缘起第一种方法(之八)

《趣向涅槃之道》中文全译本 · 非缩略版

缘起篇(乙) · 原书第 493–505 页 · 224 个翻译单元

本页并入了原书的相邻小节:缘起篇(乙)、缘起第一种方法。

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 493 页
ပဋိစ္စသမုပ္ပါဒ်ပိုင်း - အပိုင်း (ခ) ပဋိသန္ဓေစိတ်သည် မိမိနှင့် အတူဥပါဒ်သည့် ဟဒယဝတ္ထုရုပ်ကို မှီ၍ ဖြစ်၏။ စုတိစိတ်သည် မိမိမှ ပြန်၍ ရေတွက်သော် (၁၇)ချက်မြောက်သော = စုတိစိတ်ပါ ထည့်၍ ရေတွက်သော် (၁၇)ချက်မြောက်သော စိတ်နှင့် အတူဥပါဒ်သော ဟဒယဝတ္ထုရုပ်ကို မှီ၍ ဖြစ်၏။ စက္ခုဝိညာဏ်စသော ပဉ္စဝိညာဏ်တို့သည် အတီတဘဝင် တစ်ချက်လွန်နှင့် ဥပါဒ်ချင်း ပြိုင်၍ ဖြစ်သော မဇ္ဈိမာယုက စက္ခုဝတ္ထုရုပ်စသည့် ဆိုင်ရာ ဝတ္ထုရုပ်ကို အသီးအသီး မှီ၍ ဖြစ်၏။ ပဝတ္တိအခါ ကြွင်းကျန်သော ဘဝင်နှင့်တကွသော မနောဓာတ် မနော- ဝိညာဏဓာတ် အမည်ရသော ဝီထိစိတ်တို့သည် မိမိ မိမိတို့နှင့် ရှေးစိတ္တက္ခဏနှင့် ဥပါဒ်ချင်းပြိုင်၍ ဖြစ်သော ဟဒယဝတ္ထုရုပ်ကို အသီးအသီး မှီ၍ ဖြစ်ကြ၏။ ဥပမာ - ပဉ္စဒွါရာဝဇ္ဇန်းသည် ဘဝင်္ဂုပစ္ဆေဒနှင့် ဥပါဒ်ချင်း ပြိုင်၍ ဖြစ်သော ဟဒယဝတ္ထုရုပ်ကို မှီ၍ ဖြစ်၏။ သမ္ပဋိစ္ဆိုင်းသည် စက္ခုဝိညာဏ်စသည့် ပဉ္စဝိညာဏ်နှင့်
结生心依止与自己同时生起的心所依处色而生;死亡心依止从自身倒数第十七个心——若把死亡心本身计入,即第十七个心——同时生起的心所依处色而生。眼识等五识分别依止与越过一个过去有分后的心同时生起、具有中等寿命的眼所依处等相应所依处色而生。转起时,其余有分以及称为意界、意识界的心路心,都分别依止与各自前一心刹那同时生起的心所依处色而生。例如,五门转向依止与有分断同时生起的心所依处色;领受则依止与眼识等五识——
ဥပါဒ်ချင်းပြိုင်၍ ဖြစ်သော ဟဒယဝတ္ထုရုပ်ကို မှီ၍ ဖြစ်၏။ ဤသို့စသည်ဖြင့် သဘောပေါက်ပါလေ။ နာမ်ကမ္မဋ္ဌာန်း ဇယားများ၌ ဖော်ပြထားသည့်အတိုင်း အတန်းတိုင်း အတန်းတိုင်း၌ ဝီထိစိတ္တက္ခဏတိုင်း၌ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပါ။ (၆)လိုင်းလုံး၌ ကုသိုလ်ဇောစောသည့် အကောင်းအုပ်စု၊ အကုသိုလ်ဇော စောသည့် မကောင်းအုပ်စုများကို ကုန်စင်အောင် ရှုပါ။ ဤသို့ ဝီထိစိတ်အစဥ်အတိုင်း အာယတနဒွါရအလိုက် အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းခြင်းကား ရောယှက် ရှုပ်ထွေးခြင်း ကင်းသဖြင့် ပို၍ ကောင်းမွန် လွယ်ကူပေသည်။ ပဋိစ္စသမုပ္ပါဒ် ပဉ္စမနည်း၌ ---- ဝတ္ထု ဖြစ်ခြင်းကြောင့် ဝေဒနာက္ခန္ဓာ ဖြစ်၏၊ ဝတ္ထုက အကြောင်းတရား၊ ဝေဒနာက္ခန္ဓာက အကျိုးတရား။ ဤသို့ စသော ရှုကွက်နှင့် အတူတူပင် ဖြစ်သည်။
——同时生起的心所依处色。其余应依此理解。应依名业处诸表,在每一列的每一心路心刹那摄取因法与果法;六条线中善速行生起的善组与不善速行生起的不善组都应观尽。按心路次第、依处门摄取因果,不会交错混乱,因而更为清楚容易。这与缘起第五种方法中的观法相同:‘由于所依处生起,受蕴生起;所依处是因法,受蕴是果法。’
၄။ ရုပ် ဖြစ်ခြင်းကြောင့် ရုပ်အာယတန ဖြစ်ပုံ
四、因色而有色处
ယခုတစ်ဖန် နာမရူပပစ္စယာတွင် ပါဝင်သော ရုပ်တရားများက သဠာယတနတွင် ပါဝင်သော ရုပ် အာယတနတို့အား ဖြစ်ပေါ်လာအောင် ကျေးဇူးပြုပုံအပိုင်း၌ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်း ပုံကို ဆက်လက်၍ တင်ပြအပ်ပါသည်။
现在继续说明:在“缘名色而有六处”中,“色”所摄诸色法如何令“六处”所摄诸色处生起,以及应如何摄取其因果。
စက္ခုဒသကကလာပ် အတွင်း၌ တည်ရှိသော မဟာဘုတ်ဓာတ်ကြီး (၄)ပါးသည် ကလာပ်တူ စက္ခာ- ယတနအား သဟဇာတစသော ပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေး၏။ ကလာပ်တူ ဇီဝိတကလည်း အလားတူပင် စက္ခာယတနအား ဣန္ဒြိယစသော ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြုပေး၏။ ကဗဠီကာရအာဟာရ အမည်ရသော အာဟာရဇသြဇာကလည်း စက္ခုဒသကကလာပ်၌ တည်ရှိသော သြဇာအား အားပေးထောက်ပံ့လျက် သြဇဋ္ဌမက ရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေခြင်းဖြင့် စက္ခာယတနအား အာဟာရစသော ပစ္စယသတ္တိဖြင့် ကျေးဇူးပြုလျက် ရှိ၏၊ အားပေးထောက်ပံ့လျက် ရှိ၏။ သောတာယတန စသည်တို့၌လည်း နည်းတူ သဘောပေါက်ပါ။ ဤသို့ ဆိုင်ရာ ဆိုင်ရာ အကြောင်းတရားကြောင့် ဆိုင်ရာ ဆိုင်ရာ အကျိုးတရား ဖြစ်ပုံကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အောက်ပါအတိုင်း အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပါ။
眼十法聚中的四大种,以俱生缘等缘力资助同聚眼处;同聚色命根也以根缘等缘力资助眼处。食生食素称为段食,它支持眼十法聚中的食素,使新的食素八法聚不断生起,从而以食缘等缘力资助并支持眼处。耳处等也应同样理解。应以智看见相应因法如何使相应果法生起,并依下列方式摄取因法与果法。
၁။ စက္ခုဒသကကလာပ်၌ ရှိသော မဟာဘုတ် (၄)ပါး ဖြစ်ခြင်းကြောင့် ကလာပ်တူ စက္ခာယတန ဖြစ်၏။
一、由于眼十法聚中的四大种生起,同聚眼处生起。
စက္ခုဒသကကလာပ်၌ ရှိသော မဟာဘုတ် (၄)ပါးက အကြောင်းတရား ကလာပ်တူ စက္ခာယတနက အကျိုးတရား။
眼十法聚中的四大种是因法,同聚眼处是果法。
၂။ စက္ခုဒသကကလာပ်၌ရှိသော ဇီဝိတ ဖြစ်ခြင်းကြောင့် ကလာပ်တူ စက္ခာယတန ဖြစ်၏။
二、由于眼十法聚中的色命根生起,同聚眼处生起。
စက္ခုဒသကကလာပ်၌ ရှိသော ဇီဝိတက အကြောင်းတရား၊ ကလာပ်တူ စက္ခာယတနက အကျိုးတရား။
眼十法聚中的色命根是因法,同聚眼处是果法。
၃။ (ကဗဠီကာရအာဟာရ အမည်ရသော အာဟာရဇသြဇာ၏ အထောက်အပံ့ကိုရသော) စက္ခုဒသက- ကလာပ်၌ ရှိသော သြဇာ ဖြစ်ခြင်းကြောင့် ကလာပ်တူ ကလာပ်ပြား စက္ခာယတန ဖြစ်၏။ ။ စက္ခုဒသက- ကလာပ်၌ ရှိသော သြဇာက အကြောင်းတရား၊ ကလာပ်တူ ကလာပ်ပြား စက္ခာယတနက အကျိုးတရား။
三、由于眼十法聚中的食素〔得到称为段食的食生食素资助〕生起,同聚及异聚中的眼处生起。眼十法聚中的食素是因法,同聚及异聚中的眼处是果法。
原书第 494 页
၄။ သောတဒသကကလာပ်၌ ရှိသော မဟာဘုတ် (၄)ပါး ဖြစ်ခြင်းကြောင့် ကလာပ်တူ သောတာယတန ဖြစ်၏။ ။ သောတဒသကကလာပ်၌ ရှိသော မဟာဘုတ် (၄)ပါးက အကြောင်းတရား၊ ကလာပ်တူ သောတာယတနက အကျိုးတရား။
四、由于耳十法聚中的四大种生起,同聚耳处生起。耳十法聚中的四大种是因法,同聚耳处是果法。
၅။ သောတဒသကကလာပ်၌ ရှိသော ဇီဝိတ ဖြစ်ခြင်းကြောင့် ကလာပ်တူ သောတာယတန ဖြစ်၏။
五、由于耳十法聚中的色命根生起,同聚耳处生起。
သောတဒသကကလာပ်၌ ရှိသော ဇီဝိတက အကြောင်းတရား၊ ကလာပ်တူ သောတာယတနက အကျိုးတရား။
耳十法聚中的色命根是因法,同聚耳处是果法。
၆။ (ကဗဠီကာရအာဟာရ အမည်ရသော အာဟာရဇသြဇာ၏ အထောက်အပံ့ကို ရသော) သောတ- ဒသကကလာပ်၌ ရှိသော သြဇာ ဖြစ်ခြင်းကြောင့် ကလာပ်တူ ကလာပ်ပြား သောတာယတန ဖြစ်၏။ ။
六、由于耳十法聚中的食素〔得到称为段食的食生食素资助〕生起,同聚及异聚中的耳处生起。
သောတဒသကကလာပ်၌ ရှိသော သြဇာက အကြောင်းတရား၊ ကလာပ်တူ ကလာပ်ပြား သောတာယတနက အကျိုးတရား။
耳十法聚中的食素是因法,同聚及异聚中的耳处是果法。
၇။ ဃာနဒသကကလာပ်၌ ရှိသော မဟာဘုတ် (၄)ပါး ဖြစ်ခြင်းကြောင့် ကလာပ်တူ ဃာနာယတန ဖြစ်၏၊ ဃာနဒသကကလာပ်၌ ရှိသော မဟာဘုတ် (၄)ပါးက အကြောင်းတရား၊ ကလာပ်တူ ဃာနာယတနက အကျိုး တရား။
七、由于鼻十法聚中的四大种生起,同聚鼻处生起。鼻十法聚中的四大种是因法,同聚鼻处是果法。
၈။ ဃာနဒသကကလာပ်၌ ရှိသော ဇီဝိတ ဖြစ်ခြင်းကြောင့် ကလာပ်တူ ဃာနာယတန ဖြစ်၏။
