四种正知(下)
《趣向涅槃之道》中文全译本 · 非缩略版
威仪章与正知章 · 原书第 382–386 页 · 38 个翻译单元
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书第 382 页
မဖြစ်ပေလတ္တံ့၊ ချစ်သား ဗာဟိယ …ထိုအခါ၌ သင်ချစ်သားသည် ထို ဒိဋ္ဌ-သုတ-မုတ-ဝိညာတ တရားတို့၌ ရာဂ ဒေါသ မောဟတို့နှင့် ဆက်စပ်လျက် တည်နေခြင်းမည်သည် မဖြစ်ပေလတ္တံ့။ ချစ်သား ဗာဟိယ … အကြင်အခါ၌ သင်ချစ်သားသည် ထိုဒိဋ္ဌ-သုတ-မုတ-ဝိညာတ တရားတို့၌ ရာဂ ဒေါသ မောဟတို့နှင့် ဆက်စပ် လျက် တည်နေခြင်း မည်သည် မဖြစ်ပေလတ္တံ့။ 〔ဧတ္တာဝတာ ပဟာနပရိညံ မတ္ထကံ ပါပေတွာ ခီဏာသဝဘူမိ ဒဿိတာ = ဤမျှသော စကားအစဥ်ဖြင့် ပဟာနပရိညာကို အထွတ်အထိပ်သို့ ရောက်စေလျက် ကိလေသာ အာသဝေါ ကုန်ခန်းတော်မူသည့် ရဟန္တာအရှင်မြတ်တို့၏ ဘုံကို ပြတော်မူ၏။ (ဥဒါန-ဋ္ဌ-၈၂။)〕 ချစ်သား ဗာဟိယ …ထိုအခါ၌ သင်ချစ်သားသည် ---- ၁။ ဤပစ္စုပ္ပန်လောက၌လည်း မဖြစ်တော့ပေလတ္တံ့။
“巴希亚,那时,你便不会以贪、嗔、痴与这些所见、所闻、所觉、所识之法相联结而住。巴希亚,当你不再以贪、嗔、痴与这‘说到这里,已经使断遍知达到顶点,并显示了漏尽者的境位。’(《自说义注》82。)〕巴希亚,那时,你便:1.不再存在于此现世。”
၂။ တမလွန်လောက၌လည်း မဖြစ်တော့ပေလတ္တံ့။
“2.也不再存在于来世。”
၃။ ပစ္စုပ္ပန် တမလွန် နှစ်ပါးစုံသော လောက၌လည်း မဖြစ်တော့ပေလတ္တံ့။
“3.在现世与来世二者中也不复存在。”
ဤ ပစ္စုပ္ပန် တမလွန် နှစ်ပါးစုံသော လောက၌ မဖြစ်ခြင်းသည်ပင်လျှင် ကိလေသဒုက္ခ၏လည်းကောင်း၊ သံသရာဝဋ်ဆင်းရဲဒုက္ခ၏လည်းကောင်း အဆုံးပင် မည်ပေ၏။ ---- ဤသို့ ဘုရားရှင်သည် ဟောကြားတော်မူ၏။
“在现世与来世二者中皆不复存在,这正是烦恼苦与轮回大苦的终尽。”世尊如此教示。
(ခု-၁-၈၅-၈၆။)
(《小部》1-85—86。)
ပဒုမုတ္တရ ဘုရားရှင်၏ လက်ထက်တော်မှစ၍ ခိပ္ပါဘိည ဧတဒဂ်ဘွဲ့ထူးအတွက် ကမ္ဘာတစ်သိန်းနှင့် ချီ၍ ပါရမီဖြည့်ကျင့်ခဲ့သော၊ အထူးသဖြင့် ကဿပဘုရားရှင်၏ သာသနာတော်တွင်း၌ အနှစ် နှစ်သောင်းတိုင်တိုင် ရဟန်းတရားများကို ပွားများအားထုတ်တော်မူခဲ့သော၊ နောက်ဆုံး တောင်ထိပ်တက်၍ အသက်စွန့်ကာ ဝိပ- ဿနာတရားကို ပွားများအားထုတ်တော်မူခဲ့သော အရှင်ဗာဟိယဒါရုစိရိယ မထေရ်မြတ်၏ ရင့်ညောင်းတော် မူပြီးသော ပါရမီတော်တို့နှင့် မိမိ၏ နုနယ်သေးကွေးလှသေးသော ပါရမီကို သွား၍ ပခုံးချင်း မယှဥ်မိအောင် လည်း အထူးသတိပြုလေရာသည်။ ဤအရာမျိုး၌ ပါရမီကား အလွန်စကားပြောတတ်၏။ အရှင်ဗာဟိယဒါရု- စိရိယ မထေရ်မြတ်ကြီးကား ပဋိသမ္ဘိဒါဉာဏ်သို့ ရောက်ရှိတော်မူသော ခိပ္ပါဘိည ရဟန္တာမထေရ်မြတ်ကြီး ဖြစ် တော်မူ၏။ ပဋိသမ္ဘိဒါဉာဏ်သို့ ရောက်တော်မူသော သူတော်ကောင်းတို့ကား ရှေးရှေးဘုရားရှင်တို့၏ သာသနာ
