摄取离心所与无量心所名法的方法
《趣向涅槃之道》中文全译本 · 非缩略版
非色把握章 · 原书第 193–212 页 · 204 个翻译单元
本页并入了原书的相邻小节:摄取善组名法。
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书第 193 页
ဝိရတိ အပ္ပမညာ နာမ်တရားတို့ကို သိမ်းဆည်းပုံ
摄取离心所与无量心所名法的方法
ဝိရတိ စေတသိက် (၃) မျိုး
三种离心所
ဤတွင် ဆက်လက်၍ ဝိရတိစေတသိက်တို့ ပါဝင်ယှဥ်တွဲလျက်ရှိသော နာမ်တရားစုတို့ကို သိမ်းဆည်း ရှုပွားပုံကို ဖော်ပြအပ်ပါသည်။ ဤ ဝိရတိ စေတသိက်တို့ကား ဝိရမိတဗ္ဗဝတ္ထု ဟူသော ရှောင်ကြဥ်ထိုက်သော ဝတ္ထုကို အာရုံပြုကြ၏။ ယင်းဝိရတိစေတသိက်တို့၏ ရှောင်ကြဥ်ထိုက်သော ဝတ္ထု သို့မဟုတ် ဝီတိက္ကမိတဗ္ဗဝတ္ထု (= လွန်ကျူးထိုက်သောဝတ္ထု) တို့မှာ စေတသိက် တစ်ခုနှင့် တစ်ခု၌ မတူညီကြပေ။
现在继续说明怎样摄取、观修与离心所相应而生的名法组。离心所取 viramitabba-vatthu,即“应远离之事”为所缘。各个离心所应远离之事,或称 vītikkamitabba-vatthu,即“可违犯之事”,彼此并不相同。
ဤ၌ ဒုစရိုက် ဒုရာဇီဝတို့ကို ပြုခွင့်ကြုံလျက် မပြုကျင့်မှုကို ''ရှောင်ကြဥ်''ဟု ခေါ်၏။ ဤသို့ ရှောင်ကြဥ် ရမည့် အာရုံများမှာ ဝိရတိစေတသိက်တို့ဝယ် မတူညီကြပေ။ သို့အတွက် လောကီအရာဝယ် ယင်းဝိရတိ စေတသိက်တို့သည် စိတ္တက္ခဏတစ်ခု၏ အတွင်း၌ အတူယှဥ်တွဲ၍ ဖြစ်နိုင်စွမ်း မရှိကြပေ။
这里,在有机会造作恶行或恶命时仍不去造作,就称为“远离”。三种离心所各自所应远离的所缘不同;因此,在世间法中,这些离心所不能在同一个心刹那内共同相应生起。
သမ္မာဝါစာဟူသည် ဝစီဒုစရိုက်ကို ပြုခွင့်ကြုံလျက် မပြုမကျင့် ရှောင်ကြဥ်ခြင်းသဘော ဖြစ်၏။ သမ္မာ ကမ္မန္တဟူသည် ကာယဒုစရိုက်ကို ပြုခွင့်ကြုံလျက် မပြုမကျင့် ရှောင်ကြဥ်ခြင်းသဘော ဖြစ်၏။ သမ္မာအာဇီဝ ဟူသည် ဒုရာဇီဝ မိစ္ဆာဇီဝဟူသော မှားယွင်းသော အသက်မွေးဝမ်းကြောင်း လုပ်ငန်းရပ်ကို ပြုခွင့်ကြုံလျက် မပြုမကျင့် ရှောင်ကြဥ်ခြင်းသဘော ဖြစ်၏။ ဤသို့လျှင် ရှောင်ကြဥ်ရမည့် အာရုံချင်း မတူညီကြသဖြင့် စိတ္တက္ခဏ တစ်ခု၏ အတွင်း၌ ယင်းဝိရတိ (၃)မျိုးတို့သည် အတူယှဥ်တွဲ၍ မဖြစ်နိုင်ကြခြင်း ဖြစ်၏။
所谓正语,是在有机会造作语恶行时,不造作而远离的性质。所谓正业,是在有机会造作身恶行时,不造作而远离的性质。所谓正命,是在有机会从事称为恶命(durājīva)、邪命(micchājīva)的错误谋生活动时,不去从事而远离的性质。正因为三者所远离的所缘不同,这三种离便不能在同一个心刹那内共同相应生起。
ဒုစရိုက် နှင့် ဒုရာဇီဝ
恶行与恶命
ဤဝိရတိ အရာဝယ် ဒုစရိုက်သည် ကာယဒုစရိုက် ဝစီဒုစရိုက်ဟု (၂)မျိုး ရှိ၏။ ထို ဒုစရိုက် (၂)မျိုးလုံးပင် အသက်မွေးဝမ်းကြောင်းနှင့် ဆက်သွယ်နေလျှင် ဒုရာဇီဝ (= မကောင်းသော အသက်မွေးမှု) ဟု ခေါ်သည်။
在离心所这一论题中,恶行分为身恶行与语恶行两种。这两类恶行只要与谋生相联系,就称为 durājīva,即恶命(不善谋生)。
မုဆိုးတံငါလုပ်၍လည်းကောင်း၊ ခိုးသားဓားပြလုပ်၍လည်းကောင်း၊ တစ်စုံတစ်ယောက်က ငွေပေးသဖြင့် ဝမ်းရေးအတွက် မိစ္ဆာစာရမှုကို ပြုသော်လည်းကောင်း --- ထို ကာယဒုစရိုက်များသည် မကောင်းသဖြင့် အသက် မွေးမှု ဒုရာဇီဝချည်းတည်း။
以狩猎、捕鱼为业,以偷盗、抢劫为业,或受人给钱、为了糊口而行邪淫——这些身恶行全都是与谋生相连的恶命。
လိမ်လည်လှည့်ဖြား မတရားရှေ့နေလုပ်၍ အသက်မွေးသော်လည်းကောင်း၊ သူတစ်ပါးက ငွေပေးသဖြင့် အသက်မွေးဝမ်းကြောင်းအတွက် ရန်တိုက်ပေးမှု ဆဲရေးမှု ပြုသော်လည်းကောင်း၊ ပြိန်ဖျင်းသော စကားများကို ပြောလျက် အသက်မွေးသော်လည်းကောင်း --- ထိုဝစီဒုစရိုက်များသည် ဒုရာဇီဝ မည်၏။
靠欺骗、颠倒是非而做不正当的诉讼代理谋生;受人给钱,为了谋生而挑拨争斗、辱骂;或靠说种种无益而琐碎的话谋生——这些语恶行称为恶命。
ရဟန်းတော်များ၏ ပစ္စည်းလေးပါး ရမှုအတွက် မပေးသင့် မပေးထိုက် မပြုသင့် မပြုထိုက် မကျင့်သင့် မကျင့်ထိုက်သော ဒါယကာ ဒါယိကာမတို့ အပေါ်၌ သစ်သီးပေးခြင်း ပန်းပေးခြင်း ဆေးကုခြင်း ဗေဒင်ဟောခြင်း စသော အမှုတို့ကို ပြုကျင့်ခဲ့သော် ထိုအမှုတို့ကား ကုလဒူသန၊ အနေသန၊ မိစ္ဆာဇီဝအမှုတို့တည်း။ ယင်း ကုလ ဒူသန၊ အနေသန၊ မိစ္ဆာဇီဝမှုတို့ကြောင့် ရရှိလာသော ပစ္စည်းလေးပါးတို့ကို ရဟန်းတော်များ သုံးစွဲခဲ့လျှင် မကောင်းသဖြင့် အသက်မွေးခြင်း ဒုရာဇီဝ ဖြစ်သည်။
比丘若为了获得四种资具,对男女施主做出不应给予、不应做、不应从事的事,例如赠送果实、赠送花、替人治病、占卜算命等,这些就是 kuladūsana(污家)、anesanā(非法求取)和 micchājīva(邪命)的行为。比丘若受用由污家、非法求取、邪命所得的四种资具,就是恶命(durājīva)。
ကုလဒူသန --- ရတနာသုံးပါးတို့၏ ဂုဏ်တော် ကျေးဇူးတော် အပေါ်၌လည်းကောင်း၊ ကံ-ကံ၏အကျိုး တရား စသည်တို့ အပေါ်၌လည်းကောင်း သက်ဝင် ယုံကြည်နေသော သဒ္ဓါတရားကား သဒ္ဓါစစ် သဒ္ဓါမှန်တည်း။
kuladūsana(污家)——对于三宝的功德与恩德,以及业与业果等法深信不疑的信,才是真实、正确的信。
ယင်း သဒ္ဓါစစ် သဒ္ဓါမှန် တည်ရှိနေသော ဒါယကာ ဒါယိကာမတို့ အပေါ်၌ သစ်သီးပေးခြင်း ပန်းပေးခြင်း ဆေးကုခြင်း ဗေဒင်ဟောခြင်း စသည့် အမှုတို့ကို ပြုကျင့်ခဲ့သော် ထိုသို့ ပြုကျင့်လိုက်သဖြင့် ပြုကျင့်သော ရဟန်း
对于原本具有这种真实、正确之信的男女施主,若比丘向他们赠送果实、赠送花、替人治病、占卜算命等;施主若因此而对实行这些事的比丘
原书第 194 页
တော်၏ အပေါ်၌ ထိုဒါယကာ ဒါယိကာမတို့က ကြည်ညိုခဲ့သော် ထိုဒါယကာ ဒါယိကာမတို့၏ သဒ္ဓါစစ် သဒ္ဓါ မှန်ကား ပျက်စီးသွား၏။ သံဃာတော်၏ သံသရာဝဋ်မှ ထွက်မြောက်ကြောင်း နိယျာနိက တရားကောင်းဖြစ်သည့် မဂ္ဂင် (၈)ပါး အကျင့်မြတ်တရားကို ဖြောင့်စင်း ဖြူစင်စွာ ကျင့်တော်မူခြင်း = သုပ္ပဋိပ္ပန္နစသော ဂုဏ်ကို ကြည်ညို နေသော စစ်မှန်သော သဒ္ဓါ မဟုတ်တော့ဘဲ သစ်သီးပေးခြင်း ပန်းပေးခြင်း စသော အမှုတို့ကြောင့် ထိုရဟန်း အပေါ်၌ ကြည်ညိုသော စိတ်ထားဖြစ်သွား၏။ ဤသို့လျှင် သစ်သီးပေးခြင်း ပန်းပေးခြင်း စသော အမှုတို့သည် ဒါယကာ ဒါယိကာမတို့၏ စစ်မှန်သော သဒ္ဓါစစ် သဒ္ဓါမှန်ကို ပျက်စီးသွားအောင် ဖျက်ဆီးတတ်သော လုပ်ငန်းရပ် ဖြစ်ခြင်းကြောင့် ကုလဒူသနအမှု မည်၏။
生起恭敬,那么这些施主原有的真实、正确之信就遭到破坏。他们不再是因为僧团正直、清净地修习能导向出离轮回的善法——八支圣道——而信敬其“善行道”(suppaṭipanna)等僧德,反而变成因为赠果、赠花等私惠而恭敬那位比丘。可见,赠果、赠花等行为会破坏男女施主真实、正确的信,故称为 kuladūsana,即污家之行。
အနေသန --- ယင်း သစ်သီးပေးခြင်း ပန်းပေးခြင်း ဒါယကာ ဒါယိကာမတို့ကို အလိုလိုက် အကြိုက်ဆောင်၍ မြှောက်ပင့် ပြောဆိုခြင်းစသော အမှုတို့ကို ပြုကျင့်လျက် ရဟန်းတော်များသည် ပစ္စည်းလေးပါးကို ရှာဖွေခဲ့သော် ပစ္စည်းလေးပါးကို မအပ်သော နည်းဖြင့် ရှာဖွေခြင်း အနေသန မည်၏။
anesanā(非法求取)——比丘以赠果、赠花、迎合男女施主、投其所好、奉承吹捧等方式寻求四种资具,就是以不适当的方法寻求资具,称为 anesanā。
မိစ္ဆာဇီဝ --- စျာန် မဂ်ဖိုလ် နိဗ္ဗာန်ကို မရရှိပါဘဲလျက်၊ တရားစစ် တရားမှန် မရရှိပါဘဲလျက် ရရှိ၏ဟု ဝါကြွားပလွှား ပြောကြားခြင်းဖြင့် ပစ္စည်းလေးပါးကို ရရှိအောင် ရှာဖွေခြင်း၊ အောင်တမန်မှုကို ပြုကျင့်ခြင်းဖြင့် ပစ္စည်းလေးပါးကို ရှာဖွေခြင်း၊ ဆွေမျိုး မတော်စပ်သော ပစ္စည်းလေးပါးကို ဖိတ်ကြားထားသူ မဟုတ်သော ဒါယကာ ဒါယိကာမတို့ အထံ၌ ပစ္စည်းလေးပါးကို မအပ်သော တောင်းခံနည်းဖြင့် ရရှိအောင် ရှာဖွေခြင်း စသည်တို့ကား မိစ္ဆာဇီဝတို့ပင်တည်း။
micchājīva(邪命)——其实并未证得禅那、道、果、涅槃或真实之法,却夸耀宣称自己已经证得,借此谋求四种资具;替人充当使者、传话奔走,以此谋求四种资具;向既非亲属、也未曾向自己作过资具邀请的男女施主,以不适当的方式索求资具——这类行为都属于邪命。
ရဟန်းတော်များအဖို့ ယင်း ကုလဒူသန၊ အနေသန၊ မိစ္ဆာဇီဝမှုတို့ကြောင့် ရရှိလာသော ပစ္စည်းလေးပါးတို့ကို သုံးစွဲခြင်းသည်လည်း ဒုရာဇီဝပင် ဖြစ်သည်။ ထိုကဲ့သို့ အသက်မွေးမှုနှင့် မဆက်သွယ်ဘဲ မုန်း၍ သတ်ခြင်း ဝါသနာပါ၍ တောလိုက်ခြင်း၊ ငါးမျှားခြင်း၊ သက်သက်လိမ်ခြင်း စသည်တို့သည်ကား ကာယဒုစရိုက် ဝစီဒုစရိုက် သာဖြစ်သည်။ မကောင်းသဖြင့် အသက်မွေးခြင်းဟူသော ဒုရာဇီဝ မဖြစ်ပေ။
对于比丘,受用由污家、非法求取、邪命所得的四种资具,也是恶命(durājīva)。反之,若行为不与谋生相连,例如出于憎恨而杀生,出于嗜好而狩猎、钓鱼,或只是故意说谎等,就只是身恶行或语恶行,并不是“以恶法谋生”意义上的 durājīva。
သမ္မာဝါစာ
正语
သမ္မာဝါစာသည် ကထာသမ္မာဝါစာ၊ စေတနာသမ္မာဝါစာ၊ ဝိရတိသမ္မာဝါစာအားဖြင့် (၃)မျိုး ရှိ၏။ ထို (၃)မျိုးတို့တွင် --- ၁။ အကြောင်း အကျိုးနှင့် စပ်၍ အပြစ်ကင်းလတ်ကောင်းမြတ်သော စကားသံသည် ကထာသမ္မာဝါစာ မည်၏။
正语可分为 kathā-sammāvācā(言说正语)、cetanā-sammāvācā(思正语)和 virati-sammāvācā(离正语)三种。其中:1.与因果相应、无过而善美的言语声,称为言说正语。
၂။ ထိုအပြစ်ကင်းလတ် ကောင်းမြတ်သော စကားကို ပြောဆိုကြောင်းဖြစ်သော ဝုဋ္ဌော၊ အဘိညာဏ်ဇော၊ မဟာကုသိုလ်ဇော၊ မဟာကြိယာဇောနှင့် ယှဥ်သော စေတနာသည် စေတနာသမ္မာဝါစာ မည်၏။
2.作为说出这种无过善语之因,并与确定心、神通速行、大善速行或大唯作速行相应的思,称为思正语。
၃။ တစ်စုံတစ်ခု အမှုအတွက် လိမ်လည် လှည့်ပတ်ဖို့ရန်အချက် ပေါ်ပေါက်နေရာ၌ ထိုလိမ်လည်မှု ဝစီဒုစရိုက် မှ ရှောင်ကြဥ်၍ မှန်ကန်သော စကားကို ပြောဆိုလိုက်လျှင် ထိုပြောဆိုကြောင်း စိတ္တုပ္ပါဒ်၌လည်းကောင်း၊ သို့မဟုတ် မလိမ်ဘဲ ဆိတ်ဆိတ်နေခဲ့လျှင် ထိုဆိတ်ဆိတ်နေကြောင်း စိတ္တုပ္ပါဒ်၌လည်းကောင်း ရှောင်ကြဥ်မှု (= ဝိရတိ) သဘောတရားသည် ပါဝင်လျက် ရှိ၏။ ထိုရှောင်ကြဥ်မှုသဘောတရားကိုသာ ဝိရတိ သမ္မာ ဝါစာဟု ဆိုရလေသည်။ ဤ သမ္မာဝါစာဝိရတိဖြင့် ရှောင်ကြဥ်ထိုက်သော ဝစီဒုစရိုက် အားလုံးသည် အသက်မွေးဝမ်းကြောင်းနှင့် ဆက်သွယ်ခြင်း မရှိစေရ။
3.当某件事情中出现了欺骗说谎的机会,如果远离这一语恶行而说出真实的话,那么发出真实话语的那一心生起中含有远离,即 virati;或者不说谎而保持沉默,那么保持沉默的那一心生起中也含有这种远离。只有这一远离的性质,才称为 virati-sammāvācā,即离正语。凡由这种正语之离所远离的语恶行,都必须与谋生无关。
သို့အတွက် အသက်မွေးဝမ်းကြောင်းနှင့် မစပ်ဆိုင်သော ဝစီဒုစရိုက် (၄)ပါးတို့တွင် တစ်ပါးပါးမှ ရှောင် ကြဥ်ခြင်း သဘောတရားသည် သမ္မာဝါစာ မည်၏ဟု အတိုကောက် မှတ်သားထားပါ။
因此,应简要记住:远离四种与谋生无关的语恶行中任何一种的性质,就称为正语。
原书第 195 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- အရူပပရိဂ္ဂဟ အခန်း ဤ ဝိရတိ စေတသိက်တို့ကို သိမ်းဆည်း ရှုပွားရာ၌ ရှုကွက်မှာ အနည်းငယ် ခက်ခဲသည်ကို တွေ့ရ၏။
摄取、观修这些离心所时,可以看出其观法稍有困难。
ယင်း စေတသိက်များသည် ပစ္စုပ္ပန် ဝီတိက္ကမိတဗ္ဗဝတ္ထု ဟူသော ဒုစရိုက်၏ တည်ရာ ဝတ္ထုများ ဖြစ်ကြသော သူ့ အသက် သူ့ဥစ္စာ စသော ကျူးလွန်အပ်သော ဝတ္ထုများကို အာရုံပြု၍ ဖြစ်ပေါ်လာကြသော စေတသိက်တို့ ဖြစ် ကြ၏။ တရားထိုင်နေဆဲဖြစ်သော ယောဂါဝစရပုဂ္ဂိုလ်သူမြတ်အဖို့ တရားရှုပွားနေခိုက်ဝယ် (= ဝိရတိစေတသိက် များ ပါဝင်သော နာမ်တရားစုတို့ကို သိမ်းဆည်းနေခိုက်ဝယ်) လွန်ကျူးရမည့် ဒုစရိုက်များနှင့် ရင်ဆိုင်တိုးနေ ရသည် မဟုတ်သဖြင့် ရှုဖို့ရန် အနည်းငယ် ခက်ခဲနေခြင်း ဖြစ်ပေသည်။ သို့အတွက် မိမိရှောင်ကြဥ်နေကျ ဖြစ်သော ဒုစရိုက်တစ်ခုကို သို့မဟုတ် ရှောင်ကြဥ်ခဲ့ဖူးသည့် ဒုစရိုက်တစ်ခုကို အာရုံယူ၍ ရှုရန် ဖြစ်သည်။ ဝိရတိစေတသိက် တို့သည် အတိတ်ကို အာရုံပြုသည်ဟု အယူအဆ မမှားစေလိုပါ။ ရှောင်ကြဥ်နေကျဖြစ်သော သို့မဟုတ် ရှောင် ကြဥ်ခဲ့ဖူးသော ဒုစရိုက်တစ်ခုခုကို အာရုံပြု၍ ဖြစ်ပေါ်ခဲ့ကြသော နာမ်တရားစုတို့ကိုသာ လှမ်း၍ အာရုံယူခြင်း
这些离心所都以现在的可违犯之事(vītikkamitabba-vatthu)为所缘而生;所谓可违犯之事,是他人的生命、财物等可成为恶行侵犯对象的事。贤善的瑜伽行者正在坐禅,也就是正在摄取含有离心所的名法组时,并未实际面对这些可违犯之事,所以所观境稍难取得。因此,应回取自己平日远离或曾经远离某种恶行时生起的那组名法来观。不要因此误解为离心所本身取过去法为所缘:离心所当时所缘的是现前可违犯之事;当前被回取为所缘的,才是取该事为所缘而生起的过去名法组,并
သိမ်းဆည်းရှုပွားခြင်း ဖြစ်သည်ဟု မှတ်ပါ။
对这组名法加以摄取、观修;应当如此理解。
ကမ္မံ ပန အတီတမေဝ၊ တဉ္စ မနောဒွါရဂ္ဂဟိတံ ဟူသော အဘိဓမ္မတ္ထသင်္ဂဟ ဝီထိမုတ်ပိုင်းဝယ် ကံ အာရုံ ထင်ပုံ အပိုင်း၌ အတိတ်ကံအာရုံကို ပစ္စုပ္ပန် မနောဒွါရိကဝီထိစိတ်ဖြင့် လှမ်း၍ အာရုံယူနိုင်သည်ဟူသော စကားတစ်ရပ် လာရှိ၏။
《摄阿毗达磨义论·摄离路分别品》论及业所缘的显现时说——巴利引文(缅文转写):“ကမ္မံ ပန အတီတမေဝ၊ တဉ္စ မနောဒွါရဂ္ဂဟိတံ。”(kammaṃ pana atītameva, tañca manodvāraggahitaṃ)译:“至于〔作为所缘而显现的〕业,它唯属过去,且由意门所取。”也就是说,当前意门心路中的心能够回取过去业为所缘。
တမေဝ ဝါ ပန ဇနကဘူတံ ကမ္မံ အဘိနဝကရဏဝသေန ဒွါရပတ္တံ ဟောတိ - ဟူသော အဘိဓမ္မတ္ထ သင်္ဂဟ ဝီထိမုတ်ပိုင်းဝယ် ကံအာရုံ ထင်ပုံအပိုင်း၌ အတိတ်က ပြုစုပျိုးထောင်ခဲ့သော အကျိုးပေးတော့မည့် ဇနကကံသည် အသစ်တစ်ဖန် ပြုသည်၏ အစွမ်းဖြင့် အသစ်တစ်ဖန် ပြုနေရသကဲ့သို့ မနောဒွါရ၌ ဆိုက်ရောက် လာသည်ဟူသော စကားတစ်ရပ်လည်း လာရှိ၏။
同一品又说——巴利引文(缅文转写):“တမေဝ ဝါ ပန ဇနကဘူတံ ကမ္မံ အဘိနဝကရဏဝသေန ဒွါရပတ္တံ ဟောတိ。”(tam eva vā pana janakabhūtaṃ kammaṃ abhinavakaraṇavasena dvārappattaṃ hoti)译:“或者,那一令生业本身,会以犹如重新造作的方式来到〔意〕门。”也就是说,过去已造、将要给果的令生业,会在意门中显现得犹如当下重新造作一般。
ဤစကားရပ်များနှင့် အညီ ဤဝိရတိ စေတသိက်တို့ကို သိမ်းဆည်း ရှုပွားရာ၌လည်း အတိတ်က ဖြစ်ခဲ့ ဖူးသော ပြုခဲ့ဖူးသော သမ္မာဝါစာ စသည့် ဝိရတိကုသိုလ်ကံ အာရုံများကို လှမ်း၍ အာရုံယူပါက ယင်းအာရုံများ သည် အသင်ယောဂီသူတော်ကောင်း၏ လက်ရှိ ပစ္စုပ္ပန် မနောဒွါရ၌ ထင်လာနိုင်သည်သာ ဖြစ်သည်။
依照这两段话,摄取、观修离心所时,若回取过去曾经生起、曾经造作的正语等离善业为所缘,这些过去业所缘便能显现于贤善瑜伽行者当下的意门。
ယင်း ကံအာရုံ ထင်ရာ၌ --- ၁။ ပုဗ္ဗေကတ သညာဖြင့် ထင်သည်လည်း ရှိ၏၊ ၂။ သမ္ပတိကတ သညာဖြင့် ထင်သည်လည်း ရှိ၏။
这种业所缘显现时,有两种方式:1.依“先前已作想”(pubbekata-saññā)而显现;2.依“当下新作想”(sampatikata-saññā)而显现。
၁။ ရှေးတုန်းက ပြုအပ်ဖူး၏ဟူသော သညာသည် ပုဗ္ဗေကတ သညာ မည်၏။
1.认知为“过去曾经做过”的想,称为先前已作想(pubbekata-saññā)。
၂။ ယခု ပြုအပ်ဖူး၏ဟူသော သညာသည် သမ္ပတိကတ သညာ မည်၏။
2.认知为“现在刚做过”的想,称为当下新作想(sampatikata-saññā)。
ထိုတွင် ပုဗ္ဗေကတသညာဖြင့် ထင်ပုံမှာ --- မုသာဝါဒ စသော ဝစီဒုစရိုက်ကို ရှောင်ကြဥ်ခဲ့စဥ် အခါတုန်းက ဝမ်းမြောက်ဝမ်းသာ ကုသိုလ်စေတနာ ဖြစ်ခဲ့ငြားအံ့၊ ထို ကုသိုလ်စေတနာ ပြဓာန်းသော နာမ်တရားစုကို ပြန်၍ အမှတ်ရခြင်း ထို ကုသိုလ်စေတနာ ပြဓာန်းသော နာမ်တရားစုကို ပြန်၍ အာရုံပြုနိုင်ခြင်းတည်း။
其中,依先前已作想而显现的方式是:过去远离妄语等语恶行时,若曾生起欢喜的善思,现在便能回忆由那一善思所主导的名法组,也能再次取由那一善思所主导的名法组为所缘。
သမ္ပတိကတသညာဖြင့် ထင်ပုံမှာ ဤသို့ ဖြစ်၏။ ရှေးက မုသာဝါဒစသော ဝစီဒုစရိုက်ကို ရှောင်ကြဥ်ခဲ့ဖူး လျှင် ထိုရှောင်ကြဥ်ခဲ့ဖူးသော အာရုံကိုပင် တစ်ဖန်ပြန်၍ အာရုံယူရာ၌ အသစ်တစ်ဖန် ပြုနေရသကဲ့သို့ အသစ် တစ်ဖန် ရှောင်ကြဥ်နေရသကဲ့သို့ မနောဒွါရ၌ ထင်လာ၏။ အသင်ယောဂီသူတော်ကောင်း၏ မနောဒွါရဝယ် ဝိရတိနှင့် တကွသော နာမ်တရားစုတို့သည် အသစ်တစ်ဖန် ပြုနေသည်၏ အစွမ်းဖြင့် ထင်လာနေမည် ဖြစ်၏။
依当下新作想而显现的方式如下:若过去曾远离妄语等语恶行,现在再次取那一曾经远离的所缘为所缘时,它会在意门显现得仿佛正在重新造作、正在重新远离。这样,与离相应的名法组便会在贤善瑜伽行者的意门,以仿佛重新造作的方式显现。
ထိုအခါဝယ် ယင်းနာမ်တရားစုတို့ကို သိမ်းဆည်း ရှုပွားနိုင်မည် ဖြစ်ပေသည်။
这时,就能够摄取、观修这些名法组。
原书第 196 页
သမ္မာဝါစာ - ရှုကွက်
正语——观法
၁။ သမာဓိကို အဆင့်ဆင့် ထူထောင်ပါ။
1.逐步建立定力。
၂။ ဘဝင်မနောအကြည်ဓာတ်ကို သိမ်းဆည်းပါ။
2.摄取有分意净界。
၃။ သမ္မာဝါစာ ဖြစ်ဖူးသည့် အာရုံတစ်ခုကို လှမ်း၍ အာရုံယူပါ။
3.回取一个曾经生起正语的所缘,以它为所缘。
ဥပမာ --- မုသားစကားမှ ရှောင်ကြဥ်ဖူးသည့် အာရုံတစ်ခုကို လှမ်း၍ အာရုံယူပါ။
例如:回取一个自己曾远离妄语时的所缘,以它为所缘。
၄။ ထိုအာရုံသည် အသင်ယောဂီသူတော်ကောင်း၏ ဘဝင်မနောအကြည်၌ ထင်လာသောအခါ ထိုအာရုံကို အာရုံပြု၍ ဖြစ်ပေါ်လာကြသော သမ္မာဝါစာနှင့် တကွသော နာမ်တရားစုတို့ကို ဆက်လက်၍ သိမ်း ဆည်းပါ။
4.当该所缘显现于贤善瑜伽行者的有分意净界时,应继续摄取那些以该所缘为所缘而生、含有正语的名法组。
တစ်နည်းရှုကွက်
另一种观法
၁။ သမာဓိကို အဆင့်ဆင့် ထူထောင်ပါ။
1.逐步建立定力。
၂။ သမ္မာဝါစာ ဖြစ်ခဲ့ဖူးသည့်၊ ဥပမာ --- မုသားစကားမှ ရှောင်ကြဥ်ခဲ့ဖူးသည့် အချိန်ကာလသို့ တိုင်အောင် ဤအချိန်မှ စ၍ ရုပ်နာမ်များကို တစ်စတစ်စ သိမ်းဆည်းပါ။
2.从现在开始,逐步回溯摄取色法与名法,直到过去曾经生起正语的时段;例如,一直回溯到自己曾远离妄语的时段。
၃။ ထို သမ္မာဝါစာဖြစ်ခိုက် ဘဝင်မနောအကြည်ဓာတ်ကို ဆက်လက်၍ သိမ်းဆည်းပါ။
3.继续摄取那次正语生起时的有分意净界。
၄။ ထို ဘဝင်မနောအကြည်ဓာတ်ကို အစွဲပြု၍ ထို သမ္မာဝါစာဖြစ်ခိုက် ဖြစ်ပေါ်နေကြသော မုသားစကားမှ ရှောင်ကြဥ်မှု ဝိရတိ (သမ္မာဝါစာ)နှင့် တကွသော နာမ်တရားစုတို့ကို ဆက်လက်၍ သိမ်းဆည်းပါ။
4.以该有分意净界为依托,继续摄取那次正语生起时所生的名法组;这些名法组含有远离妄语的离心所,即正语。
တစ်နည်းနည်းဖြင့် အောင်မြင်မှုကို ရရှိမည်သာ ဖြစ်သည်။ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝတို့၌လည်း နည်းတူ ပင် သဘောပေါက်ပါ။
采用上述任一种方法,都能取得成功。对于正业与正命,也应以同样方式理解。
နာမ်တရား (၃၅) လုံး
三十五种名法
ထိုသို့ သိမ်းဆည်းရာဝယ် --- ၁။ မနောဒွါရာဝဇ္ဇန်း (၁) ကြိမ်၊ ၂။ ဇော (၇) ကြိမ်၊ ၃။ တဒါရုံ (၂) ကြိမ် --- ဤ မနောဒွါရဝီထိ ပုံစံအတိုင်းပင် ယေဘုယျအားဖြင့် ဖြစ်၏။ တဒါရုံမှာ ကျသော်လည်း ရှိရာ၏၊ မကျ သော်လည်း ရှိရာ၏၊ ထိုကြောင့် ယေဘုယျဟု ဆိုခြင်း ဖြစ်၏။ ထိုတွင် --- ၁။ မနောဒွါရာဝဇ္ဇန်း၌ စိတ်စေတသိက် (= နာမ်တရား) --- ၁၂ - လုံး၊ ၂။ ဇော အသီးအသီး၌ စိတ်စေတသိက် (= နာမ်တရား) --- ၃၅ - လုံးစီ၊ ၃။ တဒါရုံ အသီးအသီး၌ စိတ်စေတသိက် (= နာမ်တရား) --- ၃၄ - လုံးစီ၊ ယေဘုယျအားဖြင့် အသီးအသီး ရှိကြမည် ဖြစ်၏။ နာမ်တရား ၃၅-လုံး ဟူသည်မှာ ယခင် သဒ္ဓါပညာ အုပ်စု နာမ်တရား (၃၄)တွင် သမ္မာဝါစာတစ်လုံး ထပ်တိုးသော် (၃၅) ဖြစ်သည်။ ဤဝိရတိစေတသိက်သည် တဒါရုံဝိပါက်ကဲ့သို့သော ဝိပါက်နာမ်တရားတို့နှင့်ကား ယှဥ်တွဲ၍ မဖြစ်ပေ။ သို့အတွက် တဒါရုံ၌ (၃၄)ဟု မဟာ- ဝိပါက် ဉာဏသမ္ပယုတ် တဒါရုံကို ရည်ရွယ်၍ ဖော်ပြထားပါသည်။ သောမနဿ ဥပေက္ခာ၊ ဉာဏသမ္ပယုတ်
如此摄取时,通常依下列意门心路形式生起:1.意门转向一次;2.速行七次;3.彼所缘两次。彼所缘有时生起,有时不生起,所以说“通常”。其中一般各有:1.意门转向含十二种心与心所,即十二种名法;2.每一速行含三十五种名法;3.每一彼所缘含三十四种名法。所谓三十五种名法,是在先前信慧组的三十四种名法中再加入一种正语而成。离心所不与彼所缘果报等果报名法相应;所以,表中彼所缘所列的三十四种,是就智相应大果报彼所缘而言。这些彼所缘依所应,可为悦受或舍受,也可为智相应
ဉာဏဝိပ္ပယုတ် ထိုက်သလို ဖြစ်နိုင်သည်။ အဟိတ်ဝိပါက် တဒါရုံတို့သည်လည်း ဖြစ်ခွင့် ရှိကြသည်သာ။ ဤ၌ ကား ဉာဏ်နှင့် ပီတိကို လဲလှယ်၍ (၄)ချက် သိမ်းဆည်းရှုပွားပုံ ရှုကွက်ဇယားကိုသာ ဖော်ပြထားပါသည်။
或智不相应。无因果报彼所缘也可能生起。本处仅列出依智与喜的有无变换而成的四种摄取、观修观法表。
အဟိတ် ဝိပါက် တဒါရုံများ ကျခဲ့သော် ကျသည့်အတိုင်း ရှုနိုင်သည်သာ ဖြစ်သည်။
如果实际生起了无因果报彼所缘,就按其实际生起的情形观照即可。
原书第 197 页
သမ္မာဝါစာ ဝီထိစဥ် ရှုကွက် ဇယား
正语心路观法表
ဟဒယရှိ မှီရာဝတ္ထုရုပ် = ၅၄ ၅၄ ၅၄ ၅၄
心脏中与心所依处同处的色法=54|54|54|54
မနောဒွါရာဝဇ္ဇန်း ဇော (၇) ကြိမ် သဟိတ်တဒါရုံ (၂) ကြိမ် (ဝါ) အဟိတ်တဒါရုံ (၂) ကြိမ်
意门转向|速行(7次)|有因彼所缘(2次)(或)|无因彼所缘(2次)
၁၂ ၃၅ ၃၄ (ဝါ) ၁၂/၁၁
12|35|34(或)|12/11
၁၂ ၃၄ ၃၃ ။ ၁၁/၁၁
12|34|33〃|11/11
၁၂ ၃၄ ၃၃ ။ ၁၂/၁၁
12|34|33〃|12/11
၁၂ ၃၃ ၃၂ ။ ၁၁/၁၁
12|33|32〃|11/11
ယခုလက်ရှိ အသင်ယောဂီသူတော်ကောင်း၏ ဘဝင်မနောအကြည်ဓာတ်နှင့် အတိတ် သမ္မာဝါစာ ဖြစ်ခဲ့ စဥ်က အသင်ယောဂီသူတော်ကောင်း၏ ဘဝင်မနောအကြည်ဓာတ်တို့မှာ ဧကတ္တနည်းအရ ဖြစ်-ပျက် အစဥ် အတန်း တစ်ခုတည်း တစ်ဆက်တည်းပင် ဖြစ်သည်။ ထို အတိတ်က သမ္မာဝါစာ ဖြစ်ဖူးသော အာရုံသည်လည်း ယခုတစ်ဖန် ထိုအာရုံကို လှမ်း၍ အာရုံ ယူကြည့်ပါက လက်ရှိ အသင်ယောဂီသူတော်ကောင်း၏ ဘဝင် မနော အကြည်ဓာတ်တွင် အသစ်တစ်ဖန် ပြန်၍ ထင်လာနိုင်သည်သာ ဖြစ်ပေသည်။ ထိုအခါတွင် ထိုအာရုံကို အာရုံ ပြု၍ ဖြစ်ပေါ်နေကြသော နာမ်တရားစုတို့ကို သိမ်းဆည်းရန် လွယ်ကူနေမည်သာ ဖြစ်ပေသည်။
依同一理路(ekatta-naya),贤善瑜伽行者现在的有分意净界,与过去正语生起时的有分意净界,属于同一条连续不断的生灭相续。若现在再次回取过去正语生起时的所缘,该所缘就能重新显现于贤善瑜伽行者当前的有分意净界中;此时便容易摄取那些以该所缘为所缘而生的名法组。
၁။ မုသားစကားမှ ရှောင်ကြဥ်မှုကို အာရုံယူ၍ တစ်ကြိမ် (၄-ချက်စီ)၊ ၂။ ပိသုဏဝါစာ = ကုန်းချောစကားမှ ရှောင်ကြဥ်မှုကို အာရုံယူ၍ တစ်ကြိမ် (၄-ချက်စီ)၊ ၃။ ကြမ်းတမ်းသည့် ဖရုသဝါစာစကားမှ ရှောင်ကြဥ်မှုကို အာရုံယူ၍ တစ်ကြိမ် (၄-ချက်စီ)၊ ၄။ ပြိန်ဖျင်းသော သမ္ဖပ္ပလာပစကားမှ ရှောင်ကြဥ်မှုကို အာရုံယူ၍ တစ်ကြိမ် (၄-ချက်စီ) --- ဤသို့ အသီးအသီး သိမ်းဆည်း ရှုပွားပါ။ ဇော တဒါရုံ နာမ်တရားစုတို့တွင် --- သဒ္ဓါ-မှာ ကံ-ကံ၏ အကျိုးကို ယုံကြည်မှုသဘော ဖြစ်သည်။
应分别摄取、观修:1.取远离妄语为所缘,观一轮(每轮4种);2.取远离两舌,即离间语,为所缘,观一轮(每轮4种);3.取远离恶口为所缘,观一轮(每轮4种);4.取远离绮语为所缘,观一轮(每轮4种)。在速行与彼所缘的名法组中,信是信受业与业果的性质。
ပညာ-မှာ ကံ-ကံ၏ အကျိုးကို တတ်သိနားလည်မှုသဘော ဖြစ်သည်။ ကမ္မဿကတာ သမ္မာဒိဋ္ဌိပင်တည်း။
慧是通晓、理解业与业果的性质,也就是业为己有正见(kammassakatā-sammādiṭṭhi)。
သမ္မာကမ္မန္တ - ရှုကွက်
正业——观法
သမ္မာကမ္မန္တသည်လည်း --- ၁။ ကိရိယာ သမ္မာကမ္မန္တ၊ ၂။ စေတနာ သမ္မာကမ္မန္တ၊ ၃။ ဝိရတိ သမ္မာကမ္မန္တဟု --- (၃)မျိုး ရှိ၏။
正业也有三种:1.行为正业(kiriyā-sammākammanta);2.思正业(cetanā-sammākammanta);3.离正业(virati-sammākammanta)。
၁။ ထိုတွင် အပြစ်မရှိသော ကိစ္စလုပ်ငန်းရပ် တစ်ခုခုကို ပြုလုပ်နေသူ၏ ကိုယ်အမူအရာသည် ကိရိယာ သမ္မာကမ္မန္တ မည်၏။
1.从事某项无过失的事务或工作时,行为者的身体行为称为“行为正业”。
၂။ ထိုအပြစ်မရှိသော ကိစ္စလုပ်ငန်းရပ် တစ်ခုခုကို ပြုလုပ်ကြောင်း ဖြစ်သော စေတနာသည် စေတနာ သမ္မာ- ကမ္မန္တ မည်၏။
2.促成该无过失事务或工作得以实行的思,称为“思正业”。
၃။ တစ်စုံတစ်ခုသော ကာယဒုစရိုက်ကို ပြုလုပ်ဖို့ရန် အချက်ပေါ်လာသည့်အခါ မပြုမကျင့်ဘဲ ရှောင်ကြဥ် လိုက်လျှင် ထိုသို့ ရှောင်ကြဥ်ခိုက်ဝယ် အခြား တစ်စုံတစ်ခုသော ကိုယ်အမှုကို ပြုသည် ဖြစ်စေ မပြုသည် ဖြစ်စေ ထိုရှောင်ကြဥ်မှုကား ဝိရတိ သမ္မာကမ္မန္တ မည်၏။
3.当造作某种身恶行的机会出现时,若不去实行而予以远离,那么在远离之际,无论另有实行某种身体行为与否,这种远离都称为“离正业”。
