“缘起”一词的含义(之十五)

《趣向涅槃之道》中文全译本 · 非缩略版

缘起篇(甲) · 原书第 321–336 页 · 133 个翻译单元

本页并入了原书的相邻小节:死者与生者。

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 321 页
ပဋိစ္စသမုပ္ပါဒ်ပိုင်း - အပိုင်း (က) ဤ (၄)မျိုးသည်လည်း အာရုံချင်း တူညီ၏၊ အာရုံ တစ်မျိုးတည်းသာ ဖြစ်၏။ အတိတ်ဘဝ အဆက်ဆက်၌ လည်းကောင်း အနာဂတ်ဘဝ အဆက်ဆက်၌လည်းကောင်း နည်းတူသဘောပေါက်ပါ။
——这四者所缘也相同,只是同一个所缘。对于一生又一生的过去与未来,都应同样理解。
ဤအပိုင်းတွင် သဘောပေါက်လွယ်စေရန် ပုံစံတစ်ခုကို တင်ပြအပ်ပါသည်။ ယောဂီတစ်ဦးသည် ပဋိသန္ဓေ ကလလရေကြည်သို့တိုင်အောင် ရုပ်နာမ်တို့ကို သိမ်းဆည်းပြီးနောက် အတိတ်အကြောင်းတရားများကို ရှာဖွေ- လိုက်သောအခါ --- ၁။ တောက်ပနေသော ဆီမီးတိုင် ကမ္မနိမိတ်အာရုံ တစ်ခု၊ ၂။ သံဃာတော်များအား ထီးနှင့် သင်္ကန်းလှူနေသည့် ကံအာရုံ တစ်ခု၊ ဤအာရုံနှစ်ခုကို အတိတ်ဘဝ မရဏာသန္နအခါ၌ မနောဒွါရတွင် ထင်နေသည်ကို တွေ့ရှိရ၏။ မရဏာ- သန္နအခါဟု ဆိုသော်လည်း မရဏာသန္နဇောအခိုက်ကို မဆိုလိုသေးပါ။ မရဏာသန္နဇော၏ ဝန်းကျင်တွင် ယင်းအာရုံနှစ်မျိုးကို တစ်လှည့်စီ တွေ့နေခြင်းကိုသာ ဆိုလိုသည်။
这里举一个范例,以便理解。某位瑜伽行者把色名摄取到结生羯罗蓝以后,寻找过去因法时,发现两个所缘:一、明亮燃烧的油灯这一业相所缘;二、向僧团供养伞与袈裟这一业所缘。这两个所缘在过去世临死阶段显现于意门。这里虽说“临死阶段”,尚不是专指临死速行刹那,而是说在临死速行前后的一段时间内,这两个所缘交替出现。
ထပ်မံ၍ ဉာဏ်ဖြင့် စူးစမ်းရှာဖွေလိုက်သောအခါ ယခုလက်ရှိ ပစ္စုပ္ပန်ဘဝ၏ ပဋိသန္ဓေစသည့် အချို့သော ဝိပါကဝဋ် ရုပ်နာမ်တို့ကို ဖြစ်စေတတ်သော ဇနကကံမှာ ထီးနှင့် သင်္ကန်းလှူသော ကံပင် ဖြစ်၏။ တစ်ဖန် ပထမ အတိတ်ဘဝ၏ ပဋိသန္ဓေသို့တိုင်အောင်သော ရုပ်နာမ်တို့ကို သိမ်းဆည်းပြီးနောက် ယင်းပဋိသန္ဓေ ရုပ်နာမ်တို့၏ အကြောင်းတရားများကို စူးစမ်းရှာဖွေလျက် ဒုတိယ အတိတ်ဘဝ၏ သေခါနီး မရဏာသန္နအခါသို့ စိုက်ရှုလိုက်သောအခါ ယင်းဆီမီးတိုင် ကမ္မနိမိတ်အာရုံသည် တစ်ဖန်ပြန်၍ ပေါ်လာ၏။ ယင်းဆီမီးတိုင် ကမ္မ- နိမိတ်အာရုံ၏ မြစ်ဖျားခံရာ ကံကို ဆက်လက်၍ စူးစမ်းရှာဖွေသောအခါ --- ၁။ စေတီတော်တစ်ဆူတွင် ပူဇော်ထားသော ဆီမီးဖြစ်ကြောင်းကိုလည်းကောင်း၊ ၂။ စေတီတော်အား ဆီမီးလှူသည့် ကံကိုလည်းကောင်း တွေ့ရှိရပေသည်။ ဤတွင် --- ၁။ ဒုတိယအတိတ် မရဏာသန္နဇော၏ အာရုံမှာ ဆီမီးတိုင် ကမ္မနိမိတ်အာရုံ ဖြစ်သည်။
进一步以智探究后,发现能够产生今生结生等某些果报轮色名的令生业,是供养伞与袈裟之业。又把第一过去世的色名摄取至结生后,为寻找该结生色名的因法而观向第二过去世临死阶段,油灯这一业相再次出现。继续追查该油灯业相的源头时,发现:一、那是供奉在一座佛塔前的油灯;二、也找到了向佛塔供养油灯之业。这里:一、第二过去世临死速行的所缘,是油灯这一业相所缘。
၂။ ပထမအတိတ် ပဋိသန္ဓေ၏ အာရုံမှာ ယင်းဆီမီးတိုင် ကမ္မနိမိတ်အာရုံပင် ဖြစ်သည်။
二、第一过去世结生的所缘,也是油灯这一业相所缘。
၃။ ပထမအတိတ် ဘဝင်၏ အာရုံမှာလည်း ယင်းဆီမီးတိုင် ကမ္မနိမိတ်အာရုံပင် ဖြစ်သည်။
三、第一过去世有分的所缘,也同样是油灯这一业相所缘。
၄။ ပထမအတိတ် မရဏာသန္နဇော၏ အာရုံမှာ သံဃာတော်များအား ထီးသင်္ကန်းလှူသည့် ကံအာရုံ ဖြစ်သည်။
四、第一过去世临死速行的所缘,是向僧团供养伞与袈裟这一业所缘。
၅။ ပထမအတိတ် စုတိ၏ အာရုံမှာ ယင်းဆီမီးတိုင် ကမ္မနိမိတ်အာရုံပင် ဖြစ်သည်။
五、第一过去世死亡心的所缘,仍是油灯这一业相所缘。
၆။ တစ်ဖန် ပစ္စုပ္ပန်ဘဝ၏ ပဋိသန္ဓေ၏ အာရုံ - ၇။ ဘဝင်၏ အာရုံ - ၈။ စုတိ၏ အာရုံ --- ဤအာရုံတို့မှာ သံဃာတော်တို့အား ထီးသင်္ကန်းလှူသည့် ကံအာရုံပင် ဖြစ်သည်။
六、今生结生的所缘;七、有分的所缘;八、死亡心的所缘——这三者都是向僧团供养伞与袈裟这一业所缘。
ထိုယောဂီကား ပထမအတိတ်ဘဝတွင် မရဏာသန္နဇောနှင့် စုတိ၏ အကြားတွင် ဘဝင်အကျများခဲ့သော ယောဂီတစ်ဦးဖြစ်၏။ ထိုကြောင့် အတိတ်ဘဝ သေခါနီးကာလသို့ လှမ်းရှုလိုက်သောအခါ --- ၁။ ထိုပထမအတိတ်ဘဝ ဘဝင် စုတိတို့၏ အာရုံဖြစ်သော ဆီမီးတိုင် ကမ္မနိမိတ်အာရုံကိုလည်းကောင်း၊ ၂။ ပထမအတိတ်ဘဝ မရဏာသန္နဇော၏ အာရုံဖြစ်သော သံဃာတော်တို့အား ထီးနှင့် သင်္ကန်း လှူဒါန်း ပူဇော်သည့် ကံအာရုံကိုလည်းကောင်း၊ တွေ့ရှိခြင်းပင် ဖြစ်၏။
这位瑜伽行者在第一过去世中,临死速行与死亡心之间曾落入若干有分。因此,当她回观第一过去世临死阶段时,便交替发现:一、作为该过去世有分与死亡心所缘的油灯业相;二、作为该过去世临死速行所缘的、向僧团供养伞与袈裟之业。
原书第 322 页
အဝိဇ္ဇာ - တဏှာ - ဥပါဒါန်
无明、爱与取
၁။ တစ်ဖန် ဒုတိယအတိတ်ဘဝ စေတီတော်အား ဆီမီးလှူဒါန်းခဲ့စဥ်က --- တရားထူးတရားမြတ် ရနိုင်သည့် အမျိုးကောင်းသမီးဖြစ်ရန် ဆုတောင်းပန်ထွာလျက် လှူဒါန်းပူဇော်ခဲ့၏။ ဆီမီးလှူဒါန်းပူဇော်ခြင်း ကုသိုလ် သင်္ခါရကို ပြုစုပျိုးထောင်ခဲ့၏။
一、她在第二过去世向佛塔供养油灯时,曾发愿成为能够证得殊胜法的善家女,并培育了供养油灯这一善行。
၂။ ပထမအတိတ်၌ မဏ္ဍပ်တစ်ခု၏ အတွင်းဝယ် သံဃာတော်များအား ထီးနှင့် သင်္ကန်းများကို လှူဒါန်း ခဲ့စဥ်ကမူ အနီးအနားတွင် တည်ရှိနေသော ဣန္ဒြေသိက္ခာနှင့် ပြည့်စုံသည့် သီလရှင်တစ်ပါးအား အားကျလျက် ဣန္ဒြေသိက္ခာနှင့် ပြည့်စုံသော အမျိုးကောင်းသမီးဘဝကို လိုလားတောင့်တလျက် ဆုတောင်းပန်ထွာလျက် သံဃာတော်များအား ထီးနှင့်သင်္ကန်း လှူဒါန်းခြင်း ကုသိုလ်သင်္ခါရကို ပြုစုပျိုးထောင်ခဲ့၏။
二、她在第一过去世于一座棚阁内向僧团供养伞与袈裟时,看见附近一位具足根律仪的尼师,心生仰慕,愿求成为具足根律仪的善家女;她带着这一愿望,培育了向僧团供养伞与袈裟的善行。
ထိုတွင် တရားထူးတရားမြတ်ရနိုင်သည့် အမျိုးကောင်းသမီးဘဝကို တွယ်တာတပ်မက်သည့် အဝိဇ္ဇာ- တဏှာ-ဥပါဒါန်တို့ ခြံရံထားသည့် စေတီတော်အား ဆီမီးလှူဒါန်းပူဇော်ခဲ့သည့်ကံက ပထမအတိတ်ဘဝတွင် ပဋိသန္ဓေစသော ဝိပါကဝဋ်တရားအချို့တို့ကို ဖြစ်စေ၍ --- ဣန္ဒြေသိက္ခာနှင့် ပြည့်စုံသည့် အမျိုးကောင်းသမီးဘဝကို တွယ်တာတပ်မက်သည့် အဝိဇ္ဇာ-တဏှာ- ဥပါဒါန်တို့ ခြံရံထားသော သံဃာတော်တို့အား ထီးနှင့် သင်္ကန်း လှူဒါန်းပူဇော်သည့် ကုသိုလ်ကံက ဤပစ္စုပ္ပန် ဘဝ၏ ပဋိသန္ဓေစသော အချို့သော ဝိပါကဝဋ်တရားတို့ကို ဖြစ်စေသည်ကို ကိုယ်တိုင် ဉာဏ်ဖြင့် ထိုးထွင်း သိသွား၏။
在这里,被贪著“成为能够证得殊胜法的善家女”这一愿望所伴随的无明、爱、取围绕着的供灯业,产生了第一过去世结生等某些果报轮法;而被贪著“成为具足根律仪的善家女”这一愿望所伴随的无明、爱、取围绕着的供养僧团伞与袈裟善业,则产生了今生结生等某些果报轮法。她亲自以智洞察、如实知见了这一点。
ဥပတ္ထမ္ဘကကံ
支持业
ဤတွင် အလွန်စိတ်ဝင်စားဖွယ် အချက်တစ်ရပ်ကား ဥပတ္ထမ္ဘကကံပင် ဖြစ်၏။ ဒုတိယအတိတ်ဘဝတွင် တရားထူးတရားမြတ်ရနိုင်သည့် အမျိုးကောင်းသမီးဘဝကို လိုလားတောင့်တလျက် ပြုစုပျိုးထောင်ခဲ့သော စေတီတော်အား ဆီမီးလှူဒါန်းသည့် ကုသိုလ် သင်္ခါရကံသည် ပထမအတိတ်ဘဝတွင် ပဋိသန္ဓေစသော အချို့သော ဝိပါကဝဋ်တရားတို့ကို ဖြစ်စေပြီးနောက် ဤပစ္စုပ္ပန်ဘဝတွင်လည်း ယင်းကံက ဝိပဿနာဉာဏ်များကို အားကောင်းအောင် အထောက်အကူပြုပေးနေသည့် ဥပတ္ထမ္ဘကကံလည်း ဖြစ်နေခြင်းပင်တည်း။
这里有一项极为引人注意的事实,就是支持业。第二过去世中,她为了成为能够证得殊胜法的善家女而培育的供灯善行,产生了第一过去世结生等某些果报轮法;在今生,这同一业又成为支持业,帮助观智增强。
အတိတ် အနာဂတ် ပစ္စုပ္ပန်ဟူသော ကာလသုံးပါးအတွင်း၌ တည်ရှိကြသော ရုပ်တရား နာမ်တရား အကြောင်းတရား အကျိုးတရားတို့ကို လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်နည်းအားဖြင့် နေရာတကျ သိမ်းဆည်း ပြီးသောအခါ ထိုယောဂီပုဂ္ဂိုလ်သည် ဝိပဿနာပိုင်းသို့ ကူးသွား၏။ ဝိပဿနာပိုင်းသို့ ရောက်ရှိ၍ ဝိပဿနာ- ဉာဏ်များသည် အားကောင်းလာသောအခါ ဥပတ္ထမ္ဘကကံနှင့် ဆက်စပ်၍ ထိုယောဂီပုဂ္ဂိုလ်၏ လျှောက်ထား- ချက်မှာ အောက်ပါအတိုင်း ဖြစ်၏ --- ''အတိတ် အနာဂတ် ပစ္စုပ္ပန်ဟူသော ကာလသုံးပါးအတွင်း၌ တည်ရှိသော - ၁။ ရုပ်တရား ၂။ နာမ်တရား ၃။ အကြောင်းတရား ၄။ အကျိုးတရားတို့ကို --- ရုပ်တစ်လှည့်၊ နာမ်တစ်လှည့်၊ အကြောင်းတစ်လှည့် အကျိုးတစ်လှည့်၊ အဇ္ဈတ္တတစ်လှည့်၊ ဗဟိဒ္ဓတစ်လှည့်၊
依特相、作用、现起、近因之法,如实摄取存在于过去、未来、现在三时的色法、名法、因法与果法以后,这位瑜伽行者转入观禅。当观智增强时,她就支持业的作用禀告如下:“对于存在于过去、未来、现在三时的:一、色法;二、名法;三、因法;四、果法,我以色一轮、名一轮、因一轮、果一轮,内在一轮、外在一轮——
原书第 323 页
ပဋိစ္စသမုပ္ပါဒ်ပိုင်း - အပိုင်း (က) လှည့်လည်၍ လက္ခဏာရေးသုံးတန်တွင်လည်း အနိစ္စတစ်လှည့်၊ ဒုက္ခတစ်လှည့်၊ အနတ္တတစ်လှည့် တစ်လှည့်စီ တင်၍ ဝိပဿနာရှုနေသည့်အခါ ဝိပဿနာရှုလို့ အရှိန်အားကောင်းလာလျှင် ဒုတိယအတိတ်ဘဝက ပြုစုပျိုး- ထောင်ခဲ့သည့် ဆီမီးတိုင် ကမ္မနိမိတ်အာရုံသည် လက်ရှိဘဝ ဘဝင်မနောအကြည်ဓာတ်တွင် လာ၍ ထင်နေတတ် ၏။ တစ်ဖန် ထိုဆီမီးတိုင်နိမိတ်ဘက်သို့ အာရုံစိုက်၍ ရှုလိုက်သောအခါ ထိုဆီမီးလှူခဲ့သည့် ကုသိုလ်စေတနာ သင်္ခါရအုပ်စု၏ ကမ္မသတ္တိက လက်ရှိ ဝိပဿနာဉာဏ်အား အရှိန်အဝါ စွမ်းအင်များ ပို၍ ပို၍ အားကောင်းအောင် အားပေးထောက်ပံ့နေသည်ကို တွေ့ရ၏။ ယင်းဆီမီးလှူခဲ့သည့် ကံက ဝင်၍ ဝိပဿနာဉာဏ်အား အားပေး ထောက်ပံ့လိုက်သောအခါ ဝိပဿနာရှုရသည်မှာ ပိုမို၍ ကောင်းမွန်သွက်လက်လာ၏၊ ဝိပဿနာဉာဏ်မှာ ပို၍ ပို၍ စူးရှထက်မြက်လာ၏၊ ဝိပဿနာဉာဏ်ကြောင့် ဖြစ်ပေါ်လာသော လင်းရောင်ခြည်စွမ်းအင်မှာ ပို၍ ပို၍
——如此交替观照;在三相之中,也一轮提起无常、一轮提起苦、一轮提起无我,交替修观。观禅修习的势力增强时,第二过去世所培育的油灯业相有时会显现于今生的有分意净界。再把注意力转向油灯相观照,便看见供灯善思行组的业力正在扶助今生观智,使其势力与能力越来越强。该供灯业进入并支持观智时,观禅变得更加顺畅敏捷,观智越来越锐利,由观智所生的光明也越来越——
တောက်ပလာတတ်၏။ ထိုအခါမျိုးတွင် အတိတ် အနာဂတ် ပစ္စုပ္ပန်ဟူသော ကာလသုံးပါး၊ အဇ္ဈတ္တ ဗဟိဒ္ဓဟူသော သန္တာန်နှစ်ပါးအတွင်း၌ တည်ရှိကြသော ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တ အချက်တို့မှာ ပို၍ ပို၍ပင် အသိဉာဏ်၌ သန့်ရှင်းသည်ထက် သန့်ရှင်းလာသည်ကို တွေ့ရ၏။ အကယ်၍ အကြောင်းတရားနှင့် အကျိုးတရားတို့၏ ကြောင်း-ကျိုး ဆက်နွယ်မှုသဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အကြောင်းတရား အကျိုးတရားတို့ကို ဝိပဿနာရှုလျှင်လည်း နည်းတူပင် အသိဉာဏ်မှာ သန့်ရှင်းသည်ထက် သန့်ရှင်း၍ လင်းသထက် လင်းလာသည်ကို တွေ့ရ၏။'' ဤကား ထိုယောဂီ၏ လျှောက်ထားချက်များပင် ဖြစ်၏။
——明亮。此时,存在于过去、未来、现在三时以及内在、外在两种相续中的色名法、诸行法,其无常、苦、无我三相,在智中越来越清净明晰。若以智观见因法与果法的因果关联,再对因法与果法修观,智也同样越来越清净、越来越明亮。”以上就是该瑜伽行者的陈述。
သတိ သံသာရပ္ပဝတ္တိယာ အဟောသိကမ္မံ နာမ န ဟောတိ။ (ဝိသုဒ္ဓိ-၂-၂၃၆။) သံသရာဝယ် ဆက်လက်ဖြစ်ရခြင်း သဘောတရားသည် ထင်ရှားရှိနေခဲ့ပါမူ ဘဝထိုထိုက ပြုစုပျိုးထောင်ခဲ့ သော အပရာပရိယဝေဒနီယ အမည်ရသော ကံတို့သည် အဟောသိကံ ဖြစ်သွားသည်ဟူ၍ မရှိစကောင်းပေ။
“只要轮回仍在继续,就没有所谓成为无效业的〔后后受〕业。”只要轮回继续转起的事实仍然存在,过去诸生所培育、称为后后受业的业,就不可能成为无效业。(《清净道论》2-236。)
(ဝိသုဒ္ဓိ-၂-၂၃၆။)
(《清净道论》2-236。)
ဤကဲ့သို့သော ဗုဒ္ဓအဘိဓမ္မာ၏ ကမ္မသတ္တိ စည်းမျဥ်းဥပဒေသကို မှန်ကန်တိကျကြောင်းကို ထောက်ခံလျက် ရှိသော သာဓကတစ်ခုပင် ဖြစ်၏။
上述事例正足以证明:佛陀在阿毗达磨中所教示的业力法则,确实准确无误。
ယင်းဆီမီးလှူခဲ့သည့် ကံသည် ပထမအတိတ်တွင် အကျိုးပေးပြီးဖြစ်၍ ယခု ပစ္စုပ္ပန်ဘဝအထိ အဘယ်- ကြောင့်လိုက်၍ အကျိုးပေးနေရသနည်းဟု စောကြောနေဖွယ်ကား မလိုပေ။
不必追问:供灯业既已在第一过去世给果,为何还能一直追随到今生继续给果?
