缘起一词的含义
《趣向涅槃之道》中文全译本 · 非缩略版
缘起篇(甲) · 原书第 21–28 页 · 66 个翻译单元
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书第 21 页
ဒုတိယနည်း အဖွင့်
第二种释法
ပဋိစ္စော စ သော သမုပ္ပါဒေါ စာတိ ပဋိစ္စသမုပ္ပါဒေါ။
“它既是 paṭicca,又是 samuppāda,因此称为 paṭiccasamuppāda(缘起)。”
ယော ဟိ ဧသ သင်္ခါရာဒီနံ ပါတုဘာဝါယ အဝိဇ္ဇာဒိဧကေကဟေတုသီသေန နိဒ္ဒိဋ္ဌော ဟေတုသမူဟော၊ သော သာဓာရဏဖလနိပ္ဖါဒကဋ္ဌေန အဝေကလဒဋ္ဌေန စ သာမဂ္ဂိအင်္ဂါနံ အညမညေန ပဋိမုခံ ဣတော ဂတောတိ ကတွာ ပဋိစ္စောတိ ဝုစ္စတိ။ သွာယံ သဟိတေယေဝ အညမညံ အဝိနိဗ္ဘောဂဝုတ္တိဓမ္မေ ဥပ္ပါဒေတီတိ သမုပ္ပါဒေါတိပိ ဝုတ္တော။ ဧဝမ္ပိ ပဋိစ္စော စ သော သမုပ္ပါဒေါ စာတိ ပဋိစ္စသမုပ္ပါဒေါ။ (ဝိသုဒ္ဓိ-၂-၁၅၂။) ကာမံ ပါဠိယံ ''အဝိဇ္ဇာပစ္စယာ သင်္ခါရာ''တိ အဝိဇ္ဇာဝ ပစ္စယဘာဝေန ဝုတ္တာ၊ တထာပိ န အဝိဇ္ဇာ ဧကာဝ ပစ္စယော ဟောတိ၊ အထ ခေါ သဟဇာတဓမ္မဝတ္ထုအာရမ္မဏာဒယော၊ ယောနိသောမနသိကာရာဒယော၊ တဏှုပါဒါနာဒယော စ ဓမ္မာ ယထာရဟံ သင်္ခါရုပ္ပါဒနေ အဝိဇ္ဇာယ သဟကာရီကာရဏံ ဟောန္တိယေဝ။ ဧဝံ သင်္ခါရာဒယောပိ ဝိညာဏာဒီနန္တိ အာဟ ''အဝိဇ္ဇာဒိ ဧကေကဟေတုသီသေန နိဒ္ဒိဋ္ဌော ဟေတုသမူဟော''တိ။
“为使行等法显现,而以无明等各个因作为首要项目所指示的这一因聚,因其和合诸支彼此相向而至,能共同成就其果且无一欠缺,故称 paṭicca;这一因聚唯在彼此相联时,才能令那些彼此不相分离而转起的法生起,故又称 samuppāda。因此,它既是 paṭicca,又是 samuppāda,故称 paṭiccasamuppāda(缘起)。(《清净之道》二,152。)诚然,在巴利圣典中虽以‘无明缘行’把无明说为缘,但无明并不是唯一的缘;俱生法、所依、所缘等,如理作意等,以及爱、取等法,按其所应,都与无明共同作为令行生起的协作因。行等对于识等也应同样理解。因此说:‘以无明等各个因作为首要项目所指示的因聚。’”
(မဟာဋီ-၂-၂၃၄။)
缅文出处原文:“(မဟာဋီ-၂-၂၃၄။)”即《大复注》二,234。
ဤနည်း၌ ပစ္စယဓမ္မသမူဟ = ဟေတုသမူဟဟူသော အကြောင်းတရားအပေါင်းအစုကို ပဋိစ္စသမုပ္ပါဒ် ဟူ၍ ဖွင့်ဆိုထားအပ်ပေသည်။
在这一释法中,把称为 paccaya-dhamma-samūha(缘法聚)、亦即 hetu-samūha(因聚)的众因总集,解释为“缘起”。
ဤနည်း၌ ပဋိစ္စပုဒ်ဝယ် ပဋိ+ဣစ္စ - ဟု ခွဲပါ။ ပဋိ - သဒ္ဒါသည် အဘိမုခတ္ထ = ရှေးရှူမျက်နှာမူခြင်း အနက်ရှိ၏။ ဣစ္စ - သဒ္ဒါသည် ဂမ္မတ္ထ = ရောက်ခြင်းအနက်ရှိ၏။ အဘယ်တရားသည် ရှေးရှူမျက်နှာမူလျက် အဘယ်တရားဘက်သို့ သွားရောက်ပါသနည်းဟူမူ --- ဟေတုသမူဟ = ပစ္စယဓမ္မသမူဟဟူသော အကြောင်း တရား အပေါင်းအစုတည်းဟု ဖြေဆိုလေရာ၏။
在这一释法中,paṭicca 一词应拆分为 paṭi 与 icca。paṭi 一词有 abhimukhattha,即面向、趋向之义;icca 一词有 gamanattha,即行至、到达之义。若问:什么法相互面向,又趋至什么法?答:这里所说的,就是称为 hetu-samūha、paccaya-dhamma-samūha 的因聚、缘法聚。
原书第 22 页
ဟေတုသမူဟော နာမ ပစ္စယသာမဂ္ဂီ။ (မဟာဋီ-၂-၂၃၄။) အကြောင်းတရား အပေါင်းအစုဟူသည် အကြောင်းတရားတို့၏ ညီညွတ်မှုပင်တည်း။ တစ်နည်းဆိုသော် အညီအညွတ်ပေါင်းစုဖြစ်ပေါ်လာသော အကြောင်းတရား အပေါင်းအစုသည် ဟေတုသမူဟ မည်၏။ထို အညီအညွတ်ဖြစ်ပေါ်လာသော အကြောင်းတရားအပေါင်း၌ အကြောင်းတရားတစ်ခုသည် အကြောင်းတရား တစ်ခုဘက်သို့ ရှေးရှူမျက်နှာမူလျက် အကြောင်းတရား အချင်းချင်းသည်ပင်လျှင် အကြောင်းတရား အချင်းချင်း ဘက်သို့ သွား၏ ရောက်၏။ ထိုကြောင့် ဤဟေတုသမူဟ = အကြောင်းတရား အပေါင်းအစုကို ပဋိစ္စ ဟူ၍ ဟောတော်မူအပ်၏။ ထိုပဋိစ္စ အမည်ရသော အညီအညွတ်ဖြစ်နေသော အကြောင်းတရား အပေါင်းအစုသည် အသီးအသီး တစ်လုံးစီ တစ်လုံးစီ ခွဲခြား၍ မဖြစ်ဘဲ တကွဲတပြားစီ မဖြစ်ဘဲ အတူတကွသော တပေါင်းတစည်း- တည်း တလုံးတခဲတည်းသာ အုပ်စုအလိုက် ပြိုင်တူဖြစ်တတ်ကုန်သော အကျိုးပစ္စယုပ္ပန္နဓမ္မသမူဟတို့ကို
“所谓因聚,就是诸缘和合。”换言之,和合而共同生起的诸因总集,称为因聚。在这些和合而生的因法中,每一因法都面向并趋至其他因法,诸因彼此相向而至;因此,这一因聚被称为 paṭicca。又,这一和合的因聚——即所谓 paṭicca——能令作为结果的缘所生法聚生起;这些果法并非各自分开、逐一生起,而是整组同时、共同、合为一体而生起。因此,这一因聚——
ဖြစ်စေတတ်သောကြောင့် ထိုအကြောင်းတရားအပေါင်းကို သမုပ္ပါဒဟူ၍လည်း ခေါ်ဆိုအပ်၏။ (သမုပ္ပါဒ-၌ သံ+ဥပ္ပါဒ-ဟု ပုဒ်ခွဲပါ။ သံ - သဒ္ဒါသည် သဟ အနက်ဟောဟု ဆိုလိုသည်။) ထိုနှစ်မျိုးစုံသော သတ္တိကြောင့် -- အသီးအသီး ခွဲခြား၍မဖြစ်ဘဲ အတူတကွ တပေါင်းတစည်းတည်း တလုံး တခဲတည်းသာ အုပ်စုအလိုက် ပြိုင်တူဖြစ်တတ်ကုန်သော အကျိုးပစ္စယုပ္ပန္နဓမ္မသမူဟတို့ကို ဖြစ်စေတတ်သော၊ အချင်းချင်း ရှေးရှူမျက်နှာမူလျက် အချင်းချင်းဘက်သို့ သွားနေကြသော၊ အညီအညွတ်ဖြစ်နေသော ဟေတုသမူဟ = အကြောင်းတရား အပေါင်းအစုသည် ပဋိစ္စသမုပ္ပါဒ် မည်ပေသည်။ (ဤနည်း၌လည်း --- ပဋိစ္စော စ သော သမုပ္ပါဒေါ စာတိ ပဋိစ္စသမုပ္ပါဒေါ --- ဟုပင် ပြုပါ။) ထပ်မံ ရှင်းလင်းချက် -- ပါဠိတော်၌ --- အဝိဇ္ဇာပစ္စယာ သင်္ခါရာ --- ဤသို့စသည်ဖြင့် သင်္ခါရစသည့် အကျိုးတရားတို့၏ ထင်ရှားဖြစ်ပေါ်လာခြင်းငှာ အဝိဇ္ဇာစသော တစ်ခုတစ်ခုသော အကြောင်းတရားကို ခေါင်းတပ်
