七种遍一切心心所
《趣向涅槃之道》中文全译本 · 非缩略版
非色把握章 · 原书第 81–83 页 · 21 个翻译单元
本页并入了原书的相邻小节:六种杂心所、思、作意与寻的差别。
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书第 81 页
သဗ္ဗစိတ္တသာဓာရဏ စေတသိက် (၇) လုံး
七种遍一切心心所
= (စိတ်အားလုံးနှင့် ဆက်ဆံသော = စိတ်တိုင်း စိတ်တိုင်း၌ ယှဥ်သော စေတသိက်)
(即与一切心相关、在每一个心中都相应的心所)
၁။ ဖဿ = အာရုံကို တွေ့ထိသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းသဘော၊ (လက္ခဏ)
1.触:以接触所缘为特相。
= အာရုံနှင့် အသိစိတ်ကို ဆက်စပ်ပေးခြင်းသဘော၊ (ရသ)
其作用是联结所缘与能知之心。
၂။ ဝေဒနာ = အာရုံ၏ အရသာကို ခံစားခြင်းသဘော၊ ၃။ သညာ = အာရုံကို မှတ်သားခြင်းသဘော၊ ၄။ စေတနာ = အာရုံပေါ်သို့ ယှဥ်ဖက် စိတ်စေတသိက် = သမ္ပယုတ်တရားတို့ကို ရောက်အောင် စေ့ဆော် ပေးခြင်း = နှိုးဆော်ပေးခြင်းသဘော၊ ၅။ ဧကဂ္ဂတာ = အာရုံတစ်ခုတည်းပေါ်သို့ စိတ်ကျရောက်နေခြင်းသဘော၊ = တည်ငြိမ်နေခြင်းသဘော၊ = သမ္ပယုတ်တရားတို့ကို ဖရိုဖရဲ မကြဲစေခြင်းသဘော၊
2.受:以体验所缘之味为性;3.想:以记认所缘为性;4.思:以推动、激励相应的心与心所——即诸相应法——到达所缘为性;5.一境性:以令心落在单一所缘上为性,即安住不动,并使诸相应法不散乱、不离散。
原书第 82 页
〔စိတ္တက္ခဏတစ်ခုအတွင်း၌ အတူယှဥ်တွဲ ဖြစ်ကြကုန်သော စိတ်+စေတသိက်တရားစုတို့ကို
〔在一个心刹那内一同相应而生起的心与心所法聚
သမ္ပယုတ်တရားဟု ခေါ်သည်။〕
称为相应法。〕
၆။ ဇီဝိတ = ယှဥ်ဖက် စိတ်+စေတသိက် သမ္ပယုတ်တရားတို့ကို စောင့်ရှောက်ပေးခြင်းသဘော၊ = နာမ်သက်စောင့်ဓာတ်၊ ၇။ မနသိကာရ = အာရုံဘက်သို့ စိတ်ကို (= သမ္ပယုတ်တရားတို့ကို) ဦးလှည့် တွန်းပို့ပေးခြင်းသဘော၊ = အာရုံကို နှလုံးသွင်းခြင်းသဘော၊ ဤသည်တို့ကား စိတ်အားလုံးနှင့် ယှဥ်သော သဗ္ဗစိတ္တသာဓာရဏစေတသိက် (၇)မျိုးတည်း။
6.名命根:以守护相应的心与心所等相应法为性;7.作意:以使心——即诸相应法——转向并推向所缘为性,也就是把所缘纳入心中。以上就是与一切心相应的7种遍一切心心所。
ပကိဏ်းစေတသိက် (၆) လုံး
六种杂心所
(= ပြိုးပြွမ်းယှဥ်သော စေတသိက် ၆-လုံး)
(即参差相应的6种心所)