၁။ ဆီမီးမလှူမီ ရှေ့ပိုင်း၌လည်းကောင်း၊ ၂။ ဆီမီးလှူနေစဥ်၌လည်းကောင်း၊ ၃။ ဆီမီးလှူပြီး နောက်ပိုင်း၌လည်းကောင်း၊ မဟာကုသိုလ် မနောဒွါရိက ဇောဝီထိပေါင်း မရေမတွက်နိုင်အောင် များစွာ စောခဲ့၏။ ကမ္မသတ္တိများလည်း များစွာပင် ရှိခဲ့၏။ ယင်းကံတို့တွင် အလယ်ဇော (၅)တန်တို့၏ စွမ်းအင်သတ္တိများလည်း များစွာပင် ပါဝင်လျက် ရှိ၏။ မဟာကုသိုလ် မနောဒွါရိကဇောဝီထိတိုင်း၌ အလယ်ဇောငါးတန်တို့ကား ပါဝင်လျက်ပင် ရှိကြ၏။
一、供灯以前;二、正在供灯时;三、供灯以后——在这三个阶段,都有不可计数的欲界大善意门速行心路生起,也积聚了许多业力。这些业中包含大量中间五速行的力量;每一欲界大善意门速行心路,都有中间五速行。
သတ္တမဇော စေတနာတို့က ပထမအတိတ်တွင် အကျိုးပေးခဲ့ပြီး ဖြစ်သော်လည်း ယင်းအလယ်ဇော (၅)တန်တို့၏ စွမ်းအင်သတ္တိများက ယခု ပစ္စုပ္ပန်ဘဝတွင် ဥပတ္ထမ္ဘကကံအဖြစ် အကျိုးပေးဖို့ရန် အခါအခွင့် သင့်လာကြ၏၊ အပရာပရိယဝေဒနီယ အမည်ရသော ကံများပင် ဖြစ်ကြ၏။
虽然第七速行的诸思已经在第一过去世给果,但中间五速行的力量到了今生才得到适当机会,以支持业的方式发挥作用;这些正是称为后后受业的业。
原书第 324 页
အားရကျေနပ်ဖွယ် အချက်တစ်ရပ်
令人欣慰的一点
တရားထူးတရားမြတ်ကို ရရှိရန်ဟူသော ဦးတည်ချက်ဖြင့် တစ်နည်းဆိုသော် မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ကို ရရှိရန်ဟူသော ရည်ရွယ်တောင့်တချက်ဖြင့် ပြုစုပျိုးထောင်ခဲ့သော ကံများသည် ယခုကဲ့သို့ မဂ် ဖိုလ် နိဗ္ဗာန်ကို ရရာရကြောင်း ရောက်ရာရောက်ကြောင်း ဖြစ်သည့် သမထဝိပဿနာ ဘာဝနာလုပ်ငန်းရပ်တို့ကို ကျင့်ကြံ ကြိုးကုတ် ပွားများ အားထုတ်ရာ၌ ကြောင့်ကြမဲ့ လက်ပိုက်ကြည့်မနေကြဘဲ အခါအခွင့်သင့်တိုင်း ဝင်ရောက်၍ အားပေး ထောက်ပံ့တတ်သည်ဟူသော အချက်မှာ အလွန် အားရကျေနပ်ဖွယ်ကောင်းသော အချက်တစ်ရပ်ပင် ဖြစ်ပေသည်။ ထိုကြောင့် သံသရာဝဋ်ဆင်းရဲဒုက္ခမှ ကျွတ်လိုလွတ်လိုသည့် သူတော်ကောင်း သူမြတ်လောင်း မှန်သမျှသည် မည်သည့် ကောင်းမှုကုသိုလ်မျိုးကိုမဆို ပြုလုပ်တိုင်း ပြုလုပ်တိုင်း နိဗ္ဗာန်ကို စွဲစွဲမြဲမြဲ ဆုတောင်းသင့် လှပေသည်။ စွဲမြဲသည့် ဦးတည်ချက် တစ်ခုကား ရှိသင့်လှပေသည်။
曾以证得殊胜法为目标,换言之,以证得道智、果智与涅槃为愿望而培育的业,在行者勤修能够导向道、果、涅槃的止观禅修时,并不会漠不关心、袖手旁观;每逢机会适合,它们便会进入而给予扶助。这一点极为令人欣慰。因此,一切希望从轮回苦中解脱的贤善者与菩萨行者,无论造作何种善业,都应坚定不移地发愿证得涅槃;应当具有一个持久而稳定的目标。
သံသရာကွေ့များ၌ လောကဓံလေလှိုင်းများ
轮回转弯处的世间风浪
ယင်းသို့ အတိတ်အဆက်ဆက်သို့ ဉာဏ်ကို စေလွှတ်၍ ရုပ်-နာမ်-ကြောင်း-ကျိုး (= သင်္ခါရတရား)တို့ကို သိမ်းဆည်းရာ၌ ရံခါကုသိုလ်ကံများက ပဋိသန္ဓေစသော အကျိုးကိုပေး၍၊ ရံခါ ကုသိုလ်ကံတစ်ခုက အခြား ကုသိုလ်ကံ တစ်ခုကို အားပေးထောက်ပံ့တတ်သည်ကို တွေ့ရတတ်သော်လည်း၊ ရံခါ အကုသိုလ်ကံများက ကုသိုလ်၏ အကျိုးကို ပယ်သတ်ကာ မကောင်းကျိုးများကို ပေးတတ်သည်ကိုလည်း တွေ့ရတတ်ပါသည်။
如此把智导向一生又一生的过去,摄取色、名、因、果,即诸行法时,有时会看见善业产生结生等果报;有时会看见一项善业扶助另一项善业;有时也会看见不善业压制善业之果,转而带来恶果。
ကုသိုလ်ကံက အကျိုးပေးခွင့်သာ၍ လူ့ဘဝကို ရရှိခိုက် ကုသိုလ်တရားတို့၌ မေ့လျော့ကာ ဒုစရိုက်များနှင့် ပျော်ခဲ့မှု၊ လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာန၊ ဣဿာ၊ မစ္ဆရိယစသော အကုသိုလ် တရားဆိုးများကို အဖော်ပြုခဲ့မှုကြောင့် တိရစ္ဆာန်ဘဝ ပြိတ္တာဘဝစသည့် ထိုထိုဒုဂ္ဂတိဘဝတို့၌ မြုပ်ခဲ့ မျောခဲ့ရသည်တို့ကိုလည်း တွေ့နိုင်ပေသည်။
善业取得给果机会、使人获得人身以后,若在善法上放逸,反而以恶行为乐,与贪、嗔、痴、慢、嫉、悭等不善恶法为伴,也能看见自己因此沉沦、漂没在畜生、饿鬼等种种恶趣生命中。
ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးသည် ဝိပဿနာဉာဏ်များ အတော်အသင့် ရင့်ကျက်လာသောအခါ အတိတ် သံသရာ အဆက်ဆက်၌ ကြောင်း-ကျိုးဆက် ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကို ခပ်များများ ရှုကြည့်၏။
某位瑜伽行者的观智逐渐成熟后,曾在一生又一生的过去轮回中,广泛观照因果相续的缘起法。
လူဘဝ၊ နတ်ဘဝ၊ ဗြဟ္မာဘဝ၊ ယောကျာ်းဘဝ၊ မိန်းမဘဝ၊ တိရစ္ဆာန်ဘဝ၊ ပြိတ္တာဘဝ၊ ငရဲဘဝစသည့် ဘဝပေါင်းများစွာကို လည်းကောင်း၊ ထိုထိုဘဝသို့ ရောက်ကြောင်းကံတို့ကိုလည်းကောင်း သိမ်းဆည်းနိုင်ခဲ့၏၊ ဝိပဿနာရှုနိုင်ခဲ့၏။ နိဗ္ဗိန္ဒဉာဏ်များလည်း ဖြစ်ခဲ့၏။
他能够摄取、修观人、天、梵天、男人、女人、畜生、饿鬼、地狱等许多种生命,以及导致各类生命的业,并生起厌离智。
ထိုတွင် ဘဝတစ်ခုတွင် ဒီးဒုတ်ဖြစ်ခဲ့၏။ ထိုဒီးဒုတ်ဘဝတွင် ဇီးကွက်ငယ် တစ်ကောင်ကို ရေအိုင်ငယ် တစ်ခုတွင် အကြောင်းမဲ့သက်သက် စိတ်ရှည်လက်ရှည် နှုတ်သီးဖြင့် ပေါက်သတ်ခဲ့၏။ အပုညာဘိသင်္ခါရ အမည်ရသော ဒေါသပြဓာန်းသည့် ထိုမကောင်းမှု အကုသိုလ်ကံကြောင့် ငရဲဘဝ၊ ပြိတ္တာဘဝ၊ တိရစ္ဆာန်ဘဝ စသည့် ထိုထိုဒုဂ္ဂတိဘဝ၌ နှစ်ပေါင်းများစွာ ဆင်းရဲဒုက္ခခံခဲ့ရ၏။ -- ထိုယောဂီအတွက်ကား တန်ဖိုးမဖြတ်နိုင်သော ဘဝသင်ခန်းစာပင် ဖြစ်၏။
其中有一生,他曾投生为褐渔鸮(Ketupa zeylonensis)。在那一生,他毫无缘由地在一处小池塘里,耐心地用喙啄死一只小猫头鹰。由于这一以嗔为主、称为非福行的不善业,他曾在地狱、饿鬼、畜生等种种恶趣中多年受苦。这对该瑜伽行者而言,是无价的生命教训。
အသိမှားမှု အဝိဇ္ဇာကို အခြေခံ၍ ဖြစ်ပေါ်လာကြကုန်သော အပုညာဘိသင်္ခါရ အမည်ရသော အကုသိုလ် သင်္ခါရကံတို့ကြောင့် ဝိပါကဝဋ် အမည်ရသော ဒုဂ္ဂတိပဋိသန္ဓေစသော အကျိုးတရားများဖြစ်ပုံတည်း။
这是说明:由于以错知的无明为基础而生、称为非福行的不善行与业,恶趣结生等称为果报轮的果法如何生起。
၁။ ယောကျာ်း မိန်းမ ပုဂ္ဂိုလ် သတ္တဝါစသည်ဖြင့် အသိမှားမှု ဇီးကွက်ငယ်ဟု အသိမှားမှု သဘောကား အဝိဇ္ဇာတည်း။
一、错误地认知男人、女人、个人、有情等,以及错误地认知“小猫头鹰”,这种错知的性质就是无明。
၂။ ယင်းအဝိဇ္ဇာကို အခြေခံ၍ ကာယဒုစရိုက်မှု ဝစီဒုစရိုက်မှု မနောဒုစရိုက်မှုတို့၌ နှစ်ခြိုက်မှု မွေ့လျော်မှု
二、以该无明为基础,喜爱、享受并贪著身恶行、语恶行与意恶行的性质,就是——
原书第 325 页
ပဋိစ္စသမုပ္ပါဒ်ပိုင်း - အပိုင်း (က) တွယ်တာမှုသဘောကား တဏှာတည်း။ ဥပမာ တောမလိုက်ရ မနေနိုင်မှု၊ အတင်းအဖျင်း မပြောရ မနေနိုင်မှု၊ အတင်းအဖျင်းပြောမှုတို့၌ မွေ့လျော်မှု ပျော်ပိုက်မှုမျိုးတည်း။ အထက်တွင် ပုံစံထုတ်ပြထားသည့်အတိုင်း ဇီးကွက်ငယ်ကို မသတ်ဘဲ မနေနိုင်မှုမျိုးတည်း။
——爱。例如,不打猎就无法安住,不说闲话、背后议论就无法安住,以及沉迷、享受闲话等;也如上例所示,不杀那只小猫头鹰就无法安住。
၃။ ယင်းဒုစရိုက်မှုတို့၌ စိတ်ကပ်ရောက်စွဲနေမှုကား ဥပါဒါန်တည်း။
三、心黏著、执取这些恶行的性质,就是取。
၄။ ကာယဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက်တို့ကို လွန်ကျူးခြင်းကား အပုညာဘိသင်္ခါရ အမည်ရသော အကုသိုလ် စေတနာအုပ်စု သင်္ခါရတရားတို့ကို ပြုစုပျိုးထောင်ခြင်းတည်း။ ဇီးကွက်ငယ်အား နှုတ်သီးဖြင့် ပေါက်သတ်သည့် ပါဏာတိပါတ ကာယဒုစရိုက် အကုသိုလ်စေတနာမျိုးတည်း။
四、犯下身恶行、语恶行与意恶行,就是培育由不善思组构成、称为非福行的诸行法;例如用喙啄死小猫头鹰这一杀生的身恶行不善思。
၅။ ယင်းအကုသိုလ်စေတနာ သင်္ခါရအုပ်စု၏ ချုပ်ပျက်သွားသည့်အခါ ရုပ်နာမ်အစဥ်တွင် မြှုပ်နှံထားခဲ့သည့် မကောင်းကျိုးကိုပေးမည့် စွမ်းအင်သတ္တိကား ကံတည်း။
五、这组不善思行灭去以后,埋藏在色名相续中、具有给予恶果之力的潜能,就是业。
〔မှတ်ချက် --- အပါယ်ဒုဂ္ဂတိဘဝကို မတွယ်တာသော်လည်း အပါယ်ရောက်ကြောင်း ဒုစရိုက်တရားတို့ကို လည်းကောင်း၊ အကုသိုလ်တရားတို့ကိုလည်းကောင်း မလွန်ကျူးရလျှင် မနေနိုင်အောင် တွယ်တာနေလျှင်လည်း တဏှာ ဥပါဒါန်တို့ အမည်ရသည်သာဟု မှတ်ပါ။〕 ဤသို့လျှင် အဝိဇ္ဇာ-တဏှာ-ဥပါဒါန်တို့ကိုလည်းကောင်း၊ အပုညာဘိသင်္ခါရ အမည်ရသော အကုသိုလ် သင်္ခါရ-ကံတို့ကိုလည်းကောင်း၊ ယင်းအကုသိုလ်ကံကြောင့် ဖြစ်ပေါ်လာရသည့် အကုသလဝိပါက် အကျိုး- တရားစုတို့ကိုလည်းကောင်း ဉာဏ်ဖြင့်မြင်အောင်ကြည့်၍ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပါ။
〔注:虽然不贪著恶趣生命,但若对导致恶趣的恶行、不善法贪著到“不犯就无法安住”,这种贪著仍称为爱与取。〕如此,应以智观见并摄取因法与果法:一方面是无明、爱、取,以及称为非福行的不善行与业;另一方面是由该不善业所生的不善果报诸果法。
ဒေါသကြောင့်သာ အပါယ်ဒုဂ္ဂတိသို့ ရောက်ရှိရသည် မဟုတ်သေး၊ လောဘကြောင့်လည်း အပါယ် ဒုဂ္ဂတိသို့ ရောက်ရှိနိုင်သည်သာ ဖြစ်၏။ ယောဂီတစ်ဦးကား ဒုတိယအတိတ်ဘဝ၏ သေခါနီး မရဏာသန္နအခါသို့ စိုက်၍ ရှုလိုက်သောအခါ ယင်းသေခါနီးကာလ ဘဝင်မနောဒွါရတွင် မိမိအမွေရရှိထားသော ရွှေထည်ပစ္စည်း အစုအပုံကြီး ထင်နေ၏။ ယင်းရွှေထည်ပစ္စည်း အစုအပုံကို မစွန့်လွှတ်နိုင်သော သဘောမျိုးဖြင့် တွယ်တာ တပ်မက်မှု မရှိသော်လည်း ယင်းရွှေထည်ပစ္စည်း အစုအပုံကို သာယာတပ်မက်နေသည့် လောဘဇောကား စောနေ၏။ ယင်းလောဘဇောက မရဏာသန္နဇော၏ နေရာကို ယူသွား၏။ ပြိတ္တာဘဝသို့ ရောက်ရှိသွား၏။
