(丁)界作意品(dhātumanasikārapabba)

《趣向涅槃之道》中文全译本 · 非缩略版

四念处章 · 原书第 451–456 页 · 39 个翻译单元

本页并入了原书的相邻小节:身随观念处、受随观念处第一阶段。

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 451 页
(ဃ) ဓာတုမနသိကာရ ပဗ္ဗ = ဓာတ်ကမ္မဋ္ဌာန်းပိုင်း
(丁)界作意品(dhātumanasikārapabba)
ပုန စပရံ ဘိက္ခဝေ ဘိက္ခု ဣမမေဝ ကာယံ ယထာဌိတံ ယထာပဏိဟိတံ ဓာတုသော ပစ္စဝေက္ခတိ ''အတ္ထိ ဣမသ္မိံ ကာယေ ပထဝီဓာတု အာပေါဓာတု တေဇောဓာတု ဝါယောဓာတူ''တိ။
“再者,诸比丘,比丘对此身,无论其如何安住、如何置放,皆依界省察:‘此身中有地界、水界、火界、风界。’”
သေယျထာပိ ဘိက္ခဝေ ဒက္ခော ဂေါဃာတကော ဝါ ဂေါဃာတကန္တေဝါသီ ဝါ ဂါဝိံ ဝဓိတွာ စာတုမဟာ- ပထေ ဗိလသော ဝိဘဇိတွာ နိသိန္နော အဿ။ ဧဝမေဝ ခေါ ဘိက္ခဝေ ဘိက္ခု ဣမမေဝ ကာယံ ယထာဌိတံ ယထာပဏိဟိတံ ဓာတုသော ပစ္စဝေက္ခတိ ''အတ္ထိ ဣမသ္မိံ ကာယေ ပထဝီဓာတု အာပေါဓာတု တေဇောဓာတု ဝါယောဓာတူ''တိ။ (မ-၁-၇၃။) ရဟန်းတို့ …နောက်တစ်မျိုးသော်ကား ယောဂါဝစရ ရဟန်းသည် --- တည်မြဲတိုင်း ထားမြဲတိုင်းသော ဤရူပကာယ ခန္ဓာကိုယ်ကြီးကိုပင်လျှင် (= ဤရူပကာယ = ရုပ်တရား အပေါင်းကိုပင်လျှင်) ဤရူပကာယကိုယ်၌ ''ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ် ရှိ၏''ဟု ဓာတ်သဘော အစုအပုံအားဖြင့် (ပုဂ္ဂိုလ်-သတ္တဝါ-ဇီဝ-အတ္တ မဟုတ်သောအားဖြင့်) ရုပ်တုံး ရုပ်ခဲ ရုပ်ဃနတို့ ကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် အသီးအသီး တစ်လုံးစီ တစ်လုံးစီ ဆင်ခြင်သုံးသပ် ရှုပွား၍ နေ၏။
“诸比丘,譬如熟练的屠牛者或屠牛者的弟子,杀牛以后,在四衢大道把牛分割成块而坐;同样,诸比丘,比丘对此身,无论其如何安住、如何置放,皆依界省察:‘此身中有地界、水界、火界、风界。’”(《中部》1-73。)作者释义:诸比丘,再者,瑜伽行比丘对于这个如其所住、如其所置的色身〔即一切色法〕,作意:“此色身中有地界、水界、火界、风界。”他只把它看作界之自性所成的聚集〔而非个人、有情、生命或自我〕,以智慧击破、摧毁色块、色团与色密集,逐一审察、思惟而观修,并安住于此。
ရဟန်းတို့ …ဖြစ်သင့်ဖြစ်ရာ နှိုင်းခိုင်းဖွယ်ရာ လောကဥပမာသော်ကား --- ကျွမ်းကျင်သော နွားသတ် ယောကျာ်းသည်သော်လည်းကောင်း၊ ကျွမ်းကျင်သော နွားသတ်ယောကျာ်း၏ တပည့်သည်သော်လည်းကောင်း နွားကိုသတ်၍ လမ်းမလေးဖြာ ပေါင်းဆုံမိရာ အရပ်၌ အသားတခြား အရိုးတခြား စသည်အားဖြင့် ခွဲခြားဝေ- ဖန်၍ တစ်ပုံစီ တစ်ပုံစီ စုပုံလျက် ထိုင်ရောင်းနေသည် ဖြစ်လေရာ၏။ ရဟန်းတို့ …ဤဥပမာ အတူပင်လျှင် ယောဂါဝစရ ရဟန်းသည် တည်မြဲတိုင်း ထားမြဲတိုင်းသော ဤရူပကာယ ခန္ဓာကိုယ်ကြီးပင်လျှင် (= ဤရူပကာယ = ရုပ်တရား အပေါင်းကိုပင်လျှင်) ဤရူပကာယကိုယ်၌ ''ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယော ဓာတ် ရှိ၏''ဟု ဓာတ်သဘော အစုအပုံအားဖြင့် (ပုဂ္ဂိုလ်-သတ္တဝါ-ဇီဝ-အတ္တ မဟုတ်သောအားဖြင့်) ရုပ်တုံး ရုပ်ခဲ ရုပ်ဃနတို့ကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် အသီးအသီး တစ်လုံးစီ တစ်လုံးစီ ဆင်ခြင် သုံးသပ် ရှုပွား၍
