摄取色法与名法部分
《趣向涅槃之道》中文全译本 · 非缩略版
名色分别章 · 原书第 275–279 页 · 26 个翻译单元
本页并入了原书的相邻小节:摄取色法与名法部分。
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书第 275 页
ရူပါရူပပရိဂ္ဂဟ အခန်း
色非色把握章
ရုပ်-နာမ်ကို သိမ်းဆည်းပုံ အပိုင်း
摄取色法与名法部分
၁။ ရုပ်ကမ္မဋ္ဌာန်းပိုင်းတွင် (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ တည်ရှိကြသော ရုပ်အစစ် ရုပ်အတု အားလုံးတို့ကို (ကမ္မဇရုပ်တို့နှင့်တကွ စိတ္တဇ-ဥတုဇ-အာဟာရဇ ရုပ်အစစ် ရုပ်အတုတို့ အဝင်အပါ ရုပ်အားလုံးတို့ကို) ခြုံငုံ၍ - ယင်းရုပ်တရားတို့၏ အအေး အပူ စသော အကြောင်းတို့ကြောင့် ရှေးရုပ်အစဥ်နှင့် နောက်ရုပ်အစဥ်တို့၏ မတူ သော ဖြစ်ခြင်းရှိမှု = ဖောက်ပြန်မှု သဘောကို အာရုံယူ၍ --- ၁။ ရုပ်တရား ရုပ်တရား - ဟု သိမ်းဆည်းပုံကို ဖော်ပြခဲ့၏။
1.在色业处部分,本书已经说明:把六门、四十二身分中的一切真实色法与非真实色法——包括业生色,以及心生、时节生、食生的真实色法、非真实色法——总括起来,取这些色法由于冷、热等因而使后后的色相续异于前前色相续生起、也就是变坏之性为所缘,观为“色法、色法”。
ယခုတစ်ဖန် ဤနာမ်ကမ္မဋ္ဌာန်းပိုင်းတွင်လည်း နာမ်တရားတို့ကို နာမ်တုံးနာမ်ခဲ နာမ်ဃန အသီးအသီး ပြိုအောင် ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ဉာဏ်ဖြင့် ပိုင်းခြားယူနိုင် သိမ်းဆည်းနိုင်သောအခါ ထိုနာမ်တရားတို့၏ ရူပါရုံ စသည့် မိမိတို့ အာရုံယူနေသည့် ထိုထို အာရုံသို့ ညွတ်ကိုင်းရှိုင်းနေသည့် သဘောကို အာရုံယူ၍ --- ၂။ နာမ်တရား နာမ်တရား - ဟု သိမ်းဆည်းပုံကိုလည်း ဖော်ပြပြီး ဖြစ်၏။
2.现在,在名业处部分,本书也已经说明:应以智拆解、破除各个称为名法密集的名法团块,直至能够以智分别、摄取诸名法;然后取这些名法朝向、倾向色所缘等各自所缘之性为所缘,观为“名法、名法”。
ထိုနောင် ဆက်လက်၍ ပြုလုပ်ရမည့် လုပ်ငန်းခွင်ကို ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၌ ဤသို့ ညွှန်ကြားထားတော်မူ၏။
此后还应继续进行的实修工作,《清净道论》作了如下指示。
၃။ ရုပ်-နာမ် ခွဲပါ သိမ်းဆည်းပါ
3.分别色名,加以摄取
၁။ ယော ဟိ စတ္တာရိ မဟာဘူတာနိ ပရိဂ္ဂဟေတွာ ဥပါဒါရူပံ ပရိဂ္ဂဏှာတိ၊ ၂။ အရူပံ ပရိဂ္ဂဏှာတိ၊ ၃။ ရူပါရူပံ ပန ပရိဂ္ဂဏှန္တော … ၄။ ယောပိ ရူပါရူပံ ပရိဂ္ဂဟေတွာ နာမရူပံ ဝဝတ္ထပေန္တော …(အဘိ-ဋ္ဌ-၁-၂၆ဝ။) တတော နမနလက္ခဏံ နာမံ၊ ရုပ္ပနလက္ခဏံ ရူပန္တိ သင်္ခေပတော နာမရူပံ ဝဝတ္ထပေတိ။