巴希亚·达鲁奇利亚长老自莲华上佛时代开始,为了获得“速通达者第一”的称号,历经十万大劫圆满波罗蜜;尤其在迦叶佛的教法中,他曾用功修习比丘之法整整二万年;最后还登上山顶,以不惜身命之决意修习毗婆舍那。我们尤其应当谨慎,不要拿自己尚且幼嫩、微小的波罗蜜,去与长老已经成熟的波罗蜜并肩相比。在这类事情上,波罗蜜具有决定性的分量。巴希亚·达鲁奇利亚长老是已达无碍解智的速通达阿罗汉长老。凡已达无碍解智的善人,都曾在过去诸佛的教法中
တော်တွင်း၌ ဂတပစ္စာဂတိကဝတ်ကို ဖြည့်ကျင့်လျက် သင်္ခါရုပေက္ခာဉာဏ်သို့တိုင်အောင် ဝိပဿနာကို အား- ထုတ်ခဲ့ဖူးကြ၏။ (ဝိသုဒ္ဓိ-၂-၇၂။) ပုဗ္ဗယောဂေါ နာမ ပုဗ္ဗဗုဒ္ဓါနံ သာသနေ ဂတပစ္စာဂတိကဘာဝေန ယာဝ အနုလောမံ ဂေါတြဘုသမီပံ၊ တာဝ ဝိပဿနာနုယောဂေါ။ (ဝိသုဒ္ဓိ-၂-၇၂။) ယခုအခါတွင် ---- အဘိက္ကန္တေ ပဋိက္ကန္တေ ---- ဟူသော ပါဠိတော်ဝယ် ကြွင်းကျန်နေသေးသော အသမ္မောဟ သမ္ပဇဥ်ပိုင်းကို ဆက်လက်၍ ရေးသားတင်ပြအပ်ပါသည်။
修习往返业处行持,并曾用功修习毗婆舍那直至行舍智。(《清净道论》“所谓宿修〔过去的修习〕,是指在过去诸佛的教法中,以往返业处行持而修习毗婆舍那,直至随顺智、接近种姓智。”(《清净道论》2-72。)现在,将继续撰述“前进、退返时……”这段巴利文中尚未说明的不痴正知部分。
အသမ္မောဟသမ္ပဇဥ်
不痴正知
အဘိက္ကမာဒီသု ပန အသမ္မုယှနံ အသမ္မောဟသမ္ပဇညံ၊ တံ ဧဝံ ဝေဒိတဗ္ဗံ ---- ဣဓ ဘိက္ခု အဘိက္ကမန္တော ဝါ ပဋိက္ကမန္တော ဝါ ယထာ အန္ဓဗာလပုထုဇ္ဇနာ အဘိက္ကမာဒီသု ''အတ္တာ အဘိက္ကမတိ၊ အတ္တနာ အဘိက္ကမော နိဗ္ဗတ္တိတော'' တိ ဝါ ''အဟံ အဘိက္ကမာမိ၊ မယာ အဘိက္ကမော နိဗ္ဗတ္တိတော''တိ ဝါ သမ္မုယှန္တိ။ တထာ အသမ္မု- ယှန္တော ''အဘိက္ကမာမီ''တိ စိတ္တေ ဥပ္ပဇ္ဇမာနေ တေနေဝ စိတ္တေန သဒ္ဓိံ စိတ္တသမုဋ္ဌာနာဝါယောဓာတု ဝိညတ္တိံ ဇနယမာနာ ဥပ္ပဇ္ဇတိ။ ဣတိ စိတ္တကိရိယာဝါယောဓာတုဝိပ္ဖါရဝသေန အယံ ကာယသမ္မတော အဋ္ဌိသင်္ဃာတော
“在前进等时不迷惑,便是不痴正知。应当如此了知:在这里,比丘前进或退返时,不像盲昧愚痴的凡夫那样,在前进等事上迷执为:‘自我向前走,前进由自我所造作’,或‘我向前走,前进由我所造作’。他不如此迷惑;当‘我要前进’之心生起时,与该心同时,心所生的风界也随之生起,并产生身表。因此,凭借由心的活动所引发的风界扩展,这个约定称为‘身’的骨骼聚——”
原书第 383 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- ဣရိယာပထ အခန်းနှင့် သမ္ပဇဥ် အခန်း အဘိက္ကမတိ၊ တဿေဝံ အဘိက္ကမတော ဧကေကပါဒုဒ္ဓရဏေ ပထဝီဓာတု အာပေါဓာတူတိ ဒွေ ဓာတုယော သြမတ္တာ ဟောန္တိ မန္ဒာ၊ ဣတရာ ဒွေ အဓိမတ္တာ ဟောန္တိ ဗလဝတိယော။ တထာ အတိဟရဏဝီတိဟရဏေသု။
“——便向前移动。它如此向前移动时,每一次抬脚,地界、水界这两界较弱、无力,另外两界〔火界、风界〕则较强、有力;前送〔atiharaṇa〕与横移〔vītiharaṇa〕时亦然。”
ဝေါဿဇ္ဇနေ တေဇောဓာတု ဝါယောဓာတူတိ ဒွေ ဓာတုယော သြမတ္တာ ဟောန္တိ မန္ဒာ၊ ဣတရာ ဒွေ အဓိမတ္တာ ဟောန္တိ ဗလဝတိယော။ တထာ သန္နိက္ခေပနသန္နိရုဇ္ဈနေသု တတ္ထ ဥဒ္ဓရဏေ ပဝတ္တာ ရူပါရူပဓမ္မာ အတိဟရဏံ န ပါပုဏန္တိ၊ တထာ အတိဟရဏေ ပဝတ္တာ ဝီတိဟရဏံ၊ ဝီတိဟရဏေ ပဝတ္တာ ဝေါဿဇ္ဇနံ၊ ဝေါဿဇ္ဇနေ ပဝတ္တာ သန္နိက္ခေပနံ၊ သန္နိက္ခေပနေ ပဝတ္တာ သန္နိရုဇ္ဈနံ န ပါပုဏန္တိ။ တတ္ထ တတ္ထေဝ ပဗ္ဗံ ပဗ္ဗံ သန္ဓိ သန္ဓိ သြဓိ သြဓိ ဟုတွာ တတ္တကပါလေ ပက္ခိတ္တတိလံ ဝိယ ပဋပဋာယန္တာ ဘိဇ္ဇန္တိ။ တတ္ထ ကော ဧကော အဘိက္ကမတိ၊ ကဿ ဝါ ဧကဿ အဘိက္ကမနံ။ ပရမတ္ထတော ဟိ ဓာတူနံယေဝ ဂမနံ၊ ဓာတူနံ ဌာနံ၊ ဓာတူနံ နိသဇ္ဇနံ၊ဓာတူနံ သယနံ။ တသ္မိံ တသ္မိဥှိ ကောဋ္ဌာသေ သဒ္ဓိံ ရူပေဟိ ---- အညံ ဥပ္ပဇ္ဇတေ စိတ္တံ၊ အညံ စိတ္တံ နိရုဇ္ဈတိ။
