梵住释篇

《趣向涅槃之道》中文全译本 · 非缩略版

止业处篇 · 原书第 616–633 页 · 171 个翻译单元

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 616 页
ဗြဟ္မဝိဟာရနိဒ္ဒေသပိုင်း
梵住释篇
မေတ္တာဘာဝနာ
慈修习
ဤမေတ္တာကမ္မဋ္ဌာန်းကို ပွားများအားထုတ်လိုသော ယောဂါဝစရပုဂ္ဂိုလ်သည် --- ''ဤပုဂ္ဂိုလ်တို့၌ ရှေ့ဦးစွာ မေတ္တာဘာဝနာကို မပွားအပ်။ ဤပုဂ္ဂိုလ်တို့၌ အချင်းခပ်သိမ်း မေတ္တာဘာဝနာကို မပွားအပ်'' --- ဟု မေတ္တာ ဘာဝနာကို ဖျက်ဆီးတတ်သော ပုဂ္ဂိုလ်တို့ကို သိထားသင့်၏။
想要修习慈业处的瑜伽行者,应当先知道哪些人不应作为最初的慈修习对象,以及哪些人根本不应作为个别对象修慈;这些人会妨碍慈修习。
၁။ အပ္ပိယပုဂ္ဂလ = မချစ်မနှစ်သက်အပ်သော ပုဂ္ဂိုလ် (= မိမိ၏လည်းကောင်း၊ မိမိချစ်သူ၏လည်းကောင်း အကျိုးစီးပွားကို ရွက်ဆောင်မပေးသော ပုဂ္ဂိုလ်၊ မိမိမုန်းသူ၏ အကျိုးစီးပွားကို ရွက်ဆောင်ပေးသော ပုဂ္ဂိုလ်၊ ရန်ငြိုးဖွဲ့ခြင်း ၉-မျိုး၏တည်ရာ ပုဂ္ဂိုလ်)၊ ၂။ အတိပ္ပိယသဟာယက = အလွန်ချစ်ခင်အပ်သော အဖော်သူငယ်ချင်း၊ ၃။ မဇ္စျတ္တ = မချစ်မမုန်း အလယ်အလတ်ပုဂ္ဂိုလ်၊ ၄။ ဝေရီပုဂ္ဂလ = ရန်သူပုဂ္ဂိုလ် (= မိမိ၏လည်းကောင်း၊ မိမိချစ်သူ၏လည်းကောင်း အကျိုးစီးပွားမဲ့ကို ရွက်- ဆောင်ပေးသော ပုဂ္ဂိုလ်) --- ဤပုဂ္ဂိုလ် လေးမျိုးတို့ကား ရှေးဦးစွာ မေတ္တာမပွားသင့်သော ပုဂ္ဂိုလ်တို့တည်း။
最初不应对以下四类人修慈:一、不喜爱者——他不为自己或自己所爱者谋利益,反而为自己所憎者谋利益,是九种结怨的所依;二、极亲爱友;三、中立者——既不爱也不憎的人;四、怨敌——他损害自己或自己所爱者的利益。
၅။ လိင်္ဂဝိသဘာဂ = လိင်မတူသောပုဂ္ဂိုလ် (ဤပုဂ္ဂိုလ်ကား သီးသန့်တစ်ဦးချင်း အာရုံပြု၍ မေတ္တာ မပွား- ကောင်းသော ပုဂ္ဂိုလ်တည်း။) ၆။ ကာလကတ = ကွယ်လွန်သွားသောပုဂ္ဂိုလ် (ဤပုဂ္ဂိုလ်ကား လုံးဝ မေတ္တာမပွားသင့်သော ပုဂ္ဂိုလ်တည်း။) အကြောင်းကား ဤသို့တည်း။ မချစ်မနှစ်သက်အပ်သော အပ္ပိယပုဂ္ဂိုလ်ကို ချစ်ခင်နှစ်သက်အပ်သော ပိယပုဂ္ဂိုလ်အရာ၌ ထား၍ မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းရသော ယောဂါဝစရပုဂ္ဂိုလ်သည် ပင်ပန်းတတ်၏။
五、异性者:不可把某一位异性作为个别对象修慈。六、死者:根本不应以死者为对象修慈。理由如下。把不喜爱者放在亲爱者的位置而向他散播慈心,会使瑜伽行者感到疲惫。
