不善组——摄取、观修不善速行心路的方法(下)

《趣向涅槃之道》中文全译本 · 非缩略版

非色把握章 · 原书第 232–245 页 · 190 个翻译单元

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 232 页
လောဘ-မာန အုပ်စု ဝီထိစဥ် ဇယား
贪—慢组心路表
ဟဒယရှိ မှီရာဝတ္ထုရုပ် = ၅၄ ၅၄ ၅၄ ၅၄
心脏中与心所依处同处的色法=54|54|54|54
မနောဒွါရာဝဇ္ဇန်း ဇော (၇) ကြိမ် အဟိတ်တဒါရုံ (၂) ကြိမ် (ဝါ) သဟိတ်တဒါရုံ (၂) ကြိမ်
意门转向|速行(7次)|无因彼所缘(2次)|或有因彼所缘(2次)
၁။ ငါမို့ ရှုရတာ … ၁၂ ၂ဝ ၁၂ (ဝါ) ၃၄/၃၃ ၂။ ။ ။ ၂၂ ၁၂ ။ ၃၄/၃၃ ၃။ ။ ။ ၁၉ ၁၁ ။ ၃၃/၃၂ ၄။ ။ ။ ၂၁ ၁၁ ။ ၃၃/၃၂ ဤ၌လည်း မဟာဝိပါက် တဒါရုံများကိုပါ ချပြထားပါသည်။ ယင်းမဟာဝိပါက်တဒါရုံမှာ ဇောက အသင်္ခါ- ရိကဖြစ်လျှင် အသင်္ခါရိက၊ သသင်္ခါရိကဖြစ်လျှင် သသင်္ခါရိကပင် ဖြစ်ရသည်။ သောမနဿဖြစ်လျှင် သောမနဿ၊ ဥပေက္ခာဖြစ်လျှင် ဥပေက္ခာပင် ဖြစ်သည်။
1.“因为是我才能观……”|12|20|12(或)34/33 2.同上|12|22|12(或)34/33 3.同上|12|19|11(或)33/32 4.同上|12|21|11(或)33/32 这里也列出了大果报彼所缘。若速行为无行,该大果报彼所缘也为无行;若速行为有行,该彼所缘也为有行。若速行与悦受相应,彼所缘也与悦受相应;若速行与舍受相应,彼所缘也与舍受相应。
လောဘမူ ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် (၄) မျိုး
四种邪见不相应贪根心
၁။ သောမနဿသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် အသင်္ခါရိကစိတ် - = သောမနဿဝေဒနာနှင့် အတူဖြစ်၍ ဒိဋ္ဌိနှင့် မယှဥ်သော တိုက်တွန်းမှု မရှိသော စိတ် - ယင်းစိတ်၌ ပီတိ ယှဥ်၏၊ ထိန-မိဒ္ဓ မယှဥ်၊
1.悦俱邪见不相应无行心:与悦受俱、不与邪见相应而未经促动的心;此心含喜,不含昏沉、睡眠。
နာမ်တရား --- ၂ဝ
名法:20种。
၂။ သောမနဿသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် သသင်္ခါရိကစိတ် - = သောမနဿဝေဒနာနှင့် အတူတကွ ဖြစ်၍ ဒိဋ္ဌိနှင့် မယှဥ်သော တိုက်တွန်းမှုရှိသော စိတ် - ယင်းစိတ်၌ ပီတိလည်း ယှဥ်၏၊ ထိနမိဒ္ဓလည်း ယှဥ်၏။
2.悦俱邪见不相应有行心:与悦受俱、不与邪见相应而经过促动的心;此心含喜,也含昏沉、睡眠。
နာမ်တရား --- ၂၂
名法:22种。
၃။ ဥပေက္ခာသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် အသင်္ခါရိကစိတ် - = ဥပေက္ခာဝေဒနာနှင့် အတူတကွဖြစ်၍ ဒိဋ္ဌိနှင့် မယှဥ်သော တိုက်တွန်းမှု မရှိသော စိတ် - ယင်းစိတ်၌ ပီတိလည်း မယှဥ်၊ ထိန-မိဒ္ဓလည်း မယှဥ်၊
3.舍俱邪见不相应无行心:与舍受俱、不与邪见相应而未经促动的心;此心不含喜,也不含昏沉、睡眠。
နာမ်တရား --- ၁၉
名法:19种。
၄။ ဥပေက္ခာသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် သသင်္ခါရိကစိတ် - = ဥပေက္ခာဝေဒနာနှင့် အတူတကွ ဖြစ်၍ ဒိဋ္ဌိနှင့် မယှဥ်သော တိုက်တွန်းမှုရှိသော စိတ် - ယင်းစိတ်၌ ပီတိကား မယှဥ်၊ ထိန-မိဒ္ဓကား ယှဥ်၏၊
4.舍俱邪见不相应有行心:与舍受俱、不与邪见相应而经过促动的心;此心不含喜,但含昏沉、睡眠。
နာမ်တရား --- ၂၁
名法:21种。
原书第 233 页
ရှုပုံ စနစ်
观修方法
၁။ ဘဝင် မနောအကြည်ဓာတ်ကို သိမ်းဆည်းပါ။
1.摄取有分意净界。
၂။ မာန ဖြစ်နေကျ စက္ခုအကြည်ဓာတ်ကို လှမ်း၍ အာရုံယူပါ။
2.伸取一个自己惯常对之生起慢的眼净色作为所缘。
၃။ ထိုစက္ခုအကြည်ဓာတ်အာရုံသည် ဘဝင်မနောအကြည်ဓာတ်၌ ရှေးရှူကျရောက်လာသောအခါ ထင်လာ သောအခါ ''ငါမို့ ရှုရတာ''ဟု မနောဒွါရာဝဇ္ဇန်းက သို့မဟုတ် မနောဒွါရာဝဇ္ဇန်းနှင့် ယှဥ်သော အဓိမောက္ခ စေတသိက်က ဆုံးဖြတ်ကြည့်ပါ။ နှလုံးသွင်းကြည့်ပါ။
3.当该眼净色所缘趋入有分意净界、显现于其中时,试令意门转向,或与意门转向相应的胜解心所,判定并作意为:“因为是我才能观。”
ငါမို့ ရှုရတာ၊ အခြားသူတို့ ရှုမရနိုင်ကုန်ဟု နှလုံးသွင်းမှုကား အယောနိသောမနသိကာရပင်တည်း။ ယင်း အယောနိသောမနသိကာရကို အကြောင်းခံ၍ လောဘ-မာနအုပ်စု အကုသိုလ်ဇောများ ပါဝင်သည့် မနောဒွါရ ဝီထိများ ဖြစ်ပေါ်လာမည် ဖြစ်သည်။ ယင်းနာမ်တရားစုတို့ကို တစ်လုံးစီခွဲ၍လည်းကောင်း ခြုံငုံ၍လည်းကောင်း သိမ်းဆည်းရှုပွားပါ။ ယင်းနာမ်တရားစုတို့တွင် --- အသိစိတ် - မှာ စက္ခုအကြည်ဓာတ် အာရုံကို ရယူခြင်းသဘော ဖြစ်၏။
作意为“因为是我才能观,别人不能观”,就是不如理作意。以这种不如理作意为因,含有贪—慢组不善速行的意门心路便会生起。应当逐一分别并整体摄取、观修这些名法组。其中,能知之心以取得眼净色所缘为性。
အဓိမောက္ခ - မှာ ငါမို့ ရှုရတာဟု ဆုံးဖြတ်ချက်ချမှုသဘော ဖြစ်၏။
胜解,以判定“因为是我才能观”为性。
ဝီရိယ - မှာ လောဘ-မာန ဖြစ်အောင် ကြိုးစားမှုသဘော ဖြစ်၏။
精进,以努力令贪、慢生起为性。
ဆန္ဒ - မှာ လောဘ-မာန ဖြစ်လိုသည့်သဘော ဖြစ်သည်။
欲,以想要贪、慢生起为性。
မောဟ - မှာ ငါမို့ ရှုရတာဟု အသိမှားမှုသဘော ဖြစ်သည်။
痴,以错误认知“因为是我才能观”为性。
ဤမျှဆိုလျှင် ကြွင်းကျန်သော စေတသိက်တို့၏ သဘောတရားများကို သိရှိနိုင်လောက်ပေပြီ၊ သဘော ပေါက်နိုင်လောက်ပေပြီ၊ မာနသည် ကဒါစိစေတသိက်သာ ဖြစ်သဖြင့် ရံခါ မာနမပါဘဲ လောဘဦးဆောင်သည့် ဒိဋ္ဌိဂတဝိပ္ပယုတ် လောဘမူစိတ်များသည်လည်း ဖြစ်နိုင်ကြ၏။ ထိုအခါ မာန မပါသဖြင့် (၁၉/၂၁/၁၈/၂ဝ) ကုန်သော နာမ်တရားစုတို့သာ ရှိကြ၏။ ဒိဋ္ဌိ-မာန မပါဘဲ ရာဂချည်းသက်သက် အဖြစ်များသောအခါ၌ ဤ နာမ်တရား အုပ်စုများ ဖြစ်တတ်ကြသည်။ ဇယားတွင် တဒါရုံကိုပါ ချပြထားသော်လည်း ဝိဘူတာရုံ ဖြစ်ပါမှ တဒါရုံကျခွင့် ရှိသည်။
说明至此,其余心所的性质也应足以了知、领会。慢只是偶生心所(即只在某些时候生起的心所),所以有时慢不生起,而出现只以贪为首的邪见不相应贪根心。那时因为不含慢,名法组分别只有19、21、18、20法。当邪见与慢都不含在内,只生起单纯贪染时,也会出现这些名法组。表中虽列有彼所缘,但只有所缘清晰时,彼所缘才可能生起。
ဒိဋ္ဌိဂတသမ္ပယုတ်စိတ် (၄) မျိုး ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် (၄) မျိုး နှစ်ရပ်ပေါင်းသော် လောဘမူစိတ် (၈) မျိုးတည်း။
四种邪见相应心与四种邪见不相应心,两类合计即八种贪根心。
ဘဝရာဂ သံယောဇဥ် --- ဤကဲ့သို့သော စက္ခုအကြည်ဓာတ် စသော အာရုံတို့၏ ပြည့်စုံရာ သမ္ပတ္တိဘဝ၌ ငါတို့အဖို့ ဤနှစ်သက်မြတ်နိုးအပ်သော ဣဋ္ဌဖြစ်သော စက္ခုအကြည်ဓာတ်သည် ရလွယ်သော သဘောရှိရကား နောင်အနာဂတ်၌လည်း စက္ခုအကြည်ဓာတ် စသော အာရုံတို့၏ ပြည့်စုံရာ သမ္ပတ္တိဘဝသည် ဖြစ်ရပါလို၏ဟု ဤသို့ သမ္ပတ္တိဘဝကို လိုလားတောင့်တသော ပုဂ္ဂိုလ်၏သန္တာန်၌ ဘဝရာဂသံယောဇဥ်သည် ဖြစ်၏။ ယင်းဘဝ ရာဂသယောဇဥ်ကား ယေဘုယျအားဖြင့် လူဘဝ နတ်ဘဝ စသည့် ယုံကြည်ချက်မှားမှု ခံယူချက်မှားမှု ဒိဋ္ဌိနှင့် ယှဥ်တွဲလျက်လည်း ရှိတတ်၏၊ ရံခါ မာနနှင့် ယှဥ်တွဲလျက် သမ္ပတ္တိဘဝကို တောင့်တသည်လည်း ရှိတတ်၏။
有贪结——有人这样想:“在像这样的、眼净色等所缘具足的圆满有中,因为我们容易获得这个可喜、可珍重的可意眼净色,愿未来也得生于眼净色等所缘具足的圆满有。”在这样希求、渴望圆满有者的相续中,有贪结便会生起。这种有贪结一般也会与邪见相应,即对人有、天有等形成错误见解、错误信受;有时也会与慢相应而希求圆满有。
