缘起第一种方法(之十一)

《趣向涅槃之道》中文全译本 · 非缩略版

缘起篇(乙) · 原书第 549–574 页 · 225 个翻译单元

本页并入了原书的相邻小节:缘起篇(乙)、缘起第一种方法。

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 549 页
ပဋိစ္စသမုပ္ပါဒ်ပိုင်း - အပိုင်း (ခ) ၅။ ယင်းဥပါဒါန် (၄)မျိုးလုံးသည် မိမိနှင့် ဝိပ္ပယုတ်ဖြစ်သော စိတ္တက္ခဏတစ်ခု၏ အတွင်း၌ အတူယှဥ်တွဲ၍ မဖြစ်သော ဝီထိစိတ္တက္ခဏခြားလျက်ဖြစ်သော အကုသိုလ်ကမ္မဘဝအား ဥပနိဿယပစ္စယသတ္တိ တစ်မျိုးတည်းဖြင့် သာလျှင် ကျေးဇူးပြု၏။
五、四取以亲依止缘力资助与自己不相应、并非在同一心刹那俱生,而是在相隔心路心刹那中生起的不善业有。
အကြောင်း အကျိုး သိမ်းဆည်းပုံ
摄取因果的方法
အသင်သူတော်ကောင်းသည် အနာဂတ်ဘဝ တစ်ခုအတွက် ရည်ရွယ်၍ ပြုစု ပျိုးထောင်နေသော ဝဋ္ဋ- နိဿိတ ကုသိုလ်ကံများနှင့် တိုက်ဆိုင်၍ ရှုရမည့်အပိုင်း ဖြစ်သဖြင့် အသင်သူတော်ကောင်း၏ အနာဂတ် ဘဝသစ်အတွက် မိမိ စွဲစွဲမြဲမြဲ စွဲစွဲလမ်းလမ်း ပြုစုပျိုးထောင်နေသည့် (အဝိဇ္ဇာ) တဏှာ ဥပါဒါန် (သင်္ခါရ) ကံ တစ်မျိုးမျိုးကိုသာ ယူ၍ ရှုပါကလည်း လုံလောက်သည်သာ ဖြစ်ပါသည်။ ဘဝတစ်လျှောက်၌ ထူထောင်ထားသည့် ကံအားလုံးကိုကား ကုန်စင်အောင် မရှုနိုင်သောကြောင့် ဖြစ်၏။
这里所观的是贤善者为了某一未来有而不断培育的轮转所依善业。因此,只取自己为了未来新有而牢固培育的一组无明、爱、取、行、业来观照,已经足够;一生中所造的一切业无法全部观尽。
ယောဂီသူတော်ကောင်းများသည် တစ်ဦးနှင့် တစ်ဦး အနာဂတ်အတွက် ဦးတည်ချက် ဥပါဒါန်ချင်းကား မတူညီကြပေ။ အချို့ကား ဓမ္မကထိကနတ်သား ဖြစ်ချင်၏။ အချို့ကား သာသနာပြုနိုင်သည့် ရဟန်းဘဝကို လိုလားကြပြန်၏။ အချို့ကား အနာဂတ်တွင် ရဟန်းဘဝဖြင့် ပရိနိဗ္ဗာန်စံလိုကြ၏။ အချို့ကား ဗြဟ္မာဘဝဖြင့် သံသရာခရီးကို အဆုံးသတ်လိုကြ၏။ ဤသို့လျှင် ဥပါဒါန်ချင်း တစ်ဦးနှင့် တစ်ဦး မတူမညီ ရှိတတ်ပေသည်။
各位禅修者面向未来的目标与取并不相同:有人想成为说法天子,有人希望成为能弘法的比丘,有人愿在未来以比丘身入般涅槃,也有人愿以梵天身结束轮回旅程。因此,各人的取彼此不同。
သို့အတွက် ---- ရှုကွက်အကျဥ်းမှာ ဤသို့ဖြစ်၏။ ---- ၁။ အဝိဇ္ဇာ (၂ဝ) ရဟန်းဘဝဟု သို့မဟုတ် ဓမ္မကထိကနတ်သားဟု အသိမှားမှုသဘော- ၂။ တဏှာ (၂ဝ) ရဟန်းဘဝ သို့မဟုတ် ဓမ္မကထိကနတ်သားဘဝကို တွယ်တာ တပ်မက်မှု သဘော- ၃။ ဥပါဒါန် (၂ဝ) ရဟန်းဘဝ သို့မဟုတ် ဓမ္မကထိကနတ်သားဘဝသို့ စိတ်ကပ်ရောက် စွဲနေမှုသဘော။
简要观法如下:一、无明二十名法,是把比丘之有或说法天子之有错认为真实的无知;二、爱二十名法,是贪著比丘之有或说法天子之有;三、取二十名法,是心紧紧黏著比丘之有或说法天子之有。
(ကာမုပါဒါန်ပင် အဖြစ်များဖွယ်ရာ ရှိသည်။) ၄။ သင်္ခါရ = ယင်းကာမုပါဒါန်ကို အကြောင်းခံ၍ ပြုစုပျိုးထောင်နေသော ဒါနမှု သို့မဟုတ် သီလမှု၊ သို့မဟုတ် ဘာဝနာမှု တစ်ခုခုကား သင်္ခါရနှင့် - ၅။ ကံ = ကမ္မဘဝတို့ ဖြစ်ကြ၏။
〔其中最可能生起的是欲取。〕四、行,是依该欲取而培育的布施、持戒或禅修等任一造作;五、业,就是业有。
ယင်းကမ္မဘဝကြောင့် ရရှိမည့် ရဟန်းဘဝ၊ ဓမ္မကထိကနတ်သားဘဝ ခန္ဓာ (၅)ပါးတို့ကား ဥပပတ္တိဘဝ တည်း။ ဤအဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ တို့မှာ မနောဒွါရိကဇောဝီထိစိတ်အစဥ်များသာ ဖြစ်ကြသည်ကို သဘောပေါက်သင့်ပေပြီ။
由该业有所获得的比丘之有或说法天子之有的五蕴,就是生有。应当理解:这些无明、爱、取、行、业都只是一个个意门速行心路相续。
အကယ်၍ အသင်သူတော်ကောင်းသည် သမထယာနိကပုဂ္ဂိုလ်ဖြစ်၍ စျာန်ရသူဖြစ်လျှင် ယင်းစျာန်- သမာပတ် တစ်မျိုးမျိုးကို အမြတ်စား ဝင်စားလျက် ယင်းစျာန်သမာပတ်ကြောင့် ရရှိနိုင်မည့် ဗြဟ္မာဘဝကို ဆုတောင်းလျက် သို့မဟုတ် စိတ်ညွတ်ကိုင်းလျက် နည်းတူ ရှုကြည့်ပါ။ ဗြဟ္မာခန္ဓာ (၅)ပါးတည်းဟူသော ဥပပတ္တိ- ဘဝကို တွေ့ရှိမည်ဖြစ်သည်။
若贤善者是止乘者并已得禅,应以某种禅那等至为最胜而入定,发愿或倾向由该禅那可得的梵天之有,并依同样方法观照;必能看见名为梵天五蕴的生有。
ယောဂီပုဂ္ဂိုလ်များသည် တစ်ဦးနှင့်တစ်ဦး အဝိဇ္ဇာချင်း တဏှာချင်း ဥပါဒါန်ချင်း သင်္ခါရ ကံချင်း မတူညီ ကြသဖြင့် အထက်ပါ ရဟန်းဘဝ ဓမ္မကထိကနတ်သားဘဝ ဗြဟ္မာဘဝပုံစံတို့ကို နည်းမှီး၍ မိမိဆုတောင်းထား သည့် စိတ်ညွတ်ကိုင်းရှိုင်းထားသည့် ရည်မှန်းထားသည့် ပုံစံအတိုင်းသာ ရှုရန် ဖြစ်ပါသည်။
各位禅修者的无明、爱、取、行与业都不相同,所以只能以这里的比丘之有、说法天子之有或梵天之有为例,依自己所发愿、所倾向、所设定的目标而观照。
原书第 550 页
ဥပမာ - အနာဂတ်ဘဝတွင် ဓမ္မကထိကနတ်သား ဖြစ်ရန် ရည်ရွယ်တောင့်တ၍ ဓမ္မကထိကနတ်သားဘဝ ခန္ဓာငါးပါးကို လိုလားတောင့်တသည့် ကာမုပါဒါန်ကို အရင်းခံ၍ အကြောင်းခံ၍ ဒါန သီလ ဘာဝနာမှုတို့ကို ပြုစုပျိုးထောင်နေရာ ထိုကုသိုလ်ကံတို့တွင် အမှတ်တရ အားရပါးရ စိတ်ပါလက်ပါ ရွှင်လန်း တက်ကြွစွာ ပြုစု ပျိုးထောင်ဖူးသော ကုသိုလ်ကံတစ်ခုကို ပြန်အာရုံယူပါ။ ဥပမာ - စေတီတော်အား ပန်းလှူဖူးသည့် ကုသိုလ် စေတနာကံတစ်ခု ဆိုပါစို့။ ယင်းကုသိုလ်စေတနာကံ၏ စွမ်းအင်ကမ္မသတ္တိက ဖြစ်ပေါ်စေအပ်သော တစ်နည်း ယင်းကမ္မဘဝက ဖြစ်စေအပ်သော ဓမ္မကထိကနတ်သားဘဝ၏ ဝိပါက် နာမ်ခန္ဓာနှင့် ကမ္မဇရုပ်တို့ကား ဥပပတ္တိ- ဘဝတည်း။
例如,为了未来成为说法天子,以欲取贪求说法天子之有的五蕴,而培育布施、持戒、禅修时,应再次取自己曾经特别铭记、满怀欢喜热诚造作的一项善业为所缘。假设是向佛塔供花的善思业:由该善思业之业力,换言之由该业有产生的说法天子之有的异熟名蕴与业生色,就是生有。
အသင်သူတော်ကောင်းသည် ကိလေသဝဋ်ဖြစ်သည့် ဓမ္မကထိကနတ်သားဘဝ ခန္ဓာ (၅)ပါးကို တွယ်တာ တပ်မက်သည့် စိတ်ကပ်ရောက်စွဲနေသည့် ကာမုပါဒါန်ကြောင့် ကမ္မဝဋ်ဖြစ်သည့် စေတီတော်အား ပန်းလှူသည့် ကုသိုလ်စေတနာကံ = ကမ္မဘဝ ဖြစ်ပုံကိုလည်းကောင်း (= ကိလေသဝဋ် မနောဒွါရိကဇောဝီထိကြောင့် ကမ္မဝဋ် မနောဒွါရိကဇောဝီထိ ဖြစ်ပုံကိုလည်းကောင်း) ယင်းကမ္မဘဝကြောင့် ဓမ္မကထိကနတ်သားဘဝ ခန္ဓာ (၅)ပါး တည်းဟူသော ဥပပတ္တိဘဝ ဖြစ်ပုံကိုလည်းကောင်း ဉာဏ်ဖြင့် မြင်အောင် လှမ်းမြှော်ကြည့်၍ ---- အောက်ပါအတိုင်း အကြောင်း အကျိုး သိမ်းဆည်းပါ။ ---- ၁။ ကာမုပါဒါန် ဖြစ်ခြင်းကြောင့် ကမ္မဘဝ ဖြစ်၏။
应以智向未来观见:由于贪著说法天子之有五蕴这一烦恼轮欲取,作为业轮的向佛塔供花善思业即业有如何生起,也就是烦恼轮意门速行心路如何令业轮意门速行心路生起;又应观见缘该业有,名为说法天子之有五蕴的生有如何生起。然后如下摄取因果:一、由于欲取生起,业有生起。
ကာမုပါဒါန်က အကြောင်းတရား၊ ကမ္မဘဝက အကျိုးတရား။
欲取是因法,业有是果法。
၂။ ကမ္မဘဝ ဖြစ်ခြင်းကြောင့် ဥပပတ္တိဘဝ ဖြစ်၏။
二、由于业有生起,生有生起。
ကမ္မဘဝက အကြောင်းတရား၊ ဥပပတ္တိဘဝက အကျိုးတရား။
业有是因法,生有是果法。
ဒိဋ္ဌုပါဒါန် အတ္တဝါဒုပါဒါန် သီလဗ္ဗတုပါဒါန်တို့ကြောင့် ကာမကမ္မဘဝ ဥပပတ္တိဘဝ ဖြစ်ရာ၌လည်း နည်းမှီး ၍ သိမ်းဆည်းပါ။ အကယ်၍ အသင်သူတော်ကောင်းသည် နောင်အနာဂတ်၌ သာသနာပြုနိုင်သည့် ရဟန်းဘဝကို ရရှိရေးအတွက် ရည်ရွယ်တောင့်တ၍ ပါရမီမျိုးစေ့ကို ထူထောင်နေသည် ဖြစ်အံ့၊ ထိုကာမာဝစရကံတို့တွင် အမှတ်တရအဖြစ်ဆုံး အနှစ်ခြိုက်ဆုံး ကံတစ်ခုကို ရွေးချယ်၍ ရဟန်းဘဝ ခန္ဓာငါးပါးတည်းဟူသော ကာမကို စွဲလမ်းခြင်း ကာမုပါဒါန်ကြောင့် ကာမာဝစရ ကမ္မဘဝ ဥပပတ္တိဘဝ ဖြစ်ပုံကို နည်းမှီး၍ သိမ်းဆည်းရှုပွားပါ။
缘见取、我论取与戒禁取而生欲界业有、生有时,也应依此方法摄取。若贤善者为了未来获得能弘法的比丘之有而培育波罗蜜种子,应从欲界诸业中选择最铭记、最喜爱的一项,观照缘贪著比丘之有五蕴的欲取,欲界业有与生有如何生起。
ကာမုပါဒါန်နှင့် ရူပဘဝ
欲取与色有
အကယ်၍ အသင်သူတော်ကောင်းသည် နောင်အနာဂတ်တွင် ရူပါဝစရဗြဟ္မာခန္ဓာကို လိုလားတောင့်တ စွဲလမ်းတပ်မက်သည့် ကာမုပါဒါန်ကို အကြောင်းရင်းခံ၍ အာနာပါန ရူပါဝစရ စတုတ္ထစျာန်ကို သို့မဟုတ် သြဒါတကသိုဏ်း စတုတ္ထစျာန်ကို ပြုစုပျိုးထောင်နေသည် ဖြစ်အံ့။ ယင်းစတုတ္ထစျာန် သမာဓိကို ကြိမ်ဖန်များစွာ ဝင်စားပါ။ ယင်းစတုတ္ထစျာန် ကုသိုလ်ကံကြောင့် ဖြစ်ပေါ်လာမည့် အနာဂတ်ဗြဟ္မာခန္ဓာ (၅)ပါးကို ဉာဏ်ဖြင့် မြင်အောင် လှမ်းမြှော်ကြည့်ပါ။ ထိုသို့ ဉာဏ်မျက်စိဖြင့် မြင်ပြီးသောအခါ အောက်ပါအတိုင်း အကြောင်းတရား၊ အကျိုးတရားတို့ကို သိမ်းဆည်းပါ။
若贤善者以贪求未来色界梵天诸蕴的欲取为因,正培育入出息念色界第四禅或白遍第四禅,就应反复进入该第四禅等至,并以智向未来观见由第四禅善业产生的梵天五蕴。见到以后,如下摄取因果。
၁။ ကာမုပါဒါန် ဖြစ်ခြင်းကြောင့် ရူပါဝစရ ကမ္မဘဝ ဖြစ်၏။
一、由于欲取生起,色界业有生起。
ကာမုပါဒါန်က အကြောင်းတရား၊ ရူပါဝစရ ကမ္မဘဝက အကျိုးတရား။
欲取是因法,色界业有是果法。
၂။ ရူပါဝစရ ကမ္မဘဝ ဖြစ်ခြင်းကြောင့် ရူပါဝစရ ဥပပတ္တိဘဝ ဖြစ်၏။
二、由于色界业有生起,色界生有生起。
ရူပါဝစရ ကမ္မဘဝက အကြောင်းတရား၊ ရူပါဝစရ ဥပပတ္တိဘဝက အကျိုးတရား။
色界业有是因法,色界生有是果法。
原书第 551 页
ပဋိစ္စသမုပ္ပါဒ်ပိုင်း - အပိုင်း (ခ) မှတ်ချက် ---- ဒိဋ္ဌုပါဒါန် သီလဗ္ဗတုပါဒါန် အတ္တဝါဒုပါဒါန်တို့ကြောင့် ရူပါဝစရ ကမ္မဘဝ ဥပပတ္တိဘဝ ဖြစ်ရာ၌လည်းကောင်း၊ ကာမုပါဒါန်စသည့် ဥပါဒါန်တစ်မျိုးမျိုးကြောင့် အရူပါဝစရ ကမ္မဘဝ ဥပပတ္တိဘဝ ဖြစ်ရာ၌လည်းကောင်း နည်းမှီး၍ ရှုပါလေ။ တစ်ဖန် အသင်သူတော်ကောင်းသည် ယခုအခါ၌ ပစ္စယပရိဂ္ဂဟ ဉာဏ်ပိုင်းသို့ ဆိုက်ရောက်နေပြီ ဖြစ်၏။ နာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ်တို့ကား ဉာတပရိညာ စခန်းတည်း။ ယင်းဉာတပရိညာဟူသည် ဝိပဿနာဉာဏ်၏ အရှုခံအာရုံဖြစ်သည့် ရုပ်နာမ်ကြောင်းကျိုး = သင်္ခါရတရားတို့ကို ကောင်းစွာ ပိုင်းခြားယူတတ်သော ဉာဏ်တည်း။ ယင်းဉာတပရိညာစခန်း၏ ကမ်းတစ်ဘက်သို့ အကယ်၍ ရောက်ရှိခဲ့ပါမူ စူဠသောတာပန်စခန်းသို့ ဆိုက်ရောက်ပြီ ဖြစ်၍ အပါယ်ဘေးဆိုးကြီးမှ စိတ်ချရပြီ ဖြစ်ပေသည်။ သို့အတွက် အသင်သူတော်ကောင်းသည် မိမိ၏ အဇ္ဈတ္တ ရုပ်နာမ်သန္တတိအစဥ်၌ ပစ္စုပ္ပန် အပုညာ-
〔注——缘见取、戒禁取与我论取而生色界业有、生有,以及缘欲取等任一取而生无色界业有、生有,也应依此方法观照。贤善者现在已经到达缘摄受智阶段。名色分别智与缘摄受智属于知遍知阶段;知遍知就是能够善加分别作为观智所缘的色、名、因、果诸行法之智。若已到达知遍知的彼岸,便已达到小预流者阶段,足以免除恶趣的大险。因此,若不想观照自身内在名色相续中,由现在的非福——
ဘိသင်္ခါရကြောင့် နောင်အနာဂတ် အပါယ် ကမ္မဘဝ ဥပပတ္တိဘဝ ဖြစ်ပုံကို မရှုဘဲထားလိုက ထားနိုင်ပါသည်။
——行导致未来恶趣业有与生有的生起,也可以略去。
သို့သော် အကယ်၍ ရှုလိုခဲ့ပါမူ အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ ခြံရံလျက် အမှတ်တရ မိမိပြုခဲ့မိသည့် အကုသိုလ် ဒုစရိုက်ကံ တစ်ခုခုကို အာရုံယူ၍ ---- ကာမုပါဒါန်စသည့် ဥပါဒါန် တစ်ခုခုကို အကြောင်းခံ၍ ယင်းအကုသိုလ်ကံ = ကမ္မဘဝ ဖြစ်ပုံကိုလည်းကောင်း၊ ယင်းအကုသိုလ်ကံ = ကမ္မဘဝကြောင့် အပါယ်ခန္ဓာ (၅)ပါးတည်းဟူသော ဥပပတ္တိဘဝ ဖြစ်ပုံကိုလည်းကောင်း ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းနိုင်ပါသည်။ သို့သော် ဉာတပရိညာစခန်း၏ ကမ်းတစ်ဘက်သို့ရောက်ပြီးသူ အသင်သူတော်ကောင်း အဖို့ အနာဂတ် ဝဋ္ဋကထာပိုင်းတွင် လိုအပ်တော့မည်ကား မဟုတ်ပေ။
不过,若想观照,可以取自己在无明、爱、取围绕下曾经特别造作的一项不善恶业为所缘,以智观见:缘欲取等某一种取,该不善业即业有如何生起;又缘该不善业即业有,名为恶趣五蕴的生有如何生起,并摄取因果。但对于已经到达知遍知彼岸的贤善者,未来轮转论部分并不需要这一观法。〕
原书第 552 页
ဘဝပစ္စယာ ဇာတိ
缘有而有生
ဘဝေါတိ ပနေတ္ထ ကမ္မဘဝေါဝ အဓိပ္ပေတော၊ သော ဟိ ဇာတိယာ ပစ္စယော၊ န ဥပပတ္တိဘဝေါ။
巴利原文(缅文转写):‘ဘဝေါတိ ပနေတ္ထ ကမ္မဘဝေါဝ အဓိပ္ပေတော၊ သော ဟိ ဇာတိယာ ပစ္စယော၊ န ဥပပတ္တိဘဝေါ။’ 此处所谓‘有’,专指业有;因为业有是生之缘,生有则不是。
(အဘိ-ဋ္ဌ-၂-၁၇၈။ ဝိသုဒ္ဓိ-၂-၂၁ဝ။)
(《阿毗达磨义注》2-178;《清净之道》2-210。)
ဘဝပစ္စယာ ဇာတိ၌ ဘဝအရ ကမ္မဘဝသည်သာလျှင် ဇာတိ၏ အကြောင်းရင်းဖြစ်သောကြောင့် ကမ္မဘဝ ကိုသာ ကောက်ယူပါ။ ဥပပတ္တိဘဝကား ဇာတိ၏ အကြောင်းရင်း မဟုတ်သည့်အတွက် ဘဝအရ ဥပပတ္တိဘဝကို မကောက်ယူပါနှင့်။ ဤကား အဋ္ဌကထာကြီးတို့၏ အလိုတည်း။ ဋီကာဆရာတော်များကား အောက်ပါအတိုင်း တစ်နည်း ကြံတော်မူကြပြန်သည်။
在‘缘有而有生’中,只有业有是生的因,所以‘有’只取业有;生有不是生的因,故不取生有。这是诸大义注的主张。复注师则另作如下思惟。