အလွန်ချစ်ခင်မြတ်နိုးအပ်သော အပေါင်းအဖော်သူငယ်ချင်း ဖြစ်သည့် အတိပ္ပိယပုဂ္ဂိုလ်ကို အလယ်အလတ် မချစ်မမုန်း မဇ္စျတ္တပုဂ္ဂိုလ်အရာ၌ ထားလျက် မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းသော ယောဂါဝစရ ရဟန်း၏ စိတ်သည်လည်း ပင်ပန်းတတ်၏။ မပြောပစလောက် အနည်းငယ်မျှသာဖြစ်သော ဆင်းရဲဒုက္ခသည် ဖြစ်ပေါ် လာလတ်သော် မေတ္တာကမ္မဋ္ဌာန်းကို ပွားများအားထုတ်သော ယောဂါဝစရပုဂ္ဂိုလ်သည် ငိုအံ့သောအခြင်းအရာသို့ ရောက်အံ့သကဲ့သို့ ဖြစ်တတ်၏။ မချစ်မမုန်း လျစ်လျူရှုထိုက်သည့် မဇ္စျတ္တပုဂ္ဂိုလ်ကို အလေးဂရုပြုထိုက်သော ပုဂ္ဂိုလ်အရာ၌လည်းကောင်း ချစ်မြတ်နိုးအပ်သော ပိယပုဂ္ဂိုလ်အရာ၌လည်းကောင်း ထားလျက် မေတ္တာဘာဝနာ ကမ္မဋ္ဌာန်းကို စီးဖြန်းသော ယောဂါဝစရပုဂ္ဂိုလ်၏စိတ်သည်လည်း ပင်ပန်းတတ်၏။ ရန်သူပုဂ္ဂိုလ်ကို အဖန်တလဲလဲ အောက်မေ့သော ယောဂါဝစရပုဂ္ဂိုလ်အား အမျက်ဒေါသသည် ဖြစ်ပေါ်လာတတ်၏။ ထိုကြောင့် ဤပုဂ္ဂိုလ်
把极亲爱的友伴放在中立者的位置而向他散播慈心,也会使比丘的心疲惫;此人即使只遭受一点点痛苦,修慈者也可能悲伤哭泣。把本应中立看待的人放在值得尊重或亲爱者的位置而修慈,心同样会疲惫;反复忆念怨敌时,愤怒又容易生起。因此,对这——
လေးမျိုးတို့၌ ရှေးဦးစွာ မေတ္တာမပွားအပ်။ (မေတ္တာစျာန်ရပြီးရာ အခါ၌ကား ပွားနိုင်သည်။) လိင်မတူသော ပုဂ္ဂိုလ်ကို သီးသန့်တစ်ဦးချင်း အာရုံပြု၍ မေတ္တာပွားခဲ့သော် ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ရာဂဖြစ်လာတတ်၏။ သေလွန်သွားသော ပုဂ္ဂိုလ်ကို အာရုံပြု၍ မေတ္တာဘာဝနာ ကမ္မဋ္ဌာန်းကို စီးဖြန်း- ခဲ့သော် မေတ္တာစျာန်ကို မရရှိနိုင်။ ထိုကြောင့် လိင်မတူသူကို သီးသန့်တစ်ဦးချင်း အာရုံပြု၍ မေတ္တာမပွားအပ်။
——四类人不应从最初便修慈;证得慈禅以后则可以。若以某一位异性为个别对象修慈,贪欲可能在瑜伽行者相续中生起;若以死者为对象散播慈业处,则不能证得慈禅。因此,不应以某一位异性为个别对象修慈。
သေသူကိုကား အချင်းခပ်သိမ်း မပွားအပ်။ သို့သော် မေတ္တာစျာန်ကို ရရှိပြီးရာ ပုဂ္ဂိုလ်အပိုင်းအခြား သီမကို ဖြို ဖျက်ပြီးရာအခါ၌ကား သဗ္ဗာ ဣတ္ထိယော = အမျိုးသမီးအားလုံးတို့သည်၊ သဗ္ဗေ ပုရိသာ = အမျိုးသားအားလုံး တို့သည် ဘေးရန်ကင်းကြပါစေ - ဤသို့စသည်ဖြင့် မေတ္တာဘာဝနာကို ပွားနိုင်သည်။ မေတ္တာပွားသင့်သော ပုဂ္ဂိုလ်အစဥ်မှာ ဤသို့ ဖြစ်၏။
对于死者,在任何情况下都不应修慈。不过,证得慈禅并破除人与人之间的界限以后,可以‘愿一切女性免于危难;愿一切男性免于危难’等方式普遍修慈。适合修慈的对象次第如下。