诸比丘,相应的世间譬喻如下:熟练的屠牛者,或熟练屠牛者的弟子,杀牛以后,在四条大道交会之处,把牛分解开来,肉归肉、骨归骨等,分别堆成一堆一堆,坐在那里售卖。诸比丘,正如这个譬喻,瑜伽行比丘对于这个如其所住、如其所置的色身〔即一切色法〕,作意:“此色身中有地界、水界、火界、风界。”他只把它看作界之自性所成的聚集〔而非个人、有情、生命或自我〕,以智慧击破、摧毁色块、色团与色密集,逐一审察、思惟而观修,并
နေ၏။ (မ-၁-၇၃။) ဤကား ဓာတုမနသိကာရပိုင်း ပထမဆင့်ပင် ဖြစ်သည်။ ဤအဆင့်တွင် ဓာတ်ကြီးလေးပါးကို ဦးတည်၍ ၁။ (၆)ဒွါရတို့၌ ရုပ်တရားတို့ကို သိမ်းဆည်းပုံကိုလည်းကောင်း၊
安住于此。(《中部》1-73。)这就是界作意品的第一阶段。在这一阶段,以四大种为主,已经说明:1.如何在六门中摄取色法;
原书第 452 页
၂။ (၄၂)ကောဋ္ဌာသတို့၌ ရုပ်တရားတို့ကို သိမ်းဆည်းပုံကိုလည်းကောင်း၊ ၃။ ထိုရုပ်တရားတို့ကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော နာမ်တရားတို့ကို သိမ်းဆည်းပုံကိုလည်းကောင်း တင်ပြခဲ့ပြီးလေပြီ။ ဓာတုမနသိကာရ = ဓာတ်ကမ္မဋ္ဌာန်းပိုင်းဆိုင်ရာ ကာယာနုပဿနာသတိပဋ္ဌာန် ပထမ ဆင့်ပင် ဖြစ်ပါသည်။
2.如何在四十二身分中摄取色法;3.如何摄取缘取这些色法而生起的名法。以上都已经说明。界作意,也就是界业处部分的身随观念处第一阶段。
ဤတွင် ယောဂါဝစရပုဂ္ဂိုလ်တို့ သံသယ ကင်းရှင်းစေရန်အလို့ငှာ ရည်သန်၍ ဓာတ်ကမ္မဋ္ဌာန်းလမ်းစဥ်မှ အရဟတ္တဖိုလ်ပေါက် ကျင့်စဥ် အကျဥ်းချုပ်ကို ရှင်းလင်း တင်ပြအပ်ပါသည်။ ယင်းကျင့်စဥ် အကျဥ်းချုပ်ကို သမ္မောဟဝိနောဒနီအဋ္ဌကထာကြီး၌ ဤသို့ ဖော်ပြထား၏။
这里,为了使诸瑜伽行者消除对修行道路的疑惑,现将从界业处之道直至证得阿罗汉果的修行次第略加说明。这一修行次第的概要,在《迷惑冰消》大义注中记载如下。
ဓာတ်ကမ္မဋ္ဌာန်းလမ်းစဥ်မှ အရဟတ္တဖိုလ်သို့
从界业处之道至阿罗汉果
ဣမေ စတ္တာရော မဟာဘူတေ ပရိဂ္ဂဏှန္တဿ ဥပါဒါရူပံ ပါကဋံ ဟောတိ။ ပ ။ အထဿ ဧဝံ ''စတ္တာရိ မဟာဘူတာနိ တေဝီသတိ ဥပါဒါရူပါနိ ရူပက္ခန္ဓော''တိ ရူပက္ခန္ဓံ ပရိဂ္ဂဏှန္တဿ အာယတနဒွါရဝသေန အရူပိ- နော ခန္ဓာ ပါကဋာ ဟောန္တိ။ ဣတိ ရူပါရူပပရိဂ္ဂဟော ပဉ္စက္ခန္ဓာ ဟောန္တိ၊ ပဉ္စက္ခန္ဓာ ဒွါဒသာယတနာနိ ဟောန္တိ၊ ဒွါဒသာယတနာနိ အဋ္ဌာရသ ဓာတုယော ဟောန္တီတိ ခန္ဓာယတနဓာတုဝသေန ယမကတာလက္ခန္ဓံ ဖာလေန္တော ဝိယ ဒွေ ကောဋ္ဌာသေ ကတွာ နာမရူပံ ဝဝတ္ထပေတိ။
“对于把握这四大种的人,所造色会变得明显。……此后,当他如此把握色蕴:‘四大种与二十三种所造色是色蕴’,四名蕴便依处门而变得明显。如此,把握色与非色便成五蕴;五蕴成十二处,十二处成十八界。他依蕴、处、界,如劈开双生棕榈干一般,分作两份而分别确定名与色。”
သော ''ဣဒံ နာမရူပံ န အဟေတု န အပ္ပစ္စယာ နိဗ္ဗတ္တံ၊ သဟေတု သပ္ပစ္စယာ နိဗ္ဗတ္တံ။ ကော ပနဿ ဟေတု၊ ကော ပန ပစ္စယော''တိ ဥပပရိက္ခန္တော ''အဝိဇ္ဇာပစ္စယာ တဏှာပစ္စယာ ကမ္မပစ္စယာ အာဟာရပစ္စယာ- စာ''တိ တဿ ပစ္စယံ ဝဝတ္ထပေတွာ ''အတီတေပိ ပစ္စယာ စေဝ ပစ္စယသမုပ္ပန္နဓမ္မာ စ၊ အနာဂတေပိ ဧတရဟိပိ ပစ္စယာ စေဝ ပစ္စယသမုပ္ပန္နဓမ္မာ စ၊ တတော ဥဒ္ဓံ သတ္တော ဝါ ပုဂ္ဂလော ဝါ နတ္ထိ၊ သုဒ္ဓသင်္ခါရပုဉ္ဇော ဧဝါ''တိ တီသု အဒ္ဓါသု ကင်္ခံ ဝိတရတိ။ အယံ ပန ဝိပဿနာသင်္ခါရသလဒက္ခဏာ ဉာတပရိညာ နာမ။
