缘起第一种方法(之十二)
《趣向涅槃之道》中文全译本 · 非缩略版
缘起篇(乙) · 原书第 575–586 页 · 109 个翻译单元
本页并入了原书的相邻小节:缘起篇(乙)、缘起第一种方法。
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书第 575 页
ပဋိစ္စသမုပ္ပါဒ်ပိုင်း - အပိုင်း (ခ) ဝိတက္ကေန ဝိတက္ကနတော။ (မဟာဋီ-၂-၃၄၃။) = ပဋိသန္ဓေဝိညာဏ်နှင့် ယှဥ်ဖက် သမ္ပယုတ်ဖြစ်သော ဝိတက်ဖြင့် ကြံဆသည်ဟု ဆိုလိုသည်။ ဤ၌ ကြံဆ၏ ဟူသည် အာရုံပြုခြင်းပင်တည်း။
巴利《大复注》引文(缅文转写):‘သမ္ပယုတ္တေန ဝါ ဝိတက္ကေန ဝိတက္ကနတော။’
“——寻而寻思。”(《大复注》2-343。)意思是,结生识以与它相应的寻而寻思;这里“寻思”就是取为所缘。
(အနုဋီ-၂-၁၃၈။ မဟာဋီ-၂-၃၄၃။)
(《随复注》2-138;《大复注》2-343。)
မြေကောင်း၌ ပေါက်ရောက်ရသော တောသစ်ပင်အပေါင်းသည် စည်စည်ကားကား ကြီးပွားသကဲ့သို့ သဠာယတန = အာယတန (၆)ပါးတွင် မနာယတနသည် စေတသိက်ဟူသော နာမ်၌ တည်ရပါမှ၊ စက္ခာယတန စသော ရုပ်အာယတနသည် ဆိုင်ရာ ကလာပ်တူ ရုပ်အများ၌ တည်ရပါမှ အထပ်ထပ် ဖြစ်သောအားဖြင့် ကြီးပွား စည်ပင်ခြင်းသို့ ရောက်နိုင်၏။ (စက္ခုဒသကကလာပ်အတွင်း၌ ရှိသော စက္ခာယတန = စက္ခုအကြည် ဓာတ်သည် ကလာပ်တူဖြစ်သော ယင်းစက္ခုဒသကကလာပ်အတွင်း၌ပင် ရှိသော မိမိမှ ကြွင်းသော ကျန် (၉)မျိုးသော ရုပ်တရားများ၌ တည်ရပါမှ ဖြစ်နိုင်စွမ်းရှိ၏၊ အထပ်ထပ်ဖြစ်သောအားဖြင့် ကြီးပွားစည်ပင်ခြင်းသို့ ရောက်နိုင်၏။ သောတာယတနစသည်တို့၌လည်း နည်းတူ သဘောပေါက်ပါလေ။) ထိုကြောင့် သဠာယတနသည် တောအုပ်ကြီးနှင့် တူ၏။ (အဘိ-ဋ္ဌ-၂-၁၈၆။ ဝိသုဒ္ဓိ-၂-၂၁၈။) ရှေးခေတ်က မီးရရှိရေးအတွက် မီးခတ်ဟုလည်းကောင်း မီးဆုံဟုလည်းကောင်း ခေါ်သော ပွတ်ခုံ
肥沃土地上的森林树木茂盛生长。同样,六处中的意处只有依止作为名的心所,眼处等色处只有依止同一色聚中的其余诸色,才能一再生起、增长繁盛。例如,眼十法聚中的眼处——眼净色——只有依止同聚其余九色,才能存在并反复增长;耳处等也同样理解。因此,六处如大森林。(《阿毗达磨义注》2-186;《清净之道》2-218。)古人取火使用称为火钻的钻座与钻木——
ပွတ်ကျည်တို့ကို အသုံးပြုကြ၏။ ပွတ်ခုံ ပွတ်ကျည်တို့ကို နာနာပွတ်မှ မီးထွက်သကဲ့သို့ စက္ခာယတနစသော အတွင်း အဇ္ဈတ္တိကာယတနနှင့် ရူပါယတနစသော အပြင် ဗာဟိရာယတနတို့ ပွတ်တိုက် ထိခိုက်ပါမှ ဖဿသည် ဖြစ်ပေါ်လာနိုင်၏၊ ထိုကြောင့် ဖဿသည် ထွက်ပေါ်လာသော မီးနှင့် တူ၏။
——只有频繁摩擦钻座、钻木才会生火;同样,眼处等内处与色处等外处互相撞触,触才能生起。因此,触如摩擦生出的火。
မီးဖြင့် တွေ့ထိအပ်သော အတွေ့အထိခံရသော အရာဝတ္ထု၌ ပူလောင်သကဲ့သို့ ဖဿဖြင့် တွေ့ထိအပ် သော ပုဂ္ဂိုလ်၏ သန္တာန်၌ ဝေဒနာအပူ ဖြစ်၏။ ထိုကြောင့် ဝေဒနာသည် ပူလောင်ခြင်းနှင့် တူ၏။
物体接触火便会灼热;同样,在被触所触的有情相续中会生起受之热。因此,受如灼热。
အပူရှိန် ဟပ်သဖြင့် ရေငတ်၍ ဆားငန်ရေကို သောက်သောသူသည် သောက်လေသောက်လေ အငတ် မပြေသကဲ့သို့ ခံစားမှုဝေဒနာဖြစ်သူသည်လည်း တဏှာ အငတ်မပြေတော့ဘဲ တိုးပွားလေတော့၏၊ ထိုကြောင့် တဏှာသည် ရေငတ်ခြင်းနှင့် တူ၏။
被热气熏灼而口渴的人若饮咸水,越饮越不能解渴;同样,有受的人不能解除爱渴,反而使它增长。因此,爱如口渴。
ရေငတ်သူသည် ရေ၌ တောင့်တမှုကို ပြုသကဲ့သို့ တဏှာဖြင့် ထိုထိုအာရုံကို ငတ်နေသူ မက်မောနေ သူသည် ထိုထိုအာရုံများကို ရနိုင်သည့် ဘဝတို့၌ တောင့်တမှုကို ပြု၏၊ ထိုတောင့်တမှုကို ပြုခြင်းသည် ထိုသူ၏ ကာမုပါဒါန် ဒိဋ္ဌုပါဒါန်ပင်တည်း။ (သီလဗ္ဗတုပါဒါန် အတ္တဝါဒုပါဒါန်တို့သည် ဒိဋ္ဌုပါဒါန်၌ အတွင်းဝင်၏။) ငါးမျှားချိတ်၌ တပ်ထားအပ်သော အစာကို လိုချင်ခြင်း မက်မောခြင်းကြောင့် ငါးသည် ငါးမျှားချိတ်ကို စွဲယူသကဲ့သို့ ဥပါဒါန်ကြောင့် ထိုထိုဘဝကို စွဲယူပြန်၏ စွဲလမ်းပြန်၏။
口渴者渴求水;受爱驱使而饥渴、贪恋各种所缘的人,会渴求能获得这些所缘的诸有;这种渴求就是他的欲取与见取,戒禁取、我论取摄于见取。又如鱼因贪图钩上鱼饵而咬住鱼钩,缘取又会执取、攀附种种有。
မျိုးစေ့ရှိသော် အညွန့်အညှောက်သည် ဖြစ်ပေါ်လာ ပေါက်ရောက်လာသကဲ့သို့ ဘဝရှိခဲ့သော် ဇာတိသည် ဖြစ်ပေါ်လာတတ်၏၊ ပေါ်ပေါက်လာတတ်၏။
有种子便会萌芽;同样,有了有,生便会出现。
ပေါက်ရောက်လာသော သစ်ပင်၏ တစ်နေ့နေ့တွင် လဲကျရခြင်းသည် မချွတ်ဧကန် ဖြစ်ရသကဲ့သို့ ဇာတိ- တရား ထင်ရှားဖြစ်ပေါ်လာသော သတ္တဝါ၏ သန္တာန်ဝယ် မချွတ်ဧကန် မြေကြီးလက်ခတ်မလွဲ ဇရာမရဏတရား သည် ထင်ရှား ဖြစ်ပေါ်လာပေ၏။
长成的树木终有一日必定倒下;同样,生法一经在有情相续中显现,老死便必然毫厘不爽地显现。
ထိုကြောင့် ဤဆိုအပ်ခဲ့ပြီးသော နည်းဖြင့် ဥပမာတို့ဖြင့်လည်း ဤဘဝစက်ကို ထိုက်သည့်အားလျော်စွာ သိရှိအောင် ကြိုးစားအားထုတ်ပါ။ (အဘိ-ဋ္ဌ-၂-၁၈၆-၁၈၇။ ဝိသုဒ္ဓိ-၂-၂၁၈။)
因此,也应依上述方法,以这些譬喻适当地了知这套有轮。(《阿毗达磨义注》2-186—187;《清净之道》2-218。)
原书第 576 页
နက်နဲခြင်း (၄) ရပ်
四种甚深
၁။ အတ္ထဂမ္ဘီရတာ = အကျိုး၏ နက်နဲခြင်း = အနက်သဘော၏ နက်နဲခြင်း ၂။ ဓမ္မဂမ္ဘီရတာ = အကြောင်း၏ နက်နဲခြင်း = ပါဠိ၏ နက်နဲခြင်း ၃။ ဒေသနာဂမ္ဘီရတာ = ဟောကြားတော်မူအပ်သော ဝစီဘေဒသဒ္ဒဒေသနာတော်၏ နက်နဲခြင်း
一、义甚深,即果之甚深、义理之甚深。二、法甚深,即因之甚深、巴利圣典之甚深。三、教说甚深,即所宣说之语句音声教说甚深——
= ဟောကြားတတ်သော ဒေသနာတော် ဉာဏ်တော်၏ နက်နဲခြင်း
——亦即能宣说之教说智甚深。
၄။ ပဋိဝေဓဂမ္ဘီရတာ = ထိုးထွင်းသိတတ်သော ဉာဏ် + ထိုးထွင်း၍ သိအပ်သော သဘောတရား၏ နက်နဲခြင်း ဤသို့လျှင် နက်နဲခြင်း = ဂမ္ဘီရတရား (၄)ပါး ရှိ၏။
四、通达甚深,即能如实通达之智,以及应由该智通达之法理甚深。如此,共有四种甚深法。
၁။ အတ္ထဂမ္ဘီရတာ
一、义甚深
အချို့သော ရေအိုင်သည် မနက်သော်လည်း မြက် သစ်ရွက်ဟောင်းတို့ဖြင့် ပြည့်နေသောကြောင့် နက်သည်ဟု ထင်ရ၏၊ ဤပဋိစ္စသမုပ္ပါဒ် ကြောင်းကျိုးဆက်သဘောတရားသည်ကား ထိုရေအိုင်ကဲ့သို့ မနက်ဘဲ နှင့် နက်သည်ဟု ထင်ရသော တရားမျိုး မဟုတ်၊ အမှန်ပင် နက်နဲ ခက်ခဲသည် ဖြစ်၍ နက်နဲ ခက်ခဲသည်၏ အဖြစ်ဖြင့် ထင်ရသော တရားမျိုး ဖြစ်၏။
有些池塘其实不深,却因长满水草与枯叶而显得很深;缘起因果相续的法理并非如此。它不是本来不深而看似甚深,而是本来就真实甚深难解,所以显得甚深难解。
