序论
《趣向涅槃之道》中文全译本 · 非缩略版
原书卷前 · 原书卷前第 18–22 页 · 43 个翻译单元
本页并入了原书的相邻小节:原书分册题名。
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书卷前第 18 页(A)
နိဒါနကထာ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
礼敬彼世尊、阿罗汉、正等觉者。
နိဒါနကထာ
序论
မြတ်စွာဘုရားသည် တရားတော်၏ နက်နဲပုံကို လေးနက်စွာ ဆင်ခြင်တော်မူခြင်း
世尊深切思惟法之甚深
မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူသည့် ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့မှ သတ္တသတ္တာဟ = ခုနစ်ရက် ခုနစ်လီ = (၄၉)ရက် လွန်မြောက်၍ ရက်ပေါင်း (၅ဝ)သို့ ရောက်သော ဝါဆိုလဆန်း (၆)ရက် ကြာသပတေးနေ့ နံနက်ခင်းအခါဝယ် လင်းလွန်းပင်ရင်း၌ သီတင်းသုံးထိုင်နေရာမှ ထတော်မူပြီးလျှင် တစ်ဖန် အဇပါလနိဂြောဓ အမည်ရသည့် ဆိတ်ကျောင်းညောင်ပင်ရင်းသို့ပင် ကြွသွား ချဥ်းကပ်တော်မူလျက် ထိုအဇပါလညောင်ပင်ရင်း၌ ထက်ဝယ်ဖွဲ့ခွေကာ ထိုင်လျက် သီတင်းသုံးတော်မူလိုက်၏။ ထိုအခါ နား မျက်စိ ဆိတ်ငြိမ်ရာသို့ ချဥ်းကပ်မိကာ တစ်ပါးထီးတည်း ကိန်းအောင်း စံနေတော်မူသော မြတ်စွာဘုရားရှင်၏ သန္တာန်တော်ဝယ် ဤသို့သော စိတ်အကြံ အစည်သည် ဖြစ်တော်မူ၏ ---- ''အဓိဂတော ခေါ မျာယံ ဓမ္မော ဂမ္ဘီရော ဒုဒ္ဒသော ဒုရနုဗောဓော သန္တော ပဏီတော အတက္ကာဝစရော နိပုဏော ပဏ္ဍိတဝေဒနီယော၊ အာလယရာမာ ခေါ ပနာယံ ပဇာ အာလယရတာ အာလယသမ္မုဒိတာ၊
世尊成佛后的第五十天,即从卫塞月月圆日星期三起,经过七个七日共四十九天,于六月上弦第六日星期四清晨,从林频树下起身,再到牧羊者榕树下,结跏趺坐,独处静居。这时,世尊心中生起这样的思惟:“我所证得的法甚深、难见、难悟,寂静、殊胜,非思量境,微妙,唯智者所知;然而众生乐著所依、喜爱所依、欢悦所依。
အာလယရာမာယ ခေါ ပန ပဇာယ အာလယရတာယ အာလယသမ္မုဒိတာယ ဒုဒ္ဒသံ ဣဒံ ဌာနံ ယဒိဒံ ဣဒပ္ပစ္စယတာ ပဋိစ္စသမုပ္ပါဒေါ၊ ဣဒမ္ပိ ခေါ ဌာနံ ဒုဒ္ဒသံ ယဒိဒံ သဗ္ဗသင်္ခါရသမထော သဗ္ဗူပဓိပဋိနိဿဂ္ဂေါ တဏှာက္ခယော ဝိရာဂေါ နိရောဓော နိဗ္ဗာနံ။ အဟဉ္စေဝ ခေါ ပန ဓမ္မံ ဒေသေယျံ၊ ပရေ စ မေ န အာဇာနေယျုံ၊ သော မမဿ ကိလမထော၊ သာ မမဿ ဝိဟေသာ''တိ။ (ဝိ-၃-၅။ ဒီ-၂-၃၁။) ''သမ္မာသမ္ဗောဓိ ဉာဏ်တော်မြတ်ဖြင့် ငါဘုရားရှင် ကိုယ်တော်တိုင် ထိုးထိုးထွင်းထွင်း