屈曲、伸展时正知而行
《趣向涅槃之道》中文全译本 · 非缩略版
威仪章与正知章 · 原书第 402–410 页 · 88 个翻译单元
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书第 402 页
သမိဉ္ဇိတေ ပသာရိတေ သမ္ပဇာနကာရီ ဟောတိ၊ = ကွေးရာ ဆန့်ရာ၌ သမ္ပဇဥ်ဉာဏ်ဖြင့် ပြုလေ့ရှိ၏။
屈曲、伸展时正知而行
လက်ဆစ် ခြေဆစ်ဟူသော အရိုးအဆစ်တို့ကို ကွေးမှု ဆန့်မှုကို သမိဉ္ဇိတ ပသာရိတဟု ဆိုသည်။
手足骨节的屈曲与伸展,分别称为 samiñjita 与 pasārita。
၁။ သာတ္ထကသမ္ပဇဥ်
1.有益正知
သမိဉ္ဇိတေ ပသာရိတေတိ ပဗ္ဗာနံ သမိဉ္ဇနပသာရဏေ။ တတ္ထ စိတ္တဝသေနေဝ သမိဉ္ဇနပသာရဏံ အကတွာ ဟတ္ထပါဒါနံ သမိဉ္ဇနပသာရဏပစ္စယာ အတ္ထာနတ္ထံ ပရိဂ္ဂဟေတွာ အတ္ထပရိဂ္ဂဏှနံ သာတ္ထကသမ္ပဇညံ။ တတ္ထ ဟတ္ထပါဒေ အတိစိရံ သမိဉ္ဇိတွာ ဝါ ပသာရေတွာ ဧဝ ဝါ ဌိတဿ ခဏေ ခဏေ ဝေဒနာ ဥပ္ပဇ္ဇန္တိ၊ စိတ္တံ ဧကဂ္ဂတံ န လဘတိ၊ ကမ္မဋ္ဌာနံ ပရိပတတိ၊ ဝိသေသံ နာဓိဂစ္ဆတိ။ ကာလေ သမိဉ္ဇန္တဿ ကာလေ ပသာရေန္တဿ ပန တာ ဝေဒနာ နုပ္ပဇ္ဇန္တိ၊ စိတ္တံ ဧကဂ္ဂံ ဟောတိ၊ ကမ္မဋ္ဌာနံ ဖာတိံ ဂစ္ဆတိ၊ ဝိသေသမဓိဂစ္ဆတီတိ ဧဝံ အတ္ထာနတ္ထပရိဂ္ဂဏှနံ ဝေဒိတဗ္ဗံ။ (အဘိ-ဋ္ဌ-၂-၃၄၂။ မ-ဋ္ဌ-၁-၂၆၈။) ထိုလက်ခြေတို့ကို ကွေးရာ ဆန့်ရာ၌ စိတ်၏အလိုအတိုင်းသာလျှင် ကွေးခြင်း ဆန့်ခြင်းကို မပြုမူ၍ လက် ခြေတို့ကို ကွေးခြင်း ဆန့်ခြင်းတည်းဟူသော အကြောင်းကြောင့် အကျိုးရှိသည် မရှိသည်ကို ဉာဏ်ဖြင့် ပိုင်းခြား ယူ၍ အကျိုးရှိသည်ကိုသာ သိမ်းဆည်းခြင်းသည် (= အကျိုးရှိသည်ဟု ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်ပါမှ ကွေးခြင်း
“所谓‘屈曲、伸展’,是指关节的屈曲与伸展。在这里,不应只随心意而屈伸;应先把握手足屈伸所带来的利益与无益,只摄取有益者,这便是有益正知。手足若屈曲太久,或一直伸展着,受会刹那刹那生起;心不能得一境性,业处退失,不能获得殊胜成就。若在该屈曲时屈曲、该伸展时伸展,则那些受不会生起;心得一境性,业处增长,并能获得殊胜成就。应当如此了知对利益与无益的抉择。”(《殊胜义注》2-342;《中部义注》1-268。)也就是说,屈伸手足时,不应只随心意而屈伸;应以智慧分辨手足屈伸是否有益,只摄取有益者。换言之,必须先能以智抉择“这是有益的”,屈曲、
ဆန့်ခြင်းသည်) သာတ္ထကသမ္ပဇဥ် မည်၏။
伸展才名为有益正知。
ထိုသို့ ကွေးရာ ဆန့်ရာ၌ လက်ခြေတို့ကို အလွန်ကြာမြင့်စွာ ကွေး၍သော်လည်းကေင်း၊ ဆန့်တန်း၍သာ လျှင်သော်လည်းကောင်း တည်နေသော ယောဂါဝစရပုဂ္ဂိုလ်အား ခဏတိုင်း ခဏတိုင်း၌ ဒုက္ခဝေဒနာတို့သည် ဖြစ်ပေါ်လာတတ်ကြကုန်၏၊ စိတ်သည် တည်ကြည်ခြင်း = သမာဓိကို မရနိုင်၊ ကမ္မဋ္ဌာန်းသည် လျှောကျသွား၏၊ ဆုတ်ယုတ်သွား၏၊ တရားထူး တရားမြတ်ကို မရရှိနိုင်။ ကွေးသင့်သော အချိန်ကာလ၌ ကွေးသောသူအား ဆန့်- သင့်သော အချိန်အခါကာလ၌ ဆန့်သောသူအားကား ထိုဒုက္ခဒေဝနာတို့သည် မဖြစ်ပေါ်လာကြကုန်။ စိတ်သည် တည်ကြည်မှု သမာဓိကို ရရှိလာ၏ = စိတ်သည် တည်ကြည်လာ၏။ ကမ္မဋ္ဌာန်းသည် ကြီးပွားခြင်းသို့ ရောက်ရှိ သွား၏။ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ဟူသည့် တရားထူး တရားမြတ်ကြီးကို ရရှိနိုင်၏။ ဤသို့လျှင် အကျိုးရှိမှု မရှိမှုကို ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်ခြင်းကို သိရှိပါလေ။ (အဘိ-ဋ္ဌ-၂-၃၄၂။ မ-ဋ္ဌ-၁-၂၆၈။)
像这样屈伸时,瑜伽行者若让手足长时间保持屈曲,或一直伸展着,苦受便会刹那刹那生起;心不能获得稳定,也就是不能得定;业处退失、衰减,不能获得殊胜妙法。若在适合屈曲的时候屈曲,在适合伸展的时候伸展,那些苦受便不会生起;心得稳定、获得定,业处得到增长,并能获得道智、果智与涅槃这些殊胜妙法。应当如此了知如何以智抉择有益与无益。(《殊胜义注》2-342;《中部义注》1-268。)
အဘိညေယျတရား
应证知法
သဗ္ဗံ ဘိက္ခဝေ အဘိညေယျံ။ (သံ-၂-၂၅၈။ ခု-၉-၆။) ဤသို့ ဟောကြားထားတော်မူအပ်သော ပရိညာပညာ သုံးမျိုးဖြင့် ပိုင်းပိုင်းခြားခြား သိရမည့် အဘိညေယျ တရားစုတို့ကား ခန္ဓာ-အာယတန-ဓာတ်-သစ္စာ-ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ ဖြစ်ကြ၏။ ယင်း အဘိညေယျ တရားစုတို့တွင် ဝေဒနာက္ခန္ဓာလည်း ပါဝင်လျက်ရှိ၏။ သို့အတွက် ဝေဒနာသည်လည်း ပရိညာပညာ သုံးမျိုး တို့ဖြင့် ပိုင်းပိုင်းခြားခြား သိအောင် သိမ်းဆည်းရမည့် ဝိပဿနာ ရှုပွားသုံးသပ်ရမည့် တရားသာ ဖြစ်၏။ ယင်း ဝေဒနာကို ကုန်အောင် တိုက်ထုတ်ရမည့် တရားမျိုးကား မဟုတ်ပေ။
“诸比丘,一切皆应证知。”(《相应部》2-258;《小部》9-6。)这里所说应以三种遍知慧分别了知的应证知之法,就是蕴、处、界、谛与缘起诸法。受蕴也包括在这些应证知之法中。因此,受也只是应以三种遍知慧加以分别摄取、修习毗婆舍那而观照的法;它并不是应当攻击、消灭殆尽的法。
原书第 403 页
အချို့သော ယောဂါဝစရပုဂ္ဂိုလ်တို့၏ ပြောဆိုချက်
一些瑜伽行者的说法
အချို့သော ယောဂါဝစရပုဂ္ဂိုလ်သူမြတ်တို့ကား တရားထိုင်လိုက်သဖြင့် အချိန်အနည်းငယ် ကြာညောင်း၍ ခန္ဓာကိုယ်ဝယ် နာကျင်ကိုက်ခဲမှုများ ဖြစ်ပေါ်လာသောအခါ ယင်းနာကျင်ကိုက်ခဲမှု စသည်ကို လိုက်ရှုကြ၏။
有些瑜伽行者禅坐一段时间,身体生起疼痛、酸楚等感受时,便随观这些疼痛、酸楚等现象。
ထိုသို့ ရှုလိုက်သဖြင့် နာကျင်ကိုက်ခဲမှု စသည်တို့ ပျောက်ပျက်သွားသောအခါ ''ဝေဒနာကို ကျော်သွားပြီ၊ ဝေဒနာ ကုန်သွားပြီ၊ ဝေဒနာ မရှိတော့ပြီ''ဟု ပြောတတ်ကြ၏။
由于这样观修,疼痛、酸楚等消失时,他们常说:“已经越过受了;受已经尽了;受已经不存在了。”
ထိုသို့ ပြောဆိုလာသူတို့အား ''အသိစိတ်ကော ရှိပါသေးသလား''ဟု မေးမြန်းကြည့်သောအခါ ''အသိစိတ် ကား ရှိနေသည် မချုပ်သေးပါ''ဟု အဖြေပေးကြ၏။
若问这些人:“能知之心还存在吗?”他们便回答:“能知之心仍然存在,还没有灭。”
ယင်းသို့ ဝေဒနာကို နိုင်အောင်တိုက်နိုင်ပါသည်ဟု ဝန်ခံသော ထိုယောဂါဝစရပုဂ္ဂိုလ်မြတ်တို့၏ အလိုမှာ ''ဝေဒနာကား ချုပ်သွား၏၊ အသိစိတ်ကား မချုပ်သေး''ဟု ဆိုလိုနေကြ၏။