八、由于鼻十法聚中的色命根生起,同聚鼻处生起。
ဃာနဒသကကလာပ်၌ ရှိသော ဇီဝိတက အကြောင်းတရား၊ ကလာပ်တူ ဃာနာယတနက အကျိုးတရား။
鼻十法聚中的色命根是因法,同聚鼻处是果法。
၉။ (ကဗဠီကာရအာဟာရ အမည်ရသော အာဟာရဇသြဇာ၏ အထောက်အပံ့ကို ရသော) ဃာနဒသက- ကလာပ်၌ ရှိသော သြဇာ ဖြစ်ခြင်းကြောင့် ကလာပ်တူ ကလာပ်ပြား ဃာနာယတန ဖြစ်၏။ ။ ဃာနဒသက- ကလာပ်၌ ရှိသော သြဇာက အကြောင်းတရား၊ ကလာပ်တူ ကလာပ်ပြား ဃာနာယတနက အကျိုးတရား။
九、由于鼻十法聚中的食素〔得到称为段食的食生食素资助〕生起,同聚及异聚中的鼻处生起。鼻十法聚中的食素是因法,同聚及异聚中的鼻处是果法。
၁ဝ။ ဇိဝှါဒသကကလာပ်၌ ရှိသော မဟာဘုတ် (၄)ပါး ဖြစ်ခြင်းကြောင့် ကလာပ်တူ ဇိဝှါယတန ဖြစ်၏။
十、由于舌十法聚中的四大种生起,同聚舌处生起。
ဇိဝှါဒသကကလာပ်၌ ရှိသော မဟာဘုတ် (၄)ပါးက အကြောင်းတရား၊ ကလာပ်တူ ဇိဝှါယတနက အကျိုးတရား။
舌十法聚中的四大种是因法,同聚舌处是果法。
၁၁။ ဇိဝှါဒသကကလာပ်၌ ရှိသော ဇီဝိတ ဖြစ်ခြင်းကြောင့် ကလာပ်တူ ဇိဝှါယတန ဖြစ်၏။
十一、由于舌十法聚中的色命根生起,同聚舌处生起。
ဇိဝှါဒသကကလာပ်၌ ရှိသော ဇီဝိတက အကြောင်းတရား၊ ကလာပ်တူ ဇိဝှါယတနက အကျိုးတရား။
舌十法聚中的色命根是因法,同聚舌处是果法。
၁၂။ (ကဗဠီကာရအာဟာရ အမည်ရသော အာဟာရဇသြဇာ၏ အထောက်အပံ့ကို ရသော) ဇိဝှါဒသက- ကလာပ်၌ ရှိသော သြဇာ ဖြစ်ခြင်းကြောင့် ကလာပ်တူ ကလာပ်ပြား ဇိဝှါယတန ဖြစ်၏။ ။ ဇိဝှါဒသက- ကလာပ်၌ ရှိသော သြဇာက အကြောင်းတရား၊ ကလာပ်တူ ကလာပ်ပြား ဇိဝှါယတနက အကျိုးတရား။
十二、由于舌十法聚中的食素〔得到称为段食的食生食素资助〕生起,同聚及异聚中的舌处生起。舌十法聚中的食素是因法,同聚及异聚中的舌处是果法。
၁၃။ ကာယဒသကကလာပ်၌ ရှိသော မဟာဘုတ် (၄)ပါး ဖြစ်ခြင်းကြောင့် ကလာပ်တူ ကာယာယတန ဖြစ်၏။
十三、由于身十法聚中的四大种生起,同聚身处生起。
ကာယဒသကကလာပ်၌ ရှိသော မဟာဘုတ် (၄)ပါးက အကြောင်းတရား၊ ကလာပ်တူ ကာယာယတနက အကျိုးတရား။
身十法聚中的四大种是因法,同聚身处是果法。
၁၄။ ကာယဒသကကလာပ်၌ ရှိသော ဇီဝိတ ဖြစ်ခြင်းကြောင့် ကလာပ်တူ ကာယာယတန ဖြစ်၏။
十四、由于身十法聚中的色命根生起,同聚身处生起。
ကာယဒသကကလာပ်၌ ရှိသော ဇီဝိတက အကြောင်းတရား၊ ကလာပ်တူ ကာယာယတနက အကျိုးတရား။
身十法聚中的色命根是因法,同聚身处是果法。
၁၅။ (ကဗဠီကာရအာဟာရ အမည်ရသော အာဟာရဇသြဇာ၏ အထောက်အပံ့ကိုရသော) ကာယဒသက- ကလာပ်၌ ရှိသော သြဇာ ဖြစ်ခြင်းကြောင့် ကလာပ်တူ ကလာပ်ပြား ကာယာယတန ဖြစ်၏။ ကာယဒသက- ကလာပ်၌ ရှိသော သြဇာက အကြောင်းတရား၊ ကလာပ်တူ ကလာပ်ပြား ကာယာယတနက အကျိုးတရား။
十五、由于身十法聚中的食素〔得到称为段食的食生食素资助〕生起,同聚及异聚中的身处生起。身十法聚中的食素是因法,同聚及异聚中的身处是果法。
原书第 495 页
ပဋိစ္စသမုပ္ပါဒ်ပိုင်း - အပိုင်း (ခ) 〔မှတ်ချက် ---- စားမျိုလိုက်သော အစာအာဟာရကား အစာသစ်အိမ်၏ အတွင်း၌ အစာသစ် ကောဋ္ဌာသ အဖြစ် တည်ရှိနေခိုက် ဥတုဇသြဇဋ္ဌမကရုပ်တို့တည်း။ အစာအိမ်ဝန်းကျင်စသည်တို့၌ တည်ရှိသော ဇီဝိတ နဝကကလာပ်တို့တွင် ပါဝင်တည်ရှိသော အစာကို ကြေကျက်စေတတ်သော ပါစကတေဇောဓာတ်ဟူသော ကမ္မဇဝမ်းမီး၏ အကူအညီကို ရရှိသောအခါ ယင်းဥတုဇသြဇဋ္ဌမကရုပ်တို့တွင် ပါဝင်သော သြဇာသည် အာဟာ- ရဇ သြဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်များကို ဖြစ်စေ၏။ ယင်းအသစ်အသစ်သော အာဟာရဇသြဇဋ္ဌမက ရုပ်တို့တွင် ပါဝင်သော သြဇာသည် မိမိမှ ကြွင်းကျန်သော ကမ္မဇကလာပ် စိတ္တဇကလာပ် ဥတုဇကလာပ် အာဟာရဇ ကလာပ်တို့တွင် ပါဝင်သော ကမ္မဇသြဇာ၊ စိတ္တဇသြဇာ၊ ဥတုဇသြဇာ၊ အာဟာရဇသြဇာ အသီး- အသီးကို ခိုင်ခံ့အောင် အားပေးထောက်ပံ့လျက် ရှိ၏၊ ယင်းသို့ အားပေးထောက်ပံ့မှုကြောင့် စက္ခုဒသက ကလာပ်စသည့် ထိုထိုကလာပ်၌ တည်ရှိကြသော ကမ္မဇသြဇာ၊ စိတ္တဇသြဇာ၊ ဥတုဇသြဇာ၊ အာဟာရဇသြဇာ
〔注——吞食的食物在胃中作为新食身分存在时,是时节生食素八法聚。当它们得到胃周围等处命根九法聚中、能消化食物的消化火界——业生腹火——支持时,其中的食素便产生一代又一代新的食生食素八法聚。这些新生食生食素八法聚中的食素,又分别支持其余业生、心生、时节生与食生色聚中的业生食素、心生食素、时节生食素与食生食素,使它们坚固;由于这种支持,眼十法聚等各色聚中的业生食素、心生食素、时节生食素与食生食素——
အသီးအသီးသည် သြဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်တို့ကို ထပ်မံ ဖြစ်စေနိုင်ကြပြန်ကုန်၏။ ယင်းသို့ အားပေးထောက်ပံ့ခြင်း ဖြစ်စေခြင်းဖြင့် စက္ခာယတနစသော ရုပ်အာယတနတို့သည် တည်တံ့ ခိုင်ခံ့လာကုန်၏။
——又能继续产生新一代食素八法聚。由于如此支持并促成生起,眼处等诸色处便稳固持久。
ယင်းသဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အထက်ပါ သြဇာက ရုပ်အာယတနတို့အား ကျေးဇူးပြုပုံ ရှုကွက်ကို ရှုပါ။〕〕〕
应以智看见这一法则,并观照上述食素如何资助诸色处。〕
၅။ နာမ်ရုပ် ဖြစ်ခြင်းကြောင့် မနာယတန ဖြစ်ပုံ
五、因名色而有意处
နာမ်-အရ စိတ္တက္ခဏတစ်ခု၏ အတွင်း၌ အတူယှဥ်တွဲဖြစ်ကြသော သမ္ပယုတ် စိတ်စေတသိက်တရားစု တို့တွင် စေတသိက် နာမ်ခန္ဓာသုံးပါးတို့ကို ကောက်ယူပါ။ ရုပ်တရားအရ ဆိုင်ရာ နာမ်တရားစုတို့၏ မှီ၍ ဖြစ်ရာ ဝတ္ထုရုပ်ကို ကောက်ယူပါ။ ပဉ္စဝေါကာရဘုံ၌ ယင်းနာမ်ရုပ်က သမ္ပယုတ် မနာယတနအား သဟဇာတ အညမည နိဿယ ဝိပါက သမ္ပယုတ္တ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတစသော ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြု၏။ (အဘိ-ဋ္ဌ-၂- ၁၆၇။ ဝိသုဒ္ဓိ-၂-၁၉၉။) ပဋိစ္စသမုပ္ပါဒ် ပဉ္စမနည်း၌ ---- နာမ်ရုပ် ဖြစ်ခြင်းကြောင့် ဝိညာဏက္ခန္ဓာ ဖြစ်၏။
依“名”,应摄取同一心刹那中相应俱生的心与心所法组里的三个心所名蕴;依“色”,应摄取相应名法组所依止而生的所依处色。在五蕴有中,这组名色以俱生缘、相互缘、依止缘、异熟缘、相应缘、不相应缘、有缘、不离去缘等缘力,资助相应的意处。(《阿毗达磨义注》2-167;《清净之道》2-199。)这与缘起第五种方法的观法相同:‘由于名色生起,识蕴生起——’
နာမ်ရုပ်က အကြောင်းတရား၊ ဝိညာဏက္ခန္ဓာက အကျိုးတရား ---- ဟူသော ရှုကွက်နှင့် အတူတူပင် ဖြစ်သည်။
——‘名色是因法,识蕴是果法。’
စိတ္တက္ခဏ တစ်ခု၏ အတွင်း၌ ဆိုင်ရာ နာမ်ရုပ်ကြောင့် ဆိုင်ရာ မနာယတန ဖြစ်ပုံကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ အောက်ပါ ရှုကွက်ကို ရှုပါ၊ ၁။ ပဋိသန္ဓေ နာမ်ရုပ် ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ မနာယတန ဖြစ်၏။
应以智看见同一心刹那中,相应名色如何使相应意处生起,并依下列方式观照:一、由于结生名色生起,结生意处生起。
ပဋိသန္ဓေ နာမ်ရုပ်က အကြောင်းတရား၊ ပဋိသန္ဓေ မနာယတနက အကျိုးတရား။
结生名色是因法,结生意处是果法。
၂။ ဘဝင် နာမ်ရုပ် ဖြစ်ခြင်းကြောင့် ဘဝင် မနာယတန ဖြစ်၏။
二、由于有分名色生起,有分意处生起。
ဘဝင် နာမ်ရုပ်က အကြောင်းတရား၊ ဘဝင် မနာယတနက အကျိုးတရား။
有分名色是因法,有分意处是果法。
၃။ စုတိ နာမ်ရုပ် ဖြစ်ခြင်းကြောင့် စုတိ မနာယတန ဖြစ်၏။
三、由于死亡名色生起,死亡意处生起。
စုတိ နာမ်ရုပ်က အကြောင်းတရား၊ စုတိ မနာယတနက အကျိုးတရား။
死亡名色是因法,死亡意处是果法。