ထိုနက်နဲခြင်း (၄)မျိုးတို့တွင် အတ္ထဂမ္ဘီရဟူသည်ကား ဤသို့တည်း ---- ဇာတိကြောင့် ဇရာမရဏ မဖြစ်သည်ကား မဟုတ် ဖြစ်သည်သာ ဖြစ်၏။ အဘယ်ကြောင့်နည်း ---- ဇာတိရှိလျှင် ဧကန် အိုရ သေရခြင်း ကြောင့်တည်း။ (ဤစကားကား ဇာတိကြောင့် ဇရာမရဏဖြစ်ခြင်းကို ပြသော အနွယစကားတည်း။) ဇာတိကို ကြဥ်ဖယ်၍လည်း အခြားသော အကြောင်းကြောင့် ဇရာမရဏသည် မဖြစ်ပေ။ ဇာတိ မဖြစ်သူ မရှိသူအား ထိုဇရာမရဏ၏ မဖြစ်ခြင်း မရှိခြင်းကြောင့်တည်း။ (ဤစကားသည် - န - ဖြင့် တားမြစ်အပ်သောကြောင့် ဗျတိရေက = ပြောင်းပြန်စကားတည်း။) ဤသို့လျှင် အနွယ = အလျော်အားဖြင့်၊ ဗျတိရေက = ပြောင်းပြန် အားဖြင့် ပြအပ်သော စကားနှစ်ရပ်ဖြင့် ဇရာမရဏ၏ ဇာတိဟူသော အကြောင်းတရား ရှိပုံကို ထင်ရှားစေသည်ဟု အနုဋီကာ-၂-၁၃၉ - ၌ ကောက်ချက်ချထားသည်။
四种甚深中,义甚深如下:不能说缘生而没有老死;缘生必有老死,因为只要有生,就必定衰老、死亡。这是显示由生而有老死的顺说。离开生,也不会由其他因而有老死,因为没有出生者便没有老死。这一以否定词遮止的说法,是反说。如此,以顺说与反说两面显明老死以生为因。《随复注》2-139即作此结论。
ဇာတိ အကြောင်းခံကြောင့် ဇရာမရဏ ဖြစ်ပုံအခြင်းအရာဟူသော ဤအပြားအားဖြင့်သာလျှင် ဇာတိ- ကြောင့် ဇရာမရဏသည် တကွမပြတ် ပေါင်းစပ်လျက် အထက်အထက်၌ ဖြစ်ပေါ်လာ၏။ ဤသို့ ဇာတိဟူသော အကြောင်းခံကြောင့် တကွမပြတ် ပေါင်းစပ်လျက် အထက်အထက်၌ ဖြစ်ပေါ်လာသည်၏ အဖြစ်ဟူသော သဘောတရား၏ ခဲယဥ်းစွာ ထိုးထွင်း၍ သိအပ်သည်၏အဖြစ် ထိုးထွင်း၍ သိနိုင်ခဲသည်၏အဖြစ်ကြောင့် ဇရာမရဏ၏ ဇာတိဟူသော အကြောင်းခံကြောင့် ကောင်းစွာ ဖြစ်သည်ဖြစ်၍ တကွမပြတ် ပေါင်းစပ်မိလျက် အထက်အထက်၌ ဖြစ်ပေါ်လာသည်၏အဖြစ်ဟူသော သဘောတရားသည် ဂမ္ဘီရ = နက်နဲ၏။
老死唯以生为因而生;依此方式,老死与生相连不绝,辗转生起。老死由生这一因缘善加生起、连续相接而辗转发生,这一法理难以如实通达,也难以了知,所以甚深。
ထို့အတူ ဇာတိ၏ ဘဝဟူသော အကြောင်းခံကြောင့် ကောင်းစွာဖြစ်သည်ဖြစ်၍ တကွမပြတ် ပေါင်းစပ် လျက် အထက်အထက်၌ ဖြစ်ပေါ်လာသည်၏ အဖြစ်ဟူသော သဘောတရားသည် ဂမ္ဘီရ = နက်နဲ၏။ ပ ။
同样,生由有这一因缘善加生起、连续相接而辗转发生的法理,也是甚深。其余各支亦同。
သင်္ခါရတို့၏ အဝိဇ္ဇာဟူသော အကြောင်းခံကြောင့် ကောင်းစွာဖြစ်သည်ဖြစ်၍ တကွမပြတ် ပေါင်းစပ်လျက် အထက်အထက်၌ ဖြစ်ပေါ်လာသည်၏ အဖြစ်ဟူသော သဘောတရားသည် ဂမ္ဘီရ = နက်နဲ၏။ ထိုကြောင့် ဤဘဝစက်သည် အတ္ထဂမ္ဘီရ = အကျိုးအားဖြင့် နက်နဲ၏။ အတ္ထဂမ္ဘီရဝယ် အကြောင်းတရား၏ အကျိုးတရားကို အတ္ထဟူ၍ ဆိုအပ်ပေသည်။
诸行由无明这一因缘善加生起、连续相接而辗转发生的法理,也是甚深。因此,这有轮在义、亦即果这一方面甚深;在‘义甚深’中,因法之果称为义(attha)。
原书第 577 页
ပဋိစ္စသမုပ္ပါဒ်ပိုင်း - အပိုင်း (ခ) ဟေတုဖလေ ဉာဏံ အတ္ထပဋိသမ္ဘိဒါ။ (အဘိ-၂-၃ဝ၇။) = အကြောင်း၏ အကျိုး၌သိသော ဉာဏ်သည် အတ္ထပဋိသမ္ဘိဒါမည်၏ ---- ဟု ဘုရားရှင် ဟောကြား- ထားတော်မူ၏။ (အဘိ-ဋ္ဌ-၂-၁၈၇ ။ ဝိသုဒ္ဓိ-၂-၂၁၉။) ငရဲ တိရစ္ဆာန် ပြိတ္တာ လူ နတ်စသော အကြင် အကြင် ဇာတိသည် အကြင် အကြင် ပစ္စယသတ္တိဖြင့် ဇရာ မရဏအား ကျေးဇူးပြု၏၊ ထိုထိုဇာတိ ထိုထိုပစ္စယသတ္တိအားလျော်စွာ ဇရာမရဏ၏ ထင်ရှားစွာ ဖြစ်ခြင်း သဘောတရားသည် ခဲယဥ်းစွာ ထိုးထွင်း၍ သိအပ်သည်၏ အဖြစ်ကြောင့် ယင်းသဘောတရားကို ထိုးထွင်း၍ သိနိုင်ခဲသည်၏ အဖြစ်ကြောင့် ဂမ္ဘီရ = နက်နဲ၏ ဟူလိုသည်။ (မူလဋီ-၂-၁၃ဝ။) ဤသို့စသည်ဖြင့် အကျိုးတရား- တို့၏ နက်နဲမှုကို သဘောပေါက်ပါလေ။
巴利原文(缅文转写):‘ဟေတုဖလေ ဉာဏံ အတ္ထပဋိသမ္ဘိဒါ။’
‘了知因之果的智,是义无碍解。’(《阿毗达磨》2-307。)世尊如是宣说。(《阿毗达磨义注》2-187;《清净之道》2-219。)地狱、畜生、饿鬼、人、天等任何一种生,以任何一种缘力资助老死,老死便依相应的生与相应缘力而显现;这一法理难以如实通达,也难以了知,所以甚深。(《根本复注》2-130。)应当如此了知诸果法的甚深。
၂။ ဓမ္မဂမ္ဘီရတာ
二、法甚深
အကြင်ဖြစ်ပုံ အခြင်းအရာအားဖြင့်လည်းကောင်း၊ အကြင် အခိုက်အတန့်အားဖြင့်လည်းကောင်း အဝိဇ္ဇာသည် ထိုထိုသင်္ခါရတို့အား ထိုထိုပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏၊ ထိုဖြစ်ပုံအခြင်းအရာ၏ ထိုအခိုက်- အတန့်၏ ခဲယဥ်းစွာ ထိုးထွင်း၍ သိအပ်သည်၏ အဖြစ်ကြောင့် ထိုးထွင်း၍ သိနိုင်ခဲသည်၏ အဖြစ်ကြောင့် အဝိဇ္ဇာ၏ သင်္ခါရတို့အား ကျေးဇူးပြုတတ်သည်၏ အဖြစ်သည် ဂမ္ဘီရ = နက်နဲ၏။ ထို့အတူ သင်္ခါရတို့၏ ဝိညာဏ်အား။ ပ ။ ဇာတိသည် ဇရာမရဏအား ကျေးဇူးပြုတတ်သည်၏ အဖြစ်သည် နက်နဲ၏။ ထိုကြောင့် ဤဘဝစက်သည် ဓမ္မဂမ္ဘီရ = အကြောင်းအားဖြင့် နက်နဲ၏။ မှန်သည် ဓမ္မဂမ္ဘီရဝယ် ဓမ္မဟူသောအမည်သည် အကြောင်း၏အမည် ဖြစ်သည်။ (အဘိ-ဋ္ဌ-၂-၁၈၇။ ဝိသုဒ္ဓိ-၂-၂၁၉။) ဟေတုမှိ ဉာဏံ ဓမ္မပဋိသမ္ဘိဒါ။ (အဘိ-၂-၃ဝ၇။) = ''အဝိဇ္ဇာစသော အကြောင်းတရား၌ သိသော ဉာဏ်သည် ဓမ္မပဋိသမ္ဘိဒါမည်၏'' ---- ဟု ဘုရားရှင်သည် ဟောကြားထားတော်မူ၏။
巴利原文(缅文转写):‘ဟေတုမှိ ဉာဏံ ဓမ္မပဋိသမ္ဘိဒါ။’
无明以何种方式、在何种时机、以何种缘力资助相应诸行;这一方式与时机难以如实通达,也难以了知,所以无明资助诸行的法理甚深。诸行资助识,乃至生资助老死,也都同样甚深。因此,这有轮在法、亦即因这一方面甚深;在‘法甚深’中,法(dhamma)是因的名称。(《阿毗达磨义注》2-187;《清净之道》2-219。)‘了知因的智,是法无碍解。’(《阿毗达磨》2-307。)世尊如是宣说。
၃။ ဒေသနာဂမ္ဘီရတာ
三、教说甚深
ဤပဋိစ္စသမုပ္ပါဒ်ဒေသနာတော်ကို ကျွတ်ထိုက်သသူ ဝေနေယျတို့၏ အလိုအဇ္ဈာသယဓာတ်ခံအား လျော်စွာ သစ္စာလေးပါးကို သိစေနိုင်သော ဂုဏ်သတ္တိရှိခြင်းဟူသော ထိုထိုအကြောင်းကြောင့် အနုလောမ ဒေသနာ ပဋိလောမဒေသနာစသော ထိုထိုအခြင်းအရာအားဖြင့် ဖြစ်စေထိုက်သည်၏ အဖြစ်ကြောင့် ဟောကြား အပ်သည်၏ အဖြစ်ကြောင့် ဟောကြားထားအပ်သော ဒေသနာတော်သည်လည်း နက်နဲ၏။ ထိုအနုလောမ ဒေသနာ ပဋိလောမဒေသနာစသော အမျိုးမျိုးသော ဒေသနာအပြား၌ သဗ္ဗညုတဉာဏ်တော်မှ တစ်ပါးသော ဉာဏ်သည် ထောက်တည်ရာကို မရရှိနိုင်ပေ။
缘起教说依应受化者各自的意乐、倾向与性行,以能令其了知四谛的相应因由,用顺说、逆说等不同方式来宣说;因此,所宣之教说也甚深。在顺说、逆说等种种教说差别中,除一切知智外,其他智都不能找到立足处。
၁။ အချို့သောသုတ်၌ အစ အဝိဇ္ဇာမှ စ၍ အဆုံး ဇရာမရဏသို့တိုင်အောင် အနုလောမအားဖြင့် ဒေသနာ- တော်ကို ဟောကြားထားတော်မူ၏။
一、有些经从最初的无明开始,顺说至最后的老死。