“1.有人把握四大种以后,继续把握所造色;2.把握非色法;3.而在把握色法与非色法时……;4.又有人把握色法与非色法以后,在分别名色时……”(《殊胜义注》1“此后,简略地分别名色:有趋向之特相者为名,有变坏之特相者为色。”
(ဝိသုဒ္ဓိ-၂-၂၂၂။)
(《清净道论》2-222。)
ဣတိ ဣဒဉ္စ နာမံ၊ ဣဒဉ္စ ရူပံ၊ ဣဒံ ဝုစ္စတိ နာမရူပန္တိ သင်္ခေပတော နာမရူပံ ဝဝတ္ထပေတိ။
“如此,他简略地分别名色:‘这是名,这是色,这就称为名色。’”
(ဝိသုဒ္ဓိ-၂-၂၂၅။)
(《清净道论》2-225。)
ဤအထက်ပါ အဋ္ဌကထာများ၏ ညွှန်ကြားထားတော်မူချက်အရ ယောဂါဝစရပုဂ္ဂိုလ်သည် --- ရုပ်ကို သိမ်းဆည်းခြင်း၊ နာမ်ကိုသိမ်းဆည်းခြင်း လုပ်ငန်းရပ်များကို ပြုလုပ်ပြီးသောအခါ --- ၃။ ရုပ်+နာမ်ကို သိမ်းဆည်းခြင်း = ရုပ်-နာမ် ခွဲခြင်း ၄။ ရုပ်+နာမ်ကို ပိုင်းခြားမှတ်သားခြင်း --- ဤနှစ်မျိုးသော လုပ်ငန်းရပ်တို့ကိုလည်း ဆက်လက်၍ ကြိုးပမ်းရဦးမည် ဖြစ်သည်။ နာမ်တရားတို့ကို သိမ်းဆည်းရာ၌ အာယတနဒွါရ အလိုက် သိမ်းဆည်းထားသဖြင့် ရုပ်+နာမ်ကို သိမ်းဆည်းရာ = ရုပ်+နာမ်ကို ခွဲရာ၌လည်း အာယတနဒွါရအလိုက် သိမ်းဆည်းခြင်းက ပို၍ ဆီလျော်ပေသည်။ ထိုသိမ်းဆည်းရာ၌ ရုပ်ပိုင်းတွင် လွယ်ကူမှုရှိစေရန် ရည်ရွယ်၍ ဇယားများတွင် မှီရာဝတ္ထုရုပ်များကို ဖော်ပြထားသည့်အတိုင်း ရုပ်အစစ်တို့ကို ပဓာနထား၍ ဆိုင်ရာဒွါရ၌ ရနိုင်သမျှ ရုပ်အတုတို့ကိုပါ ရောနှောသိမ်းဆည်းလျက် ရုပ်-နာမ်ကို သိမ်းဆည်းပါ။
依上述诸义注的指示,瑜伽行者完成摄取色法、摄取名法两项工作以后,还必须继续努力完成另外两项工作:3.摄取色法与名法,也就是分别色名;4.分别判定色法与名法。由于摄取名法时采用的是处门系统,所以分别、摄取色名时,依处门进行也更为适宜。为了使其中色法一侧较易操作,应以诸表所列的所依处色为准,以真实色法为主,同时把相应门中一切能够取得的非真实色法混合摄取,如此摄取、分别色名。
原书第 276 页
ဇယားများ၌ကား ဝိပဿနာရှုကောင်းသော ဝိပဿနာဉာဏ်၏ အရှုခံအာရုံဖြစ်သော ရုပ်အစစ်တို့ကိုသာ ပဓာန ထား၍ ဖော်ပြထားပါသည်။ (စက္ခုဒွါရ သောတဒွါရ ဃာနဒွါရ ဇိဝှါဒွါရ မနောဒွါရ တို့၌ ၅၄- မျိုးကုန်သော ရုပ်အစစ်များ၊ ကာယဒွါရ၌ ၄၄ - မျိုးကုန်သော ရုပ်အစစ်များသာ တည်ရှိကြသည်ကို သတိပြုပါ။) ဤတွင် ရူပါရုံလိုင်း၌ ဇယားတွင် ဖော်ပြထားသည့် --- ပထမအတန်း အကောင်းအုပ်စု ကုသိုလ်ဇောများစောသည့် စက္ခု ဒွါရဝီထိ မနောဒွါရဝီထိတို့၌ ရုပ်-နာမ် သိမ်းဆည်းပုံကို နမူနာအဖြစ် ဖော်ပြအပ်ပါသည်။