ဥပပတ္တိဘဝုပ္ပတ္တိယေဝ ဇာတီတိ အာဟ ''န ဥပပတ္တိဘဝေါ''တိ။ ဇာယမာနဿ ပန ဇာတိ ဇာတီတိ ဥပပတ္တိဘဝေါပိ အသတိ အဘာဝါ ဇာတိယာ ပစ္စယောတိ သက္ကာ ဝတ္တုံ။ ဇာယမာနရူပပဒဋ္ဌာနတာပိ ဟိ ရူပဇာတိယာ ဝုတ္တာ ''ဥပစိတရူပပဒဋ္ဌာနော ဥပစယော၊ အနုပ္ပဗန္ဓရူပပဒဋ္ဌာနာ သန္တတီ''တိ။
巴利原文(缅文转写):‘ဥပပတ္တိဘဝုပ္ပတ္တိယေဝ ဇာတီတိ အာဟ ''န ဥပပတ္တိဘဝေါ''တိ။ ဇာယမာနဿ ပန ဇာတိ ဇာတီတိ ဥပပတ္တိဘဝေါပိ အသတိ အဘာဝါ ဇာတိယာ ပစ္စယောတိ သက္ကာ ဝတ္တုံ။ ဇာယမာနရူပပဒဋ္ဌာနတာပိ ဟိ ရူပဇာတိယာ ဝုတ္တာ ''ဥပစိတရူပပဒဋ္ဌာနော ဥပစယော၊ အနုပ္ပဗန္ဓရူပပဒဋ္ဌာနာ သန္တတီ''တိ။’ 复注说:义注因为把生有最初生起本身称为生,所以说‘不是生有’。不过,若把正在生者的最初生起称为生,也可以说生有是生之缘,因为生有不存在,生便不存在。义注讲色法之生时也说:‘积集以初生之色为近因,相续以连续生起之色为近因。’
(မူလဋီ-၂-၁၂၄။ မဟာဋီ-၂-၃၃၄။)
(《根本复注》2-124;《大复注》2-334。)
ဘဝတစ်ခုဝယ် အကျိုး ဝိပါကဝဋ် ဖြစ်သော ရုပ်ခန္ဓာ နာမ်ခန္ဓာတည်းဟူသော ဥပပတ္တိဘဝ၏ ရှေးဦးအစစွာ ဖြစ်ခြင်းသည်ပင် ဇာတိဖြစ်ရကား ဥပပတ္တိဘဝသည် ဇာတိ၏ အကြောင်းတရား မဟုတ်၊ ဘဝပစ္စယာ ဇာတိဝယ် ဘဝအရ ဥပပတ္တိဘဝကို မကောက်ယူပါနှင့်ဟု အဋ္ဌကထာဆရာတော်က မိန့်ဆိုတော်မူခြင်း ဖြစ်သည်။ သို့သော်- ဘဝသစ်တစ်ခု၌ ဖြစ်ဆဲဖြစ်သော ခန္ဓာ၏ လက်ဦးအစ ဖြစ်ခြင်းဟု ဆိုအပ်သော အခြင်းအရာအထူး ဝိကာရသည် ဘဝပစ္စယာ ဇာတိ၌ ဇာတိမည်ရကား ဥပပတ္တိဘဝသည် မရှိခဲ့သော် ဇာတိ၏ မရှိခြင်းကြောင့်၊ ကမ္မဘဝသည်သာမက ဥပပတ္တိဘဝသည်လည်း ဇာတိအား ကျေးဇူးပြုတတ်၏ = ဇာတိ၏ အကြောင်းတရား ဖြစ်၏ဟု ဆိုခြင်းငှာ သင့်မြတ်သည်သာ ဖြစ်သည်။ မှန်ပေသည် --- ''ဥပစယသည် ဖြစ်စရုပ်လျှင် နီးစွာသော အကြောင်းရှိ၏၊ သန္တတိသည် အစဥ်အဆက်အားဖြင့်ဖြစ်သော ရုပ်လျှင် နီးစွာသော အကြောင်းရှိ၏''ဟု (အဘိ- ဋ္ဌ-၁-၃၆၄။)၌ ရုပ်ဇာတိ၏ ဖြစ်ဆဲရုပ်လျှင် နီးစွာသော အကြောင်းရှိသည်၏ အဖြစ်ကိုလည်း အဋ္ဌကထာ
在一有中,作为异熟轮转果法的色蕴、名蕴,即生有最初开始生起,本身就是生;因此义注师说生有不是生之因,‘缘有而有生’中的有不取生有。不过,在新有中,称为‘正在生起的诸蕴之最初开始’这一特殊变异才叫作生;若没有生有,便没有生,所以除了业有以外,也可以说生有资助生、成为生的因。这种说法是合理的。确实,《阿毗达磨义注》1-364解释色法之生时说:‘积集以初生之色为近因,相续以连续生起之色为近因’,显示正在生起的色是色生之近因。义注——
ဆရာတော်က ဖွင့်ဆိုတော်မူခဲ့ပေသည်။ သို့အတွက် ကမ္မဘဝသည်သာ ဇာတိ၏ အကြောင်းတရား ဖြစ်သည် မဟုတ်သေး၊ ဥပပတ္တိဘဝသည်လည်း ဇာတိ၏ အကြောင်းတရားပင် ဖြစ်သည်။
——师已有这样的解释。因此,不仅业有是生之因,生有也可以成为生之因。
(မူလဋီ-၂-၁၂၄။ မဟာဋီ-၂-၃၃၄။)
(《根本复注》2-124;《大复注》2-334。)
ပဋ္ဌာန်းပစ္စည်း ဆက်သွယ်ပုံ
《发趣论》诸缘的关联方式
ထိုဘဝသည် ဇာတိအား (= ကမ္မဘဝသည် ဥပပတ္တိဘဝအား) နာနာက္ခဏိကကမ္မပစ္စယသတ္တိ၊ ဥပနိဿ- ယပစ္စယသတ္တိ နှစ်မျိုးတို့ဖြင့်သာ ကျေးဇူးပြုသည်။ (အဘိ-ဋ္ဌ-၂-၁၇၈။ ဝိသုဒ္ဓိ-၂-၂၁ဝ။)
有资助生——也就是业有资助生有——只依异刹那业缘力与亲依止缘力两种。(《阿毗达磨义注》2-178;《清净之道》2-210。)
အမေးနှင့် အဖြေ
问与答
ဤအရာဝယ် ကမ္မဘဝသည် ဇာတိ၏ အကြောင်းတရားဖြစ်သည်ဟု ဘယ်ပုံဘယ်ပန်း ဘယ်နည်းလမ်းဖြင့် သိထိုက်ပါသနည်းဟူမူ အဖြေမှာ ဤသို့ဖြစ်၏။ --- အပြင်အပ ဖြစ်ကုန်သော အကြောင်းတရားတို့၏ တူညီကုန်သည်၏ အဖြစ်သည် ရှိပါသော်လည်း သတ္တဝါတို့၏ တစ်ဦးနှင့် တစ်ဦး မတူညီဘဲ ယုတ်ညံ့သည်၏အဖြစ် မြင့်မြတ်သည်၏အဖြစ် အစရှိသော ထူးထွေ ဆန်းပြားမှုကို တွေ့မြင်နေရခြင်းကြောင့် ကမ္မဘဝသည် ဇာတိ၏ အကြောင်းရင်းစစ် ဖြစ်သည်ဟူသော ဤ အနက်သဘောတရားကို သိနိုင်ပေသည်။
问:应当怎样知道业有是生的因?答:虽然外在诸因相同,却可以看见众生彼此不同,有下劣、殊胜等种种差别;由此可知,业有才是生的真正原因。
原书第 553 页
ပဋိစ္စသမုပ္ပါဒ်ပိုင်း - အပိုင်း (ခ) ထပ်မံရှင်းလင်းချက် --- သတ္တဝါ အသီးအသီး၏ အဇ္ဈတ္တ ရုပ်နာမ်သန္တာန်အစဥ်မှ အပဖြစ်ကုန်သော၊ သတ္တဝါတစ်ဦး ဖြစ်ပေါ်လာရေးအတွက် ဥပနိဿယစသော ပစ္စယသတ္တိတို့ဖြင့် ဝိုင်းဝန်း ကျေးဇူးပြုပေးတတ် ကြကုန်သော --- ၁။ ဖြစ်စေတတ်သော ဖခင်၏ သုက်သွေး၊ ၂။ ဖြစ်စေတတ်သော မိခင်၏ သုက်သွေး၊ ၃။ အစာအာဟာရ၊ ဤသို့အစရှိကုန်သော အကြောင်းတရားတို့၏ တူမျှကုန်သည်၏အဖြစ် ရှိပါကုန်သော်လည်း အမြွှာပူး ဖြစ်ကြကုန်သော သတ္တဝါတို့သော်မှလည်း တစ်ဦးနှင့် တစ်ဦး --- ၁။ ဖြစ်ပြီးသော ခန္ဓာတို့၏ အောက်တန်းစားဟု အသိအမှတ်ပြုအပ်သည်၏ အဖြစ်ဟူသော ယုတ်ညံ့မှု - ၂။ ဖြစ်ပြီးသော ခန္ဓာတို့၏ အထက်တန်းစားဟု အသိအမှတ်ပြုအပ်သည်၏ အဖြစ်ဟူသော မြင့်မြတ်မှု - ၃။ အဆင်းလှမှု - ၄။ အဆင်းမလှမှု - ၅။ အသက်ရှည်မှု - ၆။ အသက်တိုမှု - ၇။ စည်းစိမ်ဥစ္စာ ကြွယ်ဝချမ်းသာမှု - ၈။ စည်းစိမ်ဥစ္စာ ဆင်းရဲနွမ်းပါးမှု -
进一步说明:在各个有情的内在色名相续之外,为一个有情的产生以亲依止等缘力共同提供助益的外在诸因——一、父精;二、母血;三、食物等——即使相同,在双胞胎有情之间仍可见到差别:一、已生诸蕴被认为低下的下劣;二、被认为上等的殊胜;三、容貌美;四、容貌丑;五、寿命长;六、寿命短;七、财富丰盛;八、财富贫乏;还有——
၉။ အခြံအရံ များမှု - ၁ဝ။ အခြံအရံ နည်းပါးမှု - ၁၁။ အနာရောဂါ ထူပြောမှု မကျန်းမာမှု - ၁၂။ အနာရောဂါ ကင်းရှင်းမှု ကျန်းမာမှု - ဤသို့စသော ထူးခြားမှုများကို တွေ့မြင်ရ၏။ ထိုထူးခြား ကွဲလွဲမှုများသည် အကြောင်းမရှိသည်ကား မဟုတ်ပေ။ အကြောင်းရှိသည်သာ ဖြစ်၏။ အဘယ်ကြောင့်နည်းဟူမူ ထိုထူးခြားကွဲပြားမှုသည် အခါခပ်သိမ်း လည်းကောင်း အလုံးစုံသော သတ္တဝါတို့ သန္တာန်၌လည်းကောင်း မရှိခြင်းကြောင့် ဖြစ်ပေသည်။ တစ်ဖန် ထို အကြောင်းတရားဟူသည်မှာလည်း ကမ္မဘဝမှ တစ်ပါးသော အကြောင်းတရားကား မဖြစ်နိုင်ပေ။ အဘယ် ကြောင့်နည်းဟူမူ ---- ထိုကမ္မဘဝကြောင့် ဖြစ်ကြရသော သတ္တဝါတို့၏ သန္တာန်၌ ကမ္မဘဝမှ တစ်ပါးသော အကြောင်းတရား၏ မရှိခြင်းကြောင့်ပင် ဖြစ်သည်။ ထိုကြောင့် ယုတ်ညံ့မှု မြင့်မြတ်မှုစသော ထူးခြားကွဲပြားမှု သည် ကမ္မဘဝဟူသော အကြောင်းတရား ရှိသည်သာလျှင် ဖြစ်ပေသည်။ မှန်ပေသည် ကမ္မဘဝသည် (= ကံသည်)
——九、眷属多;十、眷属少;十一、多病、不健康;十二、少病、健康等差别。这些差异并非无因,而是有因的,因为它们并非时时存在于一切有情相续中。这个因也不可能是业有以外的因,因为在由业有而生的有情相续中,没有另一项能解释这些差别的原因。所以,下劣、殊胜等差别必以业有为因。确实,业有也就是业——
သတ္တဝါတို့၏ ယုတ်ညံ့မှု မြင့်မြတ်မှုစသော ထူးခြားကွဲပြားမှု၏ အကြောင်းရင်းပင် ဖြစ်သည်။ ဘုရားရှင် ကိုယ်တော်တိုင်ကလည်း --- ကမ္မံ သတ္တေ ဝိဘဇတိ ယဒိဒံ ဟီနပ္ပဏီတတာယ။ (မ-၃-၂၄၄။) = ယုတ်ညံ့သည်၏ အဖြစ် မြင့်မြတ်သည်၏ အဖြစ်ဖြင့် ကံသည် သတ္တဝါတို့ကို ခွဲခြားဝေဖန်၏။
巴利原文(缅文转写):‘ကမ္မံ သတ္တေ ဝိဘဇတိ ယဒိဒံ ဟီနပ္ပဏီတတာယ။’ ——正是有情下劣、殊胜等差别的原因。世尊亲自说:‘业依下劣与殊胜而分别诸有情。’(《中部》3-244。)
(မ-၃-၂၄၄။)
(《中部》3-244。)
ဤသို့ စူဠကမ္မဝိဘင်္ဂသုတ္တန်တွင် ဟောကြားထားတော်မူခဲ့၏။ ထိုကြောင့် ကမ္မဘဝသည် ဇာတိ၏ အကြောင်းရင်း ဖြစ်သည်ဟူသော ဤသဘောတရားကို သိအပ် သိနိုင်ပါပေသည်။
世尊在《小业分别经》中如此开示。因此,应当知道并能够理解:业有是生之因。
原书第 554 页
ဇာတိပစ္စယာ ဇရာမရဏံ
缘生而有老死
တစ်ဖန် ဇာတိတရားသည် ထင်ရှားမရှိလတ်သော် ဇရာမရဏတရားမည်သည် မရှိနိုင်။ သောကပရိဒေဝ ဒုက္ခဒေါမနဿ ဥပါယာသစသော တရားတို့သည်လည်း မရှိနိုင်ကုန်။ အလျော်အားဖြင့်မူကား ဇာတိတရားသည် ထင်ရှားရှိလတ်သော်သာလျှင် ဇရာမရဏတရားသည်လည်းကောင်း ဇရာမရဏဟု ခေါ်ဆိုအပ်သော ဒုက္ခ- တရားသည် တွေ့ထိအပ်သော မိုက်မဲသော သတ္တဝါ၏ သန္တာန်၌ ဇရာမရဏနှင့် စပ်သည်မူလည်း ဖြစ်ကုန်သော သောက ပရိဒေဝစသော တရားတို့သည်လည်းကောင်း၊ ထိုထို ဆွေမျိုးတို့၏ ပျက်စီးခြင်း = ဉာတိဗျသနစသော ဒုက္ခတရားသည် တွေ့ထိအပ်သော မိုက်မဲသော သတ္တဝါ၏ သန္တာန်၌ ဇရာမရဏနှင့် မစပ်သည်မူလည်း ဖြစ်ကုန်သော သောက ပရိဒေဝ အစရှိကုန်သော တရားတို့သည်လည်းကောင်း ဖြစ်ပေါ်လာတတ်ကြကုန်၏။
再者,若生不存在,老死便不可能存在,愁、悲、苦、忧、恼等法也不可能存在。反之,只有当生存在时,老死才会生起;以老死这一苦法为缘,在遭受它的愚痴有情相续中,与老死直接相关的愁、悲等法才会生起;而在遭遇亲族衰败等苦难的愚痴有情相续中,与老死没有直接关系的愁、悲等法也才会生起。
ထိုကြောင့် ဤဇာတိသည် ဇရာမရဏ၏လည်း အကြောင်းရင်းဖြစ်၏၊ သောက ပရိဒေဝစသည်တို့၏လည်း အကြောင်းရင်းဖြစ်သည်ဟု သိရှိပါလေ။
因此,应当知道:生既是老死的原因,也是愁、悲等法的原因。
ထိုဇာတိသည် ဇရာမရဏ သောက ပရိဒေဝ စသည်တို့အား သုတ္တန်နည်းပရိယာယ်အားဖြင့် ဥပနိဿယ- ကောဋိဟူသော ဥပနိဿယ အမြွက်အားဖြင့် ဥပနိဿယပစ္စယသတ္တိ တစ်မျိုးတည်းဖြင့်သာ ကျေးဇူးပြုသည်။
生对于老死、愁、悲等法,只以经教门所说的亲依止一端,即只以亲依止缘力提供助益。
(အဘိဓမ္မာပဋ္ဌာန်းဒေသနာတော်၌ တိုက်ရိုက်ဟောကြားချက် မရှိသောကြောင့် သုတ္တန်နည်းပရိယာယ်အားဖြင့် ဥပနိဿယကောဋိဟု ဆိုသည်။) (အဘိ-ဋ္ဌ-၂-၁၇၉။ ဝိသုဒ္ဓိ-၂-၂၁ဝ-၂၁၁။)
(《发趣论》的阿毗达磨教法中没有直接作此开示,所以依经教门称为“亲依止一端”。《阿毗达磨义注》2-179;《清净之道》2-210—211。)
ဇရာမရဏကို အင်္ဂါတစ်ပါးသာ ပြုပုံ
为何把老与死合为一个支分
ယသ္မာ ပန န အမရဏာ ဇရာ အတ္ထိ သဗ္ဗေသံ ဥပ္ပတ္တိမန္တာနံ ပါကာနန္တရဘေဒတော။ န စာဇရံ မရဏံ အပါကဘေဒါဘာဝါ၊ တသ္မာ တဒုဘယ မေကမင်္ဂံ ကတံ၊ န နာမရူပံ ဝိယ ဥဘယဋ္ဌာနေ ဧကဇ္ဈံ ဥပ္ပတ္တိယာ၊ သဠာယတနံ ဝိယ ဝါ အာယတနဘာဝေန ကိစ္စသမတာယ။ (အနုဋီ-၂-၉၇။) ပဋိစ္စသမုပ္ပါဒ်အင်္ဂါကို ပြရာ၌ ဇရာမရဏနှစ်ပါးကို အဘယ်ကြောင့် အင်္ဂါတစ်ပါးတည်း ပြုထားပါသနည်းဟု မေးဖွယ်ရှိ၏၊ အဖြေကား --- ထိုဇရာမရဏ နှစ်ပါးလုံးသည် ဇာတိကြောင့် ဖြစ်ရခြင်းအားဖြင့် တူမျှ၏။ ထိုသို့ ဖြစ်ရာဝယ် မအိုဘဲ သေသူမရှိ၊ မရဏသို့ မဆိုက်သော ဇရာမည်သည် မရှိ။ အနည်းဆုံး ပရမတ်တရားတို့သည် ဌီအခိုက်၌ ရင့်ရ အိုရသေး၏၊ အိုခြင်းဟူသမျှလည်း မသေသော အိုခြင်းမည်သည် မရှိ၊ ဌီအခိုက်သို့ ရောက်၍ အိုလျှင် ဘင်အခိုက်၌ ဧကန်ပျက်ရမည်သာ၊ ထိုနှစ်ပါးတွင်လည်း မရဏသည် ဇရာကြောင့် ဖြစ်ရသည်မဟုတ်၊ ဇာတိကြောင့်သာ ဖြစ်ရ၏။ ထိုကြောင့် ထိုဇရာမရဏ နှစ်ပါးကို အင်္ဂါတစ်ပါးတည်း အဖြစ်ဖြင့် ဟောတော်မူသည်။
一切生起之法都会在住时发生变异,所以没有不趋向死亡的老;同样,没有不老的死,因为没有不经住时变异而发生的坏灭。因此把老与死合为一个支分;这并不是像名色那样,因为二者在具备双方的处所同时生起,也不是像六处那样,因为同属处而作用相同。关于为什么在说明缘起支时把老与死合为一支,答案是:老与死同样都缘生而生。没有不老而死者,也没有永不死的老;即使是胜义法,也必在住时成熟、衰老,继而在坏时毁灭。不过,死并非由老引生,二者都直接由生引生,所以合说为一个支分。(《随复注》2-97。)
နာမရူပံဟူသော အင်္ဂါရပ်ကဲ့သို့ နာမ်ရုပ်နှစ်ပါးစုံ ဖြစ်ရာဌာန၌ တစ်ပေါင်းတည်း အတူတကွ ဖြစ်သောကြောင့် အင်္ဂါတစ်ပါးအဖြစ် ဟောကြားတော်မူသည်လည်း မဟုတ်။ သဠာယတနဟူသော အင်္ဂါရပ်ကဲ့သို့ အာယတန၏ အဖြစ်ဖြင့် ကိစ္စတူမျှသောကြောင့် အင်္ဂါတစ်ပါးတည်းအဖြစ် ဟောကြားထားတော်မူသည်လည်း မဟုတ်ပေ။
这并不是像名色支那样,因为名与色在二者俱有之处一同生起而合为一支;也不是像六处支那样,因为诸处同属“处”且作用相同而合为一支。
(အနုဋီ-၂-၉၇။)
(《随复注》2-97。)
အကြောင်းတရား အကျိုးတရား သိမ်းဆည်းပုံ
摄受因法与果法的方法
အသင်သူတော်ကောင်းသည် အနာဂတ်ဘဝ တစ်ခုခုအတွက် ရည်ရွယ်၍ ပြုစုပျိုးထောင်ထားသော ကမ္မဘဝတစ်ခုခုနှင့် အနာဂတ် ဇာတိ ဖြစ်ပုံကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပါ။ အကယ်၍ အသင်သူတော်ကောင်းသည် အနာဂတ်တွင် ဓမ္မကထိက နတ်သားဘဝကို ဆုတောင်း-
贤友应以智照见:为未来某一有而培育的某项业有,如何令未来的生出现,并摄受因法与果法。如果贤友发愿未来成为说法天子——
原书第 555 页
ပဋိစ္စသမုပ္ပါဒ်ပိုင်း - အပိုင်း (ခ) ထားသည် ဖြစ်အံ့။ မိမိအနှစ်ခြိုက်ဆုံး ကာမာဝစရ ကုသိုလ် ကမ္မဘဝတစ်ခုဖြင့် ဓမ္မကထိကနတ်သားဘဝ ဇာတိ = ပဋိသန္ဓေခန္ဓာ (၅)ပါးကို အကြောင်း အကျိုးစပ်လျက် သိမ်းဆည်းပါ။ အကယ်၍ ဗြဟ္မာဘဝကို ဆုတောင်း ထားသည် ဖြစ်အံ့၊ ရူပါဝစရစျာန်ကုသိုလ် ကမ္မဘဝတစ်ခုခုဖြင့် ဗြဟ္မာဘဝ ဇာတိ = ပဋိသန္ဓေ ခန္ဓာ (၅)ပါးကို အကြောင်း အကျိုးစပ်လျက် သိမ်းဆည်းပါ။ အကယ်၍ ရဟန်းဘဝကို ဆုတောင်းထားသည် ဖြစ်အံ့၊ မိမိ အနှစ်- ခြိုက်ဆုံး ဖြစ်သော ကာမာဝစရ ကုသိုလ်ကံ = ကမ္မဘဝတစ်ခုခုကြောင့် ရဟန်းဘဝ၏ ဇာတိ = ပဋိသန္ဓေ ခန္ဓာ (၅)ပါး ဖြစ်ပုံကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အကြောင်း အကျိုး သိမ်းဆည်းပါ။