၂။ အချို့သောသုတ်၌ အဆုံး ဇရာမရဏမှ စ၍ အစ အဝိဇ္ဇာသို့တိုင်အောင် ပဋိလောမအပြန်အားဖြင့် ဒေသနာတော်ကို ဟောကြားထားတော်မူ၏။
二、有些经从最后的老死开始,逆说至最初的无明。
原书第 578 页
၃။ အချို့သောသုတ်၌ အနုလောမ ပဋိလောမအားဖြင့် ဒေသနာတော်ကို ဟောကြားထားတော်မူ၏။
三、有些经兼以顺说与逆说宣说。
〔ဤ ၁ -၂ - ၃ တို့ကား အစပ် (၃)ပါး အလွှာ (၄)ပါးရှိသော ဒေသနာတော်တို့တည်း။〕 ၄။ အချို့သောသုတ်၌ အလယ်မှ စ၍ အဆုံး ဇရာမရဏသို့တိုင်အောင် အနုလောမအားဖြင့် ဒေသနာ တော်ကို ဟောကြားထားတော်မူ၏။
〔以上一、二、三类教说,都具三连结与四层。〕四、有些经从中间开始,顺说至最后的老死。
၅။ အချို့သောသုတ်၌ အလယ်မှ စ၍ အစ အဝိဇ္ဇာသို့တိုင်အောင် ပဋိလောမအားဖြင့် ဒေသနာတော်ကို ဟောကြားထားတော်မူ၏။
五、有些经从中间开始,逆说至最初的无明。
၆။ အချို့သောသုတ်၌ အစပ် (၃)ပါး၊ အလွှာ (၄)ပါးရှိအောင် ဒေသနာတော်ကို ဟောကြားထားတော်မူ၏။
六、有些经以三连结、四层来宣说。
(၁ -၂ - ၃ ဒေသနာမျိုးတည်း။) ၇။ အချို့သောသုတ်၌ အစပ် (၂)ပါး၊ အလွှာ (၃)ပါးရှိသော ဒေသနာတော်ကို ဟောကြားထားတော်မူ၏။
〔即上述一、二、三类。〕七、有些经以两连结、三层来宣说。
(၄ - ၅ ဒေသနာမျိုးတည်း။) ၈။ အချို့သောသုတ်၌ အစပ် (၁)ပါး၊ အလွှာ (၂)ပါးရှိသော ဒေသနာတော်ကို ဟောကြားထားတော်မူ၏။
〔即上述四、五类。〕八、有些经以一连结、两层来宣说。
အောက်ပါ ဒေသနာတော်မျိုးတည်း။
如下列这种教说。
သံယောဇနိယေသု ဘိက္ခဝေ ဓမ္မေသု အဿာဒါနုပဿိနော ဝိဟရတော တဏှာ ပဝဍ္ဎတိ။ တဏှာပစ္စယာ ဥပါဒါနံ …။ (သံ-၁-၃၁၂-၃၁၅။) = ရဟန်းတို့ …သံယောဇဥ် ဖြစ်စရာတရားတို့၌ သာယာဖွယ်ဟု ရှုမြင်လျက် နေထိုင်သော ရဟန်း၏ သန္တာန်၌ တဏှာသည် တိုးပွားလာ၏။ တဏှာ ဖြစ်ခြင်းကြောင့် ဥပါဒါန်သည် ဖြစ်ပေါ်လာ၏။ … ဤသို့စသည်ဖြင့် ဇရာမရဏစသည့် အဆုံးသို့တိုင်အောင် ဟောကြားထားတော်မူအပ်သော ဒေသနာ- တော်သည် ကမ္မဘဝနှင့် ဇာတိဟူသော အစပ်တစ်ခုသာရှိ၍ ပစ္စုပ္ပန်အကြောင်း တစ်လွှာ၊ အနာဂတ်အကျိုး တစ်လွှာဟူသော အလွှာ (၂)ပါးရှိသော ဒေသနာတော် ဖြစ်သည်။ ထိုကြောင့် ဤပဋိစ္စသမုပ္ပါဒ် ဘဝစက်သည် ဟောကြားတော်မူပုံ ဒေသနာအားဖြင့် နက်နဲ၏။ (အဘိ-ဋ္ဌ-၂-၁၈၇။ဝိသုဒ္ဓိ-၂-၂၁၉။)
巴利原文(缅文转写):‘သံယောဇနိယေသု ဘိက္ခဝေ ဓမ္မေသု အဿာဒါနုပဿိနော ဝိဟရတော တဏှာ ပဝဍ္ဎတိ။ တဏှာပစ္စယာ ဥပါဒါနံ …။ (သံ-၁-၃၁၂-၃၁၅။)’
‘诸比丘,住于随观可结缚诸法为可乐者,爱便增长;缘爱而有取……。’(《相应部》1-312—315。)如此宣说直至老死等最后一支,只具业有与生这一连结,并具现在因一层、未来果一层,共两层。因此,这缘起有轮在教说方式上甚深。(《阿毗达磨义注》2-187;《清净之道》2-219。)
၄။ ပဋိဝေဓဂမ္ဘီရတာ
四、通达甚深
အဝိဇ္ဇာစသော ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့၌ ကိုယ်ပိုင်သဘာဝလက္ခဏာ အသီးအသီး ရှိကြ၏။ ယင်း သဘာဝလက္ခဏာတို့ကို ယောဂါဝစရပုဂ္ဂိုလ်သည် ဉာဏ်ဖြင့် ထွင်းဖောက်၍ သိမြင်ရမည် ဖြစ်သည်။ ယင်းပဋိစ္စ- သမုပ္ပါဒ် အင်္ဂါရပ် အသီးအသီး၏ ကိုယ်ပိုင်သဘာဝလက္ခဏာသည် ငြိုငြင်သဖြင့် ခဲယဥ်းသဖြင့် ထက်ဝန်းကျင် သက်ဝင်အပ်သည်၏ အဖြစ်ကြောင့် သိနိုင်ခဲသည်၏ အဖြစ်ကြောင့် နက်နဲ၏။ ထိုကြောင့် ဤဘဝစက်သည် ပဋိဝေဓဂမ္ဘီရ = ထိုးထွင်း၍ သိအပ်သော သဘောအားဖြင့် နက်နဲ၏။
无明等缘起支各有其自身的自相,禅修者必须以智通达这些自相。每一缘起支的自相都艰深难入、难以遍彻、难以了知,所以甚深。因此,这有轮在应当通达的法理这一方面甚深。
ထင်ရှားစေအံ့ ---- ဤဘဝစက်၌ အဝိဇ္ဇာ၏ သိတတ်သောဉာဏ်၏ ဆန့်ကျင်ဘက် အဖြစ်တည်းဟူသော သဘော၊ ကိုယ်တိုင် မျက်မှောက်ပြုသောအားဖြင့် ပရမတ္ထဓမ္မတည်းဟူသော အာရုံ၏ သဘောမှန်ကို မြင်တတ် သော ဉာဏ်၏ ဆန့်ကျင်ဘက်၏ အဖြစ်တည်းဟူသော သဘော၊ သစ္စာ (၄)ပါးတို့ကို ထိုးထွင်း၍ မသိခြင်း၊ ထိုးထွင်း၍ သိခြင်းငှာ မပေးမူ၍ ဖုံးလွှမ်းထားတတ်သည်၏ အဖြစ်တည်းဟူသော သဘောသည် နက်နဲ၏။
具体而言:在这有轮中,无明与能知之智相反,也与能亲证胜义法所缘真实本性的智相反;它不能通达四谛,并遮覆四谛而不让人通达。这一法理甚深。
原书第 579 页
ပဋိစ္စသမုပ္ပါဒ်ပိုင်း - အပိုင်း (ခ) သင်္ခါရတို့၏ အကျိုးတရားဖြစ်ပေါ်လာနိုင်သည့် အကြောင်းတရားတို့ကို ပြုစီမံတတ်သည်၏ အဖြစ် တည်းဟူသော သဘော၊ ထိုထိုကုသိုလ်ဆိုင်ရာ လုပ်ငန်း အကုသိုလ်ဆိုင်ရာ လုပ်ငန်းရပ်တို့ (ကုသိုလ်တရား အကုသိုလ်တရားတို့) ပြီးမြောက်အောင် အကြောင်းတရားတို့ကို (ဆိုင်ရာ စိတ်စေတသိက်တို့ကို) ပေါင်းစု သိမ်းယူတတ်သည်၏ အဖြစ်တည်းဟူသော သဘော၊ ရာဂနှင့်တကွဖြစ်သည်၏ အဖြစ်တည်းဟူသော သဘော (အပုညာဘိသင်္ခါရကို ရည်သည်။)၊ ရာဂမရှိသည်၏ အဖြစ်တည်းဟူသော သဘော (ပုညာဘိသင်္ခါရ၊ အာနေဉ္ဇာဘိ သင်္ခါရတို့ကို ရည်သည်။) ---- ဤသဘော အရပ်ရပ်သည်ကား နက်နဲ၏။ ဝိညာဏ်၏ အတ္တမှ ကင်းဆိတ်သည်၏ အဖြစ်တည်းဟူသော သဘောတရားသည် နက်နဲ၏။ မှန်သည် ---- ''ရဟန်းတို့ နေ့ညဥ့် သံသရာ ရှည်မြင့်စွာသော ကာလပတ်လုံး ဤဝိညာဏ်ကို အာဂမသုတ = သင်သိ၊ အဓိဂမသုတ = ကျင့်သိဟူသော အကြားအမြင် ဗဟုသုတမရှိသော ပုထုဇန်သည် သက်ဝင် မျိုသိပ် ပြီးဆုံးစေ-
诸行能造作使果法生起的因,也能聚集相应的心与心所,使种种善业、不善业得以完成;非福胜行与贪俱行,福胜行和不动胜行则不与贪俱行。这些不同法理都甚深。识空离我这一法理也甚深。世尊说:‘诸比丘,长夜轮回以来,无闻凡夫已经吞没、执取这个识,视为可珍爱之物——
အပ်ပြီ၊ ငါ့ဥစ္စာဟု ပြုအပ် မြတ်နိုးအပ်ပြီ၊ ဤဝိညာဏ်သည် ငါ၏ ဥစ္စာတည်း၊ ဤဝိညာဏ်သည် ငါဖြစ်၏၊ ဤဝိညာဏ်သည် ငါ၏ အတ္တတည်းဟု ဤသို့ မှားမှားယွင်းယွင်း သုံးသပ်အပ်ပြီ'' (သံ-၁-၃၂၁။) ဤသို့လျှင် ဝိညာဏ်ကို အတ္တဟု မှားမှားယွင်းယွင်း သုံးသပ်ခြင်း၏ ထူးသော တည်ရာအကြောင်းဟူ၍ ဟောတော်မူအပ်ပြီ။ ထိုကြောင့် ဝိညာဏ်၏ အတ္တမှ ကင်းဆိတ်သည်၏ အဖြစ်ဟူသော သဘောသည် နက်နဲ၏။
——错误地审察:这个识是我的,这个识是我,这个识是我的自我。’(《相应部》1-321。)如此,世尊说明识特别容易成为误认自我的所依。因此,识空离我的法理甚深。
တစ်ဖန် အတ္တသည် သိတတ်၏၊ တပြောင်းပြန်ပြန် ကျင်လည်တတ်၏ဟု ဝိညာဏ်၏ ဗျာပါရရှိသည်၏ အဖြစ်ဟူသော အာရုံကို လွန်လွန်ကဲကဲ နှလုံးသွင်းခြင်း၏ အားရှိသည်၏ အဖြစ်၊ ဘဝတစ်ပါးသို့ ပြောင်းသွား- ခြင်းဟု လွန်လွန်ကဲကဲ နှလုံးသွင်းခြင်း၏ အားရှိသည်၏ အဖြစ်ကြောင့် ဗျာပါရ မရှိသည်၏ အဖြစ်ဟူသော သဘော၊ ဘဝတစ်ပါးသို့ ပြောင်းသွားခြင်း မရှိဘဲ ပဋိသန္ဓေခဏ၌ ဝိညာဏ်၏ ထင်ရှားဖြစ်သည်၏ အဖြစ် ဟူသော သဘောတရားတို့သည်လည်း နက်နဲကုန်၏။
