五蕴即色名二法

《趣向涅槃之道》中文全译本 · 非缩略版

威仪章与正知章 · 原书第 351–353 页 · 19 个翻译单元

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 351 页
ခန္ဓာငါးပါး = ရုပ် + နာမ် နှစ်ပါး
五蕴即色名二法
''ဂစ္ဆာမီ''တိ စိတ္တံ ဥပ္ပဇ္ဇတိ၊ တံ ဝါယံ ဇနေတိ၊ ဝါယော ဝိညတ္တိံ ဇနေတိ၊ စိတ္တကိရိယဝါယောဓာတုဝိပ္ဖါရေန သကလကာယဿ ပုရတော အဘိနီဟာရော ဂမနန္တိ ဝုစ္စတိ။ ဌာနာဒီသုပိ ဧသေဝ နယော။ (မ-ဋ္ဌ-၁-၂၅၆။) ဝါယံ ဇနေတီတိ ဝါယောဓာတုအဓိကံ ရူပကလာပံ ဇနေတိ။ (မ-ဋီ-၁-၃၅၂။) = သွားလိုသော စိတ်သည် ဖြစ်ပေါ်လာ၏၊ ထိုစိတ်သည် ဝါယောဓာတ်ကို ဖြစ်စေ၏ = ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ရုပ်ကလာပ်ကို = ရုပ်တရားအပေါင်းကို ဖြစ်စေ၏။ ယင်းဝါယောဓာတ် သည် ဝိညတ်ရုပ်ကို ဖြစ်စေ၏။ စိတ်ကြောင့်ဖြစ်သော ဝါယောဓာတ်၏ တစ်ကိုယ်လုံးသို့ ပျံ့နှံ့၍သွားခြင်းကြောင့် တစ်နည်းဆိုရသော် စိတ်ကြောင့်ဖြစ်သော ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ရုပ်ကလာပ် အပေါင်း၏ တစ်ကိုယ်လုံးသို့ ပျံ့နှံ့၍သွားခြင်းကြောင့် အလုံးစုံသော စတုသမုဋ္ဌာနိက ရူပကာယ = ရုပ်တရား အပေါင်း၏ ရှေ့သို့ သယ်ဆောင်သော အခြင်းအရာအားဖြင့် ဖြစ်ခြင်းကို သွားခြင်းဟူ၍ ခေါ်ဆိုအပ်ပေ၏။
“‘我要行走’之心生起;该心令风界生起,风界令身表生起;由于心的作用所生风界之活动,把全身向前引导,这称为行走。对于站立等也依同一方法理解。”(《中部义注》1“所谓‘令风生起’,是指令风界偏胜的色聚生起。”(《中部复注》1-352。)也就是说,欲行之心生起;该心令风界生起,即令风界自性力偏胜的色聚——一切色法——生起。该风界令身表色生起。由于心所生的风界遍满全身,换言之,由于心所生、风界自性力偏胜的诸色聚遍满全身,整个四因所生色身——一切色法——便以被向前运载的形态生起;这称为行走。
ရပ်ခြင်း စသည်တို့၌လည်း ဤနည်းပင်တည်း။ (မ-ဋ္ဌ-၁-၂၅၆။) အသင်သူတော်ကောင်းသည် အထက်ပါ အဋ္ဌကထာ ဋီကာစကားရပ်တို့ကို စေ့စေ့ငုငု ဖတ်ရှုကြည့်ပါ။
对于站立等也依同一方法理解。(《中部义注》1-256。)贤善者,请仔细研读上述义注与复注文句。
၁။ ရှေးဦးစွာ သွားလိုသော စိတ်ကို ဉာဏ်ဖြင့်မြင်အောင် ရှုရမည် ဖြစ်၏။
1.首先,应以智慧观见欲行之心。
၂။ ထိုသွားလိုသော စိတ်ကြောင့် ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ရုပ်ကလာပ်အ- ပေါင်း၏ = ရုပ်တရားအပေါင်း၏ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားမှုကို ဉာဏ်ဖြင့်မြင်အောင် သိမ်းဆည်း ရှုပွားရမည် ဖြစ်၏။
