二种业处

《趣向涅槃之道》中文全译本 · 非缩略版

四念处章 · 原书第 463–470 页 · 59 个翻译单元

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 463 页
ကမ္မဋ္ဌာန်း နှစ်မျိုး
二种业处
သမထပိုင်း = သမာဓိ ထူထောင်သည့် အပိုင်းတွင် ကမ္မဋ္ဌာန်း (၄ဝ) ရှိ၏။ ဝိပဿနာပိုင်းတွင်ကား ရုပ် ကမ္မဋ္ဌာန်း နာမ်ကမ္မဋ္ဌာန်းဟု ကမ္မဋ္ဌာန်း နှစ်မျိုး ရှိပေသည်။ ယင်း ရုပ်ကမ္မဋ္ဌာန်း နာမ်ကမ္မဋ္ဌာန်းကိုပင် --- ၁။ ရူပပရိဂ္ဂဟ = ရုပ်ကို သိမ်းဆည်းခြင်း = ရုပ်ကို ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း = ရုပ်ကို သိမ်းဆည်းကြောင်း ဉာဏ်ဟုလည်းကောင်း၊ ၂။ အရူပပရိဂ္ဂဟ = နာမ်ကို သိမ်းဆည်းခြင်း = နာမ်ကို ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း = နာမ်ကို သိမ်းဆည်း ကြောင်း ဉာဏ်ဟုလည်းကောင်း အသီးအသီး ခေါ်ဆို၏။ (အဘိ-ဋ္ဌ-၂-၂၅၂။ မ-ဋ္ဌ-၁-၂၈ဝ။) ဒုဝိဓဥှိ ကမ္မဋ္ဌာနံ ရူပကမ္မဋ္ဌာနံ အရူပကမ္မဋ္ဌာနဉ္စ၊ ရူပပရိဂ္ဂဟော အရူပပရိဂ္ဂဟောတိပိ ဧတဒေဝ ဝုစ္စတိ။
在止的部分,也就是建立定的阶段,有40种业处;到了观的部分,则有色业处与名业处两种。这色业处、名业处又分别称为:1.rūpa-pariggaha(色把握)——摄取色法、以智分别摄取色法、用以摄取色法的智;2.arūpa-pariggaha(非色把握)——摄取名法、以智分别摄取名法、用以摄取名法的智。(《迷惑冰消》2-252;《中部“业处确有两种:色业处与名业处。这两种也正称为色把握与非色把握。”
(အဘိ-ဋ္ဌ-၂-၂၅၂။ မ-ဋ္ဌ-၁-၂၈ဝ။)
(《迷惑冰消》2-252;《中部义注》1-280。)
အရူပကမ္မဋ္ဌာနန္တိ အရူပပရိဂ္ဂဟံ၊ အရူပဓမ္မမုခေန ဝိပဿနာဘိနိဝေသန္တိ အတ္ထော။ ရူပကမ္မဋ္ဌာနေန ပန သမထာဘိနိဝေသောပိ သင်္ဂယှတိ၊ ဝိပဿနာဘိနိဝေသော ပန ဣဓာဓိပ္ပေတောတိ ဒဿေန္တော အာဟ '' ရူပ- ပရိဂ္ဂဟော အရူပပရိဂ္ဂဟောတိပိ ဧတဒေဝ ဝုစ္စတီ''တိ။ (မ-ဋီ-၁-၃၆၈။) အရူပကမ္မဋ္ဌာန်းဟူသည် နာမ်တရားကို သိမ်းဆည်းခြင်း နာမ်တရားကို ဉာဏ်ဖြင့် ပိုင်းခြားယူခြင်းတည်း။
“所谓‘名业处’,即非色把握,意为从非色法〔名法〕入手而开始观禅。另一方面,色业处也包括从止入手;但这里所意指的是从观入手。为了显示此义,才说:‘这两种也正称为色把握与非色把握。’”(《中部复注》1-368。)因此,所谓名业处,就是摄取名法、以智分别摄取名法。
နာမ်တရားကို အဦးမူသဖြင့် ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်ကြသည့် နာမ်ရုပ်တို့ကို နှလုံးသွင်းခြင်းကို ဆို လိုသည်။ တစ်ဖန် ရုပ်ကမ္မဋ္ဌာန်းဖြင့် သမထကို နှလုံးသွင်းခြင်း = သမထအာရုံတို့ကို နှလုံးသွင်းခြင်းကိုလည်း ပေါင်းရုံး ရေတွက်အပ်၏။ မဟာသတိပဋ္ဌာနသုတ္တန် စသည်တို့၌ ကာယာနုပဿနာ သတိပဋ္ဌာန်ပိုင်းတွင် အာ- နာပါနကဲ့သို့သော သမထအာရုံတို့ကို နှလုံးသွင်းမှုကိုလည်း ဘုရားရှင်ကိုယ်တော်တိုင်က ထည့်သွင်း၍ ဟော- ကြားထားတော်မူသောကြောင့် ဖြစ်၏။ သို့သော် ဤအရာ၌ကား ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်ကြကုန် သော ရုပ်တရား နာမ်တရားတို့ကို နှလုံးသွင်းခြင်းကိုသာလျှင် အလိုရှိအပ်၏ဟု ထင်ရှား ပြတော်မူလိုသော အဋ္ဌကထာ ဆရာတော်သည် ယင်းရုပ်ကမ္မဋ္ဌာန်း နာမ်ကမ္မဋ္ဌာန်းကိုပင် --- ရူပပရိဂ္ဂဟ အရူပပရိဂ္ဂဟ --- ဟူ၍ လည်း ခေါ်ဆိုကြောင်းကို ဖွင့်ဆိုသွားတော်မူပေသည်။ (မ-ဋီ-၁-၃၆၈။)
这就是说,以名法为先,作意作为观智所观所缘的名、色二法。再者,色业处还总摄对止的作意,也就是对止业处所缘的作意;因为在《大念处经》等教说的身随观念处部分,世尊本人也把入出息念等止业处所缘的作意纳入其中。然而,此处所欲取的只是对作为观智所观所缘的色法、名法作意。为了明确显示这一点,义注作者才解释说,同一色业处与名业处又称为“色把握”与“非色把握”。(《中部复注》1-368。)
原书第 464 页
ရုပ်ကမ္မဋ္ဌာန်း နှစ်မျိုး
二种色业处