——便以自己最喜爱的一项欲界善业有,摄受说法天子之生,也就是结生五蕴。若发愿投生梵天,则以相应的一项色界禅善业有,摄受梵天之生,也就是结生五蕴。若发愿投生为能够弘法的比丘,则应以智照见:由自己最喜爱的一项欲界善业——即某一业有——如何产生比丘之生,也就是结生五蕴,并摄受其因果。
၁။ ကမ္မဘဝ ဖြစ်ခြင်းကြောင့် ဇာတိ ဖြစ်၏။
一、由于业有生起,故生生起。
ကမ္မဘဝက အကြောင်းတရား ဇာတိက အကျိုးတရား။
业有是因法,生是果法。
ဇာတိ --- ဓမ္မကထိကနတ်သားဘဝ၏ ဇာတိအခိုက်၌ ရုပ်တရားများမှာ စက္ခုဒသကကလာပ်၊ သောတ- ဒသကကလာပ်၊ ဃာနဒသကကလာပ်၊ ဇိဝှါဒသကကလာပ်၊ ကာယဒသကကလာပ်၊ ဘာဝဒသကကလာပ်၊ ဟဒယဒသကကလာပ်ဟူသော အမျိုးအစားအားဖြင့် (၇ဝ)သော ကမ္မဇရုပ်များသည်လည်းကောင်း၊ ဇီဝိတနဝက ကလာပ်နှင့်တကွ ရေတွက်သော် (၇၉)မျိုးသော ရုပ်တရားတို့သည်လည်းကောင်း စတင်၍ ဖြစ်ကြ၏။ နာမ်- တရားများမှာ တိဟိတ် သောမနဿ ပဋိသန္ဓေဖြစ်လျှင် (၃၄)မျိုးသော နာမ်တရားတို့တည်း။
生——在说法天子投生的生时,业生色从眼十法聚、耳十法聚、鼻十法聚、舌十法聚、身十法聚、性根十法聚和心所依处十法聚开始生起,共七十种;若再计入命根九法聚,则共有七十九种色法。名法方面,若是三因喜俱结生,则有三十四种名法。
ဗြဟ္မာဘဝ --- အကယ်၍ ရူပါဝစရဗြဟ္မာဘဝ ဇာတိ ဖြစ်ခဲ့လျှင် ရုပ်ပိုင်းတွင် ဃာနဒသကကလာပ်၊ ဇိဝှါဒသကကလာပ်၊ ကာယဒသကကလာပ်များ လျော့နေမည် ဖြစ်သည်။ နာမ်ပိုင်းတွင် ပထမစျာန် ဝိပါက် ပဋိသန္ဓေဖြစ်လျှင် နာမ်တရား (၃၄)၊ ဒုတိယစျာန် ဝိပါက် ပဋိသန္ဓေ ဖြစ်လျှင် (၃၂)၊ တတိယစျာန် ဝိပါက် ပဋိသန္ဓေဖြစ်လျှင် (၃၁)၊ စတုတ္ထစျာန် ဝိပါက် ပဋိသန္ဓေဖြစ်လျှင် (၃၁)လုံးသော နာမ်တရားတို့ ဖြစ်ကြ၏။
梵天有——若是色界梵天的生,色法方面没有鼻十法聚、舌十法聚和身十法聚。名法方面,若是初禅异熟结生,则有三十四种名法;第二禅异熟结生有三十二种;第三禅异熟结生有三十一种;第四禅异熟结生也有三十一种。
ရဟန်းဘဝ --- အကယ်၍ သာသနာပြုနိုင်သည့် ရဟန်းဘဝ ပဋိသန္ဓေဇာတိဖြစ်လျှင် ရုပ်အမျိုးအစား (၃ဝ)၊ တိဟိတ် သောမနဿ ပဋိသန္ဓေ ဖြစ်လျှင် နာမ်တရား (၃၄) ရှိကြ၏။
比丘有——若是能够弘法的比丘之结生,色法有三十种;若为三因喜俱结生,名法有三十四种。
ဤဆိုင်ရာ ဆိုင်ရာ ကမ္မဘဝကြောင့် ဇာတိဖြစ်ပုံကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ -- ကမ္မဘဝ ဖြစ်ခြင်း- ကြောင့် ဇာတိ ဖြစ်၏၊ ကမ္မဘဝက အကြောင်းတရား၊ ဇာတိက အကျိုးတရားဟု အကြောင်းတရား အကျိုးတရား တို့ကို သိမ်းဆည်းပါ။
应以智照见各项业有如何产生相应的生,并如此摄受因法与果法:“由于业有生起,故生生起;业有是因法,生是果法。”
အကုသိုလ် ကမ္မဘဝနှင့် အရူပ ကမ္မဘဝ
不善业有与无色业有
ဧဝံ သင်္ခါရေ သလဒက္ခေတွာ ဌိတဿ ပန ဘိက္ခုဿ ဒသဗလဿ သာသနေ မူလံ သြတိဏ္ဏံ နာမ ဟောတိ၊ ပတိဋ္ဌာ လဒ္ဓါ နာမ၊ စူဠသောတာပန္နော နာမ ဟောတိ နိယတဂတိကော။ (အဘိ-ဋ္ဌ-၂-၂၄၂။) နာမရူပပရိစ္ဆေဒဉာဏ် ပစ္စယပရိဂ္ဂဟဉာဏ်ဟူသော ဉာတပရိညာပညာနှင့် ပြည့်စုံသော ဤသို့ ဝိပဿနာ ဉာဏ်၏ အရှုခံအာရုံဖြစ်သော သင်္ခါရတရားတို့ကို ကောင်းစွာ ပိုင်းခြားမှတ်သားလျက် (= ဤကား အကြောင်း တရား - ဤကား အကျိုးတရားဟုကောင်းစွာ ပိုင်းခြားမှတ်သားလျက်) တည်နေသော ယောဂါဝစရ ရဟန်း- တော်သည် ဘုရားရှင်၏ သာသနာတော်မှ မခွဲနိုင်အောင် ဘုရားရှင်၏ သာသနာတော်၌ အမြစ်တွယ်သွားပြီ ဖြစ်၏။ အမြစ်အရင်းသို့ သက်ဝင်၍ တည်နေသည်မည်၏။ ဘုရားရှင်၏ သာသနာတော်၌ ထောက်ရာတည်ရာကို ရရှိသည်မည်၏။ ကောင်းရာ သုဂတိဟူသော လားရာဂတိမြဲသော စူဠသောတာပန် မည်ပေသည်။
具足名色分别智、缘摄受智这一知遍知慧,并善加分别作为观智所缘的诸行——明确辨知“这是因法,这是果法”——而住的修行比丘,已经在十力者的教法中扎根,得到立足处,称为去向确定、趋向善趣的“小预流者”。(《阿毗达磨义注》2-242。)
(အဘိ-ဋ္ဌ-၂-၂၄၂။)
(《阿毗达磨义注》2-242。)
原书第 556 页
ထိုကြောင့် ဤပစ္စယပရိဂ္ဂဟဉာဏ်ပိုင်းအထိ အကြောင်းတရား အကျိုးတရားတို့ကို စနစ်တကျ သိမ်း- ဆည်းတတ်သော ယောဂါဝစရပုဂ္ဂိုလ်သည်ကား ဉာတပရိညာစခန်းသို့ ဆိုက်ရောက်ပြီး ဖြစ်သဖြင့် သုဂတိဘဝ တည်းဟူသော ကိန်းသေမြဲသော လားရာဂတိရှိသော စူဠသောတာပန် မည်ရကား ထိုသူတော်ကောင်းသည် မိမိပြုမိသော အကုသိုလ် ကမ္မဘဝကြောင့် အပါယ်ဇာတိကား ဖြစ်ခွင့်မရှိတော့ပေ။ အကုသိုလ် ကမ္မဘဝကြောင့် အပါယ်ဇာတိ ဖြစ်ခွင့်မရှိသဖြင့် နောင်အနာဂတ်တွင် အကုသိုလ် ကမ္မဘဝနှင့် အပါယ်ဇာတိကို အကြောင်း အကျိုးစပ်လျက် သိမ်းဆည်းရန်လည်း လိုအပ်မည် မထင်ပေ။ ပစ္စယပရိဂ္ဂဟဉာဏ်တိုင်အောင် ဉာဏ်အမြင် မပေါက်သေးသူတို့အတွက်သာ အကုသိုလ် ကမ္မဘဝကြောင့် အပါယ်ဇာတိစသည်တို့ ဖြစ်ခွင့်ရှိနိုင်ပေသည်။
因此,修行人若已能有系统地摄受因法与果法,达到缘摄受智,便已经抵达知遍知阶段,称为去向确定、趋向善趣的小预流者。由其所造不善业有所导致的恶趣之生,便再没有发生的机会;既然如此,未来也看来无须再把不善业有与恶趣之生作因果关联而摄受。只有尚未获得直至缘摄受智之智见者,才仍可能由不善业有而生于恶趣。
(သို့သော် ဘုရားအလောင်းတော်ကဲ့သို့သော ဆုကြီးပန် သူတော်ကောင်းများကိုကား ချွင်းချက်ထားပါ။) အလားတူပင် သာသနာတော်တွင်း၌ ဉာတပရိညာစခန်းသို့ တိုင်အောင် ခရီးလမ်းပေါက်နေသော ယောဂီသူမွန်တစ်ဦး ဖြစ်နေသည့်အလျောက် အရူပါဝစရစျာန်ကုသိုလ် ကမ္မဘဝကြောင့် အရူပါဝစရ ဇာတိ ဖြစ်မှုသည်လည်း အလွန်နည်းပါးဖွယ်ရာသာ ရှိချေသည်။ ပုထုဇန်ဘဝဖြင့် အရူပဘုံသို့ ရောက်ရှိက ဆက်လက်၍ အရိယာသူတော်ကောင်း ဖြစ်နိုင်ရန် အခွင့်အလမ်းများ ဆုံးရှုံးသွားပြီ ဖြစ်သောကြောင့်တည်း။ အာဠာရရသေ့- ဥဒကရသေ့ - ဒေဝီဠရသေ့ကြီးတို့ကို အရှုံးကြီး ရှုံးသူများအဖြစ် ဘုရားရှင် ဟောကြားတော်မူခဲ့၏။ သို့သော် ဤဘဝတွင် သောတာပန်စသည့် အရိယာသူတော်ကောင်းဘဝသို့ ရောက်ရှိ၍ ရဟန္တာလည်း မဖြစ်နိုင်သေးသဖြင့် သံသရာခရီးလည်း ဆက်ရန် ရှိနေသေးသော် အရူပဘုံသို့ ရောက်လိုက ရောက်နိုင်သေး၏။ ထိုအရူပဘုံတွင် အထက်အထက် မဂ်ဉာဏ်ဖိုလ်ဉာဏ်များကိုလည်း ရပိုင်ခွင့်များလည်း ရှိပေ၏။ အသင်သူတော်ကောင်းသည်
(但像菩萨那样发大愿的贤善者应当除外。)同样,对于在佛陀教法中已行至知遍知阶段的优秀禅修者,由无色界禅善业有而生于无色界的可能性也很小。凡夫若投生无色界,继续成为圣者的机会便会丧失;佛陀因此把阿罗逻仙人、郁陀迦仙人和提毗罗大仙称为遭受重大损失者。不过,若今生已成为预流者等圣者而尚未证得阿罗汉,轮回之旅仍须继续,那么若愿投生无色界,仍可以投生,并能在那里证得更高的道智与果智。贤友若——
ဤကဲ့သို့ အရူပဘုံသို့ ရောက်နိုင်သည့် အခွင့်အလမ်းရှိသူ သူတော်ကောင်း ဖြစ်နေပါမူ အရူပကမ္မဘဝ တစ်ခုခုဖြင့် ဆိုင်ရာ အရူပဇာတိကို အကြောင်း အကျိုးစပ်လျက် = ဆိုင်ရာ အရူပကမ္မဘဝကြောင့် ဆိုင်ရာ အရူပဇာတိ ဖြစ်ပုံကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပါ။ အရူပဇာတိ၏ တရားကိုယ်မှာ နာမ်ခန္ဓာ (၄)ပါးသာ ဖြစ်သည်။
——具备投生无色界的条件,便应以智照见并摄受:由某一无色业有如何产生相应的无色界之生,即“由相应的无色业有,生起相应的无色界之生”。无色界之生的法体只有四名蕴。
တစ်ဖန် မိမိ၏ အနာဂတ် ဘဝသစ်တွင် ရရှိမည့် ဇာတိကြောင့် ဇရာမရဏဖြစ်ပုံကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းရမည် ဖြစ်သည်။ ထိုသို့ သိမ်းဆည်းရာ၌ သမုတိ- သစ္စာနယ်မှ သိမ်းဆည်းနည်း ပရမတ္ထသစ္စာနယ်မှ သိမ်းဆည်းနည်းဟု နှစ်နည်းပင် ရှိနိုင်ပေသည်။ ဇာတိ ဇရာမရဏတို့ကို သမုတိသစ္စာနည်း ပရမတ္ထသစ္စာနည်းအားဖြင့် နှစ်မျိုးစီ ဖွင့်ဆိုထားသောကြောင့် ဖြစ်သည်။
再者,应以智照见:未来新有中所得的生如何导致老死,并摄受因法与果法。摄受时有两种方法:从世俗谛领域摄受,或从胜义谛领域摄受,因为生与老死都各依世俗谛和胜义谛两种方式解释。
သမုတိသစ္စာနယ်မှ (= သမ္မုတိသစ္စာနယ်မှ) သိမ်းဆည်းလိုခဲ့သော် ပဋိသန္ဓေ ဇာတိ ဖြစ်ရခြင်းကို အကြောင်းခံ၍ အိုမှုဇရာ သေမှုမရဏ ဖြစ်ရခြင်းကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အောက်ပါအတိုင်း အကြောင်း အကျိုး သိမ်းဆည်းပါ --- ၂။ ဇာတိ ဖြစ်ခြင်းကြောင့် ဇရာမရဏ ဖြစ်၏။
若要从世俗谛领域摄受,应以智照见:以结生之生为因,衰老之老与死亡之死如何生起,并如下摄受因果:二、由于生生起,故老死生起。
ဇာတိက အကြောင်းတရား၊ ဇရာမရဏက အကျိုးတရား။
生是因法,老死是果法。
ဘဝတစ်ခု၌ တစ်ခုသော ပဋိသန္ဓေတည်နေရခြင်းသည် ထင်ရှားရှိခဲ့သော် တစ်ခုသော သေခြင်းတရားကား မြဲ၏။ သမ္မုတိမရဏတည်း။ ယင်းဇာတိနှင့် မရဏအကြားကား ဇရာတည်း။ ယင်းဇာတိကြောင့် ဇရာမရဏဖြစ်ပုံကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အကြောင်း အကျိုး သိမ်းဆည်းပါ။ အနာဂတ်ဇာတိနှင့် အနာဂတ်ဇရာမရဏတည်း။
一有之中,只要有一次结生,便必有一次死亡;这是世俗死。生与死之间就是老。应以智照见这次生如何导致老死,并摄受因果;这里所说的是未来之生与未来之老死。
အကယ်၍ ပရမတ္ထသစ္စာနယ်မှ သိမ်းဆည်းရှုပွားလိုခဲ့သော် ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ ရှိသော ကလာပ်တူ ရုပ်တရားတို့၏ ပြိုင်တူဖြစ်မှု = ဇာတိ၊ တည်မှု = ဇရာ၊ ပျက်မှု = မရဏကိုလည်းကောင်း၊ ဌာန-
若要从胜义谛领域摄受,则应以智照见:每一色聚内同聚色法的同时生起是生,住是老,坏灭是死;并且无论依处门——
原书第 557 页
ပဋိစ္စသမုပ္ပါဒ်ပိုင်း - အပိုင်း (ခ) အလိုက်ဖြစ်စေ၊ ကောဋ္ဌာသအလိုက်ဖြစ်စေ၊ တစ်ကိုယ်လုံးကို ဖြစ်စေ ခြုံ၍ ရုပ်အားလုံးတို့၏ ဖြစ်မှု တည်မှု ပျက်မှု = ဇာတိ-ဇရာ-မရဏကိုလည်းကောင်း ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အောက်ပါအတိုင်း သိမ်းဆည်းပါ။
——依身体部分,还是遍观全身,都应以智照见一切色法的生、住、坏,即生、老、死,并如下摄受。
နာမ်တရား၌လည်း အာရုံ (၆)ပါးကို ထိုက်သလို အာရုံပြု၍ အာယတနဒွါရအလိုက် ဖြစ်ပေါ်နေကြကုန်- သော (၆)လိုင်းလုံး အတွင်း၌ ရှိကြသော နာမ်တရားတို့တွင် စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်းဝယ် ကလာပ်တူ နာမ်တရားတို့၏ ဖြစ်မှု တည်မှု ပျက်မှု သဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အောက်ပါအတိုင်း သိမ်းဆည်းပါ။
名法方面,也应依所缘六境而适当地取所缘,在依处门生起的六条路线中,于每一心识刹那照见同一名聚中诸名法的生、住、坏,并如下摄受。
ရုပ်-နာမ်ပရမတ်တို့၏ ဖြစ်မှု = ဥပါဒ်ကား ဇာတိတည်း။ တည်မှု = ဌီကား ဇရာတည်း။ ပျက်မှု = ဘင်ကား မရဏတည်း။ ဤကား ပရမတ္ထသစ္စာနယ်တည်း။
色名胜义法的生起,即生;住,即老;坏灭,即死。这是胜义谛领域。
၃။ ဇာတိ ဖြစ်ခြင်းကြောင့် ဇရာမရဏ ဖြစ်၏၊ ဇာတိက အကြောင်းတရား၊ ဇရာမရဏက အကျိုးတရား ။
三、由于生生起,故老死生起;生是因法,老死是果法。
သတိ --- ပဋိသန္ဓေ ဘဝင် စုတိ ဟူသော ဝီထိမုတ်စိတ်တို့၌လည်း နည်းတူပင် ရှုပါ။ ဤရုပ်နာမ်တို့မှာ အနာဂတ်ဘဝ ရုပ်နာမ်တို့သာ ဖြစ်ကြသည်ကို အထူးဂရုပြု၍ မှတ်သားပါ။
注意——对于结生、有分、死亡这些离心路过程心,也应以同样方法观照。尤其要牢记:这些色名只是未来有的色名。
သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသ
愁、悲、苦、忧、恼
ဤသောကပရိဒေဝ စသည်တို့ကား ဇာတိ၏ မုချမဟုတ်သော အကျိုးဆက်များ ဖြစ်ကြ၏။ ဇာတိရှိတိုင်း အမြဲ ဖြစ်ပေါ်လာကြသည်ကား မဟုတ်။ ကိလေသာ ကင်းစင်တော်မူကြသော ဘုရား ရဟန္တာ အရှင်မြတ်တို့၏ သန္တာန်၌ကား ဇာတိပင် ရှိသော်ငြားလည်း သောကစသည်တို့ကား ဖြစ်ခွင့် မရှိကြတော့ပေ။ ထိုကြောင့် ဇာတိ၏ မုချမဟုတ်သော အကျိုးဆက်ဟု ဆိုခြင်းဖြစ်သည်။ ယင်းသောက စသည်တို့မှာ ဇာတိကို အကြောင်းခံ၍ ဖြစ်ကြ- သည်လည်းရှိ၏။ ဆွေမျိုးတို့၏ ပျက်စီးခြင်း = ဉာတိဗျသနစသော ဘေးဒုက္ခတို့ဖြင့် တွေ့ထိသော သတ္တဝါ၏ သန္တာန်ဝယ် ယောနိသောမနသိကာရ မဖြစ်ပါက ရုပ်သဘော နာမ်သဘော အကြောင်းသဘော အကျိုးသဘော အနိစ္စသဘော ဒုက္ခသဘော အနတ္တသဘော အသုဘသဘောတို့ကို တွင်တွင်ကြီး နှလုံးမသွင်းနိုင်ဘဲ ယောကျာ်း မိန်းမ ပုဂ္ဂိုလ် သတ္တဝါ လူ နတ် ဗြဟ္မာစသည်ဖြင့်လည်းကောင်း အသက်ကောင် လိပ်ပြာကောင် ဝိညာဏ်ကောင် အတ္တကောင် စသည်ဖြင့်လည်းကောင်း သားသမီး မြေး မြစ် ဇနီး ခင်ပွန်း ဘကြီး ဘထွေး မိကြီး မိထွေး အဘိုး
这些愁、悲等法并不是生的必然果;并非只要有生便一定生起。诸佛与阿罗汉已离烦恼,所以即使他们仍有最后一生,也不再可能生起愁等,故说愁等不是生的必然果。不过,愁等确实可能依生而生。一个有情遭遇亲族衰败等灾难时,若不能如理作意,不能反复思惟色法、名法、因、果、无常、苦、无我与不净的本质,反而不如理作意为男人、女人、个人、有情、人、天、梵天,乃至命我、灵魂我、识我、自我等;或作意为儿女、孙辈、曾孙、妻子、丈夫、伯叔、姑姨、祖父——