2.应当辨识、观修,以智慧观见:由这欲行之心所生、风界自性力偏胜的诸色聚——一切色法——如何遍满全身。
၃။ ထိုသဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ဝါယောဓာတ်က တစ်နည်းဆိုရသော် ဝါယောဓာတ်၏ သဘာဝ သတ္တိစွမ်းအင် လွန်ကဲနေသော မဟာဘုတ်ဓာတ် (၄)ပါးက သွားမည့် ကိုယ်အမူအရာ သွားသည့် ကိုယ်အမူအရာ ဝိညတ်ရုပ်ကို ဖြစ်စေမှုကို ဉာဏ်ဖြင့်မြင်အောင် ရှုရမည် ဖြစ်သည်။
3.应以智慧观见:自性力偏胜的风界——换言之,风界自性力偏胜的四大种——如何产生表示将要行走、正在行走之身体姿态的身表色。
原书第 352 页
၄။ စိတ်ကြောင့်ဖြစ်သော ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ရုပ်ကလာပ်အပေါင်း ရုပ်တရားအပေါင်း၏ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားခြင်းကြောင့် အလုံးစုံသော စတုသမုဋ္ဌာနိက ရူပကာယ = ရုပ်တရား အပေါင်း၏ ရှေ့သို့ သယ်ဆောင်ခံရသော အခြင်းအရာအားဖြင့် ဖြစ်နေပုံကို ဉာဏ်ဖြင့်မြင်အောင် ဆက်ရှုရမည် ဖြစ်၏။
4.接着应以智慧观见:由于心所生、风界自性力偏胜的诸色聚——一切色法——遍满全身,整个四因所生色身——一切色法——如何以被向前运载的形态生起。
တစ်နည်းဆိုရသော် --- ၁။ သွားလိုသော စိတ်ကို ဉာဏ်ဖြင့်မြင်အောင် ရှုပါ။
换一种方式来说:1.以智慧观见欲行之心。
၂။ ယင်းစိတ်ကြောင့် ဖြစ်ပေါ်လာကြသော ကာယဝိညတ္တိနဝက ကလာပ်၊ ကာယဝိညတ္တိလဟုတာဒိဒွါဒသက ကလာပ်တို့၏ တစ်ကိုယ်လုံးသို့ ပျံ့နှံ့၍ ဖြစ်နေပုံကို ဉာဏ်ဖြင့်မြင်အောင် ရှုပါ။ ဤရုပ်တို့ကား သယ်ဆောင် တတ်သော ရုပ်တို့တည်း၊ ပဓာန = ပြဓာန်းသော ရုပ်တို့တည်း။
2.以智慧观见:由这欲行之心所生的身表九法聚,以及身表、轻快性等十二法聚,如何遍满全身而生起。这些色法是能运载之色,也就是居于主导的色法。
၃။ (၆)ဒွါရ၊ (၄၂)ကောဋ္ဌာသတို့၌ တည်ရှိကြသော စတုသမုဋ္ဌာနိက ရူပကာယရုပ်တရားအပေါင်းကို ဉာဏ်ဖြင့် မြင်အောင်ရှုပါ။ ယင်းရုပ်တို့ကား အသယ်ဆောင်ခံရသော ရုပ်တို့တည်း၊ အပ္ပဓာန = မပြဓာန်းသော ရုပ်တို့တည်း။
3.以智慧观见存在于六门与四十二身分中的整个四因所生色身——一切色法。这些色法是所运载之色,也就是居于非主导的色法。
သွားလိုသော စိတ်
欲行之心