又,人们强烈执取‘自我能知、能在轮回中流转’,把识想成具有主宰作用,或想成有某物迁往另一有;而识其实没有这种主宰作用,也没有任何东西迁往另一有,只有识在结生刹那显现。这些法理也都甚深。
နာမ်ရုပ်၏ အတူတကွ ဖြစ်ခြင်းသဘော၊ အသီးအသီး ခွဲခြား၍ ဖြစ်ခြင်းသဘော၊ အသီးအသီး မခွဲခြားဘဲ ဖြစ်ခြင်းသဘော၊ အာရုံသို့ ညွတ်ခြင်းသဘော၊ ဖောက်ပြန်ခြင်းသဘောသည် နက်နဲ၏။
名色俱生、分别、不可分别、倾向所缘与变异等法理,都甚深。
(အဘိ-ဋ္ဌ-၂-၁၈၇-၁၈၈။ ဝိသုဒ္ဓိ-၂-၂၁၉။)
(《阿毗达磨义注》2-187—188;《清净之道》2-219。)
နာမ်၏ ရုပ်နှင့်လည်းကောင်း၊ ရုပ်၏ နာမ်နှင့်လည်းကောင်း သမ္ပယုတ်မဖြစ်ခြင်းကြောင့် = မယှဥ်ခြင်း- ကြောင့် အသီးအသီး ခွဲခြား၍ ဖြစ်ခြင်း = ဝိနိဗ္ဘောဂသဘော ရှိ၏။ နာမ်၏ နာမ်နှင့် သမ္ပယုတ်ဖြစ်ခြင်းကြောင့် = စိတ္တက္ခဏတစ်ခု၏ အတွင်း၌ အတူယှဥ်တွဲ၍ ဖြစ်ခြင်းကြောင့် အသီးအသီး မခွဲခြား မဝေဖန်အပ်သော = အဝိနိဗ္ဘောဂသဘော ရှိ၏။ တူသော ဖြစ်ခြင်း = ဧကုပ္ပါဒ၊ တူသောချုပ်ခြင်း = ဧကနိရောဓတို့ဖြင့် အသီးအသီး မခွဲခြား မဝေဖန်ခြင်း = အဝိနိဗ္ဘောဂသဘောကို အလိုရှိအပ်သော် ရုပ်၏လည်း ရုပ်နှင့် အဝိနိဗ္ဘောဂသဘောကို ရနိုင်သည်သာ ဖြစ်သည်။ တစ်နည်းဆိုသော် --- ရုပ်ခန္ဓာတစ်ပါးသာရှိသော အသညသတ်ဘုံ၊ နာမ်ခန္ဓာ လေးပါးသာရှိသော အရူပဘုံတို့၌ နာမ်နှင့်ရုပ်တို့၏ အတူတကွ မဖြစ်နိုင်ခြင်းကြောင့် အသီးအသီး ခွဲခြားဝေဖန်- အပ်သော ဝိနိဗ္ဘောဂသဘောကိုလည်းကောင်း၊ ခန္ဓာ (၅)ပါးရှိသော ပဉ္စဝေါကာရဘုံ၌ နာမ်ရုပ်တို့၏ အတူတကွ
名不与色相应,色也不与名相应,所以二者可分别,具有可分离性。名与名相应,同在一个心刹那俱生,所以不可逐一分开,具有不可分离性。若依同生、同灭来说明不可分离,则色与色之间也可具有不可分离性。另一解释是:在只有色蕴的无想有情界,以及只有四名蕴的无色界,名色不能俱生,所以具有可逐一分别的可分离性;在具五蕴的五蕴有中,名色能够——
ဖြစ်နိုင်ခြင်းကြောင့် အသီးအသီး မခွဲခြား မဝေဖန်အပ်သော အဝိနိဗ္ဘောဂသဘောကိုလည်းကောင်း သိရှိပါလေ။
——俱生,所以也应了知它们具有不可逐一分开的不可分离性。
(မူလဋီ-၂-၁၃ဝ။)
(《根本复注》2-130。)
အထက်ပါ အဋ္ဌကထာစကားရပ်၌ အာရုံသို့ ညွတ်ခြင်းသဘောကား နာမ်ကို ရည်ညွှန်းသည်။ ဖောက်ပြန်- ခြင်းသဘောကား ရုပ်ကို ရည်ညွှန်းသည်။
上述义注中,‘倾向所缘’指名,‘变异’指色。
原书第 580 页
သဠာယတနအမည်ရသော အတွင်းအာယတန (၆)ပါးသည် ဣန္ဒြိယပစ္စည်းထိုက်၏။ သို့အတွက် ယင်းသဠာယတန၏ ဣန္ဒြိယပစ္စယသတ္တိဖြင့် အကြီးအကဲအဖြစ်ဟူသော သဘော၊ ပျက်စီးတတ်သည်၏ အဖြစ် ဟူသော သဘော၊ ဒွါရအဖြစ်ဟူသော သဘော၊ လယ်ယာနှင့်တူသည်၏ အဖြစ်ဟူသော သဘော၊ ရူပါရုံစသော အာရုံရှိသည်၏ အဖြစ်ဟူသော သဘောသည် နက်နဲ၏။ (အဘိ-ဋ္ဌ-၂-၁၈၈။ ဝိသုဒ္ဓိ-၂-၂၁၉။) စက္ခုစသော ဒွါရ၌ ရှေးရှု ကျရောက်လာကုန် ထင်လာကုန်သော ရူပါရုံစသည်တို့၏ ထင်ရှားပြခြင်း၌ လျောက်ပတ်သည်၏အဖြစ်ဟူသော လက္ခဏာရှိသော စက္ခုစသော အာယတနတို့၏ ထွန်းပြခြင်းသည် ဝိသယိ- ဘာဝတည်း = ရူပါရုံအစရှိသော အာရုံရှိသည်၏ အဖြစ်တည်း။ မနာယတန၏ အာရုံကို သိခြင်းသဘောသည် ဝိသယိဘာဝတည်း = ဝိသယ = အာရုံရှိသည်၏ အဖြစ်တည်း။ ဆိုလိုသည်မှာ ရူပါရုံထင်ဖို့ရာ လျောက်ပတ် သည်၏ အဖြစ်ဟူသော လက္ခဏာရှိသောကြောင့် ရူပါရုံဟူသော အာရုံရှိသည်၏အဖြစ်သည် စက္ခု၏ ဝိသယိ-
称为六处的六内处能作为根缘。因此,六处凭借根缘之力而具有主导性、败坏性、门性、田地性与有所缘性,这些法理甚深。(《阿毗达磨义注》2-188;《清净之道》2-219。)眼等处的显现,具有适于显现趋入眼等门的色等所缘这一特相,这就是有境性,即有色等所缘;意处能知所缘,也是有境性。也就是说,眼具有适于显现色所缘这一特相,所以眼的有境性就是具有色所缘;耳等也同样理解。这里‘有境——’
ဘာဝတည်း။ သောတစသည်တို့၌လည်း ဤနည်းကို မှီးပါ။ (မူလဋီ-၂-၁၃၁။) ဖဿ၏ အာရုံကို တွေ့ထိတတ်သည်၏ အဖြစ်ဟူသော သဘော = အာရုံကို တွေ့ထိသော အခြင်းအရာ အားဖြင့် ဖြစ်တတ်သည်၏ အဖြစ်ဟူသော သဘော၊ အာရုံကို ပွတ်ချုပ်ထိခိုက်ခြင်းသဘော၊ ဝတ္ထု အာရုံ ဝိညာဏ် သုံးပါးစုံတို့၏ ပေါင်းဆုံကျရောက်ခြင်းကြောင့် ဖြစ်ပေါ်လာရခြင်းဟူသော သဘောသည် နက်နဲ၏။
——性’即有所缘性。(《根本复注》2-131。)触具有接触所缘、以接触方式发生、撞击所缘,以及由依处、所缘与识三者会合而生等法理;这些都甚深。
(အဘိ-ဋ္ဌ-၂-၁၈၈။ ဝိသုဒ္ဓိ-၂-၂၁၉-၂၂ဝ။)
(《阿毗达磨义注》2-188;《清净之道》2-219—220。)
သံဃဋ္ဋန = အာရုံကို ပွတ်ချုပ်ထိခိုက်ခြင်းသဘောသည် စက္ခုသမ္ဖဿစသော (၅)ပါးအတွက် ဖြစ်၏။
撞击所缘这一意义,适用于眼触等前五触。
ဖုသန - သင်္ဂတိ - သန္နိပါတဋ္ဌတို့ကား - သဠာယတန = အာယတန (၆)ပါးလုံးအတွက် ဖြစ်၏။ ထိုတွင် ဖုသန = အာရုံကို တွေ့ထိခြင်း = တွေ့ထိသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းသည် ဖဿ၏ ကိုယ်ပိုင်သဘာဝလက္ခ- ဏာတည်း။ သံဃဋ္ဋန = အာရုံကို ပွတ်ချုပ် ထိခိုက်ခြင်းသဘောကား ဖဿ၏ ကိစ္စရသ = လုပ်ငန်းကိစ္စတည်း။
接触、会合、聚合等意义,则适用于六处所生的六种触。其中,接触所缘、以接触方式发生,是触本身的自相;撞击所缘,是触的作用。
သင်္ဂတိသန္နိပါတ = ဝတ္ထု အာရုံ ဝိညာဏ် သုံးပါးတို့ ပေါင်းဆုံ ကျရောက်ခြင်းကြောင့် ဖြစ်ပေါ်လာရသော သဘောကား ယောဂီတို့ ဉာဏ်တွင် ရှေးရှုထင်လာသော အခြင်းအရာ = ဥပဋ္ဌာနာကာရပစ္စုပဋ္ဌာန်တည်း။
依处、所缘与识三者会合而生这一法理,是触显现于禅修者智中的方式,即现起。
(မူလဋီ-၂-၁၃၁။)
(《根本复注》2-131。)
ဝေဒနာ၏ အာရုံ၏ အရသာကို ခံစားတတ်သည်၏အဖြစ်ဟူသော သဘော၊ သုခ၏အဖြစ် ဒုက္ခ၏အဖြစ် အလယ်အလတ် မဇ္ဈတ္တ = ဥပေက္ခာ၏အဖြစ်ဟူသော သဘောသည်၊ တစ်နည်း နိဇ္ဇီဝ = ဇီဝ မဟုတ်သော ဝေဒနာ၏ ခံစားတတ်သည်၏ အဖြစ်ဟူသော သဘောသည် နက်နဲ၏။ (အဘိ-ဋ္ဌ-၂-၁၈၈။ ဝိသုဒ္ဓိ-၂-၂၂ဝ။) အာရမ္မဏရသာနုဘဝနဋ္ဌ = အာရုံ၏ အရသာကို သုံးဆောင်ခံစားခြင်းသဘောသည် ဝေဒနာ၏ ကိစ္စ- ရသတည်း။ ဝေဒယိတဋ္ဌ = ဇီဝမဟုတ်သော ဝေဒနာ၏ ခံစားတတ်သည့်သဘော ခံစားမှုသဘောသည် ဝေဒနာ၏ သဘာဝလက္ခဏာတည်း။ ဤသို့ လက္ခဏာအားဖြင့်လည်းကောင်း၊ ကိစ္စအားဖြင့်လည်းကောင်း ကွဲပြားသော ကြောင့် ဝေဒနာ၏သဘောကို အနုဘဝနဋ္ဌ ဝေဒယိတဋ္ဌဟု အဋ္ဌကထာ၌ နှစ်မျိုးခွဲထားသည်။ (မူလဋီ-၂-၁၃၁၊၊) ပီတိနှင့် တကွသော တဏှာ၏ ထိုထိုအာရုံ ထိုထိုဘုံဘဝကို အလွန် နှစ်သက်တတ်သည်၏အဖြစ်ဟူသော သဘော၊ ထိုထက် သာ၍အားရှိသော တဏှာ၏ အာရုံသို့ သက်ဝင်၍ မျိုချ၍ ပြီးဆုံးစေခြင်းဟူသော သဘော၊