“于是,他考察:‘这名色并非无因、无缘而生,而是有因、有缘而生。那么,它的因是什么?缘是什么?’他把它的缘确定为‘以无明为缘、以爱为缘、以业为缘、以食为缘’,又如此思惟:‘过去也只有诸缘与缘生法;未来与现在也只有诸缘与缘生法;除此之外,并无有情或个人,唯是纯粹的诸行之聚。’于是越渡对过去、未来、现在三时的疑惑。这就是辨察观所缘诸行的知遍知。”
ဧဝံ သင်္ခါရေ သလဒက္ခေတွာ ဌိတဿ ပန ဘိက္ခုဿ ဒသဗလဿ သာသနေ မူလံ သြတိဏ္ဏံ နာမ ဟောတိ၊ ပတိဋ္ဌာ လဒ္ဓါ နာမ၊ စူဠသောတာပန္နော နာမ ဟောတိ နိယတဂတိကော။ တထာရူပံ ပန ဥတုသပ္ပါယံ ပုဂ္ဂလသပ္ပါယံ ဘောဇနသပ္ပါယံ ဓမ္မဿဝနသပ္ပါယံ လဘိတွာ ဧကာသနေ ဧကပလဒင်္ကဝရဂတော တီဏိ လက္ခ- ဏာနိ အာရောပေတွာ ဝိပဿနာပဋိပါဋိယာ သင်္ခါရေ သမ္မသန္တော အရဟတ္တံ ဂဏှာတီတိ။ ဣဒံ ဓာတုဝသေန အဘိနိဝိဋ္ဌဿ ဘိက္ခုနော ယာဝ အရဟတ္တာ နိဂမနံ။ (အဘိ-ဋ္ဌ-၂-၂၄၁-၂၄၂။) ယောဂါဝစရ ရဟန်းတော်သည် (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ ဓာတ်ကြီးလေးပါးကို စိုက်ရှုလိုက်သော အခါ အဖြူပြင် အကြည်ပြင်တို့ကို တွေ့ရှိရာ ယင်းအဖြူပြင် အကြည်ပြင်တို့၌ ဓာတ်ကြီးလေးပါးကို ဆက်ရှု လိုက်ပါက ရုပ်ကလာပ်အမှုန်များကို စတင်၍ တွေ့ရှိတတ်ပါသည်။ အကယ်၍ ရုပ်ကလာပ်များကို မတွေ့သေး ပါက အာကာသဓာတ်ကို မြင်အောင် ဆက်၍ ရှုခဲ့သော် ရုပ်ကလာပ်အမှုန်များကို တွေ့ရှိမည် ဖြစ်၏။ ယင်း
“如是辨识诸行而住的比丘,在十力者的教法中,名为已经深入根本,名为已经获得立足处,也称为趣向决定的小须陀洹。若又获得适宜的时节、适宜的人物、适宜的食物、适宜的闻法,并在同一座中结跏趺坐,把诸行安立于三相之下,依观智次第审察诸行,便证得阿罗汉果。这是以界为入门的比丘直至阿罗汉果的归结。”(《迷惑冰消》2-241—242。)作者释义:瑜伽行比丘在六门与四十二身分中专注观照四大种时,会见到白色平面与透明平面;若继续在这两种平面中观照四大种,便开始见到色聚微粒。若还未见到色聚,就继续观照,直至看见空界,届时便会见到色聚微粒。这些
(၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ တည်ရှိကြသော ရုပ်ကလာပ်တို့၌ ဓာတ်ကြီးလေးပါး = မဟာဘုတ်လေးပါးကို ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်ပါက (၂၄)မျိုးသော ဥပါဒါရုပ်သည် ထင်ရှားလာ၏။ ပ ။
位于六门与四十二身分中的色聚,若能以智分别其中的四大种,就会有二十四种所造色变得明显。……〔ပ ။,省略〕
ထိုသို့ ထင်ရှားလာရာ အခါ၌ ယောဂါဝစရပုဂ္ဂိုလ်သည် ''မဟာဘုတ်ဓာတ်ကြီးလေးပါးတို့နှင့် (၂၃)မျိုး ကုန်သော (ဟဒယဝတ္ထုကိုပါ ထည့်၍ ရေတွက်သော် ၂၄- မျိုးကုန်သော) ဥပါဒါရုပ်တို့ကား ရူပက္ခန္ဓာတည်း။
如此显明时,瑜伽行者会了知:“四大种以及二十三种所造色〔若把心所依处也计算在内,则为二十四种〕,就是色蕴。”
原书第 453 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- သတိပဋ္ဌာန် (၄)ပါး အခန်း ဤသို့ ရူပက္ခန္ဓာကို ဉာဏ်ဖြင့် ပိုင်းခြားယူလတ်သော် အာယတနဒွါရ၏ အစွမ်းဖြင့် နာမ်ခန္ဓာလေးပါး တို့သည် ထင်ရှားလာကုန်၏။ ဤသို့ သိမ်းဆည်းထားအပ်သော ရုပ်တရား နာမ်တရားသည် ခန္ဓာငါးပါးတို့ ဖြစ် ကြကုန်၏။ ခန္ဓာငါးပါးတို့သည် အာယတန (၁၂)ပါးတို့ ဖြစ်ကြကုန်၏။ အာယတန (၁၂)ပါးတို့သည် ဓာတ် (၁၈)ပါးတို့ ဖြစ်ကြကုန်၏။ ဤသို့လျှင် ခန္ဓာ-အာယတန-ဓာတ်တို့၏ အစွမ်းဖြင့် အစုံဖြစ်သော ထန်းမြစ်ကို ထက်ခြမ်းခွဲလိုက်သကဲ့သို့ နှစ်ဖို့ နှစ်စုတို့ကို ပြု၍ နာမ်ရုပ်ကို ပိုင်းခြားမှတ်သား၏။ (နာမရူပပရိစ္ဆေဒဉာဏ်တည်း၊ ဒိဋ္ဌိဝိသုဒ္ဓိစခန်းတည်း။) ထိုယောဂါဝစရပုဂ္ဂိုလ်သည် ''ဤနာမ်ရုပ်သည် တိုက်ရိုက် ဖြစ်စေတတ်သော ဟေတုအကြောင်း = ဇနက အကြောင်းတရား မရှိမူ၍ အားပေးထောက်ပံ့တတ်သော ပစ္စယအကြောင်း = ဥပတ္ထမ္ဘက အကြောင်းတရား မရှိ
如此以智分别色蕴时,四名蕴便依处门而变得明显。这样摄取的色法与名法就是五蕴;五蕴就是十二处,十二处就是十八界。如此依蕴、处、界,如把一株双生棕榈劈成两半一般,分作色、名两组而分别确定名色。〔这就是名色分别智,也是见清净阶段。〕该瑜伽行者又以智考察:“此名色并非由于没有能直接生起它的因——即能生缘——而生,也并非由于没有给予扶助、支持的缘——即扶助缘——而
မူ၍ ဖြစ်သည်ကား မဟုတ်။ တိုက်ရိုက်ဖြစ်စေတတ်သော ဟေတုအကြောင်း = ဇနကအကြောင်းတရား ထင်ရှား ရှိသည် ဖြစ်၍သာလျှင် အားပေးထောက်ပံ့တတ်သော ပစ္စယအကြောင်းတရား = ဥပတ္ထမ္ဘက အကြောင်းတရား ထင်ရှားရှိသည်ဖြစ်၍သာလျှင် ဖြစ်ပေါ်လာ၏၊ ထိုနာမ်ရုပ်၏ ဟေတုအကြောင်းတရားကား အဘယ်ပါနည်း၊ ပစ္စယ အကြောင်းတရားကား အဘယ်ပါနည်း။ ဤသို့ ဉာဏ်ဖြင့် စူးစမ်းဆင်ခြင်လတ်သော် --- ၁။ အဝိဇ္ဇာဟူသော အကြောင်းကြောင့်လည်းကောင်း၊ ၂။ တဏှာဟူသော အကြောင်းကြောင့်လည်းကောင်း၊ ၃။ ကံဟူသော အကြောင်းကြောင့်လည်းကောင်း၊ ၄။ အာဟာရဟူသော အကြောင်းကြောင့်လည်းကောင်း ဖြစ်ပေါ်လာရ၏။
生。恰恰因为确有直接能生的因——即能生缘——也确有给予扶助、支持的缘——即扶助缘——它才生起。那么,此名色的因是什么?缘又是什么?”如此以智探究时,他了知名色由于:1.无明这一因;2.爱这一因;3.业这一因;4.食这一因而生起。
ဤသို့ ထိုနာမ်ရုပ်၏ အကြောင်းတရားကို ပိုင်းခြားမှတ်သား၍ --- ၁။ အတိတ်၌လည်း အကြောင်းတရားတို့သည်သာလျှင်လည်းကောင်း၊ အကြောင်းတရားတို့ကို စွဲမှီ၍ ဖြစ် ပေါ်လာကြရကုန်သော အကျိုးတရားတို့သည်သာလျှင်လည်းကောင်း ရှိကြကုန်၏။
如此分别确定名色的诸因以后,他如是了知:1.过去只有诸因,以及依这些因而生起的诸果。
၂။ အနာဂတ်၌လည်း အကြောင်းတရားတို့သည်သာလျှင်လည်းကောင်း၊ အကြောင်းတရားတို့ကို စွဲမှီ၍ ဖြစ် ပေါ်လာကြရကုန်သော အကျိုးတရားတို့သည်သာလျှင်လည်းကောင်း ရှိကြကုန်၏။
2.未来也只有诸因,以及依这些因而生起的诸果。
၃။ ယခုပစ္စုပ္ပန်၌လည်း အကြောင်းတရားတို့သည်သာလျှင်လည်းကောင်း၊ အကြောင်းတရားတို့ကို စွဲမှီ၍ ဖြစ် ပေါ်လာကြရကုန်သော အကျိုးတရားတို့သည်သာလျှင်လည်းကောင်း ရှိကြကုန်၏။
3.现在也只有诸因,以及依这些因而生起的诸果。
