念处的分类方法
《趣向涅槃之道》中文全译本 · 非缩略版
四念处章 · 原书第 470–473 页 · 19 个翻译单元
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书第 470 页
သတိပဋ္ဌာန် ခွဲပုံ
念处的分类方法
တစ်ဖန် ဤသို့လည်း မှတ်သားပါလေဦး --- ၁။ ဝေဒနာကို အဦးမူ၍ နာမ်ရုပ်တို့ကို သိမ်းဆည်းပြီးလျှင် အကြောင်းတရားတို့ကို ရှာဖွေလျက် အကြောင်း တရားနှင့် တကွသော ယင်းနာမ်ရုပ်တို့ကို လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ခဲ့သော် ဝေဒနာ- နုပဿနာ သတိပဋ္ဌာန်ကို ပွားများနေသည် မည်၏။
还应再记住:1.若以受为先,摄取名色,再寻查诸因,把这些名色连同诸因安立于三相之下而修习毗婆舍那、作观照,这就称为正在修习受随观念处。
၂။ အသိစိတ် = ဝိညာဏ်ကို အဦးမူ၍ နာမ်ရုပ်တို့ကို သိမ်းဆည်းပြီးလျှင် အကြောင်းတရားတို့ကို ရှာဖွေ လျက် အကြောင်းတရားနှင့် တကွသော ယင်းနာမ်ရုပ်တို့ကို လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာ ရှုပွားသုံး- သပ်ခဲ့သော် စိတ္တာနုပဿနာ သတိပဋ္ဌာန်ကို ပွားများနေသည် မည်၏။
2.若以认知心=识为先,摄取名色,再寻查诸因,把这些名色连同诸因安立于三相之下而修习毗婆舍那、作观照,这就称为正在修习心随观念处。
၃။ ဖဿကို အဦးမူ၍ နာမ်ရုပ်တို့ကို သိမ်းဆည်းပြီးလျှင် အကြောင်းတရားတို့ကို ရှာဖွေလျက် အကြောင်း တရားနှင့် တကွသော ယင်းနာမ်ရုပ်တို့ကို လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာရှုပွားသုံးသပ်ခဲ့သော် ဓမ္မာ- နုပဿနာ သတိပဋ္ဌာန်ကို ပွားများနေသည် မည်၏။
3.若以触为先,摄取名色,再寻查诸因,把这些名色连同诸因安立于三相之下而修习毗婆舍那、作观照,这就称为正在修习法随观念处。
၄။ တစ်ဖန် သမာဓိကို အဆင့်ဆင့် ထူထောင်ပြီးနောက် ယင်းသမာဓိကို ဝိပဿနာ၏ အခြေပါဒက ပြု၍ ရုပ်တရားကို အဦးမူ၍ ရုပ်နာမ်တို့ကို သိမ်းဆည်းပြီးလျှင် အကြောင်းတရားတို့ကို ရှာဖွေလျက် အကြောင်းတရား နှင့် တကွသော ယင်းရုပ်နာမ်တို့ကို လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ခဲ့သော် ကာယာ- နုပဿနာ သတိပဋ္ဌာန်ကို ပွားများနေသည် မည်၏။
4.另外,逐步建立定以后,以此定作为毗婆舍那的基础,以色法为先摄取色、名,再寻查诸因,把这些色、名连同诸因安立于三相之下而修习毗婆舍那、作观照,这就称为正在修习身随观念处。