တတ္ထ ဘဂဝါ ရူပကမ္မဋ္ဌာနံ ကထေန္တော သင်္ခေပမနသိကာရဝသေန ဝါ ဝိတ္ထာရမနသိကာရဝသေန ဝါ စတုဓာတုဝဝတ္ထာနံ ကထေသိ။ (အဘိ-ဋ္ဌ-၂-၂၅၂။ မ-ဋ္ဌ-၁-၂၈ဝ။) ထိုရုပ်ကမ္မဋ္ဌာန်း နာမ်ကမ္မဋ္ဌာန်း နှစ်မျိုးတို့တွင် ဘုရားရှင်သည် ရုပ်ကမ္မဋ္ဌာန်းကို ဟောကြားတော်မူလတ် သော် --- ၁။ သင်္ခေပမနသိကာရ = အကျဥ်းနှလုံးသွင်းနည်း၏ အစွမ်းဖြင့်သော်လည်းကောင်း၊ ၂။ ဝိတ္ထာရမနသိရကာရ = အကျယ်နှလုံးသွင်းနည်း၏ အစွမ်းဖြင့်သော်လည်းကောင်း --- ဓာတ်ကြီး (၄)ပါးကို ဉာဏ်ဖြင့် ပိုင်းခြားမှတ်သားကြောင်း = ဉာဏ်ဖြင့် ပိုင်းခြားယူကြောင်း ဖြစ်သည့် စတုဓာတုဝဝတ္ထာန် ကမ္မဋ္ဌာန်းကို ဟောကြားတော်မူမြဲ ဓမ္မတာ ဖြစ်၏။ (အဘိ-ဋ္ဌ-၂-၂၅၂။ မ-ဋ္ဌ-၁-၂၈ဝ။) သင်္ခေပမနသိကာရ = ဓာတ်ကမ္မဋ္ဌာန်း အကျဥ်းနှလုံးသွင်းနည်းကို မဟာသတိပဋ္ဌာနသုတ္တန် (မ-၁-၇၃။) ၌လည်းကောင်း၊ ဝိတ္ထာရမနသိကာရ = ဓာတ်ကမ္မဋ္ဌာန်း အကျယ်နှလုံးသွင်းနည်းကို မဟာရာဟုလောဝါဒသုတ္တန်
“其中,世尊宣说色业处时,依简略作意法或详细作意法宣说四界分别观。”(《迷惑冰消》2-252;《中部义注》1-280。)在色业处与名业处这两种业处中,世尊宣说色业处时,照例依:1.saṅkhepa-manasikāra,即简略作意法;或2.vitthāra-manasikāra,即详细作意法,宣说称为 catudhātuvavatthāna(四界分别观)的业处,也就是以智分别、辨明四大种。(《迷惑冰消》2-252;《中部义注》1-280。)世尊在《大念处经》(《中部》1-73)中宣说界业处简略作意法;在《教诫罗睺罗大经》
(မ-၂-၈၄။)၊ ဓာတုဝိဘင်္ဂသုတ္တန် (မ-၃-၂၈၃။)၊ မဟာဟတ္ထိပဒေါပမသုတ္တန် (မ-၁-၂၄၂။)၊ ဓာတုဝိဘင်းပါဠိတော် (အဘိ-၂-၈၄။) စသည်တို့၌လည်းကောင်း ဘုရားရှင်သည် ဟောကြားထားတော်မူ၏။ (မူလဋီ-၂-၁၅၇။) စတုဓာတုဝဝတ္ထာနံ ကထေသီတိ ဧတ္ထာပိ ''ယေဘုယျေနာ''တိ ပဒံ အာနေတွာ သမ္ဗန္ဓိတဗ္ဗံ။ (မ-ဋီ-၁- ၃၆၈။) --- ဟူသော ဋီကာဆရာတော်၏ သတ်မှတ်ချက်အရ ဤစည်းကမ်းမှာလည်း ယေဘုယျစည်းကမ်းဟု မှတ်ပါ။
(《中部》2-84)、《界分别经》(《中部》3-283)、《大象迹喻经》(《中部》1-242)以及《阿毗达磨·界分别》巴利本(《阿毗达磨》2-84)等处,宣说界业处详细作意法。(《根本复注》2“在‘宣说四界分别观’这句话中,也应把‘一般来说’一词带入并连接起来。”(《中部复注》1-368。)依复注作者的这项限定,应知上述也是一般准则,并非毫无例外的绝对命题。
နာမ်ကမ္မဋ္ဌာန်း သုံးမျိုး
三种名业处
အရူပကမ္မဋ္ဌာနံ ပန ကထေန္တော ယေဘုယျေန ဝေဒနာဝသေန ကထေသိ။ တိဝိဓော ဟိ အရူပကမ္မဋ္ဌာနေ အဘိနိဝေသော ဖဿဝသေန ဝေဒနာဝသေန စိတ္တဝသေနာတိ။ ကထံ? ဧကစ္စဿ ဟိ သံခိတ္တေန ဝါ ဝိတ္ထာရေန ဝါ ပရိဂ္ဂဟိတေ ရူပကမ္မဋ္ဌာနေ တသ္မိံ အာရမ္မဏေ စိတ္တစေတသိကာနံ ပဌမာဘိနိပါတော တံ အာရမ္မဏံ ဖု- သန္တော ဥပ္ပဇ္ဇမာနော ဖဿော ပါကဋော ဟောတိ။ ဧကစ္စဿ တံ အာရမ္မဏံ အနုဘဝန္တီ ဥပ္ပဇ္ဇမာနာ ဝေဒနာ ပါကဋာ ဟောတိ။ ဧကစ္စဿ တံ အာရမ္မဏံ ပရိဂ္ဂဟေတွာ ဝိဇာနန္တံ ဥပ္ပဇ္ဇမာနံ ဝိညာဏံ ပါကဋံ ဟောတိ။
“至于宣说名业处时,世尊一般依受而说。名业处有三种入手方法:依触、依受、依心。如何呢?有些人依简略法或详细法把握色业处以后,触清楚显现;触是心与心所最初落向该所缘,并在接触该所缘时生起。有些人则是体验该所缘而生起的受清楚显现;有些人则是取该所缘、分别识知该所缘而生起的识清楚显现。”
(အဘိ-ဋ္ဌ-၂-၂၅၂။ မ-ဋ္ဌ-၁-၂၈ဝ။)
(《迷惑冰消》2-252;《中部义注》1-280。)
= ဘုရားရှင်သည် နာမ်ကမ္မဋ္ဌာန်းကို ဟောကြားတော်မူလတ်သော် ယေဘုယျအားဖြင့် (= များသောအားဖြင့်) ဝေဒနာ၏ အစွမ်းဖြင့် ဟောကြားတော်မူလေ့ရှိ၏။ ထင်ရှားစေအံ့။
也就是说,世尊宣说名业处时,一般而言——即多数情况下——依受而宣说。以下加以说明。
နာမ်ကမ္မဋ္ဌာန်း၌ နှလုံးသွင်းနည်းသည် --- ၁။ ဝေဒနာ၏ အစွမ်းဖြင့် နှလုံးသွင်းနည်း၊ ၂။ ဖဿ၏ အစွမ်းဖြင့် နှလုံးသွင်းနည်း၊ ၃။ အသိစိတ်၏ အစွမ်းဖြင့် နှလုံးသွင်းနည်း --- ဟု နှလုံးသွင်းပုံ နည်းစနစ်သည် (၃)မျိုး ရှိ၏။ (၃)မျိုးမှာ ဤသို့ ဖြစ်၏။
名业处有三种作意方法:1.依受作意;2.依触作意;3.依识知之心作意。这三种方法如下。
原书第 465 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- သတိပဋ္ဌာန် (၄)ပါး အခန်း ၁။ အချို့သော ယောဂါဝစရပုဂ္ဂိုလ်အား အကျဥ်းနည်းအားဖြင့်သော်လည်းကောင်း၊ အကျယ်နည်းအားဖြင့် သော်လည်းကောင်း ရုပ်ကမ္မဋ္ဌာန်းကို သိမ်းဆည်းပြီးလတ်သော် ဉာဏ်ဖြင့် ပိုင်းခြားယူပြီးလတ်သော် ထို ရုပ်တရားတည်းဟူသော အာရုံ၌ စိတ်စေတသိက်တို့၏ ရှေးဦးစွာ ကျရောက်ခြင်းသဘောဟူသော ထို ရုပ်တရားတည်းဟူသော အာရုံကို တွေ့ထိလျက် ဖြစ်ပေါ်လာသော ဖဿသည် ထင်ရှား၏။
1.有些瑜伽行者依简略法或详细法摄取色业处、以智分别摄取色法以后,触便清楚显现。所谓触,就是心与心所最初落向作为所缘的该色法,并在接触该色法所缘时生起的法。
၂။ အချို့သော ပုဂ္ဂိုလ်အား ထိုအာရုံကို ခံစားလျက် ဖြစ်ပေါ်လာသော ဝေနာသည် ထင်ရှား၏။