ရံခါ ဥပေါသထနတ်သ္မီးကဲ့သို့ ဒိဋ္ဌိ-မာနတို့ မပါဘဲ မွေ့လျော်ဖွယ်ကောင်းသည့် နာမည်ကျော် နန္ဒဝန်ဥယျာဥ်ကြီး တည်ရှိရာ တာဝတိံ သာနတ်ပြည်ဝယ် နတ်သ္မီးဖြစ်လိုသည့် သမ္ပတ္တိဘဝကို တောင့်တသော ဘဝရာဂသံယောဇဥ် လည်း ဖြစ်တတ်၏။ (ဝိမာနဝတ္ထု -၂၉။) ဉာဏ်ရှိသလို နည်းမှီး၍ ရှုပါ။
有时也如乌波萨他天女(Uposathā)那样,不与邪见、慢相应,而生起有贪结,渴望获得这样的圆满有:想在著名而悦人的难陀园所在的三十三天成为天女。〔《天宫事》29。〕应随智力所及,仿照此例观修。
原书第 234 页
ဤအရာဝယ် ဒိဋ္ဌိဂတသမ္ပယုတ်စိတ် (၄)မျိုးတို့ကား အရာကျယ်၏။ မိစ္ဆာဒိဋ္ဌိအမျိုးမျိုးတို့သည် ယင်းစိတ် (၄)မျိုး၌ပင် အကျုံးဝင်ကြ၏။ မည်မျှပင် အရာကျယ်သော်လည်း ရုပ် (၂၈)ပါးကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန် သော ဒိဋ္ဌိဂတသမ္ပယုတ်စိတ်တို့ကို သမ္ပယုတ်တရားတို့နှင့် အတူတကွ စိတ္တနိယာမလမ်းကြောင်းအတိုင်း ဃန အသီးအသီးပြိုအောင် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းရှုပွားနိုင်လျှင်ကား ဝိပဿနာဘာဝနာကို စီးဖြန်းနေသော ယောဂီသူတော်စင်တစ်ဦးအတွက် လုံလောက်ပေပြီဟု ဤကျမ်းက လက်ခံလျက်ပင် ရှိပေသည်။
在这里,四种邪见相应心涵盖的范围很广,种种邪见都摄于这四种心中。无论其范围多么广大,对于取二十八种色法为所缘而生起的邪见相应心,只要能连同其相应法,依心定律的轨道加以摄取、观修,逐一破除各种密集,使智见抵达究竟法,本书便认为:对于正在修习毗婆舍那的贤善瑜伽行者而言,这已经足够。
သီလဗ္ဗတပရာမာသ သံယောဇဥ်ကား သမ္မာသမ္ဗုဒ္ဓ သဗ္ဗညုဘုရားရှင်၏ တပည့်သာဝက ဖြစ်ကြသည့် သူတော်စင်ကြီးတို့၏ သန္တာန်၌ကား ဖြစ်ဖို့ရန် အလွန်ခဲယဥ်းသော တရားတစ်ခုပင် ဖြစ်သည်။ ကုက္ကုရဝတိက သုတ္တန် --- (မ-၂-၅ဝ-၅၄)၌ လာရှိသော ပုဏ္ဏနှင့် သေနိယတို့ကဲ့သို့ --- ''နွားအကျင့် ခွေးအကျင့် စသော မှားယွင်း သော ကျင့်စဥ်ဟူသော သီလဗ္ဗတအကျင့်ကို ဆောက်တည်ပြီး၍ ကျင့်ခဲ့သော် နောင်အနာဂတ်၌လည်း ဤသို့ သဘောရှိသော စက္ခုအကြည်ဓာတ် စသော အာရုံမျိုးကို ရခြင်းငှာ တတ်ကောင်း၏'' --- ဟု ဤသို့ ကြံ၍ နွား အကျင့် ခွေးအကျင့် စသော မှားယွင်းသော သီလဗ္ဗတအကျင့်ကို ဆောက်တည်၍ ကျင့်သော ပုဂ္ဂိုလ်၏သန္တာန်၌ သာလျှင် ဤသီလဗ္ဗတပရာမာသ သံယောဇဥ်တရားသည် ဖြစ်ပေါ်တတ်၏။
戒禁取结,是一种极难在正等正觉、一切知的佛陀世尊之贤善弟子相续中生起的法。它只会在这类人的相续中生起:如《狗行者经》(《中部》2-50—54)所说的 Puṇṇa 与 Seniya,心想:“若受持并修习牛行、狗行等名为戒禁的错误行持,将来便可能获得眼净色等具有这般性质的所缘。”于是受持并修习牛行、狗行等错误戒禁行;戒禁取结便在这种人的相续中生起。
မိစ္ဆာဒိဋ္ဌီတိ အဒေဝလောကဂါမိမဂ္ဂမေဝ ဒေဝလောကဂါမိမဂ္ဂေါတိ ဂဟေတွာ ဥပ္ပန္နတာယ သာ အဿ မိစ္ဆာဒိဋ္ဌိ နာမ ဟောတိ။ (မ-ဋ္ဌ-၂-၇၁-၇၂။) = နတ်ရွာသုဂတိသို့ မရောက်ကြောင်း ကျင့်စဥ်လမ်းကိုပင်လျှင် နတ်ရွာသုဂတိသို့ ရောက်ကြောင်း ကျင့်စဥ် လမ်းဟု စွဲယူ၍ ဖြစ်ပေါ်လာသော အယူဝါဒ ဖြစ်ခြင်းကြောင့် ထိုသီလဗ္ဗတအကျင့်ကို ကျင့်သော ပုဂ္ဂိုလ်၏ ထို သီလဗ္ဗတပရာမာသ သံယောဇဥ်သည် မိစ္ဆာဒိဋ္ဌိ မည်ပေသည်။ (မ-ဋ္ဌ-၂-၇၁-၇၂။)
巴利义注引文(缅文字母):“မိစ္ဆာဒိဋ္ဌီတိ အဒေဝလောကဂါမိမဂ္ဂမေဝ ဒေဝလောကဂါမိမဂ္ဂေါတိ ဂဟေတွာ ဥပ္ပန္နတာယ သာ အဿ မိစ္ဆာဒိဋ္ဌိ နာမ ဟောတိ။”译:“所谓邪见:由于它是把不通往天界之道执为通往天界之道而生起的,所以这称为他的邪见。”(《中部义注》2-71—72。)也就是说,因为把不能通往天界善趣的行道执取为能够通往天界善趣的行道,由此生起了这样的见解,所以,修习该戒禁行持者的这项戒禁取结,便称为邪见。(《中部义注》2-71—72。)
ဒေါသ အုပ်စု (၂) ချက်
嗔组(两类)
၁။ ဒေါမနဿသဟဂုတ် ပဋိဃသမ္ပယုတ် အသင်္ခါရိကစိတ် တစ်ခု - = ဒေါမနဿဝေဒနာနှင့် အတူတကွ ဖြစ်၍ စိတ်ခက်ထန်ကြမ်းတမ်းမှု = ပဋိဃ = ဒေါသနှင့် ယှဥ်သော တိုက်တွန်းမှု မရှိသော စိတ်တစ်ခု။
1.一种忧俱·嗔恚相应·无行嗔根心——即与忧受同时生起、与心的刚强粗暴——嗔恚(=嗔)——相应,且无须推动而生起的心。
၂။ ဒေါမနဿသဟဂုတ် ပဋိဃသမ္ပယုတ် သသင်္ခါရိကစိတ် တစ်ခု - = ဒေါမနဿဝေဒနာနှင့် အတူတကွ ဖြစ်၍ စိတ်ခက်ထန်ကြမ်းတမ်းမှု = ပဋိဃ = ဒေါသနှင့် ယှဥ်သော တိုက်တွန်းမှု ရှိသော စိတ်တစ်ခု။
2.一种忧俱·嗔恚相应·有行嗔根心——即与忧受同时生起、与心的刚强粗暴——嗔恚(=嗔)——相应,且经过推动而生起的心。
ပေါင်းသော် ဒေါသမူစိတ် (၂)ခု ဖြစ်သည်။
合计为两种嗔根心。
ပဋိဃဟူသည် စိတ်ဓာတ်ခက်ထန် ကြမ်းတမ်းမှုသဘော ဖြစ်၏၊ တရားကိုယ်မှာ ဒေါသပင် ဖြစ်၏။ ဒေါသ ဟူသည်လည်း စိတ်ဓာတ်ခက်ထန် ကြမ်းတမ်းမှု ပျက်စီးအောင် ဖျက်ဆီးလိုမှုသဘောပင်ဖြစ်၏။ ဒေါသဖြစ်အောင် မိမိကိုယ်ကို မိမိက တိုက်တွန်းရသော် သို့မဟုတ် သူတစ်ပါးတို့က တိုက်တွန်းရသော် သသင်္ခါရိက ဖြစ်၍ ထိုသို့ တိုက်တွန်းရမှု မရှိဘဲ ဒေါသဖြစ်ခဲ့သော် အသင်္ခါရိက ဖြစ်၏။ ရှုပုံစနစ်မှာ ဤသို့ ဖြစ်၏။
所谓嗔恚,是心刚强、粗暴之性,其法体就是嗔。所谓嗔,也就是心刚强粗暴、想要损坏、摧毁的性质。为了使嗔生起,若须由自己推动自己,或由他人推动,便是有行;若无须这样推动而嗔即生起,便是无行。观修方法如下。
၁။ ဘဝင် မနောအကြည်ဓာတ်ကို သိမ်းဆည်းပါ။
1.摄取有分意净界。
၂။ ဒေါသ ဖြစ်နေကျ အနိဋ္ဌဖြစ်သော စက္ခုအကြည်ဓာတ် အာရုံကို လှမ်း၍ အာရုံယူပါ။
2.伸取一个自己惯常对之生嗔、属于不可意一类的眼净色作为所缘。
၃။ ထိုစက္ခုအကြည်ဓာတ် အာရုံသည် ဘဝင်မနောအကြည်ဓာတ်၌ ရှေးရှူကျရောက်လာသောအခါ ထင်လာ
3.当该眼净色所缘趋入有分意净界、显现于其中
原书第 235 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- အရူပပရိဂ္ဂဟ အခန်း သောအခါ မနောဒွါရဇောဝီထိစိတ်အစဥ်များ ဖြစ်ပေါ်လာမည်။
时,意门速行心路相续便会生起。
၄။ ယင်းဝီထိစိတ်အစဥ်တွင် ပါဝင်သော မနောဒွါရာဝဇ္ဇန်းက အနိဋ္ဌဟု ဆုံးဖြတ်ကြည့်ပါ၊ နှလုံးသွင်းပါ။
4.试令该心路相续中的意门转向把它判定为“不可意”,并如此作意。
အယောနိသောမနသိကာရ ဖြစ်သဖြင့် ဒေါသဇောများပါဝင်သော မနောဒွါရိကဇောဝီထိစိတ်အစဥ်များ ဖြစ်ပေါ်လာမည်။ ယင်းဒေါသဇော အသီးအသီး၌ --- ၁။ အသင်္ခါရိကဖြစ်သော် နာမ်တရား (၁၈)လုံးစီ၊ ၂။ သသင်္ခါရိကဖြစ်သော် နာမ်တရား အလုံး (၂ဝ)စီ အသီးအသီး ရှိမည်။
由于是不如理作意,含有嗔速行的意门速行心路相续便会生起。每一个嗔速行中:1.若为无行,各有十八种名法;2.若为有行,各有二十种名法。
ယင်းနာမ်တရား အချို့တို့မှာ ဤသို့တည်း။
其中一些名法如下。
။ အသိစိတ် = စက္ခုအကြည်ဓာတ်အာရုံကို ရယူခြင်းသဘော။
能知之心:以取得眼净色所缘为性。
။ အဓိမောက္ခ = စက္ခုအကြည်ဓာတ်အာရုံကို အနိဋ္ဌဟု ဆုံးဖြတ်ချက်ချခြင်းသဘော။
胜解:以把眼净色所缘判定为“不可意”为性。
။ ဝီရိယ = စက္ခုအကြည်ဓာတ်အာရုံ၌ ဒေါသဖြစ်အောင် ကြိုးစား အားထုတ်မှုသဘော။
精进:以努力使嗔在眼净色所缘上生起为性。
။ ဆန္ဒ = စက္ခုအကြည်ဓာတ်အာရုံ၌ ဒေါသဖြစ်လိုမှုသဘော။