——又称为 samuppāda。samuppāda 可拆为 saṃ 与 uppāda;saṃ 一词在这里表达 saha,即“共同”之义。由于兼具这两种效能:一方面,这和合的因聚彼此相向而至;另一方面,它能令不是各自分离而生、而是整组同时共同生起的缘所生法聚出现,所以称为 paṭiccasamuppāda(缘起)。这一释法也同样依“它既是 paṭicca,又是 samuppāda,故称 paṭiccasamuppāda”来作词义解释。再进一步说明:圣典确实以“无明缘行”等语,为使行等果法显现,而把无明等每一项因法作为首要项目——
သဖြင့် ဦးတည်လျက် ညွှန်ပြထားတော်မူအပ်သည်ကား မှန်၏၊ ထိုသို့ပင် ဟောကြားထားတော်မူအပ်ပါသော်လည်း အဝိဇ္ဇာတစ်ခုတည်းကသာလျှင် သင်္ခါရ၏ အကြောင်းတရားဖြစ်သည်ကား မဟုတ်ပေ။ အမှန်စင်စစ်အားဖြင့် သော်ကား --- ၁။ အဝိဇ္ဇာနှင့် စိတ္တက္ခဏတစ်ခု အတွင်း၌ အတူယှဥ်တွဲ ဖြစ်ကြကုန်သော ဖဿ၊ ဝေဒနာ၊ သညာ၊ စေတနာ၊ ဝိညာဏ်စသော သဟဇာတဓမ္မတို့သည်လည်းကောင်း၊ ၂။ ယင်းအဝိဇ္ဇာနှင့်တကွသော သဟဇာတဓမ္မတို့၏ မှီ၍ဖြစ်ရာ ဟဒယဝတ္ထုနှင့်တကွသော ဘူတရုပ် ဥပါဒါရုပ် တို့သည်လည်းကောင်း၊ ၃။ ယင်းအဝိဇ္ဇာနှင့် တကွသော သဟဇာတဓမ္မတို့၏ စွဲမှီစရာ အာရုံ အကြောင်းတရား စသည်တို့သည် လည်းကောင်း၊ ၄။ ယောနိသောမနသိကာရ အယောနိသောမနသိကာရစသော အကြောင်းတရားတို့သည်လည်းကောင်း၊ ၅။ တဏှာ ဥပါဒါန်စသော အကြောင်းတရားတို့သည်လည်းကောင်း၊ ဤအရပ်ရပ်သော အကြောင်းတရားတို့သည် ထိုက်သည့်အားလျော်စွာ အဝိဇ္ဇာက သင်္ခါရကို ဖြစ်စေရာ၌
——加以指示;但即便如此宣说,也并非只有无明一法才是行的因。事实上:一、在同一心刹那中与无明俱生的触、受、想、思、识等俱生法;二、这些俱生法所依的心所依处,以及与之俱有的大种与所造色;三、这些俱生法所依止的所缘等因;四、如理作意、不如理作意等因;五、爱、取等因——这些种种因法,按其所应,在无明使行生起时——
အဝိဇ္ဇာနှင့် အတူယှဥ်တွဲ၍ သင်္ခါရအကျိုးတရား ဖြစ်ပေါ်လာအောင် ပြုလုပ်လေ့ရှိသော (= သဟကာရီကာရဏ) အကြောင်းတရားတို့ ဖြစ်ကြကုန်သည်သာတည်း။ သင်္ခါရစသည့် အကြောင်းတရားတို့က ဝိညာဏ်စသည့် အကျိုး တရားတို့အား ဖြစ်ပေါ်စေရာ၌လည်း နည်းတူပင်တည်း။ (မဟာဋီ-၂-၂၃၄။)
——都是与无明共同令行这一果法生起的协作因。行等因法令识等果法生起时,也应同样理解。(《大复注》二,234。)
原书第 23 页
ပဋိစ္စသမုပ္ပါဒ်ပိုင်း - အပိုင်း (က) အဝိဇ္ဇာစသော အကြောင်းတရားတို့က သင်္ခါရစသော အကျိုးတရားတို့ကို ဖြစ်စေရာ၌ --- ထိုထို အကျိုး တရားအားလုံးတို့သည် ထိုထိုဆိုင်ရာ အကြောင်းတရားတို့တွင် အကျုံးဝင်ကြကုန်သော အကြောင်းတရား အားလုံးတို့နှင့် ဆက်ဆံသည်သာလျှင် ဖြစ်ကြ၏။ ကြောင်း-ကျိုး ဆက်နွယ်မှု သဘောတရားအရ အချင်းချင်း ဆက်စပ်မှု ရှိနေသည်သာ ဖြစ်ကြ၏။ ယင်းအကျိုးတရားတို့သည် ထိုအကြောင်းတရားအပေါင်းတို့တွင် အချို့ အချို့သော အကြောင်းတရားတို့နှင့်သာ ဆက်ဆံ၍ ဆက်စပ်မှုရှိ၍ အချို့အချို့သော အကြောင်းတရားတို့နှင့် မဆက်ဆံ မဆက်စပ်ဟူသော သဘောတရားမျိုးကား လုံးဝမရှိပေ။ ထိုကြောင့် ထိုအဝိဇ္ဇာစသည့် တစ်ခုတစ်ခုသော တရားကို ဦးတည်လျက် ဘုရားရှင်က ညွှန်ပြထားတော်မူအပ်သော ထိုအကြောင်းတရား အပေါင်းအစုသည် ယင်းအကြောင်းတရားတို့တွင် အကျုံးဝင်ကြကုန်သော အကြောင်းတရား အားလုံးတို့နှင့် ဆက်ဆံသော
当无明等因法令行等果法生起时,各项果法都与摄属于其各自因聚的一切因法发生关系;依因果相续的法则,它们彼此关联。绝不存在某一果法只与其中若干因法有关、与另一些因法全无关系的情形。因此,世尊虽以无明等每一项法作为首要项目来指示,所说的整个因聚仍具有这样的效能:它能成就与自身相关、与其中一切因法有关,并依因果法则彼此关联的果法——
ကြောင်း-ကျိုး ဆက်နွယ်မှု သဘောတရားအရ ဆက်စပ်မှုရှိသော အကျိုးတရားကို ပြီးစေတတ် ဖြစ်စေတတ်သော သဘောသတ္တိ စွမ်းအားလည်း ရှိ၏။
——也就是能令相关的果法成就、生起。
