盖品(盖部分)第一阶段

《趣向涅槃之道》中文全译本 · 非缩略版

四念处章 · 原书第 510–529 页 · 168 个翻译单元

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 510 页
နီဝရဏ ပဗ္ဗ (= နီဝရဏပိုင်း) ပထမဆင့်
盖品(盖部分)第一阶段
ကထဉ္စ ဘိက္ခဝေ ဘိက္ခု ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ။ ဣဓ ဘိက္ခဝေ ဘိက္ခု ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ ပဉ္စသု နီဝရဏေသု။ ကထဉ္စ ပန ဘိက္ခဝေ ဘိက္ခု ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ ပဉ္စသု နီဝရဏေသု။
“诸比丘,比丘如何于诸法中随观法而住?诸比丘,在此,比丘于五盖诸法中随观法而住。诸比丘,比丘又如何于五盖诸法中随观法而住?”
ဣဓ ဘိက္ခဝေ ဘိက္ခု သန္တံ ဝါ အဇ္ဈတ္တံ ကာမစ္ဆန္ဒံ ''အတ္ထိ မေ အဇ္ဈတ္တံ ကာမစ္ဆန္ဒော''တိ ပဇာနာတိ၊ အသန္တံ ဝါ အဇ္ဈတ္တံ ကာမစ္ဆန္ဒံ ''နတ္ထိ မေ အဇ္ဈတ္တံ ကာမစ္ဆန္ဒော''တိ ပဇာနာတိ၊ ယထာ စ အနုပ္ပန္နဿ ကာမစ္ဆန္ဒဿ ဥပ္ပါဒေါ ဟောတိ၊ တဉ္စ ပဇာနာတိ၊ ယထာ စ ဥပ္ပန္နဿ ကာမစ္ဆန္ဒဿ ပဟာနံ ဟောတိ၊ တဉ္စ ပဇာနာတိ၊ ယထာ စ ပဟီနဿ ကာမစ္ဆန္ဒဿ အာယတိံ အနုပ္ပါဒေါ ဟောတိ တဉ္စ ပဇာနာတိ။ (မ-၁-၇၆-၇၇။) = ရဟန်းတို့ …အဘယ်သို့လျှင် ယောဂါဝစရ ရဟန်းသည် ဓမ္မသဘောတရားတို့၌ ဓမ္မသဘောတရား တို့ကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည်ဖြစ်၍ နေလေသနည်း၊ ရဟန်းတို့ …ဤသာသနာတော်၌ ယော- ဂါဝစရ ရဟန်းတော်သည် နီဝရဏငါးပါး ဓမ္မသဘောတရားတို့၌ ဓမ္မသဘောတရားတို့ကို အဖန်ဖန် အထပ် ထပ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ ရဟန်းတို့ …အဘယ်သို့လျှင် ယောဂါဝစရ ရဟန်းတော်သည် နီဝရဏငါး- ပါး ဓမ္မသဘောတရားတို့၌ ဓမ္မသဘောတရားတို့ကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည်ဖြစ်၍ နေလေသနည်း။
“诸比丘,在此,比丘内有欲贪时,了知:‘我内有欲贪。’内无欲贪时,了知:‘我内无欲贪。’他也了知未生欲贪如何生起,了知已生欲贪如何断除,并了知已断欲贪以后如何不再生起。”(《中部》1-76—77。)作者缅释起:诸比丘……瑜伽行比丘如何于诸法中一再随观法而住?诸比丘,在此教法中,瑜伽行比丘于五盖诸法中一再随观法而住。诸比丘,瑜伽行比丘又如何于五盖诸法中一再随观法而住?
原书第 511 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- သတိပဋ္ဌာန် (၄)ပါး အခန်း ရဟန်းတို့ …ဤသာသနာတော်၌ ယောဂါဝစရ ရဟန်းတော်သည် မိမိ၏ကိုယ်တွင်း အဇ္ဈတ္တသန္တာန်၌ ကာမဂုဏ်ကို လိုလားတပ်မက်တတ်သော ကာမစ္ဆန္ဒ နီဝရဏတရား ထင်ရှားရှိလျှင်လည်း ''ငါ၏ ကိုယ်တွင်း အဇ္ဈတ္တသန္တာန်၌ ကာမဂုဏ်ကို လိုလားတပ်မက်တတ်သော ကာမစ္ဆန္ဒ နီဝရဏတရား ထင်ရှားရှိ၏''ဟု သိ၏။
诸比丘……在此教法中,瑜伽行比丘若在自身内在相续中显然有希求、贪爱五欲的欲贪盖,便了知:“我的内在相续中显然有希求、贪爱五欲的欲贪盖。”
မိမိ၏ ကိုယ်တွင်း အဇ္ဈတ္တသန္တာန်၌ ကာမဂုဏ်ကို လိုလားတပ်မက်တတ်သော ကာမစ္ဆန္ဒနီဝရဏတရား ထင်ရှား မရှိလျှင်လည်း ''ငါ၏ကိုယ်တွင်း အဇ္ဈတ္တသန္တာန်၌ ကာမဂုဏ်ကို လိုလားတပ်မက်တတ်သော ကာမစ္ဆန္ဒ နီဝရဏ တရား ထင်ရှားမရှိ''ဟု သိ၏။
若自身内在相续中显然没有希求、贪爱五欲的欲贪盖,他便了知:“我的内在相续中显然没有希求、贪爱五欲的欲贪盖。”
မဖြစ်ပေါ်လာသေးသော ကာမဂုဏ်ကို လိုလားတပ်မက်တတ်သော ကာမစ္ဆန္ဒ နီဝရဏတရား၏ ဖြစ်ပေါ် လာခြင်း၏ အကြောင်းတရားကိုလည်း ကွဲကွဲပြားပြား သိ၏။ ဖြစ်ပေါ်ပြီးသော ကာမဂုဏ်ကို လိုလားတပ်မက် တတ်သော ကာမစ္ဆန္ဒ နီဝရဏတရား၏ ပယ်သတ်ခြင်း၏ အကြောင်းတရားကိုလည်း ကွဲကွဲပြားပြား သိ၏၊ ပယ် အပ်ပြီးသော ကာမဂုဏ်ကို လိုလားတပ်မက်တတ်သော ကာမစ္ဆန္ဒ နီဝရဏတရား၏ နောင်အခါ၌ မဖြစ်ပေါ် ခြင်း၏ အကြောင်းတရားကိုလည်း ကွဲကွဲပြားပြား သိ၏။ (မ-၁-၇၆-၇၇။) ဗျာပါဒ နီဝရဏ၊ ထိနမိဒ္ဓ နီဝရဏ၊ ဥဒ္ဓစ္စကုက္ကုစ္စ နီဝရဏ၊ ဝိစိကိစ္ဆာ နီဝရဏတို့ကိုလည်း ပုံစံတူပင် ဆက်လက်၍ ဟောကြားထားတော်မူပေသည်။ (မ-၁-၇၇၌ ကြည့်ပါ။) နီဝရဏ = စျာန် စသော ကုသိုလ်တရားတို့ကို တားမြစ်ပိတ်ပင်တတ်သော တရားတို့ကို နီဝရဏဟု ခေါ် သည်။ ဤမဟာသတိပဋ္ဌာနသုတ္တန်တွင် ဘုရားရှင်သည် ယင်းနီဝရဏတရားတို့ကို ငါးပါး အပြားအားဖြင့် ဟောကြားထားတော်မူ၏။
他也分明了知:尚未生起的欲贪盖依什么因而生起;已经生起的欲贪盖依什么因而断除;已经断除的欲贪盖依什么因而在未来不再生起。(《中部》1-76—77。)对于嗔恚盖、昏沉睡眠盖、掉举恶作盖与疑盖,也以同样方式继续开示。(参见《中部》1-77。)所谓“盖”,是指能够遮止、阻碍禅那等善法生起之法。在这部《大念处经》中,世尊把这些盖开示为五种。
၁။ ကာမစ္ဆန္ဒ နီဝရဏ = ကာမဂုဏ်၌ လိုလားတပ်မက်သော လိုချင်နှစ်သက်သော တဏှာ = လောဘသည် ကာမစ္ဆန္ဒ မည်၏။ ယင်းကာမစ္ဆန္ဒသည် စျာန် စသော ကုသိုလ်တရားများကို ဖြစ်ခွင့်မရအောင် မိမိထင်ရှား ရှိခိုက်ဝယ် တားမြစ်ပိတ်ပင်တတ်သောကြောင့် ကာမစ္ဆန္ဒ နီဝရဏ မည်၏။
1.欲贪盖:对于五欲有所希求、贪爱,想要而喜爱的爱=贪,称为“欲贪”。欲贪显然存在时,会遮止、阻碍禅那等善法,使它们不得生起,所以称为“欲贪盖”。
၂။ သတ္တဝါ သင်္ခါရတို့ကို ပျက်စီးအောင် ဖျက်ဆီးလိုသော ဒေါသသည် ဗျာပါဒ မည်၏။
2.想要使有情或诸行毁坏、灭失的嗔,称为“嗔恚”。
၃။ စိတ်စေတသိက်တို့၏ ထိုင်းမှိုင်းမှုသည် ထိန-မိဒ္ဓ မည်၏။
3.心与心所的昏钝,称为“昏沉睡眠”。
၄။ စိတ်ပျံ့လွင့်မှု၊ နောင်တ တစ်ဖန် ပူပန်မှုသည် ဥဒ္ဓစ္စ-ကုက္ကုစ္စ မည်၏။
4.心的散乱,以及后悔、再次忧恼,称为“掉举恶作”。
၅။ ရတနာသုံးတန်၊ ကံ-ကံ၏အကျိုးတရား စသည်တို့အပေါ်၌ သို့လောသို့လော တွေးတော ယုံမှားခြင်းသည် ဝိစိကိစ္ဆာ မည်၏။
5.对于三宝、业及业果等犹豫不决、思虑疑惑,称为“疑”。
ယင်း ဗျာပါဒ၊ ထိန-မိဒ္ဓ၊ ဥဒ္ဓစ္စ-ကုက္ကုစ္စ၊ ဝိစိကိစ္ဆာတို့သည်လည်း စျာန် စသော ကုသိုလ်တရားတို့ကို ဖြစ် ခွင့်မရအောင် မိမိတို့ ထင်ရှားရှိခိုက်ဝယ် တားမြစ် ပိတ်ပင်တတ်သောကြောင့် ဗျာပါဒ နီဝရဏ၊ ထိန-မိဒ္ဓ နီဝရဏ၊ ဥဒ္ဓစ္စ-ကုက္ကုစ္စ နီဝရဏ၊ ဝိစိကိစ္ဆာ နီဝရဏဟူသော အမည် အသီးအသီးကို ရရှိပေသည်။
嗔恚、昏沉睡眠、掉举恶作与疑在显然存在时,也会遮止、阻碍禅那等善法,使它们不得生起;因此分别称为嗔恚盖、昏沉睡眠盖、掉举恶作盖与疑盖。
သန္တ - အသန္တ = ထင်ရှားရှိမှု - မရှိမှု
显现—不显现
တတ္ထ သန္တ န္တိ အဘိဏှသမုဒါစာရဝသေန သံဝိဇ္ဇမာနံ။ အသန္တ န္တိ အသမုဒါစာရဝသေန ဝါ ပဟီနတ္တာဝါ အဝိဇ္ဇမာနံ။ (အဘိ-ဋ္ဌ-၂-၂၅၇။ မ-ဋ္ဌ-၁-၂၈၅။) ကဏှသုက္ကာနံ ယုဂနဒ္ဓတာ နတ္ထီတိ ပဇာနနကာလေ အဘာဝါ ''အဘိဏှသမုဒါစာရဝသေနာ''တိ အာ- ဟ။ (မူလဋီ-၂-၁၅၈။)
“这里,所谓‘有’,是指依常常现行而存在;所谓‘无’,是指由于不现行,或由于已经断除而不存在。(《迷惑冰消》2-257;《中部义注》1-285。)因为黑法与白法不能并驾齐驱,在了知之时所知盖法并不存在,所以复注说‘依常常现行’。(《根本复注》2-158。)”
原书第 512 页
ဓမ္မာနုပဿနာဉာဏ် ပြဓာန်းသော ဝိပဿနာဉာဏ် ဖြစ်ခိုက် ဖြူစင်သော ကုသိုလ်တရားများသာ ဆက် တိုက် ဖြစ်နေ၏။ ထိုဖြူစင်သော ကုသိုလ်တရားများ ဖြစ်ခိုက်၌ မည်းညစ်သော ကာမစ္ဆန္ဒ နီဝရဏ စသော အကုသိုလ်တရားများ မဖြစ်နိုင်။ ကုသိုလ်ကား ဖြူစင်သောတရားတည်း။ အကုသိုလ်ကား မည်းညစ်သောတရား တည်း။ အဖြူနှင့် အမည်း တရားနှစ်မျိုးတို့ကား - ထမ်းပိုးတစ်ခု၌ နွားနှစ်ကောင်ကို အတူယှဥ်တွဲ၍ ကထား သကဲ့သို့စိတ္တက္ခဏ တစ်ခု၏ အတွင်း၌ အတူယှဥ်တွဲ၍ ဖြစ်နိုင်ကြသည်ကား မဟုတ်ကြပေ။ သို့ပါလျက် အဘယ်အကြောင်းကြောင့် သန္တ = ထင်ရှားရှိသော ကာမစ္ဆန္ဒ စသော နီဝရဏတရားကို ဓမ္မာနုပဿနာဉာဏ် ဖြင့် သိရမည်ဟု ဟောဆိုနေပါသနည်းဟု မေးမြန်းဖွယ် ရှိ၏။ သို့အတွက် သန္တ- ဟူသော ပါဠိတော်ကို --- အဘိဏှသမုဒါစာရဝသေန သံဝိဇ္ဇမာနံ --- ဟု အဋ္ဌကထာဆရာတော်က ဖွင့်ဆိုတော်မူ၏။ ဤဓမ္မာနုပဿနာဉာဏ် ဖြစ်ခိုက်၌ ကာမစ္ဆန္ဒ စသော နီဝရဏတရားများ ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှား မရှိသော်လည်း အခြား
当以法随观智为主的观智生起时,只有清净的善法相续生起;在这些清净善法生起之际,欲贪盖等黑染不善法不可能生起。善是白法,不善是黑法;黑白两类法不能像两头牛同套一轭那样,在同一心刹那共同生起。既然如此,为什么又说应以法随观智了知 santa——显然存在——的欲贪等盖法呢?对此,义注师把巴利圣典中的 santa 解释为“အဘိဏှသမုဒါစာရဝသေန သံဝိဇ္ဇမာနံ”(依常常现行而存在)。当此法随观智生起时,欲贪等盖虽不以生起—住立—坏灭的方式显然存在,但在其他
အချိန်ဝယ် မကြာမကြာ ကြိုးကြားကြိုးကြား မပြတ်မပြတ် ဖြစ်နိုင်သောကြောင့် ''ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန် ၌ ကာမစ္ဆန္ဒ စသော နီဝရဏတရားများ ထင်ရှားရှိနေကြသေးသည်''ဟုပင် ဆိုရသည် ဟူလိုသည်။ အသန္တဟူသည် ယင်းကာမစ္ဆန္ဒ နီဝရဏ စသော အကုသိုလ်တရား၏ မကြာမကြာ မဖြစ်သည်၏ အစွမ်းကြောင့်သော်လည်းကောင်း၊ ဆိုင်ရာဆိုင်ရာ အရိယမဂ်တရားဖြင့် ပယ်ရှားအပ်ပြီးသည်၏ အဖြစ်ကြောင့်သော်လည်းကောင်း ထင်ရှားမရှိသော နီဝရဏတရားတို့ကို ဆိုလိုသည်။
——时候仍会屡次、间或、反复生起;因此仍可说:“欲贪等盖法在那位瑜伽行者的相续中显然存在。”所谓 asanta,则指欲贪盖等不善法由于不再常常生起,或者已经被各自相应的圣道断除,因而不再显然存在。
သတိပြုရန် အချက်တစ်ရပ်
应注意的一点
ဤအထက်ပါ ပါဠိတော် အဋ္ဌကထာ ဋီကာတို့၏ မိန့်ဆိုထားတော်မူချက်များကို အသင်သူတော်ကောင်း သည် သတိပြု၍ ပြန်လည် ဆန်းစစ်ကြည့်ပါ။ ဤ၌ အရှုခံ နာမ်တရားများမှာ ကာမစ္ဆန္ဒနီဝရဏ စသော အကု- သိုလ်တရားတို့ ဖြစ်ကြ၏။ ရှုတတ်သော ဓမ္မာနုပဿနာဉာဏ်မှာ ပုထုဇန်နှင့် သေက္ခပုဂ္ဂိုလ်တို့ သန္တာန်ဝယ် မဟာကုသိုလ် မနောဒွါရိကဇောဝီထိစိတ်အစဥ်တို့ ဖြစ်ကြ၏။
贤善的你,应当留意并重新审察以上巴利圣典、义注与复注的教说。这里,作为所观对象的名法,是欲贪盖等不善法;能观的法随观智,在凡夫与有学者的相续中,就是大善意门速行心路的心相续。
အရှုခံ အကုသိုလ်တရားတို့ ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှားဖြစ်ခိုက်ဝယ် ရှုတတ်သော ဓမ္မာနုပဿ- နာဉာဏ် ပြဓာန်းသော ကုသိုလ်တရားတို့သည် ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှား မဖြစ်နိုင်ကြသေးကုန်။
当作为所观对象的不善法正以生起—住立—坏灭的方式显然发生时,以能观的法随观智为主的善法,还不能以生起—住立—坏灭的方式显然生起。
ရှုတတ်သော ဓမ္မာနုပဿနာဉာဏ် ပြဓာန်းသော ကုသိုလ်တရားတို့ ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှား ဖြစ်ခိုက်၌လည်း အရှုခံအကုသိုလ်တရားတို့သည် ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှားမရှိကြတော့ပြီ ဖြစ်ကြ၏။
反过来,当以能观的法随观智为主的善法正以生起—住立—坏灭的方式显然发生时,作为所观对象的不善法,已经不再以生起—住立—坏灭的方式显然存在。
သို့သော် ယင်းသို့ ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှားမရှိသော၊ အခြားအခြား အချိန်ဝယ် မကြာမကြာ ဖြစ်နိုင်သောကြောင့် ထင်ရှားရှိနေသေးသည်ဟု ဆိုရသော ယင်းအကုသိုလ်တရားတို့ကို ဓမ္မာနုပဿနာဉာဏ် ဖြင့် ကွဲကွဲပြားပြားသိအောင် သိမ်းဆည်းရှုပွားရန် ဘုရားရှင်ကလည်း ညွှန်ကြားတော်မူလျက် ရှိ၏၊ အဋ္ဌကထာ ဋီကာတို့ကလည်း ထောက်ခံ ဖွင့်ဆိုလျက် ရှိကြ၏။ အသင်္ချေနှင့် ချီ၍ ကျွတ်ပွဲကြီး ယင်ခဲ့ကြသော သူတော် ကောင်းတို့၏ စာရင်းကို ကြည့်ပါက ရှု၍ ရတော်မူကြသော အရိယာသူတော်ကောင်းတို့သည်လည်း သာသနာ- တော်ဝယ် များစွာပင် ရှိတော်မူခဲ့ကြပေသည်။ သို့အတွက် နာမ်ကမ္မဋ္ဌာန်းပိုင်းဝယ် ''ပစ္စုပ္ပန် ပေါ်ဆဲ ပေါ်ဆဲ ခဏ၌သာ ပစ္စုပ္ပန်တရား သက်သက်ကိုသာ ဝိပဿနာ ရှုရမည်''ဟူသော စည်းမျဥ်းဥပဒေသကိုကား အထူး စဥ်းစားသင့်လှပေသည်။
然而,这些不善法虽不再以生起—住立—坏灭的方式显然存在,却因仍可能在其他时候屡次生起而被说成尚在相续中显然存在;世尊指示应当以法随观智清楚分别、摄取并观修这些不善法,义注与复注也都支持并解释这一点。若查考那些以不可计数之众成就大解脱的贤善者,佛陀教法中能够如此观修的圣者,过去也确实为数众多。因此,对于名业处中“唯应在现在法正于当下显现的刹那,只观纯粹的现在法”这一规则,尤其值得深思。
ကာမစ္ဆန္ဒ နီဝရဏ၏ ဖြစ်ကြောင်းတရား
欲贪盖的生起之因