诸表以适合作为观智所观之所缘的真实色法为主而列示。〔应注意:眼门、耳门、鼻门、舌门与意门各有五十四种真实色法;身门则只有四十四种真实色法。〕这里以色所缘线表中第一行善组——善速行生起的眼门心路及意门心路——为例,说明如何摄取色法与名法。
၁။ ပဉ္စဒွါရာဝဇ္ဇန်း၌ --- ဟဒယရှိ မှီရာဝတ္ထုရုပ် (၅၄)မျိုးနှင့် ရူပါရုံက - ရုပ်တရား စိတ်+စေတသိက် (၁၁)လုံးက - နာမ်တရား ၂။ စက္ခုဝိညာဏ်၌ --- စက္ခုရှိ မှီရာဝတ္ထုရုပ် (၅၄)မျိုးနှင့် ရူပါရုံက - ရုပ်တရား စိတ်+စေတသိက် (၈)လုံးက - နာမ်တရား ၃။ သမ္ပဋိစ္ဆိုင်း၌ --- ဟဒယရှိ မှီရာဝတ္ထုရုပ် (၅၄)မျိုးနှင့် ရူပါရုံက - ရုပ်တရား စိတ်+စေတသိက် (၁၁)လုံးက - နာမ်တရား ၄။ သန္တီရဏ၌ --- ဟဒယရှိ မှီရာဝတ္ထုရုပ် (၅၄)မျိုးနှင့် ရူပါရုံက - ရုပ်တရား စိတ်+စေတသိက် (၁၂)လုံးက - နာမ်တရား ၅။ ဝုဋ္ဌော၌ --- ဟဒယရှိ မှီရာဝတ္ထုရုပ် (၅၄)မျိုးနှင့် ရူပါရုံက - ရုပ်တရား စိတ်+ စေတသိက် (၁၂)လုံးက - နာမ်တရား ၆။ ဇော (ပထမဇော) ၌ --- ဟဒယရှိ မှီရာဝတ္ထုရုပ် (၅၄)မျိုးနှင့် ရူပါရုံက - ရုပ်တရား စိတ်+စေတသိက် (၃၄)လုံးက - နာမ်တရား (ဒုတိယဇော စသည်၌လည်း ပုံစံတူ ရှုပါ။) ၇။ ပထမတဒါရုံ၌ ---
1.五门转向——心脏处的五十四种所依处色与色所缘,是色法;心与心所十一法,是名法。2.眼识——眼处的五十四种所依处色与色所缘,是色法;心与心所八法,是名法。3.领受——心脏处的五十四种所依处色与色所缘,是色法;心与心所十一法,是名法。4.推度——心脏处的五十四种所依处色与色所缘,是色法;心与心所十二法,是名法。5.确定——心脏处的五十四种所依处色与色所缘,是色法;心与心所十二法,是名法。6.速行〔第一速行〕——心脏处的五十四种所依处色与色所缘,是色法;心与心所三十四法,是名法。〔第二速行等也以同样方式观照。〕7.第一彼所缘
ဟဒယရှိ မှီရာဝတ္ထုရုပ် (၅၄)မျိုးနှင့် ရူပါရုံက - ရုပ်တရား စိတ်+စေတသိက် (၃၄)လုံးက - နာမ်တရား (ဒုတိယ တဒါရုံ၌လည်း ပုံစံတူ ရှုပါ။) ဘဝင် - ၌ --- ဟဒယရှိ မှီရာဝတ္ထုရုပ် (၅၄)မျိုးက - ရုပ်တရား ဘဝင်- စိတ်+စေတသိက် (၃၄)လုံးက - နာမ်တရား 〔〔〔ဘဝင်တိုင်း၌ နည်းတူ ရှုပါ။ ဘဝင်သည် အတိတ် မရဏာသန္နဇော၏ အာရုံဖြစ်သော ကံ-ကမ္မနိမိတ်- ဂတိနိမိတ်ဟူသော အာရုံ (၃)မျိုးတို့တွင် တစ်မျိုးမျိုးကို အာရုံပြုသဖြင့် ဤအဆင့်တွင်ကား ဘဝင်၏ အာရုံမှန်ကို ပုံစံမှန် မရှုနိုင်သေးပါက ဘဝင်နာမ်တရား သိမ်းဆည်းမှုကို ခေတ္တချန်လှပ်ထားပါ။ ပဋိစ္စသမုပ္ပါဒ်ပိုင်းသို့ ရောက်ရှိ