受能体验所缘之味,并呈现为乐、苦或中舍;换言之,不是生命实体的受却能体验,这一法理甚深。(《阿毗达磨义注》2-188;《清净之道》2-220。)享受、体验所缘之味,是受的作用;并非生命实体而能感受,是受的自相。由于自相与作用不同,义注便把受分为‘享受’与‘感受’两方面。与喜俱行的爱,强烈喜爱种种所缘和种种有;更强的爱则侵入、吞没所缘,仿佛把它全部吞尽——
တစ်နည်း ---- မိမိကြိုက်နှစ်သက်ရာ အာရုံသို့ ''နွားရူးရှူးထိုး၊ နွားသိုးကြိုးပြတ်၊ နွားငတ်ရေကျကဲ့သို့'' ---- အဟုန်ပြင်းပြင်း အတင်း စီးဆင်းသွားတတ်ရကား တောင်ပေါ်မှ အဟုန်ပြင်းပြင်း အတင်း စီးဆင်းလာသည့် တောင်ကျမြစ်နှင့် တူသည်၏ အဖြစ်ဟူသော သဘော၊ မာလောနွယ်နှင့်တကွ နွယ်ဟူသမျှသည် နီးရာ သစ်ပင်ကို နွယ်၍ တက်တတ်သကဲ့သို့ တဏှာသည်လည်း နီးရာ အာရုံကို နွယ်၍ တက်တတ် နှစ်သက်တတ် ကြိုက်တတ်-
——又如狂牛猛冲、脱缰公牛、渴牛奔水,强劲地流向自己喜爱的所缘,像山洪从山上奔泻;又像马洛藤等藤蔓攀附近旁树木,爱也攀缘近旁所缘而喜爱、贪恋——
原书第 581 页
ပဋိစ္စသမုပ္ပါဒ်ပိုင်း - အပိုင်း (ခ) ရကား မာလောနွယ်စသော နွယ်နှင့်တူသည်၏ အဖြစ်ဟူသော သဘော၊ သဗ္ဗာ နဒီ ဝင်္ကနဒီ = မြစ်ဟူသမျှ မြစ်ကောက်ချည်းသာ ဟူသည်နှင့်အညီ မာယာ သာဌေယျဟူသော အကွေ့အကောက် အလှည့်အပတ်များသော တဏှာ၏ မြစ်နှင့်တူသည်၏အဖြစ်ဟူသော သဘော၊ ကူးခပ်လွန်မြောက်နိုင်ခဲသော သဘောကြောင့် တဏှာ၏ သမုဒ္ဒရာ၏ အဖြစ်တည်းဟူသော သဘော၊ တဏှာ၏ ပြည့်စေနိုင် ပြည့်နိုင်ခဲသည်၏ အဖြစ်တည်းဟူသော သဘောသည် နက်နဲ၏။ (အဘိ-ဋ္ဌ-၂-၁၈၈။ ဝိသုဒ္ဓိ-၂-၂၂ဝ။) လေးပါးသော ဥပါဒါန်၏ အာရုံကို စွဲမြဲစွာယူတတ်သည်၏ အဖြစ်ဟူသော အာဒါနသဘော၊ ကာမုပါဒါန် ၏ အာရုံကို အလွန် တပ်မက်မောသည်၏ အစွမ်းဖြင့် ယင်းအာရုံကို ခံယူသိမ်းပိုက် စွဲလမ်းခြင်းသဘော၊ ဒိဋ္ဌု- ပါဒါန် သီလဗ္ဗတုပါဒါန် အတ္တဝါဒုပါဒါန်၏ အာရုံကို မှားသောအားဖြင့် စွဲစွဲမြဲမြဲ နှလုံးသွင်းတတ်သည်၏ အဖြစ်ဟူသော သဘော၊ မှားမှားယွင်းယွင်း သုံးသပ်တတ်သည်၏ အဖြစ်ဟူသော သဘော၊ ဒိဋ္ဌိကန္တာရော
——所以像藤蔓。又如‘一切河流皆曲折’,爱充满虚伪、欺诈与迂回,所以像曲折的河流;爱难以渡越,所以如海;爱又难以满足,永不充满。这些法理都甚深。(《阿毗达磨义注》2-188;《清净之道》2-220。)四种取能牢固执取各自所缘:欲取因极度贪恋而占有、执著所缘;见取、戒禁取与我论取,则以错误作意与错误审察牢牢执著所缘。世尊说‘见之旷野’——
(အဘိ-၁-၉၄။) = ဒိဋ္ဌိခရီးခဲဟု ဘုရားရှင် ဟောတော်မူခြင်းကြောင့် ဒိဋ္ဌိခရီးခဲ၏ ကျော်လွှား လွန်မြောက်နိုင်ခဲ သည်၏ အဖြစ်ဟူသော သဘော၊ တစ်နည်း ဥပါဒါန်လေးပါးလုံး၏ အာရုံကို ခိုင်ခိုင်မြဲမြဲ စွဲယူတတ်သည့် အဖြစ်ကြောင့် ကျော်လွှား လွန်မြောက်နိုင်ခဲသည်၏ အဖြစ်ဟူသော သဘောသည် နက်နဲ၏။
——(《阿毗达磨》1-94),因为见之旷野难以超越;又由于四种取都牢固执取所缘,所以难以跨越。这些法理甚深。
(အဘိ-ဋ္ဌ-၂-၁၈၈။ ဝိသုဒ္ဓိ-၂-၂၂ဝ။)
(《阿毗达磨义注》2-188;《清净之道》2-220。)
ကမ္မဘဝ၏ ပေါင်းစုရုံးစည်းခြင်းသဘော (= ပေါင်းစု၍ ယူတတ်သည်၏ အဖြစ်ဟူသော သဘော)၊ အကျိုးတရားကို ဖြစ်ပေါ်လာအောင် အလွန်ပြုစီမံတတ်သည်၏ အဖြစ်ဟူသော သဘော၊ လေးပါးသော ယောနိ၊ ငါးပါးသော ဂတိ၊ ခုနစ်ပါးသော ဝိညာဏဋ္ဌိတိ၊ ကိုးပါးသော သတ္တာဝါသတို့၌ ပစ်ချတတ်သည်၏ အဖြစ်ဟူသော သဘောသည် နက်နဲ၏။ (အဘိ-ဋ္ဌ-၂-၁၈၈။ ဝိသုဒ္ဓိ-၂-၂၂ဝ။) ဇာတိ၏ တစ်ခုသော ဘဝ၌ ခန္ဓာတို့၏ ရှေးဦးအစ အသစ်ဖြစ်ခြင်းဟူသော သဘော၊ အာယတနတို့၏ ပြည့်ပြည့်စုံစုံရှိသည်ဖြစ်၍ ဖြစ်ခြင်းသဘော၊ အမိဝမ်း၌ သက်ရောက်သကဲ့သို့ ဖြစ်ခြင်းဟူသော သဘော၊ လုံးလုံးလျောင်းလျောင်း ထင်ထင်ရှားရှား ဖြစ်ခြင်း၏ အစွမ်းဖြင့် ထင်ရှားဖြစ်ခြင်းဟူသော သဘောသည် နက်နဲ၏။
业有能聚集、摄取诸因,强力造作使果法生起,并把有情投向四生、五趣、七识住与九有情居;这些法理甚深。(《阿毗达磨义注》2-188;《清净之道》2-220。)生是在一有中诸蕴首次新起,是诸处具足而出现,仿佛进入母胎,并以完全显现之力显现;这些法理甚深。
(အဘိ-ဋ္ဌ-၂-၁၈၈။ ဝိသုဒ္ဓိ-၂-၂၂ဝ။)
(《阿毗达磨义注》2-188;《清净之道》2-220。)
ဇရာမရဏ၏ ကုန်ခန်းခြင်းသဘော၊ ပျက်စီးခြင်းသဘော၊ ပြိုကွဲတတ် ပျက်ပြားတတ်သည်၏ အဖြစ်ဟူ- သော သဘော၊ မရဏအားဖြင့် ဖောက်ပြန်တတ်သည်၏ အဖြစ်ဟူသော သဘောသည် နက်နဲ၏။
老死具有耗尽、毁坏、崩解,以及因死亡而变异等法理;这些都甚深。
(အဘိ-ဋ္ဌ-၂-၁၈၈။ ဝိသုဒ္ဓိ-၂-၂၂ဝ။)
(《阿毗达磨义注》2-188;《清净之道》2-220。)
ဤအထက်ပါ သဘောတရားလေးမျိုးလုံးသည် ဇရာ၏ သဘောမဟုတ်၊ မရဏ၏ သဘောသာတည်း။
上述四种法理都不是老的性质,而只是死的性质。
ဇရာမရဏနှစ်မျိုးတွင် မရဏသည် ပဓာနဖြစ်သောကြောင့် မရဏ၏ နက်နဲမှုသဘောကိုသာ အဋ္ဌကထာက ပြထားသည်။ မှန်ပေသည် ---- အသစ်အသစ် ဖြစ်ကုန်သော ရုပ်နာမ်တို့၏ ကုန်ခြင်းကြောင့် ကျိုးသောသွား ရှိသူ၏အဖြစ် အစရှိသော ရင့်ကျက်ခြင်း၏ ဖြစ်ခြင်းသည် ဇရာတည်းဟု မှတ်ပါ။ တစ်နည်းဆိုသော် ---- အသစ် အဖြစ်မှ ကင်းခြင်းသဘောသည် ကုန်ခန်းခြင်း = ခယသဘောဟု ဆိုခြင်းငှာ သင့်ရကား ကုန်ခန်းခြင်း ခယ- သဘောကို ဇရာအတွက် ဖွင့်ဆိုသည်ဟု မှတ်ပါ။ တည်ခြင်း = ဌီသဘောမှ ပျက်ခြင်း = မရဏသဘော = ဘင်သဘောသို့ ပြောင်းလဲသွားခြင်း = ဝိပရိဏာမသဘောကိုကား ဇရာမရဏ နှစ်မျိုးလုံးအတွက် ဖွင့်ဆိုထား- သည်ဟု မှတ်ပါ။ တစ်နည်းဆိုသော် ရုပ်သန္တတိ နာမ်သန္တတိအစဥ်၏အစွမ်းဖြင့် ကုန်ခန်းတတ်သည်၏ အဖြစ် ပျက်စီးတတ်သည်၏ အဖြစ်ကား ဇရာ၏ ခယ ဝယ သဘောတည်း။ တစ်ဘဝ တစ်ခါသေခြင်း သမ္မုတိမရဏ၊ ဥပါဒ်-ဌီ-ဘင်ဟူသော ခဏအားဖြင့် သေခြင်း ခဏိကမရဏဟု မရဏနှစ်မျိုး ရှိ၏။ ရုပ်နာမ်တို့၏ ယင်းသမ္မုတိ-
老与死二者中,死较为显著,所以义注只显示死之甚深。应知:新生色名逐渐耗减,出现齿折等成熟状态,这就是老。另一解释是,脱离新生状态也可称为耗尽,所以‘耗尽’可用来解释老;从住转向坏、变成死亡与崩坏,则可用来解释老与死二者。又依色相续、名相续而言,逐渐耗尽、毁坏是老的耗减与衰败。死有两种:一期生命只死一次的世俗死,以及依生、住、灭刹那而说的刹那死。色名依这两种死而崩解毁坏——