欲:以想要在眼净色所缘上生嗔为性。
။ မောဟ = စက္ခုအကြည်ဓာတ်အာရုံကို အနိဋ္ဌဟု အသိမှားမှုသဘော။
痴:以把眼净色所缘误知为“不可意”为性。
။ အဟိရိက = စက္ခုအကြည်ဓာတ်အာရုံ၌ မောဟ ဒေါသ စသည့် အကုသိုလ်ဖြစ်မှုကို မရှက်ခြင်းသဘော။
无惭:对于在眼净色所缘上生起痴、嗔等不善法不感羞耻之性。
။ အနောတ္တပ္ပ = စက္ခုအကြည်ဓာတ်အာရုံ၌ မောဟ ဒေါသ စသည့် အကုသိုလ်ဖြစ်မှုကို မကြောက်ခြင်း
无愧:对于在眼净色所缘上生起痴、嗔等不善法不感畏惧
သဘော ---
之性。
ဤသို့ စသည်ဖြင့် နည်းမှီး၍ သိပါလေ။ ဖဿ ဝေဒနာ စသည်တို့ကား သိလောက်ပေပြီ။
其余可依此类推而知;触、受等应已足以明白。
အနိဋ္ဌ --- မိမိ သိမ်းဆည်းရှုပွားလိုက်သော ယင်းစက္ခုအကြည်ဓာတ်အာရုံမှာ ပင်ကိုသဘာဝအတိုင်း မနှစ် မြို့ဖွယ် အနိဋ္ဌာရုံပင် ဖြစ်ချင် ဖြစ်ပါစေ၊ ပင်ကိုယ်သဘာဝအတိုင်း နှစ်မြို့ဖွယ် ဣဋ္ဌာရုံပင် ဖြစ်ချင် ဖြစ်ပါစေ မိမိ သိမ်းဆည်းရှုပွားနေသော ယောဂါဝစရပုဂ္ဂိုလ်ဘက်က မနှစ်မြို့ဖွယ်ရာ အနိဋ္ဌာရုံဟု နှလုံးသွင်းခြင်းသည်သာ ဒေါသဇော စောရာ၌ လိုရင်းပဓာန ဖြစ်ပေသည်။
不可意——自己所摄取、观修的眼净色所缘,不论其本性原是不可喜的不可意所缘,还是其本性原是可喜的可意所缘;对于正在摄取、观修的瑜伽行者而言,只有把它作意为不可喜的“不可意所缘”,才是嗔速行生起的关键。
ဒေါသ အုပ်စု ဝီထိစဥ် ဇယား
嗔组心路表
ဟဒယရှိ မှီရာဝတ္ထုရုပ် = ၅၄ ၅၄ ၅၄ ၅၄
心脏中与心所依处同处的色法=54|54|54|54
မနောဒွါရာဝဇ္ဇန်း ဇော (၇) ကြိမ် အဟိတ်တဒါရုံ (၂) ကြိမ် (ဝါ) သဟိတ်တဒါရုံ (၂) ကြိမ်
意门转向|速行(7次)|无因彼所缘(2次)|或有因彼所缘(2次)
၁။ အနိဋ္ဌဟု နှလုံးသွင်းပါ - ၁၂ ၁၈ ၁၁ (ဝါ) ၃၃/၃၂ (ဥပေက္ခာ) ၂။ ။ ၁၂ ၂ဝ ၁၁ ။ ၃၃/၃၂ (ဥပေက္ခာ) ဤအထက်ပါ ဇယားတွင် ဒေါသဇောနောင်၌ တဒါရုံကျခြင်းမှာ ဥပေက္ခာဝေဒနာနှင့် ယှဥ်၍ ပဋိသန္ဓေ တည်နေခဲ့သော တိဟိတ်ပုထုဇန်လူသားကိုသာလျှင် အထူးရည်ညွှန်း၍ ဖော်ပြထားခြင်းဖြစ်သည်။ ဥပေက္ခာဖြင့် ပဋိသန္ဓေတည်နေခဲ့သော လူသား၏သန္တာန်၌သာ ဒေါသဇောနောင်၌ ဥပေက္ခာတဒါရုံများ ထိုက်သလို ကျနိုင် သောကြောင့်ဖြစ်၏။ ဣဋ္ဌာရုံ၌ အဟိတ်ကုသလဝိပါက် ဥပေက္ခာသန္တီရဏ တဒါရုံနှင့် မဟာဝိပါက် ဥပေက္ခာ တဒါရုံ (၄)မျိုး --- ပေါင်း တဒါရုံ (၅)မျိုး ကျနိုင်၏။ အနိဋ္ဌာရုံ၌ အဟိတ်အကုသလဝိပါက် ဥပေက္ခာသန္တီရဏ တဒါရုံ တစ်မျိုးသာ ကျနိုင်၏။
1.作意为“不可意”|12|18|11(或)|33/32(舍) 2.同上|12|20|11(或)|33/32(舍) 上表所列嗔速行之后生起彼所缘的情形,特别只是指舍受结生的三因凡夫人。因为只有在舍受结生者的相续中,舍俱彼所缘才可以在嗔速行之后随其所应生起。若所缘可意,可以生起五种彼所缘:一种无因善果舍俱推度彼所缘,以及四种大果报舍俱彼所缘;若所缘不可意,则只能生起一种无因不善果舍俱推度彼所缘。
原书第 236 页
ဤကျမ်း စာမျက်နှာ (၁၂၅) စသည်တို့၌ --- ''တဒါရုံအကြောင်း သိကောင်းစရာ-''များကို ဖော်ပြခဲ့သည့် အတိုင်း အဘိဓမ္မာကျမ်းများ၌ကား --- အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်သည် မူလက သောမနဿဝေဒနာနှင့် ယှဥ်လျက် ပဋိသန္ဓေတည်နေခဲ့သူ ဖြစ်အံ့ ဘဝင်စိတ်မှာလည်း သောမနဿဝေဒနာနှင့်ပင် ယှဥ်လျက်ရှိသည် ဖြစ်ရာ ယင်းသူတော်ကောင်းသည် စက္ခုအကြည်ဓာတ်ကဲ့သို့သော အာရုံတစ်ခုနှင့် ယခုကဲ့သို့ ရုတ်ချည်း တွေ့ကြုံ ခိုက် အယောနိသောမနသိကာရကို ရှေ့သွားပြုမိသဖြင့် ဒေါသဇော စောလာရာဝယ် ယင်းဒေါသဇော၏ နောင်၌ မူလဘဝင် အမည်ရသော သောမနဿဘဝင်သည် ရုတ်ချည်း တစ်ဆက်တည်း မကျနိုင်ခဲ့သော် ဥပေက္ခာသန္တီရဏ စိတ်တစ်မျိုးမျိုးသည် (အနိဋ္ဌာရုံ ဖြစ်က အကုသလဝိပါက် ဥပေက္ခာသန္တီရဏ၊ ဣဋ္ဌာရုံ ဖြစ်က ကုသလဝိပါက် ဥပေက္ခာသန္တီရဏသည် ) ရှေးက လေ့ကျက်ခဲ့ဖူးသော ကာမအာရုံတစ်ခုခုကို အာရုံပြု၍ အာဂန္တုကဘဝင် အဖြစ်
如本书第 125 页等处“关于彼所缘应知之事”所述,依诸阿毗达磨论书:如果瑜伽行者原本以悦受相应心结生,其有分心也与悦受相应;这位贤者像现在这样突然遇到眼净色等某一所缘时,因为以不如理作意为前导而生起嗔速行;在嗔速行之后,如果称为原有分的悦俱有分不能立即接续生起,那么某一种舍俱推度心——所缘不可意时是不善果舍俱推度,所缘可意时是善果舍俱推度——便缘取过去所熟习的某一欲界所缘,作为客来有分
ဖြင့် ဘဝင်ကိစ္စတပ်လျက် ကျပြီးမှ မူလသောမနဿဘဝင်ကျသည်ဟု အဆိုရှိ၏။ လယ်တီဆရာတော်ဘုရားကြီး၏ အယူအဆ အရမူ ဣဋ္ဌာရုံ အတိဣဋ္ဌာရုံတို့၌လည်း အယောနိသောမနသိကာရကို အခြေခံ၍ ဒေါသဇော စောခဲ့ ပါမူ မဟာဝိပါက် ဥပေက္ခာ တဒါရုံ (၄) မျိုးတို့သည်လည်း အာဂန္တုကဘဝင် ကိစ္စတပ်လျက် ထိုက်သလိုကျနိုင်သည် ဟု မှတ်ပါ။ နောက်တွင် ဆက်လက်ဖော်ပြမည့် ဒေါသ-ဣဿာ၊ ဒေါသ-မစ္ဆရိယ၊ ဒေါသ-ကုက္ကုစ္စ အုပ်စုတို့၌ လည်း နည်းတူပင် သဘောပေါက်လေ။
而执行有分作用;它生起之后,原来的悦俱有分才生起——有这样的说法。依雷迪西亚多的见解,在可意或极可意所缘上,若以不如理作意为基础而生起嗔速行,四种大果报舍俱彼所缘也能随其所应执行客来有分的作用而生起。后文将继续说明的嗔—嫉、嗔—悭、嗔—恶作组,也应同样理解。
ဒေါသ-ဣဿာ အုပ်စု (၂) ချက်
嗔—嫉组(两类)
ဣဿာ = ဤစက္ခုအကြည်ဓာတ်မျိုးကို သူတစ်ပါးတို့ မရပါကုန်မူ ကောင်းလေစွဟု သူတစ်ပါး၏ စက္ခု အကြည်ဓာတ်ကို ငြူစူမှု မနာလိုမှုသဘော။ (ဤကား စက္ခုအကြည်ဓာတ်ကို အာရုံယူ၍ ရှုရာ၌ ဣဿာဖြစ်ပုံကို ကွက်၍ ဖော်ပြခြင်းသာ ဖြစ်သည်။) ယင်းဒေါသ-ဣဿာ အုပ်စု နှစ်မျိုးမှာလည်း အထက်တွင် ဖော်ပြခဲ့သော ဒေါသမူစိတ် နှစ်မျိုးတွင်ပင် အကျုံးဝင်၏။ သသင်္ခါရိက အသင်္ခါရိကဟု နှစ်မျိုးပင် ရှိသည်။
嫉,是想着“要是别人都得不到这样的眼净色,那就好了”,因而嫉妒、眼红他人眼净色的性质。(这里只是特就以眼净色为所缘观修时,说明嫉如何生起。)嗔—嫉组的两类也摄在上述两种嗔根心中,仍分有行与无行两种。
ရှုပုံ စနစ်
观修方法
၁။ မိမိ၏ ဘဝင် မနောအကြည်ဓာတ်ကို သိမ်းဆည်းပါ။
1.摄取自己的有分意净界。
၂။ ဣဿာ ဖြစ်နေကျ သူတစ်ပါး၏ စက္ခုအကြည်ဓာတ်ကို လှမ်း၍ အာရုံယူပါ။
2.伸取自己惯常对之生嫉的他人眼净色为所缘。
၃။ ထိုစက္ခုအကြည်ဓာတ်အာရုံသည် မိမိ၏ ဘဝင်မနောအကြည်ဓာတ်၌ ရှေးရှူကျရောက်လာသောအခါ ထင်လာသောအခါ မနောဒွါရဇောဝီထိစိတ်အစဥ်များ ဖြစ်ပေါ်လာမည်။
3.当该眼净色所缘趋入自己的有分意净界、显现于其中时,意门速行心路相续便会生起。
၄။ ယင်းဝီထိစိတ်အစဥ်တွင် ပါဝင်သော မနောဒွါရာဝဇ္ဇန်းက --- ''ဒီလို စက္ခုအကြည်ဓာတ်မျိုး ဒင်းမရလျှင် ကောင်းမှာပဲ''ဟု ဆုံးဖြတ်ကြည့်ပါ၊ နှလုံးသွင်းကြည့်ပါ။
4.试令该心路相续中的意门转向判定并作意为:“要是那家伙得不到这样的眼净色就好了。”
အယောနိသောမနသိကာရ ဖြစ်သဖြင့် ဒေါသဇောများ ပါဝင်သော ဒေါသ-ဣဿာ ပြဓာန်းသော မနော- ဒွါရိကဇောဝီထိစိတ်အစဥ်များ ဖြစ်ပေါ်လာမည်။ ယင်းဇော အသီးအသီး၌ --- ၁။ အသင်္ခါရိကဖြစ်သော် နာမ်တရား (၁၉)လုံးစီ ၂။ သသင်္ခါရိကဖြစ်သော် ထိန+မိဒ္ဓ ပါသဖြင့် နာမ်တရား (၂၁)လုံးစီ အသီးအသီး ရှိ၏။
由于是不如理作意,含有嗔速行、以嗔与嫉为主的意门速行心路相续便会生起。每一个速行中:1.若为无行,各有十九种名法;2.若为有行,由于还含昏沉与睡眠,各有二十一种名法。