心脏处的五十四种所依处色与色所缘,是色法;心与心所三十四法,是名法。〔第二彼所缘也以同样方式观照。〕有分——心脏处的五十四种所依处色,是色法;本例中的有分心与心所三十四法,是名法。〔每一有分都同样观照。由于有分取前生临死速行的三种所缘——业、业相、趣相——中的任一种为所缘,所以在现阶段,如果尚不能以正确方法观到有分的真实所缘,可以暂时略去对有分名法的摄取。到了缘起部分,
原书第 277 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- နာမ ဝဝတ္ထာနအခန်း ရူပါရူပပရိဂ္ဂဟ အခန်း ၍ ဘဝင်၏ အာရုံမှန်ကို ပုံစံမှန် ရှုနိုင် သိမ်းဆည်းနိုင်သောအခါ၌ကား ဝီထိစိတ်တို့၏ အကြား၌ တည်ရှိကြကုန်- သော ယင်းဘဝင်နာမ်တရားတို့ကိုပါ ရောနှော၍ သိမ်းဆည်းပါ။ ထိုသို့ သိမ်းဆည်းနိုင်သော အခါ၌ --- မိမိ၏ ဘဝင်ကို မိမိ ကိုယ်တိုင် သေချာစွာ ဆန်းစစ်၍ --- သောမနဿဝေဒနာနှင့် ယှဥ်သည် သို့မဟုတ် ဥပေက္ခာ ဝေဒနာယှဥ်သည်ကိုလည်းကောင်း၊ ပီတိယှဥ်သည် မယှဥ်သည်ကိုလည်းကောင်း၊ ဉာဏ်ယှဥ်သည် မယှဥ်သည် ကိုလည်းကောင်း စိတ်+စေတသိက် = နာမ်တရား အရေအတွက် မည်မျှရှိသည်ကိုလည်းကောင်း ဉာဏ်ဖြင့် ပိုင်းခြား၍ သိမ်းဆည်းပါ။ မှီရာဝတ္ထုရုပ် (၅၄)မျိုးဟု ဆိုခြင်းမှာ ယခုလက်ရှိ ပစ္စုပ္ပန် ဖြစ်ဆဲဘဝင်၏ မှီရာဝတ္ထုရုပ်ကို ရည်ရွယ်၍ ဆိုခြင်း ဖြစ်သည်။ ပဋိသန္ဓေနောင် ပထမဘဝင်၌ကား အာဟာရဇရုပ်တို့ ယုတ်လျော့ဖွယ်ရာ
能够以正确方法观到并摄取有分的真实所缘时,也应把存在于各路心之间的那些有分名法混合进来,一并摄取。能够这样摄取时,应亲自仔细审察自己的有分,以智分别并摄取:它与悦受相应还是与舍受相应,是否与喜相应,是否与智相应,以及心与心所这一组名法共有多少法。所谓五十四种所依处色,是指当前正在发生的现在有分之所依处色;结生之后的第一有分,则可能缺少食生色;
ရှိပေသည်။ ဒုတိယဘဝင် စသည်တို့၌လည်း အမိစားမျိုလိုက်သော အစာအာဟာရ၏ သူငယ်၏ ခန္ဓာအိမ်သို့ မပျံ့နှံ့မချင်း အာဟာရဇရုပ်များ ယုတ်လျော့နေမည်သာ ဖြစ်သည်။ မနောဒွါရဝီထိများ၌ ရုပ်နာမ်သိမ်းဆည်းပုံကို ဆက်လက်၍ ဖော်ပြပါသည်။〕 ၁။ မနောဒွါရာဝဇ္ဇန်း၌ --- ဟဒယရှိ မှီရာဝတ္ထုရုပ် (၅၄)မျိုးနှင့် ရူပါရုံက - ရုပ်တရား စိတ်+စေတသိက် (၁၂)လုံးက - နာမ်တရား ၂။ ပထမဇော၌ --- ဟဒယရှိ မှီရာဝတ္ထုရုပ် (၅၄)မျိုးနှင့် ရူပါရုံက - ရုပ်တရား