缘起法与缘生法

《趣向涅槃之道》中文全译本 · 非缩略版

缘起篇(甲) · 原书第 16–21 页 · 42 个翻译单元

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 16 页
ဒွေဓာ ''ပဋိစ္စသမုပ္ပါဒေါ''တိ ဣဒံ ဝစနံ ဣစ္ဆိတဗ္ဗံ၊ တသ္မာ တဿ ပစ္စယဓမ္မောပိ ဖလူပစာရေန ပဋိစ္စသမုပ္ပါဒေါ ဣစ္စေဝ ဝုတ္တောတိ။ (မဟာဋီ-၂-၂၃၃။) အထက်ပါ အဋ္ဌကထာ ဋီကာတို့၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။ --- အဝိဇ္ဇာပစ္စယာ သင်္ခါရာ --- ၌ အဝိဇ္ဇာကား အကြောင်းပစ္စည်းတရားတည်း။ သင်္ခါရကား အကျိုးပစ္စယုပ္ပန် တရားတည်း။ အကြောင်းတရားကို ပစ္စည်းတရားဟူ၍လည်းကောင်း၊ အကျိုးတရားကို ပစ္စယုပ္ပန်ဟူ၍လည်းကောင်း အသီးအသီး ခေါ်ဆို၏။ တစ်ဖန် --- သင်္ခါရပစ္စယာ ဝိညာဏံ --- ၌ သင်္ခါရကား အကြောင်းပစ္စည်းတရားတည်း၊ ဝိညာဏံကား အကျိုးပစ္စယုပ္ပန်တရားတည်း။ ဤသို့ စသည်ဖြင့် အကြောင်းပစ္စည်းတရား အကျိုးပစ္စယုပ္ပန်တရားကို ဇာတိ ဇရာမရဏသို့တိုင်အောင် သဘောပေါက်ပါလေ။
“——如此,应当从两方面理解‘缘起’一词。因此,作为它之因的缘法,也依果借称而被称为‘缘起’。”(《大复注》2-233。)上述义注与复注的意旨如下。——在“无明缘行”中,无明是因法,即缘法;行是果法,即缘所生法。因法称为缘法,果法称为缘所生法。又在“行缘识”中,行是因法,即缘法;识是果法,即缘所生法。应当如此依次理解缘法与缘所生法,直至生与老死。
အဝိဇ္ဇာနှင့် သင်္ခါရတို့၏ ကြောင်း-ကျိုး ဆက်နွယ်မှုသဘော၌ သင်္ခါရသည် အကျိုးတရားဖြစ်၏။ တစ်ဖန် သင်္ခါရနှင့် ဝိညာဏ်တို့၏ ကြောင်း-ကျိုး ဆက်နွယ်မှု သဘောတရား၌ သင်္ခါရသည် အကြောင်းတရား ဖြစ်ပြန်၏။
在无明与行的因果关联中,行是果法;而在行与识的因果关联中,行又转为因法。
အလားတူပင် ဝိညာဏ် နာမ်ရုပ် စသည်တို့၌လည်း အကြောင်းတရားဖြစ်မှု အကျိုးတရားဖြစ်မှုကို သဘောပေါက်ပါ။
同样,对于识、名色等,也应当理解它们各自成为因法或果法的情形。
ယင်းသို့လျှင် အကြောင်းတရားနှင့် အကျိုးတရားတို့သည် ကြောင်း-ကျိုး ဆက်နွယ်လျက် အဆက်မပြတ် ဖြစ်နေသည့် သံသရာစက်ရဟတ်တွင် အကြောင်းတရားများကို ပစ္စယဓမ္မ = ပစ္စည်းတရားဟုလည်းကောင်း၊ အကျိုးတရားများကို ပစ္စယုပ္ပန္နဓမ္မ = ပစ္စယုပ္ပန်တရားဟုလည်းကောင်း အသီးအသီး ခေါ်ဆိုပေသည်။
像这样,在因法与果法由因果关系相续不断转起的轮回转轮中,诸因法各称为 paccaya-dhamma(缘法),诸果法各称为 paccayuppanna-dhamma(缘所生法)。
ထိုတွင် အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်၏ စသည်ဖြင့် ဟောကြားတော်မူရာဝယ် ပြဓာန်းသော အကြောင်း တရားနှင့် ပြဓာန်းသော အကျိုးတရားတို့ကိုသာ ပဓာနနည်းအားဖြင့် ထုတ်ဖော်ဟောကြားတော်မူခြင်း ဖြစ်၏။
其中,佛陀宣说“由无明而有行”等,是依主导门(padhāna-naya),只揭示并宣说居于主导地位的因法与果法。
အဝိဇ္ဇာသည်လည်း မိမိချည်း တစ်ခုတည်းသက်သက် ဖြစ်နိုင်သည့် စွမ်းအားမရှိ၊ သင်္ခါရ = စေတနာသည်လည်း မိမိချည်း တစ်ခုတည်းသက်သက် ဖြစ်နိုင်သည့် စွမ်းအားမရှိ။ အဝိဇ္ဇာ တစ်ခုတည်းသက်သက်ကြောင့် သင်္ခါရ = စေတနာ တစ်ခုတည်းသက်သက် ဖြစ်နိုင်သည့် စွမ်းအားလည်း မရှိ၊ ဖြစ်ရိုးဓမ္မတာလည်း မရှိ။
无明本身没有单独生起的能力,行——即思——本身也没有单独生起的能力。仅由无明一法,也不可能使行——即思——一法单独生起;诸法的定律也并非如此。
၁။ ဧကတော ဟိ ကာရဏတော န ဣဓ ကိဉ္စိ ဧကံ ဖလမတ္ထိ၊ ၂။ န အနေကံ၊ ၃။ နာပိ အနေကေဟိ ကာရဏေဟိ ဧကံ၊ ၄။ အနေကေဟိ ပန ကာရဏေဟိ အနေကမေဝ ဟောတိ။ (အဘိ-ဋ္ဌ-၂ -၁၄ဝ။ ဝိသုဒ္ဓိ-၂-၁၇၄။) ဤလောက၌ --- ၁။ အကြောင်းတရား တစ်ခုတည်းကြောင့် အကျိုးတရားတစ်ခုတည်း၏ ဖြစ်ခြင်းသည်လည်း မရှိ။