ထိုအကြောင်းတရား အကျိုးတရားထက် အပိုအလွန် ဖြစ်သော သတ္တဝါသည်လည်းကောင်း၊ ပုဂ္ဂိုလ်သည် လည်းကောင်း မရှိ။ သတ္တဝါ မဖက် သက်သက်သော ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရား အစုအပုံ သက်သက် သာလျှင် ရှိ၏။ ဤသို့လျှင် အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါးတို့၌ သို့လောသို့လော တွေးတောယုံမှားခြင်း ကင်္ခါ = ဝိစိကိစ္ဆာတရားကို ကျော်လွှား လွန်မြောက်၍သွား၏။ (ပစ္စယပရိဂ္ဂဟဉာဏ်တည်း၊ ကင်္ခါဝိတရဏဝိသုဒ္ဓိ စခန်းတည်း။ ပဋိစ္စသမုပ္ပါဒ်ပိုင်းတွင် ထင်ရှားလတ္တံ့။) ဤသည်ကား ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်သော --- သိသင့်သိထိုက်သော --- ၁။ ရုပ်တရား၊ ၂။ နာမ်တရား၊ ၃။ အကြောင်းတရား၊ ၄။ အကျိုးတရားဟူသော သင်္ခါရတရားတို့ကို ---
在这些因法、果法之外,并没有有情,也没有个人;只有完全不与“有情”相涉的色、名、因、果,也就是纯粹的诸行之聚。如此,他便越渡了对于过去、未来、现在三时“是否如此”的疑惑,即疑与疑惑法。〔这就是缘摄受智,也是度疑清净阶段;在缘起部分将会详明。〕这就是知遍知:它能把作为观智所观所缘、应知应见的诸行法——1.色法,2.名法,3.因法,4.果法
原书第 454 页
ပိုင်းပိုင်းခြားခြား ထိုးထိုးထွင်းထွင်း ရှင်းရှင်းလင်းလင်း သိမြင်တတ်သော ကောင်းစွာပိုင်းခြား မှတ်သား တတ်သော (= ရုပ်တရားဟု၊ နာမ်တရားဟု၊ အကြောင်းတရားဟု၊ အကျိုးတရားဟု၊ ဤသို့ စသည်ဖြင့် ကောင်းစွာ ပိုင်းခြား မှတ်သားတတ်သော) ဉာတပရိညာ မည်၏။
逐项分别、洞彻而清楚地知见,并善加分别标识〔即善加分别标识为色法、名法、因法、果法等〕,这称为知遍知。
ဤသို့လျှင် ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့ကို ကောင်းစွာပိုင်းခြား မှတ်သားပြီး၍ တည်နေသော ယောဂါဝစရ ရဟန်းတော်သည် ကိုယ်တော်အား ဆယ်ပါး ဉာဏ်တော်အား ဆယ်ပါးတို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား၏ သာသနာတော်၌ အရင်းအမြစ်သို့ သက်ဝင်၍ တည်နေသည် မည်ပေတော့၏။ (ရုပ်-နာမ် ကြောင်း-ကျိုး = သင်္ခါရတရားတို့ကို ပစ္စယပရိဂ္ဂဟဉာဏ်ဖြင့် သိမ်းဆည်းမိသောအခါ ကင်္ခါဝိတရဏဝိသုဒ္ဓိ ဖြစ်၍ ဗုဒ္ဓမြတ်စွာသာသနာတော်မှ မခွာနိုင်အောင် သာသနာတော်ဝယ် အမြစ်တွယ်ပြီး ဖြစ်တော့သည် --- ဟူလို။) ဗုဒ္ဓမြတ်စွာသာသနာတော်၌ ထောက်ရာတည်ရာကို ရအပ်သည် မည်ပေ၏၊ ကောင်းရာသုဂတိ ဘုံဘဝလျှင် ကိန်းသေမြဲသော လားရာဂတိ ရှိသော စူဠသောတာပန် မည်တော့၏။ (ဤဒိဋ္ဌိဝိသုဒ္ဓိနှင့် ကင်္ခါဝိတရဏဝိသုဒ္ဓိ စခန်းသို့ ဆိုက်ရေးအတွက် သီလဝိသုဒ္ဓိနှင့် စိတ္တဝိသုဒ္ဓိတို့ကို အခြေခံရဦးမည်သာ ဖြစ်သည်။)
如此善加分别标识色、名、因、果诸行法以后,这位瑜伽行比丘便称为已经进入并安住于具足十种身力与十种智力的世尊教法之根本。〔意谓:以缘摄受智摄取色、名、因、果诸行法时,便成就度疑清净,从此在佛陀教法中扎根,不再离开。〕他称为已在佛陀教法中获得依止、获得立足处;又称为小须陀洹,即趣向决定、必定以善趣为去处者。〔为了到达见清净与度疑清净阶段,仍须以戒清净、心清净为基础。〕
ထိုသို့ အရဟတ္တဖိုလ်ကို ရယူနိုင်လောက်သော သဘောရှိသော --- ၁။ ဥတုသပ္ပါယ = လျောက်ပတ်သော ဥတုကိုလည်းကောင်း၊ ၂။ ပုဂ္ဂလသပ္ပါယ = လျောက်ပတ်သော ပုဂ္ဂိုလ်ကိုလည်းကောင်း၊ ၃။ ဘောဇနသပ္ပါယ = လျောက်ပတ်သော ဘောဇဥ်ကိုလည်းကောင်း၊ ၄။ ဓမ္မဿဝနသပ္ပါယ = အနတ္တလက္ခဏသုတ္တန်ကဲ့သို့သော အရဟတ္တဖိုလ်ကို ရနိုင်လောက်သော လျောက်-
如果得到了足以使人证得阿罗汉果的适宜条件:1.时节适宜,即适宜的气候;2.人适宜,即适宜的人;3.食适宜,即适宜的食物;4.闻法适宜,即得以听闻如《无我相经》那样足以使人证得阿罗汉果的