မနောဒွါရာဝဇ္ဇန်း၊ ကာမာဝစရကုသိုလ်ဇောနှင့် အကုသိုလ်ဇောတို့ကား ပုထုဇန်နှင့် သေက္ခပုဂ္ဂိုလ်တို့အတွက် သွားလိုသော စိတ်များ ဖြစ်ကြ၏။ သေက္ခအရိယာသူတော်ကောင်းတို့၌ ပယ်ပြီးကိလေသာများကို ပယ်နှုတ်ပါ။
意门转向心、欲界善速行与不善速行,对于凡夫与有学而言,都可以成为欲行之心。至于有学圣者,应从中排除与其已经断除之烦恼相应的那些不善心。
ဣရိယာပထ ဝိညတ်ရုပ်ကို ဖြစ်စေသော ယင်းစိတ်တို့မှာ မနောဒွါရိကဇောဝီထိစိတ်အစဥ်တို့သာ ဖြစ်ကြ၏။
这些能产生威仪身表色的心,都只在意门速行心路的心相续中生起。
စိတ်တို့ မည်သည် စိတ်တစ်ခုတည်း သက်သက် စေတသိက်တို့ မပါဘဲ ဖြစ်နိုင်ရိုး ဓမ္မတာ မရှိကြပေ။
心绝不可能脱离心所、单独生起。
စေတသိက်တို့နှင့်သာ ထိုက်သလို ယှဥ်တွဲ၍ အမြဲတမ်း ဖြစ်ကြရ၏။ သို့အတွက် စိတ်ကို ဉာဏ်ဖြင့်မြင်အောင် ရှုရာဝယ် ''တစ်နွယ်ငင် တစ်စင်ပါ''ဟူ၏သို့ ယှဥ်ဖက်စေတသိက်တို့ကိုပါ ဉာဏ်ဖြင့်မြင်အောင် သိမ်းဆည်းရမည် ဖြစ်ပေသည်။
心必定恒常与相应的心所适当地结合而生。因此,以智慧观见心时,正如“牵动一根藤,整座架子也随之而来”,也必须辨识与该心相应的心所,以智慧观见它们。
ယဿ ဝိညာဏံ ပါကဋံ ဟောတိ၊ သော ''န ကေဝလံ ဝိညာဏေမေဝ ဥပ္ပဇ္ဇတိ၊ တေန သဒ္ဓိံ တဒေဝါရမ္မဏံ ဖုသမာနော ဖဿောပိ ဥပ္ပဇ္ဇတိ၊ အနုဘဝမာနာ ဝေဒနာပိ၊ သဉ္ဇာနနမာနာ သညာပိ၊ စေတယမာနာ စေတနာပိ ဥပ္ပဇ္ဇတီ''တိ ဖဿပဉ္စမကေယေဝ ပရိဂ္ဂဏှာတိ။ (မ-ဋ္ဌ-၁-၂၈ဝ-၂၈၁။) ဤအထက်ပါ အဋ္ဌကထာကြီးတို့၏ ဖွင့်ဆိုတော်မူချက်နှင့်အညီ အသိစိတ်ဝိညာဏ်သည် တစ်ခုတည်း သက်သက်သာ ဖြစ်နေသည် မဟုတ်သဖြင့် ထိုအသိစိတ်ဝိညာဏ်နှင့် စိတ္တက္ခဏတစ်ခု၏ အတွင်း၌ အတူယှဥ်တွဲ၍ ဖြစ်ပေါ်သွားကြကုန်သော ဖဿပဉ္စမကတရား ဦးဆောင်နေသည့် နာမ်တရားစုတို့ကိုပင် သိမ်းဆည်းရမည် ဉာဏ် ဖြင့် ပိုင်းခြားယူရမည် ဖြစ်သည်။ ယင်းနာမ်တရားစုတို့မှာလည်း စိတ္တနိယာမခေါ်သည့် စိတ်တို့၏ ဖြစ်ရိုးဖြစ်စဥ် ဝီထိခေါ်သည့် လမ်းကြောင်းအတိုင်းသာ ဖြစ်ရိုးဓမ္မတာ ရှိကြသဖြင့် ဤ၌ သွားလိုသောစိတ် ပြဓာန်းနေသော မနောဒွါရိကဇောဝီထိစိတ်အစဥ်တို့သာ ဖြစ်ကြသည်။
“对于识已经显明的人,他会如此摄取触等五法:‘并非只有识生起;与识一同、触及同一所缘的触也生起,正在领受的受也生起,正在标记识别的想也生起,正在思作的思也生起。’”(《中部义注》1-280—281。)依照上述义注的解释,由于识知之心并非独自生起,所以必须辨识由触等五法为首、在同一心刹那中与该识知之心相应而生的名法聚,并以智慧分别取出。这些名法聚也只依心定律所规定的心之自然次第,循着称为“心路”的轨道生起;因此,这里所指只是由欲行之心居于主导的意门速行心路心相续。