စိတ်+စေတသိက် (၃၄)လုံးက - နာမ်တရား (ဒုတိယဇော စသည်၌လည်း ပုံစံတူရှုပါ။) ၃။ ပထမ တဒါရုံ၌ --- ဟဒယရှိ မှီရာဝတ္ထုရုပ် (၅၄)မျိုးနှင့် ရူပါရုံက - ရုပ်တရား စိတ်+စေတသိက် (၃၄)လုံးက - နာမ်တရား (ဒုတိယ တဒါရုံ၌လည်း နည်းတူရှုပါ။) ဤကား ဉာဏ်နုသူ အဘိဓမ္မာအခြေခံပညာ အားနည်းသူတို့အတွက် ဖော်ပြခြင်းမျှသာ ဖြစ်ပါသည်။ ဉာဏ် ရင့်ကျက်သူ အဘိဓမ္မာအခြေခံပညာ အားကောင်းသူတို့အတွက်ကား ဤမျှ ရှင်းပြဖွယ်ရာလိုမည် မဟုတ်ပေ။
第二有分等也一样:在母亲吞下的食物营养尚未扩散至胎儿身体以前,食生色都会有所缺少。下面继续说明如何在意门心路中摄取色法与名法。〕1.意门转向——心脏处的五十四种所依处色与色所缘,是色法;心与心所十二法,是名法。2.第一速行——心脏处的五十四种所依处色与色所缘,是色法;心与心所三十四法,是名法。〔第二速行等也以同样方式观照。〕3.第一彼所缘——心脏处的五十四种所依处色与色所缘,是色法;心与心所三十四法,是名法。〔第二彼所缘也同样观照。〕这里只是为智慧尚嫩、阿毗达磨基础薄弱者而作的说明;对于智慧成熟、阿毗达磨基础扎实者,则不必作这么多解释。
ရူပါရုံလိုင်း အကောင်းအုပ်စုဝယ် ကြွင်းကျန်ကုန်သော အတန်းတိုင်းရှိ ဝီထိစိတ္တက္ခဏတိုင်း၌လည်းကောင်း ရူပါရုံလိုင်း မကောင်းအုပ်စုတို့၌လည်းကောင်း သဒ္ဒါရုံလိုင်း ဂန္ဓာရုံလိုင်း ရသာရုံလိုင်း ဖောဋ္ဌဗ္ဗာရုံလိုင်း ဓမ္မာရုံ လိုင်းတို့၌လည်းကောင်း နည်းမှီး၍ ရုပ်နာမ်ကို သိမ်းဆည်းပါလေ။ ထူးရာကိုသာ ကွက်၍ ဆိုပေအံ့ --- သောတဝိညာဏ်၌ --- သောတရှိ မှီရာဝတ္ထုရုပ် (၅၄)မျိုးနှင့် သဒ္ဒါရုံက - ရုပ်တရား စိတ်+စေတသိက် (၈)လုံးက - နာမ်တရား ဃာနဝိညာဏ်၌ --- ဃာနရှိ မှီရာဝတ္ထုရုပ် (၅၄) မျိုးနှင့် ဂန္ဓာရုံက - ရုပ်တရား စိတ်+စေတသိက် (၈)လုံးက - နာမ်တရား ဇိဝှါဝိညာဏ်၌ --- ဇိဝှါရှိ မှီရာဝတ္ထုရုပ် (၅၄)မျိုးနှင့် ရသာရုံက - ရုပ်တရား စိတ်+စေတသိက် (၈)လုံးက - နာမ်တရား
色所缘线善组其余各行的每一心刹那、色所缘线不善组,以及声所缘线、香所缘线、味所缘线、触所缘线、法所缘线,都应依此类推而摄取色法与名法。这里只举不同之处:耳识——耳处的五十四种所依处色与声所缘,是色法;心与心所八法,是名法。鼻识——鼻处的五十四种所依处色与香所缘,是色法;心与心所八法,是名法。舌识——舌处的五十四种所依处色与味所缘,是色法;心与心所八法,是名法。
原书第 278 页
ကာယဝိညာဏ်၌ --- ကာယရှိ မှီရာဝတ္ထုရုပ် (၄၄)မျိုးနှင့် ဖောဋ္ဌဗ္ဗာရုံက - ရုပ်တရား စိတ်+စေတသိက် (၈)လုံးက - နာမ်တရား သောတဝိညာဏဝီထိ ဃာနဝိညာဏဝီထိ ဇိဝှါဝိညာဏဝီထိ ကာယဝိညာဏဝီထိတို့၏ အတွင်း၌ ပါဝင် တည်ရှိကြသော၊ ကြွင်းကျန်သော ဝီထိစိတ်+စေတသိက်တို့သည် ဟဒယဝတ္ထုရုပ်ကိုချည်း မှီ၍ ဖြစ်ကြပေသည်။