တစ်ဖန် ထိုအကြောင်းတရား အပေါင်းအစု၌ --- ''ဤအကျိုးတရားသည် အချို့အချို့သော အကြောင်း တရားတို့အား မဆက်ဆံသည် ဖြစ်အံ့ = ကြောင်း-ကျိုး ဆက်နွယ်မှု သဘောတရားအရ ဤအကျိုးတရားသည် အချို့အချို့သော အကြောင်းတရားတို့နှင့် ဆက်စပ်မှု မရှိသည် ဖြစ်အံ့ ၊ ဤအကျိုးတရားကို အချို့အချို့သော အကြောင်းတရားတို့ကသာ ဖြစ်စေအပ်သည် ဖြစ်ငြားအံ့ --- ယင်းသို့ဖြစ်ခဲ့သော် ခပ်သိမ်းကုန်သော အကြောင်း တရားတို့၏ အချင်းချင်း ငဲ့ကွက်ခြင်း သဘောတရားသည်လည်း မရှိလေရာ၊ ယင်းသို့ အကြောင်းတရား အချင်းချင်း ငဲ့ကွက်ခြင်း သဘောတရား ထင်ရှားမရှိသောကြောင့် အချင်းချင်း အကြောင်းတရားတစ်ခုသည် အကြောင်း တရားတစ်ခုဘက်သို့ မျက်နှာမူလျက် ရှေးရှူရောက်ခြင်း သွားခြင်းဟူသော ပဋိစ္စတ္ထ = ပဋိစ္စ အနက်သဘော- တရားလည်း မရှိလေရာ မပြည့်စုံလေရာ။'' ယခု ဘုရားရှင်က အဝိဇ္ဇာစသော တစ်ခုတစ်ခုသော တရားကို
再者,假如某一果法与若干因法全无关系,依因果法则也不与它们关联,只由其中一部分因法令它生起,那么,一切因法之间便不存在相互顾及、彼此配合的性质;既无这种相互顾及,因法彼此相向而至的 paṭicca 之义也就不能成立、不能圆满。如今,世尊虽以无明等每一项法——
ဦးတည်လျက် ဟောကြားထားတော်မူအပ်သော အကြောင်းတရား အပေါင်းအစုအားလုံးသည် သင်္ခါရစသော တစ်ခုတစ်ခုသော တရားကို ဦးတည်လျက် ဟောကြားထားတော်မူအပ်သော ဆိုင်ရာဆိုင်ရာ အကျိုးတရား အားလုံးနှင့် ဆက်ဆံမှု = ကြောင်း-ကျိုး ဆက်နွယ်မှု ရှိသဖြင့် ပဋိစ္စ အနက်သဘောတရားလည်း ချို့တဲ့ခြင်း ယုတ်လျော့ခြင်း မရှိပေ။
——作为首要项目而宣说,但所指的全部因聚,仍与以行等每一项法为首所说的全部相应果法有因果关联;因此,paṭicca 的义理并无缺损。
ဤသို့လျှင် သင်္ခါရစသော အကျိုးတရားတို့၏ ထင်ရှားဖြစ်ပေါ်လာခြင်းငှာ အဝိဇ္ဇာစသော တစ်ခုတစ်ခုသော အကြောင်းတရားကို ဦးတည်လျက် ညွှန်ပြတော်မူအပ်သော ထိုအကြောင်းတရား အပေါင်းအစုကို မိမိတို့နှင့် ဆက်ဆံသော အကျိုးတရားကို ပြီးစီးစေတတ်သည်၏ အဖြစ်ဖြင့်လည်းကောင်း၊ မချို့တဲ့ မယုတ်လျော့သည်၏ အဖြစ်ဖြင့်လည်းကောင်း ပစ္စယသာမဂ္ဂီအမည်ရကုန်သော အညီအညွတ်ပေါင်းစု ဖြစ်ပေါ်လာကြကုန်သော အကြောင်းတရားတို့၏ အင်္ဂါအစိတ်အပိုင်း ဖြစ်ကြကုန်သော ဖဿ၊ ဝေဒနာ၊ သညာ၊ စေတနာ၊ ဝိညာဏ်စသော တရားတို့တွင် အချင်းချင်းသည် တစ်ဦးသည် တစ်ဦးဘက်သို့ မျက်နှာမူလျက် ရှေးရှူရောက်အပ် သွားအပ် သောကြောင့် ပဋိစ္စဟူ၍ ဆိုအပ်၏။ ယင်းပဋိစ္စ အမည်ရသော ဟေတုသမူဟ = အကြောင်းတရား အပေါင်း အစုသည် ပစ္စယုပ္ပန္နဓမ္မသမူဟ အမည်ရသော အကျိုးတရား အပေါင်းအစုကို ဖြစ်စေတတ်၏။ ယင်းအကျိုးတရား- တို့ကား အတူတကွ တပေါင်းတစည်းတည်း ပြိုင်တူပြိုင်တူဖြစ်သော တရားတို့သာတည်း။ ယင်းအကျိုးတရားတို့၏
如此,为使行等果法显现,虽以无明等单项因法为首而指示整个因聚,但这个因聚既能成就与自身相关的果法,又无欠缺、无减损;而在称为 paccaya-sāmaggī(诸缘和合)的诸因支——触、受、想、思、识等法——之中,每一支都面向并趋至其他诸支,所以称为 paṭicca。这一名为 paṭicca 的 hetu-samūha(因聚)能令名为 paccayuppanna-dhamma-samūha(缘所生法聚)的果法总集生起;这些果法都是整组共同、同时生起的。所谓这些果法——
အတူတကွ တပေါင်းတစည်းတည်း ဖြစ်ခြင်းမည်သည် အသီးအသီး တစ်လုံးစီ တစ်လုံးစီ မဖြစ်ခြင်းပင်တည်း။
——整组共同生起,就是说它们并非逐一、各自生起。
အကျိုးတရားတို့ကား အကြောင်းတရားတို့ကဲ့သို့ အချင်းချင်း တစ်ခုသည် တစ်ခုကို ငဲ့ကွက်ခြင်း ငဲ့ညှာခြင်း မရှိကြ ကုန်။ ထိုကြောင့် ယင်းအကျိုးတရားတို့သည် အညမည အဝိနိဗ္ဘောဂဝုတ္တိဓမ္မ = အချင်းချင်း အသီးအသီး တကွဲ တပြားစီ မဖြစ်ကြကုန်သော တရားတို့ မည်ကုန်၏။ ဤသို့လျှင် ပဋိစ္စ အမည်ရသော ဟေတုသမူဟ = အကြောင်း
这些果法并不像因法那样彼此顾及、相互配合。因此,它们称为 aññamañña-avinibbhoga-vutti-dhamma,即彼此不能各自分离而转起的法。这样,名为 paṭicca 的 hetu-samūha(因聚)——
原书第 24 页
တရား အပေါင်းအစုသည် အချင်းချင်း အသီးအသီး တကွဲတပြားစီ မဖြစ်ကြကုန်သော ပစ္စယုပ္ပန္နဓမ္မသမူဟ ဟူသော အကျိုးတရားအပေါင်းအစုတို့ကို ဖြစ်စေတတ်သောကြောင့် သမုပ္ပါဒဟူ၍လည်း ဆိုအပ်၏။ ပဋိစ္စလည်း မည်၍ သမုပ္ပါဒ်လည်းမည်သော ဤနှစ်မျိုးသော သတ္တိကြောင့် အဝိဇ္ဇာစသော ဟေတုသမူဟ = အကြောင်း တရား အပေါင်းအစုသည် ပဋိစ္စသမုပ္ပါဒ် မည်၏။(အဝိနိဗ္ဘောဂဝုတ္တိဓမ္မ၌ ရုပ်တရားတို့ကိုပါ ပေါင်းယူပါ၊)
——能够令彼此不可分离而转起的 paccayuppanna-dhamma-samūha(缘所生法聚)出现,故又称 samuppāda。由于同时具有名为 paṭicca 与名为 samuppāda 的这两种效能,以无明等为首的 hetu-samūha(因聚)便称为 paṭiccasamuppāda(缘起)。(在“不可分离而转起的法”中,也应计入色法。)
(ဝိသုဒ္ဓိ-၂-၁၅၂။ မဟာဋီ-၂-၂၃၄-၂၃၅။)
(《清净之道》二,152;《大复注》二,234—235。)
တတိယနည်းအဖွင့်
第三种释法