၁။ အထက်တွင် ဖော်ပြခဲ့သော ပဓာန = ပြဓာန်းသော ရုပ်တရားများနှင့် အပ္ပဓာန = မပြဓာန်းသော ရုပ်တရား တို့ကား --- ရုပ် ၂။ သွားလိုသော စိတ်-စေတသိက်တို့ကား --- နာမ် ဤရုပ်နှင့် နာမ်တို့ကို သိမ်းဆည်းရမည် ဖြစ်၏။
1.上文所说居于主导与居于非主导的诸色法,是色;2.欲行之心及其相应心所,是名。应当辨识这些色与名。
原书第 353 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- ဣရိယာပထ အခန်းနှင့် သမ္ပဇဥ် အခန်း တစ်ဖန် ယင်းရုပ်နာမ်တို့တွင် --- ၁။ ရုပ်တရားကား ရူပက္ခန္ဓာ ၂။ ဝေဒနာကား ဝေဒနာက္ခန္ဓာ ၃။ သညာကား သညာက္ခန္ဓာ ၄။ ဝေဒနာ သညာမှတစ်ပါး ကျန်စေတသိက်တရားစုက သင်္ခါရက္ခန္ဓာ ၅။ အသိစိတ်က ဝိညာဏက္ခန္ဓာ --- ဤသို့လျှင် ခန္ဓာ (၅)ပါး ဖြစ်ပေသည်။
再者,在这些色、名法中:1.色法是色蕴;2.受是受蕴;3.想是想蕴;4.除受与想以外的其余心所法聚是行蕴;5.识知之心是识蕴。这样便构成五蕴。
မနောဒွါရာဝဇ္ဇန်း၌ ခန္ဓာ (၅)ပါး၊ ဇော အသီးအသီး၌ ခန္ဓာ (၅)ပါးစီ --- ဤသို့ မြင်အောင် ဉာဏ်ဖြင့် ပိုင်းခြားယူပါ သိမ်းဆည်းပါ။ 〔ဝေဒနာ သညာမှ ကြွင်းကျန်သော စေတသိက်ဟူသမျှသည် သင်္ခါရက္ခန္ဓာ အမည် ရသဖြင့် စိတ္တက္ခဏတိုင်း၌ အတူယှဥ်တွဲ ဖြစ်ကြသည့် စေတသိက် အရေအတွက်သို့ လိုက်၍ သင်္ခါရက္ခန္ဓာ၌ စေတသိက် အရေအတွက်မှာ အတိုးအဆုတ် ရှိပေသည်။ မနောဒွါရာဝဇ္ဇန်း၌ စိတ်+စေတသိက် = နာမ်တရား (၁၂)လုံး ရှိသဖြင့် ဝေဒနာ သညာ ဝိညာဏ်မှ ကြွင်းသော စေတသိက် (၉)လုံးသည် သင်္ခါရက္ခန္ဓာ မည်၏။ ဇော သည် အကယ်၍ ကုသိုလ်ဇော ဖြစ်အံ့ --- နာမ်တရား (၃၄)လုံး ရှိအံ့၊ ဝေဒနာ သညာ ဝိညာဏ်မှ ကြွင်းကျန်သော စေတသိက် (၃၁)လုံးသည် သင်္ခါရက္ခန္ဓာ မည်၏။ ဤသို့ စသည်ဖြင့် သဘောပေါက်ပါလေ။〕
应以智慧分别取出并辨识:意门转向心的一个心刹那有五蕴,每一个速行心刹那也各有五蕴。〔除受、想以外的一切其余心所都名为行蕴;因此,行蕴中所含心所的数量,会随着每一心刹那中相应生起的心所数量而有增减。意门转向心有心与心所共十二种名法,除去受、想与识以后,其余九个心所名为行蕴。若速行是善速行而有三十四种名法,除去受、想与识以后,其余三十一个心所名为行蕴。其余应依此类推而理解。〕

本页是帕奥禅师缅文「五大册」第二册(趣向涅槃之道·第二册,书名暂定)的现代汉语全译本,非缩略版、非节译;译者 Dhammesanā。与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。