ပတ်သော တရားတော်ကို နာရခြင်းကိုလည်းကောင်း
适宜教法;
ရလတ်သော် တစ်နေရာတည်း၌ တစ်ခုတည်းသော မြတ်သော ထက်ဝယ်တင်ပလဒင်ထိုင်ခြင်းသို့ ရောက် သည် ဖြစ်၍ လက္ခဏာရေးသုံးတန်တို့သို့ တင်၍ သမ္မသနဉာဏ် ဥဒယဗ္ဗယဉာဏ် စသော ဝိပဿနာဉာဏ်စဥ် အတိုင်း ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့ကို လက္ခဏာယာဥ်တင်ကာ သုံးသပ်လတ်သော် အရဟတ္တ- ဖိုလ်ကို ရယူနိုင်ပေ၏။ ဤဆိုအပ်ခဲ့ပြီးသည်ကား ဓာတ်၏အစွမ်းဖြင့် ဓာတ်ကမ္မဋ္ဌာန်းလမ်းစဥ်မှ ဝိပဿနာကို နှလုံးသွင်းသော ယောဂါဝစရ ရဟန်းတော်အား အရဟတ္တဖိုလ်သို့တိုင်အောင် အပြီးအဆုံးသို့ ရောက်စေနိုင် ကြောင်း စကားအစဥ်တည်း။ (အဘိ-ဋ္ဌ-၂-၂၄၁-၂၄၂။) (ဝိပဿနာရှုပုံကား ဝိပဿနာပိုင်းတွင် ထင်ရှားလတ္တံ့၊၊) ဤအထက်ပါ အဋ္ဌကထာတို့၏ ဖွင့်ဆိုချက်ကို အထူးဂရုပြု၍ ဖတ်ရှုကြည့်ပါ။ ဓာတ်ကမ္မဋ္ဌာန်းဟူသည် ဓာတ်လေးပါးချည်းသက်သက် အရဟတ္တဖိုလ်ဆိုက်သည်အထိ တစ်နည်းဆိုသော် မဂ်ဉာဏ် ဖိုလ်ဉာဏ် ဆိုက်သည် အထိ ရှုရသည့် ကမ္မဋ္ဌာန်းမျိုးမဟုတ်ဘဲ ဓာတ်လေးပါးကို ရှုသည့် အဆင့်၊ ရုပ်တရားကို ရှုသည့် အဆင့်၊ နာမ်
获得这些条件以后,他就在同一处进入一次殊胜的结跏趺坐,把诸行法安立于三相之下,再依思惟智、生灭智等观智次第,把色、名、因、果诸行法安立于三相之下而审察,便能证得阿罗汉果。以上所说,就是从界业处的路径入手修观的瑜伽比丘,如何终至阿罗汉果的完整次第。(《迷惑冰消》2-241—242。)〔观禅的观法将在观禅部分详明说明。〕请特别留意阅读上述义注的解释。所谓界业处,并不是只观四界便一直观到阿罗汉果,换言之,也不是只观四界便一直到达道智、果智;它是一种必须依次完成各阶段的业处:观四界、观色法、观名
တရားကို ရှုသည့် အဆင့်၊ အကြောင်းတရားတို့ကို သိမ်းဆည်းရှုပွားရသည့် အဆင့်၊ ဝိပဿနာ ရှုသည့် အဆင့်၊ စသည်ဖြင့် တစ်ဆင့်ပြီး တစ်ဆင့် သိမ်းဆည်းရ ရှုပွားရသည့် လုပ်ငန်းခွင်မျိုးသာ ဖြစ်သည်။
法、摄取因法、修习观禅等;只有如此,才是必须一阶一阶摄取、观修的实践领域。
ထိုကြောင့် ကာယာနုပဿနာ သတိပဋ္ဌာန်ဟူသည် သမာဓိစခန်း၌ အောင်မြင်မှု ရရှိသောအခါ ယင်း သမာဓိကို ဝိပဿနာ၏ အခြေပါဒကပြု၍ ရူပကာယ = ရုပ်တရားအပေါင်းကို အဦးမူသဖြင့် --- ရူပကာယ နာမ ကာယဟူသော ရုပ်နာမ်တို့ကို သိမ်းဆည်းလျက် အကြောင်းတရားကို ရှာဖွေပြီးလျှင် အကြောင်းတရားနှင့်တကွ ထိုရုပ်နာမ်တို့ကို လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်သော သတိပဋ္ဌာန်ပင် ဖြစ်ပေသည်။
因此,所谓身随观念处,是在定的阶段取得成就以后,以该定作为观禅的基础,先从色身——一切色法——入手,摄取色身与名身,也就是色、名二法;继而寻求它们的因法,再把连同因法的这些色名安立于三相之下,修习、审察观禅的念处。
အကြောင်းကား ---
理由如下
原书第 455 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- သတိပဋ္ဌာန် (၄)ပါး အခန်း ၁။ ရုပ်တရားသက်သက်ကို ဝိပဿနာရှုရုံမျှဖြင့်လည်း အရိယမဂ်သို့ မဆိုက်နိုင်။ (ဝုဋ္ဌာနဂါမိနီ ဝိပဿနာ မဖြစ်နိုင်။) ၂။ နာမ်တရားသက်သက်ကို ဝိပဿနာရှုရုံမျှဖြင့်လည်း အရိယမဂ်သို့ မဆိုက်နိုင်။ (ဝုဋ္ဌာနဂါမိနီ ဝိပဿနာ မဖြစ်နိုင်။) (အဘိ-ဋ္ဌ-၁-၂၇ဝ။) ၃။ ကြောင်း-ကျိုး ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ် သဘောတရားတို့ကို အနုဗောဓဉာဏ်၊ ပဋိဝေဓဉာဏ်တို့ဖြင့် မဂ်ဆိုက် ဖိုလ်ဆိုက် ထွင်းဖောက်မသိက သံသရာဝဋ်ဆင်းရဲဒုက္ခမှ မကျော်လွှား မလွန်မြောက်နိုင်။