အဖွား စသည်ဖြင့်လည်းကောင်း ရွှေ ငွေ စိန်ကျောက် စသည်ဖြင့်လည်းကောင်း မိုက်မဲ တွေဝေစွာ နှလုံးသွင်း နေပါက ယင်းသောကစသည်တို့သည် ဖြစ်ပေါ်လာတတ်ကုန်၏။ သို့သော် ယင်းဉာတိဗျသနစသော ဗျသန အမျိုးမျိုးတို့နှင့် တွေ့ကြုံရခြင်းမှာလည်း ဇာတိရှိသူ သတ္တဝါ၏ သန္တာန်၌သာ ကျရောက်နိုင်သဖြင့် ယင်းသောက စသည်တို့၏ အကြောင်းရင်းမှာလည်း ဇာတိပင် ဖြစ်သည်ဟု ဆိုရပြန်ပေသည်။ သို့အတွက် ဇာတိကို အကြောင်း ခံ၍ သောကစသည်တို့ ဖြစ်ပုံကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အောက်ပါအတိုင်း အကြောင်းတရား အကျိုး တရားတို့ကို သိမ်းဆည်းပါ။
——祖母等亲属,或金、银、钻石、珠宝等财物,愚痴迷乱地作意时,愁等便会生起。然而,亲族衰败等种种灾难也只能降临于已有生的有情相续中,所以生仍被称为愁等的原因。因此,应以智照见愁等如何依生而生,并如下摄受因法与果法。
၃။ ဇာတိ ဖြစ်ခြင်းကြောင့် သောက ဖြစ်၏၊ ဇာတိက အကြောင်းတရား၊ သောကက အကျိုးတရား။
三、由于生生起,故愁生起;生是因法,愁是果法。
၄။ ဇာတိ ဖြစ်ခြင်းကြောင့် ပရိဒေဝ ။ ပ ။ ဥပါယာသ ဖြစ်၏၊ ဇာတိက အကြောင်းတရား၊ ပရိဒေဝ ။ ပ ။ ဥပါယာသက အကျိုးတရား ။
四、由于生生起,故悲乃至恼生起;生是因法,悲乃至恼是果法。
原书第 558 页
ဘဝစက်လည်ပတ်ပုံ
有轮的运转方式
အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်၏ စသည်ဖြင့် သံသရာလည်ပတ်ပုံ ဘဝစက်ကို အဝိဇ္ဇာကို အစထား၍ သောက စသည်ကို အဆုံး၌ထားလျက် ဟောကြားထားတော်မူခဲ့၏။ သို့သော် ဤပဋိစ္စသမုပ္ပါဒ် ပထမနည်း အစပိုင်းတွင် ဖေါ်ပြခဲ့သည့်အတိုင်း သောကစသည်တို့ ဖြစ်လျှင်လည်း အဝိဇ္ဇာကား ကပ်၍ ပါဝင်လျက်ရှိ၏။ အာသဝသမုဒယာ အဝိဇ္ဇာသမုဒယော ဟူသည်နှင့် အညီ အာသဝေါတရားများ ဖြစ်ခြင်းကြောင့်လည်း အဝိဇ္ဇာကား ဖြစ်နေပြန်၏။
世尊以“缘无明而有行”等方式宣说轮回有轮的运转:以无明为开端,以愁等为末端。不过,如缘起第一种方法开头所说,愁等生起时,无明也随之参与。正如“āsavasamudayā avijjāsamudayo——缘漏生无明”,漏生起时,无明又会生起。
အဝိဇ္ဇာဖြစ်လျှင်လည်း တစ်ဖန်သင်္ခါရကား ဖြစ်နေဦးမည်သာ ဖြစ်သည်။ သင်္ခါရဖြစ်ပြန်လျှင် ဝိညာဏ် ဖြစ်ပြန်- ၍ --- ဤသို့စသည်ဖြင့် အကြောင်းနှင့်အကျိုး ဆက်စပ်လျက် ပဋိစ္စသမုပ္ပါဒ် အင်္ဂါရပ် (၁၂)ချက်တို့သည် အရဟတ္တမဂ် မရသေးသမျှ ကာလပတ်လုံး အရဟတ္တမဂ်ကို ရသည့်တိုင်အောင် အမြဲမပြတ် အကြောင်းနှင့် အကျိုး ဆက်စပ်လျက် တစ်ရံတစ်ဆစ်မျှ ပြတ်စဲခြင်း မရှိဘဲ အဓွန့်ရှည်စွာ ဖြစ်လျက် လည်ပတ်နေဦးမည်သာ ဖြစ်ပေသည်ဟု သိပါလေ။
无明生起,行便再次生起;行生起,识又生起。如此因果相续,缘起十二支在尚未证得阿罗汉道期间,乃至证得阿罗汉道为止,始终因果相联,从不中断,长久运转。应当这样理解。
ကာရက ဝေဒကမှ ကင်းဆိတ်မှု
空离作者与受者
ဤပဋိစ္စသမုပ္ပါဒ် သံသရာဘဝစက်သည် အဝိဇ္ဇာ အစရှိကုန်သော အကြောင်းတရားတို့ကြောင့် သင်္ခါရ စသော အကျိုးတရားတို့၏ ဖြစ်ခြင်းသဘောတရားသာ ဖြစ်ရကား ထိုအဝိဇ္ဇာစသော အကြောင်းတရားတို့မှ အခြားတစ်ပါးသော ---- '' ဗြဟ္မာ မဟာဗြဟ္မာ သေဋ္ဌော သဇိတာ။'' (ဒီ-၁-၁၇။) =''ဗြဟ္မာတည်း၊ မဟာဗြဟ္မာတည်း၊ အလုံးစုံသော သတ္တဝါတို့ထက် မြတ်၏၊ စီမံတတ်၏။'' (ဒီ-၁-၁၇။) ဤသို့ ကြံဆအပ်သော သံသရာကို ပြုလုပ်တတ် ဖန်ဆင်းတတ်သော ဗြဟ္မာ ပဇာပတိနတ်၊ ပရမိဿရ ဟူသော ပရမီသွာနတ်၊ ပုရိသ စသူမှလည်းကောင်း၊ (ဖန်ဆင်းရှင် ပရမတ္တကို ဆိုလိုသည်။)၊ ''ငါ၏ ထိုအတ္တသည် အကျိုးစီးပွား ရှိသည် မရှိသည်ကို ပြောပြတတ်၏၊ သုခအစရှိသည်ကို ခံစားတတ်၏၊ အလုံးစုံသော အာရုံတို့ကို သိတတ်၏၊ မိမိကိုယ်တိုင် သိတတ် သူတစ်ပါးတို့သည် သိအပ်၏'' ---- (ဇီဝအတ္တကို ဆိုလိုသည်။) ဤသို့ ကြံဆအပ်သော သုခ ဒုက္ခကို ခံစားတတ်သော အတ္တမှလည်းကောင်း၊
巴利原文(缅文转写):‘ဗြဟ္မာ မဟာဗြဟ္မာ သေဋ္ဌော သဇိတာ။’ 缘起轮回有轮,只是由无明等因法而有行等果法生起的法则。因此,除了无明等因法之外,并不存在这样的作者:人们设想“他是梵天、大梵天,超胜一切有情,是创造者”(《长部》1-17),把它称为能造轮回的梵天、波阇波提天、自在天或原人等,也就是所谓创造者最高我。也不存在这样的受者我:人们设想“我的这个我能说有益无益之事,能感受乐等,能认识一切所缘,能自知,也能为他人所知”,这就是所谓生命我,它能感受苦乐。
ဤနှစ်မျိုးသော ကာရကအတ္တ (ပရမတ္တ)၊ ဝေဒကအတ္တ (ဇီဝအတ္တ)တို့မှ ကင်းဆိတ်ရကား ယင်းကြောင်း- ကျိုးဆက် = ပဋိစ္စသမုပ္ပါဒ်သဘောတရားသည် ကာရကအတ္တ ဝေဒကအတ္တတို့မှ ကင်းဆိတ်၏ဟု သိပါလေ။
由于空离这两种我——作为作者我的最高我和作为受者我的生命我——应知这套因果相续的缘起法则空离作者我与受者我。
(အဘိ-ဋ္ဌ-၂-၁၈၁။)
(《阿毗达磨义注》2-181。)
ဓုဝ - သုဘ - သုခ - အတ္တတို့မှ ဆိတ်၏
空离常、净、乐、我
တစ်ဖန် ဤပဋိစ္စသမုပ္ပါဒ် သံသရာဘဝစက်၌ အဝိဇ္ဇာသည် ဖြစ်ခြင်း ပျက်ခြင်း သဘောရှိသည်၏ အဖြစ်- ကြောင့် ခိုင်မြဲသည့် = ဓုဝသဘောမှ ကင်းဆိတ်၏။ ။ ပူပန်စေတတ် နှိပ်စက်တတ်သော အာသဝေါတရားစသော ကိလေသာတို့သည် ပူပန်စေအပ် နှိပ်စက်အပ်သည်၏ အဖြစ်ကြောင့်လည်းကောင်း၊ ပူပန်စေတတ် နှိပ်စက်တတ် သော ရာဂ ဒေါသ မာန်မာနစသော ကိလေသာကို ရခြင်းငှာ ထိုက်သည်၏ အဖြစ်ကြောင့်လည်းကောင်း သုဘ၏ အဖြစ်မှလည်း ကင်းဆိတ်၏။ ။ ဖြစ်ခြင်း ပျက်ခြင်းသဘောသည် နှိပ်စက်အပ်သည်၏ အဖြစ်ကြောင့် သုခ၏
再者,在这缘起轮回有轮中,无明具有生灭的性质,所以空离坚固常住之“常”。它既受漏等烦恼逼迫,又会招致贪、瞋、慢等能逼迫的烦恼,所以空离“净”;又受生灭逼迫,所以空离“乐”——
原书第 559 页
ပဋိစ္စသမုပ္ပါဒ်ပိုင်း - အပိုင်း (ခ) အဖြစ်မှလည်း ကင်းဆိတ်၏။ ။ အာသဝစသော အကြောင်းတရားနှင့် စပ်သော = အကြောင်းတရား၌ စပ်သော ဖြစ်ခြင်းသဘောရှိသည်၏ အဖြစ်ကြောင့် အလိုသို့ လိုက်စေတတ်သည်ဖြစ်၍ ဖြစ်သော အတ္တ၏ အဖြစ်မှလည်း ကင်းဆိတ်၏။ ။ သင်္ခါရစသော ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ် အားလုံးတို့သည်လည်း ထို့အတူ ဓုဝ-သုဘ-သုခ-အတ္တ တို့မှ ကင်းဆိတ်ကြကုန်သည်သာ ဖြစ်ကုန်၏။
——它依赖漏等因法而生,不能随欲自在,所以也空离“我”。行等一切缘起支也同样空离常、净、乐、我。
တစ်နည်းဆိုရသော် ---- အဝိဇ္ဇာသည် ---- ၁။ အတ္တလည်း မဟုတ်၊ ၂။ အတ္တ၏ ဥစ္စာလည်း မဟုတ်၊ ၃။ အတ္တ၌လည်း မရှိ၊ ၄။ အတ္တလည်း မရှိ၊ သင်္ခါရအစရှိကုန်သော အင်္ဂါရပ်တို့သည်လည်း ထို့အတူပင်တည်း။ ထို့ကြောင့် ဤပဋိစ္စသမုပ္ပါဒ် သံသရာ ဘဝစက်သည် တစ်နည်း သံသရာဘဝစက်၏ အင်္ဂါရပ် (၁၂)ပါးတို့သည် ဓုဝ-သုဘ-သုခ-အတ္တဟူသော ဆိတ်သုဥ်းခြင်းဖြင့် ဆိတ်သုဥ်း၏ဟူ၍ သိပါလေ။ (အဘိ-ဋ္ဌ-၂-၁၈၁။ ဝိသုဒ္ဓိ-၂-၂၁၃။) တစ်ဖန် ဤပဋိစ္စသမုပ္ပါဒ် သံသရာဘဝစက်၌ ---- ၁။ မူလ (၂)ပါး၊ ၂။ အဓွန့်ကာလ (၃)ပါး၊ ၃။ အင်္ဂါ (၁၂)ပါး၊ ၄။ အစပ် (၃)ပါး၊ ၅။ အလွှာ (၄)ပါး၊ ၆။ ခြင်းရာ (၂ဝ) ရှိပေသည်။
换一种说法:无明一、不是我;二、不是我所有;三、不在我中;四、其中也没有我。行等其余诸支也同样如此。因此,应知这缘起轮回有轮——也就是轮回有轮的十二支——以空离常、净、乐、我而为空。(《阿毗达磨义注》2-181;《清净之道》2-213。)再者,这缘起轮回有轮具有:一、二根;二、三时;三、十二支;四、三连结;五、四层;六、二十行相。
မူလ (၂) ပါး
二根
ထိုပဋိစ္စသမုပ္ပါဒ် သံသရာဘဝစက်ဝယ် အဝိဇ္ဇာနှင့် တဏှာဟု အရင်းမူလ ပဓာနတရား နှစ်ပါးရှိ၏။ ထိုတွင် အဝိဇ္ဇာဟူသော အရင်းမူလ ပဓာနတရားသည် အဝိဇ္ဇာ သင်္ခါရဟူသော ရှေးအတိတ်ဖြစ်သော အကြောင်းအဖို့မှ စ၍ ဝိညာဏ်-နာမ်ရုပ်-သဠာယတန-ဖဿ-ဝေဒနာ ဟူသော ဝေဒနာတွင်ဆုံးသော ပစ္စုပ္ပန် အကျိုးဝိပါက်ကို ဆောင်ထားတတ်သောကြောင့် အရင်းမူလ ပဓာနတရား မည်၏။
这缘起轮回有轮有无明与爱两项根本主法。其中,无明这一根本主法,从过去因分的无明、行开始,能够带来以识、名色、六处、触、受组成并以受为终点的现在异熟果,所以称为根本主法。
ဝေဒနာ၏ နောက်၌ - ဝေဒနာပစ္စယာ တဏှာ - ဟု တဏှာကို တွေ့ရ၏။ ပဋိစ္စသမုပ္ပါဒ် သံသရာဘဝစက်၌ ရှေးအဖို့၊ နောက်အဖို့ဟု နှစ်ဖို့ရှိသည်တွင် အဝိဇ္ဇာသည် ရှေးအဖို့အတွက် အစဖြစ်၏၊ တဏှာသည် နောက်အဖို့ အတွက် အစဖြစ်၏။ ဥပါဒါန် ကမ္မဘဝဟူသော အကြောင်း၊ ဥပပတ္တိဘဝဟု ခေါ်ဆိုအပ်သော တစ်နည်း ဇာတိဟု ခေါ်ဆိုအပ်သော ဝိညာဏ်-နာမ်ရုပ်-သဠာယတန-ဖဿ-ဝေဒနာ ဟူသော အကျိုးတရားတို့ကို ဆက်သွယ်လျက် ယင်းတဏှာသည် ချဲ့တတ် ဖြန့်တတ်သောကြောင့် အနာဂတ်အဖို့ကို ဆက်စပ်လျက် ချဲ့တတ် ဖြန့်တတ်သော အရင်းမူလ ပဓာနတရား မည်၏။
受之后,依“vedanāpaccayā taṇhā——缘受而有爱”而见到爱。缘起轮回有轮分为前分与后分:无明是前分的起点,爱是后分的起点。爱连接取与业有这些因法,以及称为生有、又称为生的识、名色、六处、触、受这些果法,并由此扩展、延续到未来分,所以称为能延展未来分的根本主法。
ထိုရှေ့ပိုင်း ပဋိစ္စသမုပ္ပါဒ် သံသရာဘဝစက်၊ နောက်ပိုင်း ပဋိစ္စသမုပ္ပါဒ် သံသရာဘဝစက်ဟု ဘဝစက် နှစ်မျိုးတို့တွင် ရှေးပိုင်း သံသရာဘဝစက်ကို ဒိဋ္ဌိစရိုက်ထူပြောသူတို့၏ အစွမ်းဖြင့် ဟောတော်မူအပ်၏၊
在前分缘起轮回有轮与后分缘起轮回有轮这两轮之中,前分有轮是针对见行偏盛者而宣说——
原书第 560 页
နောက်ပိုင်း သံသရာဘဝစက်ကို တဏှာစရိုက်ထူပြောသူတို့၏ အစွမ်းဖြင့် ဟောတော်မူအပ်၏။
——后分有轮则针对爱行偏盛者而宣说。
(အဘိ-ဋ္ဌ-၂-၁၈၁။ ဝိသုဒ္ဓိ-၂-၂၁၃။)
(《阿毗达磨义注》2-181;《清净之道》2-213。)
မှန်ပေသည် ----- အဝိဇ္ဇာသည် ပရမတ္ထဓမ္မသဘာဝဟူသော တရားစစ် တရားမှန်တို့၏ မှန်သော သဘောကို မသိအောင် ဖုံးထား၏၊ ထိုဖုံးထားမှု အဝိဇ္ဇာသည် အာရုံကို မှားမှားယွင်းယွင်း နှလုံးသွင်းခြင်း ဟူသော အယူမှားမှုကို ပြုလျက် နဂိုက ဒိဋ္ဌိစရိုက်ရှိနေသူတို့ကို သံသရာမှ မလွတ်နိုင်အောင် သံသရာထဲ၌ ဆွဲဆောင်၍ ထားသကဲ့သို့ ဖြစ်၏။ ထိုကြောင့် အဝိဇ္ဇာသည် ဒိဋ္ဌိစရိုက်ရှိသူတို့ကို သံသရာထဲ၌ ဆွဲဆောင် ထားတတ်၏။ တစ်နည်းဆိုရသော် ဒိဋ္ဌိစရိုက်ရှိသူတို့၏ အဝိဇ္ဇာသည် သံသရာကို ဆောင်တတ် ဖြစ်စေတတ်၏။
确实,无明遮蔽胜义法的真实本质,使人不能如实了知。无明以错误作意所缘而造成邪执,仿佛把本来见行偏盛者牵留在轮回中,使其不得出离。因此说,无明能把见行偏盛者牵留于轮回;换言之,见行偏盛者相续中的无明能够招引、造成轮回。
ဖဿ၏ ကိုယ်ပိုင် သဘာဝလက္ခဏာသဘောမှန်ဖြစ်သော ဖုသနသဘောကို အဝိဇ္ဇာက ဖုံးလွှမ်းထား- သောကြောင့် အာရုံကို တွေ့ထိသောအခါ ဖဿကို မသိဘဲ အတ္တက တွေ့ထိ၏ဟု မှားမှားယွင်းယွင်း နှလုံး သွင်းခြင်းကို အဝိဇ္ဇာသည် ပြုလုပ်လျက် ဒိဋ္ဌိစရိုက် ရှိသူတို့ကို သံသရာထဲ၌ ဆွဲဆောင်ထားတတ်၏။ တစ်နည်း ဆိုသော် ဒိဋ္ဌိစရိုက်ရှိသူတို့၏ သန္တာန်ဝယ် သင်္ခါရ အစရှိသည်တို့၏ ဖြစ်ခြင်းဟူသော သံသရာကို ဆွဲဆောင် တတ်၏ ဖြစ်စေတတ်၏။ (မူလဋီ-၂-၁၂၆။) ဤ၌ ဖဿ၏ အာရုံကိုတွေ့ထိတတ်သော ဖုသနသဘော၊ ဝေဒနာ၏ အာရုံ၏အရသာကို ခံစားတတ်- သော အနုဘဝနသဘောကို --- အတ္တက တွေ့ထိ၏၊ အတ္တက ခံစား၏ --- ဟု မှားမှားယွင်းယွင်း နှလုံးသွင်းခြင်းကို ပြုတတ်သော တရားကား အဝိဇ္ဇာမဟုတ်၊ ဒိဋ္ဌိတည်း။ ထိုဒိဋ္ဌိသည် အဝိဇ္ဇာကြောင့် ဖြစ်ရကား အကြောင်းဖြစ်သော အဝိဇ္ဇာအပေါ်၌ ဒိဋ္ဌိ၏ အာရုံကို မှားမှားယွင်းယွင်း နှလုံးသွင်းခြင်းကို ပြုလုပ်တတ်သော ကတ္တုသတ္တိကို တင်စား
无明遮蔽触自身真实的触击特相,所以接触所缘时,人不知那是触,反而错误作意为“我接触所缘”;无明如此把见行偏盛者牵留于轮回。换言之,它能在见行偏盛者的相续中引生以行等生起为内容的轮回。(《根本复注》2-126。)这里,真正把触之触击所缘的特相、受之体验所缘滋味的特相错误作意为“我接触、我感受”的法,并不是无明,而是见。由于这种见由无明而生,论中便把作为结果之见的错误作意能力,借用于作为原因的无明——
၍ အဝိဇ္ဇာကိုပင် အာရုံကို မှားယွင်းစွာ နှလုံးသွင်းမှုကို ပြုလုပ်တတ်သော ကတ္တားအဖြစ်ဖြင့် ဆိုထားသည်။
——因而说无明本身是错误作意所缘的作者。
ဖလူပစာရ၊ တဒ္ဓမ္မူပစာရတည်း။ အကျိုး၏ အမည်ကို အကြောင်း၌ တင်စား၍ ခေါ်ဝေါ်သုံးစွဲထားသော စကား ဟူလိုသည်။ (အနုဋီ-၂-၁၃၆။) တစ်နည်း --- သတ္တဝါဟူသည် အတ္တတည်း။ ''ထိုအတ္တသည် သေလျှင် ပြတ်၏''ဟူသော အယူသည် ဥစ္ဆေဒဒိဋ္ဌိတည်း။ ထိုဥစ္ဆေဒဒိဋ္ဌိကို အကြွင်းမဲ့ ဖြတ်တောက်ပယ်စွန့်ဖို့ရာ ''အဝိဇ္ဇာပစ္စယာ သင်္ခါရာ ။ ပ ။ ဖဿ- ပစ္စယာ ဝေဒနာ'' တိုင်အောင်သော ပထမဘဝစက်ကို ဟောတော်မူအပ်၏။ သင်္ခါရစသော အကျိုးတရားတို့၏ ဖြစ်ခြင်းက အဝိဇ္ဇာစသော အကြောင်းတရားတို့၏ အဆက်မပြတ်ခြင်းကို ထင်ရှားပြ၏။ အကျိုးတရားမရှိဘဲ အကြောင်းတရားမျှတွင် ရပ်နေလျှင်ကား သံသရာဘဝစက်သည် အဆက်ပြတ်၏ဟု ဆိုသင့်၏၊ သို့သော် ထိုသို့ အဆက်မပြတ်ပုံကို အကျိုးတရား၏ ဖြစ်ခြင်းက ထင်ရှားပြ၏။ သင်္ခါရစသော အကျိုးတရားတို့၏ ဖြစ်ခြင်းက အဝိဇ္ဇာစသော အကြောင်းတရားတို့၏ မပြတ်မစဲခြင်းကို ထင်ရှားပြခြင်းကြောင့် ဥစ္ဆေဒဒိဋ္ဌိကို အကြွင်းမဲ့ ဖြတ်-