ယခင် ဒေါသအုပ်စု နာမ်တရား (၁၈/၂ဝ)တို့၌ ဣဿာ တစ်လုံး ထပ်တိုးလာသဖြင့် (၁၉/၂၁) အသီး အသီး ဖြစ်သည်။ သူတစ်ပါးတို့၏ လှပသော မျက်လုံးတို့၌ မနာလို ဝန်တိုသော ယင်းသို့ လှပသော မျက်လုံးမျိုး
在先前嗔组的十八/二十种名法中再加一种嫉,便分别成为十九/二十一种。这是一种嫉妒、眼红他人的美丽眼睛,不愿他人得到那样美丽眼睛的心
原书第 237 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- အရူပပရိဂ္ဂဟ အခန်း ကို မရစေလိုသော စိတ်ထားမျိုးတည်း။
态。
ဒေါသ-ဣဿာ အုပ်စု ဝီထိစဥ် ဇယား
嗔—嫉组心路表
ဟဒယရှိ မှီရာဝတ္ထုရုပ် = ၅၄ ၅၄ ၅၄ ၅၄
心脏中与心所依处同处的色法=54|54|54|54
မနောဒွါရာဝဇ္ဇန်း ဇော (၇) ကြိမ် အဟိတ်တဒါရုံ (၂) ကြိမ် (ဝါ) သဟိတ်တဒါရုံ (၂) ကြိမ်
意门转向|速行(7次)|无因彼所缘(2次)|或有因彼所缘(2次)
- ၁၂ ၁၉ ၁၁ (ဝါ) ၃၃/၃၂ (ဥပေက္ခာ)
1.|12|19|11(或)|33/32(舍)
''ဒင်းမရရင် ကောင်းမှာ'' ဟု နှလုံးသွင်းပါ
共同作意语:“要是那家伙得不到就好了。”
- ၁၂ ၂၁ ၁၁ ။ ၃၃/၃၂ (ဥပေက္ခာ)
2.|12|21|11(或)|33/32(舍)
တဒါရုံ၌ (၁၁)ဟူသည် အနိဋ္ဌာရုံ၌ အဟိတ် အကုသလဝိပါက် ဥပေက္ခာသန္တီရဏ တဒါရုံနာမ်တရားစု (၁၁)နှင့် ဣဋ္ဌာရုံ၌ အဟိတ် ကုသလဝိပါက် ဥပေက္ခာသန္တီရဏ တဒါရုံနာမ်တရားစု (၁၁) အသီးအသီး ဖြစ်- သည်။ (၃၃/၃၂)တို့ကား ဣဋ္ဌာရုံတို့၌ကျသော မဟာဝိပါက် ဥပေက္ခာ တဒါရုံနာမ်တရားစုတို့တည်း။ ဥပေက္ခာ ဖြင့် ပဋိသန္ဓေတည်နေသူ အတွက်သာ ဒေါသဇောနောင် တဒါရုံကို အလိုရှိအပ်ပေသည်။
彼所缘栏中的“11”,分别是以不可意所缘为所缘的无因不善果舍俱推度彼所缘名法组十一法,以及以可意所缘为所缘的无因善果舍俱推度彼所缘名法组十一法。“33/32”则是以可意所缘为所缘的大果报舍俱彼所缘名法组。只有对于舍受结生者,才须在嗔速行之后考虑彼所缘。
ဘုရားအစရှိသော အလွန်နှစ်သက် မြတ်နိုးအပ်သော အတိဣဋ္ဌာရုံတို့၏ စက္ခုအကြည်ဓာတ်၌ သာသနာပ အယူအဆရှိသူတို့၏ သန္တာန်ဝယ် ဒေါသဣဿာတရားတို့ ဖြစ်ပွားလာရာတို့၌ အာရုံမှာ ဝိဘူတာရုံဖြစ်က မဟာ- ဝိပါက် ဥပေက္ခာတဒါရုံများလည်း ကျခွင့်ရှိ၏။ သို့သော် မူလက သောမနဿဝေဒနာဖြင့် ပဋိသန္ဓေတည်နေခဲ့ သူဖြစ်မူ ဤကဲ့သို့သော ဒေါသဇောများနောင်၌ ကုသလဝိပါက် ဥပေက္ခာတဒါရုံ (၅)မျိုးတို့သည် ရှေးက လေ့ကျက် ခဲ့ဖူးသော ကာမအာရုံတစ်ခုခုကို အာရုံပြု၍ အာဂန္တုကဘဝင်ကိစ္စတပ်လျက် ဖြစ်ပေါ်လာနိုင်ကြပေသည်။
对于佛陀等极为可爱、可敬的极可意所缘之眼净色,当持教外见解者的相续中生起嗔与嫉时,如果所缘明了,大果报舍俱彼所缘也有机会生起。不过,若此人原以悦受结生,那么在这样的嗔速行之后,五种善果舍俱彼所缘可以缘取过去所熟习的某一欲界所缘,执行客来有分的作用而生起。
ဒေါသ-မစ္ဆရိယ အုပ်စု (၂) ချက်
嗔—悭组(两类)
မစ္ဆရိယ = မိမိ၏ စက္ခုအကြည်ဓာတ်အာရုံကို သူတစ်ပါးနှင့် မဆက်ဆံဖြစ်အောင် ပြုလုပ်ခြင်းဖြင့် အခြား သူအတွက် ဝန်တိုခြင်းသဘော လျို့ဝှက်ခြင်းသဘော။
悭:为了不让自己的眼净色所缘与他人发生关联,而对别人吝惜、加以隐藏的性质。
= မိမိ၏ စက္ခုအကြည်ဓာတ်အာရုံကို သူတစ်ပါးတို့နှင့် ဆက်ဆံမှုကို သည်းမခံနိုင်ခြင်းသဘော။
也就是不能容忍自己的眼净色所缘与他人发生关联的性质。
အာရုံအပေါ်၌ တွယ်တာတပ်မက်မှု မစွန့်လွတ်လိုမှု ငြိကပ်နေမှု နှမြောစေးနဲမှုသဘောကား လောဘ တည်း။ ဤမစ္ဆရိယကား စက္ခုအကြည်ဓာတ်ကဲ့သို့သော မိမိ၏စည်းစိမ်ကို သူတစ်ပါးတို့နှင့် ဆက်ဆံမှုကို သည်း- မခံနိုင်ခြင်းသဘော ဖြစ်၏။ အထိမခံနိုင်ခြင်းသဘော ဖြစ်၏။ ဥပမာ --- ကလေးသဘာဝအလျောက် သူငယ် တစ်ဦးက မိမိ၏စာအုပ်ကို ဆုတ်ဖြဲလိုက်သည် ဆိုကြပါစို့။ စာအုပ်ကိုကား နှမြော၍ မဟုတ်၊ ထိုကဲ့သို့ စော်ကားမှုကို သည်းမခံနိုင်ခြင်း သဘောမျိုးတည်း။
对所缘黏著、贪恋,不愿舍弃,执着不放、吝惜不舍的性质,是贪。这里的悭,则是不能容忍自己如眼净色一类的所有物与他人发生关联,是不能容许别人触碰的性质。例如,假设有个孩子出于孩子气,撕破了我们自己的书;这并不是舍不得那本书,而是不能容忍别人这样冒犯的性质。
ရှုပုံ စနစ်
观修方法
၁။ မိမိ၏ ဘဝင် မနောအကြည်ဓာတ်ကို သိမ်းဆည်းပါ။
1.摄取自己的有分意净界。
၂။ မစ္ဆရိယဖြစ်နေကျ မိမိ၏ စက္ခုအကြည်ဓာတ်အာရုံကို လှမ်း၍ အာရုံယူပါ။
2.伸取自己惯常对之生悭的自身眼净色所缘。
၃။ ထိုစက္ခုအကြည်ဓာတ်အာရုံသည် မိမိ၏ ဘဝင်မနောအကြည်ဓာတ်၌ ရှေးရှူကျရောက်လာသောအခါ ထင်လာသောအခါ မနောဒွါရဇောဝီထိစိတ်အစဥ်များ ဖြစ်ပေါ်လာကြမည်။
3.当该眼净色所缘趋入自己的有分意净界、显现于其中时,意门速行心路相续便会生起。
原书第 238 页
၄။ ယင်းဝီထိစိတ်အစဥ်တွင် ပါဝင်သော မနောဒွါရာဝဇ္ဇန်းက ''သူတစ်ပါးတို့နှင့် မဆက်ဆံစေရ''ဟု နှလုံး- သွင်းကြည့်ပါ။ သို့မဟုတ် ''ဒီစက္ခုအကြည်ဓာတ်ကိုတော့ နည်းနည်းမျှ အထိမခံနိုင်''ဟု နှလုံးသွင်းကြည့်ပါ။
4.试令该心路相续中的意门转向作意为:“不得让它与他人发生关联。”或者作意为:“这眼净色一点也不许碰。”
သို့မဟုတ် ''ငါ့ မျက်စိကိုတော့ အထိမခံနိုင်''ဟု နှလုံးသွင်းကြည့်ပါ။
或者试作意为:“我的眼睛不许碰。”
အယောနိသောမနသိကာရ ဖြစ်သဖြင့် ဒေါသ-မစ္ဆရိယ ပြဓာန်းသော မနောဒွါရိကဇောဝီထိစိတ်အစဥ်များ ဖြစ်ပေါ်လာကြမည်။ ယင်းဇော အသီးအသီး၌ --- ၁။ အသင်္ခါရိကဖြစ်သော် နာမ်တရား (၁၉) လုံးစီ၊ ၂။ သသင်္ခါရိကဖြစ်သော် နာမ်တရား (၂၁) လုံးစီ --- အသီးအသီး ရှိ၏။
由于是不如理作意,以嗔与悭为主的意门速行心路相续便会生起。每一个速行中:1.若为无行,各有十九种名法;2.若为有行,各有二十一种名法。
ယခင် ဒေါသအုပ်စု နာမ်တရား (၁၈/၂ဝ)တို့၌ မစ္ဆရိယ တစ်လုံး ထပ်၍တိုးလာသဖြင့် နာမ်တရား (၁၉/ ၂၁) အသီးအသီး ဖြစ်သည်။
在先前嗔组的十八/二十种名法中再加一种悭,便分别成为十九/二十一种名法。
ဒေါသ-မစ္ဆရိယ အုပ်စု ဝီထိစဥ် ဇယား
嗔—悭组心路表
ဟဒယရှိ မှီရာဝတ္ထုရုပ် = ၅၄ ၅၄ ၅၄ ၅၄
心脏中与心所依处同处的色法=54|54|54|54
မနောဒွါရာဝဇ္ဇန်း ဇော (၇) ကြိမ် အဟိတ်တဒါရုံ (၂) ကြိမ် (ဝါ) သဟိတ်တဒါရုံ (၂) ကြိမ်
意门转向|速行(7次)|无因彼所缘(2次)|或有因彼所缘(2次)
- ၁၂ ၁၉ ၁၁ (ဝါ) ၃၃/၃၂ (ဥပေက္ခာ)
1.|12|19|11(或)|33/32(舍)
''အထိမခံနိုင်'' ဟု နှလုံးသွင်းပါ
共同作意语:“不能容许触碰。”
- ၁၂ ၂၁ ၁၁ ။ ၃၃/၃၂ (ဥပေက္ခာ)
2.|12|21|11(或)|33/32(舍)
စက္ခုအကြည်ဓာတ်ကဲ့သို့သော ပရမတ်အစစ်ကို အာရုံယူ၍ ဤဒေါသ-မစ္ဆရိယ အုပ်စု နာမ်တရားစုတို့ကို သိမ်းဆည်းရှုပွားရာ၌ အချို့သော ယောဂါဝစရပုဂ္ဂိုလ်တို့၌ ခဲကပ်သော အခက်အခဲတစ်ရပ် ဖြစ်နေသည်ကို တွေ့ရ၏။ သို့သော် ရုပ်ကလာပ်အများစုတို့၏ ရူပါရုံအရောင်ကို အာရုံယူ၍ ရှုရာ၌ကား လွယ်ကူသည်ကို တွေ့ ရ၏။ ဥပမာ- မိမိ၏ အင်္ကျီအရောင်ကို ပျက်ပြားသွားအောင် အခြားသူတစ်ဦးက မင်ဖြင့် တို့လိုက်သဖြင့် အရောင် ပျက်သွား၍ မခံချင်မှုသဘောမျိုးတည်း။ အလားတူပင် အသံ စသည်တို့ကို အာရုံယူ၍ ရှုရာ၌လည်း လွယ်ကူ သည်ကို တွေ့ရ၏။ မိမိပိုင်ပစ္စည်း စသည့် သက်ရှိ သက်မဲ့ ပညတ် အတုံးအခဲများကို အာရုံယူ၍ ရှုရာ၌ကား ဆိုဖွယ်ရာမရှိ ပို၍ ပို၍ပင် လွယ်ကူ ထင်ရှားသည်ကို တွေ့ရပေသည်။ သို့အတွက် အရှုခက်နေပါက အလွယ်မှ အခက်သို့ တစ်စတစ်စ ပြောင်း၍ သိမ်းဆည်းရှုပွား ကြည့်ပါလေ။ ကျွမ်းကျင်လာသောအခါ၌ကား အောင်မြင်မှုကို