တတ္ထ သုဘနိမိတ္တေ အယောနိသောမနသိကာရေန ကာမစ္ဆန္ဒဿ ဥပ္ပါဒေါ ဟောတိ။ သုဘနိမိတ္တံ နာမ သုဘမ္ပိ သုဘနိမိတ္တံ၊ သုဘာရမ္မဏမ္ပိ သုဘနိမိတ္တံ။ အယောနိသောမနသိကာရော နာမ အနုပါယမနသိကာရော
巴利义注引文起(缅文转写):“တတ္ထ သုဘနိမိတ္တေ အယောနိသောမနသိကာရေန ကာမစ္ဆန္ဒဿ ဥပ္ပါဒေါ ဟောတိ။ သုဘနိမိတ္တံ နာမ သုဘမ္ပိ သုဘနိမိတ္တံ၊ သုဘာရမ္မဏမ္ပိ သုဘနိမိတ္တံ။ အယောနိသောမနသိကာရော နာမ အနုပါယမနသိကာရော”截至本单元译义:“这里,由于对净相作不如理作意,欲贪便会生起。所谓净相,净本身是净相,净所缘也是净相。所谓不如理作意,就是非方便作意——”
原书第 513 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- သတိပဋ္ဌာန် (၄)ပါး အခန်း ဥပ္ပထမနသိကာရော အနိစ္စေ နိစ္စန္တိ ဝါ ဒုက္ခေ သုခန္တိ ဝါ အနတ္တနိ အတ္တာတိ ဝါ အသုဘေ သုဘန္တိ ဝါ မနသိ- ကာရော၊ တံ တတ္ထ ဗဟုလံ ပဝတ္တယတော ကာမစ္ဆန္ဒော ဥပ္ပဇ္ဇတိ။ တေနာဟ ဘဂဝါ --- ''အတ္ထိ ဘိက္ခဝေ သုဘနိမိတ္တံ၊ တတ္ထ အယောနိသောမနသိကာရ ဗဟုလီကာရော၊ အယမာဟာရော အနုပ္ပန္နဿ ဝါ ကာမစ္ဆန္ဒဿ ဥပ္ပါဒါယ ဥပ္ပန္နဿ ဝါ ကာမစ္ဆန္ဒဿ ဘိယျောဘာဝါယ ဝေပုလဒာယာ''တိ။
巴利引文续(省略页眉后的缅文转写):“ဥပ္ပထမနသိကာရော အနိစ္စေ နိစ္စန္တိ ဝါ ဒုက္ခေ သုခန္တိ ဝါ အနတ္တနိ အတ္တာတိ ဝါ အသုဘေ သုဘန္တိ ဝါ မနသိ- ကာရော၊ တံ တတ္ထ ဗဟုလံ ပဝတ္တယတော ကာမစ္ဆန္ဒော ဥပ္ပဇ္ဇတိ။ တေနာဟ ဘဂဝါ --- ''အတ္ထိ ဘိက္ခဝေ သုဘနိမိတ္တံ၊ တတ္ထ အယောနိသောမနသိကာရ ဗဟုလီကာရော၊ အယမာဟာရော အနုပ္ပန္နဿ ဝါ ကာမစ္ဆန္ဒဿ ဥပ္ပါဒါယ ဥပ္ပန္နဿ ဝါ ကာမစ္ဆန္ဒဿ ဘိယျောဘာဝါယ ဝေပုလဒာယာ''တိ။”续译:“——邪道作意,即对无常作意为常,对苦作意为乐,对无我作意为我,对不净作意为净。若有人对该净相反复运作这种作意,欲贪便会生起。因此世尊说:‘诸比丘,有净相;于彼反复修习不如理作意,这是令未生欲贪生起,并令已生欲贪更加增长、广大的食。’”
(သံ-၃-၉ဝ။ အဘိ-ဋ္ဌ-၂-၂၅၇။ မ-ဋ္ဌ-၁-၂၈၅-၂၈၆။)
(《相应部》3-90;《迷惑冰消》2-257;《中部义注》1-285—286。)
သုဘမ္ပီတိ ကာမစ္ဆန္ဒောပိ။ သော ဟိ အတ္တနော ဂဟဏာကာရေန ''သုဘ''န္တိ ဝုစ္စတိ၊ တေနာကာရေန ပဝတ္တမာနကဿ အညဿ ကာမစ္ဆန္ဒဿ နိမိတ္တတ္တာ ''နိမိတ္တ''န္တိ စာတိ။ အာကင်္ခိတဿ ဟိတသုခဿ အနုပါယဘူတော မနသိကာရော အနုပါယမနသိကာရော။ တတ္ထာတိ နိပ္ဖါဒေတဗ္ဗေ အာရမ္မဏဘူတေ စ ဒုဝိဓေပိ သုဘနိမိတ္တေ။ (မူလဋီ-၂-၁၅၈။) = ထိုကာမစ္ဆန္ဒနီဝရဏ၏ ဖြစ်ကြောင်းတရား ပယ်ကြောင်းတရားတို့တွင် သုဘဟု မှတ်သားအပ်သောအာရုံ ၌ မသင့်မတင့်သောအားဖြင့် = နည်းမှား လမ်းမှားအားဖြင့် နှလုံးသွင်းခြင်းကြောင့် ကာမစ္ဆန္ဒနီဝရဏတရား၏ ထင်ရှားဖြစ်ပေါ်လာခြင်း ဖြစ်၏။
“‘净亦’也包括欲贪。欲贪依其自身的执取方式而称为‘净’;又因为它是依同一方式运作的另一后续欲贪之相,所以也称为‘相’。不能成为实现所希求利益安乐之方便的作意,称为‘非方便作意’。所谓‘于彼’,是指两种净相:作为所应生起者〔后续欲贪〕的净相,以及作为所缘的净相。(《根本复注》2-158。)”作者释义:在上述欲贪盖的生起因与断除因中,由于对被认作“净”的所缘作不适当的作意——即依错误方法、错误道路作意——欲贪盖便显然生起。
သုဘနိမိတ် --- မည်သည် အာရုံကို သုဘဟု မှတ်ယူတတ်သော = သုဘဟု သာယာတပ်မက်တတ်သော ရှေးရှေးသော ကာမစ္ဆန္ဒသည်လည်း နောက်နောက်သော ကာမစ္ဆန္ဒ၏ အကြောင်းတရား ဖြစ်သောကြောင့် သုဘ နိမိတ် မည်၏၊ တင့်တယ်သော သုဘအာရုံသည်လည်း သုဘဟု မှတ်ယူအပ်သည်၏ အဖြစ်ကြောင့် = သုဘဟု သာယာတပ်မက်အပ်သည်၏ အဖြစ်ကြောင့် သုဘနိမိတ် မည်၏။
净相——先前的欲贪会把所缘认作“净”,即欣爱、贪求它;这种先前欲贪是后续欲贪的因,所以也称为净相。美好、端严的净所缘,由于会被认作“净”,即成为欣爱、贪求的对象,也称为净相。
အယောနိသောမနသိကာရ --- မည်သည် မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန် စသော စီးပွားချမ်းသာကို ရခြင်း၏ အကြောင်းမဟုတ်သောအားဖြင့် အာရုံကို နှလုံးသွင်းခြင်းတည်း။
不如理作意——就是以不能成为获得道智、果智、涅槃等利益安乐之因的方式,把所缘置于心中。
၁။ အနိစ္စဖြစ်သော ခန္ဓာငါးပါး = ရုပ်နာမ်တရား၌ နိစ္စဟူ၍သော်လည်းကောင်း၊ ၂။ ဒုက္ခဖြစ်သော ခန္ဓာငါးပါး = ရုပ်နာမ်တရား၌ သုခဟူ၍သော်လည်းကောင်း၊ ၃။ အနတ္တဖြစ်သော ခန္ဓာငါးပါး = ရုပ်နာမ်တရား၌ အတ္တဟူ၍သော်လည်းကောင်း၊ ၄။ အသုဘဖြစ်သော ခန္ဓာငါးပါး = ရုပ်နာမ်တရား၌ သုဘဟူ၍သော်လည်းကောင်း နှလုံးသွင်းခြင်းတည်း။
也就是:1.对于本为无常的五蕴=色名诸法,作意为“常”;2.对于本为苦的五蕴=色名诸法,作意为“乐”;3.对于本为无我的五蕴=色名诸法,作意为“我”;4.对于本为不净的五蕴=色名诸法,作意为“净”。
ထို အယောနိသောမနသိကာရကို ထို သုဘနိမိတ်၌ ကြိမ်ဖန်များစွာ ဖြစ်စေသော ပုဂ္ဂိုလ်၏ သန္တာန်၌ ကာမစ္ဆန္ဒ နီဝရဏတရားသည် ထင်ရှားဖြစ်ပေါ်လာ၏။ ထိုကြောင့် ဘုရားရှင်သည် ဤသို့ ဟောကြားထားတော် မူ၏။
在那种净相上一次又一次生起不如理作意的人,其相续中便会显然生起欲贪盖。因此,世尊作了如下开示。
ရဟန်းတို့ …သုဘနိမိတ်သည် ရှိ၏၊ ထိုသုဘနိမိတ်၌ စီးပွားချမ်းသာကို ရခြင်း၏ အကြောင်းမဟုတ် သောအားဖြင့် နည်းမှား လမ်းမှား နှလုံးသွင်းခြင်း = အယောနိသော မနသိကာရကို ကြိမ်ဖန်များစွာ အလေ့ အလာပြုခြင်းသည် ရှိ၏၊ ဤအယောနိသော မနသိကာရကို ကြိမ်ဖန်များစွာ အလေ့အလာပြုခြင်းသည် မဖြစ် ပေါ်သေးသော ကာမစ္ဆန္ဒနီဝရဏ၏ ထင်ရှားဖြစ်ပေါ်ခြင်းငှာလည်းကောင်း၊ ဖြစ်ပေါ်ပြီးသော ကာမစ္ဆန္ဒနီဝရဏ ၏ လွန်စွာတိုးပွားခြင်းငှာလည်းကောင်း ပြန့်ပြောသည်၏ အဖြစ်ဟူသော အကျိုးငှာလည်းကောင်း အကြောင်း တရားပေတည်း။ (သံ-၃-၉ဝ။ အဘိ-ဋ္ဌ-၂-၂၅၇။ မ-ဋ္ဌ-၁-၂၈၅-၂၈၆။)
缅释经文:诸比丘……有净相;对于该净相,有这样一种反复修习:以不能成为获得利益安乐之因的方式,依错误方法、错误道路把所缘置于心中,也就是反复修习不如理作意。反复修习这种不如理作意,是令尚未生起的欲贪盖显然生起,以及令已经生起的欲贪盖极度增长、趋于广大的因。(《相应部》3-90;《迷惑冰消》2-257;《中部义注》1-285—286。)
原书第 514 页
ကာမစ္ဆန္ဒ နီဝရဏကို ပယ်ကြောင်းတရား
欲贪盖的断除之因
အသုဘနိမိတ္တေ ပန ယောနိသောမနသိကာရေနဿ ပဟာနံ ဟောတိ။ အသုဘနိမိတ္တံ နာမ အသုဘမ္ပိ အသုဘနိမိတ္တံ၊ အသုဘာရမ္မဏမ္ပိ အသုဘနိမိတ္တံ။ ယောနိသောမနသိကာရော နာမ ဥပါယမနသိကာရော ပထမနသိကာရော အနိစ္စေ အနိစ္စန္တိ ဝါ ဒုက္ခေ ဒုက္ခန္တိ ဝါ အနတ္တနိ အနတ္တာတိ ဝါ အသုဘေ အသုဘန္တိ ဝါ မနသိကာရော။ တံ တတ္ထ ဗဟုလံ ပဝတ္တယတော ကာမစ္ဆန္ဒော ပဟီယတိ။ တေနာဟ ဘဂဝါ --- ''အတ္ထိ ဘိက္ခဝေ အသုဘနိမိတ္တံ၊ တတ္ထ ယောနိသောမနသိကာရဗဟုလီကာရော၊ အယမာဟာရော အနုပ္ပန္နဿ ဝါ ကာမစ္ဆန္ဒဿ အနုပ္ပါဒါယ ဥပ္ပန္နဿ ဝါ ကာမစ္ဆန္ဒဿ ပဟာနာယ''တိ။ (မ-ဋ္ဌ-၁-၂၈၆။) အသုဘမ္ပီတိ အသုဘဇ္ဈာနမ္ပိ၊ တံ ပန ဒသသု အသုဘေသု ကေသာဒီသု စ ပဝတ္တံ ဒဋ္ဌဗ္ဗံ။ ကေသာဒီသု ဟိ သညာ အသုဘသညာတိ ဂိရိမာနန္ဒသုတ္တေ ဝုတ္တာတိ။ ဧတ္ထ စတုဗ္ဗိဓဿပိ အယောနိသောမနသိကာရဿ ယောနိသောမနသိကာရဿ စ ဒဿနံ နိရဝသေသဒဿနတ္ထံ ကတန္တိ ဝေဒိတဗ္ဗံ။ တေသု ပန အသုဘေ သုဘန္တိ
“然而,依不净相作如理作意,便能舍断欲贪。所谓不净相,‘不净’也称为不净相,不净所缘也称为不净相。所谓如理作意,是方便作意、正路作意,即对无常作意为无常,对苦作意为苦,对无我作意为无我,对不净作意为不净的作意。对于不净相数数令这种作意转起,欲贪便得舍断。因此世尊说:‘诸比丘,有不净相;对于该相数数修习如理作意,这就是令未生欲贪不生、令已生欲贪舍断的食。’(《中部义注》1-286。)‘不净’一词也包括不净禅;应知这种禅以十种尸不净及头发等身分为所缘而转起,因为《Girimānanda Sutta》把对头发等的想称为不净想。应知,这里列出四种不如理作意与四种如理作意,是为了无余显示两者。其中,这里所意指的是把不净作意为净——”
အသုဘန္တိ စ မနသိကာရော ဣဓာဓိပ္ပေတော၊ တဒနုကုလတ္တာ ဝါ ဣတရေပီတိ။ (မူလဋီ-၂-၁၅၈။) နောက်တစ်မျိုးကား --- အသုဘဟု မှတ်သားအပ်သော အာရုံ၌ (= အသုဘနိမိတ်၌) မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန် စသော စီးပွားချမ်းသာကို ရခြင်း၏ အကြောင်းအားဖြင့် အာရုံကို နည်းမှန် လမ်းမှန် နှလုံးသွင်းခြင်း = ယောနိသောမနသိကာရကြောင့် ထိုကာမစ္ဆန္ဒ နီဝရဏကို ပယ်သတ်ခြင်းသည် ဖြစ်ပေါ်လာ၏။
巴利引文续:“အသုဘန္တိ စ မနသိကာရော ဣဓာဓိပ္ပေတော၊ တဒနုကုလတ္တာ ဝါ ဣတရေပီတိ။”译:“——以及把不净作意为不净;也可以说,由于其余各项与这两项相随顺,其余各项也在所意指的范围内。”(《根本复注》2-158。)另一种说法是:对于应标记为不净的所缘〔即不净相〕,为了获得道智、果智、涅槃等利益安乐,而以正确方法将所缘置于心中——即作如理作意;由此便能舍断欲贪盖。
အသုဘနိမိတ် --- အသုဘအာရုံ ရှိသော စျာန်သည်လည်း အသုဘနိမိတ် မည်၏။ အသုဘအာရုံသည်လည်း အသုဘနိမိတ် မည်၏။ ထိုအသုဘကို အာရုံပြု၍ ဖြစ်ပေါ်လာသော အသုဘစျာန်ကို --- ၁။ သမထပိုင်းတွင် လာရှိသော အသုဘကမ္မဋ္ဌာန်း (၁ဝ)မျိုးတို့၌လည်းကောင်း၊ (= အသုဘအလောင်းကောင် ၁ဝ-မျိုးတို့၌လည်းကောင်း) ၂။ ဆံပင် စသော (၃၂)ကောဋ္ဌာသတို့၌လည်းကောင်း --- ဖြစ်ပေါ်လာသော စျာန်ဟူ၍ မှတ်သားပါလေ။ ဖူးဖူးရောင်ကြွ ပုပ်ပွနေသော လိင်တူ အသုဘအလောင်း ကောင် စသည့် အလောင်းကောင် (၁ဝ)မျိုးတို့တွင် တစ်မျိုးမျိုးကို အာရုံယူ၍ အသုဘကမ္မဋ္ဌာန်းကို စီးဖြန်းခဲ့ သော် ပထမစျာန်သမာဓိကို ရရှိနိုင်၏။
不净相——以不净所缘为所缘的禅那,也称为“不净相”;不净所缘本身,也称为“不净相”。应当知道,取不净为所缘而生起的不净禅,包括:1.止修部分所说的十种不净业处〔即十种尸不净〕所生的禅那;2.头发等三十二身分所生的禅那。以十种尸体中的任一种为所缘,例如同性尸体上已经鼓胀、腐坏的膨胀相,修习不净业处,便能证得初禅定。
တစ်ဖန် အဇ္ဈတ္တ (၃၂)ကောဋ္ဌာသတို့တွင် ကောဋ္ဌာသ တစ်ခုခုကိုလည်းကောင်း၊ (၃၂)ကောဋ္ဌာသအားလုံးကို လည်းကောင်း အာရုံယူ၍၊ ယင်းကောဋ္ဌာသ တစ်ခု၏ သို့မဟုတ် ကောဋ္ဌာသအားလုံး၏ ရွံရှာစက်ဆုပ်ဖွယ် အသုဘသဘောကို အာရုံယူ၍ အသုဘကမ္မဋ္ဌာန်းကို စီးဖြန်းခဲ့သော် ပထမစျာန်သမာဓိကို ရရှိနိုင်၏။ ဂိရိ- မာနန္ဒသုတ္တန်၌ ဘုရားရှင် ဟောကြားထားတော်မူခဲ့၏။
再者,以内在三十二身分中的某一个身分或全部三十二身分为所缘,取该身分或全部身分可厌、可恶的不净性为所缘而修习不净业处,也能证得初禅定。世尊在《Girimānanda Sutta》中作过这样的开示。
သူသေအလောင်းကောင်ကို အာရုံယူ၍ စီးဖြန်းသော အသုဘကမ္မဋ္ဌာန်းကို အဝိညာဏက အသုဘကမ္မ- ဋ္ဌာန်းဟူ၍လည်းကောင်း၊ သက်ရှိသတ္တဝါတို့၏ သန္တာန်ဝယ် တည်ရှိကြကုန်သော (၃၂)ကောဋ္ဌာသတို့၏ ရွံရှာ စက်ဆုပ်ဖွယ် အသုဘသဘောကို အာရုံယူ၍ စီးဖြန်းသော အသုဘကမ္မဋ္ဌာန်းကို သဝိညာဏက အသုဘကမ္မဋ္ဌာန်း ဟူ၍လည်းကောင်း ဝိဇယသုတ္တန် စသည်တို့၌ ခေါ်ဝေါ်သုံးစွဲထားပေသည်။ (သမထကမ္မဋ္ဌာန်းပိုင်းတွင် ရှုပွားပုံ ထင်ရှားလတ္တံ့။)
以死尸为所缘而修习的不净业处,在《Vijaya Sutta》等经中称为“无识不净业处”;以活着的有情相续中三十二身分的可厌、可恶不净性为所缘而修习的不净业处,则称为“有识不净业处”。〔具体修习方法将在止业处部分清楚说明。〕
原书第 515 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- သတိပဋ္ဌာန် (၄)ပါး အခန်း ယောနိသောမနသိကာရ --- မည်သည် မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန် စသော စီးပွားချမ်းသာကို ရခြင်း၏ အကြောင်းအားဖြင့် အာရုံကို နှလုံးသွင်းခြင်းတည်း၊ အာရုံကို နည်းမှန် လမ်းမှန်အားဖြင့် နှလုံးသွင်းခြင်းတည်း။
如理作意——所谓如理作意,就是为了获得道智、果智、涅槃等利益安乐而将所缘置于心中,也就是以正确方法将所缘置于心中。
၁။ အနိစ္စ ဖြစ်သော ခန္ဓာငါးပါး = ရုပ်နာမ်တရား၌ အနိစ္စဟူ၍သော်လည်းကောင်း၊ ၂။ ဒုက္ခ ဖြစ်သော ခန္ဓာငါးပါး = ရုပ်နာမ်တရား၌ ဒုက္ခဟူ၍သော်လည်းကောင်း၊ ၃။ အနတ္တ ဖြစ်သော ခန္ဓာငါးပါး = ရုပ်နာမ်တရား၌ အနတ္တဟူ၍သော်လည်းကောင်း၊ ၄။ အသုဘ ဖြစ်သော ခန္ဓာငါးပါး = ရုပ်နာမ်တရား၌ အသုဘဟူ၍သော်လည်းကောင်း နှလုံးသွင်းခြင်းတည်း။
也就是:1.对于本属无常的五蕴——色法与名法,作意为无常;2.对于本属苦的五蕴——色法与名法,作意为苦;3.对于本属无我的五蕴——色法与名法,作意为无我;4.对于本属不净的五蕴——色法与名法,作意为不净。
ထို ယောနိသောမနသိကာရကို ထို အသုဘစျာန် အသုဘအာရုံဟု ဆိုအပ်သော နှစ်မျိုးသော အသုဘ နိမိတ်၌ ကြိမ်ဖန်များစွာ ဖြစ်စေသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ကာမစ္ဆန္ဒ နီဝရဏကို ပယ်ရှားအပ်ပြီး ဖြစ်၏။ ထိုကြောင့် ဘုရားရှင်သည် ဤသို့ ဟောကြားထားတော်မူ၏။