“在放〔vossajjana〕时,火界、风界这两界较弱、无力,另外两界〔地界、水界〕则较强、有力;置〔sannikkhepana〕与压〔sannirujjhana〕时亦然。抬〔uddharaṇa〕时生起的色法与非色法〔名法〕,不能延续到前送;前送时生起者不能延续到横移;横移时生起者不能延续到放;放时生起者不能延续到置;置时生起者不能延续到压。它们就在各自所在之处,一节一节、一接合处一接合处、一段一段地,如投入烧红锅中的芝麻,噼啪爆裂而坏灭。于此,究竟是哪一个〔人〕在前进?又是哪一个〔人〕的前进行动?依胜义而言,唯有诸界在行,唯有诸界在住,唯有诸界在坐,唯有诸界在卧;在每一个动作阶段中,与诸色法俱——一个心生起,另一个心灭去;”
အဝီစိမနုသမ္ဗန္ဓော၊ နဒီသောတောဝ ဝတ္တတီတိ။
“——前后无间地相续,犹如河流流转。”
ဧဝံ အဘိက္ကမာဒီသု အသမ္မုယှနံ အသမ္မောဟသမ္ပဇညံ နာမာတိ။
“如此,在前进等时不迷惑,便名为不痴正知。”
နိဋ္ဌိတော အဘိက္ကန္တေ ပဋိက္ကန္တေ သမ္ပဇာနကာရီ ဟောတီတိပဒဿ အတ္ထော။
“至此,‘前进、退返时正知而行’这一句的义释完毕。”
(အဘိ-ဋ္ဌ-၂-၃၃၉။ မ-ဋ္ဌ-၁-၂၆၅။)
(《殊胜义注》2-339;《中部义注》1-265。)
ရှေ့သို့တက်ခြင်း နောက်သို့ဆုတ်ခြင်းတို့၌ ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် မတွေမဝေ သိခြင်းသည် အသမ္မောဟသမ္ပဇဥ် မည်၏။ ထို အသမ္မောဟသမ္ပဇဥ်ကို ဤသို့ သိရှိပါလေ။
在前进、退返时,以智见抵达究竟法而毫不迷乱地了知,名为不痴正知。应当如下了知这种不痴正知。
ပရမတ္ထ ဉာဏ်ပညာမျက်စိ မရှိကြကုန်သော ပရမတ္ထ ဉာဏ်ပညာမျက်စိ ကာဏ်းနေကြကုန်သော အန္ဓဗာလ ပုထုဇန်ငမိုက်သားတို့သည် ရှေ့သို့တက်ခြင်း စသည်တို့၌ ---- ''အတ္တသည် ရှေ့သို့တက်၏၊ အတ္တသည် ရှေ့သို့ တက်ခြင်းကို ဖြစ်စေအပ်၏''ဟု တဏှာဒိဋ္ဌိစွဲဖြင့်သော်လည်းကောင်း၊ ''ငါသည် ရှေ့သို့တက်၏၊ ငါသည် ရှေ့သို့ တက်ခြင်းကို ဖြစ်စေအပ်၏။'' ---- ဟု တဏှာမာနစွဲဖြင့်သော်လည်းကောင်း တွေတွေဝေဝေ သိကြကုန်၏ = အသိမှားကြကုန်၏။
那些没有照见胜义的慧眼、胜义慧眼盲昧的愚痴凡夫,在前进等事上,或以爱、见之执迷乱地认为:“自我向前走,是自我使前进发生”;或以爱、慢之执迷乱地认为:“我向前走,是我使前进发生。”这都是错误的认知。
ဤဘုရားရှင်၏ သာသနာတော်တွင်း၌ တည်ရှိနေသော၊ ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲတို့ကို ဉာဏ်ဖြင့် ဖြိုခွဲ ဖျက်ဆီးလျက် ရုပ်နာမ်တို့ကို သိမ်းဆည်းနိုင်သဖြင့် (ဃနဝိနိဗ္ဘောဂေန - သီ-ဋီ-၂၄၆။) ပရမတ်သို့ ဉာဏ်အမြင် ဆိုက်ပြီးသော ယောဂါဝစရ ရဟန်းတော်သည်ကား ထိုအန္ဓဗာလ ပုထုဇန်ငမိုက်သားတို့ကဲ့သို့ တွေတွေဝေဝေ မသိဘဲ အသိမှားမှု မရှိဘဲ ---- ''သွားအံ့''ဟူသော စိတ်သည် ဖြစ်ပေါ်လာလတ်သော် ထိုစိတ်နှင့် အတူတကွပင်လျှင် စိတ်ကြောင့် ဖြစ်ကုန်သော