လင်းလင်းထင်ထင် သိမြင်အပ်ပြီးသော ဤသစ္စာလေးပါး တရားအစုသည် မြေအထုကို ခံလင့်သော ရေထုပမာ နက်နဲလှစွာ၏၊ မြင်းမိုရ်တောင်ကြီးဖြင့် ဖုံးအုပ်၍ ထားအပ်သော မုန်ညင်းစေ့ပမာ မြင်နိုင်ခဲလှစွာ၏၊ အလွယ်ကလေးဖြင့် မြင်ဖို့ရန်ကား မစွမ်းနိုင်လေရာ၊ အကြိမ်တစ်ရာ ခွဲစိတ်ထားအပ်သော သားမြီးစွန်းတစ်ခုဖြင့် သားမြီးစွန်းတစ်ခုကို တည့်တည့်မှန်အောင် ထိုးရ ထောက်ရသည့်ပမာ လွန်စွာ သိနိုင်ခဲလှ၏၊ အလွယ်ကလေးဖြင့် ထိုးထွင်း သိဖို့
对于乐著所依、喜爱所依、欢悦所依的众生,这一处难以看见,即:此缘性、缘起;另一处也难以看见,即:一切诸行的止息、一切依的舍遣、爱的灭尽、离贪、灭、涅槃。假使我说法,而他人不能理解,这对我只会是疲劳与困扰。”(《律藏》3-5;《长部》2-31。)我以正等觉智亲自洞彻的四圣谛,如承载大地的水层一般甚深,如被须弥山遮盖的芥子一般难见,也如以一根剖成百分的尾毛尖对准另一根尾毛尖一般难以洞彻,
ရန်ကား မစွမ်းနိုင်လေရာ။
并非凭轻易的修行便能洞彻。
ငါထိုးထွင်း သိမြင်အပ်သော ဤလောကုတ္တရာတရားတော်သည်ကား ငြိမ်းချမ်းလှစွာ၏၊ မွန်မြတ်လှစွာ၏။
我所洞彻的这一出世间法,极其寂静,极其殊胜。
ဤသစ္စာလေးပါး တရားတော်သည် စိတ်ကူးယဥ် အတွေးအခေါ်ပညာရှင် တက္ကီသမားတို့၏ အကြံ ဝိတက်ဖြင့် သက်ဝင် ကျက်စားအပ်သော တရားမဟုတ်၊ သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့်သာ သက်ဝင် ကျက်စား အပ်သော တရား ဖြစ်၏၊ သိမ်မွေ့လှစွာ၏၊ သမ္မာပဋိပဒါ = နိဗ္ဗာနဂါမိနိပဋိပဒါ အမည်ရသည့် မဂ္ဂင် (၈)ပါး အကျင့်မြတ်တရားတည်းဟူသော အကျင့်မှန်ကို ကျင့်ကြံကုန်ဘိ ပညာရှိသူတော်ကောင်းတို့သည်သာ သိမြင်- အပ်သော တရား ဖြစ်၏။
四圣谛并非思辨者凭分别思量所能进入之境,唯有以正见之慧才能进入;它极其微妙,唯有修行名为正行、趣向涅槃之道的八支圣道之智者,才能亲自了知。
ဤသတ္တဝါအပေါင်းသည်ကား အာရုံ (၅)ပါး ကာမဂုဏ်တရားတည်းဟူသော ကာမာလယ၊ ထိုအာရုံ (၅)ပါး ကာမဂုဏ်တရားတို့ကို မှီဝဲသုံးဆောင်တတ်သော တဏှာလယ ---- ထိုကာမာလယ တဏှာလယ နှစ်ပါးတို့ဖြင့် မွေ့လျော်နေကြကုန်၏၊ ထိုအာလယ နှစ်ပါးတို့၌ ပျော်ပိုက် နှစ်ခြိုက်၍ နေကြကုန်၏၊ အစွဲကြီးစွဲကာ အခုံမင်ကြီး
然而,一切众生都以五欲这一欲所依,以及依止、受用五欲的爱所依为乐;他们乐著、喜爱这两种所依,并深深执著、
A
A
原书卷前第 19 页(B)
