发趣诸缘的连接方式(之四)

《趣向涅槃之道》中文全译本 · 非缩略版

缘起篇(乙) · 原书第 660 页 · 6 个翻译单元

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 660 页
ဖြစ်သည်။ ဤအပိုင်းကို အထူးသဖြင့် ကျေးဇူးတော်ရင် အဘိဓဇ မဟာရဋ္ဌဂုရု သက်တော်ရှည် မစိုးရိမ် ဆရာတော်ဘုရားကြီး၏ ---- ၁။ ပဋ္ဌာန်းအရကောက် အကျဥ်းချုပ်၊ ၂။ ပဋ္ဌာန်းသင်နည်း အကျဥ်းချုပ် --- ဤကျမ်းစာ (၂) စောင်တို့၌ လာရှိသော ပဋ္ဌာန်းသင်နည်း မှတ်ချက်များကို မှီငြမ်း ကိုးကား၍ ရေးသား တင်ပြထားပါသည်။
——典籍。本节特别参考了具恩者、阿毗达阇大国师、长寿马梭因长老所著《发趣释义纲要》与《发趣教学纲要》两书中的教学说明。
အသမ္မောဟ သမ္ပဇဥ်ဉာဏ်ကို ရရှိရန်
为获得不痴正知智
ဧဝမေတ္ထ ခန္ဓာယတနဓာတုပစ္စယပစ္စဝေက္ခဏဝသေနပိ အသမ္မောဟသမ္ပဇညံ ဝေဒိတဗ္ဗံ။
在这里,也应依蕴、处、界以及省察诸缘的方式,了知不痴正知。
(ဒီ-ဋ္ဌ-၁-၁၇၅-၁၇၆။ မ-ဋ္ဌ-၁-၂၆၈။ သံ-ဋ္ဌ-၃-၂၂၈။ အဘိ-ဋ္ဌ-၂-၃၄၂။)
(《长部义注》1-175—176;《中部义注》1-268;《相应部义注》3-228;《阿毗达磨义注》2-342。)
ဤအသမ္မောဟသမ္ပဇဥ်ပိုင်းဝယ် --- သွား - ရပ် - ထိုင် - လျောင်း ဟူသော ဣရိယာပထအခိုက်၊ ရှေ့သို့ တက်ခြင်း နောက်သို့ ဆုတ်ခြင်းစသော သမ္ပဇဥ်ပိုင်းဆိုင်ရာ ထိုထိုအခိုက်အတန့်တို့၌ --- ၁။ ခန္ဓာ (၅)ပါးနည်း၊ ၂။ အာယတန (၁၂)ပါးနည်း၊ ၃။ ဓာတ် (၁၈)ပါးနည်း၊ ၄။ ပဋ္ဌာန်းပစ္စည်း ဆက်သွယ်ပုံကို ဆင်ခြင်နည်း --- ဤသို့သော နည်းလမ်းများ၏ အစွမ်းဖြင့်လည်း အသမ္မောဟသမ္ပဇဥ်ဉာဏ်ကို ရရှိအောင် ကြိုးစားအား- ထုတ်ရန် အဋ္ဌကထာကြီးများက ညွှန်ကြားထားတော်မူကြ၏။ ဤညွှန်ကြားချက်များနှင့်အညီ အသမ္မောဟ- သမ္ပဇဥ်ဉာဏ်ကို ရရှိရန်အတွက် ပဋ္ဌာန်းပစ္စည်းဆက်သွယ်ပုံ နည်းလမ်းဖြင့် အကြောင်းတရားတို့ကို ဆင်ခြင်ပုံ သိမ်းဆည်းပုံ နည်းစနစ်များကို ပဋ္ဌာန်းဒေသနာတော်နည်းအားဖြင့် ဉာဏ်ကွန့်မြူးလိုသူ သူတော်ကောင်းများ အတွက် ရည်ရွယ်၍ ဤပဋ္ဌာန်းပစ္စည်းဆက်သွယ်ပုံအပိုင်းကို ရေးသားတင်ပြထားပေသည်။
在不痴正知一节中,于行、住、坐、卧等威仪时,以及前进、后退等正知所涉及的种种时刻,诸大义注指示,应依以下方法努力获得不痴正知智:一、五蕴法;二、十二处法;三、十八界法;四、省察发趣诸缘连接的方法。遵照这些指示,本书为希望让智慧深入发趣教法的贤善禅修者,说明如何以发趣诸缘连接的方式省察、摄受诸因,以便获得不痴正知智。
ဤအပိုင်းကို လေ့လာလိုသော အသင် သူတော်ကောင်းသည် ပဋ္ဌာန်း ပစ္စယနိဒ္ဒေသပိုင်း ပါဠိတော်ကို လည်းကောင်း၊ ယင်းပါဠိတော်၏ မြန်မာပြန်အနက်ကိုလည်းကောင်း၊ ယင်းပါဠိတော်၏ ဆိုလိုရင်း အနက် အဓိပ္ပါယ် အရကောက်ကိုလည်းကောင်း၊ အထက်တွင် ရေးသားတင်ပြခဲ့သော ပဋ္ဌာန်းနှစ်ချက်စုကိုလည်းကောင်း အလွတ်ရအောင် လေ့ကျက်ထားဖို့ လိုအပ်ပေသည်။ သို့မှသာလျှင် ပဋ္ဌာန်းပစ္စည်းဆက်သွယ်ပုံ ကြောင်း-ကျိုး ဆက်နွယ်မှု သဘောတရားကို ပိုမိုနက်ရှိုင်းစွာ နားလည်သဘောပေါက်နိုင်မည် ဖြစ်ပေသည်။ မဟာသန္တိသုခ အငြိမ်းဓာတ် အမြိုက်နိဗ္ဗာန်တရားတော်မြတ်ကြီးကို ရည်သန်တောင့်တလျက်ရှိကြကုန်သော သူတော်ကောင်း အပေါင်းတို့သည် ပဋ္ဌာန်းဒေသနာတော်မြတ်၏ ကြောင်း-ကျိုးဆက်နွယ်မှု သဘောတရားတို့၌ ဉာဏ်ကွန့်မြူး စမ္ပယ်နိုင်ကြပါစေကုန်သောဝ် …။
希望研习本节的贤善者,必须熟记《发趣论·缘分别》的巴利原文、缅文译义、原文的要义与释义,以及前文所说的两组发趣缘。只有熟习这些原文和释义,才能更深刻地理解发趣诸缘的因果联系。愿一切向往大寂静、大安乐、不死涅槃的贤善者,都能让智慧自在深入殊胜的发趣教法及其因果联系。

本页是帕奥禅师缅文「五大册」第三册(趣向涅槃之道·第三册,书名暂定)的现代汉语全译本,非缩略版、非节译;译者 Dhammesanā。卷前、正文与原书索引均与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。