原书第 198 页
ဤ သမ္မာကမ္မန္တဝိရတိဖြင့် ရှောင်ကြဥ်ထိုက်သော ဒုစရိုက်အားလုံးသည် အသက်မွေးဝမ်းကြောင်းနှင့် ဆက်သွယ်ခြင်း မရှိစေရ။ သို့အတွက် ဤ၌ သမ္မာကမ္မန္တ ဟူသည် အသက်မွေးဝမ်းကြောင်းနှင့် မစပ်ဆိုင်သော ကာယဒုစရိုက်မှ ရှောင်ကြဥ်မှုသဘောဟု မှတ်ပါ။
凡通过这种离正业所应远离的恶行,都不得与谋生相关。因此,应当知道,本处所谓“正业”,是远离不与谋生相关的身恶行之性质。
၁။ ဘဝင်မနောအကြည်ဓာတ်ကို လှမ်း၍ သိမ်းဆည်းပါ။
1.摄取有分意净界。
၂။ အတိတ်က သမ္မာကမ္မန္တ ဖြစ်ဖူးသည့် အာရုံ သို့မဟုတ် ဖြစ်နေကျ အာရုံတစ်ခုကို လှမ်း၍ အာရုံယူပါ။
2.回取一个过去曾经生起正业的所缘,或惯常生起正业的所缘,以它为所缘。
၃။ ထိုအာရုံက ဘဝင်မနောအကြည်ဓာတ်၌ ထင်လာသောအခါ သမ္မာကမ္မန္တ အဝင်အပါ ဖြစ်သော မနော ဒွါရိက ဇောဝီထိ နာမ်တရားစုတို့ကို ဆက်လက်၍ သိမ်းဆည်းပါ။
3.当该所缘显现于有分意净界时,应继续摄取含有正业的意门速行心路名法组。
ဇောအသီးအသီး၌ ယခင် သဒ္ဓါပညာအုပ်စု နာမ်တရား (၃၄)တွင် သမ္မာကမ္မန္တ တစ်လုံးကို ထပ်၍ ထည့် ပါက အများဆုံး နာမ်တရား (၃၅)လုံး ရှိမည် ဖြစ်သည်။ ဉာဏ်နှင့် ပီတိကို လဲလှယ်၍ (၄)ချက်ပင် ရှုပါ။
在每一速行中,若于先前信慧组的三十四种名法再加入一种正业,最多便有三十五种名法。应依智与喜相应与否加以变换,观照四种。
သမ္မာကမ္မန္တ ဝီထိစဥ် ရှုကွက် ဇယား
正业心路观法表
ဟဒယရှိ မှီရာဝတ္ထုရုပ် = ၅၄ ၅၄ ၅၄ ၅၄
心脏中与心所依处同处的色法=54|54|54|54
မနောဒွါရာဝဇ္ဇန်း ဇော (၇) ကြိမ် သဟိတ်တဒါရုံ (၂) ကြိမ် (ဝါ) အဟိတ်တဒါရုံ (၂) ကြိမ်
意门转向|速行(7次)|有因彼所缘(2次)(或)|无因彼所缘(2次)
၁၂ ၃၅ ၃၄ (ဝါ) ၁၂/၁၁
12|35|34(或)|12/11
၁၂ ၃၄ ၃၃ ။ ၁၁/၁၁
12|34|33〃|11/11
၁၂ ၃၄ ၃၃ ။ ၁၂/၁၁
12|34|33〃|12/11
၁၂ ၃၃ ၃၂ ။ ၁၁/၁၁
12|33|32〃|11/11
၁။ ပါဏာတိပါတ (= သူ့အသက် သတ်ခြင်း) မှ ရှောင်ကြဥ်ဖူးသည့် အာရုံနှင့် တစ်ကြိမ်၊ ၂။ အဒိန္နာဒါန (= သူတစ်ပါး ပစ္စည်းကို မတရားယူမှု) မှ ရှောင်ကြဥ်ဖူးသည့် အာရုံနှင့် တစ်ကြိမ်၊ ၃။ ကာမေသု မိစ္ဆာစာရမှုမှ ရှောင်ကြဥ်ဖူးသည့် အာရုံနှင့် တစ်ကြိမ် --- ဤသို့လျှင် (၃)ကြိမ် ခွဲ၍ တစ်မျိုး တစ်မျိုး၌ ဉာဏ် ပီတိ လဲလှယ်၍ (၄) ချက်စီပင် ရှုပါ။ ဤ၌လည်း သဒ္ဓါမှာ ကံ-ကံ၏ အကျိုးတရားကို သက်ဝင်ယုံကြည်မှု ဖြစ်၍ ပညာမှာ ကံ-ကံ၏အကျိုးတရားကို တတ်သိ နားလည်မှု ကမ္မဿကတာ သမ္မာဒိဋ္ဌိပင် ဖြစ်သည်။ သမ္မာဝါစာ၌ ဖော်ပြခဲ့သည့်စနစ်ကို နည်းမှီး၍ နောက် တစ်နည်းလည်း ရှုနိုင်သည်။
应分三轮观照:1.取自己曾远离杀生——即杀害他命——时的所缘,观一轮;2.取自己曾远离偷盗——即不正当地拿取他人财物——时的所缘,观一轮;3.取自己曾远离邪淫时的所缘,观一轮。每一类又依智与喜相应与否加以变换,各观4种。这里,信也是信受业与业果;慧则是通晓、理解业与业果,也就是业为己有正见。还可仿照正语所示的方法,采用另一种观法。
သမ္မာအာဇီဝ
正命
သမ္မာအာဇီဝသည် --- ၁။ ဝီရိယ သမ္မာအာဇီဝ - ၂။ ဝိရတိ သမ္မာအာဇီဝ အားဖြင့် (၂)မျိုး ရှိ၏။
正命有两种:1.精进正命(vīriya-sammā-ājīva);2.离正命(virati-sammā-ājīva)。
၁။ ထို (၂)မျိုးတို့တွင် မိရိုးဖလာအတိုင်း လယ်ထွန်မှု ကုန်သွယ်မှု ရက္ကန်းအမှု စသည်တို့ကို ပြု၍သော် လည်းကောင်း၊ ရဟန်းသံဃာဖြစ်လျှင် ကုလဒူသန အနေသန မိစ္ဆာဇီဝတို့နှင့် မရောယှက်ဘဲ ဘုရားရှင် သည် ခွင့်ပြုထားတော်မူအပ်သော အရိယပရိယေသနတည်းဟူသော အရိယာ သူတော်ကောင်းတို့၏ ပစ္စည်းလေးပါးကို ရှာမှီးပုံ နည်းစနစ်အတိုင်း တရားသော နည်းလမ်းဖြင့်သာ ပစ္စည်းလေးပါးကို ရှာဖွေ၍ သော်လည်းကောင်း အသက်မွေးသူတို့၏ လယ်ထွန်ခိုက် ကုန်သွယ်ခိုက် ရက္ကန်းအမှု ပြုခိုက် ဆွမ်းခံခိုက်
1.在这两种正命中,在家人可以依传统从事耕田、经商、织布等工作;若是比丘僧,则不混杂污家(kuladūsana)、非法求取(anesana)与邪命(micchājīva),只依世尊所许可的圣求(ariyapariyesanā)——即圣者求取四资具的方法——如法取得四资具。以这些方式谋生者,在耕田、经商、织布、托钵等各个时刻所生起的
原书第 199 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- အရူပပရိဂ္ဂဟ အခန်း စသည့် ထိုထို အခိုက်အတန့်တို့၌ ဖြစ်ပေါ်နေသော ကောင်းမွန် မှန်ကန်စွာ ကြိုးစားအားထုတ်မှု သမ္မာ ဝါယာမသည် ဝီရိယ သမ္မာအာဇီဝ မည်၏။
善妙而正确的努力,即正精进,称为“精进正命”(`vīriya-sammā-ājīva`)。
၂။ သမ္မာဝါစာ သမ္မာကမ္မန္တ အခန်း၌ ပြအပ်ခဲ့သော ဝစီဒုစရိုက် ကာယဒုစရိုက်များသည် အသက်မွေးဝမ်း- ကြောင်းနှင့် ဆက်သွယ်၍ ဖြစ်အံ့၊ ဥပမာ -- မတရားရှေ့နေလိုက်၍ အသက်မွေးနေအံ့၊ တံစိုးလက်ဆောင် စား၍ အသက်မွေးနေအံ့၊ မုဆိုးတံငါလုပ်၍ အသက်မွေးနေအံ့၊ ရဟန်းတော် ဖြစ်လျှင်လည်း ကုလဒူသန အနေသန မိစ္ဆာဇီဝဖြင့် ပစ္စည်းလေးပါးကို ရရှိသုံးစွဲနေအံ့ --- တစ်ချိန်ဝယ် ထိုဒုစရိုက်မျိုးကို မပြုမကျင့် တော့ပါဘူးဟု ရှောင်ကြဥ်လိုက်လျှင် သမ္မာအာဇီဝဝိရတိ ဖြစ်သည်။ ဤဝိရတိပိုင်း၌ ဤသမ္မာအာဇီဝဝိရတိ ကို အလိုရှိအပ်ပေသည်။ သို့အတွက် ဤ၌ သမ္မာအာဇီဝဟူသည် အသက်မွေးဝမ်းကြောင်းနှင့် စပ်ဆိုင် သော ကာယဒုစရိုက် ဝစီဒုစရိုက်မှ ရှောင်ကြဥ်မှုသဘောဟု မှတ်ပါ။
2.前述正语、正业部分所说的语恶行与身恶行,如果同谋生相连——例如靠不法替人诉讼谋生、收受贿赂、以狩猎捕鱼为生;若是比丘,则以污家(`kuladūsana`)、非法求取(`anesana`)、邪命(`micchājīva`)取得并受用四资具——后来若远离,决定不再作这类恶行,就是“离正命”(`virati-sammā-ājīva`)。在这里讨论离心所时,所要的正是这种离正命。因此,此处“正命”应理解为:远离与谋生相关的身恶行、语恶行的性质。
တစ်ဖန် လူပုဂ္ဂိုလ်များအတွက် --- ဝဏိဇ္ဇာသုတ္တန် (အံ-၂-၁၈၃။)၌ --- ၁။ သတ္ထ ဝဏိဇ္ဇာ = လက်နက်ကို ကုန်သွယ်ခြင်း၊ ၂။ သတ္တ ဝဏိဇ္ဇာ = လူကို ကုန်သွယ်ခြင်း၊ ၃။ မံသ ဝဏိဇ္ဇာ = အသားတိုးပွားအောင် မွေးမြူရေးလုပ်၍ ကုန်သွယ်ခြင်း၊ ၄။ မဇ္ဇ ဝဏိဇ္ဇာ = သေရည် သေရက် မူးယစ်ဆေးဝါးကို ကုန်သွယ်ခြင်း၊ ၅။ ဝိသ ဝဏိဇ္ဇာ = အဆိပ်ကို ကုန်သွယ်ခြင်း --- ဟု ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်နေသော ဥပါသကာ ဒါယကာတို့ မပြုကျင့် မပြုထိုက်သော ကုန် သွယ်မှု (၅)မျိုး လာရှိ၏။ ယင်းကုန်သွယ်မှု (၅)မျိုးကြောင့် ရရှိသော ပစ္စည်းများကို မသုံးစွဲဘဲ ရှောင်ကြဥ်မှု သဘောသည်လည်း သမ္မာအာဇီဝပင် ဖြစ်သည်။
再者,对在家人而言,《买卖经》(`Vaṇijjā Sutta`,《增支部》2-183;AN 5.177)列出皈依三宝的优婆塞不应从事的五种贸易:1.武器贸易(`sattha-vaṇijjā`);2.人口贸易(`satta-vaṇijjā`);3.畜肉贸易(`maṃsa-vaṇijjā`),即饲养牲畜以供肉类买卖;4.致醉品贸易(`majja-vaṇijjā`),即酒类及麻醉品贸易;5.毒物贸易(`visa-vaṇijjā`)。不受用由这五种贸易所得的财物而予以远离的性质,也属于正命。
တစ်ဖန် ရဟန်းတော်များအဖို့ ကုလဒူသန အနေသန မိစ္ဆာဇီဝမှုတို့ကို မပြုမကျင့် ရှောင်ကြဥ်လျက် ထို ကုလဒူသန အနေသန မိစ္ဆာဇီဝမှုများကြောင့် ရရှိသော ပစ္စည်းများကို မသုံးစွဲဘဲရှောင်ကြဥ်မှု သဘောသည်လည်း သမ္မာအာဇီဝပင် ဖြစ်သည်။
再者,对比丘而言,不作、不行污家、非法求取与邪命之事而予以远离,并且不受用由这些不如法行为所得的资具而予以远离,这种性质也就是正命。
သမ္မာအာဇီဝ - ရှုကွက်
正命——观法
၁။ ဘဝင်မနောအကြည်ဓာတ်ကို သိမ်းဆည်းပါ။
1.摄取有分意净界。
၂။ သမ္မာအာဇီဝ ဖြစ်ဖူးသည့် အာရုံ တစ်ခုခုကို လှမ်း၍ အာရုံယူပါ။
2.取一个过去曾生起正命时的所缘为所缘。
ဥပမာ --- သားကောင် ပေါက်နိုင်သည့် ကြက်ဥကို မိမိအတွက် စီမံထားသည်ဟု သိရှိရ၍ မစားဘဲ ရှောင်ကြဥ်မှု သဘောကို လှမ်း၍ အာရုံယူပါ။
例如:得知一枚能够孵出雏鸡的鸡蛋是特意为自己准备的,因而不吃、予以远离;应取这种远离的性质为所缘。
၃။ ထို အာရုံက ဘဝင်မနောအကြည်ဓာတ်၌ ထင်လာသောအခါ သမ္မာအာဇီဝ အဝင်အပါ ဖြစ်သော မနော- ဒွါရိက ဇောဝီထိ စိတ်အစဥ်များကို ဆက်လက်၍ သိမ်းဆည်းပါ။
3.当该所缘显现于有分意净界时,继续摄取其中含有正命的意门速行心路心相续。
ဇောအသီးအသီး၌ ဉာဏ်နှင့် ပီတိ ပါ-မပါသို့ လိုက်၍ ယခင် သဒ္ဓါ-ပညာ နာမ်တရားအုပ်စုတွင် သမ္မာ အာဇီဝ တစ်လုံးကို ထပ်၍ ထည့်ပါက (၃၅/၃၄/၃၄/၃၃) အသီးအသီး ရှိမည် ဖြစ်သည်။ ကြွင်းနည်းတူတည်း။
在每一个速行中,随智与喜是否相应,在先前的信慧组名法中再加入一个正命,便分别有三十五、三十四、三十四、三十三种名法。其余方法同前。
原书第 200 页
သမ္မာအာဇီဝ ဝီထိစဥ် ရှုကွက် ဇယား
正命心路观法表
ဟဒယရှိ မှီရာဝတ္ထုရုပ် = ၅၄ ၅၄ ၅၄ ၅၄
心脏中与心所依处同处的色法=54|54|54|54
မနောဒွါရာဝဇ္ဇန်း ဇော (၇) ကြိမ် သဟိတ်တဒါရုံ (၂) ကြိမ် (ဝါ) အဟိတ်တဒါရုံ (၂) ကြိမ်
意门转向|速行(7次)|有因彼所缘(2次)(或)|无因彼所缘(2次)
၁၂ ၃၅ ၃၄ (ဝါ) ၁၂/၁၁
12|35|34(或)|12/11
၁၂ ၃၄ ၃၃ ။ ၁၁/၁၁
12|34|33〃|11/11
၁၂ ၃၄ ၃၃ ။ ၁၂/၁၁
12|34|33〃|12/11
၁၂ ၃၃ ၃၂ ။ ၁၁/၁၁
12|33|32〃|11/11
ဝိရတိ အကြောင်း သိကောင်းစရာ
关于离应知之事
ဤတွင် ဤ ဝိရတိစေတသိက်တို့ကို ရှုရာ၌ ရှုကွက်ကို ပိုမို၍ နက်ရှိုင်းစွာ သဘောပေါက် နားလည်ရန် အတွက် အဋ္ဌသာလိနီအဋ္ဌကထာ-၁၄၆ - စသည်တို့၌ လာရှိသည့်အတိုင်း ရှေးရှေးဆရာမြတ်တို့၏ ဝေဖန် သုံးသပ်ချက်များကိုပါ ဆက်လက်၍ ဖော်ပြအပ်ပါသည်။
这里,为使观照这些离心所时能够更深入地理解观法,现依《殊胜义注》第 146 页等处所载,继续说明古代诸位大德论师的分析。
ဝိရတိသည် ---- ၁။ သမ္ပတ္တဝိရတိ၊ ၂။ သမာဒါနဝိရတိ၊ ၃။ သမုစ္ဆေဒဝိရတိဟု (၃)မျိုး ပြား၏။
离分为三种:1.自然离(`sampatta-virati`);2.受持离(`samādāna-virati`);3.正断离(`samuccheda-virati`)。
၁။ သမ္ပတ္တဝိရတိ တတ္ထ အသမာဒိန္နသိက္ခာပဒါနံ အတ္တနော ဇာတိဝယဗာဟုသစ္စာဒီနိ ပစ္စဝေက္ခိတွာ ''အယုတ္တံ အမှာကံ ဧဝရူပံ ပါပံ ကာတု''န္တိ သမ္ပတ္တံ ဝတ္ထုံ အဝီတိက္ကမန္တာနံ ဥပ္ပဇ္ဇမာနာ ဝိရတိ ''သမ္ပတ္တဝိရတီ''တိ ဝေဒိတဗ္ဗာ။
1.自然离(`sampatta-virati`)。巴利引文(缅文字母):“တတ္ထ အသမာဒိန္နသိက္ခာပဒါနံ အတ္တနော ဇာတိဝယဗာဟုသစ္စာဒီနိ ပစ္စဝေက္ခိတွာ ''အယုတ္တံ အမှာကံ ဧဝရူပံ ပါပံ ကာတု''န္တိ သမ္ပတ္တံ ဝတ္ထုံ အဝီတိက္ကမန္တာနံ ဥပ္ပဇ္ဇမာနာ ဝိရတိ ''သမ္ပတ္တဝိရတီ''တိ ဝေဒိတဗ္ဗာ။”译:“其中,未曾受持学处者反省自己的出身、年龄、博学等,心想:‘我们不宜作这样的恶事。’当可违犯之事已经来到面前时,他们仍不越犯;在这些人之中生起的离,应知为‘自然离’。”
(အဘိ-ဋ္ဌ-၁-၁၄၆။)
(《殊胜义注》1-146。)
ထို (၃)မျိုးတို့တွင် သိက္ခာပုဒ်ကို ဆောက်တည်မထားကုန်သော သူတို့၏ မိမိ၏ အမျိုးဇာတ်၏ မြင့်မြတ်မှု၊ အရွယ်ကြီးမြတ်မှု၊ ဗဟုသုတမင်္ဂလာနှင့် ပြည့်စုံမှု စသည်တို့ကို ဆင်ခြင်၍ ---- ''ငါတို့ကဲ့သို့သော ပုဂ္ဂိုလ်တို့အဖို့ ဤကဲ့သို့သော ယုတ်မာသော အမှုကို ပြုလုပ်ရန် မသင့်တော်'' ---- ဟု ဆုံးဖြတ်ချက်ချ၍ လွန်ကျူးဖို့ရန် အသင့် ဆိုက်ရောက်လာသော လွန်ကျူးဖွယ် အာရုံကို (= ဝတ္ထုကို) မလွန်ကျူးကုန်သော သူတို့၏ သန္တာန်ဝယ် ဖြစ်ပေါ်လာသော ရှောင်ကြဥ်မှုဝိရတိကို သမ္ပတ္တဝိရတိဟု သိရှိပါ လေ။ ဤစကားစဥ်အရ သိက္ခာပုဒ်ကို ဆောက်တည်မထားဘဲ လွန်ကျူးဖွယ်အာရုံကို တွေ့ရှိမှ မလွန်ကျူးဘဲ ရှောင်ကြဥ်မှုသည် သမ္ပတ္တဝိရတိ မည်၏။
在这三种离中,未曾受持学处的人反省自己出身高贵、年长、具足多闻等条件,作出决定:“像我们这样的人,不适合做这种卑劣之事。”当可违犯之事(`vatthu`)已经来到面前时,他们仍不越犯;在这些人的相续中生起的离,应知为自然离。依这段话,事先没有受持学处,只在遇见可违犯之事时不越犯而远离,便称为自然离。
စက္ကန ဥပါသကာ
Cakkana 优婆塞
သီဟိုဠ်ကျွန်းဝယ် စက္ကန အမည်ရသော ဥပါသကာတစ်ဦး ရှိခဲ့ဖူး၏။ ယင်း ဥပါသကာ ငယ်ရွယ်နုနယ်စဥ် အခါ၌ပင် မိခင်ဖြစ်သူဝယ် အနာရောဂါ တစ်ခု စွဲကပ်ခဲ့၏။ ဆေးဆရာက မကျန်းမာသော မိခင်အတွက် လတ် ဆတ်သော ယုန်သားကို ရရှိဖို့ရန် သင့်တော်ကြောင်း ပြောကြားလာ၏။ ထိုအခါ စက္ကန၏ အစ်ကိုဖြစ်သူက လယ်တောသို့ သွား၍ ယုန်သားကို ရှာဖွေရန် စက္ကနအား စေခိုင်းလိုက်၏။ စက္ကနသည် မကျန်းမာသော မိခင်