瑜伽行者对于称为“不净禅”与“不净所缘”的两种不净相,数数令这种如理作意生起;他的相续中,欲贪盖便已舍断。因此,世尊作了如下开示:
''ရဟန်းတို့ …အသုဘနိမိတ်သည် ရှိ၏၊ ထိုအသုဘနိမိတ်၌ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန် စသော စီးပွား ချမ်းသာကို ရခြင်း၏ အကြောင်းဖြစ်သော သင့်သောအားဖြင့် နှလုံးသွင်းခြင်း နည်းမှန် လမ်းမှန် နှလုံးသွင်းခြင်း = ယောနိသော မနသိကာရကို ကြိမ်ဖန်များစွာ အလေ့အလာပြုခြင်းသည် မဖြစ်ပေါ်လာသေးသော ကာမစ္ဆန္ဒ နီဝရဏ၏ မဖြစ်ပေါ်လာခြင်းငှာလည်းကောင်း၊ ဖြစ်ပေါ်လာပြီးသော ကာမစ္ဆန္ဒ နီဝရဏကို ပယ်ခြင်းငှာလည်း ကောင်း အကြောင်းတရားပင် ဖြစ်ပေသည်။'' ဤ၌ အယောနိသော မနသိကာရ လေးမျိုးကို ကာမစ္ဆန္ဒ နီဝရဏတရား၏ ဖြစ်ပေါ်လာခြင်း၏ အကြောင်း တရားအဖြစ် ညွှန်ပြခြင်းသည်လည်းကောင်း၊ ယောနိသော မနသိကာရ လေးမျိုးကို ကာမစ္ဆန္ဒ နီဝရဏတရားကို ပယ်သတ်ခြင်း၏ အကြောင်းတရားအဖြစ် ညွှန်ပြခြင်းသည်လည်းကောင်း - အယောနိသော မနသိကာရနှင့် ယောနိသော မနသိကာရကို အကြွင်းအကျန် မရှိ ကုန်စင်အောင် ညွှန်ကြားပြသတော်မူခြင်း အကျိုးငှာ အဋ္ဌ-
“诸比丘,有不净相。对于该不净相,为了获得道智、果智、涅槃等利益安乐,以适当方式、正确方法将所缘置于心中——即数数练习如理作意——是令未生欲贪盖不生、令已生欲贪盖舍断的因缘。”这里,把四种不如理作意指示为欲贪盖生起之因,又把四种如理作意指示为舍断欲贪盖之因;这是为了无余、彻底地显示不如理作意与如理作意,义注
ကထာဆရာတော်က ဖွင့်ဆိုတော်မူခြင်း ဖြစ်၏။ ထိုလေးမျိုးတို့တွင် --- ၁။ အသုဘ၌ သုဘဟု နှလုံးသွင်းခြင်း အယောနိသောမနသိကာရနှင့် ၂။ အသုဘ၌ အသုဘဟု နှလုံးသွင်းခြင်း ယောနိသောမနသိကာရတို့ကိုသာ ဤကာမစ္ဆန္ဒနီဝရဏပိုင်း၌ အလို ရှိအပ်ပေသည်။
——作者才这样解释。在上述两组各四种作意中,本欲贪盖部分直接所指的只有两种:1.对于不净作意为净的不如理作意;2.对于不净作意为不净的如理作意。
တစ်နည်း --- အသုဘ စင်စစ် ဧကန် ဖြစ်သော ခန္ဓာငါးပါး = ရုပ်နာမ်တရားတို့၌ သုဘဟု နှလုံးသွင်းခြင်း အယောနိသော မနသိကာရအား --- အနိစ္စဖြစ်သော ယင်းခန္ဓာငါးပါး = ရုပ်နာမ်တရားတို့၌ နိစ္စဟု နှလုံးသွင်း တတ်သော အယောနိသောမနသိကာရနှင့် နိစ္စသညာတို့ကလည်းကောင်း၊ ဒုက္ခဖြစ်သော ခန္ဓာငါးပါး = ရုပ်နာမ် တရားတို့၌ သုခဟု နှလုံးသွင်းတတ်သော အယောနိသောမနသိကာရနှင့် သုခသညာတို့ကလည်းကောင်း၊ အနတ္တဖြစ်သော ခန္ဓာငါးပါး = ရုပ်နာမ်တရားတို့၌ အတ္တဟု နှလုံးသွင်းတတ်သော အယောနိသောမနသိကာရနှင့် အတ္တသညာတို့ကလည်းကောင်း ပကတိ အားကြီးသော မှီရာဥပနိဿယသတ္တိဖြင့် ကျေးဇူးပြုပေးလျက် ရှိကြ၏။
换一种方式说:对于确实不净的五蕴——色法与名法——作意为净的那种不如理作意,受到以下三组法以自然亲依止缘力资助:对于本属无常的五蕴——色法与名法——作意为常的不如理作意与常想;对于本属苦的五蕴——色法与名法——作意为乐的不如理作意与乐想;对于本属无我的五蕴——色法与名法——作意为我的不如理作意与我想。
သို့အတွက် ထိုအသုဘအာရုံ၌ သုဘဟု နှလုံးသွင်းတတ်သော အယောနိသော မနသိကာရအား ကျန်အယော- နိသောမနသိကာရ သုံးမျိုးနှင့် နိစ္စသညာ သုခသညာ အတ္တသညာတို့သည် လျော်ကုန်၏။ ထိုကြောင့် အခြား သော အယောနိသော မနသိကာရတို့ကိုလည်း ဤကာမစ္ဆန္ဒကို ပြဆိုရာ အပိုင်း၌ အလိုရှိအပ်ပေသည်။
因此,其余三种不如理作意以及常想、乐想、我想,都与这种对不净所缘作意为净的不如理作意相顺。所以,在说明欲贪的这一部分,其余三种不如理作意也在所取范围内。
အလားတူပင် - အနိစ္စ-ဒုက္ခ-အနတ္တ စင်စစ် ဧကန်မှန်သော ခန္ဓာငါးပါး = ရုပ်နာမ်တရား၌ အနိစ္စ-ဒုက္ခ- အနတ္တဟု အသီးအသီး နှလုံးသွင်းတတ်သော ယောနိသောမနသိကာရနှင့် အနိစ္စသညာ ဒုက္ခသညာ အနတ္တ
同样,对于确实无常、苦、无我的五蕴——色法与名法——分别作意为无常、苦、无我的三种如理作意,以及无常想、苦想、无我
原书第 516 页
သညာတို့ကလည်း အသုဘဖြစ်သော ခန္ဓာငါးပါး = ရုပ်နာမ်တရား၌ အသုဘဟု နှလုံးသွင်းတတ်သော ယောနိ- သောမနသိကာရနှင့် အသုဘသညာတို့အား ပကတိ အားကြီးသော မှီရာ = ဥပနိဿယ အကြောင်းသတ္တိဖြင့် ကျေးဇူးပြုပေးလျက် ရှိ၏။ သို့အတွက် အသုဘ၌ အသုဘဟု နှလုံးသွင်းတတ်သော ယောနိသောမနသိကာရအား ကျန်သုံးမျိုးသော ယောနိသောမနသိကာရတို့နှင့် အနိစ္စသညာ ဒုက္ခသညာ အနတ္တသညာတို့သည် လျော်ကုန်၏။
——想,也以自然亲依止缘力,资助对于本属不净的五蕴——色法与名法——作意为不净的如理作意及不净想。因此,其余三种如理作意以及无常想、苦想、无我想,都与这种对不净作意为不净的如理作意相顺。
ထိုကြောင့် ဤကာမစ္ဆန္ဒကို ပြဆိုရာအပိုင်း၌ အခြားသော ယောနိသောမနသိကာရတို့ကိုလည်း အလိုရှိအပ်သည် သာ ဖြစ်ပေသည်။ (မူလဋီ-၂-၁၅၈။) အနိစ္စာနုပဿနာဉာဏ် ဒုက္ခာနုပဿနာဉာဏ် အနတ္တာနုပဿနာဉာဏ် အသုဘာနုပဿနာဉာဏ် ဟူ- သော အနုပဿနာဉာဏ် လေးမျိုးတို့တွင် အနုပဿနာဉာဏ်တစ်ခု၏ ရဲရင့်စူးရှ ထက်မြက် သန့်ရှင်းလာရေး အတွက် ရင့်ကျက်လာရေးအတွက် ကျန် အနုပဿနာဉာဏ်တို့က ဝိုင်းဝန်း၍ အားကြီးသော မှီရာ = ဥပနိဿယ အကြောင်းတရား အဖြစ်ဖြင့် ကျေးဇူးပြုပေးရ၏၊ သို့မှသာလျှင် ယင်းအနုပဿနာဉာဏ်သည် ရဲရင့်လာ၏ စူးရှ လာ၏ ထက်မြက်လာ၏ သန့်ရှင်းလာ၏ ရင့်ကျက်လာ၏။ ယင်းသို့ ရဲရင့်စူးရှ ထက်မြက် သန့်ရှင်းရင့်ကျက်လာ အောင် အနုပဿနာဉာဏ်တစ်ခုအား ကျန်အနုပဿနာဉာဏ်တို့က အားကြီးသော မှီရာဥပနိဿယ အကြောင်း သတ္တိဖြင့် ကျေးဇူးပြုပေးမှုကိုပင် ဤ၌ ''လျော်သည်''ဟု ဆိုသည်။ (ဝိပဿနာပိုင်းတွင် ထင်ရှားလတ္တံ့ ။)
所以,在说明欲贪的这一部分,其余三种如理作意也在所取范围内。(《根本复注》2-158。)无常随观智、苦随观智、无我随观智与不净随观智这四种随观智之中,为了使其中一种随观智变得勇健、敏锐、明利、清净而成熟,其余随观智必须共同以强力亲依止因给予资助;只有具足这种资助,该随观智才会勇健、敏锐、明利、清净而成熟。这里所谓“相顺”,正是指其余随观智以强力亲依止缘力这样资助某一种随观智,使它达到上述成熟状态。〔在毗婆舍那部分将会清楚说明。〕
တစ်နည်း ကာမစ္ဆန္ဒ နီဝရဏကို ပယ်ကြောင်းတရား (၆) ပါး
另一法:断除欲贪盖的六法
၁။ အသုဘနိမိတ် = အသုဘအာရုံကို သင်ယူခြင်း၊ ၂။ အသုဘဘာဝနာကို အဖန်ဖန် အထပ်ထပ် ပွားများအားထုတ်ခြင်း၊ ၃။ စက္ခု စသော ဣန္ဒြေတို့၌ စောင့်စည်းထားအပ်သော သတိတည်းဟူသော တံခါးရွက်ရှိသူ ဖြစ်ခြင်း၊ ၄။ အစာအာဟာရ ဘောဇဥ်၌ အတိုင်းအရှည်ကို သိသူ ဖြစ်ခြင်း၊ ၅။ ဆရာကောင်း သမားကောင်း မိတ်ကောင်း ဆွေကောင်းရှိသူ ဖြစ်ခြင်း၊ ၆။ အသုဘဘာဝနာကို မှီသော လျောက်ပတ်သော တရားစကား ရှိခြင်း --- ဤ (၆)ပါးကုန်သော တရားတို့သည် ကာမစ္ဆန္ဒကို ပယ်ခြင်းငှာ ဖြစ်ကြကုန်၏။
1.学习不净相——即不净所缘;2.一再反复地修习不净;3.在眼等诸根上,成为以防护之念为门扉的人——即守护根门;4.饮食知量;5.具有善师、善友;6.具有依不净修习而说的适宜法谈。这六法都能导向舍断欲贪。
၁။ ဖူးဖူးရောင်ကြွ ပုပ်ပွလျက်ရှိသော ဥဒ္ဓုမာတက စသော (၁ဝ)မျိုးသော အသုဘအာရုံ = အသုဘကမ္မဋ္ဌာန်း ကို သင်ယူသော ပုဂ္ဂိုလ်သည်လည်း ကာမစ္ဆန္ဒကို ပယ်နိုင်၏။
1.学习膨胀相等十种尸不净所缘——即十种不净业处——的人,也能舍断欲贪。
၂။ ယင်းအသုဘဘာဝနာကို ပွားများသောပုဂ္ဂိုလ်၊ ဖြစ်စေသောပုဂ္ဂိုလ်သည်လည်း ကာမစ္ဆန္ဒကို ပယ်နိုင်၏။
2.修习、令这种不净修习生起的人,也能舍断欲贪。
၃။ ဣန္ဒြေ (၆)ပါး တံခါး (၆)ပေါက်တို့မှ ရာဂ ဒေါသ မောဟ စသည် အကုသိုလ် အယုတ်တရားတို့ မဝင် ရောက်လာနိုင်အောင်၊ ကမ္မဋ္ဌာန်းအာရုံတစ်ခု၌ မိမိ၏ စိတ်ကို အမြဲသွတ်သွင်းထားလျက်၊ ပိတ်ဆို့ထား အပ်သော သတိတည်းဟူသော တံခါးရွက်ရှိသော ပုဂ္ဂိုလ်သည်လည်း ကာမစ္ဆန္ဒကို ပယ်နိုင်၏။
3.为使贪、嗔、痴等不善下劣法不能从六根这六扇门进入,恒常把自己的心投入某一种业处所缘,并具有名为“念”的门扉,将诸门关闭防护;这样的人也能舍断欲贪。
၄။ ဆွမ်းစားသောအခါ ဆွမ်းကိစ္စပြီးလုခါနီးဝယ် လေးလုတ် ငါးလုတ်သော ဆွမ်းလုတ်တို့၏ တည်နိုင်လောက် ရာ အရပ်သည် အစာသစ်အိမ်၌ ကျန်ရှိနေသေးလတ်သော် ယင်းလေးလုတ် ငါးလုတ်သော ဆွမ်းလုတ်တို့ကို ဆက်မစားဘဲ ချန်ထား၍ ရေကိုသောက်၍ မျှတလေ့ရှိသဖြင့် အစာအာဟာရဘောဇဥ်၌ အတိုင်းအရှည်ကို သိသော ယောဂါဝစရပုဂ္ဂိုလ်သည်လည်း ကာမစ္ဆန္ဒကို ပယ်နိုင်၏။ (အဘိ-ဋ္ဌ-၂-၂၅၇-၂၅၈။) အချို့ပုဂ္ဂိုလ်တို့က ''ယင်းဘောဇနေ မတ္တညူ = ဘောဇဥ်၌ အတိုင်းအရှည်ကို သိသောပုဂ္ဂိုလ်ကို ထိနမိဒ္ဓ တရားတို့သည် မလွှမ်းမိုးအပ် မလွှမ်းမိုးနိုင်၊ မဖိစီးအပ် မဖိစီးနိုင်၊ အိပ်ချင်ငိုက်မျဥ်းမှု မရှိလျှင် ကမ္မဋ္ဌာန်းကို အမြဲ
4.用餐将近结束时,如果胃里还留有可容四五口饭的空间,瑜伽行者便不再继续吃下这四五口,而把它们留下,改以饮水使食量达到适度;这样成为饮食知量者,也能舍断欲贪。(《迷惑冰消》2-257—258。)有些人说:“对于这位饮食知量者,昏沉与睡眠不能覆盖、压倒他;没有昏昧困倦,他便能恒常
原书第 517 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- သတိပဋ္ဌာန် (၄)ပါး အခန်း နှလုံးသွင်းနေသောကြောင့် ကာမရာဂ၏ သက်ရောက်ဖို့ရန် ဝင်ရောက်လာဖို့ရန် အပေါက်အကြား အခွင့်အ- လမ်းကို မရနိုင်၊ ထိုကြောင့် ဘောဇနေ မတ္တညူ ပုဂ္ဂိုလ်သည် ကာမရာဂကို ပယ်နိုင်၏''ဟု ဆိုကြသည်။ (ဝဒန္တိ ဝါဒတည်း။) ယင်းဝဒန္တိဝါဒကို မူလဋီကာဆရာတော်က မနှစ်သက်သဖြင့် ဤသို့ ဖွင့်ဆိုထား၏။
——将业处置于心中,欲贪便找不到能够作用或进入的孔隙与机会。因此,饮食知量者能够舍断欲贪。”〔这是“有人说”的见解。〕《根本复注》作者不认可这种“有人说”之论,因而作了如下解释:
ထိုသို့ပင် ဝဒန္တိပုဂ္ဂိုလ်တို့က ဆိုကြပါသော်လည်း ဘောဇဥ်ကို မှီသော အာဟာရေပဋိကူလသညာ = အစာ အာဟာရ၌ ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလသညာကို ထိုဘောဇနေမတ္တညူပုဂ္ဂိုလ်သည် ဖြစ်စေနိုင်၏။ စားသုံးလိုက် သော အစာ၏ ကြေကျက်သွားသောအခါ ကိုးပေါက်ဒွါရတို့မှ ယိုစီးစိမ့်ထွက်လာသော ချွေး မျက်ချေး စသည် တို့နှင့် တကွ ကျင်ကြီး ကျင်ငယ်တို့သည်လည်းကောင်း၊ ဘောဇဥ်ကို စားသောအခါ လက်၊ ခံတွင်း စသည်တို့၌ အဆင်း အနံ့ စသည်တို့ဖြင့် လူးလဲခြင်းတို့သည်လည်းကောင်း ထိုဘောဇဥ်၏ ကြေကျက်ခြင်းဟူသော နိဿန္ဒ အကျိုးဆက်တို့တည်း။ ယင်း ကျင်ကြီး ကျင်ငယ် နှပ် တံတွေး စသည့် ဘောဇဥ်၏ နိဿန္ဒ အကျိုးဆက်တို့၏ ရွံရှာစက်ဆုပ်ဖွယ် အသုဘသဘောကို အာရုံယူ၍ အသုဘဘာဝနာကိုလည်း ပွားနိုင်၏။ ယင်းကောဋ္ဌာသတို့၏ အရောင်ကို အာရုံယူ၍ ဝဏ္ဏကသိုဏ်း = အရောင်ကသိုဏ်းတို့ကိုလည်း ပွားနိုင်၏။ ယင်းကောဋ္ဌာသတို့၌ ဓာတ်-
即使“有人说”论者作如上解释,饮食知量者仍能依食物令食厌想生起——即对于食物生起可厌、可恶之想。所吃的食物消化以后,粪便、尿液,以及从九孔门渗漏流出的汗液、眼垢等;又在进食时,手、口腔等处被食物的颜色、气味等遍加涂污——这些都是食物消化所流出的结果。以粪便、尿液、鼻涕、唾液等食物后果的可厌、可恶不净性为所缘,也能修习不净;以这些身分的颜色为所缘,也能修习色遍;在这些身分中,以四
ကြီး (၄)ပါးကို အာရုံယူ၍ ဓာတ်ကမ္မဋ္ဌာန်းကိုလည်း ပွားနိုင်၏။ သို့အတွက် ထိုဘောဇဥ်၏ ကြေကျက်ခြင်းဟူသော နိဿန္ဒ စသော အကျိုး၏ အသုဘ၏အဖြစ် စသည်ကို ရှုတတ်သော ဉာဏ်ကို ထိုဘောဇနေမတ္တညူ ပုဂ္ဂိုလ် သည် ဖြစ်စေနိုင်၏။
——大种为所缘,也能修习界业处。因此,这位饮食知量者能够生起观见食物消化后流出的结果等具有不净性等的智。
ထိုဘောဇဥ်၏ တည်ရာ အစာသစ်အိမ် အတွင်း၌ တည်ရှိသော အစာသစ်၏လည်းကောင်း၊ တစ်နည်းဆို သော် ထိုအစာအာဟာရ၏ (= အာဟာရဇရုပ်၏) ပျံ့နှံ့ရာ (၃၂)ကောဋ္ဌာသ အားလုံးတို့၏လည်းကောင်း အသုဘ သဘော စသည် ဖြစ်မှုကို ရှုတတ်သော ဉာဏ်ကို ထိုယောဂါဝစရ ဖြစ်သော ဘောဇနေမတ္တညူ ပုဂ္ဂိုလ်သည် ဖြစ်စေနိုင်၏။
这位身为瑜伽行者的饮食知量者,也能生起观见食物所住的胃中尚存的新食〔未消化食物〕具有不净性等的智;换一种说法,也能生起观见食物〔即食生色〕所遍布的一切三十二身分具有不净性等的智。
ကာမရာဂ၏ အားကြီးသော မှီရာ အကြောင်းတရားဖြစ်သော ထိုဘောဇဥ်၏ ရွံရှာစက်ဆုပ်ဖွယ် အသုဘ သဘော စသည်ကို ရှုတတ်သော ဉာဏ်ကိုလည်း ထိုဘောဇနေမတ္တညူ ပုဂ္ဂိုလ်သည် ဖြစ်စေနိုင်၏။
这位饮食知量者也能生起观见作为欲贪强力亲依止因的食物具有可厌、可恶的不净性等的智。