身识——身处的四十四种所依处色与触所缘,是色法;心与心所八法,是名法。耳识心路、鼻识心路、舌识心路与身识心路中所含的其余路心及心所,都只依心所依处色而生。
ရုပ်-နာမ် ခွဲပုံ သိမ်းဆည်းပုံ သဘောပေါက်သင့်ပေပြီ။ ဓမ္မာရုံလိုင်းတွင် စက္ခုအကြည်ဓာတ် ဓမ္မာရုံကို အာရုံပြု၍ ဖြစ်ပေါ်လာသော မနောဒွါရဝီထိတစ်ခုကို ပုံစံနမူနာအဖြစ်ဖြင့် ဖော်ပြအပ်ပါသည်။
至此,应当已经理解如何分别并摄取色法与名法。下面在法所缘线中,以眼净色这一法所缘为所缘而生起的一道意门心路为例加以说明。
၁။ မနောဒွါရာဝဇ္ဇန်း၌ --- ဟဒယရှိ မှီရာဝတ္ထုရုပ် (၅၄)မျိုးနှင့် စက္ခုအကြည်ဓာတ်က - ရုပ်တရား စိတ်+စေတသိက် (၁၂)လုံးက - နာမ်တရား ၂။ ပထမဇော၌ --- ဟဒယရှိ မှီရာဝတ္ထုရုပ် (၅၄) မျိုးနှင့် စက္ခုအကြည်ဓာတ်က - ရုပ်တရား စိတ်+စေတသိက် (၃၄) လုံးက - နာမ်တရား (ဒုတိယဇောမှ သတ္တမဇောတိုင်အောင် နည်းတူ ရှုပါ။) ၃။ ပထမတဒါရုံ၌ --- ဟဒယရှိ မှီရာဝတ္ထုရုပ် (၅၄) မျိုးနှင့် စက္ခုအကြည်ဓာတ်က - ရုပ်တရား စိတ်+စေတသိက် (၃၄) လုံးက - နာမ်တရား (ဒုတိယ တဒါရုံ၌လည်း နည်းတူ ရှုပါ။) လိုရင်းအချုပ် မှတ်သားရန်မှာ --- မှီရာဝတ္ထုရုပ် (၅၄)၊ (၄၄)တို့၌ မိမိသိမ်းဆည်းသည့် အာရုံရုပ်တစ်ခုကို ပေါင်း၍ ရုပ်တရားဟု သိမ်းဆည်းရန် ဖြစ်ပေသည်။ နာမ်တရားတို့ကိုကား ဇယားတွင် ဖော်ထားသည့်အတိုင်း သိမ်းဆည်းပါ။ ဇယားအတိုင်း အတန်းလိုက် တစ်တန်းလုံး တစ်တန်းလုံး၌ တည်ရှိသော ရုပ်+နာမ်တို့ကို သိမ်း-
1.意门转向——心脏处的五十四种所依处色与眼净色,是色法;心与心所十二法,是名法。2.第一速行——心脏处的五十四种所依处色与眼净色,是色法;心与心所三十四法,是名法。〔从第二速行直到第七速行,都同样观照。〕3.第一彼所缘——心脏处的五十四种所依处色与眼净色,是色法;心与心所三十四法,是名法。〔第二彼所缘也同样观照。〕应当记住的要点是:在五十四种或四十四种所依处色上,加上自己正在摄取的那一种对象色法,合起来摄取为色法;名法则依表中所列摄取。依表逐行摄取每一整行中存在的色法与名法;能够摄
ဆည်းနိုင်သောအခါ တစ်တန်းလုံးကို ခြုံငုံ၍ --- ရုပ်တရား-နာမ်တရား --- ရုပ်တရား-နာမ်တရား --- ဟု သိမ်းဆည်းပါ။
取整行以后,就把整行统摄起来,观作“色法—名法,色法—名法”,这样加以摄取。
原书第 279 页
နာမရူပဝဝတ္ထာန အခန်း
名色分别章