စိတ္တဇရုပ်ကလာပ်တို့တွင် ပါဝင်သော စိတ္တသမုဋ္ဌာန် ဝါယောဓာတ်သည် ကိုယ်အမူအရာ = ကာယဝိညတ်ရုပ်ကို ဖြစ်စေလျက် ဖြစ်ပေါ်လာ၏။ ဤသို့လျှင် စိတ်ကြောင့် ဖြစ်ကုန်သော ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ရုပ်ကလာပ်အပေါင်း၏ တစ်ကိုယ်လုံးသို့ ပျံ့နှံ့၍သွားခြင်းကြောင့် ရူပ- ကာယ = ရုပ်တရားအပေါင်းဟု ပရမတ္ထသစ္စာနယ်မှ ခေါ်ဝေါ်သမုတ်ထားအပ်သော (= စတုသမုဋ္ဌာနိက ရုပ်တရား
然而,在佛陀教法中修行的瑜伽行比丘,以智拆解、破除色密集与名密集,从而能够把握名色〔ghanavinibbhoga——“拆解密集”,《长部复注》246〕,其智见已抵达究竟法;他不像盲昧愚痴的凡夫那样迷乱,也没有错误认知。当“我要走”之心生起时,与该心同时,心生色聚中的心生风界也随之生起,并产生身体姿态,即身表色。如此,风界自性力偏胜的心生色聚遍及全身;于是,这个在胜义谛范畴中被称为“色身=一切色法”〔即四因所生色法
အပေါင်းဟု ပရမတ္ထသစ္စာနယ်မှ ခေါ်ဝေါ်သမုတ်ထားအပ်သော) ဤအရိုးစုကြီးသည် ရှေ့သို့တက်၏။ (သွားခြင်း ဣရိယာပုထ်၌ သမ္မုတိသစ္စာနယ်စကားဖြင့် ပြောဆိုရမူ အရိုးအဆစ် ခိုင်မာတောင့်တင်းပါမှ သွားခြင်းသဘော ဖြစ်နိုင်၍ ဤသို့ဆိုခြင်း ဖြစ်သည်။) ၁။ ဤသို့ ရှေ့သို့တက်နေသော ပရမတ္ထသစ္စာအားဖြင့် ထိုရုပ်တရားအပေါင်း၏ သမ္မုတိသစ္စာအားဖြင့် ထိုအရိုး အစုအပေါင်း၏ တစ်ကြိမ် တစ်ကြိမ်သော ခြေကို ကြွချီရာ = မြှောက်ချီရာ၌ ပထဝီဓာတ် အာပေါဓာတ်ဟူ သော ဓာတ်နှစ်ပါးတို့သည် ညံ့ကုန်၏၊ နုံ့ကုန် အားနည်းကုန်၏။ တေဇောဓာတ် ဝါယောဓာတ် နှစ်ပါးတို့ကား
的总体〕的骨骼聚便向前移动。〔以世俗谛语言说,在行走威仪中,只有骨骼与关节坚固稳定,才可能有行走,故作此说。〕1.如此前进时,依胜义谛说,是那一切色法在前进;依世俗谛说,是那整个骨骼聚在前进。每一次举足、抬脚之际,地界、水界这两界低劣、迟钝、无力;火界、风界这两界则
原书第 384 页
လွန်ကဲကုန်၏၊ စွမ်းအားကြီးမားကြကုန်၏။ (ဤ၌ ခြေကို ကြွချီမှု မြှောက်ချီမှုကို အတိုကောက်အားဖြင့် ကြွ- ဟု မှတ်သားထားပါ။) ၂။ ရှေးရှူဆောင်ခြင်း ---- အတိဟရဏ ---- ၃။ ခြေကို လွှဲခြင်း = ထိုမှ ဤမှ ဆောင်ယူခြင်း ---- ဝီတိဟရဏ ---- တို့၌လည်း ထို့အတူပင်တည်း။
(火界与风界)偏胜,力量强大。〔这里把抬脚、举脚简记为“抬”。〕2.前送——atiharaṇa(前送);3.横移脚,即把脚从这里移到那里——vītiharaṇa(横移);这两个阶段也同样是地、水二界弱而火、风二界强。
〔ဝါယောဓာတ်အား အစဥ်လိုက်ပါလျက်ရှိသော တေဇောဓာတ်သည် ခြေကို ကြွချီခြင်း မြှောက်ချီခြင်း၏ အကြောင်းတရား ဖြစ်သောကြောင့် တေဇောဓာတ် ဝါယောဓာတ် နှစ်ပါးတို့၏ လွန်ကဲကြောင်းကို ဖွင့်ဆိုခြင်း ဖြစ်သည်။ မှန်ပေသည် တေဇောဓာတ်သည် ခြေကို ကြွချီခြင်း အထက်သို့ ကြွချီခြင်း အထက်သို့ တက်ခြင်း သဘော ရှိ၏။ ခြေကို ကြွချီရာ၌ ဝါယောဓာတ်၏ နောက်သို့ ထိုတေဇောဓာတ်၏ အစဥ်လိုက်ပါတတ်သည့် သဘောတရားသည် ထင်ရှားရှိနေ၏၊ ထိုကြောင့် ဤခြေကို ကြွချီရာ၌ ဤ တေဇောဓာတ် ဝါယောဓာတ် နှစ်မျိုး တို့၏ စွမ်းအင်သတ္တိ သဘောအားဖြင့် လွန်ကဲမှု ရှိသည်၏အဖြစ်ကိုလည်းကောင်း၊ ပထဝီဓာတ် အာပေါဓာတ် နှစ်မျိုးတို့၏လည်း ညံ့သည်၏ အဖြစ် နုံ့သည်၏ အဖြစ်ကိုလည်းကောင်း ထင်ရှား ပြတော်မူလိုသောကြောင့် အထက်ပါ စကားရပ်များကို အဋ္ဌကထာဆရာတော်က ဖွင့်ဆိုသွားတော်မူခြင်း ဖြစ်၏။ တစ်ဖန် တေဇောဓာတ် အား အစဥ်လိုက်ပါလျက်ရှိသော ဝါယောဓာတ်သည် ရှေးရှူဆောင်ခြင်း = အတိဟရဏ၊ ခြေကိုလွှဲခြင်း ထိုမှ
〔火界随逐风界,是抬脚、举脚的因,因此这里解释火、风二界偏胜。确实,火界具有令脚抬起、向上举升的性质;抬脚时,火界随逐风界的性质清楚显现。义注论师作上述解释,正是为了显明:抬脚时火、风二界的自性力偏胜,而地、水二界低劣、微弱。另一方面,随逐火界的风界,是前送——atiharaṇa,以及横移脚、把脚从这里
ဤမှ ဆောင်ယူခြင်း = ဝီတိဟရဏ တို့၏ အကြောင်းတရား ဖြစ်၏။ မှန်ပေသည် ဖီလာကန့်လန့် သွားတတ် သော ဝါယောဓာတ်၏ အတိဟရဏ ဝီတိဟရဏတို့၌ အလွန်အကဲနှင့် တကွသော ကြောင့်ကြဗျာပါရကား ရှိ နေ၏။ ဤသို့လျှင် တေဇောဓာတ်၏ ဝါယောဓာတ်အား အစဥ်လိုက်သည်၏ အဖြစ်သည် ထင်ရှား ရှိနေ၏။
移到那里——vītiharaṇa的因。确实,在前送与横移时,具有横向运动性质的风界,其作用与活动尤为强盛;由此也清楚显出火界随逐风界的情形。
ထိုကြောင့် ဤဓာတ်နှစ်ပါးတို့၏ ရှေးရှူဆောင်ခြင်း = အတိဟရဏ၊ ခြေကိုလွှဲခြင်း = ထိုမှ ဤမှ ဆောင်ယူခြင်း ဝီတိဟရဏ ဤနှစ်မျိုးတို့၏ စွမ်းအင်သဘောအားဖြင့် လွန်ကဲမှု ရှိသည်၏အဖြစ်ကိုလည်းကောင်း၊ ပထဝီဓာတ် အာပေါဓာတ် နှစ်ပါးတို့၏ နုံ့သည် ညံ့သည်၏ အဖြစ်ကိုလည်းကောင်း အဋ္ဌကထာဆရာတော် ဖွင့်ဆိုတော် မူခြင်း ဖြစ်ပေသည်။ ရပ်သည့် နေရာ = ရပ်ထားသည့် ခြေကို ကျော်၍ ရှေ့သို့ ဆောင်ခြင်းသည် အတိဟရဏ၊ ခလုတ် သစ်ငုတ် စသည်ကို ရှောင်လွှဲဖို့ရန် ရပ်တည်နေသော ခြေနှင့် ထိခိုက်မှုကို ရှောင်လွှဲဖို့ရန် ဘေးနံပါးဖြင့် ဘေးဘက်ဖြင့် ခြေကိုဆောင်ယူခြင်းသည် ဝီတိဟရဏ၊ တစ်နည်း -- ရပ်တည်နေသော ခြေထောက်သို့တိုင်အောင် ခြေကို ရှေးရှူဆောင်ယူခြင်းသည် အတိဟရဏ၊ ထိုရပ်တည်နေသော ခြေထောက်မှ တစ်ဖက်သို့ (ရှေ့သို့) ဆောင်ယူခြင်းသည် ဝီတိဟရဏ။ သီ-ဋီ-၂၄၇။ ---- ဤသတ်မှတ်ချက်အရ အတိဟရဏကို ---- ဆောင်- ဟု
所以义注论师解释:在前送(atiharaṇa)与横移(vītiharaṇa)这两个阶段,火、风二界的自性力偏胜,而地、水二界低劣、微弱。越过站立之处——即越过支撑脚前送——称为 atiharaṇa;为了避开绊脚物、树桩等,也为了不碰到支撑脚,把脚从侧面向旁边移送,称为 vītiharaṇa。另一种解释是:把脚前送至支撑脚处,称为 atiharaṇa;再从支撑脚处移向另一侧〔前方〕,称为 vītiharaṇa。(《长部复注》247。)依此界定,本文把 atiharaṇa 简记作“前送”