ကရဇကာယ အမည်ရသော စတုသမုဋ္ဌာနိကရုပ်တရားအပေါင်း၏ အာဟာရဟူသော တည်ရာ အကြောင်း တရား ရှိသည်၏ အဖြစ် စသည်ကို ရှုတတ်သော ဉာဏ်ကိုလည်း ထိုဘောဇနေမတ္တညူ ပုဂ္ဂိုလ်သည် ဖြစ်စေနိုင် ၏။ (ရုပ်ကမ္မဋ္ဌာန်းပိုင်းတွင် ပြန်ကြည့်ပါ။) ထိုကြောင့် ထိုဘောဇနေမတ္တညူ ပုဂ္ဂိုလ်သည် ကာမစ္ဆန္ဒကို ပယ်အပ် ပယ်နိုင်သည်သာ ဖြစ်ပေသည်။
这位饮食知量者也能生起观见名为“所生身”的四因所生色法总集具有名为“食”的住立因等的智。〔参见色业处部分。〕因此,饮食知量者确实能够舍断欲贪。
(မူလဋီ-၂-၁၅၈-၁၅၉။)
(《根本复注》2-158—159。)
၅။ အသုဘဘာဝနာ လုပ်ငန်းရပ်ကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်မှု ရှိသော တိဿမထေရ်မြတ်ကြီး နှင့် တူကုန်သော အသုဘဘာဝနာ၌ မွေ့လျော် ပျော်ပိုက် နှစ်ခြိုက်တော်မူကြကုန်သော ဆရာကောင်း သမားကောင်း မိတ်ကောင်း ဆွေကောင်းတို့ကို မှီဝဲဆည်းကပ်သော ပုဂ္ဂိုလ်သည်လည်း ကာမစ္ဆန္ဒ နီဝရဏတရားကို ပယ်ရှားနိုင်ပေ၏။
5.亲近善师与善友——他们如帝须长老一样,勤勉实践、努力修习不净,喜爱、乐于并倾心不净修习——这样的人也能舍断欲贪盖。
၆။ လျောင်း-ထိုင်-ရပ်-သွား လေးပါးသော ဣရိယာပုထ်တို့၌ (၁ဝ)ပါးသော အသုဘကမ္မဋ္ဌာန်းကို မှီသော လျောက်ပတ်သော တရားစကားဖြင့်လည်း ကာမစ္ဆန္ဒနီဝရဏကို ပယ်ရှားနိုင်၏။ ထိုကြောင့် (၆)ပါးကုန် သော တရားတို့သည် ကာမစ္ဆန္ဒနီဝရဏတရားကို ပယ်ရှားခြင်းငှာ ဖြစ်ကုန်၏ဟု ဖွင့်ဆိုခဲ့ခြင်း ဖြစ်ပေသည်။
6.在卧、坐、立、行四种威仪中,依十种不净业处而作适宜法谈,也能舍断欲贪盖。因此,义注才解释说,这六法能够导向舍断欲贪盖。
တစ်ဖန် ဤ (၆)ပါးကုန်သော အကြောင်းတရားတို့ဖြင့် ပယ်ရှားအပ်ပြီးသော ကာမစ္ဆန္ဒနီဝရဏတရား၏ အရဟတ္တမဂ်ကြောင့် နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းသွားခြင်း အနုပ္ပါဒနိရောဓ သဘောအား
再者,对于已经由这六项因缘舍断的欲贪盖,还应清楚了知:由于阿罗汉道,它以未来不再生起的方式止息,即以不再生起之灭(anuppāda-nirodha)的性质
原书第 518 页
ဖြင့် ချုပ်ငြိမ်းသွား၏ဟု ကွဲကွဲပြားပြား သိ၏ = ကွဲကွဲပြားပြား သိအောင် ကြိုးစားအားထုတ်ပါ။ (အဘိ-ဋ္ဌ-၂- ၂၅၈။) (အဘိဓမ္မာနည်းအရ လောဘအားလုံးသည်ပင် ကာမစ္ဆန္ဒနီဝရဏ အမည်ရ၍ ယင်းနီဝရဏကို အရဟ- တ္တမဂ်က ပယ်သတ်ကြောင်း ဖွင့်ဆိုခြင်း ဖြစ်၏။)
——而寂灭。也就是说,应当努力使自己对此清楚明了。(《迷惑冰消》2-258。)〔依阿毗达磨的说法,一切贪都可名为欲贪盖,所以这里说明由阿罗汉道彻底舍断这一盖。〕
ဗျာပါဒ နီဝရဏ ဖြစ်ကြောင်းတရား
嗔恚盖的生起之因
ပဋိဃနိမိတ်၌ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန် စသော စီးပွားချမ်းသာကို ရခြင်း၏ အကြောင်း မဟုတ်သော အားဖြင့် နည်းမှားလမ်းမှား နှလုံးသွင်းခြင်း = အယောနိသော မနသိကာရကြောင့် ဗျာပါဒနီဝရဏတရားသည် ဖြစ်ပေါ်လာရ၏။
对于嗔恚相(paṭigha-nimitta),以不能成为获得道智、果智、涅槃等利益安乐之因的方式,依错误方法、错误道路作意——即作不如理作意——嗔恚盖便会生起。
ထိုပဋိဃနိမိတ်ဟူရာ၌ --- ၁။ စိတ်ကို ထိပါးတတ်သော (= ထိခိုက်စေတတ်သော) ရှေးရှေး ဒေါသသည်လည်း နောက်နောက် ဒေါသ၏ ဖြစ်ပေါ်လာရန် အကြောင်းတရား ဖြစ်သောကြောင့် ပဋိဃနိမိတ် မည်၏။
所谓嗔恚相:1.能损害心〔即能使心受到伤害〕的先前之嗔,由于是后续之嗔生起的因,故称为嗔恚相。
၂။ စိတ်ထိခိုက်ဖွယ်ရာ ဒေါသဖြစ်ကြောင်း အာရုံသည်လည်း ပဋိဃနိမိတ် မည်၏။
2.能令心受伤、令嗔生起的所缘,也称为嗔恚相。
အယောနိသောမနသိကာရကား နီဝရဏတရားအားလုံးတို့၌ တူသောလက္ခဏာ ရှိသည်သာ ဖြစ်၏။ ထို အယောနိသော မနသိကာရကို ထိုနှစ်မျိုးသော ပဋိဃနိမိတ်၌ ကြိမ်ဖန်များစွာ ဖြစ်စေသော ပုဂ္ဂိုလ်၏သန္တာန်၌ ဗျာပါဒ နီဝရဏတရားသည် ထင်ရှားဖြစ်ပေါ်လာ၏။ ထိုကြောင့် ဘုရားရှင်သည် ဤသို့ ဟောကြားတော်မူ၏။
不如理作意对于一切盖都具有相同的特相。若有人对于上述两种嗔恚相反复令不如理作意生起,他的相续中便会显然生起嗔恚盖。因此,世尊作了如下开示:
''ရဟန်းတို့ … ပဋိဃနိမိတ်သည် ရှိ၏၊ ယင်း ပဋိဃနိမိတ်၌ စီးပွားချမ်းသာကို ရခြင်း၏ အကြောင်း မဟုတ်သောအားဖြင့် နည်းမှား လမ်းမှား နှလုံးသွင်းခြင်း = အယောနိသော မနသိကာရကို ကြိမ်ဖန်များစွာ အလေ့အလာ ပြုခြင်းသည် ရှိ၏၊ ဤအယောနိသော မနသိကာရကို ကြိမ်ဖန်များစွာ အလေ့အလာပြုခြင်းသည် မဖြစ်ပေါ်လာသေးသော ဗျာပါဒ နီဝရဏ၏ ထင်ရှား ဖြစ်ပေါ်ခြင်းငှာလည်းကောင်း၊ ဖြစ်ပေါ်ပြီးသော ဗျာပါဒ နီဝရဏ၏ လွန်စွာ တိုးပွားခြင်းငှာလည်းကောင်း၊ ပြန့်ပြောသည်၏ အဖြစ်ဟူသော အကျိုးငှာလည်းကောင်း အကြောင်းတရားပင် ဖြစ်ပေသည်။ (သံ-၃-၉၁-၉၂။ အဘိ-ဋ္ဌ-၂-၂၅၈။)
缅释经文:“诸比丘……有嗔恚相;对于该嗔恚相,有这样一种反复修习:以不能成为获得利益安乐之因的方式,依错误方法、错误道路作意,也就是反复修习不如理作意。反复修习这种不如理作意,是令尚未生起的嗔恚盖显然生起,以及令已经生起的嗔恚盖极度增长、趋于广大的因。”(《相应部》3-91—92;《迷惑冰消》2-258。)
ဗျာပါဒ နီဝရဏကို ပယ်ကြောင်းတရား
嗔恚盖的断除之因
မေတ္တာနှင့် ယှဥ်သော စိတ်၏ ဆန့်ကျင်ဘက် နီဝရဏတို့မှ လွတ်မြောက်ကြောင်းဖြစ်သော မေတ္တာစျာန် သမာပတ်ဟူသော မေတ္တာစေတောဝိမုတ္တိတရား၌ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန် စသည့် စီးပွားချမ်းသာကို ရခြင်း၏ အကြောင်းအားဖြင့် နည်းမှန်လမ်းမှန် နှလုံးသွင်းခြင်း = ယောနိသော မနသိကာရကြောင့် ထိုဗျာပါဒနီဝရဏကို ပယ်ခြင်းသည် ဖြစ်ပေါ်လာ၏။ ထိုမေတ္တာယ စေတောဝိမုတ္တိယာ - ဟူသော စကားရပ်၌ မေတ္တာဟူ၍ ဆိုအပ် သော မေတ္တာ အပ္ပနာစျာန်သည်လည်းကောင်း မေတ္တာ ဥပစာရစျာန်သည်လည်းကောင်း နှစ်မျိုးလုံးပင် သင့်၏၊ စေတောဝိမုတ္တိ (= မေတ္တာစေတောဝိမုတ္တိ)ဟူ၍ ဆိုအပ်ရာ၌ကား မေတ္တာ အပ္ပနာစျာန်သည်သာ သင့်ပေသည်။
慈心解脱,是称为慈禅等至、能令与慈相应之心从其相反之盖解脱的法。对于这种慈心解脱,以能成为获得道智、果智、涅槃等利益安乐之因的方式,依正确方法、正确道路作意——即作如理作意——便能断除嗔恚盖。对于巴利语句“မေတ္တာယ စေတောဝိမုတ္တိယာ”(mettāya cetovimuttiyā,依慈心解脱)来说,“မေတ္တာယ”(依慈)可以兼指慈安止禅与慈近行禅两者;但“စေတောဝိမုတ္တိ”(心解脱,即慈心解脱)只宜指慈安止禅。
ယောနိသောမနသိကာရကား ဆိုအပ်ပြီးသော လက္ခဏာ ရှိသည်သာတည်း။
如理作意具有前文已经说明的特相。
ထိုယောနိသော မနသိကာရကို ထိုမေတ္တာ အပ္ပနာစျာန် မေတ္တာ ဥပစာရစျာန်၌ ကြိမ်ဖန်များစွာ ဖြစ်စေ သော ယောဂါဝစရပုဂ္ဂိုလ်သည် ဗျာပါဒ နီဝရဏကို ပယ်နိုင်၏။ (အပ္ပနာစျာန် ဥပစာရစျာန်ဟူသော မေတ္တာ စျာန်နာမ်တရားတို့ကို လက္ခဏာရေးသုံးတန်သို့တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်မှုကို ရည်ညွှန်းထားပေသည်၊၊) ထိုကြောင့် ဘုရားရှင်သည် ဤသို့ ဟောကြားထားတော်မူပေ၏။
瑜伽行者若对于慈安止禅与慈近行禅反复令这种如理作意生起,便能断除嗔恚盖。〔这里指把称为安止禅与近行定的慈禅名法安立于三相之下,作毗婆舍那的观照、修习与审察。〕因此,世尊作了如下开示:
原书第 519 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- သတိပဋ္ဌာန် (၄)ပါး အခန်း ''ရဟန်းတို့ …မေတ္တာစေတောဝိမုတ္တိတရားသည် ရှိ၏၊ ထိုမေတ္တာစေတောဝိမုတ္တိတရား၌ မဂ်ဉာဏ် ဖိုလ် ဉာဏ် နိဗ္ဗာန် စသော စီးပွားချမ်းသာကို ရခြင်း၏ အကြောင်းဖြစ်သော သင့်သော အားဖြင့် နှလုံးသွင်းခြင်း နည်းမှန် လမ်းမှန် နှလုံးသွင်းခြင်း = ယောနိသော မနသိကာရကို (= မေတ္တာစျာန်နာမ်တရားတို့ကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ အသုဘဟု အသီးအသီး နှလုံးသွင်းခြင်းကို) ကြိမ်ဖန်များစွာ အလေ့အလာပြုခြင်းသည် ရှိ၏၊ ဤယော- နိသောမနသိကာရကို ကြိမ်ဖန်များစွာ အလေ့အလာပြုခြင်းသည် မဖြစ်ပေါ်လာသေးသော ဗျာပါဒ နီဝရဏ၏ မဖြစ်ပေါ်လာခြင်းငှာလည်းကောင်း၊ ဖြစ်ပေါ်လာပြီးသော ဗျာပါဒ နီဝရဏကို ပယ်ခြင်းငှာလည်းကောင်း အကြောင်းတရားပင် ဖြစ်ပေသည်။ (သံ-၃-၉၁။ မ-ဋ္ဌ-၁-၂၇၁။)
“诸比丘,有慈心解脱之法;对于这种慈心解脱,有这样一种反复修习:以能成为获得道智、果智、涅槃等利益安乐之因的适当方式,依正确方法、正确道路作意,也就是反复修习如理作意〔即把慈禅名法分别作意为无常、苦、无我、不净〕。反复修习这种如理作意,是令尚未生起的嗔恚盖不生,以及令已经生起的嗔恚盖断除的因。”(《相应部》3-91;《中部义注》1-271。)
တစ်နည်း ဗျာပါဒ နီဝရဏကို ပယ်ကြောင်းတရား (၆) ပါး
另一法:断除嗔恚盖的六法
၁။ မေတ္တာ၏ အာရုံဖြစ်သော ကမ္မဋ္ဌာန်းကို သင်ယူခြင်း၊ ၂။ မေတ္တာ၏ ဘာဝနာကို အဖန်ဖန် အားထုတ်ခြင်း၊ ၃။ ကံသာလျှင် မိမိ၏ ကိုယ်ပိုင်ဥစ္စာ ရှိသည်၏ အဖြစ်ကို ဆင်ခြင်ခြင်း၊ ၄။ ဉာဏ်ဖြင့် ဆင်ခြင်မှု၌ အကြိမ်များစွာ ပြုလုပ်ခြင်း၊ ၅။ မိတ်ကောင်း ဆွေကောင်း ဆရာကောင်း သမားကောင်း ရှိသူ ဖြစ်ခြင်း၊ ၆။ မေတ္တာဘာဝနာကို မှီသော လျောက်ပတ်သော တရားစကား ရှိခြင်း --- ဤတရား (၆)ပါးတို့သည် ဗျာပါဒ နီဝရဏတရားကို ပယ်ရှားခြင်းငှာ ဖြစ်ကြကုန်၏။
1.学习以慈的所缘为对象的业处;2.反复致力于慈修习;3.省察业为己有;4.多次以智审察;5.具有善友、善师;6.具有依慈修习而说的适宜法谈。这六法都能导向断除嗔恚盖。
၁။ သြဒိဿကမေတ္တာ --- (က) အတ္တ = မိမိ၊ (မိမိကို အာရုံယူ၍ မေတ္တာပွားရာ၌ကား စျာန်မရ။) ( ခ ) ဂရု ဘာဝနိယ = လေးစားထိုက်သော လိင်တူ ပုဂ္ဂိုလ်၊ ( ဂ ) အတိပ္ပိယသဟာယ = အလွန် ချစ်ခင်အပ်သော လိင်တူ မိတ်ဆွေ၊ (ဃ) မဇ္ဈတ္တ = အလယ်အလတ် လိင်တူ ပုဂ္ဂိုလ်၊ ( င ) ဝေရီ = ရန်သူ = မုန်းသူ လိင်တူ ပုဂ္ဂိုလ် --- ဤပုဂ္ဂိုလ် အသီးအသီးကို အာရုံယူ၍ မေတ္တာဘာဝနာ ကမ္မဋ္ဌာန်းကို စီးဖြန်းရာ (ခ-ဂ-ဃ-င) ပုဂ္ဂိုလ်တို့၌ မေတ္တာ တတိယစျာန်ဆိုက်သည်အထိ မေတ္တာပွားနိုင်သဖြင့် မေတ္တာစျာန်ကို ဝင်စားနိုင်၏၊ ယင်းမေတ္တာကို သြဒိ- ဿကမေတ္တာ = ရည်ညွှန်းမှု အပိုင်းအခြားရှိသော မေတ္တာဟု ဆိုရ၏။
1.有指定之慈(odissaka-mettā)——(a)အတ္တ(atta)=自己〔以自己为所缘修慈,不能证得禅那〕;(b)ဂရု ဘာဝနိယ(garu-bhāvaniya)=值得尊敬的同性者;(c)အတိပ္ပိယသဟာယ(atippiya-sahāya)=极亲爱的同性朋友;(d)မဇ္ဈတ္တ(majjhatta)=关系中等、非亲非怨的同性者;(e)ဝေရီ(verī)=敌人、所厌恶的同性者。分别以这些人为所缘修习慈业处时,对于(b)、(c)、(d)、(e)四类人,可以把慈修至第三禅而入慈禅;这种慈称为有指定之慈,即对人有指定界限的慈。
အနောဒိဿကမေတ္တာ --- ယင်းအထက်ပါ --- အတ္တ၊ ဂရု ဘာဝနိယ၊ အတိပ္ပိယသဟာယ၊ မဇ္ဈတ္တ၊ ဝေရီ ပုဂ္ဂိုလ်တို့၌ မေတ္တာချင်း ညီမျှမှုရှိအောင် မေတ္တာစျာန်ကို ဝင်စားနိုင်သဖြင့် ဤသူကား အတ္တ၊ ဤသူကား ဂရု ဘာဝနိယ၊ ဤသူကား အတိပ္ပိယသဟာယ၊ ဤသူကား မဇ္ဈတ္တ၊ ဤသူကား ဝေရီဟု အပိုင်းအခြား ကင်းလတ်သော် အပိုင်းအခြား ပြိုခဲ့သော် မည်သူ့အပေါ်၌မျှ မေတ္တာအပိုအလို မရှိဘဲ မေတ္တာချင်း ညီမျှခဲ့သော် ယင်းမေတ္တာ စျာန်ကို အနောဒိဿကမေတ္တာ = ရည်ညွှန်းပိုင်းခြားမှု မရှိသော မေတ္တာဟု ဆိုရ၏။
无指定之慈(anodissaka-mettā)——对于上述自己、可敬者、至爱朋友、中立者与敌人,若能入慈禅而使对他们的慈完全均等,破除“这是自己、这是可敬者、这是至爱朋友、这是中立者、这是敌人”的界限,对任何人都不多不少、慈心平等,这种慈禅便称为无指定之慈,即没有指定分别的慈。
ဒိသာဖရဏမေတ္တာ --- အရှေ့အရပ် စသော တစ်ခုသော အရပ်မျက်နှာ၌ တည်ရှိကြသော သတ္တဝါအား လုံးတို့ အပေါ်၌ ဖြန့်ကြက်လျက် ဝင်စားအပ်သော မေတ္တာစျာန်ကို ဒိသာဖရဏမေတ္တာဟု ဆို၏။
遍满方所之慈(disāpharaṇa-mettā)——把慈遍满于东方等某一方位中的一切有情而入的慈禅,称为遍满方所之慈。
တစ်နည်း --- ကျောင်းတိုက်တစ်ခုလုံး အပိုင်းအခြား၊ လမ်း၏ ဝဲ-ယာ အပိုင်းအခြား၊ ရွာ၏ အပိုင်းအခြား
另一种说法是:依整个寺院的范围、道路左右两边的范围、村落的范围
原书第 520 页
စသည်တို့၏ အစွမ်းဖြင့် ဖြန့်ကြက် ပွားများအပ်သော မေတ္တာစျာန်သည် သြဒိဿကဒိသာဖရဏမေတ္တာ မည်၏၊ ကျောင်းတိုက် တစ်ခုလုံး စသော အပိုင်းအခြားကို ညွှန်ပြခြင်းမှကင်းသော အရှေ့အရပ် အစရှိသော အရပ်မျက် နှာတို့၏ အစွမ်းဖြင့် သတ္တဝါ အားလုံးတို့အပေါ်၌ ဖြန့်ကြက်ပွားများထားအပ်သော မေတ္တာစျာန်သည် အနောဒိ- ဿကဒိသာဖရဏမေတ္တာ မည်၏။ (မူလဋီ-၂-၁၅၉။) ယောဂါဝစရပုဂ္ဂိုလ်သည် မေတ္တာကမ္မဋ္ဌာန်းကို ဆရာသမားထံ၌ သင်ယူရာဝယ် သြဒိဿကမေတ္တာပွား နည်း မေတ္တာစျာန် ဖြန့်ကြက်နည်း၊ အနောဒိဿက မေတ္တာပွားနည်း မေတ္တာစျာန် ဖြန့်ကြက်နည်း၊ ဒိသာဖရဏ မေတ္တာပွားနည်း မေတ္တာစျာန် ဖြန့်ကြက်နည်းတို့ကို သင်ယူရ၏။ ယင်းသို့ မေတ္တာကမ္မဋ္ဌာန်းကို သင်ယူသော ပုဂ္ဂိုလ်သည်လည်း ဗျာပါဒ နီဝရဏတရားကို ပယ်ရှားနိုင်၏။ (အဘိ-ဋ္ဌ-၂-၂၅၉။) ၂။ သြဓိသမေတ္တာ၊ အနောဓိသမေတ္တာ၊ ဒိသာဖရဏမေတ္တာတို့ကို မေတ္တာစျာန်ဆိုက်အောင် မေတ္တာကမ္မဋ္ဌာန်း