2.有些人则是体验该所缘而生起的受清楚显现。
၃။ အချို့သော ပုဂ္ဂိုလ်အား ထိုအာရုံကို ပိုင်းခြားယူ၍ သိလျက် ဖြစ်ပေါ်လာသော အသိစိတ် ဝိညာဏ်သည် ထင်ရှား၏။
3.有些人则是取该所缘、分别识知该所缘而生起的识知之心〔识〕清楚显现。
ရုပ်ကမ္မဋ္ဌာန်းကို သိမ်းဆည်းပြီးလတ်သော်
把握色业处以后
ဤအရာ၌ အဋ္ဌကထာများက --- ပရိဂ္ဂဟိတေ ရူပကမ္မဋ္ဌာနေ = ရုပ်ကမ္မဋ္ဌာန်းကို သိမ်းဆည်းပြီးလတ်သော် ဟူသော စကားရပ် တစ်ခုကို ထည့်သွင်း၍ ဖွင့်ဆိုထားတော်မူကြ၏။ ယင်းဖွင့်ဆိုချက်နှင့် ပတ်သက်၍ ဋီကာ ဆရာတော်က အောက်ပါအတိုင်း ရှင်းလင်း တင်ပြထား၏။
这里,诸义注补入“pariggahite rūpakammaṭṭhāne——把握色业处以后”这一语句而作解释。关于这项解释,复注作者又作如下说明。
ပရိဂ္ဂဟိတေ ရူပကမ္မဋ္ဌာနေတိ ဣဒံ ရူပမုခေန ဝိပဿနာဘိနိဝေသံ သန္ဓာယဝုတ္တံ၊ အရူပမုခေန ပန ဝိပဿနာဘိနိဝေသော ယေဘုယျေန သမထယာနိကဿ ဣစ္ဆိတဗ္ဗော၊ သော စ ပဌမံ စျာနင်္ဂါနိ ပရိဂ္ဂဟေတွာ တတော ပရံ သေသဓမ္မေ ပရိဂ္ဂဏှာတိ။ (မ-ဋီ-၁-၃၆၉။) = ရုပ်ကမ္မဋ္ဌာန်းကို သိမ်းဆည်းပြီးလတ်သော်ဟူသော ဤစကားရပ်ကို ရုပ်တရားကို အဦးမူ၍ ဝိပဿနာ နှလုံးသွင်းခြင်းကို (= ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်ကြသည့် ရုပ်တရား နာမ်တရားတို့ကို နှလုံးသွင်းခြင်း = သိမ်းဆည်းခြင်း = ဉာဏ်ဖြင့် ပိုင်းခြားယူခြင်းကို) ရည်ရွယ်တော်မူ၍ အဋ္ဌကထာဆရာတော်က ဖွင့်ဆိုတော်မူခြင်း ဖြစ်သည်။ နာမ်တရားကို အဦးမူသဖြင့် ဝိပဿနာဉာဏ်၏ အရှုခံအာရုံတို့ကို နှလုံးသွင်းခြင်းသည်ကား ယေဘုယျ အားဖြင့် သမထယာနိကပုဂ္ဂိုလ်အား အလိုရှိအပ်ပေ၏။ နာမ်တရားကို အဦးမူသဖြင့် ဝိပဿနာဉာဏ်၏ အရှုခံ အာရုံတို့ကို နှလုံးသွင်းလိုသော ထိုသမထယာနိကပုဂ္ဂိုလ်သည်လည်း ရှေးဦးစွာ စျာန်အင်္ဂါတို့ကို ဉာဏ်ဖြင့် ပိုင်း-
“‘把握色业处以后’这句话,是针对从色法入手开始观禅而说。至于从非色法〔名法〕入手开始观禅,一般适用于止乘者;他先把握诸禅支,此后再把握其余诸法。”(《中部复注》1-369。)义注作者所说“把握色业处以后”,意指以色法为先,作意、摄取并以智分别作为观智所观所缘的色法与名法。至于以名法为先,作意作为观智所观所缘的诸法,一般适用于止乘者。想以名法为先作意观所缘的止乘者,首先必须以智分别、摄取诸禅支;
ခြားယူအပ် သိမ်းဆည်းအပ်၏။ ထိုနောင် ကြွင်းကျန်ကုန်သော စျာနဓမ္မ အမည်ရသည့် နာမ်တရားတို့ကိုလည်း ကောင်း၊ ယင်းစျာနဓမ္မမှ ကြွင်းကျန်ကုန်သော ပကိဏ္ဏက သင်္ခါရ အမည်ရသော ကာမာဝစရနာမ်တရားတို့ကို လည်းကောင်း၊ ရုပ်တရားတို့ကိုလည်းကောင်း ဆက်လက်၍ သိမ်းဆည်းရ၏ ဉာဏ်ဖြင့် ပိုင်းခြားယူရ၏။
然后还须继续摄取、以智分别其余称为禅法的名法、禅法以外称为“杂项诸行”的欲界名法,以及色法。
(မ-ဋီ-၁-၃၆၉။)
(《中部复注》1-369。)
အသင်ယောဂီ ဘာမှားနေသလဲ?
瑜伽行者,你错在哪里?
အသင် ယောဂီသူတော်ကောင်းသည် --- ''ငါသည် သမထယာနိကပုဂ္ဂိုလ်လော၊ သုဒ္ဓဝိပဿနာယာနိက ပုဂ္ဂိုလ်လော''ဟူသော မေးခွန်းကို မိမိကိုယ်ကို မိမိကိုယ်တိုင် မေးကြည့်ပါ။ သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ် ဖြစ်- သည်ဟု အဖြေထွက်လာလျှင်ကား ရုပ်တရားကို အဦးမူသဖြင့် ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်ကြသည့် ရုပ်နာမ်တို့ကို သိမ်းဆည်း ရှုပွားရတော့မည် ဖြစ်၏။ နာမ်တရားကို အဦးမူသဖြင့် ဝိပဿာနာဉာဏ်၏ အရှုခံ အာရုံဖြစ်ကြသည့် နာမ်ရုပ်တို့ကို နှလုံးသွင်းခြင်း သိမ်းဆည်းခြင်းသည်ကား ယေဘုယျအားဖြင့် သမထယာနိက ပုဂ္ဂိုလ်အားသာလျှင် အလိုရှိအပ်သောကြောင့် ဖြစ်၏။ သို့အတွက် သုဒ္ဓဝိပဿနာယာနိက ပုဂ္ဂိုလ်ဖြစ်သော အသင်သူတော်ကောင်းသည် ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်ကြသော ရုပ်တရား နာမ်တရားတို့ကို နှလုံး သွင်းလိုခဲ့သော် ရုပ်တရားကို အဦးမူ၍ ရုပ်နာမ်တို့ကို သိမ်းဆည်းရမည် ဖြစ်ကြောင်းကိုကား အထူးဂရုပြု၍
贤善的禅修者,请你问问自己:“我是止乘者,还是纯观乘者?”如果答案是纯观乘者,就必须以色法为先,摄取、观修作为观智所观所缘的色、名二法;因为以名法为先来作意、摄取作为观智所观所缘的名色,一般只适用于止乘者。因此,作为纯观乘者的贤善禅修者,如果想作意作为观智所观所缘的色法、名法,必须以色法为先摄取色、名二法;对此应当特别审慎