လည်းကောင်း၊ ဝီတိဟရဏကို လွှဲ- ဟု လည်းကောင်း၊ လွှဲ ဆောင်- ဟု လည်းကောင်း အတိုကောက်အားဖြင့် မှတ်သားထားပါ။〕〕〕 ဝေါဿဇ္ဇန = ခြေကို (လှမ်းနေသော ခြေကို) လွှတ်ခြင်း၌ တေဇောဓာတ်၊ ဝါယောဓာတ် ဤဓာတ်နှစ်ပါး တို့သည် ညံ့ကုန်၏၊ နုံ့ကုန်၏၊ အားပျော့ကုန်၏။ ပထဝီဓာတ် အာပေါဓာတ် နှစ်ပါးတို့သည် စွမ်းအင်သတ္တိ လွန် ကဲကုန်၏၊ စွမ်းအား ကြီးမားကြကုန်၏။ ခြေကိုချလိုက်ခြင်း = သန္နိက္ခေပန၊ ဖိနင်းခြင်း = သန္နိရုဇ္ဈနတို့၌လည်း နည်းတူ မှတ်ပါ။ (ခြေကို လှမ်း၍ နင်းဖို့ရန် လွှတ်လိုက်ခြင်းကို ဝေါဿဇ္ဇန၊ ခြေကို မြေသို့ သို့မဟုတ် ကြမ်းပေါ် သို့ ချလိုက်ခြင်းကို သန္နိက္ခေပန၊ မြေ၌ သို့မဟုတ် ကြမ်းပြင်ပေါ်၌ နောက်ထပ် တစ်လှမ်း လှမ်းဖို့ရန် ဖိနင်းလိုက် ခြင်းကို သန္နိရုဇ္ဈန ---- ဟု ခွဲခြားထားသည်။ ကြွ-ဆောင်-လွှဲ-လွှတ်-ချ-ဖိ ဟု အတိုကောက် မှတ်သားထားပါ၊၊) ၁။ ဥဒ္ဓရဏ = ကြွ
而把 vītiharaṇa 简记作“横移”。〕在 vossajjana——把正在迈出的脚释放、放下——阶段,火、风二界低劣、微弱、乏力;地、水二界的自性力偏胜,力量强大。置脚(sannikkhepana)与踩压(sannirujjhana)两个阶段,也应同样理解。〔为了迈步着地而把脚放下,称为 vossajjana;把脚置于地面或地板上,称为 sannikkhepana;为了再迈下一步而把脚压在地面或地板上,称为 sannirujjhana。可简记为“抬—前送—横移—放—置—压”。〕1.uddharaṇa=抬。
၂။ အတိဟရဏ = ဆောင် (ရပ်သည့် ခြေသို့ ရောက်အောင် ဆောင်) ၃။ ဝီတိဟရဏ = လွှဲ (လွှဲဆောင်ယူ)
2.atiharaṇa=前送〔送至支撑脚处〕;3.vītiharaṇa=横移〔横向移过〕。
原书第 385 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- ဣရိယာပထ အခန်းနှင့် သမ္ပဇဥ် အခန်း ၄။ ဝေါဿဇ္ဇန = လွှတ် (လွှတ်ချ) ၅။ သန္နိက္ခေပန = ချ (နင်းချ) ၆။ သန္နိရုဇ္ဈန = ဖိ (ဖိနင်း) ဤသို့လျှင် အဋ္ဌကထာက ခြေတစ်လှမ်းအတွင်း၌ အခိုက်အတန့် (၆)မျိုး ခွဲထား၏။
4.vossajjana=放〔释放、放下〕;5.sannikkhepana=置〔置脚着地〕;6.sannirujjhana=压〔踩压〕。这样,义注把一步之内分为六个阶段。
ထို (၆)မျိုးတို့တွင် ---- ဥဒ္ဓရဏ = ခြေကို ကြွချီခြင်း အခိုက်အတန့်၌ ဖြစ်ပေါ်နေကြကုန်သော ပရမတ် အစစ် ဖြစ်ကုန်သော ရုပ်တရား နာမ်တရားတို့သည် အတိဟရဏ = ရပ်ထားသည့် ခြေသို့တိုင်အောင် ရှေ့ရှု ဆောင်ခြင်း အခိုက်အတန့်သို့ မရောက်ရှိကြကုန်။ ရှေ့ရှုဆောင်ခြင်း အခိုက်အတန့်၌ ဖြစ်ပေါ်သွားကြကုန်သော ရုပ်တရား နာမ်တရားတို့သည်လည်း ဝီတိဟရဏ = လွှဲဆောင်ယူခြင်း အခိုက်အတန့်သို့ မရောက်ရှိကြကုန်။
在这六个阶段中,于 uddharaṇa——抬脚——阶段生起的真实究竟色法、名法,并不能到达 atiharaṇa——把脚前送至支撑脚处——的阶段;于前送阶段生起的色法、名法,也不能到达 vītiharaṇa——横移、移过——的阶段。
လွှဲဆောင်ယူခြင်း အခိုက်၌ ဖြစ်ပေါ်သွားကြကုန်သော ရုပ်တရား နာမ်တရားတို့သည်လည်း ဝေါဿဇ္ဇန = ခြေ ကို လွှတ်ချခြင်း အခိုက်အတန့်သို့ မရောက်ရှိကြကုန်။ ခြေကို လွှတ်ချခြင်း အခိုက်၌ ဖြစ်ပေါ်သွားကြကုန်သော ရုပ်တရား နာမ်တရားတို့သည်လည်း သန္နိက္ခေပန = ခြေကို နင်းချခြင်း အခိုက်အတန့်သို့ မရောက်ရှိကြကုန်။