等界限遍满修习的慈禅,称为有指定的遍满方所之慈(သြဒိဿကဒိသာဖရဏမေတ္တာ,odissaka-disāpharaṇa-mettā);不标示整个寺院等空间界限,而依东方等方位把慈遍满于一切有情的慈禅,称为无指定的遍满方所之慈(အနောဒိဿကဒိသာဖရဏမေတ္တာ,anodissaka-disāpharaṇa-mettā)。(《根本复注》2-159。)瑜伽行者向老师学习慈业处时,须学习有指定之慈的修习与慈禅遍满法、无指定之慈的修习与慈禅遍满法,以及遍满方所之慈的修习与慈禅遍满法。这样学习慈业处的人,也能断除嗔恚盖。(《迷惑冰消》2-259。)2.对于有限定之慈(သြဓိသမေတ္တာ,odhisamettā)、无限定之慈(အနောဓိသမေတ္တာ,anodhisamettā)与遍满方所之慈,修习慈业处直至
ကို စီးဖြန်းနေသော မေတ္တာစျာန်ကို ဖြစ်စေသော ယောဂါဝစရပုဂ္ဂိုလ်သည်လည်း ဗျာပါဒ နီဝရဏတရားကို ပယ်ရှားနိုင်၏။ (အဘိ-ဋ္ဌ-၂-၂၅၉။) (ပွားနည်းသည် သမထကမ္မဋ္ဌာန်းပိုင်းတွင် ထင်ရှားလတ္တံ့။) ၃။ ''သူတော်ကောင်း …သင်သည် ဤသူအား ဒေါသအမျက် ခြောင်းခြောင်းထွက်လတ်သော် အဘယ် အရာကို သင်သည် ပြုလုပ်နိုင်လိမ့်မည်နည်း။ ဤသူ၏ သီလ သမာဓိ ပညာ သိက္ခာသုံးရပ်အကျင့်မြတ် စသည် ကို ဖျက်ဆီးခြင်းငှာ စွမ်းနိုင်လိမ့်မည်လော။ သင်သည် မိမိ၏ကံကြောင့် ဤဘဝသို့ ရောက်ရှိလာ၍ မိမိ၏ ကံ ကြောင့်ပင်လျှင် တမလွန်ဘဝသို့ သွားရလိမ့်မည် မဟုတ်လော၊ သူတစ်ပါးကို စိတ်ဆိုးနေခြင်း မည်သည် မီး- တောက်မီးလျှံကင်းသော မီးကျီးခဲကို လက်ဖြင့် ဆုပ်ကိုင်၍ အလွန် လောလောပူသော မီးရဲရဲ တောက်နေသော သံချောင်းကို လက်ဖြင့် ဆုပ်ကိုင်၍၊ ရွံရှာစက်ဆုပ်ဖွယ် မစင်တုံး စသည်တို့ကို လက်ဖြင့် ဆုပ်ကိုင်၍ သူတစ်ပါးကို
生起慈禅;这样的瑜伽行者也能断除嗔恚盖。(《迷惑冰消》2-259。)〔修习方法将在止业处部分清楚说明。〕3.“善人啊!你若对这个人怒火中烧,又能把他怎么样?你能破坏他的戒、定、慧三学等善行吗?你不是由于自己的业来到此生,也将由于自己的业前往来世吗?对他人发怒,就像有人徒手抓住没有火焰的炽热火炭、抓住烧得通红的灼热铁棒,或抓住可厌恶的粪块等,想用它打击别人
ပုတ်ခတ်ခြင်းငှာ အလိုရှိနေသူ၏ ဖြစ်ပုံနှင့် တူနေပေ၏။ ဤသူတစ်ပါးသည်လည်း သင့်အား ဒေါသအမျက် ခြောင်းခြောင်းထွက်သည် ဖြစ်လတ်သော် အဘယ်အရာကို ပြုလုပ်နိုင်လိမ့်မည်နည်း။ သင်၏ သီလ သမာဓိ ပညာ သိက္ခာသုံးရပ် အကျင့်မြတ် စသည်ကို ပျက်စီးအောင် ဖျက်ဆီးခြင်းငှာ စွမ်းနိုင်လိမ့်မည်လော၊ ဤ သူ- တစ်ပါးသည် --- မိမိ၏ ကံကြောင့် ဤဘဝသို့ ရောက်ရှိလာ၍ မိမိ၏ ကံကြောင့်ပင်လျှင် တမလွန်ဘဝသို့ သွား ရပေလတ္တံ့၊ လက်မခံအပ်သော လက်ဆောင်သည် ပေးသူထံသို့သာ ပြန်ရောက်သကဲ့သို့လည်းကောင်း၊ မြူမှုန် ကို လက်ဖြင့်ဆုပ်ကိုင်၍ လေညာသို့ ပစ်လွှင့်လိုက်သောအခါ ပစ်လွှင့်သူ မိမိကိုယ်ပေါ်သို့ ပြန်ရောက်သကဲ့သို့ လည်းကောင်း ဤဥပမာအတူပင်လျှင် ထိုသူတစ်ပါး၏ပင်လျှင် အမျက်ဒေါသသည် ထိုသူတစ်ပါး၏ အပေါ်၌- သာ ကျရောက်ပေလတ္တံ့'' --- ဤသို့လျှင် မိမိ၏လည်းကောင်း၊ သူတစ်ပါး၏လည်းကောင်း ကံသာလျှင် မိမိ၏
一样。那个人即使也对你怒火中烧,又能把你怎么样?他能破坏你的戒、定、慧三学等善行吗?这个人也是由于自己的业来到此生,并将由于自己的业前往来世。正如不被接受的礼物只会回到赠送者那里,又如手抓尘土逆风抛撒,尘土会落回抛撒者自己身上;同样,那个人的怒气只会落回他自己身上。”如此省察自己与他人都是以业作为自己的
ကိုယ်ပိုင်ဥစ္စာ ရှိသည်၏ အဖြစ်ကို ဆင်ခြင်သော ပုဂ္ဂိုလ်သည်လည်း ဗျာပါဒ နီဝရဏတရားကို ပယ်ရှားနိုင်ပေ၏။
所有物的人,也能断除嗔恚盖。
(အဘိ-ဋ္ဌ-၂-၂၅၉။)
(《迷惑冰消》2-259。)
၄။ မိမိ သူတစ်ပါး နှစ်ဦးသားတို့၏ ကံသာလျှင် မိမိ၏ ကိုယ်ပိုင်ဥစ္စာ ရှိသည်၏ အဖြစ်ကို ဆင်ခြင်၍ အသင့် အားဖြင့် ရှုတတ်သော နည်းမှန် လမ်းမှန် ရှုတတ်သော ဝိပဿနာဉာဏ်၌ တည်သော ပုဂ္ဂိုလ်သည်လည်း ဗျာပါဒ နီဝရဏတရားကို ပယ်ရှားနိုင်၏။ (အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်မျိုးလုံးတို့၌ အကြောင်းတရားနှင့် တကွသော ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့ကို လက္ခဏာရေး သုံးတန်တင်ကာ ရှုပွားသုံးသပ်တတ်သော ဉာဏ်သည် ပဋိသင်္ခါဉာဏ် မည်၏။
4.省察自己与他人两者都是以业为己有,并安住于能以适当方式、正确方法观照的观智之人,也能断除嗔恚盖。〔能够对于内、外两方面连同其因法的色名诸行法,安立于三相之下而观修、审察的智,称为审察智(ပဋိသင်္ခါဉာဏ်,paṭisaṅkhā-ñāṇa)。
ယင်းပဋိသင်္ခါဉာဏ်၌ တည်နေသော ပုဂ္ဂိုလ်သည်လည်း ဗျာပါဒ နီဝရဏတရားကို ပယ်ရှားနိုင်၏ ဟူလိုသည်။)
这里的意思是:安住于这种审察智的人,也能断除嗔恚盖。〕
(အဘိ-ဋ္ဌ-၂-၂၅၉။)
(《迷惑冰消》2-259。)
၅။ အရှင်အဿဂုတ္တမထေရ်မြတ်ကြီးနှင့် တူကုန်သော မေတ္တာဘာဝနာ၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်တော် မူကြကုန်သော မိတ်ကောင်း ဆွေကောင်း ဆရာကောင်း သမားကောင်းတို့ကို မှီဝဲဆည်းကပ်သော ယောဂါဝစရ
5.亲近如 Assagutta 长老一样喜爱、乐于并倾心慈修习的善师、善友;这样亲近他们的瑜伽行者
原书第 521 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- သတိပဋ္ဌာန် (၄)ပါး အခန်း ပုဂ္ဂိုလ်သည်လည်း ဗျာပါဒ နီဝရဏတရားကို ပယ်ရှားနိုင်၏။ (အဘိ-ဋ္ဌ-၂-၂၅၉။) ၆။ လျောင်း-ထိုင်-ရပ်-သွား လေးပါးသော ဣရိယာပုထ်တို့၌ မေတ္တာဘာဝနာကို မှီသော လျောက်ပတ်သော စကားရှိသော ယောဂါဝစရပုဂ္ဂိုလ်သည်လည်း ဗျာပါဒ နီဝရဏတရားကို ပယ်ရှားနိုင်၏။ (အဘိ-ဋ္ဌ-၂-၂၅၉။) ထိုကြောင့် (၆)ပါးကုန်သော တရားတို့သည် ဗျာပါဒ နီဝရဏတရားကို ပယ်ရှားခြင်းငှာ ဖြစ်ကုန်၏ဟု ဖွင့် ဆိုခဲ့ခြင်း ဖြစ်၏။ ဤ (၆)ပါးကုန်သော တရားတို့ဖြင့် ပယ်ရှားအပ်ပြီးသော ဗျာပါဒ နီဝရဏတရား၏ အနာဂါမိ မဂ်ကြောင့် နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းသွားခြင်းဟူသော အနုပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ငြိမ်းသွား၏ဟု ကွဲကွဲပြားပြား သိ၏၊ ကွဲကွဲပြားပြား သိအောင် ကြိုးစားအားထုတ်ပါ။ (အဘိ-ဋ္ဌ-၂-၂၅၉။)
也能断除嗔恚盖。(《迷惑冰消》2-259。)6.在卧、坐、立、行四种威仪中,具有依慈修习而说的适宜法谈之瑜伽行者,也能断除嗔恚盖。(《迷惑冰消》2-259。)因此,义注才解释说,这六法能够导向断除嗔恚盖。对于已经由这六法断除的嗔恚盖,还应清楚了知:不还道令它以未来不再生起的方式止息,也就是以不再生起之灭(anuppāda-nirodha)的性质而止息;应当努力使自己对此清楚明了。(《迷惑冰消》2-259。)
ထိနမိဒ္ဓ နီဝရဏ ဖြစ်ကြောင်းတရား
昏沉睡眠盖的生起之因
ရဟန်းတို့ …ကမ္မဋ္ဌာန်းတရား၌ မမွေ့လျော်ခြင်းသည်၊ ကိုယ်၏ ပျင်းရိခြင်းသည်၊ ကိုယ်လက် ဆန့်တန်း ခြင်းသည်၊ ထမင်းဆီယစ်ခြင်းသည်၊ စိတ်၏ တွန့်ဆုတ်သည်၏ အဖြစ်သည် ရှိ၏။ ထို ကမ္မဋ္ဌာန်းတရား၌ မမွေ့ လျော်ခြင်း စသည်တို့၌ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန် စသော စီးပွားချမ်းသာကို ရခြင်း၏ အကြောင်း မဟုတ်သော အားဖြင့် နည်းမှား လမ်းမှား နှလုံးသွင်းခြင်း = အယောနိသော မနသိကာရကို ကြိမ်ဖန်များစွာ အလေ့အလာပြု ခြင်းသည် ရှိ၏။ ဤ အယောနိသော မနသိကာရကို ကြိမ်ဖန်များစွာ အလေ့အလာပြုခြင်းသည် မဖြစ်ပေါ်လာ သေးသော ထိနမိဒ္ဓ နီဝရဏတရား၏ ထင်ရှားဖြစ်ပေါ်ခြင်းငှာလည်းကောင်း၊ ဖြစ်ပေါ်ပြီးသော ထိနမိဒ္ဓ နီဝရဏ တရား၏ လွန်စွာ တိုးပွားခြင်းငှာလည်းကောင်း၊ ပြန့်ပြောသည်၏ အဖြစ်ဟူသော အကျိုးငှာလည်းကောင်း အကြောင်းတရားပင် ဖြစ်ပေသည်။ (သံ-၃-၉၁။)
缅释经文:“诸比丘,有对于业处不乐、身体懒惰、伸展肢体、饱食昏沉,以及心退缩。对于这种不乐于业处等法,有这样一种反复修习:以不能成为获得道智、果智、涅槃等利益安乐之因的方式,依错误方法、错误道路作意,也就是反复修习不如理作意。反复修习这种不如理作意,是令尚未生起的昏沉睡眠盖显然生起,以及令已经生起的昏沉睡眠盖极度增长、趋于广大的因。”(《相应部》3-91。)
ထိနမိဒ္ဓ နီဝရဏကို ပယ်ကြောင်းတရား
昏沉睡眠盖的断除之因
အာရမ္ဘဓာတ် စသည်တို့၌ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန် စသော စီးပွားချမ်းသာကို ရခြင်း၏ အကြောင်း အားဖြင့် နည်းမှန် လမ်းမှန် နှလုံးသွင်းခြင်း = ယောနိသော မနသိကာရကြောင့် ထိုထိနမိဒ္ဓ နီဝရဏတရားကို ပယ်ရှားနိုင်ခြင်းသည် ဖြစ်ပေါ်လာ၏။
对于发起界等,以能成为获得道智、果智、涅槃等利益安乐之因的方式,依正确方法、正确道路作意——即作如理作意——便能断除昏沉睡眠盖。
အာရမ္ဘဓာတ် မည်သည် ရှေးဦးပထမ အားထုတ်ကြောင်း ဝီရိယတည်း။ နိက္ကမဓာတ်မည်သည် ကမ္မဋ္ဌာန်း အာရုံ၌ ပျင်းရိငြီးငွေ့ခြင်း = ကောသဇ္ဇတရားမှ ထွက်မြောက်သည်၏ အဖြစ်ကြောင့် ထိုအာရမ္ဘဓာတ် ဝီရိယထက် သာလွန်၍ အားရှိသော ဝီရိယတည်း။ ပရက္ကမဓာတ်မည်သည် ဘာဝနာလုပ်ငန်းခွင်ဝယ် တစ်ဆင့်ထက် တစ်ဆင့် မြင့်သထက်မြင့်အောင် အဆင့်ဆင့်မြင့်သော အရာကို ရောက်တတ်သည်၏ အဖြစ်ကြောင့် ထိုနိက္ကမဓာတ် ဝီရိယ ထက်လည်း သာလွန်၍ အားရှိသော ဝီရိယတည်း။ ဤသုံးမျိုးပြားသော ဝီရိယ၌ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန် စသော စီးပွားချမ်းသာကို ရခြင်း၏ အကြောင်းအားဖြင့် နှလုံးသွင်းခြင်း = ယောနိသော မနသိကာရကို ကြိမ်ဖန် များစွာ ဖြစ်စေသော ယောဂါဝစရပုဂ္ဂိုလ်သည် ထိနမိဒ္ဓ နီဝရဏတရားကို ပယ်ရှားနိုင်၏။ ထိုကြောင့် ဘုရားရှင် သည် ဤသို့ ဟောကြားထားတော်မူ၏။
发起界(အာရမ္ဘဓာတ်,ārambha-dhātu),是最初开始努力的精进。出离界(နိက္ကမဓာတ်,nikkama-dhātu),因为能从对于业处所缘的懒惰、厌倦——即懈怠——中脱离,所以是比发起界更为强盛的精进。勇猛界(ပရက္ကမဓာတ်,parakkama-dhātu),因为在修习作业中能逐级到达越来越高的阶段,所以是又比出离界更为强盛的精进。瑜伽行者对于这三种精进反复令如理作意生起——即以它们作为获得道智、果智、涅槃等利益安乐之因而作意——便能断除昏沉睡眠盖。因此,世尊作了如下开示:
''ရဟန်းတို့ …ကမ္မဋ္ဌာန်းတရားကို ရှေးဦးစွာ ကြိုးစားအားထုတ်ခြင်း အာရမ္ဘဓာတ်ဟူသော ဝီရိယသည် လည်းကောင်း၊ ဘာဝနာလုပ်ငန်း ကမ္မဋ္ဌာန်းတရား၌ ပျင်းရိငြီးငွေ့ခြင်း = ကောသဇ္ဇတရားမှ ထွက်မြောက်ကြောင်း ဖြစ်သည့် သာလွန်၍ ကြိုးစားအားထုတ်မှု နိက္ကမဓာတ်ဟူသော ဝီရိယသည်လည်းကောင်း၊ ဘာဝနာမှု၌ တစ်ဆင့် ထက်တစ်ဆင့် မြင့်သထက်မြင့်အောင် အဆင့်ဆင့် ကြိုးစားအားထုတ်မှု ပရက္ကမဓာတ်ဟူသော ဝီရိယသည်လည်း
“诸比丘,有最初努力修行业处、称为发起界的精进;也有从修习作业与业处中的懒惰、厌倦——即懈怠——脱离出来、更加努力的精进,称为出离界;还有在修习中逐级努力、到达越来越高阶段的精进,称为勇猛界。这三种精进都
原书第 522 页
ကောင်း ရှိ၏။ ထိုအာရမ္ဘဓာတ် နိက္ကမဓာတ် ပရက္ကမဓာတ်ဟူသော ဝီရိယတို့၌ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန် စသော စီးပွားချမ်းသာကို ရခြင်း၏ အကြောင်းအားဖြင့် နည်းမှန်လမ်းမှန် နှလုံးသွင်းခြင်း = ယောနိသောမနသိ- ကာရကို ကြိမ်ဖန်များစွာ အလေ့အလာပြုခြင်းသည် ရှိ၏၊ ဤယောနိသောမနသိကာရကို ကြိမ်ဖန်များစွာ အလေ့ အလာပြုခြင်းသည် မဖြစ်ပေါ်လာသေးသော ထိနမိဒ္ဓ နီဝရဏတရား၏ မဖြစ်ပေါ်လာခြင်းငှာလည်းကောင်း၊ ဖြစ်ပေါ်လာပြီးသော ထိနမိဒ္ဓနီဝရဏတရားကို ပယ်ရှားခြင်းငှာလည်းကောင်း အကြောင်းတရားပင် ဖြစ်ပေသည်။
存在。对于称为发起界、出离界、勇猛界的这些精进,有这样一种反复修习:以它们作为获得道智、果智、涅槃等利益安乐之因,依正确方法、正确道路作意,也就是反复修习如理作意。反复修习这种如理作意,是令尚未生起的昏沉睡眠盖不生,以及令已经生起的昏沉睡眠盖断除的因。”
(သံ-၃-၉၂။ မ-ဋ္ဌ-၁-၂၈၈။)
(《相应部》3-92;《中部义注》1-288。)
တစ်နည်း ထိနမိဒ္ဓ နီဝရဏကို ပယ်ကြောင်းတရား (၆) ပါး
另一法:断除昏沉睡眠盖的六法