ခုံမင်၍ နေကြကုန်၏။ ယင်းသို့ အာလယနှစ်ပါးတို့ဖြင့် မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်ခုံမင်၍ နေကြသော သတ္တဝါ အပေါင်းသည် အကြောင်းနှင့်အကျိုး ဆက်စပ်လျက် အထပ်ထပ် ဖြစ်ပွားနေသော ဤ ပဋိစ္စသမုပ္ပါဒ်တရားတော် ကို သိမြင်နိုင်ခဲလှစွာ၏။
沉迷其中。如此乐著、喜爱、欢悦并沉迷于这两种所依的一切众生,很难看见由因果相联而辗转生起的缘起法。
ကျွမ်းကျင်လိမ္မာသော ဥယျာဥ်မှူးသည် ကောင်းစွာ စိုက်ပျိုး စီမံထားအပ်သော၊ အပွင့်အသီးတို့ဖြင့် ဖူးပွင့်ဝေဆာလျက်ရှိသော၊ သစ်ပင် ပန်းပင် စသည်တို့နှင့် ပြည့်စုံသော ဥယျာဥ်တော်အတွင်းသို့ ချင်းနင်း ဝင်ရောက်လာသော ဘုရင်မင်းမြတ်သည် ထိုထို အပွင့်အသီးတို့ဖြင့် ဖူးပွင့်ဝေဆာလျက်ရှိသော ပန်းပင် သစ်ပင်အပေါင်းနှင့် ပြည့်စုံနေသော ဥယျာဥ်တော်ကို မြင်တွေ့ရသောအခါ ထိုထို ပြည့်စုံမှုကို ကြည့်ရှုရသဖြင့် ထိုထို ပြည့်စုံမှု သမ္ပတ္တိကို ခံစားရသဖြင့် ဥယျာဥ်တော်၌ အမွေ့လျော်ကြီး မွေ့လျော်လျက် ရှိ၏၊ အပျော်ကြီး ပျော်လျက် ရှိ၏၊ အနှစ်ခြိုက်ကြီး နှစ်ခြိုက်လျက် ရှိ၏၊ ဝမ်းအသာကြီး သာလျက် ရှိ၏။ ငြီးငွေ့မှုမရှိ ဖြစ်နေ၏။
譬如一位善巧园丁悉心栽培的园林,花木果树繁茂具足。国王走入园中,看见一切花果盛开、诸树具足,观赏并享受这番美景,便在园中十分快乐、欢喜、喜爱、满足,毫无厌倦。
ဤဥပမာအတူပင် ဤသတ္တဝါတို့သည်လည်း သံသရာဝဋ်ဆင်းရဲတည်းဟူသော ဥယျာဥ်ကြီးအတွင်း၌ ငြိကပ်မှီဝဲအပ်သော ကာမဂုဏ်ငါးပါးတို့ဖြင့် မွေ့လျော်သော ကာမာလယ၊ ငြိကပ်မှီဝဲတတ်သော တဏှာတို့ဖြင့် မွေ့လျော်သော တဏှာလယတည်းဟူသော အာလယနှစ်ပါးတို့ဖြင့် အမွေ့လျော်ကြီး မွေ့လျော်နေကြကုန်၏၊ အပျော်ကြီး ပျော်နေကြကုန်၏၊ အနှစ်ခြိုက်ကြီး နှစ်ခြိုက်နေကြကုန်၏၊ အခုံမင်ကြီး ခုံမင်နေကြကုန်၏၊ ဝမ်းအသာကြီး သာနေကြကုန်၏။
同样,众生也在轮回苦的大园林中,以乐著所依止的五欲之欲所依,以及乐著能依止之爱的爱所依为乐;他们以这两种所依而快乐、欢喜、喜爱、沉迷并满足。
သံသရာဝဋ်၌ မငြီးငွေ့နိုင်ကြဘဲ ပျော်ရွှင်ဝမ်းမြောက်စွာ နေထိုင်လျက် ရှိကြကုန်၏။ ယင်းသို့ အာလယ နှစ်ပါးတို့ဖြင့် မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်ခုံမင်၍ နေကြသော သတ္တဝါအပေါင်းသည် အကြောင်းနှင့်အကျိုး ဆက်စပ်လျက် အထပ်ထပ် ဖြစ်ပွားနေသော ဤ ပဋိစ္စသမုပ္ပါဒ်တရားတော် ကို သိမြင်နိုင်ခဲလှစွာ၏။