1.仅仅对色法修观,也不能到达圣道〔不能成为趣向出起观〕。2.仅仅对名法修观,也不能到达圣道〔不能成为趣向出起观〕。(《殊胜义注》1-270。)3.若不以随觉智与通达智亲自现前、洞彻知见因果相联的缘起法,直至证得道、果,便不能超越轮回流转之苦。
(ဒီ-၂-၄၇။ မဟာနိဒါနသုတ်။)
(《长部》2-47,《大因缘经》。)
ဤအကြောင်းတရားများကြောင့် ကာယာနုပဿနာ သတိပဋ္ဌာန်ဟူသည် ရုပ်တရားသက်သက်ကိုသာ နိဗ္ဗာန်ပေါက်ရှုရသည့် သတိပဋ္ဌာန်ကျင့်စဥ် မဟုတ်သည်ကိုကား သဘောပေါက်သင့်လေရာသည်။
基于这些理由,应当明白,所谓身随观念处,并不是一种只观色法便能直通涅槃的念处修行。
ဤ ကာယာနုပဿနာ သတိပဋ္ဌာန်တွင် အကျုံးဝင်သော --- ၁။ ပဋိကူလမနသိကာရပဗ္ဗ = (၃၂)ကောဋ္ဌာသတို့ကို ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလသဘောအားဖြင့် ရှုပွားပုံ အပိုင်း၊ ၂။ နဝသိဝထိကပဗ္ဗ = သုဿန်သင်္ချိုင်းနှင့် စပ်ဆိုင်သော အသုဘအလောင်းကောင် (၉)မျိုးကို အာရုံယူ၍ ရှုရသော အသုဘဘာဝနာ (၉)မျိုး ရှုပွားပုံအပိုင်း၊ ဤအပိုင်းတို့ကို သမထကမ္မဋ္ဌာန်းပိုင်းတွင်လည်းကောင်း၊ ဝိပဿနာပိုင်းတွင်လည်းကောင်း ကြည့်ပါလေ။
身随观念处中还包括:1.不净作意品——依令人厌恶、可憎的不净性观修三十二身分;2.九墓地品——以墓地中的九类不净尸体为所缘,修习九种不净修。这些部分请参见止业处部分与观禅部分。
(သမထကမ္မဋ္ဌာန်း အဖြစ် အားထုတ်ပုံ အပိုင်းကို သမထပိုင်းတွင်လည်းကောင်း၊ ဝိပဿနာကမ္မဋ္ဌာန်း အဖြစ် အားထုတ်ပုံကို ဝိပဿနာပိုင်းတွင်လည်းကောင်း ကြည့်ရှုလေ။)
〔作为止业处精勤修习的方法,请参看止业处部分;作为观业处精勤修习的方法,请参看观禅部分。〕
原书第 456 页
ဝေဒနာနုပဿနာ သတိပဋ္ဌာန် ပထမဆင့်
受随观念处第一阶段
ကထဉ္စ ဘိက္ခဝေ ဘိက္ခု ဝေဒနာသု ဝေဒနာနုပဿီ ဝိဟရတိ။ ဣဓ ဘိက္ခဝေ ဘိက္ခု သုခံ ဝါ ဝေဒနံ ဝေဒယမာနော ''သုခံ ဝေဒနံ ဝေဒယာမီ''တိ ပဇာနာတိ။ ဒုက္ခံ ဝါ ဝေဒနံ ဝေဒယမာနော ''ဒုက္ခံ ဝေဒနံ ဝေဒိယာမီ''တိ ပဇာနာတိ။ အဒုက္ခမသုခံ ဝါ ဝေဒနံ ဝေဒယမာနော ''အဒုက္ခမသုခံ ဝေဒနံ ဝေဒိယာမီ''တိ ပဇာနာတိ။ သာမိသံ ဝါ သုခံ ဝေဒနံ ဝေဒယမာနော ''သာမိသံ သုခံ ဝေဒနံ ဝေဒယာမီ''တိ ပဇာနာတိ၊ နိရာမိသံ ဝါ သုခံ ဝေဒနံ ဝေဒယမာနော ''နိရာမိသံ သုခံ ဝေဒနံ ဝေဒယာမီ''တိ ပဇာနာတိ။
“诸比丘,比丘如何于诸受随观受而住?诸比丘,于此,比丘感受乐受时,了知:‘我感受乐受。’感受苦受时,了知:‘我感受苦受。’感受不苦不乐受时,了知:‘我感受不苦不乐受。’感受有爱染乐受时,了知:‘我感受有爱染乐受。’感受无爱染乐受时,了知:‘我感受无爱染乐受。’”
သာမိသံ ဝါ ဒုက္ခံ ဝေဒနံ ဝေဒယမာနော ''သာမိသံ ဒုက္ခံ ဝေဒနံ ဝေဒယာမီ''တိ ပဇာနာတိ၊ နိရာမိသံ ဝါ ဒုက္ခံ ဝေဒနံ ဝေဒယမာနော ''နိရာမိသံ ဒုက္ခံ ဝေဒနံ ဝေဒယာမီ''တိ ပဇာနာတိ။
“感受有爱染苦受时,了知:‘我感受有爱染苦受。’感受无爱染苦受时,了知:‘我感受无爱染苦受。’”
