寂止随念业处

《趣向涅槃之道》中文全译本 · 非缩略版

止业处篇 · 原书第 642–644 页 · 21 个翻译单元

本页并入了原书的相邻小节:全册跋文。

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 642 页
ဥပသမာနုဿတိကမ္မဋ္ဌာန်း
寂止随念业处
ဆ အနုဿတိယော ဝိယ စ အယမ္ပိ အရိယသာဝကဿေဝ ဣဇ္စျတိ၊ ဧဝံ သန္တေပိ ဥပသမဂရုကေန ပုထုဇ္ဇနေနာပိ မနသိ ကာတဗ္ဗာ။ သုတဝသေနာပိ ဟိ ဥပသမေ စိတ္တံ ပသီဒတိ။ (ဝိသုဒ္ဓိ-၁-၂၈၆။) ဗုဒ္ဓါနုဿတိ၊ ဓမ္မာနုဿတိ၊ သံဃာနုဿတိ၊ သီလာနုဿတိ၊ စာဂါနုဿတိ၊ ဒေဝတာနုဿတိဟူသော အနုဿတိ (၆)ပါးတို့သည် အရိယသာဝကတို့အားသာလျှင် ပြည့်စုံနိုင်ကြကုန်သကဲ့သို့ - အလားတူပင် ဤ ဥပသမာနုဿတိသည်လည်း အရိယသာဝကအားသာလျှင် ပြည့်စုံနိုင်၏။ ဤသို့ အရိယပုဂ္ဂိုလ်အားသာလျှင် ပြည့်စုံနိုင်သည် မှန်သော်လည်း နိဗ္ဗာန်တရားတော်မြတ်ကြီးကို အလေးအမြတ်ပြုလေ့ရှိသော နိဗ္ဗာန်သို့ ညွတ်- ကိုင်းရှိုင်းသော စိတ်ဓာတ်ရှိသော ပုထုဇန်သည်လည်း အငြိမ်းဓာတ် နိဗ္ဗာန်၏ ဥပသမဂုဏ်တို့ကို နှလုံးသွင်း နိုင်ပါ၏။ မှန်ပေသည် ---- ကြားနာဖူးသည်၏ အစွမ်းဖြင့်လည်း ဥပသမ နိဗ္ဗာန်တရားတော်မြတ်၌ စိတ်သည် ကြည်လင်သည်သာလျှင် ဖြစ်ပေ၏။ (ဝိသုဒ္ဓိ-၁-၂၈၆။)
巴利义注说:‘正如六随念,这一随念也只在圣弟子身上才能圆满。虽是如此,尊重寂止的凡夫也应作意;因为即使只是听闻,心也会对寂止生起净信。’佛随念、法随念、僧随念、戒随念、施随念、天随念这六随念,只有圣弟子才能圆满;同样,寂止随念也只有圣弟子才能圆满。虽说只有圣者才能圆满,但敬重涅槃、心倾向涅槃的凡夫,也可以作意寂静界涅槃的寂止功德。确实,即使只是由于曾经听闻,心也会对寂止涅槃生起净信。(《清净道论》1-286。)
ယာဝတာ ဘိက္ခဝေ ဓမ္မာ သင်္ခတာ ဝါ အသင်္ခတာ ဝါ ဝိရာဂေါ တေသံ ဓမ္မာနံ အဂ္ဂမက္ခာယတိ၊ ယဒိဒံ မဒနိမ္မဒနော ပိပါသဝိနယော အာလယသမုဂ္ဃါတော ဝဋ္ဋုပစ္ဆေဒေါ တဏှာက္ခယော ဝိရာဂေါ နိရောဓော နိဗ္ဗာနံ။
巴利经文说:‘诸比丘,无论有为法或无为法,离贪都被宣说为其中最胜,也就是:除去骄醉、止息渴爱、根除执著、截断轮回、爱尽、离贪、灭、涅槃。’
(အံ-၁-၃၄၃။ ခု-၁-၂၅၄။)
(《增支部》1-343;《小部》1-254。)