并非只有嗔会导致恶趣,贪也能使人投生恶趣。某位瑜伽行者观向第二过去世临死阶段时,看见自己继承的一大堆金饰显现在临终有分意门中。他虽没有强烈执著到无法放弃这堆金饰,却有一个贪速行正在欣赏、贪爱它们;该贪速行占据了临死速行的位置,于是他投生为饿鬼。
ဓနလောဘကြောင့် တောဒေယျ ပုဏ္ဏားကြီးသည် ခွေးဘဝသို့ ရောက်ရှိသွားရသကဲ့သို့ ဤယောဂီသည်လည်း ဓနလောဘကြောင့်ပင်လျှင် ပြိတ္တာဘဝသို့ ရောက်ရှိသွားခဲ့ရ၏။ အလားတူပင် ဣဿာ၊ မစ္ဆရိယ၊ မာန်မာနစသော အကုသိုလ် တရားဆိုးတို့ကြောင့်လည်း အပါယ်သို့ ရောက်ရှိနိုင်သည်သာ ဖြစ်ပေသည်။
正如都提耶婆罗门因贪财而投生为狗,这位瑜伽行者也因贪财而投生为饿鬼。同样,由于嫉、悭、慢等不善恶法,也可能投生恶趣。
သဗ္ဗပါပဿ အကရဏံ၊ ကုသလဿုပသမ္ပဒါ။
巴利偈颂(缅文转写):“သဗ္ဗပါပဿ အကရဏံ၊ ကုသလဿုပသမ္ပဒါ။
သစိတ္တပရိယောဒပနံ၊ ဧတံ ဗုဒ္ဓါနသာသနံ။
သစိတ္တပရိယောဒပနံ၊ ဧတံ ဗုဒ္ဓါနသာသနံ။”
၁။ အကုသိုလ် မကောင်းမှု မှန်သမျှကို မပြုလုပ်ရာ။
一、不作一切不善恶事。
၂။ ကုသိုလ်တရားမှန်သမျှကို ပြည့်စုံစေရာ၏။
二、圆满一切善法。
၃။ မိမိတို့၏ စိတ်ကို အရဟတ္တဖိုလ်ရေစင်ဖြင့် စင်ကြယ်အောင် ဆေးကြောသုတ်သင်ရာ၏။ --- ဤသည်ကား ဂင်္ဂါဝါလု သဲစုမျှမက ပွင့်တော်မူကြပြီးကုန်သော အဆူဆူသော ဘုရားရှင်တို့၏ အဆုံးအမ အနုသာသနီ တရားတော်ပါပေတည်း။
三、以阿罗汉果的净水洗涤、净化自己的心。——这是已经出现于世、其数多过恒河沙的一切诸佛所共同教诫的训示。
原书第 326 页
ရူပါဝစရ ပုညာဘိသင်္ခါရနှင့် အာနေဉ္ဇာဘိသင်္ခါရ
色界福行与不动行
ထိုသို့ အတိတ်ဘက်သို့ ဉာဏ်ကို စေလွှတ်၍ ရုပ်တရား၊ နာမ်တရား၊ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းရာ၌ အသင်သူတော်ကောင်း၏ ဉာဏ်သည် ထက်လျှင် ထက်သလို ဉာဏ်ကြောင့် အရောင်အလင်း သည်လည်း ထွက်ပေါ်နေမည်သာ ဖြစ်သည်။ ထိုဉာဏ်ရောင်သည်လည်း သမာဓိအားကောင်းလျှင် အားကောင်း သလို ထက်မြက် စူးရှလာတတ်၏။ ထိုဉာဏ်အရောင်အလင်းသည် အတိတ်ဇာတ်ကြောင်းစုံကို မီးမောင်း ထိုးပြနေမည်သာ ဖြစ်သည်။ ထိုဉာဏ်အရောင်အလင်း၏ စွမ်းအင်ဖြင့် အတိတ်ဘဝ ဇာတ်လမ်းများကို တစ်နည်းဆိုရသော် အတိတ် အကြောင်းတရားများကို တွေ့ရှိနေမည်သာ ဖြစ်ပေသည်။
如此把智导向过去,摄取色法、名法、因法与果法时,贤善者的智愈锐利,由智而生的光明也愈显现;定力愈强,智光便愈锐利、明彻。这智光犹如探照灯,照见过去生的种种经历。凭借智光之力,便能发现过去诸生的情形,换言之,发现过去因法。
ထိုသို့ အတိတ်သို့ ဉာဏ်ကို စေလွှတ်၍ အတိတ်အကြောင်းတရားများကို တစ်စ တစ်စ တစ်ဘဝပြီး တစ်ဘဝ ရှုသွားရာ၌ (၄)ဘဝ၊ (၅)ဘဝစသည်ကို ရှုပြီးသည်နောက် ဆက်လက်၍ ခပ်များများရှုလိုသေးပါက ပဋိသန္ဓေ ခန္ဓာ (၅)ပါးလောက်မျှနှင့်သာ အကြောင်း အကျိုးစပ်၍ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပြီးနောက် ကျန်ပဝတ္တိ ဝိပါက်ဝိညာဏ် စသည်တို့၌ အကြောင်း အကျိုးစပ်၍ အကြောင်းတရား အကျိုးတရားတို့ကို မသိမ်းဆည်းတော့ဘဲ အတိတ်ဘဝ တစ်ခုပြီး တစ်ခု ဆက်လက် ရှုနိုင်ပါသည်။ သို့သော် အနည်းဆုံး ပမာဏအားဖြင့် အတိတ်၌လည်း အကြောင်းတရားနှင့် အကျိုးတရားသာ ရှိသည်ဟု သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် အတိတ်ဘဝ (၃ - ၄)ဘဝလောက်တွင် (၆)လိုင်းလုံး၌ စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်းဝယ် ခန္ဓာ (၅)ပါးဖွဲ့၍ အကြောင်းတရားနှင့် အကျိုးတရားတို့၏ ကြောင်း-ကျိုး ဆက်နွယ်မှုသဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အကြောင်းတရား အကျိုးတရားတို့ကို
如此把智导向过去,逐步观照过去因法,一生接一生地回溯;观过四生、五生等以后,若还想继续观得更多,可以只就结生五蕴摄取因果,而不再在其余转起期果报识等处逐项摄取因果,继续一生一生地观下去。不过,至少应在三至四个过去生中,于六条路线的每一心刹那组成五蕴,以智观察因法与果法的因果关联,亲自以正见智现前、洞彻知见“过去也只有因法与果法”,并——
သိမ်းဆည်းပါ။
——摄取这些因法与果法。
ထိုသို့ အတိတ်သို့ ဉာဏ်ကို စေလွှတ်၍ အကြောင်းတရား အကျိုးတရားတို့ကို တစ်စ တစ်စ သိမ်းဆည်း သွားရာ၌ အခါအခွင့်အားလျော်စွာ စျာန်ရခဲ့သည့်ဘဝများကိုလည်း တွေ့ရှိနိုင်ပေသည်။ အကယ်၍ တွေ့ရှိခဲ့လျှင် ထိုစျာန်များမှာ ရူပါဝစရစျာန် = ရူပါဝစရ ပုညာဘိသင်္ခါရ ဖြစ်ခဲ့သော် အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံ တို့ကို စုံအောင် ရှာဖွေလျက် ရူပါဝစရ ပဋိသန္ဓေ ခန္ဓာ (၅)ပါးနှင့် အကြောင်း အကျိုးစပ်၍ ကြည့်ပါ။ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပါ။ ဤရှုကွက်မှာ ထိုစျာန်က သေသည့်တိုင်အောင် မလျှောကျသဖြင့် ရူပဗြဟ္မာဘဝကို ရရှိလာသောအခါကို တွေ့ရှိမှသာလျှင် ရှုရန် ဖြစ်သည်။ အကယ်၍ ရပြီးစျာန်သည် မသေခင် တစ်ချိန်၌ အရှင်ဒေဝဒတ်တို့ကဲ့သို့ လျှောကျခဲ့သော်လည်းကောင်း၊ ရူပဗြဟ္မာဘဝကို မရခဲ့သော်လည်းကောင်း ရှုရန်မလိုပါ။
如此把智导向过去,逐步摄取因法与果法时,也可能遇到自己曾证得禅那的过去生。若所证是色界禅,即色界福行,就应完整寻找无明、爱、取、行与业,并把它们同色界结生五蕴依因果相联,摄取因法与果法。这种观法,只在该禅直到死亡都未退失、因而获得色界梵天之有时才须修;若所证禅在死亡以前已经退失,如提婆达多尊者的情形,或并未因此得到色界梵天之有,就不必作这一观照。
အကယ်၍ အာနေဉ္ဇာဘိသင်္ခါရ အမည်ရသည့် အရူပစျာန်များကို ရရှိခဲ့ဖူး၍ အရူပဘုံသို့ ရောက်ခဲ့ဖူး လျှင်လည်း မိမိထူထောင်ထားသည့် အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံတို့ကို ပြည့်ပြည့်စုံစုံ ရှာဖွေလျက် မိမိရရှိဖူးသော အရူပ ပဋိသန္ဓေ နာမ်ခန္ဓာ (၄)ပါးနှင့် အကြောင်း အကျိုးစပ်၍ အကြောင်းတရား အကျိုးတရား တို့ကို သိမ်းဆည်းပါ။ (အကြောင်းတရားများကို ရှာဖွေပုံကို သဘောပေါက်သင့်ပြီ။)
若过去曾证得称为不动行的无色禅,并曾投生无色界,也应完整寻找自己所建立的无明、爱、取、行与业,把它们同过去曾得的无色结生四名蕴依因果相联,摄取因法与果法。〔至此,应已理解寻找因法的方法。〕
原书第 327 页
အနာဂတ်သို့ ဉာဏ်ကို စေလွှတ်ပါ
把智导向未来
အတိတ်၌လည်း အကြောင်းတရားနှင့် အကျိုးတရားသာ ရှိ၏၊ ပစ္စုပ္ပန်၌လည်း အကြောင်းတရားနှင့် အကျိုးတရားသာရှိ၏ဟု ဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ပြီးသောအခါ အနာဂတ်၌လည်း အကြောင်းတရားနှင့် အကျိုးတရားသာရှိ၏ဟု သိအောင် ဆက်လက်၍ ရှုရဦးမည်သာ ဖြစ်သည်။
亲自以智现前、洞彻知见过去只有因法与果法、现在也只有因法与果法以后,还须继续观照,直到知道未来也只有因法与果法。
၁။ ထိုသို့ ရှုရာ၌ ဤပစ္စုပ္ပန်ဘဝတွင် မိမိကိုယ်တိုင် နောင်အနာဂတ် ဘဝအတွက် ရည်ရွယ်တောင့်တ၍ ပြုစု ပျိုးထောင်ထားသော ပြုလုပ်နေကျ ဖြစ်သော အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံတို့ကို ရှာဖွေ၍ ထိုကံကြောင့် ဖြစ်ပေါ်လာမည့် နောင်အနာဂတ်ခန္ဓာတို့ကို လှမ်းမျှော်ရှုကြည့်လျှင်လည်း အနာဂတ်ခန္ဓာတို့ကို တွေ့ရှိနိုင်ပေသည်။
一、作这种观照时,可以寻找自己在今生为了未来有而发愿、希求并反复培育的无明、爱、取、行与业;再远观由该业所生的未来诸蕴,便可能看见未来诸蕴。
၂။ ထိုသို့ ရှု၍ မတွေ့ရှိခဲ့သော် ယခုလက်ရှိ ပစ္စုပ္ပန်ရုပ်နာမ်တို့ကို သိမ်းဆည်းပြီးလျှင် ဤဘဝ စုတိဟူသော အနာဂတ်ဘက်သို့ ဉာဏ်ကို စေလွှတ်၍ ရုပ်နာမ်တို့ကို တဖြည်းဖြည်း သိမ်းဆည်းပါ။ စုတိရှေ့ မရဏာသန္န သေခါနီးအခါ၌ တည်ရှိသော ဘဝင်မနောအကြည်ဓာတ် မနောဒွါရကို ထိထိမိမိ သိမ်းဆည်းပါ။ ထိုသေခါနီး မနောဒွါရ၌ အနာဂတ်ပဋိသန္ဓေကို ဖြစ်စေမည့် အကျိုးပေးတော့မည့် ကံ၏ စွမ်းအင်သတ္တိကြောင့် ကံ-ကမ္မနိမိတ်- ဂတိနိမိတ်ဟူသော အာရုံသုံးမျိုးတို့တွင် တစ်မျိုးမျိုးသည် ထင်နေမြဲ ဓမ္မတာပင် ဖြစ်၏။ ဤသို့ ထင်မှုမှာလည်း သံသရာခရီး မဆုံးသေးသူအတွက်သာ ဆိုလိုပါသည်။ ယင်းနိမိတ်သည် အနာဂတ်ဘဝ ပဋိသန္ဓေကို ဖြစ်စေမည့် ဇနကကံ၏ စွမ်းအားကြောင့် ထင်လာသော နိမိတ်ဖြစ်ရကား ယင်းနိမိတ်ကို အခြေခံ၍ သင်္ခါရ-ကံတို့ကို လည်းကောင်း အဝိဇ္ဇာ-တဏှာ-ဥပါဒါန်တို့ကိုလည်းကောင်း ရှာဖွေပြီးလျှင် ယင်းသင်္ခါရ-ကံကြောင့် ဖြစ်ပေါ်
二、若如此观照仍未看见,就先摄取现在的色名,再把智导向属于未来的今生死亡,从现在开始逐步摄取色名。应切实摄取死亡以前、临死阶段的有分意净界——意门。在临死意门中,由即将给果、能产生未来结生的业力,业、业相、趣相三种所缘中必有一种显现;这是尚未结束轮回旅程者的自然法则。该相正由能产生未来结生的令生业之力而现,因此应以它为线索,寻找行与业,也寻找无明、爱与取;然后远观将由该行与业所生的——
လာမည့် အနာဂတ် ပဋိသန္ဓေကို လှမ်း၍ ရှုပါကလည်း ထိုပဋိသန္ဓေခန္ဓာတို့ကို တွေ့ရှိနိုင်ပေသည်။
——未来结生,也能看见那一结生诸蕴。
ပုံစံတစ်ခုဖြင့် ဆိုရသော်
举例说明