以眼净色这样的真实究竟法为所缘,摄取、观修嗔—悭组名法时,可见有些瑜伽行者会遇到一项很棘手的困难。不过,以许多色聚的色所缘颜色为所缘观修时,却较为容易。例如,别人用墨水碰到自己的衣服,使衣服颜色受损,自己因颜色被破坏而不能容忍。类似地,以声音等为所缘观修也较为容易;若以自己的物品等有情、无情的概念实体为所缘,就更不必说,会越来越容易、明显。因此,如果难以观修,应尝试逐步从容易的所缘转向困难的所缘来摄取、观修。熟练之后,便能逐渐
တစ်ဖြည်းဖြည်း ရရှိလာနိုင်ပေသည်။ တဒါရုံမှာ ဥပေက္ခာဖြင့် ပဋိသန္ဓေတည်နေခဲ့သူ အတွက်သာ ဖြစ်သည်။
取得成功。这里的彼所缘只适用于舍受结生者。
သောမနဿဖြင့် ပဋိသန္ဓေတည်နေခဲ့သူဖြစ်မူ အာဂန္တုကဘဝင် ကျနိုင်၏။
若是悦受结生者,则可以生起客来有分。
ဒေါသ-ကုက္ကုစ္စ အုပ်စု (၄) ချက်
嗔—恶作组(四类)
ကုက္ကုစ္စ = စက္ခုအကြည်ဓာတ် အာရုံပေါ်၌ ပြုမိ ပြောမိ ကျင့်မိသော ဒုစရိုက်ကို အကြောင်းပြု၍ နောင်တ တစ်ဖန် ပူပန်မှုသဘော။ (က) စက္ခုအကြည်ဓာတ် အာရုံပေါ်၌ မပြုကျင့်လိုက်မိသော သုစရိုက်ကို အကြောင်းပြု၍ နောင်တ တစ်ဖန် ပူပန်ခြင်းသဘော။ (ခ)
恶作:(甲)由于自己曾在眼净色所缘上造作、言说或实行恶行,而后悔、再次忧恼之性;(乙)由于自己没有在眼净色所缘上实行本应实行的善行,而后悔、再次忧恼之性。
原书第 239 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- အရူပပရိဂ္ဂဟ အခန်း (က) စက္ခုအကြည်ဓာတ် အာရုံပေါ်၌ ''ဤသို့ ပြုမိတာ မှားလေခြင်း၊ ဤသို့ ပြောမိတာ မှားလေခြင်း''ဟု ပြုမှားမိခဲ့သည်ကို အာရုံပြု၍ စိတ်မချမ်းမြေ့မှု နောင်တတစ်ဖန် ပူပန်နေမှု သတိရတိုင်း စိတ်မကောင်း ဖြစ်နေမှုသဘောတည်း။ ဤ၌ သသင်္ခါရိက၊ အသင်္ခါရိက (၂)ချက် ရှုပါ။
(甲)以眼净色为所缘,想起自己曾经做错之事,作意为“这样做错了,这样说错了”,因而内心不快乐,懊悔并再度忧恼;每次忆起便心中不快。这里应观修有行与无行两类。
( ခ ) စက္ခုအကြည်ဓာတ် အာရုံ၌ ပြုသင့် ပြုထိုက်သည့် သုစရိုက် လုပ်ငန်းရပ်ကိုလည်း မပြုမိလိုက် မကျင့်မိ လိုက်သည့်အတွက် ''ဤသို့ မပြုမိလိုက်မိသည်မှာ မှားလေခြင်း၊ ဤသို့ မကျင့်မိလိုက်သည်မှာ မှားလေ- ခြင်း'' ဟု နောင်တတစ်ဖန် ပူပန်မှုသဘော ဖြစ်သည်။ ဤ၌လည်း သသင်္ခါရိက၊ အသင်္ခါရိက (၂)ချက်ပင် ရှုပါ။
(乙)对于眼净色所缘,本应做、应当实行的善行,却没有去做、没有实行,因而想:“没有这样做,真是错了;没有这样实行,真是错了。”这就是懊悔并再度忧恼的性质。这里也应观修有行与无行两类。
ရှုပုံ စနစ်
观修方法
၁။ ဘဝင် မနောအကြည်ဓာတ်ကို သိမ်းဆည်းပါ။
1.摄取有分意净界。
၂။ ကုက္ကုစ္စ ဖြစ်နေကျ စက္ခုအကြည်ဓာတ်အာရုံကို လှမ်း၍ အာရုံယူပါ။
2.伸取一个自己惯常对之生起恶作的眼净色作为所缘。
၃။ ထိုစက္ခုအကြည်ဓာတ်အာရုံသည် မိမိ၏ ဘဝင်မနောအကြည်ဓာတ်၌ ရှေးရှူကျရောက်လာသောအခါ ထင်လာသောအခါ မနောဒွါရဇောဝီထိစိတ်အစဥ်များ ဖြစ်ပေါ်လာကြမည်။
3.当该眼净色所缘趋入自己的有分意净界、显现于其中时,意门速行心路相续便会生起。
၄။ ယင်းဝီထိစိတ်အစဥ်တွင် ပါဝင်သော မနောဒွါရာဝဇ္ဇန်းက ''ဤသို့ ပြုမိတာ မှားလေခြင်း''ဟု ဆုံးဖြတ် ကြည့်ပါ။ သို့မဟုတ် ''ဤသို့ မပြုလိုက်မိတာ မှားလေခြင်း''ဟု ဆုံးဖြတ်ကြည့်ပါ။ နှလုံးသွင်းပါ။
4.试令该心路相续中的意门转向判定为:“这样做了,真是错了。”或者判定为:“没有这样做,真是错了。”并如此作意。
အယောနိသောမနသိကာရ ဖြစ်သဖြင့် ဒေါသ-ကုက္ကုစ္စ ပြဓာန်းသော အကုသိုလ် မနောဒွါရိကဇောဝီထိ စိတ်အစဥ်များ ထင်ရှား ဖြစ်ပေါ်လာကြပေမည်။ ယင်းဇော အသီးအသီး၌ --- ၁။ အသင်္ခါရိကဖြစ်သော် နာမ်တရား (၁၉) လုံးစီ၊ ၂။ သသင်္ခါရိကဖြစ်သော် နာမ်တရား (၂၁) လုံးစီ - အသီးအသီး ရှိ၏။
由于是不如理作意,以嗔—恶作为首的不善意门速行心路相续便会明显生起。每一次速行分别具有:1.若为无行,19种名法;2.若为有行,21种名法。
ဤကုက္ကုစ္စ အုပ်စုမှာလည်း ပရမတ်အစစ်ကို အာရုံပြု၍ ရှုရာ၌ အချို့ယောဂီများအဖို့ ကြုံတောင့် ကြုံခဲ လှသော အခက်အခဲတစ်ရပ်ပင် ဖြစ်နေတတ်ပြန်သည်။ ထိုသို့ အခက်အခဲရှိပါက အထက် ဒေါသ-မစ္ဆရိယ ရှုပုံ အပိုင်းတွင် ဖော်ပြခဲ့သည့်အတိုင်း လွယ်ရာမှ အခက်သို့ တစ်စ တစ်စ ပြောင်း၍ သိမ်းဆည်းရှုပွား ကြည့်ပါလေ။
以究竟法为所缘来观修这一恶作组,对某些瑜伽行者而言,也可能是一项极难引生、极难现起的观修难点。若遇到这种困难,应依前述嗔—悭组观修部分所说,从容易之处逐步转向困难之处,试着摄取、观修。
ဤ ဒေါသ-ဣဿာ၊ ဒေါသ-မစ္ဆရိယ၊ ဒေါသ-ကုက္ကုစ္စ အုပ်စု နာမ်တရားစုတို့ကား ဒေါသမူစိတ် နှစ်မျိုးနှင့် ယှဥ်တွဲလျက် ရှိကြသဖြင့် သသင်္ခါရိက၊ အသင်္ခါရိက နှစ်မျိုးစီပင် အသီးအသီး ရှိ၏။ သူတစ်ပါးတို့က တိုက်တွန်း လိုက်သည့် အတွက်၊ သို့မဟုတ် မိမိကိုယ်ကို မိမိ တိုက်တွန်းလိုက်ပါမှ ဣဿာ-မစ္ဆရိယ-ကုက္ကုစ္စတို့ ဖြစ်ခဲ့သော် သသင်္ခါရိကတည်း။ ထိုသို့ တိုက်တွန်းမှု မရှိဘဲ ယင်းတရားတို့ ဖြစ်ပေါ်ခဲ့သော် အသင်္ခါရိကတည်း။
嗔—嫉、嗔—悭、嗔—恶作这三组名法都与两种嗔根心相应,所以每一组各有有行、无行两类。若由于他人推动,或在自己推动自己以后,嫉、悭、恶作才生起,便是有行;若没有这种推动而这些法生起,便是无行。
၁။ ''ဒီလိုယုန်တော့ ချုံတိုင်း ရှိရဲ့၊ ဒီးဒုတ်လောက်တော့ ငှက်တိုင်း လှရဲ့''ဟူသော စိတ်ထားမျိုးမှာ ဣဿာ၏ သဘောတည်း။
1.“这样的兔子,哪个灌木丛里都有;若只说像鱼鸮那么漂亮,哪只鸟都一样。”这种贬低他人之心,便是嫉的性质。
၂။ ''မထိနဲ့ မီးပွင့်သွားမယ်''ဟူသော စိတ်ထားမျိုးကား မစ္ဆရိယ၏ သဘောတည်း။
2.“别碰,一碰就要冒火了!”这种不能容人触及之心,便是悭的性质。
၃။ ''မှားကုန်ပြီ'' ''ဖြစ်မှ ဖြစ်ရပလေ''ဟူသော စိတ်ထားမျိုးကား ကုက္ကုစ္စ၏ သဘောတည်း။
3.“全都错了!”“怎么偏偏发生了呢!”这种追悔忧恼之心,便是恶作的性质。
ဤဖော်ပြပါ ---
上述:
原书第 240 页
၁။ ဒေါသ အုပ်စု ၂။ ဒေါသ-ဣဿာ အုပ်စု ၃။ ဒေါသ-မစ္ဆရိယ အုပ်စု ၄။ ဒေါသ-ကုက္ကုစ္စ အုပ်စု --- ဤ (၄)အုပ်စု ပေါင်းလိုက်သော် ဒေါသမူဒွေ ရှုကွက်ကား ကုန်ပြီ ဖြစ်သည်။ ဤတွင် သတိပြုရန် အချက် တစ်ရပ်ကို ဆက်လက်၍ ဖော်ပြအပ်ပါသည်။ အထက်တွင် ဖော်ပြခဲ့သော ရူပါရုံကို အာရုံပြု၍ သံယောဇဥ် (၁ဝ)ပါးတို့ ဖြစ်ပေါ်လာကြပုံကို ဖွင့်ဆိုထားသော မူလပဏ္ဏာသ အဋ္ဌကထာ (မ-ဋ္ဌ-၁-၂၉၂)၌ ကုက္ကုစ္စကို ထည့်- သွင်းဖွင့်ဆိုမှု မရှိသော်လည်း --- ၁။ မနောဒွါရဝီထိများ၌ ဇော (၅၅)မျိုး ၂။ စက္ခုဒွါရဝီထိ စသော ပဉ္စဒွါရဝီထိများ၌ ကာမဇောအားလုံး စောနိုင်ကြောင်းကို အဘိဓမ္မာကျမ်းများ၌ မိန့်ဆိုလျက်ရှိသဖြင့် ဒေါသကုက္ကုစ္စအုပ်စု နာမ်တရားတို့ကိုပါ သိမ်းဆည်းရန် ဤ၌ ဖော်ပြခြင်း ဖြစ်ပေ သည်။
