုက်ယူ၍ သရုပ်ထုတ်ကာ ဟောကြားတော်မူခြင်းဖြင့် သတိကဲ့သို့ ဧကန် အပြစ် မရှိမှုခြင်း တူညီသောကြောင့် ပဿဒ္ဓိစသော အစုံအစုံအားဖြင့် ဟောကြားထားတော်မူအပ်ကုန်သော ယုဂဠစေတ- သိက် (၆)စုံတို့ကိုလည်းကောင်း၊ အလောဘ အဒေါသ စေတသိက်တို့ကိုလည်းကောင်း သိမ်းကျုံးရေတွက် အပ်ကုန်၏။ အကြောင်းမူကား ထိုတရားတို့၏ စျာန်စိတ္တုပ္ပါဒ်၌ (= စျာနဓမ္မတရားတို့၌) အကျုံးဝင်ကုန် သောကြောင့် ဖြစ်၏။ အရှင်သာရိပုတ္တ ကိုယ်တော်မြတ်ကြီးသည်လည်း စျာနဓမ္မ အမည်ရသည့် စျာန်နာမ် တရားတို့ကို တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ပိုင်းခြားယူရာဝယ် ဉာဏ်ဖြင့် ပိုင်းခြားယူရမည့် တရားတို့၌ ပိုင်းခြားမှတ်သားပုံချင်း တူညီသောကြောင့် ကသိုဏ်းပဋိဘာဂနိမိတ် အာနာပါနပဋိဘာဂနိမိတ် စသော ထိုထိုပဋိဘာဂနိမိတ်အာရုံသို့ ညွတ်ကိုင်းရှိုင်းတတ်သော နမနလက္ခဏာချင်း တူညီရာတရားတို့ကို ပေါင်း
世尊又以念为例直接列出;由于轻安等六对心所及无贪、无嗔与念一样,都是决定无过之法,它们也被总摄计算在内。因为这些法都包括在禅心的生起中,也就是包括在禅那诸法中。舍利弗尊者逐一以智辨别禅那名法时,辨别与标记的方式相同;因此,凡同样具有倾向遍似相、入出息似相等种种似相所缘这一屈向特相的法,都被——
စု၍ လက္ခဏာဟာရနေတ္တိနည်းဖြင့် ယင်းအနုပဒသုတ္တန် တရားဒေသနာတော်ကို ဘုရားရှင်သည် အား- သစ်တော်မူပေသည်။ ထိုကြောင့် ထိုစျာနဓမ္မတို့သည် အရှင်သာရိပုတ္တ ကိုယ်တော်မြတ်ကြီး၏ ဉာဏ်၌ မထင်လာကုန်ဟု ပြောဆိုခြင်းငှာ မတတ်ကောင်းသည်သာတည်း။ ဤသို့လျှင် အပရေဆရာမြတ်တို့က လည်း မိန့်ဆိုတော်မူကြပြန်သည်။ (မ-ဋီ-၃-၂၇၇။) (ဤကား အပရေဝါဒ တည်း။) ဧဝံ သဗ္ဗတ္ထ ယော ယော အဋ္ဌကထာဝါဒေါ ဝါ ထေရဝါဒေါ ဝါ ပစ္ဆာ ဝုစ္စတိ၊ သော ပမာဏတော ဒဋ္ဌဗ္ဗော။ (ဝိ-ဋ္ဌ-၁-၂၆ဝ။) = နေရာတိုင်း၌ အကြင်အကြင် အဋ္ဌကထာဝါဒကိုလည်းကောင်း ထေရဝါဒကိုလည်းကောင်း နောက်ဆုံး ထား၍ ဖွင့်ဆိုထား၏၊ ထိုဝါဒကိုသာလျှင် ပမာဏအားဖြင့် မှတ်သားပါ။ (ဝိ-ဋ္ဌ-၁-၂၆ဝ။) ဤ၌ ဝဒန္တိဝါဒ၊ အပရေဝါဒဟု ဝါဒနှစ်မျိုး လာရှိရာ ဋီကာဆရာတော် ဖြစ်တော်မူသော အာစရိယဓမ္မပါလ မထေရ်မြတ်သည် အပရေဝါဒကို နောက်ထား၍ ဖော်ပြထားတော်မူသည်။ ဝါဒ အမျိုးမျိုးတို့တွင် နောက်ဆုံးထား