原书第 617 页
သမထကမ္မဋ္ဌာန်းပိုင်း -- မေတ္တာဘာဝနာ ၁။ အဟံ အဝေရော ဟောမိ = ငါသည် ဘေးရန်ကင်းပါစေ၊ ၂။ အဟံ အဗျာပဇ္ဇော ဟောမိ = ငါသည် စိတ်ဆင်းရဲကင်းပါစေ၊ ၃။ အဟံ အနီဃော ဟောမိ = ငါသည် ကိုယ်ဆင်းရဲကင်းပါစေ၊ ၄။ အဟံ သုခီ အတ္တာနံ ပရိဟရာမိ = ငါသည် ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် မိမိ၏ ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ပါစေ။
一、ahaṃ avero homi——愿我免于危难;二、ahaṃ abyāpajjo homi——愿我免于心苦;三、ahaṃ anīgho homi——愿我免于身苦;四、ahaṃ sukhī attānaṃ pariharāmi——愿我健康安乐,善自维持此身。
ဤသို့ မိမိကိုယ်ကို အာရုံယူ၍ ရှေ့ဦးစွာ အချိန်အနည်းငယ် မေတ္တာပွားခြင်းမှာ မေတ္တာစျာန်အတွက် မဟုတ်ပါ။ မိမိကိုယ်ကို မေတ္တာပွားရာ၌ သက်သေအဖြစ်၌ ထားသည်၏အစွမ်းဖြင့် မေတ္တာပွားရန် ဖွင့်ဆိုခြင်း ဖြစ်သည်။ မေတ္တာစျာန်ကို အလိုရှိ၍ မေတ္တာစျာန်ကို ရရှိအောင်ပွားများ အားထုတ်ရမည့် မေတ္တာစျာန်၏ တည်ရာ ပုဂ္ဂိုလ်အစဥ်မှာ အောက်ပါအတိုင်း ဖြစ်၏။
最初以自己为对象短时间修慈,并不是为了证得慈禅;这是把自己作为证明与参照,从而说明如何修慈。为了证得慈禅,应依下列对象次第修习。
၁။ ပိယဂရုဘာဝနီယ = ချစ်ခင်အပ် လေးစားအပ်သောပုဂ္ဂိုလ်၊ ၂။ အတိပ္ပိယသဟာယက = အလွန်ချစ်ခင်အပ်သော သူငယ်ချင်းအပေါင်းအဖော်၊ ၃။ မဇ္စျတ္တ = မချစ်မမုန်း အလယ်အလတ် လျစ်လျူရှုထိုက်သောပုဂ္ဂိုလ်၊ ၄။ ဝေရီ = ရန်သူပုဂ္ဂိုလ် --- ဤပုဂ္ဂိုလ် လေးမျိုးတို့သည် လိင်တူပုဂ္ဂိုလ်တို့သာ ဖြစ်စေရမည်။ ဧဝရူပေ စ ပုဂ္ဂလေ ကာမံ အပ္ပနာ သမ္ပဇ္ဇတိ။ (ဝိသုဒ္ဓိ-၁-၂၈၉။) နှင့်အညီ အမှတ်(၁) ဖြစ်သည့် ချစ်ခင်လေးစားအပ်သော လိင်တူပုဂ္ဂိုလ်ကို မေတ္တာ ပွားရာ၌ အပ္ပနာစျာန်သမာဓိကို ဆိုက်သည်တိုင်အောင် ပွားများရမည် ဖြစ်သည်။ စိတ်ဓာတ် နူးညံ့ပျော့ပျောင်း လာပါမှ အခြားပုဂ္ဂိုလ်ကောဋ္ဌာသ တစ်ခုသို့ အစဥ်အတိုင်း ပြောင်းရွှေ့၍ မေတ္တာစျာန်ရသည့် တိုင်အောင် ပွားများရ၏။
一、亲爱而可敬者;二、极亲爱的友伴;三、既不爱也不憎、可中立看待的人;四、怨敌。这四类都应当是与自己同性的人。《清净道论》说:‘对于这样的人,安止确实能够成就。’(《清净道论》1-289。)因此,应先以第一类亲爱而可敬的同性者为对象,修到证得安止禅定;待心柔软、适业以后,再依次转向另一类对象,直至证得慈禅。
ပွားများပုံ
修习方法