၁။ အလွန်စားခြင်း၌ ထိနမိဒ္ဓ၏ အကြောင်းဟု မှတ်ယူခြင်း၊ ၂။ ဣရိယာပုထ်ကို ပြောင်းလွှဲခြင်း ရှိသူ ဖြစ်ခြင်း၊ ၃။ အရောင်အလင်း၌ ဖြစ်သော သညာနှင့် = အာလောကသညာနှင့် ယှဥ်သော အရောင်အလင်းကို နှလုံး သွင်းခြင်း၊ ၄။ လွင်တီးခေါင်၌ နေခြင်း၊ ၅။ မိတ်ကောင်း ဆွေကောင်း ဆရာကောင်း သမားကောင်း ရှိသူ ဖြစ်ခြင်း၊ ၆။ ထိနမိဒ္ဓကို ပယ်နိုင်ကြောင်း လျောက်ပတ်သော တရားစကား ရှိခြင်း --- ဤတရား (၆)ပါးတို့သည် ထိနမိဒ္ဓ နီဝရဏတရားကို ပယ်ရှားခြင်းငှာ ဖြစ်ကုန်၏။
1.辨认过量进食是昏沉睡眠之因;2.改变威仪;3.作意与光明想相应的光明;4.住在露天空旷处;5.具有善友、善师;6.具有依断除昏沉睡眠而说的适宜法谈。这六法都能导向断除昏沉睡眠盖。
က။ အာဟရဟတ္ထက ပုဏ္ဏား --- များများကြီး စားပြီး၍ မိမိဘာသာ နေရာမှ ထခြင်းငှာ မစွမ်းနိုင်ရကား
甲.扶手者婆罗门(āharahatthaka)——吃得太多,自己无法从座位起身
''လက်ကို လှမ်းဆွဲစမ်းပါ''ဟု ပြောရလောက်အောင် အစားကြီးသော ပုဏ္ဏားသည် အာဟရဟတ္ထက
以至于不得不说“请伸手拉我起来吧”;这样过量进食的婆罗门,称为 āharahatthaka 婆罗门。
ပုဏ္ဏား မည်၏။
即“扶手者婆罗门”。
ခ။ ဘုတ္တဝမိတက ပုဏ္ဏား --- စားပြီးသော အစာကို ကောင်းစွာ ဆောင်ထားခြင်းငှာ မစွမ်းနိုင်ရကား ထို
乙.食已呕吐者婆罗门(bhuttavamitaka)——由于不能把已经吃下的食物好好留在腹中,就在
အစာ စားပြီးရာ အရပ်၌ပင်လျှင် စားပြီးသော အစာကို အန်ထုတ်ရလောက်အောင် အစားကြီးသော
进食之处把吃下的食物吐出来;这样过量进食的婆罗门,称为 bhuttavamitaka 婆罗门。
ပုဏ္ဏားသည် ဘုတ္တဝမိတက ပုဏ္ဏား မည်၏။
即“食已呕吐者婆罗门”。
ဂ။ တတြဝဋ္ဋက ပုဏ္ဏား --- အစာ စားပြီးသောအခါ ထခြင်းငှာ မစွမ်းနိုင်ရကား ထိုစားပြီးရာ အရပ်၌ပင်လျှင် လှဲ၍ အိပ်ရလောက်အောင် အစားကြီးသော ပုဏ္ဏားသည် တတြဝဋ္ဋက = တတ္ထဝဋ္ဋက ပုဏ္ဏား မည်၏။
丙.就地卧者婆罗门(tatravaṭṭaka,又作 tatthavaṭṭaka)——饭后无法起身,只能就在进食处躺下睡觉;这样过量进食的婆罗门,称为“就地卧者婆罗门”。
ဃ။ အလံသာဋက ပုဏ္ဏား --- အလွန် ဖောင်းပွသော ဝမ်းဗိုက် ရှိသည်၏ အဖြစ်ကြောင့် (= ဗိုက်ရွှဲနေသည့် အတွက်) အစာ စားပြီးသောအခါ နေရာမှ ထနိုင်ပါသော်လည်း ပုဆိုးကို ဝတ်ခြင်းငှာ မစွမ်းနိုင်ရကား ပုဆိုး မဝတ်နိုင်လောက်အောင် အစားကြီးသော ပုဏ္ဏားသည် အလံသာဋက ပုဏ္ဏား မည်၏။
丁.腰衣穿不上者婆罗门(alaṃsāṭaka)——由于腹部极度胀大〔即肚子鼓胀〕,饭后虽然还能从座位起身,却无法围上腰衣;这样吃得连腰衣都穿不上的婆罗门,称为“腰衣穿不上者婆罗门”。
င။ ကာကမာသက ပုဏ္ဏား --- ဝမ်းဗိုက် ပြည့်ရုံမျှမက ခံတွင်းဝသို့တိုင်အောင် အစာအာဟာရ ပြည့်အောင်
戊.任鸦啄食者婆罗门(kākamāsaka)——不只把肚子吃满,还让食物一直塞满到
စားထားသဖြင့် ခံတွင်းပေါက်က ကျီးနှိုက်လို့ရလောက်အောင် အစားကြီးသော ပုဏ္ဏားသည် ကာက-
嘴边,甚至可让乌鸦从张开的口中啄取食物;这样过量进食的婆罗门,称为 kākamāsaka 婆罗门。
မာသက ပုဏ္ဏား မည်၏။ (အဘိ-ဋ္ဌ-၁-၄၃၂။)
即“任鸦啄食者婆罗门”。(《殊胜义注》1-432。)
၁။ ဤပုဏ္ဏား (၅)မျိုးတို့၏ စားခြင်းကဲ့သို့ အစာကို အလွန်အကျွံ စားပြီး၍ ညဥ့်သန့်ရာ အရပ် နေ့သန့်ရာ အရပ်၌ ထိုင်လျက် ရဟန်းတရားကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လျက်ရှိသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် ထိနမိဒ္ဓတရားသည် ဆင်ပြောင်ကြီးကဲ့သို့ လွှမ်းမိုးဖိစီးလျက် ဆိုက်ရောက်လာတတ်၏။ အစာဝခါနီး ဝယ် လေးလုတ် ငါးလုတ်သော ဆွမ်းလုတ်တို့၏ တည်လောက်ရာ ဆန့်လောက်ရာ အရပ်ကို မစားဘဲ ချန်ထား၍ သောက်ရေကို သောက်၍ မျှတလေ့ရှိသော ရဟန်းတော်၏ သန္တာန်ဝယ် ထိုထိနမိဒ္ဓ နီဝရဏတရားသည် ဖြစ်ပေါ်
1.若像上述五种婆罗门那样过量进食,即使瑜伽行者坐在夜间修行处或日间修行处,精勤实践、修习出家人的法,昏沉睡眠也往往会像壮年公象一样到来,覆盖、压迫他的相续。若比丘在将要吃饱时,不再吃下还能容纳的四五口饭,而留下这点空间,改以饮水使食量达到适度,那么昏沉睡眠盖便不能
原书第 523 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- သတိပဋ္ဌာန် (၄)ပါး အခန်း မလာနိုင်။ ဤသို့လျှင် --- အလွန်အကျွံ စားခြင်း၌ ထိနမိဒ္ဓ၏ ဖြစ်ကြောင်းဟု ယူသော ရဟန်းသည်လည်း ထိန မိဒ္ဓကို ပယ်ရှားနိုင်၏။ (အဘိ-ဋ္ဌ-၂-၂၆ဝ။) အလွန်အကျွံ စားခြင်း၌ ထိနမိဒ္ဓ၏ အကြောင်းဟု ယူခြင်းဟူသည် --- ''ဤမျှ အတိုင်းအရှည်ရှိသော ဘောဇဥ်ကို စားအပ်သော် ထိနမိဒ္ဓ၏ အကြောင်း ဖြစ်၏၊ ဤမျှ အတိုင်းအရှည်ရှိသော ဘောဇဥ်ကို စားအပ်သော် ထိနမိဒ္ဓ၏ အကြောင်း မဖြစ်'' --- ဤသို့ ထိနမိဒ္ဓ၏ အကြောင်း ဟုတ်သည်၊ အကြောင်း မဟုတ်သည်ကို ယူခြင်း ဟု ဆိုလိုသည်။ (မူလဋီ-၂-၁၅၉။) ၂။ အကြင် ဣရိယာပုထ်၌ ထိနမိဒ္ဓသည် သက်ရောက်လာ၏၊ ထိုထိနမိဒ္ဓ သက်ရောက်ရာ ဣရိယာပုထ်မှ အခြားတစ်ပါးသော ဣရိယာပုထ်ကို ပြောင်းလွှဲပေးသော ရဟန်းသည်လည်း ထိနမိဒ္ဓတရားကို ပယ်ရှားနိုင်၏။
生起。如此,能够辨认过量进食是昏沉睡眠之因的比丘,也能断除昏沉睡眠。(《迷惑冰消》2-260。)所谓“辨认过量进食是昏沉睡眠之因”,是指这样辨别:“吃下这种分量的食物,会成为昏沉睡眠之因;吃下这种分量的食物,不会成为昏沉睡眠之因。”也就是辨认什么是昏沉睡眠之因、什么不是。(《根本复注》2-159。)2.昏沉睡眠在哪一种威仪中袭来,比丘便从该威仪转为另一种威仪;他也能由此断除昏沉睡眠。
(လျောင်း၍နေစဥ် ထိနမိဒ္ဓ သက်ရောက်လာလျှင် ထလိုက်သောအခါ ထိနမိဒ္ဓ ပျောက်၏၊ ဤသို့ စသည်ဖြင့် သိရှိပါလေ။) (အဘိ-ဋ္ဌ-၂-၂၆ဝ။) ၃။ ညဥ့်အခါ၌ လရောင် ဆီမီးရောင် မီးရှူးရောင်တို့ကိုလည်းကောင်း၊ နေ့အခါ၌ နေရောင်ကိုလည်းကောင်း နှလုံးသွင်းသော ရဟန်းသည်လည်း (= အာလောကသညာကို ပွားများသော ရဟန်းသည်လည်း) ထိနမိဒ္ဓနီဝရဏ တရားကို ပယ်ရှားနိုင်၏။
〔例如,躺卧时若昏沉睡眠袭来,起身之后昏沉睡眠便会消失;应当如此类推。〕(《迷惑冰消》2-260。)3.比丘在夜间作意月光、灯光与火炬光,在白昼作意日光〔也就是修习光明想〕,也能断除昏沉睡眠盖。
၄။ လွင်တီးခေါင်၌ နေထိုင်သော ရဟန်းသည်လည်း ထိနမိဒ္ဓ နီဝရဏတရားကို ပယ်ရှားနိုင်၏။
4.住在露天空旷处的比丘,也能断除昏沉睡眠盖。
၅။ အရှင်မဟာကဿပ မထေရ်မြတ်ကြီးနှင့် တူတော်မူကြကုန်သော ပယ်ရှားထားအပ်ပြီးသော ထိနမိဒ္ဓ နီဝရဏတရား ထင်ရှားရှိကြကုန်သော မိတ်ကောင်း ဆွေကောင်း ဆရာကောင်း သမားကောင်းတို့ကို မှီဝဲသော ရဟန်းသည်လည်း ထိနမိဒ္ဓ နီဝရဏတရားကို ပယ်ရှားနိုင်၏။ (အဘိ-ဋ္ဌ-၂-၂၆ဝ။) ၆။ ဓုတင်တရားတို့၏ ဝီရိယကို အမှီပြုကုန်သည်၏ အဖြစ်ကြောင့် လျောင်း-ထိုင်-ရပ်-သွား လေးပါးသော ဣရိယာပုထ်တို့၌ ဓုတင်ကျင့်ဝတ်ပဋိပတ်ကို မှီသော လျောက်ပတ်သော တရားစကားဖြင့်လည်း ထိနမိဒ္ဓ နီဝရဏ တရားကို ပယ်ရှားနိုင်၏။ (အဘိ-ဋ္ဌ-၂-၂၆ဝ။) ထိုကြောင့် (၆)ပါးကုန်သော တရားတို့သည် ထိနမိဒ္ဓ နီဝရဏတရားကို ပယ်ရှားခြင်းငှာ ဖြစ်ကုန်၏ဟု ဖွင့်ဆိုခဲ့ခြင်း ဖြစ်၏။ ဤ (၆)ပါးကုန်သော အကြောင်းတရားတို့ဖြင့် ပယ်ရှားအပ်ပြီးသော ထိနမိဒ္ဓ နီဝရဏတရား သည် အရဟတ္တမဂ်ကြောင့် နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းအားဖြင့် ချုပ်ငြိမ်းခြင်းဟူသော အနုပ္ပါဒနိရောဓ
5.亲近如摩诃迦叶大长老一样已经断除昏沉睡眠盖的善师、善友之比丘,也能断除昏沉睡眠盖。(《迷惑冰消》2-260。)6.由于头陀法依靠精进,在卧、坐、立、行四种威仪中,以依头陀行持而说的适宜法谈,也能断除昏沉睡眠盖。(《迷惑冰消》2-260。)因此,义注才解释说,这六法能够导向断除昏沉睡眠盖。对于已经由这六项因缘断除的昏沉睡眠盖,还应清楚了知:由于阿罗汉道,它以未来不再生起的方式止息,也就是以不再生起之灭(anuppāda-nirodha)
သဘောအားဖြင့် ချုပ်ငြိမ်း၏ဟု ကွဲကွဲပြားပြား သိ၏၊ ကွဲကွဲပြားပြား သိသည်တိုင်အောင် ကြိုးစားအားထုတ်ပါ။
的性质而止息;应当努力修习,直至对此清楚明了。
(အဘိ-ဋ္ဌ-၂-၂၆ဝ။)
(《迷惑冰消》2-260。)
ဥဒ္ဓစ္စ - ကုက္ကုစ္စ နီဝရဏ ဖြစ်ကြောင်းတရား
掉举恶作盖的生起之因
ကုက္ကုစ္စတရားသည်လည်း ပြုအပ်ပြီးသော ဒုစရိုက်၊ မပြုလိုက်မိသော သုစရိုက်တို့ကို အစဥ်လိုက်၍ ဝမ်းနည်းခြင်း၏ အစွမ်းဖြင့် ဖြစ်ပေါ်လာလတ်သော် ဥဒ္ဓစ္စနှင့် တူသော သဘောလက္ခဏာရှိရကား စိတ်မငြိမ် သက်ခြင်းသဘော ရှိသည်သာ ဖြစ်၏၊ ထိုကြောင့် --- စိတ်၏ မငြိမ်သက်ခြင်းကို ဥဒ္ဓစ္စ-ကုက္ကုစ္စဟူ၍ပင် အဋ္ဌ- ကထာက ဖွင့်ဆိုထားတော်မူ၏။ (မူလဋီ-၂-၁၅၉။) စိတ်၏ မငြိမ်သက်ခြင်း၌ တစ်နည်းဆိုရသော် စိတ်၏ မငြိမ်သက်ဖွယ်ရာ အာရုံ၌ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန် စသော စီးပွားချမ်းသာကို ရခြင်း၏ အကြောင်း မဟုတ်သောအားဖြင့် နည်းမှား လမ်းမှား နှလုံးသွင်းခြင်း = အယောနိသော မနသိကာရကြောင့် ဥဒ္ဓစ္စ-ကုက္ကုစ္စ နီဝရဏတရား၏ ထင်ရှားဖြစ်ပေါ်လာခြင်း ဖြစ်၏။ စိတ်
恶作(kukkucca)是缘于已作的恶行与未作的善行而生的忧悔;它具有与掉举(uddhacca)相同的自性特相,所以本质上也是心不宁静。因此,义注把心不宁静就解释为“ဥဒ္ဓစ္စ-ကုက္ကုစ္စ”(uddhacca-kukkucca,掉举恶作)。(《根本复注》2-159。)对于心不宁静,换一种说法,对于能令心不宁静的所缘,以不能成为获得道智、果智、涅槃等利益安乐之因的方式,依错误方法、错误道路作意——即作不如理作意——掉举恶作盖便会显然生起。所谓“心不宁静”,
原书第 524 页
မငြိမ်သက်ခြင်း မည်သည် စိတ်၏ မငြိမ်သက်သည်၏ အဖြစ်ဟူသော အခြင်းအရာတည်း။ ဤစိတ်မငြိမ်သက် ခြင်းသည် တရားကိုယ် အနက်သဘောအားဖြင့် ဥဒ္ဓစ္စ-ကုက္ကုစ္စသာတည်း။ ထိုဥဒ္ဓစ္စ-ကုက္ကုစ္စတရား၌ တစ်နည်း ဆိုသော် ဥဒ္ဓစ္စ-ကုက္ကုစ္စ ဖြစ်ရာ အာရုံ၌ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန် စသော စီးပွားချမ်းသာကို ရခြင်း၏ အကြောင်း မဟုတ်သောအားဖြင့် နှလုံးသွင်းခြင်း = အယောနိသောမနသိကာရကို ကြိမ်ဖန်များစွာ ဖြစ်စေသော ပုဂ္ဂိုလ်၏ သန္တာန်၌ ဥဒ္ဓစ္စ-ကုက္ကုစ္စ နီဝရဏတရားသည် ထင်ရှားဖြစ်ပေါ်လာ၏။ ထိုကြောင့် ဘုရားရှင်သည် ဤသို့ ဟော- ကြားထားတော်မူ၏။
就是心处于不宁静状态这一情形;从法体实义来说,这种心不宁静正是掉举恶作。换一种说法,对于能令掉举恶作生起的所缘,以不能成为获得道智、果智、涅槃等利益安乐之因的方式将所缘置于心中,也就是反复令不如理作意生起;在这样做的人的相续中,掉举恶作盖便显然生起。因此,世尊作了如下开示:
''ရဟန်းတို့ …စိတ်၏ မငြိမ်သက်ခြင်းသည် ရှိ၏၊ ထိုစိတ်မငြိမ်သက်ခြင်း၌ (စိတ်မငြိမ်သက်ဖွယ်ရာ အာရုံ ၌) မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန် စသော စီးပွားချမ်းသာကို ရခြင်း၏ အကြောင်း မဟုတ်သောအားဖြင့် နှလုံး သွင်းခြင်း = အယောနိသောမနသိကာရကို ကြိမ်ဖန်များစွာ အလေ့အလာပြုခြင်းသည် ရှိ၏။ ဤအယောနိသော- မနသိကာရကို ကြိမ်ဖန်များစွာ အလေ့အလာပြုခြင်းသည် မဖြစ်ပေါ်လာသေးသော ဥဒ္ဓစ္စ-ကုက္ကုစ္စ နီဝရဏ တရား၏ ထင်ရှားဖြစ်ပေါ်ခြင်းငှာလည်းကောင်း၊ ဖြစ်ပေါ်ပြီးသော ဥဒ္ဓစ္စ-ကုက္ကုစ္စ နီဝရဏတရား၏ လွန်စွာ တိုးပွားခြင်းငှာလည်းကောင်း၊ ပြန့်ပြောသည်၏ အဖြစ်ဟူသော အကျိုးငှာလည်းကောင်း အကြောင်းတရားပင် ဖြစ်ပေသည်။ (သံ-၃-၉၁။ အဘိ-ဋ္ဌ-၂-၂၆ဝ-၂၆၁။)
缅释经文:“诸比丘……有心的不宁静;对于这种心的不宁静〔即能令心不宁静的所缘〕,有这样一种反复修习:以不能成为获得道智、果智、涅槃等利益安乐之因的方式将所缘置于心中,也就是反复修习不如理作意。反复修习这种不如理作意,是令尚未生起的掉举恶作盖显然生起,以及令已经生起的掉举恶作盖极度增长、趋于广大的因。”(《相应部》3-91;《迷惑冰消》2-260—261。)
ဥဒ္ဓစ္စ - ကုက္ကုစ္စ နီဝရဏကို ပယ်ကြောင်းတရား
掉举恶作盖的断除之因
သမာဓိဟု ဆိုအပ်သော စိတ်၏ ငြိမ်းအေးခြင်း၌ တစ်နည်း စိတ်၏ ငြိမ်းအေးကြောင်းတရား၌ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန် စသော စီးပွားချမ်းသာကို ရခြင်း၏ အကြောင်းအားဖြင့် နည်းမှန် လမ်းမှန် နှလုံးသွင်းခြင်း = ယောနိသောမနသိကာရကြောင့် ထိုဥဒ္ဓစ္စ-ကုက္ကုစ္စကို ပယ်ရှားနိုင်ခြင်းသည် ဖြစ်ပေါ်လာ၏။ ထိုကြောင့် ဘုရား- ရှင်သည် ဤသို့ ဟောကြားထားတော်မူ၏။
对于称为“定”的心之寂静,换一种说法,对于能令心寂静的法,为了获得道智、果智、涅槃等利益安乐而依正确方法作意,也就是作如理作意;由此便能断除掉举恶作。因此,世尊作了如下开示:
''ရဟန်းတို့ …စိတ်၏ ငြိမ်းအေးခြင်းသည် တစ်နည်း စိတ်၏ ငြိမ်းအေးကြောင်းတရားသည် ရှိ၏၊ ထို စိတ်၏ ငြိမ်းအေးခြင်း၌ တစ်နည်း ထိုစိတ်၏ ငြိမ်းအေးကြောင်းတရား၌ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန် စသော စီးပွားချမ်းသာကို ရခြင်း၏ အကြောင်းအားဖြင့် နည်းမှန် လမ်းမှန် နှလုံးသွင်းခြင်း = ယောနိသောမနသိကာရကို ကြိမ်ဖန်များစွာ အလေ့အလာပြုခြင်းသည် ရှိ၏၊ ဤ ယောနိသောမနသိကာရကို ကြိမ်ဖန်များစွာ အလေ့အလာ ပြုခြင်းသည် မဖြစ်ပေါ်လာသေးသော ဥဒ္ဓစ္စ-ကုက္ကုစ္စ နီဝရဏတရား၏ မဖြစ်ပေါ်လာခြင်းငှာလည်းကောင်း၊ ဖြစ် ပေါ်လာပြီးသော ဥဒ္ဓစ္စ-ကုက္ကုစ္စ နီဝရဏတရားကို ပယ်ရှားခြင်းငှာလည်းကောင်း အကြောင်းတရားပင် ဖြစ်ပေ သည်။ (သံ-၃-၉၃။ မ-ဋ္ဌ-၁-၂၈၉။)
缅释经文:“诸比丘……有心的寂静,换一种说法,有能令心寂静的法;对于这种心的寂静,换一种说法,对于这种能令心寂静的法,有这样一种反复修习:为了获得道智、果智、涅槃等利益安乐,依正确方法将所缘置于心中,也就是反复修习如理作意。反复修习这种如理作意,是令尚未生起的掉举恶作盖不生,以及令已经生起的掉举恶作盖断除的因。”(《相应部》3-93;《中部义注》1-289。)
တစ်နည်း ဥဒ္ဓစ္စ - ကုက္ကုစ္စ နီဝရဏကို ပယ်ကြောင်းတရား (၆) ပါး
另一法:断除掉举恶作盖的六法
၁။ များသော အကြားအမြင် ဗဟုသုတရှိသူ ဖြစ်ခြင်း၊ ၂။ အဖန်ဖန် မေးမြန်းတတ်သူ ဖြစ်ခြင်း၊ ၃။ ဝိနည်းအရာ၌ သဘောတရားကို သိသူ ဖြစ်ခြင်း၊ ၄။ သက်တော်ကြီး၊ ဝါတော်ကြီး ပုဂ္ဂိုလ်တို့ကို မှီဝဲဆည်းကပ်လေ့ရှိသူ ဖြစ်ခြင်း၊ ၅။ မိတ်ကောင်း ဆွေကောင်း ဆရာကောင်း သမားကောင်း ရှိသူ ဖြစ်ခြင်း၊ ၆။ ဥဒ္ဓစ္စ-ကုက္ကုစ္စ နီဝရဏတရားကို ပယ်ရှားနိုင်ကြောင်း လျောက်ပတ်သော တရားစကားရှိသူ ဖြစ်ခြင်း ---
1.多闻;2.勤于深入询问;3.通晓律的法理;4.经常亲近年长、戒腊高的人;5.具有善师、善友;6.具有能助于断除掉举恶作盖的适宜法谈
原书第 525 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- သတိပဋ္ဌာန် (၄)ပါး အခန်း ဤ (၆)ပါးကုန်သော တရားတို့သည် ဥဒ္ဓစ္စ-ကုက္ကုစ္စ နီဝရဏတရားကို ပယ်ရှားခြင်းငှာ ဖြစ်ကြကုန်၏။
——这六法都能导向断除掉举恶作盖。
(အဘိ-ဋ္ဌ-၂-၂၆၁။)
(《迷惑冰消》2-261。)
၁။ များသော အကြားအမြင်ဗဟုသုတရှိသူ ဖြစ်ခြင်းကြောင့် နိကာယ်တစ်ရပ်ကိုသော်လည်းကောင်း၊ နိကာယ် နှစ်ရပ်တို့ကိုသော်လည်းကောင်း၊ နိကာယ်သုံးရပ်တို့ကိုသော်လည်းကောင်း၊ နိကာယ်လေးရပ်တို့ကိုသော်လည်း ကောင်း၊ နိကာယ်ငါးရပ်တို့ကိုသော်လည်းကောင်း ပါဠိတော်၏ အစွမ်းဖြင့်သော်လည်းကောင်း၊ အဋ္ဌကထာ၏ အစွမ်းဖြင့်သော်လည်းကောင်း (ပါဠိတော်နှင့် တကွ အဋ္ဌကထာကိုသော်လည်းကောင်း) သင်ယူသော ပုဂ္ဂိုလ် သည်လည်း ဥဒ္ဓစ္စ-ကုက္ကုစ္စ နီဝရဏတရားကို ပယ်ရှားနိုင်၏။ 〔ဗဟုသုတ ရှိသော၊ ပါဠိတော် အဋ္ဌကထာတို့၏ အနက် အဓိပ္ပါယ်ကို စူးစမ်းဆင်ခြင်သော ပုဂ္ဂိုလ်၏ သန္တာန်ဝယ် စိတ်၏ ပျံ့လွင့်ခြင်း ဥဒ္ဓစ္စသည် မဖြစ်နိုင်။ ပါဠိ တော် အဋ္ဌကထာတို့၌ လာရှိသော သီလ သမာဓိ ပညာ သိက္ခာသုံးရပ် အကျင့်မြတ် ကျင့်စဥ်အတိုင်း အစီအရင် အတိုင်း ကျင့်ခြင်းကြောင့်လည်းကောင်း၊ ဒေသနာတော်နှင့် လျော်ညီစွာ အပြစ်ကို ကုစားခြင်းကြောင့်လည်း
1.由于多闻,凡依巴利圣典或义注〔或巴利圣典连同义注〕学习一部、两部、三部、四部或五部尼柯耶的人,也能断除掉举恶作盖。〔多闻而探究巴利圣典与义注意义的人,其相续中不会生起令心散乱的掉举。他依巴利圣典和义注所说的次第,修习戒、定、慧三学,并依教说如法补治过失,因此
ကောင်း ပြုအပ်ပြီးသော ဒုစရိုက် မပြုလိုက်မိသော သုစရိုက်တို့ကို အစဥ်လိုက်၍ ဝမ်းနည်းခြင်း ကုက္ကုစ္စလည်း မဖြစ်နိုင် ဟူလိုသည်။ (မူလဋီ-၂-၁၅၉။)〕 ၂။ ပြုလုပ်အပ်သောအရာ မပြုလုပ်အပ်သောအရာ ပြောဆိုအပ်သောအရာ မပြောဆိုအပ်သောအရာ၌ အဖန်ဖန် မေးမြန်းမှု များပြားလေ့ရှိသော ရဟန်းသည်လည်း ဥဒ္ဓစ္စ-ကုက္ကုစ္စ နီဝရဏတရားကို ပယ်ရှားနိုင်၏။
不会生起缘于已作恶行与未作善行而生的恶作;原意如此。(《根本复注》2-159。)〕2.对于应做与不应做、应说与不应说之事,经常反复深入询问的比丘,也能断除掉举恶作盖。
၃။ ဝိနည်းပညတ်တော်၌ နိုင်နိုင်နင်းနင်း ကျွမ်းကျွမ်းကျင်ကျင် လေ့လာအပ်ပြီးသော အလေ့အကျင့် = ဝသီ- ဘော် ရှိသည်၏ အဖြစ်ကြောင့် ဝိနည်းသဘောတရား၌ တတ်သိ နားလည်သော ယောဂါဝစရပုဂ္ဂိုလ်သည်လည်း ဥဒ္ဓစ္စ-ကုက္ကုစ္စ နီဝရဏတရားကို ပယ်ရှားနိုင်၏။
3.对于律制已经学习得纯熟通达、达到自在熟练程度,因而通晓律法义理的瑜伽行者,也能断除掉举恶作盖。
၄။ မိမိထက် အသက် ဂုဏ် သိက္ခာ ကြီးမြတ်တော်မူကြကုန်သော သက်တော်ကြီး ဝါတော်ကြီး မထေရ်ကြီး မထေရ်ကျော် ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မော်တို့ကို မှီဝဲဆည်းကပ်သော ယောဂါဝစရပုဂ္ဂိုလ်သည်လည်း ဥဒ္ဓစ္စ-ကုက္ကုစ္စ နီဝရဏတရားကို ပယ်ရှားနိုင်၏။ (သက်တော်ကြီး ဝါတော်ကြီးတို့ကို မှီဝဲဆည်းကပ်လေ့ရှိသူ၏ အဖြစ်သည် ဆည်းကပ်သူ မိမိအတွက် ကြီးရင့်သော သီလရှိသူ၏ အဖြစ်ကို ရွက်ဆောင်နိုင်၏၊ ထိုကြောင့် စိတ်၏ ငြိမ်သက်မှု ကို ပြုတတ်သည်၏ အဖြစ်ကြောင့် ဥဒ္ဓစ္စ-ကုက္ကုစ္စကို ပယ်ရှားမှုကို ပြုလေ့ရှိသည်၏ အဖြစ်ကို အဋ္ဌကထာက ဖွင့်ဆိုအပ်ပေသည်။ တစ်ဖန် သီတင်းဝါကြီးမှုကို မငဲ့မူ၍ ဝိနည်းကို ဆောင်ကုန်သော ဝိနည်းဓိုရ် ဖြစ်ကုန်သော ကုက္ကုစ္စကို ပယ်ဖျောက်တတ်သော ရဟန်းတို့ကို ကလျာဏမိတ္တ = မိတ်ကောင်း ဆွေကောင်းတို့ဟူ၍ အဋ္ဌက- ထာဆရာတော်က ဖွင့်ဆိုအပ်ကုန်၏ဟု မှတ်ပါ။) ၅။ အရှင်ဥပါလိမထေရ်နှင့် တူကုန်သော ဝိနည်းကို ဆောင်တော်မူကြကုန်သော မိတ်ကောင်း ဆွေကောင်း
4.亲近比自己年长、德高、戒腊深,卓越而著名的大长老的瑜伽行者,也能断除掉举恶作盖。〔经常亲近年长、戒腊深者,能令亲近者本人成为戒德成熟的人;戒德成熟又能令心寂静,因此义注解释说,这样的人能断除掉举恶作。再者,应知,义注作者把那些不论戒腊高低、能够持律并能除去恶作的比丘,解释为善友(kalyāṇamitta)。〕5.亲近像优波离长老一样持律的善师、善友
သူတော်ကောင်းတို့ကို မှီဝဲ ဆည်းကပ်သော ပုဂ္ဂိုလ်သည်လည်း ဥဒ္ဓစ္စ-ကုက္ကုစ္စ နီဝရဏတရားကို ပယ်ရှားနိုင်၏။
和善士的人,也能断除掉举恶作盖。
(ဝိနည်းဓိုရ်ပုဂ္ဂိုလ်မှန်လျှင် ကုက္ကုစ္စကို ပယ်ရှားပေးနိုင်သောကြောင့် သီတင်းဝါ သိက္ခာ ကြီးမားသူ မဟုတ်သော် လည်း ကလျာဏမိတ္တ = မိတ်ကောင်း ဆွေကောင်းပင်တည်း၊ ထိုကြောင့် --- သီတင်းဝါကြီးသူ သူတော်ကောင်း တို့မှ သီးခြားထုတ်ဆောင်၍ ကလျာဏမိတ္တ = မိတ်ကောင်း ဆွေကောင်းကို ဖွင့်ဆိုတော်မူသည်။) ၆။ လျောင်း-ထိုင်-ရပ်-သွား လေးပါးကုန်သော ဣရိယာပုထ်တို့၌ တရားတော်နှင့် လျော်ညီသော အပ်သော အကြောင်းအရာ၊ တရားတော်နှင့် မလျော်ညီသော မအပ်သော အကြောင်းအရာကို မှီသော လျောက်ပတ်သော တရားစကားဖြင့်လည်း ဥဒ္ဓစ္စ-ကုက္ကုစ္စ နီဝရဏတရားကို ပယ်ရှားနိုင်၏။ ထိုကြောင့် (၆)ပါးကုန်သော တရားတို့ သည် ဥဒ္ဓစ္စ-ကုက္ကုစ္စ နီဝရဏတရားကို ပယ်ရှားခြင်းငှာ ဖြစ်ကုန်၏ဟု ဖွင့်ဆိုခဲ့ခြင်း ဖြစ်သည်။ ဤ (၆)ပါးကုန် သော တရားတို့ဖြင့် ပယ်ရှားအပ်ပြီးသော ဥဒ္ဓစ္စ-ကုက္ကုစ္စ နီဝရဏ တရားနှစ်ပါးတွင် ဥဒ္ဓစ္စသည် အရဟတ္တမဂ်
〔真正的持律者能够帮助别人除去恶作,所以即使他的戒腊、戒德并不高深,他仍是善友;正因如此,义注才把善友从戒腊高的善士中另行列出。〕6.在卧、坐、立、行四种威仪中,以关于合乎法、应当做之事,以及不合法、不应当做之事的适宜法谈,也能断除掉举恶作盖。因此,义注才解释说,这六法能够导向断除掉举恶作盖。对于已由这六法断除的掉举与恶作二法,应当清楚了知:掉举由阿罗汉道断;
原书第 526 页
ကြောင့် ကုက္ကုစ္စသည် အနာဂါမိမဂ်ကြောင့် နောင်တစ်ဖန် မဖြစ်သော ချုပ်ငြိမ်းခြင်းဖြင့် ချုပ်ငြိမ်းခြင်းဟူသော အနုပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ငြိမ်း၏ဟု ကွဲကွဲပြားပြား သိ၏၊ ကွဲကွဲပြားပြား သိအောင် ကျင့်ပါ။
恶作则由不还道断;两者都以未来不再生起的方式寂灭,也就是以不再生起之灭(anuppāda-nirodha)的性质而寂灭。应当分别清楚了知,并修习到能够分别清楚了知。
(အဘိ-ဋ္ဌ-၂-၂၆၁။)
(《迷惑冰消》2-261。)
ဝိစိကိစ္ဆာ နီဝရဏ ဖြစ်ကြောင်းတရား
疑盖的生起之因
ဝိစိကိစ္ဆာ၏ တည်ရာအကြောင်း ဖြစ်ကုန်သော တရားတို့၌ တစ်နည်း တည်တတ်သော ဝိစိကိစ္ဆာ ရှိကုန် သော တရားတို့၌ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန် စသော စီးပွားချမ်းသာကို ရခြင်း၏ အကြောင်း မဟုတ်သောအားဖြင့် နည်းမှားလမ်းမှား နှလုံးသွင်းခြင်း = အယောနိသော မနသိကာရကြောင့် ဝိစိကိစ္ဆာ နီဝရဏတရား၏ ထင်ရှား ဖြစ်ပေါ်လာခြင်း ဖြစ်၏။ ဝိစိကိစ္ဆာဌာနီယဓမ္မ = ဝိစိကိစ္ဆာ၏ တည်ရာ အကြောင်းတရားတို့ မည်သည် အဖန်ဖန် အထပ်ထပ် ဖြစ်ပေါ်၍နေသော နောက်နောက်သော ဝိစိကိစ္ဆာ၏ အကြောင်းတရား ဖြစ်သောကြောင့် ရှေးရှေး သော ဝိစိကိစ္ဆာပင်တည်း။ ထိုဝိစိကိစ္ဆာဌာနီယဓမ္မတို့၌ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန် စသော စီးပွားချမ်းသာကို ရခြင်း၏ အကြောင်း မဟုတ်သောအားဖြင့် နည်းမှား လမ်းမှား နှလုံးသွင်းခြင်း = အယောနိသော မနသိကာရကို ကြိမ်ဖန်များစွာ ဖြစ်စေသော ပုဂ္ဂိုလ်၏ သန္တာန်၌ ဝိစိကိစ္ဆာ နီဝရဏတရားသည် ထင်ရှား ဖြစ်ပေါ်လာ၏။ ထို
对于疑赖以安住、得以生起的诸法,以不能成为获得道智、果智、涅槃等利益安乐之因的方式,依错误方法、错误道路将所缘置于心中,也就是作不如理作意;由此疑盖便显然生起。所谓“疑所依法”(vicikicchāṭhānīya-dhamma),即疑赖以安住、得以生起的法;本段特指先前之疑,因为先前之疑会成为后续之疑生起的因。在这些疑所依法上,以不能成为获得道智、果智、涅槃等利益安乐之因的方式,反复依错误方法、错误道路作不如理作意;在这样做的人的相续中,疑盖便显然生起。
ကြောင့် ဘုရားရှင်သည် ဤသို့ ဟောကြားထားတော်မူ၏။
因此,世尊作了如下开示:
''ရဟန်းတို့ …ဝိစိကိစ္ဆာ၏ တည်ရာအကြောင်း ဖြစ်ကုန်သော တရားတို့သည် တစ်နည်း တည်တတ်သော ဝိစိကိစ္ဆာ ရှိကုန်သော ရှေးရှေးသော ဝိစိကိစ္ဆာတရားတို့သည် ရှိကုန်၏။ ယင်းဝိစိကိစ္ဆာ၏ တည်ရာအကြောင်း တရားတို့၌ တစ်နည်း ယင်းဝိစိကိစ္ဆာတရားတို့၌ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန် စသော စီးပွားချမ်းသာကို ရခြင်း၏ အကြောင်း မဟုတ်သောအားဖြင့် နှလုံးသွင်းခြင်း = နည်းမှား လမ်းမှား နှလုံးသွင်းခြင်း = အယောနိသောမနသိ- ကာရကို ကြိမ်ဖန်များစွာ အလေ့အလာပြုခြင်းသည် ရှိ၏၊ ဤအယောနိသောမနသိကာရကို ကြိမ်ဖန်များစွာ အလေ့အလာပြုခြင်းသည် မဖြစ်ပေါ်လာသေးသော ဝိစိကိစ္ဆာနီဝရဏတရား၏ ထင်ရှားဖြစ်ပေါ်လာခြင်းငှာလည်း ကောင်း၊ ဖြစ်ပေါ်ပြီးသော ဝိစိကိစ္ဆာနီဝရဏတရား၏ လွန်စွာ တိုးပွားခြင်းငှာလည်းကောင်း၊ ပြန့်ပြောသည်၏ အဖြစ်ဟူသော အကျိုးငှာလည်းကောင်း အကြောင်းတရားပင် ဖြစ်ပေသည်။ (သံ-၃-၉၁။ အဘိ-ဋ္ဌ-၂-၂၆၁။)
缅释经文:“诸比丘,有疑所依法;换言之,有作为后续诸疑所依的先前诸疑。对于这些疑所依法,换一种说法,对于这些先前之疑,以不能成为获得道智、果智、涅槃等利益安乐之因的方式,依错误方法、错误道路将所缘置于心中,也就是反复修习不如理作意。反复修习这种不如理作意,是令尚未生起的疑盖显然生起,以及令已经生起的疑盖极度增长、趋于广大的因。”(《相应部》3-91;《迷惑冰消》2-261。)
ဝိစိကိစ္ဆာ နီဝရဏကို ပယ်ကြောင်းတရား
疑盖的断除之因
ကုသိုလ် စသော တရားတို့၌ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန် စသော စီးပွားချမ်းသာကို ရခြင်း၏ အကြောင်း အားဖြင့် နည်းမှန် လမ်းမှန် နှလုံးသွင်းခြင်း = ယောနိသောမနသိကာရကြောင့် ထို ဝိစိကိစ္ဆာ နီဝရဏတရားကို ပယ်ရှားနိုင်ခြင်းသည် ဖြစ်ပေါ်လာ၏။ ထိုကြောင့် ဘုရားရှင်သည် ဤသို့ ဟောကြားထားတော်မူ၏။
对于善法等,为了获得道智、果智、涅槃等利益安乐,依正确方法、正确道路将所缘置于心中,也就是作如理作意;由此便能断除疑盖。因此,世尊作了如下开示:
''ရဟန်းတို့ …ကုသိုလ်တရား၊ အကုသိုလ်တရားတို့သည် ရှိကြကုန်၏၊ အပြစ်ရှိကုန်သော တရား၊ အပြစ် မရှိကုန်သော တရားတို့သည် ရှိကြကုန်၏။ မှီဝဲထိုက်ကုန်သော တရား၊ မမှီဝဲထိုက်ကုန်သော တရားတို့သည် ရှိ ကြကုန်၏။ ယုတ်ညံ့ကုန်သော တရား၊ မွန်မြတ်ကုန်သော တရားတို့သည် ရှိကြကုန်၏။ မည်းညစ်သောတရားနှင့် တူသောအဖို့ ရှိကုန်သော တရား၊ ဖြူစင်သော တရားနှင့် တူသောအဖို့ ရှိကုန်သော တရားတို့သည် ရှိကြကုန် ၏။ ထိုကုသိုလ် အကုသိုလ် စသော တရားတို့၌ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန် စသော စီးပွားချမ်းသာကို ရခြင်း၏ အကြောင်းအားဖြင့် နည်းမှန် လမ်းမှန် နှလုံးသွင်းခြင်း = ယောနိသော မနသိကာရကို ကြိမ်ဖန်များစွာ အလေ့ အလာပြုခြင်းသည် ရှိ၏၊ ဤယောနိသော မနသိကာရကို ကြိမ်ဖန်များစွာ အလေ့အလာပြုခြင်းသည် မဖြစ်ပေါ် လာသေးသော ဝိစိကိစ္ဆာ နီဝရဏတရား၏ မဖြစ်ပေါ်လာခြင်းငှာလည်းကောင်း၊ ဖြစ်ပေါ်လာပြီးသော ဝိစိကိစ္ဆာ
缅释经文:“诸比丘,有善法、不善法,有过失法、无过失法,有应亲近法、不应亲近法,有下劣法、殊胜法,有黑分法、白分法。对于善、不善等这些法,有这样一种反复修习:为了获得道智、果智、涅槃等利益安乐,依正确方法、正确道路将所缘置于心中,也就是反复修习如理作意。反复修习这种如理作意,是令尚未生起的疑盖不生,以及令已经生起的疑盖
နီဝရဏတရားကို ပယ်ရှားခြင်းငှာလည်းကောင်း အကြောင်းတရားပင် ဖြစ်ပေသည်။ (သံ-၃-၉၃။ မ-ဋ္ဌ-၁-၂၉ဝ၊၊)
断除的因。”(《相应部》3-93;《中部义注》1-290。)
原书第 527 页
တစ်နည်း ဝိစိကိစ္ဆာ နီဝရဏကို ပယ်ကြောင်းတရား (၆) ပါး
另一法:断除疑盖的六法
တစ်နည်းကား --- (၆)ပါးကုန်သောတရားတို့သည် ဝိစိကိစ္ဆာနီဝရဏတရားကို ပယ်ရှားခြင်းငှာ ဖြစ်ကုန်၏။
换一种方法说,有六法能够导向断除疑盖。
၁။ များသော အကြားအမြင် ဗဟုသုတရှိသူ ဖြစ်ခြင်း၊ ၂။ အဖန်ဖန် မေးမြန်းတတ်သူ ဖြစ်ခြင်း၊ ၃။ ဝိနည်းအရာ၌ သဘောတရားတို့ကို သိသူ ဖြစ်ခြင်း၊ ၄။ များသော ဆုံးဖြတ်ချက်ချခြင်းရှိသူ ဖြစ်ခြင်း၊ ၅။ မိတ်ကောင်း ဆွေကောင်း ဆရာကောင်း သမားကောင်း ရှိသူ ဖြစ်ခြင်း၊ ၆။ ဝိစိကိစ္ဆာ နီဝရဏတရားကို ပယ်ရှားနိုင်ကြောင်း လျောက်ပတ်သော တရားစကား ရှိသူ ဖြစ်ခြင်း --- ဤ (၆)ပါးကုန်သော တရားတို့သည် ဝိစိကိစ္ဆာ နီဝရဏတရားကို ပယ်ရှားခြင်းငှာ ဖြစ်ကြကုန်၏။
1.多闻;2.勤于深入询问;3.通晓律的法理;4.多作胜解;5.具有善师、善友;6.具有能助于断除疑盖的适宜法谈——这六法都能导向断除疑盖。
(အဘိ-ဋ္ဌ-၂-၂၆၂။)
(《迷惑冰消》2-262。)
၁။ များသော အကြားအမြင် ဗဟုသုတရှိသူ ဖြစ်ခြင်းကြောင့် နိကာယ် တစ်ရပ်ကို ဖြစ်စေ၊ နိကာယ် နှစ်ရပ်ကို ဖြစ်စေ၊ နိကာယ် သုံးရပ်ကို ဖြစ်စေ၊ နိကာယ် လေးရပ်ကို ဖြစ်စေ၊ နိကာယ် ငါးရပ်ကို ဖြစ်စေ၊ ပါဠိတော်နှင့် တကွ အဋ္ဌကထာကို သင်ယူသော ပုဂ္ဂိုလ်သည်လည်း ဝိစိကိစ္ဆာ နီဝရဏတရားကို ပယ်ရှားနိုင်၏။
1.由于多闻,凡学习巴利圣典及其义注的一部、两部、三部、四部或五部尼柯耶的人,也能断除疑盖。
(အဘိ-ဋ္ဌ-၂-၂၆၂။)
(《迷惑冰消》2-262。)
၂။ ရတနာသုံးပါးတို့ကို အကြောင်းပြု၍ အကြိမ်များစွာ အဖန်ဖန် အထပ်ထပ် မေးမြန်းခြင်းရှိသော ပုဂ္ဂိုလ် သည်လည်း ဝိစိကိစ္ဆာနီဝရဏတရားကို ပယ်ရှားနိုင်၏။ (အဘိ-ဋ္ဌ-၂-၂၆၂။) များသောအကြားအမြင် ဗဟုသုတရှိသူ ဖြစ်ခြင်း၊ ရတနာသုံးပါးတို့၏ အကြောင်းအရာကို အကြိမ်များစွာ အဖန်ဖန်အထပ်ထပ် မေးမြန်းတတ်သူ ဖြစ်ခြင်းဟူသော ဤအကြောင်းတရားတို့ကြောင့် --- (က) ၈ - ပါးသော တည်ရာဝတ္ထု ရှိသော ဝိစိကိစ္ဆာ (ဝိစိကိစ္ဆာစေတသိက်ပိုင်း၌ ရှင်းခဲ့ပြီ။) ( ခ ) ၁၆ - ပါးသော တည်ရာဝတ္ထု ရှိသော ဝိစိကိစ္ဆာ (ပဋိစ္စသမုပ္ပါဒ်ပိုင်းတွင် ထင်ရှားလတ္တံ့) --- ဤဝိစိကိစ္ဆာ အမျိုးမျိုးကို အကယ်၍ကား ပယ်အပ် ပယ်နိုင်ပါပေ၏။ ထိုသို့ပင် ပယ်နိုင်ပါသော်လည်း ရတနာသုံးပါးအပေါ်၌ ယုံမှားသံသယ ရှိမှု = ဝိစိကိစ္ဆာမှ ကြွင်းသော ဝိစိကိစ္ဆာမှန်သမျှသည် ရတနာသုံးပါးအပေါ် ၌ ယုံမှားသံသယဖြစ်ခြင်း ဝိစိကိစ္ဆာလျှင် အရင်းခံ ရှိ၏။ ဘုရားကို မယုံလျှင် ဘုရားရှင်၏ တရားကိုလည်း ယုံ
2.对于三宝的相关事项,一次又一次反复深入询问的人,也能断除疑盖。(《迷惑冰消》2-262。)由于多闻,并且反复深入询问三宝的相关事项,以下各种疑确实能够断除:(甲)以八事为所依的疑〔已在疑心所部分解释〕;(乙)以十六事为所依的疑〔将在缘起部分清楚说明〕。虽然这些疑都能这样断除,但是,除对三宝的疑以外,一切其余的疑仍以对三宝的疑为根本。若不信佛,他对佛陀的法也不会相信
တော့မည် မဟုတ်၊ ဘုရားရှင်၏ တပည့်သား သာဝကဖြစ်သည့် အရိယသံဃာကိုလည်း ယုံတော့မည် မဟုတ်။
;对作为佛陀弟子的圣僧,也不会相信。
ရတနာသုံးပါးကို မယုံကြည်လျှင် သီလ သမာဓိ ပညာဟူသော သိက္ခာသုံးရပ် အကျင့်မြတ်၌လည်း ယုံကြည် တော့မည် မဟုတ်၊ အတိတ်ဘဝ၊ အနာဂတ်ဘဝ၊ အတိတ် အနာဂတ် ဘဝတို့၌လည်း ယုံကြည်တော့မည် မဟုတ်၊ ကြောင်း-ကျိုး ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့၌လည်း ယုံကြည်တော့မည် မဟုတ်၊ ဤသို့ စသည်ဖြင့် သဘောပေါက်ပါလေ။ သို့အတွက် ရတနာသုံးပါးတို့ကို အကြောင်းပြု၍ ယုံမှားသံသယရှိမှုကိုသာ ဦးတည်၍ အဋ္ဌကထာက ဖွင့်ဆိုခြင်း ဖြစ်သည်။ (မူလဋီ-၂-၁၆ဝ။) ၃။ ဝိနည်းပညတ်တော်၌ နိုင်နိုင်နင်းနင်း ကျွမ်းကျွမ်းကျင်ကျင် လေ့လာအပ်ပြီးသော အလေ့အကျင့် ဝသီ- ဘော် ရှိသည်၏ အဖြစ်ကြောင့် ဝိနည်းသဘောတရား၌ တတ်သိနားလည်သော ယောဂါဝစရပုဂ္ဂိုလ် ဖြစ်မှုသည် လည်း --- သိက္ခာယ ကင်္ခတိ = သီလ - သမာဓိ - ပညာ သိက္ခာသုံးရပ် အကျင့်မြတ်၌ ယုံမှားသံသယ ရှိ၏။ - ဟူ၍ ဟောကြားထားတော်မူအပ်သော ဝိစိကိစ္ဆာ နီဝရဏတရားကို ပယ်ရှားနိုင်၏။ (အဘိ-ဋ္ဌ-၂-၂၆၂။)
若不信三宝,便也不会相信戒、定、慧三学的殊胜行持;不会相信过去世、未来世以及过去未来诸世;也不会相信因果相续,即缘起法则。其余可以如此类推。因此,义注只把对三宝的疑作为重点来解释。(《根本复注》2-160。)3.对于律制已经学习得纯熟通达、达到自在熟练程度,因而通晓律法义理的瑜伽行者,也能断除疑盖;这里所说的疑,巴利语(缅文转写)“သိက္ခာယ ကင်္ခတိ”意为“对戒、定、慧三学的殊胜行持有疑”。(《迷惑冰消》2-262。)
原书第 528 页
၄။ ရတနာသုံးပါးတို့၏ ဂုဏ်တော် ကျေးဇူးတော်ကို သက်ဝင်၍ ယုံကြည်တတ်သော သြကပ္ပနသဒ္ဓါဟု ခေါ်ဆို အပ်သော သဒ္ဓါဓိမောက္ခဖြင့် ဘုရားစစ် ဘုရားမှန် ဧကန်မှန်၏၊ တရားစစ် တရားမှန် ဧကန်မှန်၏၊ သံဃာစစ် သံဃာမှန် ဧကန်မှန်၏ဟု များများကြီး လွန်လွန်ကဲကဲ ဆုံးဖြတ်ခြင်းရှိသော ပုဂ္ဂိုလ်သည်လည်း ရတနာသုံးပါး တို့၌ ယုံမှားသံသယရှိမှု ဝိစိကိစ္ဆာတရားကို ပယ်ရှားနိုင်၏။ (ယင်းသို့ ပယ်ရှားနိုင်ရေးအတွက် ရတနာသုံးပါးတို့ ၏ ဂုဏ်တော်တို့၌ လွန်လွန်ကဲကဲ သက်ဝင်ယုံကြည်တတ်သော သဒ္ဓါတရား ရှိလာအောင် ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း စသည်တို့ကို ပွားများသင့်လှပေသည်။) (အဘိ-ဋ္ဌ-၂-၂၆၂။) ၅။ ရတနာသုံးပါး၌ လွန်လွန်ကဲကဲ စွဲမြဲနစ်မြုပ်သော ယုံကြည်ချက် သဒ္ဓါတရား ထင်ရှားရှိကြကုန်သော အရှင် ဝက္ကလိမထေရ်မြတ်ကြီးနှင့် တူကုန်သော မိတ်ကောင်း ဆွေကောင်း ဆရာကောင်း သမားကောင်းတို့ကို မှီဝဲ
4.以能深入信受三宝功德、称为“确信”(okappana-saddhā)的信胜解(saddhādhimokkha),作出极其坚定的决断:“这确是真实之佛、真实之法、真实之僧。”这样的人,也能断除对三宝的疑。〔为了能够这样断疑,应当数数修习佛随念业处等,使自己对三宝功德生起深厚而坚定的确信。〕(《迷惑冰消》2-262。)5.亲近像跋迦梨长老一样,对三宝具有极其坚定、深厚信心的善师、善友
ဆည်းကပ်သော ပုဂ္ဂိုလ်သည်လည်း ဝိစိကိစ္ဆာ နီဝရဏတရားကို ပယ်ရှားနိုင်ပေ၏။ (အဘိ-ဋ္ဌ-၂-၂၆၂။) ၆။ လျောင်း-ထိုင်-ရပ်-သွား လေးပါးသော ဣရိယာပုထ်တို့၌ ရတနာသုံးပါးတို့၏ ဂုဏ်တော် ကျေးဇူးတော်တို့ကို မှီသော လျောက်ပတ်သော တရားစကားဖြင့်လည်း ဝိစိကိစ္ဆာ နီဝရဏတရားကို ပယ်ရှားနိုင်ပေ၏။
的人,也能断除疑盖。(《迷惑冰消》2-262。)6.在卧、坐、立、行四种威仪中,以关于三宝功德的适宜法谈,也能断除疑盖。
ထိုကြောင့် (၆)ပါးကုန်သော တရားတို့သည် ဝိစိကိစ္ဆာ နီဝရဏတရားကို ပယ်ရှားနိုင်ကုန်၏ဟု ဖွင့်ဆိုခဲ့ ခြင်း ဖြစ်သည်။ ဤ (၆)ပါးကုန်သော တရားတို့ဖြင့် ပယ်ရှားအပ်ပြီးသော ဝိစိကိစ္ဆာ နီဝရဏတရားသည် သော- တာပတ္တိမဂ်ဉာဏ်ကြောင့် နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းခြင်း = အနုပ္ပါဒနိရောဓ သဘောအား ဖြင့် ချုပ်ငြိမ်း၏ဟု ကွဲကွဲပြားပြား သိ၏၊ ကွဲကွဲပြားပြား သိအောင် ကြိုးစားအားထုတ်ပါ။ (အဘိ-ဋ္ဌ-၂-၂၆၂။)
因此,义注才解释说,这六法都能断除疑盖。对于已经由这六法断除的疑盖,还应清楚了知:它由预流道智以未来不再生起的方式寂灭,也就是以不再生起之灭(anuppāda-nirodha)的性质而寂灭。应当努力使自己对此分别清楚了知。(《迷惑冰消》2-262。)
ဆိုလိုရင်း ရှုကွက်
观法要旨
ဤအထက်ပါ နီဝရဏပိုင်းရှုကွက်တို့ကို ပြန်လည် သုံးသပ်ကြည့်ပါ။ လိုရင်းအချုပ်မှာ ဤသို့ ဖြစ်၏ --- ၁။ မိမိ၏ သန္တာန်၌ နီဝရဏတရားငါးပါး ထင်ရှားရှိလျှင်လည်း ထင်ရှားရှိ၏ဟု သိအောင် သိမ်းဆည်းရှုပွား ရမည်။
请回顾上述盖品的各项观法。要义可以归纳如下:1.如果五盖在自己的相续中显现,就必须摄取、观修,清楚知道“它们显现”。
၂။ မိမိ၏ သန္တာန်၌ နီဝရဏတရားငါးပါး ထင်ရှားမရှိလျှင်လည်း ထင်ရှားမရှိဟု သိအောင် ရှုရမည်။
2.如果五盖在自己的相续中不显现,也必须观照,清楚知道“它们不显现”。
၃။ နီဝရဏ ဖြစ်ကြောင်းတရားကိုလည်း ဟုတ်တိုင်းမှန်စွာ သိရမည်။
3.也必须如实了知令盖生起之法。
၄။ နီဝရဏ ချုပ်ကြောင်းတရားကိုလည်း ဟုတ်တိုင်းမှန်စွာ သိရမည်။
4.也必须如实了知令盖止息之法。
ဤ၌ နီဝရဏ ဖြစ်ကြောင်းတရားတို့တွင် အဓိက အနီးကပ်ဆုံးအကြောင်းတရားမှာ အယောနိသောမန- သိကာရပင် ဖြစ်၏။ နီဝရဏ ချုပ်ကြောင်းတရားတို့တွင်လည်း အဓိက အနီးကပ်ဆုံးသော အကြောင်းတရားမှာ အရိယမဂ် မဆိုက်မီ ရှေးဦးစွာ ဖြည့်ကျင့်ရမည့် အကြောင်းတရားမှာ ယောနိသောမနသိကာရပင် ဖြစ်သည်။
在这里,令诸盖生起的诸法中,最主要、最切近的因就是不如理作意;令诸盖止息的诸法中,在尚未证得圣道以前应当先行圆满的最主要、最切近之因,就是如理作意。
အနိစ္စ-ဒုက္ခ-အနတ္တ-အသုဘ စင်စစ်ဧကန် မှန်သော ခန္ဓာငါးပါး = ရုပ်နာမ်တရားတို့၌ နိစ္စ-သုခ-အတ္တ- သုဘဟု နှလုံးသွင်းမှားမှုသည် အယောနိသောမနသိကာရ ဖြစ်၍၊ --- အနိစ္စ-ဒုက္ခ-အနတ္တ-အသုဘ စင်စစ်ဧကန် မှန်သော ခန္ဓာငါးပါး = ရုပ်နာမ်တရားတို့၌ အနိစ္စ-ဒုက္ခ-အနတ္တ-အသုဘဟု နှလုံးသွင်းမှုသည် ယောနိသောမနသိ- ကာရ ဖြစ်ကြောင်း ရှင်းပြခဲ့ပြီး ဖြစ်၏။ သို့အတွက် အသင် ယောဂီသူတော်ကောင်းသည် --- ၁။ နီဝရဏတရားငါးပါးကို ဟုတ်တိုင်းမှန်စွာ သိအောင် ကြိုးစားအားထုတ်ပါ။
对于确实是无常、苦、无我、不净的五蕴——色法与名法——错误地作意为常、乐、我、净,就是不如理作意;对于确实是无常、苦、无我、不净的五蕴——色法与名法——作意为无常、苦、无我、不净,就是如理作意。这一点前面已经解释过了。因此,贤善的瑜伽行者:1.应当努力如实了知五盖。
၂။ အနိစ္စ-ဒုက္ခ-အနတ္တ-အသုဘ စင်စစ်ဧကန် အမှန်ဖြစ်သည့် နီဝရဏငါးပါး အဝင်အပါ ဖြစ်သည့် ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို ဟုတ်တိုင်းမှန်စွာ သိအောင် ကြိုးစားအားထုတ်ပါ။
2.应当努力如实了知包含五盖在内、确实是无常、苦、无我、不净的五蕴——色法与名法。
原书第 529 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- သတိပဋ္ဌာန် (၄)ပါး အခန်း ၃။ အကြောင်းတရားနှင့် တကွသော ယင်းခန္ဓာငါးပါး = ရုပ်နာမ်တရားတို့ကို အနိစ္စ-ဒုက္ခ-အနတ္တ-အသုဘဟု တွင်တွင်ကြီး ဝိပဿနာ ရှုပွားပါ။
3.对于连同其因缘在内的这五蕴——色法与名法——应持续、反复地以无常、苦、无我、不净修习观禅。
ဤကား ဤနီဝရဏပိုင်း ရှုကွက် လိုရင်း ဖြစ်ပေသည်။ နီဝရဏပိုင်းဟု ဆိုသော်လည်း နီဝရဏတရား သက်သက်ကိုသာ ရှုရသည် မဟုတ်ဘဲ ခန္ဓာငါးပါး ရှုကွက်ပါ ပူးတွဲ ပါဝင်လာသည်ကို သဘောပေါက်ပါ။ ဤယခု ရေးသားနေဆဲဖြစ်သည့် နီဝရဏပိုင်း ပထမဆင့်တွင်ကား နီဝရဏငါးပါး အဝင်အပါ ဖြစ်သည့် ခန္ဓာငါးပါး = ရုပ်နာမ်တရားတို့ကိုပင် သိအောင် သိမ်းဆည်းထားပါဦး။ ဝိပဿနာရှုပုံကား ဝိပဿနာပိုင်းတွင် ထင်ရှားလတ္တံ့။
这就是本盖品观法的要旨。虽说是“盖品”,却不是只观五盖本身;应当明白,其中还一并包含五蕴的观法。在这里正在解说的盖品第一阶段,先要把包含五盖在内的五蕴——色法与名法——摄取清楚。具体如何作观,将在观禅部分清楚说明。

本页是帕奥禅师缅文「五大册」第二册(趣向涅槃之道·第二册,书名暂定)的现代汉语全译本,非缩略版、非节译;译者 Dhammesanā。与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。