必须把握一切名法
《趣向涅槃之道》中文全译本 · 非缩略版
非色把握章 · 原书第 7–8 页 · 9 个翻译单元
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书第 7 页
အားလုံးကို သိမ်းဆည်းပါ
必须把握一切名法
ဤ ဆိုအပ်ခဲ့ပြီးသည့်အတိုင်း ထိုထို ယောဂါဝစရပုဂ္ဂိုလ်၏ အသိစိတ်၌ ဖဿ ဝေဒနာ ဝိညာဏ်ဟူသော (၃)မျိုးသော တရားတို့တွင် တစ်မျိုးမျိုးသော တရားဟူသော ထိုထိုတရား၏သာလျှင် ထင်ရှားမှု ရှိသော်လည်း - (၁) သဗ္ဗံ ဘိက္ခဝေ အဘိညေယျံ။ (သံ-၂-၂၅၈။ ခု-၉-၆။) (၂) သဗ္ဗဉ္စ ခေါ ဘိက္ခဝေ အဘိဇာနံ။ (သံ-၂-၂၅ဝ။) (၁) အလုံးစုံသော ရုပ်တရား နာမ်တရားကို ထိုးထွင်းသိအပ်၏ဟု လည်းကောင်း၊ (၂) ရဟန်းတို့ …အလုံးစုံသော ရုပ်တရား နာမ်တရားကို ထိုးထွင်းသိခဲ့သော် (သံသရာဝဋ်ဆင်းရဲဒုက္ခ
如上所说,虽然不同瑜伽行者的智中,触、受、识3法只会有某一法特别显著,但是世尊开示:(1)“诸比丘,一切皆应证知。”(《相应部》2-258;《小部》9-6。)(2)“诸比丘,证知一切之后——”(《相应部》2-250。)也就是说:(1)一切色法、名法都应透彻了知;(2)诸比丘,若透彻了知一切色法、名法,轮回之苦——
ကုန်ဆုံးနိုင်၏) ----
便能灭尽。
ဤသို့ စသည်ဖြင့်လည်းကောင်း ဘုရားရှင်သည် ဟောကြားထားတော်မူသောကြောင့် အလုံးစုံသော လက္ခဏာရေး သုံးတန်တင်၍ ဝိပဿနာ ရှုပွားသုံးသပ်ခြင်းငှာထိုက်သော သမ္မသနုပဂဓမ္မ အမည်ရသည့် ရုပ် တရား နာမ်တရားတို့ကို ရှေးဦးစွာ ဉာဏ်ဖြင့် ပိုင်းခြား ယူအပ်၏ သိမ်းဆည်းအပ်၏ဟု ညွှန်ပြတော်မူလိုသော အဋ္ဌကထာဆရာတော်သည် အထက်ပါ စကားရပ်များကို မိန့်ဆိုတော်မူခြင်း ဖြစ်သည်။
由于世尊有上述种种开示,义注师为了指出“一切适合安立三相而作观禅思惟的色法、名法,都应先以智辨别并把握”,才说出上文这些话。
ယင်းအဋ္ဌကထာစကားရပ်ဝယ် ဖဿပဉ္စမကတရားတို့ကိုပင်လျှင် ဉာဏ်ဖြင့် ပိုင်းခြားယူရန် သိမ်းဆည်းရန် အဋ္ဌကထာဆရာတော် ဖွင့်ဆိုခြင်းမှာ ပဓာနနည်းအားဖြင့် ဖွင့်ဆိုခြင်း ဖြစ်သည်။ စိတ္တက္ခဏ တစ်ခု တစ်ခု၏ အတွင်း၌ တည်ရှိကြကုန်သော နာမ်တရားစုတို့တွင် သင်္ခါရက္ခန္ဓာစာရင်းဝင် ဖြစ်ကုန်သော ဖဿ စေတနာတို့ကို သိမ်းဆည်းပါဟု ဆိုသဖြင့် ပဓာနဖြစ်သော ပြဓာန်းသော ဖဿ စေတနာတို့ကို သိမ်းဆည်းရလျှင် အပ္ပဓာန ဖြစ်သော မပြဓာန်းသော ကြွင်းကျန်သည့် ယှဥ်ဖက် သမ္ပယုတ်တရားတို့ကိုလည်း သိမ်းဆည်းရမည်သာ ဖြစ်သည်။