အယံ သပ္ပုရိသော ---- ၁။ အဝေရော ဟောတု၊ ၂။ အဗျာပဇ္ဇော ဟောတု၊ ၃။ အနီဃော ဟောတု၊ ၄။ သုခီ အတ္တာနံ ပရိဟရတု။
Ayaṃ sappuriso——愿这位善人:一、avero hotu;二、abyāpajjo hotu;三、anīgho hotu;四、sukhī attānaṃ pariharatu。
ဤသူတော်ကောင်းသည် ---- ၁။ ဘေးရန်ကင်းပါစေ၊ ၂။ စိတ်ဆင်းရဲကင်းပါစေ၊ ၃။ ကိုယ်ဆင်းရဲကင်းပါစေ၊ ၄။ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် မိမိ၏ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ပါစေ။
愿这位善人:一、免于危难;二、免于心苦;三、免于身苦;四、健康安乐,善自维持此身。
အသင်သူတော်ကောင်းသည် ရှေးဦးစွာ အထက်တွင် ရေးသားတင်ပြထားသည့်အတိုင်း မိမိကိုယ်ကို အချိန် အနည်းငယ် မေတ္တာပွားပါ။ မိမိကိုယ်ကို မေတ္တာပွားမှုမှာ မေတ္တာစျာန်ကို မရမီ ခေတ္တခဏပွားခြင်းသာ ဖြစ်သည်။
善人,应先依上文所说,以自己为对象短时间修慈。在尚未证得慈禅以前,这样对自己修慈只需片刻。
မေတ္တာစျာန် ရပြီးနောက်ပိုင်း၌ကား ပွားရန်မလိုပါ။ (သီမာသမ္ဘေဒဟူသော ပုဂ္ဂိုလ်အပိုင်းအခြားပြိုအောင် ပုဂ္ဂိုလ် အပိုင်းအခြားကို ဖြိုဖျက်ရန်အတွက်ကား မိမိကိုယ်ကိုလည်း ထိုအခါကျမှ ထပ်မံပွားရမည်သာ ဖြစ်သည်။) ထိုသို့ ပွားပြီးနောက် သည်းခံခြင်း ခန္တီတရား၏ အကျိုး၊ ဒေါသ၏ အပြစ်တို့ကို ဉာဏ်မှီသမျှ ဆင်ခြင်ပါ။ ထိုနောင်
证得慈禅以后,通常便不必再对自己修慈;但为了破除界限(sīmāsambheda),届时仍须再次对自己修慈。这样修过以后,应在智慧所及的范围内思惟忍辱的利益与嗔怒的过患,然后——
原书第 618 页
အောက်ပါအတိုင်း ပြုကျင့်ပါ။
——依下列方法修习。
ရှေးဦးစွာ မိမိရရှိထားပြီးသည့် စတုတ္ထစျာန်သမာဓိကို ထူထောင်ပါ။ သြဒါတကသိုဏ်း သို့မဟုတ် အာလော ကကသိုဏ်းကို အာရုံယူ၍ စတုတ္ထစျာန်သမာဓိကို ထူထောင်ပါက ပိုကောင်းပါသည်။ ထိုနောင် လင်းရောင်ခြည် စွမ်းအင်များ ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပလာသောအခါ ယင်းလင်းရောင်ခြည်၏ အကူအညီဖြင့် မိမိချစ်ခင်လေးစားအပ်သော လိင်တူ ဆရာသမားတစ်ဦးကိုဖြစ်စေ ဆရာသမားနှင့် အလားတူ ပုဂ္ဂိုလ်တစ်ဦး- ကိုဖြစ်စေ လှမ်းအာရုံယူပါ။ ထိုပုဂ္ဂိုလ်၏ပုံမှာ မိမိမြင်ဖူးခဲ့စဥ်က စိတ်အကြည်နူးဆုံးပုံ ဖြစ်ပါစေ။ ထိုပုဂ္ဂိုလ်ကို သို့မဟုတ် ထိုပုဂ္ဂိုလ်၏ပုံကို လက်နှိပ်ဓာတ်မီးဖြင့် ထိုးကြည့်သည့်အခါ ထင်ထင်ရှားရှား မြင်ရသလို မြင်အောင် ကြည့်ပါ။ ပြုံးနေသည့်ပုံ တရားထိုင်နေသည့်ပုံ မတ်တတ်ရပ် တရားနှလုံးသွင်းနေသည့်ပုံ စသည်တို့တွင် မိမိ ကြိုက်နှစ်သက်ဆုံးပုံကို ပြန်၍ အာရုံယူပါ။ အသက်ထင်ရှား မြင်နေရသကဲ့သို့ ထိုပုဂ္ဂိုလ်ကို မြင်တွေ့အောင်