〔 မှတ်ချက် --- ဝတ္ထုအရ ဟဒယဝတ္ထုစသည့် ဝတ္ထုရုပ် (၆)မျိုးတို့သည်သာ ဤ၌ လိုရင်းပဓာန ဖြစ်သော်လည်း ဃနပြိုရေး ပရမတ်သို့ ဉာဏ်အမြင်ဆိုက်ရေးကို ဦးတည်၍ မကင်းစကောင်းသော အဝိနာ- ဘာဝနည်းအရ ရုပ်ကမ္မဋ္ဌာန်းပိုင်း ဇယားများတွင် ဖော်ပြထားသည့် ဟဒယဝတ္ထုစသည့် ထိုထို ဝတ္ထုရုပ်တို့နှင့် နှလုံးအိမ်စသည့် ထိုထို ဌာန၌ အတူ ဖြစ်နေကြသည့် (၅၄-၄၄)စသော ရုပ်များကိုပါ ရောနှော၍ သိမ်းဆည်း ပါက ဝိပဿနာ ရှုပါကလည်း အပြစ်မဖြစ်ပါ။ သို့အတွက် ပဋိသန္ဓေ၌ နာမ်အရ စေတသိက် (၃၃)၊ ရုပ်အရ
〔注——严格而言,这里的“所依处”以心所依处等六种所依处色为主;不过,为了破除色密集、使智见抵达究竟法,依不可分离而生起之法的原则,若把色业处篇诸表所列、与心所依处等各所依处色在心脏等相应位置共同生起的五十四、四十四等诸色也一并摄取并修毗婆舍那,并无过失。因此,结生时依“名”可取三十三个心所,依“色”可取——
原书第 496 页
ရုပ် (၃ဝ)၊ ဘဝင်၌ နာမ်အရ စေတသိက် (၃၃)၊ ရုပ်အရ (၅၄) ဤသို့ စသည်ဖြင့် ကောက်ယူနိုင်ပါသည်။
——三十种色;有分时依“名”可取三十三个心所,依“色”可取五十四种色,等等。
အရာရာ၌ နည်းတူ သဘောပေါက်ပါ။〕 ၄။ ပဉ္စဒွါရာဝဇ္ဇန်း နာမ်ရုပ် ဖြစ်ခြင်းကြောင့် ပဉ္စဒွါရာဝဇ္ဇန်း မနာယတန ဖြစ်၏။
其余一切也应同样理解。〕四、由于五门转向名色生起,五门转向意处生起。
ပဉ္စဒွါရာဝဇ္ဇန်း နာမ်ရုပ်က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း မနာယတနက အကျိုးတရား။
五门转向名色是因法,五门转向意处是果法。
(နာမ် = စေတသိက်-၁ဝ။ ရုပ် = ဘဝင်္ဂုပစ္ဆေဒနှင့် အတူဥပါဒ်သော ဟဒယဝတ္ထုနှင့် တကွသော ရုပ်-၅၄၊၊) ၅။ စက္ခုဝိညာဏ် နာမ်ရုပ် ဖြစ်ခြင်းကြောင့် စက္ခုဝိညာဏ် မနာယတန ဖြစ်၏။
(名=十个心所;色=与有分断同时生起、包括心所依处在内的五十四种色。)五、由于眼识名色生起,眼识意处生起。
စက္ခုဝိညာဏ် နာမ်ရုပ်က အကြောင်းတရား၊ စက္ခုဝိညာဏ် မနာယတနက အကျိုးတရား။
眼识名色是因法,眼识意处是果法。
(နာမ် = ယှဥ်ဖက်စေတသိက်-၇-လုံး။ ရုပ် = အတီတဘဝင် တစ်ချက်လွန်နှင့် ဥပါဒ်ချင်းပြိုင်၍ ဖြစ်သော စက္ခုဝတ္ထုနှင့်တကွ ရုပ်-၅၄။) ၆။ သမ္ပဋိစ္ဆိုင်း နာမ်ရုပ် ဖြစ်ခြင်းကြောင့် သမ္ပဋိစ္ဆိုင်း မနာယတန ဖြစ်၏။
(名=七个相应心所;色=与越过一个过去有分后的心同时生起、包括眼所依处在内的五十四种色。)六、由于领受名色生起,领受意处生起。
သမ္ပဋိစ္ဆိုင်း နာမ်ရုပ်က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း မနာယတနက အကျိုးတရား။
领受名色是因法,领受意处是果法。
(နာမ် = ယှဥ်ဖက် စေတသိက်-၇-လုံး။ ရုပ် = စက္ခုဝိညာဏ်နှင့် ဥပါဒ်ချင်းပြိုင်၍ ဖြစ်သော ဟဒယဝတ္ထုနှင့် တကွ ရုပ်-၅၄။ သန္တီရဏစသည်တို့၌ နည်းမှီး၍ ရှုပါ။) ၇။ သန္တီရဏ နာမ်ရုပ် ဖြစ်ခြင်းကြောင့် သန္တီရဏ မနာယတန ဖြစ်၏။
(名=七个相应心所;色=与眼识同时生起、包括心所依处在内的五十四种色。推度等应依此观照。)七、由于推度名色生起,推度意处生起。
သန္တီရဏ နာမ်ရုပ်က အကြောင်းတရား၊ သန္တီရဏ မနာယတနက အကျိုးတရား။
推度名色是因法,推度意处是果法。
၈။ ဝုဋ္ဌော နာမ်ရုပ် ဖြစ်ခြင်းကြောင့် ဝုဋ္ဌော မနာယတန ဖြစ်၏။
八、由于确定名色生起,确定意处生起。
ဝုဋ္ဌော နာမ်ရုပ်က အကြောင်းတရား၊ ဝုဋ္ဌော မနာယတနက အကျိုးတရား။
确定名色是因法,确定意处是果法。
၉။ ပထမဇော နာမ်ရုပ် ဖြစ်ခြင်းကြောင့် ပထမဇော မနာယတန ဖြစ်၏။
九、由于第一速行名色生起,第一速行意处生起。
ပထမဇော နာမ်ရုပ်က အကြောင်းတရား၊ ပထမဇော မနာယတနက အကျိုးတရား။
第一速行名色是因法,第一速行意处是果法。
(ဇော-၇-ကြိမ် စေ့အောင် ရှုပါ။) ၁ဝ။ ပထမတဒါရုံ နာမ်ရုပ် ဖြစ်ခြင်းကြောင့် ပထမတဒါရုံ မနာယတန ဖြစ်၏။
(应把七次速行全部观照。)十、由于第一彼所缘名色生起,第一彼所缘意处生起。
ပထမတဒါရုံ နာမ်ရုပ်က အကြောင်းတရား၊ ပထမတဒါရုံ မနာယတနက အကျိုးတရား။
第一彼所缘名色是因法,第一彼所缘意处是果法。
(ဒုတိယ တဒါရုံ၌လည်း နည်းတူ ရှုပါ။) ၁၁။ မနောဒွါရာဝဇ္ဇန်း နာမ်ရုပ် ဖြစ်ခြင်းကြောင့် မနောဒွါရာဝဇ္ဇန်း မနာယတန ဖြစ်၏။
(第二彼所缘也应同样观照。)十一、由于意门转向名色生起,意门转向意处生起。
မနောဒွါရာဝဇ္ဇန်း နာမ်ရုပ်က အကြောင်းတရား၊ မနောဒွါရာဝဇ္ဇန်း မနာယတနက အကျိုးတရား။
意门转向名色是因法,意门转向意处是果法。
〔မနောဒွါရဝီထိ၌ ပါဝင်သော ဇောတဒါရုံတို့ကို စက္ခုဒွါရဝီထိ၌ ပါဝင်သော ဇော တဒါရုံ ရှုကွက် အတိုင်းပင် ဆက်ရှုပါ။ နာမ်ကမ္မဋ္ဌာန်းပိုင်း ဇယားများတွင် ဖော်ပြထားသည့်အတိုင်း အတန်းတိုင်း အတန်းတိုင်းဝယ် စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ အကြောင်း အကျိုးတို့ကို ကုန်စင်အောင် သိမ်းဆည်းပါ။
〔意门心路中的速行与彼所缘,应依眼门心路中速行、彼所缘的观法继续观照。依名业处篇诸表,在每一列的每一心刹那,把因法与果法无余摄取。
(၆)လိုင်းလုံး၌ အကောင်းအုပ်စု မကောင်းအုပ်စုများကို ကုန်စင်အောင်ရှုပါ။ ပဉ္စဒွါရာဝဇ္ဇန်း၊ ဝုဋ္ဌော၊ ဇော၊ မနောဒွါရာဝဇ္ဇန်းတို့ကို ပရမတ္ထဓာတ်သားများကို မကြွင်းမကျန်စေလို၍ ရောနှောရှုခြင်း ဖြစ်သည်။〕
六条线中的善组与不善组都应观尽。之所以把五门转向、确定、速行与意门转向一并观照,是为了不遗漏任何究竟界法。〕
原书第 497 页
သဠာယတနပစ္စယာ ဖဿော
缘六处而有触
သဠာယတန ဖြစ်ခြင်းကြောင့် ဖဿ ဖြစ်၏။
由于六处生起,触生起。
ဖဿ --- စက္ခုသမ္ဖဿ သောတသမ္ဖဿ ဃာနသမ္ဖဿ ဇိဝှါသမ္ဖဿ ကာယသမ္ဖဿ မနောသမ္ဖဿဟု အကျဥ်းအားဖြင့် ဖဿ (၆)ပါးတည်း။ အကျယ်အားဖြင့် လောကီဝိပါက်စိတ် (၃၂)မျိုး၌ ယှဥ်သော ဖဿ (၃၂)မျိုးတည်း။ ပဋိသန္ဓေ ဘဝင် စုတိ ပဉ္စဝိညာဏ် သမ္ပဋိစ္ဆိုင်း သန္တီရဏ တဒါရုံတို့နှင့်ယှဥ်သော ဖဿ ဟူလိုသည်။ (အဘိ-ဋ္ဌ-၂-၁၆၈။ ဝိသုဒ္ဓိ-၂-၁၉၉။) သဠာယတန --- ယင်းဖဿ၏ အကြောင်းဖြစ်သော သဠာယတနအရ တရားကိုယ်ကောက်ယူရာ၌ (၂)နည်း ရှိ၏။ စက္ခာယတန သောတာယတန ဃာနာယတန ဇိဝှါယတန ကာယာယတန မနာယတနဟူသော အဇ္ဈတ္တိကာယတန (၆)ပါးကိုသာ ကောက်ယူသောနည်း၊ ယင်းအဇ္ဈတ္တိကာယတန (၆)ပါးနှင့် ရူပါယတန သဒ္ဒါယတန ဂန္ဓာယတန ရသာယတန ဖောဋ္ဌဗ္ဗာယတန ဓမ္မာယတန ဟူသော ဗာဟိရာယတန (၆)ပါးကိုပါ ကောက်ယူသော နည်းဟု (၂)နည်း ရှိပေသည်။
触——略说有六种:眼触、耳触、鼻触、舌触、身触与意触;详说则有与三十二种世间异熟心相应的三十二种触,即与结生、有分、死亡、五识、领受、推度及彼所缘相应之触。(《阿毗达磨义注》2-168;《清净之道》2-199。)六处——摄取作为这些触之因的六处法体,有两种方法:一、只摄取眼处、耳处、鼻处、舌处、身处与意处六内处;二、除这六内处外,也摄取色处、声处、香处、味处、触处与法处六外处。
ပထမနည်း --- အဇ္ဈတ္တိကာယတန (၆)ပါးကိုသာ သဠာယတနအရ တရားကိုယ်ကောက်ယူမှုကို နှစ်ခြိုက် တော်မူကြသော ပညာရှိတို့ကား ဤသို့ ဆိုတော်မူကြ၏ --- ဤပဋိစ္စသမုပ္ပါဒ် ဓမ္မကထာကား သက်ရှိခန္ဓာ အစဥ်ဝယ် ဖြစ်ပေါ်နေသော ရုပ်နာမ်အပေါင်း၏ ကြောင်း-ကျိုးဆက်နွယ်လျက် ဖြစ်ပေါ်နေပုံကို ပြဆိုကြောင်း ဖြစ်သည့် = ဥပါဒိန္နကပဝတ္တိကထာ = (ဥပါဒိဏ္ဏကပဝတ္တိကထာ) ဖြစ်၏။ ထိုကြောင့် (သကသန္တတိပရိယာပန္နမေဝ - ဝိသုဒ္ဓိ-၂-၁၉၉။) မိမိ၏ အဇ္ဈတ္တ ရုပ်နာမ်သန္တတိအစဥ်၌ အကျုံးဝင်သည်သာလျှင် ဖြစ်သော = (ဧကသန္တတိ- ပရိယာပန္နမေဝ-အဘိ-ဋ္ဌ-၂-၁၆၈။) = တစ်ခုသော အဇ္ဈတ္တ ရုပ်နာမ်သန္တတိအစဥ်၌ အကျုံးဝင်သည်သာလျှင် ဖြစ်သော ပစ္စည်းတရားကိုလည်းကောင်း၊ ပစ္စယုပ္ပန်တရားကိုလည်းကောင်း ထိုဆရာမြတ်တို့က ပြဆိုတော်မူကြ ကုန်၏။ အဇ္ဈတ္တိကာယတန အမည်ရသည့် အာယတန (၆)ပါးကိုသာ သဠာယတနဟု အလိုရှိတော်မူကြကုန်၏။