ဤ စေတသိက် (၆)လုံးတို့သည်ကား အချို့သော စိတ်၌သာ ယှဥ်၍ အချို့သော စိတ်၌ မယှဥ်ကြပေ၊ ဟို တစ်ချို့ သည်တစ်ချို့ ရောရောပြွမ်းပြွမ်း ယှဥ်သော စေတသိက်များ ဖြစ်ကြသည်။
这6种心所只在某些心中相应,在另一些心中则不相应;它们在各类心中参差、杂然地相应,因此称为杂心所。
၁။ ဝိတက် = အာရုံပေါ်သို့ ယှဥ်ဖက် စိတ်+စေတသိက် (= သမ္ပယုတ်တရားတို့ကို) ရှေးရှုတင်ပေးခြင်းသဘော၊ = ကြံစည်ခြင်းသဘော၊ ၂။ ဝိစာရ = အာရုံကို ထပ်ကာ ထပ်ကာ သုံးသပ်ဆင်ခြင်ခြင်း ဆုပ်နယ်ခြင်းသဘော၊ = ထပ်၍ ထပ်၍ ယူခြင်းသဘော၊ ၃။ အဓိမောက္ခ = အာရုံကို ဆုံးဖြတ်ချက်ချခြင်းသဘော၊ ၄။ ဝီရိယ = ကြိုးစားအားထုတ်ခြင်းသဘော၊ (အာရုံတစ်ခုပေါ်၌ ယှဥ်ဖက်စိတ်+စေတသိက် = သမ္ပယုတ်တရားတို့ ဖြစ်ပေါ်လာအောင် ကြိုးစားအား- ထုတ်ခြင်းသဘော ဖြစ်သည်။ မကောင်းဘက်၌လည်း လောဘဖြစ်အောင် ဒေါသဖြစ်အောင် မောဟဖြစ်အောင် စသည်ဖြင့် ကြိုးစားမှု၊ အကောင်းဘက်၌လည်း အလောဘဖြစ်အောင် အဒေါသဖြစ်အောင် အမောဟဖြစ်အောင် စသည်ဖြင့် ကြိုးစားမှုမျိုးတည်း။) ၅။ ပီတိ = အာရုံကို နှစ်သက်ခြင်းသဘော၊ ၆။ ဆန္ဒ = အာရုံကို လိုလားတောင့်တခြင်းသဘော၊ = အာရုံကို ပြုလုပ်လိုခြင်းသဘော၊ 〔အာရုံတစ်ခုပေါ်၌ လောဘ ဖြစ်လိုသည့်သဘော၊ ဒေါသ ဖြစ်လိုသည့်သဘော၊ မောဟ ဖြစ်လိုသည့်
1.寻:以把相应的心与心所——即诸相应法——导向、投向所缘为性,也有思惟之义;2.伺:以反复审察、思量、揉摩所缘为性,也就是一再取所缘;3.胜解:以对所缘作出决定为性;4.精进:以努力、用功为性。(即努力使相应的心与心所在一个所缘上生起:在不善一方,是努力使贪、嗔、痴等生起;在善的一方,是努力使无贪、无嗔、无痴等生起。)5.喜:以喜爱所缘为性;6.欲:以欲求、渴望所缘为性,也就是想对所缘有所作为。〔所谓欲,是对于一个所缘,想使贪生起、想使嗔生起、想使痴
သဘော၊ အလောဘ ဖြစ်လိုသည့်သဘော၊ အဒေါသ ဖြစ်လိုသည့်သဘော၊ အမောဟ ဖြစ်လိုသည့်သဘော -- ဤသို့ စသည်ဖြင့် သိပါလေ။〕 အထက်တွင် ဖော်ပြခဲ့သော သဗ္ဗစိတ္တသာဓာရဏစေတသိက် (၇)လုံးနှင့် ဤပကိဏ်းစေတသိက် (၆)လုံး = နှစ်ရပ်ပေါင်း (၁၃)လုံးကုန်သော စေတသိက်တို့ကို အညသမာန်းစေတသိက်ဟု ခေါ်၏။ ယင်း စေတသိက် တို့သည် အကုသိုလ်စိတ်စေတသိက်တို့နှင့် ယှဥ်ခိုက် အကုသိုလ်ဟူသော အမည်ကို ရရှိကြ၏။ ကုသိုလ်စိတ် စေတသိက်တို့နှင့် ယှဥ်ခိုက် ကုသိုလ်ဟူသော အမည်ကို ရရှိကြ၏၊ ဝိပါက်+ကြိယာ = အဗျာကတတရားတို့နှင့် ယှဥ်ခိုက် အဗျာကတဟူသော အမည်ကို ရရှိကြ၏။ တစ်နည်းဆိုရသော် အသောဘဏစိတ် = မတင့်တယ်သော