ဤဥပဒေသကိုလည်း အထက်ပါ အဋ္ဌကထာစကားရပ်တို့က ညွှန်ကြားပြသနေသည်ဟုလည်း မှတ်သား ပါလေ။ ဤရေးသားတင်ပြခဲ့ပြီးသော အကြောင်းအရာတို့ကား ဝေဒနာနုပဿနာ သတိပဋ္ဌာန်ပိုင်းတွင် အဋ္ဌကထာ တို့၏ ဖွင့်ဆိုချက်များ ဖြစ်ကြ၏။ ဤမျှနှင့်ကား မပြီးဆုံးသေးပါ။ ဝေဒနာအကြောင်း သိကောင်းစရာများကို အဋ္ဌကထာများက ဆက်လက်၍ ဖွင့်ဆိုထားတော်မူကြသဖြင့် ဆက်လက်၍ တင်ပြအပ်ပါသည်။
还应记住:上述义注文句也正在指示这项教诫。前面写下并说明的内容,是诸义注对于受随观念处部分的解释;然而还没有结束。诸义注还继续解释了关于受的应知事项,所以下面接着说明。
သတိပဋ္ဌာန်လေးပါးတို့တွင် နှစ်ခုမြောက် ဖြစ်သော ဤဝေဒနာနုပဿနာ သတိပဋ္ဌာန် ဒေသနာတော်၌ ဘုရားရှင်သည် အရူပကမ္မဋ္ဌာန်း = နာမ်ကမ္မဋ္ဌာန်းကို ဟောကြားတော်မူလတ်သည်ရှိသော် ဝေဒနာ ထင်ရှား- သော ပုဂ္ဂိုလ်အား ရည်ရွယ်တော်မူ၍ ဝေဒနာ၏ အစွမ်းဖြင့် ဝေဒနာကို အဦးမူသဖြင့် ဝေဒနာကို ဦးတည်လျက်
在四念处中第二项受随观念处的这段教说里,世尊开示非色业处=名业处时,是针对受清楚显现的人,依受的方式,以受为先,把受作为目标,
原书第 471 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- သတိပဋ္ဌာန် (၄)ပါး အခန်း ဝေဒနာက စ၍ နာမ်တရားတို့ကို သိမ်းဆည်းရန် ဟောကြားတော်မူ၏။ ဖဿ ထင်ရှားသော ပုဂ္ဂိုလ်အတွက် ဖဿ၏ အစွမ်းဖြင့် ဖဿကစ၍ နာမ်တရားတို့ကို သိမ်းဆည်းရန်လည်းကောင်း၊ ဝိညာဏ်၏အစွမ်းဖြင့် ဝိညာဏ် က စ၍ နာမ်တရားတို့ကို သိမ်းဆည်းရန်လည်းကောင်း ဟောကြားတော်မူအပ်သည်ရှိသော် နာမ်ကမ္မဋ္ဌာန်းသည် မထင်ရှား ဖြစ်နေတတ်၏၊ အမိုက်တိုက်ကဲ့သို့ ထင်လာတတ်၏။ အလျော်အားဖြင့် ဆိုရမူ ယောဂါဝစရပုဂ္ဂိုလ် က ဝေဒနာ ထင်ရှားသော ပုဂ္ဂိုလ် ဖြစ်နေသဖြင့် ဝေဒနာ၏ အစွမ်းဖြင့် ဝေဒနာက စ၍ နာမ်တရားတို့ကို သိမ်း ဆည်းရန် ဟောကြားတော်မူအပ်သည်ရှိသော် နာမ်ကမ္မဋ္ဌာန်းသည် ထင်ရှားလာတတ်၏။ အကြောင်းမူ ထိုယော- ဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် ဝေဒနာတို့၏ဖြစ်ပုံ အခြင်းအရာ၏ ထင်ရှားသောကြောင့်ပင် ဖြစ်၏။ အကျယ်မှာ ဤသို့ ဖြစ်၏။
从受开始摄取诸名法。如果对于触清楚显现的人,依触而从触开始摄取名法,或依识而从识开始摄取名法,名业处往往不能显明,反而如一片黑暗。恰当地说,因为这位瑜伽行者是受清楚显现的人,所以当世尊依受、从受开始开示摄取名法时,名业处便会显明。这是因为诸受生起的方式,在其相续中本来就很明显。详说如下。