这些宣称自己能够战胜受的瑜伽行者,其意思就是:“受已经灭了,能知之心却还没有灭。”
ဘုရားရှင်၏ အဆုံးအမ သာသနာတော်၌ကား ဝေဒနာစေတသိက်သည် သဗ္ဗစိတ္တသာဓာရဏစေတသိက် = စိတ်အားလုံးနှင့် ဆက်ဆံသော စေတသိက် ဖြစ်၏။ စိတ်တိုင်း စိတ်တိုင်း၌ အမြဲယှဥ်၏၊ စိတ်ရှိနေသမျှ ဝေဒနာ ကား ရှိလျက်ပင် ဖြစ်သည်။ စိတ်ဖြစ်နေသမျှ ဝေဒနာကား ဖြစ်လျက်ပင် ရှိ၏။ ထိုဝေဒနာမှာ သုခသော်လည်း ဖြစ်ရာ၏၊ သို့မဟုတ် ဒုက္ခသော်လည်း ဖြစ်ရာ၏၊ သို့မဟုတ် ဥပေက္ခာသော်လည်း ဖြစ်ရာ၏။ ဝေဒနာတစ်မျိုးမျိုး ကား စိတ်ဖြစ်တိုင်း ပါဝင်လျက် ရှိ၏။
然而,在世尊的教法中,受心所是遍一切心心所,也就是与一切心相应的心所;它恒常与每一个心相应。只要还有心,就必然有受;每当心生起,受也必然生起。这受可能是乐受,可能是苦受,也可能是舍受;每当心生起,总有其中一种受与之相应。
ဘုရားဟောနှင့် ခေတ်အပြောကား ထိပ်တိုက်ဆန့်ကျင်ဘက် ဖြစ်နေ၏။ မည်သည့် အဆိုကို အမှန်ယူ သင့်သည် ဟူသော အချက်ကား အသင်သူတော်ကောင်းကိုယ်တိုင် ဆုံးဖြတ်ယူရမည့် ကိုယ်ပိုင် အခွင့်အရေး တစ်ခုပင် ဖြစ်သည်။ အကယ်၍ အသင်သူတော်ကောင်းဘက်က ''ဘုရားဟောကား မှား၏၊ မိမိ၏ ကိုယ်တွေ့ ဉာဏ်မြင်ကား မှန်၏''ဟု အဖြေပေးလာသည် ဖြစ်အံ့၊ ထိုဘုရားကိုပင် အသင်သူတော်ကောင်း အနေဖြင့် ယုံကြည်သိမှတ် ဆည်းကပ် ကိုးကွယ်ဖို့ရန် သင့်မသင့်ကိုပါ ထပ်မံ စဥ်းစားရတော့မည် ဖြစ်ပေသည်။ ''ဘုရား ဟောကား မှား၏''ဟု အဖြေပေးနေသောကြောင့် ဖြစ်၏။
佛陀的教说与当代的这种说法正面相反。究竟应当认定哪一种说法为真,是贤善者自己有权作出的判断。可是,如果贤善者回答:“佛陀的教说是错的,我自己的亲身智见才是对的”,那就还必须重新考虑:自己是否适合信受、归依并礼敬这位佛陀;因为自己已经回答“佛陀的教说是错的”。
ဝေဒနာ မချုပ်ဘူးလား
受不灭吗?
ဝေဒနာကား ပရိညာပညာ သုံးမျိုးဖြင့် ပိုင်းပိုင်းခြားခြား သိရမည့် တရားစုသာ ဖြစ်၏။ ဝေဒနာကို ကုန် အောင်တိုက်ရမည့် တရားကား မဟုတ်ပေ။ ဝေဒနာကို အကြောင်းခံ၍ ဖြစ်ပေါ်လာကြကုန်သော တဏှာအမျိုး မျိုးတို့ကိုသာ ကုန်အောင်တိုက်ရမှာ ဖြစ်သည်။ တဏှာကို ကုန်ခန်းစေသည့် ကျင့်စဥ်ကား --- အကြောင်းတရားနှင့် တကွသော ဝေဒနာ အဝင်အပါ ဖြစ်သည့် ခန္ဓာ (၅)ပါးတို့ကို အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေးသုံးတန်တင် ကာ ဝိပဿနာ ရှုပွားသုံးသပ်ခြင်း လုပ်ငန်းရပ်ပင် ဖြစ်သည်။
受只是应以三种遍知慧分别了知的一类法,并不是应当攻击、消灭殆尽的法。真正应当彻底断除的,是依受而生起的种种爱。能使爱穷尽的修行,就是把包括受在内、连同其因法的五蕴置于无常、苦、无我三相之下,修习毗婆舍那并加以观照。
ပုဗ္ဗေ ခေါ သုသိမ ဓမ္မဋ္ဌိတိဉာဏံ၊ ပစ္ဆာ နိဗ္ဗာနေ ဉာဏံ။ (သံ-၁-၃၄၄။) အကြောင်းတရားတို့ကား သမုဒယသစ္စာတရားတည်း။ အကျိုးခန္ဓာ (၅)ပါးတို့ကား ဒုက္ခသစ္စာတရားတည်း။
“苏尸摩,先有法住智,后来才有于涅槃之智。”(《相应部》1-344。)因法是集谛;作为果的五蕴是苦谛。
အကြောင်းတရားနှင့် တကွသော ယင်းခန္ဓာ (၅)ပါးတို့ကား သင်္ခါရတရားတည်း။ ယင်းသင်္ခါရတရားတို့၏ အနိစ္စ- ဒုက္ခ-အနတ္တ အခြင်းအရာ၌ ကောင်းစွာ တည်နေသော ဝိပဿနာဉာဏ်က ရှေးက ဖြစ်၏၊ နိဗ္ဗာန်ကို အာရုံပြု သောအားဖြင့် သိသော အရိယမဂ်ဉာဏ်က နောက်က ဖြစ်၏။
这五蕴连同其因法,都是行法。善住于这些行法无常、苦、无我三相的观智先生起;以涅槃为所缘而知的圣道智随后生起。
原书第 404 页
ဤသို့ ဘုရားရှင် ဟောကြားထားတော်မူသောကြောင့် ဝိပဿနာဉာဏ်တို့၏ အဆုံး၌ အရိယမဂ်ဉာဏ် ပေါ်လာမည် ဖြစ်၏၊ ယင်းအရိယမဂ်ဉာဏ်က ကိလေသာတို့ကို အဆင့်ဆင့် ပယ်သတ်သွားမည် ဖြစ်၏၊ ယင်း ကိလေသာတို့တွင် တဏှာလည်း ပါဝင်လျက်ပင် ရှိ၏။ သို့အတွက် ဝေဒနာကို အကြောင်းခံ၍ ဖြစ်ပေါ်လာသော တဏှာကို ချုပ်ငြိမ်းစေရေးအတွက် အကြောင်းတရားနှင့် တကွသော ဝေဒနာ အဝင်အပါဖြစ်သည့် ခန္ဓာ (၅)ပါး တို့ကို လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ရမည် ဖြစ်ပေသည်။ ထိုကြောင့် ဝေဒနာကား ကုန်အောင်တိုက်ထုတ်ရမည့် တရား မဟုတ်၊ ပရိညာပညာ သုံးမျိုးဖြင့် (တဏှာ ကုန်ခန်းရေးအတွက်) ပိုင်းခြား သိအောင် ကျင့်ရမည့် တရားသာ ဖြစ်သည်။
由于世尊如此教导,圣道智将在诸观智之末生起,并由它逐级断除诸烦恼;爱也包括在这些烦恼之中。因此,为了止息缘受而生的爱,应当把包括受在内、连同因法的五蕴安立于三相之下,作毗婆舍那观,反复修习、审察。所以,受并不是一种必须设法消灭净尽的法;它只是应当为了令爱穷尽,通过修行以三种遍知慧分别了知的法。
ယင်းသို့ ဖြစ်လျှင် ဝေဒနာကား မချုပ်တော့ပြီလောဟု မေးရန်ရှိ၏။ ကျမ်းဂန်များ၌ ဝေဒနာချုပ်ပုံ သုံးမျိုး လာရှိ၏။
既然如此,便有人会问:“那么,受岂不是不再止息了吗?”诸经论中说到三种受的止息方式。
၁။ ယေဘုယျအားဖြင့် သာသနာပ အချိန်အခါကာလ၌ စတုတ္ထစျာန်သို့ တိုင်အောင်သော ရူပါဝစရစျာန် တို့ကို ရရှိတော်မူကြသည့် သူတော်ကောင်းတို့သည် ''နာမ်တရား ရှိ၍ ခံစားမှု ရှိနေရ၏၊ နာမ်တရား မရှိက ခံစားမှုလည်း မရှိနိုင်၊ ထိုအခါ ချမ်းသာလိမ့်မည်''ဟု မျှော်လင့်၍ နာမ်တရားတို့ကို ရွံရှာစက်ဆုပ်သည့် နာမဝိ- ရာဂဘာဝနာတစ်မျိုးကို ပွားများအားထုတ်ကြ၏။ ယင်းနာမဝိရာဂဘာဝနာ၏ စွမ်းအားကြောင့် ကွယ်လွန်သွား သောအခါ အသညသတ်ဘုံသို့ ရောက်ရှိသွားကြ၏။ ယင်းဘုံ၌ နာမ်တရား လုံးဝမရှိဘဲ ရုပ်ချည်းသက်သက် ကမ္ဘာ (၅ဝဝ)ကာလပတ်လုံး တည်နေနိုင်၏။ ထိုအချိန်၌ ထိုဘုံဝယ် နာမ်တရားများ လုံးဝဖြစ်ခွင့် မရှိသဖြင့် နာမ်တရားတို့တွင် အဝင်အပါဖြစ်သော ဝေဒနာလည်း ချုပ်ငြိမ်းသွားရ၏။ ဤကားဝေဒနာချုပ်ပုံ တစ်နည်းတည်း။
1.一般而言,在佛陀教法不现于世的时期,证得色界禅那直至第四禅的善士,会这样期望:“因为有名法,才会有感受;若无名法,感受也不可能存在,那时便会安乐。”于是,他们修习一种厌离、厌恶名法的修习,称为“离名行”(nāma-virāga-bhāvanā)。由于这种修习的力量,他们死后投生无想有情界。在该界中,名法完全不存在,只有纯粹色法,能够如此存续五百大劫。其间,该界绝无名法生起的机会,所以属于名法的受也随之止息。这是受止息的一种方式。