巴“在此世间:一、没有任何一个果仅由一个因而有;二、也没有多个果由一个因而有;三、也没有一个果由多个因而有;四、唯有多个果由多个因而有。”(《迷惑冰消》2-140;《清净道论》2-174。)在此世间——一、由单一因法而有单一果法的情形,并不存在。
၂။ အကြောင်းတရား တစ်ခုတည်းကြောင့် အကျိုးတရားများစွာ၏ ဖြစ်ခြင်းသည်လည်း မရှိ။
二、由单一因法而有众多果法的情形,也不存在。
၃။ အကြောင်းတရား များစွာကြောင့် အကျိုးတရားတစ်ခုတည်း၏ ဖြစ်ခြင်းသည်လည်း မရှိ။
三、由众多因法而有单一果法的情形,也不存在。
၄။ များစွာသော အကြောင်းတရားတို့ကြောင့်သာလျှင် များစွာသော အကျိုးတရားတို့၏ ဖြစ်ခြင်းသည်သာလျှင် ရှိ၏။
四、唯有由众多因法而生起众多果法的情形存在。
အကြောင်းတရားများစွာတို့၏ အပေါင်းအစုကို ပစ္စယဓမ္မသမူဟဟု ခေါ်၏။ အကျိုးတရားများစွာတို့၏ အပေါင်းအစုကို ပစ္စယုပ္ပန္နဓမ္မသမူဟဟု ခေါ်၏။ ပစ္စယဓမ္မသမူဟဟူသော အကြောင်းတရားများစွာတို့၏ အ- ပေါင်းအစုကြောင့် ဖြစ်ပေါ်လာကြရသော ပစ္စယုပ္ပန္နဓမ္မသမူဟတည်းဟူသော အကျိုးတရားများစွာတို့၏ အပေါင်း အစုကိုလည်း ပဋိစ္စသမုပ္ပါဒ် ဟူ၍ပင် ခေါ်ဆိုပေသည်။
众多因法的总集,称为 paccaya-dhamma-samūha(缘法聚);众多果法的总集,称为 paccayuppanna-dhamma-samūha(缘所生法聚)。由名为缘法聚的众多因法总集所生、亦即众多果法总集的缘所生法聚,也称为“缘起”。
原书第 17 页
ပဋိစ္စသမုပ္ပါဒ်ပိုင်း - အပိုင်း (က) မှန်ပေသည် --- ၁။ ဥတု = ပူမှု အေးမှုဟူသော ရာသီဥတု၊ ၂။ ပထဝီ = မြေကြီး = စိုက်ခင်း၊ ၃။ ဗီဇ = မျိုးစေ့၊ ၄။ သလိလ= ရေ၊ ဤသို့ စသည့်များစွာကုန်သော အကြောင်းတရားတို့ကြောင့်သာလျှင် အဆင်း အနံ့ အရသာ အစရှိသော များစွာကုန်သော သြဇဋ္ဌမက ရုပ်ကလာပ်တို့၏ အပေါင်းအစုဖြစ်သော အညွန့်ဟု ခေါ်ဆိုအပ်သော အကျိုးတရား ဖြစ်ပေါ်လာရသည်ကို တွေ့မြင်အပ်ပေသည်။ ထိုသို့ပင် များစွာသော အကြောင်းတရားတို့ကြောင့် များစွာ ဖြစ်ပေါ်လာသော အကျိုးတရား အစုအပုံကို တွေ့မြင်အပ်ပါသော်လည်း --- အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရ ပစ္စယာ ဝိညာဏံ = အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်၏။ သင်္ခါရကြောင့် ဝိညာဏ်ဖြစ်၏ --- ဤသို့ စသည်ဖြင့် တစ်ခု တစ်ခုသော အကြောင်းတရား၊ တစ်ခုတစ်ခုသော အကျိုးတရားကို ထင်ရှားပြတော်မူလျက် တရားဒေသနာ- တော်ကို ဟောကြားတော်မူခြင်းကို ဘုရားရှင်သည် ပြုတော်မူအပ်ခဲ့လေပြီ။ ထိုသို့ ဟောပြတော်မူရာ၌ အကျိုး
诚然,由一、时节——冷热的气候,二、地——土地、田地,三、种子,四、水等众多因法,才会生起名为“芽”的果法;这芽是具颜色、气味、味等的众多食素八法聚之集合。这是可以观察到的。虽然如此可见众多因法生起众多果法的聚集,佛陀却以“အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရ ပစ္စယာ ဝိညာဏံ”(缅文转写),即“由于无明而有行;由于行而有识”等方式,显明一个因法与一个果法而宣说法。这样宣说,自有其——
ပယောဇဥ်ကား ရှိသည်သာ ဖြစ်ပေသည်။
——效用。