ထိုဝေဒနာ ထင်ရှားသော ပုဂ္ဂိုလ်၏ သန္တာန်ဝယ် သုခဝေဒနာ ဒုက္ခဝေဒနာတို့၏ ဖြစ်ပုံကား ထင်ရှား၏။
在这位受清楚显现的人的相续中,乐受与苦受生起的方式都很明显。
အကြင်အခါ၌ သုခဝေဒနာသည် ဖြစ်ပေါ်လာ၏၊ ထိုအခါ၌ တစ်ကိုယ်လုံးကို ချောက်ချားစေလျက်၊ နှိပ်နယ်လျက်၊ ပျံ့နှံ့လျက်၊ ယိုစီးသကဲ့သို့ ဖြစ်စေလျက် (= စွတ်စိုစေလျက်) အကြိမ်တစ်ရာ စစ်အပ်သော ထောပတ်ကို ခံစားစေ သကဲ့သို့လည်းကောင်း၊ အကြိမ်တစ်ရာ ချက်အပ်သော ဆီကို သုတ်လိမ်းစေသကဲ့သို့လည်းကောင်း၊ ရေအိုး အလုံး ပေါင်း တစ်ထောင်ဖြင့် ပူအိုက်ခြင်းကို ငြိမ်းစေသကဲ့သို့လည်းကောင်း ''အဟော သုခံ အဟော သုခံ = သြော် ချမ်းသာလေစွ၊ သြော် …ချမ်းသာလေစွ''ဟူ၍ စကားလုံးကို မြွက်ဆိုစေလျက်သာလျှင် ဖြစ်ပေါ်လာ၏။
当乐受生起时,它震动、揉压、遍满全身,并如流淌般浸润;犹如品尝过滤百次的酥油,又如涂抹熬炼百次的油,还如以一千罐水浇息暑热;它使人不禁说出“အဟော သုခံ အဟော သုခံ”——“啊,真快乐!啊,真快乐!”而生起。
အကြင်အခါ၌ ဒုက္ခဝေဒနာသည် ဖြစ်ပေါ်လာ၏၊ ထိုအခါ၌ တစ်ကိုယ်လုံးကို ချောက်ချားစေလျက်၊ နှိပ် နယ်လျက်၊ ပျံ့နှံ့လျက်၊ ယိုစီးသကဲ့သို့ ဖြစ်စေလျက် (= စွတ်စိုစေလျက်) အလွန် လောလောပူသော ထယ်သွားကို ခန္ဓာကိုယ်အတွင်းသို့ သွင်းလိုက်သကဲ့သို့လည်းကောင်း၊ ကြေမွသော ပွက်ပွက်ဆူနေသော ကြေးနီရည်ဖြင့် သွန်း လောင်းလိုက်သကဲ့သို့လည်းကောင်း၊ ခြောက်သွေ့သော မြက်၊ တောစိုးသစ်ပင်ရှိသော တောအတွင်း၌ ထင်းမီး ရှူးစည်းကို ထည့်သွင်း ပစ်ချလိုက်သကဲ့သို့လည်းကောင်း ''အဟော ဒုက္ခံ၊ အဟော ဒုက္ခံ = သြော် …ဆင်းရဲ လေစွ၊ သြော် …ဆင်းရဲလေစွ''ဟူ၍ အထူးထူးအပြားပြား ပြောဆိုစေလျက်သာလျှင် ဖြစ်ပေါ်လာ၏။ ဤသို့ လျှင် သုခဝေဒနာ ဒုက္ခဝေဒနာ ဖြစ်မှုသည် ထင်ရှား၏။ (အဘိ-ဋ္ဌ-၂-၂၅၃။ မ-ဋ္ဌ-၁-၂၈၁-၂၈၂။) နောက်တစ်မျိုးကား ဒုက္ခလည်း မဟုတ် သုခလည်း မဟုတ်သော အဒုက္ခမသုခ အမည်ရသော ဥပေက္ခာ ဝေဒနာသည် ပြဖို့ရန် ခက်ခဲ၏၊ အမိုက်တိုက် အမိုက်မှောင်သဖွယ် ဖြစ်၍ မထင်ရှားပေ။ ထို အဒုက္ခမသုခ =