ထို (၂)မျိုးတို့တွင် နံပါတ် (၁)၌ ဖော်ပြခဲ့သော စနစ်အရ အကြောင်း အကျိုး သိမ်းဆည်းပုံ ရှုကွက် အတိုချုပ်ကို ပုံစံထုတ်၍ တင်ပြပေအံ့ --- အသင်သူတော်ကောင်းသည် နောင်အနာဂတ်ဘဝ၌ အထက်တန်းကျသည့် အထက်နတ်အမျိုးအစားတွင် ပါဝင်သည့် ဓမ္မကထိကနတ်သား ဖြစ်ရန် ရည်ရွယ်တောင့်တ၍ ဤပစ္စုပ္ပန်ဘဝတွင် ကုသိုလ်ကောင်းမှု သင်္ခါရ မျိုးစေ့တို့ကို အကြိမ်များစွာ ကြဲချ စိုက်ပျိုးခဲ့သည် ဖြစ်အံ့၊ ထိုကောင်းမှု ကုသိုလ်တို့တွင် နှစ်နှစ်ကာကာ စိတ်ပါလက်ပါ အမှတ်တရ ပြုမိသည့် ကောင်းမှုကုသိုလ်တစ်ခုကို ရွေးချယ်ပါ။ ဥပမာ - စေတီတော်အား ပန်း ဆီမီး လှူဒါန်း၍ အထက်တန်းကျသည့် ဓမ္မကထိကနတ်သားဖြစ်ရန် ဆုတောင်းပန်ထွာခဲ့ဖူးသည် ဆိုပါစို့။
上述两种方法中,现在把第一种摄取因果的方法略举一例。假设贤善者发愿未来成为上等天众中的说法天子,并在今生多次播种、培育善行种子;请从中选出一项自己最诚心欢喜、记忆最深的善业。譬如,曾向佛塔供养鲜花和灯明,并发愿成为上等的说法天子。
၁။ အဝိဇ္ဇာ = ဓမ္မကထိကနတ်သားဟု အသိမှားမှုသဘော၊ ၂။ တဏှာ = ယင်းဓမ္မကထိကနတ်သားဘဝကို တွယ်တာ တပ်မက်မှုသဘော၊ ၃။ ဥပါဒါန် = ယင်းဓမ္မကထိကနတ်သားဘဝသို့ စိတ်ကပ်ရောက် စွဲနေမှုသဘော၊ ၄။ သင်္ခါရ = စေတီတော်အား ပန်း ဆီမီး လှူသည့် ကုသိုလ်စေတနာအုပ်စု၊ ၅။ ကံ = ယင်းကုသိုလ်စေတနာ သင်္ခါရအုပ်စု၏ ကမ္မသတ္တိ၊ အတိတ် အကြောင်းတရားများကြောင့် ပစ္စုပ္ပန် အကျိုးတရားများ ဖြစ်ပုံကိုလည်းကောင်း၊ ဆိုင်ရာဆိုင်ရာ အတိတ် အကြောင်းတရားများကြောင့် ဆိုင်ရာဆိုင်ရာ အတိတ် အကျိုးတရားများ ဖြစ်ပုံကိုလည်းကောင်း ကျေကျေပွန်ပွန် ရှုထားပြီးသော အသင်ယောဂီသူတော်ကောင်းသည် ပစ္စုပ္ပန်အကြောင်းတရားများကြောင့်
一、无明:把说法天子误认作实有;二、爱:眷恋、贪求说法天子之有;三、取:心黏著、执取说法天子之有;四、行:向佛塔供养鲜花与灯明的善思组;五、业:该善思行组的业力。贤善的禅修者已经充分观照过去因法如何产生现在果法,也观照相应的过去因法如何产生相应的过去果法;现在若远观由现在因法,换言之,由上述业力所生的——
原书第 328 页
တစ်နည်းဆိုသော် ယင်းဖော်ပြပါ ကမ္မသတ္တိကြောင့် ဖြစ်ပေါ်လာမည့် အနာဂတ် ဓမ္မကထိကနတ်သားဘဝ၏ ခန္ဓာ (၅)ပါးကို လှမ်းမြော်၍ ကြည့်လိုက်ပါက လွယ်လွယ်ကူကူပင် တွေ့ရှိမည် ဖြစ်ပါသည်။ ယင်းဇနကကံမှာ ဝမ်းမြောက် ဝမ်းသာ စိတ်ပါလက်ပါဖြင့် ထူထောင်ခဲ့သော တိဟိတ် သောမနဿ မဟာကုသိုလ်ကံမျိုး ဖြစ်သဖြင့် ယင်းကံကြောင့် ဖြစ်ပေါ်လာမည့် အနာဂတ်နတ်သားဘဝ၏ ပဋိသန္ဓေအခိုက်၌ သြပပါတိက ပဋိသန္ဓေ ဖြစ်သဖြင့် စက္ခု-သောတ-ဃာန-ဇိဝှါ-ကာယ-ဘာဝ-ဟဒယဟူသော ဒသကကလာပ် (၇)မျိုးသည် ပြိုင်တူဖြစ်၍ တိဟိတ် သောမနဿ ပဋိသန္ဓေ နာမ်တရား (= ၃၄)လုံး ရှိမည် ဖြစ်သည်။ ယင်းပဋိသန္ဓေ ရုပ်နာမ်တို့နှင့် ယင်းကမ္မသတ္တိ တို့၏ ကြောင်း-ကျိုး ဆက်နွယ်မှုသဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ယင်းပဋိသန္ဓေ ခန္ဓာ (၅)ပါးမှ စတင်၍ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပါ။
——未来说法天子之有的五蕴,便很容易看见。该令生业是以诚心欢喜所造、三因悦俱的大善业;因此,未来天子结生时属于化生,眼、耳、鼻、舌、身、性根、心所依处七种十法聚同时生起,并有三因悦俱结生的三十四种名法。应以智观察这些结生色名与该业力之间的因果关联,从结生五蕴开始摄取因法与果法。
ရှေးဦးစွာ နတ်သားဘဝ၏ ပဋိသန္ဓေ ခန္ဓာ (၅)ပါးတို့ကို သိမ်းဆည်းနိုင်ပါက ထိုမှတစ်ဆင့် နတ်သားဘဝ၏ ရုပ်သန္တတိအစဥ်တွင် တည်ရှိကြသော စတုသမုဋ္ဌာနိကရုပ်တရားတို့ကိုလည်းကောင်း ယင်းနတ်သားဘဝ၏ နာမ်သန္တတိအစဥ်တွင် တည်ရှိကြသော နာမ်တရားတို့ကိုလည်းကောင်း သိမ်းဆည်းပါ။ နတ်သားဘဝ၏ ပဋိသန္ဓေမှသည် စုတိသို့တိုင်အောင် ဘဝတစ်လျှောက်တည်ရှိကြသော ရုပ်နာမ်တို့ကို တစ်စ တစ်စ တဖြည်းဖြည်း သိမ်းဆည်းသွားပါ။
先能摄取天子之有的结生五蕴以后,再摄取其色相续中由四因所生的色法,以及名相续中的名法;从结生直到死亡,逐步摄取贯穿一生的色名。
ယင်းဘဝတစ်လျှောက် ဖြစ်ပေါ်နေသော နာမ်တရားတို့မှာ ပေါင်းရုံးလိုက်ပါက ရူပါရုံစသည့် အာရုံ (၆)ပါး ကိုပင် ထိုက်သလို အာရုံပြု၍ ဖြစ်ပေါ်လာကြသော နာမ်တရားတို့ပင် ဖြစ်ကြသည်။ ယင်းနာမ်တရားတို့ကို ဝီထိ- စိတ္တက္ခဏတိုင်း၌ ခန္ဓာ (၅)ပါးဖွဲ့၍ ပစ္စုပ္ပန်၌ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းသည့် ပုံစံအတိုင်းပင် သိမ်းဆည်းပါ။ နတ်သား၏ ဘဝတစ်လျှောက် ဖြစ်ပေါ်သွားကြသော နာမ်တရားအားလုံးတို့၌ အကြောင်းတရား အကျိုးတရားတို့ကို ကုန်စင်အောင်ကား မသိမ်းဆည်းနိုင်သဖြင့် ရူပါရုံစသည့် အာရုံ (၆)ပါးကို ထိုက်သလို အာရုံပြု၍ ဖြစ်ပေါ်လာကြသည့် နာမ်တရား အမျိုးအစားတို့ကိုသာ ပစ္စုပ္ပန်၌ အကြောင်း အကျိုး သိမ်းဆည်း သည့် ပုံစံအတိုင်း သိမ်းဆည်းရန် တင်ပြခြင်း ဖြစ်ပေသည်။ စက္ခုဒွါရဝီထိ၊ သောတဒွါရဝီထိ၊ ဃာနဒွါရဝီထိ၊ ဇိဝှါဒွါရဝီထိ၊ ကာယဒွါရဝီထိ၊ မနောဒွါရဝီထိဟူသော ဝီထိအမျိုးအစား (၆)မျိုးတို့၏ အတွင်း၌ ပါဝင်တည်ရှိ
汇总起来,这一生中所生的一切名法,不过是依其所应缘取色所缘等六所缘而生的名法。应依摄取现在因果时所示的方法,在每一心路的每一心刹那组成五蕴而摄取。说法天子一生所生的一切名法,其每一数量的因果无法穷尽摄取;这里所说的,是对缘取色所缘等六所缘而生的各类名法,依现在因果的方式摄取。也就是摄取眼门、耳门、鼻门、舌门、身门与意门六类心路中——
ကြသော စိတ္တက္ခဏတိုင်း၌ တည်ရှိကြသော နာမ်တရားတို့ပင်တည်း။
——每一心刹那所含的名法。
သတိပြုရန် အချက်တစ်ရပ်
一项应注意的事项
ထိုသို့ အနာဂတ်ဘဝ၌ အကြောင်းတရား အကျိုးတရားတို့ကို ဉာဏ်ဖြင့် လှမ်း၍ သိမ်းဆည်းရာ၌ လူဘဝ နတ်ဘဝစသည့် ထိုထိုဘဝကို ရည်ရွယ်တောင့်တ၍ ပြုစုပျိုးထောင်ထားသည့် ဝဋ္ဋနိဿိတကုသိုလ်မျိုးနှင့်သာ အကြောင်း အကျိုးစပ်၍ သိမ်းဆည်းပါ။ ဝိဝဋ္ဋနိဿိတဖြစ်သည့် နိဗ္ဗာန်ကိုသာ ရည်ရွယ်မှန်းထား၍ ပြုစု ပျိုးထောင်ထားသော ကုသိုလ်မျိုးနှင့် အကြောင်း အကျိုး မစပ်ပါနှင့်။ ဝိဝဋ္ဋနိဿိတကုသိုလ်မျိုးနှင့် အကြောင်း အကျိုး စပ်ကြည့်ပါက အနာဂတ်ခန္ဓာ (၅)ပါးကို ဉာဏ်ဖြင့် တွေ့မြင်ရန် ခဲယဥ်းသောကြောင့် ဖြစ်၏။ အကယ်၍ အသင်သူတော်ကောင်းအဖို့ ဝိဝဋ္ဋနိဿိတကုသိုလ်မျိုးသာ ထင်ရှားရှိနေ၍ အဖြစ်များနေ၍ ဝဋ္ဋနိဿိတ ကုသိုလ်မျိုးကို ဉာဏ်ဖြင့် ရှာဖွေ၍ မတွေ့ဖြစ်နေလျှင် ထိုအခါမျိုး၌ အသစ်စက်စက် ဝဋ္ဋနိဿိတကုသိုလ်တစ်ခုကို ထပ်ပြုပါ။ ဥပမာ - ဘုရားအား ပန်း ဆီမီး လှူ၍ ရဟန်းဘဝ သို့မဟုတ် ဓမ္မကထိကနတ်သားဘဝကို ဆုတောင်း
如此以智远观并摄取未来有的因法与果法时,只应把为了人有、天有等某种有而发愿、培育的依止轮转之善,同未来诸蕴依因果相联;不要把只以涅槃为目标而培育的依止还灭之善,同未来诸蕴依因果相联。因为若取依止还灭之善来关联,便很难以智看见未来五蕴。若贤善者相续中只有依止还灭之善显著而经常生起,怎么也找不到依止轮转之善,这时可以新造一项依止轮转之善。譬如向佛供养鲜花与灯明,并发愿来世成为比丘或说法天子;然后——
ပန်ထွာပါ။ ထိုကံကြောင့် နောင်အနာဂတ်တွင် ဖြစ်ပေါ်လာမည့် ရဟန်းဘဝ ခန္ဓာ (၅)ပါးကို သို့မဟုတ် ဓမ္မကထိက နတ်သားဘဝ ခန္ဓာ (၅)ပါးကို ဉာဏ်ဖြင့် လှမ်းရှုပါ။ ဉာဏ်ဖြင့် တွေ့မြင်နိုင်ပါသည်။
——远观由该业所生的未来比丘之有五蕴,或说法天子之有五蕴,便能以智看见。
原书第 329 页
ပဋိစ္စသမုပ္ပါဒ်ပိုင်း - အပိုင်း (က) အကယ်၍ ဤနည်းစနစ်ဖြင့် အောင်မြင်မှုကို မရရှိခဲ့ပါက နံပါတ် (၂)အဖြစ် ဖေါ်ပြထားသော နည်းစနစ်ကို အသုံးပြုပါ။ ဤပစ္စုပ္ပန်ဘဝ၏ ယခုလက်ရှိ အခြေအနေ၌ တည်ရှိသော ရုပ်နာမ်တို့ကစ၍ စုတိတိုင်အောင်သော ရုပ်နာမ်တို့ကို တစ်စ တစ်စ သိမ်းဆည်းပါ။ ဤဘဝ သေခါနီးကာလ မရဏာသန္နအခါ မနောဒွါရတွင် ထင်နေသော ကံ-ကမ္မနိမိတ်-ဂတိနိမိတ်ဟူသော နိမိတ်သုံးမျိုးတို့တွင် တစ်မျိုးမျိုးသော နိမိတ်အာရုံကို ဉာဏ်ဖြင့် မြင်အောင် ရှုပါ။ အကယ်၍ ကောင်းမှုကုသိုလ်ကံကြောင့် ထင်နေသော ယင်းနိမိတ်ကို တွေ့ရှိပါက ယင်းကောင်းမှု ကုသိုလ်ကံကိုလည်းကောင်း၊ ကောင်းမှုပြုစဥ်က ဖြစ်ပေါ်ခဲ့သော နာမ်သန္တတိအစဥ်ကိုလည်းကောင်း၊ အဝိဇ္ဇာ- တဏှာ-ဥပါဒါန်တို့ကိုလည်းကောင်း ဆက်လက်၍ ရှာဖွေပါ။ ယင်းအဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံတို့ကို ရှာဖွေတွေ့ရှိသောအခါ ယင်းကံကြောင့် ဖြစ်ပေါ်လာမည့် အနာဂတ်ဘဝ၏ ပဋိသန္ဓေ ခန္ဓာ (၅)ပါးတို့ကို
若用这套方法仍未成功,就采用上述第二种方法:从今生当前的色名开始,逐步摄取直至死亡的色名;临死时,在意门显现的业、业相、趣相三相中,以智观见其中一种所缘。若发现这是由某项善业所显现的相,就继续寻找该善业、造善时生起的名相续,以及无明、爱与取。找到无明、爱、取、行与业以后,再摄取由该业所生的未来有——
ဆက်လက်၍ သိမ်းဆည်းပါ။ စက္ခုဉ္စ ပဋိစ္စ ရူပေစ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ၊ တိဏ္ဏံ သင်္ဂတိ ဖဿော၊ ဖဿပစ္စယာ ဝေဒနာ ---- (သံ-၁-၃ဝ၁။) ဤသို့စသော ဒေသနာတော်များနှင့် အညီပင်တည်း။