从前,Sīhaḷa(锡兰)岛上有一位名叫 Cakkana 的优婆塞。他年幼时,母亲患上一种疾病。医生说,新鲜兔肉适宜给病母作食疗。于是 Cakkana 的兄长命他去田野寻找兔肉。Cakkana 为了寻找适合作为患病母亲食疗的
原书第 201 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- အရူပပရိဂ္ဂဟ အခန်း အတွက် လတ်ဆတ်သော ယုန်သား ဓာတ်စာကျသောကြောင့် ယုန်သား ရှာဖွေရန် လယ်တောသို့ ထွက်ခွာလာ ခဲ့၏။ စက္ကန လယ်တောသို့ ဆိုက်ရောက်လာသော ထိုအချိန်၌လည်း ယုန်ငယ်တစ်ကောင်သည် ကောက်နုကို စားဖို့ရန် လယ်တောသို့ ရောက်ရှိလာ၏။ ထို စက္ကနသည် ထိုယုန်ငယ်ကို မြင်လျှင်မြင်ချင်း လျင်မြန်သော အဟုန် ဖြင့် လိုက်ဖမ်းလတ်သော် ယုန်ငယ်ကား နွယ်တစ်ခုဖြင့် ရစ်ပတ်မိရက်သား ဖြစ်နေ၏၊ သေဘေးမှ ကြောက်သဖြင့် လည်း အော်မြည်နေ၏။ စက္ကနသည် ထိုအသံကို ကြားသဖြင့် ယုန်ရှိရာသို့သွား၍ ထိုယုန်ငယ်ကို ဖမ်းယူလေ၏။
新鲜兔肉,便出发前往田野。Cakkana 到达田间时,恰有一只小兔也来到田里吃嫩稻。他一见小兔,便迅速追赶;小兔被一条藤蔓缠住,又因惧怕死亡而哀鸣。Cakkana 听见叫声,走到小兔所在之处,把它捉住。
''အမေ့အတွက် ဆေးဖြစ်အောင် ပြုလုပ်မည်''ဟု စဥ်းစားမိ၏။ တစ်ဖန် ''ငါသည် အမိ၏ အသက်ရှင်ရေးတည်း ဟူသော အကြောင်းကြောင့် သူတစ်ပါးကို ဇီဝိတိန္ဒြေမှ ချငြားအံ့၊ သတ်ငြားအံ့၊ ဤသတ်ခြင်းအမှုကား ငါ့အတွက် မသင့်တော်ပေ'' - ဟု စဥ်းစားမိပြန်၏။ (ပါဏာတိပါတ၏ အပြစ်ကို သတိရမိခြင်းပင် ဖြစ်၏။) ထိုသို့ စဥ်းစား ပြီးနောက် ယင်းယုန်ငယ်ကို - ''အမောင် ယုန်ငယ် …သွားချေတော့၊ တောထဲ၌ ယုန်အပေါင်းတို့နှင့် အတူ တကွ မြက်ရေကို သုံးဆောင်ပေတော့'' - ဟု ပြောဆို၍ လွှတ်လိုက်၏။ အိမ်ပြန်ရောက်သောအခါ အစ်ကို ဖြစ်သူက - ''ယုန် ရရှိခဲ့ပါရဲ့လား'' - ဟု မေးမြန်းသောအခါ မိမိ ပြုခဲ့သမျှ ဖြစ်ရပ်အလုံးစုံကို ပြောပြ၏။ ထို အခါ အစ်ကိုလုပ်သူက သဘောမတွေ့သဖြင့် စက္ကနကို ကြိမ်းမောင်းလေတော့၏။ ထိုသို့ ကြိမ်းမောင်းခံရသော စက္ကနသည် မိခင်ထံမှောက်သို့ သွား၍ ---- ''ယတော အဟံ ဇာတော၊ နာဘိဇာနာမိ သဉ္စိစ္စ ပါဏံ ဇီဝိတာ ဝေါရောပေတာ''တိ သစ္စံ ဝတွာ အဋ္ဌာသိ။
他先想:“我要把它做成母亲的药。”继而又想:“我若为了让母亲活命,便使另一个生命失去命根、把它杀死,这种杀害之事于我并不适宜。”〔这正是忆起杀生的过患。〕如此思惟后,他对小兔说:“小兔弟弟,走吧!回到林中,同兔群一起吃草饮水吧。”说完便放了它。回家后,兄长问:“捉到兔子了吗?”他把自己所做的一切如实相告。兄长不满,便责骂 Cakkana。受责骂后,Cakkana 来到母亲面前。巴利原串(缅文字母):“ယတော အဟံ ဇာတော၊ နာဘိဇာနာမိ သဉ္စိစ္စ ပါဏံ ဇီဝိတာ ဝေါရောပေတာ''တိ သစ္စံ ဝတွာ အဋ္ဌာသိ။”其中真实语的内容由下一单元解释。
= လူဖြစ်သည့် အရွယ် (နားလည်သည့် အရွယ်) က စ၍ သူတစ်ပါး၏ အသက်ကို သေစေလိုသော စိတ် စေတနာဖြင့် မသတ်ဖူးပါ'' --- ဟု ဤမှန်သော သစ္စာစကားကို ပြောဆို၍ ရပ်တည်နေ၏။ ထိုမှန်ကန်သော သစ္စာစကားကို ပြောဆိုစဥ်မှာ ပင်လျှင် စက္ကန၏မိခင်သည် ရောဂါကင်းရှင်းသွားခဲ့ရလေသည်။ (အဘိ-ဋ္ဌ-၁-၁၄၆။) ဤဝတ္ထု၌ လွန်ကျူးဖို့ရန် တိုက်ရိုက် တွေ့ကြုံလာရသော ယုန်ကို မသတ်ဘဲ ရှောင်ကြဥ်ခြင်းသည် သမ္ပတ္တဝိရတိတည်း။ ဤသမ္ပတ္တဝိရတိ၏ ပစ္စုပ္ပန် လွန်ကျူးဆဲ အာရုံကို အာရုံပြုကြောင်းမှာ ထင်ရှားလေပြီ။
其义是:“从我长到能够辨事的年龄以来,我不曾怀着故意令他命终的意图杀害任何生命。”他如此宣说这一真实的谛实语并站在那里;就在宣说谛实语时,Cakkana 母亲的疾病痊愈了。(《殊胜义注》1-146。)在这个故事中,当兔子作为可直接违犯之事来到眼前时,他不杀而予以远离,这就是自然离。由此已经清楚,自然离缘取当下可违犯之事。
၂။ သမာဒါနဝိရတိ ---- သမာဒိန္နသိက္ခာပဒါနံ ပန သိက္ခာပဒသမာဒါနေ စ တတုတ္တရိဉ္စ အတ္တနော ဇီဝိတမ္ပိ ပရိစ္စဇိတွာ ဝတ္ထုံ အဝီတိက္ကမန္တာနံ ဥပ္ပဇ္ဇမာနာ ဝိရတိ ''သမာဒါနဝိရတီ''တိ ဝေဒိတဗ္ဗာ။ (အဘိ-ဋ္ဌ-၁-၁၄၆။) သိက္ခာပုဒ်ကို ဆောက်တည်သည်၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသော ဝိရတိသည် သမာဒါနဝိရတိ မည်၏။
2.受持离(`samādāna-virati`)。巴利引文(缅文字母):“သမာဒိန္နသိက္ခာပဒါနံ ပန သိက္ခာပဒသမာဒါနေ စ တတုတ္တရိဉ္စ အတ္တနော ဇီဝိတမ္ပိ ပရိစ္စဇိတွာ ဝတ္ထုံ အဝီတိက္ကမန္တာနံ ဥပ္ပဇ္ဇမာနာ ဝိရတိ ''သမာဒါနဝိရတီ''တိ ဝေဒိတဗ္ဗာ။”译:“对于已经受持学处的人,无论在受持学处之时,还是从此以后,甚至宁可舍弃自己的生命也不越犯其事;在这些人之中生起的离,应知为‘受持离’。”(《殊胜义注》1-146。)依受持学处而生起的离,称为受持离。
သိက္ခာပုဒ်ကို ဆောက်တည်ကုန်သော သူတို့၏ သိက္ခာပုဒ်ကို ဆောက်တည်တုန်းမှာ ဖြစ်စေ၊ ဆောက်တည်ပြီး နောက်မှ ဖြစ်စေ သိက္ခာပုဒ်ကို ဆောက်တည်ထားသည့် အတွက် မိမိ၏ အသက်ကိုသော်ပင် စွန့်လွှတ်၍ လွန်ကျူးဖွယ် ဝတ္ထုကို မလွန်ကျူးကုန်သော သူတို့၏ သန္တာန်ဝယ် ဖြစ်ပေါ်လာသော ဝိရတိကို သမာဒါနဝိရတိ ဟု သိရှိပါလေ။ (အဘိ-ဋ္ဌ-၁-၁၄၆။)
已受持学处的人,无论在受持学处之时,还是受持之后,都因为已经受持学处,甚至宁可舍弃自己的生命,也不越犯可违犯之事;在他们的相续中生起的离,应知为受持离。(《殊胜义注》1-146。)
ဥတ္တရ ဝဍ္ဎမာနတောင် အရပ်၌ နေသော ဥပါသကာတစ်ဦး
住在 Uttara Vaḍḍhamāna 山一带的一位优婆塞
ထိုဥပါသကာသည် အမ္ဗရိယကျောင်းတိုက်၌ သီတင်းသုံးစံနေတော်မူသော ပိင်္ဂလဗုဒ္ဓရက္ခိတမထေရ် မြတ်ကြီး၏ အထံ၌ သိက္ခာပုဒ်တို့ကို ဆောက်တည်၍ ယူ၍ လယ်ထွန်၏။ ထိုအခါဝယ် လယ်ထွန်ပြီးနောက် လွှတ်ထားစဥ် ထိုဥပါသကာ၏ နွားသည် ပျောက်သွား၏၊ ထိုဥပါသကာသည် ထိုပျောက်သွားသော နွားကို
这位优婆塞在 Ambariya 寺住锡的 Piṅgala Buddharakkhita 大长老座下受持诸学处,然后去耕田。耕作完毕,他把牛放开,牛却走失了。于是他开始寻找那头走失的牛;
原书第 202 页
ရှာဖွေလျက် လှည့်လည်လတ်သော် ဥတ္တရ ဝဍ္ဎမာနတောင်ပေါ်သို့ တက်ရောက်မိသွား၏။ ထိုတောင်ပေါ်ဝယ် ထိုဥပါသကာကို စပါးကြီးမြွေက ရစ်ပတ်၍ အရဖမ်းယူလေ၏။ ထိုဥပါသကာသည် လက်ထဲ၌ ပါလာသော ထက်မြက်လှသော ပဲခွပ်ဖြင့် ယင်းမြွေ၏ ဦးခေါင်းကို ဖြတ်ရန် ကြံစည်ပြီးမှ တစ်ဖန် -- ''ငါသည် ကုသိုလ်စိတ် အစဥ်ကို လွန်စွာ တိုးပွားစေတတ်သော လေးစားထိုက်သော ဆရာသမား၏ အထံ၌ ရယူဆောက်တည်ပြီး ဖြစ်ပါ လျက် သိက္ခာပုဒ်တို့ကို ဖျက်ဆီးခဲ့သော် ဤသိက္ခာပုဒ်တို့ကို ဖျက်ဆီးခြင်း အမှုကား ငါ့အတွက် မသင့်တော်ပေ'' ဟု စဥ်းစားမိပြန်၏။ ဤသို့လျှင် သုံးကြိမ်တိုင်တိုင် ကြံစည်ပြီးမှ ---- ''ဇီဝိတံ ပရိစ္စဇာမိ၊ န သိက္ခာပဒံ'' = ''အသက်ကိုသာ စွန့်အံ့၊ သိက္ခာပုဒ်ကို မစွန့်အံ့'' ---- ဤသို့ စဥ်းစား၍ ပခုံးထက်၌ လွယ်ထားသော ထက်မြက်လှသော အရိုးတပ်ထားသော ပဲခွပ်ကို တောထဲ သို့ လွှင့်ပစ်လိုက်လေ၏။ ထိုခဏမှာပင်လျှင် သီလ၏ တန်ခိုးကြောင့် ထိုဥပါသကာကို စပါးကြီးမြွေကလည်း
四处寻觅时,不觉登上 Uttara Vaḍḍhamāna 山。山上有一条巨蟒把他缠住。他本想用手中锋利的锛斧砍断蛇头,却又想到:“我已经在一位值得尊敬、能令善心相续大为增长的老师面前受持诸学处;若如今毁犯这些学处,这种毁犯之事于我并不适宜。”如此反复思惟三次后,他下定决心。巴利原串(缅文字母):“ဇီဝိတံ ပရိစ္စဇာမိ၊ န သိက္ခာပဒံ”,即:“我宁舍生命,不舍学处。”于是,他把肩上那柄带柄的锋利锛斧抛进林中。就在那一刻,由于戒的威力,巨蟒也
လွှတ်၍ ထွက်သွားလေသည်။ (အဘိ-ဋ္ဌ-၁-၁၄၆-၁၄၇။) ဤဝတ္ထုသွားကို ထောက်ထားလျှင် ဤသမာဒါနဝိရတိသည်လည်း ပစ္စုပ္ပန်ကိုပင် အာရုံပြုသည်ဟု မှတ်ပါ။
放开他,离去了。(《殊胜义注》1-146—147。)依这个故事,也应知道,受持离同样缘取当下可违犯之事。
သမ္ပတ္တဝိရတိ၌ သိက္ခာပုဒ်ကို ဆောက်တည်မှု မရှိ၊ ဤ သမာဒါနဝိရတိ၌ကား သိက္ခာပုဒ်ကို ကြိုတင် ဆောက်တည် ထားမှုရှိ၏။ ဤမျှသာ ကွာခြား၍ ဆိုက်ရောက်လာသော လွန်ကျူးဖွယ်ဝတ္ထုမှ မလွန်ကျူးဘဲ ရှောင်ကြဥ်ပုံ အခြင်း အရာချင်းကား တူညီလျက်ပင် ရှိ၏။
自然离没有预先受持学处;受持离则预先受持了学处。两者只在这一点上有别;至于面对已经来到面前的可违犯之事而不越犯、予以远离的方式,则完全相同。
အသမာဒိန္နသီလဿ သမ္ပတ္တတော ယထာဥပဋ္ဌိတဝီတိက္ကမိတဗ္ဗဝတ္ထုတော ဝိရတိ သမ္ပတ္တဝိရတိ၊ သမာ- ဒါနဝသေန ဥပ္ပန္နာ ဝိရတိ သမာဒါနဝိရတိ။ (မ-ဋီ-၁-၃ဝ၅။) ၃။ သမုစ္ဆေဒဝိရတိ ---- အရိယမဂ္ဂသမ္ပယုတ္တာ ပန ဝိရတိ သမုစ္ဆေဒဝိရတီတိ ဝေဒိတဗ္ဗာ၊ ယဿာ ဥပ္ပတ္တိတော ပဘုတိ ''ပါဏံ ဃာတေဿာမီ''တိ အရိယပုဂ္ဂလာနံ စိတ္တမ္ပိ နုပ္ပဇ္ဇတီတိ။ (အဘိ-ဋ္ဌ-၁-၁၄၇။) = ဒုစရိုက် ဒုရာဇီဝ ဟူသမျှ၏ အနုသယဓာတ်ကို အကြွင်းမဲ့ ပယ်သတ်ခြင်း၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသော လောကုတ္တရာ အရိယမဂ်နှင့် ယှဥ်တွဲလျက်ရှိသော ဝိရတိကို သမုစ္ဆေဒဝိရတိဟု သိရှိပါလေ။ ယင်းသမုစ္ဆေဒဝိရတိ ၏ ဖြစ်ပေါ်လာရာ အချိန်အခါမှစ၍ အရိယာသူတော်ကောင်းတို့၏ သန္တာန်ဝယ် ''သူ့အသက်ကို သတ်အံ့'' ဟူသော စိတ်ဓာတ်မျှသော်လည်း လုံးဝ မဖြစ်တော့ပေ။ (အဘိ-ဋ္ဌ-၁-၁၄၇။)
巴利引文(缅文字母):“အသမာဒိန္နသီလဿ သမ္ပတ္တတော ယထာဥပဋ္ဌိတဝီတိက္ကမိတဗ္ဗဝတ္ထုတော ဝိရတိ သမ္ပတ္တဝိရတိ၊ သမာ- ဒါနဝသေန ဥပ္ပန္နာ ဝိရတိ သမာဒါနဝိရတိ။”译:“未曾受持戒者,对已经来到面前、如其显现的可违犯之事而远离,是自然离;依受持而生起的离,是受持离。”(《中部复注》1-305。)3.正断离(`samuccheda-virati`)。巴利引文(缅文字母):“အရိယမဂ္ဂသမ္ပယုတ္တာ ပန ဝိရတိ သမုစ္ဆေဒဝိရတီတိ ဝေဒိတဗ္ဗာ၊ ယဿာ ဥပ္ပတ္တိတော ပဘုတိ ''ပါဏံ ဃာတေဿာမီ''တိ အရိယပုဂ္ဂလာနံ စိတ္တမ္ပိ နုပ္ပဇ္ဇတီတိ။”译:“应知,与圣道相应的离是正断离;从它生起以后,诸圣者连‘我要杀害生命’这样的心也不再生起。”(《殊胜义注》1-147。)应知,与出世间圣道相应、由无余断除一切恶行与恶命的随眠界而生起的离,称为正断离。从正断离生起之时起,圣者相续中连“我要杀害他的生命”这样的心也绝不再生起。(《殊胜义注》1-147。)
ကုသိုလ်သာ ဖြစ်သည်
唯是善
ပဉ္စသိက္ခာပဒါနိ။ ပ ။ ကုသလာယေဝ။ (အဘိ-၂-၃ဝ၅။) ဝိရတိတရားတို့သည် (သိက္ခာပုဒ်တို့သည်) ကုသိုလ်သာ ဧကန် ဖြစ်ကုန်၏ ---- ဟု ဘုရားရှင် ဟောကြား ထားတော်မူသောကြောင့် ဝိရတိတရားတို့သည် ဇော၌သာ ယှဥ်တွဲ ဖြစ်ကြကုန်၏၊ ဇောနောင် ကျသော တဒါရုံ၌ ယှဥ်တွဲ၍ မဖြစ်ကုန်ဟု မှတ်ပါ။
巴利引文(缅文字母):“ပဉ္စသိက္ခာပဒါနိ။ ပ ။ ကုသလာယေဝ။”译:“五学处……唯是善。”(《分别论》2-305。)由于世尊已经教示:“诸离法,也就是诸学处,决定唯是善法”,所以应知:诸离法只与速行相应而生,不与速行之后生起的彼所缘相应而生。
原书第 203 页
ဝိရတိ တရားတို့၏ အာရုံ
离法的所缘
ပဉ္စသိက္ခာပဒါနိ။ ပ ။ ပစ္စုပ္ပန္နာရမ္မဏာ။ (အဘိ-၂-၃ဝ၅။) အာရမ္မဏတ္တိကေသု ပန ယာနိ သိက္ခာပဒါနိ ဧတ္ထ သတ္တာရမ္မဏာနီတိ ဝုတ္တာနိ၊ တာနိ ယသ္မာ သတ္တောတိ သင်္ခံ ဂတေ သင်္ခါရေယေဝ အာရမ္မဏံ ကရောန္တိ၊ ယသ္မာ စ သဗ္ဗာနိပိ ဧတာနိ သမ္ပတ္တဝိရတိဝသေနေဝ နိဒ္ဒိဋ္ဌာနိ၊ တသ္မာ ''ပရိတ္တာရမ္မဏာ''တိ စ ''ပစ္စုပ္ပန္နာရမ္မဏာ''တိ စ ဝုတ္တံ။ ယတော ပန ဝိရမတိ၊ တဿ ဝတ္ထုနော အစ္စန္တဗဟိဒ္ဓတ္တာ သဗ္ဗေသမ္ပိ ဗဟိဒ္ဓါရမ္မဏတာ ဝေဒိတဗ္ဗာတိ။ (အဘိ-ဋ္ဌ-၂-၃၆၉။) ဣမသ္မိံ ပန သိက္ခာပဒဝိဘင်္ဂေ သမ္မာသမ္ဗုဒ္ဓေန အဘိဓမ္မဘာဇနီယေပိ ပဥှာပုစ္ဆကေပိ လောကိယာနေဝ သိက္ခာပဒါနိ ကထိတာနိ။ (အဘိ-ဋ္ဌ-၂-၃၆၉။) သမ္ပတ္တဝိရတိဝသေနာတိ သမ္ပတ္တေ ပစ္စုပ္ပန္နေ အာရမ္မဏေ ယထာဝိရမိတဗ္ဗတော ဝိရတိဝသေနာတိ အတ္ထော။ (မူလဋီ-၂-၁၉ဝ။) ဤအထက်ပါ ပါဠိတော် အဋ္ဌကထာ ဋီကာတို့၌ လာရှိသည့်အတိုင်း လောကီဝိရတိတို့သည် ပစ္စုပ္ပန်