1.嗔组;2.嗔—嫉组;3.嗔—悭组;4.嗔—恶作组。这四组合在一起,两种嗔根心的观修项目便已完毕。这里继续说明一点应注意之事。前述《中部义注·根本五十篇》(《中部义注》1-292)在解释以色所缘为所缘而生起十结时,并没有把恶作列入说明;不过,诸阿毗达磨论书说:1.意门心路中有55种速行可以生起;2.眼门心路等五门心路中,一切欲界速行都可以生起。因此,本书在这里也说明应当摄取嗔—恶作组名法。
ယခင် ဒေါသ အုပ်စု နာမ်တရား (၁၈/၂ဝ)တို့၌ ကုက္ကုစ္စ တစ်လုံးထပ်၍ တိုးလာသဖြင့် နာမ်တရား (၁၉ /၂၁) အသီးအသီး ဖြစ်သည်။
在先前嗔组的18/20种名法中再加一个恶作,因此分别成为19/21种名法。
ဒေါသ-ကုက္ကုစ္စအုပ်စု ဝီထိစဥ် ဇယား
嗔—恶作组心路表
ဟဒယရှိ မှီရာဝတ္ထုရုပ် = ၅၄ ၅၄ ၅၄ ၅၄
心脏中与心所依处同处的色法=54|54|54|54
မနောဒွါရာဝဇ္ဇန်း ဇော (၇) ကြိမ် အဟိတ်တဒါရုံ (၂) ကြိမ် (ဝါ) သဟိတ်တဒါရုံ (၂) ကြိမ်
意门转向|速行(7次)|无因彼所缘(2次)|或有因彼所缘(2次)
- ၁၂ ၁၉ ၁၁ (ဝါ) ၃၃/၃၂ (ဥပေက္ခာ)
12|19|11(或)|33/32(舍受)
''မှားလေပေါ့'' ဟု နှလုံးသွင်းပါ
作意为“错了啊”。
- ၁၂ ၂၁ ၁၁ ။ ၃၃/၃၂ (ဥပေက္ခာ)
12|21|11(或)|33/32(舍受)
၁။ စက္ခုအကြည်ဓာတ်ကို အာရုံယူ၍ ပြုလိုက်မိသော ဒုစရိုက်ကို အာရုံပြု၍ အသင်္ခါရိက သသင်္ခါရိက (၂) ချက် ရှုပါ။
1.取眼净色为所缘,再以涉及该所缘而已经造作的不善行为所缘,观修无行、有行两类。
၂။ ယင်းစက္ခုအကြည်ဓာတ် အာရုံ၌ပင် မပြုလိုက်မိ မကျင့်လိုက်မိသော သုစရိုက်ကို အာရုံပြု၍ အသင်္ခါရိက သသင်္ခါရိက (၂)ချက် ရှုပါ။
2.仍以该眼净色为所缘,再以在此所缘上没有做、没有实行的善行为所缘,观修无行、有行两类。
(၂) ရပ်ပေါင်းသော် ဒေါသ-ကုက္ကုစ္စ အုပ်စု (၄)ချက် ဖြစ်သည်။
两项合计,嗔—恶作组共有四类。
သတိပြုရန်
注意
အထက်တွင် --- ဇောနှင့် တဒါရုံ သတ်မှတ်ပုံ --- အပိုင်းဝယ် (စာမျက်နှာ -၁၄၁- စသည်၌) အာဂန္တုကဘဝင် အကြောင်းကို ရှင်းပြထားခဲ့၏။ ဤအထက်ပါ ဒေါသ၊ ဒေါသ-ဣဿာ၊ ဒေါသ-မစ္ဆရိယ၊ ဒေါသ-ကုက္ကုစ္စဟူသော ဒေါသဇောများ စောသည် မနောဒွါရိကဇောဝီထိစိတ်အစဥ်တို့ကို ဃနအသီးအသီး ပြိုအောင် ဉာဏ်ဖြင့် ဖြိုခွဲ- လျက် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်သည်တိုင်အောင် ယင်းနာမ်တရားစုတို့ကို သိမ်းဆည်းရှုပွားနေသော အသင် ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် အကယ်၍ သောမနဿ တိဟိတ်ပဋိသန္ဓေ တည်နေခဲ့သူ ဖြစ်အံ့ (= အသင်သူ-
前面“速行与彼所缘的规定方式”部分(本书第141页等)已经解释过客来有分。贤善的瑜伽行者以智分析上述含有嗔、嗔—嫉、嗔—悭、嗔—恶作等嗔速行的意门速行心路相续,逐一破除密集,并摄取、观修其中名法组,直至智见抵达究竟法;如果贤善的你是悦受三因结生者(也就是贤善的你
原书第 241 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- အရူပပရိဂ္ဂဟ အခန်း တော်ကောင်း၏ ပဋိသန္ဓေဝယ် နာမ်တရား -၃၄-လုံး ရှိခဲ့သည် ဖြစ်အံ့) ဤဖော်ပြပါ ဒေါသဇောတို့၏ နောင်၌ တဒါရုံ မကျနိုင်ဘဲ အာဂန္တုကဘဝင်များသာ ကျနိုင်သည်ကို အထူးသတိပြုပါလေ။ ဤအပိုင်းဝယ် နာမ်တရားတို့ ကို သိမ်းဆည်းရာ၌ အလွန်စေ့စပ်သေချာဖို့ လိုအပ်ပေသည်။ အကယ်၍ အသင်သူတော်ကောင်းသည် ဥပေ- က္ခာဖြင့် တိဟိတ်ပဋိသန္ဓေတည်နေခဲ့သူ ဖြစ်အံ့ (= ပဋိသန္ဓေ၌ ပီတိမပါသည့် နာမ်တရား -၃၃-ရှိသူ ဖြစ်အံ့) ဇယားများတွင် ဖော်ပြထားသည့်အတိုင်း ဥပေက္ခာ တဒါရုံများလည်း ထိုက်သလို ကျနိုင်ကြပေသည်။ ပဉ္စဒွါရ ဝီထိတို့၌လည်း နည်းတူပင် မှတ်ပါ။
的结生中有34种名法),那么在上述嗔速行之后,彼所缘不能生起,只能落入客来有分;这一点必须特别注意。在本部分摄取名法时,必须极其细致、准确。若贤善的你是舍受三因结生者(即结生中没有喜、含33种名法者),则如各表所示,舍俱彼所缘也可以随其所应生起。五门心路也应同样理解。
မောဟမူစိတ် (၂) မျိုး
两种痴根心
၁။ ဥပေက္ခာသဟဂုတ် ဝိစိကိစ္ဆာသမ္ပယုတ်စိတ်တစ်ခု။
1.舍俱·疑相应痴根心一种。
= ဥပေက္ခာဝေဒနာနှင့် အတူတကွဖြစ်သော ဝိစိကိစ္ဆာနှင့် ယှဥ်သော စိတ်တစ်ခု။
即与舍受俱生、与疑相应的一种心。
၂။ ဥပေက္ခာသဟဂုတ် ဥဒ္ဓစ္စသမ္ပယုတ်စိတ်တစ်ခု။
2.舍俱·掉举相应痴根心一种。
= ဥပေက္ခာဝေဒနာနှင့် အတူတကွ ဖြစ်သော ဥဒ္ဓစ္စနှင့် ယှဥ်သော စိတ်တစ်ခု။
即与舍受俱生、与掉举相应的一种心。
ဤသို့လျှင် မောဟမူစိတ် (၂)မျိုး ရှိသည်။ လောဘ-ဒေါသ ဟိတ်တရားများမပါတော့ဘဲ မောဟဟိတ် တစ်မျိုးသာ ရှိသောစိတ် ဖြစ်သဖြင့် မောဟမူစိတ်ဟု အမည်တပ်ထားသည်။
如此共有两种痴根心。由于这些心不含贪因、嗔因,只有痴这一种因,所以称为痴根心。
ဝိစိကိစ္ဆာ = ဤစက္ခုအကြည်ဓာတ်သည် သတ္တလေလော၊ = အတ္တလေလော သတ္တ၏ ဥစ္စာလေလော = အတ္တ၏ ဥစ္စာလေလော = အတ္တ၏ အကြည်ဓာတ်လေလောဟု တွေးတောယုံမှားမှုသဘော။
疑,是这样思量、疑惑的性质:“这个眼净色是有情吗,也就是我吗?是有情所有之物吗,也就是我所有之物吗?是我的净色吗?”
ယင်း ဝိစိကိစ္ဆာနာမ်တရားစုတို့မှာ --- (၁၆)မျိုး ရှိ၏။
这一疑组共有16种名法。
၁။ အသိစိတ် = စက္ခုအကြည်ဓာတ် အာရုံကို ရယူခြင်းသဘော - ၁ ၂။ အဓိမောက္ခ-ပီတိ-ဆန္ဒ မပါသော အညသမာန်း = နှစ်ဖက်ရ စေတသိက် - ၁ဝ ၃။ မောဟ-အဟိရိက-အနောတ္တပ္ပ-ဥဒ္ဓစ္စ = အကုသလသာဓာရဏစေတသိက် - ၄ ၄။ ဝိစိကိစ္ဆာ - ၁ အားလုံးပေါင်းသော် --- ဝိစိကိစ္ဆာ နာမ်တရားစုတို့မှာ - ၁၆- လုံးတို့ ဖြစ်ကြသည်။
1.能知之心:以取得眼净色所缘为性——1;2.不含胜解、喜、欲的同他心所(两边可得心所)——10;3.痴、无惭、无愧、掉举,即遍一切不善心心所——4;4.疑——1。合计,疑组共有16种名法。
ဝိစိကိစ္ဆာ အုပ်စု ရှုပုံစနစ်
疑组观修方法
၁။ ဘဝင် မနောအကြည်ဓာတ်ကို သိမ်းဆည်းပါ။
1.摄取有分意净界。
၂။ ဝိစိကိစ္ဆာဖြစ်နေသည့် စက္ခုအကြည်ဓာတ် အာရုံကို လှမ်း၍ အာရုံယူပါ။
2.伸取一个自己正对之生起疑的眼净色作为所缘。
၃။ ထိုစက္ခုအကြည်ဓာတ်အာရုံသည် မိမိ၏ ဘဝင်မနောအကြည်ဓာတ်၌ ရှေးရှူကျရောက်လာသောအခါ ထင်လာသောအခါ မနောဒွါရဇောဝီထိစိတ်အစဥ်များသည် ဖြစ်ပေါ်လာကြပေလိမ့်မည်။
3.当该眼净色所缘趋入自己的有分意净界、显现于其中时,意门速行心路相续便会生起。
၄။ ယင်းဝီထိစိတ်အစဥ်တွင် ပါဝင်သော မနောဒွါရာဝဇ္ဇန်းက --- ''ဤစက္ခုအကြည်ဓာတ်သည် အတ္တလေလော'' သို့မဟုတ် ''အတ္တ၏ ဥစ္စာလေလော'' သို့မဟုတ် - ''အတ္တ၏ အကြည်လေလော''ဟု ဆုံးဖြတ်ကြည့်ပါ၊ နှလုံးသွင်းပါ။
4.试令该心路相续中的意门转向判定并作意为:“这个眼净色是我吗?”或者“是我所有之物吗?”或者“是我的净色吗?”
原书第 242 页
အယောနိသောမနသိကာရ ဖြစ်သဖြင့် ဝိစိကိစ္ဆာ ပြဓာန်းသော အကုသိုလ် မနောဒွါရိကဇောဝီထိစိတ် အစဥ်များသည် ထင်ရှားဖြစ်ပေါ်လာကြမည် ဖြစ်ပေသည်။ ယင်းဇော အသီးအသီး၌ ဝိစိကိစ္ဆာအုပ်စု နာမ်တရား (၁၆)လုံးစီ ရှိပေသည်။
由于是不如理作意,以疑为首的不善意门速行心路相续便会明显生起。每一次速行中都有16种疑组名法。
ဝိစိကိစ္ဆာ အုပ်စု ဝီထိစဥ် ဇယား
疑组心路表
ဟဒယရှိ မှီရာဝတ္ထုရုပ် = ၅၄ ၅၄ ၅၄ ၅၄
心脏中与心所依处同处的色法=54|54|54|54
မနောဒွါရာဝဇ္ဇန်း ဇော (၇) ကြိမ် အဟိတ်တဒါရုံ (၂) ကြိမ် (ဝါ) သဟိတ်တဒါရုံ (၂) ကြိမ်
意门转向|速行(7次)|无因彼所缘(2次)|或有因彼所缘(2次)
''အတ္တ၏ အကြည်လား''
“是我的净色吗?”