——的结生五蕴。巴利经文(缅文转写):“စက္ခုဉ္စ ပဋိစ္စ ရူပေစ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ၊ တိဏ္ဏံ သင်္ဂတိ ဖဿော၊ ဖဿပစ္စယာ ဝေဒနာ”——“缘眼与诸色而生眼识;三者和合为触;缘触而有受。”(《相应部》1-301。)以上观法正依此类教说而立。
အပါယ် ဒုဂ္ဂတိဘဝ ပဋိသန္ဓေ
恶趣结生
ဧဝံ သင်္ခါရေ သလဒက္ခေတွာ ဌိတဿ ပန ဘိက္ခုဿ ဒသဗလဿ သာသနေ မူလံ သြတိဏ္ဏံ နာမ ဟောတိ၊ ပတိဋ္ဌာ လဒ္ဓါနာမ၊ စူဠသောတာပန္နော နာမ ဟောတိ နိယတဂတိကော။ (အဘိ-ဋ္ဌ-၂-၂၄၂။) ယောဂါဝစရပုဂ္ဂိုလ် တစ်ဦးသည် အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း နာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယ- ပရိဂ္ဂဟဉာဏ်တို့ကို အကယ်၍ ရရှိထားပြီးသည် ဖြစ်ငြားအံ့၊ ဤသို့ ရုပ်-နာမ်-ကြောင်း-ကျိုး (= သင်္ခါရတရား)တို့ကို ဉာဏ်ဖြင့် ကောင်းစွာ ပိုင်းခြား မှတ်သား၍ တည်နေသော ယောဂါဝစရရဟန်းတော်အဖို့ ဘုရားရှင်၏ သာသနာတော်၌ အမြစ်အရင်းသို့ သက်ဝင် တည်နေသည် မည်၏၊ သာသနာတော်မှ မခွဲနိုင်အောင် အမြစ်- တွယ်သွားပြီ ဖြစ်၏၊ သာသနာတော်၌ ထောက်ရာတည်ရာကို ရရှိသည်မည်၏၊ ကောင်းရာသုဂတိဟူသော မြဲသော ဂတိရှိသော စူဠသောတာပန် မည်၏။ (အဘိ-ဋ္ဌ-၂-၂၄၂။) ဤအထက်ပါ အဋ္ဌကထာ အဖွင့်များနှင့်အညီ ဤပစ္စယပရိဂ္ဂဟဉာဏ်ပိုင်းသို့ ရောက်ရှိလာပြီးသော
“如是善加辨识诸行而住的比丘,在十力者的教法中,名为已深入根本,名为已获得立足处,也称为趣向决定的小须陀洹。”(《阿毗达磨义注》2-242。)若一位禅修者已如上获得名色分别智与缘摄受智,能够以智善加分别、标识色、名、因、果,即诸行法,那么这位禅修比丘便称为已经深入佛陀教法的根本,已经扎根而不再脱离教法;称为已在教法中获得依止与立足处,也称为小须陀洹,即趣向决定、以善趣为必然去处者。(《阿毗达磨义注》2-242。)依上述义注的解释,对于已经到达缘摄受智阶段的——
သူတော်ကောင်းတစ်ဦးအဖို့ ဒုဂ္ဂတိဘဝ အပါယ်ပဋိသန္ဓေကား မမျှော်လင့်အပ်သော အရာသာ ဖြစ်ပေသည်။
——贤善者,恶趣结生已不再是应当预期的事。
အပါယ် ဒုဂ္ဂတိဘဝဟူသော အပါယ်သံသရာဘေးဆိုးကြီးကား ကျော်လွှားလွန်မြောက်ဖို့ရန် အလွန်ခက်ခဲသော အရာဌာန တစ်ခု ဖြစ်၏။ ဤကဲ့သို့သော ဘေးဆိုးကြီးမှ ထုတ်ဆောင်ကယ်တင် ပေးနိုင်သည့် စွမ်းအင် အပြည့် အဝရှိသော ဤတရားမျိုးကိုကား ယခုကဲ့သို့သော သာသနာတော်နှင့် ကြုံခိုက် အမြော်အမြင်ရှိသော ပညာရှိ သူတော်ကောင်း မှန်သမျှသည် အရယူထားထိုက်လှပေသည်။
名为恶趣有的轮回灾患,极难跨越、脱离。如今正值遇到佛陀教法,凡有远见、有智慧的贤善者,都极应获得这种具有充分力量、能够把自己从大灾患中救拔出来的法。
ဦးခေါင်းကို မီးလောင်နေသော ယောကျာ်းအတွက် ဦးခေါင်း၌ လောင်နေသည့် မီးကို ငြိမ်းအောင် ငြှိမ်းဖို့သည် အရေးအကြီးဆုံး လုပ်ငန်းတစ်ခု ဖြစ်၏။ ပုဆိုးကို မီးလောင်နေသော ယောကျာ်းအတွက် ပုဆိုး၌ လောင်နေသော မီးကို ငြိမ်းအောင် ငြှိမ်းဖို့သည် အရေးအကြီးဆုံး လုပ်ငန်းတစ်ခု ဖြစ်၏။ သက္ကာယဒိဋ္ဌိ တည်းဟူသော အပါယ် ငရဲမီးကြီးကို ငြိမ်းအောင် ငြှိမ်းဖို့ကား ပို၍ ပို၍ပင် အရေးကြီးလှ၏။ ဦးခေါင်း၌ စွဲလောင်- နေသော မီးကို မငြှိမ်းသေးဘဲ၊ ဝတ်ထားသော ပုဆိုး၌ စွဲလောင်နေသော မီးကို မငြှိမ်းသေးဘဲ သက္ကာယဒိဋ္ဌိ ငရဲမီးကြီးကို ငြိမ်းအောင် ငြှိမ်းသင့်၏ဟု ဘုရားရှင်က ဆိုဆုံးမထားတော်မူ၏။
对于头上着火的人,扑灭头上的火是最紧要的事;对于衣服着火的人,扑灭衣上的火也是最紧要的事。然而,扑灭称为有身见的恶趣地狱之火,更加紧要。佛陀教诫:即使暂且不扑灭头上和身衣上的火,也应先扑灭有身见这一地狱烈火。
လိပ်ကန်းထမ်းပိုး ဥပမာဖြင့် ဟောကြားထားတော်မူအပ်သော ဆိဂ္ဂဠယုဂသုတ္တန်များကို (သံ-၃-၃၉၇။) ထောက်ရှုပါက အပါယ်သံသရာဟူသည် ဝင်ပေါက်သာရှိ၍ ထွက်ပေါက် မရှိဟု ဆိုထိုက်၏၊ စုန်လမ်းသာရှိ၍
参照佛陀以盲龟与轭孔为喻所说的《轭孔经》等(《相应部》3-397),可以说恶趣轮回只有入口,没有出口;只有下行之路——
原书第 330 页
ဆန်လမ်းမရှိဟု ဆိုထိုက်၏၊ မြုပ်လမ်းသာရှိ၍ ပေါ်လမ်းမရှိဟု ဆိုထိုက်၏။ (လယ်တီဆရာတော်ဘုရား။) ဤမျှ ကြောက်မက်ဖွယ် ကောင်းလှသော အပါယ်ဘေးဆိုးကြီးမှ ထုတ်ဆောင်ကယ်တင်ပေးမည့် တရား တစ်ခုကို အသိအလိမ္မာ ဉာဏ်ပညာရှိသော အဘယ်မည်သော ယောကျာ်းသည် ရရှိအောင် မယူထားဘဲ နေထိုက် ပါအံ့နည်း။
——没有上行之路;只有沉没之路,没有浮出之路。〔雷迪西亚多。〕既有一种法能把人从如此可怖的恶趣灾患中救出,哪个明智的人会不设法获得它呢?
အနာဂတ် အပြောင်းအလဲ
未来的转变
အကယ်၍ အသင်သူတော်ကောင်းသည် သမထယာနိကပုဂ္ဂိုလ်ဖြစ်၍ အာနာပါနစတုတ္ထစျာန်ကဲ့သို့သော စတုတ္ထစျာန်စသည့် အပ္ပနာစျာန် သမာဓိတစ်ခုခုကို ရရှိထားသူ ဖြစ်အံ့၊ ယင်းအပ္ပနာစျာန်သမာဓိကို မရမီ ရှေးအဖို့က နောင်အနာဂတ် ပဋိသန္ဓေစသည့် အကျိုးကို ပေးဖို့ရန် အခါအခွင့် သာနေသော ကာမာဝစရကံ များသည် နောက်သို့ ဆုတ်သွားတတ်ကြ၏။ အပ္ပနာစျာန် သမာဓိများမှာ ဂရုကကံဖြစ်သောကြောင့်တည်း။ သို့သော် အသင် သူတော်ကောင်းဘက်ကလည်း ယင်းစျာန်ကို မလျှောကျအောင် အမြတ်စား သို့မဟုတ် အလတ်စား သို့မဟုတ် အညံ့စား ပွားထားနိုင်ပါမှ၊ ဗြဟ္မာဘဝကိုလည်း လိုလားတောင့်တသည့် အဝိဇ္ဇာ-တဏှာ-ဥပါဒါန် တို့သည်လည်း အနုသယဓာတ် (= အငုပ်ဓာတ်) အနေဖြင့် ဖြစ်စေ၊ ပရိယုဋ္ဌာန = စိတ်အစဥ်တွင် ဥပါဒ်-ဌီ-ဘင် အားဖြင့် ထင်ရှား ဖြစ်ပေါ်လာသည့် အနေဖြင့် ဖြစ်စေ ထင်ရှားရှိပါမှသာလျှင် ယင်းအပ္ပနာစျာန်သမာဓိဟူသော
若贤善者是止乘行者,已经证得入出息第四禅等某一种安止禅定,那么在证得安止禅定以前,本有机会在未来产生结生等果报的欲界业,通常会退居其后;因为安止禅定属于重业。不过,只有贤善者把该禅培育为上品、中品或下品而维持不退,并且相续中确有希求梵天之有的无明、爱、取——无论以随眠界即潜伏状态存在,还是以缠即在心相续中按生、住、灭显然生起的状态存在——该安止禅定重业才能产生——
ဂရုကကံက ဗြဟ္မာဘဝဟူသော ခန္ဓာကို ဖြစ်စေနိုင်မည် ဖြစ်ပေသည်။
——称为梵天之有的诸蕴。
ဝိပဿနာဉာဏ်နှင့် စျာန်သမာပတ်တရားတို့ကား အပြန်အလှန် ကျေးဇူးပြုပေးနေသော တရားများ ဖြစ်ကြ သဖြင့် ဝိပဿနာဉာဏ်ကြောင့်လည်း စျာန်သမာပတ်တို့သည် ခိုင်ခံ့တတ်သော သဘောရှိ၏။ သို့အတွက် အသင် သူတော်ကောင်းသည် ဗြဟ္မာဘဝ (= ဗြဟ္မာ ခန္ဓာငါးပါး)ကို လိုလား တောင့်တသည့် စိတ်ဓာတ်ဖြင့် မိမိရရှိထားသည့် အပ္ပနာစျာန်သမာဓိကို ကြိမ်ဖန်များစွာ ဝင်စားကြည့်ပါ။ သို့မဟုတ် ဗြဟ္မာဘဝကို ရလိုပါကြောင်း ဆုတောင်း ပန်ထွာလျက် မိမိရရှိထားသည့် အပ္ပနာစျာန်သမာဓိကို ကြိမ်ဖန်များစွာ ဝင်စားကြည့်ပါ။ ထိုစျာန်မှထသောအခါ ဗြဟ္မာဘဝကို ဆုတောင်းပန်ထွာနေသည့် အဝိဇ္ဇာ-တဏှာ-ဥပါဒါန် ဦးဆောင်သည့် နာမ်တရားစုတို့ကိုလည်း ကောင်း၊ မိမိဝင်စားထားသည့် မိမိထူထောင်ထားသည့် အပ္ပနာစျာန် ကုသိုလ်သင်္ခါရတရားတို့ကိုလည်းကောင်း၊ ကမ္မသတ္တိကိုလည်းကောင်း ပြန်လည်၍ သိမ်းဆည်းပါ။ ယင်းကမ္မသတ္တိကို သိမ်းဆည်းနိုင်သောအခါ ယင်းကမ္မသတ္တိ
观智与禅那等至之法能够互相资助,禅那等至也会因观智而坚固。因此,贤善者可怀着希求梵天之有——梵天五蕴——的心,反复进入自己已证得的安止禅定;也可先发愿获得梵天之有,再反复入定。出定以后,重新摄取以发愿梵天之有的无明、爱、取为首的名法组,自己进入并建立的安止禅善行法,以及业力;能够摄取业力以后,再以智远观由该业力所生的——
ကြောင့် ဖြစ်ပေါ်လာမည့် အနာဂတ် ဗြဟ္မာဘဝ၏ ခန္ဓာ (၅)ပါးကို ဉာဏ်ဖြင့်မြင်အောင် လှမ်းရှုပါ။
——未来梵天之有五蕴。
ဤနည်းစနစ်ဖြင့် မအောင်မြင်ခဲ့သော် ဤဘဝ သေခါနီး မရဏာသန္နအခါသို့တိုင်အောင်သော ရုပ်နာမ် တို့ကို တစ်ဖန်ပြန်၍ သိမ်းဆည်းပါ။ သေခါနီး မရဏာသန္နအခါ၌ ယင်းအပ္ပနာစျာန်ကုသိုလ် သင်္ခါရ-ကံတို့၏ စွမ်းအင်ကြောင့် ထင်လာသော နိမိတ်ကို လှမ်းရှုကြည့်ပါ။ အကယ်၍ ယင်းဂရုကကံက အကျိုးပေးတော့မည် မှန်လျှင် ယင်းကံ၏ စွမ်းအင်ကြောင့် အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော ကမ္မနိမိတ်အာရုံသည်လည်းကောင်း၊ သြဒါတကသိုဏ်းကဲ့သို့သော ကမ္မနိမိတ်အာရုံသည်လည်းကောင်း မနောဒွါရ၌ ထင်နေပေလတ္တံ့။ ထိုအခါ အဝိဇ္ဇာ- တဏှာ-ဥပါဒါန်-သင်္ခါရ-ကံတို့ကို ရှာဖွေလျက် ယင်းမဟဂ္ဂုတ်ကံ (= ဂရုကကံ = အပ္ပနာစျာန်ကံ)ကြောင့် ဖြစ်ပေါ်လာမည့် ရူပဗြဟ္မာဘဝ ခန္ဓာ (၅)ပါးကို ဉာဏ်ဖြင့် မြင်အောင် လှမ်းရှုပါ။ တွေ့ရှိမည်သာ ဖြစ်ပေသည်။
若用此法仍未成功,就再次摄取今生色名直到临死阶段,并远观临死时由安止禅善行之业力所显现的相。若这项重业确将给果,入出息似相或白遍等业相所缘便会由该业之力显现于意门。这时,应寻找无明、爱、取、行与业,再远观由该广大业——重业、安止禅业——所生的色界梵天之有五蕴,必能看见。然后——
ထိုအခါ အကြောင်းတရား အကျိုးတရားတို့ကို ဆက်လက်သိမ်းဆည်းပါ။
——继续摄取因法与果法。
ရူပလောကေ ပန ဃာနာဒိတ္တယံ နတ္ထိ။ (အဘိဓမ္မတ္ထသင်္ဂဟ) --- ဟူသည်နှင့် အညီ ရူပဗြဟ္မာ့ဘုံ၌ ဃာနပသာဒ၊ ဇိဝှါပသာဒ၊ ကာယပသာဒ ဟူသော အကြည်ဓာတ်များလည်း မရှိပေ။ ဃာနဒွါရဝီထိ ဇိဝှါဒွါရဝီထိ ကာယဒွါရဝီထိ စိတ်များလည်း မဖြစ်၊ ဖြစ်သည့် ဝီထိများ၌လည်း တဒါရုံမကျ၊ သဘောပေါက်အောင် ကြည့်လေ။