၂။ သမာပတ် (၈)ပါးတို့ကို ရရှိတော်မူကြသော အနာဂါမ် ရဟန္တာအရှင်မြတ်ကြီးတို့သည် သင်္ခါရတရားတို့၏ အပျက်ကို အမြဲတမ်း ဝိပဿနာရှုနေရသဖြင့် သင်္ခါရတရားတို့၏ အပျက်ကိုပင် မြင်တွေ့နေရ၍ ငြီးငွေ့တော်မူ လာကြ၏၊ ယင်းသို့ ငြီးငွေ့တော်မူကြသဖြင့် သညာ ဝေဒနာကို ဦးတည်၍ သညာဝေဒယိတနိရောဓဟု ခေါ်ဆို ထားသော စိတ်+စေတသိက်+စိတ္တဇရုပ်တို့၏ ချုပ်ငြိမ်းမှု = နိရောဓသမာပတ်ကို ဝင်စားတော်မူကြ၏။ ယင်း နိရောဓသမာပတ်ကို အလိုရှိသလို အချိန်ကာလကို ပိုင်းခြား၍ ဝင်စားတော်မူကြ၏။ တစ်ရက် ဝင်စားပါက တစ်ရက်ပတ်လုံး စိတ်+စေတသိက်+စိတ္တဇရုပ်တို့ ချုပ်ငြိမ်းနေကြ၏။ (၇)ရက် ဝင်စားပါက (၇)ရက်ပတ်လုံး စိတ် +စေတသိက်+စိတ္တဇရုပ်တို့ ချုပ်ငြိမ်းနေကြ၏။ သို့အတွက် ထိုအချိန်တွင် စေတသိက်တို့တွင် အဝင်အပါ ဖြစ် သော ဝေဒနာလည်း ချုပ်ငြိမ်းသွားရ၏။ ဤသည်မှာလည်း ဝေဒနာချုပ်ပုံ တစ်နည်းတည်း။
2.证得八种等至的不还圣者与阿罗汉圣者,由于经常以毗婆舍那观诸行之坏灭,所见尽是诸行的坏灭,因而渐生厌离。由于这种厌离,他们进入心、心所与心生色止息的“灭尽定”;此定就想与受而说,又称“想受灭”(saññāvedayita-nirodha)。他们先按自己的意愿决定时限,再入灭尽定:若入定一天,心、心所与心生色便在一整天中止息;若入定七天,这些法便在七整天中止息。因此在这段期间,属于心所的受也止息。这也是受止息的一种方式。
၃။ ရဟန္တာအရှင်မြတ်တို့ ပရိနိဗ္ဗာန်စံလွန်တော်မူပြီးသောအခါ ယင်း ပရိနိဗ္ဗာနစုတိ၏ နောက်ဆွယ်၌ ခန္ဓာ (၅)ပါးတို့သည် နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းသွားကြ၏။ အဆင့်ဆင့်သော အရိယမဂ်ဉာဏ် တို့က ကံ-ကိလေသာတို့ကို အကြွင်းမဲ့ ပယ်စွန့်လိုက်သဖြင့် ကံ-ကိလေသာများ ချုပ်ငြိမ်းသွားခြင်းကြောင့်၊ တစ် နည်း ဆိုရသော် တဏှာကုန်သွားခြင်းကြောင့် တဏှာ အစိုဓာတ် အစေးဓာတ်များ ထင်ရှားရှိပါမှ ဖြစ်ခွင့်ရှိသော ခန္ဓာ (၅)ပါးတို့လည်း မဖြစ်နိုင်တော့ဘဲ လုံးဝအပြီးတိုင် ချုပ်ငြိမ်းသွားကြရ၏။ ခန္ဓာ (၅)ပါးတို့တွင် တစ်ပါး အပါအဝင် ဖြစ်သော ဝေဒနာလည်း ချုပ်ငြိမ်းသွားရ၏။ ဤသည်လည်း ဝေဒနာချုပ်ပုံ တစ်နည်းတည်း။
3.阿罗汉圣者般涅槃,在其般涅槃死没之后,五蕴以往后不再生起的方式止息。由于各级圣道智已经将业与烦恼毫无剩余地断除,业、烦恼因而止息;换一种说法,由于爱已经穷尽,那些只有在爱这种湿润、黏著之力存在时才有机会生起的五蕴,也不可能再生,而彻底、永远止息。作为五蕴之一的受,同样止息。这也是受止息的一种方式。
ဤသို့လျှင် ဗုဒ္ဓစာပေ ကျမ်းဂန်များ၌ ဝေဒနာချုပ်ပုံ သုံးမျိုးလာရှိ၏။ အသညသတ်ဘုံ၌ ဝေဒနာအဝင်အပါ နာမ်တရားအားလုံးတို့၏ ချုပ်ငြိမ်းမှုကား နောင်တစ်ဖန် ပြန်လည်၍ ဖြစ်ခွင့်ရှိသော ချုပ်ငြိမ်းမှု ဖြစ်ခြင်းကြောင့် ဥပ္ပါဒနိရောဓတည်း။ အသညသတ်ဘုံ၌ ကမ္ဘာ (၅ဝဝ) သက်တမ်း ကုန်ဆုံး၍ ပဉ္စဝေါကာရဘုံ၌ တစ်ဖန်ပြန်၍ ပဋိသန္ဓေ တည်နေရသောအခါ ဝေဒနာ အဝင်အပါ ဖြစ်သော ခန္ဓာ (၅)ပါးတို့ တစ်ဖန် ပြန်လည်၍ ဖြစ်ရပြန်၏။
如此,佛教经论中说有三种受的止息方式。无想有情界中,包括受在内的一切名法虽然止息,但因为以后仍有机会再度生起,所以这是“生起后之灭”(uppāda-nirodha)。在无想有情界五百大劫的寿量结束、又于五蕴有地结生时,包括受在内的五蕴便再次生起。
原书第 405 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- ဣရိယာပထ အခန်းနှင့် သမ္ပဇဥ် အခန်း သို့အတွက် အသညသတ်ဘုံ၌ နာမ်တရားတို့၏ ချုပ်ငြိမ်းမှုမှာ နောင်တစ်ဖန် ဖြစ်ခြင်းရှိသော ချုပ်ခြင်း = ဥပ္ပါဒ နိရောဓတည်း။
因此,无想有情界中名法的止息,是以后仍会再次生起的止息,也就是“生起后之灭”。
နိရောဓသမာပတ် အခိုက်၌ ဝေဒနာနှင့် တကွသော စိတ်+စေတသိက်+စိတ္တဇရုပ်တို့၏ ချုပ်ငြိမ်းမှုမှာ- လည်း နိရောဓသမာပတ်မှ ထသောအခါ တစ်ဖန် ပြန်လည်၍ ဖြစ်ခွင့်ရှိသောကြောင့် ဥပ္ပါဒနိရောဓ သဘော အားဖြင့် ချုပ်ငြိမ်းခြင်းတည်း။
在灭尽定期间,包括受在内的心、心所与心生色虽然止息,但由于从灭尽定出定后仍会再次生起,所以也是依“生起后之灭”而止息。
ပရိနိဗ္ဗာနစုတိ၏ နောက်၌ ဝေဒနာ အဝင်အပါ ခန္ဓာ (၅)ပါးတို့၏ ချုပ်ငြိမ်းမှုကား နောင်တစ်ဖန် မဖြစ် သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းမှု အနုပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ခြင်းတည်း။
至于般涅槃死没以后,包括受在内的五蕴止息,则是以往后不再生起的方式止息,也就是依“不再生起之灭”(anuppāda-nirodha)而止息。
ဤဝေဒနာချုပ်ငြိမ်းပုံ သုံးမျိုးလုံး၌ ဝေဒနာ တစ်ခုတည်းသာ ချုပ်သည်မဟုတ် ဝေဒနာနှင့် ယှဥ်ဖက် စိတ် စေတသိက်အားလုံး ချုပ်ကြသည့် ချုပ်ငြိမ်းမှုမျိုးသာ ဖြစ်သည်။ အသင်သူတော်ကောင်း ပြောသကဲ့သို့ ''အသိ စိတ်ကား ရှိ၏၊ ဝေဒနာကား မရှိတော့ပြီ''ဟူသော ချုပ်နည်းမျိုးကား မဟုတ်ပါပေ။ ခဏနိရောဓဟူသော ဝေဒနာ အဝင်အပါ သင်္ခါရတရားတို့၏ ပျက်ခြင်း ဘင်သည်လည်း ဥပ္ပါဒနိရောဓပင်တည်း။ အကြောင်းမကုန်သေးပါက နောင်တစ်ဖန် ဖြစ်ခွင့်ရှိသော ချုပ်ခြင်းတည်း။ သင်္ခါရတရားတိုင်း၏ ဓမ္မတာတည်း။ ယင်းချုပ်ပုံကိုပါ ထည့်သွင်း ရေတွက်လျှင် ဝေဒနာချုပ်ပုံ လေးမျိုး ဖြစ်သည်။ ယောဂါဝစရပုဂ္ဂိုလ်သည် ယင်းခဏနိရောဓကိုကား ဝိပဿနာ ဉာဏ်ဖြင့် မြင်အောင် ရှုရမည် ဖြစ်သည်။
上述三种受的止息,都不是只有受单独止息,而是与受相应的心及一切心所一同止息;绝不是如善士所说的那一种:“认知之心还存在,受却已经没有了。”此外,包括受在内的诸行之坏灭——即称为“刹那灭”(khaṇa-nirodha)的坏灭阶段——也属于“生起后之灭”:只要因尚未穷尽,以后便仍有再次生起的机会。这是一切行法的法性。若把这一种也计入,受的止息方式便共有四种。瑜伽行者必须以观智观见这种刹那灭。
စည်းကမ်း မလိုက်နာမှုက စခဲ့သည့် အမှား