原书第 466 页
မှတ်ယူစွဲပိုက်လေရာသည်။ တစ်ဖန် ရုပ်တရားကို အဦးမူ၍ ရုပ်နာမ်တို့ကို သိမ်းဆည်းရာဝယ် နာမ်တရားတို့ကို မသိမ်းဆည်းမီ ရုပ်တရားကို ဦးစွာသိမ်းဆည်းထားပြီး ဖြစ်ရမည်။ ထိုနောင် နာမ်တရားတို့ကို သိမ်းဆည်းရာဝယ် သိမ်းဆည်းပုံ နည်းစနစ်သုံးမျိုးတို့တွင် မိမိ အသိဉာဏ်၌ ထင်ရှားရာ လွယ်ကူရာက စ၍ သိမ်းဆည်းနိုင်ပါသည်။
地牢记。再者,以色法为先摄取色、名二法时,在摄取名法以前,必须已经先摄取色法;随后摄取名法时,则可在上述三种方法中,从自己智中显现得最清楚、最容易的一种开始。
အကယ်၍ အသင် ယောဂီသူတော်ကောင်းသည် သမထယာနိကပုဂ္ဂိုလ် ဖြစ်ခဲ့ပါမူကား ဤနာမ်ကမ္မဋ္ဌာန်းပိုင်း အစတွင် တင်ပြခဲ့သည့်အတိုင်း စျာန်အင်္ဂါတို့က စ၍ နာမ်ရုပ်တို့ကို သိမ်းဆည်းလိုပါက သိမ်းဆည်းနိုင်သည်သာ ဖြစ်သည်။ ယခုတစ်ဖန် ရှေးနှင့်နောက် အဓိပ္ပါယ်အယူအဆ ဆက်စပ်မိစေရန် ဤဝေဒနာနုပဿနာသတိပဋ္ဌာန် ပိုင်းတွင် အဋ္ဌကထာတို့၌ ဖွင့်ဆိုရေးသားထားတော်မူကြသော နာမ်ကမ္မဋ္ဌာန်း နှလုံးသွင်းပုံ သိမ်းဆည်းပုံ နည်း- စနစ်သုံးမျိုးကို ထပ်မံ၍ တင်ပြအပ်ပါသည်။
如果贤善的禅修者是止乘者,就可以依本书名业处部分开头所述,从诸禅支开始摄取名、色二法。现在,为使前后文义正确衔接,再把诸义注在受随观念处部分所解释的三种名业处作意、摄取方法列示如下。
၁။ ဖဿ ထင်ရှားသော ပုဂ္ဂိုလ်
一、触清楚显现的人
တတ္ထ ယဿ ဖဿော ပါကဋော ဟောတိ၊ သောပိ ''န ကေဝလံ ဖဿောဝ ဥပ္ပဇတိ၊ တေန သဒ္ဓိံ တဒေဝါရမ္မဏံ အနုဘဝမာနာ ဝေဒနာပိ ဥပ္ပဇ္ဇတိ၊ သဉ္ဇာနနမာနာ သညာပိ၊ စေတယမာနာ စေတနာပိ၊ ဝိဇာ- နနမာနံ ဝိညာဏမ္ပိ ဥပ္ပဇ္ဇတီ''တိ ဖဿပဉ္စမကေယေဝ ပရိဂ္ဂဏှာတိ။ (အဘိ-ဋ္ဌ-၂-၂၅၂။ မ-ဋ္ဌ-၁-၂၈ဝ။) = ထိုသုံးမျိုးတို့တွင် အကြင်ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ဖဿသည် ထင်ရှား၏၊ ထိုဖဿထင်ရှား သော ပုဂ္ဂိုလ်သည်လည်း --- ''ဖဿတစ်ခုတည်း သက်သက်သာ ဖြစ်ပေါ်လာသည်ကား မဟုတ်သေး၊ ထိုဖဿနှင့် အတူတကွ ထိုအာရုံကိုပင် ခံစားတတ်သော ဝေဒနာသည်လည်း ဖြစ်ပေါ်လာ၏၊ ထိုအာရုံကိုပင် မှတ်သားတတ် သော (= မှတ်သိ သိသော) သညာသည်လည်း ဖြစ်ပေါ်လာ၏၊ ထိုအာရုံပေါ်သို့ သမ္ပယုတ်တရားတို့ကို ရောက်- အောင် စေ့ဆော်တတ်သော စေတနာသည်လည်း ဖြစ်ပေါ်လာ၏၊ ထိုအာရုံကို ပိုင်းပိုင်းခြားခြား သိတတ်သော (= သညာ ပညာတို့ သိပုံမှ တစ်မျိုးတစ်ဖုံ သိသော) ဝိညာဏ်သည်လည်း ဖြစ်ပေါ်လာ၏'' --- ဟု ဤသို့ နှလုံး-
“其中,触清楚显现的人也这样把握触等五法:‘并非只有触生起;与触同时,体验同一所缘的受、记认同一所缘的想、对同一所缘思作的思,以及分别识知同一所缘的识,也都生起。’他所把握的正是触等五法。”(《迷惑冰消》2-252;《中部义注》1-280。)在这三种人中,触在某位瑜伽行者的智中清楚显现;这位触清楚显现的人便如此作意:“并非只有触单独生起;与触同时,感受同一所缘的受也生起,记认——即标记、识别——同一所缘的想也生起,推动诸相应法趋向同一所缘的思也生起,分别识知同一所缘的识——其识知方式不同于想与慧——也生起。”如此
ပိုက်၍ ဖဿလျှင် ငါးခုမြောက်ရှိသော ဖဿပဉ္စမကတရားတို့ကိုသာလျှင် သိမ်းဆည်း၏ ဉာဏ်ဖြင့်ပိုင်းခြားယူ၏။
作意以后,他只摄取、以智分别由触、受、想、思、识构成的触等五法。
(အဘိ-ဋ္ဌ-၂-၂၅၂။ မ-ဋ္ဌ-၁-၂၈ဝ။)
(《迷惑冰消》2-252;《中部义注》1-280。)
၂။ ဝေဒနာ ထင်ရှားသော ပုဂ္ဂိုလ်
二、受清楚显现的人
ယဿ ဝေဒနာ ပါကဋာ ဟောတိ၊ သောပိ ''န ကေဝလံ ဝေဒနာဝ ဥပ္ပဇ္ဇတိ၊ တာယ သဒ္ဓိံ တဒေဝါရမ္မဏံ ဖုသမာနော ဖဿောပိ ဥပ္ပဇ္ဇတိ၊ သဉ္ဇာနနမာနာ သညာပိ၊ စေတယမာနာ စေတနာပိ၊ ဝိဇာနနမာနံ ဝိညာဏမ္ပိ ဥပ္ပဇ္ဇတီ''တိ ဖဿပဉ္စမကေယေဝ ပရိဂ္ဂဏှာတိ။ (အဘိ-ဋ္ဌ-၂-၂၅၂။ မ-ဋ္ဌ-၁-၂၈ဝ။) = အကြင် ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ဝေဒနာသည် ထင်ရှား၏၊ ထိုဝေဒနာ ထင်ရှားသော ပုဂ္ဂိုလ် သည်လည်း --- ''ဝေဒနာ တစ်ခုတည်းသက်သက်သာ ဖြစ်ပေါ်လာသည်ကား မဟုတ်သေး၊ ထိုဝေဒနာနှင့် အတူ တကွ ထိုအာရုံကိုပင် တွေ့ထိတတ်သော ဖဿသည်လည်း ဖြစ်ပေါ်လာ၏၊ ထိုအာရုံကိုပင် မှတ်သားတတ်သော သညာသည်လည်း ဖြစ်ပေါ်လာ၏၊ ထိုအာရုံပေါ်သို့ သမ္ပယုတ်တရားတို့ကို ရောက်အောင် စေ့ဆော်ပေးတတ် သော စေတနာသည်လည်း ဖြစ်ပေါ်လာ၏၊ ထိုအာရုံကိုပင် ပိုင်းပိုင်းခြားခြား သိတတ်သော ဝိညာဏ်သည်လည်း ဖြစ်ပေါ်လာ၏''ဟု ဤသို့ နှလုံးပိုက်၍ ဖဿလျှင် ငါးခုမြောက်ရှိသော ဖဿပဉ္စမကတရားတို့ကိုပင်လျှင် သိမ်း