巴利引文(缅文字母):“ပဉ္စသိက္ခာပဒါနိ။ ပ ။ ပစ္စုပ္ပန္နာရမ္မဏာ။”译:“五学处……以现在法为所缘。”(《分别论》2-305。)义注引文(缅文字母):“အာရမ္မဏတ္တိကေသု ပန ယာနိ သိက္ခာပဒါနိ ဧတ္ထ သတ္တာရမ္မဏာနီတိ ဝုတ္တာနိ၊ တာနိ ယသ္မာ သတ္တောတိ သင်္ခံ ဂတေ သင်္ခါရေယေဝ အာရမ္မဏံ ကရောန္တိ၊ ယသ္မာ စ သဗ္ဗာနိပိ ဧတာနိ သမ္ပတ္တဝိရတိဝသေနေဝ နိဒ္ဒိဋ္ဌာနိ၊ တသ္မာ ''ပရိတ္တာရမ္မဏာ''တိ စ ''ပစ္စုပ္ပန္နာရမ္မဏာ''တိ စ ဝုတ္တံ။ ယတော ပန ဝိရမတိ၊ တဿ ဝတ္ထုနော အစ္စန္တဗဟိဒ္ဓတ္တာ သဗ္ဗေသမ္ပိ ဗဟိဒ္ဓါရမ္မဏတာ ဝေဒိတဗ္ဗာတိ။”译:“在所缘三法中,这里所说诸学处‘以有情为所缘’,是因为它们只取被称为‘有情’的诸行作为所缘;又因为这些学处全都只依临境而离之义(`sampattavirati-vasena`)加以说明,所以说为‘以欲界法为所缘’及‘以现在法为所缘’。再者,由于所远离之事完全在自身之外,应知一切学处都以外在法为所缘。”(《迷惑冰消》2-369。)义注又说:“ဣမသ္မိံ ပန သိက္ခာပဒဝိဘင်္ဂေ သမ္မာသမ္ဗုဒ္ဓေန အဘိဓမ္မဘာဇနီယေပိ ပဥှာပုစ္ဆကေပိ လောကိယာနေဝ သိက္ခာပဒါနိ ကထိတာနိ။”译:“在这篇《学处分别》中,正等觉者无论在‘阿毗达磨分别’还是‘问分’,所说都只是世间学处。”(《迷惑冰消》2-369。)复注引文(缅文字母):“သမ္ပတ္တဝိရတိဝသေနာတိ သမ္ပတ္တေ ပစ္စုပ္ပန္နေ အာရမ္မဏေ ယထာဝိရမိတဗ္ဗတော ဝိရတိဝသေနာတိ အတ္ထော။”译:“所谓‘依临境而离之义’,意思是:当所缘已经来到、成为现在所缘时,依其所应远离而远离。”(《根本复注》2-190。)依上述巴利、义注与复注,世间诸离只取现在的
ကာမအာရုံကိုသာ အာရုံပြုကြ၏။
欲界所缘为所缘。
သိက္ခာပဒဝိဘင်းဝယ် သိက္ခာပုဒ်တို့ကို သတ္တာရမ္မဏ = သတ္တဝါလျှင် အာရုံရှိကုန်၏ဟု ဘုရားရှင်သည် ဟောကြားထားတော်မူကုန်၏။ ထိုသိက္ခာပုဒ်တို့သည် သတ္တဝါဟု ခေါ်ဝေါ်ပညတ် သမုတ်အပ်သည်၏ အဖြစ်သို့ ရောက်ရှိကြကုန်သော ရုပ်နာမ် သင်္ခါရတရားတို့ကိုသာလျှင် အာရုံပြုကြကုန်သောကြောင့် အလုံးစုံလည်း ဖြစ် ကုန်သော ဤသိက္ခာပုဒ်တို့ကို သမ္ပတ္တဝိရတိ၏ အစွမ်းဖြင့်သာ ညွှန်ပြတော်မူအပ်ကုန်ပြီ၊ ထိုကြောင့် ပရိတ္တာရမ္မဏ = ကာမတရားလျှင် အာရုံရှိကုန်သော တရားတို့ဟူ၍လည်းကောင်း၊ ပစ္စုပ္ပန္နာရမ္မဏ = ပစ္စုပ္ပန်တရားလျှင် အာရုံ ရှိကုန်သော တရားတို့ဟူ၍လည်းကောင်း ဘုရားရှင်သည် ဟောကြားတော်မူ၏။
在《学处分别》中,世尊开示诸学处为“以有情为所缘”(`sattārammaṇa`)。这些学处其实只取色名诸行——即已被称说、施设、安立为“有情”的那些法——为所缘;又因为这里的一切学处都只依“临境而离”的意义加以说明,所以世尊说它们是“以欲界法为所缘”(`parittārammaṇa`),也就是以欲界法为所缘之法;并说它们是“以现在法为所缘”(`paccuppannārammaṇa`),也就是以现在法为所缘之法。
တစ်ဖန် အကြင်ဝတ္ထုမှ ရှောင်ကြဥ်၏၊ ထိုရှောင်ကြဥ်အပ်သော ဝတ္ထု၏ ဗဟိဒ္ဓတရား စစ်စစ်သာ ဖြစ်သော ကြောင့် အလုံးစုံသော သိက္ခာပုဒ်တို့၏လည်း ဗဟိဒ္ဓါရမ္မဏ = ဗဟိဒ္ဓ ရုပ်နာမ် သင်္ခါရတရားလျှင် အာရုံရှိသည်၏ အဖြစ်ကို သိရှိပါလေ။ (အဘိ-ဋ္ဌ-၂-၃၆၉။) ဤ အထက်ပါ အဋ္ဌကထာ စကားရပ်ဝယ် သိက္ခာပုဒ် အားလုံးတို့ကို သမ္ပတ္တဝိရတိ၏ အစွမ်းဖြင့် ဘုရားရှင် ညွှန်ကြားတော်မူကြောင်း လာရှိ၏။ ထိုသမ္ပတ္တဝိရတိ အရ ---- သမ္ပတ္တဝိရတိ၊ သမာဒါနဝိရတိ၊ သမုစ္ဆေဒဝိရတိ (၃)မျိုးတို့တွင် ပါဝင်သော သမ္ပတ္တဝိရတိကို ဆိုသည်ဟု ထင်မှားဖွယ် ရှိသောကြောင့် --- သမ္ပတ္တေ ပစ္စုပ္ပန္နေ အာရမ္မဏေ - စသည်ဖြင့် မူလဋီကာဆရာတော်က ရှင်းပြတော်မူသည်။
再者,所远离的那一事完全属于外在法,因此应知,一切学处都是“以外在法为所缘”(`bahiddhārammaṇa`),也就是以外在的色名诸行为所缘。(《迷惑冰消》2-369。)上述义注说,世尊依 `sampattavirati` 的意义说明一切学处。读者可能误以为,这里的 `sampattavirati` 只指自然离、受持离、正断离三种之中的第一种“自然离”;为了消除这种误解,根本复注师才用“当所缘已经来到、成为现在所缘时”(`sampatte paccuppanne ārammaṇe`)等语加以解释。
ပစ္စုပ္ပန်ဖြစ်သော လွန်ကျူးဖွယ်အာရုံသည် ဆိုက်ရောက်လာလတ်သော်သာလျှင် တစ်နည်းဆိုရသော် လွန်ကျူးဖွယ်အာရုံက ပစ္စုပ္ပန်အဖြစ်သို့ ဆိုက်ရောက်လာမှသာလျှင် ယင်းသို့ ဆိုက်ရောက်လာသော ပါဏာတိပါတ စသော ထိုထိုအမှုမှ ရှောင်ကြဥ်နိုင်သောကြောင့် သမ္ပတ္တပုဒ်ကို - သမ္ပတ္တေ ပစ္စုပ္ပန္နေ အာရမ္မဏေ - ဟု ဋီကာ ဆရာတော်က ဖွင့်ဆိုလိုက်ခြင်း ဖြစ်သည်။ မှန်ပေသည် - သမာဒါနဝိရတိသည်လည်း သီလဆောက်တည်တုန်း သက်သက်၌ မဖြစ်သေး၊ သီလဆောက်တည်ခိုက်၌ ဖြစ်စေ နောက်ပိုင်း၌ ဖြစ်စေ လွန်ကျူးဖွယ် ပစ္စုပ္ပန်အာရုံနှင့် တွေ့၍ ရှောင်ကြဥ်မှသာ ဖြစ်သည်။ သမုစ္ဆေဒဝိရတိကား လောကုတ္တရာတရားသက်သက်သာ ဖြစ်သောကြောင့် ဤဝိပဿနာအရာ၌ မသက်ဆိုင်ပေ။
只有当可违犯的现在所缘已经来到——换句话说,只有当可违犯的所缘来到而成为现在所缘——才可能远离当下所面对的杀生等各种行为。因此,复注师把 `sampatta` 一词解释为“当所缘已经来到、成为现在所缘时”(`sampatte paccuppanne ārammaṇe`)。确实,受持离也不会只因正在受持学处就已经生起;无论在受持学处之时还是后来,只有遇到可违犯的现在所缘并实际远离,受持离才生起。至于正断离,因为纯属出世间法,所以与这里的毗婆舍那观修无关。
原书第 204 页
သို့အတွက် တရားရှုပွားနေဆဲ ဖြစ်သော အသင်ယောဂီသူတော်ကောင်းအဖို့ ဝိရတိ နာမ်တရားစုတို့ကို သိမ်းဆည်းရှုပွားခိုက်ဝယ် ပစ္စုပ္ပန် လွန်ကျူးဖွယ်အာရုံနှင့် တိုက်ရိုက် ရင်ဆိုင် တိုးနေချိန် မဟုတ်သဖြင့် တစ်ချိန် ယင်းဒုစရိုက် ဒုရာဇီဝ တစ်ခုခုကို ရှောင်ကြဥ်ခဲ့စဥ်က ဖြစ်ပေါ်ခဲ့သော ဒုစရိုက် ဒုရာဇီဝ တစ်ခုခုကိုပင် အာရုံယူ၍ ယင်း ရှောင်ကြဥ်ခဲ့သော ဝိရတိ နာမ်တရားစုတို့ကို ရှုပွားရန် အထက်တွင် ဖော်ပြခဲ့ခြင်း ဖြစ်သည်။
因此,贤善的瑜伽行者在摄取、观修离名法组时,并非正值直接面对现在的可违犯所缘。所以上文说明:应回取自己过去某时曾远离的某一恶行或恶命为所缘,进而观修当时因远离该事而生起的离名法组。
ပါဏာတိပါတ စသည်၏ အာရုံ အယူအဆ သိမှတ်ဖွယ်
关于杀生等之所缘应知事项
အာရမ္မဏတော ပါဏာတိပါတော ဇီဝိတိန္ဒြိယာရမ္မဏော။ အဒိန္နာဒါနံ သတ္တာရမ္မဏံ ဝါ သင်္ခါရာရမ္မဏံ ဝါ။ မိစ္ဆာစာရော ဣတ္ထိပုရိသာရမ္မဏော။ မုသာဝါဒေါ သတ္တာရမ္မဏောဝါ သင်္ခါရာရမ္မဏော ဝါ။ သုရာပါနံ သင်္ခါရာရမ္မဏံ။ (အဘိ-ဋ္ဌ-၂-၃၆၆။) ၁။ ပါဏာတိပါတ စေတနာသည် သူတစ်ပါး၏ ဇီဝိတိန္ဒြေလျှင် အာရုံ ရှိ၏။
巴利义注引文(缅文字母):“အာရမ္မဏတော ပါဏာတိပါတော ဇီဝိတိန္ဒြိယာရမ္မဏော။ အဒိန္နာဒါနံ သတ္တာရမ္မဏံ ဝါ သင်္ခါရာရမ္မဏံ ဝါ။ မိစ္ဆာစာရော ဣတ္ထိပုရိသာရမ္မဏော။ မုသာဝါဒေါ သတ္တာရမ္မဏောဝါ သင်္ခါရာရမ္မဏော ဝါ။ သုရာပါနံ သင်္ခါရာရမ္မဏံ။”译:“从所缘来说:杀生以命根为所缘;偷盗以有情或行法为所缘;邪淫以女人或男人为所缘;妄语以有情或行法为所缘;饮酒以行法为所缘。”(《迷惑冰消》2-366。)1.杀生之思以他人的命根为所缘。
၂။ အဒိန္နာဒါန စေတနာသည် သတ္တဝါလျှင် အာရုံ ရှိသည်သော်လည်း ရှိ၏၊ သက်မဲ့ သင်္ခါရတရားလျှင် အာရုံ ရှိသည်သော်လည်း ရှိ၏။
2.偷盗之思,有时以有情为所缘,有时以无生命的行法为所缘。
၃။ ကာမေသုမိစ္ဆာစာရ စေတနာသည် မိန်းမ ယောကျာ်း ဟူသော အာရုံ ရှိ၏။
3.邪淫之思以女人或男人为所缘。
၄။ မုသာဝါဒ စေတနာသည် သတ္တဝါလျှင် အာရုံရှိသည်သော်လည်း ရှိ၏၊ သက်မဲ့ သင်္ခါရတရားစုလျှင် အာရုံ ရှိသည်သော်လည်း ရှိ၏။
4.妄语之思,有时以有情为所缘,有时以无生命的行法组为所缘。
၅။ သုရာပါန စေတနာသည် သက်မဲ့ သင်္ခါရတရားစုလျှင် အာရုံရှိ၏။ (အဘိ-ဋ္ဌ-၂-၃၆၆။)
5.饮酒之思,以无生命的行法组为所缘。(《迷惑冰消》2-366。)
သိက္ခာပုဒ်ဟူသည်
所谓学处
ယသ္မာ ပန န ကေဝလံ ဝိရတိယေဝ သိက္ခာပဒံ၊ စေတနာပိ သိက္ခာပဒမေဝ၊ တသ္မာ တံ ဒဿေတုံ ဒုတိယနယော ဒဿိတော။ ယသ္မာ စ န ကေဝလံ ဧတေယေဝ ဒွေ ဓမ္မာ သိက္ခာပဒံ၊ စေတနာသမ္ပယုတ္တာ ပန ပရောပဏ္ဏာသဓမ္မာပိ သိက္ခိတဗ္ဗကောဋ္ဌာသတော သိက္ခာပဒမေဝ၊ တသ္မာ တတိယနယောပိ ဒဿိတော။
巴利义注引文(缅文字母):“ယသ္မာ ပန န ကေဝလံ ဝိရတိယေဝ သိက္ခာပဒံ၊ စေတနာပိ သိက္ခာပဒမေဝ၊ တသ္မာ တံ ဒဿေတုံ ဒုတိယနယော ဒဿိတော။ ယသ္မာ စ န ကေဝလံ ဧတေယေဝ ဒွေ ဓမ္မာ သိက္ခာပဒံ၊ စေတနာသမ္ပယုတ္တာ ပန ပရောပဏ္ဏာသဓမ္မာပိ သိက္ခိတဗ္ဗကောဋ္ဌာသတော သိက္ခာပဒမေဝ၊ တသ္မာ တတိယနယောပိ ဒဿိတော။”译:“并非只有离才是学处,思也是学处;为了显示这一点,便开示第二种方法。又因为并非只有这两法是学处,与思相应的五十余法,从应当修学的组成部分而言,也都是学处;所以又开示第三种方法。”
(အဘိ-ဋ္ဌ-၂-၃၆၅။)
(《迷惑冰消》2-365。)
ဤ အထက်ပါ အဋ္ဌကထာ၏ ဖွင့်ဆိုတော်မူချက် အရ ---- ၁။ ဝိရတိ စေတသိက်သည်လည်း သိက္ခာပုဒ် မည်၏။
依上述义注的解释:1.离心所也称为学处。
၂။ စေတနာသည်လည်း သိက္ခာပုဒ် မည်၏။
2.思也称为学处。
၃။ ဤဝိရတိ စေတနာ (၂)မျိုးသာ သိက္ခာပုဒ် မည်သည် မဟုတ်သေး။ စေတနာနှင့် သမ္ပယုတ္တဓမ္မ ဖြစ်ကြ ကုန်သော စိတ်စေတသိက် တရားစုတို့သည်လည်း ကျင့်သင့် ကျင့်ထိုက်သော တရားအစုတို့ ဖြစ်ခြင်း ကြောင့် သိက္ခာပုဒ်ပင် မည်၏။
3.并非只有离与思这两种法称为学处;与思相应的心、心所法组,因为也是应当修习的法聚,所以同样称为学处。
ဝိရတိ၏ အာရုံကို ဆန်းစစ်ချက်
对离之所缘的考察
အာရမ္မဏတောတိ ပါဏာတိပါတာ ဝေရမဏီ ပရဿ ဇီဝိတိန္ဒြိယံ အာရမ္မဏံ ကတွာ အတ္တနော ဝေရ- စေတနာယ ဝိရမတိ။ ဣတရာသုပိ ဧသေဝ နယော။ သဗ္ဗာပိ ဟိ ဧတာ ဝီတိက္ကမိတဗ္ဗဝတ္ထုံ အာရမ္မဏံ ကတွာ ဝေရစေတနာဟိယေဝ ဝိရမန္တိ။ (အဘိ-ဋ္ဌ-၂-၃၆၈။)
巴利义注引文(缅文字母):“အာရမ္မဏတောတိ ပါဏာတိပါတာ ဝေရမဏီ ပရဿ ဇီဝိတိန္ဒြိယံ အာရမ္မဏံ ကတွာ အတ္တနော ဝေရ- စေတနာယ ဝိရမတိ။ ဣတရာသုပိ ဧသေဝ နယော။ သဗ္ဗာပိ ဟိ ဧတာ ဝီတိက္ကမိတဗ္ဗဝတ္ထုံ အာရမ္မဏံ ကတွာ ဝေရစေတနာဟိယေဝ ဝိရမန္တိ။”译:“所谓‘从所缘而言’:离杀生以他人的命根为所缘,远离自己那种致怨之思(`vera-cetanā`);其他诸项也依同一方法。所有这些离,确实都以可违犯之事(`vītikkamitabba-vatthu`)为所缘,只从诸致怨之思中远离。”(《迷惑冰消》2-368。)
原书第 205 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- အရူပပရိဂ္ဂဟ အခန်း သတ္တဣတ္ထိပုရိသာရမ္မဏတာ တထာဂဟိတသင်္ခါရာရမ္မဏတာယ ဒဋ္ဌဗ္ဗာ။ ''ပဉ္စ သိက္ခာပဒါ ပရိတ္တာရမ္မ- ဏာ''တိ ဟိ ဝုတ္တံ။ ''သဗ္ဗာပိ ဟိ ဧတာ ဝီတိက္ကမိတဗ္ဗဝတ္ထုံ အာရမ္မဏံ ကတွာ ဝေရစေတနာဟိ ဧဝ ဝိရမန္တီ''တိ စ ဝက္ခတီတိ။ (မူလဋီ-၂-၁၈၉။) တထာဂဟိတသင်္ခါရာရမ္မဏတာယာတိ ''သတ္တံ အဝဟရာမိ၊ သတ္တေ ဝိပ္ပဋိပဇ္ဇာမီ''တိအာဒိနာ သတ္တာ- ကာရေန ဂဟိတသင်္ခါရာရမ္မဏတာယ၊ န ပန သတ္တပညတ္တိအာရမ္မဏတာယာတိ အဓိပ္ပါယော။
巴利根本复注引文(缅文字母):“သတ္တဣတ္ထိပုရိသာရမ္မဏတာ တထာဂဟိတသင်္ခါရာရမ္မဏတာယ ဒဋ္ဌဗ္ဗာ။ ''ပဉ္စ သိက္ခာပဒါ ပရိတ္တာရမ္မ- ဏာ''တိ ဟိ ဝုတ္တံ။ ''သဗ္ဗာပိ ဟိ ဧတာ ဝီတိက္ကမိတဗ္ဗဝတ္ထုံ အာရမ္မဏံ ကတွာ ဝေရစေတနာဟိ ဧဝ ဝိရမန္တီ''တိ စ ဝက္ခတီတိ။”译:“所谓以有情、女人或男人为所缘,应理解为以按这种方式执取的行法为所缘。因为已经说过:‘五学处以欲界法为所缘。’下文也将说:‘所有这些离都以可违犯之事为所缘,唯从诸致怨之思中远离。’”(《根本复注》2-189。)《随复注》又解释:“တထာဂဟိတသင်္ခါရာရမ္မဏတာယာတိ ''သတ္တံ အဝဟရာမိ၊ သတ္တေ ဝိပ္ပဋိပဇ္ဇာမီ''တိအာဒိနာ သတ္တာ- ကာရေန ဂဟိတသင်္ခါရာရမ္မဏတာယ၊ န ပန သတ္တပညတ္တိအာရမ္မဏတာယာတိ အဓိပ္ပါယော။”译:“所谓‘以按这种方式执取的行法为所缘’,意思是:以‘我要偷取有情;我要对有情行不正行’等方式,按有情的形相执取诸行而以之为所缘;并不是以有情概念为所缘。”
(အနုဋီ-၂-၁၉ဝ။)
(《随复注》2-190。)
= ပါဏာတိပါတစသော ဒုစရိုက်တို့၏ အာရုံအားဖြင့် အဆုံးအဖြတ်ကို သိသင့်သကဲ့သို့ - ပါဏာတိပါတာ ဝေရမဏိ (= သူ့အသက် သတ်ခြင်းမှ ရှောင်ကြဥ်ခြင်း) စသည့် သိက္ခာပုဒ်တို့၏လည်း အာရုံအားဖြင့် အဆုံး အဖြတ်ကို သိသင့်ပေသည်။
也就是说:正如应当依所缘判定杀生等恶行一样,也应当依所缘判定离杀生(即远离杀害他命)等诸学处。
၁။ သူ့အသက် သတ်ခြင်းမှ ရှောင်ကြဥ်ကြောင်း ဖြစ်သော ပါဏာတိပါတာ ဝေရမဏိ သိက္ခာပုဒ်သည် ကျူးလွန် ထိုက်သော သူတစ်ပါး၏ ဇီဝိတိန္ဒြေကို အာရုံပြု၍ မိမိ၏ ရန်ဖြစ်ကြောင်း ဝေရစေတနာမှ ရှောင်ကြဥ်၏။
1.离杀生学处,即远离杀害他命,以作为可违犯之事的他人命根为所缘,远离自身那种致怨之思(`vera-cetanā`)。