第一种方法——主张只把六内处摄取为六处法体的智者说:本缘起法谈,是说明有生命诸蕴相续中一切色名如何因果相连而生起的“已被执受者之转起论”(upādinnaka-pavatti-kathā)。因此,这些导师只说明摄属自身内在色名相续(sakasantati-pariyāpanna;《清净之道》2-199),亦即只摄属同一内在色名相续(ekasantati-pariyāpanna;《阿毗达磨义注》2-168)的缘法与缘所生法;他们只把称为内处的六处认作这里的六处。
ထိုပညာရှိတို့ကား --- ဆဋ္ဌာယတနပစ္စယာ ဖဿော = (အဘိ-၂-၁၈၇။) = ဆဋ္ဌာယတန = ခြောက်ခုမြောက် မနာယတနကြောင့် ဖဿဖြစ်၏-ဟူသော ပါဠိတော်ကို အစဥ်လိုက်သောအားဖြင့် အရူပဘုံ၌ ဆဋ္ဌာယတန = ခြောက်ခုမြောက်ဖြစ်သော မနာယတနသည်လည်းကောင်း၊ အရူပဘုံမှ တစ်ပါးသော ပဉ္စဝေါကာရဘုံ၌ အလုံး- စုံသော အာယတနတို့ကို သိမ်းယူသောအားဖြင့် သဠာယတနသည်လည်းကောင်း ဖဿအား ကျေးဇူးပြု၏။
这些智者依巴利原文(缅文转写)“ဆဋ္ဌာယတနပစ္စယာ ဖဿော”(《分别论》2-187),即“缘第六处——意处而有触”而说:在无色界,是作为第六处的意处资助触;在无色界以外的五蕴有,则总摄一切处,由六处资助触。
ဤသို့ --- ဆဋ္ဌာယတနဉ္စ သဠာယတနဉ္စ သဠာယတနံ --- ဟု ဧကဒေသသရူပေကသေသ်ကို ပြု၍ (၆)ခုမြောက် မနာယတနနှင့် အတူတကွ အဇ္ဈတ္တဖြစ်သော စက္ခာယတန အစရှိသော အတွင်းအာယတန (၆)ပါးကို သဠာယတနဟူ၍ အလိုရှိတော်မူကြကုန်၏။ မှန်ပေသည် ထိုအဇ္ဈတ္တိကာယတနသည် --- ဆဋ္ဌာယတနဉ္စ သဠာယတနဉ္စ သဠာယတနံ - ဟူသည်နှင့် အညီ သဠာယတနဟူ၍ ခေါ်ဝေါ်အပ်သည်၏ အဖြစ်သို့ ရောက်ရှိ ပေ၏။ (အဘိ-ဋ္ဌ-၂-၁၆၈။ ဝိသုဒ္ဓိ-၂-၁၉၉၊၊) ဒုတိယနည်း --- အကြင် ပညာရှိ သူတော်ကောင်းကြီးတို့သည်ကား အကျိုး = ပစ္စယုပ္ပန်ဖြစ်သည့် ဖဿ ကိုသာ တစ်ခုသော ရုပ်နာမ်ခန္ဓာအစဥ်နှင့် အကျုံးဝင်၏ ဟူ၍ ပြတော်မူကြကုန်၏။ အကြောင်း = ပစ္စည်းတရား ဖြစ်သော သဠာယတနကိုကား ဧကသန္တတိပရိယာပန္န = တစ်ခုသော ရုပ်နာမ်သန္တတိအစဥ်၌ အကျုံးဝင်သော တရား၊ ဘိန္န သန္တာန = ကွဲပြားသော သန္တာန်ရှိသော တရားဟူ၍ နှစ်မျိုး ပြတော်မူကြကုန်၏။ ထိုပညာရှိ သူတော်ကောင်းကြီးတို့သည်ကား --- အကြင်အကြင် အာယတနသည် ဖဿအား ဖြစ်ပေါ်လာအောင် ကျေးဇူး
他们采用一分同形一存法,把巴利语式(缅文转写)“ဆဋ္ဌာယတနဉ္စ သဠာယတနဉ္စ သဠာယတနံ”中的第六意处与眼处等六内处合称为“六处”。确实,依这一语式,六内处得名为六处。(《阿毗达磨义注》2-168;《清净之道》2-199。)第二种方法——另一些智者只说作为果法的触摄属同一色名蕴相续;至于作为因法的六处,则分为摄属同一色名相续之法与属于不同相续之法两类。他们希望显示:凡能资助某一触生起的处——
ပြု၏၊ ထိုဖဿအား ဖြစ်ပေါ်လာအောင် ကျေးဇူးပြုပေးသမျှ အလုံးစုံသော အာယတနကိုလည်း ပြလိုကုန်သည်-
——一切能够资助该触生起的处,无不包括在内;因此,他们也摄取——
原书第 498 页
ဖြစ်၍ ဗာဟိရာယတနဖြစ်သော ရူပါယတနစသည့် အာယတန (၆)ပါးကိုလည်း သိမ်းယူ၍ ခြောက်ခုမြောက် ဖြစ်သော မနာယတနနှင့် အတူတကွ အဇ္ဈတ္တိကာယတန ဖြစ်သောစက္ခာယတနစသည့် ထိုအာယတန (၆)ပါးကိုပင် ဗာဟိရာယတန ဖြစ်ကုန်သော ရူပါယတန စသည်တို့နှင့် အတူတကွ သဠာယတနဟူ၍ အလိုရှိတော်မူကြကုန်၏။ မှန်ပေသည် ထိုဗာဟိရာယတန (၆)ပါး၊ အဇ္ဈတ္တိကာယတန (၆)ပါးဟူသော သဠာ- ယတနသည်လည်း --- ဆဋ္ဌာယတနဉ္စ သဠာယတနဉ္စ သဠာယတနဉ္စ သဠာယတနံဟု ဒွန်ဝစနတ္ထပြု၍ ဧကသေသ်ပြုခဲ့သော် --- ခြောက်ခုမြောက် မနာယတန၊ အတွင်းအာယတန (၆)ပါး၊ အပြင်အာယတန (၆)ပါး တရားစုသည် သဠာယတန ဟူ၍ပင် ခေါ်ဝေါ်ခြင်းသို့ ရောက်ရှိပေသည်။
——色处等六外处,并把作为第六处的意处、眼处等六内处以及色处等六外处一并称为六处。确实,若把“第六处、六内处、六外处”作双重合说后再施一存法,这一整组法仍得名为六处。
(အဘိ-ဋ္ဌ-၂-၁၆၈။ ဝိသုဒ္ဓိ-၂-၁၉၉-၂ဝဝ။)
(《阿毗达磨义注》2-168;《清净之道》2-199—200。)
ပထမအာစရိယဝါဒ၌ --- အဇ္ဈတ္တဟူသော စကားရပ်ဖြင့် မိမိ၏ ရုပ်နာမ်သန္တတိ ခန္ဓာအစဥ်၌ အကျုံး- ဝင်သော စက္ခာယတနစသည့် အဇ္ဈတ္တိကာယတန (၆)ပါးကိုသာ သဠာယတနအရ ကောက်ယူရ၏။ မှန်ပေသည် မိမိ၏ ရုပ်နာမ်သန္တတိအစဥ်၌ အကျုံးဝင်သော ရှေးကံကြောင့်ဖြစ်သော သသန္တတိပရိယာပန္န = မိမိ၏ ရုပ်နာမ်သန္တတိအစဥ်၌ အကျုံးဝင်သော သဠာယတနသည်သာလျှင် ထိုကဲ့သို့ အလားတူရှုအပ်သော မိမိ၏ ရုပ်နာမ်သန္တတိအစဥ်၌ အကျုံးဝင်သော ရှေးကံကြောင့်ဖြစ်သော ဖဿအား ကျေးဇူးပြုပေသည်။ --- တစ်ဖန် ရူပါရုံစသည့် ဗာဟိရာယတနတို့ကား မိမိ၏ ရုပ်နာမ်သန္တတိအစဥ်၌ အကျုံးဝင်သော ရူပါရုံသာမက ပြင်ပ ဗဟိဒ္ဓဖြစ်သည့် သူတစ်ပါး၏ ရုပ်နာမ်သန္တတိအစဥ်၌ အကျုံးဝင်သော ရူပါရုံနှင့် အနုပါဒိန္နဖြစ်သော သက်မဲ့ ဗဟိဒ္ဓ ရူပါရုံတို့သည်လည်း ဖဿ၏ အာရုံ ပစ္စည်းအကြောင်းတရား ဖြစ်နိုင်ကုန်၏။ ထိုသက်ရှိသက်မဲ့ ဗဟိဒ္ဓ ရူပါရုံတို့ကား စက္ခာယတနစသည့် အဇ္ဈတ္တိကာယတနတို့ကဲ့သို့ မိမိ၏ ရုပ်နာမ် သန္တတိအစဥ်၌ အကျုံးဝင်သော
依第一种导师之说,“内在”一词只摄取眼处等六内处,即摄属自身色名蕴相续的诸处。因为只有摄属自身相续、由过去业所生的六处,才资助同样应在自身相续中观照、由过去业所生的触。另一方面,色所缘等外处不仅包括自身色名相续中的色所缘,也包括他人色名相续中的外在色所缘,以及无执受、无生命的外在色所缘;它们都可能成为触生起的所缘缘。可是这些有生命或无生命的外在色所缘,并不像眼处等内处那样,由摄属自身色名相续的业与烦恼所生而成为触的因——
ကံ ကိလေသာဟူသော အကြောင်းကြောင့် ဖြစ်ခြင်းရှိသည်၏ အဖြစ်အားဖြင့် ဖဿ၏ အကြောင်းတရား ဖြစ်ကြသည်ကား မဟုတ်ကုန်။ (ယင်းသက်ရှိ သက်မဲ့ ဗဟိဒ္ဓရူပါရုံစသည့် ဗာဟိရာယတနတို့၌လည်း ယင်းတို့ ဆိုင်ရာ အကြောင်းတရားများ ရှိကြ၏၊ ယင်းအကြောင်းတရားတို့ကြောင့်သာ ဖြစ်သည် ဟူလိုသည်။) ထိုကြောင့် ပထမအာစရိယဝါဒ၌ မကောက်ယူခြင်း ဖြစ်သည်။ (မူလဋီ-၂-၁၁၉။ မဟာဋီ-၂-၃၂၃။) ဒုတိယ အာစရိယဝါဒ၌ကား --- မိမိ၏ ရုပ်နာမ်သန္တတိအစဥ်၌ အကျုံးဝင်သည်ပင်ဖြစ်စေ၊ သူတစ်ပါး၏ ရုပ်နာမ်သန္တတိအစဥ်၌ အကျုံးဝင်သည်ပင်ဖြစ်စေ၊ သက်မဲ့ ဗဟိဒ္ဓပင်ဖြစ်စေ မည်သို့သော ရူပါရုံစသည့် ဗာဟိရာယတနပင် ဖြစ်ပါစေ၊ ဖဿအား ဖြစ်ပေါ်လာအောင် အာရုံအကြောင်းတရားအဖြစ် ကျေးဇူးပြုနိုင် ခဲ့သော် အကြောင်းတရား မဟုတ်ပါဟု ရှောင်ကွင်းခြင်းငှာ မတတ်ကောင်းပေ။ ထိုကြောင့် ဗာဟိရာယတန တို့ကိုပါ သဠာယတနအရ ကောက်ယူရပေသည်ဟု မှတ်ပါ။ (မူလဋီ-၂-၁၁၉။ မဟာဋီ-၂-၃၂၃။)
——法。(当然,这些外在有生命或无生命的色所缘等外处,也各有其自身之因,并由那些因生起。)所以第一种导师之说不摄取它们。(《根本复注》2-119;《大复注》2-323。)依第二种导师之说,不论色所缘等外处摄属自身相续、他人相续,还是外在无生命之物,只要能以所缘缘资助触生起,就不能排除为非因法。因此应知,六处也摄取诸外处。(《根本复注》2-119;《大复注》2-323。)
မဟာဝိဟာရဝါသီ ဆရာမြတ်တို့အယူ
大寺住派诸师之见