၄။ နာမရူပဝဝတ္ထာန = ရုပ်+နာမ်ကို ပိုင်းခြား မှတ်သားခြင်း သော ဧဝံ ဖဿာဒီနံ ဝသေန ဥပဋ္ဌိတေ စတ္တာရော အရူပိနော ခန္ဓေ နာမန္တိ၊ တေသံ အာရမ္မဏဘူတာနိ စတ္တာရိ မဟာဘူတာနိ၊ စတုန္နဉ္စ မဟာဘူတာနံ ဥပါဒါယရူပံ ရူပန္တိ ဝဝတ္ထပေတိ။ ဣတိ အဋ္ဌာရသ ဓာတုယော ဒွါဒသာယတနာနိ ပဉ္စက္ခန္ဓာတိ သဗ္ဗေပိ တေဘူမကေ ဓမ္မေ ခဂ္ဂေန သမုဂ္ဂံ ဝိဝရမာနော ဝိယ ယမကတာလကန္ဒံ ဖာလယမာနော ဝိယ စ နာမဉ္စ ရူပဉ္စာတိ ဒွေဓာ ဝဝတ္ထပေတိ။ နာမရူပမတ္တတော ဥဒ္ဓံ အညော သတ္တော ဝါ ပုဂ္ဂလော ဝါ ဒေဝေါ ဝါ ဗြဟ္မာ ဝါ နတ္ထီတိ နိဋ္ဌံ ဂစ္ဆတိ။ (ဝိသုဒ္ဓိ-၂-၂၂၇-၂၂၈။) ယောဂါဝစရပုဂ္ဂိုလ်သည် ရုပ်တရားတို့ကို ကောင်းမွန်စင်ကြယ်စွာ အသိဉာဏ်၌ ထင်လင်းအောင် သိမ်း- ဆည်းပြီးသောအခါ နာမ်တရားတို့ကိုလည်း ဆက်လက် သိမ်းဆည်း၏။ ထိုသို့ နာမ်တရားတို့ကို သိမ်းဆည်း ရာ၌ --- ၁။ ဖဿက စ၍ သိမ်းဆည်းသောနည်း ၂။ ဝေဒနာက စ၍ သိမ်းဆည်းသောနည်း
四、名色分别(`nāmarūpavavatthāna`)=分别辨识“他把依触等而显现的四个非色蕴确定为名;把作为它们所缘的四大种,以及依四大种而有的所造色,确定为色。如是,他把十八界、十二处、五蕴这一切三地之法分成名与色二类,犹如以剑劈开匣子,又如劈开双生多罗树芽。他获得结论:除了名色之外,并无另外的有情、补特伽罗、天或梵天。”(《清净道论》2-227—228。)瑜伽行者已把色法清净、清楚地摄取,使其明现于智中之后,继续摄取名法。摄取名法有三种方法:1.从触开始摄取;2.从受开始摄取;
၃။ အသိစိတ် = ဝိညာဏ်က စ၍ သိမ်းဆည်းသောနည်း ဤ (၃)နည်းတို့တွင် --- တစ်နည်းနည်း၏ အစွမ်းဖြင့် ထိုယောဂါဝစရပုဂ္ဂိုလ်သည် နာမ်တရားတို့ကို သိမ်း- ဆည်းလတ်သော် မိမိ၏ အသိဉာဏ်၌ ထင်ရှားစွာ တည်လာကုန်သော ထင်လာကုန်သော ဝေဒနာ-သညာ- သင်္ခါရ-ဝိညာဏ် ဟူသော နာမ်ခန္ဓာ (၄)ပါးတို့ကို နာမ်တရား --- ဟူ၍လည်းကောင်း၊ ထိုနာမ်တရားတို့၏ အာရုံ ဖြစ်ကုန်သော မဟာဘုတ် = ဓာတ်ကြီး (၄)ပါးတို့နှင့် ထိုမဟာဘုတ် = ဓာတ်ကြီး (၄)ပါးတို့ကို မှီ၍ဖြစ်ကြကုန်- သော ဥပါဒါရုပ်အပေါင်းကို ရုပ်တရား --- ဟူ၍လည်းကောင်း ပိုင်းခြားမှတ်သား၏။ ဤသို့လျှင် ဓာတ် (၁၈)ပါး၊ အာယတန (၁၂)ပါး၊ ခန္ဓာ (၅)ပါးတည်းဟူသော အလုံးစုံလည်း ဖြစ်ကုန်သော ဘုံသုံးပါးအတွင်း၌ တည်ရှိကြ ကုန်သော = ဤတေဘူမက ရုပ်-နာမ်တရားတို့ကို ပူတာတံတင်းနှင့် တူသော ကြီးစွာသော ပန်းကပ်ကို = ကြုတ် ကြီးကို နှစ်ဖြာထက်ခြမ်း ဖြန်းဖြန်းကွဲအောင် သန်လျက်ဖျားဖြင့် ကလပ်လိုက် ဖွင့်လိုက်ဘိသကဲ့သို့လည်းကောင်း၊