အညမညံ ပဋိစ္စ သမံ သဟ စ ပစ္စယုပ္ပန္နဓမ္မေ ဥပ္ပါဒေတီတိ ပဋိစ္စသမုပ္ပါဒေါ။ --- အဝိဇ္ဇာဒိသီသေန နိဒ္ဒိဋ္ဌပစ္စယေသု ဟိ ယေ ပစ္စယာ ယံ သင်္ခါရာဒိကံ ဓမ္မံ ဥပ္ပါဒေန္တိ၊ န တေ အညမညံ အပဋိစ္စ အညမညဝေကလေဒ သတိ ဥပ္ပါဒေတုံ သမတ္ထာတိ။ တသ္မာ ပဋိစ္စ သမံ သဟ စ န ဧကေကဒေသံ၊ နာပိ ပုဗ္ဗာပရဘာဝေန အယံ ပစ္စယတာ ဓမ္မေ ဥပ္ပါဒေတီတိ အတ္ထာနုသာရဝေါဟာရကုသလေန မုနိနာ ဧဝမိဓ ဘာသိတာ၊ ပဋိစ္စသမုပ္ပါဒေါတွေဝ ဘာသိတာတိ အတ္ထော။ (ဝိသုဒ္ဓိ-၂-၁၅၂။) ပဋိစ္စာတိ နိဿာယ သဟကာရီကာရဏံ လဒ္ဓါ။ သမန္တိ အဝိသမံ အဝေကလေဒန။ သဟာတိ ဧကဇ္ဈံ။
“因为彼此依靠而令缘所生法平等、共同地生起,所以称为缘起。诚然,在以无明等为首而指示的诸缘中,能令行等法生起的那些缘,如果不彼此依靠,或彼此有所欠缺,便没有能力令其生起。因此,这一缘性是彼此依靠,平等而共同地令诸法生起;既不是令果聚的各部分逐一生起,也不是令它们前后相继生起。通晓依义立名的牟尼,正是随顺此义而在这里宣说,只说“paṭicca,意为依靠,并得到协作因;samaṃ,意为平等、不偏,并无欠缺;saha,意为合在一处。”
ဓမ္မေတိ အတ္တနော ပစ္စယုပ္ပန္နဓမ္မေ။ ပ ။ ဧကေကဒေသန္တိ ဖလသမုဒါယဿ ဧကဒေသေကဒေသံ၊ ဘာဂသောတိ အတ္ထော။ ပုဗ္ဗာပရဘာဝေနာတိ ပဋိပါဋိယာ။ သဗ္ဗမေတံ ရူပါရူပကလာပုပ္ပါဒနံ သန္ဓာယ ဝုတ္တံ။
“dhamme,指各自的缘所生法;中间省略。ekekadesaṃ,指果聚中的各个部分,也就是分部分;pubbāparabhāvena,指依次、前后相继。以上全都是针对色聚与名聚的生起而说。”
(မဟာဋီ-၂-၂၃၅။)
缅文出处原文:“(မဟာဋီ-၂-၂၃၅။)”即《大复注》二,235。
အဝိဇ္ဇာအစရှိသော တစ်ခုတစ်ခုသော အကြောင်းတရားကို ဦးတည်လျက် ညွှန်ကြားပြသထားတော်မူအပ်- ကုန်သော အကြောင်းတရား အပေါင်းအစုတို့တွင် အကြင် အဝိဇ္ဇာစသော အကြောင်းတရားအပေါင်းအစုတို့သည် သင်္ခါရစသော အကျိုးတရား အပေါင်းအစုကို ဖြစ်စေတတ်ကြကုန်၏။ ယင်းသို့ ဖြစ်စေကြရာ၌ ထိုအဝိဇ္ဇာ စသောအကြောင်းတရား အပေါင်းအစုတို့သည် အချင်းချင်း တစ်ပါးသည် တစ်ပါးကို မစွဲမမှီမူ၍လည်း သင်္ခါရ စသော အကျိုးတရား အပေါင်းအစုကို ဖြစ်ပေါ်စေခြင်းငှာလည်း မစွမ်းနိုင်ကြကုန်။ အဝိဇ္ဇာနှင့် အတူဖြစ်ဖက် ဖြစ်ကုန်သော (က) မှီရာ ဝတ္ထုရုပ်၊ (ခ) အာရုံ၊ (ဂ) ဖဿ၊ ဝေဒနာ၊ သညာ၊ စေတနာ၊ ဝိညာဏ် --- စသော သဟဇာတဓမ္မ၊ (ဃ) အယောနိသောမနသိကာရ၊ (င) တဏှာ၊ ဥပါဒါန် - ဤသို့ စသော အကြောင်းတရား တို့တွင် တစ်ခုတစ်ခုသော အကြောင်းတရားသည် ချို့တဲ့ခဲ့သော် မဖြစ်ဘဲရှိခဲ့သော် သင်္ခါရစသော အကျိုးတရား အပေါင်းအစုကို ဖြစ်ပေါ်စေခြင်းငှာလည်း မစွမ်းနိုင်ကြကုန်။ အကြောင်းတရား အချင်းချင်း စွဲမှီရမှသာလျှင်
在以无明等单项因法为首而指示的整个因聚中,无明等因聚能令行等果法总集生起。但在令其生起时,如果无明等因聚不彼此依靠,便没有能力令行等果法总集生起;如果与无明俱生的因法——一、所依色,二、所缘,三、触、受、想、思、识等俱生法,四、不如理作意,五、爱与取——其中任何一项欠缺、不存在,也没有能力令行等果法总集生起。只有当诸因彼此依靠——
အကြောင်းတရားများလည်း မချို့တဲ့မှသာလျှင် သင်္ခါရစသော အကျိုးတရားအပေါင်းအစုကို ဖြစ်ပေါ်စေခြင်းငှာ စွမ်းနိုင်ကြကုန်၏။
——并且诸因没有欠缺时,才有能力令行等果法总集生起。
ထိုကြောင့် ဤအဝိဇ္ဇာစသော အကြောင်းတရား အပေါင်းအစုသည် --- ၁။ အချင်းချင်း စွဲမှီ၍ သာလျှင်၊ ၂။ အညီအညွတ် အယုတ်အလျော့ မရှိဘဲ၊ ၃။ အတူတကွ တစ်ပြိုင်နက်တည်း သာလျှင် --- သင်္ခါရစသော အကျိုးတရား အပေါင်းအစုတို့ကို ဖြစ်စေတတ်၏။ ထိုသို့ ဖြစ်စေရာ၌ အကျိုးတရားအပေါင်း အစု၏ တစ်စိတ်တစ်ဒေသ တစ်ချို့တစ်ဝက်မျှကိုသာ ဖြစ်စေသည်လည်း မဟုတ်၊ ရှေ့နောက်၏ အဖြစ်ဖြင့် အစဥ်အတိုင်း တစ်လုံးပြီးမှ တစ်လုံး ဖြစ်စေသည်လည်း မဟုတ်။ အကျိုးတရား အပေါင်းအစုကို တစ်လုံး တစ်စည်းတည်း တစ်ပြိုင်နက်တည်း အတူတကွသာလျှင် ဖြစ်စေသည်။ ထိုကြောင့် ပရမတ္ထသို့ အစဥ်လိုက်သော
因此,以无明等为首的因聚,唯有一、彼此依靠,二、和合而无欠缺,三、同时共同作用,才能令行等果法总集生起。在这一生起过程中,它并不是只令果聚的一部分生起,也不是按前后次第令果法一个接一个地生起,而是令整个果法总集合为一体、同时共同生起。因此,那位随顺胜义、
原书第 25 页
ပဋိစ္စသမုပ္ပါဒ်ပိုင်း - အပိုင်း (က) ဝေါဟာရ၌ လိမ္မာကျွမ်းကျင်တော်မူသော မုနိတကာတို့၏ထွတ်ထား သဗ္ဗညုသမ္မာသမ္ဗုဒ္ဓ ဘုရားရှင်သည် ဤအရာ၌ ယင်းကြောင်း-ကျိုး ဆက်နွယ်မှု သဘောတရားကို ပဋိစ္စသမုပ္ပါဒ်ဟူ၍သာလျှင် ဟောကြားတော်မူပေသည်။
又善巧名言、为诸牟尼之冠的一切知正等觉佛陀,于此只把这一因果关联法则宣说为“缘起”。
(ဝိသုဒ္ဓိ-၂-၁၅၂။မဟာဋီ-၂-၂၃၅။)
缅文出处原串:“(ဝိသုဒ္ဓိ-၂-၁၅၂။မဟာဋီ-၂-၂၃၅။)”(《清净之道》2-152;《大复注》2-235。)
သဗ္ဗမေတံ ရူပါရူပကလာပုပ္ပါဒနံ သန္ဓာယ ဝုတ္တံ။ (မဟာဋီ-၂-၂၃၅။) ဤအထက်ပါ စကားရပ်အားလုံးသည် ရုပ်ကလာပ် နာမ်ကလာပ်တို့၏ ကလာပ်အလိုက် အုပ်စုအလိုက် အပေါင်းအစုအလိုက် ဖြစ်ခြင်းကို ရည်ရွယ်၍ ဖွင့်ဆိုထားတော်မူခြင်း ဖြစ်၏။ (မဟာဋီ-၂-၂၃၅။)