- ၁၂ ၁၆ ၁၂/၁၁ (ဝါ) ၃၄/၃၃/၃၃/၃၂
12|16|12/11(或)|34/33/33/32
ဟု နှလုံးသွင်းပါ
如此作意。
ဥဒ္ဓစ္စ အုပ်စု နာမ်တရားများကို ရှုပုံစနစ်
掉举组名法观修方法
ဥဒ္ဓစ္စ = စက္ခုအကြည်ဓာတ်အာရုံ၌ စိတ်မငြိမ်မသက် ပျံ့လွင့်နေမှုသဘော။
掉举,是心在眼净色所缘上不宁静、散乱的性质。
၁။ ဘဝင် မနောအကြည်ဓာတ်ကို သိမ်းဆည်းပါ။
1.摄取有分意净界。
၂။ ဥဒ္ဓစ္စဖြစ်နေကျ စက္ခုအကြည်ဓာတ်အာရုံကို လှမ်း၍ အာရုံယူပါ။
2.伸取一个自己惯常对之生起掉举的眼净色作为所缘。
၃။ ထိုစက္ခုအကြည်ဓာတ်အာရုံသည် ဘဝင်မနောအကြည်ဓာတ်၌ ရှေးရှူကျရောက်လာသောအခါ ထင်လာ သောအခါ မနောဒွါရဝီထိဇောစိတ်အစဥ်များသည် ထင်ရှားစွာ ဖြစ်ပေါ်လာကြပေမည်။
3.当该眼净色所缘趋入有分意净界、显现于其中时,意门速行心路相续便会明显生起。
၄။ ယင်းဝီထိစိတ်အစဥ်တွင် ပါဝင်သော မနောဒွါရာဝဇ္ဇန်းက စိတ်မငြိမ်မသက်ဖွယ်ရာ အာရုံတစ်ခု အဖြစ် နှင့်ပင် နှလုံးသွင်းနေပါ။
4.让该心路相续中的意门转向始终只把它作意为一种令心不安定、散乱的所缘。
အယောနိသောမနသိကာရ ဖြစ်သဖြင့် ဥဒ္ဓစ္စပြဓာန်းသော အကုသိုလ်ဇောစိတ် အစဥ်များ ထင်ရှားစွာ ဖြစ်ပေါ်လာပေမည်။
由于是不如理作意,以掉举为首的不善速行心相续便会明显生起。
ဥဒ္ဓစ္စ အုပ်စု နာမ်တရား (၁၆) လုံး
掉举组名法(16法)
ယင်းဇော အသီးအသီး၌ နာမ်တရား (၁၆)လုံးစီ အသီးအသီးရှိ၏။ ယင်း နာမ်တရားတို့မှာ ဤသို့ ဖြစ်၏။
每一次速行分别都有16种名法。这些名法如下。
၁။ အသိစိတ် = စက္ခုအကြည်ဓာတ် အာရုံကို ရယူခြင်းသဘော - ၁ ၂။ ပီတိ-ဆန္ဒ မပါသော အညသမာန်း = နှစ်ဖက်ရ စေတသိက် - ၁၁ ၃။ မောဟ-အဟိရိက-အနောတ္တပ္ပ-ဥဒ္ဓစ္စ = အကုသလသာဓာရဏစေတသိက် - ၄ အားလုံးပေါင်းသော် ဥဒ္ဓစ္စ အုပ်စု နာမ်တရား --- ၁၆- လုံးတို့ ဖြစ်ကြသည်။
1.能知之心:以取得眼净色所缘为性——1;2.不含喜、欲的同他心所(两边可得心所)——11;3.痴、无惭、无愧、掉举,即遍一切不善心心所——4。合计,掉举组共有16种名法。
စက္ခုအကြည်ဓာတ် စသည့် ပရမတ္ထအာရုံကို အာရုံပြု၍ ဖြစ်ပေါ်လာသော ဥဒ္ဓစ္စပြဓာန်းသော မောဟမူ စိတ် နာမ်တရားစုတို့ကို သိမ်းဆည်း ရှုပွားရာ၌ ထိုအာရုံမှာ ဥဒ္ဓစ္စကို အများဆုံး ဖြစ်စေတတ်သော အာရုံဖြစ် ပါစေ။ လောဘလည်းမဖြစ် ဒေါသလည်း မဖြစ်သော စက္ခုအကြည်ဓာတ် စသော အာရုံမျိုး ဖြစ်ပါစေ၊ လောဘနှင့် ယှဥ်တွဲနေသော ဥဒ္ဓစ္စမှာ လောဘအုပ်စုတွင်လည်းကောင်း၊ ဒေါသနှင့် ယှဥ်တွဲနေသော ဥဒ္ဓစ္စမှာ ဒေါသအုပ်စု တွင်လည်းကောင်း အသီးအသီးပါဝင်ပြီး ဖြစ်နေသောကြောင့်တည်း။ ဤအရာ၌ ယင်းစက္ခုအကြည်ဓာတ် စသော
摄取、观修以眼净色等究竟所缘为所缘而生起、以掉举为首的痴根心名法组时,该所缘应是最能令掉举生起的所缘,并且应是不会令贪、嗔生起的眼净色等所缘。因为,与贪相应的掉举已经分别摄入贪组,与嗔相应的掉举也已经分别摄入嗔组。在这里,对于这种眼净色等
原书第 243 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- အရူပပရိဂ္ဂဟ အခန်း အာရုံပေါ်ဝယ် စိတ်ပျံ့လွင့်မှုများ၍ လောဘ ဒေါသ မဖြစ်သည့် အာရုံမျိုးကို ရွေးချယ်၍ ရှုရန် ဖြစ်သည်။
所缘之中,应选择那种会使心多有散乱、却不生贪嗔的所缘来观修。
မျက်စိ၌ တစ်စုံတစ်ခု ဖြစ်နေ၍ စိတ်မငြိမ်မသက်မှု ဖြစ်နေမှုမျိုးကို ဆိုလိုပေသည်။ ဤအုပ်စုတွင် မောဟမှာ ငါ၏ စက္ခုအကြည် စသည်ဖြင့် အသိမှားမှုသဘော ဖြစ်သည်။
这是指眼睛出现某种状况,因而内心不安、不能平静的情形。在这一组中,痴是把眼净色错认为“我的眼净色”等的性质。
ဥဒ္ဓစ္စ အုပ်စု ဝီထိစဥ် ဇယား
掉举组心路表
ဟဒယရှိ မှီရာဝတ္ထုရုပ် = ၅၄ ၅၄ ၅၄ ၅၄
心脏中与心所依处同处的色法=54|54|54|54
မနောဒွါရာဝဇ္ဇန်း ဇော (၇) ကြိမ် အဟိတ်တဒါရုံ (၂) ကြိမ် (ဝါ) သဟိတ်တဒါရုံ (၂) ကြိမ်
意门转向|速行(7次)|无因彼所缘(2次)|或有因彼所缘(2次)
၁၂ ၁၆ ၁၂/၁၁ (ဝါ) ၃၄/၃၃/၃၃/၃၂
12|16|12/11(或)|34/33/33/32
တဒါရုံနှင့် ပတ်သက်၍ သိမှတ်ဖွယ်
关于彼所缘应知之事
မဟာဓမ္မရက္ခိတမထေရ်မြတ်ကြီး၏ ဝါဒအရကား --- ၁။ ဣဋ္ဌာရုံ၌ (= အတိဣဋ္ဌာရုံ၌) ယုံမှားသံသယ ရှိရှိ၊ မရှိရှိ၊ စိတ်ပျံ့လွင့်မှု ဖြစ်ဖြစ်၊ မဖြစ်ဖြစ်၊ မောဟဇော နောင်၌ ကုသလဝိပါက် အဟိတ်သောမနဿ သန္တီရဏ တဒါရုံသာ ကျ၏။
依摩诃法护大长老的主张:1.在可意所缘〔这里指极可意所缘〕上,无论有疑惑还是没有疑惑,无论心散乱还是不散乱,痴速行之后只会落悦俱无因善果报推度彼所缘。
၂။ ဣဋ္ဌမဇ္ဈတ္တာရုံ (= ဣဋ္ဌာရုံ)၌ အဟိတ် ကုသလဝိပါက် ဥပေက္ခာသန္တီရဏ တဒါရုံသာ ကျ၏။
2.在中等可意所缘〔这里也称可意所缘〕上,只会落舍俱无因善果报推度彼所缘。
(အဘိ-ဋ္ဌ-၁-၃၁၇။)
(《阿毗达磨义注》1-317。)
ခပ်သိမ်းသော ဆရာမြတ်တို့၏ တူညီသော အဆိုအမိန့်ဟူသော သမာနဝါဒ အရမူ --- ၁။ အနိဋ္ဌာရုံ၌ မောဟဇောနှစ်မျိုးနောင်၌ အဟိတ် အကုသလဝိပါက် ဥပေက္ခာသန္တီရဏ တဒါရုံ ကျ၏။
依一切诸师共同认可的通说:1.在不可意所缘上,两种痴速行之后会落舍俱无因不善果报推度彼所缘。
၂။ ဣဋ္ဌာရုံ = ဣဋ္ဌမဇ္ဈတ္တာရုံဟု အမည်နှစ်မျိုးဖြင့် ခေါ်ဝေါ်သုံးစွဲထားသော သာမန်ဣဋ္ဌာရုံ၌ မောဟဇော နှစ်မျိုးစောခဲ့သော် ယင်းဇောတို့၏နောင်၌ အဟိတ်ကုသလဝိပါက် သောမနဿသန္တီရဏ တဒါရုံ၊ အဟိတ် ကုသလဝိပါက် ဥပေက္ခာသန္တီရဏ တဒါရုံ၊ မဟာဝိပါက်တဒါရုံ (၈)မျိုး အားလုံးပေါင်းသော် တဒါရုံ (၁ဝ) မျိုး ထိုက်သလို ကျနိုင်၏။
2.对于既称“可意所缘”又称“中等可意所缘”的普通可意所缘,若两种痴速行中的一种生起,那么在该速行之后,悦俱无因善果报推度彼所缘、舍俱无因善果报推度彼所缘,以及八种大果报彼所缘,合计十种彼所缘,可以随其所应生起。
၃။ အလွန်အလိုရှိအပ်သော ဘုရားရှင်၏ စက္ခုအကြည်တော်၊ နတ်သ္မီး နတ်သား စသည့်တို့၏ စက္ခုအကြည် ဓာတ် (မျက်စိ) စသော အတိဣဋ္ဌာရုံတို့၌ မောဟဇော စောခဲ့သော် ယင်းဇောတို့၏ နောင်၌ အဟိတ် ကုသလဝိပါက် သောမနဿသန္တီရဏ တဒါရုံနှင့် မဟာဝိပါက် သောမနဿသန္တီရဏ တဒါရုံ (၄)မျိုး ပေါင်း (၅)မျိုးသော တဒါရုံတို့တွင် တစ်မျိုးမျိုးသည် ကျနိုင်၏။ (အဘိဓမ္မတ္ထသင်္ဂဟ တဒါရမ္မဏဝါရ - ဝီထိပိုင်းကြည့်။) ကြွင်းကျန်သော ရုပ်တရားတို့ကို အာရုံပြု၍ ဖြစ်ပေါ်လာကြသော အကုသိုလ်ဇောများ နောင်၌ တဒါရုံကျပုံကိုလည်း နည်းမှီး၍ သိရှိပါလေ။
3.对于极为可欲的佛陀眼净色,以及天女、天子等的眼净色〔眼睛〕等极可意所缘,若痴速行生起,那么在该速行之后,悦俱无因善果报推度彼所缘与四种悦俱大果报彼所缘,合计五种彼所缘,其中任何一种都可以随其所应生起。(参见《摄阿毗达磨义论·彼所缘品》的心路部分。)对于取其余色法为所缘而生起的不善速行,其后彼所缘如何生起,也应仿照此法了知。
အထူးသတိပြုရန်အချက်
特别注意事项
စက္ခုအကြည်ဓာတ် (သို့မဟုတ် ဓမ္မာရုံ အမည်ရသော ရုပ်တရားတို့ကို) အာရုံပြု၍ဖြစ်ပေါ်လာကြသော နာမ်တရားတို့ကို သိမ်းဆည်းရှုပွားပုံကို ဖော်ပြရာ ဤအပိုင်းဝယ် မနောဒွါရဝီထိကို ဝီထိစဥ် တစ်မျိုးလောက်- ကိုသာ ဖော်ပြထားသော်လည်း အသင်ယောဂီသူတော်ကောင်းသည် လက်တွေ့သိမ်းဆည်း ရှုပွားသောအခါ၌ကား
在说明如何摄取、观修以眼净色〔或称为法所缘的诸色法〕为所缘而生起的名法时,本段虽然只列出一种意门心路次第,可是当贤善的瑜伽行者实际摄取、观修时,
原书第 244 页
--- မနောဒွါရဝီထိ တစ်ခုနှင့် တစ်ခု အကြားဝယ် ဘဝင်စိတ်များ များစွာခြားလျက် စက္ခုအကြည်ဓာတ်စသည့် အာရုံကို သိသည့် မနောဒွါရဝီထိပေါင်းများစွာ ဖြစ်နိုင်သည်ကိုကား ကြိုတင်၍ သဘောပေါက်ထားသင့်၏၊ အသိ အမှတ် ပြုထားသင့်၏။ တစ်ချိန် ဘဝင်နာမ်တရားတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူနိုင် သိမ်းဆည်းနိုင်သောအခါ ယင်းဘဝင်နာမ်တရားတို့ကိုပါ ရောနှော၍ သိမ်းဆည်းရှုပွားရမည်ဟု ယခုကပင် ကြိုတင်၍ သတိပြုထားသင့် ပေသည်။ ယခုအခါ၌ကား မနောဒွါရဝီထိပေါင်းများစွာကိုသာ သိမ်းဆည်းပါဦး။
应当预先理解并确认:一道意门心路与另一道意门心路之间,隔着许多个有分心;因此,可以生起许多道了知眼净色等所缘的意门心路。以后有一天,当你能够以智分别、摄取有分名法时,还必须把这些有分名法混合在内一并摄取、观修;从现在起就应预先留意这一点。目前,则只须先摄取许多道意门心路。