3.从认知心,即识开始摄取。在这三种方法中,瑜伽行者依任一种方法摄取名法时,把清楚呈现、成立于自己智中的受、想、行、识四种名蕴分别辨识为名法;把作为这些名法所缘的四大种〔四大界〕,以及依这四大种而生的一切所造色,分别辨识为色法。如是,他把十八界、十二处、五蕴,也就是存在于三界中的这一切三地色名法,如同以剑尖撬开一个大匣,使之豁然裂作两半;
ထန်းပင်ပေါက် ထန်းမြစ်ဟူသော ထန်းဖုညှောက်အစုံကို နှစ်ဖြာထက်ခြမ်း ဖြန်းဖြန်းကွဲအောင် အဖျားမှ ကိုင်၍ ခွဲချလိုက်ဘိသကဲ့သို့လည်းကောင်း --- နာမ်တရားဟူ၍လည်းကောင်း၊ ရုပ်တရားဟူ၍လည်းကောင်း နှစ်ဖို့နှစ်စု အားဖြင့် ပိုင်းခြားမှတ်သား၏။ ဘုံသုံးပါးအတွင်း၌ နာမ်ရုပ်မျှသာ ရှိ၏၊ နာမ်-ရုပ်မျှမှ အထက်၌ နာမ်ရုပ်ထက် အပိုအလွန်ဖြစ်သော ပုဂ္ဂိုလ်-သတ္တဝါ-ဇီဝ-အတ္တ-လူ-နတ်-ဗြဟ္မာ သည် မရှိသည်သာတည်းဟု ဆုံးဖြတ်ချက် ချနိုင်ခြင်းသို့ ရောက်၏။ (ဝိသုဒ္ဓိ-၂-၂၂၇-၂၂၈။) ဤအထက်ပါ ညွှန်ကြားချက်အရ --- (၆)လိုင်းလုံး၌ ရုပ်+နာမ်တို့ကို စိတ္တက္ခဏတိုင်း၌ စိတ္တနိယာမ လမ်းကြောင်းအတိုင်း ပူးတွဲသိမ်းဆည်းနိုင်သောအခါ ယင်း ရုပ်+နာမ်တို့ကိုပင် အာရုံယူ၍ ယင်း ရုပ်-နာမ်တို့၌ ပုဂ္ဂိုလ်-သတ္တဝါ-ဇီဝ-အတ္တမှ ဆိတ်သုဥ်းမှု၊ လူ-နတ်-ဗြဟ္မာ ထင်ရှား မရှိမှု၊ ရုပ်+နာမ် အစုအပုံမျှသာ ရှိမှုကို
又如从顶端捉住一双多罗树的嫩芽与初生根,把它劈落成豁然分开的两半——他就是这样分别辨识为名法与色法两类、两组。他由此能够下定结论:三界之中只有名色;除了名色以外,并不存在超出名色的补特伽罗、有情、生命、自我、人、天或梵天。(《清净道论》2-227—228。)依上述指导,当能在全部六条所缘线中,依循心定律轨道,于每一心刹那把色法与名法配合起来摄取时,就以这些色法与名法本身为所缘,以智观见其中空无补特伽罗、有情、生命、自我,人、天、梵天显然不存在,而且只有色法与名法的聚集,
ဉာဏ်ဖြင့်မြင်အောင် ကြည့်၍ ''ပုဂ္ဂိုလ်-သတ္တဝါ-ဇီဝ-အတ္တ-လူ-နတ်-ဗြဟ္မာ မရှိ၊ ရုပ်+နာမ် မျှသာ ရှိ၏'' --- ဤသို့ ရုပ်+နာမ်ကို ပိုင်းခြားမှတ်သားပါ။ (ဗဟိဒ္ဓသို့ ဉာဏ်ကို စေလွတ်၍ ဗဟိဒ္ဓ ရုပ်+နာမ်တို့ကို (၃၁) ဘုံအတွင်း၌ ခြုံငုံ၍ သိမ်းဆည်းနိုင်သောအခါ လူ-နတ်-ဗြဟ္မာ ထင်ရှား မရှိမှုကိုလည်း တွေ့ရှိရပေလတ္တံ့။)
并作如下观见:“补特伽罗、有情、生命、自我、人、天、梵天并不存在;只有色法与名法。”应当这样分别辨识色法与名法。〔把智导向外在,能够在三十一界中统摄并摄取外在色法与名法时,也会看见人、天、梵天显然不存在。〕