“然而在色界,没有鼻根等三者。”因此,在色界梵天诸地没有鼻净色、舌净色、身净色;鼻门、舌门、身门心路也不生起,而在其余实际生起的心路中,也没有彼所缘。应当看清并理解这一点。
原书第 331 页
ရူပါဝစရ - (၁၆) ဘုံ
色界十六地
၁။ ဗြဟ္မပါရိသဇ္ဇာ၊ ဗြဟ္မပုရောဟိတာ၊ မဟာဗြဟ္မာ - ဟု ပထမစျာန်ဘုံ (၃)ဘုံ၊ ၂။ ပရိတ္တာဘာ၊ အပ္ပမာဏာဘာ၊ အာဘဿရာ - ဟု ဒုတိယစျာန်ဘုံ (၃)ဘုံ၊ ၃။ ပရိတ္တသုဘာ၊ အပ္ပမာဏသုဘာ၊ သုဘကိဏှာ - ဟု တတိယစျာန်ဘုံ (၃)ဘုံ၊ ၄။ ဝေဟပ္ဖိုလ်၊ အသညသတ်၊ သုဒ္ဓါဝါသ (၅)ဘုံ - ဟု စတုတ္ထစျာန်ဘုံ (၇)ဘုံ၊ အားလုံးပေါင်းသော် ရူပါဝစရ (၁၆)ဘုံတည်း။
一、初禅三地:梵众天、梵辅天、大梵天。二、第二禅三地:少光天、无量光天、光音天。三、第三禅三地:少净天、无量净天、遍净天。四、第四禅七地:广果天、无想有情天及五净居地。合计色界十六地。
သုဒ္ဓါဝါသ (၅) ဘုံ
五净居地
အဝိဟာ၊ အတပ္ပါ၊ သုဒဿာ၊ သုဒဿီ၊ အကနိဋ္ဌ - ဟု သုဒ္ဓါဝါသ (၅)ဘုံ ရှိ၏။ စင်ကြယ်သော အနာဂါမ် ရဟန္တာအရှင်မြတ်တို့၏သာ တည်နေရာ ဘုံများတည်း။
五净居地是无烦天、无热天、善见天、善现天与色究竟天;它们唯是清净的不来圣者及于彼证得阿罗汉果的圣者所居之地。
ပရိတ္တ - မဇ္ဈိမ - ပဏီတ
下品、中品与上品
၁။ ဆန္ဒ = လိုလားတောင့်တသည့် ဆန္ဒဓာတ်၊ ၂။ စိတ္တ = အသိစိတ်ဓာတ်၊ ၃။ ဝီရိယ = ကြိုးစားအားထုတ်မှု ဝီရိယဓာတ်၊ ၄။ ဝီမံသ = ပညာဓာတ်၊ ဤတရား (၄)ပါးကား အဓိပတိတရားလေးပါးတည်း။ အပ္ပနာစျာန်ကဲ့သို့သော ကုသိုလ်တရားတို့ကို ကြိုးစားအားထုတ်ရာဝယ် ထိုသို့ ကြိုးစားအားထုတ်နေသော ကံကို ပြုစုပျိုးထောင်နေသော စိတ်အစဥ်ဝယ် အကြီးအကဲ ဖြစ်ထိုက်သော တရားတို့တည်း။ လိုလားတောင့်တသည့် ဆန္ဒဓာတ်က ပြင်းပြလျှင်၊ အသိစိတ်ဓာတ်က ပြင်းထန်လျှင်၊ ဝီရိယဓာတ်က အားကောင်းလျှင်၊ ပညာဓာတ်က စူးရှထက်မြက်လျှင် ဤတရားတစ်ပါးပါးက အားကောင်းလျှင် ထိုစိတ်အစဥ်၌ အဓိပတိတရား ကိန်းဝပ်နေပြီဟု ဆိုရ၏။
一、欲,即希求之欲;二、心,即认知之心;三、精进,即努力之精进;四、观择,即慧。这四法是四增上法。努力修习安止禅等善法、培育相应业时,它们能够在心相续中成为主导。若希求之欲强烈、认知之心强盛、精进有力或慧锐利,四法中的任一法强盛,就说该心相续中有增上法现前。
စျာန်ကို ရရှိအောင် အားထုတ်ရာ၌ ယင်းစျာန်ဝယ် ဆန္ဒ၊ စိတ္တ၊ ဝီရိယ၊ ဝီမံသတရားတို့လည်း ယှဥ်လျက်ပင် ရှိကြ၏။ ဆန္ဒ၊ စိတ္တ၊ ဝီရိယ၊ ဝီမံသဟူသော စျာန်နှင့်ယှဥ်ဖက်တရားတို့တွင် တစ်ပါးပါးသည် အဓိပတိ (= အကြီး အကဲ) ဖြစ်ရိုးတည်း။ ထိုအဓိပတိ ဖြစ်ထိုက်သော တရားသည် ညံ့နေ လျော့နေလျှင် ထိုစျာန်သည် ပရိတ္တစျာန် ဖြစ်၏။ တန်ခိုးအာနိသင် ညံ့သော စျာန်တည်း။ ထိုအဓိပတိဖြစ်ထိုက်သော တရားက အလယ်အလတ်တန်းစားသို့ ရောက်နေလျှင် ထိုစျာန်သည် မဇ္ဈိမစျာန်ဖြစ်၏။ တန်ခိုးအာနိသင် အလယ်အလတ်တန်းစားရှိသော စျာန်တည်း။
为证得禅那而努力时,欲、心、精进、观择都与禅相应;其中自然会有一法成为增上,即主导法。若这项堪作增上的法势力低弱,该禅就是下品禅,势力微弱;若它达到中等,该禅就是中品禅,势力中等。
ထိုအဓိပတိဖြစ်ထိုက်သော တရားက ထက်မြက်လျှင် ပဏီတစျာန် ဖြစ်၏။ အမြတ်စားစျာန် အထက်တန်းစား အကျိုးကို ဖြစ်စေနိုင်သော စျာန်တည်း။
若这项堪作增上的法锐利强盛,该禅就是上品禅,能产生上等、殊胜的果报。
၁။ ရူပါဝစရကုသိုလ် ပထမစျာန်ကို ပရိတ္တစျာန်ဖြစ်အောင် ပွားများထားခဲ့သော် ယင်းစျာန်ကုသိုလ်ကံက ဗြဟ္မပါရိသဇ္ဇာဘုံ၌ ပထမစျာန်ဝိပါက်ကို ဖြစ်စေ၏။ မဇ္ဈိမစျာန် ဖြစ်အောင်ပွားခဲ့သော် ဗြဟ္မပုရောဟိတာဘုံ၌၊ ပဏီတစျာန် ဖြစ်အောင် ပွားခဲ့သော် မဟာဗြဟ္မာဘုံ၌ ပထမစျာန်ဝိပါက်ကို ဖြစ်စေ၏။
一、若把色界善初禅培育成下品禅,该禅善业便在梵众天产生初禅果报;培育成中品禅,便在梵辅天产生初禅果报;培育成上品禅,便在大梵天产生初禅果报。
၂။ ပဉ္စကနည်းအားဖြင့် ဒုတိယစျာန် တတိယစျာန်ကို စတုက္ကနည်းအားဖြင့် ဒုတိယစျာန်ကို ပရိတ္တစျာန်
二、若依五禅法把第二禅、第三禅,或依四禅法把第二禅,培育成下品禅——
原书第 332 页
ဖြစ်အောင် ပွားခဲ့သော် ပရိတ္တာဘာဘုံ၌၊ မဇ္ဈိမစျာန်ဖြစ်အောင် ပွားခဲ့သော် အပ္ပမာဏာဘာဘုံ၌၊ ပဏီတစျာန် ဖြစ်အောင် ပွားခဲ့သော် အာဘဿရာဘုံ၌ ပဉ္စကနည်းအားဖြင့် ဒုတိယစျာန်ဝိပါက် တတိယစျာန်ဝိပါက်ကို စတုက္ကနည်းအားဖြင့် ဒုတိယစျာန်ဝိပါက်ကို ဖြစ်စေ၏။
——便在少光天依五禅法产生第二禅、第三禅果报,依四禅法产生第二禅果报;培育成中品禅,便在无量光天产生相应果报;培育成上品禅,便在光音天产生相应果报。
၃။ ပဉ္စကနည်းအားဖြင့် စတုတ္ထစျာန်ကို၊ စတုက္ကနည်းအားဖြင့် တတိယစျာန်ကို ပရိတ္တစျာန်ဖြစ်အောင် ပွားခဲ့သော် ပရိတ္တသုဘာဘုံ၌၊ မဇ္ဈိမစျာန်ဖြစ်အောင် ပွားခဲ့သော် အပ္ပမာဏသုဘာဘုံ၌၊ ပဏီတစျာန်ဖြစ်အောင် ပွားခဲ့သော် သုဘကိဏှာဘုံ၌ ပဉ္စကနည်းအားဖြင့် စတုတ္ထစျာန်ဝိပါက်ကို စတုက္ကနည်းအားဖြင့် တတိယစျာန် ဝိပါက်ကို ဖြစ်စေ၏။
三、依五禅法把第四禅,或依四禅法把第三禅,培育成下品禅,便在少净天依五禅法产生第四禅果报、依四禅法产生第三禅果报;培育成中品禅,便在无量净天产生相应果报;培育成上品禅,便在遍净天产生相应果报。
၄။ ပဉ္စကနည်းအားဖြင့် ပဉ္စမစျာန်ကို၊ စတုက္ကနည်းအားဖြင့် စတုတ္ထစျာန်ကို ပွားများ အားထုတ်ထားခြင်း- ကြောင့် ယင်းကံကြောင့် ဝေဟပ္ဖိုလ်ဘုံ၌ ပဉ္စကနည်းအားဖြင့် ပဉ္စမစျာန်ဝိပါက်ကို စတုက္ကနည်းအားဖြင့် စတုတ္ထစျာန် ဝိပါက်ကို ဖြစ်စေ၏။
四、由于修习依五禅法的第五禅,或依四禅法的第四禅,该业便在广果天依五禅法产生第五禅果报,依四禅法产生第四禅果报。
၅။ ထိုပဉ္စမစျာန် သို့မဟုတ် စတုတ္ထစျာန်ကိုပင် သညာဝိရာဂဘာဝနာ (= စိတ်စေတသိက်တို့ကို စက်ဆုပ်သော ဘာဝနာ) ဖြစ်အောင် ပွားခဲ့သော် အသညသတ်ဘုံ၌ ရုပ်ပဋိသန္ဓေကို ဖြစ်စေ၏။
五、若把同一第五禅或第四禅修成离想修习——即厌离心与心所的修习——便在无想有情天产生色结生。
၆။ ပဉ္စမစျာန် သို့မဟုတ် စတုက္ကနည်းအရ စတုတ္ထစျာန်ကို ရရှိပြီးသော အနာဂါမ်အရိယာသူတော်ကောင်း တို့သည် အလိုရှိပါက သုဒ္ဓါဝါသ ဗြဟ္မာပြည် (၅)ဘုံ တစ်ဘုံဘုံ၌ ပဋိသန္ဓေတည်နေခွင့်ရှိ၏။ ပဉ္စကနည်းအရ ယင်းပဉ္စမစျာန်ကုသိုလ်က၊ စတုက္ကနည်းအရ ယင်းစတုတ္ထစျာန်ကုသိုလ်က၊ ပဉ္စကနည်းအရ ပဉ္စမစျာန်ဝိပါက်ကို၊ စတုက္ကနည်းအရ စတုတ္ထစျာန်ဝိပါက်ကို သုဒ္ဓါဝါသ (၅)ဘုံတွင် တစ်ဘုံဘုံ၌ ဖြစ်စေ၏။ သဟမ္ပတိဗြဟ္မာကြီးတို့ကဲ့သို့ ပထမစျာန်ဘုံကိုသာ အလိုရှိခဲ့လျှင်လည်း ပထမစျာန်ဘုံ၌ပင် ဖြစ်ခွင့်ရှိ၏။ သဟမ္ပတိဗြဟ္မာကြီးကား ကဿပ ဘုရားရှင် လက်ထက်တော်က သဟက အမည်ရသော အနာဂါမ် ရဟန်းတော်တစ်ပါး ဖြစ်ခဲ့၏။ ပထမစျာန်ကို အမြတ်စား ပဏီတစျာန်ဖြစ်အောင် ပွားများခဲ့သဖြင့် ပထမစျာန် (၃)ဘုံတွင် အမြတ်စား မဟာဗြဟ္မာဘုံ၌ ဖြစ်ရ၏။
六、已经证得依五禅法的第五禅或依四禅法的第四禅的不来圣者,若有意愿,可以结生于五净居地中的任一地。依五禅法,是第五禅善业在其中一地生起第五禅果报;依四禅法,是第四禅善业在其中一地生起第四禅果报。不过,若像梵天沙杭巴帝那样只愿投生初禅地,也可生于初禅地。梵天沙杭巴帝在迦叶佛时代曾是名为沙哈迦的不来比丘;由于把初禅培育为殊胜的上品禅,便投生于初禅三地中最上等的大梵天。
(သံ-ဋ္ဌ-၁-၁၈၂။ သံ-၃-၂၁၄။)
(《相应部义注》1-182;《相应部》3-214。)
အသင်သူတော်ကောင်းသည် မိမိ ရရှိထားသောစျာန်၏ ပရိတ္တဖြစ်ပုံ၊ မဇ္ဈိမဖြစ်ပုံ၊ ပဏီတဖြစ်ပုံကို သုံးသပ်၍ ယင်းစျာန်က မည်သည့် ဝိပါက်တရားကို ဖြစ်စေသည်ဟု တိတိကျကျ သိအောင် သိမ်းဆည်းရှုပွားပါ။
贤善者应审察自己所证禅属于下品、中品还是上品,并精确摄取、观修,直到知道该禅究竟会产生哪一种果报法。
အာနေဉ္ဇာဘိသင်္ခါရ -- အကယ်၍ အသင်သူတော်ကောင်းသည် အရူပစျာန်သမာပတ်များကိုပါ ရရှိထားသူ ဖြစ်အံ့၊ အရူပဗြဟ္မာဘဝကိုလည်း ဆုတောင်းကြည့်ပါ။ သို့သော် အရူပဘုံသို့ရောက်ရှိလိုသော ဆန္ဒဓာတ် မရှိလျှင် ကား ဤရှုကွက်ကို မရှုပါနှင့်၊ အရူပဘုံသို့ ရောက်ရှိလိုသော ဆန္ဒဓာတ် ရှိပါမှသာလျှင် (= အဝိဇ္ဇာ-တဏှာ- ဥပါဒါန် ထင်ရှားရှိပါမှသာလျှင်) ဤရှုကွက်ကို ရှုပါ။ ထိုသို့ အဝိဇ္ဇာ-တဏှာ-ဥပါဒါန် ထင်ရှားရှိနေလျှင် မိမိ ရရှိထားသည့် အရူပစျာန်သမာပတ် တစ်ခုခုကို ကြိမ်ဖန်များစွာ ဝင်စားကြည့်ပါ။ ယင်းစျာန်မှ ထသောအခါ အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံ တို့ကို တစ်ဖန်ပြန်၍ သိမ်းဆည်းပါ။ ယင်းကံနှင့် အရူပဗြဟ္မာဘဝ၌ တည်ရှိသော နာမ်ခန္ဓာ (၄)ပါးနှင့် အကြောင်းအကျိုးစပ်ကာ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပါ။
不动行(āneñjābhisaṅkhāra)——若贤善者也已证得无色禅等至,可以发愿投生无色梵天之有。不过,若没有想投生无色界的欲,就不要作这一观照;只有确有这种欲——即无明、爱、取显然存在——时才应观照。若无明、爱、取显然存在,就反复进入自己已证得的任一种无色禅等至;出定后,再次摄取无明、爱、取、行与业,把该不动行业同无色梵天之有的四名蕴依因果相联,摄取因法与果法。
ယင်းအရူပဘုံ၌ တဒါရုံမကျသည့် မနောဒွါရဝီထိစိတ်အစဥ်များသာ ဘဝင်ခြားလျက် ဖြစ်နေကြ၏၊ ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ သိမ်းဆည်းပါလေ။ အာကာသာနဉ္စာယတနစျာန် ကုသိုလ်ကံက အာကာသာနဉ္စာယတနဘုံ၌ အာကာသာနဉ္စာယတနဝိပါက် ပဋိသန္ဓေကို ဖြစ်စေ၏။ ဤသို့ စသည်ဖြင့် အစဥ်အတိုင်း သဘောပေါက်ပါ။