ယေ တာဝ အာစရိယာ မဟာဝိဟာရဝါသိနောဝ ယထာ ဝိညာဏံ၊ ဧဝံ နာမရူပံ သဠာယတနံ ဖဿံ ဝေဒနဉ္စ ပစ္စယံ ပစ္စယုပ္ပန္နဉ္စ သသန္တတိပရိယာပန္နံ ဒီပေန္တာ ဝိပါကမေဝ ဣစ္ဆန္တိ။ (မဟာဋီ-၂-၃၂၃။) မဟာဝိဟာရ ကျောင်းတိုက်ကြီး၌ သီတင်းသုံးတော်မူကြသည့် မဟာဝိဟာရဝါသီ ဆရာမြတ်ကြီးတို့၏ အလိုအားဖြင့်မူကား သင်္ခါရကြောင့် ဖြစ်ပေါ်လာသည့် ဝိညာဏ်၌ ဝိပါက်ဝိညာဏ်ကိုသာ ကောက်ယူရ သကဲ့သို့ အလားတူပင် (ဝိညာဏ်) နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာတို့၌ ပစ္စည်း ပစ္စယုပ္ပန် = အကြောင်း အကျိုး နှစ်ဖက်လုံး၌ပင် မိမိ၏ ရုပ်နာမ်သန္တတိ ခန္ဓာအစဥ်၌ အကျုံးဝင်သော တရားကိုသာ ဖော်ပြတော် မူကုန်လျက် ဝိပါကဝဋ်တရားစုကိုသာလျှင် ကောက်ယူတော်မူလိုကြ၏။ (မဟာဋီ-၂-၃၂၃။)
依大寺住派诸师之见,正如在“缘行而有识”中只摄取异熟识,同样,在识、名色、六处、触与受这些缘起支中,他们在因法与果法两边都只说明摄属自身色名蕴相续之法,所要摄取的只是异熟轮转法。(《大复注》2-323。)
原书第 499 页
ဖဿောဟု ဧကဝုစ် ဟောတော်မူခြင်း
为何以单数说“触”
၁။ အလုံးစုံသော အာယတနတို့ကြောင့် တစ်ခုသော ဖဿသည် မဖြစ်။
一、并非由一切处共同生起一个触。
၂။ တစ်ခုသော အာယတနကြောင့် အလုံးစုံသော ဖဿတို့သည် မဖြစ်ကုန်။
二、也并非由一个处生起一切触。
၃။ အလျော်အားဖြင့်မူကား --- များစွာကုန်သော အာယတနတို့ကြောင့် တစ်ခုသော ဖဿသည် ဖြစ်နိုင်၏။
三、恰当的说法是:一个触可由多个处生起。
ဥပမာ --- (၁) စက္ခာယတန၊ (၂) ရူပါယတန၊ (၃) စက္ခုဝိညာဏ် = မနာယတန၊ (၄) ဖဿမှ တစ်ပါးသော ယှဥ်ဖက် သမ္ပယုတ် စေတသိက် (၆)လုံးဟူသော (သဗ္ဗစိတ္တသာဓာရဏ စေတသိက် ၇-လုံးမှ ဖဿနှုတ်သော် ၆-လုံး ဟူသော) သမ္ပယုတ် ဓမ္မာယတန --- ဤအာယတန (၄)မျိုးကြောင့် စက္ခုသမ္ဖဿ ဖြစ်ရ၏။ ဤအတူ အလုံးစုံ သော သမ္ဖဿတို့၌ = (အလုံးစုံသော စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ တည်ရှိသော ဖဿတိုင်း ဖဿတိုင်း၌) ထိုက်သည့်အားလျော်စွာ ယှဥ်စေထိုက်၏။ (အဘိ-ဋ္ဌ-၂-၁၆၈။ ဝိသုဒ္ဓိ-၂-၂ဝဝ။) ထိုသို့ များစွာသော အာယတနတို့ကြောင့် တစ်ခုသော ဖဿ၏ ဖြစ်နိုင်ခြင်းကြောင့်ပင် တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည် ဤသဠာယတနပစ္စယာ ဖဿော - ဟူသော ပါဠိတော်၌ ဖဿော-ဟု ဧကဝုစ် ဝိဘတ်ဖြင့် ညွှန်ပြခြင်းအားဖြင့် တစ်ပါးတည်း တစ်မျိုးတည်းသာ ဖြစ်သော ဤဖဿကို များစွာသော အာယတနဟူသော အကြောင်းရှိ၏ဟူ၍ ပြတော်မူအပ် ဟောတော်မူအပ်ပေသည်။
例如,眼触由四类处生起:一、眼处;二、色处;三、作为意处的眼识;四、除触以外的六个相应心所,即从七遍一切心心所中扣除触后剩下的六个相应法处。一切心刹那中的每一种触,也应依具体情况如此配合。(《阿毗达磨义注》2-168;《清净之道》2-200。)因为一个触能由多个处生起,具足如如德的世尊在“缘六处而有触”这句巴利文中,以单数词尾说“触”,显示并教示:这一个、这一类触以多个处为因。
(အဘိ-ဋ္ဌ-၂-၁၆၉။ ဝိသုဒ္ဓိ-၂-၂ဝဝ။)
(《阿毗达磨义注》2-169;《清净之道》2-200。)
သတိ --- များစွာသော အကြောင်းတရားကြောင့် စက္ခုသမ္ဖဿစသည့် ဖဿတစ်မျိုး ဖြစ်နိုင်ပုံကိုသာ ဖွင့်ဆိုခြင်း ဖြစ်သည်။ ယင်းစက္ခုသမ္ဖဿစသည့် ဖဿသည် မိမိချည်းသက်သက် ယှဥ်ဖက် သမ္ပယုတ်တရား များမပါဘဲ ဖြစ်သည်ဟူ၍ကား အမှတ်မလွဲစေလိုပါ။ ယှဥ်ဖက် သမ္ပယုတ်တရားတို့သည် အကြောင်းတရား ဘက်၌ တည်ရှိနေကြသည်ကိုကား သတိပြုပါ။
注意——这里只是在说明眼触等某一种触能由多个因法生起;不要误解为眼触等能够离开相应诸法而单独生起。应当注意:相应诸法本身就在因法一边。
ပဋ္ဌာန်းပစ္စည်း ဆက်သွယ်ပုံ
《发趣论》诸缘的关联方式
၁။ စက္ခာယတနစသော ရုပ်အာယတန (၅)မျိုးတို့သည် စက္ခုသမ္ဖဿစသော ဖဿ (၅)မျိုးတို့အား အသီးအသီး နိဿယ ပုရေဇာတ ဣန္ဒြိယ ဝိပ္ပယုတ္တ အတ္ထိ အဝိဂတ (၆)ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြု၏။
一、眼处等五种色处,各以依止缘、前生缘、根缘、不相应缘、有缘及不离去缘六种缘力,资助眼触等相应的五种触。
၂။ ဝိပါက်မနာယတနသည် စက္ခုဒွါရဝီထိစသော ဝီထိ (၆)မျိုးတို့၏ အတွင်း၌ရှိသော သမ္ပဋိစ္ဆိုင်း သန္တီရဏ ဝိပါက်မနောသမ္ဖဿ အမျိုးမျိုးအား သဟဇာတ အညမည နိဿယ ဝိပါက အာဟာရ ဣန္ဒြိယ သမ္ပယုတ္တ အတ္ထိ အဝိဂတ (၉)ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြု၏။
二、异熟意处以俱生缘、相互缘、依止缘、异熟缘、食缘、根缘、相应缘、有缘及不离去缘九种缘力,资助眼门心路等六种心路中的领受意触、推度意触等各种异熟意触。
၃။ ဗာဟိရာယတနတို့တွင် ရူပါယတနသည် စက္ခုသမ္ဖဿအား အာရမ္မဏ ပုရေဇာတ အတ္ထိ အဝိဂတ (၄)ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြု၏။ သဒ္ဒါယတနစသည်တို့က သောတသမ္ဖဿစသည်တို့အား ကျေးဇူးပြုမှုကို နည်းတူမှတ်ပါ။
三、外处中的色处,以所缘缘、前生缘、有缘及不离去缘四种缘力资助眼触;声处等其余外处资助耳触等,亦应如此理解。
၄။ ပစ္စုပ္ပန် ရူပါယတန သဒ္ဒါယတန ဂန္ဓာယတန ရသာယတန ဖောဋ္ဌဗ္ဗာယတနတို့သည်လည်းကောင်း၊ ပစ္စုပ္ပန်သာ ဖြစ်သော ဓမ္မာယတန၌ အကျုံးဝင်သော အာပေါဓာတ် ဘာဝရုပ် ဇီဝိတ ဟဒယ သြဇာ ဟူသော ရုပ်အစစ်တို့သည်လည်းကောင်း၊ မနောသမ္ဖဿအား အာရမ္မဏ ပုရေဇာတ အတ္ထိ အဝိဂတ (၄)ပစ္စယသတ္တိ တို့ဖြင့် ကျေးဇူးပြု၏။
四、仍处于现在阶段的色处、声处、香处、味处与触处,以及法处所摄、同样属于现在的真实色法——水界、性根色、色命根、心所依处与食素——以所缘缘、前生缘、有缘及不离去缘四种缘力资助意触。
原书第 500 页
၅။ ပစ္စုပ္ပန် မဟုတ်သော အတိတ် အနာဂတ်ဖြစ်သော အထက်ပါ ဗာဟိရာယတန (၆)ပါးတို့သည် လည်းကောင်း၊ ဓမ္မာယတန၌ အကျုံးဝင်သော ရုပ်အတုတို့သည်လည်းကောင်း၊ ကာလသုံးပါးမှ လွတ်သော = ကာလဝိမုတ်ဖြစ်သော နိဗ္ဗာန် ပညတ်သည်လည်းကောင်း မနောသမ္ဖဿအား အာရမ္မဏပစ္စယသတ္တိဖြင့်သာ ကျေးဇူးပြု၏။ (အဘိ-ဋ္ဌ-၂-၁၆၉။ ဝိသုဒ္ဓိ-၂-၂ဝဝ-၂ဝ၁။ မဟာဋီ-၂-၃၂၄။)
五、上述六外处中不属于现在而属于过去或未来者、法处所摄的非真实色法,以及超越三时的涅槃与概念,只以所缘缘力资助意触。(《阿毗达磨义注》2-169;《清净之道》2-200—201;《大复注》2-324。)
ကြိုတင်မှတ်သားထားရန်
预先应当记住
ဖဿတိုင်း၌ အကြောင်းတရား (၄)မျိုးရှိ၏။ ယင်း (၄)မျိုးတို့မှာ --- (၁) မှီရာဝတ္ထုရုပ်၊ (၂) အာရုံ၊ (၃) ယှဥ်ဖက် အသိစိတ်ဝိညာဏ် = မနာယတန၊ (၄) ယှဥ်ဖက် စေတသိက် သမ္ပယုတ် ဓမ္မာယတနတို့ပင်တည်း။
每一种触都有四类因法:一、所依的所依处色;二、所缘;三、作为意处的相应认知心识;四、作为相应法处的相应心所。
မှီရာဝတ္ထုရုပ်တို့တွင် စက္ခုဝတ္ထုမှာ စက္ခာယတန၊ သောတဝတ္ထုမှာ သောတာယတန၊ ဃာနဝတ္ထုမှာ ဃာနာယတန၊ ဇိဝှါဝတ္ထုမှာ ဇိဝှါယတန၊ ကာယဝတ္ထုမှာ ကာယာယတန၊ ဟဒယဝတ္ထုမှာ ဓမ္မာယတန အသီးအသီး ဖြစ်သည်။
在所依处色中,眼所依处是眼处,耳所依处是耳处,鼻所依处是鼻处,舌所依处是舌处,身所依处是身处,心所依处是法处。
အာရုံ (၆)မျိုးတို့ကား အပြင်အာယတန (၆)မျိုးတို့ပင် ဖြစ်ကြသည်။
六种所缘就是六种外处。
အကျိုးဖဿနှင့် ယှဥ်ဖက် အသိစိတ်ကား မနာယတနတည်း။ အကျိုးဖဿနှင့် ယှဥ်ဖက် စေတသိက် မှန်သမျှကား သမ္ပယုတ် ဓမ္မာယတနတည်း။
与果法之触相应的认知心是意处;与果法之触相应的一切心所,则是相应法处。
ဤ၌ ဉာဏ်ထက်မြက်သူများကား ဖဿ (၆)မျိုး ခွဲ၍ ရှုလိုက ရှုနိုင်၏။ သို့သော် မနောသမ္ဖဿကား အလွန်အရာကျယ်၏။ ခြုံရှုဖို့ရန်လည်း ခက်ခဲ၏။ သို့အတွက် အာယတနဒွါရအလိုက် စိတ္တက္ခဏ တစ်ခုစီခွဲ၍ ရှုခြင်းက ပို၍ အသိဉာဏ်သန့်ရှင်းပေသည်။ သို့အတွက် အာယတနဒွါရအလိုက် အကြောင်း အကျိုး သိမ်း- ဆည်းပုံ စနစ်ကိုသာ တင်ပြပေတော့အံ့ ---
智慧敏锐者可以分别观照六种触;但意触所涉范围极广,难以一次总观。依处门而把每个心刹那分别观照,知见会更清楚。因此,以下说明依处门逐一摄取因果的方法。