သာမိသံ ဝါ အဒုက္ခမသုခံ ဝေဒနံ ဝေဒယမာနော ''သာမိသံ အဒုက္ခမသုခံ ဝေဒနံ ဝေဒယာမီ''တိ ပဇာ- နာတိ၊ နိရာမိသံ ဝါ အဒုက္ခမသုခံ ဝေဒနံ ဝေဒယမာနော ''နိရာမိသံ အဒုက္ခမသုခံ ဝေဒနံ ဝေဒယာမီ''တိ ပဇာနာတိ။ (မ-၁-၇၅။) ရဟန်းတို့ …အဘယ်သို့လျှင် ယောဂါဝစရ ရဟန်းသည် ဝေဒနာတို့၌ ဝေဒနာတို့ကို အဖန်ဖန် အထပ်- ထပ် ရှုလေ့ရှိသည် ဖြစ်၍ နေလေသနည်း။ ရဟန်းတို့ …ဤသာသနာတော်၌ ယောဂါဝစရရဟန်းသည် ကာယိ- ကသုခ စေတသိကသုခဟု နှစ်မျိုးပြားသော သုခဝေဒနာကို ခံစားလျှင်လည်း ''သုခဝေဒနာကို ခံစား၏''ဟု သိ၏။ ကာယိကဒုက္ခ စေတသိကဒုက္ခဟု နှစ်မျိုးပြားသော ဒုက္ခဝေဒနာကို ခံစားလျှင်လည်း ''ဒုက္ခဝေဒနာကို ခံစား၏''ဟု သိ၏။ ဒုက္ခလည်း မဟုတ် သုခလည်း မဟုတ်သော အဒုက္ခမသုခ အမည်ရသော အလယ်အလတ် ခံစားမှု = ဥပေက္ခာဝေဒနာကို ခံစားလျှင်လည်း ''ဥပေက္ခာဝေဒနာကို ခံစား၏''ဟု သိ၏။
“感受有爱染不苦不乐受时,了知:‘我感受有爱染不苦不乐受。’感受无爱染不苦不乐受时,了知:‘我感受无爱染不苦不乐受。’”(《中部》1-75。)作者释义:诸比丘,瑜伽行比丘如何于诸受反复随观受而住?诸比丘,在此教法中,瑜伽行比丘感受身乐与心乐这两种乐受时,了知:“我感受乐受。”感受身苦与心苦这两种苦受时,了知:“我感受苦受。”感受既非苦也非乐、称为不苦不乐的中性感受——舍受——时,了知:“我感受舍受。”
ကာမဂုဏ်နှင့် စပ်သော ချမ်းသာသော သုခဝေဒနာကို ခံစားလျှင်လည်း ''ကာမဂုဏ်နှင့် စပ်သော ချမ်း- သာသော သုခဝေဒနာကို ခံစား၏''ဟု သိ၏။ ကာမဂုဏ်နှင့် မစပ်သော ချမ်းသာသော သုခဝေဒနာကို ခံစားလျှင် လည်း ''ကာမဂုဏ်နှင့် မစပ်သော ချမ်းသာသော သုခဝေဒနာကို ခံစား၏''ဟု သိ၏။
感受与五欲功德相应的乐受时,了知:“我感受与五欲功德相应的乐受。”感受不与五欲功德相应的乐受时,了知:“我感受不与五欲功德相应的乐受。”
ကာမဂုဏ်နှင့် စပ်သော ဆင်းရဲသော ဒုက္ခဝေဒနာကို ခံစားလျှင်လည်း ''ကာမဂုဏ်နှင့် စပ်သော ဆင်းရဲသော ဒုက္ခ ဝေဒနာကို ခံစား၏''ဟု သိ၏။ ကာမဂုဏ်နှင့် မစပ်သော ဆင်းရဲသော ဒုက္ခဝေဒနာကို ခံစားလျှင်လည်း ''ကာမဂုဏ်နှင့် မစပ်သော ဆင်းရဲသော ဒုက္ခဝေဒနာကို ခံစား၏''ဟု သိ၏။
感受与五欲功德相应的苦受时,了知:“我感受与五欲功德相应的苦受。”感受不与五欲功德相应的苦受时,了知:“我感受不与五欲功德相应的苦受。”
ကာမဂုဏ်နှင့် စပ်သော ဒုက္ခလည်း မဟုတ် သုခလည်း မဟုတ်သော အဒုက္ခမသုခ အမည်ရသော အလယ် အလတ် ခံစားမှု = ဥပေက္ခာဝေဒနာကို ခံစားလျှင်လည်း ''ကာမဂုဏ်နှင့် စပ်သော ဥပေက္ခာဝေဒနာကို ခံစား၏''ဟု သိ၏။ ကာမဂုဏ်နှင့် မစပ်သော ဒုက္ခလည်း မဟုတ် သုခလည်း မဟုတ်သော အဒုက္ခမသုခ အမည်ရသော အလယ်အလတ် ခံစားမှု = ဥပေက္ခာဝေဒနာကို ခံစားလျှင်လည်း ''ကာမဂုဏ်နှင့် မစပ်သော ဥပေက္ခာဝေဒနာကို ခံစား၏''ဟု သိ၏။ (မ-၁-၇၅။)
感受与五欲功德相应、既非苦也非乐而称为不苦不乐的中性感受——舍受——时,了知:“我感受与五欲功德相应的舍受。”感受不与五欲功德相应、既非苦也非乐而称为不苦不乐的中性感受——舍受——时,了知:“我感受不与五欲功德相应的舍受。”(《中部》1-75。)

本页是帕奥禅师缅文「五大册」第二册(趣向涅槃之道·第二册,书名暂定)的现代汉语全译本,非缩略版、非节译;译者 Dhammesanā。与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。