无色界中只有不生彼所缘的意门心路相续,中间由有分间隔而生。应以智观见并摄取。空无边处禅善业在空无边处天产生空无边处果报结生;其余依次类推。
〔မှတ်ချက် --- အပါယ် (၄)ဘုံနှင့် ကာမသုဂတိ (၇)ဘုံတို့ကား ထင်ရှားပြီးဖြစ်၍ မဖော်ပြတော့ပြီ။〕
〔注——四恶趣与欲界七善趣前文已经清楚说明,此处不再列举。〕
原书第 333 页
အနာဂတ်မှ အနာဂတ်သို့
从未来到未来
အသင်သူတော်ကောင်းသည် ပထမအနာဂတ်ဘဝ၌ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပြီး သောအခါ ပထမအနာဂတ်ဘဝ၌ ရုပ်နာမ်တို့ကို ယင်းပထမအနာဂတ်ဘဝ၏ စုတိသို့တိုင်အောင် တစ်ဖန်ပြန်၍ သိမ်းဆည်းပါ။ ထိုပထမအနာဂတ် စုတိ၏ ရှေးတွင် တည်ရှိသော မရဏာသန္နဇော၏ အာရုံကို ဂရုပြု၍ သိမ်းဆည်းပါ။ ယင်းမရဏာသန္နဇော၏ အာရုံနိမိတ်သည်လည်း နောက်ထပ် ဒုတိယအနာဂတ်ဘဝ၏ ပဋိသန္ဓေ ခန္ဓာ (၅)ပါးစသည့် ဝိပါကဝဋ် အကျိုးတရားတို့ကို ဖြစ်စေမည့် ကံကြောင့် ဖြစ်ပေါ်လာသော အာရုံနိမိတ်ပင် ဖြစ်သည်။
摄取第一未来有的因法与果法以后,再从第一未来有的色名开始,一直摄取到该有的死亡。应特别留意并摄取死亡以前临死速行的所缘;因为这正是由能在第二未来有产生结生五蕴等果报轮法的业所显现之相。
အကယ်၍ အသင်သူတော်ကောင်းသည် ပထမအနာဂတ်ဘဝတွင်ပင် သံသရာခရီးကို အဆုံးသတ်နိုင်မည့် သူတော်ကောင်းဖြစ်ပါမူကား မရဏာသန္နဇော၌ ထိုအာရုံနိမိတ်များ ထင်နေတော့မည် မဟုတ်ပေ။ မရဏာ- သန္နဇောနှင့်တကွ မရဏာသန္နဇောမတိုင်မီ မနောဒွါရိကဇောဝီထိစိတ်အစဥ်တို့သည် ရုပ်နာမ် ဓမ္မ သင်္ခါရတရား တို့၏ ချုပ်ငြိမ်းရာ သဘာဝကို အာရုံမူနေကြမည်သာ ဖြစ်ပေသည်။
若贤善者将在第一未来有结束轮回旅程,临死速行中便不会再显现业、业相、趣相。临死速行以及它以前的意门速行心路相续,都将以色名诸行法的止息自性为所缘。
အကယ်၍ အသင်သူတော်ကောင်းသည် ပထမအနာဂတ်ဘဝ၏ မရဏာသန္နအခါ၌ ထင်လာသော ကံ-ကမ္မနိမိတ်-ဂတိနိမိတ်ဟူသော အာရုံ (၃)မျိုးတို့တွင် တစ်မျိုးမျိုးသော အာရုံနိမိတ်ကို တွေ့ရှိခဲ့သော် အကျိုး ပေးမည့် ကံကို ဆက်လက်၍ ရှာဖွေပါ။ ထိုကံကို တွေ့ရှိပါက ကံကို ပြုစုပျိုးထောင်စဥ်က ကောင်းမှုရှင်၏ ရုပ်နာမ်အစဥ်တွင် ဖြစ်ပေါ်ခဲ့သော အဝိဇ္ဇာ-တဏှာ-ဥပါဒါန်တို့ကို လည်းကောင်း၊ သင်္ခါရ-ကံတို့ကိုလည်းကောင်း ဆက်လက်၍ သိမ်းဆည်းပါ။ ယင်းအဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံတို့ကြောင့် ဖြစ်ပေါ်လာမည့် ဒုတိယ အနာဂတ် ပဋိသန္ဓေ ခန္ဓာ (၅)ပါးတို့ကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အကြောင်းတရား အကျိုးတရားတို့ကို ဆက်လက်၍ သိမ်းဆည်းပါ။ ထိုသို့ သိမ်းဆည်းရာ၌ အသင်သူတော်ကောင်း၏ ဉာဏ်အရောင်အလင်းသည် မှေးမှိန်နေပါက သမာဓိကို တစ်ဖန် ပြန်၍ ထူထောင်ပါ။ လင်းရောင်ခြည် စွမ်းအင်များ ထက်မြက်စူးရှလာသော
若在第一未来有的临死阶段看见业、业相、趣相三种所缘中的任一种,就继续寻找即将给果的业。找到以后,再摄取造作该业时在自身色名相续中生起的无明、爱、取,以及行与业;然后以智观见由这些无明、爱、取、行与业所生的第二未来结生五蕴,继续摄取因法与果法。摄取时若智光黯淡,就重新建立定;待光明之力再次锐利强盛——
အခါ တစ်ဖန် ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့ကို ပြန်လည်၍ သိမ်းဆည်းပါ။ ဤနည်းစနစ်ကိုပင် နည်းမှီး၍ အနာဂတ်ဘဝ အဆက်ဆက်သို့ ဉာဏ်ကို စေလွှတ်၍ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပါ။ အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံ ဟူသော အကြောင်းတရားများ၏ အကြွင်းမဲ့ ချုပ်ငြိမ်းသွား- ခြင်းကြောင့် ခန္ဓာ (၅)ပါး ရုပ်နာမ်တရားတည်းဟူသော အကျိုးတရားစု၏ အကြွင်းမဲ့ ချုပ်ငြိမ်းသွားသည့် ဘဝတစ်ခုခုကိုကား တွေ့ရှိမည်သာ ဖြစ်ပေသည်။
——便重新摄取色、名、因、果,即诸行法。依此方法把智导向一生又一生的未来,摄取因法与果法,最终必会看见某一有:由于无明、爱、取、行与业等因法无余止息,五蕴色名等果法之聚也无余止息。
အချို့ယောဂီသူတော်ကောင်းများ၌ကား တစ်ဘဝ နှစ်ဘဝအတွင်းလောက်မှာပင် သံသရာခရီးကို အဆုံး သတ်ရမည့်ဘဝကို ရှာဖွေတွေ့ရှိတတ်၏။ (၄)ဘဝ၊ (၅)ဘဝစသည် လွန်မှ သံသရာခရီးကို အဆုံးသတ်ရမည့်ဘဝကို ရှာဖွေတွေ့ရှိသူ သူတော်ကောင်းတို့လည်း ရှိတတ်၏။ အချို့ ယောဂီများ၌ကား ဤဘဝ၌သော်လည်းကောင်း၊ ပထမအနာဂတ်ဘဝ၌သော်လည်းကောင်း၊ ဒုတိယအနာဂတ်စသည့် ဘဝတစ်ခုခု၌သော်လည်းကောင်း သံသရာ ခရီးကို အဆုံးသတ်လိုကလည်း အဆုံးသတ်နိုင်၍ သံသရာခရီးကို အဆုံးမသတ်လိုသေးကလည်း ဆက်လက် ဖြစ်နိုင်ခွင့်ရှိသည့် ဘဝများကိုလည်း ဉာဏ်ဖြင့် တွေ့မြင်နေတတ်၏။ မဟာဓနသူဌေးသား ဇနီးမောင်နှံတို့ကဲ့သို့ ပစ္ဆိမဘဝိကအတုများဟု ယူဆရမည် ဖြစ်ပေသည်။
有些禅修者在一两生以内便能找到轮回旅程结束之有;也有人要经过四生、五生等才找到。还有些禅修者会以智看见:在今生、第一未来有、第二未来有等某一有中,如果愿意结束轮回便可结束,若尚不愿结束仍有机会继续流转。这类人应视为像大财长者之子夫妇那样的“假最后有者”。
အလောင်းတော် သုမေဓာရှင်ရသေ့သည်လည်း သုမေဓာ ရှင်ရသေ့ ဘဝတွင် အကယ်၍ အရဟတ္တဖိုလ်ကို အလိုရှိခဲ့လျှင် ရနိုင်သည့် ပါရမီမျိုးစေ့ကောင်းများ ရှိနေ၏။ ဥဂ္ဃဋိတညူပုဂ္ဂိုလ် အမျိုးအစားတွင် ပါဝင်လျက် ရှိ၏။ သစ္စာလေးပါးနှင့်စပ်သည့် တရားစကားများကို တစ်ပုဒ် တစ်ဂါထာမျှ နာကြားခွင့် ရခဲ့လျှင် အရဟတ္တဖိုလ်ကို
菩萨善慧仙人在善慧仙人那一生,也具足了若愿证阿罗汉果便能证得的成熟波罗蜜种子,属于略开智者(ugghaṭitaññū)一类;只要有机会听闻一句或一偈与四圣谛有关的法语,便完全具有证得阿罗汉果的能力——
原书第 334 页
အရယူနိုင်သော စွမ်းအားများ အပြည့်အဝ ရှိခဲ့၏။ သို့သော် လက်တော်သို့ ရောက်လုဆဲဆဲ ဖြစ်သော နိဗ္ဗာန်ချမ်းသာမြတ်ကြီးကို စွန့်လွှတ်၍ သဗ္ဗညုတဉာဏ်တော်မြတ်ကို ရရှိရန် ရည်သန်တောင့်တတော်မူလျက် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းတို့ ကာလပတ်လုံး ပါရမီတော်မြတ်အပေါင်းကို ဖြည့်ကျင့် ဆည်းပူးတော်မူခဲ့၏။
——然而,他舍弃已经近在手边的殊胜涅槃安乐,发愿求取一切知智,在四阿僧祇与十万大劫中圆满修习一切波罗蜜。
ဤအနာဂတ်ပိုင်းတွင်လည်း ဤကဲ့သို့သော ထုံးဟောင်းများကို အထူးသတိပြုလေရာသည်။
观照未来时,也应特别留意这类古代先例。
အဝိဇ္ဇာယတွေဝ အသေသဝိရာဂနိရောဓာ သင်္ခါရနိရောဓော၊ ထိုသို့ အကြောင်းတရားများ၏ အရဟတ္တမဂ်ကြောင့် အကြွင်းမဲ့ ချုပ်ငြိမ်းသွားခြင်းကြောင့် အကျိုးတရား များ၏လည်း နောင်တစ်ဖန် မဖြစ်သော ချုပ်ငြိမ်းခြင်းဖြင့် ချုပ်ငြိမ်းခြင်း အနုပ္ပါဒနိရောဓ သဘောကို ယောဂါ ဝစရ ပုဂ္ဂိုလ်တစ်ဦးသည် မိမိကိုယ်တိုင်ပင် သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်ပါက --- အဝိဇ္ဇာ၏ အနုပ္ပါဒနိရောဓသဘောအားဖြင့် အကြွင်းမဲ့ ချုပ်ခြင်းကြောင့် သင်္ခါရတရားတို့၏ အနုပ္ပါဒနိရောဓ သဘောအားဖြင့် အကြွင်းမဲ့ ချုပ်ငြိမ်းခြင်းစသော ပဋိစ္စသမုပ္ပါဒ် သံသရာစက်ရဟတ်၏ ချုပ်ငြိမ်းမှု ရပ်နားမှု ပဋိလောမ ပဋိစ္စသမုပ္ပါဒ် သဘောတရားတို့ကိုလည်း ဝိပဿနာဉာဏ်ဖြင့် ဆက်လက်၍ ရှုပွားနိုင်- တော့မည် ဖြစ်ပေသည်။ ထိုအခါတွင် --- ဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ - စသည်ဖြင့် သတိပဋ္ဌာန်
巴利缘起还灭式(缅文转写):“အဝိဇ္ဇာယတွေဝ အသေသဝိရာဂနိရောဓာ သင်္ခါရနိရောဓော၊”——“唯由无明无余离贪灭,行灭。”若禅修者亲自以正见智现前、洞彻知见:因法由阿罗汉道而无余止息,果法也以未来不再生起的不生灭而止息;那么,他便能继续以观智观修逆缘起——由于无明以不生灭无余止息,诸行也以不生灭无余止息,乃至缘起轮回之轮完全止息、停转。这时,依念处修行中佛陀所教的“ဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ”——“或于身住随观坏灭法”等——
ကျင့်စဥ်၌ ဘုရားရှင် ညွှန်ကြားထားတော်မူသော --- ၁။ အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံစသော အကြောင်းတရားတို့၏ ချုပ်ငြိမ်းခြင်းကြောင့် ကာယ-ဝေဒနာ- စိတ္တ-ဓမ္မ အမည်ရသော အကျိုးတရားစုတို့၏ ချုပ်ငြိမ်းပုံကို လည်းကောင်း၊ ၂။ ကာယ-ဝေဒနာ-စိတ္တ-ဓမ္မတို့၏ ပျက်ခြင်းဘင်ကိုလည်းကောင်း ဆက်လက်၍ ရှုပွားနိုင်ပြီ ဖြစ်ပေသည်။ ထိုသို့ ရှုနိုင်ရေးအတွက် ယခုကဲ့သို့ အနာဂတ်ဘဝ အဆက်ဆက်၌ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းရာတွင် သံသရာခရီးဝယ် လည်ပတ်နေသော ပဋိစ္စသမုပ္ပါဒ် စက်ရဟတ်၏ ရပ်နားသည့် ချုပ်ဆုံးသည့် ဘဝသို့တိုင်အောင်ကား အနာဂတ်တွင် ဆက်လက်ရှုသင့်ပေသည်။
——便可继续观修:一、由于无明、爱、取、行、业等因法止息,名为身、受、心、法的果法之聚如何止息;二、身、受、心、法的坏灭阶段。为了能够这样观照,在逐生摄取未来因果时,应一直观到缘起轮回之轮在轮回旅程中完全停止、终结的最后一有,并——
အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းသင့်ပေသည်။
——摄取其中的因法与果法。
အလွန်ရနိုင်ခဲသော အခွင့်ကောင်းကြီးတစ်ရပ်
极难获得的殊胜机会