ဤမနောဒွါရဝီထိစဥ်ဇယားများ၌ ဘဝင်ကို ထည့်သွင်း၍ မဖော်ပြခြင်းသည် ယောဂါဝစရပုဂ္ဂိုလ်သည် ဤအဆင့်၌ ဘဝင်နာမ်တရားတို့ကို ပုံစံမှန် မသိမ်းဆည်းနိုင် မရှုနိုင်သေးသောကြောင့် ဖြစ်၏။ အကယ်၍ အသင် သူတော်ကောင်းသည် --- ကြောင်း-ကျိုး ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်ပိုင်း = ပစ္စယပရိဂ္ဂဟဉာဏ်ပိုင်းသို့ ရောက်ရှိသွားသော အခါ၌မူ အတိတ်ဘဝ မရဏာသန္နဇော၏ အာရုံကို သိမ်းဆည်းနိုင် ရှုနိုင်သောအခါ ဘဝင် ၏ အာရုံမှန်ကို ပုံစံမှန် သိနိုင်ပြီ ဖြစ်သည်။ ယခု ပစ္စုပ္ပန်ဘဝတွင် သို့မဟုတ် ဘဝတစ်ခုတွင် အကျုံးဝင်သော ပဋိသန္ဓေ-ဘဝင်-စုတိတို့သည် ဆိုင်ရာ အတိတ် မရဏာသန္နဇော၏ အာရုံကိုသာ ဆက်လက်၍ အာရုံပြုကြ သောကြောင့်ဖြစ်၏။ ထိုဘဝင်၏ အာရုံကို ပုံစံမှန် သိရှိပါမှသာလျှင် ဘဝင်နာမ်တရားစုတို့ကိုလည်း (= ဘဝင်စိတ် +စေတသိက်တို့ကိုလည်း) ပုံစံမှန် သိမ်းဆည်းရှုပွားနိုင်မည် ဖြစ်သည်။ ထိုအခါတွင် ရုပ်နာမ်တို့ကို တစ်ဖန် ပြန်-
这些意门心路次第表没有把有分列入,是因为瑜伽行者在这一阶段还不能以正确方式摄取、观照有分名法。以后,贤善的你到达因果相联的缘起部分,也就是缘摄受智部分时,若能摄取、观照过去世临死速行的所缘,便能以正确方式知道有分真正的所缘。这是因为,属于当前这一生或任何一生的结生、有分与死亡,都持续缘取相应过去世临死速行的所缘。只有正确知道有分的所缘以后,才能以正确方式摄取、观修有分名法组〔即有分心与诸心所〕。到那时,重新摄取色、名时,
လည်၍ သိမ်းဆည်းသောအခါ ဘဝင်နာမ်တရားများကိုပါ ရောနှော၍ သိမ်းဆည်းပါ။ မနောဒွါရဝီထိပေါင်း များစွာကိုလည်း သိမ်းဆည်းပါ။
应把有分名法也混合在内一并摄取,并且摄取许多道意门心路。
ဤတွင် စက္ခုအကြည်ဓာတ်ကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော --- ၁။ လောဘမူစိတ် (၈) မျိုး ၂။ ဒေါသမူစိတ် (၂) မျိုး ၃။ မောဟမူစိတ် (၂) မျိုး - ဟူသောအကုသိုလ်စိတ် (၁၂)မျိုးတို့နှင့် ယှဥ်ဖက် စေတသိက်တို့ကိုပါ ပူးတွဲ၍ သိမ်းဆည်းပုံအပိုင်း ပြီး- စီးပြီ ဖြစ်သည်။
至此,关于如何摄取以眼净色为所缘而生起的八种贪根心、两种嗔根心、两种痴根心——合计十二种不善心——并连同各自相应的心所一并摄取,这一部分已经完成。
ဇော - ကို ဦးတည်၍ သိမ်းဆည်းခဲ့သော်
若以速行为核心加以摄取
ဤအထက်တွင် ဖော်ပြထားခဲ့ပြီးသော ကာမာဝစရနာမ်တရားတို့ကို သိမ်းဆည်း ရှုပွားပုံအပိုင်းတွင် မဟာ ကုသိုလ်ဇော (၈)မျိုးနှင့် အကုသိုလ်ဇော (၁၂)မျိုးတို့ကို ဦးတည်လျက် နာမ်ကမ္မဋ္ဌာန်း သိမ်းဆည်း ရှုပွားပုံကို ဖော်ပြထားခဲ့၏။ ဇောကို ဦးတည်ထားသော်လည်း ယင်း ဇောတို့နှင့် ဝီထိစဥ် တစ်ခု၏ အတွင်း၌ မကင်း စကောင်းသော --- ၁။ ပဉ္စဒွါရာဝဇ္ဇန်း၊ မနောဒွါရာဝဇ္ဇန်း (= ဝုဋ္ဌော)ဟူသော ကိရိယာဗျာကတ တရားများကိုလည်းကောင်း - ၂။ စက္ခုဝိညာဏ် သောတဝိညာဏ် ဃာနဝိညာဏ် ဇိဝှါဝိညာဏ် ကာယဝိညာဏ် ဟူသော ပဉ္စဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ တဒါရုံ --- ဟူသော ဝိပါက်အဗျာကတ တရားများကိုလည်းကောင်း --- သိမ်းဆည်းခြင်းကိစ္စသည်လည်း တစ်ပါတည်း ပြီးစီးသွားပေပြီ။ မကင်းစကောင်းသော အဝိနာဘာဝ နည်းတည်း။ ကျွဲကူးရေပါ သဘောတည်း။ အသင်ယောဂီသူတော်စင်၏ သန္တာန်၌ ဖြစ်သင့် ဖြစ်ထိုက်သော ကာမာဝစရ နာမ်တရားစုတို့ပင် ဖြစ်ကြပေသည်။ သို့သော် နာမ်ကမ္မဋ္ဌာန်း လုပ်ငန်းခွင်ကား မပြီးဆုံးသေးသဖြင့်
在上述摄取、观修欲界名法的部分,本书以八种大善速行与十二种不善速行为主,说明了如何摄取、观修名业处。虽以速行为主,但在同一道心路次第中,与这些速行不可分离的法也已一并摄取完毕,即:1.称为五门转向、意门转向〔即确定〕的唯作无记法;2.称为眼识、耳识、鼻识、舌识、身识的五识,以及领受、推度、彼所缘等果报无记法。这是不相离法,就像水随水牛一同渡过;它们都是应当、可能生起于贤善瑜伽行者相续中的欲界名法组。不过,由于名业处的实践工作尚未结束,
ဆက်လက်၍ ဖော်ပြအပ်ပါသည်။ စက္ခုအကြည်ဓာတ်ကို အာရုံယူ၍ အကုသိုလ်ဇော စောသည့် မနောဒွါရဝီထိ နာမ်တရားစုတို့ကို သိမ်းဆည်းသကဲ့သို့ ပုံစံတူရှုရန် ရုပ်အစစ် ရုပ်အတုတို့မှာ အောက်ပါအတိုင်း ဖြစ်ကြ၏။
下面还要继续说明。正如已经摄取以眼净色为所缘、令不善速行生起的意门心路名法组一样,应以同样方式观照的真实色法与非真实色法如下。
原书第 245 页
ပုံစံတူရှုရန် ရုပ်အစစ် (၁ဝ) မျိုး
依同一模式观修的十种真实色法
၁။ သောတပသာဒ = သောတအကြည် = နားအကြည်၊ ၂။ ဃာနပသာဒ = ဃာနအကြည် = နှာအကြည်၊ ၃။ ဇိဝှါပသာဒ = ဇိဝှါအကြည် = လျှာအကြည်၊ ၄။ ကာယပသာဒ = ကာယအကြည် = ကိုယ်အကြည်၊ ၅။ အာပေါဓာတ် = ယိုစီးမှု ဖွဲ့စည်းမှု သဘော၊ ၆။ ဣတ္ထိဘာဝရုပ် = အမျိုးသမီးဖြစ်ကြောင်း ဘာဝရုပ်၊ ၇။ ပုရိသဘာဝရုပ် = အမျိုးသားဖြစ်ကြောင်း ဘာဝရုပ်၊ ၈။ ဟဒယဝတ္ထုရုပ် = မနောဓာတ် မနောဝိညာဏဓာတ်တို့၏ မှီရာရုပ်၊ ၉။ ဇီဝိတရုပ် = ကမ္မဇရုပ်တို့၏ သက်စောင့်ဓာတ်၊ ၁ဝ။ သြဇာရုပ် = အဆီ အစေး အနှစ်သဘော၊ မှတ်ချက် --- ဓမ္မာရုံ အမည်ရသော ဓမ္မာရုံလိုင်းစာရင်းဝင် ရုပ်အစစ်များမှာ စက္ခုအကြည်ဓာတ်နှင့် တကွ အားလုံး (၁၁)မျိုး ရှိ၏။ မိမိ သိမ်းဆည်းရှုပွားလိုသည့် ဆိုင်ရာရုပ်ကလာပ် တစ်ခုခုကို ဓာတ်ခွဲ၍ မိမိ သိမ်း- ဆည်းရှုပွားလိုသော ရုပ်အစစ်ကို ထိုရုပ်ကလာပ်မှ ရွေးထုတ်၍ သိမ်းဆည်းရှုပွားရမည် ဖြစ်သည်။ ထိုတွင် အဇ္ဈတ္တ၌ အမျိုးသားယောဂီသည် ပုရိသဘာဝရုပ် = ပုမ္ဘာဝရုပ်ကို၊ အမျိုးသ္မီးယောဂီသည် ဣတ္ထိဘာဝရုပ်ကို
1.耳净色,即耳的净色;2.鼻净色,即鼻的净色;3.舌净色,即舌的净色;4.身净色,即身体的净色;5.水界,即流动与黏结之性;6.女根色,即显示女性之性的性根色;7.男根色,即显示男性之性的性根色;8.心所依处色,即意界与意识界所依的色法;9.命根色,即维持业生色法生命的根;10.食素,即油脂、黏性与精华之性。注——列入称为“法所缘”的法所缘线之真实色法,连同眼净色,共有十一种。应分析一个相应的色聚,从该色聚中选出自己想要摄取、观修的真实色法,再加以摄取、观修。其中,就内在〔自身〕而言,男性瑜伽行者观男根色,即 puṃbhāva-rūpa;女性瑜伽行者则观女根色;
သာ ရှုရန် ဖြစ်သည်၊ ဗဟိဒ္ဓ၌မူ ဗဟိဒ္ဓချင်း တူညီ၍ သာမန်ပေါင်းစု ခြုံငုံ၍ကား ဘာဝရုပ် (၂)မျိုးလုံးကိုပင် ရှုနိုင်ပါသည်။
各自只观与自身性别相应的这一种。至于外在〔他相续〕,因为同属外在,并且是作一般性的合并总观,所以两种性根色都可以观照。
ပုံစံတူ ရှုရန် ရုပ်အတု (၁ဝ) မျိုး
依同一模式观修的十种非真实色法
၁။ အာကာသဓာတ်= ရုပ်ကလာပ်တို့၏ အကြားအပေါက် ပရိစ္ဆေဒရုပ် ၂။ ကာယဝိညတ် = ကိုယ်ဖြင့် သိစေတတ်သော ကိုယ်အမူအရာ ၃။ ဝစီဝိညတ် = နှုတ်ဖြင့် (စကားသံဖြင့်) သိစေတတ်သော နှုတ်အမူအရာ ၄။ လဟုတာ = စိတ္တဇ-ဥတုဇ-အာဟာရဇ ရုပ်တို့၏ ပေါ့မှုသဘော ၅။ မုဒုတာ = စိတ္တဇ-ဥတုဇ-အာဟာရဇ ရုပ်တို့၏ နူးညံ့မှုသဘော ၆။ ကမ္မညတာ = စိတ္တဇ-ဥတုဇ-အာဟာရဇ ရုပ်တို့၏ အမှု၌ ကောင်းမွန်ခံ့ညားမှုသဘော ၇။ ဥပစယ --- (က) ဘဝတစ်ခု၌ ရုပ်အစစ်တို့၏ ရှေးဦးအစ ဖြစ်ခြင်းသဘော ( ခ ) ဣန္ဒြေပြည့်စုံသည်တိုင်အောင် = ဘဝတစ်ခု၌ ရထိုက်သမျှရုပ်များ ပြည့်စုံသည့်တိုင်အောင် ရုပ်အစစ်
1.空界——诸色聚之间的空隙,也就是限界色;2.身表——以身体令他人了知的身体姿态;3.语表——以口语〔言语声〕令他人了知的言语姿态;4.色轻快性——心生、时节生与食生诸色的轻快之性;5.色柔软性——心生、时节生与食生诸色的柔软之性;6.色适应性——心生、时节生与食生诸色适于作用之性;7.色积聚——(甲)在一期生命中,真实色法最初开始生起之性;(乙)直到诸根具足,也就是直到这一生应得的一切色法全部具足为止,后后的真实色法
တို့၏ အထက်အထက်၌ တိုးတက်၍ ဖြစ်ခြင်းသဘော
在前前真实色法之上逐渐增盛而生起之性。
၈။ သန္တတိ --- ဘဝတစ်ခု၌ ဣန္ဒြေပြည့်စုံပြီးနောက် ရုပ်အစစ်တို့၏ ရှေးနှင့်နောက် အစဥ်မပြတ် ဆက်စပ် လျက် အထပ်ထပ် ဖြစ်ခြင်းသဘော ၉။ ဇရတာ = ရုပ်အစစ်တို့၏ ရင့်ခြင်း အိုခြင်း ဆွေးမြည့်ခြင်းသဘော
8.色相续——在一期生命中诸根具足以后,前后真实色法连续相接、反复生起之性;9.色老性——真实色法成熟、衰老、朽坏之性。
(ရုပ်အစစ်တို့၏ တည်မှု ဌီကာလကို ဆိုလိုသည်။)
(这是指真实色法的住时。)
၁ဝ။ အနိစ္စတာ = ရုပ်အစစ်တို့၏ ပျက်ခြင်း သဘော
10.色无常性——真实色法坏灭之性。
(ရုပ်အစစ်တို့၏ ပျက်မှုဘင်ကို ဆိုလိုသည်။)
(这是指真实色法的坏灭阶段。)

本页是帕奥禅师缅文「五大册」第二册(趣向涅槃之道·第二册,书名暂定)的现代汉语全译本,非缩略版、非节译;译者 Dhammesanā。与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。