当苦受生起时,它震动、压迫、遍满全身,并如流淌般浸透;犹如把炽热的犁铧刺入身体,又如浇下熔化、沸腾的铜汁,还如把一束燃烧的柴火投入长有干草与林木的森林;它使人发出种种“အဟော ဒုက္ခံ၊ အဟော ဒုက္ခံ”——“啊,真苦!啊,真苦!”之声而生起。如此,乐受与苦受的生起很明显。(《迷惑冰消》2-253;《中部义注》1-281—282。)另一种名为“不苦不乐”的舍受很难显示,犹如一片昏黑,不能明显显现。这种不苦不乐
ဥပေက္ခာဝေဒနာသည် သုခ ဒုက္ခ ဝေဒနာတို့၏ ကင်းသွားရာ = ဥပါဒ်-ဌီ-ဘင် သက်တမ်းစေ့၍ ပျက်သွားရာ အခါ၌ အာရုံအပေါ်ဝယ် သာယာမှု ရှိခြင်း၊ သာယာမှု မရှိခြင်းကို ပယ်သည်၏ အစွမ်းဖြင့် အလယ်အလတ် မဇ္ဈတ္တအခြင်းအရာ ရှိသည်ဖြစ်သော (= အာရုံကို လျစ်လျူရှုသော အခြင်းအရာရှိသည် ဖြစ်သော) ဒုက္ခလည်း မဟုတ် သုခလည်း မဟုတ်သော ဝေဒနာတည်း --- ဤသို့သော နည်းအားဖြင့် ဉာဏ်ဖြင့် ပိုင်းခြားယူသော ယောဂါဝစရပုဂ္ဂိုလ်အား ယင်းအဒုက္ခမသုခ = ဥပေက္ခာဝေဒနာသည် ထင်ရှား၏။ ဥပမာ- အဘယ်ကဲ့သို့နည်း ဟူမူ --- မုဆိုးတစ်ဦးသည် သားသမင်၏ နောက်သို့ လိုက်နေ၏။ သားသမင်သည် ပြေးရင်းဖြင့် လမ်းခုလတ် စပ်ကြား တစ်နေရာ၌ တွေ့ရှိသော ကျောက်ဖျာထက်သို့ တက်၍ ပြေး၏။ မုဆိုးကလည်း ကျောက်ဖျာထက်သို့ တက်၍ ပြေးသွားသော သားသမင်၏ ခြေရာကို ခံလျက် အစဥ်အတိုင်း ဖြစ်သော လမ်းသို့ လိုက်၏။ ယင်းသို့ လိုက်သော မုဆိုးသည် ကျောက်ဖျာ၏ ဤမှာဘက်၌လည်းကောင်း၊ ထိုမှာဘက်၌လည်းကောင်း သားသမင်၏
舍受,是在乐受、苦受离去——即经历生起、住立、坏灭而寿命已尽、已经坏灭——时,由于排除对所缘的喜爱与不喜爱这两端,而对所缘呈现中等、中舍的行相(即对所缘保持漠然的行相)的一种不苦不乐受。依这种方法以智分别的瑜伽行者,便能清楚看见这种不苦不乐=舍受。譬如:一位猎人追逐一头鹿。鹿在奔跑途中踏上路中间的一块石板,从石板上跑过。猎人沿着鹿的脚印,顺路追踪;他在石板的这一边与另一边都看见鹿
ခြေရာကို မြင်၍ ကျောက်ဖျာထက် အလယ်၌ သားသမင်၏ ခြေရာကို မမြင်ရပါသော်လည်း ''ဤနေရာမှ ကျောက်ဖျာပေါ်သို့ တက်သည်၊ ဤနေရာ၌ ကျောက်ဖျာပေါ်မှ ဆင်းသည်၊ အလယ်ဖြစ်သော ကျောက်ဖျာထက်၌
的脚印,石板中央虽看不见脚印,却推知:“鹿从这里踏上石板,在这里走下石板,在中间的石板上
原书第 472 页
ဤအရပ်ဖြင့် ဖြတ်သွားသည် ဖြစ်ပေလိမ့်မည်''ဟု ဤသို့ သားသမင်၏ ခြေရာကို ခံသော မိဂပဒဝလဉ္ဇနနည်း အားဖြင့် သားသမင်၏ ကျောက်ဖြာထက် အလယ်၌ ရှိသော ခြေရာကို သိသကဲ့သို့ မှတ်ပါ။
一定是从这里穿过的。”应知,这就是依循鹿迹法追踪鹿迹,从而知道鹿在石板中央的足迹。