“这一切,都是就色聚与名聚的生起而说的。”(《大复注》2-235。)以上全部语句,都是针对色聚与名聚按聚、按组、按集合而生起所作的解释。缅文出处原串:“(မဟာဋီ-၂-၂၃၅။)”(《大复注》2-235。)
ရုပ်ကလာပ် နာမ်ကလာပ်
色聚与名聚
အထက်ပါ ဝိသုဒ္ဓိမဂ္ဂမဟာဋီကာ၏ သုံးနှုန်းထားသော ဝေါဟာရသို့ အစဥ်လိုက်၍ ဤကျမ်း၌လည်း --- ၁။ ပရမာဏုမြူခန့် သေးငယ်သော တစ်နည်းဆိုရသော် ပရမာဏုမြူထက် အဆပေါင်းများစွာ သေးငယ်သော ရုပ်အမှုန်တစ်ခု၏အတွင်း၌ ပါဝင်တည်ရှိကြသော ရုပ်သဘောတရား (၈)မျိုး၊ (၉)မျိုး၊ (၁ဝ)မျိုး စသော ရုပ်ပရမတ်တို့၏ အပေါင်းအစုကို ရုပ်ကလာပ်ဟုလည်းကောင်း၊ ၂။ စိတ္တက္ခဏ တစ်ခုတစ်ခု၏ အတွင်း၌ အတူယှဥ်တွဲ ဖြစ်ကြသည့် စိတ်+စေတသိက် = နာမ်တရားတို့၏ အပေါင်းအစုကို နာမ်ကလာပ်ဟုလည်းကောင်း ခေါ်ဝေါ်သုံးစွဲထားပါသည်။
依照上述《清净之道大复注》的用语,本书也作如下称说:1.在一个大小约如极微尘——换言之,比极微尘小许多倍——的色法微粒中,共同存在的8种、9种、10种等胜义色法之总集,称为“色聚”;2.在一个心刹那内相应、共同生起的心与心所——即诸名法——之总集,称为“名聚”。
ဤတတိယဖွင့်နည်း၌ --- အညမညံ ပဋိစ္စ သမံ သဟ စ ပစ္စယုပ္ပန္နဓမ္မေ ဥပ္ပါဒေတီတိ ပဋိစ္စသမုပ္ပါဒေါ - ဟု ပြုပါ။
在第三“诸缘法相互依止,完全无缺而且共同地使诸缘所生法生起,故称缘起。”
အကြောင်းတရား အပေါင်းအစုသည် အချင်းချင်းကို စွဲမှီ၍ အညီအညွတ် အတူတကွ အကျိုးတရား အပေါင်းတို့ကို တစ်ပြိုင်နက်တည်း ဖြစ်စေတတ်သောကြောင့် ပဋိစ္စသမုပ္ပါဒ် မည်ပေသည်။ ဤနည်း၌ အကြောင်း တရား အပေါင်းသည်သာ မုချအားဖြင့် ပဋိစ္စသမုပ္ပါဒ်ဟူသော အမည်ကို ရရှိ၍ အကျိုးပစ္စယုပ္ပန္နဓမ္မတို့ကား မကင်းစကောင်းသော အဝိနာဘာဝနည်းအားဖြင့် ပဋိစ္စသမုပ္ပါဒ်ဟူသော အမည်ကို ရရှိပေသည်။ အကျိုးကို ဖြစ်စေတတ်သောကြောင့်သာ အကြောင်းဟု ခေါ်ဆိုရသဖြင့် အကြောင်းမှန်သမျှသည် အကျိုးနှင့် မကင်းနိုင်ပေ၊ အလားတူပင် အကျိုးမှန်သမျှလည်း အကြောင်းနှင့် မကင်းနိုင်ပေ။ ယင်းသို့ မကင်းနိုင်မှုကိုပင် အဝိနာဘာဝဟု ခေါ်၏၊ ယင်းသို့မကင်းနိုင်သည့် သဘောတရားမျိုးကို ပညာရှိသူတော်ကောင်းတို့သည် သိသင့်သိထိုက်သော ကြောင့် နယ = နည်းဟု ခေါ်၏။ ထိုအဝိနာဘာဝနှင့် နယကို ပေါင်းစပ်၍ အဝိနာဘာဝနည်းဟု ခေါ်ဆိုသည်။
缘法聚相互依止,完全无缺而共同地使缘所生法聚同时生起,所以称为“缘起”。在这一释法中,严格而言,只有缘法聚获得“缘起”之名;果法——缘所生法——则依“不相离法”(avinābhāva-naya)获得“缘起”之名。正因为能使果生起,才称作因;所以任何因都不能离开果。同样,任何果也不能离开因。这种不可分离性称为 avinābhāva。贤善智者应当了知这类不可分离的法,故又称为 naya(方法、理路)。把 avinābhāva 与 naya 合起来,便称为“不相离法”。
သမုပ္ပါဒ၌ - သံ+ဥပ္ပါဒ - ဟု ပုဒ်ဖြတ်ပါ။ သံ --- သဒ္ဒါသည် သမံ - အနက်၊ သဟ အနက် (၂ ) ချက် အဓိပ္ပါယ် ထွက်၏။
在 samuppāda 一词中,应切分为 saṃ+uppāda。saṃ 一词有两层意义:samam 与 saha。
၁။ သမံ --- သမံ၏ အဓိပ္ပါယ်ကား --- အဝိဇ္ဇာစသော အကြောင်းတရားအပေါင်းက သင်္ခါရ စေတနာကို ဖြစ်စေရာ၌ သင်္ခါရ စေတနာ တစ်ခုတည်းကိုသာ ဖြစ်စေသည် မဟုတ်၊ သင်္ခါရ စေတနာနှင့် အတူတကွ ဖြစ်လေ့ရှိသော ဖဿ၊ ဝေဒနာ၊ သညာ၊ ဝိညာဏ်စသော စိတ်စေတသိက်များကိုလည်း အပြည့်အစုံ အညီအမျှ အယုတ်အလျော့ မရှိရအောင် ဖြစ်စေသည် - ဟူလိုသည်။
1.samam——它的意思是:无明等缘法聚使称为“行”的思生起时,并非只使行思一法生起;也使总与行思共同生起的触、受、想、识等心与心所诸法完整齐全、均等无缺地生起。
၂။ သဟ --- သဟ၏ အဓိပ္ပါယ်ကား --- ထိုကဲ့သို့ သင်္ခါရ စေတနာနှင့် တွဲဖက်ဖြစ်သော စိတ်စေတသိက်တို့ကို ဖြစ်စေရာ၌ တစ်ဖို့စီ တစ်ဖို့စီ တစ်လုံးချင်း တစ်လုံးချင်း တစ်ခုပြီးမှတစ်ခု ဖြစ်စေသည် မဟုတ်၊ တစ်လုံး တစ်စည်းတည်း တစ်ပြိုင်နက်တည်း အတူတကွ ဖြစ်စေသည် - ဟူလိုသည်။
2.saha——它的意思是:使这些与行思相应的心与心所生起时,并非逐分、逐个、一个接一个地使其生起,而是使它们成为一个完整聚合,同时共同地生起。
原书第 26 页
သို့သော် အဝိဇ္ဇာကြောင့် ဖြစ်ရသော ထိုတရားတို့တွင် သင်္ခါရဟူသော စေတနာသည် အပြဓာန်းဆုံး ဖြစ်၏၊ ထိုကြောင့် ပဓာန နည်းအားဖြင့် သင်္ခါရ စေတနာကို ခေါင်းတပ်၍ - အဝိဇ္ဇာပစ္စယာ သင်္ခါရာ - ဟု ဟောကြားတော်မူလေသည်။
然而,在因无明而生的诸法中,称为“行”的思居于主导地位。因此,佛陀依主导门(padhāna-naya),以行思为代表而宣说巴利经句(缅文转写):“အဝိဇ္ဇာပစ္စယာ သင်္ခါရာ”,即“以无明为缘而有行”。
''အဝိဇ္ဇာသည် သင်္ခါရကို ဖြစ်စေ၏၊''ဟူရာ၌ အဝိဇ္ဇာတစ်မျိုးတည်းက သင်္ခါရကို ဖြစ်စေနိုင်သည် မဟုတ်၊ အဝိဇ္ဇာနှင့် အတူတကွ အဝိဇ္ဇာက သင်္ခါရကို ဖြစ်ပေါ်လာအောင် ပြုလုပ်လေ့ရှိသော အကူအညီ အကြောင်းတရား- များ ရှိရသေး၏။ အဝိဇ္ဇာ ဖြစ်ပေါ်လာဖို့ရန် --- ၁။ မှီရာ ဟဒယဝတ္ထုရုပ်က ရှေးကကြိုတင် ဖြစ်၍ မှီရာအဖြစ် ကျေးဇူးပြုပေးရ၏။ ဝတ္ထုပုရေဇာတနိဿယ ပစ္စယသတ္တိတည်း။