义注说应当把握触等五法,是从主要项目来说明。每一心刹那中的名法聚里,触与思属于行蕴;既说应把握这两项主要法,也就必须把握其余非主要的相应法。
ဖဿ စေတနာကို ယူသဖြင့် သင်္ခါရက္ခန္ဓာစာရင်းဝင် ပရမတ်ဓာတ်သား အားလုံးကို သိမ်းကျုံးယူရသောကြောင့် ဖြစ်သည်။ အကြောင်းမူ ထိုသင်္ခါရက္ခန္ဓာတရားစုတို့တွင် စေတနာ ပြဓာန်းသောကြောင့် ဖြစ်၏၊ ဘုရားရှင် ကိုယ်- တော်တိုင်ပင်လျှင် ဝိဘင်းပါဠိတော်ဝယ် သုတ္တန္တဘာဇနီယနည်း၌ သင်္ခါရက္ခန္ဓာမှတစ်ပါး ကျန်ခန္ဓာ (၄)ပါးတို့ကို
因为举出触与思,就总摄了行蕴中一切究竟界法;其理由是思在行蕴诸法中居于主导地位。世尊在《分别论》的经分别中,虽依自体分别宣说行蕴以外的其余4蕴,但在分别行蕴时——
原书第 8 页
သရုပ်ထုတ်၍ ဟောကြားတော်မူအပ်ပါသော်လည်း သင်္ခါရက္ခန္ဓာကို ဝေဖန်ဟောကြားတော်မူရာဝယ် စေတနာ ကိုသာ ပဓာနထား၍ ဝေဖန် ဟောကြားတော်မူသော ထုံးဟောင်းတစ်ရပ်လည်း ထင်ရှား ရှိနေပေသည်။
则以思为主而作分别宣说。这也是一项明确的古来教规。
(မ-ဋီ-၁-၃၇ဝ။)
(《中部复注》1-370。)
ဤ အထက်ပါ အဋ္ဌကထာ ဋီကာတို့၏ သတ်မှတ်ချက်အရ ဖဿက စ၍ဖြစ်စေ၊ ဝေဒနာက စ၍ဖြစ်စေ၊ အသိစိတ်ဝိညာဏ်က စ၍ဖြစ်စေ နာမ်တရားတို့ကို သိမ်းဆည်းရာ၌ စိတ္တက္ခဏ တစ်ခု တစ်ခု အတွင်း၌ ဖဿ တစ်လုံးတည်း၊ ဝေဒနာတစ်လုံးတည်း၊ အသိစိတ် = ဝိညာဏ်တစ်လုံးတည်းကိုသာ သိမ်းဆည်းရသည်ကား မဟုတ်၊ ယှဥ်ဖက် စိတ်+စေတသိက် = သမ္ပယုတ်တရားစုအားလုံးကို သိမ်းဆည်းရသည်ဟု မှတ်ပါ။ ဤကျမ်းစာ အစပိုင်း ကောင်းသော ည တစ်ည ပိုင်းတွင် ရှင်းလင်းတင်ပြခဲ့သည့် သဠာယတနဝဂ္ဂသံယုတ်ပါဠိတော် အပရိဇာနနသုတ္တန် ဘုရားဟော ပါဠိတော်နှင့် အညီပင် ဖြစ်ပေသည်။
依上述义注与复注的规定,从触、受或识任何一法入手把握名法时,并不是在一个心刹那中只把握单独一个触、受或识,而是必须把握所有相应的心与心所。此义也符合本书开头《一夜贤者》篇曾说明的《六处品相应·未遍知经》佛说。