这叫作果借称与同法借称,也就是把结果的名称借用于原因。(《随复注》2-136。)另一种解释是:所谓有情,就是我;主张“这个我死后便断灭”,就是断灭见。为了无余断除断灭见,世尊宣说从“avijjāpaccayā saṅkhārā——缘无明而有行”直到“phassapaccayā vedanā——缘触而有受”的第一有轮。行等果法的生起,显示无明等因法相续不断;若只有因法而没有果法,有轮才应称为中断。可是果法的不断生起清楚显示因法不断,因此,为了无余断除断灭见而宣说第一有轮——
တောက် ပယ်စွန့်ဖို့ရာ ပထမဘဝစက်ကို ဟောတော်မူအပ်၏ဟု သိနိုင်၏။ (အဘိ-ဋ္ဌ-၂-၁၈၁။ ဝိသုဒ္ဓိ-၂-၂၁၃၊၊) တဏှာမှ စ၍ ဇရာမရဏတိုင်အောင်သော ဒုတိယဘဝစက်ကို သဿတဒိဋ္ဌိ = အတ္တသည် မြဲ၏ဟု ယူသော အယူဝါဒကို ပယ်စွန့်ဖို့ရာ ဟောတော်မူ၏။ အဘယ်ကြောင့် သိနိုင်သနည်း --- ဖြစ်သမျှ အကြောင်း တရား အကျိုးတရားတို့မှာ တစ်ဘဝအတွက် ဇရာမရဏဟူသော အဆုံးသတ်တရား ရှိနေသည့်အတွက်ကြောင့် သဿတ = မြဲ၏ဟု မရှိနိုင်ကြောင်းကို ဒုတိယဘဝစက်က ထင်ရှားပြသောကြောင့် သိနိုင်သည်။
——应当这样理解。(《阿毗达磨义注》2-181;《清净之道》2-213。)从爱直到老死的第二有轮,是为了舍断主张“我恒常”的常见而宣说。为什么可以这样知道?因为一生中的一切因法与果法都以老死为终结;第二有轮由此清楚显示它们并非常住。
(အဘိ-ဋ္ဌ-၂-၁၈၁။ ဝိသုဒ္ဓိ-၂-၂၁၃။)
(《阿毗达磨义注》2-181;《清净之道》2-213。)
ပထမဘဝစက်၌ --- ''ဝိညာဏပစ္စယာ နာမရူပံ'' --- ဝယ် စက္ခုစသော အာယတနများ မပြည့်စုံသေးသော ကလလရေကြည်တည်စခိုက် ရုပ်နာမ်ဖြစ်ပုံကို ပြ၏။ ထိုနောက်မှ --- ''နာမရူပပစ္စယာ သဠာယတနံ'' --- ဟု
在第一有轮中,“viññāṇapaccayā nāmarūpaṃ——缘识而有名色”显示眼处等诸处尚未完备的羯罗蓝凝结阶段,名色如何生起;随后再以“nāmarūpapaccayā saḷāyatanaṃ——缘名色而有六处”——
原书第 561 页
ပဋိစ္စသမုပ္ပါဒ်ပိုင်း - အပိုင်း (ခ) စက္ခုစသော အာယတနတို့၏ ဖြစ်ပုံကို ပြ၏။ ထိုကြောင့် အမိဝမ်းတွင်း၌ ပဋိသန္ဓေတည်နေကြရသော ဂဗ္ဘသေ- ယျကသတ္တဝါတို့၏ ဖြစ်ပုံနှင့် ကိုက်ညီသော အာယတနတို့၏ အစဥ်အတိုင်း ဖြစ်ပုံကို ပြသောကြောင့် ရှေးပိုင်း ဘဝစက်ကို ဂဗ္ဘသေယျကသတ္တဝါတို့အတွက် ဟောတော်မူအပ်၏ဟု သိနိုင်၏။
——显示眼处等诸处如何依次生起。这个次第符合胎生有情在母胎中结生后诸处逐渐生起的过程,所以应知前分有轮是针对胎生有情而宣说。
နောက်ပိုင်း ဘဝစက်၌ကား --- ''ဘဝပစ္စယာ ဇာတိ'' - ဟု ဟောတော်မူလိုက်လျှင် စက္ခုစသော အာယတန များလည်း ဥပပတ္တိဘဝ ဇာတိတို့အရတွင် ပါဝင်၏၊ ကိုယ်ထင်ရှားဖြစ်ကြရသော သြပပါတိကသတ္တဝါတို့၌လည်း စက္ခုစသော အာယတနများသည် ပဋိသန္ဓေအခါ၌ တစ်ပြိုင်နက် ဖြစ်ကြ၏။ ထိုကြောင့် ဒုတိယဘဝစက်ကို သြပပါတိကသတ္တဝါတို့အတွက် ဟောတော်မူသည်ဟု သိနိုင်ပါသည်။ (အဘိ-ဋ္ဌ-၂-၁၈၁။ ဝိသုဒ္ဓိ-၂-၂၁၃။)
在后分有轮中,一说“bhavapaccayā jāti——缘有而有生”,眼处等诸处也已包括在生有、即生之中;对于化生有情,眼处等诸处也在结生时同时生起。因此,应知第二有轮是针对化生有情而宣说。(《阿毗达磨义注》2-181;《清净之道》2-213。)
အဓွန့်ကာလ (၃) ပါး
三时
အတိတ်-ပစ္စုပ္ပန်-အနာဂတ်ဟု အဓွန့်ကာလ သုံးပါး ရှိ၏။
共有过去、现在、未来三时。
၁။ အဝိဇ္ဇာ-သင်္ခါရတို့ကား အတိတ်တရားစုတို့တည်း။
一、无明与行属于过去法组。
၂။ ဝိညာဏ်မှသည် ဘဝတိုင်အောင် တရားစုတို့ကား ပစ္စုပ္ပန်တရားစုတို့တည်း။
二、从识直到有的诸法属于现在法组。
၃။ ဇာတိ-ဇရာမရဏ နှစ်ပါးတို့ကား အနာဂတ်တရားစုတို့တည်း။ (အဘိ-ဋ္ဌ-၂-၁၈၁။ ဝိသုဒ္ဓိ-၂-၂၁၃။)
三、生与老死属于未来法组。(《阿毗达磨义注》2-181;《清净之道》2-213。)
အင်္ဂါ (၁၂) ပါး
十二支
အဝိဇ္ဇာ၊ သင်္ခါရ၊ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ဘဝ၊ ဇာတိ၊ ဇရာမရဏဟု ပဋိစ္စသမုပ္ပါဒ်အင်္ဂါ (၁၂)ရပ် ရှိပေသည်။
缘起共有十二支:无明、行、识、名色、六处、触、受、爱、取、有、生、老死。
အစပ် (၃) ပါး
三连结
၁။ သင်္ခါရနှင့် ပဋိသန္ဓေဝိညာဏ်၏ အကြား၌ အတိတ်အကြောင်းနှင့် ပစ္စုပ္ပန်အကျိုးတို့ ဆက်စပ်နေသော အစပ်တစ်ခု။ (သင်္ခါရကား အတိတ်အကြောင်းတရားတည်း။ ပဋိသန္ဓေဝိညာဏ်ကား ပစ္စုပ္ပန်အကျိုးတရားတည်း၊၊) ၂။ ဝေဒနာနှင့် တဏှာ၏ အကြား၌ ပစ္စုပ္ပန်အကျိုးတရားနှင့် ပစ္စုပ္ပန်အကြောင်းတရားတို့၏ ဆက်စပ်နေသော အစပ်တစ်ခု။ (ဝေဒနာကား အတိတ်အကြောင်းကြောင့်ဖြစ်သည့် ပစ္စုပ္ပန်အကျိုးတရားတည်း။ တဏှာကား နောင်အနာဂတ် ဝိပါကဝဋ်အတွက် ပစ္စုပ္ပန်တွင် ပြုစုပျိုးထောင်နေသော ပစ္စုပ္ပန်အကြောင်းတရားတည်း။) ၃။ ဘဝနှင့် ဇာတိ၏ အကြား၌ ပစ္စုပ္ပန်အကြောင်းနှင့် အနာဂတ်အကျိုးတရားတို့ ဆက်စပ်နေသော အစပ် တစ်ခု။ (ဘဝကား ပစ္စုပ္ပန်အကြောင်းတရားတည်း။ ဇာတိကား အနာဂတ်အကျိုးတရားတည်း။) ဤသို့လျှင် အစပ်(၃)ပါး ရှိပေသည်။
一、行与结生识之间有一处连结,过去因与现在果在此相接。行是过去因法,结生识是现在果法。二、受与爱之间有一处连结,现在果法与现在因法在此相接。受是由过去因所生的现在果法,爱则是为了未来异熟轮而在现在培育的现在因法。三、有与生之间有一处连结,现在因与未来果在此相接。有是现在因法,生是未来果法。缘起诸支中共有这三处连结。
အလွှာ (၄) ပါး
四层
၁။ အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ သင်္ခါရ၊ ကံ - ဟူသော အတိတ်အကြောင်းတရား (၅)ပါး ---- တစ်လွှာ = အတိတ်အကြောင်း တစ်လွှာ။
一、无明、爱、取、行、业这五种过去因法,构成一层,即过去因层。
၂။ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ - ဟူသော ပစ္စုပ္ပန်အကျိုး (၅)ပါး ---- တစ်လွှာ = ပစ္စုပ္ပန်အကျိုး တစ်လွှာ။
二、识、名色、六处、触、受这五种现在果法,构成一层,即现在果层。
原书第 562 页
၃။ အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ သင်္ခါရ၊ ကံ - ဟူသော ပစ္စုပ္ပန်အကြောင်းတရား (၅)ပါး ---- တစ်လွှာ = ပစ္စုပ္ပန်အကြောင်း တစ်လွှာ။
三、无明、爱、取、行、业这五种现在因法,构成一层,即现在因层。
၄။ ဇာတိအမည်ရသော ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ - ဟူသော အနာဂတ်အကျိုးတရား- (၅)ပါး ---- တစ်လွှာ = အနာဂတ်အကျိုး တစ်လွှာ။
四、称为生的识、名色、六处、触、受这五种未来果法,构成一层,即未来果层。
ဤသို့လျှင် အလွှာ (၄)ပါး ရှိ၏။
如此共有四层。
ခြင်းရာ (၂ဝ)
二十行相
အတီတေ ဟေတဝေါ ပဉ္စ၊ ဣဒါနိ ဖလပဉ္စကံ။
巴利原文(缅文转写):‘အတီတေ ဟေတဝေါ ပဉ္စ၊ ဣဒါနိ ဖလပဉ္စကံ။’ 过去有五因,现在有五果;
ဣဒါနိ ဟေတဝေါ ပဉ္စ၊ အာယတိံ ဖလပဉ္စကံ။ (အဘိ-ဋ္ဌ-၂-၁၈၂။ ဝိသုဒ္ဓိ-၂-၂၁၄။)
巴利原文(缅文转写):‘ဣဒါနိ ဟေတဝေါ ပဉ္စ၊ အာယတိံ ဖလပဉ္စကံ။’ 现在有五因,未来有五果。(《阿毗达磨义注》2-182;《清净之道》2-214。)
၁။ အတိတ် အကြောင်းတရား (၅)ပါး ၂။ ပစ္စုပ္ပန် အကျိုးတရား (၅)ပါး ၃။ ပစ္စုပ္ပန် အကြောင်းတရား (၅)ပါး ၄။ အနာဂတ် အကျိုးတရား (၅)ပါး ဤသို့လျှင် ခြင်းရာ (၂ဝ) ရှိ၏။
一、五种过去因法;二、五种现在果法;三、五种现在因法;四、五种未来果法。如此共有二十行相。
ယောဂါဝစရပုဂ္ဂိုလ်သည်ကား ယင်း မူလ (၂)ပါး၊ ကာလ (၃)ပါး၊ အင်္ဂါ (၁၂)ပါး၊ အစပ် (၃)ပါး၊ အလွှာ (၄)ပါး၊ ခြင်းရာ (၂ဝ)ဟူသော ယင်းသဘောတရားတို့၏ မပြတ်မစဲ လည်ပတ်နေပုံကို ဉာဏ်ဖြင့် မြင်အောင် ရှုရမည် ဖြစ်ပေသည်။
瑜伽行者应以智照见:二根、三时、十二支、三连结、四层与二十行相这些法如何相续不断地运转。
原书第 563 页
ပဋိစ္စသမုပ္ပါဒ်ပိုင်း - အပိုင်း (ခ) ပစ္စုပ္ပန်ဘဝကို ဗဟိုထား၍ သံသရာစက်ရဟတ် လည်ပတ်ပုံကို ဖော်ပြသော ဇယားအမှတ် (၁)
表一:以现在有为中心,显示轮回之轮如何运转
原书第 564 页
ပထမ အတိတ်ဘဝကို ဗဟိုထား၍ သံသရာစက်ရဟတ် လည်ပတ်ပုံကို ဖော်ပြသော
表二:以第一过去世为中心,显示轮回之轮如何运转
原书第 565 页
ပဋိစ္စသမုပ္ပါဒ်ပိုင်း - အပိုင်း (ခ) ပထမ အနာဂတ်ဘဝကို ဗဟိုထား၍ အနာဂတ်ဘဝ အဆက်ဆက်၌ သံသရာစက်ရဟတ်
表三:以第一未来世为中心,显示轮回之轮如何在未来各世中运转
原书第 566 页
ဝဋ် (၃) ပါး လည်ပတ်ပုံ
三轮的运转方式
သင်္ခါရနှင့် ဘဝ = ကမ္မဘဝတို့ကား ကမ္မဝဋ်တည်း။ အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်တို့ကား ကိလေသဝဋ်တည်း။
行与有——即业有——属于业轮;无明、爱、取属于烦恼轮。
ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာတို့ကား ဝိပါကဝဋ်တည်း။ ဤသို့လျှင် ဤဝဋ် (၃)ပါးတို့ဖြင့် ဝဋ် (၃)ပါးရှိသော ဤပဋိစ္စသမုပ္ပါဒ် သံသရာဘဝစက်သည် ကိလေသဝဋ် မပြတ်မစဲသေးသမျှ ကာလပတ်လုံး မပြတ် သေးသော အကြောင်းတရားရှိသည်၏ အဖြစ်ကြောင့် ရဟတ်ပမာ လည်ပတ်၍သာ နေသည်ဟု သိရှိပါလေ။
识、名色、六处、触、受属于果报轮。由这三轮构成的缘起轮回有轮,只要烦恼轮尚未断绝,诸因便仍未断绝,因而会像轮子一般不断运转。应当这样了知。
(ဝိသုဒ္ဓိ-၂-၂၁၆။)
(《清净之道》2-216。)
အတိတ်အကြောင်းတရား (၅)ပါး၌ အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန် (၃)ပါးသည် ကိလေသဝဋ်တည်း။ သင်္ခါရနှင့် ကမ္မဘဝသည် ကမ္မဝဋ်တည်း။ ထိုကိလေသာ ကံတို့ကြောင့် ဤဘဝ၌ ပဋိသန္ဓေဝိညာဏ်မှစ၍ အကျိုး (၅)ပါး ဖြစ်ရကား ကိလေသနှင့် ကမ္မသည် ဝိပါကနှင့် ဆက်စပ်လျက် လည်ပတ်နေသကဲ့သို့ ဖြစ်သောကြောင့် ဝဋ္ဋ = ဝဋ်မည်၏။ ဝဋ္ဋသဒ္ဒါသည် အဖန်ဖန် အထပ်ထပ် လည်ပတ်ခြင်း အနက်ကို ဟော၏။ တစ်ဖန် ဝိညာဏ်စသော ပစ္စုပ္ပန်အကျိုးတရား (၅)ပါးသည်လည်း ပစ္စုပ္ပန်အကြောင်းတရားများဖြစ်ကြသော အဝိဇ္ဇာ တဏှာ ဥပါဒါန် ဟူသော ကိလေသ၊ သင်္ခါရ ကမ္မဘဝဟူသော ကမ္မနှင့်ဆက်စပ်လျက် လည်ပတ်နေသကဲ့သို့ ဖြစ်သောကြောင့် ဝဋ္ဋ အမည်ရသည်။
过去五因中的无明、爱、取属于烦恼轮,行与业有属于业轮。由于这些烦恼与业,今生便有从结生识开始的五果;烦恼、业与果报如此相连而转,所以称为vaṭṭa——轮。vaṭṭa一词表示一再反复运转。现在的识等五果,又与现在因中的无明、爱、取这些烦恼,以及行、业有这些业相连而转,故也称为轮。
ထိုပဋိစ္စသမုပ္ပါဒ် သံသရာဘဝစက်၌ ရှေးဘဝ၌ ပြုစုပျိုးထောင်ခဲ့သော ကမ္မသမ္ဘာရ - အမည်ရသော အကျိုးတရားကို တိုးပွားစေတတ်ကုန်သော ကံအဆောက်အဦတို့ကား (၅)ပါးတို့တည်း။ (အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ သင်္ခါရ၊ ကံတို့တည်း။) ဤပစ္စုပ္ပန်ဘဝ၌ ဝိပါကဓမ္မ အမည်ရသော အကျိုးတရားတို့ကား (၅)ပါး တို့တည်း။ (ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာတို့တည်း။) ဤပစ္စုပ္ပန်ဘဝ၌ ပြုစုပျိုးထောင်ထားအပ်ကုန်သော ကမ္မသမ္ဘာရအမည်ရသော အကျိုးတရားကို တိုးပွား စေတတ်ကုန်သော ကံအဆောက်အဦတို့ကား (၅)ပါးတို့တည်း။ အနာဂတ်ဘဝ၌ ဝိပါကဓမ္မ အမည်ရသော အကျိုးတရားတို့ကား (၅)ပါးတို့တည်း။
在这缘起轮回有轮中,过去世所培育、称为业资粮、能增长果法的业建构有五项,即无明、爱、取、行、业。今生称为果报法的果法也有五项,即识、名色、六处、触、受。今生所培育、称为业资粮、能增长果法的业建构同样有五项;未来世称为果报法的果法也有五项。
ဤသို့လျှင် (၁ဝ)ပါးကုန်သော တရားတို့သည် ကမ္မ = ကံတည်း။ (၁ဝ)ပါးကုန်သော တရားတို့သည် ဝိပါက = ဝိပါက်အကျိုးတရားတည်း။ ဤသို့လျှင် အတိတ် ပစ္စုပ္ပန် နှစ်ဌာနတို့၌ ပြုစုပျိုးထောင်ထားအပ်သော ကံသည် ကမ္မမည်၏။ ပစ္စုပ္ပန် အနာဂတ် နှစ်ဌာနတို့၌ ဝိပါကသည် အကျိုးဝိပါက် မည်၏။ ဤသို့လျှင် ပစ္စယာကာရဝဋ္ဋ အမည်ရသော ဤပဋိစ္စသမုပ္ပါဒ် သံသရာဘဝစက်သည် ကမ္မနှင့် ကမ္မဝိပါကသာ ဖြစ်၏ = ကံနှင့် ကံ၏ အကျိုးတရားသာ ဖြစ်၏။ (အဘိ-ဋ္ဌ-၂-၁၈၄။) ဒသ ဓမ္မာ ကမ္မံ --- ကံ (၁ဝ)ပါး --- အကြောင်းတရား (၅)ပါးတွင် ပါဝင်သော အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရတို့သည် ကံ၏ အဖော်သဟာယ် ဖြစ်၍ ကံနှင့် သဘောတူသောကြောင့်လည်းကောင်း၊ ကံအား ကျေးဇူး- များသောကြောင့်လည်းကောင်း ကံဟု ဆိုနိုင်၏။ (မူလဋီ-၂-၁၂၇။) ထို (၅)ပါးသည် အတိတ်အကြောင်း (၅)ပါး၊ ပစ္စုပ္ပန်အကြောင်း (၅)ပါး အားဖြင့် (၁ဝ)ပါး ဖြစ်၏။ ဝိပါကဓမ္မ၌လည်း ပစ္စုပ္ပန်အကျိုး (၅)ပါး၊ အနာဂတ်အကျိုး
因此,十种法统称为业,十种法统称为果报:过去与现在两时所培育的是业,现在与未来两时的果报是业果。由此,称为缘相轮的这套缘起轮回有轮,唯是业与业果。(《阿毗达磨义注》2-184。)“十法为业”——因法五项中的无明、爱、取、行与业相伴、性质相同,又大力资助业,故可通称为业。(《根本复注》2-127。)过去五因与现在五因合为十项;果报法方面,现在五果与未来五果——
(၅)ပါးအားဖြင့် (၁ဝ)ပါးပင် ဖြစ်၏။
——也合为十项。