说“无明使行生起”时,并不是仅由无明一法就能使行生起;还必须有与无明共同协助、使它能够令行生起的辅助因法。为了使无明生起:1.作为所依的心所依处色必须预先生起,并以所依的身份给予资助;这就是依处前生依止缘力。
၂။ အဝိဇ္ဇာ၏ စွဲမှီရာ အာရုံ အကြောင်းတရားကလည်း အာရမ္မဏပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးရ၏။
2.无明所取的所缘这一因法,也以所缘缘力给予资助。
၃။ ဖဿ၊ ဝေဒနာ၊ သညာ၊ စေတနာ၊ ဝိညာဏ်စသော အဝိဇ္ဇာနှင့် စိတ္တက္ခဏ တစ်ခု၏ အတွင်း၌ အတူယှဥ်တွဲ ဖြစ်ကြသော စိတ်စေတသိက် တရားစုတို့ကလည်း သဟဇာတပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးရ၏။
3.触、受、想、思、识等在同一心刹那内与无明相应、共同生起的心与心所法组,也以俱生缘力给予资助。
၄။ အာရုံကို နိစ္စ၊ သုခ၊ အတ္တ၊ သုဘ စသည်ဖြင့် အလွဲလွဲ အချော်ချော် နှလုံးသွင်းတတ်သော အယောနိသော မနသိကာရကလည်း အားကြီးသော မှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးရ၏။
4.把所缘错误地作意为常、乐、我、净等的不如理作意,也以强大的亲依止缘力给予资助。
၅။ တဏှာ ဥပါဒါန်တို့ကလည်း အလားတူပင် အားကြီးသော မှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူး ပြုပေးရ၏။
5.爱与取同样以强大的亲依止缘力给予资助。
ဤ --- ဝတ္ထု၊ အာရုံ၊ သဟဇာတဓမ္မ၊ အယောနိသောမနသိကာရ၊ တဏှာ၊ ဥပါဒါန်စသော အကြောင်း တရားတို့သည် အဝိဇ္ဇာနှင့် အတူတကွ သင်္ခါရကို ဖြစ်ပေါ်လာအောင် ပြုလုပ်လေ့ရှိသော အဝိဇ္ဇာ၏ အကူအညီ အကြောင်းတရားများတည်း။ ထိုအကြောင်းတရား အားလုံးတို့၏ ပေါင်းဆုံညီညွတ်မှုကို စွဲမှီရမှသာလျှင် အဝိဇ္ဇာက သင်္ခါရကို ဖြစ်စေနိုင်လေသည်။ တစ်ခု တစ်ခုသော အကြောင်းတရားသည် ချို့တဲ့ခဲ့သော် အဝိဇ္ဇာသည် သင်္ခါရကို ဖြစ်ပေါ်စေခြင်းငှာ မစွမ်းနိုင်ပေ။ အကြောင်းတရား အချင်းချင်း စွဲမှီရမှသာလျှင် အကြောင်းတရားများလည်း မချို့တဲ့မှသာလျှင် သင်္ခါရစသော အကျိုးတရား အပေါင်းအစုကို ဖြစ်ပေါ်စေခြင်းငှာ စွမ်းနိုင်လေသည်။
所依、所缘、俱生法、不如理作意、爱、取等因法,都是与无明一起协助无明使行生起的辅助因法。只有在所有这些因法全部会合、和合时,无明才能使行生起。如果其中任何一种因法欠缺,无明就无力使行生起。只有诸因法相互依止且无一欠缺,它们才有能力使行等缘所生法聚生起。
တစ်ဖန် သင်္ခါရ စေတနာသည်လည်း နာမ်ပရမတ်တရားတို့၏ ဓမ္မတာအတိုင်း စေတနာ တစ်ခုတည်း ဖြစ်နိုင်သည့် စွမ်းအားမရှိ။ ဖဿ၊ ဝေဒနာ၊ သညာ၊ စေတနာ၊ ဝိညာဏ်စသော အတူယှဥ်တွဲဖြစ်ဖက် စိတ်- စေတသိက်တရားတို့နှင့် သာလျှင် အတူဖြစ်နိုင်သည့် စွမ်းအားရှိ၏။ ကုသိုလ်သင်္ခါရအုပ်စု အကုသိုလ်သင်္ခါရအုပ်စု ဟူသော အုပ်စုအလိုက်သာ ဖြစ်နိုင်သည့် စွမ်းအားရှိ၏။
同样,按照胜义名法的法则,行思也没有单独生起的能力;它只能与触、受、想、思、识等相应的心与心所共同生起。它只能成组地生起,成为善行组或不善行组。
ထိုကြောင့် အဝိဇ္ဇာစသော အကြောင်းတရား အပေါင်းအစုသည် အချင်းချင်း စွဲမှီ၍သာလျှင် အညီအညွတ် အယုတ်အလျော့မရှိဘဲ အတူတကွ တစ်ပြိုင်နက်တည်းသာလျှင် သင်္ခါရစသော အကျိုးတရားအပေါင်းအစုကို ဖြစ်စေရာ၌ အကျိုးတရား အပေါင်းအစု၏ တစ်စိတ်တစ်ဒေသ တစ်ချို့တစ်ဝက်မျှကိုသာ ဖြစ်စေသည်လည်း မဟုတ်၊ ရှေ့နောက်အဖြစ်ဖြင့် တန်းစီလျက် အစဥ်အတိုင်း တစ်လုံးပြီးမှတစ်လုံး ဖြစ်စေသည်လည်း မဟုတ်၊ ဤ အဝိဇ္ဇာစသော အကြောင်းတရားအပေါင်းသည် သင်္ခါရစသော အကျိုးတရားအပေါင်းအစုကို အပြည့်အစုံ အညီအမျှ အယုတ်အလျော့ မရှိရအောင် တစ်လုံးတစ်စည်းတည်း တစ်ပြိုင်နက်တည်း အတူတကွ ဖြစ်စေသည်။
因此,无明等缘法聚只有相互依止、完整无缺,同时共同地使行等缘所生法聚生起。它们并非只使缘所生法聚的一部分生起,也并非依前后次第一个接一个地使其生起;而是使行等整个缘所生法聚完整齐全、无有欠缺,成为一个完整聚合,同时共同地生起。
ဤဖော်ပြပါ ပဋိစ္စ၏ သတ္တိ၊ သမုပ္ပါဒ၏ သတ္တိ နှစ်မျိုးကြောင့် အချင်းချင်း စွဲမှီ၍ အကျိုးပစ္စယုပ္ပန်တရား အပေါင်းကို အညီအညွတ် ပြည့်ပြည့်စုံစုံ အတူတကွ တစ်လုံးတစ်စည်းတည်း တစ်ပြိုင်နက်တည်း ဖြစ်စေတတ်သော
由于上述 paṭicca 与 samuppāda 两种作用,那种相互依止,能使全部果——缘所生法——完整齐备、同为一聚、同时共同生起的——
原书第 27 页
