《长爪经》节录
《趣向涅槃之道》中文全译本 · 非缩略版
四念处章 · 原书第 475–477 页 · 26 个翻译单元
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书第 475 页
ဒီဃနခသုတ္တန် ကောက်နုတ်ချက်
《长爪经》节录
ယသ္မိံ အဂ္ဂိဝေဿန သမယေ သုခံ ဝေဒနံ ဝေဒေတိ၊ နေဝ တသ္မိံ သမယေ ဒုက္ခံ ဝေဒနံ ဝေဒေတိ၊ န အဒုက္ခမသုခံ ဝေဒနံ ဝေဒေတိ၊ သုခံယေဝ တသ္မိံ သမယေ ဝေဒနံ ဝေဒေတိ။ ယသ္မိံ အဂ္ဂိဝေဿန သမယေ ဒုက္ခံ။ ပ ။ အဒုက္ခမသုခံ ဝေဒနံ ဝေဒေတိ၊ နေဝ တသ္မိံ သမယေ သုခံ ဝေဒနံ ဝေဒေတိ၊ န ဒုက္ခံ ဝေဒနံ ဝေဒေ- တိ၊ အဒုက္ခမသုခံယေဝ တသ္မိံ သမယေ ဝေဒနံ ဝေဒေတိ။
“阿耆毗舍那,在感受乐受之时,那时既不感受苦受,也不感受不苦不乐受;那时只感受乐受。阿耆毗舍那,在感受苦受之时……在感受不苦不乐受之时,那时既不感受乐受,也不感受苦受;那时只感受不苦不乐受。”
သုခါပိ ခေါ အဂ္ဂိဝေဿန ဝေဒနာ အနိစ္စာ သင်္ခတာ ပဋိစ္စသမုပ္ပန္နာ ခယဓမ္မာ ဝယဓမ္မာ ဝိရာဂဓမ္မာ နိရောဓဓမ္မာ။ ဒုက္ခာပိ ခေါ။ ပ ။ အဒုက္ခမသုခါပိ ခေါ အဂ္ဂိဝေဿန ဝေဒနာ အနိစ္စာ သင်္ခတာ။ ပ ။ နိရောဓဓမ္မာ။
“阿耆毗舍那,乐受也是无常的、有为的、缘所生的,是尽法、衰灭法、离贪法、灭法;苦受也是如此……阿耆毗舍那,不苦不乐受也是无常的、有为的……乃至是灭法。”
ဧဝံ ပဿံ အဂ္ဂိဝေဿန သုတဝါ အရိယသာဝကော သုခါယပိ ဝေဒနာယ နိဗ္ဗိန္ဒတိ၊ ဒုက္ခာယပိ ဝေဒနာ- ယ နိဗ္ဗိန္ဒတိ၊ အဒုက္ခမသုခါယပိ ဝေဒနာယ နိဗ္ဗိန္ဒတိ၊ နိဗ္ဗိန္ဒံ ဝိရဇ္ဇတိ၊ ဝိရာဂါ ဝိမုစ္စတိ ဝိမုတ္တသ္မိံ ဝိမုတ္တမိတိ ဉာဏံ ဟောတိ။ ''ခီဏာ ဇာတိ၊ ဝုသိတံ ဗြဟ္မစရိယံ၊ ကတံ ကရဏီယံ၊ နာပရံ ဣတ္ထတ္တာယာ''တိ ပဇာနာတိ။
“阿耆毗舍那,具闻圣弟子如此观见,便厌离乐受,也厌离苦受,也厌离不苦不乐受。厌离则离贪;因离贪而解脱;解脱时,生起‘已解脱’之智。他了知:‘生已尽,梵行已立,所作已办,不受后有。’”
(မ-၂-၁၆၈။)
(《中部》2-168。)
= အဂ္ဂိဝေဿနအနွယ်၌ ဖြစ်သော ဒါယကာတော် ပရိဗိုဇ် …အကြင်အခါ၌ ချမ်းသာသော သုခဝေဒနာ ကို ခံစားနေ၏၊ ထိုအခါ၌ ဆင်းရဲသော ဒုက္ခဝေဒနာကိုလည်း မခံစားပေ။ ဆင်းရဲလည်း မဟုတ် ချမ်းသာလည်း မဟုတ်သော အဒုက္ခမသုခ ဝေဒနာကိုလည်း မခံစားပေ။ ထိုအခါ၌ ချမ်းသာသော သုခဝေဒနာကိုသာလျှင် ခံစား၏။