ဘုရားရှင်သည် သာဝကတို့အား တရားဒေသနာတော်ကို ဟောကြားပြသ ဆိုဆုံးမတော်မူရာဝယ် --- ၁။ အချို့သော ပါဠိရပ်၌ ပဓာန အကြောင်းတရား ဖြစ်သောကြောင့်၊ ၂။ အချို့သော ပါဠိရပ်၌ ထင်ရှားသော အကြောင်းတရား ဖြစ်သောကြောင့်၊ ၃။ အချို့သော ပါဠိရပ်၌ မဆက်ဆံသော အကြောင်းတရား ဖြစ်သောကြောင့် --- ဒေသနာတော်၏ တင့်တယ်စမ္ပယ်ကြောင်းဖြစ်သော သဗ္ဗညုတဉာဏ်တော်မြတ်အားလည်းကောင်း၊ ကျွတ်- ထိုက်သသူ ဆုံးမထိုက်သူ နတ်လူဗြဟ္မာ ဝေနေယျကြာ သတ္တဝါတို့၏ အလိုအကြိုက် စရိုက် ဝါသနာ အဇ္ဈာသယ ဓာတ်ခံအားလည်းကောင်း လျော်သောအားဖြင့် တစ်ခုသာလျှင်ဖြစ်သော အကြောင်းတရားကိုသော်လည်းကောင်း၊ တစ်ခုသာလျှင်ဖြစ်သော အကျိုးတရားကိုသော်လည်းကောင်း ထင်ရှားပြသတော်မူလျက် ဟောကြားတော်မူ ပေသည်။
佛陀为诸弟子宣讲、开示和教诫法时:一、有些巴利段落因为某一因是主要因;二、有些因为某一因明显;三、有些因为某一因不共。于是,佛陀随顺使教说庄严的一切知智,也随顺堪得解脱、堪受教诫的天、人、梵天等所化有情的喜好、性行、习性、意乐与根性,只把一个因法或一个果法显明出来而宣说。
၁။ ပဓာန --- ဖဿပစ္စယာ ဝေဒနာ (ဒီ-၂ -၄၈။) = ဖဿကြောင့် ဝေဒနာဖြစ်၏ဟူ၍ ဤမဟာနိဒါန သုတ္တန်၌ ဖဿဟူသော တစ်ခုတည်းသော အကြောင်းတရားကိုလည်းကောင်း၊ ဝေဒနာဟူသော တစ်ခုတည်း သော အကျိုးတရားကိုလည်းကောင်း ဘုရားရှင်သည် ဟောကြားထားတော်မူ၏။ မှန်ပေသည် --- ဖဿသည် ဝေဒနာ၏ ပြဓာန်းသော ပဓာနအကြောင်းတရား ဖြစ်၏။ ဖဿအားလျော်စွာ ဝေဒနာကို ပိုင်းခြား မှတ်သား အပ်သောကြောင့် ဖြစ်၏။ သုခဝေဒနာ ဖြစ်နိုင်လောက်သော ဖဿကို အစွဲပြု၍ သုခဝေဒနာ ဖြစ်ပေါ်လာရ၏။
一、主要(padh“以触为缘而有受。”(《长部》2-48。)佛陀在《大因缘经》中,以“由触而有受”的方式宣说触这一单一因法与受这一单一果法。诚然,触是受的主要因;因为受应随触的不同而分别认定。依止足以令乐受生起的触,乐受便生起。
ဒုက္ခဝေဒနာ ဖြစ်နိုင်လောက်သော ဖဿကို အစွဲပြု၍ ဒုက္ခဝေဒနာ ဖြစ်ပေါ်လာရ၏။ ဤသို့ စသည်ဖြင့် ထိုထို ဖဿအားလျော်စွာ ထိုထို ဝေဒနာကို သုခဝေဒနာဟုလည်းကောင်း ဒုက္ခဝေဒနာဟုလည်းကောင်း စသည်ဖြင့် ပိုင်းခြား မှတ်သားအပ်၏။ ထိုကြောင့် ဖဿသည် ဝေဒနာ၏ ပြဓာန်းသော ပဓာန အကြောင်းတရား ဖြစ်၏။
依止足以令苦受生起的触,苦受便生起。如此等等,应随各个触的不同,把各个受分别认定为乐受、苦受等。因此,触是受的主要因。
ဝေဒနာသည်လည်း ဖဿ၏ ပြဓာန်းသော ပဓာန အကျိုးတရားတည်း။ သုခဝေဒနာ ဒုက္ခဝေဒနာ စက္ခုသမ္ဖဿဇာ ဝေဒနာစသော ဝေဒနာအားလျော်စွာ သုခသမ္ဖဿ၊ ဒုက္ခသမ္ဖဿ၊ စက္ခုသမ္ဖဿ - ဤသို့ စသည်ဖြင့် ဖဿကို အသီးအသီး ပိုင်းခြားမှတ်သားအပ် ဆုံးဖြတ်အပ်သည်၏ အဖြစ်ကြောင့်တည်း။
受也是触的主要果。这是因为,应当随乐受、苦受、眼触所生受等各种受的不同,把触分别认定、判定为乐触、苦触、眼触等。
原书第 18 页
၂။ ပါကဋ --- သေမှသမုဋ္ဌာနာ အာဗာဓာ (ခု-၇-၁ဝ။) = သလိပ်လျှင်ဖြစ်ကြောင်း ရှိကုန်သော သလိပ် ကြောင့် ဖြစ်ကုန်သော အနာတို့သည် ဤသို့စသည်ဖြင့် မဟာနိဒ္ဒေသပါဠိတော်၌ ထင်ရှားသည်၏ အဖြစ်ကြောင့် တစ်ခုသော အကြောင်းတရားကို ဟောကြားတော်မူအပ်လေပြီ။ မှန်ပေသည် ဤအနာရောဂါ၏ ဖြစ်ကြောင်း တရားတို့တွင် သလိပ်သည် ထင်ရှားသော အကြောင်းတရားတစ်ခု ဖြစ်၏။ ကံ စသော အကြောင်းတရားတို့ကား မထင်ရှားကြကုန်။ ထိုသို့ သလိပ်သည် ထင်ရှားသော အကြောင်းတရားဖြစ်ခြင်းကြောင့် အနာရောဂါ၏ အကြောင်း တရားအဖြစ် ဟောကြားတော်မူခြင်း ဖြစ်၏။
二、明显(pā“以痰为生因的疾病。”(《小部》7-10。)《大义释》巴利文以“由痰所生的疾病”等方式,因为该因明显而只宣说这一个因法。诚然,在疾病的诸生因中,痰是一个明显的因;业等其他因则不明显。正因为痰是明显的因,佛陀才把它宣说为疾病之因。