于横移阶段生起的色法、名法,也不能到达 vossajjana——把脚释放、放下——的阶段;于放脚阶段生起的色法、名法,也不能到达 sannikkhepana——置脚着地——的阶段。
ခြေကို နင်းချခြင်း အခိုက်အတန့်၌ ဖြစ်ပေါ်သွားကြကုန်သော ရုပ်တရား နာမ်တရားတို့သည်လည်း သန္နိရုဇ္ဈန = ခြေကို ဖိနင်းခြင်း အခိုက်အတန့်သို့ မရောက်ရှိကြကုန်။
于置脚阶段生起的色法、名法,也不能到达 sannirujjhana——以脚踩压——的阶段。
ထိုထိုသို့သော အရပ် ထိုထိုသို့သော အခိုက်အတန့်၌သာလျှင် --- အပိုင်းအပိုင်း၊ အဆစ်အဆစ်၊ အဆက် အဆက်၊ အခြားအခြား ဖြစ်၍ အိုးကင်းပူပေါ်သို့ ထည့်လိုက်သော နှမ်းကဲ့သို့ တဖျစ်ဖျစ် တဖြောက်ဖြောက် မြည်ကုန်သည် ဖြစ်၍ ပျက်ကုန်၏။ 〔ခဏမတ္တာဝဋ္ဌာနတော။ (သီ-ဋီ-၂၄၈။) ဥပါဒ်-ဌီ-ဘင် ဟူသော တစ်ခဏ မျှသာ တည်တံ့နိုင်သောကြောင့်တည်း။〕 ထိုသို့ ရှေ့သို့ တက်ခြင်း နောက်သို့ ဆုတ်ခြင်းတို့၌ အဘယ်မည်သော တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ် သတ္တဝါသည် ရှေ့သို့ တက်ပါသနည်း။ အဘယ်မည်သော တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သတ္တဝါ၏ ရှေ့သို့ တက်ခြင်းပါနည်း။ မည့်သည့် ပုဂ္ဂိုလ်သတ္တဝါ တစ်စုံတစ်ယောက်မျှ ရှေ့သို့ မတက်၊ မည်သည့် ပုဂ္ဂိုလ်သတ္တဝါ တစ်စုံတစ်ယောက်၏မျှ ရှေ့သို့တက်ခြင်းလည်း မဟုတ်။ ရှေ့နှင့် နောက် အဆက်မပြတ် ဆက်စပ်လျက် နေရာ အသစ်အသစ်၌ ပြောင်းရွှေ့လျက် အထပ်ထပ် ဖြစ်ပေါ်နေကြသော ရုပ်နာမ်အစုအပုံတို့သာတည်း - ဟူလိုသည်။
它们只在各自的地点、各自的刹那,逐段、逐节、逐个相续而彼此各异地生起,随即像撒在热锅上的芝“因为只住一刹那。”(《长部复注》248。)也就是只能维持生—住—灭这一刹那。〕既然如此,在前进、退返时,究竟是哪一个人、哪一个有情在前进?又是哪一个人、哪一个有情的前进?没有任何人或有情在前进,也不是任何人或有情的前进。其意是:只有色名诸聚前后无间相续,在一个又一个新处反复生起。
ရူပါရူပဓမ္မာတိ ဥဒ္ဓရဏာကာရေန ပဝတ္တာ ရူပဓမ္မာ၊ တံသမုဋ္ဌာပကာ အရူပဓမ္မာ စ။
“所谓色法与非色法,是指以抬脚形态生起的色法,以及令那些色法生起的非色法。”
(သီ-ဋီ-၂၄၇။ မ-ဋီ-၁-၃၅၈။)
(《长部复注》247;《中部复注》1-358。)
= ဤ၌ ရုပ်တရား နာမ်တရားတို့ဟူသည် ခြေကို ကြွချီသော အခြင်းအရာအားဖြင့် ဖြစ်ပေါ်သွားကြကုန် သော ပဓာန = ပြဓာန်းသော ရုပ်တရား၊ အပ္ပဓာန = မပြဓာန်းသော ရုပ်တရား၊ တစ်နည်း သယ်ဆောင်တတ်သော ဝိညတ်ရုပ် ပါဝင်သော စိတ္တသမုဋ္ဌာန် ရုပ်တရားများနှင့် အသယ်ဆောင်ခံရသော စတုသမုဋ္ဌာနိက ရုပ်တရားများ၊ ထိုသယ်ဆောင်တတ်သော ရုပ်တရားတို့ကို ဖြစ်စေတတ်ကုန်သော နာမ်တရားများတည်း။ ခြေကို --- ကြွ-ဆောင်- လွှဲ-လွှတ်-ချ-ဖိ- ဟူသော ဤအခိုက်အတန့်တို့၌ ထိုထို အခိုက်အတန့် အသီးအသီး၌ ဖြစ်ပေါ်သွားကြကုန်သော အပိုင်းပိုင်း အဆစ်ဆစ် အပြတ်ပြတ် ဖြစ်ပေါ်နေကြကုန်သော ရုပ်တရား နာမ်တရားတို့ကို ဉာဏ်ဖြင့် ပိုင်းခြား ယူရမည် သိမ်းဆည်း ရှုပွားရမည်ဟု ဆိုလိုပေသည်။ သို့အတွက် အဋ္ဌကထာက အောက်ပါအတိုင်း ဆက်လက် ဖွင့်ဆိုထား၏။