他们不厌离轮回,反而欢喜安住。如此乐著、喜爱、欢悦并沉迷于两种所依的众生,很难看见由因果相联而辗转生起的缘起法。
ခပ်သိမ်းသော သင်္ခါရတရားတို့၏ ချုပ်ငြိမ်းရာဖြစ်သော၊ ကာမုပဓိ၊ ခန္ဓုပဓိ၊ ကိလေသုပဓိ၊ အဘိသင်္ခါရုပဓိ တည်းဟူသော ဒုက္ခ၏တည်ရာ ဥပဓိလေးဖြာတို့ကို အကုန်ပယ်စွန့်ရာဖြစ်သော၊ ကင်းရာဖြစ်သော၊ တဏှာအပြား (၁ဝ၈)ပါးတို့၏ ကုန်ခန်းရာဖြစ်သော၊ တစ်ထောင့်ငါးရာ ကိလေသာ = ရာဂတို့၏ ကင်းရာဖြစ်သော၊ ဆင်းရဲ ခပ်သိမ်းတို့၏ ချုပ်ငြိမ်းရာဖြစ်သော နိဗ္ဗာန်တရားတော်မြတ်ကိုကား သာ၍ပင် မြင်နိုင်ခဲလှစွာ၏။
至于涅槃——一切诸行的止息、欲依、蕴依、烦恼依与行依这四种苦之所依的彻底舍遣,一百零八种爱的灭尽,一千五百种烦恼贪的离尽,以及一切苦的止息——就更加难以看见。
ငါဘုရားရှင်ကလည်း ထိုမျှလောက် နက်နဲသော တရားတော်ကို ဟောကြားမိငြားအံ့၊ ဣန္ဒြေနုံ့သူ မကျွတ်ထိုက်သသူ နတ် လူ ဗြဟ္မာ သတ္တဝါတို့ကလည်း ငါဘုရားရှင်၏ ထိုတရားတော်မြတ်ကို မသိမြင်နိုင် နားမလည်နိုင်ကြကုန်လျှင် ယင်းမသိမမြင်နိုင်သူ နားမလည်နိုင်သူ မကျွတ်ထိုက်သသူ နတ် လူ ဗြဟ္မာ သတ္တဝါ တို့အား တရားဟောခြင်းသည် ငါဘုရားရှင်၏ အတွက်တာ ပင်ပန်း နွမ်းနယ်ရုံမျှသာ ဖြစ်လေရာ၏'' ---- မြတ်စွာဘုရားရှင်၏ သန္တာန်ဝယ် ဤကဲ့သို့သော စိတ်အကြံအစည်သည် ဖြစ်တော်မူလာ၏။ ထို့ပြင်လည်း မြတ်စွာဘုရားရှင်၏ ဉာဏ်တော်ဝယ် အလွန်တရာ အံ့သြဖွယ်ကောင်းကုန်သော ဤနှစ်ဂါထာတို့သည် ရှေးက မကြားဖူးကုန်ဘဲ ထင်ရှား ဖြစ်ပေါ်လာကြကုန်၏ ---- ကိစ္ဆေန မေ အဓိဂတံ၊ ဟလံ ဒါနိ ပကာသိတုံ။
世尊思惟:“若我宣说如此甚深之法,而根性未熟、尚不能解脱的天、人、梵众不能知见、不能理解,那么为这些不能知见、不能理解者说法,只会令我疲劳。”世尊心中生起了这样的念头。随后,两首前所未闻、极为奇妙的偈颂在世尊智中显现:Kicchena me adhigataṃ, halaṃ dāni pakāsituṃ——
ရာဂဒေါသပရေတေဟိ၊ နာယံ ဓမ္မော သုသမ္ဗုဓော။
rāgadosaparetehi, nāyaṃ dhammo susambudho.
我艰难证得此法,如今不宜宣说;为贪嗔所制者,难以善悟此法。
ပဋိသောတဂါမိံ နိပုဏံ၊ ဂမ္ဘီရံ ဒုဒ္ဒသံ အဏုံ။
Paṭisotagāmiṃ nipuṇaṃ, gambhīraṃ duddasaṃ aṇuṃ——
ရာဂရတ္တာ န ဒက္ခန္တိ၊ တမောခန္ဓေန အာဝုဋာ။
rāgarattā na dakkhanti, tamokhandhena āvuṭā.