ရဟန်းတို့ …အကြင်ရွေ့လောက်ကုန်သော အကြောင်းတရားတို့သည် ပေါင်းစု၍ပြုပြင်အပ်သည်လည်း ဖြစ်ကုန်သော သင်္ခတတရားတို့သည်လည်းကောင်း၊ အကြောင်းတရားတို့သည် ပေါင်းစု၍ မပြုပြင်အပ်သည်လည်း ဖြစ်ကုန်သော အသင်္ခတတရားတို့သည်လည်းကောင်း ရှိကြကုန်၏။ ထိုသင်္ခတ အသင်္ခတ တရားတို့တွင် ရာဂနှင့် တကွသော သံကိလေသဓမ္မတို့၏ သင်္ခါရတရားတို့၏ ကင်းပြတ်ရာ ပျက်ပြယ်ရာဖြစ်သော အသင်္ခတဓာတ် နိဗ္ဗာန်တရားတော်မြတ်ကို အမြတ်ဆုံးဟူ၍ ဆိုအပ်၏။
诸比丘,无论是由诸因聚合造作的有为法,还是不由诸因聚合造作的无为法,在这一切有为、无为法中,作为贪及诸杂染法、诸行法断绝与消失之处的无为界——殊胜涅槃,被宣说为最上。
၁။ မဒနိမ္မဒန = မာနအစရှိသော ယစ်စေတတ်သော တရားတို့၏ ယစ်စေတတ်သည့် သတ္တိကင်းရာ ဖြစ်သော နိဗ္ဗာန်၊ ၂။ ပိပါသဝိနယ = ကာမတို့ကို မွတ်သိပ်ဆာလောင်သော တဏှာ၏ ကင်းပျောက်ရာဖြစ်သော နိဗ္ဗာန်၊ ၃။ အာလယသမုဂ္ဃါတ = ငြိတွယ်စရာ ကာမဂုဏ်ငါးပါးတို့ကို အကြွင်းမဲ့ ဖြတ်ရာဖြစ်သော နိဗ္ဗာန်၊ ၄။ ဝဋ္ဋုပစ္ဆေဒ = ဝဋ်သုံးပါး၏ ပြတ်ရာဖြစ်သော နိဗ္ဗာန်၊ ၅။ တဏှာက္ခယ = တဏှာ၏ ကုန်ရာဖြစ်သော နိဗ္ဗာန်၊ ၆။ တဏှာဝိရာဂ = တဏှာ၏ ပျက်ပြယ်ရာ ကင်းရာဖြစ်သော နိဗ္ဗာန်၊ ၇။ တဏှာနိရောဓ = တဏှာ၏ ချုပ်ရာဖြစ်သော နိဗ္ဗာန်၊ ၈။ နိဗ္ဗာန = ဝါနဟု ဆိုအပ်သော တဏှာမှ ထွက်မြောက်ရာဖြစ်သော နိဗ္ဗာန် --- ဤ နိဗ္ဗာန်တရားတော်မြတ်သည် အသင်္ခတ တရားတည်း၊ သင်္ခတ အသင်္ခတ တရားတို့တွင် ယင်းအသင်္ခတ တရားသည် အသာဆုံး အမြတ်ဆုံး တရားတည်း။ (အံ-၁-၃၄၃။ ခု-၁-၂၅၄။) နိဗ္ဗာန်တရားတော်မြတ်သည် မည်သည့် အကြောင်းတစ်စုံတစ်ရာကြောင့်မျှ မဖြစ်။ တစ်စုံတစ်ခုသော
一、除去骄醉(madanimmadana):令慢等使人陶醉之法失去其作用的涅槃。二、止息渴爱(pipāsavinaya):令饥渴追求诸欲的爱消失的涅槃。三、根除执著(ālayasamugghāta):把作为黏著所依的五欲毫无剩余地截断的涅槃。四、截断轮回(vaṭṭupaccheda):截断三种轮转的涅槃。五、爱尽(taṇhakkhaya):爱的穷尽之处——涅槃。六、离贪(virāga):爱消退、离去之处——涅槃。七、灭(nirodha):爱止息之处——涅槃。八、涅槃(nibbāna):从称为‘缠结’的爱中出离之处——涅槃。这一殊胜涅槃是无为法;在有为与无为诸法中,它是最殊胜、最高上的法。(《增支部》1-343;《小部》1-254。)殊胜涅槃不由任何因生起,也不是由某一种——