အကြောင်းတရား အကျိုးတရား သိမ်းဆည်းပုံ
摄取因法与果法的方法
ပဋိသန္ဓေ မနောသမ္ဖဿ = ပဋိသန္ဓေဝိညာဏ်နှင့် ယှဥ်သော ဖဿ ဖြစ်ပုံ
结生意触:与结生识相应的触如何生起
၁။ ဟဒယဝတ္ထု = ဓမ္မာယတန ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ မနောသမ္ဖဿ ဖြစ်၏။
一、由于心所依处(法处)生起,结生意触生起。
ဟဒယဝတ္ထု = ဓမ္မာယတနက အကြောင်းတရား၊ ပဋိသန္ဓေ မနောသမ္ဖဿက အကျိုးတရား။
心所依处(法处)是因法,结生意触是果法。
၂။ ကံ - အာရုံ ဓမ္မာယတန ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ မနောသမ္ဖဿ ဖြစ်၏။
二、由于业所缘(法处)生起,结生意触生起。
ကံ - အာရုံ ဓမ္မာယတနက အကြောင်းတရား၊ ပဋိသန္ဓေ မနောသမ္ဖဿက အကျိုးတရား။
业所缘(法处)是因法,结生意触是果法。
၃။ ပဋိသန္ဓေဝိညာဏ် = မနာယတန ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ မနောသမ္ဖဿ ဖြစ်၏။
三、由于结生识(意处)生起,结生意触生起。
ပဋိသန္ဓေဝိညာဏ် = မနာယတနက အကြောင်းတရား၊ ပဋိသန္ဓေ မနောသမ္ဖဿက အကျိုးတရား။
结生识(意处)是因法,结生意触是果法。
၄။ သမ္ပယုတ် ဓမ္မာယတန (၃၂) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ မနောသမ္ဖဿ ဖြစ်၏။
四、由于相应法处(32)生起,结生意触生起。
သမ္ပယုတ် ဓမ္မာယတန (၃၂)က အကြောင်းတရား၊ ပဋိသန္ဓေ မနောသမ္ဖဿက အကျိုးတရား။
相应法处(32)是因法,结生意触是果法。
ကံ-အာရုံ --- ပဋိသန္ဓေ နာမ်တရားစု၏ အာရုံမှာ အတိတ်ဘဝက မရဏာသန္နဇောသည် ယူအပ်ခဲ့သော ကံ-ကမ္မနိမိတ်-ဂတိနိမိတ် (၃)မျိုးတို့တွင် တစ်မျိုးမျိုးသော အာရုံ ဖြစ်၏။ ယင်းနိမိတ် (၃)မျိုးတို့မှာ အာရုံ (၆)ပါး ထိုက်သလို ဖြစ်နိုင်ကြ၏။ ဤ၌ ကံ-အာရုံကို ပုံစံထုတ်၍ တင်ပြထားပါသည်။ အသင်သူတော်ကောင်း- အတွက် ကံ-အာရုံမှာ (ဖြစ်ခဲ့သော်) ကာမာဝစရ ပုညာဘိသင်္ခါရ အမည်ရသော ကုသိုလ်စေတနာပင်တည်း။
业所缘——结生名法组所取的所缘,是刚过去那一生临死速行所取的业、业相或趣相三者之一。这三种相可依具体情况属于六所缘中的任何一种。这里以业所缘为例。对贤善行者而言,若当时所经验的是业所缘,它就是称为欲界善行的善思。
ယင်းကုသိုလ် စေတနာကား ဓမ္မာယတနပင် ဖြစ်သည်။
该善思就是法处。
原书第 501 页
ပဋိစ္စသမုပ္ပါဒ်ပိုင်း - အပိုင်း (ခ) သမ္ပယုတ် ဓမ္မာယတန --- ဤ၌ တိဟိတ် သောမနဿ ပဋိသန္ဓေတည်နေသူ လူသားဖြစ်မူ ပဋိသန္ဓေ၌ နာမ်တရား (၃၄)လုံးတို့ ရှိကြ၏။ ယင်းတို့တွင် ဖဿမှာ အကျိုးတရားဘက်၌ တည်ရှိနေ၏။ အသိစိတ်ဝိညာဏ်မှာ မနာယတန အကြောင်းတရား ဖြစ်၏။ သို့အတွက် အသိစိတ်ဝိညာဏ်နှင့် ဖဿကိုနှုတ်သော် စေတသိက် (၃၂) ကျန်၏။ သမ္ပယုတ် ဓမ္မာယတန မည်၏။ အရာရာတွင် နည်းတူမှတ်ပါ။
相应法处——这里以三因悦俱结生的人为例,结生心刹那有三十四个名法。其中触在果法一边,认知心识则是作为因法的意处。从三十四法中扣除心识与触,便剩三十二个心所;这些就是相应法处。其余一切心刹那也应如此理解。
ဘဝင် မနောသမ္ဖဿနှင့် စုတိ မနောသမ္ဖဿတို့ကို ပဋိသန္ဓေ မနောသမ္ဖဿကို နည်းမှီး၍ ရှုပါ။ ယခုအခါ ရူပါရုံလိုင်း စက္ခုဒွါရဝီထိ မနောဒွါရဝီထိတို့၌ ဖဿ အသီးအသီး၏ အကြောင်းတရားတို့ကို သိမ်းဆည်းပုံကို ဆက်လက်၍ တင်ပြအပ်ပါသည်။
有分意触与死亡意触,应仿照结生意触观照。下面继续说明在色所缘线的眼门心路与意门心路中,如何摄取每一种触的因法。
ပဉ္စဒွါရာဝဇ္ဇန်း မနောသမ္ဖဿ (ရူပါရုံလိုင်း)
五门转向意触(色所缘线)
၁။ ဟဒယဝတ္ထု - ဓမ္မာယတန ဖြစ်ခြင်းကြောင့် ပဉ္စဒွါရာဝဇ္ဇန်း မနောသမ္ဖဿ ဖြစ်၏။
一、由于心所依处(法处)生起,五门转向意触生起。
ဟဒယဝတ္ထု - ဓမ္မာယတနက အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း မနောသမ္ဖဿက အကျိုးတရား။
心所依处(法处)是因法,五门转向意触是果法。
၂။ ရူပါယတန ဖြစ်ခြင်းကြောင့် ပဉ္စဒွါရာဝဇ္ဇန်း မနောသမ္ဖဿ ဖြစ်၏။
二、由于色处生起,五门转向意触生起。
ရူပါယတနက အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း မနောသမ္ဖဿက အကျိုးတရား။
色处是因法,五门转向意触是果法。
၃။ ပဉ္စဒွါရာဝဇ္ဇန်း - မနာယတန ဖြစ်ခြင်းကြောင့် ပဉ္စဒွါရာဝဇ္ဇန်း မနောသမ္ဖဿ ဖြစ်၏။
三、由于五门转向(意处)生起,五门转向意触生起。
ပဉ္စဒွါရာဝဇ္ဇန်း - မနာယတနက အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း မနောသမ္ဖဿက အကျိုးတရား။
五门转向(意处)是因法,五门转向意触是果法。
၄။ သမ္ပယုတ် - ဓမ္မာယတန (၉) ဖြစ်ခြင်းကြောင့် ပဉ္စဒွါရာဝဇ္ဇန်း မနောသမ္ဖဿ ဖြစ်၏။
四、由于相应法处(9)生起,五门转向意触生起。
သမ္ပယုတ် - ဓမ္မာယတန (၉)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း မနောသမ္ဖဿက အကျိုးတရား။
相应法处(9)是因法,五门转向意触是果法。
စက္ခုသမ္ဖဿ = (စက္ခုဝိညာဏ်နှင့် ယှဥ်သော ဖဿ။)
眼触(与眼识相应的触)
၁။ စက္ခာယတန ဖြစ်ခြင်းကြောင့် စက္ခုသမ္ဖဿ ဖြစ်၏။
一、由于眼处生起,眼触生起。
စက္ခာယတနက အကြောင်းတရား၊ စက္ခုသမ္ဖဿက အကျိုးတရား။
眼处是因法,眼触是果法。
၂။ ရူပါယတန ဖြစ်ခြင်းကြောင့် စက္ခုသမ္ဖဿ ဖြစ်၏။
二、由于色处生起,眼触生起。
ရူပါယတနက အကြောင်းတရား၊ စက္ခုသမ္ဖဿက အကျိုးတရား။
色处是因法,眼触是果法。
၃။ စက္ခုဝိညာဏ် - မနာယတန ဖြစ်ခြင်းကြောင့် စက္ခုသမ္ဖဿ ဖြစ်၏။
三、由于眼识(意处)生起,眼触生起。
စက္ခုဝိညာဏ် - မနာယတနက အကြောင်းတရား၊ စက္ခုသမ္ဖဿက အကျိုးတရား။
眼识(意处)是因法,眼触是果法。
၄။ သမ္ပယုတ် - ဓမ္မာယတန (၆) ဖြစ်ခြင်းကြောင့် စက္ခုသမ္ဖဿ ဖြစ်၏။
四、由于相应法处(6)生起,眼触生起。
သမ္ပယုတ် - ဓမ္မာယတန (၆)က အကြောင်းတရား၊ စက္ခုသမ္ဖဿက အကျိုးတရား။
相应法处(6)是因法,眼触是果法。
သမ္ပဋိစ္ဆိုင်း - မနောသမ္ဖဿ
领受意触
၁။ ဟဒယဝတ္ထု - ဓမ္မာယတန ဖြစ်ခြင်းကြောင့် သမ္ပဋိစ္ဆိုင်း မနောသမ္ဖဿ ဖြစ်၏။
一、由于心所依处(法处)生起,领受意触生起。
ဟဒယဝတ္ထု - ဓမ္မာယတနက အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း မနောသမ္ဖဿက အကျိုးတရား။
心所依处(法处)是因法,领受意触是果法。
၂။ ရူပါယတန ဖြစ်ခြင်းကြောင့် သမ္ပဋိစ္ဆိုင်း မနောသမ္ဖဿ ဖြစ်၏။
二、由于色处生起,领受意触生起。
ရူပါယတနက အကြောင်းတရား၊ န မနောသမ္ဖဿက အကျိုးတရား။
色处是因法,领受意触是果法。
原书第 502 页
၃။ သမ္ပဋိစ္ဆိုင်း - မနာယတန ဖြစ်ခြင်းကြောင့် သမ္ပဋိစ္ဆိုင်း မနောသမ္ဖဿ ဖြစ်၏။
三、由于领受(意处)生起,领受意触生起。
သမ္ပဋိစ္ဆိုင်း - မနာယတနက အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း - မနောသမ္ဖဿက အကျိုးတရား။
领受(意处)是因法,领受意触是果法。
၄။ သမ္ပယုတ် - ဓမ္မာယတန (၉) ဖြစ်ခြင်းကြောင့် သမ္ပဋိစ္ဆိုင်း မနောသမ္ဖဿ ဖြစ်၏။
四、由于相应法处(9)生起,领受意触生起。
သမ္ပယုတ် - ဓမ္မာယတနက အကြောင်းတရား သမ္ပဋိစ္ဆိုင်း မနောသမ္ဖဿက အကျိုးတရား။
相应法处(9)是因法,领受意触是果法。
သန္တီရဏ - မနောသမ္ဖဿ
推度意触
၁။ ဟဒယဝတ္ထု - ဓမ္မာယတန ဖြစ်ခြင်းကြောင့် သန္တီရဏ မနောသမ္ဖဿ ဖြစ်၏။
一、由于心所依处(法处)生起,推度意触生起。
ဟဒယဝတ္ထု - ဓမ္မာယတနက အကြောင်းတရား၊ သန္တီရဏ မနောသမ္ဖဿက အကျိုးတရား။
心所依处(法处)是因法,推度意触是果法。
၂။ ရူပါယတန ဖြစ်ခြင်းကြောင့် သန္တီရဏ - မနောသမ္ဖဿ ဖြစ်၏။
二、由于色处生起,推度意触生起。