၃။ အသာဓာရဏ --- ယေ ကေစိ ဘိက္ခဝေ အကုသလာ ဓမ္မာ၊ သဗ္ဗေတေ အယောနိသောမနသိကာရ- မူလကာ = ရဟန်းတို့ အကုသိုလ်တရားမှန်သမျှတို့သည် အယောနိသောမနသိကာရလျှင် အကြောင်းရင်း ရှိကြကုန်၏ --- ဤသို့ ဟောကြားတော်မူရာဝယ် အခြားအခြားသော ကုသိုလ်စသော တရားတို့နှင့် မဆက်ဆံသော မသက်ဆိုင်သော အကြောင်းတရားဖြစ်ခြင်းကြောင့် အယောနိသောမနသိကာရတည်းဟူသော တစ်ခုတည်းသော အကြောင်းတရားကို အကုသိုလ်တရားမှန်သမျှတို့၏ အကြောင်းရင်းအဖြစ် ဟောကြားတော်မူခြင်း ဖြစ်၏။
三、不共(a“诸比丘,凡是不善法,全都以不如理作意为根。”这里之所以只把不如理作意这一因法宣说为一切不善法之根,是因为它是不与善法等其他法共有的因。
မှန်ပေသည် အယောနိသောမနသိကာရသည်ကား ကုသိုလ်စသော တရားတို့နှင့် မဆက်ဆံသော မပတ်သက်သော အကုသိုလ်တရားတို့နှင့်သာ သက်ဆိုင်သည့် အကုသိုလ်တရားတို့၏ သီးသန့်အကြောင်းတရား ဖြစ်၏။ သို့သော် အကုသိုလ်တရားတို့သည် အယောနိသောမနသိကာရဟူသည့် အကြောင်းတရား တစ်ခုတည်းကြောင့်သာ ဖြစ်ပေါ် လာရသည်မဟုတ်၊ မှီရာဝတ္ထုရုပ်ရှိခြင်း၊ အကုသိုလ်တရားများ ဖြစ်လောက်အောင် အာရုံ အကြောင်းတရားအဖြစ် အာရမ္မဏပစ္စယသတ္တိဖြင့် ဆိုင်ရာအာရုံတို့က ကျေးဇူးပြုပေးခြင်း၊ ယှဥ်ဖက် စိတ်စေတသိက် တရားစုတို့ကလည်း သဟဇာတစသော သတ္တိတို့ဖြင့် အချင်းချင်း အပြန်အလှန် ကျေးဇူးပြုပေးခြင်း --- ဤသို့စသော ဝတ္ထု၊ အာရုံ၊ သဟဇာတစသော အကြောင်းတရားတို့သည်လည်း ရှိကြသည်သာ ဖြစ်၏။ သို့သော် ဤ ဝတ္ထု၊ အာရုံ၊ သဟ- ဇာတစသော အကြောင်းတရားတို့ကား နာမ်တရားအားလုံးတို့နှင့် ဆက်ဆံနေသော သာဓာရဏ အကြောင်း တရားများ ဖြစ်ကြ၏။ ဤအယောနိသောမနသိကာရကား ကုသိုလ်စသည့် အခြား အခြားသော နာမ်တရားတို့နှင့်
诚然,不如理作意是只与不善法有关、不与善法等其他法共有的不善法特有因。然而,不善法并非只由不如理作意这一个因而生起;还存在以下诸因:所依色存在;各别所缘以所缘缘力给予资助,使不善法足以生起;相应的心与心所法组也以俱生等缘力相互资助。如此,还有所依、所缘、俱生等因法。可是,所依、所缘、俱生等因法与一切名法都有关,是共通的因法;而不如理作意不与善法等其他名法——
မဆက်ဆံဘဲ အကုသိုလ်တရားတို့နှင့်သာ ဆက်ဆံသည့် အသာဓာရဏ အကြောင်းတရား ဖြစ်၏။ ထိုကြောင့် ဘုရားရှင်သည် အယောနိသောမနသိကာရကို အကုသိုလ်တရား အားလုံးတို့၏ အကြောင်းရင်းအဖြစ် ဟောကြား တော်မူပေသည်။
——有关,只与不善法有关,是不共因。因此,佛陀把不如理作意宣说为一切不善法之根。
ဤသို့လျှင် ဘုရားရှင်သည် --- ၁။ ပဓာန = ပြဓာန်းသော အကြောင်းတရား ဖြစ်ခြင်း၊ ၂။ ပါကဋ = ထင်ရှားသော အကြောင်းတရား ဖြစ်ခြင်း၊ ၃။ အသာဓာရဏ = မဆက်ဆံသော အကြောင်းတရား ဖြစ်ခြင်း၊ ဤ (၃)မျိုးသော အကြောင်းတရားကြောင့် တစ်ခုတည်းသော အကြောင်းတရား တစ်ခုတည်းသော အကျိုး တရားကို ထင်ရှားပြတော်မူလျက် ဤပဋိစ္စသမုပ္ပါဒ် တရားဒေသနာတော်ကို ဟောကြားပြသထားတော်မူခြင်း- ကြောင့် ဤပဋိစ္စသမုပ္ပါဒ်ပါဠိတော်မြတ်ကြီး၌ --- အဝိဇ္ဇာမှ အခြားတစ်ပါးကုန်သော၊ စေတနာဟူသော သင်္ခါရ တရားကို ဖြစ်ပေါ်လာအောင် ပြုပြင်ပေးတတ်ကုန်သော ဝတ္ထု၊ အာရုံ၊ သဟဇာတ = တကွဖြစ်ဖက်တရား အစ ရှိကုန်သော စေတနာဟူသော သင်္ခါရ၏ အကြောင်းတရားတို့သည် ထင်ရှားရှိပါကုန်သော်လည်း အဿာ- ဒါနုပဿိနော တဏှာ ပဝဍ္ဍတိ (သံ-၁-၃၁၁။) = ရဟန်းတို့ …သံယောဇဥ် ဖြစ်ထိုက်ကုန်သော အာရုံဓမ္မတို့၌ သာယာဖွယ်ဟု အဖန်ဖန် ရှုလေ့ရှိသော ပုဂ္ဂိုလ်၏ သန္တာန်၌ တဏှာတရားသည် တိုးပွားလာ၏ ---- ဤသို့