“受清楚显现的人也这样把握触等五法:‘并非只有受生起;与受同时,接触同一所缘的触、记认同一所缘的想、对同一所缘思作的思,以及分别识知同一所缘的识,也都生起。’他所把握的正是触等五法。”(《迷惑冰消》2-252;《中部义注》1-280。)受在某位瑜伽行者的智中清楚显现;这位受清楚显现的人便如此作意:“并非只有受单独生起;与受同时,接触同一所缘的触也生起,记认同一所缘的想也生起,推动诸相应法趋向同一所缘的思也生起,分别识知同一所缘的识也生起。”如此作意以后,他摄
ဆည်း၏ ဉာဏ်ဖြင့် ပိုင်းခြားယူ၏။ (အဘိ-ဋ္ဌ-၂-၂၅၂။ မ-ဋ္ဌ-၁-၂၈ဝ။)
取、以智分别由触、受、想、思、识构成的触等五法。(《迷惑冰消》2-252;《中部义注》1-280。)
原书第 467 页
၃။ အသိစိတ် = ဝိညာဏ် ထင်ရှားသော ပုဂ္ဂိုလ်
三、识清楚显现的人
ယဿ ဝိညာဏံ ပါကဋံ ဟောတိ၊ သောပိ ''န ကေဝလံ ဝိညာဏမေဝ ဥပ္ပဇ္ဇတိ၊ တေန သဒ္ဓိံ တဒေဝါ- ရမ္မဏံ ဖုသမာနော ဖဿောပိ ဥပ္ပဇ္ဇတိ၊ အနုဘဝမာနာ ဝေဒနာပိ၊ သဉ္ဇာနနမာနာ သညာပိ၊ စေတယမာနာ စေတနာပိ ဥပ္ပဇ္ဇတီ''တိ ဖဿပဉ္စမကေယေဝ ပရိဂ္ဂဏှာတိ။ (အဘိ-ဋ္ဌ-၂-၂၅၂။ မ-ဋ္ဌ-၁-၂၈ဝ။) = အကြင် ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ အသိစိတ် = ဝိညာဏ်သည် ထင်ရှား၏၊ ထိုအသိစိတ် =ဝိညာဏ် ထင်ရှားသော ယောဂါဝစရပုဂ္ဂိုလ်သည်လည်း --- ''အသိစိတ် = ဝိညာဏ် တစ်ခုတည်းသက်သက်သာ ဖြစ်ပေါ်လာ သည်ကား မဟုတ်၊ ထိုဝိညာဏ်နှင့် အတူတကွ ထိုအာရုံကိုပင် တွေ့ထိတတ်သော ဖဿသည်လည်း ဖြစ်ပေါ် လာ၏၊ ထိုအာရုံကိုပင် ခံစားတတ်သော ဝေဒနာသည်လည်း ဖြစ်ပေါ်လာ၏၊ ထိုအာရုံကိုပင် မှတ်သားတတ်သော သညာသည်လည်း ဖြစ်ပေါ်လာ၏၊ ထိုအာရုံပေါ်သို့ သမ္ပယုတ်တရားတို့ကို ရောက်အောင် စေ့ဆော်ပေးတတ်သော စေတနာသည်လည်း ဖြစ်ပေါ်လာ၏။'' --- ဟု ဤသို့ နှလုံးပိုက်၍ ဖဿလျှင် ငါးခုမြောက်ရှိသော ဖဿပဉ္စမက
“识清楚显现的人也这样把握触等五法:‘并非只有识生起;与识同时,接触同一所缘的触、体验同一所缘的受、记认同一所缘的想,以及对同一所缘思作的思,也都生起。’他所把握的正是触等五法。”(《迷惑冰消》2-252;《中部义注》1-280。)识知之心〔识〕在某位瑜伽行者的智中清楚显现;这位识清楚显现的瑜伽行者便如此作意:“并非只有识知之心〔识〕单独生起;与识同时,接触同一所缘的触也生起,感受同一所缘的受也生起,记认同一所缘的想也生起,推动诸相应法趋向同一所缘的思也生起。”如此作意以后,他摄取、以智分别触等五
တရားတို့ကိုပင်လျှင် သိမ်းဆည်း၏ ဉာဏ်ဖြင့် ပိုင်းခြားယူ၏။ (အဘိ-ဋ္ဌ-၂-၂၅၂။ မ-ဋ္ဌ-၁-၂၈ဝ။)
法。(《迷惑冰消》2-252;《中部义注》1-280。)
တူညီသော ပရိဂ္ဂဟ ရှိသည်
三种方法的把握相同
ဖဿပဉ္စမကေယေဝါတိ ဧဝ-သဒ္ဒေန ဝုတ္တေသု တီသုပိ မုခေသု ပရိဂ္ဂဟဿ သမာနတံ ဒဿေတိ။
“‘正是触等五法’中的 eva(正是、唯)一词,显示上述三个入口的把握是相同的。”
(မူလဋီ-၂-၁၅၇။)
(《根本复注》2-157。)
ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးသည် ရုပ်ကမ္မဋ္ဌာန်းကို သိမ်းဆည်းပြီး၍ နာမ်ကမ္မဋ္ဌာန်းကို သိမ်းဆည်းလတ် သော် ဖဿ၏ အစွမ်းဖြင့် သိမ်းဆည်းနည်း၊ ဝေဒနာ၏ အစွမ်းဖြင့် သိမ်းဆည်းနည်း၊ အသိစိတ်ဝိညာဏ်၏ အစွမ်းဖြင့် သိမ်းဆည်းနည်းဟူသော သုံးမျိုးသော သိမ်းဆည်းနည်းတို့တွင် မည်သည့်နည်းဖြင့် သိမ်းဆည်းသည် ပင်ဖြစ်စေ = မည်သည့်တရားကို အဦးမူ၍ သိမ်းဆည်းသည်ပင် ဖြစ်စေ သိမ်းဆည်းရမည့် ပရမတ္ထဓာတ်သား- တို့ကား တူညီလျက်ပင် ရှိသည်ဟု ဖဿပဉ္စမကေယေဝ၌ ပါရှိသော ဧဝ-သဒ္ဒါ = သာလျှင်ဟူသော သဒ္ဒါက ဖော်ပြလျက် ညွှန်ပြလျက် ရှိ၏။ သို့အတွက် ဝေဒနာကိုရှုသော ယောဂါဝစရပုဂ္ဂိုလ်သည် ဝေဒနာတစ်ခုတည်း ကိုသာ သိမ်းဆည်းရှုပွားရသည် မဟုတ်ဘဲ ဝေဒနာကို အဦးမူ၍ ဝေဒနာနှင့် ယှဥ်ဖက် စိတ်စေတသိက် သမ္ပ- ယုတ်တရားစုကို စိတ္တက္ခဏတိုင်း၌ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ သိမ်းဆည်း ရှုပွားရမည်သာ ဖြစ်ပေသည်။ တရား
瑜伽行者摄取色业处以后再摄取名业处时,无论采用依触、依受、依识知之心〔识〕这三种方法中的哪一种,也就是无论以哪一种法为先,所须摄取的究竟法都完全相同;phassapañcamakeyeva(正是触等五法)中的 eva——“正是、唯”——一词,正显示并指明这一点。因此,修习受的瑜伽行者并不是只摄取、观修一个受;他必须以受为先,在每一心刹那中,以智分别、分析并摄取、观修与受相应的心及心所法组。这是所有渴求