၂။ ပိုင်ရှင်က ကိုယ်နှုတ်ဖြင့် မပေးအပ်သော သူတစ်ပါး၏ ဥစ္စာကို မတရားယူခြင်းမှ ရှောင်ကြဥ်ကြောင်း ဖြစ်သော အဒိန္နာဒါနာ ဝေရမဏိ သိက္ခာပုဒ်သည် ကျူးလွန်ထိုက်သော သတ္တဝါကိုသော်လည်းကောင်း၊ သက်မဲ့ သင်္ခါရတရားကိုသော်လည်းကောင်း အာရုံပြု၍ မိမိ၏ ရန်ဖြစ်ကြောင်း ဝေရစေတနာမှ ရှောင်ကြဥ် ၏။
2.离偷盗学处,即远离不法拿取未经物主以身或语给予的他人财物,以作为可违犯之事的有情或无生命行法为所缘,远离自身的致怨之思。
၃။ သူ့သားမယားကို ဖျက်ဆီးခြင်းမှ ရှောင်ကြဥ်ကြောင်းဖြစ်သော ကာမေသု မိစ္ဆာစာရာ ဝေရမဏိ သိက္ခာ ပုဒ်သည် ကျူးလွန်ထိုက်သော မိန်းမအာရုံ ယောကျာ်းအာရုံကို အာရုံပြု၍ မိမိ၏ ရန်ဖြစ်ကြောင်း ဝေရ စေတနာမှ ရှောင်ကြဥ်၏။
3.离邪淫学处,即远离侵犯他人配偶,以作为可违犯之事的女人或男人为所缘,远离自身的致怨之思。
၄။ မုသားစကား ပြောကြားခြင်းမှ ရှောင်ကြဥ်ကြောင်း ဖြစ်သော မုသာဝါဒါ ဝေရမဏိ သိက္ခာပုဒ်သည် ကျူးလွန်ထိုက်သော သတ္တဝါကိုသော်လည်းကောင်း၊ သက်မဲ့ သင်္ခါရတရားစုကိုသော်လည်းကောင်း အာရုံပြု၍ မိမိ၏ ရန်ဖြစ်ကြောင်း ဝေရစေတနာမှ ရှောင်ကြဥ်၏။
4.离妄语学处,即远离说虚假语,以作为可违犯之事的有情或无生命行法组为所缘,远离自身的致怨之思。
၅။ မူးယစ်မေ့လျော့ခြင်း၏ အကြောင်းရင်းဖြစ်သော သေရည် သေရက်တို့ကို မှီဝဲစားသောက်ခြင်းမှ ရှောင် ကြဥ်ကြောင်း ဖြစ်သော သုရာမေရယမဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိ သိက္ခာပုဒ်သည် ကျူးလွန်ထိုက်သော မူးယစ်ဆေးဝါးဟူသော သက်မဲ့ သင်္ခါရတရားစုကို အာရုံပြု၍ မိမိ၏ ရန်ဖြစ်ကြောင်း ဝေရစေတနာမှ ရှောင်ကြဥ်၏။
5.离饮用酒类与致醉品学处,即远离饮用作为沉醉与失念之因的酒类和致醉品,以作为可违犯之事、名为致醉物的无生命行法组为所缘,远离自身的致怨之思。
မှန်ပေသည် ----- အလုံးစုံလည်း ဖြစ်ကုန်သော ဤဝိရတိ စေတနာတို့သည် --- ဝီတိက္ကမိတဗ္ဗဝတ္ထု ဟု ခေါ်ဆိုအပ်သော လွန်ကျူးထိုက်သော (= ကျူးလွန်ထိုက်သော) သူတစ်ပါး၏ အသက်ဇီဝိတိန္ဒြေစသော ဝတ္ထုကို အာရုံပြု၍ ရန်ဖြစ်ကြောင်း ဝေရစေတနာတို့မှသာလျှင် ရှောင်ကြဥ်ကြကုန်၏။ (အဘိ-ဋ္ဌ-၂-၃၆၈။) ဤအထက်ပါ အဋ္ဌကထာ စကားရပ်၌ အချို့သိက္ခာပုဒ်တို့ဝယ် သတ္တဝါဟူသော အာရုံရှိသည်၏ အဖြစ်၊ မိန်းမ ယောကျာ်းဟူသော အာရုံရှိသည်၏ အဖြစ်ကို ဖွင့်ဆိုထားတော်မူ၏။ ဤဖွင့်ဆိုချက်နှင့် ပတ်သက်၍ မူလဋီကာဆရာတော်နှင့် အနုဋီကာဆရာတော်တို့က ဤသို့ ရှင်းပြထားတော်မူ၏။
确实如此:所有这些离之思,都以他人的命根等称为“可违犯之事”(`vītikkamitabba-vatthu`)的对象为所缘,并且只从致怨之思中远离。(《迷惑冰消》2-368。)上述义注文说,某些学处以有情为所缘,某些则以女人或男人为所缘。关于这一解释,根本复注师和随复注师作了如下说明。
原书第 206 页
''သတ္တဝါကို ခိုးယူအံ့၊ ရွှေငွေကို ခိုးယူအံ့၊ သတ္တဝါတို့ကို၊ အမျိုးသ္မီးကို၊ အမျိုးသားကို ဖောက်ဖောက်ပြန်ပြန် ပြုကျင့်အံ့'' - ဤသို့ စသည်ဖြင့် သတ္တဝါဟူသော အခြင်းအရာအားဖြင့် ရွှေ-ငွေစသော အခြင်းအရာအားဖြင့် စွဲယူအပ်သော သက်ရှိ ရုပ်နာမ် သင်္ခါရနှင့် သက်မဲ့ ရုပ်သင်္ခါရဟူသော ဝီတိက္ကမိတဗ္ဗဝတ္ထု အမည်ရသော လွန်ကျူး ထိုက်သော ဝတ္ထုကို အာရုံပြု၍ ရန်ဖြစ်ကြောင်း ဝေရစေတနာတို့မှသာလျှင် ရှောင်ကြဥ်ကြကုန်၏ဟု မှတ်သား ပါ။ သတ္တဝါဟူသော ပညတ်အတုံးအခဲ ရွှေ-ငွေ စသော သက်မဲ့ပညတ် အတုံးအခဲကို အာရုံပြုသောအားဖြင့် ဤဝိရတိစေတနာတို့သည် ဖြစ်ပေါ်လာကြသည် မဟုတ်ဟု ဆိုလိုပေသည်။ မှန်ပေသည် ---- ပဉ္စ သိက္ခာပဒါ ပရိတ္တာရမ္မဏာ။ (အဘိ-၂-၃ဝ၅။) = ငါးပါးကုန်သော သိက္ခာပုဒ်တို့သည် ကာမ ရုပ်-နာမ်ဟူသော ပရိတ္တတရားလျှင် အာရုံ ရှိကုန်၏။ ---- ဤသို့ ဘုရားရှင် ဟောကြားထားတော်မူ၏။
“我要偷取有情;我要偷取金银;我要对有情、女人或男人行不正行。”应知,诸离以这类方式,取被执作有情形相或金银等形相的有生命色名行、无生命色行为所缘;这些正是称为“可违犯之事”的对象。诸离只从致怨之思中远离。这里的意思是:这些离之思并不是以称为“有情”的概念团块,或称为金银等无生命物的概念团块为所缘而生。确实,巴利说:“ပဉ္စ သိက္ခာပဒါ ပရိတ္တာရမ္မဏာ။”译:“五学处以欲界法为所缘。”(《分别论》2-305。)世尊已经如此开示:五学处都以称为欲界法的欲界色、名为所缘。
''အလုံးစုံလည်း ဖြစ်ကုန်သော ဤဝိရတိ စေတနာတို့သည် ဝီတိက္ကမိတဗ္ဗဝတ္ထုဟု ခေါ်ဆိုအပ်သော လွန်ကျူး ထိုက်သော သူတစ်ပါး အသက် ဇီဝိတိန္ဒြေစသော ဝတ္ထုကို အာရုံပြု၍ ရန်ဖြစ်ကြောင်း ဝေရစေတနာတို့မှ သာလျှင် ရှောင်ကြဥ်ကြကုန်၏။'' ---- ဤသို့လည်း အဋ္ဌကထာ၌ (အဘိ-ဋ္ဌ-၂-၃၆၈။) ဖွင့်ဆိုလတ္တံ့ ဖြစ်၏။ (မူလဋီ-၂-၁၈၉။) (အနုဋီ-၂-၁၉ဝ၊၊) ဆိုလိုသည်မှာ ဤသို့ ဖြစ်၏။ ဤ၌ သတ္တဝါကို အာရုံပြုသည်ဟု ဆိုရာ၌ ပရမတ္ထသဘာဝ အမှန်အားဖြင့် သတ္တဝါ မရှိ၊ သတ္တဝါဟု မှတ်ယူအပ်သော ရုပ်-နာမ် သင်္ခါရတရားသာ ရှိ၏။ အလားတူပင် အမျိုးသ္မီးကို အာရုံ ပြုသည် အမျိုးသားကို အာရုံပြုသည်ဟု ဆိုရာ၌လည်း ပရမတ္ထသဘာဝဘက်က ကြည့်လျှင် အမျိုးသ္မီးဟူ၍ အမျိုးသားဟူ၍ အစစ်အမှန် မရှိ၊ အမျိုးသ္မီးဟုလည်းကောင်း၊ အမျိုးသားဟုလည်းကောင်း မှတ်ယူအပ်သော ရုပ်-နာမ် သင်္ခါရတရားသာ ရှိ၏။ ထို့အတူ ရွှေ-ငွေကို အာရုံပြု၏ဟု ဆိုရာ၌လည်း ပရမတ္ထမျက်စိ ဉာဏ်မျက်စိနှင့်
义注还说:“所有这些离之思,都以他人的命根等称为‘可违犯之事’的对象为所缘,并且只从致怨之思中远离。”(《迷惑冰消》2-368。)《根本复注》2-189 与《随复注》2-190 对此解释如下:这里说“以有情为所缘”时,从胜义自性来说并没有有情,只有被认作有情的色名行法。同样,说“以女人为所缘”“以男人为所缘”时,从胜义自性看,也没有真实存在的女人或男人,只有被认作女人或男人的色名行法。同理,说“以金银为所缘”时,若以胜义眼、慧眼
စေ့စေ့ငုငု ကြည့်ရှု သုံးသပ်လိုက်သောအခါ ရွှေ-ငွေ ဟူ၍ အစစ်အမှန် မရှိ၊ ရွှေ-ငွေဟု မှတ်ယူအပ်သော ရုပ်သင်္ခါရတရား အစုအပုံသာလျှင် ရှိ၏။ ထိုကြောင့် သတ္တာရမ္မဏတာ = သတ္တဝါလျှင် အာရုံ ရှိ၏ဟု ဆိုသော် လည်း သင်္ခါရာရမ္မဏ = သက်ရှိ ရုပ်-နာမ် သင်္ခါရ၊ သက်မဲ့ ရုပ်သင်္ခါရတရားသာလျှင် အာရုံရှိ၏ဟု မှတ်သားပါ။
细致观察、审察,就会发现并没有真实存在的金银,只有被认作金银的色行法聚。因此,虽然说“以有情为所缘”(`sattārammaṇatā`),却应记住,其实是“以行法为所缘”(`saṅkhārārammaṇa`):所缘只是有生命的色名行法与无生命的色行法。
ဝီတိက္ကမိတဗ္ဗဝတ္ထုဟူသည်မှာလည်း လွန်ကျူးထိုက်သော ဝီတိက္ကမိတဗ္ဗဝတ္ထုဟု သမုတ်အပ်သော ကာမ ရုပ်နာမ် မျှသာ ဖြစ်ပေသည်။
所谓“可违犯之事”(`vītikkamitabba-vatthu`),也只是被安立为可违犯之事的欲界色名而已。
ထိုကြောင့် ဝိရတိတရားတို့သည် ဝီတိက္ကမိတဗ္ဗဝတ္ထုဖြစ်သော ပစ္စုပ္ပန် ကာမ ရုပ်-နာမ် သင်္ခါရ အာရုံတစ်ခုခု ကို အာရုံပြု၍ ရှောင်ကြဥ်ထိုက်သော ဒုစရိုက်မှ ရှောင်ကြဥ်ကြသည်။ ထိုသို့ ရှောင်ကြဥ်ရာ၌ လွန်ကျူးဖွယ် ဝတ္ထုနှင့် မတွေ့မီက ကြိုတင်၍ သိက္ခာပုဒ်ကို ဆောက်တည်ထားသော်လည်း သမာဒါန စေတနာသီလသာဖြစ်၍ သမာဒါနဝိရတိကား မဖြစ်သေးပေ။ သိက္ခာပုဒ်ကို ဆောက်တည်ပြီးနောက် လွန်ကျူးဖွယ်ဝတ္ထုနှင့် ကြုံသောအခါ မလွန်ကျူးဘဲ ရှောင်ကြဥ်ပါမှသာလျှင် သမာဒါနဝိရတိ ဖြစ်သည်။ တစ်ဖန် လွန်ကျူးဖွယ်ဝတ္ထုနှင့် ဆုံစည်း မိခိုက်ကျမှ မလွန်ကျူးဘဲ သိက္ခာပုဒ်ကို ဆောက်တည်လျှင်လည်း သမာဒါနဝိရတိပင် ဖြစ်သည်။ ကျူးလွန်ဖွယ်ရာ အာရုံ ထင်ရှား မရှိပါဘဲလျက် ယခုကာလ ဥပုသ်စောင့်ရာ၌ သိက္ခာပုဒ်ကို ဆောက်တည်ပုံမျိုးသည်ကား သမာဒါန စေတနာသီလသာ ဖြစ်၍ ဝိရတိသီလ မဖြစ်ဟု မှတ်ပါ။
因此,诸离法以作为可违犯之事的某一种现在欲界色名行所缘为所缘,远离应当远离的恶行。在这样的远离中,即使尚未遇到可违犯之事以前就预先受持了学处,那也只是受持思戒(`samādāna-cetanā-sīla`,由受持之思构成的戒),受持离尚未生起。受持学处以后,遇到可违犯之事时,只有不越犯而实际远离,才成为受持离。再者,即使直到遇见可违犯之事时才受持学处,并且不加越犯,也同样属于受持离。应当记住:像现今在布萨日受持学处,如果当时并没有明显的可违犯所缘现前,这只是受持思戒,并不是离戒(`virati-sīla`)。
原书第 207 页
အပ္ပမညာ စေတသိက် နှစ်မျိုး
两种无量心所
ကရုဏာ စေတသိက် ရှုကွက်
悲心所观法
ကရုဏာ = ဒုက္ခိတ သတ္တဝါကို အာရုံပြု၍ သနားကြင်နာခြင်းသဘော၊ ဆင်းရဲဒုက္ခမှ ကယ်တင်လိုခြင်း သဘော၊ ဤ ကရုဏာကား ကရုဏာစျာန်ဟူသော စျာန်သမာဓိနှင့် ယှဥ်တွဲလျက် ဖြစ်သည်လည်း ရှိ၏။ ကာမာဝစရ မဟာကုသိုလ်စိတ်နှင့် ယှဥ်တွဲလျက် ဖြစ်သည်လည်း ရှိ၏။ စျာန်သမာဓိနှင့် ယှဥ်တွဲလျက်ရှိသော ကရုဏာ အဝင် အပါ နာမ်တရားစုတို့ကို သိမ်းဆည်း ရှုပွားပုံစနစ်ကို စာမျက်နှာ (၁ဝ၇)၌ ဖော်ပြခဲ့သော ဇယားများအတိုင်း မေတ္တာစျာန်နာမ်တရားတို့ကို သိမ်းဆည်းပုံ နည်းစနစ်ကို နည်းမှီး၍ ရှုပါ။ ကရုဏာစျာန်ကို ရရှိအောင် ကြိုးစား အားထုတ်ပုံ အပိုင်းကို နောက်ဆက်တွဲ သမထကမ္မဋ္ဌာန်းပိုင်းတွင် ထပ်မံ၍ ဖော်ပြပေအံ့၊ ဤအပိုင်းတွင်ကား မဟာကုသိုလ်စိတ်နှင့် ယှဥ်တွဲလျက် ရှိသော ကရုဏာနှင့် တကွသော နာမ်တရားစုကိုသာ သိမ်းဆည်းရှုပွားပုံကို ဖော်ပြအပ်ပါသည်။
悲,是以受苦有情为所缘而悲悯、怜恤,并欲使其脱离痛苦的性质。悲有时与名为悲禅的禅定相应,有时与欲界大善心相应。对于与禅定相应且含有悲的名法组,应依第107页所列诸表,仿照摄取慈禅名法的方法观照。关于如何努力修习以证得悲禅,将在后续的止业处部分再作说明;本部分只说明如何摄取、观修与大善心相应且含有悲的名法组。
၁။ သမာဓိကို အဆင့်ဆင့် ထူထောင်ပါ။
1.逐步建立定力。
၂။ ဘဝင်မနောအကြည်ဓာတ်ကို သိမ်းဆည်းပါ။
2.摄取有分意净界。
၃။ ကရုဏာဖြစ်နေကျ ဒုက္ခိတသတ္တဝါ တစ်ဦးကို လှမ်း၍ အာရုံယူပါ။
3.回取一位自己通常会对其生起悲的受苦有情,以他为所缘。
၄။ ထိုသတ္တဝါပညတ်အာရုံက ဘဝင်မနောအကြည်ဓာတ်၌ ရှေးရှု ကျရောက်လာသောအခါ (= ဘဝင်မနော အကြည်ဓာတ်၌ ထင်လာသောအခါ) ကရုဏာ အဝင်အပါ ဖြစ်သော မနောဒွါရိကဇောဝီထိ စိတ်အစဥ် များကို ဆက်လက်၍ သိမ်းဆည်း ရှုပွားပါ။
4.当该有情概念所缘朝向有分意净界而来,也就是显现于有分意净界时,应继续摄取、观修那些含有悲的意门速行心路心相续。
ကရုဏာ ဝီထိစဥ် ရှုကွက် ဇယား
悲心路观法表
ဟဒယရှိ မှီရာဝတ္ထုရုပ် = ၅၄ ၅၄
心脏中与心所依处同处的色法=54|54
မနောဒွါရာဝဇ္ဇန်း ဇော (၇) ကြိမ်
意门转向|速行(7次)
12|35
12|34
12|34
12|33
ယခင် သဒ္ဓါ-ပညာအုပ်စု နာမ်တရားတို့တွင် ကရုဏာ စေတသိက် တစ်လုံးကို ထပ်၍ တိုးလိုက်ပါက (၃၅/၃၄/၃၄/၃၃) အသီးအသီး ဖြစ်သည်။ ဉာဏ် ပီတိ လဲလှယ်၍ (၄)ချက်ပင် ရှုပါ။ ဤ၌လည်း သဒ္ဓါမှာ ကံ-ကံ၏အကျိုးကို သက်ဝင်ယုံကြည်မှု ဖြစ်၍ ပညာမှာ ကံ-ကံ၏အကျိုးတရားကို တတ်သိနားလည်မှုသဘော မျှသာ ဖြစ်သည်။ ကရုဏာတရားသည် ဒုက္ခိတ သတ္တဝါပညတ်အာရုံ သက်သက်ကိုသာ အာရုံပြုသောကြောင့် ဇောနောင်၌ တဒါရုံ မကျနိုင်။
在先前信慧组的名法中再加入一个悲心所,就分别成为35、34、34、33种名法。应交替组合有智/无智、有喜/无喜,观照四种情形。这里的信,是信受业与业果;慧则只是通晓、理解业与业果的性质。由于悲只取受苦有情这一概念所缘为所缘,速行之后不能生起彼所缘。
原书第 208 页
မုဒိတာ စေတသိက် ရှုကွက်
随喜心所观法
မုဒိတာ = စည်းစိမ်ဥစ္စာ ကုံလုံ ပြည့်စုံသည့် သုခိတသတ္တဝါကို အာရုံပြု၍ ကြည်သာ ဝမ်းမြောက်ခြင်း သဘော၊ ကြည်ရွှင် ဝမ်းမြောက်ခြင်းသဘော၊ ဤမုဒိတာတရားသည်လည်း မုဒိတာစျာန်ဟူသော စျာန်သမာဓိနှင့် ယှဥ်တွဲလျက် ဖြစ်သည်လည်း ရှိ၏။
随喜,是以财富受用充足具备的安乐有情为所缘而欣悦欢喜、明净欢喜的性质。随喜有时与名为随喜禅的禅定相应。
ကာမာဝစရ မဟာကုသိုလ်နှင့် ယှဥ်တွဲလျက် ဖြစ်သည်လည်း ရှိ၏။ စျာန်သမာဓိနှင့် ယှဥ်တွဲလျက်ရှိသော မုဒိတာ အဝင်အပါ နာမ်တရားစုတို့ကို သိမ်းဆည်း ရှုပွားပုံစနစ်ကို စာမျက်နှာ (၁ဝ၈)၌ ဖော်ပြခဲ့သော ဇယားများအတိုင်း မေတ္တာစျာန်နာမ်တရားတို့ကို သိမ်းဆည်းပုံ နည်းစနစ်ကို နည်းမှီး၍ ရှုပါ။ မုဒိတာစျာန်ကို ရရှိအောင် ကြိုးစား အားထုတ်ပုံ အပိုင်းကို နောက်ဆက်တွဲ သမထကမ္မဋ္ဌာန်းပိုင်းတွင် ထပ်မံ၍ ဖော်ပြပေအံ့၊ ဤအပိုင်းတွင်ကား ကာမာဝစရ မဟာကုသိုလ်စိတ်နှင့် ယှဥ်တွဲလျက်ရှိသော မုဒိတာနှင့် တကွသော နာမ်တရားစုကိုသာ သိမ်းဆည်း ရှုပွားပုံကို ဖော်ပြအပ်ပါသည်။