由此,佛陀基于一、主要因,二、明显因,三、不共因这三种理由,只显明一个因法与一个果法而宣说这部缘起教法。因此,在这部缘起巴利中,虽然除了无明之外,能促使名为“思”的行法生起的所依、所缘、俱生同伴法等因法也明显存“对于随观味者,爱便增长。”(《相应部》1-311。)缅释:诸比丘……对于足以成为结缚对象的所缘法,一再随观为可喜者,其相续中的爱法便增长——如此开示;
လည်းကောင်း၊ အဝိဇ္ဇာသမုဒယာ အာသဝသမုဒယော = အဝိဇ္ဇာဖြစ်ခြင်းကြောင့် အာသဝေါတရားဖြစ်၏ ---
又有巴利《正见经》引文(缅文转写,出处跨至下一页):“အဝိဇ္ဇာသမုဒယာ အာသဝသမုဒယော”译:“由于无明生起,诸漏生起。”——
原书第 19 页
ပဋိစ္စသမုပ္ပါဒ်ပိုင်း - အပိုင်း (က) (မ-၁-၆၈။) ဤသို့လည်းကောင်း ဟောကြားထားတော်မူခြင်းကြောင့် အဝိဇ္ဇာမှ အခြားတစ်ပါးလည်း ဖြစ်ကုန်သော သင်္ခါရ၏ အကြောင်းတရားဖြစ်ကုန်သော တဏှာစသော တရားတို့သည် ရှိကြကုန်သည်သာ ဖြစ်၏။ ယင်းတဏှာ စသော တရားတို့သည်လည်း သင်္ခါရ၏ အကြောင်းတရားပင်တည်း။ သို့သော် ယင်းအကြောင်းတရားတို့တွင် အဝိဇ္ဇာကား ပဓာန = ပြဓာန်းသော အကြောင်းတရားတည်း။ ယင်းသို့ ပဓာန အကြောင်းတရားဖြစ်သော- ကြောင့်လည်းကောင်း၊ အဝိဒွါ ဘိက္ခဝေ အဝိဇ္ဇာဂတော ပုညာဘိသင်္ခါရမ္ပိ အဘိသင်္ခရောတိ = ရဟန်းတို့ …ပရမတ္ထဓမ္မ သဘာဝအမှန်ကို မသိသဖြင့် ပညာမရှိသော အဝိဇ္ဇာနှင့် ပြည့်စုံသောသူသည် ပုညာဘိသင်္ခါရကိုလည်း ပြုလုပ်၏။
巴利《正见经》上页引文出处续(缅文原串):“(မ-၁-၆၈။)”(《中部》1-68。)由于世尊也作了这样的开示,所以除无明以外,爱等诸法同样也是行的因,它们确实存在;这些爱等法也正是行的因。不过,在这些因中,无明是 padhāna(主要的)因。因为“诸比丘……不知胜义法真实自性、无慧而具足无明的人,也造作福行。”
ဤသို့လျှင် အဝိဇ္ဇာသည် သင်္ခါရ၏ ထင်ရှားသော အကြောင်းဖြစ်သောကြောင့်လည်းကောင်း၊ အဝိဇ္ဇာသည် သင်္ခါရတရားတို့၏ မဆက်ဆံသော (အသာဓာရဏ) အကြောင်းတရားဖြစ်သောကြောင့် လည်းကောင်း အဝိဇ္ဇာကို သင်္ခါရတို့၏ အကြောင်းတရားတို့၏ အဖြစ်ဖြင့် ဘုရားရှင်သည် ဟောကြားပြသတော်မူ- အပ်ပေပြီဟု သိရှိပါလေ။
如此应知:一方面,无明是行的明显因;另一方面,无明是诸行法的不共(asādhāraṇa)因。因此,佛陀已把无明开示为诸行之因。
ဤတစ်ခုတစ်ခုသော အကြောင်းတရား၊ တစ်ခုတစ်ခုသော အကျိုးတရားကို ဟောကြားပြသတော်မူခြင်း၌ ဖြေရှင်းကြောင်းဖြစ်သော စကားအစဥ်ဖြင့်ပင် သင်္ခါရကြောင့် ဝိညာဏ်ဖြစ်ခြင်း စသည်တို့၌ တစ်ခုတစ်ခုသော အကြောင်းတရား၊ တစ်ခုတစ်ခုသော အကျိုးတရားကို ဟောကြားပြသတော်မူခြင်း၌လည်း အကျိုး ပယောဇဥ် ရှိမှုကို သိရှိပါလေ။ (အဘိ-ဋ္ဌ-၂ -၁၄ဝ။) ဤအထက်ပါ အဋ္ဌကထာတို့၏ ဖွင့်ဆို ရှင်းလင်းချက်များကား ပရမတ္ထဓမ္မသဘာဝတို့၏ စွမ်းအားများကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် တကယ်တမ်း ဝိပဿနာရှုပွားသုံးသပ်နေသော ယောဂါဝစရပုဂ္ဂိုလ်မွန်တို့ အတွက် အထူးဂရုပြု၍ ရိုသေစွာ နာယူမှတ်သားရမည့် သဘာဝဓမ္မမှတ်တမ်းကြီးများပင် ဖြစ်ကြသည်။
依照以上说明宣说一个因法、一个果法之理由的论述次第,对于“以行为缘而有识”等各支中宣说一个因法、一个果法,也应知同样有其效用。出处原串:“(အဘိ-ဋ္ဌ-၂ -၁၄ဝ။)”(《迷惑冰消》2-140。)以上诸义注的解释,是自然法则的重要记录;实际修习、观照毗婆舍那,力求使智见洞达胜义法真实自性的优秀瑜伽行者,尤其应当专注而恭敬地听闻、记持。
ပစ္စယဓမ္မသမူဟ အမည်ရသော များစွာသော အကြောင်းတရားတို့၏ အပေါင်းအစုကြောင့်သာလျှင် ပစ္စယုပ္ပန္နဓမ္မသမူဟခေါ်သော များစွာသော အကျိုးတရားအပေါင်း၏ ဖြစ်ပေါ်လာရာဝယ် အကြောင်းတရားတို့၏ အပေါင်းအစုကိုလည်း ပဋိစ္စသမုပ္ပါဒ်ဟု ခေါ်ဆိုကြောင်းကို အထက်တွင် ရှင်းပြခဲ့၏။ ယခုတစ်ဖန် ဝိသုဒ္ဓိမဂ္ဂ အဋ္ဌကထာ (ဝိသုဒ္ဓိ-၂-၁၅၂။) ၌လည်း အကြောင်းတရားတို့၏ အပေါင်းအစုကြောင့် ဖြစ်ပေါ်လာရသော ပစ္စယု- ပ္ပန္နဓမ္မသမူဟ အမည်ရသော အကျိုးတရားအပေါင်းအစုကိုလည်း ပဋိစ္စသမုပ္ပါဒ်ဟု ခေါ်ဆိုကြောင်းကိုလည်း ရှင်းပြထား၏။