တစ်ဖန် အတိတ် ပစ္စုပ္ပန် နှစ်ဌာနတို့၌ ကံသည် ကမ္မသင်္ခေပတည်း။ အဝိဇ္ဇာ တဏှာစသော အကြောင်း တရားတို့ကို အကျဥ်းချုံးထားအပ်သော ကံတည်း။ ပစ္စုပ္ပန် အနာဂတ်ဟူသော နှစ်ဌာနတို့၌ ဝိပါကသည် ဝိပါကသင်္ခေပတည်း။ ဝိညာဏ်စသည်တို့ကို အကျဥ်းချုံးထားသော ဝိပါက်တည်း။ ဤသို့လျှင် အလုံးစုံသော ဤ ဘဝစက်သည် ကမ္မသင်္ခေပသည်လည်းကောင်း၊ ဝိပါကသင်္ခေပသည်လည်းကောင်း ဖြစ်၏။
又,过去与现在两时的业称为业略,即把无明、爱等因法总摄于业;现在与未来两时的果报称为果报略,即把识等总摄于果报。由此,整个有轮既是业略,也是果报略。
原书第 567 页
ပဋိစ္စသမုပ္ပါဒ်ပိုင်း - အပိုင်း (ခ) အတိတ် ပစ္စုပ္ပန် နှစ်ဌာနတို့၌ ကံသည် ကမ္မဝဋ်တည်း။ ပစ္စုပ္ပန် အနာဂတ် နှစ်ဌာနတို့၌ ဝိပါကသည် ဝိပါကဝဋ်တည်း။ လည်ပတ်တတ်သော ကံနှင့် လည်ပတ်တတ်သော ဝိပါက်တည်း။ ဤသို့လျှင် အလုံးစုံလည်း ဖြစ်သော ဤဘဝစက်သည် ကမ္မဝဋ်သည်လည်းကောင်း၊ ဝိပါကဝဋ်သည်လည်းကောင်း ဖြစ်ပေ၏။
过去与现在两时的业属于业轮,现在与未来两时的果报属于果报轮,也就是运转的业与运转的果报。由此,整个有轮既是业轮,也是果报轮。
တစ်ဖန် အတိတ် ပစ္စုပ္ပန် နှစ်ဌာနတို့၌ ကံသည် ကမ္မဘဝတည်း။ ပစ္စုပ္ပန် အနာဂတ်ဟူသော နှစ်ဌာန တို့၌ ဝိပါကသည် ဝိပါကဘဝတည်း။ ဤသို့လျှင် အလုံးစုံလည်းဖြစ်သော ဤဘဝစက်သည် ကမ္မဘဝသည် လည်းကောင်း၊ ဝိပါကဘဝသည်လည်းကောင်း ဖြစ်ပေ၏။
又,过去与现在两时的业是业有,现在与未来两时的果报是果报有。由此,整个有轮既是业有,也是果报有。
အတိတ် ပစ္စုပ္ပန် နှစ်ဌာနတို့၌ ကံသည် ကမ္မပဝတ္တတည်း = အဆက်မပြတ်ဖြစ်သော ကံအယဥ်တည်း။
过去与现在两时的业是业流,即相续不断的业之流。
ပစ္စုပ္ပန် အနာဂတ် နှစ်ဌာနတို့၌ ဝိပါကသည် ဝိပါကပဝတ္တတည်း = အဆက်မပြတ်ဖြစ်သော အကျိုးအယဥ်တည်း။
现在与未来两时的果报是果报流,即相续不断的果之流。
ဤသို့လျှင် အလုံးစုံလည်းဖြစ်သော ဤဘဝစက်သည် ကမ္မပဝတ္တသည်လည်းကောင်း၊ ဝိပါကပဝတ္တသည်လည်း- ကောင်း ဖြစ်ပေ၏။
由此,整个有轮既是业流,也是果报流。
တစ်ဖန် အတိတ် ပစ္စုပ္ပန် နှစ်ဌာနတို့၌ ကံသည် ကမ္မသန္တတိ = ကံအစဥ်အတန်းတည်း။ ပစ္စုပ္ပန် အနာဂတ် နှစ်ဌာနတို့၌ ဝိပါကသည် ဝိပါကသန္တတိ = ဝိပါက်အစဥ်အတန်းတည်း။ ဤသို့လျှင် အလုံးစုံလည်းဖြစ်သော ဤဘဝစက်သည် ကမ္မသန္တတိ = ကံအစဥ်သည်လည်းကောင်း၊ ဝိပါကသန္တတိ = ဝိပါက်အစဥ်သည်လည်းကောင်း ဖြစ်ပေ၏။
又,过去与现在两时的业是业相续;现在与未来两时的果报是果报相续。由此,整个有轮既是业相续,也是果报相续。
အတိတ် ပစ္စုပ္ပန် နှစ်ဌာနတို့၌ ကံသည် ကိရိယာ = ပြုအပ်သော ကံ မည်၏။ ပစ္စုပ္ပန် အနာဂတ် နှစ်ဌာန တို့၌ ဝိပါကသည် ကိရိယာဖလ = ပြုအပ်သော ကံ၏ အကျိုး မည်၏။ ဤသို့လျှင် အလုံးစုံသော ဤဘဝစက် သည် ကိရိယာသည်လည်းကောင်း၊ ကိရိယာ၏ အကျိုးသည်လည်းကောင်း ဖြစ်ပေ၏ဟု မှတ်သားပါ။
过去与现在两时的业称为所作;现在与未来两时的果报称为所作之果。应当知道,整个有轮既是所作,也是所作之果。
(အဘိ-ဋ္ဌ-၂-၁၈၄။)
(《阿毗达磨义注》2-184。)
ဧဝံ သမုပ္ပန္နမိဒံ သဟေတုကံ၊ ဒုက္ခံ အနိစ္စံ စလမိတ္တရဒ္ဓုဝံ။
巴利原文(缅文转写):‘ဧဝံ သမုပ္ပန္နမိဒံ သဟေတုကံ၊ ဒုက္ခံ အနိစ္စံ စလမိတ္တရဒ္ဓုဝံ။’ 如此依因而生的这一切,唯是苦、无常、动摇、短暂、不坚固;
ဓမ္မေဟိ ဓမ္မာ ပဘဝန္တိ ဟေတုသော၊ န ဟေတ္ထ အတ္တာ ဝ ပရော ဝ ဝိဇ္ဇတိ။
巴利原文(缅文转写):‘ဓမ္မေဟိ ဓမ္မာ ပဘဝန္တိ ဟေတုသော၊ န ဟေတ္ထ အတ္တာ ဝ ပရော ဝ ဝိဇ္ဇတိ။’ 诸法由诸法为因而生,其中既无我,也无他者;
ဓမ္မာ ဓမ္မေ သဉ္ဇနေန္တိ၊ ဟေတု သမ္ဘာရ ပစ္စယာ။
巴利原文(缅文转写):‘ဓမ္မာ ဓမ္မေ သဉ္ဇနေန္တိ၊ ဟေတု သမ္ဘာရ ပစ္စယာ။’ 诸法依因缘资粮,能生起诸法;
ဟေတူနဉ္စ နိရောဓာယ၊ ဓမ္မော ဗုဒ္ဓေန ဒေသိတော။
巴利原文(缅文转写):‘ဟေတူနဉ္စ နိရောဓာယ၊ ဓမ္မော ဗုဒ္ဓေန ဒေသိတော။’ 为使诸因止息,佛陀宣说正法;
ဟေတူသု ဥပရုဒ္ဓေသု၊ ဆိန္နံ ဝဋ္ဋံ န ဝဋ္ဋတိ။
巴利原文(缅文转写):‘ဟေတူသု ဥပရုဒ္ဓေသု၊ ဆိန္နံ ဝဋ္ဋံ န ဝဋ္ဋတိ။’ 诸因灭尽时,轮已斩断,不再转动;
ဧဝံ ဒုက္ခန္တ ကိရိယာယ၊ ဗြဟ္မစရိယိဓ ဝိဇ္ဇတိ။
巴利原文(缅文转写):‘ဧဝံ ဒုက္ခန္တ ကိရိယာယ၊ ဗြဟ္မစရိယိဓ ဝိဇ္ဇတိ။’ 为令苦终结,故此处有梵行;
သတ္တေ စ နုပလဗ္ဘန္တေ၊ နေဝုစ္ဆေဒေါ န သဿတံ။ (အဘိ-ဋ္ဌ-၂-၁၈၄။)
巴利原文(缅文转写):‘သတ္တေ စ နုပလဗ္ဘန္တေ၊ နေဝုစ္ဆေဒေါ န သဿတံ။’ 有情既不可得,便既非断灭,亦非常住。(《阿毗达磨义注》2-184。)
ဤဆိုအပ်ခဲ့ပြီးသော အစီအရင်ဖြင့် ဆိုင်ရာ ဆိုင်ရာ အကြောင်းတရားကြောင့် ကောင်းစွာ ဖြစ်ပေါ်၍ လာသော အကြောင်းတရားနှင့်တကွ ဖြစ်သော = (ဝိပါကဟူသော အကျိုးတရားကို ဖြစ်စေတတ်သော ကံ ဟူသော အကြောင်းတရားနှင့်တကွ ဖြစ်သော၊ သင်္ခါရဟူသော အကျိုးတရားကို ဖြစ်စေတတ်သော အဝိဇ္ဇာ စသော အကြောင်းတရားနှင့်တကွ ဖြစ်သော) ဤဘဝစက်သည် = ဘဝစက်ဟု ခေါ်ဆိုအပ်သော ပဋိစ္စ- သမုပ္ပါဒ်အင်္ဂါရပ်သည် --- ၁။ ဖြစ်ခြင်း ပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် ညှဥ်းပန်းနှိပ်စက် ခံနေရသည့်အတွက် ဒုက္ခသာတည်း။
依上述次第,由各自相应诸因善加生起、与因俱有的这套有轮——也就是称为有轮的诸缘起支——一、由于不断受生灭逼迫,唯是苦。这里所谓“与因俱有”,即与能生果报的业因俱有,也与能生行的无明等因俱有。
၂။ ဖြစ်ပြီး၍ ပျက်စီးရသောကြောင့် အနိစ္စသာတည်း။
二、生起以后必归坏灭,所以唯是无常。
原书第 568 页
၃။ ဌီကာလမှ ဘင်ကာလသို့ ယိုင်လဲလျက် ဖောက်ပြန်ခြင်းသို့ ကပ်ရောက်သောအားဖြင့် လှုပ်ရှားတတ်၏။
三、从住时趋向坏时,屈向变异而动摇,所以唯是动摇。
(စလသာတည်း။) ၄။ ဖြစ်ပြီးလျှင် ပြီးခြင်း ဘင်ခဏသို့ ကပ်ရောက်ရသောကြောင့် နည်းငယ်တိုလျ တစ်ခဏသာတည်း။
四、生起后立即趋向坏灭刹那,存在极短,所以唯是短暂。
(ဣတ္တရသာတည်း။) ၅။ မြဲမြံခိုင်ခံ့ တည်တံ့သောသဘော မရှိ။ (အဓုဝသာတည်း။) အကြောင်းတရားတို့ကြောင့် အကျိုးတရားတို့သည် သင့်သော အကြောင်းအားဖြင့် စ၍ ဖြစ်ကုန်၏။
五、不具坚固、长存的性质,所以唯是不坚固。由于诸因法具足,诸果法便依适当因缘生起。
မှန်ပေသည် --- ဤအကြောင်းတရား အကျိုးတရားတို့၌ မိမိသည်လည်းကောင်း၊ သူတစ်ပါးသည်လည်းကောင်း မရှိပေ။
确实,在这些因法与果法之中,既没有自己,也没有他者。
ကံသည် အကျိုးတရားတို့ကို တိုးပွားစေတတ်သော စွမ်းအားရှိ၏၊ ယင်းကံကို အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရတို့က အားပေး ထောက်ပံ့ထား၏။ ထိုကြောင့် အကျိုးတရားတို့ကို တိုးပွားစေတတ်သော အကြောင်း ဟူသော အထောက်အပံ့ကြောင့် အကြောင်းတရားတို့သည် အကျိုးတရားတို့ကို ကောင်းစွာ ဖြစ်စေကုန်၏။
业具有增长果法的力量,而业又受无明、爱、取、行支持。因此,依能增长果法的因缘资助,诸因法便能善加生起诸果法。
အဝိဇ္ဇာစသော အကြောင်းတရားတို့၏လည်း ချုပ်ငြိမ်းခြင်းငှာ သမ္မာသမ္ဗုဒ္ဓဘုရားရှင်သည် မဂ္ဂင် (၈)ပါး အကျင့် မြတ်တရားတည်းဟူသော ကျင့်စဥ်တရားကို ဟောကြားတော်မူအပ်ခဲ့လေပြီ။ အဝိဇ္ဇာစသော အကြောင်းတရား တို့သည် ချုပ်ပြီးကုန်လတ်သော် သံသရာဝဋ်မြစ်ကား ပြတ်စဲလေပြီ၊ ပြတ်ပြီးသော ဝဋ်တရားသည် မလည်ပတ် တော့ပေ။ ဤသို့လျှင် ဝဋ်ဒုက္ခ၏ အဆုံးကို ပြုခြင်းငှာ ဤသာသနာတော်၌ ဗြဟ္မစရိယ အမည်ရသော သီလ သမာဓိ ပညာ သိက္ခာသုံးရပ် အကျင့်မြတ်ဖြင့် သိမ်းကျုံးရေတွက်အပ်သော သာသနဗြဟ္မစရိယ၊ အရိယမဂ် တည်းဟူသော မဂ္ဂဗြဟ္မစရိယ ကျင့်စဥ်သည်လည်း ထင်ရှားရှိနေ၏။ ဤပဋိစ္စသမုပ္ပါဒ် သံသရာဘဝစက်၌ သတ္တဝါကို = အတ္တကိုသော်မျှလည်း မရအပ် မရနိုင်သည်၏ အဖြစ်ကြောင့် အတ္တသည် သေလျှင်ပြတ်၏ ဟူသော ဥစ္ဆေဒအယူဝါဒသည် မဖြစ်တော့၊ အတ္တသည် မြဲ၏ဟူသော သဿတအယူဝါဒသည်လည်း မရှိတော့ပေ။
为了使无明等因法止息,正自觉者宣说了以八支圣道为修行的正法。无明等因灭尽时,轮回之根即被斩断,已断之轮不再运转。为了终结轮回之苦,本教法中存在梵行:由戒、定、慧三学总摄的教法梵行,以及作为圣道的道梵行。由于在这缘起轮回有轮中根本找不到有情或我,便不成立“我死后断灭”的断灭见,也不成立“我恒常”的常见。
(အဘိ-ဋ္ဌ-၂-၁၈၄။)
(《阿毗达磨义注》2-184。)
သစ္စပ္ပဘဝ = သစ္စာအမွန်အစ
以谛为本源
ဤသို့ အကြောင်းတရားနှင့် အကျိုးတရားတို့ ဆက်စပ်လျက် အထပ်ထပ် မပြတ်တရစပ် ချာချာလည် လျက် လည်ပတ်နေသော ဤပဋိစ္စသမုပ္ပါဒ် သံသရာဘဝစက်ကို --- ၁။ အကျိုးသစ္စာတို့၏ အမွန်အစ စ၍ ဖြစ်ပေါ်လာရာ အကြောင်းသစ္စာအားဖြင့်လည်းကောင်း၊ ၂။ ကိစ္စအားဖြင့်လည်းကောင်း၊ ၃။ ဝါရဏ = တားမြစ်ခြင်းအားဖြင့်လည်းကောင်း၊ ၄။ ဥပမာတို့ဖြင့်လည်းကောင်း၊ ၅။ နက်နဲခြင်း ဂမ္ဘီရအပြားအားဖြင့်လည်းကောင်း၊ ၆။ နယ = နည်းအပြားအားဖြင့်လည်းကောင်း၊ ထိုက်သည့်အားလျော်စွာ သိထိုက်ပြန်ပေသည်။
这套因果相联、层层相续而不断旋转的缘起轮回有轮,还应依六方面适当了知:一、作为果谛本源的因谛;二、作用;三、遮止;四、譬喻;五、甚深的种类;六、方法。
တတ္ထ ယသ္မာ ကုသလာကုသလ ကမ္မံ အဝိသေသေန သမုဒယသစ္စန္တိ သစ္စဝိဘင်္ဂေ ဝုတ္တံ။
巴利原文(缅文转写):‘တတ္ထ ယသ္မာ ကုသလာကုသလ ကမ္မံ အဝိသေသေန သမုဒယသစ္စန္တိ သစ္စဝိဘင်္ဂေ ဝုတ္တံ။’ 于此,《谛分别》中说:一切善业、不善业,无差别地属于集谛。
(အဘိ-ဋ္ဌ-၂-၁၈၅။ ဝိသုဒ္ဓိ-၂-၂၁၆။)
(《阿毗达磨义注》2-185;《清净之道》2-216。)
ထိုတွင် အာသဝေါတရားတို့၏ အာရုံယူရာ (၃၁)ဘုံ နယ်မြေအတွင်း၌ ရှိသော လောကီကုသိုလ်ကံ အကုသိုလ်ကံ ဟူသမျှကို --- စေတနာ၊ စေတနာနှင့်ယှဥ်သော သမ္ပယုတ္တဓမ္မ --- ဟု အထူးမမ သာမညအားဖြင့်
这里,三十一界中一切能成为诸漏所缘的世间善业与不善业,无论只取思,还是取思与相应法,都一概——
原书第 569 页
ပဋိစ္စသမုပ္ပါဒ်ပိုင်း - အပိုင်း (ခ) သမုဒယသစ္စာဟူ၍ သစ္စဝိဘင်းပါဠိတော် (အဘိ-၂-၁၁၅။)၌ ဘုရားရှင်သည် ဟောကြားထားတော်မူခဲ့၏။
——被世尊在《谛分别》(《分别论》2-115)中说为集谛。
ထိုကြောင့် အဝိဇ္ဇာပစ္စယာ သင်္ခါရာ --- ဟူသော ပါဠိရပ်၌ အဝိဇ္ဇာသည်လည်း သမုဒယသစ္စာ ဖြစ်၏၊ သင်္ခါရ- သည်လည်း သမုဒယသစ္စာပင် ဖြစ်၏။ သို့အတွက် အဝိဇ္ဇာကြောင့် ဖြစ်ကုန်သော သင်္ခါရတို့သည် အဝိဇ္ဇာ ဟူသော သမုဒယသစ္စာလျှင် အမွန်အစရှိကုန်သော သမုဒယသစ္စာတရားစုတို့တည်း။
因此,在“缘无明而有行”一句中,无明是集谛,行也是集谛;由无明而生的诸行,便是以无明这一集谛为本源的集谛法组。
သင်္ခါရကြောင့်ဖြစ်သော ဝိညာဏ်သည် သင်္ခါရဟူသော သမုဒယသစ္စာလျှင် အမွန်အစရှိသော ဒုက္ခသစ္စာ တရားစုတည်း။ (ဝိပါက်ဝိညာဏ်တို့ကား ဒုက္ခသစ္စာတရားစုတို့ ဖြစ်ကြ၏။) (တစ်ဖန် ဝိညာဏ်-နာမ်ရုပ်-သဠာယတန-ဖဿ-ဝေဒနာ တရားစုတို့ကား အကျိုးဝိပါက်တရားစုများသာ ဖြစ်ကြသဖြင့် ဒုက္ခသစ္စာတရားစုတို့သာ ဖြစ်ကုန်၏။ သို့အတွက် ---) ဝိညာဏ် စသည်တို့ကြောင့် ဖြစ်ကုန်သော ဝိပါက်ဝေဒနာ အဆုံးရှိကုန်သော တရားတို့သည် ဒုက္ခသစ္စာလျှင် အမွန်အစရှိကုန်သော ဒုက္ခသစ္စာတရားစု တို့တည်း။
由行而生的识,是以行这一集谛为本源的苦谛法组;果报识属于苦谛。又,识、名色、六处、触、受只是果报法组,所以都属于苦谛。因此,由识等所生、直到果报受为止的诸法,是以苦谛为本源的苦谛法组。
ဝိပါက်ဝေဒနာကြောင့် ဖြစ်သော တဏှာသည် ဝိပါက်ဝေဒနာဟူသော ဒုက္ခသစ္စာလျှင် အမွန်အစရှိသော သမုဒယသစ္စာတရားတည်း။ တဏှာကြောင့် ဖြစ်သော ဥပါဒါန်သည် တဏှာဟူသော သမုဒယသစ္စာလျှင် အမွန် အစ ရှိသော သမုဒယသစ္စာတရားတည်း။
由果报受而生的爱,是以果报受这一苦谛为本源的集谛法;由爱而生的取,是以爱这一集谛为本源的集谛法。
ဥပါဒါန်ကြောင့်ဖြစ်သော ကမ္မဘဝ ဥပပတ္တိဘဝသည် ဥပါဒါန်ဟူသော သမုဒယသစ္စာလျှင် အမွန်အစ ရှိသော သမုဒယသစ္စာ ဒုက္ခသစ္စာတရားတည်း။ (ကမ္မဘဝကား သမုဒယသစ္စာတရား၊ ဥပပတ္တိဘဝကား ဒုက္ခ- သစ္စာတရားတည်း။) ကမ္မဘဝကြောင့်ဖြစ်သော ဇာတိသည် ကမ္မဘဝဟူသော သမုဒယသစ္စာလျှင် အမွန်အစရှိသော ဒုက္ခ သစ္စာတရားတည်း။ ဇာတိကြောင့်ဖြစ်သော ဇရာမရဏသည် ဇာတိဟူသော ဒုက္ခသစ္စာလျှင် အမွန်အစရှိသော ဒုက္ခသစ္စာတရားတည်း။ ဤသို့လျှင် ဤသံသရာဘဝစက်ကို သစ္စပ္ပဘဝ = သစ္စာအမွန်အစ သဘောအားဖြင့်- လည်း သိထိုက်ပေသည်။ (အဘိ-ဋ္ဌ-၂-၁၈၅။ ဝိသုဒ္ဓိ-၂-၂၁၆-၂၁၇။)
由取而生的业有与生有,分别是以取这一集谛为本源的集谛法与苦谛法:业有属于集谛,生有属于苦谛。由业有而生的生,是以业有这一集谛为本源的苦谛法;由生而有的老死,是以生这一苦谛为本源的苦谛法。由此,还应以“谛为本源”的方式了知这轮回有轮。(《阿毗达磨义注》2-185;《清净之道》2-216—217。)
ကိစ္စအားဖြင့် သိသင့်ပုံ
应以作用了知
ဤပဋိစ္စသမုပ္ပါဒ် သံသရာဘဝစက်၌ အဝိဇ္ဇာသည် အဝိဇ္ဇာ၏ တည်ရာ၊ အဝိဇ္ဇာသည် ဖုံးထားထိုက်သော သစ္စာ (၄)ပါးတည်းဟူသော ဝတ္ထုတို့၌ သတ္တဝါတို့ကို ပြင်းစွာ တွေဝေစေ၏ = ယောကျာ်း မိန်းမ ပုဂ္ဂိုလ် သတ္တဝါ လူ နတ် ဗြဟ္မာ စသည်ဖြင့် အထင်မှားစေ အသိမှားစေ အမှတ်မှားစေ၏။ သင်္ခါရတို့ ထင်ရှားဖြစ်ပေါ်လာရန် ကျေးဇူးပြုပေးတတ်သော အကြောင်းတရားလည်း ဖြစ်၏။