မရဏ ခဏိကမရဏ၏ အစွမ်းဖြင့် ပြိုကွဲပျက်စီးခြင်း ဘေဒသဘော၊ မရဏအားဖြင့် ဖောက်ပြန်ပျက်စီးခြင်း
——是崩解;因死亡而变坏——
原书第 582 页
ဝိပရိဏာမသဘောကား မရဏ၏ ဘေဒဝိပရိဏာမသဘောတည်း။ ဇရာမရဏတို့၏ ယင်းသဘောတရားတို့ကား ယောဂါဝစရပုဂ္ဂိုလ်တို့ သိဖို့ရန် ခက်ခဲသောကြောင့် နက်နဲသည်ဟူ လိုသည်။ (မူလဋီ-၂-၁၃၁။) ဤကား ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်၏ နက်နဲခြင်း (၄)ရပ်တည်း။ ဤနက်နဲခြင်း (၄)ရပ်ကိုလည်း ထိုက်သည့်အားလျော်စွာ ယောဂါဝစရပုဂ္ဂိုလ်သည် သိရှိအောင် ကြိုးစားအားထုတ်ပါ။
——是变异,这就是死的崩解与变异。老死的这些法理,禅修者难以了知,所以甚深。(《根本复注》2-131。)以上就是缘起教说的四种甚深。禅修者也应依适当方式努力了知这四种甚深。
တစ်ဖန် ဤဘဝစက်၌ (၁) ဧကတ္တနည်း၊ (၂) နာနတ္တနည်း၊ (၃) အဗျာပါရနည်း၊ (၄) ဧဝံဓမ္မတာနည်းဟု အတ္ထနယ = နည်းလေးထွေရှိ၏။ ယောဂါဝစရပုဂ္ဂိုလ်သည် ယင်းအတ္ထနယ (၄)မျိုးကိုလည်း သိအောင်ကြိုးပမ်း- ရမည် ဖြစ်ကြောင်းကို (အဘိ-ဋ္ဌ-၂-၁၈၈-၁၈၉။ ဝိသုဒ္ဓိ-၂-၂၂ဝ-၂၂၁။)တို့၌ ဖွင့်ဆိုထား၏။ ယင်းနည်းလေးပါး အကြောင်းကို ဤပဋိစ္စသမုပ္ပါဒ်ပိုင်း ပဉ္စမနည်း စာမျက်နှာ (၂၁၃) စသည်တို့၌ ရေးသားတင်ပြထားသည့် အတိုင်း သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် ကြိုးပမ်းပါလေ။
再者,这有轮有四种义理观察方法:一、同一理路;二、相异理路;三、无主宰运作理路;四、如是法性理路。《阿毗达磨义注》2-188—189与《清净之道》2-220—221说明,禅修者也应努力了知这四种理路。关于它们,本书缘起篇第五种方法第213页以下已经说明;应依那里所述,以正见智亲自如实通达。
အတိတ်အဆက်ဆက် - အနာဂတ်အဆက်ဆက်သို့
从过去相续至未来相续
ရှေးစာမျက်နှာ (၅၆၃-၅၆၄-၅၆၅)တို့၌ ဖော်ပြခဲ့သည့် ဇယားများအတိုင်း အသင်သူတော်ကောင်းသည် အတိတ်အဆက်ဆက် အနာဂတ်အဆက်ဆက်သို့ ဉာဏ်ကို စေလွှတ်၍ အကြောင်းတရား အကျိုးတရားတို့ကို ဆက်လက်၍ သိမ်းဆည်းရဦးမည်သာ ဖြစ်သည်။
善士还应依前面第563—565页的各表,把智导向过去相续诸世与未来相续诸世,继续摄受因法与果法。
ဤဖော်ပြခဲ့သော ပဋိစ္စသမုပ္ပါဒ် ပထမနည်းဟု ခေါ်ဆိုသော အနုလောမ ပဋိစ္စသမုပ္ပါဒ်ရှုကွက်မှာ ပစ္စုပ္ပန်ကို ဗဟိုထား၍ --- ၁။ ပထမအတိတ် --- အဝိဇ္ဇာ၊ သင်္ခါရ။
上述称为缘起第一种方法的顺缘起观法,以现在为中心:一、第一过去——无明、行。
၂။ ပစ္စုပ္ပန် --- ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝ။
二、现在——识、名色、六处、触、受、爱、取、业有。
၃။ အနာဂတ် --- ဇာတိ၊ ဇရာမရဏ --- သောက-ပရိဒေဝ-ဒုက္ခ-ဒေါမနဿ-ဥပါယာသ။
三、未来——生、老死,以及愁、悲、苦、忧、恼。
ဤကာလသုံးပါးအတွင်း၌ရှိသော တရားတို့၏ အကြောင်းနှင့် အကျိုး ဆက်စပ်လျက် အထပ်ထပ် ဖြစ်နေ- ပုံကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပုံကို ညွှန်ပြသော ဒေသနာတော်နည်း ဖြစ်သည်။ သို့သော် ဤမျှဖြင့်ကား ပစ္စယပရိဂ္ဂဟ = အကြောင်းတရားတို့ကို သိမ်းဆည်းခြင်း လုပ်ငန်းရပ်ကြီးကား မပြီးဆုံးသေးပါ။ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန် နည်းအားဖြင့်လည်း ဆက်လက် သိမ်းဆည်းရဦးမည် ဖြစ်ပါသည်။ သိမ်းဆည်းပုံ စနစ်ကို လက္ခဏာဒိစတုက္ကပိုင်းတွင် စုပေါင်း၍ ရေးသားတင်ပြ ထားပါသည်။ ထိုအပိုင်းတွင် ကြည့်ပါ။
这种教说方法,指导禅修者以智观见三时诸法因果相连、反复生起,并摄取因法与果法。不过,仅做到这里,称为缘摄受、即摄取诸因的这一大项作业尚未完成;还须依特相、作用、现起、近因的方法继续摄取。摄取方法已集中写在‘特相等四法篇’,请参阅该处。
ဤနည်းကို နည်းမှီး၍ အတိတ်အဆက်ဆက် အနာဂတ်အဆက်ဆက်သို့လည်း ရှုနိုင်ပါသည်။
仿照这一方法,也可以观照过去相续诸世与未来相续诸世。
ပုံစံများ - ၁။ ဒုတိယအတိတ် --- အဝိဇ္ဇာ၊ သင်္ခါရ။
模式如下:一、第二过去——无明、行。
၂။ ပထမအတိတ် --- ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝ။
二、第一过去——识、名色、六处、触、受、爱、取、业有。
၃။ ပစ္စုပ္ပန် --- ဇာတိ၊ ဇရာမရဏ --- သောက-ပရိဒေဝ-ဒုက္ခ-ဒေါမနဿ-ဥပါယာသ။
三、现在——生、老死,以及愁、悲、苦、忧、恼。
၁။ တတိယအတိတ် --- အဝိဇ္ဇာ၊ သင်္ခါရ။
一、第三过去——无明、行。
၂။ ဒုတိယအတိတ် --- ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝ။
二、第二过去——识、名色、六处、触、受、爱、取、业有。
၃။ ပထမအတိတ် --- ဇာတိ၊ ဇရာမရဏ --- သောက-ပရိဒေဝ-ဒုက္ခ-ဒေါမနဿ-ဥပါယာသ။
三、第一过去——生、老死,以及愁、悲、苦、忧、恼。
原书第 583 页
ပဋိစ္စသမုပ္ပါဒ်ပိုင်း - အပိုင်း (ခ) ဤမျှဆိုလျှင် အတိတ်အဆက်ဆက်သို့ ရှုပုံ အကြောင်းတရား အကျိုးတရား သိမ်းဆည်းပုံကို သဘော- ပေါက်လောက်ပေပြီ။ သို့သော် သတိပြုရန် အချက်တစ်ရပ်ကား ဤသို့ ဖြစ်၏။ ဘဝတစ်ခုတွင် ပြုစုပျိုးထောင် ခဲ့သော ကံသည် ဘဝ နှစ်ခု သုံးခုကိုသော်လည်းကောင်း ဘဝပေါင်းများစွာကိုသော်လည်းကောင်း ပဋိသန္ဓေ စသော အကျိုးတရားများကို ပေးနေသည်လည်း ရှိတတ်ပါသည်။
至此,对如何逐世向过去观照,以及如何摄受因法与果法,应当已有相当了解。但还须注意一点:在某一世培育的业,有时可以在两三世乃至许多世中,持续产生结生等果法。
သော ဟေတု သော ပဘဝေါ၊ တံ မူလံ သာဝ သာသနေ ခန္တီ။
巴利原文(缅文转写):‘သော ဟေတု သော ပဘဝေါ၊ တံ မူလံ သာဝ သာသနေ ခန္တီ။’
因从何生,彼即是根本;这就是佛教中沙门女的忍受之道。
(သုမေဓာထေရီဂါထာ ဂါထာနံပါတ်-၅၂၃။)
(《须弥陀长老尼偈》第523偈。)
ဓနဉ္ဇာနီ၊ ခေမာ၊ သုမေဓာဟူသော အဆွေခင်ပွန်း အမျိုးသမီး (၃)ဦးတို့သည် ကောဏာဂုံဘုရားရှင်၏ သာသနာတော်တွင်း၌ သံဃအာရာမ်ဝယ် သံဃိကကျောင်းတစ်ဆောင် ဆောက်လုပ် လှူဒါန်းခဲ့ဖူးကြ၏။
达那阇尼、差摩与须弥陀三位女性朋友,曾在拘那含牟尼佛的教法中,于僧园建造并供养一座僧团寺院。
သုမေဓာထေရီ အလောင်းအလျာ အမျိုးကောင်းသမီးအဖို့ ထိုကျောင်းလှူသည့် ကုသိုလ်စေတနာကပင် (ကုသိုလ်စေတနာပေါင်းများစွာကပင်) လူခန္ဓာ နတ်ခန္ဓာ ဟူသော ပဋိသန္ဓေပေါင်းများစွာကို အဆက်မပြတ် အကျိုးပေးကြောင်း လာရှိပေသည်။
对于后来成为须弥陀长老尼的善家女,这次供养寺院的诸多善思,曾连续不断地使她获得许多人界、天界的结生诸蕴。