这里所说的色法与名法,是指以抬脚形态生起的主导色法与非主导色法;换言之,是含有能运载之表色的心生色法、处于被运载状态的四因所生色法,以及令这些能运载的色法生起的名法。其意是:在抬—前送—横移—放—置—压六阶段中的每一阶段,都应以智分别、把握并观修当下逐段、逐节、刹那刹那生起的色法与名法。因此,义注接着解释如下。
မှန်ပေသည် ပရမတ္ထဓမ္မသဘာဝအားဖြင့်ကား --- ၁။ ရုပ်ဓာတ် နာမ်ဓာတ်တို့၏သာလျှင် သွားခြင်းတည်း၊
确实,从究竟法的自性而言:1.只是色、名诸界在行走;
原书第 386 页
၂။ ရုပ်ဓာတ် နာမ်ဓာတ်တို့၏သာလျှင် ရပ်ခြင်းတည်း၊ ၃။ ရုပ်ဓာတ် နာမ်ဓာတ်တို့၏သာလျှင် ထိုင်ခြင်းတည်း၊ ၄။ ရုပ်ဓာတ် နာမ်တို့၏သာလျှင် အိပ်ခြင်းတည်း။
2.只是色、名诸界在站立;3.只是色、名诸界在坐;4.只是色、名诸界在卧。
ထိုထို သွားခြင်း ရပ်ခြင်း ထိုင်ခြင်း အိပ်ခြင်းဟူသော ကောဋ္ဌာသ၌ ရုပ်တရားနှင့် အတူတကွ --- ၁။ အခြားတစ်ပါးသော စိတ်သည် ချုပ်ပျက်၍ သွား၏၊ ၂။ အခြားတစ်ပါးသော စိတ်သည် အသစ်တစ်ဖန် ဖြစ်ပေါ်လာပြန်၏၊ ဤသို့လျှင် အကြားအလပ်မရှိ အပိုင်းအခြား မရှိသည်ဖြစ်၍ ရှေ့နှင့် နောက် အစဥ်မပြတ် ဆက်စပ်လျက် မြစ်ရေအယဥ် တသွင်သွင် စီးဆင်းနေသကဲ့သို့ ဖြစ်နေပေ၏။ --- ဤသို့ ဉာဏ်ဖြင့်မြင်အောင် နှလုံးသွင်းပါ သိမ်း ဆည်းပါ ပိုင်းခြားယူပါ။ ဤသို့ ရှေ့သို့တက်ခြင်း နောက်သို့ ဆုတ်ခြင်းတို့၌ ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ရုပ်တရား နာမ်တရားတို့ကို သိခြင်းကို အသမ္မုယှန = မတွေမဝေ သိခြင်း = အမှန်အတိုင်း သိခြင်းဟု ခေါ်ဆို၏။
在行、住、坐、卧的每一种分位中,与色法一同:1.一个心坏灭;2.另一个心重新生起。如此无有间隙、无有断隔,前后相续不断,就像河流滔滔流淌。应当这样作意、把握、分别,令智慧如实看见。在前进、退返时,如此了知色法、名法,直至智见抵达究竟法,称为 asammuyhana——不迷乱地知,也就是如实知。
ယင်းသို့ ရုပ်နာမ်တို့ကို ပရမတ်သို့ ဆိုက်အောင် မတွေမဝေ သိခြင်းသည် အသမ္မောဟသမ္ပဇဥ် မည်ပေသည်ဟု မှတ်သားပါလေ။
应当记住:像这样不迷乱地了知色名,直至究竟法,便称为不痴正知。
ဤတွင် အဘိက္ကန္တေ ပဋိက္ကန္တေ သမ္ပဇာနကာရီ ဟောတိ = ရှေ့သို့တက်ရာ၌ နောက်သို့ဆုတ်ရာ၌ သမ္ပဇဥ် ဉာဏ်ဖြင့် ပြုလေ့ရှိ၏။ --- ဟူသော ပါဠိတော်၏ ဆိုလိုရင်း အနက်သဘောကို ဖွင့်ဆိုခြင်းသည် ပြီးဆုံးခြင်းသို့ ရောက်ရှိပေပြီ။ (အဘိ-ဋ္ဌ-၂-၃၃၉။ မ-ဋ္ဌ-၁-၂၆၅။) ရှုပုံမှာ ဤနာမ်ကမ္မဋ္ဌာန်းပိုင်း စာမျက်နှာ (၃၄၇) စသည်၌ ဖော်ပြခဲ့သော ဣရိယာပထရှုကွက် အတိုင်းသာ သိမ်းဆည်းရှုပွားပါ။
至此,对巴利经文(缅文转写)“အဘိက္ကန္တေ ပဋိက္ကန္တေ သမ္ပဇာနကာရီ ဟောတိ”——“前进、退返时,以正知智而行”——的义理解释完毕。(《殊胜义注》2-339;《中部义注》1-265。)具体观法,只须依本名业处部分第347页以下所示的威仪观法加以把握、观修。