此法逆流、微妙、甚深、难见、精细;染著于贪者为无明暗聚覆蔽,不能看见。
(ဝိ-၃-၅-၆။ ဒီ-၂-၃၁။)
(《律藏》3-5、6;《长部》2-31。)
B
B
原书卷前第 20 页(C)
နိဒါနကထာ မေ = ငါဘုရားသည်။ ကိစ္ဆေန = ပါရမီဆယ်ပါး၊ အပြားသုံးဆယ်၊ သုံးသွယ်စရိယ၊ စွန့်ကြီးခြင်းငါးရပ် အစရှိသော ပါရမီတော်မြတ်အပေါင်းကို ခဲယဥ်းစွာ ဖြည့်ကျင့် ဆည်းပူးတော်မူခြင်းဖြင့်။ အဓိဂတံ = ရရှိသိမြင် အပ်သော။ ဣမံ ဓမ္မံ = ဤသစ္စာလေးချက် တရားနက်ကို။ ဒါနိ = ဣဒါနိ = ဘုရားဖြစ်လာ ယခု လောလောဆယ် အခါ၌။ ပကာသိတုံ = လူ နတ် ဗြဟ္မာ သတ္တဝါတို့အား ထင်ရှားစွာ ဟောပြတော်မူခြင်းငှာ။ ဟလံ = အခွင့်မ- လျော် မသင့်တော်သေးချေ။ အယံ ဓမ္မော = ဤ သစ္စာလေးချက် တရားနက်ကို။ ရာဂဒေါသပရေတေဟိ = ရာဂ ဒေါသ ပြွမ်းပြွမ်းထလျက် လွှမ်းမိုး နှိပ်စက်အပ်ကုန်သော သူတို့သည်။ န သုသမ္ဗုဓော = လင်းလင်း ထင်ထင် အလွယ်နှင့် သိမြင်ကြမည် မဟုတ်ချေ။
me,意为“我佛”;kicchena,意为艰难地圆满十波罗蜜、三十波罗蜜、三种所行与五大舍等一切波罗蜜;adhigataṃ,意为已证得、已知见;imaṃ dhammaṃ,意为这甚深的四圣谛;dāni,即 idāni,意为如今刚成佛之时;pakāsituṃ,意为向人、天、梵众清楚宣说;halaṃ,意为尚不适宜;ayaṃ dhammo,意为这甚深的四圣谛;rāgadosaparetehi,意为被贪与嗔强烈征服、逼迫的人;na susambudho,意为不能清楚、轻易地通达。
တမောခန္ဓေန = အဝိဇ္ဇာစု အမှောင်ထုသည်။ အာဝုဋာ = ပညာမျက်စိ ဘိတ်မရှိအောင် လွှမ်းဖိ အုပ်ဖုံး အပ်ကုန်သည် ဖြစ်၍။ ရာဂရတ္တာ = ကာမရာဂ ဘဝရာဂ ဒိဋ္ဌိရာဂတို့ဖြင့် တပ်မက်စွဲလမ်းကြသူ နတ်လူအပေါင်း တို့သည်။ နိပုဏံ = သိမ်မွေ့စွာသော။ ဂမ္ဘီရံ = မြေအထုကို ခံလင့်သော ရေထုပမာ နက်နဲလှစွာသော။ ဒုဒ္ဒသံ = မြင်းမိုရ်တောင်ကြီးဖြင့် ဖုံးအုပ်၍ ထားအပ်သော မုန်ညင်းစေ့ပမာ မြင်နိုင်ခဲလှစွာသော။ အဏုံ = အဏုမြူပမာ သိမ်မွေ့စွာသော။ ပဋိသောတဂါမိံ = သံသရာ့အဆန် နိဗ္ဗာန်သို့ ရောက်ကြောင်း သစ္စာလေးပါးတည်းဟူသော တရားကောင်းကို။ န ဒက္ခန္တိ = မြင်နိုင်ကြလိမ့်မည် မဟုတ်ကုန်။ (ဝိ-၃-၅-၆။ ဒီ-၂-၃၁။) ဘုရားရှင်၏ သစ္စာလေးရပ် တရားမြတ်ကား ဤမျှ ခက်ခဲနက်နဲလှ၏။ ထိုသို့ ခက်ခဲနက်နဲသော သစ္စာ လေးပါးတို့တွင် ပဋိစ္စသမုပ္ပါဒ်တရားတော်လည်း ပါဝင်လျက်ပင် ရှိပေ၏။
tamokhandhena,意为无明暗聚;āvuṭā,意为智慧之眼被完全遮蔽;rāgarattā,意为染著欲贪、有贪与见贪的天、人;nipuṇaṃ,意为微妙;gambhīraṃ,意为如承载大地的水层般甚深;duddasaṃ,意为如被须弥山遮盖的芥子般难见;aṇuṃ,意为如微尘般精细;paṭisotagāmiṃ,意为逆轮回之流、趣向涅槃的四圣谛善法;na dakkhanti,意为不能看见。(《律藏》3-5、6;《长部》2-31。)世尊的四圣谛如此难知而甚深,缘起法也包含在这四谛之中。