ထိုသို့ လည်ပတ်နေသော သံသရာစက်ရဟတ်ကြီး၏ ရပ်နားမည့် အချိန်အခါ ကာလကို လှမ်းမြော်၍ ကိုယ်တိုင်သိနိုင်ခြင်း၊ ရပ်နားမည့် ကျင့်စဥ်ကို ကိုယ်တိုင်ကျင့်နိုင်ခြင်းကား ဘုရားသာသနာတော်နှင့် တွေ့ကြုံခိုက် လက်တွေ့ကျင့်နိုင်သဖြင့်သာ ရရှိသော အခွင့်အလမ်းကြီးတစ်ခု ဖြစ်၏၊ အခွင့်ကောင်းကြီးတစ်ခု ဖြစ်၏။
能够亲自远观轮回之轮何时停止,并亲自实践令它停止的修行,是唯有值遇佛陀教法、得以实际修行时才能获得的重大机会、殊胜机会。
အတိတ်သံသရာတစ်လျှောက်ဝယ် သုဂတိ ဒုဂ္ဂတိ ဘဝမျိုးစုံ၌ ဒုက္ခမျိုးစုံကို ခံစားခဲ့ရသည့် အတွေ့အကြုံ ခပ်များများကို ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ပြီးသော သူတော်ကောင်းကြီးတို့ကား သံသရာခရီး၏ အဆုံးသတ်ရမည့် အချိန်အခါကိုသာ အထူးမျှော်လင့်တောင့်တနေကြ၏။ မည်သည့် အချိန်အခါတွင် မိမိ၏ သံသရာခရီးသည် အဆုံးသတ်ရတော့မည်ဟု ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်သောအခါ၌ကား --- အမောအပြေကြီး ပြေသွားကြ၏၊ ဝမ်းအသာကြီး သာသွားကြ၏၊ စိတ်အစဥ်တွင် ပီတိသောမနဿပန်းများ ပွင့်လန်းဝေဆာသွားကြ၏။
已经亲自现前、洞彻知见过去轮回中曾在善趣、恶趣种种有里经历无数苦的贤善者,尤其渴望轮回旅程终结之时。当他们亲自现前、洞彻知见自己的轮回将在何时结束,长久的疲惫顿时消解,心中大感欣慰,喜与悦的花朵在心相续中盛放。
သံသရာတစ်လျှောက်၌ မြုပ်ခဲ့ မျောခဲ့ရသဖြင့် အမောကြီး မောခဲ့ရ၏၊ အပူကြီး ပူခဲ့ရ၏၊ ထိုကြောင့် ယခုကဲ့သို့ သံသရာခရီး၏ ပြီးဆုံးရမည့် အချိန်အခါကို လှမ်းမြင်လိုက်သောအခါ အမောအပြေကြီး ပြေသွား၏။
长久沉没、漂流于轮回,实在疲惫不堪、热恼不堪;如今远见轮回旅程终于有结束之时,巨大的疲惫便得以消解。
အအေးကြီး အေးသွား၏၊ အပူမီးကြီးလည်း အငြိမ်းကြီး ငြိမ်းသွား၏။
一片清凉安静,炽热之火也彻底熄灭。
原书第 335 页
ပဋိစ္စသမုပ္ပါဒ်ပိုင်း - အပိုင်း (က) အကယ်၍ ထိုသူတော်ကောင်းသည် ယင်းအနာဂတ်၌လည်း အကြောင်းတရား အကျိုးတရားတို့ကို လက္ခဏာရေးသုံးတန်တင်ကာ တွင်တွင်ကြီး ဝိပဿနာရှုနိုင်ပါက၊ ယင်းအနာဂတ် ခန္ဓာ (၅)ပါးတို့ကို လက္ခဏာရေး သုံးတန်တင်ကာ တွင်တွင်ကြီးဝိပဿနာရှုနိုင်ပါက ယင်းအနာဂတ် ခန္ဓာ (၅)ပါး၊ အကြောင်းတရား အကျိုးတရား- တို့အပေါ်၌ အစွဲကြီးစွဲနေသော တဏှာစွဲ မာနစွဲ ဒိဋ္ဌိစွဲတို့ကိုလည်း ယင်းဝိပဿနာဉာဏ်က ဖြိုခွဲနိုင်မည် ဖြစ်၏။
若这位贤善者还能把未来诸生的因法、果法,以及未来五蕴,一再依无常、苦、无我修观——也就是把诸行安立于三相之下——那么观智也能击破对这些未来五蕴、因法与果法的爱执、慢执与见执。
အကယ်၍ အနာဂတ် ဘဝအပေါ်၌ စွဲနေသော အစွဲတို့ကို အကြွင်းမဲ့ ချုပ်ငြိမ်းအောင် ကျင့်နိုင်ပါက၊ အတိတ် ခန္ဓာ (၅)ပါး၊ ပစ္စုပ္ပန်ခန္ဓာ (၅)ပါးတို့အပေါ်၌ စွဲနေသော အစွဲတို့ကိုလည်း အကြွင်းမဲ့ ချုပ်ငြိမ်းအောင် ကျင့်နိုင်- ပါက ဤဘဝတွင်ပင် သံသရာခရီးကို အဆုံးသတ်နိုင်မည် ဖြစ်ပေသည်။ ထိုကြောင့် အတိတ် အနာဂတ် ပစ္စုပ္ပန် ဟူသော ကာလသုံးပါးအတွင်း၌ တည်ရှိကြသော ခန္ဓာ (၅)ပါး၊ အကြောင်းတရား အကျိုးတရားတို့ကို ဝိပဿနာ ရှုခြင်းပင် ဖြစ်ပေသည်။
若能修到对未来有的执著无余止息,并使对过去五蕴、现在五蕴的执著也无余止息,就能在今生结束轮回旅程。因此,应对过去、未来、现在三时中的五蕴、因法与果法修习观禅。
အထူးမှာထားချက်
特别嘱咐
ပစ္စယပရိဂ္ဂဟဉာဏ်ပိုင်းတွင် ဤပဋိစ္စသမုပ္ပါဒ် ပဉ္စမနည်း တစ်ခုတည်းဖြင့်ပင် အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါးတို့၌ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပြီးလျှင် လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန် နည်းအားဖြင့် ယင်းရုပ်-နာမ်-ကြောင်း-ကျိုး သင်္ခါရတရားတို့ကို တစ်ဖန် ပြန်သိမ်းဆည်းလျက် ဝိပဿနာသို့ ကူးလိုက ကူးနိုင်ပေပြီ။ ဤမျှဖြင့် မကျေနပ်သေး၍ ပဋိစ္စသမုပ္ပါဒ် ပထမနည်းစသည့် ရှုကွက်များကိုပါ ဆက်လက် ရှုလိုသေးပါက ရှုနိုင်သေး၏။ ယင်းသို့ ပဋိစ္စသမုပ္ပါဒ် သံသရာ ပင်လယ်ပြင်၌ ဉာဏ်ဖြင့် ကူးခပ်လို သေးသူ ဉာဏ်ဖြင့် ကျက်စားလိုသေးသူ ယောဂီသူတော်စင်တို့အား ရည်ညွှန်း၍ ပဋိစ္စသမုပ္ပါဒ် ပထမနည်းရှုကွက် အမည်ရသော အကြောင်း အကျိုး သိမ်းဆည်းပုံ နည်းစနစ်ကို ဆက်လက်၍ တင်ပြပေအံ့ ---
在缘摄受智阶段,只用缘起第五法摄取过去、未来、现在三时中的因法与果法,再依特相、作用、现起、近因的方法重新摄取这些色、名、因、果诸行法以后,若想转入观禅,已经可以转入。若仍不满足,还想继续观修缘起第一法等观法,也可以继续。现在就为那些还想以智游渡、遨游缘起轮回大海的禅修贤者,继续说明名为缘起第一法的摄取因果方法。
原书第 336 页
သေသူနှင့် ရှင်သူ
死者与生者
• သည်းချာသားလှ၊ သဘောကျလော့ --- ဗာလအမှု၊ ဒုစရိတ၊ ဒုကမ္မဖြင့်၊ ပါပမလျော်၊ မသူတော်ကား၊ နေသော် နေမှား၊ သွားသော် သွားဆိုး၊ မကောင်းကျိုးတိ၊ ကြိုးသို့လည်းငြိ၊ ဘေးသာ ထိရှင့် --- ပြုမိသမျှ၊ အပြစ်ရခဲ့ --- (မဃဒေဝ - စာပိုဒ်-၂၈၁။) • တန်ခိုး ပေါ်ထင်၊ ကုသိုလ်ရှင်မှ၊ လူတွင် မညှိုး၊ စည်းစိမ် ဖြိုး၏။ ကျင့်ရိုး အရှိ၊ လမ်းမှန် သိလော့၊ လောကိချမ်းသာ၊ နောင်ဖို့ ရှာသည့်၊ ပညာရှိပေါင်း၊ သူမြတ်ကောင်းတို့၊ နှစ်ထောင်း ဝမ်းသာ၊ ပြုအပ်စွာရှင့်၊ လူ့ရွာ နောက်နောင်၊ ကြံတိုင်း အောင်လိမ့်၊ သားမောင် သက်နှင်း၊ ကျင့်မပျင်းနှင့်၊ ကြောင်းရင်းကြမ္မာ၊ ကံမပါလျှင်၊ ကြံရာမပြီး၊ အချည်းနှီးဖြင့်၊ ပျက်စီးတတ်စွာ၊ မချွတ်ရာတည့်၊ ကလျာဏာ - ကလျာဏ၊ ကျင့်ကမ္မဖြင့်၊ ပုည၊ ပါပ၊ ကိစ္စအမှု၊ ခွဲဝေရှုသော်၊ အကုသိုလ်၊ ကုသိုလ်၊ နှစ်ခုကိုလည်း၊ မပြုလိုခဲ၊ ပြုလိုရဲ၏။ ကံမွဲမပြောင်၊ ကံမဆောင်လျှင်၊
• 爱子啊,应当确知:愚者造作恶行、恶业,成为非善之人;住也住错,行也行恶,恶果如绳索缠缚,所遇唯是灾祸;凡所造作,终须承受罪过。(《摩伽提婆》偈281。) • 唯有具足善业者,威德才会显扬;在人世间荣光不衰,福禄增长。应知正行确有其道;为未来寻求世间安乐的贤者、善士,都会欢喜奉行,来日在人间也能所愿成就。爱子啊,修行不要懈怠;若缺少作为根本因的业,谋求便不能成就,终将徒然败坏。善巧分别福与非福、善与不善,才能不愿造恶、勇于修善。若没有清净业随身资助——
ဂုဏ်ရောင် မလှ၊ မထွန်းပဘူး၊ ဒုက္ခလူ့ဘောင်၊ ဆင်းရဲခေါင်လိမ့်၊ ကျင့်ဆောင် မယုတ်၊ စောင့် ကိုယ်၊ နှုတ်နှင့်၊ ဥပုသ်ဗြဟ္မ၊ စရိယလည်း၊ ကာလအစဥ်၊ အမြဲ ယှဥ်လော့၊ ဖဲကြဥ် စေတနာ၊ တစ်ညစာဖြင့်၊ အင်္ဂါမပျက်၊ နေ့တစ်ဝက်မျှ၊ ကျိုးစက်လွန်အောင်၊ မင်းဖြစ်ဆောင်၏၊
——德行的光辉便不能显耀,只会在苦恼的人间陷于贫困。因此,修行不可衰退;应守护身与语,恒常受持布萨梵行。即使只受持一夜,只要支分不缺,半日的善行也能结出远超其时的果报,乃至成就王位。
(မဃဒေဝ - စာပိုဒ်-၂၈၉။)
(《摩伽提婆》偈289。)
• ဆယ်ပါးပညတ်၊ ကုသိုလ်ရပ်ကို၊ ပြုအပ်ပြီးသည်၊ လူတမည်ကား၊ လူ့ပြည်၊ နတ်ပွဲ၊ ရမခဲတည်း၊ ယူစွဲမုချ၊ ယွင်းမခွဘူး။ --- ဒါန သီလ၊ ကုသလ၌၊ လုံ့လ လွှတ်လျော့၊ လေးဖင့်ပေါ့၍၊ မေ့လျော့သောသူ၊ သူသေဟူ၏။ --- အလှူသီတင်း၊ မကင်း ဘာဝနာ၊ မချာ ရက်နေ့၊ မမေ့လျော့တတ်၊ ထိုသူမြတ်တို့၊ လူ၊ နတ် ခန္ဓာ၊ ပြောင်းလဲကာလျှင်၊ ချမ်းသာသုခ၊ မပျက်ကြကြောင့်၊ ဘဝသဘော၊ ရွေ့လျောခြင်းဟူ၊ စုတိမူလည်း၊ သေသူ မမည်၊ ဟူတုံသည်တည်း။ (မဃဒေဝ - စာပိုဒ်-၂၉၁။)
• 已经奉行十善业的人,必不难获得人有与天有,这一点可以笃信无疑。对于布施、持戒等善业懈怠松弛、轻忽放逸的人,称为“死者”。对于布施、持戒与禅修日日不离、不忘、不放逸的贤者,即使从人有、天有的一组蕴迁移到另一组蕴,安乐福报仍不毁坏;所以这种有的迁移虽称为死亡,却不名为死者。(《摩伽提婆》偈291。)
• ဝိပလဒာသ၊ ဖောက်ပြန်ကလည်း၊ မောဟ လွှမ်းပြီး၊ အယူသီး၍၊ စပါးကြီးချက်ငြိ၊ ဟူတုံ
• 若颠倒错乱,受无明覆盖而固执己见,就像猎物被巨蟒缠住;这种人不听劝诫,谁也无法阻止他走上通往阿鼻地狱的邪行。若智慧薄弱而信心强盛,便会尊崇、依附奉行邪法的假苦行者;若信心微弱而才智强,却不通达究竟法,也会奔入歧途、见解偏邪,犹如手持明灯为人引路,自己反而坠入深坑——
ဘိသို့၊ အဝီစိသွား၊ အကျင့်မှားကို၊ မြစ်တားမရ၊ ဆုံးမ မနာ၊ ရှိတတ်စွာခဲ့၊ ပညာ အားနည်း၊ သဒ္ဓါ သည်းက၊ အရည်း မည်ကာ၊ ယူမိစ္ဆာ၌၊ သဒ္ဓါ လေးမြတ်၊ ဆည်းကပ်တတ်၏၊ ပရမတ်အရာ၊ မလိမ္မာဘဲ၊ သဒ္ဓါ နုန့်နဲ၊ ပညာကဲလည်း၊ အလွဲ ပြေးဝင်၊ အမြင် ယွင်းခွ၊ တိမ်းပါးကြလျက်၊ မီးပြ သမား၊ တွင်းကျွံမှားသို့၊ ဆယ်ပါးကောင်းမှု၊ လှူဝတ္ထုကို၊ စွန့်ပြု မလွှတ်၊ စိတ္တုပ္ပါဒ်မျှ၊ ဒါနအလှူ၊ မြောက်သောဟူ၍၊ အယူဖောက်လွဲ၊ မိစ္ဆာစွဲ၏၊ လိပ်ခဲပမာ၊ မြဲမြံစွာလျက်၊ သတ္တဝါတစ်ယောက်၊ ယူမှားမှောက်ကို၊ သိန်းလောက် ဘုရား၊ လှန်သောအားဖြင့်၊ ဟောကြား ချေချွတ်၊ ဖြေမလွတ်ဘူး၊ အကျွတ်မရ၊ နိယတဖြင့်၊ ဝါဒအလို၊ မြေကြီးမျိုလည်း၊ ယူကို စွန့်ဘဲ၊ အကျင့် လွဲ၍၊ ငရဲ ခံလိမ့် မည်သောကြောင့်၊ --- (မဃဒေဝ - စာပိုဒ်-၃၁၉။)
——有人甚至执持这样的邪见:无需舍出、布施任何物品,只要生起一念,就已成就布施并圆满十善。他们如龟咬住不放,牢固执著;一个有情若如此颠倒执取,即使十万尊佛陀反复开示、破斥,也难以令其解脱。这种人趣向邪性决定,纵使大地吞没仍不舍见,终因邪行而受地狱苦。(《摩伽提婆》偈319。)

本页是帕奥禅师缅文「五大册」第三册(趣向涅槃之道·第三册,书名暂定)的现代汉语全译本,非缩略版、非节译;译者 Dhammesanā。卷前、正文与原书索引均与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。