သို့အတွက် ဘဝတစ်ခုတွင် အောင်အောင်မြင်မြင် ပြုစုပျိုးထောင်ခဲ့သော အာသေဝနပစ္စည်း၏ အထောက် အပံ့ကောင်းကို အကြိမ်များစွာ ရရှိသော ကံသည် ဘဝများစွာ ပဋိသန္ဓေခန္ဓာစသော အကျိုးတရားများကို အဆက်မပြတ် ဖြစ်စေတတ်သည်လည်း ရှိ၏။ ယင်းသို့ ဖြစ်ခဲ့သော် ပထမအတိတ်ဘဝက အကြောင်းတရား များကြောင့် ပစ္စုပ္ပန်တွင် ခန္ဓာ (၅)ပါး အကျိုးဝိပါက်တရားများ ဖြစ်ပေါ်လာရသည်ဟူသော သတ်မှတ်ချက်၊ ဒုတိယအတိတ်ဘဝက ပြုစုပျိုးထောင်ခဲ့သော အကြောင်းတရားများကြောင့် ပထမအတိတ်တွင် ခန္ဓာ (၅)ပါး အကျိုးဝိပါက် တရားများဖြစ်ပေါ်လာရသည်ဟူသော သတ်မှတ်ချက် --- ဤသို့စသော သတ်မှတ်ချက်များမှာ ယေဘုယျ သတ်မှတ်ချက်ဟု မှတ်ပါ။ တစ်နည်းဆိုရသော် အကျိုးဝိပါက် ခန္ဓာ (၅)ပါးတို့ ဖြစ်ပေါ်ရာဘဝမှ လွန်ခဲ့သော ဘဝတစ်ခုခုက ထူထောင်ခဲ့သော အကြောင်းတရားများကြောင့် အကျိုးတရားများ ဖြစ်ပေါ်လာ- ကြရသဖြင့် ထိုအကြောင်းတရားတို့ကို ထူထောင်ခဲ့ရာ ဘဝသည် အကျိုးတရားတို့ဖြစ်ရာ ဘဝမှ ထောက်ဆ
因此,在一世中成功培育、又多次得到串习缘良好支持的业,可能连续多世产生结生蕴等果法。若是如此,把‘第一过去的因法产生现在五蕴果报法’、‘第二过去的因法产生第一过去五蕴果报法’等说法,只应理解为概括性的说明。换言之,果报五蕴是由其生起之世以前某一世所建立的因法产生的;从果法生起之世回看,建立这些因法的那一世——
ကြည့်လိုက်သော် အတိတ်သာ ဖြစ်သဖြင့် အတိတ်အကြောင်းတရားဟုပင် သာမညအားဖြင့် ခေါ်ဆိုနိုင်ပါသည်။
——总在过去,所以可概称为过去因法。
ထိုအကြောင်းတရားတို့ကို ထူထောင်ခဲ့ရာ အတိတ်ဘဝသည် အကျိုးတရားတို့ ဖြစ်ပေါ်လာရာဘဝမှ ထောက်ဆ ကြည့်လျှင် ပထမအတိတ် ဒုတိယအတိတ် စသည်ဖြင့် ထိုက်သလို ဖြစ်နိုင်သည်။ မည်သို့ပင်ဖြစ်စေ --- အကျိုး တရား ဖြစ်ပေါ်လာရာ ဘဝမှ ဆိုင်ရာ အတိတ်ကိုပင် ပထမအတိတ် ဒုတိယအတိတ် စသည်ဖြင့် ခေါ်ဝေါ် သုံးစွဲထားသည်ဟု မှတ်သားပါ။
从果法生起之世回看,建立因法的过去世可依实际情形称为第一过去、第二过去等。无论如何,书中所谓第一过去、第二过去等,都是相对于相应果法生起之世而使用的名称。
တစ်ဖန် အနာဂတ် အဆက်ဆက်သို့လည်း ဉာဏ်ကို စေလွှတ်၍ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပါ။ မဟာဓနသူဌေးသားကဲ့သို့သော ပစ္ဆိမဘဝိက အတုများအဖို့ အနာဂတ်မှာ မသေချာသော သဘောရှိ၏။ ဤဘဝမှာပင် အတိတ် အနာဂတ် ပစ္စုပ္ပန်ဟူသော ကာလသုံးပါး၊ အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်နှစ်ပါးတို့ အပေါ်၌ စွဲနေသည့် တဏှာစွဲ မာနစွဲ ဒိဋ္ဌိစွဲတို့ကို ပြုတ်အောင် ဝိပဿနာ ရှုပွားသုံးသပ်နိုင်လျှင် အသင်သူတော်- ကောင်းအတွက် နောင်အနာဂတ်ဘဝဟူသည် ရှိနိုင်တော့မည် မဟုတ်ပါ။ သို့သော် အစွဲမပြုတ်သေးလျှင်ကား အနာဂတ်ဘဝမှာ ရှိနေဦးမည်သာ ဖြစ်သည်။ ထိုအနာဂတ်ခန္ဓာတို့အပေါ်၌ စွဲနေသည့် တဏှာ-မာန-ဒိဋ္ဌိတို့ ဦးဆောင်သည့် ကိလေသာများကို ဖြိုဖျက်နိုင်ရေးအတွက်ပင် အနာဂတ် ရုပ်နာမ်တို့ကိုလည်း လက္ခဏာယာဥ် သုံးချက်တင်၍ ဝိပဿနာ ရှုပွားသုံးသပ်ရခြင်းပင် ဖြစ်သည်။
还应把智逐世导向未来,摄受因法与果法。对于像摩诃达那长者子那样的伪最后有者,未来并不确定:如果今生就能对三时以及内外两种相续中所执著的爱执、慢执、见执修习毗婆舍那,直到这些执著断除,便不再有未来世;若执著尚未断除,未来世仍会存在。正是为了摧毁以爱、慢、见为首、执著未来诸蕴的烦恼,才须把未来色名提到无常、苦、无我三相上,修习毗婆舍那。
原书第 584 页
အနာဂတ် မရဏာသန္နဇော၏ အာရုံမှာ နောက်ထပ် အနာဂတ်တစ်ခုကို ဖြစ်စေမည့် ကံကြောင့် ထင်လာသော အာရုံပင် ဖြစ်၍ ထိုအာရုံကို အခြေခံ၍ အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံတို့ကို ရှာဖွေလျက် နောက်ထပ် အနာဂတ်ဘဝသစ် ရုပ်နာမ်နှင့် အကြောင်းအကျိုးစပ်လျက် အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပါ။ ထိုသို့ သိမ်းဆည်းရာ၌ မည်သည့်ဘဝတွင် ဆုံးမည်ကို သဘောပေါက်အောင် ရှုပါ။ ပထမ အနာဂတ်တွင်ပင် သံသရာခရီးကို အဆုံးသတ်နိုင်မည့် ယောဂီသူတော်ကောင်းများလည်း ရှိနိုင်၏၊ ဒုတိယ အနာဂတ်ဘဝ စသည်တို့၌ သံသရာခရီးကို အဆုံးသတ်နိုင်မည့် သူတော်ကောင်းများလည်း ရှိနိုင်၏။ နာမည်- ကျော် ဒါယကာတော်သိကြားမင်းကဲ့သို့သော သူတော်ကောင်းများလည်း ရှိနိုင်၏။ မဟာဓနသူဌေးသားတို့ကဲ့သို့ ပစ္ဆိမဘဝိက အတုများကား တစ်ခုသော ဘဝတွင် သံသရာခရီးကို အဆုံးသတ်လိုကလည်း အဆုံးသတ်နိုင်၍ မဆုံးလိုသေးဘဲ ဆက်လိုကလည်း နောက်ထပ် အနာဂတ်တစ်ခုသို့ ဆက်နိုင်သည်လည်း ရှိတတ်၏။ ဤဘဝ
未来临死速行的所缘,是由能产生下一未来世的业而显现的所缘。以此为基础,寻找无明、爱、取、行、业,并把它们同更后一个未来新有的色名作因果关联,摄受因法与果法。观照时,应清楚看见轮回将在何世终止。有些禅修者可能在第一未来世就结束轮回,有些则可能在第二未来世等结束;也可能像著名施主帝释天那样继续若干世。像摩诃达那长者子这样的伪最后有者,在某一世想结束轮回便能结束;若还不想结束,也可能继续到另一个未来世。也可能有善士就在——
မှာပင် သံသရာခရီးကို အဆုံးသတ်နိုင်မည့် သူတော်ကောင်းများလည်း ရှိကောင်းရှိနိုင်၏။ မရဏာသန္နဇော အခိုက်၌ အကျိုးပေးတော့မည့် ကံ၏ စွမ်းအင်သတ္တိလည်း မရှိတော့သဖြင့် ကံ-ကမ္မနိမိတ်-ဂတိနိမိတ်ဟူသော နိမိတ် (၃)မျိုး တစ်မျိုးမျိုးမျှ မထင်လျှင်ကား နောက်ထပ်ဆက်ရန် ဘဝ မရှိတော့ပြီ ဖြစ်၏။ ထိုသို့ သံသရာခရီး ဆုံးသည့်တိုင်အောင် ရှုနိုင်ပါမှ --- ၁။ အကြောင်းတရားများ ထင်ရှား ဖြစ်ခြင်းကြောင့် ထင်ရှားရှိနေခြင်းကြောင့် အကျိုးတရားများ ထင်ရှား ဖြစ်နိုင်ပုံ ထင်ရှားရှိနိုင်ပုံကိုလည်းကောင်း၊ ၂။ အကြောင်းတရားများ၏ အရဟတ္တမဂ်ကြောင့် အနုပ္ပါဒနိရောဓ သဘောအားဖြင့် နောင်တစ်ဖန်မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းသွားခြင်းကြောင့် အကျိုးတရားများသည်လည်း အနုပ္ပါဒနိရောဓ သဘောအားဖြင့် နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းသွားပုံကိုလည်းကောင်း၊
——今生结束轮回。若临死速行时已无将给果之业的效力,业、业相、趣相三种相中一相也不显现,便不再有后续生命。只有如此观至轮回终点,禅修者才能亲自以正见智如实通达:一、诸因法显现存在时,诸果法如何显现存在;二、诸因法由阿罗汉道而以不再生起之灭彻底止息时,诸果法也如何以不再生起之灭彻底止息——
ယောဂါဝစရပုဂ္ဂိုလ်သည် သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်နိုင်မည် ဖြစ်သည်။ ထိုအခါတွင်မှ --- အဝိဇ္ဇာယတွေဝ အသေသဝိရာဂနိရောဓာ သင်္ခါရနိရောဓော = အဝိဇ္ဇာ၏ အနုပ္ပါဒနိရောဓ သဘောအားဖြင့် အကြွင်းမဲ့ ချုပ်ခြင်းကြောင့် သင်္ခါရတို့၏ အနုပ္ပါဒနိရောဓ သဘောအားဖြင့် အကြွင်းမဲ့ချုပ်ခြင်းသည် ဖြစ်၏ --- ဤသို့စသော ပဋိလောမပဋိစ္စသမုပ္ပါဒ် ဒေသနာတော် ရှုကွက်ကို သဘောကျ- နိုင်မည် ရှုနိုင်မည် ဖြစ်ပေသည်။