သစ္စသံယုတ် ကူဋာဂါရသုတ္တန် စသည်တို့၌ သစ္စာလေးရပ် တရားမြတ်ကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိမမြင်ပါက သံသရာဝဋ်ဆင်းရဲဒုက္ခ မကုန်ဆုံးနိုင်ဟု ဟောကြားထားတော်- မူသကဲ့သို့ အလားတူပင် သစ္စာလေးရပ်တို့၏ အစိတ်အပိုင်းတစ်ခုဖြစ်သော ပဋိစ္စသမုပ္ပါဒ်တရားတော်ကိုလည်း အနုဗောဓဉာဏ် ပဋိဝေဓဉာဏ်တို့ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိမြင်ပါက သံသရာဝဋ်ဆင်းရဲ ဒုက္ခမှ မလွတ်မြောက်နိုင်ကြောင်းကိုလည်း မဟာနိဒါနသုတ္တန် (ဒီ-၂-၄၇။) စသည်တို့၌ ဘုရားရှင် ကိုယ်တော်တိုင်- ပင် ဟောကြားထားတော်မူခဲ့၏။
《谛相应·尖顶阁经》等教示:若不以正见之慧亲自现前洞彻四圣谛,便不能终结轮回苦。同样,作为四谛一部分的缘起,若不以随觉智与通达智亲自现前洞彻,便不能从轮回苦中解脱;世尊在《大因缘经》(《长部》2-47)等处也亲自如此教示。
မည်မျှပင် အသိခက်၍ နက်နဲငြားသော်လည်း ထိုပဋိစ္စသမုပ္ပါဒ် သဘောတရားတို့ကို မသိမမြင်ပါက သံသရာမှ မလွတ်မြောက်နိုင်သဖြင့် သံသရာမှ လွတ်မြောက်လိုသူတိုင်းသည် ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကို သိအောင် ကြိုးပမ်းရမည်သာ ဖြစ်ပေသည်။
无论缘起的性质多么难知、甚深,不知见它便不能从轮回解脱。因此,凡欲解脱轮回者,都必须努力如实了知缘起。
ထိုသို့ ကြိုးပမ်းရာ၌ --- အသင်သူတော်ကောင်းသည် ဝိသုဒ္ဓိ (၇)ပါး ကျင့်စဥ်ကိုကား ရိုသေစွာ ဦးထိပ်ရွက် ပန်ဆင်၍ ခံယူနိုင်ရမည် ဖြစ်သည်။
为此,善人应当恭敬奉行七清净的修行次第。
၁။ သီလဝိသုဒ္ဓိ = သီလစင်ကြယ်အောင် ကြိုးစားပါ။
一、戒清净:努力令戒清净。
၂။ စိတ္တဝိသုဒ္ဓိ = နီဝရဏအညစ်အကြေးတို့မှ စိတ်ဓာတ် ဖြူစင်သန့်ရှင်းအောင် ဥပစာရသမာဓိ သို့မဟုတ် အပ္ပနာခေါ်သည့် စျာန်သမာဓိ တစ်ခုခုကို ရအောင် ကြိုးစားပါ။
二、心清净:努力以近行定或称为安止的禅那定,使心从诸盖的污垢中净化。
၃။ ဒိဋ္ဌိဝိသုဒ္ဓိ = ရုပ်နာမ်တို့၌ ဉာဏ်အမြင်သန့်ရှင်းအောင် = ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် = နာမရူပ- ပရိစ္ဆေဒဉာဏ်ကို ရရှိအောင် ကြိုးစားပါ။
三、见清净:努力令对色名的知见清净,使智见到达胜义,并获得名色分别智。
၄။ ထိုအခါတွင်မှ ကင်္ခါဝိတရဏဝိသုဒ္ဓိစခန်းသို့ တက်လှမ်းပါ။
四、此后才进入度疑清净。
အကယ်၍ သီလဝိသုဒ္ဓိ၊ စိတ္တဝိသုဒ္ဓိ၊ ဒိဋ္ဌိဝိသုဒ္ဓိတည်းဟူသော ဝိသုဒ္ဓိကျင့်စဥ်နှင့် မပြည့်စုံသေးဘဲ = သီလ- လည်း မစင်ကြယ်သေးဘဲ၊ ဥပစာရ အပ္ပနာ နှစ်ဖြာသောသမာဓိ တစ်ခုခုမျှလည်း မရှိသေးဘဲ၊ ရုပ်နာမ်ကိုလည်း