始于不遵守规程的错误
ယောဂါဝစရပုဂ္ဂိုလ်သည် ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းတော့မည် ဖြစ်ပါက --- ၁။ သီလဝိသုဒ္ဓိ = သီလစင်ကြယ်အောင် ကြိုးစားအားထုတ်ရ၏။
瑜伽行者若准备开始修习观禅业处,就必须依次实行以下各项:1.戒清净——努力令自己的戒清净。
၂။ စိတ္တဝိသုဒ္ဓိ = ဥပစာရသမာဓိ အပ္ပနာသမာဓိဟူသော သမာဓိ တစ်ခုခုကို ရရှိအောင် နီဝရဏ အညစ်အ- ကြေးကင်း စိတ်ဖြူစင်သန့်ရှင်းအောင် ကြိုးစားအားထုတ်ရ၏။
2.心清净——努力证得近行定或安止定中的任何一种定,使心远离诸盖的污垢,清净明洁。
၃။ စိတ္တဝိသုဒ္ဓိ ဖြစ်ပါမှ သမာဓိစခန်း အောင်မြင်ပါမှ ဒိဋ္ဌိဝိသုဒ္ဓိစခန်းသို့ ကူးရ၏။ နာမရူပပရိစ္ဆေဒဉာဏ်ကို ရရှိအောင် ကြိုးစားအားထုတ်ရ၏။
3.必须先成就心清净、通过定的阶段,才转入见清净的阶段;应当努力证得名色分别智。
၄။ ထိုဒိဋ္ဌိဝိသုဒ္ဓိစခန်း --- နာမရူပပရိစ္ဆေဒဉာဏ်ပိုင်းတွင် --- ဝေဒနာကို သိမ်းဆည်းတော့မည့် ပုဂ္ဂိုလ်သည် - (က) ပရိဂ္ဂဟိတေ ရူပကမ္မဋ္ဌာနေ --- (မ-ဋ္ဌ-၁-၂၈ဝ) ဟူသော အဋ္ဌကထာများ၏ ညွှန်ကြားချက်အရ ရုပ် ကမ္မဋ္ဌာန်းကို သိမ်းဆည်းထားပြီး ဖြစ်ရမည်။
4.在见清净的阶段——即名色分别智部分——准备摄取受的人:“把握色业处之后。”依照义注这一指示,必须先完成对色业处的把握。
( ခ ) ဝေဒနာ တစ်ခုတည်းကိုသာ သိမ်းဆည်း ရှုပွားရသည် မဟုတ်၊ ဝေဒနာနှင့် ယှဥ်ဖက် စိတ်+စေတသိက် အားလုံးကို ဝီထိခေါ်သည့် စိတ္တနိယာမ လမ်းကြောင်းအတိုင်း စိတ္တက္ခဏတိုင်း၌ သိမ်းဆည်း ရှုပွား ရမည်။ ဝီထိမုတ်စိတ်တို့၌လည်း နည်းတူပင်တည်း။
(乙)不能只摄取、观修受本身;必须依称为“心路”的心定律轨道,在每一个心刹那中,摄取、观修与受相应的一切心及心所。对于离路心,也应采用同样的方法。
၅။ အတိတ်-အနာဂတ်-ပစ္စုပ္ပန် ကာလသုံးပါးတို့၌ ယင်းဝေဒနာနှင့် တကွသော ခန္ဓာ (၅)ပါး ရုပ်နာမ်တရား တို့၏အကြောင်းတရားတို့ကို သိမ်းဆည်းရမည်။ ပစ္စယပရိဂ္ဂဟဉာဏ်ကို ရရှိအောင် ကြိုးစားအားထုတ်ရမည်။
5.必须摄取过去、未来、现在三时中,包括受在内的五蕴色名法之诸因;应当努力证得缘摄受智。
၆။ ထိုသို့ နာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ် နှစ်ပါးကို ရရှိပြီးပါမှ ဝိပဿနာသို့ ကူးရမည်။
6.只有在如此证得名色分别智与缘摄受智这两种智以后,才可转入毗婆舍那。
ဤစည်းကမ်းတို့ကား ဝေဒနာကို ရှုတော့မည့် ပုဂ္ဂိုလ်တို့ လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်တို့ ဖြစ် ကြသည်။ ဤစည်းကမ်း သတ်မှတ်ချက်တို့ကား တရားစစ် တရားမှန်ကို လိုလားတောင့်တသော သူတော်ကောင်း မှန်သမျှတို့သည် လိုက်နာပြုကျင့်သင့်သော စည်းကမ်းတို့ပင် ဖြစ်ကြသည်။ အကယ်၍ အသင်သူတော်ကောင်း
这些规程,就是准备观受的人必须遵守的规定;也是一切希求真实正法的善士都应遵行的规程。善士,倘若你
原书第 406 页
သည် ဤစည်းကမ်းချက်များကို မလိုက်နာဘဲ ''ဆန်စင်ရာ ကျည်ပွေ့လိုက်နေပါက'' အသင်သူတော်ကောင်းအဖို့ လိုရာအကျိုး မပြီး ရှိနိုင်သည်။ ဤမျှဖြင့် မကျေနပ်သေးပါက အောက်ပါ ပဟာရာဒသုတ္တန် ကောက်နုတ်ချက်ကို ဖတ်ရှုကြည့်ပါ။
不遵守这些规程,反而像“筛米到哪里,舂杵就追到哪里”那样,舍弃根本、追逐枝节,那么对你而言,所求之果就可能无法成办。若对此仍不满意,请读以下摘自《巴哈罗达经》(Pahārāda Sutta)的经文。
ဖား-ဝါဒ မဟုတ်ပါ
这不是“青蛙跳”式的教法
သေယျထာပိ ပဟာရာဒ မဟာသမုဒ္ဒေါ အနုပုဗ္ဗနိန္နော အနုပုဗ္ဗပေါဏော အနုပုဗ္ဗပဗ္ဘာရော န အာယ- တကေနေဝ ပပါတော။ ဧဝမေဝ ခေါ ပဟာရာဒ ဣမသ္မိံ ဓမ္မဝိနယေ အနုပုဗ္ဗသိက္ခာ အနုပုဗ္ဗကိရိယာ အနုပုဗ္ဗ- ပဋိပဒါ န အာယတကေနေဝ အညာပဋိဝေဓော။ (အံ-၃-၄၁။) အနုပုဗ္ဗသိက္ခာတိအာဒီသု အနုပုဗ္ဗသိက္ခာယ တိဿော သိက္ခာ ဂဟိတာ၊ အနုပုဗ္ဗကိရိယာယ တေရသ ဓုတင်္ဂါနိ၊ အနုပုဗ္ဗပဋိပဒါယ သတ္တ အနုပဿနာ အဋ္ဌာရသ မဟာဝိပဿနာ အဋ္ဌတိံ သ အာရမ္မဏဝိဘတ္တိယော သတ္တတိံ သ ဗောဓိပက္ခိယဓမ္မာ။ န အာယတကေနေဝ အညာပဋိဝေဓောတိ မဏ္ဍူကဿ ဥပ္ပတိတွာ ဂမနံ ဝိယ အာဒိတောဝ သီလပူရဏာဒိံ အကတွာ အရဟတ္တပဋိဝေဓော နာမ နတ္ထိ၊ ပဋိပါဋိယာ ပန သီလသမာဓိပညာယော ပူရေတွာဝ သက္ကာ အရဟတ္တံ ပတ္တုန္တိ အတ္ထော။ (အံ-ဋ္ဌ-၂၂ဝ-၂၂၁။) ဒါယကာတော် ပဟာရာဒ (အသုရိန်) …မဟာသမုဒ္ဒရာသည် ကမ်းစပ်၌ စလျှင်စချင်း စောက်နက်သည် မဟုတ်မူ၍ အစဥ်အတိုင်း နိမ့်သည် အစဥ်အတိုင်း ကိုင်းသည် အစဥ်အတိုင်း ရှိုင်းသည် ဖြစ်သကဲ့သို့ ဤအတူပင်
“巴哈罗达,譬如大海次第而低、次第而斜、次第而深,并非骤然深陷如断崖;正是如此,巴哈罗达,在此法与律中,有次第学、次第行、次第行道,并非当下即能通达究竟智。”(《增支部》3-41;现代经号 AN 8“在‘次第学’等词中,‘次第学’摄取三学,‘次第行’摄取十三头陀支,‘次第行道’摄取七随观、十八大观、三十八所缘分别与三十七菩提分法。所谓‘并非当下即能通达究竟智’,其意是:若像青蛙跳跃前进一样,从一开始便不先圆满戒等,就没有所谓对阿罗汉果的通达;只有依次圆满戒、定、慧,才能证得阿罗汉果。”(《增支部义注》220—221。)作者释义:巴哈罗达施主〔阿修罗王〕,……大海在岸边刚开始时,并不是骤然深陷,而是次第低下、次第倾斜、次第变深;同样,
ဤငါဘုရားရှင်၏ ဓမ္မဝိနယ သာသနာတော်၌ --- ၁။ အနုပုဗ္ဗသိက္ခာ = အစဥ်အတိုင်း ကျင့်အပ်သော သီလကျင့်စဥ် သမာဓိကျင့်စဥ် ပညာကျင့်စဥ် (သီလ သိက္ခာ သမာဓိသိက္ခာ ပညာသိက္ခာ) ဟူသော ကျင့်စဥ် ရှိ၏။
在我佛这一法、律之教中,有:1.次第学(anupubba-sikkhā)——依次应修的戒学、定学、慧学(sīla-sikkhā、samādhi-sikkhā、paññā-sikkhā)。
၂။ အနုပုဗ္ဗကိရိယာ = အစဥ်အတိုင်း ပြုလုပ်အပ်သော ဓုတင် (၁၃)ပါးဟူသော လုပ်ငန်းစဥ် ရှိ၏။
2.次第行(anupubba-kiriyā)——有依次实行十三头陀支的行持次第。
၃။ အနုပုဗ္ဗပဋိပဒါ = အစဥ်အတိုင်း ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ရမည့် --- (က) အနိစ္စာနုပဿနာ စသော (၇)ပါးသော အနုပဿနာ ရှိ၏၊ ( ခ ) ၁၈ - ပါးသော မဟာဝိပဿနာ ရှိ၏။ (ဝိပဿနာပိုင်းတွင် ထင်ရှားလတ္တံ့။) ( ဂ ) ၃၈ - ပါးကုန်သော သမထအာရုံ ကမ္မဋ္ဌာန်းတို့ကို ခွဲခြားဝေဖန်ခြင်းတို့သည် ရှိကုန်၏။
