缘起第四种方法
《趣向涅槃之道》中文全译本 · 非缩略版
缘起篇(乙) · 原书第 591 页 · 14 个翻译单元
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书第 591 页
ပဋိစ္စသမုပ္ပါဒ် စတုတ္ထနည်း
缘起第四种方法
(ပဋိလောမ ပဋိစ္စသမုပ္ပါဒ်)
逆序缘起观法
နွယ်ခွေသော ယောကျာ်းတစ်ဦးသည် နွယ်၏ အလယ်ပိုင်းကို ရှေးဦးစွာ တွေ့မြင်၍ ယင်းအလယ်ပိုင်းမှ ဖြတ်၍ အရင်းဘက်သို့ တဖြည်းဖြည်း သက်ဆင်းလျက် အရင်းသို့တိုင်အောင် ဖြတ်ယူ၍ မိမိ အလိုရှိရာ လုပ်ငန်းရပ်၌ အသုံးပြု၏၊ ဤဥပမာအတူ ဘုရားရှင်သည် ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်၏ အလယ်ပိုင်းဖြစ်သော ပစ္စုပ္ပန် ကမ္မဝဋ်တွင် အကျုံးဝင်သော အာဟာရ (၄)ပါးမှ စတင်၍ အရင်းဖြစ်သော အဝိဇ္ဇာသို့တိုင်အောင် ကြောင်း-ကျိုးဆက်နွယ်မှု သဘောတရားများကို ဟောကြားတော်မူခဲ့၏။
正如盘卷藤蔓的人先找到藤蔓中段,从中截断,再逐渐向根部回卷,直至割取根部,随其所需而利用;同样,世尊也从缘起教说的中段——属于现在业轮的四食——开始,逆向宣说直至根本无明的因果关联。
ဤဒေသနာတော်နှင့်အညီ ယောဂါဝစရပုဂ္ဂိုလ်သည် အနာဂတ်ဘဝ တစ်ခုခုအတွက် ရည်ရွယ်၍ ပြုစု ပျိုးထောင်နေသော ကမ္မဝဋ်တွင် အကျုံးဝင်သော ကမ္မဘဝ (သင်္ခါရ)တရားတို့က စတင်သိမ်းဆည်း၍ ယင်းကမ္မ- ဘဝအမည်ရသော အာဟာရလေးပါးတို့၏ အကြောင်းရင်းများကို တစ်ဖန် သိမ်းဆည်းလျက် အရင်းဖြစ်သော အဝိဇ္ဇာသို့တိုင်အောင် ဉာဏ်ကို စေလွှတ်၍ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းရမည် ဖြစ်သည်။
依此教说,瑜伽行者应从为了某一未来有而正在培育、属于业轮的业有(行)法开始摄取;继而摄取称为业有的四食之诸因,并把智一路导向根本无明,摄取因法与果法。
ဤနည်း၌လည်း အတိတ်အဆက်ဆက် အနာဂတ်အဆက်ဆက်သို့ ဉာဏ်ကိုစေလွှတ်၍ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းနိုင် ရှုပွားနိုင်သည်သာ ဖြစ်ပေသည်။ ရှုကွက်ပုံစံများမှာ ဤသို့ဖြစ်၏ --- ၁။ ပစ္စုပ္ပန် --- ကမ္မဘဝ၊ (ဥပါဒါန်)၊ တဏှာ၊ ဝေဒနာ၊ ဖဿ၊ သဠာယတန၊ နာမ်ရုပ်၊ ဝိညာဏ်။
此法同样可以把智导向相续的过去世与相续的未来世,摄取、观修因法与果法。观照模式如下:一、现在——业有、(取)、爱、受、触、六处、名色、识。
၂။ ပထမအတိတ် --- သင်္ခါရ၊ အဝိဇ္ဇာ။
二、第一过去——行、无明。
၁။ ပထမအတိတ် --- ကမ္မဘဝ၊ (ဥပါဒါန်)၊ တဏှာ၊ ဝေဒနာ၊ ဖဿ၊ သဠာယတန၊ နာမ်ရုပ်၊ ဝိညာဏ်။
一、第一过去——业有、(取)、爱、受、触、六处、名色、识。
၂။ ဒုတိယအတိတ် --- သင်္ခါရ၊ အဝိဇ္ဇာ။
二、第二过去——行、无明。
ဤသို့စသည်ဖြင့် အတိတ်အဆက်ဆက်သို့ ဉာဏ်ကိုစေလွှတ်၍ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပါ။
如此,也应把智导向相续的其余过去世,摄取因法与果法。
၁။ ပထမအနာဂတ် --- ကမ္မဘဝ၊ (ဥပါဒါန်)၊ တဏှာ၊ ဝေဒနာ၊ ဖဿ၊ သဠာယတန၊ နာမ်ရုပ်၊ ဝိညာဏ်။
一、第一未来——业有、(取)、爱、受、触、六处、名色、识。
၂။ ပစ္စုပ္ပန် --- သင်္ခါရ၊ အဝိဇ္ဇာ။
二、现在——行、无明。
၁။ ဒုတိယအနာဂတ် --- ကမ္မဘဝ၊ (ဥပါဒါန်)၊ တဏှာ၊ ဝေဒနာ၊ ဖဿ၊ သဠာယတန၊ နာမ်ရုပ်၊ ဝိညာဏ်။
一、第二未来——业有、(取)、爱、受、触、六处、名色、识。
၂။ ပထမအနာဂတ် --- သင်္ခါရ၊ အဝိဇ္ဇာ။
二、第一未来——行、无明。
ဤသို့စသည်ဖြင့် အနာဂတ်အဆက်ဆက်သို့လည်း ဉာဏ်ကို စေလွှတ်၍ အကြောင်းတရား အကျိုးတရား တို့ကို သိမ်းဆည်းနိုင် ရှုနိုင်ပေသည်။ ဤသို့လျှင် အတိတ်အဆက်ဆက် အနာဂတ်အဆက်ဆက်သို့ ဉာဏ်ကို စေလွှတ်၍ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းနိုင်ခဲ့သော် အစပ်(၃)ပါး၊ အလွှာ (၄)ပါးရှိသော ဒေသနာတော်များနှင့် တရားကိုယ်အရချင်း တူညီသွားသဖြင့် ဤအာဟာရ (၄)ပါးမှ စတင်၍ သိမ်းဆည်း ရှုပွားရသော ဤအာဟာရသုတ္တန် (သံ-၁-၂၅၃။) ဒေသနာတော်သည်လည်း ပြည့်စုံသော ဒေသနာတော်သာ ဖြစ်ချေသည်။
如此,也能把智导向相续的其余未来世,摄取、观照其中的因法与果法。若能这样把智导向相续的过去世与相续的未来世,摄取因法与果法,那么,其所摄法体便与具有三连结、四层的诸教说完全相同。因此,《食经》(《相应部》1-253)中这套从四食开始摄取、观修的教说,也确实是一套完整的教说。