前文已经说明:唯由于名为 paccaya-dhamma-samūha(缘法聚)的众多因法集合,名为 paccayuppanna-dhamma-samūha(缘所生法聚)的众多果法集合才得以生起;而因法集合也称为“缘起”。现在《清净之道》义注的出处原串:“(ဝိသုဒ္ဓိ-၂-၁၅၂။)”(《清净之道》2-152。)又说明:由因法集合而生起、名为缘所生法聚的果法集合,也称为“缘起”。
ပစ္စယုပ္ပန္နဓမ္မသမူဟဟူသော အကျိုးတရား အပေါင်းအစုတို့၏ ပဋိစ္စသမုပ္ပါဒ်ဟူသော အမည်ကို ရရှိခြင်း၌ ပဋိစ္စသမုပ္ပါဒ်ဟူသော စကားလုံးကို နှစ်မျိုးနှစ်စားအားဖြင့် ပညာရှိတို့သည် အလိုရှိကြကုန်၏။ အဓိပ္ပါယ်နှစ်မျိုး အားဖြင့် ဖွင့်ဆိုကြကုန်၏။
对于名为缘所生法聚的果法集合之所以获得“缘起”的名称,智者认为“缘起”一词有两种解法,即以两种意义作解释。
ပထမနည်းအဖွင့် --- ပဋိစ္စော စ သော သမုပ္ပါဒေါ စာတိ ပဋိစ္စသမုပ္ပါဒေါ။
“它既是 paṭicca,又是 samuppāda,故为 paṭiccasamuppāda(缘起)。”
ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးသည် အကြောင်းတရား အပေါင်းအစုတို့၏ စွမ်းအားကြောင့် ဖြစ်ပေါ်၍ လာရသော အကျိုးတရား အပေါင်းအစုတည်းဟူသော ပဋိစ္စသမုပ္ပါဒ်သဘောတရားကို မိမိ၏ ဉာဏဂတိဖြင့် ရှေးရှူကပ်၍ သိအောင် ဉာဏ်ဖြင့် ထိုးထွင်းသိအောင် ကြိုးစားအားထုတ်၏၊ သိလည်းသိ၏။ ဉာဏဂတိဖြင့် ရှေးရှူကပ်၍သိအပ် ထိုးထွင်းသိအပ်သော ထိုပဋိစ္စသမုပ္ပါဒ်သဘောတရားသည် လောကုတ္တရာအကျိုးစီးပွား အလို့ငှာ လောကုတ္တရာချမ်းသာအလို့ငှာ = မဂ်ဉာဏ်ဖိုလ်ဉာဏ်ကို ရရှိခြင်းငှာ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းငှာ ဖြစ်၏။ ထိုကြာင့် ထိုပဋိစ္စသမုပ္ပါဒ်ဟု ခေါ်ဆိုအပ်သော အကျိုးပစ္စယုပ္ပန်တရားအပေါင်းကို ပညာရှိသူတော်-
瑜伽行者以自己的智慧趋向、接近由诸因法聚之力而生起的果法聚——即缘起之法性,努力以智通达,并且也确实了知。此由自己的智慧趋向、接近而应知、应通达的缘起法性,是为了出世间利益与出世间安乐——即为了获得道智、果智,为了现证涅槃。因此,这被称为缘起的缘所生法聚,由于贤智善——
原书第 20 页
ကောင်းတို့သည် ယုံကြည်ခြင်းငှာ ထိုက်ကုန်သောကြောင့် ဉာဏ်ဖြင့် ရှေးရှူသိခြင်းငှာ ထိုက်ကုန်သောကြောင့် ယင်းအကျိုးပစ္စယုပ္ပန်တရားအပေါင်းသည် ပဋိစ္စ မည်၏။
——士们应当信解它,也应当以智趋近而知它,所以这缘所生法聚称为 paṭicca。
တစ်ဖန် အကျိုးတရားအပေါင်း (= ပစ္စယုပ္ပန္နဓမ္မသမူဟ) ဟူသော ပဋိစ္စသမုပ္ပါဒ်သဘောတရားသည် ဖြစ်ပေါ်လာသည်ရှိသော် တစ်ခုချင်း တစ်ခုချင်း တစ်လုံးချင်း တစ်လုံးချင်းသော တရား၏ တစ်ရံတစ်ဆစ်မျှ သော်လည်း ဖြစ်ခြင်း၏ မရှိသောကြောင့် အုပ်စုအလိုက် အပေါင်းအစုအလိုက် အတူတကွသာ ဖြစ်၏။ (သဟ+ ဥပ္ပါဒ = သမုပ္ပါဒ = သဟ ဥပ္ပဇ္ဇတီတိ သမုပ္ပါဒေါ။) ထိုကြောင့် ထိုပစ္စယုပ္ပန္နဓမ္မသမူဟ = အကျိုးတရား အပေါင်းသည် သမုပ္ပါဒလည်း မည်၏။
再者,所谓缘起的果法集合(即缘所生法聚)生起时,绝没有任何一法、一项一项地单独生起,而只“saha(共同)+ uppāda(生起)=samuppāda;因为共同生起,所以称为 samuppāda。”因此,缘所生法聚这一果法聚也称为 samuppāda。