3.次第行道(anupubba-paṭipadā)——有须依次实践、精勤、修习的:(甲)以无常随观为首的七随观;(乙)十八大观〔将在观禅部分说明〕;(丙)三十八所缘分别,也就是对止业处诸所缘所作的分类。
(သမထကမ္မဋ္ဌာန်းပိုင်းတွင် ထင်ရှားလတ္တံ့။)
〔将在止业处部分说明。〕
(ဃ) ၃၇ - ပါးကုန်သော ဗောဓိပက္ခိယတရားကျင့်စဥ်တို့သည် ထင်ရှားရှိကုန်၏။
(丁)三十七菩提分法的修行次第。
(ဝိပဿနာပိုင်းတွင် ထင်ရှားလတ္တံ့။)
〔将在观禅部分说明。〕
၄။ ဖားသတ္တဝါ၏ ဤမှ ထိုမှ ခုန်ပျံ၍ ထိုထို ဤဤ အရပ်သို့ သွားခြင်းကဲ့သို့ စလျှင်စခြင်း အစအဦး၌ပင်လျှင် သီလကျင့်စဥ်ကို ဖြည့်ကျင့်မှု မရှိဘဲ သမာဓိကျင့်စဥ်ကို ဖြည့်ကျင့်မှု မရှိဘဲ ပညာကျင့်စဥ်ကို ဖြည့်ကျင့်မှု မရှိဘဲ အရဟတ္တဖိုလ်ကို ထိုးထွင်း၍ သိခြင်း မည်သည် မရှိစကောင်းသည်သာတည်း။ အစဥ်အတိုင်း သီလ-သမာဓိ-ပညာ သိက္ခာသုံးရပ် အကျင့်မြတ်တို့ကို ဖြည့်ကျင့်မှသာလျှင် အရဟတ္တဖိုလ်သို့ ရောက်ရှိ ဖို့ရန် စွမ်းနိုင်၏။
4.若像青蛙从这里跳到那里、四处乱跳一样,在最初便既不圆满戒学,也不圆满定学、慧学,却想通达而知阿罗汉果,这是绝不可能的。只有依次圆满戒、定、慧三学的殊胜行持,才有能力证得阿罗汉果。
ဒါယကာတော် ပဟာရာဒ …ယင်းသို့လျှင် ဤဓမ္မဝိနယ သာသနာတော်၏ --- ၁။ အနုပုဗ္ဗသိက္ခာ = အစဥ်အတိုင်း ပြုကျင့်ရသော သိက္ခာစဥ် ရှိခြင်း --- ၂။ အနုပုဗ္ဗကိရိယာ = အစဥ်အတိုင်း ပြုလုပ်ရသော လုပ်ငန်းစဥ် ရှိခြင်း ---
巴哈罗达施主,……如此,在这一法、律之教中:1.有依次修习的次第学;2.有依次实行的次第行;
原书第 407 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- ဣရိယာပထ အခန်းနှင့် သမ္ပဇဥ် အခန်း ၃။ အနုပုဗ္ဗပဋိပဒါ = အစဥ်အတိုင်း ကျင့်ရသော ကျင့်စဥ် ရှိခြင်း --- ၄။ န အာယတကေနေဝ အညာပဋိဝေဓော = စလျှင်စခြင်း အစဦး၌ပင်လျှင် အရဟတ္တဖိုလ်ကို ထိုးထွင်း၍ မသိရခြင်းသည် --- ဤဓမ္မဝိနယသာသနာတော်၌ အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော ပထမသဘောတည်း၊ ယင်းသဘော ကို မြင်ကုန်မြင်ကုန်၍ ရဟန်းတို့သည် ဤဓမ္မဝိနယသာသနာတော်၌ အလွန်မွေ့လျော်ကြကုန်၏။ (အံ-၃-၄၁၊၊) ထိုသို့ သီလ-သမာဓိ-ပညာ သိက္ခာသုံးရပ်တို့ကို အစဥ်အတိုင်း မကျင့်ပါက --- ၁။ ဝေဒနာ၏ မှီရာဝတ္ထုရုပ်နှင့် အာရုံရုပ်တို့ကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင်လည်း သိမ်းဆည်းတတ် ဉာဏ်ဖြင့် ပိုင်းခြားယူတတ်မည် မဟုတ်ပေ။
3.anupubbapaṭipadā(次第行道):有依次第修习的行道;4.na āyatakeneva aññāpaṭivedho(并非当下即能通达究竟智):并非一开始便能洞彻了知阿罗汉果。这是此法与律的教法中第一种稀有、未曾有之法。比丘们屡屡见到这种法,便极为乐于此法与律的教法。(《增支部》3-41。)若不这样依次第修习戒、定、慧三学:1.便不能把受的所依处色与所缘色摄取、以智分别到智见抵达究竟法。
၂။ ဝေဒနာနှင့် စိတ္တက္ခဏ တစ်ခုအတွင်း အတူယှဥ်တွဲ ဖြစ်သွားကြသည့် နာမ်တရားစု = သမ္ပယုတ်တရားစု တို့ကိုလည်း ဟုတ်တိုင်းမှန်စွာ သိမ်းဆည်းတတ် ဉာဏ်ဖြင့် ပိုင်းခြားယူတတ်မည်လည်း မဟုတ်ပေ။ ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ဝေဒနာ ဦးဆောင်သည့် နာမ်တရားစုတို့ကို ဝီထိခေါ်သည့် စိတ္တနိယာမလမ်းကြောင်း အတိုင်း သိမ်းဆည်းတတ် ဉာဏ်ဖြင့် ပိုင်းခြားယူတတ်မည်လည်း မဟုတ်ပေ။
2.与受在同一心刹那中相应生起的名法组——相应法组,也不能被如实摄取、以智分别;更不能沿着称为心路的心之定律轨道,把以受为首的名法组摄取、分别到智见抵达究竟法。
၃။ ဝေဒနာ၏ မှီရာဝတ္ထုရုပ် အာရုံရုပ်တို့ကိုလည်း မသိမ်းဆည်းတတ်သေးပါက၊ ဝေဒနာကို အဦးမူ၍ နာမ် တရားတို့ကိုလည်း ပရမတ်သို့ဆိုက်အောင် မသိမ်းဆည်းတတ်သေးပါက --- ယင်းဝေဒနာနှင့် တကွသော ရုပ် နာမ်တို့ကို မသိမ်းဆည်းတတ် ဉာဏ်ဖြင့် ပိုင်းခြားမယူတတ်သေးသဖြင့် နာမရူပပရိစ္ဆေဒဉာဏ်မျှ မရရှိသေးသော အသင်သူတော်ကောင်း၏ သန္တာန်ဝယ် ပစ္စယပရိဂ္ဂဟဉာဏ်မှာ အလှမ်းဝေးလျက်ပင် ရှိနေဦးမည်။
3.若尚不能摄取受的所依处色与所缘色,尚不能以受为首把名法摄取到究竟法,那么,由于连与该受俱有的色、名都尚不能摄取、以智分别,甚至连名色分别智都未获得,在这位贤善者的相续中,缘摄受智仍然遥不可及。
၄။ နာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ်မျှ မရရှိသေးသော သူတော်ကောင်းတစ်ဦးသည် ကမ္မဋ္ဌာန်း ကျောင်းတစ်ခု၏ အတွင်းသို့ ဝင်ရောက်၍ စလျှင် စခြင်း ရုပ်နာမ်ကိုမျှ ပရမတ်သို့ဆိုက်အောင် မသိသေးဘဲ - (က) ပညတ် ပရမတ် မခွဲဘဲ ရှုချင်ရာကို ရှုချင်သလို ရှုရသည့်စနစ်ကို ကျင့်သုံးနေပါက --- ( ခ ) ပညတ်ကိုသာ ဖြစ်ပျက် ရှုနေပါက --- ( ဂ ) ''ခန္ဓာကိုယ်စိုက် ဝေဒနာလိုက်''ဟူသော မူဝါဒကို လက်ခံ ကျင့်သုံးနေပါက --- (ဃ) နာမှု ကျင်မှုတွေကို (အတုံးလိုက် အခဲလိုက်) ဖြစ်ပျက် ရှုနေပါက --- ဖားသတ္တဝါ၏ ဤမှ ထိုမှ ခုန်ပျံ၍ ထိုထို ဤဤ အရပ်သို့ သွားခြင်းနှင့် တူနေသဖြင့် ဝိပဿနာဉာဏ်အစစ် ဖြစ်နိုင် မဖြစ်နိုင် မဂ်ဉာဏ် ဖိုလ်ဉာဏ်အစစ်ကို ရနိုင် မရနိုင်ဟူသော အချက်ကိုကား အသင်သူတော်ကောင်းသည် အလေးအနက်ထား၍ စဥ်းစားဝေဖန်ရမည့် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။
4.一位尚未获得名色分别智和缘摄受智的贤善者,进入禅修道场以后,一开始连色名的究竟层次都还不了知,却采用以下做法:(甲)不区分概念与究竟法,想观什么便随意怎么观;(乙)只观概念的生灭;(丙)接受并实行“专注身体、追随感受”这一主张;(丁)把疼痛、酸痛等当作整团整块而观其生灭——这种做法如同青蛙从这里跳到那里、四处跳跃。因此,贤善的你已经到了必须认真思考、审察的地步:这样能不能生起真正的毗婆舍那智?能不能获得真正的道智与果智?