ကျောက်ဖျာထက်သို့ တက်ရာ အရပ်၌ သားသမင်၏ ခြေရာသည် ထင်ရှားသကဲ့သို့ ဤအတူပင် သုခ ဝေဒနာ၏ ဖြစ်မှုသည် ထင်ရှား၏။ ကျောက်ဖျာထက်မှ ဆင်းသက်ရာ အရပ်၌ သားသမင်၏ ခြေရာသည် ထင်ရှားသကဲ့သို့ ဤအတူပင် ဒုက္ခဝေဒနာ၏ ဖြစ်မှုသည် ထင်ရှား၏။ ''ဤအရပ်မှ ကျောက်ဖျာထက်သို့ တက်သည်၊ ဤအရပ်မှ ကျောက်ဖျာထက်က ဆင်းသည်ဖြစ်၍ အလယ်ကျောက်ဖျာထက်၌ ဤသို့သွားသည် ဖြစ်ပေလိမ့်မည်'' ဟု ဤသို့ မိဂပဒဝလဉ္ဇနနည်းအားဖြင့် ကျောက်ဖျာထက်၌ သားသမင်၏ ခြေရာကို ဉာဏ်ဖြင့်ယူခြင်းကဲ့သို့ --- သုခဝေဒနာ ဒုက္ခဝေဒနာတို့၏ ကင်းသွားရာ = သက်တမ်းစေ့၍ ချုပ်ပျက်သွားရာအခါ၌ အာရုံပေါ်ဝယ် သာ- ယာမှု ရှိခြင်း၊ သာယာမှု မရှိခြင်းကို ပယ်သည်၏ အစွမ်းဖြင့် အာရုံပေါ်၌ အလယ်အလတ် မဇ္ဈတ္တ အခြင်းအရာ = အာရုံကို လျစ်လျူရှုသော အခြင်းအရာရှိသည် ဖြစ်သော ဒုက္ခလည်း မဟုတ် သုခလည်း မဟုတ်သော ဥပေက္ခာ ဝေဒနာသည် ဖြစ်ပေါ်လာ၏ဟု သားသမင်၏ ခြေရာကို ခံသော မိဂပဒဝလဉ္ဇနနည်းအားဖြင့် ဉာဏ်ဖြင့်ပိုင်းခြား
鹿踏上石板处的足迹明显,犹如乐受的生起明显;鹿走下石板处的足迹明显,犹如苦受的生起明显。又如依循鹿迹法,以智推知“它从这里上石板、从那里下石板,因此必从中央这样走过”,从而知道石板上的鹿迹;同样,在乐受与苦受离去——即寿命已尽而止息、坏灭——时,舍受排除对所缘的喜爱与不喜爱这两端,对所缘呈中等、中舍的行相,也就是漠然对待所缘;由此生起不苦不乐的舍受。能依循鹿迹法追踪鹿迹,以智这样分
ယူသော ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်ဝယ် ယင်းအဒုက္ခမသုခ = ဥပေက္ခာဝေဒနာသည် ထင်ရှား၏။ --- ဤဆိုအပ်ပြီးသောနည်းဖြင့် ဘုရားရှင်သည် ရှေးဦးစွာ ရုပ်ကမ္မဋ္ဌာန်းကို တစ်နည်းဆိုရသော် ကာယာနုပဿနာ သတိပဋ္ဌာန်ကမ္မဋ္ဌာန်းကို ဟောကြားတော်မူပြီးမှ နောက်ပိုင်းကာလ၌ နာမ်ကမ္မဋ္ဌာန်းကို တစ်နည်းဆိုရသော် ဝေဒနာနုပဿနာ စသော ကမ္မဋ္ဌာန်းကို ဟောကြားတော်မူလတ်သည်ရှိသော် ဝေဒနာ၏ အစွမ်းဖြင့် နာမ်ခန္ဓာ လေးပါးမှ ဝေဒနာကို သီးခြားထုတ်ဆောင်တော်မူပြီး၍ နာမ်ကမ္မဋ္ဌာန်းရှုကွက်ကို ညွှန်ကြားပြသတော် မူလေသည်။
别的瑜伽行者,其智中便能清楚显现这种不苦不乐=舍受。依上述教说方式,世尊先开示色业处——换言之,先开示身随观念处业处;后来开示名业处——换言之,开示受随观等业处时,就依受,从四种名蕴中把受单独提取出来,指示名业处的观法。
(အဘိ-ဋ္ဌ-၂-၂၅၃-၂၅၄။ မ-ဋ္ဌ-၁-၂၈၂။)
(《迷惑冰消》2-253—254;《中部义注》1-282。)