在这缘起轮回有轮中,无明对于自身所依、所遮蔽的四谛境,使有情强烈迷惑:错认、错知、错记为男人、女人、个人、有情、人、天、梵天等。它又是资助诸行显现生起的因。
ထို့အတူ သင်္ခါရတို့သည် ပြုစီမံအပ်သော ပုညာဘိသင်္ခါရ အပုညာဘိသင်္ခါရ အာနေဉ္ဇာဘိသင်္ခါရ ကာယသင်္ခါရ ဝစီသင်္ခါရ မနောသင်္ခါရကိုလည်း ပြုစီမံတတ်ကုန်၏။ ဝိညာဏ် ထင်ရှား ဖြစ်ပေါ်လာရန် ကျေးဇူး ပြုပေးတတ်ကုန်သော အကြောင်းတရားတို့လည်း ဖြစ်ကုန်၏။
同样,诸行既造作所造作的福胜行、非福胜行、不动胜行,以及身行、语行、意行;又作为资助识显现生起的因。
ဝိညာဏ်သည်လည်း သိသင့်သိထိုက်သည့် ဝိညာဏ်၏ အာရုံယူရာ တည်ရာ အာရုံကိုလည်း သိ၏ = အာရုံယူနိုင်၏၊ သညာ ပညာတို့မှ ထူးသောအားဖြင့် တစ်မျိုးတစ်ဖုံအားဖြင့် တည်ရာ အာရုံကိုလည်း သိ၏ = အာရုံကို ရယူနိုင်၏။ နာမ်ရုပ် ထင်ရှားဖြစ်ပေါ်လာရန် ကျေးဇူးပြုပေးတတ်သော အကြောင်းတရားလည်း ဖြစ်၏။
识既能识知其应知、所取的所缘,即以不同于想与慧的方式取得所缘;又作为资助名色显现生起的因。
原书第 570 页
နာမ်ရုပ်သည်လည်း အချင်းချင်း တစ်ပါးသည် တစ်ပါးကိုလည်း ထောက်ပံ့၏၊ သဠာယတန = အာယတန (၆)ပါး ထင်ရှား ဖြစ်ပေါ်လာရန် ကျေးဇူးပြုပေးတတ်သော အကြောင်းတရားလည်း ဖြစ်၏။ သဠာယတန သည်လည်း စက္ခုစသော မိမိ၏ ရူပါရုံစသော ဆိုင်ရာအာရုံ၌လည်း ဖြစ်၏၊ ဖဿ ထင်ရှားဖြစ်ပေါ်လာရန် ကျေးဇူးပြုပေးတတ်သော အကြောင်းတရားလည်း ဖြစ်၏။
名与色彼此互相支持,又作为资助六处显现生起的因。六处既各自在眼等相应的色等所缘上运作,又作为资助触显现生起的因。
ဖဿသည်လည်း အာရုံကိုလည်း တွေ့ထိတတ်၏၊ ဝေဒနာ ထင်ရှားဖြစ်ပေါ်လာရန် ကျေးဇူးပြုပေး- တတ်သော အကြောင်းတရားလည်း ဖြစ်၏။
触既接触所缘,又作为资助受显现生起的因。
ဝေဒနာသည်လည်း အာရုံ၏ အရသာကိုလည်း ခံစား၏၊ တဏှာ ထင်ရှားဖြစ်ပေါ်လာရန် ကျေးဇူးပြုပေး- တတ်သော အကြောင်းတရားလည်း ဖြစ်၏။
受既体验所缘的滋味,又作为资助爱显现生起的因。
တဏှာသည်လည်း တပ်မက်ထိုက်သော တရား၌လည်း တပ်မက်၏၊ ဥပါဒါန် ထင်ရှားဖြစ်ပေါ်လာရန် ကျေးဇူးပြုပေးတတ်သော အကြောင်းတရားလည်း ဖြစ်၏။
爱既贪著可贪之法,又作为资助取显现生起的因。
ဥပါဒါန်သည်လည်း ဥပါဒါန်၏ အာရုံဖြစ်ကုန်သော ဥပါဒါနက္ခန္ဓာတရား (၅)ပါးတို့ကိုလည်း စွဲလမ်းတတ် ၏၊ ဘဝ ထင်ရှားဖြစ်ပေါ်လာရန် ကျေးဇူးပြုပေးတတ်သော အကြောင်းတရားလည်း ဖြစ်၏။
取既执取作为其所缘的五取蕴,又作为资助有显现生起的因。
ဘဝသည်လည်း အမျိုးမျိုးသော ဂတိတို့၌လည်း (ရုပ်-နာမ် သန္တတိအစဥ်ကို) အထူးထူး ပစ်ချ၏ = (အမျိုးမျိုးသော ဂတိတို့၌ အထူးထူးသော ရုပ်နာမ် သန္တတိအစဥ်တို့ကို ဖြစ်စေ၏။) ဇာတိ ထင်ရှားဖြစ်ပေါ်လာရန် ကျေးဇူးပြုပေးတတ်သော အကြောင်းတရားလည်း ဖြစ်၏။
有既把色名相续分别投向种种趣——也就是在各趣中生起各别的色名相续——又作为资助生显现生起的因。
ဇာတိသည်လည်း ခန္ဓာတို့ကိုလည်း ဖြစ်စေ၏၊ ထိုခန္ဓာတို့၏ ရှေးရှုဖြစ်ခြင်းသဘော၏ အဖြစ်ဖြင့် ဖြစ်- သည်၏ အဖြစ်ကြောင့် ဇရာမရဏ ထင်ရှားဖြစ်ပေါ်လာရန် ကျေးဇူးပြုပေးတတ်သော အကြောင်းတရားလည်း ဖြစ်၏။
生既使诸蕴生起,又因自身是诸蕴的先导,作为资助老死显现生起的因。
ဇရာမရဏသည်လည်း ခန္ဓာတို့၏ ရင့်ခြင်း ပျက်ခြင်း သဘောကိုလည်း စွဲမှီ၍ တည်၏၊ ဘဝတစ်ပါး၌ ထင်စွာဖြစ်ခြင်း အကျိုးငှာ ကျေးဇူးပြုပေးတတ်သော အကြောင်းတရားလည်း ဖြစ်၏။ သောကစသည်တို့၏ တည်ရာ ဖြစ်သောကြောင့်ပင်တည်း။
老死既依于诸蕴成熟、毁坏的性质而立,又作为资助另一有显现生起的因,因为它是愁等生起的所依。
ထိုကြောင့် အဝိဇ္ဇာစသော အလုံးစုံသော ပုဒ်တို့၌ နှစ်ပါး အပြားအားဖြင့်ဖြစ်သော ကိစ္စအားဖြင့်လည်း ဤဘဝစက်ကို ထိုက်သည်အားလျော်စွာ သိအောင် ကြိုးစားအားထုတ်ပါ။ (အဘိ-ဋ္ဌ-၂-၁၈၅။ ဝိသုဒ္ဓိ-၂-၂၁၇၊၊) ဇရာမရဏ --- ဇရာမရဏဖြစ်လျှင် အဝိဇ္ဇာဖြင့် တွေဝေမိုက်မဲသော သတ္တဝါ၏သန္တာန်ဝယ် သောကစသည် ဖြစ်တော့၏။ ထိုကြောင့် ဇရာမရဏကို သောကစသည်တို့၏ တည်ရာဟု ဆိုသည်။ သောကစသည် ဖြစ်လျှင် အဝိဇ္ဇာလည်း ပါဝင်တော့၏၊ အဝိဇ္ဇာပါဝင်လျှင် အဝိဇ္ဇာနှင့် အဖော်သဟာယ်ဖြစ်သော သင်္ခါရတို့လည်း ဖြစ်- တော့၏၊ ထိုသင်္ခါရတို့ကြောင့် ဘဝသစ်၌ ခန္ဓာ (၅)ပါး ဖြစ်ဖို့ရန် ဇရာမရဏက ပကတူပနိဿယပစ္စယသတ္တိဖြင့် = ပကတိအားဖြင့် အားကြီးသောမှီရာ အကြောင်းတရား အဖြစ်ဖြင့် ကျေးဇူးပြုပေးသည်။ ထိုကြောင့် ပစ္စယော စ ဟောတိ ဘဝန္တရပါတုဘာဝါယ = ဘဝတစ်ပါး ထင်ရှား ဖြစ်ပေါ်လာရန် ကျေးဇူးပြုပေးတတ်သော အကြောင်းတရားလည်း ဖြစ်၏ဟု ဆိုသည်။ တစ်နည်း --- စုတိစိတ်သည် (မရဏသည်) ပဋိသန္ဓေဝိညာဏ်အား
因此,应依无明等一切支各自具有的两种作用,适当地了知这套有轮。(《阿毗达磨义注》2-185;《清净之道》2-217。)所谓老死:老死发生时,受无明迷惑的有情相续中会生起愁等;愁等生起,无明便参与,无明参与,与之相伴的行也随之生起。由这些行,将在新有中生起五蕴;老死便以自然强力依止缘资助这一过程。因此说,老死“也是资助另一有显现生起的因”。另一解释是,死亡心——
အနန္တရပစ္စယသတ္တိဖြင့် ဖြစ်ပေါ်လာအောင် ကျေးဇူးပြုပေး၏၊ ထိုကြောင့် ''ဘဝတစ်ပါး ထင်ရှားဖြစ်ပေါ်လာရန် ကျေးဇူးပြုပေးတတ်သော အကြောင်းတရားလည်း ဖြစ်၏''ဟု ဆိုသည်။ (မူလဋီ-၂-၁၂၈။)
——以无间缘力资助结生识生起,所以也说它“是资助另一有显现生起的因”。(《根本复注》2-128。)
原书第 571 页
ကိစ္စ (၂) မျိုး
两种作用
အဝိဇ္ဇာ = မောဟသည် ပရမတ္ထဓမ္မတည်းဟူသော သစ္စာ (၄)ပါး အာရုံတို့၌ တွေဝေစေခြင်း ကိစ္စရှိ၏။
无明——即痴——具有使人对作为胜义法的四谛境迷惑的作用。
ဤကိစ္စသည် မိမိသဘောအတိုင်း ဖြစ်သော သရသကိစ္စတည်း။ သင်္ခါရတို့ ထင်ရှားဖြစ်ဖို့ရန်လည်း ကျေးဇူးပြု၏။
这是依其自性而有的自作用;它又资助诸行显现生起。
ထိုကျေးဇူးပြုခြင်းသည် ဓမ္မန္တရဟူသော အခြားတစ်မျိုးသော တရား၏ အကြောင်းဖြစ်ခြင်း ကိစ္စတည်း။ ဤသို့ (၂)ကိစ္စ ရှိသောကြောင့် (၂)မျိုးသောအားဖြင့် ဖြစ်သော ကိစ္စအားဖြင့် သိအောင် ကြိုးစား အားထုတ်ပါဟု ဆိုသည်။ သင်္ခါရစသည်တို့၌လည်း နည်းတူ မှတ်ပါ။
这种资助,是作为另一法之因的作用。因此说,应依这两种作用而了知。对于行等其余诸支,也应以同样方式理解。
မိစ္ဆာအယူကို တားမြစ်ကြောင်းတရား
遮止邪见的法
အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်၏ဟူသော ဤစကားသည် --- ''ဗြဟ္မာ ဗိဿဏိုး အစိုးရသူ ပြုစီမံ၏ ပြုလုပ်- တတ်သူ ဖန်ဆင်းတတ်သူ ထင်ရှားရှိ၏'' - ဟု မှားမှားယွင်းယွင်း သိမြင်တတ်သော မိစ္ဆာအယူကို တားမြစ်ကြောင်း စကားတည်း။
“缘无明而有行”这句话,遮止这样的邪见:误以为“梵天、毗湿奴或主宰者真实存在,是安排者、作者、创造者”。
သင်္ခါရကြောင့် ဝိညာဏ်ဖြစ်၏ဟူသော ဤစကားရပ်သည် အတ္တ၏ ဘဝတစ်ပါးသို့ ပြောင်းသွားခြင်း ဟူသော မိစ္ဆာအယူကို တားမြစ်ကြောင်း စကားတည်း။ 〔ကံနှင့် ကံ၏အကျိုးတရားကို နားမလည်သူ မသိသူတို့ သည် ''ခန္ဓာကိုယ်၌ အတ္တကောင်ကလေးသည် ရှိ၏'' - ဟု ယူဆ၍ ဘဝတစ်ခု ဆုံးသောအခါ - ''ထိုအတ္တကောင်- ကလေးသည်ပင် ဘဝသစ်သို့ ပြောင်းရွှေ့သွား၏'' - ဟု ယူဆတတ်ကြ၏။ ထိုအယူမှားကို တားမြစ်သောအားဖြင့် ''နောက်ဘဝ၌ ပဋိသန္ဓေဝိညာဏ်အသစ်သည် မိမိပြုအပ်သော ကံ (သင်္ခါရ)ကြောင့်သာ ဖြစ်၏'' - ဟု ဟောတော် မူသဖြင့် - ''ဤဘဝမှ အတ္တက ပြောင်းရွှေ့သွားသည် မဟုတ်ပါ'' -- ဟု အတ္တပြောင်းရွှေ့မှု = အတ္တသင်္ကန္တိ အယူကို တားမြစ်ရာရောက်သည်။ လူသေသွားသောအခါ - ''အသက်ထွက်သွားပြီ'' - ဟု စွဲယူသော အသက် ဟူသည်မှာလည်း ဤအတ္တပင်တည်း။ အချို့ကား ဤအသက်ကိုပင် လိပ်ပြာဟုယူဆ၍ လိပ်ပြာနေဖို့ရန် အိမ်ကိုပင်
“缘行而有识”遮止“我迁往另一有”的邪见。不懂业与业果的人,以为身体内有一个小我;一生终结时,这个小我便迁往新有。为遮止这种邪见,世尊说:“后世新的结生识,只由自己所造之业——即行——而生,并不是我从此生迁去。”这就遮止了“我之迁移”的见。人死时所说“生命离去了”,这个被执取的生命也是我;有人甚至把它当作灵魂,还造屋供灵魂居住——
ပြုလုပ်တတ်ကြသည်။ ဤအယူမှားအားလုံးကို သင်္ခါရပစ္စယာ ဝိညာဏံ --- ဟူသော စကားတော်က တားမြစ်သည်၊〕
——“缘行而有识”这一教说,遮止了所有这类邪见。
(အဘိ-ဋ္ဌ-၂-၁၈၆။ ဝိသုဒ္ဓိ-၂-၂၁၇။)
(《阿毗达磨义注》2-186;《清净之道》2-217。)
ဝိညာဏ်ကြောင့် နာမ်ရုပ်ဖြစ်၏ဟူသော ဤစကားတော်သည် အတ္တဟူ၍ မှားသောအားဖြင့် ကြံစည်- အပ်သော နာမ်နှင့်ရုပ်ဟူသော ဝတ္ထု၏ ကွဲပြားခြင်းကို ပြခြင်းကြောင့် နာမ်နှင့်ရုပ် မကွဲ တစ်လုံးတည်း တစ်ခဲ- တည်းဟူသော ဃနသညာကို တားမြစ်ကြောင်း စကားတည်း။ (အဘိ-ဋ္ဌ-၂-၁၈၆။ ဝိသုဒ္ဓိ-၂-၂၁၇။) ရုပ်-နာမ် ခန္ဓာ (၅)ပါးကို ဉာဏ်၌ ကွဲပြားမှုမရှိဘဲ မခွဲခြားတော့ဘဲ အတ္တတစ်ခုဟု မှတ်ယူခြင်းကို --- ''ဃနသညာ'' --- ဟု ခေါ်၏။ နှစ်ခြမ်းစပ်နေသော ထန်းမြစ်ကို စားခါနီးတွင် ထက်ခြမ်းခွဲလိုက်သကဲ့သို့ ရုပ်နှင့် နာမ်ကို ခွဲ၍ --- ''ဝိညာဏ်ကြောင့် နာမ်ရုပ် ဖြစ်၏။'' - ဟု ဟောတော်မူခြင်းသည် ထိုဃနသညာကို တားမြစ်တော် မူရာ ရောက်ပေသည်။ (မဟာဋီ-၂-၃၄၂။) ''နာမ်ရုပ်ကြောင့် သဠာယတန ဖြစ်၏'' --- ဤသို့စသော စကားတော်များသည် --- ''အတ္တသည် မြင်၏၊ အတ္တသည် ကြား၏၊ အတ္တသည် နမ်းရှူ၏၊ အတ္တသည် စားသောက်၏၊ အတ္တသည် ထိသိ၏၊ အတ္တသည် သိ၏၊
“缘识而有名色”,通过显示被误想为我的名与色各自有别,遮止“名色浑然一体”的密集想。不以智分别色、名五蕴,便把它们当作一个我,这叫密集想。正如吃相连的棕榈芽前先把它剖成两半,世尊分别色与名而说“缘识而有名色”,由此遮止密集想。(《大复注》2-342。)“缘名色而有六处”等语,则遮止这样的见:“我看,我听,我嗅,我尝,我触,我知——
အတ္တသည် တွေ့ထိ၏၊ အတ္တသည် ခံစား၏၊ အတ္တသည် တပ်မက်တတ်၏၊ အတ္တသည် စွဲလမ်း၏၊ အတ္တသည် ဘဝအနေအားဖြင့် ဖြစ်၏၊ အတ္တသည် ဇာတိအနေအားဖြင့် ဖြစ်၏၊ အတ္တသည် ဆွေးမြည့်၏၊ အတ္တသည် သေ၏၊ အတ္တသည် စိုးရိမ်သောကဖြစ်၏ = ဝမ်းနည်း၏၊ အတ္တသည် ငိုကြွေး၏၊ အတ္တသည် လွန်စွာဖြစ်သော ဒုက္ခ ရှိ၏၊ အတ္တသည် လွန်စွာဖြစ်သော ဒေါမနဿ ရှိ၏၊ အတ္တသည် လွန်စွာဖြစ်သော ပြင်းစွာပင်ပန်းခြင်း ဥပါယာသ
——我接触,我感受,我贪爱,我执取;我成为有,我出生,我衰老,我死亡;我忧愁、悲泣,承受剧苦、强烈忧恼与极度疲困。”
原书第 572 页
ရှိ၏။'' --- ဤသို့စသော မိစ္ဆာအယူကို တားမြစ်ကြောင်း စကားတည်း။ ထိုကြောင့် မိစ္ဆာအယူကို တားမြစ်ခြင်း အားဖြင့်လည်း ဤဘဝစက်ကို ထိုက်သည့်အားလျော်စွာ သိအောင် ကြိုးစားအားထုတ်ပါ။
——这些教说正是为了遮止此类邪见。因此,也应从遮止邪见这一方面,努力适当地了知这套有轮。
(အဘိ-ဋ္ဌ-၂-၁၈၆။ ဝိသုဒ္ဓိ-၂-၂၁၇။)
(《阿毗达磨义注》2-186;《清净之道》2-217。)
ဥပမာအားဖြင့် သိသင့်ပုံ
应以譬喻了知
ဖဿ၏ ဖုသနလက္ခဏာ = အာရုံကို တွေ့ထိသော အခြင်းအရာအားဖြင့် ဖြစ်ခြင်း သဘောလက္ခဏာသည် မိမိဖဿ တစ်ပါးတည်း၏ ကိုယ်ပိုင်သဘာဝလက္ခဏာ ဖြစ်သောကြောင့် သလက္ခဏတည်း။ အာရုံသို့ ညွတ်- ကိုင်းရှိုင်းတတ်သော နမနလက္ခဏာသည် နာမ်တရားအားလုံးနှင့် သက်ဆိုင်သော၊ ဖောက်ပြန်တတ်သော ရုပ္ပနလက္ခဏာသည် ရုပ်တရားအားလုံးနှင့် သက်ဆိုင်သော သာမညလက္ခဏာတည်း။ အနိစ္စတာ ဒုက္ခတာ အနတ္တတာစသော လက္ခဏာသည် ရုပ်တရား နာမ်တရား အားလုံးနှင့် သက်ဆိုင်သော သာမညလက္ခဏာ ပင်တည်း။ ရုပ်တရား နာမ်တရားတို့၌ ထိုသဘာဝလက္ခဏာ သာမညလက္ခဏာတို့ကို ရှုခြင်း မြင်ခြင်းမှတစ်ပါး အခြား ရှုစရာ မြင်စရာ မရှိသောကြောင့် ထိုလက္ခဏာတို့ကို မမြင်နိုင်ခြင်းသည် အဝိဇ္ဇာ၏ ဖုံးလွှမ်းထားမှုကြောင့် ဖြစ်၏၊ ထိုကြောင့် အဝိဇ္ဇာသည် သူကာဏ်း (သူကန်း)နှင့် တူ၏။
触以接触所缘为特相,这是触本身独有的自相。倾向所缘是所有名法共有的倾向之相,变异是所有色法共有的变异之相,乃至无常、苦、无我也是色法、名法共有的共相。除了观见色名诸法的这些自相与共相之外,并无别的可观可见;看不见这些相,是由于无明遮蔽。因此,无明如同盲人。
သူကာဏ်းသည် လမ်းသွားရာ၌ ခြေနင်းပုံ မမြဲဘဲ ချော်၍ ချော်၍ နေတတ်၏။ ထိုခြေချော်ခြင်းသည် လဲခြင်းစသော ဒုက္ခ၏ အကြောင်း ဖြစ်၏။ ထို့အတူ အဝိဇ္ဇာကြောင့် ဖြစ်ပေါ်လာကြကုန်သော သင်္ခါရတို့သည် သံသရာခရီးကို ဖြတ်ကျော်၍ သွားရာ၌ ခြေချော်ခြင်းနှင့် တူ၏။ အဝိဇ္ဇာကြောင့် မပြုသင့် မပြုထိုက်သော သံသရာလည်ကြောင်း သင်္ခါရတို့ကို ကြိုးစားအားထုတ်မိ၏။ ထိုခြေချော်မှု သင်္ခါရကြောင့် ဝိညာဏ်စသော ဝဋ်ဒုက္ခများ ဖြစ်ကြရလေသည်။
盲人走路时落脚不稳,屡屡滑脚;滑脚又会导致跌倒等苦。同样,由无明而生的诸行,就像在横越轮回旅程时滑脚:由于无明,人努力造作本不应造、使轮回延续的行;由这种如滑脚的行,便生起识等轮回之苦。