ဝေဒနာကို အဦးမူ၍ ရုပ်နာမ်တို့ကို သိမ်းဆည်းပြီးလျှင် ယင်းရုပ်နာမ်တို့၏ အကြောင်းတရားတို့ကို ရှာ- ဖွေလျက် အကြောင်းတရားနှင့် တကွသော ယင်းရုပ်နာမ်တို့ကို လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာ ရှုပွား သုံးသပ်နိုင်ပါမှ ယင်းဝေဒနာ၏ ကုန်တတ် ပျက်တတ်သည့် ခယ ဝယ သဘောကို ဟုတ်တိုင်းမှန်စွာ သိနိုင်မည် ဖြစ်သည်၊ ခဏမစဲ တသဲသဲ ချုပ်ပျက်နေသည့် ခဏိကနိရောဓ = ခဏနိရောဓ = ခယနိရောဓ သဘောကိုလည်း ဟုတ်တိုင်းမှန်စွာ သိရှိနိုင်မည် --- သူတော်ကောင်း အပေါင်းတို့ … ဤတွင် သမိဉ္စိတေ ပသာရိတေ သမ္ပဇာနကာရီ ဟောတိ = ကွေးရာ ဆန့်ရာ၌ သမ္ပဇဥ်ဉာဏ်ဖြင့် ပြုလေ့ ရှိ၏။ --- ဟူသော ဒေသနာတော်၌ --- သာတ္ထကသမ္ပဇဥ်အကြောင်းကို ရှင်းလင်း တင်ပြပြီးပေပြီ။ ယခုတစ်ဖန် သပ္ပါယသမ္ပဇဥ် စသည့် သမ္ပဇဥ်များအကြောင်းကို ဆက်လက် တင်ပြအပ်ပါသည်။
以受为先导摄取色名以后,还须寻找这些色名的因法,将连同因法的色名安立于三相之下,修习毗婆舍那、作观照。只有这样,才能如实了知该受会灭尽、会坏灭的灭尽—坏灭之性;也才能如实了知它刹那不停、接连坏灭的刹那灭(khaṇika-nirodha=khaṇa-nirodha=khaya-nirodha)之性。诸位贤善者……至此,在“samiñjite pasārite sampajānakārī hoti=屈曲、伸展时正知而行”这段教说中,有益正知已经阐明。现在继续说明适宜正知等其余正知。
原书第 408 页
၂။ သပ္ပါယသမ္ပဇဥ်
2.适宜正知
ကွေးရာ ဆန့်ရာ၌ အကျိုးစီးပွား ရှိမှုကို ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်သဖြင့် အကျိုးရှိသည် မှန်သော်လည်း သပ္ပါယ ဖြစ်သည် မဖြစ်သည်ကို = လျောက်ပတ်သည် မလျောက်ပတ်သည်ကို ဉာဏ်ဖြင့် ပိုင်းခြားယူ၍ လျောက် ပတ်သည်ကိုသာ ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်ခြင်း သိမ်းဆည်းနိုင်ခြင်း ပြုကျင့်နိုင်ခြင်းသည် သပ္ပါယသမ္ပဇဥ် မည်၏။
屈曲、伸展时,能以智辨别是否有利益,固然属于有益;然而,还须以智辨别它适宜不适宜,并且只选择适宜者,以智辨别、摄取并实行;这称为适宜正知。
(အဘိ-ဋ္ဌ-၂-၃၄၃။)
(《殊胜义注》2-343。)
ထို သပ္ပါယ အသပ္ပါယ နှစ်မျိုးတို့တွင် ဤဆိုလတ္တံ့သည်ကား သပ္ပါယ အသပ္ပါယ သဘောကို သိကြောင်း ဖြစ်သော နည်းလမ်းတည်း။
在适宜与不适宜两者之中,以下所说,是令修行者了知适宜、不适宜之性的说明方法。
မဟာစေတီရင်ပြင်တော်၌ ရဟန်းငယ်တို့သည် တရားတော်ကို ရွတ်ဖတ်ပူဇော်မှုကို ယူနေကြကုန်၏။ ထို ပဉ္စင်းငယ်တို့၏ နောက်ကျောဘက်တို့၌ ဘိက္ခူနီမငယ်တို့သည် တရားတော်ကို နာယူနေကြကုန်၏။ ထိုပဉ္စင်းငယ် တို့တွင် ရဟန်းငယ်တစ်ပါးသည် လက်ကို ဆန့်တန်းလိုက်သည်ရှိသော် ဘိက္ခူနီမငယ်တစ်ဦးနှင့် အသားချင်း ထိမိသွား၏။ ထိုအကြောင်းကြောင့်ပင်လျှင် သာသနာတော်၌ မပျော်မွေ့တော့ဘဲ လူဝတ်လဲလိုက်၏။
在大塔的平台上,年轻比丘们正在诵法作供;年轻比丘尼们在这些比丘身后听法。其中一位年轻比丘伸出手时,与一位年轻比丘尼肌肤相触。仅因这件事,他便不再乐于教法,遂舍戒还俗。
တစ်ဖန် ရဟန်းငယ်တစ်ပါးသည် ခြေထောက်ကို ဆန့်တန်းလိုက်သော် မီးပုံပေါ်၌ ဆန့်မိလျက်သား ဖြစ် သွား၏၊ အရိုးသို့တိုင်အောင် ခြေထောက်သည် မီးလောင်ကျွမ်းသွား၏။
又有一位年轻比丘伸腿时,竟伸到了火堆上,脚被烧至骨头。
အခြား ရဟန်းငယ်တစ်ပါးသည် တောင်ပို့၌ ခြေထောက်ကို ဆန့်တန်းမိ၏။ ထိုရဟန်းကို ပြင်းထန်သော အဆိပ်ရှိသော မြွေက ကိုက်လိုက်၏။ အခြား ရဟန်းတစ်ပါးသည် စီဝရကုဋိ ခေါ်သော သင်္ကန်းကျောင်း၏ တန်းကို လက်ဖြင့် ဆန့်တန်း၍ ကိုင်လိုက်၏၊ ထိုရဟန်းကို ယင်းတန်းတွင် တည်ရှိနေသော မြွေစိမ်းက ကိုက် လိုက်ပြန်၏။
另一位年轻比丘把脚伸到蚁丘上,被一条剧毒蛇咬伤。另有一位比丘伸手抓住称为 cīvarakuṭi 的袈裟寮横杆,又被栖在横杆上的青蛇咬伤。
ထိုကြောင့် ဤသို့ သဘောရှိသော မလျော်သော အသပ္ပါယဖြစ်ရာ အရပ်၌ လက်ခြေတို့ကို ဆန့်တန်းမှု မပြုဘဲ လျော်လျောက်ပတ်သော သပ္ပါယ ဖြစ်ရာ အရပ်၌သာလျှင် လက်ခြေတို့ကို ဆန့်တန်းထိုက်၏၊ ဤသို့ လျောက်ပတ်သည်ကို ဆင်ခြင်ခြင်း ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်ခြင်း လိုက်နာ ပြုကျင့်နိုင်ခြင်းသည် ဤအရာ၌ သပ္ပါယသမ္ပဇဥ် မည်၏။ (အဘိ-ဋ္ဌ-၂-၃၄၃။ မ-ဋ္ဌ-၁-၂၆၈-၂၆၉။)
因此,不应在上述这类不合宜、不适宜的地方伸展手足,只应在合宜、适宜的地方伸展手足。能够这样思量何者合宜,以智辨别,并依之实行,在这里就称为适宜正知。(《殊胜义注》2-343;《中部义注》1-268—269。)
၃။ ဂေါစရသမ္ပဇဥ်
3.行处正知
ဤလက်ခြေတို့ကို ကွေးရာဆန့်ရာ၌ ဂေါစရသမ္ပဇဥ်ဖြစ်ပုံကို မဟာထေရဝတ္ထုဖြင့် ထင်ရှားပြထိုက်ပေ၏။
屈曲、伸展手足时,行处正知如何生起,应以“大长老事”清楚说明。
မဟာထေရ်ကြီးသည် နေ့အခါ၌ တရားနှလုံးသွင်းရာ ဖြစ်သော နေ့သန့်စင်ရာ ဌာန၌ သီတင်းသုံး ထိုင်နေစဥ် အန္တေဝါသိက = အနီးနေတပည့်တို့နှင့် အတူတကွ စကားပြောလတ်သော် အဆောတလျင် (ကမ္မဋ္ဌာန်းလက် လွတ်) လက်ကို ကွေးမိ၏။ ထိုသို့ ကွေးမိ၍ တစ်ဖန် မူလထားမြဲတိုင်းသော နေရာ၌ လက်ကို ပြန်ထား၍ အသာငယ် ဖြေးဖြေး ကွေး၏။ ထိုမထေရ်ကြီးကို အန္တေဝါသိက = အနီးနေတပည့်တို့က --- ''အရှင်ဘုရား … အဘယ်ကြောင့် အဆောတလျင် လက်ကို ကွေးလိုက်ပြီးမှ နောက်ထပ်တစ်ဖန် မူလထားမြဲတိုင်းသော နေရာ၌ လက်ကို ပြန်ထား၍ အသာငယ် ဖြေးဖြေး ကွေးပါကုန်သနည်း'' --- ဤသို့ မေးမြန်း လျှောက်ထားကြကုန်၏။
大长老白天坐在用来作意业处的日间静处,正与 antevāsika——近住弟子们交谈时,忽然〔舍离了业处而〕屈手。他屈手后,又把手放回原处,再从容缓慢地屈曲。近住弟子们问大长老:“尊者,您为何忽然屈手以后,又把手放回原位,再从容缓慢地屈手呢?”