အကြောင်းတရားက ပြုပြင်ပေး၍ ဖြစ်ပေါ်လာရသော တရားလည်း မဟုတ်၊ မည်သည့် အကြောင်းတစ်စုံတစ်ရာမျှ မပြုပြင်ရဘဲ နိစ္စထာဝရ အမြဲတည်ရှိနေသော တရားဖြစ်၏။ ထိုကြောင့် အသင်္ခတ အမည်ရ၏။ ထိုအသင်္ခတ၏
——因造作以后才生起的法;它不由任何因造作而恒常存在,所以称为无为。无为法的——
原书第 643 页
သမထကမ္မဋ္ဌာန်းပိုင်း -- ဥပသမာနုဿတိကမ္မဋ္ဌာန်း ဂုဏ်ပုဒ်တို့ကို အထက်တွင် ရှစ်မျိုးတင်ပြထား၏။ နိဗ္ဗာန်တရားတော်မြတ်၏ အခြားအခြားသော ဂုဏ်ပုဒ်တွေ- လည်း များစွာပင်ရှိ၏။ ယင်းဂုဏ်ပုဒ်တို့မှ မိမိကြိုက်နှစ်သက်ရာ ဂုဏ်ပုဒ်တစ်ခုခုကို အာရုံယူ၍ ဥပသမာနုဿတိ ကမ္မဋ္ဌာန်းကို စီးဖြန်းပါ။ စီးဖြန်းပုံ အစီအစဥ်မှာ ဤသို့ ဖြစ်၏။
——功德,上面已经说明八种;殊胜涅槃还有许多其他功德。应从这些功德中选择自己最喜欢的一项为所缘,修习寂止随念业处。修习次第如下。
ရှေးဦးစွာ သမာဓိကို အဆင့်ဆင့်ထူထောင်၍ ဖလသမာပတ်သို့ ညွတ်ကိုင်းရှိုင်းသော စိတ်ဓာတ်ဖြင့် မိမိ ကြိုက်နှစ်သက်ရာ သင်္ခါရတရားတို့ကို လက္ခဏာယာဥ် တင်ကာ ဝိပဿနာရှုပါ။ ရှေးယခင်က နိဗ္ဗာန်ကို အရိယ မဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ဖြင့် မျက်မှောက်ပြုထားပြီးသူ သူတော်ကောင်းတစ်ဦးအဖို့ မကြာမီ အချိန်ကာလ အတွင်းမှာပင် ထိုသူတော်ကောင်း၏ အရိယဖိုလ်ဉာဏ်က နိဗ္ဗာန်ကို အာရုံပြုနေမည်ဖြစ်၏။ ဖလသမာပတ်ကို အကြိမ်များစွာ ဝင်စားထားပြီးသော နိဗ္ဗာန်ကို အာရုံပြု၍ တစ်နာရီ နှစ်နာရီစသည့် အချိန်ကြာအောင် ဖလ သမာပတ်ကို နိုင်နိုင်နင်းနင်း ဝင်စားလေ့ရှိသော သူတော်ကောင်း ဖြစ်ပါမူ ဤအချိန်တွင် လွယ်လွယ်ကူကူပင် နိဗ္ဗာန်ကို အာရုံပြုလျက် ဖလသမာပတ်ကို ဝင်စားနေမည် ဖြစ်သည်။ ထို ဖလသမာပတ်မှထ၍ ထိုနိဗ္ဗာန်ကို တစ်ဖန်ပြန် အာရုံပြု၍ ---- ထိုနိဗ္ဗာန်၌ တဏှာမရှိမှုကို အာရုံပြု၍ ----
首先逐级建立定,以趋向果定之心,把三相提到自己喜欢的诸行上而修观。对于过去已经以圣道智、果智亲证涅槃的善士,他的圣果智不久便会取涅槃为所缘。如果他已经多次进入果定,能够以涅槃为所缘,善巧地进入果定一小时、两小时等,这时便能轻易地以涅槃为所缘而进入果定。从果定出定以后,再取涅槃为所缘,忆念涅槃没有爱——
နိဗ္ဗာနံ နိဗ္ဗာနံ ဟု ရှုနေပါ။
——,反复观‘nibbānaṃ, nibbānaṃ——涅槃,涅槃’。