=阿耆毗舍那族的施主游行者啊……在感受快乐的乐受之时,那时不感受痛苦的苦受,也不感受既非苦也非乐的不苦不乐受;那时只感受快乐的乐受。
အဂ္ဂိဝေဿနအနွယ်၌ ဖြစ်သော ဒါယကာတော် ပရိဗိုဇ် …အကြင်အခါ၌ ဆင်းရဲသည့် ဒုက္ခဝေဒနာကို ခံစားနေ၏၊ ထိုအခါ၌ ချမ်းသာသည့် သုခဝေဒနာကိုလည်း မခံစားပေ၊ ဆင်းရဲလည်းမဟုတ် ချမ်းသာလည်း မဟုတ်သော အဒုက္ခမသုခဝေဒနာကိုလည်း မခံစားပေ။ ထိုအခါ၌ ဆင်းရဲသည့် ဒုက္ခဝေဒနာကိုသာ ခံစား၏။
阿耆毗舍那族的施主游行者啊……在感受痛苦的苦受之时,那时不感受快乐的乐受,也不感受既非苦也非乐的不苦不乐受;那时只感受痛苦的苦受。
原书第 476 页
အဂ္ဂိဝေဿနအနွယ်၌ ဖြစ်သော ဒါယကာတော် ပရိဗိုဇ် …အကြင်အခါ၌ ဆင်းရဲလည်း မဟုတ် ချမ်း- သာလည်း မဟုတ်သော အဒုက္ခမသုခ ဝေဒနာကို ခံစားနေ၏၊ ထိုအခါ၌ ချမ်းသာသည့် သုခဝေဒနာကိုလည်း မခံစားပေ၊ ဆင်းရဲသည့် ဒုက္ခဝေဒနာကိုလည်း မခံစားပေ။ ထိုအခါ၌ ဆင်းရဲလည်း မဟုတ် ချမ်းသာလည်း မဟုတ်သော အဒုက္ခမသုခဝေဒနာကိုသာလျှင် ခံစား၏။
阿耆毗舍那族的施主游行者啊……在感受既非苦也非乐的不苦不乐受之时,那时不感受快乐的乐受,也不感受痛苦的苦受;那时只感受既非苦也非乐的不苦不乐受。
အဂ္ဂိဝေဿနအနွယ်၌ ဖြစ်သော ဒါယကာတော် ပရိဗိုဇ် …သုခဝေဒနာသည်လည်း ဖြစ်ပြီးလျှင် ပျက် တတ်သော အနိစ္စတရားသာတည်း၊ အကြောင်းတရားတို့သည် ပေါင်းစု၍ ပြုပြင်မှ အနိုင်နိုင် ဖြစ်ပေါ်လာရ သော သင်္ခတတရားသာတည်း၊ အကြောင်းတရားတို့ကို စွဲမှီ၍ ဖြစ်ပေါ်လာရသော ပဋိစ္စသမုပ္ပန္နတရားသာတည်း။
阿耆毗舍那族的施主游行者啊……乐受也只是生起以后即会坏灭的无常法;只是由诸因法聚合造作才得以生起的有为法;只是依靠诸因法而生起的缘所生法。
ကုန်တတ်သော ခယသဘောတရားသာတည်း၊ ပျက်တတ်သော ဝယသဘောတရားသာတည်း၊ ကုန်တတ် ပျက်- တတ်သော ဝိရာဂသဘောတရားသာတည်း။ (ခယဝိရာဂတရား ဟူလိုသည်။) ချုပ်တတ်သော နိရောဓ သဘော တရားသာတည်း။
只是具有穷尽性质的尽法,只是具有衰灭性质的衰灭法,只是具有耗尽、坏灭性质的离贪法(这里是说“尽离贪”),只是具有止息性质的灭法。
အဂ္ဂိဝေဿနအနွယ်၌ ဖြစ်သော ဒါယကာတော် ပရိဗိုဇ် …ဒုက္ခဝေဒနာသည်လည်း ဖြစ်ပြီးလျှင် ပျက် တတ်သော အနိစ္စတရားသာတည်း။ ပ ။ ချုပ်တတ်သော နိရောဓ သဘောတရားသာတည်း။