生起,或想使无贪、无嗔、无痴生起等等;应如此理解。〕前述7种遍一切心心所与这6种杂心所,两组合计13种,称为同他心所。这些心所与不善心、心所相应时,获得“不善”之名;与善心、心所相应时,获得“善”之名;与果报、唯作等无记法相应时,获得“无记”之名。换一种说法,当它们与非美心——即非美的
原书第 83 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- အရူပပရိဂ္ဂဟ အခန်း စိတ်တို့နှင့် ယှဥ်ခိုက် အသောဘဏဟူသော အမည်ကို ရရှိကြ၏၊ သောဘဏစိတ် = တင့်တယ်သောစိတ်တို့နှင့် ယှဥ်ခိုက် သောဘဏဟူသော အမည်ကို ရရှိကြ၏။ အကောင်းအဆိုး နှစ်ဖက်ရ စေတသိက်တို့ ဖြစ်ကြသည်။
心——相应时,获得“非美”之名;与美心——即美好之心——相应时,获得“美”之名。它们是能通善恶两方的心所。
စေတနာ-မနသိကာရ-ဝိတက်-အထူး
思、作意与寻的差别
စိတ္တက္ခဏတစ်ခု အတွင်း၌ အတူယှဥ်တွဲ၍ ပြိုင်တူဖြစ် ပြိုင်တူပျက်ကြသော အာရုံလည်း တူ၍ မှီရာ ဝတ္ထုရုပ်လည်း တူကြသော စိတ်စေတသိက်တရားစုတို့ကို သမ္ပယုတ်တရားဟု ခေါ်၏။
在一个心刹那内一同相应、同时生灭,具有同一所缘和同一所依色的心与心所法聚,称为相应法。
ဝိတက်သည် မိမိနှင့်ယှဥ်ဖက် သမ္ပယုတ်တရားတို့ကို အာရုံပေါ်သို့ ရောက်အောင် ရှေးရှုတင်ပေးတတ်၏။
寻能把与自己相应的诸相应法导向、投向所缘。
စေတနာကား ဝိတက်သည် တင်ပေးအပ်သော သမ္ပယုတ်တရားတို့ကို အာရုံနှင့် စေ့နေအောင် စပ်နေအောင် အာရုံ၌ ယှဥ်စပ်ပေး၏။ မနသိကာရသည်ကား သမ္ပယုတ်တရားတို့ကို အာရုံပေါ်သို့ ဖြောင့်ဖြောင့်မတ်မတ် ရောက်အောင် ပြုလုပ်ပေး၏၊ မောင်းနှင်ပေး၏။
思则把寻所投向的诸相应法,在所缘上紧密组织、联结起来;作意则使诸相应法端直地趋向所缘,驱使它们到达所缘。
ဤအချက်နှင့် ပတ်သက်၍ တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ဘုရားက မိမိ၏ --- သင်္ဂြိုဟ်ဘာသာဋီကာ- စေတသိက်ပိုင်းတွင် အောက်ပါအတိုင်း ရှင်းလင်းတင်ပြထား၏။
关于这一点,Taungmyo 摩诃甘达勇寺禅师在其《摄阿毗达磨义论缅文复注·心所部分》中解释如下。