ရူပါယတနက အကြောင်းတရား၊ သန္တီရဏ မနောသမ္ဖဿက အကျိုးတရား။
色处是因法,推度意触是果法。
၃။ သန္တီရဏ - မနာယတန ဖြစ်ခြင်းကြောင့် သန္တီရဏ မနောသမ္ဖဿ ဖြစ်၏။
三、由于推度(意处)生起,推度意触生起。
သန္တီရဏ - မနာယတနက အကြောင်းတရား၊ သန္တီရဏ မနောသမ္ဖဿက အကျိုးတရား။
推度(意处)是因法,推度意触是果法。
၄။ သမ္ပယုတ် - ဓမ္မာယတန ဖြစ်ခြင်းကြောင့် သန္တီရဏ မနောသမ္ဖဿ ဖြစ်၏။
四、由于相应法处生起,推度意触生起。
သမ္ပယုတ် - ဓမ္မာယတနက အကြောင်းတရား၊ သန္တီရဏ မနောသမ္ဖဿက အကျိုးတရား။
相应法处是因法,推度意触是果法。
〔သမ္ပယုတ် - ဓမ္မာယတနမှာ သောမနဿ ဖြစ်လျှင် (၁ဝ)၊ ဥပေက္ခာဖြစ်လျှင် (၉) ဖြစ်သည်။〕
〔相应法处:推度若与悦受相应,即有十个;若与舍受相应,即有九个。〕
ဝုဋ္ဌော မနောသမ္ဖဿ
确定意触
၁။ ဟဒယဝတ္ထု - ဓမ္မာယတန ဖြစ်ခြင်းကြောင့် ဝုဋ္ဌော မနောသမ္ဖဿ ဖြစ်၏။
一、由于心所依处(法处)生起,确定意触生起。
ဟဒယဝတ္ထု - ဓမ္မာယတနက အကြောင်းတရား၊ ဝုဋ္ဌော မနောသမ္ဖဿက အကျိုးတရား။
心所依处(法处)是因法,确定意触是果法。
၂။ ရူပါယတန ဖြစ်ခြင်းကြောင့် ဝုဋ္ဌော မနောသမ္ဖဿ ဖြစ်၏။
二、由于色处生起,确定意触生起。
ရူပါယတနက အကြောင်းတရား၊ ဝုဋ္ဌော မနောသမ္ဖဿက အကျိုးတရား။
色处是因法,确定意触是果法。
၃။ ဝုဋ္ဌော - မနာယတန ဖြစ်ခြင်းကြောင့် ဝုဋ္ဌော မနောသမ္ဖဿ ဖြစ်၏။
三、由于确定(意处)生起,确定意触生起。
ဝုဋ္ဌော - မနာယတနက အကြောင်းတရား၊ ဝုဋ္ဌော မနောသမ္ဖဿက အကျိုးတရား။
确定(意处)是因法,确定意触是果法。
၄။ သမ္ပယုတ် - ဓမ္မာယတန (၁ဝ) ဖြစ်ခြင်းကြောင့်၊ ဝုဋ္ဌော မနောသမ္ဖဿ ဖြစ်၏။
四、由于相应法处(10)生起,确定意触生起。
သမ္ပယုတ် - ဓမ္မာယတန (၁ဝ)က အကြောင်းတရား၊ ဝုဋ္ဌော မနောသမ္ဖဿက အကျိုးတရား။
相应法处(10)是因法,确定意触是果法。
ပထမဇော မနောသမ္ဖဿ
第一速行意触
၁။ ဟဒယဝတ္ထု - ဓမ္မာယတန ဖြစ်ခြင်းကြောင့် ပထမဇော မနောသမ္ဖဿ ဖြစ်၏။
一、由于心所依处(法处)生起,第一速行意触生起。
ဟဒယဝတ္ထု - ဓမ္မာယတနက အကြောင်းတရား၊ ပထမဇော မနောသမ္ဖဿက အကျိုးတရား။
心所依处(法处)是因法,第一速行意触是果法。
၂။ ရူပါယတန ဖြစ်ခြင်းကြောင့် ပထမဇော မနောသမ္ဖဿ ဖြစ်၏။
二、由于色处生起,第一速行意触生起。
ရူပါယတနက အကြောင်းတရား၊ ပထမဇော မနောသမ္ဖဿက အကျိုးတရား။
色处是因法,第一速行意触是果法。
၃။ ပထမဇော - မနာယတန ဖြစ်ခြင်းကြောင့် ပထမဇော မနောသမ္ဖဿ ဖြစ်၏။
三、由于第一速行(意处)生起,第一速行意触生起。
ပထမဇော - မနာယတနက အကြောင်းတရား၊ ပထမဇော မနောသမ္ဖဿက အကျိုးတရား။
第一速行(意处)是因法,第一速行意触是果法。
原书第 503 页
ပဋိစ္စသမုပ္ပါဒ်ပိုင်း - အပိုင်း (ခ) ၄။ သမ္ပယုတ် - ဓမ္မာယတန (၃၂) ဖြစ်ခြင်းကြောင့် ပထမဇော မနောသမ္ဖဿ ဖြစ်၏။
四、由于相应法处(32)生起,第一速行意触生起。
သမ္ပယုတ် - ဓမ္မာယတန (၃၂)က အကြောင်းတရား၊ ပထမဇော မနောသမ္ဖဿက အကျိုးတရား။
相应法处(32)是因法,第一速行意触是果法。
〔ဇော (၇)ကြိမ် စေ့အောင် ရှုပါ။ ဤ၌ သဒ္ဓါပညာအုပ်စု မဟာကုသိုလ် ပထမဇော နာမ်တရား (၃၄)၌ ရှိသော ဖဿကို ပုံစံထုတ်၍ ပြထားပါသည်။ ကြွင်းကျန်သော ကုသိုလ်ဇော အကုသိုလ်ဇော စိတ္တက္ခဏတို့၌ သမ္ပယုတ် ဓမ္မာယတနအရ နာမ်ကမ္မဋ္ဌာန်းပိုင်း ဇယားများတွင် ဖော်ပြထားသည့်အတိုင်း ထိုက်သလို ကောက်ယူပါ၊၊〕
〔应把七次速行全部观照。这里以信慧组大善第一速行的三十四个名法中的触为例。其余善速行与不善速行心刹那中的相应法处,应依名业处篇诸表所列,按实际情况摄取。〕
ပထမတဒါရုံ မနောသမ္ဖဿ
第一彼所缘意触
၁။ ဟဒယဝတ္ထု - ဓမ္မာယတန ဖြစ်ခြင်းကြောင့် ပထမတဒါရုံ မနောသမ္ဖဿ ဖြစ်၏။
一、由于心所依处(法处)生起,第一彼所缘意触生起。
ဟဒယဝတ္ထု - ဓမ္မာယတနက အကြောင်းတရား၊ ပထမတဒါရုံ မနောသမ္ဖဿက အကျိုးတရား။
心所依处(法处)是因法,第一彼所缘意触是果法。
၂။ ရူပါယတန ဖြစ်ခြင်းကြောင့် ပထမတဒါရုံ မနောသမ္ဖဿ ဖြစ်၏။
二、由于色处生起,第一彼所缘意触生起。
ရူပါယတနက အကြောင်းတရား၊ ပထမတဒါရုံ မနောသမ္ဖဿက အကျိုးတရား။
色处是因法,第一彼所缘意触是果法。
၃။ ပထမတဒါရုံ - မနာယတန ဖြစ်ခြင်းကြောင့် ပထမတဒါရုံ မနောသမ္ဖဿ ဖြစ်၏။
三、由于第一彼所缘(意处)生起,第一彼所缘意触生起。
ပထမတဒါရုံ - မနာယတနက အကြောင်းတရား၊ ပထမတဒါရုံ မနောသမ္ဖဿက အကျိုးတရား။
第一彼所缘(意处)是因法,第一彼所缘意触是果法。
၄။ သမ္ပယုတ် - ဓမ္မာယတန (၃၂) ဖြစ်ခြင်းကြောင့် ပထမတဒါရုံ မနောသမ္ဖဿ ဖြစ်၏။
四、由于相应法处(32)生起,第一彼所缘意触生起。
သမ္ပယုတ် - ဓမ္မာယတန (၃၂)က အကြောင်းတရား၊ ပထမတဒါရုံ မနောသမ္ဖဿက အကျိုးတရား။
相应法处(32)是因法,第一彼所缘意触是果法。
〔ဒုတိယတဒါရုံ၌လည်း နည်းတူရှုပါ။ ဤ၌ မဟာဝိပါက် ဉာဏသမ္ပယုတ် သောမနဿတဒါရုံ မနော- သမ္ဖဿကို ပုံစံထုတ်၍ ပြထားပါသည်။ သမ္ပယုတ် ဓမ္မာယတန၌ အဟိတ် သဟိတ် သောမနဿ ဥပေက္ခာ ဉာဏသမ္ပယုတ် ဉာဏဝိပ္ပယုတ်အားလျော်စွာ ထိုက်သလို စေတသိက်အရေအတွက် အတိုးအလျော့ကို နာမ်- ကမ္မဋ္ဌာန်းပိုင်း ဇယားအတိုင်းရှုပါ။〕
〔第二彼所缘也应同样观照。这里以智相应悦俱大异熟彼所缘意触为例。相应法处中的心所数目,应依无因或有因、悦俱或舍俱、智相应或智不相应等差别,按照名业处篇诸表增减观照。〕
မနောဒွါရာဝဇ္ဇန်း မနောသမ္ဖဿ - (နောက်လိုက် မနောဒွါရဝီထိ)
意门转向意触(后续意门心路)
၁။ ဟဒယဝတ္ထု - ဓမ္မာယတန ဖြစ်ခြင်းကြောင့် မနောဒွါရာဝဇ္ဇန်း မနောသမ္ဖဿ ဖြစ်၏။
一、由于心所依处(法处)生起,意门转向意触生起。
ဟဒယဝတ္ထု - ဓမ္မာယတနက အကြောင်းတရား၊ မနောဒွါရာဝဇ္ဇန်း မနောသမ္ဖဿက အကျိုးတရား။
心所依处(法处)是因法,意门转向意触是果法。
၂။ ရူပါယတန ဖြစ်ခြင်းကြောင့် မနောဒွါရာဝဇ္ဇန်း မနောသမ္ဖဿ ဖြစ်၏။
二、由于色处生起,意门转向意触生起。
ရူပါယတနက အကြောင်းတရား၊ မနောဒွါရာဝဇ္ဇန်း မနောသမ္ဖဿက အကျိုးတရား။
色处是因法,意门转向意触是果法。
၃။ မနောဒွါရာဝဇ္ဇန်း - မနာယတန ဖြစ်ခြင်းကြောင့် မနောဒွါရာဝဇ္ဇန်း မနောသမ္ဖဿ ဖြစ်၏။
三、由于意门转向(意处)生起,意门转向意触生起。
မနောဒွါရာဝဇ္ဇန်း - မနာယတနက အကြောင်းတရား၊ မနောဒွါရာဝဇ္ဇန်း မနောသမ္ဖဿက အကျိုးတရား။
意门转向(意处)是因法,意门转向意触是果法。
၄။ သမ္ပယုတ် - ဓမ္မာယတန (၁ဝ) ဖြစ်ခြင်းကြောင့် မနောဒွါရာဝဇ္ဇန်း မနောသမ္ဖဿ ဖြစ်၏။
四、由于相应法处(10)生起,意门转向意触生起。
သမ္ပယုတ် - ဓမ္မာယတန (၁ဝ)က အကြောင်းတရား၊ မနောဒွါရာဝဇ္ဇန်း မနောသမ္ဖဿက အကျိုးတရား။
相应法处(10)是因法,意门转向意触是果法。
〔မှတ်ချက် --- ဤနောက်လိုက် မနောဒွါရဝီထိများ၌ ရှိသော ဇော-တဒါရုံ-မနော-သမ္ဖဿတို့မှာ စက္ခုဒွါရ- ဝီထိ၌ရှိသော ဇော-တဒါရုံ-မနောသမ္ဖဿ ရှုကွက်နှင့် တူပြီ။ သောတဒွါရဝီထိစသည်တို့၌လည်း ရူပါယတန အရာတွင် သဒ္ဒါယတနစသည် လဲထည့်ရုံသာ ထူးသည်။ နည်းမှီး၍ ရှုလေ။ ပဉ္စဒွါရဝီထိ၌ ပဉ္စဒွါရာဝဇ္ဇန်း ဝုဋ္ဌော
〔注意——后续意门心路中的速行意触与彼所缘意触,其观法和眼门心路中的速行意触、彼所缘意触相同。耳门心路等也只需把色处换成声处等,依同一方法观照。五门心路中的五门转向、确定——
原书第 504 页
ဇော၊ မနောဒွါရဝီထိ၌ မနောဒွါရာဝဇ္ဇန်း ဇောတို့ကို ဝိပါကဝဋ်တရားစုတွင် မပါဝင်သော်လည်း ပရမတ္ထ ဓာတ်သား တရားလုံးများ မကြွင်းမကျန်စေလို၍ ရောနှော၍ ရှုခြင်းသာ ဖြစ်သည်ဟု မှတ်သားပါ။ နာမ် ကမ္မဋ္ဌာန်းကို သိမ်းဆည်းခဲ့စဥ်က ပုံစံအတိုင်းပင် (၆)လိုင်းလုံး၌ အကောင်းအုပ်စု မကောင်းအုပ်စုတို့၌ ရှိသော ဖဿတိုင်းကို ကုန်စင်အောင် ရှုပါ။ အနည်းငယ်ထူးသော သောတသမ္ဖဿ၊ ဃာနသမ္ဖဿ၊ ဇိဝှါသမ္ဖဿ၊ ကာယသမ္ဖဿတို့ကို ဆက်လက်၍ ဖော်ပြအပ်ပါသည်။〕