阿耆毗舍那族的施主游行者啊……苦受也只是生起以后即会坏灭的无常法……乃至只是具有止息性质的灭法。
အဂ္ဂိဝေဿနအနွယ်၌ ဖြစ်သော ဒါယကာတော် ပရိဗိုဇ် …အဒုက္ခမသုခဝေဒနာသည်လည်း ဖြစ်ပြီး လျှင် ပျက်တတ်သော အနိစ္စတရားသာတည်း။ ပ ။ ချုပ်တတ်သော နိရောဓ သဘောတရားသာတည်း။
阿耆毗舍那族的施主游行者啊……不苦不乐受也只是生起以后即会坏灭的无常法……乃至只是具有止息性质的灭法。
အဂ္ဂိဝေဿနအနွယ်၌ ဖြစ်သော ဒါယကာတော် ပရိဗိုဇ် …ဝိပဿနာပညာ မဂ်ပညာဖြင့် ဤသို့ သိမြင် လတ်သော် အာဂမသုတဟူသော သင်သိ၊ အဓိဂမသုတဟူသော ကျင့်သိ --- ဤအသိ နှစ်မျိုးဟူသော အကြား အမြင် ဗဟုသုတနှင့် ပြည့်စုံသော အရိယသာဝကသည်၊ တစ်နည်း အရိယာ ဖြစ်တော်မူသော ငါဘုရားရှင်၏ တပည့်သာဝကသည် သုခဝေဒနာ၌လည်း ငြီးငွေ့တော့၏၊ ဒုက္ခဝေဒနာ၌လည်း ငြီးငွေ့တော့၏၊ အဒုက္ခမသုခ ဝေဒနာ၌လည်း ငြီးငွေ့တော့၏၊ ငြီးငွေ့လတ်သော် တွယ်တာတပ်မက်ခြင်း ကင်းပြတ်တော့၏၊ တွယ်တာတပ်- မက်ခြင်း ကင်းပြတ်ခြင်းကြောင့် ကိလေသာတို့မှ လွတ်မြောက်တော့၏၊ စိတ်သည် ကိလေသာတို့မှ လွတ်မြောက် လတ်သော် ငါ၏ စိတ်သည် ကိလေသာတို့မှ လွတ်လေပြီ ကျွတ်လေပြီဟု ဆင်ခြင်တတ်သော ပစ္စဝေက္ခဏာ ဉာဏ်သည် ဖြစ်ပေါ်လာ၏။
阿耆毗舍那族的施主游行者啊……以毗婆舍那慧与道慧如此知见时,具闻圣弟子——也就是具足两种所闻之知:称为“教理所闻”的学知,以及称为“证得所闻”的修证知;换言之,是我这位圣者的弟子——便厌离乐受,也厌离苦受,也厌离不苦不乐受。厌离时,对它们的系着、贪恋便断除;由于系着、贪恋断除,而从诸烦恼解脱;心从诸烦恼解脱时,便生起省察“我的心已经从烦恼解脱”的省察智。
''ပဋိသန္ဓေ တည်နေရခြင်းသည် ကုန်ပြီ၊ မဂ္ဂဗြဟ္မစရိယ အမည်ရသော မြတ်သောအကျင့်ကို ကျင့်သုံးပြီး ပြီ၊ ပြုသင့် ပြုထိုက်သော အရိယမဂ်ကိစ္စကို ပြုပြီးပြီ၊ အရိယမဂ်ကိစ္စအလို့ငှာ တစ်ဖန် ပြုဖွယ်ကိစ္စသည် မရှိ တော့ပြီ''ဟု သိ၏။ (မ-၂-၁၆၇-၁၆၈။) ဤအထက်ပါ ဒီဃနခသုတ္တန်တွင် ဘုရားရှင်သည် အဂ္ဂိဝေဿနပရိဗိုဇ်အား အထက်ပါ ဝေဒနာကမ္မဋ္ဌာန်း ကို မဟောမီ ဓာတ်ကမ္မဋ္ဌာန်းကို ရှေးဦးစွာ ဟောကြားပေးတော်မူ၏။ (မ-၂-၁၆၇ စသည်၌ ကြည့်ပါ။) ထိုနောင်မှ ယင်းဝေဒနာကမ္မဋ္ဌာန်းကို ဆက်လက်၍ ဟောကြားပေးတော်မူလေသည်။ သို့အတွက် ယောဂါဝစရပုဂ္ဂိုလ်သည် အထက်ပါ ဝေဒနာသုံးမျိုးတို့ကို သို့မဟုတ် ဝေဒနာကမ္မဋ္ဌာန်းကို သိမ်းဆည်း ရှုပွားလိုပါက အောက်ပါ အင်္ဂါရပ် တို့နှင့် ပြည့်စုံအောင် ကြိုးပမ်းရတော့မည် ဖြစ်သည်။
他了知:“结生已尽;称为道梵行的殊胜行已经修习圆满;应作、当作的圣道之事已经完成;为了圣道之事,再也没有任何应作之事。”(《中部》2-167—168。)在上述《长爪经》中,世尊在向阿耆毗舍那游行者开示上述受业处以前,先开示了界业处(参见《中部》2-167等);之后才继续开示这项受业处。因此,瑜伽行者若要摄取、观修上述三种受,或者说修习受业处,就必须努力具足下列条件。
၁။ ရှေးဦးစွာ ရုပ်တရားတို့ကို သိမ်းဆည်းပြီး ဉာဏ်ဖြင့် ပိုင်းခြားယူပြီး ဖြစ်ရမည်။ ပရမတ်သို့ ဉာဏ်အမြင် ဆိုက်ပြီးသူ ဖြစ်ရမည်။
1.首先,必须已经摄取诸色法,并以智分别;其智见必须已经到达究竟法。
၂။ (က) သုခဝေဒနာဖြစ်ခိုက် ဒုက္ခဝေဒနာ ဥပေက္ခာဝေဒနာတို့ မဖြစ်ပုံ၊
2.(甲)必须了知:乐受生起时,苦受与舍受不生起;
原书第 477 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- သတိပဋ္ဌာန် (၄)ပါး အခန်း ( ခ ) ဒုက္ခဝေဒနာဖြစ်ခိုက် သုခဝေဒနာ ဥပေက္ခာဝေဒနာတို့ မဖြစ်ပုံ၊ ( ဂ ) ဥပေက္ခာဝေဒနာဖြစ်ခိုက် သုခဝေဒနာ ဒုက္ခဝေဒနာတို့ မဖြစ်ပုံတို့ကို ဟုတ်တိုင်းမှန်စွာ သိရမည်။
(乙)苦受生起时,乐受与舍受不生起;(丙)舍受生起时,乐受与苦受不生起。必须如实了知这些情形。
၃။ ယင်းဝေဒနာတို့သည် ဆိုင်ရာ ဆိုင်ရာ အကြောင်းတရားတို့က ပေါင်းစု၍ ပြုပြင်ပေးပါမှ အနိုင်နိုင် ဖြစ်- ပေါ်လာကြရသော သင်္ခတတရားတို့သာ ဖြစ်ကြသဖြင့် အကြောင်းတရားတို့ကို စွဲမှီ၍သာ ဖြစ်ပေါ်လာကြ ရသော ပဋိစ္စသမုပ္ပန္နတရားတို့သာ ဖြစ်ကြသဖြင့် --- (က) ဆိုင်ရာဆိုင်ရာ ယှဥ်ဖက်စိတ်စေသိက် သမ္ပယုတ်တရားစုတို့က သဟဇာတ အညမည နိဿယအတ္ထိ အဝိဂတ စသော ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြုပေးပါမှ ဖြစ်ပေါ်လာရပုံကိုလည်း ဟုတ်တိုင်းမှန်စွာ