စစ် တရားမှန်ကို လိုလားတောင့်တလျက်ရှိသော သူတော်ကောင်းမှန်သမျှ ရိုသေလေးမြတ်စွာ လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက် တစ်ရပ်ပင် ဖြစ်ပေသည်။ (မ-ဋီ-၁-၃၇ဝ - လည်း ကြည့်ပါ။) ဣမေသံ ပန ဖဿာဒီနံ တဿ တဿ ပါကဋဘာဝေါ ပစ္စယဝိသေသသိဒ္ဓဿ ပုဗ္ဗာဘောဂဿ ဝသေန ဝေဒိတဗ္ဗော။ (မ-ဋီ-၁-၃၆၉။) ဖဿ၊ ဝေဒနာ၊ ဝိညာဏ်တရားတို့တွင် တစ်ခုခုသော တရား၏ ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ဦးစွာ ထင်ရှားလာမှုမှာ --- ၁။ အတိတ်က ဖြည့်ဆည်းပူးခဲ့သော ပါရမီ အကြောင်းတရား၊ ၂။ ပစ္စုပ္ပန်တွင် ဖဿ ထင်ရှားအောင်၊ သို့မဟုတ် ဝေဒနာ ထင်ရှားအောင်၊ သို့မဟုတ် အသိစိတ် = ဝိညာဏ် ထင်ရှားအောင် ကျေးဇူးပြုပေးနေသော ဝတ္ထု-အာရုံ စသော အကြောင်းတရားများ ---
真实、正确之法的贤善者都应恭敬遵守的一项准则。(亦参《中部复注》1“至于触等诸法各自清楚显现,应知是依由特殊诸缘所成就的先行作意倾向而有。”(《中部复注》1-369。)触、受、识三法中的某一法首先在瑜伽行者智中显现,是依于:1.过去所积集、圆满的波罗蜜因;2.现在能助成触清楚显现、或受清楚显现、或识知之心〔识〕清楚显现的所依处、所缘等诸因
原书第 468 页
ဤအကြောင်းတရားများ အပေါ်၌ အခြေစိုက်လျက် ရှိ၏။ ယင်းအကြောင်းတရားများကြောင့် ပြီးစီးလာ သော နာမ်တရားတို့ကို မသိမ်းဆည်းမီ ရှေးအဖို့က (= သိမ်းဆည်းတော့မည့် ဆဲဆဲတွင်) ဖြစ်ပေါ်လာသော နှလုံး သွင်းမှု အာဘောဂ၏ အစွမ်းဖြင့် ထင်ရှားလာရသည်ဟု သိရှိပါလေ။ (မ-ဋီ-၁-၃၆၉။) ဤဋီကာဆရာတော်၏ ဖွင့်ဆိုတော်မူသည့် စကားရပ်များနှင့်အညီ ယောဂါဝစရပုဂ္ဂိုလ်သည် ရှေးရှေးပါရမီ အကြောင်းနှင့် မှီရာဝတ္ထုရုပ်၊ အာရုံရုပ်တို့၏ ထင်ထင်ရှားရှား ကျေးဇူးပြုပေးမှု စသော အကြောင်းတရားတို့ ညီညွတ် ပေါင်းဆုံမိသောအခါ ယောဂါဝစရပုဂ္ဂိုလ်ကလည်း၊ ဖဿကို အဦးမူ၍၊ သို့မဟုတ် ဝေဒနာကို အဦး မူ၍၊ သို့မဟုတ် ဝိညာဏ်ကို အဦးမူ၍ နာမ်တရားတို့ကို သိမ်းဆည်းလိုသော နှလုံးသွင်းမှု အာဘောဂ ရှိနေလျှင် မိမိ၏ နှလုံးသွင်းမှု အာဘောဂနှင့် လျော်ညီစွာ ဖဿ စသော တရားသုံးမျိုးတို့တွင် တစ်မျိုးမျိုးသည် ဦးစွာ
而成立。应知:由于这些因而成就的名法,是凭借摄取以前——也就是即将摄取之际——生起的作意倾向(ābhoga)而首先变得明显。(《中部复注》1-369。)依照复注作者这段解释,当过去所积波罗蜜之因、所依处色与所缘色的显著助力等诸因会合时,如果瑜伽行者又具有想以触为先、或以受为先、或以识为先摄取名法的作意倾向,那么,触等三法中的某一种就会顺应他自己的作意倾向而首先
ထင်ရှားလာသည်သာ ဖြစ်ပေသည်ဟု မှတ်သားပါလေ။
清楚显现;对此应当记住。
နာမ်ကမ္မဋ္ဌာန်းကို သိမ်းဆည်းနည်း သုံးနည်းတို့တွင် တစ်နည်းနည်းဖြင့် နာမ်တရားတို့ကို သိမ်းဆည်းပြီး သော ယောဂါဝစရပုဂ္ဂိုလ်သည် အထူးသဖြင့် ဝေဒနာကို အဦးမူ၍ နာမ်တရားတို့ကို သိမ်းဆည်းပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် တစ်ဖန် နာမရူပပရိစ္ဆေဒဉာဏ်ကို ရရှိအောင် ရှေ့သို့ ဆက်လက်၍ ကြိုးပမ်းရမည့် လုပ်ငန်းခွင်ကို အဋ္ဌကထာများက အောက်ပါအတိုင်း ဆက်လက်၍ ညွှန်ကြားထားတော်မူ၏။
已经依名业处三种摄取方法之一摄取名法的瑜伽行者,尤其是已经以受为先摄取名法的瑜伽行者,还必须继续向前用功,以获得名色分别智。诸义注对下一阶段的修行作如下指示。
နာမရူပပရိစ္ဆေဒဉာဏ်
名色分别智
သော ''ဣမေ ဖဿပဉ္စမကာ ဓမ္မာ ကိံ နိဿိတာ''တိ ဥပဓာရေန္တော ''ဝတ္ထုံ နိဿိတာ''တိ ပဇာနာတိ။
“他如此审察:‘这些以触为第五的诸法依止什么而生?’便了知:‘它们依所依(vatthu)而生。’”
ဝတ္ထု နာမ ကရဇကာယော၊ ယံ သန္ဓာယ ဝုတ္တံ ''ဣဒဉ္စ ပန မေ ဝိညာဏံ ဧတ္ထသိတံ ဧတ္ထပဋိဗဒ္ဓ''န္တိ။ သော အတ္ထတော ဘူတာနိ စေဝ ဥပါဒါရူပါနိ စ။ ဧဝမေတ္ထ ဝတ္ထု ရူပံ၊ ဖဿပဉ္စမကာ နာမန္တိ နာမရူပမေဝ ပဿတိ။
“所谓所依,就是所生身;关于它曾说:‘我的此识依于这里,并系属于这里。’依真实义而言,所生身就是大种色与所造色。因此,在这里,所依是色,以触为第五的诸法是名;他所见的就只是名色。”