''ငါ့ရှင်တို့ …အကြင်နေ့မှ အစပြု၍ ငါသည် ကမ္မဋ္ဌာန်းကို နှလုံးသွင်းခြင်းငှာ စတင်အားထုတ်၏၊ ထိုနေ့မှ အစပြု၍ ငါသည် ကမ္မဋ္ဌာန်းကို လွှတ်၍ လက်ကို မကွေးစေခဲ့ စဖူးပေ။ ယခုအခါ၌ကား ငါသည် သင်တို့နှင့် အတူတကွ စကားပြောမိသည်ဖြစ်၍ ကမ္မဋ္ဌာန်းကို လွှတ်၍ ကွေးခဲ့မိ၏။ ထိုကြောင့် တစ်ဖန် မူလထားမြဲတိုင်း သော နေရာ၌ လက်ကို ထားပြန်၍ ကွေးခဲ့လေပြီ'' --- ဤသို့ မဟာထေရ်ကြီးက မိန့်ကြားတော်မူလိုက်၏။
“诸友,自从某日我开始努力作意业处以来,从未舍离业处而屈手。但方才因与你们交谈,竟舍离业处而屈了手;所以,我又将手放回原处,重新屈了一次。”大长老如此说道。
原书第 409 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- ဣရိယာပထ အခန်းနှင့် သမ္ပဇဥ် အခန်း ''အရှင်ဘုရား သာဓု သာဓု သာဓု … ရဟန်း မည်သည် ဤသို့သော သဘောရှိသော ပုဂ္ဂိုလ်မျိုးသည်သာ ဖြစ်ထိုက်ပါ၏'' --- ဤသို့ တပည့်တို့က ပြန်လည် လျှောက်ထားကြကုန်၏။ ဤသို့လျှင် မိမိနှလုံးသွင်းနေသည့် ကမ္မဋ္ဌာန်းကို မစွန့်လွှတ်ခြင်းကိုပင်လျှင် ဤလက်ခြေတို့ကို ကွေးရာ ဆန့်ရာ၌ ဂေါစရသမ္ပဇဥ်ဟူ၍ သိရှိပါလေ။
“尊者,善哉!善哉!善哉!所谓比丘,正应成为这样的修行人。”弟子们如此回答。因此,应知:屈曲、伸展手足时,不舍弃自己正在作意的业处,便称为行处正知。
(အဘိ-ဋ္ဌ-၂-၃၄၃။ မ-ဋ္ဌ-၁-၂၆၉။)
(《殊胜义注》2-343;《中部义注》1-269。)
〔မှတ်ချက် --- ဤ၌ ကမ္မဋ္ဌာန်းဟူသည် သမာဓိထူထောင်ဆဲ သမာဓိပိုင်းတွင်သာ တည်ရှိနေသေးသော ယောဂါဝစရပုဂ္ဂိုလ် ဖြစ်မူ သမထကမ္မဋ္ဌာန်းကို ဆိုလိုပေသည်။ ဂတပစ္စာဂတဝတ်ပိုင်းတွင် ဖော်ပြခဲ့သော မဟာနာဂမထေရ် စသော မထေရ်ကြီးတို့ကဲ့သို့ ဝိပဿနာပိုင်းသို့ ရောက်ရှိနေသော ယောဂါဝစရပုဂ္ဂိုလ် ဖြစ်မူ သမထကမ္မဋ္ဌာန်း ဝိပဿနာကမ္မဋ္ဌာန်း နှစ်မျိုးလုံးကိုပင် ဆိုလိုသည်ဟု မှတ်ပါ။ သို့သော် ဝိပဿနာ ကမ္မဋ္ဌာန်းကား အသမ္မောဟသမ္ပဇဥ်ပိုင်းနှင့် ဆိုင်သည်။ အောက်တွင် ဆက်လက် ဖတ်ရှုကြည့်ပါ။〕
〔注:这里所谓业处,对于仍在定力阶段、正在建立定力的瑜伽行者,是指止业处;对于如“往返业处行持”部分所说的摩诃那伽大长老等、已经进入毗婆舍那阶段的瑜伽行者,则是止业处与观业处两者。不过,观业处属于不痴正知部分。请继续读下文。〕
၄။ အသမ္မောဟသမ္ပဇဥ်
4.不痴正知
ခန္ဓာအိမ်အတွင်း၌ အတ္တ မည်သော တစ်စုံတစ်ယောက်သော ကွေးသောသူသည်လည်းကောင်း၊ ဆန့် သောသူသည်လည်းကောင်း မရှိပေ။ ကွေးလိုသောစိတ် သို့မဟုတ် ဆန့်လိုသောစိတ်ကြောင့် ဖြစ်ပေါ်လာသော ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ရုပ်ကလာပ်အပေါင်း၏ ထိုထိုသော အရပ်၌ ပျံ့နှံ့၍ သွားခြင်းကြောင့် ရုပ်သေးဆရာက ရုပ်သေးရုပ်ကြိုးကို ဆွဲငင်လိုက်သည့်အတိုင်း ရုပ်သေးရုပ်၏ လက်ခြေတို့၏ ကဟန် ဆိုဟန် စသည်ဖြင့် တင့်တယ် စံပယ်ခြင်းကဲ့သို့ --- ကွေးခြင်း ဆန့်ခြင်းသည် ဖြစ်ပေါ်လာ၏။ ဤသို့ ပိုင်းခြား၍ သိခြင်းကို ဤသမိဉ္ဇိတေ ပသာရိတေ ဟူသော ပါဠိတော်၌ အသမ္မောဟသမ္ပဇဥ်ဟူ၍ သိရှိပါလေ။
蕴宅之内,并没有一个称为“自我”的屈曲者或伸展者。由于欲屈之心或欲伸之心所生、风界自性力偏胜的诸色聚遍满各处,就像木偶师牵动木偶线,木偶的手足便作出舞姿、歌唱姿态等种种动作一样,屈曲与伸展便生起。这样分别了知,在“samiñjite pasārite”这段巴利文中称为不痴正知。
(အဘိ-ဋ္ဌ-၂-၃၄၃။ မ-ဋ္ဌ-၁-၂၆၉။)
(《殊胜义注》2-343;《中部义注》1-269。)
ကွေးလိုသောစိတ်၊ ဆန့်လိုသောစိတ်တို့ကား မနောဒွါရိကဇောဝီထိစိတ်အစဥ် နာမ်တရားစုတို့တည်း။
欲屈之心、欲伸之心,是意门速行心路相续中的名法组。
ကွေးသော အခြင်းအရာ ဆန့်သော အခြင်းအရာအားဖြင့် ရုပ်တရားတို့ ဖြစ်ပေါ်လာရာဝယ် ပဓာန = ပြဓာန်း သောရုပ် = သယ်ဆောင်တတ်သော ရုပ်တို့ကား ကာယဝိညတ္တိနဝက ကလာပ် ကာယဝိညတ္တိလဟုတာဒိဒွါဒသက ကလာပ် ရုပ်တို့တည်း။ အပ္ပဓာန = မပြဓာန်းသောရုပ် = အသယ်ဆောင်ခံရသော ရုပ်တို့ကား စတုသမုဋ္ဌာနိက ရုပ်တရားစုတို့ပင်တည်း။ (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ တည်ရှိသော ရုပ်အားလုံးတို့ပင်တည်း။ ပေါင်းသော် -- ရုပ်နာမ်နှစ်ပါး၊ ခန္ဓာ (၅)ပါးပင် ဖြစ်သည်။ ကွေးရာ ဆန့်ရာ၌ ယင်း ရုပ်နာမ်နှစ်ပါး၊ ခန္ဓာ (၅)ပါးတို့ကို ဟုတ် တိုင်းမှန်စွာ ပိုင်းခြားသိသော ဉာဏ်ကို အသမ္မောဟသမ္ပဇဥ်ဉာဏ်ဟု ဆိုလိုသည်။ ယောဂါဝစရပုဂ္ဂိုလ်သည် ယင်းကွေးရာ ဆန့်ရာ၌ ယင်းအသမ္မောဟသမ္ပဇဥ်ဉာဏ်ကို ရရှိအောင် ကြိုးပမ်းရမည် ဖြစ်ပေသည်။
当色法以屈曲、伸展的形态生起时,主导色——居于主导、能运载之色——是身表九法聚,以及身表、轻快性等十二法聚。非主导色——不居主导、所运载之色——则是四因所生色法组,即存在于六门、四十二身分中的一切色法。合起来就是色与名两类、五蕴。屈曲、伸展时,如实分别了知这两类色名、五蕴的智,称为不痴正知。瑜伽行者应努力在屈曲、伸展时获得这种不痴正知。
သိမ်းဆည်း ရှုပွားပုံစနစ် အမြွက်
摄取观修方法略示