ထိုနိဗ္ဗာန်အာရုံ၌ ဘာဝနာစိတ်သည် တစ်နာရီ နှစ်နာရီစသည်ဖြင့် ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင် ကြိုးစားပါ။ တစ်နာရီ နှစ်နာရီခန့် ငြိမ်ဝပ်စွာ ကပ်၍တည်နေပါက နီဝရဏများ ကွာလျက် ဥပစာရသမာဓိသို့ ဆိုက်လေပြီ။ စျာန်အင်္ဂါ ငါးပါးတို့လည်း ထင်ရှားလာပေလတ္တံ့။
应努力使修习心安静地贴住涅槃所缘而住一小时、两小时等。若能如此安住,诸盖便会脱落而达到近行定,五禅支也会清楚显现。
ဥပသမ အမည်ရသော နိဗ္ဗာန်တရားတော်မြတ်၏ ဂုဏ်တော်တို့၏ အလွန်နက်နဲသည်၏ အဖြစ်ကြောင့် လည်းကောင်း၊ အထူးအထူး အပြားပြား များလှစွာသော နိဗ္ဗာန်တရားတော်မြတ်၏ ဂုဏ်တော်တို့ကို အောက်မေ့ ခြင်းဖြင့် နိဗ္ဗာန်အာရုံ၌ စုပ်စုပ်နစ်နစ် သက်ဝင်ဆုံးဖြတ်၍ လေးမြတ်ယုံကြည်သည်၏ အဖြစ်ကြောင့်လည်းကောင်း အပ္ပနာစျာန်သို့ မရောက်မူ၍ ဥပစာရသို့သာလျှင် ရောက်သော ဥပစာရစျာန်သည် ဖြစ်ပေါ်လာ၏။ ထိုဥပစာရ စျာန်သည် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်၏ တဏှာစသော ကိလေသာ အပူမီးတို့မှ ငြိမ်းအေးမှု ဥပသမ ဂုဏ်ကို အဖန်ဖန် အောက်မေ့သည်၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသောကြောင့် ဥပသမာနုဿတိ ဟူ၍သာလျှင် ခေါ်ဝေါ်ခြင်းသို့ ရောက်ရှိပေ၏။ (ဝိသုဒ္ဓိ-၁-၂၈၅-၂၈၆။) အခြားအခြားသော နိဗ္ဗာန်၏ ဂုဏ်ပုဒ်တို့ကို အာရုံယူ၍လည်း ပုံစံတူပင် ရှုနိုင်ပေသည်။
由于称为寂止的殊胜涅槃之功德极其甚深,又由于忆念涅槃众多而各别的功德,对涅槃所缘深入胜解、尊重并确信,所以这一禅不能达到安止,只能达到近行,称为近行禅。它由反复忆念寂静界涅槃令爱等烦恼热火寂灭、清凉的寂止功德而生,所以称为寂止随念。(《清净道论》1-285—286。)其余涅槃功德也可以用同样方法取为所缘而观修。
ဤဥပသမာနုဿတိကို ပွားများအားထုတ်သော ယောဂါဝစရပုဂ္ဂိုလ်သည် ချမ်းသာစွာ အိပ်စက်ရ၏။
修习寂止随念的瑜伽行者睡得安乐。
ချမ်းသာစွာ အိပ်ရာမှ နိုးရ၏၊ ငြိမ်သက်သော ဣန္ဒြေရှိ၏၊ ငြိမ်သက်သော စိတ်ထားရှိ၏၊ ရှက်မှုကြောက်မှု ဟိရိသြတ္တပ္ပတရားနှင့် ပြည့်စုံ၏၊ ကြည်ညိုဖွယ်ရှိ၏၊ နိဗ္ဗာန်အာရုံ၌ စုပ်စုပ်နစ်နစ် စွဲစွဲမြဲမြဲ သက်ဝင်ဆုံးဖြတ်၍ လေးမြတ်ယုံကြည်သည်၏ အဖြစ်ကြောင့် မွန်မြတ်သော နှလုံးသွင်းဓာတ်ခံရှိ၏၊ သီတင်းသုံးဖော်တို့က အလေး ဂရုပြုအပ်၏၊ သီတင်းသုံးဖော်တို့၏ စိတ်နှလုံး၌ ကုသိုလ်တရားကိုလည်း တိုးပွားစေတတ်၏၊ အထက်အထက် ဖြစ်သော အရိယမဂ်ဖိုလ် တရားထူး တရားမြတ်ကို ထိုးထွင်းမသိနိုင်သော် မထိုးထွင်းနိုင်သော် သုဂတိဘုံဘဝ လျှင် လည်းလျောင်းရာ ရှိ၏။ (ဝိသုဒ္ဓိ-၁-၂၈၆။) ထိုသို့ များစွာသော အကျိုးရှိသည်၏ အဖြစ်ကြောင့် ပစ္စုပ္ပန် သံသရာ နှစ်ဖြာသော အကျိုးစီးပွား၌ ထောက်တွေးဆင်ခြင် မြော်မြင်တတ်သော ပညာရှိသူတော်ကောင်းသည် ဤသို့ ကြီးမားများပြားသော အကျိုး အာနိသင်ရှိသော ဖြူစင်မြင့်မြတ်သည့် အရိယာသူတော်ကောင်းတို့၏ ဖြူစင်မြင့်မြတ်သော ဥပသမအမည်ရသော
他醒来也安乐;诸根寂静,心意寂静,具足惭与愧,令人敬信。由于对涅槃所缘深入胜解、坚定不移地尊重与确信,他的内心倾向崇高;同梵行者尊重他,他也能令同梵行者心中的善法增长。若未能现观更高的圣道、圣果等殊胜法,来世也以善趣为归宿。(《清净道论》1-286。)因此,能为现世与轮回两方面的利益审慎思惟、远见卓识的智者善士,应当依不放逸,以真正不忘失、不轻忽的态度,修习清净高贵的圣者对于称为寂止的——
原书第 644 页
ပူပန်ခပ်သိမ်း ငြိမ်းအေးရာ နိဗ္ဗာန်တရားတော်မြတ်၌ အဖန်ဖန် အောက်မေ့ခြင်း ဥပသမာနုဿတိကို စင်စစ် မမေ့မလျော့ မပေါ့မဆသည့် အပ္ပမာဒတရား လက်ကိုင်ထားလျက် ပွားများအားထုတ်လေရာ၏။
——殊胜涅槃——一切热恼寂灭清凉之处——所作的反复忆念,即寂止随念。
(ဝိသုဒ္ဓိ-၁-၂၈၆။)
(《清净道论》1-286。)
အရိယာသူတော်ကောင်းတို့သည် ဖလသမာပတ်ကို ဝင်စားတော်မူကြကုန်လျက် ပူပန်ခပ်သိမ်းမှ အငြိမ်း ကြီးငြိမ်းရာ အအေးကြီးအေးရာ ဖြစ်သော နိဗ္ဗာန်တရားတော်မြတ်၏ သန္တိသုခ အငြိမ်းဓာတ် အရသာထူးကြီးကို သုံးဆောင်ခံစားတော်မူကြကုန်၏။ တစ်ဖန် ထိုပူပန်ခပ်သိမ်းမှ အငြိမ်းကြီးငြိမ်းရာ အအေးကြီးအေးရာ ဖြစ်သော နိဗ္ဗာန်တရားတော်မြတ်ကြီး၏ ပူပန်ခပ်သိမ်းမှ အငြိမ်းကြီးငြိမ်း အအေးကြီးအေးသည် ဥပသမဂုဏ်ကို အာရုံပြု၍ အငြိမ်းကြီးငြိမ်း အအေးကြီးအေးသည့် ချမ်းသာသုခထူးကြီးကို ဥပသမာနုဿတိကမ္မဋ္ဌာန်းဘာဝနာဖြင့် ထပ်မံ ခံစားတော်မူကြပြန်ကုန်၏။ ငြိမ်းရာ၌ ငြိမ်းသထက် ငြိမ်းသည့် အေးရာ၌ အေးသထက် အေးသည့် ချမ်းသာ သုခထူးကြီးကို အနှစ်သာရ ဘာမျှရှာမရသော ခန္ဓာကိုယ်အတွင်းမှ သမထ ဝိပဿနာ ဘာဝနာဟူသော အနှစ် ကို ထုတ်ယူလျက် သန္တိသုခ ဥပသမသုခ အရသာထူးကြီးကို သုံးဆောင်ခံစားသွားတော်မူကြခြင်း ဖြစ်၏။