ပဋိစ္စသမုပ္ပါဒ်ပိုင်း - အပိုင်း (က) အကြောင်းတရားအပေါင်းသည် မုချအားဖြင့် ပဋိစ္စသမုပ္ပါဒ် မည်ပေသည်။ အကျိုးတရားအပေါင်းသည်ကား မကင်းစကောင်းသော အဝိနာဘာဝနည်းအားဖြင့် ပဋိစ္စသမုပ္ပါဒ် မည်ပေသည်။ အကြောင်းတရားတို့၏ ပဋိစ္စ- သမုပ္ပါဒ်ဟူသော အမည်ကို အကျိုးတရားတို့ အပေါ်၌ တင်စား၍ အကျိုးတရားတို့ကိုလည်းပဋိစ္စသမုပ္ပါဒ်ဟု ကာရဏူပစာရအားဖြင့် ခေါ်ဝေါ်သည် ဟူလိုသည်။ ဤကား ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၌ ဖော်ပြထားသော ပဋိစ္စသမုပ္ပါဒ - စကားလုံး၏ တတိယအဖွင့် အဓိပ္ပါယ်တည်း။ (ဝိသုဒ္ဓိ-၂-၁၅၂။ မဟာဋီ-၂-၂၃၅။) လက်ခံနိုင်ရန် --- ပဋိစ္စသမုပ္ပါဒ် စကားတစ်လုံး၏ အဓိပ္ပါယ်ကို ဤမျှကျယ်ဝန်းစွာ ရှင်းပြနေခြင်းမှာ ဤကျမ်းတွင် ဆက်လက်ဖော်ပြမည့် ကြောင်း-ကျိုးဆက် = ပဋိစ္စသမုပ္ပါဒ်ရှုကွက်ကို လက်ခံနိုင်ရေး အတွက်ပင် ဖြစ်သည်။ အဘယ်ကြောင့် အဝိဇ္ဇာတစ်လုံးတည်းကိုသာ မရှုဘဲ ယှဥ်ဖက် စိတ်စေတသိက်တို့ကိုပါ လိုက်ရှုနေရ
——缘法聚,严格而言称为“缘起”;缘所生法聚则依不相离法称为“缘起”。也就是说,把因法的“缘起”之名转用于果法,依因转称(kāraṇūpacāra)也把果法称为“缘起”。这是《清净之道》中所示“缘起”一词的第三种解释。缅文出处原串:“(ဝိသုဒ္ဓိ-၂-၁၅၂။ မဟာဋီ-၂-၂၃၅။)”(《清净之道》2-152;《大复注》2-235。)为了使人能够接受——之所以如此广泛、详细地解释“缘起”一词,是为了让读者能够接受本书下文将说明的因果相续,即缘起观法。为什么不只观无明一法,还要连同相应的心与心所一起观——
ပါသနည်း? အဘယ်ကြောင့် သင်္ခါရ စေတနာ တစ်ခုတည်း သက်သက်ကိုသာ မရှုဘဲ ယှဥ်ဖက် စိတ်စေတသိက် တို့ကိုပါ လိုက်ရှုနေရပါသနည်း? ဤသို့ စသော ရန်ထောင်နေမှုများကို ကြိုတင်၍ ကာကွယ်နေခြင်းပင် ဖြစ်သည်။
——呢?为什么不只观行思一法,还要连同相应的心与心所一起观呢?如此解释,正是为了预先防止这类诘难。
အယူအဆ လွဲချော်သွားပါက လုပ်ငန်းခွင်လည်း လွဲချော်သွားနိုင်ပေသည်။ သတိရှိစေ။
见解若发生偏差,实践也可能随之偏差。务须警觉。
အကျိုးဂုဏ်အင် အာနိသင်
利益与功效
ပုရိမေန သဿတာဒီန၊ မဘာဝေါ ပစ္ဆိမေန စ ပဒေန။
“由前一词,显示常论等不存在;由后一词——”
ဥစ္ဆေဒါဒိဝိဃာတော၊ ဒွယေန ပရိဒီပိတော ဉာယော။ (ဝိသုဒ္ဓိ-၂-၁၅၂။)
“——破除断灭论等;由两个词,阐明了正理。”(《清净之道》2-152。)
ဤသို့ ဆိုအပ်ခဲ့ပြီးသော နည်းဖြင့် ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်ကို ဟောကြားတော်မူသော သဗ္ဗညုသမ္မာ- သမ္ဗုဒ္ဓဘုရားရှင်သည် --- ၁။ ပဋိစ္စဟူသော ရှေးပုဒ်ဖြင့် သဿတဝါဒ စသည်တို့၏ မရှိခြင်း မဖြစ်ခြင်းကို ထင်ရှားပြတော်မူ၏။
以如上方式宣说缘起教法的一切知正等觉佛陀:1.由前面的 paṭicca 一词,显明常论等不存在、不生起。
၂။ နောက်ဖြစ်သော သမုပ္ပါဒပုဒ်ဖြင့် ဥစ္ဆေဒဝါဒစသည်ကို ဖျက်ဆီး ပယ်ဖျောက်ခြင်းကို ထင်ရှားပြတော်မူ၏။
2.由后面的 samuppāda 一词,显明对断灭论等的摧破与消除。
၃။ ပဋိစ္စ-သမုပ္ပါဒဟူသော ပုဒ်နှစ်ခုအပေါင်းဖြင့် သဿတဝါဒ၊ ဥစ္ဆေဒဝါဒဟူသော အယုတ်တရားနှစ်ပါး အစွန်းနှစ်ဘက်မှ လွတ်ကင်းသော အလယ်အလတ်ကျင့်စဥ် = မဇ္ဈိမပဋိပတ် အမည်ရသော မဂ္ဂင် (၈)ပါး အကျင့်မြတ်တရားကို ထင်ရှားပြတော်မူ၏။
3.由 paṭicca-samuppāda 两词合在一起,显明远离常论与断灭论这两种下劣法、两个极端的中道,即八支圣道。
(က) ပဋိစ္စ - ပုဒ်
(一)“缘”(paṭicca)一词
ပဋိစ္စသမုပ္ပါဒေါ - ဝယ် ပဋိစ္စပုဒ်၊ သမုပ္ပါဒပုဒ်ဟု ပုဒ်နှစ်ပုဒ်ရှိ၏။ အကြောင်းတရားတို့၏ ညီညွတ်သည်၏ အဖြစ်ကို ပဋိစ္စပုဒ်က ဖော်ပြလျက်ရှိ၏။
paṭiccasamuppādo 一词由 paṭicca 与 samuppāda 两词构成。paṭicca 一词表明诸因法和合的状态。
ဤပဋိစ္စသမုပ္ပါဒ်သဘောတရားဝယ် ကိလေသဝဋ်၊ ကမ္မဝဋ်၊ ဝိပါကဝဋ်ဟု ဝဋ်သုံးပါးရှိ၏။ အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ကား ကိလေသဝဋ်တည်း။ သင်္ခါရနှင့် ကမ္မဘဝ = ကံတို့ကား ကမ္မဝဋ်တည်း။ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာတို့ကား ဝိပါကဝဋ်တည်း။
在缘起法中有三轮:烦恼轮、业轮、果报轮。无明、爱、取属于烦恼轮;行与业有(即业)属于业轮;识、名色、六处、触、受属于果报轮。
ကိလေသဝဋ်ကို အစွဲပြု၍ ကမ္မဝဋ်သည် ဖြစ်ပေါ်လာရ၏၊ ကမ္မဝဋ်ကို အစွဲပြု၍ အကျိုးဝိပါကဝဋ်သည် ဖြစ်ပေါ်လာရ၏။ တစ်ဖန် ယင်းဝိပါကဝဋ် အမည်ရသော ဥပါဒါနက္ခန္ဓာငါးပါးတို့ကို အချိန်မီ ဝိပဿနာ မရှုပွား မသုံးသပ်နိုင်ပါက ယင်းဝိပါကဝဋ်ကို အစွဲပြု၍ ကိလေသဝဋ် အမည်ရသည့် အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်တို့သည် ထပ်ဖြစ်ပြန်ကုန်၏။ တစ်ဖန် ယင်းကိလေသဝဋ်ကို အစွဲပြု၍ ကုသိုလ်သင်္ခါရ အကုသိုလ်သင်္ခါရတို့ကို ပြုစုပျိုးထောင်သဖြင့် ကမ္မဝဋ်အမည်ရသည့် သင်္ခါရ၊ ကံတို့သည် ထပ်ဖြစ်ကြပြန်ကုန်၏။ ယင်းကမ္မဝဋ်ကြောင့်
依烦恼轮,业轮生起;依业轮,果报轮生起。又,如果未能及时以观修观照、审察作为果报轮的五取蕴,依该果报轮,称为烦恼轮的无明、爱、取便再次生起。再依该烦恼轮,造作、培育善行与不善行,于是称为业轮的行与业又再次生起。由于这一业轮——
原书第 28 页