၁။ ထိုင်လျက်ဖြစ်စေ ရပ်လျက်ဖြစ်စေ အိပ်လျက်ဖြစ်စေ သမာဓိကို အဆင့်ဆင့် ထူထောင်ပါ။ (မျက်စိကို မှိတ်ထားပါဦး) ၂။ သိမ်းဆည်းထားပြီးသော ရုပ်နာမ်တို့ကို တစ်ဖန်ပြန်၍ သိမ်းဆည်းပါ။
1.无论坐着、站着还是躺着,都应逐步建立定力。(暂时仍闭着眼睛。)2.再次摄取已经摄取过的色名。
၃။ လက်ကို ဖြည်းဖြည်း ကွေးကြည့်ပါ။
3.尝试缓缓屈手。
၄။ လက်ကို ကွေးလိုသော စိတ်စေတသိက်တို့ကို သိမ်းဆည်းပါ။ (ဘဝင်မနောအကြည်ဓာတ်ကို သိမ်းဆည်း လျက် လက်ကို ဖြည်းဖြည်းကွေးကာ ကွေးချင်သော ကွေးလိုသော စိတ်စေတသိက်တို့ကို သိမ်းဆည်းပါ၊၊) မနောဒွါရိကဇောဝီထိစိတ်အစဥ်တို့တည်း။ ယောနိသောမနသိကာရ အယောနိသောမနသိကာရ အပေါ်
4.摄取想要屈手的心与心所。〔先摄取有分意净界,同时缓缓屈手,再摄取欲屈、想屈的心与心所。〕这些是意门速行心路相续。依据如理作意或不如理作意,
原书第 410 页
အခြေစိုက်၍ ကုသိုလ်ဇော အကုသိုလ်ဇောများ ထိုက်သလို စောကြမည် ဖြစ်သည်။ ယင်းနာမ်တရားတို့ကို ဃနပြိုအောင် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းပါ။
善速行或不善速行会依其所应而生起。应以智破除这些名法的密集,把它们摄取到智见抵达究竟法。
၅။ တစ်ဖန် လက်ကို ကွေးလိုသော စိတ်စေတသိက်တို့ကြောင့် ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲ နေသော ရုပ်ကလာပ်အပေါင်း = ရုပ်တရားအပေါင်း၏ ထိုထို အရပ်ဌာနသို့ အထူးသဖြင့် ကွေးနေသည့် လက်သို့တိုင်အောင် ပျံ့နှံ့သွားပုံကို ဉာဏ်ဖြင့်မြင်အောင် ကြည့်ပါ။ ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းပါ။ ကာယဝိညတ္တိနဝက ကလာပ် ကာယဝိညတ္တိလဟုတာဒိဒွါဒသက ကလာပ်တို့တည်း။ ပဓာန = ပြဓာန်းသော ရုပ်တရားတို့တည်း။ သယ်ဆောင်တတ်သော ရုပ်တရားတို့တည်း။ သယ်ဆောင်တတ် သော အခြင်းအရာအားဖြင့် ဖြစ်နေသော ရုပ်တရားတို့တည်း။
5.接着,应以智观见:由于想要屈手的心与心所,风界自性力偏胜的诸色聚——一切色法——如何遍满各处,尤其一直遍满正在屈曲的手;并把它们摄取到智见抵达究竟法。它们就是身表九法聚和身表、轻快性等十二法聚,是主导色、能运载之色,也是以能运载的形态生起的色法。
၆။ ကွေးနေသော လက်ကို ဓာတ် (၄)ပါး စိုက်ရှုပါ။ ရုပ်ကလာပ်အမှုန်များကိုသာ တွေ့ရှိမည် ဖြစ်သည်။ ရုပ် ကလာပ် အမျိုးအစား (၅)မျိုး ရုပ်အမျိုးအစား (၄၄)မျိုးတို့ကို သိမ်းဆည်းပါ။ (ရုပ်ပိုင်းဇယားများတွင် ကြည့်ပါ။) စတုသမုဋ္ဌာနိကရုပ်တို့တည်း၊ အပ္ပဓာန = မပြဓာန်းသော ရုပ်တို့တည်း။ အသယ်ဆောင်ခံရ သော ရုပ်တို့တည်း၊ အသယ်ဆောင်ခံရသော အခြင်းအရာအားဖြင့် ဖြစ်နေသော ရုပ်တို့တည်း။
6.对正在屈曲的手专注观照四界,所见将只是色聚微粒。应摄取5种色聚、44种色法。(见色法部分诸表。)它们是四因所生色,是非主导色、所运载之色,也是以所运载形态生起的色法。
၇။ ရုပ်-နာမ် ခွဲပါ၊ ရုပ်နာမ်ကို သိမ်းဆည်းပါ။
7.分别色名;摄取色名。
(က) ပဓာန-အပ္ပဓာန ဖြစ်ကြသော ရုပ်တို့ကား ရုပ်တရား၊ ( ခ ) ကွေးလိုသော စိတ်-စေတသိက်တို့ကား နာမ်တရား --- ဤသို့ ရုပ်-နာမ် ခွဲပါ။
(甲)主导色与非主导色属于色法;(乙)欲屈之心与心所属于名法。应这样分别色名。
၈။ ထိုနောင် --- ပုဂ္ဂိုလ်-သတ္တဝါ-ဇီဝ-အတ္တ-လူ-နတ်-ဗြဟ္မာ မရှိ၊ ရုပ်နာမ်မျှသာ ရှိ၏ဟု ရုပ်နာမ်ကို ပိုင်းခြား မှတ်သားပါ။
8.然后分别辨识色名:“补特伽罗、有情、生命、自我、人、天、梵天都不存在;只有色法与名法。”
လက်ကို ကွေးရာ၌ ရုပ်နာမ်ကို သိမ်းဆည်း ရှုပွားရသကဲ့သို့ အလားတူပင် လက်ကို ဆန့်ရာ၌လည်း ကောင်း၊ ခြေကို ကွေးရာ၌လည်းကောင်း၊ ဆန့်ရာ၌လည်းကောင်း နည်းတူပင် ရုပ်နာမ်ကို သိမ်းဆည်းပါ။
正如屈手时摄取、观修色名,同样,伸手、屈腿、伸腿时,也应以同一方法摄取色名。
အောင်မြင်မှုရရှိသောအခါ သွားခိုက်၌၊ လက်ခြေတို့ကို ကွေးရာ ဆန့်ရာတို့၌လည်း နည်းတူပင် ရုပ်နာမ်တို့ကို သိမ်းဆည်းပါလေ။
修习成功以后,在行走时以及屈曲、伸展手足时,也应以同一方法摄取色名。
ဤတွင် --- သမိဉ္ဇိတေ ပသာရိတေ သမ္ပဇာနကာရီ ဟောတိ = လက်ခြေကို ကွေးရာ ဆန့်ရာ၌ သမ္ပဇဥ် ဉာဏ်ဖြင့် ပြုလေ့ရှိ၏ --- ဟူသော ဒေသနာတော်၌ --- ၁။ သာတ္ထကသမ္ပဇဥ်၊ ၂။ သပ္ပါယသမ္ပဇဥ်၊ ၃။ ဂေါစရသမ္ပဇဥ်၊ ၄။ အသမ္မောဟသမ္ပဇဥ် --- ဤသမ္ပဇဥ်ဉာဏ် (၄)ပါးတို့ကို ရရှိအောင် သိမ်းဆည်းပုံအပိုင်း ပြီးဆုံးလေပြီ။
至此,在“samiñjite pasārite sampajānakārī hoti=屈曲、伸展手足时正知而行”这段教说中,为了获得1.有益正知、2.适宜正知、3.行处正知、4.不痴正知这四种正知而作的摄取方法,已经讲解完毕。
တစ်ဖန် --- ၁။ ခန္ဓာ (၅)ပါးနည်း၊ ၂။ အာယတန (၁၂)ပါးနည်း၊ ၃။ ဓာတ် (၁၈)ပါးနည်း --- ဤသို့စသော နည်းတို့ဖြင့်လည်း ဉာဏ်ရှိသလို ချဲ့ထွင်၍ လက်ခြေတို့ကို ကွေးရာ ဆန့်ရာတို့၌ ရုပ်နာမ်တို့ကို ဆက်လက်၍လည်း သိမ်းဆည်းလိုပါက သိမ်းဆည်းနိုင်သည်သာ ဖြစ်ပေသည်။
此外,若希望运用1.五蕴法、2.十二处法、3.十八界法等方法,依自己的智慧加以扩展,并继续在屈曲、伸展手足时摄取色名,也完全可以如此摄取。