诸圣者进入果定,受用、体验殊胜涅槃从一切热恼中彻底寂灭、彻底清凉的寂静乐之殊妙滋味;他们又取殊胜涅槃从一切热恼中彻底寂灭、彻底清凉的寂止功德为所缘,以寂止随念业处修习,再度体验这种极其寂灭、极其清凉的殊胜安乐。他们从毫无坚实可得的身体中,提取止与观修习的精髓,受用寂静乐、寂止乐的殊妙滋味;寂灭之中更加寂灭,清凉之中更加清凉。
အသင်သူတော်ကောင်းသည်လည်း ဘုရားအစရှိသော အရိယာသူတော်ကောင်းကြီးတို့၏ထုံးကို နှလုံး မူ၍ အနှစ်သာရ ဘာမျှရှာမရသော အသင်သူတော်ကောင်း၏ ခန္ဓာကိုယ်အတွင်းမှ သမထဝိပဿနာဟူသော ဘာဝနာအနှစ်တို့ကို ထုတ်ယူလျက် ပူပန်ခပ်သိမ်းမှ အငြိမ်းကြီးငြိမ်း အအေးကြီးအေးသည့် နိဗ္ဗာန်တရားတော် မြတ်ကြီး၏ သန္တိသုခအငြိမ်းဓာတ် အရသာကြီးကို ဖလသမာပတ်ကို ဝင်စားလျက် သုံးဆောင်ခံစားနိုင်ပါစေ သတည်း။ ထိုသန္တိသုခနိဗ္ဗာန်တရားတော်မြတ်ကြီး၏ ပူပန်ခပ်သိမ်းမှ ငြိမ်းအေးသည့် ဥပသမဂုဏ်ကို အာရုံယူ၍ ဥပသမာနုဿတိ ဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းလျက် ငြိမ်းသထက်ငြိမ်း အေးသထက်အေးသည့် ဥပသမသုခ ထူးကြီးကိုလည်း သုံးဆောင်ခံစားနိုင်ပါစေသတည်း။
愿善士也以佛陀等诸圣者为榜样,从这毫无坚实可得的身体中,提取止、观修习的精髓;愿你进入果定,受用、体验殊胜涅槃从一切热恼中彻底寂灭、彻底清凉的寂静乐之殊妙滋味;愿你又取这一寂静乐涅槃令一切热恼寂灭清凉的寂止功德为所缘,修习寂止随念业处,受用寂灭之中更加寂灭、清凉之中更加清凉的殊胜寂止乐。
သမထကမ္မဋ္ဌာန်းပိုင်း ပြီး၏။
止业处篇完。
နိဗ္ဗာနဂါမိနိပဋိပဒါ - ပဉ္စမတွဲ ပြီး၏။
《趣向涅槃之道》第五册完。
သာသနာတော်သက္ကရာဇ် -၂၅၃၈ - ခု၊ ဖားအောက်တောရဆရာတော် ကောဇာသက္ကရာဇ် - ၁၃၅၆ - ခု၊ စိတ္တလတောင်ကျောင်း ပြာသိုလဆန်း (၇) ရက်၊ ဖားအောက်တောရ စနေနေ့ - ညနေ (၄) နာရီ - ပြီးဆုံးသည်။
佛历二五三八年;缅历一三五六年,比亚杜月上弦七日,星期六下午四时完成。帕奥禅师,于制多罗山寺(帕奥禅林)。

本页是帕奥禅师缅文「五大册」第五册(趣向涅槃之道·第五册,书名暂定)的现代汉语全译本,非缩略版、非节译;译者 Dhammesanā。卷前、正文与原书索引均与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。