တစ်ဖန် ယင်းပစ္စယုပ္ပန္နဓမ္မသမူဟဟူသော အကျိုးတရား အပေါင်းအစုသည် ဖြစ်ပေါ်လာသည်ရှိသော် အကြောင်းကင်းသောအားဖြင့်လည်းကောင်း၊ ဖန်ဆင်းရှင်စသော မညီညွတ်သော အကြောင်းကြောင့်လည်း- ကောင်း မဖြစ်ခြင်းကြောင့် သင့်သော အကြောင်းအားဖြင့်သာလျှင် မှန်ကန်သော အကြောင်းအားဖြင့်သာလျှင် ဖြစ်ပေါ်လာ၏။ (သမ္မာ+ဥပ္ပါဒ = သမုပ္ပါဒ = သမ္မာ ဥပ္ပဇ္ဇတီတိ သမုပ္ပါဒေါ။) တစ်ခုချင်း တစ်ခုချင်း တစ်လုံးချင်း တစ်လုံးချင်းအားဖြင့်လည်း မဖြစ်၊ အကြောင်းမရှိသောအားဖြင့် အကြောင်းကင်းသောအားဖြင့်လည်း မဖြစ်။
又,缘所生法聚这一果法集合生起时,既非无因而生,也非由创造主等不适当的因而生;它只由“sammā(正确地)+ uppāda(生起)=samuppāda;因为正确地生起,所以称为 samuppāda。”它既不是一项一项、一个个地单独生起,也不是无因、离因而生。
ထိုကြောင့် --- သဟ သမ္မာ စ ဥပ္ပဇ္ဇတီတိ သမုပ္ပါဒေါ --- ဟူသည်နှင့်အညီ သမုပ္ပါဒ မည်၏။ ဤသို့လျှင် --- ပဋိစ္စော စ သော သမုပ္ပါဒေါ စာတိ ပဋိစ္စသမုပ္ပါဒေါ --- အရ ဉာဏ်ဖြင့် ရှေးရှူ မိမိ ကပ်၍သိအပ်သော တရားအပေါင်းလည်း ဟုတ်၏။ ထိုဉာဏ်ဖြင့် ရှေးရှူမိမိ ကပ်၍ သိအပ်သော တရားအပေါင်းဟူသည် အတူတကွဖြစ်သော တရားအပေါင်းလည်း ဟုတ်၏။ သင့်သော အကြောင်း အားဖြင့်ဖြစ်သော တရားအပေါင်းလည်း ဟုတ်၏။ ထိုကြောင့် ပဋိစ္စသမုပ္ပါဒ် မည်၏။
“因为共同且正确地生起,所以称为 s“它既是 paṭicca,又是 samuppāda,故为 paṭiccasamuppāda。”由此可知:这一法聚是以智趋向、亲自接近而应知的法聚;同时,它也是共同生起的法聚,也是由适当之因而生的法聚。因此称为缘起。
တစ်နည်း --- အကြင် ပစ္စယုပ္ပန္နဓမ္မသမူဟဟူသော အကျိုးတရား အပေါင်းအစုသည် တစ်ပေါင်းတည်း အတူတကွသာလျှင် ဖြစ်၏။
另一种说法——作为缘所生法聚的果法集合,全体合一、唯是共同生起。
သဟ ဥပ္ပဇ္ဇတီတိ ဧကဇ္ဈံ ဥပ္ပဇ္ဇတိ အန္တမသော အဋ္ဌန္နံ ဓမ္မာနံ ဥပ္ပဇ္ဇနတော။ (မဟာဋီ-၂ -၂၃၄။) ရုပ်ဓာတ်ဘက်၌လည်း ရုပ်ကလာပ် တစ်ခုတစ်ခုတွင် အနည်းဆုံး ပမာဏအားဖြင့် ---- ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော၊ ဝဏ္ဏ၊ ဂန္ဓ၊ ရသ၊ သြဇာ ---- ဟု ရုပ်ပရမတ် သဘောတရား (၈)မျိုး ပေါင်းစပ်မိမှသာလျှင် တစ်ပေါင်းတည်း အတူတကွ ဖြစ်နိုင်၏။ နာမ်ဓာတ်ဘက်၌လည်း အနည်းဆုံး ပမာဏအားဖြင့် ဖဿ၊ ဝေဒနာ၊ သညာ၊ စေတနာ၊ ဧကဂ္ဂတာ၊ ဇီဝိတ၊ မနသိကာရ၊ ဝိညာဏ်ဟု နာမ်ပရမတ်သဘောတရား (၈)မျိုး ပေါင်းစပ် မိမှသာလျှင် တစ်ပေါင်းတည်း အတူတကွ ဖြစ်နိုင်၏။ ဤသို့လျှင် ပစ္စယုပ္ပန္နဓမ္မသမူဟဟူသော အကျိုးတရား အပေါင်းအစုသည် တစ်ပေါင်းတည်း အတူတကွ ဖြစ်သောကြောင့် သမုပ္ပါဒ = သမုပ္ပါဒ် မည်၏။ ထိုသို့ တစ်ပေါင်း- တည်း အတူတကွ ဖြစ်ပါသော်လည်း အကြောင်းတရားတို့၏ ညီညွတ်ခြင်းကို အစွဲပြု၍ စွဲမှီ၍သာလျှင် မစွန့်
“所谓‘共同生起’,就是合在一起生起,因为至少有八法生起。”在色法方面,每一个色聚至少必须由地、水、火、风、颜色、香、味、食素这八种究竟色法结合,才能全体合一、共同生起。在名法方面,也至少必须由触、受、想、思、一境性、命根、作意、识这八种究竟名法结合,才能全体合一、共同生起。如此,缘所生法聚这一果法集合,因为全体合一、共同生起,故称 samuppāda。它们虽这样合一共同生起,却只能依止、依靠诸因法的和合而生,不舍——
မဖယ်မူ၍သာလျှင် ဖြစ်ပေါ်လာရ၏။ ဤသို့လည်း ထိုပစ္စယုပ္ပန္နဓမ္မသမူဟဟူသော အကျိုးတရား အပေါင်း- အစုသည် အကြောင်းတရားတို့၏ ညီညွတ်ခြင်းကို အစွဲပြု၍ ဖြစ်တတ်သောကြောင့် ပဋိစ္စလည်း မည်၏၊ တစ်ပေါင်းတည်း အတူတကွ ဖြစ်တတ်သောကြောင့် သမုပ္ပါဒလည်း မည်၏။ ထိုနှစ်ပါးသော သတ္တိကြောင့် ပဋိစ္စသမုပ္ပါဒ မည်၏။