巴利原文(缅文转写):‘အဝိဇ္ဇာယတွေဝ အသေသဝိရာဂနိရောဓာ သင်္ခါရနိရောဓော’
——到那时,禅修者才能理解并观照逆缘起教说:‘唯由无明离贪无余灭,故诸行灭’,即无明以不再生起之灭而无余灭,因此诸行也以不再生起之灭而无余灭;其余各支亦同。
အနာဂတ် ရှုကွက်ပုံစံများ
未来观照模式
၁။ ပစ္စုပ္ပန် --- အဝိဇ္ဇာ၊ သင်္ခါရ။
一、现在——无明、行。
၂။ ပထမအနာဂတ် --- ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝ။
二、第一未来——识、名色、六处、触、受、爱、取、业有。
၃။ ဒုတိယအနာဂတ် --- ဇာတိ၊ ဇရာမရဏ စသည်။
三、第二未来——生、老死等。
၁။ ပထမအနာဂတ် --- အဝိဇ္ဇာ၊ သင်္ခါရ။
一、第一未来——无明、行。
၂။ ဒုတိယအနာဂတ် --- ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝ။
二、第二未来——识、名色、六处、触、受、爱、取、业有。
၃။ တတိယအနာဂတ် --- ဇာတိ၊ ဇရာမရဏ စသည်။
三、第三未来——生、老死等。
ဤသို့လျှင် အနာဂတ် အဆက်ဆက်သို့ ရှုပုံကိုလည်း သဘောပေါက်ပါ။ ထိုသို့ အနာဂတ် အဆက်ဆက်ကို ရှုရာ၌ ယခုပစ္စုပ္ပန်တွင် ပြုစုပျိုးထောင်နေသော ကမ္မဘဝကြောင့် အနာဂတ် အဆက်ဆက် ဖြစ်နိုင်သည်လည်း
如此,也应理解如何逐世观照未来。这样观照时,未来相续诸世有时可能由现在正在培育的业有而生——
原书第 585 页
ပဋိစ္စသမုပ္ပါဒ်ပိုင်း - အပိုင်း (ခ) ရှိ၏။ အတိတ်ဘဝ ထိုထိုက ပြုစုပျိုးထောင်ခဲ့သော ကံကြောင့် အနာဂတ်ခန္ဓာ (၅)ပါး ဖြစ်နိုင်သည်လည်း ရှိ၏။
——有时也可能由过去各世所培育的业而有未来五蕴。
ပထမ အနာဂတ်တွင် ပြုစုပျိုးထောင်လိုက်သော ကံကြောင့် ဒုတိယ အနာဂတ် ခန္ဓာ (၅)ပါးစသည်တို့ ဖြစ်ကြ- သည်လည်း ရှိ၏။ ဒုတိယ အနာဂတ်တွင် ပြုစုပျိုးထောင်သော ကံကြောင့် တတိယ အနာဂတ်ခန္ဓာ (၅)ပါး စသည်တို့ ဖြစ်ကြသည်လည်း ရှိ၏။ အသင်သူတော်ကောင်း ကိုယ်တိုင် တိတိကျကျသိအောင် ဆန်းစစ်ရှုပွားရမည် ဖြစ်သည်။ ထိုသို့ ဆန်းစစ် ရှုပွားရာ၌ မရဏာသန္နဇောအခိုက်၌ ထင်လာသော အာရုံနိမိတ်ကို အခြေခံ၍သာ ဆန်းစစ်ပါ။ မရဏာသန္နဇော၏ အာရုံများသည် အကျိုးပေးတော့မည့် ကံ၏ စွမ်းဟုန်ကြောင့် ထင်လာသော အာရုံနိမိတ်များ ဖြစ်ကြသဖြင့် အကျိုးပေးမည့် ကံကို ရှာဖွေရာ၌ ယင်းမရဏာသန္နဇော၏ အာရုံမှာ အဓိက သော့ချက် တစ်ခုပင် ဖြစ်သည်။ ယေဘုယျ စည်းကမ်းသို့လိုက်၍ အထက်ပါ --- အနာဂတ်ရှုကွက် ပုံစံများ --- ကို ဖော်ပြထားပါသည်။
第二未来的五蕴等,也可能由第一未来所培育的业而生;第三未来的五蕴等,也可能由第二未来所培育的业而生。善士必须亲自审察、观修,准确了知。审察时,只应追查临死速行中显现的所缘相;因为这些所缘相是由即将给果之业的力量而显现的,所以,临死速行所缘是寻找将给果之业的一个关键。以上未来观照模式,只是依一般规则列示。
原书第 586 页
ပဋိစ္စသမုပ္ပါဒ် ဒုတိယနည်း
缘起第二种方法
ပဋိလောမ ပဋိစ္စသမုပ္ပါဒ် ရှုကွက်
逆序缘起观法
အချို့အရာ၌ --- အဝိဇ္ဇာယတွေဝ အသေသဝိရာဂနိရောဓာ သင်္ခါရနိရောဓော စသည်ဖြင့် ပဋိစ္စသမုပ္ပါဒ် သံသရာစက်ရဟတ် ပြတ်ပုံကိုဟောသော ဒေသနာတော်ကို ပဋိလောမ ပဋိစ္စသမုပ္ပါဒ်ဟု ခေါ်ဝေါ်သုံးစွဲထား၏။
巴利原文(缅文转写):‘အဝိဇ္ဇာယတွေဝ အသေသဝိရာဂနိရောဓာ သင်္ခါရနိရောဓော’
有些地方把‘唯由无明离贪无余灭,故诸行灭’等宣说缘起轮回有轮如何断尽的教说,称为逆缘起。
ဤ၌ကား ယင်းပဋိလောမသဘောကို မဆိုလို။ ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ် (၁၂)ပါးတို့တွင် အဆုံးဖြစ်သော ဇရာ- မရဏမှ စ၍ အဝိဇ္ဇာသို့တိုင်အောင် ပြောင်းပြန်လှန်၍ အကြောင်းအကျိုး သိမ်းဆည်းခြင်းကို ပဋိလောမ ပဋိစ္စ- သမုပ္ပါဒ် ရှုကွက်ဟု ဆိုလိုသည်မှတ်ပါ။
这里所说的却不是这种灭法逆缘起。应知:这里的逆序缘起观法,是在十二缘起支中,从最后的老死开始,逆向回溯至无明,摄取因果关系。
ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးသည် နာမ်ရုပ်တို့ကို သိမ်းဆည်းပြီး၍ နာမရူပပရိစ္ဆေဒဉာဏ်၏ ကမ်းတစ်ဘက် သို့ ဆိုက်ရောက်နေ၏။ ထိုယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်ဝတွင် နာမ်ရုပ်ဟု ဆိုအပ်ကုန်သော ထိုသင်္ခါရတရား တို့၏သာလျှင် ဇရာဟူသော ဌီကာလသို့ ရောက်ခြင်းကိုလည်းကောင်း၊ ဇရာသို့ ရောက်ပြီးကုန်သော သင်္ခါရ- တရားတို့၏ ပျက်ခြင်း မရဏ = ဘင်ကိုလည်းကောင်း ဉာဏ်ဖြင့်မြင်၍ --- ဤဇရာမရဏမည်သည် ဖြစ်မှု = ဇာတိရှိသော်သာလျှင် ဖြစ်နိုင်၏၊ ဇာတိသည်လည်း ကမ္မဘဝရှိသော်သာ ဖြစ်နိုင်၏၊ ဘဝမည်သည်လည်း ဥပါဒါန်ရှိသော်သာ ဖြစ်နိုင်၏၊ ဥပါဒါန် မည်သည်လည်း တဏှာရှိသော်သာ ဖြစ်နိုင်၏၊ တဏှာသည်လည်း ဝေဒနာရှိသော်သာ ဖြစ်နိုင်၏၊ ဝေဒနာသည်လည်း ဖဿရှိသော်သာ ဖြစ်နိုင်၏၊ ဖဿသည်လည်း သဠာယတန ရှိသော်သာ ဖြစ်နိုင်၏၊ သဠာယတနသည်လည်း နာမ်ရုပ်ရှိသော်သာ ဖြစ်နိုင်၏၊ နာမ်ရုပ်သည်လည်း ဝိညာဏ် ရှိသော်သာ ဖြစ်နိုင်၏၊ ဝိညာဏ်သည်လည်း သင်္ခါရတို့ ရှိကုန်သော်သာ ဖြစ်နိုင်၏၊ သင်္ခါရတို့သည်လည်း အဝိဇ္ဇာ
一位禅修者已经分别名色,到达名色分别智的彼岸。他以智看见这些称为名色的行法到达住时的老,也看见已老行法的坏灭——死,即灭;于是逆向审察:老死只有在生存在时才可能发生;生只有在业有存在时才可能发生;有只有在取存在时才可能发生;取只有在爱存在时才可能发生;爱只有在受存在时才可能发生;受只有在触存在时才可能发生;触只有在六处存在时才可能发生;六处只有在名色存在时才可能发生;名色只有在识存在时才可能发生;识只有在诸行存在时才可能发生;诸行又只有在无明——
ရှိသော်သာ ဖြစ်နိုင်ကုန်၏ --- ဤသို့လျှင် ပဋိလောမ ပဋိစ္စသမုပ္ပါဒ်၏ အစွမ်းဖြင့် နာမ်ရုပ်၏ အကြောင်းတရားကို သိမ်းဆည်းခြင်းကို ပြုလုပ်၏။ ထိုသို့ သိမ်းဆည်းသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌လည်း ယုံမှားခြင်း ဝိစိကိစ္ဆာတရားသည် ကင်းပျောက်နိုင်ပေသည်။ (ဝိသုဒ္ဓိ-၂-၂၃၅။) ဤနည်း၌ အနာဂတ် ဇရာမရဏမှ စ၍ ပထမအတိတ် အဝိဇ္ဇာသို့တိုင်အောင် ပြောင်းပြန်လှန်၍ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းရ၏။ ဤနည်း၌လည်း အတိတ် အဆက်ဆက် အနာဂတ် အဆက်ဆက်သို့ ဉာဏ်ကို စေလွှတ်၍ သိမ်းဆည်းနိုင်သည်သာ ဖြစ်သည်။ နည်းမှီး၍ သိလောက်ပေပြီ။
——存在时才可能发生。如此,以逆序缘起的方法摄取名色的因法;这样摄取的禅修者,心相续中的疑也能消除。(《清净之道》2-235。)此法从未来老死开始,逆向回溯至第一过去的无明,摄取因法与果法;也同样能把智导向过去相续诸世与未来相续诸世加以摄取。依此类推,即可了知。