——汇集起来;世尊依特相导释法宣说了《逐一经》。因此,不能说这些禅那法没有在舍利弗尊者的智中显现。另一些论师作如是说。(《中部复注》3-277。)(这在各处,无论某一义注之说或长老之说,若被置于最后说明,就应当以该说为准。(《律藏义注》1-260。)这里出现“有论师说”与“另有论师说”两种见解;复注作者阿阇梨法护大长老把“另有论师说”列在后面。在各种见解中,应把最后说明者取为要义,这是解释典籍的规则。因此,这里也应当把后说的“另有论师说”取为要义——
၍ ဖွင့်ဆိုသော ဝါဒကိုသာ အနှစ်သာရအားဖြင့် မှတ်ယူရသော စာပေကျမ်းဂန် ယူဆပုံ စည်းမျဥ်းဥပဒေသအရ ဤ၌လည်း နောက်ထား၍ ဖွင့်ဆိုသော အပရေဝါဒကိုသာ အနှစ်သာရအားဖြင့် မှတ်ယူလေရာသည်။ ထို့ကြောင့် ကသိုဏ်းပဋိဘာဂနိမိတ်၊ အာနာပါနပဋိဘာဂနိမိတ်စသော ပဋိဘာဂနိမိတ်တို့ကို အာရုံယူ၍ ဖြစ်ပေါ်လာကြကုန် သော ပထမစျာနဓမ္မတရားစုတို့မှာ (၃၄)လုံး ရှိသဖြင့် ထို (၃၄)မျိုးလုံးသော စျာနဓမ္မတို့ကို တစ်လုံးစီ တစ်လုံးစီ၏ ဥပါဒ်-ဌီ-ဘင် = ဖြစ်-တည်-ပျက်ကို မြင်အောင် အရှင်သာရိပုတြာ ကိုယ်တော်မြတ်ကြီးသည် ရှုပွားသုံးသပ်တော် မူသည်ဟုသာ သံသယကင်းရှင်းစွာ မုချပုံသေ မှတ်သားနာယူလေရာသည်။ ပထမစျာန်မှသည် အာကိဉ္စညာ- ယတနစျာန်သို့ တိုင်အောင်သော စျာနဓမ္မတို့ကို တစ်လုံးစီ တစ်လုံးစီ၏ ဥပါဒ်-ဌီ-ဘင်ကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းကို အရှင်သာရိပုတြာ မထေရ်မြတ်ကြီးသည်
——由此应毫无疑惑、确定地理解:以遍似相、入出息似相等似相为所缘而生起的初禅法共有三十四种;舍利弗尊者逐一观照这三十四种禅那法,清楚看见每一法的生—住—灭。从初禅直至无所有处禅,他都以智观察每一禅那法的生—住—灭,再把它安立于无常、苦、无我三相而修习观业处。
ကြိုးပမ်းတော်မူခဲ့ပေသည်။ (မ-၃-၇၅-၇၆။)
(《中部》3-75、76。)
နေဝသညာနာသညာယတနစျာန်
非想非非想处禅
ပုန စပရံ ဘိက္ခဝေ သာရိပုတ္တော သဗ္ဗသော အာကိဉ္စညာယတနံ သမတိက္ကမ္မ နေဝသညာနာသညာယတနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ သော တာယ သမာပတ္တိယာ သတော ဝုဋ္ဌဟတိ၊ သော တာယ သမာပတ္တိယာ သတော ဝုဋ္ဌဟိတွာ ယေ ဓမ္မာ အတီတာ နိရုဒ္ဓါ ဝိပရိဏတာ၊ တေ ဓမ္မေ သမနုပဿတိ ''ဧဝံ ကိရမေ ဓမ္မာ အဟုတွာ သမ္ဘောန္တိ၊ ဟုတွာ ပဋိဝေန္တီ''တိ။ သော တေသု ဓမ္မေသု အနုပါယော အနပါယော အနိဿိတော အပ္ပဋိဗဒ္ဓေါ
再者,诸比丘,舍利弗完全超越无所有处,具足非想非非想处而住。他具念地从该等至出定;具念地出定后,随观那些已经过去、灭尽、变异的法:“这些法确实本来没有而生起,生起之后便坏灭。”对于这些法,他不亲近、不排斥、不依止、不系著——