အနာဂတ်ဘဝ စသည်၌ ဝိပါကဝဋ် အမည်ရသည့် ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာဟူသော ဥပါဒါနက္ခန္ဓာငါးပါးတို့သည် ထပ်ဖြစ်ကြကုန်၏။ ယင်းအနာဂတ် ခန္ဓာငါးပါးတို့ကို ဇာတိ၊ ဇရာမရဏဟူသော အမည်ဖြင့် ဘုရားရှင်သည် ဟောကြားထားတော်မူပေသည်။ ဤနည်းဖြင့် ဝဋ်သုံးပါးသည် လည်ပတ်နေသော ရထားဘီးကဲ့သို့ အဆက်မပြတ် ဖြစ်နေပေသည်။
——在未来世等处,称为果报轮的五取蕴——识、名色、六处、触、受——又再次生起。佛陀以“生”与“老死”之名,宣说这些未来五蕴。如此,三轮便像转动的车轮一样,相续不断地生起。
အကြောင်းတရားတို့၏ ညီညွတ်သည်၏ အဖြစ်ကို အကြောင်းတရားတို့၏ အညီအညွတ် ဖြစ်နေမှုကို ဖော်ပြတတ်သော ပဋိစ္စဟူသော ရှေးပုဒ်ဖြင့် သွားနေသော ရထားဘီးကဲ့သို့ အဆက်မပြတ် လည်ပတ် ဖြစ်ပေါ် နေကြကုန်သော ကိလေသဝဋ်၊ ကမ္မဝဋ်၊ ဝိပါကဝဋ်တရားတို့၏ အကြောင်းတရားတို့၏ ညီညွတ်သည်၏ အဖြစ်၌ ဆက်စပ်သော ဖြစ်ခြင်းရှိသည်၏ အဖြစ်ကြောင့် --- ၁။ သဿတဝါဒ၊ ၂။ အဟေတုဝါဒ၊ ၃။ ဝိသမဟေတုဝါဒ၊ ၄။ ဝသဝတ္တိဝါဒ --- ဤသို့စသည့် ဝါဒ အမျိုးမျိုးတို့၏ မရှိမှုကို ဖော်ပြအပ်ပေသည်။ မှန်ပေသည် --- သဿတဝါဒ စသော ထိုထို အကြောင်းမှန်ကို ပယ်လှန်နေသော ဝါဒ အမျိုးမျိုးတို့အဖို့ ပစ္စယသာမဂ္ဂိ အမည်ရသော အကြောင်းတရား အပေါင်းတို့၏ ညီညွတ်မှုဖြင့် အဘယ်အကျိုးရှိနိုင်တော့အံ့နည်း။ မည်သို့ အဓိပ္ပါယ်ရှိနိုင်တော့အံ့နည်း။ အကြောင်း တရားတို့၏ ညီညွတ်မှုကြောင့် အကျိုးတရားတို့၏ အညီအညွတ် တစ်ပေါင်းတည်းဖြစ်မှုသည် အကြောင်းမှန်ကို
paṭicca 这一前词能够显示诸因法和合的状态。烦恼轮、业轮与果报轮如转动的车轮般相续不断地生起;由于它们缘于诸因法和合而相互关联地生起,所以这一前词显示下列各种论说并不成立:1.常论;2.无因论;3.不平等因论;4.自在主宰论;以及其他种种论说。确实如此——对于常论等否定真实因法的各种论说而言,名为 paccaya-sāmaggī 的“诸缘和合”还能具有什么作用、意义呢?若依这些论说,因诸因和合而有果法完整、共同生起这一事实,就只会——
ပယ်လှန်နေသော ယင်းဝါဒ အမျိုးမျိုးတို့အဖို့ အဓိပ္ပါယ်ကင်းမဲ့နေမည်သာ ဖြစ်ပေသည်။
——变成毫无意义。
(ဝိသုဒ္ဓိ-၂-၁၅၃။ မဟာဋီ-၂-၂၃၅။)
缅文出处原串:“(ဝိသုဒ္ဓိ-၂-၁၅၃။ မဟာဋီ-၂-၂၃၅။)”(《清净之道》2-153;《大复注》2-235。)
သဿတဝါဒ --- သဿတော အတ္တာ စ လောကောစ = အတ္တသည်လည်းကောင်း၊ လောကသည်လည်း ကောင်း မြဲ၏ --- ဤသို့စသည်ဖြင့် ပြောဆိုလေ့ ယူဆလေ့ ယုံကြည်လေ့ရှိသော ဝါဒသည် သဿတဝါဒ မည်၏၊ အတ္တသည် အကျိတ်အခဲ အမြဲတည်၏၊ အတ္တသည် တစ်ဘဝပြီး တစ်ဘဝ ပြောင်းရွှေ့နေ၏။ ခန္ဓာအိမ် အသစ် လဲသော်လည်း အတ္တကား တစ်ဘဝပြီး တစ်ဘဝ မသေမပျောက်ဘဲ ခန္ဓာအိမ် အသစ်အသစ်၌ အမြဲ လိုက်ပါ- တည်နေ၏။ ဤသို့စသည်ဖြင့် ယူသော ဝါဒတည်း။ (ဒီ-၁-၁၂။) အဟေတုဝါဒ --- နတ္ထိ ဟေတု နတ္ထိ ပစ္စယော သတ္တာနံ သံကိလေသာယ --- (ဒီ-၁-၅ဝ။) = သတ္တဝါတို့ ညစ်နွမ်းဖို့ရန်၊ သတ္တဝါတို့ ဖြူစင်ဖို့ရန် တိုက်ရိုက် ဖြစ်ပေါ်စေတတ်သော ဟေတုအကြောင်းတရား = ဇနက အကြောင်းတရားသည် မရှိ၊ အားပေးထောက်ပံ့တတ်သော ပစ္စယ အကြောင်းတရား = ဥပတ္ထမ္ဘက အကြောင်း တရားသည် မရှိ။ အကြောင်း မရှိဘဲသာလျှင် သတ္တဝါတို့သည် ညစ်နွမ်းကြရ၏၊ စင်ကြယ်ကြရ၏။ --- ဤသို့
常论(sassat“我与世间都是常住的。”经常如此言说、认为、相信的论说,称为常论。它主张:我是一种恒常存在的实体;我从一生迁移到另一生,虽然一再更换新的蕴身,我却不会死亡、消失,而总是随住于一生又一生的新蕴身中。这就是常论。缅文出处原串:“(ဒီ-၁-၁၂။)”(《长部》1-12。)无因论(ahet“众生的杂染,无因、无缘。”缅文出处原串:“(ဒီ-၁-၅ဝ။)”(《长部》1-50。)众生之所以杂染、之所以清净,并没有直接令其生起的 hetu 因——能生因,也没有给予扶助的 paccaya 缘——扶助因;众生只是无因地杂染、无因地清净。凡是如此——
စသည်ဖြင့် အကြောင်းတရားကို တိုက်ရိုက်ပယ်သော အကြောင်းမရှိဟု ပြောဆိုလေ့ ယူဆလေ့ ယုံကြည်လေ့ ရှိသော ဝါဒသည် အဟေတုဝါဒ မည်၏။ အကြောင်းတရားကို တိုက်ရိုက်ပယ်လိုက်သဖြင့် သွယ်ဝိုက်သောနည်း အားဖြင့် အကြောင်းတရားကြောင့် ဖြစ်သော အကျိုးတရားကိုလည်း ပယ်ရာရောက်၏။ အကြောင်းတရားတို့၌ အကျိုးတရားကို ဖြစ်စေနိုင်သည့် စွမ်းအားရှိမှုကို လက်မခံသည့် ကံ-ကံ၏အကျိုးတရားကို ပစ်ပယ်သောဝါဒ တစ်မျိုးတည်း။
——直接否定因法,惯常言说、认为、相信“没有因”的论说,称为无因论。由于它直接否定因法,也就间接否定由因法所生的果法;它不承认因法具有使果法生起的能力,是一种否定业与业果的论说。
ဝိသမဟေတုဝါဒ --- ပကတိ၊ အဏု၊ ကာလ စသည်တို့၏ အစွမ်းဖြင့် လောကသည် ဖြစ်ပေါ်လာ၏။-- ဤသို့ ပြောဆိုလေ့ ယူဆလေ့ ယုံကြည်လေ့ရှိသော ဝါဒသည် ဝိသမဟေတုဝါဒ မည်၏။ (မဟာဋီ-၂-၂၃၅။)
不平等因论(visamahetuvāda)——主张世间由原质(pakati)、原子(aṇu)、时间(kāla)等的力量而生起;惯常如此言说、认为、相信的论说,称为不平等因论。缅文出处原串:“(မဟာဋီ-၂-၂၃၅။)”(《大复注》2-235。)