随喜也有与欲界大善心相应的情形。对于与禅定相应且含有随喜的名法组,应依第108页所列诸表,仿照摄取慈禅名法的方法观照。关于如何努力修习以证得随喜禅,将在后续的止业处部分再作说明;本部分只说明如何摄取、观修与欲界大善心相应且含有随喜的名法组。
၁။ သမာဓိကို အဆင့်ဆင့် ထူထောင်ပါ။
1.逐步建立定力。
၂။ ဘဝင် မနောအကြည်ဓာတ်ကို သိမ်းဆည်းပါ။
2.摄取有分意净界。
၃။ မုဒိတာ ဖြစ်နေကျ သုခိတ သတ္တဝါတစ်ဦးကို လှမ်း၍ အာရုံယူပါ။
3.回取一位自己通常会对其生起随喜的安乐有情,以他为所缘。
၄။ ထို သတ္တဝါအာရုံက ဘဝင်မနောအကြည်ဓာတ်၌ ရှေးရှုကျရောက်လာသောအခါ = ဘဝင်မနောအကြည် ဓာတ်၌ ထင်လာသောအခါ မုဒိတာနှင့် တကွသော မနောဒွါရိကဇောဝီထိ စိတ်အစဥ် နာမ်တရားစုတို့ကို အောက်ပါဇယားတွင် ဖော်ပြထားသည့်အတိုင်း တဖြည်းဖြည်း ဆက်လက်၍ သိမ်းဆည်းရှုပွားပါ။
4.当该有情所缘朝向有分意净界而来,也就是显现于有分意净界时,应依下表所示,逐步继续摄取、观修那些含有随喜的意门速行心路心相续名法组。
မုဒိတာ ဝီထိစဥ် ရှုကွက် ဇယား
随喜心路观法表
ဟဒယရှိ မှီရာဝတ္ထုရုပ် = ၅၄ ၅၄
心脏中与心所依处同处的色法=54|54
မနောဒွါရာဝဇ္ဇန်း ဇော (၇) ကြိမ်
意门转向|速行(7次)
12|35
12|34
12|34
12|33
ယခင် သဒ္ဓါ-ပညာအုပ်စု နာမ်တရားစုတို့တွင် မုဒိတာ စေတသိက် တစ်လုံးကို ထပ်၍ တိုးလိုက်ပါက (၃၅/၃၄/၃၄/၃၃) အသီးအသီး ဖြစ်သည်။ ဉာဏ် ပီတိ လဲလှယ်၍ (၄) ချက်ပင် ရှုပါ။ ဤ၌လည်း သဒ္ဓါမှာ ကံ-ကံ၏အကျိုးတရားကို သက်ဝင်ယုံကြည်မှု ဖြစ်၍ ပညာမှာ ကံ-ကံ၏အကျိုးတရားကို တတ်သိနားလည်မှု သဘောတရားမျှသာ ဖြစ်သည်။ ဤ မုဒိတာတရားသည်လည်း သုခိတ သတ္တဝါပညတ်အာရုံ သက်သက်ကိုသာ အာရုံပြုသောကြောင့် ဇော၏နောင်၌ တဒါရုံ မကျနိုင်။
在先前信慧组的名法中再加入一个随喜心所,就分别成为35、34、34、33种名法。应交替组合有智/无智、有喜/无喜,观照四种情形。这里的信,是信受业与业果;慧则只是通晓、理解业与业果的性质。由于随喜也只取安乐有情这一概念所缘为所缘,速行之后不能生起彼所缘。
သတိပြုရန် အချက်များ
应注意事项
ဤ ကရုဏာ မုဒိတာ စေတသိက်တို့သည် ကြိယာစိတ်များနှင့်လည်း အတူယှဥ်တွဲ၍ ဖြစ်နိုင်ကြ၏။ သို့သော် ယင်းကြိယာစိတ်တို့မှာ ရဟန္တာသခင် အရှင်မြတ်ကြီးတို့၏ သန္တာန်၌သာ ဖြစ်နိုင်သော စိတ်များ ဖြစ်ကြခြင်း ကြောင့် ဤရှုကွက်၌ မဖော်ပြခြင်း ဖြစ်သည်။
悲与随喜这两个心所也能与唯作心相应而生;不过,这些唯作心只能生起于诸阿罗汉的相续中,所以本观法不予列出。
原书第 209 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- အရူပပရိဂ္ဂဟ အခန်း တစ်ဖန် ဤကရုဏာ မုဒိတာတို့၌ ဥပေက္ခာဝေဒနာ ဖြစ်သင့် မဖြစ်သင့်ဟူသော အချက်နှင့် ပတ်သက် ၍လည်း ဆရာမြတ်တို့ အငြင်းပွားလျက် ရှိကြ၏။ အရှင်အနုရုဒ္ဓါ မထေရ်မြတ်ကား ဖြစ်သင့်သည့် ဘက်က သဘောကျလျက် ရှိနေ၏။ ကရုဏာဘာဝနာ မုဒိတာဘာဝနာတို့သည် အရှိန်အဝါ အားမကောင်းခင် အတွင်း၌ ဥပေက္ခာဝေဒနာ ဖြစ်ရန် ခဲယဥ်းသော်လည်း ဘာဝနာအရှိန် ရလာသောအခါ၌မူကား ကရုဏာ မုဒိတာတို့သည် ဥပေက္ခာဝေဒနာနှင့်လည်း ယှဥ်တွဲ၍ ဖြစ်နိုင်၏ဟု အယူရှိတော်မူ၏။ ဉာဏသမ္ပယုတ် (= ဉာဏ်နှင့် ယှဥ်သော) စိတ်ဖြင့် ဝိပဿနာ ရှုနေသော်လည်း ဝိပဿနာဘာဝနာ၏ အရှိန်အဝါ အားကောင်းလာသောအခါ၌မူကား တစ်ခါတစ်ရံ ဉာဏဝိပ္ပယုတ် (= ဉာဏ်မယှဥ်သော) စိတ်ဖြင့်လည်း ဝိပဿနာဘာဝနာကို ရှုပွားနေသကဲ့သို့ မှတ်ပါ။
此外,对于悲与随喜应否与舍受相应这一点,诸位大德也有争论。阿耨楼陀长老赞同可以相应的一方。他认为:悲修习与随喜修习尚未获得强大势力时,舍受虽难以生起;一旦修习获得势力,悲与随喜也能与舍受相应而生。应当这样理解:这就好比虽然以智相应心修观,但当观修获得强大势力时,有时也会以智不相应心修观。
ဤအယူအဆများ အရမူ ကရုဏာစျာန် မုဒိတာစျာန်တို့ကို တတိယစျာန်သမာဓိ ဆိုက်အောင် သို့မဟုတ် စျာန်သမာဓိ ရလုနီးသည်အထိ ဘာဝနာကို အရှိန်အဝါ အားကောင်းအောင် သမာဓိကို မထူထောင်နိုင်သေးသော ယောဂါဝစရပုဂ္ဂိုလ်မျိုး ဖြစ်မူကား ထိုသူတော်ကောင်း၏ ကရုဏာ မုဒိတာတို့လည်း သောမနဿဝေဒနာနှင့် ယှဥ်တွဲလျက် ဖြစ်မှုသာ များဖွယ်ရာ ရှိသည်။ သို့အတွက် ထိုအခိုက်မျိုး၌ ဉာဏ်ပါလျှင် (၃၅)၊ ဉာဏ်မပါလျှင် (၃၄)မျိုးသော နာမ်တရားစုတို့သာ ဇောတို့၌ အဖြစ်များနေမည်ဟု မှတ်ပါ။ ကရုဏာဘာဝနာ မုဒိတာဘာဝနာ ပွားသူတို့၏ သန္တာန်၌ သာလျှင် ဤကရုဏာ မုဒိတာ စေတသိက်တို့သည် ဥပေက္ခာဝေဒနာနှင့် ယှဥ်လျက် အဖြစ် များဖွယ်ရာ ရှိပေသည်။ ယင်း ဘာဝနာတို့ကို မပွားများသူတို့၏ သန္တာန်၌ ယင်း စေတသိက်တို့ ဖြစ်ခဲ့သော် ဉာဏ်မယှဥ်ဖို့ရန် ပို၍ များဖွယ်လည်း ရှိပေသည်။
依这些见解,若一位瑜伽行者还不能把定力培养得足够强,使悲禅、随喜禅达到第三禅,或使相应修习发展到接近得禅,那么他的悲与随喜较常与悦受相应而生。因此应知,在这样的时刻,速行中的名法组若有智便多为35法,若无智便多为34法。唯在修习悲与随喜者的相续中,悲与随喜这两个心所才较常与舍受相应;在不修习这些业处者的相续中,即使这两个心所生起,也较可能不与智相应。
ဝိရတိ အပ္ပမညာနှင့် တဒါရုံ ကိစ္စ
离心所、无量心所与彼所缘的问题
ကာမာဝစရဝိပါကာနမ္ပိ ဧကန္တပရိတ္တာရမ္မဏတ္တာ၊ အပ္ပမညာနံ စ သတ္တာရမ္မဏတ္တာ၊ ဝိရတီနံ ဧကန္တ- ကုသလတ္တာ ဝုတ္တံ ---- ''အပ္ပမညာဝိရတိဝဇ္ဇိတာ''တိ။ (ဋီကာကျော်) = ''ကာမာဝစရ ဝိပါက်တရားတို့၏လည်း ဧကန်အားဖြင့် ပရိတ္တ အမည်ရသော ကာမ ရုပ်-နာမ်လျှင် အာရုံ ရှိသောကြောင့်၊ ကရုဏာ မုဒိတာဟူသော အပ္ပမညာ စေတသိက်တို့၏လည်း သတ္တဝါပညတ်လျှင် အာရုံ ရှိသော ကြောင့်၊ ဝိရတိစေတသိက် သုံးမျိုးတို့၏လည်း ဧကန် ကုသိုလ်သဘော ရှိသောကြောင့် မဟာဝိပါက်စိတ်တို့၌ အပ္ပမညာနှင့် ဝိရတိစေတသိက်တို့ မယှဥ်နိုင်ကြောင်း အရှင်အနုရုဒ္ဓါမထေရ်မြတ်က မိန့်ဆိုတော်မူခြင်း ဖြစ်သည်'' ဤကား အထက်ပါ ဋီကာကျော်စကားရပ်၏ ဆိုလိုရင်းပင် ဖြစ်သည်။
巴利《阿毗达摩义广释》(`Abhidhammatthav“由于欲界果报必定以欲界法为所缘,无量心所以有情为所缘,而离必定属于善,故说:‘除去无量与离。’”(《阿毗达摩义广释》。)其意是:由于欲界果报法必定以名为 `paritta` 的欲界色、名为所缘;悲与随喜这两种无量心所以有情概念为所缘;三种离心所又必定具有善的性质,所以阿耨楼陀长老说,大果报心不能与无量心所及离心所相应。这就是上述《阿毗达摩义广释》语句的旨意。
ကာမာဝစရဝိပါက်တို့သည် ပရိတ္တခေါ်သော ကာမတရား (= ကာမ ရုပ်နာမ်)ကိုသာ ဧကန် အာရုံပြုကြ၏။
欲界果报只会取名为 `paritta` 的欲界法——即欲界色、名——为所缘。
တဒါရုံဝိပါက်တို့သည်လည်း ကာမဝိပါက်တို့ပင် ဖြစ်ကြ၏။ ကရုဏာ မုဒိတာဟူသော အပ္ပမညာ စေတသိက် တို့ကား သတ္တဝါပညတ်ကို အာရုံပြုကြ၏။ ဤသို့လျှင် ကာမဝိပါက်နှင့် အပ္ပမညာတို့သည် အာရုံချင်း ကွဲပြားလျက် ရှိကြ၏။ တစ်ဖန် လောကီဝိရတိတို့သည် ဧကန် ကုသိုလ်သဘောရှိရကား ဝိပါက်နှင့် သဘောချင်း ကွဲပြားလျက် ရှိပြန်၏။ သို့အတွက် သဟိတ် ကာမဝိပါက်ဖြစ်သော တဒါရုံဝိပါက်များ၌ အပ္ပမညာ စေတသိက်နှစ်လုံးနှင့် ဝိရတိ စေတသိက်သုံးလုံးတို့ မယှဥ်ထိုက်ပေ။
彼所缘果报也属于欲界果报;悲与随喜这两种无量心所则以有情概念为所缘。因此,欲界果报与无量心所的所缘彼此不同。再者,世间离必定具有善的性质,因而又与果报的性质不同。所以,在属于有因欲界果报的彼所缘果报中,两种无量心所与三种离心所都不能相应。
ဝိရတိ သုံးပါးတို့သည် ဝီတိက္ကမိတဗ္ဗဝတ္ထု (= ဝိရမိတဗ္ဗဝတ္ထု) အမည်ရသော လွန်ကျူးထိုက်သော ဝတ္ထု ရှောင်ကြဥ်ထိုက်သော ဝတ္ထုဟူသော ကာမတရား (= ကာမ ရုပ်-နာမ်) လျှင် အာရုံရှိသည် ဖြစ်သောကြောင့်၊ ကာမဇော ကာမသတ္တဝါ ကာမအာရုံ ဖြစ်လျှင် တဒါရုံလည်း ရံခါ ဝိဘူတာရုံဖြစ်က ကျနိုင်ခွင့်ရှိရကား ဝိရတိ စေတသိက်များ၏ ရှုကွက်၌ ဇော၏ နောင်ဝယ် ရံခါကျတတ်သော တဒါရုံကိုပါ ထည့်သွင်း၍ ဖော်ပြထားပါသည်။
由于三种离都以称为“可违犯之事”(`vītikkamitabba-vatthu`,亦即“应远离之事”〔`viramitabba-vatthu`〕)的欲界色名为所缘,所以,当欲界有情的欲界速行取欲界所缘,而且该所缘清晰时,其后有时可以生起彼所缘。因此,在离心所的观法中,也列出了有时在速行之后生起的彼所缘。
原书第 210 页
သို့သော် ဝိရတိတို့သည် အထက်တွင် ရှင်းပြခဲ့သည့်အတိုင်း ဇောနှင့်သာယှဥ်၍ တဒါရုံဝိပါက်နှင့်ကား မယှဥ်ဟု မှတ်ပါ။ သို့အတွက် ဇော၌ နာမ်တရားများကို (၃၅) စသည်ဖြင့် ဖော်ပြထားသော်လည်း တဒါရုံ၌ကား နာမ်တရား များကို (၃၄) စသည်ဖြင့် ဖော်ပြထားပါသည်။ အပ္ပမညာတရားတို့ကား သတ္တဝါပညတ်ကိုသာ အာရုံယူသော ကြောင့် ပညတ်ကို အာရုံပြုနေသော ယင်းဇောများ၏နောင်၌ ကာမအာရုံကိုသာ အာရုံယူတတ်သော တဒါရုံ မကျခြင်း ဖြစ်သည်။
不过,应当记住:如上文所释,离只与速行相应,不与作为果报心的彼所缘相应。因此,速行中列出35种等名法,彼所缘中却只列出34种等名法。至于无量心所,因为只取有情概念为所缘,所以在这些正以概念为所缘的速行之后,不会生起只能取欲界法为所缘的彼所缘。
ပညာရှိသူတော်ကောင်းတို့ စဥ်းစားဖွယ်ရာ အချက်တစ်ရပ်
智者应思考的一点
အဘိဓမ္မာ အပ္ပမညာဝိဘင်းပါဠိတော်ကြီး၌ ကရုဏာဘာဝနာပိုင်းဝယ် ဘုရားရှင်သည် ဤသို့ ဟောကြား ထားတော်မူ၏။
在阿毗达磨《分别论·无量分别》的悲修习部分,世尊作了如下开示。
ကထဉ္စ ဘိက္ခု ကရုဏာသဟဂတေန စေတသာ ဧကံ ဒိသံ ဖရိတွာ ဝိဟရတိ၊ သေယျထာပိ နာမ ဧကံ ပုဂ္ဂလံ ဒုဂ္ဂတံ ဒုရူပေတံ ဒိသွာ ကရုဏာယေယျ၊ ဧဝမေဝ သဗ္ဗေ သတ္တေ ကရုဏာယ ဖရတိ။ (အဘိ-၂-၂၈၆။) = ယောဂါဝစရ ရဟန်းတော်သည် အဘယ်သို့သော အခြင်းအရာအားဖြင့်ကား ကရုဏာနှင့် ယှဥ်သောစိတ်ဖြင့် တစ်ခုသော အရပ်မျက်နှာကို ဖြန့်ကြက်၍ နေထိုင်သနည်း၊ ဖြစ်သင့်ဖြစ်ရာ နှိုင်းခိုင်းဖွယ်ရာ လောကဥပမာ မည်သည်ကား စည်းစိမ်ပျက်စီး၍ ဥစ္စာမဲ့မွဲ ဆင်းရဲစွာသော ဒုက္ခမကင်း ရောယှက်လူးလည်းခြင်း ရှိသောသူ၏ အဖြစ်သို့ ရောက်ရှိနေသော ဒုစရိုက်အိုး လူညစ်ဆိုး ဖြစ်လျက် မျိုးနွယ်ရူပ အလွန်နိမ့်ကျသည့် ဒုဂ္ဂတ မည်သော ဒုစရိုက် အမှောင်ဘဝလျှင် လဲလျောင်းရာရှိသော တစ်ယောက်သော ပုဂ္ဂိုလ်ကို မြင်တွေ့ရ၍ ကရုဏာ ဖြစ်ရာ သကဲ့သို့ ဤဥပမာအတူပင်လျှင် သတ္တဝါအားလုံးတို့ အပေါ်၌ ကရုဏာဘာဝနာဓာတ်ဖြင့် ဖြန့်ကြက်လျက် နေ၏။ (အဘိ-၂-၂၈၆။)
巴利《分别论·无量分别》引文(缅文字母):“ကထဉ္စ ဘိက္ခု ကရုဏာသဟဂတေန စေတသာ ဧကံ ဒိသံ ဖရိတွာ ဝိဟရတိ၊ သေယျထာပိ နာမ ဧကံ ပုဂ္ဂလံ ဒုဂ္ဂတံ ဒုရူပေတံ ဒိသွာ ကရုဏာယေယျ၊ ဧဝမေဝ သဗ္ဗေ သတ္တေ ကရုဏာယ ဖရတိ။”译:“比丘如何以与悲相应之心遍满一方而住?譬如见到一个困厄、境况恶劣的人,便对他生起悲;同样,他以悲遍满一切有情。”(《分别论》2-286。)缅文释义说:瑜伽行比丘如何以与悲相应的心遍满一方而住?恰当的世间譬喻是:见到一个家产破败、一贫如洗、苦难缠身,行为卑劣而身处恶行黑暗生活、出身与容貌又极低下的困厄之人,便对他生起悲;同样,瑜伽行者以悲修习之心遍满一切有情而住。(《分别论》2-286。)
တစ်ဖန် မုဒိတာဘာဝနာပိုင်းဝယ် ဤသို့ ဟောကြားထားတော်မူပြန်၏။
再者,在随喜修习部分,世尊又作了如下开示。
ကထဉ္စ ဘိက္ခု မုဒိတာသဟဂတေန စေတသာ ဧကံ ဒိသံ ဖရိတွာ ဝိဟရတိ၊ သေယျထာပိ နာမ ဧကံ ပုဂ္ဂလံ ပိယံ မနာပံ ဒိသွာ မုဒိတော အဿ၊ ဧဝမေဝ သဗ္ဗေ သတ္တေ မုဒိတာယ ဖရတိ။ (အဘိ-၂-၂၈၇။) = ယောဂါဝစရ ရဟန်းတော်သည် အဘယ်သို့သော အခြင်းအရာအားဖြင့် မုဒိတာနှင့် ယှဥ်သော စိတ်ဖြင့် တစ်ခုသော အရပ်မျက်နှာကို ဖြန့်ကြက်၍ နေထိုင်သနည်း၊ ဖြစ်သင့်ဖြစ်ရာ နှိုင်းခိုင်းဖွယ်ရာ လောကဥပမာ မည်သည်ကား ချစ်အပ်သော စိတ်နှလုံးကို တိုးပွားစေတတ်သော တစ်ဦးသောပုဂ္ဂိုလ်ကို မြင်၍ ဝမ်းမြောက်သည် ဖြစ်ရာသကဲ့သို့ ဤဥပမာအတူပင်လျှင် သတ္တဝါအားလုံးတို့ အပေါ်၌ မုဒိတာနှင့် ယှဥ်သော စိတ်ဓာတ်ဖြင့် ဖြန့်ကြက်၍ နေ၏။ (အဘိ-၂-၂၈၇။) ဤအထက်ပါ ကရုဏာနှင့် မုဒိတာဘာဝနာ ပွားများအားထုတ်ပုံတို့ကား သုတ္တန္တဘာဇနီယနည်း ဖြစ်၏။