ဤအဘိဓမ္မာ ဝိဘင်းပါဠိတော် မဟာသတိပဋ္ဌာန ဝိဘင်းသက်သက်၌သာ ဤသို့ ညွှန်ကြားပြသတော်မူ သည် မဟုတ်သေး၊ ဒီဃနိကာယ်ဝယ် --- ၁။ မဟာနိဒါနသုတ္တန်၌လည်းကောင်း၊ ၂။ သက္ကပဥှသုတ္တန်၌လည်းကောင်း၊ ၃။ မဟာသတိပဋ္ဌာနသုတ္တန်၌လည်းကောင်း၊ မဇ္ဈိမနိကာယ်ဝယ် --- ၄။ မဟာသတိပဋ္ဌာနသုတ္တန်၌လည်းကောင်း၊ ၅။ စူဠတဏှာသင်္ခယသုတ္တန်၌လည်းကောင်း၊ ၆။ မဟာတဏှာသင်္ခယသုတ္တန်၌လည်းကောင်း၊ ၇။ စူဠဝေဒလဒသုတ္တန်၌လည်းကောင်း၊ ၈။ မဟာဝေဒလဒသုတ္တန်၌လည်းကောင်း၊ ၉။ ရဋ္ဌပါလသုတ္တန်၌လည်းကောင်း၊ ၁ဝ။ မာဂဏ္ဍိယသုတ္တန်၌လည်းကောင်း၊ ၁၁။ ဓာတုဝိဘင်္ဂသုတ္တန်၌လည်းကောင်း၊ ၁၂။ အာနေဉ္ဇသပ္ပါယသုတ္တန်၌လည်းကောင်း၊ သံယုတ္တနိကာယ်ဝယ် --- ၁၃။ စူဠနိဒါနသုတ္တန်၌လည်းကောင်း၊ ၁၄။ ရုက္ခောပမသုတ္တန်၌လည်းကောင်း၊
不只《阿毗达磨·分别论》巴利本的《大念处分别》这样指示。在《长部》中:1.《大因缘经》;2.《帝释所问经》;3.《大念处经》。在《中部》中:4.《大念处经》;5.《小爱尽经》;6.《大爱尽经》;7.《小毗陀罗经》;8.《大毗陀罗经》;9.《护国经》(Raṭṭhapāla Sutta);10.《摩犍提经》(Māgaṇḍiya Sutta);11.《界分别经》;12.《不动适宜经》(Āneñjasappāya Sutta)。在《相应部》中:13.《小因缘经》(Cūḷanidāna Sutta);14.《树喻经》(Rukkhopama Sutta);
原书第 473 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- သတိပဋ္ဌာန် (၄)ပါး အခန်း ၁၅။ ပရိဝီမံသနသုတ္တန်၌လည်းကောင်း၊ ၁၆။ ဝေဒနာသံယုတ် တစ်ခုလုံး၌လည်းကောင်း --- ဤသို့လျှင် များစွာကုန်သော သုတ္တန်ဒေသနာတော်တို့၌ ရှေးဦးစွာ ရုပ်ကမ္မဋ္ဌာန်းကို တစ်နည်းဆိုရသော် ကာယာနုပဿနာသတိပဋ္ဌာန် ကမ္မဋ္ဌာန်းကို ဟောကြားတော်မူပြီးမှ နောက်ပိုင်းကာလ၌ နာမ်ကမ္မဋ္ဌာန်းကို တစ် နည်းဆိုရသော် ဝေဒနာနုပဿနာ စသော ကမ္မဋ္ဌာန်းကို ဟောကြားတော်မူလတ်သည်ရှိသော် ဝေဒနာ၏ အစွမ်း ဖြင့် နာမ်ခန္ဓာလေးပါးမှ ဝေဒနာကို သီးခြား ထုတ်ဆောင်တော်မူပြီး၍ နာမ်ကမ္မဋ္ဌာန်းရှုကွက်ကို ညွှန်ကြားပြသ- တော်မူလေသည်။ (အဘိ-ဋ္ဌ-၂-၂၅၄။)
15.《审察经》(Parivīmaṃsana Sutta);16.整个《受相应》。在这些众多经教中,世尊都是先开示色业处——换言之,先开示身随观念处业处;后来开示名业处——换言之,开示受随观等业处时,依受从四种名蕴中把受单独提取出来,指示名业处的观法。(《迷惑冰消》2-254。)