速行与所缘

《趣向涅槃之道》中文全译本 · 非缩略版

非色把握章 · 原书第 56–57 页 · 8 个翻译单元

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 56 页
ဇောနှင့် အာရုံ
速行与所缘
〔ဇဝနာရမ္မဏာနုရူပန္တိ ''တိဟေတုကံ စေ ဇဝနံ၊ တိဟေတုကံ၊ ဒွိဟေတုကံ ဝါ''တိအာဒိနာ ''ဣဋ္ဌံ စေ အာရမ္မဏံ၊ သောမနဿသဟဂတ''န္တိအာဒိနာ စ ဇဝနဿ၊ အာရမ္မဏဿ စ အနုရူပံ။ (မဟာဋီ-၂-၄ဝ၅။) ယခုလက်ရှိ ဝိသုဒ္ဓိမဂ်စာမူ၌ - ဇဝနာနုရူပံ (ဝိသုဒ္ဓိ-၂-၂၅၃။) ဟု ရှိနေ၏။ အထက်ပါ မဟာဋီကာ၌ကား ဇဝနာရမ္မဏာနုရူပံဟု ရှိနေ၏။ ပြည်ဆရာတော်ဘုရားကြီး၏ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာနိဿယ၌လည်း ဇဝနာ-
“所谓‘随顺速行与所缘’,是说依‘若速行为三因,〔彼所缘〕则为三因或二因’等语而随顺速行,又依‘若所缘可意,〔彼所缘〕则与悦俱’等语而随顺所缘。”(《大复注》2-405。)现行《清净道论》文本作 javanānurūpaṃ(随顺速行;《清净道论》2-253),上述《大复注》则作 javanārammaṇānurūpaṃ(随顺速行与所缘);卑谬尊者的《清净道论依词释》也作 javanā——
原书第 57 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- အရူပပရိဂ္ဂဟ အခန်း ရမ္မဏာနုရူပံဟုပင် ရှိနေသည်။ ထိုဋီကာ၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။
——rammaṇānurūpaṃ。该复注的意思如下。
အကယ်၍ ဇောသည် အလောဘ အဒေါသ အမောဟဟူသော ဟိတ်သုံးပါးနှင့် ယှဥ်သော တိဟိတ်ဇော ဖြစ်အံ့၊ တဒါရုံ၌လည်း အလောဘ အဒေါသ အမောဟဟူသော ဟိတ်သုံးပါးနှင့် ယှဥ်သည့် တိဟိတ်တဒါရုံ ဝိပါက်သော်လည်းကောင်း၊ အလောဘ အဒေါသဟူသော ဟိတ်နှစ်ပါးနှင့် ယှဥ်သော ဒွိဟိတ်တဒါရုံဝိပါက် သော်လည်းကောင်း ဖြစ်၏ -- ဤသို့စသည်ဖြင့် ဇောနှင့် လျော်စွာလည်းကောင်း၊ အကယ်၍ အာရုံသည် အလို ရှိအပ် နှစ်သက်မြတ်နိုးအပ်သော ဣဋ္ဌာရုံ ဖြစ်အံ့၊ ဇောသည် သောမနဿ ဝေဒနာနှင့် အတူတကွ ဖြစ်၏၊ ထိုအခါ တဒါရုံသည်လည်း သောမနဿဝေဒနာနှင့်ပင် အတူတကွ ဖြစ်၏ ---- ဤသို့ စသည်ဖြင့် အာရုံအားလျော်စွာလည်းကောင်း တဒါရုံ၏ ဖြစ်ခြင်းကို ဆိုလိုပေသည်။〕 စက္ခုဒွါရမှ ကြွင်းကျန်သော သောတဒွါရ၊ ဃာနဒွါရ၊ ဇိဝှါဒွါရ၊ ကာယဒွါရတို့၌လည်း ဤနည်းကိုပင် သိရှိပါလေ။ မနောဒွါရ၌ကား အထက်ပါ ကုသိုလ်ဇော အကုသိုလ်ဇော ကြိယာဇောတို့ အပြင် မဟဂ္ဂုတ်စျာန်
若速行与无贪、无嗔、无痴三因相应,是三因速行,那么彼所缘也可以是与无贪、无嗔、无痴三因相应的三因彼所缘果报,或是与无贪、无嗔二因相应的二因彼所缘果报——这是说彼所缘随顺速行。又如,若所缘是可欲、可爱、可珍重的可意所缘,速行便与悦受俱生,此时彼所缘也与悦受俱生——这是说彼所缘随顺所缘。〕眼门以外的耳门、鼻门、舌门、身门,也应依此理了知;但在意门中,除上述善速行、不善速行、唯作速行之外,广大禅那——
ဇောစိတ်တို့သည်လည်း ဖြစ်ပေါ်ကြကုန်၏။
——速行心也会生起。
ဤသို့လျှင် ဒွါရ (၆)ပါးတို့၌ နာမ်တရား၏ ဖြစ်ခြင်းကို မြင်အောင် ရှုပါ။ (ဝိသုဒ္ဓိ-၂-၂၅၂-၂၅၃။) ဤကား နာမ်တရားတို့ကို ဒွါရ (၆)ပါးတို့၌ ဝီထိစိတ်အစဥ်အတိုင်း မြင်အောင် ရှုရန် ညွှန်ကြားထားသော ခိုင်လုံသော ကျမ်းဂန်အဆိုအမိန့်များပင် ဖြစ်ကြသည်။ ဇောကို ရှုရာ၌ ပုထုဇန်နှင့် သေက္ခယောဂါဝစရပုဂ္ဂိုလ် တို့သည် ယောနိသော မနသိကာရအားလျော်စွာ ဖြစ်ပေါ်သွားကြကုန်သော ကုသိုလ်ဇောတို့ကိုလည်းကောင်း၊ အယောနိ သောမနသိကာရအားလျော်စွာ ဖြစ်ပေါ်သွားကြကုန်သော အကုသိုလ်ဇောတို့ကိုလည်းကောင်း ရှုရမည် ဖြစ်သည်။ ကြိယာဇောတို့ကား ရဟန္တာအရှင်မြတ်တို့၏ သန္တာန်၌သာ ဖြစ်ခွင့်ရှိကြပေသည်။ ထိုပြင် ပဋိသန္ဓေ ဘဝင် စုတိ ဟူသော ဝီထိမုတ်စိတ်တို့ကိုလည်း မြင်အောင် ရှုရန် အထက်ပါ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာက ညွှန်ကြား တော်မူလျက်ပင် ရှိသည်ကိုလည်း သတိပြုပါလေ။
应当如此观见名法在六门中的生起。(《清净道论》2-252—253。)以上就是教人依六门中的心路相续观见名法的可靠经典依据。观照速行时,凡夫与有学瑜伽行者既须观照依如理作意而生起的善速行,也须观照依不如理作意而生起的不善速行;唯作速行则只可能生起于阿罗汉的相续中。此外还须注意:上述《清净道论》也正在教人观见称为结生、有分、死亡的离路心。
ထိုသို့ ရှုရာ၌ ---- သဒ္ဓိံ သမ္ပယုတ္တဓမ္မေဟိ = ယှဥ်ဖက် စေတသိက် သမ္ပယုတ်တရားတို့နှင့် အတူတကွ ရှုရန် ညွှန်ကြားထားတော်မူသဖြင့် အသင်ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် စိတ္တနိယာမလမ်းကြောင်းအတိုင်း ဖြစ်ပေါ်သွားကြကုန်သော နာမ်တရားတို့ကိုလည်းကောင်း၊ ဝီထိမှ အလွတ်ဖြစ်ကုန်သော ဘဝင်စသော နာမ်တရား တို့ကိုလည်းကောင်း စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ ယှဥ်ဖက် စေတသိက် တရားစုတို့နှင့်တကွ နာမ်တုံး နာမ်ခဲ ဟူသော နာမ်ဃန အသီးအသီးကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် သိမ်းဆည်းရှုပွားရမည်ဟု မှတ်ပါ။
在如此观照时,《清净道论》以 saddhiṃ sampayuttadhammehi 指示“应当与相应心所诸法一同观照”。因此,贤善的瑜伽行者必须对依心定律轨道生起的名法,以及脱离心路、以有分等方式生起的名法,在每一个心刹那中都连同相应心所法聚,以智逐一拆解、破除各个名法密集(nāma-ghana),加以把握、观修。
ဤအထက်ပါ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၏ ဖွင့်ဆိုချက် ညွှန်ကြားတော်မူချက်မျှဖြင့် မကျေနပ်သေးပါက အောက်ပါ မဟာသတိပဋ္ဌာနသုတ္တန်အဋ္ဌကထာ စသည်တို့၏ ဖွင့်ဆိုချက်ကိုလည်း ဆက်လက်၍ ဖတ်ရှုကြည့်ပါ။
如果只凭上述《清净道论》的解释与指示仍不能信服,还可继续阅读下列《大念处经义注》等文献的解释。

本页是帕奥禅师缅文「五大册」第二册(趣向涅槃之道·第二册,书名暂定)的现代汉语全译本,非缩略版、非节译;译者 Dhammesanā。与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。