''စေတနာသည် အာရုံ၌ သမ္ပယုတ်တရားတို့ကို ဖွဲ့စပ်ခြင်းလက္ခဏာ ရှိ၏၊ မနသိကာရသည် သမ္ပယုတ် တရားတို့ကို အာရုံနှင့် ယှဥ်စပ်ပေးခြင်း ကိစ္စရှိ၏''ဟု ဆိုပြီးလျှင် ဝိတက်သည် သမ္ပယုတ်တရားတို့ကို အာရုံသို့ တင်ပေးခြင်း လက္ခဏာရှိ၏ဟု ဆိုပြန်ရာ ထိုသုံးပါး သဘောတူသကဲ့သို့ ရှိသောကြောင့် အဘယ်သို့ အထူး မှတ်အပ်ပါသနည်းဟု မေး ---- အဖြေကား ---- လှေအပြေးပြိုင်ရာ၌ ဦးက ပန်းဆွတ်သူ၊ ဝမ်းက လှော်သူ၊ ပဲ့က ပဲ့ကိုင်ပေးသူ - ဤလူသုံး- ယောက်တို့ တစ်ပြိုင်နက် လှေကို လှော်ကြသော်လည်း ဝမ်းက လှော်သူမှာ ပန်းတိုင်သို့ အတွင်ရောက်အောင် လှော်ပေးဖို့သာ အရေးကြီး၏၊ ပဲ့ကိုင်သူမှာ ပန်းတိုင်သို့ ဖြောင့်ဖြောင့် သွားစေဖို့သာ အရေးကြီး၏၊ ဦးက လှော်သူ မှာ ပန်းတိုင်သို့ အရောက်တွင် ပန်းဆွတ်မိဖို့ ကိစ္စကသာ အရေးကြီးလေသည်။ ဤဥပမာအတိုင်း ဝိတက် မနသိ- ကာရ စေတနာတို့ အာရုံကို တစ်ပြိုင်နက်ယူကြသော်လည်း ဝိတက်မှာ သမ္ပယုတ်တရားတို့ကို အာရုံသို့ ရောက်သွား
“‘思以在所缘上组织诸相应法为特相;作意以使诸相应法与所缘相应为作用。’既如此说,却又说寻以把诸相应法投向所缘为特相;三者看似相同,应当如何辨别其差别?问答如下。赛舟时,船头负责摘花者、船中划桨者、船尾掌舵者三人虽同时划船,船中划桨者的要务只是奋力划行,使船尽快到达终点;船尾掌舵者的要务只是使船笔直驶向终点;船头者的要务,则是在抵达终点时摘得标花。正如这一譬喻,寻、作意、思虽同时取所缘,寻的职责是奋力驱使、投送诸相应法,使它们到达所缘——
အောင် အတွင်နှင်လျက် တင်ပေးဖို့ တာဝန်ရှိ၏၊ လှေဝမ်းက လှော်သူနှင့် တူ၏၊ မနသိကာရမှာ အာရုံသို့ ဖြောင့် ဖြောင့် ရောက်သွားအောင် သမ္ပယုတ်တရားတို့ကို ဖြောင့်ပေးဖို့ တာဝန် ရှိ၏၊ ပဲ့က လှော်သူနှင့် တူ၏၊ စေတနာမှာ အာရုံ၌ သမ္ပယုတ်တရားတို့ကို စပ်ဖွဲ့ပေးဖို့ ကိစ္စရှိ၏၊ ပန်းဆွတ်သူနှင့် တူ၏။ 〔အာရုံက ပန်းတိုင်နှင့် တူပုံ သမ္ပယုတ်တရားများက လှေနှင့် တူပုံကိုလည်း ချဲ့ထွင်၍ ယူရာ၏။〕 (သင်္ဂြိုဟ်ဘာသာဋီကာ-၉၈။)
如同船中划桨者;作意的职责是把诸相应法导正,使它们笔直抵达所缘,如同船尾掌舵者;思的职责是在所缘上组织、结合诸相应法,如同摘花者。〔还应扩展理解:所缘如同终点,诸相应法如同船。〕”(《摄阿毗达磨义论缅文复注》98页。)