假使尚未具足戒清净、心清净与见清净——戒还未清净,既无近行定也无安止定,对色名也
原书卷前第 21 页(D)
ပရမတ်သို့ဆိုက်အောင် မသိမမြင်သေးဘဲ ယုံမှားခြင်း ဝိစိကိစ္ဆာတရားကို စင်ကြယ်အောင် ဆေးကြော သုတ်သင်နိုင်သည့် စွမ်းအင် အပြည့်အဝရှိသော ကင်္ခါဝိတရဏဝိသုဒ္ဓိ အမည်ရသည့် အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါးတို့၌ အကြောင်းတရားတို့ကို သိမ်းဆည်းတတ်သော ပစ္စယပရိဂ္ဂဟဉာဏ်ကို ရရှိအောင် ကြိုးပမ်း ခဲ့သော် = ကြောင်း-ကျိုး ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ် သဘောတရားတို့ကို ထိုးထွင်းသိမြင်အောင် ကြိုးပမ်းခဲ့သော် အဆင့်ကျော်နေသဖြင့် သပိတ်ကွဲ ကိုယ်ကြေသာရှိချေမည်၊ ပိုးသာကုန်၍ မောင်ပုံစောင်းမတတ်သာ ရှိချေမည်။
未能知见至胜义层次——却越级努力获得能清除疑惑、名为度疑清净的缘摄受智,即试图摄受过去、未来、现在三世诸因并洞彻缘起的因果关系,就只会“钵破身疲、徒耗琴弦而仍不会弹琴”。
အောင်မြင်မှု ရရှိဖို့ရန် မလွယ်ကူပေ။
如此很难获得成功。
သီလတည်းဟူသော မြေပေါ်၌ ရပ်တည်၍ သမာဓိတည်းဟူသော မြတ်သော ကျောက်ဖျာထက်၌ မြမြထက်အောင် သွေး၍ထားအပ်သော ဉာဏ်တည်းဟူသော သန်လျက်ဖြင့် ဖောက်ခွဲနိုင်ပါမှသာလျှင် ဤပဋိစ္စသမုပ္ပါဒ် သံသရာစက်ရဟတ် လည်ပတ်ပုံကို ထွင်းဖောက် သိမြင်နိုင်သောကြောင့် ဖြစ်ပေသည်။
因为只有立于戒地,在定的殊胜磨石上磨利慧剑,以之穿透胜义色名,才能洞彻缘起这部轮回之轮的运转。
(အဘိ-ဋ္ဌ-၂-၁၈၉။ ဝိသုဒ္ဓိ-၂-၂၂၁။)
(《阿毗达磨义注》2-189;《清净道论》2-221。)
ထိုကြောင့် တရားစစ် တရားမှန်ကို လိုလားတောင့်တလျက် ရှိကြကုန်သော သူတော်ကောင်း သူမြတ်- လောင်း အပေါင်းတို့သည် ဘုရားရှင် ဟောကြားထားတော်မူသည့် ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်ရှုကွက်ကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်- နိုင်ကြပါစေကုန်သတည်း ----
因此,愿一切向往真实正法的善人,依世尊所教的缘起观法,以正见之慧亲自现前洞彻,并精勤修习、培育。
ဖားအောက်တောရဆရာတော်
帕奥西亚多
စိတ္တလတောင်ကျောင်း - ဖားအောက်တောရ
Cittalapabbata 山寺——帕奥禅林
သာသနာတော်သက္ကရာဇ် -၂၅၃၇ - ခု၊ ကောဇာသက္ကရာဇ် - ၁၃၅၅ - ခု၊ တပေါင်းလ။
佛历 2537 年,缅历 1355 年,德榜月。
原书卷前第 22 页
နိဗ္ဗာနဂါမိနိပဋိပဒါ
《趣向涅槃之道》
နိဗ္ဗာန်ရောက်ကြောင်းကျင့်စဥ် - တတိယတွ
第三册
ပဋိစ္စသမုပ္ပါဒ်ပိုင်း - အပိုင်း (က)
缘起篇(甲)
ဖားအောက်တောရဆရာတော်
帕奥西亚多