ရူပဉ္စေတ္ထ ရူပက္ခန္ဓော၊ နာမံ စတ္တာရော အရူပိနော ခန္ဓာတိ ပဉ္စက္ခန္ဓမတ္တံ ဟောတိ။ နာမရူပဝိနိမုတ္တာ ဟိ ပဉ္စ- က္ခန္ဓာ ပဉ္စက္ခန္ဓဝိနိမုတ္တံ ဝါ နာမရူပံ နတ္ထိ။ (အဘိ-ဋ္ဌ-၂-၂၅၂-၂၅၃။ မ-ဋ္ဌ-၁-၂၈၁။) = ထိုယောဂါဝစရ ရဟန်းတော်သည် ''ဤဖဿလျှင် ငါးခုမြောက် ရှိကြကုန်သော ဖဿပဉ္စမကတရားတို့ သည် အဘယ်ကို မှီ၍ ဖြစ်ပေါ်လာကြပါကုန်သနည်း''ဟု ဤသို့ စူးစမ်းဆင်ခြင်လတ်သော် ''ဤဖဿပဉ္စမက တရားတို့သည် ဝတ္ထုရုပ်ကို မှီ၍ ဖြစ်ပေါ်လာကြကုန်၏''ဟု ဤသို့ သိရှိလာ၏။ ဤ၌ ဝတ္ထုဟူသည် စက္ခုဝတ္ထု သောတဝတ္ထု ဃာနဝတ္ထု ဇိဝှါဝတ္ထု ကာယဝတ္ထု ဟဒယဝတ္ထုဟူသော ဝတ္ထုရုပ်သက်သက်ကိုသာ ဆိုလိုသည် မဟုတ်၊ ကရဇကာယ အမည်ရသော ရုပ်တရားအပေါင်းကို ဆိုလို၏။ ယင်းကရဇကာယဟူသော ဝတ္ထုရုပ်ကို ရည်ရွယ်တော်မူ၍ --- ''ငါ၏ ဤဝိညာဏ်သည် ဤကရဇကာယ၌ မှီနေ၏၊ ဤကရဇကာယနှင့် ဆက်စပ်လျက် ဖြစ်နေ၏''ဟု (ဒီ-၁-၇၂။) သာမညဖလသုတ္တန်၌လည်းကောင်း၊ (မ-၂-၂ဝ၉။) မဟာသကုလုဒါယိသုတ္တန်၌
“这里的色就是色蕴;名则是四种非色蕴,因此只有五蕴。确实,没有离开名色的五蕴,也没有离开五蕴的名色。”(《迷惑冰消》2-252—253;《中部义注》1-281。)这位瑜伽行比丘如此审察:“这些以触为第五的诸法依止什么而生?”便了知:“这些触等五法依所依处色而生。”这里所谓“所依”,并不只是眼所依处、耳所依处、鼻所依处、舌所依处、身所依处、心所依处这六种所依处色,而是指称为“所生身”的全部色法。正是针对作为所依处色的这个所生身,世尊说:“我的此识依于此所生身,并与此所生身相联而生。”世尊在《沙门果经》(《长部》1-72)与《大萨拘卢陀夷经》
လည်းကောင်း ဘုရားရှင်သည် ဟောကြားထားတော်မူ၏။ ယင်း ကရဇကာယဟူသည် ပရမတ္ထတရားကိုယ် အနက်သဘောအားဖြင့် မဟာဘုတ်ဓာတ်ကြီးလေးပါးတို့နှင့် (၂၄)မျိုးသော ဥပါဒါရုပ်တို့ပင် ဖြစ်ကြသည်။ (ကံ -စိတ်-ဥတု-အာဟာရဟူသော အကြောင်းတရား လေးပါးတို့ကြောင့် ဖြစ်ပေါ်နေကြကုန်သော (၅၄)မျိုး (၄၄) မျိုး စသော ရုပ်တရားတို့ပင်တည်း။ ရုပ်ကမ္မဋ္ဌာန်းပိုင်း ဇယားများတွင် ကြည့်ပါ။) ဤ၌ --- ၁။ ကရဇကာယဟူသော ဝတ္ထုကား ရုပ်တရားတည်း၊ ၂။ ဖဿပဉ္စမကတရားတို့ကား နာမ်တရားတည်း။
(《中部》2-209)中都作过这样的开示。所谓“所生身”,从究竟法的实体义而言,就是四大种与二十四种所造色。〔也就是由业、心、时节、食四因所生的五十四种、四十四种等色法;参见色业处部分诸表。〕因此,在这里:1.称为所生身的所依是色法;2.触等五法是名法。
ဤသို့လျှင် ယောဂါဝစရပုဂ္ဂိုလ်သည် နာမ်ရုပ်မျှကိုသာလျှင် ဉာဏ်မျက်စိဖြင့် တွေ့မြင်နေ၏။ ဤနာမ် ရုပ် နှစ်မျိုးတို့တွင် ---
如此,瑜伽行者以智眼所见的就只是名与色。在这名、色二法中
原书第 469 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- သတိပဋ္ဌာန် (၄)ပါး အခန်း ၁။ ရုပ်တရားကား ရူပက္ခန္ဓာတည်း၊ ၂။ နာမ်တရားကား နာမ်ခန္ဓာလေးပါးတည်း။ (ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာ ဝိညာဏက္ခန္ဓာတည်း၊၊) ဤသို့လျှင် ခန္ဓာငါးပါးမျှသာ ဖြစ်၏။ မှန်ပေသည် --- ၁။ နာမ်ရုပ် နှစ်ပါးမှ လွတ်ကုန်သော ခန္ဓာငါးပါးတို့သည်လည်း မရှိကုန်။
1.色法就是色蕴;2.名法就是四种名蕴(受蕴、想蕴、行蕴、识蕴)。如此,只有五蕴。确实:1.并不存在离开名、色二法而有的五蕴。
၂။ ခန္ဓာငါးပါးမှ လွတ်သော နာမ်ရုပ်သည်လည်း မရှိပေ။
2.也不存在离开五蕴而有的名色。
ပစ္စယပရိဂ္ဂဟဉာဏ် - ဝိပဿနာဉာဏ်
缘摄受智——观智
သော ''ဣမေ ပဉ္စက္ခန္ဓာ ကိံ ဟေတုကာ''တိ ဥပပရိက္ခန္တော အဝိဇ္ဇာဒိဟေတုကာတိ ပဿတိ။ တတော ပစ္စယော စေဝ ပစ္စယုပ္ပန္နဉ္စ ဣဒံ၊ အညော သတ္တော ဝါ ပုဂ္ဂလော ဝါ နတ္ထိ၊ သုဒ္ဓသင်္ခါရပုဉ္ဇမတ္တမေဝါတိ သပ္ပစ္စယ- နာမရူပဝသေနေဝ တိလက္ခဏံ အာရောပေတွာ ဝိပဿနာပဋိပါဋိယာ အနိစ္စံ ဒုက္ခံ အနတ္တာတိ သမ္မသန္တော ဝိစရတိ။ သော အဇ္ဇ အဇ္ဇာတိ ပဋိဝေဓံ အာကင်္ခမာနော တထာရူပေ ဒိဝသေ ဥတုသပ္ပါယံ ပုဂ္ဂလသပ္ပါယံ ဘောဇနသပ္ပါယံ ဓမ္မဿဝနသပ္ပါယံ ဝါ လဘိတွာ ဧကပလဒင်္ကေန နိသိန္နောဝ ဝိပဿနံ မတ္ထကံ ပါပေတွာ အရဟတ္တေ ပတိဋ္ဌာသိ။ ဧဝံ ဣမေသံ တိဏ္ဏမ္ပိ ဇနာနံ ယာဝ အရဟတ္တာ ကမ္မဋ္ဌာနံ ကထိတံ ဟောတိ။
“他进一步审察:‘这五蕴以什么为因?’便看见它们以无明等为因。此后他了知:这里只是缘与缘所生;除此之外,既无有情,也无个人,纯粹只是诸行之聚。他把连同诸缘的名色安立于三相之下,依观智次第,反复审察为‘无常、苦、无我’而行道。他渴望‘今天、今天’就获得通达;到了适当的一天,若得适宜的气候、适宜的人、适宜的食物,或适宜的闻法机会,便只须一坐,坐着使毗婆舍那达到顶峰,安住于阿罗汉果。如此,对于这三类人,业处都已开示直至阿罗汉果。”
(အဘိ-ဋ္ဌ-၂-၂၅၃။ မ-ဋ္ဌ-၁-၂၈၁။)
(《迷惑冰消》2-253;《中部义注》1-281。)