巴利《分别论·无量分别》引文(缅文字母):“ကထဉ္စ ဘိက္ခု မုဒိတာသဟဂတေန စေတသာ ဧကံ ဒိသံ ဖရိတွာ ဝိဟရတိ၊ သေယျထာပိ နာမ ဧကံ ပုဂ္ဂလံ ပိယံ မနာပံ ဒိသွာ မုဒိတော အဿ၊ ဧဝမေဝ သဗ္ဗေ သတ္တေ မုဒိတာယ ဖရတိ။”译:“比丘如何以与随喜相应之心遍满一方而住?譬如见到一位可爱、悦意的人,便为他欢喜;同样,他以随喜遍满一切有情。”(《分别论》2-287。)缅文释义说:瑜伽行比丘如何以与随喜相应之心遍满一方而住?恰当的世间譬喻是:见到一位可爱、能令心生欢喜的人,便为他欢喜;同样,瑜伽行者以与随喜相应之心遍满一切有情而住。(《分别论》2-287。)上述悲与随喜的修习方法,属于经分别法(`Suttantabhājanīya`)。
ဒုက္ခိတ သတ္တဝါပညတ် အကောင်အထည် အတုံးအခဲ၊ သုခိတ သတ္တဝါပညတ် အကောင်အထည် အတုံးအခဲ ကြီးများကို အကောင်အထည် အတုံးအခဲ ပညတ်ပုံသဏ္ဌာန်အတိုင်း အာရုံယူ၍ ကရုဏာဘာဝနာ မုဒိတာ ဘာဝနာတို့ကို ပွားများအားထုတ်ပါမှ ကရုဏာစျာန် မုဒိတာစျာန်များကို ရရှိနိုင်၏၊ ကရုဏာဘာဝနာ မုဒိတာ ဘာဝနာများ ဖြစ်နိုင်ကြ၏။ ယင်းသတ္တဝါဟု ခေါ်ဆိုသမုတ်အပ်သော ရုပ်-နာမ် ပရမတ်တရား အစစ်တို့ကို အာရုံယူ၍ ယင်းဘာဝနာတို့ကို ပွားများအားထုတ်ပါက ယင်းစျာန်တရားများကိုလည်း မရနိုင်၊ ကရုဏာဘာဝနာ မုဒိတာဘာဝနာလည်း မဖြစ်နိုင်။ သို့အတွက် ယင်းဘာဝနာတို့ကို သုတ္တန္တဘာဇနီယနည်းအားဖြင့်သာလျှင် ဘုရားရှင်သည် ဟောကြားထားတော်မူခဲ့၏။ တစ်ဖန် ကရုဏာစေတသိက် မုဒိတာစေတသိက်တို့သည် သတ္တဝါ
只有以受苦有情、安乐有情这些具体现成、未经分解的概念整体为所缘,依其概念形态修习悲与随喜,才可能证得悲禅与随喜禅,悲修习与随喜修习也才得以成立。如果改取那些被称作“有情”的真实究竟色名法为所缘而修习,就既不能证得这些禅法,也不能成为悲或随喜的修习。因此,世尊只依经分别法开示这些修习。再者,悲心所与随喜心所都以有情
原书第 211 页
နာမ်ကမ္မဋ္ဌာန်းပိုင်း -- အရူပပရိဂ္ဂဟ အခန်း ပညတ်ကို အာရုံပြုသကဲ့သို့ ဝိရတိစေတသိက်တို့သည်လည်း သတ္တဝါပညတ်ကို အာရုံပြုလေသလော မပြုလေ သလောဟု စဥ်းစားဖွယ် အချက်တစ်ခုသို့ကား ဆိုက်ရောက်လာခဲ့၏။
概念为所缘;那么,诸离心所是否也以有情概念为所缘呢?这便成为一个值得思考的问题。
သမ္မောဟဝိနောဒနီ အဋ္ဌကထာကြီးတွင် (အဘိ-ဋ္ဌ-၂-၃၆၉။) ---- အာရမ္မဏတ္တိကေသု ပန ယာနိ သိက္ခာပဒါနိ ဧတ္ထ သတ္တာရမ္မဏာနီတိ ဝုတ္တာနိ၊ (အဘိ-ဋ္ဌ-၂-၃၆၉။) အချို့ သိက္ခာပုဒ်တို့သည် သတ္တဝါလျှင် အာရုံရှိကြောင်း ဘုရားရှင်၏ ဟောကြားတော်မူချက်ကို ဖွင့်ဆို လျက်ရှိ၏။ သို့သော် ယင်းသိက္ခာပုဒ်တို့သည် သတ္တဝါကို အာရုံပြုကြသည် ဆိုသော်လည်း သတ္တဝါဟု ခေါ်ဆို အပ်သော သင်္ခါရတရားတို့ကိုပင် အာရုံပြုကြောင်းကိုလည်း ယင်း အဋ္ဌကထာကြီး၌ပင် ဆက်လက်၍ ရှင်းပြ ထား၏။ (အထက်၌ ရှင်းခဲ့ပြီ။) သတ္တဝါဟု ခေါ်ဆိုအပ်သော ရုပ်နာမ် သင်္ခါရ တရားစုတို့ကို အာရုံပြုသကဲ့သို့ ယင်း သင်္ခါရတရားတို့၏ အပေါင်းအစုဖြစ်သော သတ္တဝါကိုလည်း အာရုံမပြုလေသလောဟု စဥ်းစားဖွယ် ရှိလာ၏။
《迷惑冰消》(《分别论》义注)2-369 说——巴利原文(缅文字母):“အာရမ္မဏတ္တိကေသု ပန ယာနိ သိက္ခာပဒါနိ ဧတ္ထ သတ္တာရမ္မဏာနီတိ ဝုတ္တာနိ၊”译:“在所缘三法中,这里所说的某些学处,是以有情为所缘的。”(《迷惑冰消》2-369。)这段话解释了世尊所说某些学处以有情为所缘。不过,同一部义注接着又解释:虽说这些学处以有情为所缘,它们实际缘取的是被称为“有情”的诸行法。(上文已经说明。)于是又产生一个值得思考的问题:既然它们能取被称为有情的色名行法组为所缘,是否也能取作为这些行法之聚集体的“有情”整体为所缘?
လောကဝယ် ရုပ်နာမ်ပရမတ်အကြောင်းကို မကြားဖူး မသင်ဖူးကြကုန်သော၊ ကြားဖူး သင်ဖူးသော်လည်း ပရမတ်သို့ ဉာဏ်အမြင် မဆိုက်ကြကုန်သေးသော ပညာမျက်စိ ကာဏ်းနေကြကုန်သော ပုထုဇန် ငမိုက်သား တို့လည်း ရှိကြသည်သာ ဖြစ်ကုန်၏။ ယင်း အန္ဓ ပုထုဇန်တို့ကား ပရမတ်အကြောင်းကို မကြားဖူးကြသဖြင့် သို့မဟုတ် ကြားဖူးသော်လည်း ပရမတ်သို့ ဉာဏ်အမြင် မဆိုက်ကြသေးသဖြင့် လွန်ကျူးဖွယ်ဝတ္ထုနှင့် တွေ့ကြုံ လာသောအခါ ယင်းလွန်ကျူးဖွယ် ဝီတိက္ကမဝတ္ထု၏ သင်္ခါရ အမည်ရသော ပရမတ်ကို အာရုံမယူတတ်ကြသေး ကုန်၊ အာရုံ မယူနိုင်ကြသေးကုန်။ ထိုသို့ ရုပ်နာမ်ပရမတ် သင်္ခါရတရားတို့ကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက် အောင် အာရုံ မယူတတ်ကြသေးကုန်သော အာရုံ မယူနိုင်ကြသေးကုန်သော ပုထုဇန်တို့သည် လွန်ကျူးဖွယ် ဝီတိက္ကမဝတ္ထုနှင့် ကြုံတွေ့ခိုက်ဝယ် မိန်းမ ယောကျာ်း စသော သတ္တဝါပညတ်ကိုပင်၊ သူ့သားမယား စသော
世间确实有这样的愚痴凡夫:他们从未听闻、学习过究竟色名;或者虽曾听闻、学习,智见却仍未抵达究竟法,慧眼依然盲昧。这些盲凡夫,因为从未听闻究竟法,或虽曾听闻而智见仍未抵达究竟法,所以遇到可违犯之事时,还不会、也不能以该事中名为“行”的究竟法为所缘。当这些尚不会、也不能以智见直达究竟法、缘取究竟色名行法的凡夫遇到可违犯之事时,他们可能只以女人、男人、他人配偶等概念
ပညတ်ကိုပင် အာရုံပြု၍ ယင်းလွန်ကျူးဖွယ် ဝီတိက္ကမိတဗ္ဗဝတ္ထုကို မလွန်ကျူးဘဲ ရှောင်ကြဥ်လိုက်လျှင်လည်း အထက်တွင် ဖော်ပြခဲ့သော စက္ကန ဥပါသကာတို့ကဲ့သို့ သမ္ပတ္တဝိရတိ မဖြစ်နိုင်သလော? ---- ဤအချက်ကား ပညာရှိသူတော်ကောင်းတို့ စဥ်းစားထိုက်သော အချက်ပင် ဖြစ်သည်။ အထက်တွင် ဖော်ပြ ခဲ့သော စက္ကန ဥပါသကာသည် ယုန်သူငယ်၏ ဇီဝိတကို မှန်းဆ၍ အာရုံပြုလေသလော၊ သို့မဟုတ် ပရမတ်သို့ ဉာဏ်အမြင် ဆိုက်ထားပြီးသူ ဖြစ်၍ ယုန်သူငယ်၏ ဇီဝိတိန္ဒြေ ပရမတ်တရား အစစ်ကိုပင် အာရုံပြုလေသလော ဟူသော အချက်သည်လည်း နောက်ထပ် စဥ်းစားသင့်သော အချက်တစ်ရပ်ပင် ဖြစ်သည်။
为所缘,而不越犯、远离眼前这项可违犯之事;这样难道不能像前述 Cakkana 优婆塞那样生起自然离吗?这确实是智者应当思考的问题。前述 Cakkana 优婆塞究竟只是推想小兔的生命(`jīvita`)而以之为所缘,还是他的智见已经抵达究竟法,因而直接取小兔真实的命根究竟法(`jīvitindriya`)为所缘?这也是另一个值得思考的问题。
အကယ်၍ သင်္ခါရ ရုပ်နာမ်ပရမတ် အစစ်ကို အာရုံပြုနိုင်ပါမှ တစ်နည်း ဆိုရသော် နာမရူပပရိစ္ဆေဒဉာဏ် စသော ဝိပဿနာဉာဏ်ကို ရရှိထားသဖြင့် လွန်ကျူးထိုက်သော ဝီတိက္ကမိတဗ္ဗဝတ္ထု၏ ရုပ်နာမ်ပရမတ်တရားစု ကို အာရုံယူနိုင်ပါမှသာလျှင်၊ ယင်းသို့ အာရုံယူနိုင်သော သူတော်ကောင်းတို့၏ သန္တာန်၌သာလျှင်၊ လွန်ကျူးဖွယ်ရာ ဝီတိက္ကမိတဗ္ဗဝတ္ထုနှင့် ကြုံတွေ့ခိုက်မလွန်ကျူးဘဲ ရှောင်ကြဥ်ပါမှသာလျှင် ဝိရတိဖြစ်သည်ဟု ယူဆခဲ့လျှင် နာမ- ရူပပရိစ္ဆေဒဉာဏ် စသော ဝိပဿနာဉာဏ်ကို မရရှိသေးသဖြင့် ပရမတ်ဉာဏ်မျက်စိ ကာဏ်းနေသော ပုထုဇန် လူသားတို့အဖို့ ဝိရတိကုသိုလ် ဖြစ်ဖို့ကား အလွန် အလှမ်းဝေးလျက်ပင် ရှိနေဦးမည်သာ ဖြစ်ပေသည်။ အကယ်၍ အသင် ယောဂီသူတော်ကောင်းသည် အထက်တွင် ဖော်ပြခဲ့သည့် ---- သတ္တာရမ္မဏာနိ (အဘိ-ဋ္ဌ-၂-၃၆၉။) ဤသို့ စသော စကားတော်များ အရ ဝိရတိစေတသိက်တို့သည် သို့မဟုတ် သိက္ခာပုဒ်တို့သည် ----
如果认为:只有能够取真实的究竟色名行为所缘——换句话说,只有已经获得名色分别智等观智,因而能够取可违犯之事中的究竟色名法组为所缘——并且只有在这些人的相续中,遇到可违犯之事而不越犯、实际远离时,离才会生起;那么,对尚未获得名色分别智等观智、究竟法的慧眼仍然盲昧的凡夫来说,要生起离善就仍然极其遥远。另一方面,如果贤善的瑜伽行者依据上文“သတ္တာရမ္မဏာနိ”(以有情为所缘,《迷惑冰消》2-369)等教说,能够接受如下理解,即诸离心所或诸学处:
原书第 212 页
၁။ ရုပ်နာမ် သင်္ခါရတို့၏ အစုအပုံ ဖြစ်သော သတ္တဝါကိုလည်း အာရုံပြု၏၊ ၂။ သတ္တဝါဟု ခေါ်ဝေါ်ခြင်းသို့ ရောက်သော ရုပ်နာမ်သင်္ခါရ တရားစုတို့ကိုလည်း အာရုံပြု၏ဟု ---- လက်ခံနိုင်ပါလျှင် ပရမတ် ဉာဏ်မျက်စိ ကာဏ်းနေသည့် ပုထုဇန်တို့၏ သန္တာန်၌လည်း ဝိရတိကုသိုလ် တရားတို့သည် ဖြစ်ပွားနိုင်ကြသည်ဟုပင် လက်ခံနိုင်ဖွယ်ရာ ရှိပေသည်။
1.也取作为色名诸行聚集体的有情整体为所缘;2.也取被称作“有情”的色名行法组为所缘;那么,似乎也就可以接受:离善同样能够生起于究竟法慧眼尚且盲昧的凡夫相续中。
အကယ်၍ သိက္ခာပုဒ်တို့သည် သို့မဟုတ် ဝိရတိစေတသိက်တို့သည် ရုပ်နာမ်သင်္ခါရ တရားတို့၏ အစုအပုံ ဖြစ်သော သတ္တဝါကို အာရုံပြုနိုင်သည်ဟု လက်ခံနိုင်လျှင် ယင်းဝိရတိ စေတသိက်တို့နှင့် ယှဥ်ဖက် ကုသိုလ်ဇော များ၏ နောင်၌ကား တဒါရုံ မကျနိုင်ဟု မှတ်ပါ။
如果能够接受诸学处或离心所也可以取作为色名行法聚集体的有情整体为所缘,就应当知道:在与这些离心所相应的善速行之后,不能生起彼所缘。
အဋ္ဌကထာ ဋီကာတို့ကို ဆန့်ကျင်ဘက် ပြုသည်ဟု မယူဆစေလိုပါ။ ပရမတ်ကို အာရုံ မယူနိုင်ကြသေး သည့် ပရမတ် အကြောင်းကိုမျှ မသင်ဖူး မကြားဖူးကြသေးသည့် ပုထုဇန်တို့ သန္တာန်ဝယ် ဝိရတိကုသိုလ်တရားတို့ ဖြစ်ခွင့် ရှိနိုင် မရှိနိုင်ကိုသာ တင်ပြဆွေးနွေးခြင်း ဖြစ်ပါသည်။ သို့သော် ယင်းဝိရတိတို့သည် သတ္တဝါဟု ခေါ် ဆိုအပ်သော ဃနမပြိုသေးသည့် ပရမတ်တို့၏ အပေါင်းအစု အတုံးအခဲကိုလည်း အာရုံပြုသည်ဟုဆိုလျှင်ကား ဆန့်ကျင်ဖွယ်ရာ မရှိပေ။ အစိတ်မှ လွတ်သော အပေါင်းအစုဟူသည် မရှိနိုင်သောကြောင့် ဖြစ်သည်။
请不要认为这里是在反对义注与复注。本段只是提出并讨论:在那些尚不能取究竟法为所缘、甚至从未听闻或学习过究竟法的凡夫相续中,离善究竟有没有生起的可能。不过,如果说这些离也能取被称为“有情”、其密集尚未破除的究竟法聚合整体为所缘,就不会形成矛盾;因为不存在脱离各个组成部分而另有的聚合体。
ယေဘုယျ မှတ်ချက်
总说明
ဤတွင် ရူပါရုံလိုင်း သဒ္ဒါရုံလိုင်း ဂန္ဓာရုံလိုင်း ရသာရုံလိုင်း ဖောဋ္ဌဗ္ဗာရုံလိုင်း ဓမ္မာရုံလိုင်းဟူသော အာရုံ (၆)ပါးကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော ကုသိုလ်ဇောများပါဝင်သည့် အကောင်းအုပ်စု နာမ်တရားတို့ကို သိမ်းဆည်း ရှုပွားပုံများကို တင်ပြ၍ ပြီးလေပြီ။
至此,已经说明完毕:如何摄取、观修善组名法——这些名法含有以色所缘线、声所缘线、香所缘线、味所缘线、触所缘线、法所缘线这六种所缘为所缘而生起的善速行。
ဤ ဝီထိပုံစံတို့တွင် ယေဘုယျအားဖြင့် တဒါရုံများကိုပါ ထည့်သွင်း၍ ဖော်ပြထား၏။ အာရုံသည် ပဉ္စဒွါရ၌ ဝီထိစိတ် အလွန် အရေအတွက်များသော အတိမဟန္တာရုံ ဖြစ်ပါမှ၊ မနောဒွါရ၌ ထင်ရှားသော ဝိဘူတာရုံ ဖြစ်ပါမှ တဒါရုံ ကျနိုင်ခွင့် ရှိပေသည်။ ပဉ္စဒွါရ၌ ဝုဋ္ဌောတွင် ဆုံးသော ဝေါဋ္ဌဗ္ဗနဝါရ၊ ဇောတွင် ဆုံးသော ဇဝနဝါရ၊ မနောဒွါရ၌ မထင်ရှားသော အဝိဘူတာရုံ ဖြစ်ခဲ့သော် တဒါရုံကျခွင့် မရှိပေ။ ဝုဋ္ဌောတွင် သို့မဟုတ် ဇောတွင်သာ ဝီထိစိတ်အစဥ်သည် ရပ်တန့်သွားမည် ဖြစ်သည်။ ယောဂါဝစရပုဂ္ဂိုလ်သည် ယင်း နာမ်တရားစုတို့ကို သိမ်းဆည်း ရှုပွားဖန်များလာသောအခါ သိမ်းဆည်းရှုပွားရင်းပင် တဒါရုံ ကျပုံ မကျပုံများကို တဖြည်းဖြည်း သဘောပေါက် လာနိုင်သဖြင့် ဇယားများတွင် တဒါရုံ မကျသည့် ဝီထိစိတ်အစဥ် ပုံစံများကို အထူးတလည် မဖော်ပြခြင်းပင် ဖြစ်သည်။ ထိုသို့ မဖော်ပြသဖြင့် တဒါရုံမကျသည့် ဝီထိစိတ်အစဥ်များ၏အတွင်း၌ ပါဝင်တည်ရှိကြသော နာမ်
这些心路图通常都把彼所缘一并列出。五门中,所缘必须是能引生极多心路心的极大所缘;意门中,必须是清晰所缘,才有可能生起彼所缘。五门中,若是止于确定的确定轮次,或止于速行的速行轮次;意门中,若是不清晰所缘,就没有生起彼所缘的可能,心路心相续只会分别止于确定或速行。瑜伽行者反复摄取、观修这些名法组以后,会在观修过程中逐渐理解彼所缘何时生起、何时不生起;因此,各表没有特别列出不生彼所缘的心路心相续图式。不过,不能因为表中没有列出,就误以为这些不生彼所缘的心路心相续
တရားစုတို့ကို မသိမ်းဆည်းရ မရှုပွားရဟုကား အယူအဆ မမှားစေလိုပါ။ တဒါရုံကျလျှင်လည်း ကျသည့်အတိုင်း၊ တဒါရုံ မကျလျှင်လည်း မကျသည့်အတိုင်းသာ နှစ်မျိုးလုံး ပြည့်စုံအောင် သိမ်းဆည်းရှုပွားရမည်သာတည်း။
中所含的名法组不必摄取、不必观修。彼所缘生起时,应依其实际生起的方式摄取;彼所缘不生起时,也应依其实际不生起的方式摄取。两类心路都必须完整摄取、观修。
ထိုသို့ သိမ်းဆည်းရာ၌ ဝီထိတစ်ခုနှင့် တစ်ခု အကြားဝယ် ဘဝင်များ ခြားလျက် ဝီထိများ အကြိမ်များစွာ ဖြစ်နေ သည်ကိုကား သဘောပေါက်အောင် သိမ်းဆည်း ရှုပွားပါလေ။
这样摄取时,还应摄取、观修到自己能够清楚理解:一条心路与另一条心路之间由诸有分隔开,而心路正一次又一次地生起。