原书第 18 页
ဝိပ္ပမုတ္တော ဝိသံယုတ္တော ဝိမရိယာဒီကတေန စေတသာ ဝိဟရတိ၊ သော ''အတ္ထိ ဥတ္တရိ နိဿရဏ''န္တိ ပဇာနာတိ။
——解脱、离系,以无界限之心安住。他了知:“尚有更上的出离。”
တဗ္ဗဟုလီကာရာ အတ္ထိတွေဝဿ ဟောတိ။ (မ-၃-၇၈။) = ရဟန်းတို့ …တစ်ဖန် ထို့ပြင်လည်း သာရိပုတြာသည် အာကိဉ္စညာယတနစျာန်ကို လုံးဝ ကျော်လွှား လွန်မြောက်၍ နေဝသညာနာသညာယတနစျာန်သို့ ရောက်၍ နေ၏၊ ထိုသာရိပုတြာသည် ထိုနေဝသညာနာ- သညာယတနသမာပတ်မှ သတိ ပညာနှင့် ပြည့်စုံ၍ ထ၏။ ထိုသာရိပုတြာသည် ထိုနေဝသညာနာသညာယတန သမာပတ်မှ သတိ ပညာနှင့် ပြည့်စုံ၍ ထပြီးလျှင် လွန်ကုန်ပြီး ချုပ်ကုန်ပြီး ဖောက်ပြန်ကုန်ပြီးသော (၃၁)မျိုးကုန် သော နေဝသညာနာသညာယတန စျာနဓမ္မတရားစုတို့ကို ''ဤသို့လျှင် ဤစျာနဓမ္မတရားစုတို့သည် ရှေးက ထင်ရှားမရှိကုန်ဘဲ ယခုမှ ရုတ်ချည်း အသစ် ဖြစ်ပေါ်လာကြကုန်၏၊ ဖြစ်ပြီးလျှင် ရုတ်ချည်း ချုပ်ပျက်ကုန်၏''ဟု ယင်း (၃၁)မျိုးကုန်သော စျာနဓမ္မတရားစုတို့ကို ပေါင်းစုခြုံငုံလျက် အပေါင်းအစုအားဖြင့် (= ကလာပသမ္မသန နည်းအားဖြင့်) ဝိပဿနာရှု၏။ ထိုသာရိပုတြာသည် ထိုတရားတို့၌ ရာဂဖြင့် တပ်မက်ခြင်း မရှိ၊ ဒေါသဖြင့် ဖဲခြင်း
由于多修这一点,他确定更上的出离确实存在。(《中部》3-78。)释文:诸比丘……再者,舍利弗完全超越无所有处禅,进入并安住于非想非非想处禅。他具足念与慧,从非想非非想处等至出定。具足念与慧出定之后,他把已经过去、灭尽、变异的三十一种非想非非想处禅法汇集为一整体,以聚思惟的方法观照:“这些禅那法先前并未显现,如今突然新生;生起之后,又立即坏灭。”对于这些法,他不以贪染著,不以嗔排斥——
မရှိ၊ တဏှာ ဒိဋ္ဌိတို့ဖြင့် ''ငါ-ငါ့ဟာ''ဟု မမှီ၊ လိုလားတပ်မက်ခြင်း = ဆန္ဒရာဂဖြင့် ဖွဲ့ချည်မထား၊ တွယ်တာ တပ်မက်မှု ကာမရာဂမှ လွတ်၏၊ ဆန့်ကျင်ဘက်တရားတို့နှင့် မယှဥ်၊ အပိုင်းအခြား မရှိသော စိတ်ဖြင့် နေ၏။
——不以爱与见执为“我、我所”而依止,不以欲贪系缚;他从欲贪中解脱,不与对立之法相应,以无界限之心安住。
ထိုသာရိပုတြာသည် ''ထိုထက်အလွန် လွတ်မြောက်ရာသည် ရှိ၏''ဟု သိ၏။ ထိုသိခြင်းကို အထပ်ထပ် ပြုခြင်း ကြောင့် ထိုသာရိပုတြာအား ထိုထက်အလွန် လွတ်မြောက်ရာသည် ရှိသည်သာတည်းဟု မြဲစွာ ဖြစ်၏။
舍利弗了知:“尚有更上的出离。”由于反复修习这种了知,他确定更上的出离确实存在。
(မ-၃-၇၈။)
(《中部》3-78。)