3.这些受只是各自的诸因法聚合、造作以后才得以生起的有为法,也只是依靠诸因法而生起的缘所生法。因此:(甲)对于各自与受俱生、相应的心与心所法聚,以俱生缘、相互缘、依止缘、有缘、不离去缘等缘力给予资助而使受生起的情形,必须如实
သိမ်းဆည်းရှုပွားရမည်။ (ဝေဒနာတစ်ခုတည်းကိုသာ ရှုရမည် ရှုရသည် မဟုတ် ယှဥ်ဖက် သမ္ပယုတ်
摄取、观修。(意思是:并不是只须、或只能观一个受;与它俱生、相应的
တရားတို့ကိုပါ ရှုရမည်ဟု ဆိုလိုသည်။)
诸法也必须一并观照。)
( ခ ) အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ --- စသော ဆိုင်ရာဆိုင်ရာ အကြောင်းတရားတို့ကြောင့် ဝေဒနာနှင့်
(乙)还必须如实了知:由于无明、爱、取、行、业等各自的因法,受以及
တကွသော နာမ်တရား ရုပ်တရားတို့၏ ထင်ရှားဖြစ်ပေါ်လာပုံကိုလည်းကောင်း၊ ယင်း အဝိဇ္ဇာ တဏှာ
与受同在的名法、色法如何明显生起;以及上述无明、爱、
ဥပါဒါန် သင်္ခါရ ကံ စသော အကြောင်းတရားတို့၏ အရဟတ္တမဂ်အခိုက်၌ နောင်တစ်ဖန် မဖြစ်သော
取、行、业等诸因法,在阿罗汉道刹那以不再生起之灭
ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းသွားခြင်းကြောင့် အကျိုး နာမ်ရုပ်တို့၏ နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းသွားခြင်း အနုပ္ပါဒနိရောဓသဘောကိုလည်းကောင်း ဟုတ်တိုင်းမှန်စွာ သိရမည်။
而止息、不复生起,因此果名色也以不再生起之灭而止息、不复生起;必须如实了知这种“不再生起之灭”的性质。
၄။ ယင်းအကြောင်းတရားနှင့် တကွသော ဝေဒနာနှင့်တကွသော နာမ်ရုပ်တို့၏ အနိစ္စအခြင်းအရာ ဒုက္ခအ- ခြင်းအရာ အနတ္တအခြင်းအရာကိုလည်း မဂ်ဆိုက် ဖိုလ်ဆိုက်သည်တိုင်အောင် ဟုတ်တိုင်းမှန်စွာ သိရမည်။
4.对于连同上述诸因、连同受的名色,也必须如实了知其无常相、苦相、无我相,直至到达道、到达果。
ဤသို့ သိရှိပါမှ သိမ်းဆည်းနိုင်ပါမှ ရှုပွားနိုင်ပါမှသာလျှင် ဝေဒနာကို ဟုတ်တိုင်းမှန်စွာ သိသည် မည်- ကြောင်းကို ဤဝေဒနာပရိဂ္ဂဟသုတ္တန်ဟု အမည်တွင်သော ဒီဃနခသုတ္တန်က ညွှန်ပြနေပေသည်။ ဤကား အထက်ပါ အဋ္ဌကထာ စကားရပ်တို့၏ ဆိုလိုရင်းသဘောတည်း။
只有能够这样了知、摄取、观修,才可称为如实知受。这部也称为《受摄取经》的《长爪经》,所指示的正是这一点。这就是上述义注文句的旨意。