——与速行,以及意门心路中的意门转向与速行,虽不摄属异熟轮转法组,也应混合观照,为的是不遗漏任何究竟界法。依先前摄取名业处的模式,在六条线的善组与不善组中,把每一种触全部观尽。下面继续说明略有差别的耳触、鼻触、舌触与身触。〕
သောတသမ္ဖဿ = သောတဝိညာဏ်နှင့် ယှဥ်သော ဖဿ
耳触(与耳识相应的触)
၁။ သောတာယတန ဖြစ်ခြင်းကြောင့် သောတသမ္ဖဿ ဖြစ်၏။
一、由于耳处生起,耳触生起。
သောတာယတနက အကြောင်းတရား၊ သောတသမ္ဖဿက အကျိုးတရား။
耳处是因法,耳触是果法。
၂။ သဒ္ဒါယတန ဖြစ်ခြင်းကြောင့် သောတသမ္ဖဿ ဖြစ်၏။
二、由于声处生起,耳触生起。
သဒ္ဒါယတနက အကြောင်းတရား၊ သောတသမ္ဖဿက အကျိုးတရား။
声处是因法,耳触是果法。
၃။ သောတဝိညာဏ် - မနာယတန ဖြစ်ခြင်းကြောင့် သောတသမ္ဖဿ ဖြစ်၏။
三、由于耳识(意处)生起,耳触生起。
သောတဝိညာဏ် - မနာယတနက အကြောင်းတရား၊ သောတသမ္ဖဿက အကျိုးတရား။
耳识(意处)是因法,耳触是果法。
၄။ သမ္ပယုတ် - ဓမ္မာယတန (၆) ဖြစ်ခြင်းကြောင့် သောတသမ္ဖဿ ဖြစ်၏။
四、由于相应法处(6)生起,耳触生起。
သမ္ပယုတ် - ဓမ္မာယတန (၆)က အကြောင်းတရား၊ သောတသမ္ဖဿက အကျိုးတရား။
相应法处(6)是因法,耳触是果法。
ဃာနသမ္ဖဿ = ဃာနဝိညာဏ်နှင့် ယှဥ်သော ဖဿ
鼻触(与鼻识相应的触)
၁။ ဃာနာယတန ဖြစ်ခြင်းကြောင့် ဃာနသမ္ဖဿ ဖြစ်၏။
一、由于鼻处生起,鼻触生起。
ဃာနာယတနက အကြောင်းတရား၊ ဃာနသမ္ဖဿက အကျိုးတရား။
鼻处是因法,鼻触是果法。
၂။ ဂန္ဓာယတန ဖြစ်ခြင်းကြောင့် ဃာနသမ္ဖဿ ဖြစ်၏။
二、由于香处生起,鼻触生起。
ဂန္ဓာယတနက အကြောင်းတရား၊ ဃာနသမ္ဖဿက အကျိုးတရား။
香处是因法,鼻触是果法。
၃။ ဃာနဝိညာဏ် - မနာယတန ဖြစ်ခြင်းကြောင့် ဃာနသမ္ဖဿ ဖြစ်၏။
三、由于鼻识(意处)生起,鼻触生起。
ဃာနဝိညာဏ် - မနာယတနက အကြောင်းတရား၊ ဃာနသမ္ဖဿက အကျိုးတရား ၄။ သမ္ပယုတ် - ဓမ္မာယတန (၆) ဖြစ်ခြင်းကြောင့် ဃာနသမ္ဖဿ ဖြစ်၏။
鼻识(意处)是因法,鼻触是果法。四、由于相应法处(6)生起,鼻触生起。
သမ္ပယုတ် - ဓမ္မာယတန (၆)က အကြောင်းတရား၊ ဃာနသမ္ဖဿက အကျိုးတရား။
相应法处(6)是因法,鼻触是果法。
ဇိဝှါသမ္ဖဿ = ဇိဝှါဝိညာဏ်နှင့် ယှဥ်သော ဖဿ
舌触(与舌识相应的触)
၁။ ဇိဝှါယတန ဖြစ်ခြင်းကြောင့် ဇိဝှါသမ္ဖဿ ဖြစ်၏။
一、由于舌处生起,舌触生起。
ဇိဝှါယတနက အကြောင်းတရား၊ ဇိဝှါသမ္ဖဿက အကျိုးတရား။
舌处是因法,舌触是果法。
၂။ ရသာယတန ဖြစ်ခြင်းကြောင့် ဇိဝှါသမ္ဖဿ ဖြစ်၏။
二、由于味处生起,舌触生起。
ရသာယတနက အကြောင်းတရား၊ ဇိဝှါသမ္ဖဿက အကျိုးတရား။
味处是因法,舌触是果法。
၃။ ဇိဝှါဝိညာဏ် - မနာယတန ဖြစ်ခြင်းကြောင့် ဇိဝှါသမ္ဖဿ ဖြစ်၏။
三、由于舌识(意处)生起,舌触生起。
ဇိဝှါဝိညာဏ် - မနာယတနက အကြောင်းတရား၊ ဇိဝှါသမ္ဖဿက အကျိုးတရား။
舌识(意处)是因法,舌触是果法。
原书第 505 页
ပဋိစ္စသမုပ္ပါဒ်ပိုင်း - အပိုင်း (ခ) ၄။ သမ္ပယုတ် - ဓမ္မာယတန (၆) ဖြစ်ခြင်းကြောင့် ဇိဝှါသမ္ဖဿ ဖြစ်၏။
四、由于相应法处(6)生起,舌触生起。
သမ္ပယုတ် - ဓမ္မာယတန (၆)က အကြောင်းတရား၊ ဇိဝှါသမ္ဖဿက အကျိုးတရား။
相应法处(6)是因法,舌触是果法。
ကာယသမ္ဖဿ = ကာယဝိညာဏ်နှင့် ယှဥ်သော ဖဿ
身触(与身识相应的触)
၁။ ကာယာယတန ဖြစ်ခြင်းကြောင့် ကာယသမ္ဖဿ ဖြစ်၏။
一、由于身处生起,身触生起。
ကာယာယတနက အကြောင်းတရား၊ ကာယသမ္ဖဿက အကျိုးတရား။
身处是因法,身触是果法。
၂။ ဖောဋ္ဌဗ္ဗာယတန ဖြစ်ခြင်းကြောင့် ကာယသမ္ဖဿ ဖြစ်၏။
二、由于触处生起,身触生起。
ဖောဋ္ဌဗ္ဗာယတနက အကြောင်းတရား၊ ကာယသမ္ဖဿက အကျိုးတရား။
触处是因法,身触是果法。
၃။ ကာယဝိညာဏ် - မနာယတန ဖြစ်ခြင်းကြောင့် ကာယသမ္ဖဿ ဖြစ်၏။
三、由于身识(意处)生起,身触生起。
ကာယဝိညာဏ် - မနာယတနက အကြောင်းတရား၊ ကာယသမ္ဖဿက အကျိုးတရား။
身识(意处)是因法,身触是果法。
၄။ သမ္ပယုတ် - ဓမ္မာယတန (၆) ဖြစ်ခြင်းကြောင့် ကာယသမ္ဖဿ ဖြစ်၏။
四、由于相应法处(6)生起,身触生起。
သမ္ပယုတ် - ဓမ္မာယတန (၆)က အကြောင်းတရား၊ ကာယသမ္ဖဿက အကျိုးတရား။
相应法处(6)是因法,身触是果法。
ဤမျှဆိုလျှင် နည်းမှီး နိုင်လောက်ပေပြီ။ (၆)လိုင်းလုံး၌ စိတ္တက္ခဏတိုင်းဝယ် ဖဿတိုင်း၌ အကြောင်း အကျိုး သိမ်းဆည်းပါ။ ဆိုင်ရာဆိုင်ရာ အကြောင်းတရား ထင်ရှားဖြစ်ခြင်းကြောင့် ဆိုင်ရာဆိုင်ရာ အကျိုးတရား ထင်ရှားဖြစ်ပုံကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပါ။
说明至此,已足以依此类推。在六条线的每一个心刹那中,都应对每一种触摄取因果;要以智看见各果法如何因为相应因法明显生起而明显生起,然后摄取因法与果法。
အကြောင်း အကျိုး နှစ်ဘက်လုံးကို ဉာဏ်ဖြင့် မမြင်ပါဘဲလျက် ပါးစပ်က စိတ်က ဆိုနေရုံမျှဖြင့်ကား ပစ္စယ- ပရိဂ္ဂဟဉာဏ် မဖြစ်နိုင်သည်ကို သတိပြုရာသည်။ အရာရာတွင် နည်းတူမှတ်ပါ။
应当注意:如果不以智亲见因与果两边,只在口头或心中念诵,缘摄受智便不可能生起。每一种观法都应如此理解。
ဥပါဒိန္နကပဝတ္တိကထာ
已被执受者之转起论(upādinnaka-pavatti-kathā)
အထက်ပါ အဋ္ဌကထာများ၏ ဖွင့်ဆိုချက်အတိုင်း ဤပဋိစ္စသမုပ္ပါဒ် ဒေသနာတော်သည်ကား -- ဥပါဒိန္နကပဝတ္တိကထာ = ဥပါဒိဏ္ဏကပဝတ္တိကထာ = အာရုံပြုသောအားဖြင့် တဏှာဒိဋ္ဌိတို့သည် ကပ်ရောက် အပ်သော ကံသည် ''ငါ၏ အကျိုးတရား''ဟု အကျိုး၏အဖြစ်ဖြင့် စွဲယူအပ်သည်ဖြစ်၍ သက်ရှိသတ္တဝါတို့၏ ခန္ဓာအစဥ်ဝယ် ရုပ်နာမ်ပရမတ်တရားတို့၏ အကြောင်းနှင့် အကျိုး ဆက်နွယ်လျက် အဆက်မပြတ် အထပ်ထပ် လည်ပတ်နေပုံ ဝဋ္ဋကထာ တရားဒေသနာတော် ဖြစ်၏။ အထူးသဖြင့် ဧကသန္တတိပရိယာပန္န = တစ်ခုသော ရုပ်နာမ်သန္တတိအစဥ်၌ အကျုံးဝင်သော အကြောင်းပစ္စည်းတရားနှင့် အကျိုးပစ္စယုပ္ပန်တရားတို့ကို ထင်ရှား ဖော်ပြသော ဒေသနာတော် ဖြစ်၏။ ထိုကြောင့် ဤကျမ်းစာ၌လည်း တစ်ခုသော ရုပ်နာမ်သန္တာန်အစဥ်၌ အကျုံးဝင်သော အဝိဇ္ဇာမှသည် ဇာတိ ဇရာမရဏသို့ တိုင်အောင်သော ရုပ်နာမ် ပရမတ်တရားတို့၏ ကြောင်း- ကျိုး ဆက်နွယ်လျက် ဖြစ်ပုံအစဥ်ကိုသာ ဦးစားပေး၍ ဖော်ပြထားပါသည်။ ဗဟိဒ္ဓ၌ကား --- ပရသန္တာနဂတေ စ
依上述义注的解释,本缘起教法是“已被执受者之转起论”(upādinnaka-pavatti-kathā):贪爱与邪见通过取所缘而趋近、黏著于业,该业又以“这是我的果法”之方式执受其果;由此,在有情诸蕴相续中,色名究竟法依因果联系不断反复轮转。尤其是,本教法清楚显示摄属同一色名相续(ekasantati-pariyāpanna)的因法与果法。所以本书也优先说明:在同一色名相续中,从无明直至生与老死的色名究竟法,如何依因果关系次第生起。至于外在,则依——
တေသံ သန္တာနဝိဘာဂံ အကတွာ ဗဟိဒ္ဓါဘာဝ သာမညတော သမ္မသနံ၊ အယံ သာဝကာနံ သမ္မသနစာရော-- (မ-ဋီ-၃-၂၇၅။) ဟူသော အနုပဒသုတ္တန်ဋီကာနှင့်အညီ ဗဟိဒ္ဓချင်းတူညီ၍ သာမန် ပေါင်းစုခြုံငုံ၍ ရှုပွားပုံ စနစ်ကိုသာ တင်ပြထားပေသည်။
——《逐一经复注》(《中部‘对于属于他人相续的那些法,不逐一分别其相续,而只依共同的外在性质作总体观照;这就是声闻弟子的观行范围。’因此,本书对外在诸法,只说明把它们作为同属外在的一般整体来观修的方法。

本页是帕奥禅师缅文「五大册」第三册(趣向涅槃之道·第三册,书名暂定)的现代汉语全译本,非缩略版、非节译;译者 Dhammesanā。卷前、正文与原书索引均与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。