လမ်းသွားနေသော သူကာဏ်းသည် ခြေချော်လျှင် လဲကျသွားတတ်၏။ သင်္ခါရကြောင့် ဘဝသစ်၌ ပဋိသန္ဓေ ဝိညာဏ် ဖြစ်ခြင်းသည်လည်း ဘဝသစ်၌ လဲကျသွားခြင်းပင်တည်း။ လဲကျသော သူကာဏ်း၌ အနာ ဖြစ်တတ်၏၊ ဝိညာဏ်ကြောင့် ဖြစ်ပေါ်လာရသော နာမ်ရုပ်သည် ထိုအနာဖြစ်ခြင်းနှင့် တူ၏။ အဘယ်ကြောင့်နည်း --- ပကတိသော အနာသည် ဆင်းရဲ နာကျင်ခြင်းနှင့် ယှဥ်၍ မစင်မကြယ် ရွံရှာစက်ဆုပ်ဖွယ် သနံရည်တို့ကို ယိုထွက်စေသကဲ့သို့ ထို့အတူ ယင်းဝိညာဏ် နာမ်ရုပ် စသည်တို့ကိုလည်း အချိန်မီ လက္ခဏာယာဥ် (၃)ချက်တင်၍ တွင်တွင်ကြီး ဝိပဿနာ မရှုနိုင်ပါက ယင်းနာမ်ရုပ်တို့မှ ကိလေသာတည်းဟူသော မစင်မကြယ် ရွံရှာစက်ဆုပ်ဖွယ် အပုပ်ရည် များသည် တစီစီ ယိုစီးထွက်လာတတ် ထွက်လာစေတတ်သောကြောင့်တည်း။
行走的盲人滑脚便会跌倒;缘行而在新有中生起结生识,就像跌入新有。跌倒的盲人会受伤;缘识而生的名色,就像伤口。因为伤口伴随苦痛,还会流出污秽、恶臭、可厌的脓液;同样,若不及时把识、名色等提到三相上,持续修观,这些名色就会不断渗出烦恼这种污秽、恶臭、可厌的脓液。
အနာဖြစ်လျှင် အနာမှည့်ရင့်သောအခါ ပေါက်ကွဲဖို့ရန် အနာ၏ ထိပ်ဖျား၌ အဖုကလေး ပေါ်လာတတ်၏၊ နာမ်ရုပ်ကြောင့် စက္ခာယတနစသော သဠာယတနဖြစ်ခြင်းသည် ထိုအဖုကလေး ပေါ်လာခြင်းနှင့် တူ၏။ တစ်- နည်းဆိုသော် အနာသည် ကျယ်ပြန့် များပြားလာသောအခါ ဘေးပတ်လည်၌ အဖုကလေးများ ဖြစ်နေတတ်၏။
伤口形成以后,成熟将裂时,顶端会冒出小脓包;缘名色而有眼处等六处,就像冒出小脓包。另一种说法是,伤口扩大时,周围会生出许多小脓包。
စက္ခာယတနစသော အာယတန (၆)ပါးသည် ထိုအနာစက် အဖုကလေးများနှင့် တူ၏။
眼处等六处,就像这些小脓包。
အနာ၏ အဖုကလေးများ၌ အကြောင်းအားလျော်စွာ အထိအခိုက် များတတ်၏၊ ဝတ်ဆင်ထားအပ်သော အဝတ်နှင့်သော်လည်း အနည်းဆုံး ထိခိုက်မိတတ်သေး၏။ ထိခိုက်မိလျှင် နာကျင်မှုစသော ဒုက္ခ ဖြစ်တတ်၏။
伤口的小脓包很容易因缘而受碰触,甚至衣服也至少会擦到它;一经碰触,便生疼痛等苦。
စက္ခုစသော အာယတနတို့၌ စက္ခုသမ္ဖဿစသည်၏ ဖြစ်ခြင်းသည် အနာ၏ အဖုကလေးများကို ထိခိုက်ခံရ- ခြင်းနှင့် တူ၏။ ဖဿကြောင့် စက္ခုသမ္ဖဿဇာဝေဒနာစသော သုခ ဒုက္ခ ဥပေက္ခာဟူသော ဝေဒနာ (၃)မျိုး ဖြစ်ခြင်းသည် အနာ၏ ထိခိုက်မှုကြောင့် ဒုက္ခဖြစ်ခြင်းနှင့် တူ၏။ (ဤနေရာ၌ ဝေဒနာ သုံးမျိုးလုံးကိုပင် ဒုက္ခဟု ဟောတော်မူသည်။)
眼等处上生起眼触等,就像伤口的小脓包受到碰触;缘触而有眼触生受等乐、苦、舍三受,就像伤口受碰触而生苦。这里把三受都说为苦。
原书第 573 页
ပဋိစ္စသမုပ္ပါဒ်ပိုင်း - အပိုင်း (ခ) အနာကြောင့် နာကျင်မှုစသော ဒုက္ခ ဖြစ်ပေါ်လာလျှင် ထိုဒုက္ခကို ကုစားလိုသော ဆန္ဒ ဖြစ်ပေါ်လာတတ်၏။
伤口引起疼痛等苦时,便会生起想要医治这种苦的欲求。
ဝေဒနာကြောင့် တဏှာဖြစ်ခြင်းသည် ထိုကုစားလိုခြင်းသဘောနှင့် တူ၏။ ကုစားသောအခါ အသိအလိမ္မာ ဉာဏ်ပညာမရှိသည့် မိုက်မဲ တွေဝေသောသူဖြစ်လျှင် မသင့်သော ဆေး မသင့်သော အစာအာဟာရတို့ကို စားသုံးမိတတ်၏။ တဏှာကြောင့် ဥပါဒါန်ဖြစ်ခြင်းသည် မိုက်မဲသည့်အလျောက် အသိဉာဏ် မရှိသည့်အလျောက် မသင့်သော ဆေး၊ မသင့်သော အစာအာဟာရကို စားမိခြင်းနှင့် တူ၏။
缘受而有爱,就像这种求治之欲。医治时,愚痴无知者会服用不适当的药与食物;缘爱而有取,就像因愚昧无知而服用不适当的药食。
အနာကို ကုစားသောအခါ အသိအလိမ္မာ ဉာဏ်ပညာ မရှိက ကိုယ်၌ မသင့်သော လိမ်းဆေးကိုလည်း လိမ်းမိတတ်၏။ ဥပါဒါန်ကြောင့် ကမ္မဘဝဖြစ်ခြင်းသည် ခန္ဓာအစဥ်ဝယ် မသင့်သော လိမ်းဆေးကို လိမ်းမိခြင်းနှင့် တူ၏။ အဘယ်ကြောင့်နည်းဟူမူ --- ကမ္မဘဝသည် နောင်အခါ၌ ဇာတိစသော ဒုက္ခ၏ အကြောင်းဖြစ်ရကား ထိုဒုက္ခ၏ အကြောင်းကို ဥပါဒိန္နခန္ဓာအစဥ်ဝယ် ကောင်းစွာ မြှုပ်နှံထားသောကြောင့်တည်း။ (ဥပါဒိန္နသဒ္ဒါသည် ကံ၏ အကျိုးဖြစ်သော ဝိပါက် နာမ်ခန္ဓာနှင့် ကမ္မဇရုပ်အစဥ်ကိုလည်းကောင်း၊ တဏှာ ဒိဋ္ဌိတို့ဖြင့် ''ငါ-ငါ့ ဥစ္စာ'' ဟု စွဲလမ်းအပ်သော ခန္ဓာကိုယ် တစ်ကိုယ်လုံးကိုလည်းကောင်း ဟော၏။ ဤနေရာ၌ နောက်အနက်သာ လျော်သည်၊၊) အနာ၏ ဖောက်ပြန်ခြင်းဟူသည် ဖောရောင်ခြင်း၊ သွေးပြည် ဖြစ်ပေါ်လာခြင်းတည်း၊ မသင့်သော လိမ်း- ဆေးကို လိမ်းခြင်းသည် ထိုဖောက်ပြန်ခြင်းကို ဖြစ်စေတတ်၏။ ဘဝကြောင့် ဇာတိဖြစ်ခြင်းသည်လည်း ထို
无知者医治伤口时,也会把不适当的药膏涂在身上;缘取而有业有,就像把不适当的药膏涂在蕴相续上。因为业有后来会成为生等苦的因,这就把苦因牢牢埋入所取蕴相续。这里upādiṇṇa既可指作为业果的果报名蕴与业生色相续,也可指被爱、见执为“我、我所”的整个身体;此处以后义为当。所谓伤口变坏,就是肿胀化脓;不适当的药膏会使它变坏。缘有而有生,也像伤口——
အနာ၏ ဖောက်ပြန်ခြင်းနှင့် တူ၏၊ အဘယ်ကြောင့်နည်းဟူမူ --- ဇာတိသည် နောက်ဘဝ၌ ဖြစ်ခြင်းအားဖြင့် ရှေးဘဝ အတ္တဘော အနာ၏ ဖောက်ပြန်ခြင်းသဘော ဖြစ်သောကြောင့်လည်းကောင်း၊ ထိုဇာတိကြောင့် ဖူးဖူး- ရောင်ခြင်း စသည်နှင့်တူသော ဒုက္ခအမျိုးမျိုး ဖြစ်လေ့ရှိသောကြောင့်လည်းကောင်း ဘဝကြောင့် ဇာတိ ဖြစ်ခြင်း သည်လည်း ထိုအနာ၏ ဖောက်ပြန်ခြင်းနှင့် တူ၏။
——变坏。因为生是在后有出现,是前有这个“我体伤口”的变坏;又因生会带来像肿胀等一样的种种苦,所以缘有而有生,确实如伤口变坏。
ဇာတိကြောင့် ဖြစ်ပေါ်လာသော ဇရာမရဏသည် အနာ၏ ဖောက်ပြန်ခြင်းကြောင့် အနာ၏ ရင့်ခြင်း ပေါက်ကွဲခြင်းနှင့် တူ၏၊ တစ်နည်းဆိုသော် အနာ၏ပင်ကိုယ်သဘောမှ မတူသော ဖြစ်ခြင်း ပေါက်ကွဲခြင်းနှင့် တူ၏။ အနာသည် ညှစ်မထုတ်ရဘဲ အလိုလိုပေါက်ကွဲလျှင် ရင့်ပြီး မှည့်ပြီးမှသာ ပေါက်ကွဲနိုင်၏၊ ထိုကြောင့် ပေါက်ကွဲခြင်း သဘောကို ယူလျှင် မှည့်ရင့်ခြင်းသဘောကိုလည်း မကင်းစကောင်းသော အဝိနာဘာဝနည်း အားဖြင့် ယူပြီး ဖြစ်တော့၏၊ ထိုကြောင့် ဇရာမရဏ = ရင့်ခြင်း သေခြင်း နှစ်မျိုးကို အနာပေါက်ကွဲခြင်းနှင့် တူ၏ ဟု ဆိုသည်။
缘生而有老死,就像伤口变坏以后成熟、破裂;又可说,像它发生不同于原状的变化与破裂。伤口不经挤压而自行破裂,必定要先成熟;因此,说破裂时,也以不相离法含摄成熟。老与死两者遂都被比作伤口破裂。
တစ်နည်းဆိုသော် --- ဘေဒ = ပေါက်ကွဲခြင်းဟုဆိုလျှင် အနာ၏ နဂိုအနေအထားမှ ထူးခြားခြင်းဟူသော မတူသော ဖြစ်ခြင်းနှင့်လည်း ဆိုင်၏၊ ထိုကြောင့် ဝိသဒိသုပ္ပတ္တိ = မတူသော ဖြစ်ခြင်းဟူသော ဘေဒ = ပေါက်ကွဲ ခြင်းသည် ဇရာ၏ ဥပမာဖြစ်၍၊ ပျက်ခြင်းဟူသော ဘေဒ = ပေါက်ကွဲခြင်းသည် မရဏ၏ ဥပမာဖြစ်သည်။
另一解释是:所谓破裂,也包括伤口异于原状的变化。因此,异样生起这种破裂,是老的譬喻;毁坏这种破裂,是死的譬喻。
(အဘိ-ဋ္ဌ-၂-၁၈၆။ ဝိသုဒ္ဓိ-၂-၂၁၈။)
(《阿毗达磨义注》2-186;《清净之道》2-218。)
ဥပမာ တစ်နည်းဖြင့် ပြဆိုခြင်း
以另一组譬喻显示
ဘဝစက်ကို ဥပမာဖြင့် နားလည်အောင် ပြရာ၌ ပြဆိုအပ်ပြီးသော နည်းသည် ဧကာဓိဋ္ဌာန = သူကာဏ်း တစ်ယောက်ဟူသော တည်ရာရှိသော ဥပမာအမျိုးမျိုးဖြင့် သိစေသော နည်းတည်း။ ယခု ဆက်လက် ပြအပ်- လတ္တံ့သော နည်းကား နာနာဓိဋ္ဌာန = တိမ်သလာ၊ ပိုးအိမ်၊ ပိုးကောင်စသော အမျိုးမျိုးသော တည်ရာရှိသော ဥပမာတို့ဖြင့် သိစေသော နည်းတည်း။
前述以譬喻说明有轮的方法,属于单一所依的譬喻:所有譬喻都依一位盲人展开。下面的方法则属于多种所依的譬喻,分别采用白内障、蚕茧、蚕虫等不同事物。
原书第 574 页
တိမ်သလာ၏ အလွှမ်းမိုးခံရသော မျက်စိသည် လုံးလုံး မမြင်ဘဲလည်း ဖြစ်တတ်၏၊ နည်းနည်းပါးပါး မြင်သော်လည်း အမှားအယွင်းကို မြင်သော် မြင်တတ်၏။ ထို့အတူ အဝိဇ္ဇာလွှမ်းမိုးအပ်သူသည် ဒုက္ခသစ္စာစသည့် သစ္စာ (၄)ရပ်တို့ကို အပ္ပဋိပတ္တိ = လုံးလုံးမသိခြင်းလည်း ဖြစ်တတ်၏။ နည်းနည်းပါးပါး သိပြန်လျှင်လည်း မှန်မှန်ကန်ကန် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် စုံစုံလင်လင် မသိဘဲ မိစ္ဆာပဋိပတ္တိ = မှားမှားယွင်းယွင်း လွဲလွဲချော်ချော် သိတတ်၏၊ ထိုကြောင့် အဝိဇ္ဇာသည် တိမ်သလာနှင့် တူ၏။
被白内障遮蔽的眼,可能完全看不见;即使稍微看见,也可能看错。同样,受无明笼罩的人,对苦谛等四谛可能全然不知;即使略知,也不能完整、正确地以智见达到胜义,反而错误、偏差地理解。因此,无明如白内障。
ပိုးအိမ်ကို ပြုလုပ်သော ပိုးကောင်သည် မိမိပြုလုပ်အပ်သော ပိုးအိမ်၏ အစိတ်အပိုင်းတို့က မိမိကို ရစ်ပတ်- စေသကဲ့သို့ အဝိဇ္ဇာသည် လွှမ်းမိုးအပ်သော အဝိဇ္ဇာသည် ဖုံးလွှမ်းထားအပ်သော သစ္စာ (၄)ပါးကို မသိသည့် လူပြိန်း လူအ လူန လူပျင်း လူဖျင်း လူမိုက်သည်လည်း ဘဝသစ်ကို ဖြစ်စေတတ်ကုန်သော ပေါနောဘဝိက အမည်ရသည့် သင်္ခါရတို့ကို သံသရာဝဋ်အတွင်း၌ လည်နေအောင် မိမိကိုယ်ကို ရစ်ပတ်စေ၏။ သင်္ခါရတို့က ရစ်ပတ်ထားသဖြင့် သံသရာဝဋ်အတွင်း၌ လည်နေရ၏။ ထိုကြောင့် သင်္ခါရတို့သည် ပိုးအိမ်၏ အစိတ်အပိုင်းတို့နှင့် တူကုန်၏။
结茧的蚕虫被自己所造蚕茧的丝缕缠住。同样,被无明笼罩、不知四谛的无闻凡夫、愚人、懒人、劣人,会造作名为“导向再有”的行,把自己缠住而继续在轮回中流转;被诸行缠缚,便不得不在轮回中转。因此,诸行如蚕茧丝缕。
ရှေ့သွားခေါင်းဆောင်ဖြစ်သော အမတ်ကြီး တစ်ယောက်ယောက်က နည်းပေးလမ်းပြ ပြုခြင်း ပညာသင်- ပေးခြင်း စသောအားဖြင့် သိမ်းပိုက်အပ်မှသာ မင်းသားငယ်သည် မင်းအဖြစ်၌ တည်နိုင်သကဲ့သို့ သင်္ခါရတို့က ပဋိသန္ဓေဝိညာဏ်ကို အကျိုးဖြစ်ဖို့ရန် သိမ်းပိုက်အပ် ကျေးဇူးပြုအပ်မှသာလျှင် ဝိညာဏ်သည် နောက်ဘဝ ဟူသော ဂတိတို့၌ တည်နိုင်၏၊ ရှေ့သွား ခေါင်းဆောင် အမတ်ကြီးနှင့် ကင်း၍ မင်းသားငယ်သည် မင်းအဖြစ်၌ မတည်နိုင်သကဲ့သို့ သင်္ခါရတို့၏ သိမ်းပိုက်မှုနှင့် ကင်း၍ ဝိညာဏ်သည် နောက်ဘဝဂတိတို့၌ မတည်နိုင်။
小王子只有受首席大臣等教导、指引、训练,才能安住王位;同样,只有诸行摄持、资助结生识产生果报,识才能安住于后有诸趣。没有大臣等摄持,小王子不能安住王位;没有诸行摄持,识也不能安住后有诸趣。
ထိုကြောင့် သင်္ခါရတို့သည် သိမ်းပိုက်အပ်သော ဝိညာဏ်သည် အမတ်ကြီး စသူတို့၏ သိမ်းပိုက်အပ်သော မင်းသားငယ်နှင့် တူ၏။ ဤဥပမာ၌ သိမ်းပိုက်မှုနှင့် ကင်း၍ တည်တံ့မှုကို မရခြင်းသည် ဥပမာနနှင့် ဥပမေယျ တို့၏ တူသည်၏ အဖြစ်တည်း။
因此,受诸行摄持的识,如受大臣等摄持的小王子。此譬喻与所喻的共同点,是离开摄持便不能安住。
မျက်လှည့်ဆရာသည် အမျိုးမျိုးသော မျက်လှည့်အရုပ်ကို ပြုလုပ်၍ ပြသကဲ့သို့ ဝိညာဏ်သည်လည်း ဘဝသစ်၌ ဖြစ်ခြင်း၏ အကြောင်းဖြစ်သော ကံ ကမ္မနိမိတ် ဂတိနိမိတ်ဟူသော အာရုံနိမိတ် (၃)မျိုးတို့တွင် တစ်မျိုးမျိုးကို ပြုလုပ်တတ် = အာရုံပြုတတ်၏။ တစ်နည်း --- ပဋိသန္ဓေဝိညာဏ်နှင့် သမ္ပယုတ်ဖြစ်သော ဝိတက်ဖြင့် ကြံဆ၍ ယူတတ်၏။ နတ်အရုပ်၊ လူအရုပ်၊ သားကောင်အရုပ်၊ ငှက်အရုပ် စသောအားဖြင့် အမျိုးမျိုးသော နာမ်ရုပ်ကိုလည်း ဖြစ်စေ၏။ ထိုကြောင့် ဝိညာဏ်သည် မျက်လှည့်ဆရာနှင့် တူ၏။
魔术师能造作、展示种种幻像;同样,识能对成为新有之因的业、业相、趣相三种所缘相之一造作——即取为所缘。另一解释是,结生识以与它相应的寻思惟而取所缘。识又能生起天、人、兽、鸟等种种色名形相。因此,识如魔术师。
(အဘိ-ဋ္ဌ-၂-၁၈၆။ ဝိသုဒ္ဓိ-၂-၂၁၈။)
(《阿毗达磨义注》2-186;《清净之道》2-218。)
ယထာဥပဋ္ဌိတာနိ ကမ္မာဒီနိ စုတိအာသန္နဇဝနေဟိ ပရိကပ္ပေတွာ ဝိယ ဂဟိတာနိ ပဋိသန္ဓိဝိညာဏေန ပရိကပ္ပိတာနိ ဝိယ ဟောန္တိ၊ တံ ပနဿ ပရိကပ္ပနံ အတ္ထတော အာရမ္မဏကရဏမေဝါတိ ဝုတ္တံ ''ပရိ။ ပ ။
巴利《随复注》引文(缅文转写):‘ယထာဥပဋ္ဌိတာနိ ကမ္မာဒီနိ စုတိအာသန္နဇဝနေဟိ ပရိကပ္ပေတွာ ဝိယ ဂဟိတာနိ ပဋိသန္ဓိဝိညာဏေန ပရိကပ္ပိတာနိ ဝိယ ဟောန္တိ၊ တံ ပနဿ ပရိကပ္ပနံ အတ္ထတော အာရမ္မဏကရဏမေဝါတိ ဝုတ္တံ ''ပရိ။ ပ ။တော''တိ။’ 正如业等所缘由临死速行仿佛分别以后取得,结生识也仿佛加以分别;但所谓分别,实质只是取为所缘。
တော''တိ။ (အနုဋီ-၂-၁၃၈။) ပဋိသန္ဓေဝိညာဏ်သည် ဝိပါက်တရားဖြစ်၍ အထူးထူး အပြားပြား မကြံဆတတ်သော်လည်း လွန်ခဲ့သည့်ဘဝ စုတိ၏ အနီး၌ရှိသော မရဏာသန္နဇောတို့သည် အထူးထူး အပြားပြား ကြံဆ၍ ယူအပ်ပြီးသည့် ကံ-ကမ္မနိမိတ်- ဂတိနိမိတ်ဟူသော အာရုံ (၃)မျိုးတို့တွင် တစ်မျိုးမျိုးသော အာရုံကိုပင် ပဋိသန္ဓေဝိညာဏ်သည် အာရုံပြု ရကား အကြောင်းဖြစ်သော မရဏာသန္နဇောက ကြံဆအပ်ပြီးသည့် အာရုံကိုပင် တင်စား၍ ပဋိသန္ဓေဝိညာဏ် က ကြံဆသည် အာရုံပြုသည်ဟု မိန့်ဆိုခြင်း ဖြစ်သည်ဟု ဆိုလိုသည်။ တစ်နည်းဆိုသော် ---- သမ္ပယုတ္တေန ဝါ
(《随复注》2-138。)结生识虽属果报法,不能作种种分别;但它所缘的业、业相或趣相,是前世临死速行分别并取得的,所以借用因位临死速行的作用,说结生识“分别”或取所缘。另一种解释是:“或由与它相应的——”

本页是帕奥禅师缅文「五大册」第三册(趣向涅槃之道·第三册,书名暂定)的现代汉语全译本,非缩略版、非节译;译者 Dhammesanā。卷前、正文与原书索引均与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。