=ထိုယောဂါဝစရ ပုဂ္ဂိုလ်သည် ''ဤခန္ဓာငါးပါးတို့သည် အဘယ်အကြောင်းတရား ထင်ရှား ရှိကြပါကုန် သနည်း''ဟု ဤသို့ ဉာဏ်ဖြင့် စူးစမ်းဆင်ခြင်လတ်သော် အဝိဇ္ဇာ စသော အကြောင်းတရား ထင်ရှားရှိကုန်၏ ဟု ဉာဏ်မျက်စိဖြင့် မြင်သိလေ၏။ (ပဋိစ္စသမုပ္ပါဒ်ပိုင်းတွင် ထင်ရှားလတ္တံ့။) ထိုယောဂါဝစရ ရဟန်းတော်သည် ထိုပစ္စယပရိဂ္ဂဟဉာဏ်ကို ရရှိပြီးသည်မှ နောက်ကာလ၌ --- ဤနာမ် ရုပ်ဟူသည် အကြောင်းတရားနှင့် အကျိုးတရားမျှသာ ဖြစ်၏၊ အကြောင်း-အကျိုးမှ တစ်ပါးသော သတ္တဝါသည် လည်းကောင်း၊ ပုဂ္ဂိုလ်သည်လည်းကောင်း မရှိ၊ အကြောင်း-အကျိုး = သင်္ခါရတရား အစုအပုံသက်သက်မျှသည် သာ ဖြစ်၏၊ ဤသို့ သိရှိလာ၏။ ဤသို့ သိရှိပြီးနောက် အကြောင်းတရားနှင့် တကွသော နာမ်ရုပ်၏ အစွမ်းဖြင့် သာလျှင် လက္ခဏာရေးသုံးတန်သို့ တင်၍ ဝိပဿနာဉာဏ်စဥ်အားဖြင့် အစဥ်အတိုင်း အနိစ္စ ဒုက္ခ အနတ္တဟု အဖန်ဖန် သုံးသပ်လျက် လှည့်လည်၏။ (ဝိပဿနာပိုင်းတွင် ထင်ရှားလတ္တံ့။)
这位瑜伽行者以智审察:“这五蕴由于什么因法而显现、生起?”于是,他以智眼看见无明等因法显现。(缘起部分将会详明。)这位瑜伽行比丘获得缘摄受智以后,便了知:“所谓名色,不过只是因法与果法;在因果之外,并没有有情,也没有个人;因与果,也就是纯粹的一堆行法。”如此了知以后,他把名色连同因法安立于三相之下,依观智次第,顺次反复审察为无常、苦、无我而修行。(观禅部分将会详明。)
ထိုယောဂါဝစရပုဂ္ဂိုလ်သည် ယနေ့ ယနေ့ဟူ၍ (= ယနေ့ပင် သစ္စာလေးပါးကို သိရပေအံ့၊ ယနေ့ပင် သစ္စာ လေးပါးကို သိရပေအံ့ --- ဟူ၍) သစ္စာလေးပါးကို ထိုးထွင်းသိတတ်သော မဂ်ဉာဏ်ကို လိုလားတောင့်တလျက် အရဟတ္တဖိုလ်၌ တည်နိုင်လောက်အောင်သော သဘောရှိသော ထိုနေ့၌ --- ၁။ ဥတုသပ္ပါယ = မျှတသော ဥတုကိုလည်းကောင်း၊ ၂။ ပုဂ္ဂလသပ္ပါယ = မျှတသော မိတ်ကောင်း ဆွေကောင်း ဆရာကောင်း သမားကောင်း ပုဂ္ဂိုလ်ကိုလည်း- ကောင်း၊ ၃။ ဘောဇနသပ္ပါယ = မျှတသော ဘောဇဥ်ကိုလည်းကောင်း၊ ၄။ ဓမ္မဿဝနသပ္ပါယ = အရဟတ္တဖိုလ်ကို ပေါက်စေနိုင်လောက်အောင်သော မျှတသော တရားနာကြားခွင့်
这位瑜伽行者怀着“今天,今天”(即“就在今天了知四圣谛!就在今天了知四圣谛!”)的心,渴望能够通达四圣谛的道智。到了具足可令其安住阿罗汉果之条件的那一天,他若获得:1.utusappāya——适宜的气候;2.puggalasappāya——适宜的善友、善亲、善师、善同修等人;3.bhojanasappāya——适宜的食物;4.dhammasavanasappāya——足以促成阿罗汉果的适宜闻法
ကိုလည်းကောင်း ---
机会;
ဤသပ္ပါယ (၄)ပါးကို ရရှိလတ်သော် တစ်ထိုင်တည်းဖြင့် ထိုင်လျက်သာလျှင် ဝိပဿနာဉာဏ်ကို မဂ်ဉာဏ် ဖိုလ်ဉာဏ်သို့ ဆိုက်အောင် အထွတ်အထိပ်သို့ ရောက်စေ၍ အရဟတ္တဖိုလ်၌ တည်လေပြီ။ ဤသို့လျှင် ---
若获得这四种所宜,他便只须一坐,坐着使观智达到顶峰,直至道智、果智,安住于阿罗汉果。如此——
原书第 470 页
၁။ ဖဿ ထင်ရှားသော ပုဂ္ဂိုလ်၊ ၂။ ဝေဒနာ ထင်ရှားသော ပုဂ္ဂိုလ်၊ ၃။ ဝိညာဏ် ထင်ရှားသော ပုဂ္ဂိုလ် --- ဤပုဂ္ဂိုလ် သုံးဦးတို့အတွက် အရဟတ္တဖိုလ်တိုင်အောင်သော ကမ္မဋ္ဌာန်းကို ဘုရားရှင်သည် ဟောကြား တော်မူအပ်ပြီး ဖြစ်ပေသည်။ (အဘိ-ဋ္ဌ-၂-၂၅၃။ မ-ဋ္ဌ-၁-၂၈၁။) ဤအထက်ပါ အဋ္ဌကထာကြီးတို့၏ ရှင်းလင်း ဖွင့်ဆိုထားတော်မူသည့်အတိုင်း ဖဿ ထင်ရှားသော ပုဂ္ဂိုလ် သည်လည်း ဖဿ တစ်ခုတည်းကိုသာ ရှုနေရသည် မဟုတ်သည်ကိုလည်းကောင်း၊ ဝေဒနာ ထင်ရှားသော ပုဂ္ဂိုလ် သည်လည်း ဝေဒနာ တစ်ခုတည်းကိုသာ ရှုနေရသည် မဟုတ်သည်ကိုလည်းကောင်း၊ ဝိညာဏ် ထင်ရှားသော ပုဂ္ဂိုလ်သည်လည်း အသိစိတ် = ဝိညာဏ် တစ်ခုတည်းကိုသာ ရှုနေရသည် မဟုတ်သည်ကိုလည်းကောင်း ခိုင်မြဲ သော သတိတရား ဖြူစင်ဖြောင့်စင်းသော စိတ်ထားဖြင့် စွဲမြဲစွာ နာယူမှတ်သားလေရာသည်။
1.触清楚显现的人;2.受清楚显现的人;3.识清楚显现的人。对于这三类人,世尊都已经开示了直至阿罗汉果的业处。(《迷惑冰消》2-253;《中部义注》1-281。)依上述诸大义注的明释,应当以坚定的念与纯正端直的心牢牢记取:触清楚显现的人并非只观一个触;受清楚显现的人并非只观一个受;识清楚显现的人也并非只观一个认知心=识。

本页是帕奥禅师缅文「五大册」第二册(趣向涅槃之道·第二册,书名暂定)的现代汉语全译本,非缩略版、非节译;译者 Dhammesanā。与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。