——不离诸因法的和合。这样,缘所生法聚这一果法集合,因为依止诸因法的和合而生,称为 paṭicca;因为全体合一、共同生起,称为 samuppāda。由于具有这两种力量,所以称为 paṭiccasamuppāda(缘起)。
တစ်ဖန် ထိုပဋိစ္စသမုပ္ပါဒ်ဟု ခေါ်ဆိုအပ်သော ပစ္စယုပ္ပန္နဓမ္မသမူဟ = (သင်္ခါရစသော) အကျိုးတရား အပေါင်းအစု၏ ဤပစ္စယဓမ္မသမူဟ = ဟေတုသမူဟဟူသော အဝိဇ္ဇာစသော အကြောင်းတရား အပေါင်းအစု-
再者,对于称为缘起的缘所生法聚——即行等果法之聚——来说,这个 paccaya-dhamma-samūha(缘法聚),也就是 hetu-samūha(因聚),即无明等因法之聚——
原书第 21 页
ပဋိစ္စသမုပ္ပါဒ်ပိုင်း - အပိုင်း (က) သည် ပစ္စယ = ပစ္စည်း မည်၏။ အကြောင်း မည်၏။ ထိုကြောင့် ပစ္စယုပ္ပန္နဓမ္မသမူဟ = အကျိုးတရားအပေါင်း အစုသည် ထိုအဝိဇ္ဇာစသော အကြောင်းတရားရှိသော တပ္ပစ္စယဓမ္မ မည်၏။ ဤသို့ ထိုပဋိစ္စသမုပ္ပါဒဟု ခေါ်ဆို- သော ပစ္စယုပ္ပန္နဓမ္မသမူဟ = အကျိုးတရားအပေါင်းအစု၏ အကြောင်းတရား ဖြစ်သောကြောင့် ဟေတုသမူဟ = ပစ္စယဓမ္မသမူဟဟု ခေါ်ဆိုအပ်သော အဝိဇ္ဇာစသော အကြောင်းတရား အပေါင်းအစုကိုလည်း ပဋိစ္စသမုပ္ပါဒ် ဟူ၍ပင် ခေါ်ဆိုအပ်ပေသည်။
——称为 paccaya,即“缘”,也就是“因”。因此,缘所生法聚这一果法聚,因为以无明等因法为其缘,称为 tappaccaya-dhamma(以彼等为缘之法)。正因为无明等因法聚是称为缘起的缘所生法聚——即果法聚——之因,所以这被称为 hetu-samūha(因聚)、paccaya-dhamma-samūha(缘法聚)的无明等因法聚,也同样称为“缘起”。
လောက၌ သလိပ်ထူပြောခြင်း၏ အကြောင်းဖြစ်သော တင်လဲခဲကို သလိပ်ခဲဟူ၍ ခေါ်ဆိုသကဲ့သို့ လည်းကောင်း၊ သာသနာတော်၌ ချမ်းသာသုခ၏ အကြောင်းဖြစ်သော ဘုရားရှင်တို့၏ ပွင့်တော်မူခြင်းကို --- သုခေါ ဗုဒ္ဓါနံ ဥပ္ပါဒေါ = ဘုရားရှင်တို့၏ ပွင့်တော်မူခြင်းသည် ချမ်းသာ၏ဟူ၍ ခေါ်ဆိုသကဲ့သို့လည်းကောင်း အလားတူပင် ဤအဝိဇ္ဇာစသော အကြောင်းတရား အပေါင်းအစုကိုလည်း (= ဟေတုသမူဟ = ပစ္စယဓမ္မ- သမူဟကိုလည်း) ပဋိစ္စသမုပ္ပါဒ်ဟူ၍သာလျှင် ဖလူပစာရအားဖြင့် ဟောကြားတော်မူအပ်၏ဟု သိရှိပါလေ။
譬如世间把能使痰增厚的糖块称为“痰糖”;又如在教法中,“诸佛出世是安乐。”同样,应知无明等因法聚(即 hetu-samūha、paccaya-dhamma-samūha〔缘法聚〕),也依 phalūpacāra(依果借称)而被开示为“缘起”。
(ဝိသုဒ္ဓိ-၂ -၁၅၁-၁၅၂။)
出处原串:“(ဝိသုဒ္ဓိ-၂ -၁၅၁-၁၅၂။)”(《清净之道》2-151—152。)
ဤနည်း၌ အကျိုးတရား အပေါင်းအစု၏ (= ပစ္စယုပ္ပန္နဓမ္မသမူဟ၏) ပဋိစ္စသမုပ္ပါဒ်ဟူသော အမည်ကို အကြောင်းတရား အပေါင်းအစု၌ (= ပစ္စယဓမ္မသမူဟ = ဟေတုသမူဟ၌) တင်စား၍ အကြောင်းတရား အပေါင်း အစုကိုလည်း ပဋိစ္စသမုပ္ပါဒ်ဟူ၍ ဟောကြားတော်မူအပ်ပေသည်။ အကျိုးတရားတို့မည်သည် အကြောင်းတရား နှင့် မကင်းစကောင်းသောကြောင့် အကြောင်းတရား ထင်ရှားရှိပါမှသာလျှင် အကျိုးတရားများ ဖြစ်နိုင်ခွင့်ရှိသော- ကြောင့် မကင်းစကောင်းသော အဝိနာဘာဝနည်းအားဖြင့် အကြောင်းတရားစုကိုလည်း ပဋိစ္စသမုပ္ပါဒ်တရားဟုပင် ဟောကြားတော်မူသည် ဟူလိုသည်။
在这一释法中,把果法集合(即 paccayuppanna-dhamma-samūha〔缘所生法聚〕)的“缘起”之名,借用于因法集合(即 paccaya-dhamma-samūha〔缘法聚〕、hetu-samūha〔因聚〕),因而也把因法集合开示为“缘起”。所谓果法,不能脱离因法;只有因法明确存在,果法才有可能生起。因此,依不可分离的 avinābhāva 之理,也把因法聚开示为缘起法。这就是本义。

本页是帕奥禅师缅文「五大册」第三册(趣向涅槃之道·第三册,书名暂定)的现代汉语全译本,非缩略版、非节译;译者 Dhammesanā。卷前、正文与原书索引均与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。