首先建立自己已经证得的第四禅定,最好以白遍或光明遍为所缘。光明强盛明亮以后,借助光明看见一位自己亲爱而尊敬的同性导师,或与导师相似的可敬者。应取自己过去见过的、此人最令人心生欢喜的形象;令它如用手电照见一般清楚。可从微笑、坐禅、站立修法等形象中,选取自己最喜欢的一个,并看见此人如仍活生生地在眼前——
ကြည့်ပါ။ မြင်သောအခါ ----- ဤသူတော်ကောင်းသည် ----- ၁။ ဘေးရန်ကင်းပါစေ၊ ၂။ စိတ်ဆင်းရဲကင်းပါစေ၊ ၃။ ကိုယ်ဆင်းရဲကင်းပါစေ၊ ၄။ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် မိမိ၏ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ပါစေ။
——一般。看见以后,对这位善人修慈:一、愿他免于危难;二、愿他免于心苦;三、愿他免于身苦;四、愿他健康安乐,善自维持此身。
ဤသို့လျှင် အချိန်အနည်းငယ် မေတ္တာဘာဝနာကို ပွားများကြည့်ပါ။ ဤသို့ အချိန်အနည်းငယ် သို့မဟုတ် အကြိမ်အနည်းငယ် ပွားများပြီးသောအခါ ထိုမေတ္တာပွားနည်း (၄)မျိုးမှ မိမိကြိုက်နှစ်သက်ရာ၊ မေတ္တာပွား၍ စိတ်တွင် နှစ်နှစ်ကာကာဖြစ်ရာ မေတ္တာပွားနည်း တစ်ခုကို ရွေးချယ်ပါ။ ဥပမာ --- ဤသူတော်ကောင်းသည် စိတ်ဆင်းရဲကင်းပါစေဟူသော မေတ္တာပွားနည်းကို ရွေးချယ်သည် ဆိုပါစို့။ ထိုသူတော်ကောင်း၏ စိတ်ကြည်နူး၍ ပြုံးရွှင်ကြည်လင်နေသောပုံကို လင်းရောင်ခြည်စွမ်းအင် အကူအညီဖြင့် မြင်အောင် စိုက်ကြည့်ပါ။ ထိုသူတော်- ကောင်းကို မိမိမြင်ခဲ့ဖူးစဥ်က စိတ်အချမ်းသာဆုံးပုံ ဖြစ်ပါစေ၊ အသက်ရှင်နေဆဲပုံ ဖြစ်ပါစေ။ ထိုပုဂ္ဂိုလ် သတ္တဝါ ပညတ်ကို အာရုံပြု၍ ----- ''ဤသူတော်ကောင်းသည် စိတ်ဆင်းရဲကင်းပါစေ စိတ်ဆင်းရဲကင်းပါစေ'' ----- ဤသို့လျှင် ကြိမ်ဖန်များစွာ ပွားများပါ။ ထိုပြုံးရွှင်လျက် စိတ်ကြည်နူးနေသော သတ္တဝါပညတ်အာရုံ၌
先以这四种方式短时间、数次修慈,然后选取其中自己最喜欢、最能真切生起慈心的一种。譬如选择‘愿这位善人免于心苦’,便借助光明专注地看见他欢喜微笑的形象;此形象应是自己见过的他最安乐、仍然在世时的形象。以这个有情概念为所缘,反复修习:‘愿这位善人免于心苦,愿这位善人免于心苦。’把慈修习心安住在这个欢喜微笑的——
မေတ္တာဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ထားပါ။ သြဒါတကသိုဏ်း အာလောကကသိုဏ်းစသည်တို့ဖြင့် စတုတ္ထ စျာန်သမာဓိသို့တိုင်အောင် ထူထောင်ထားသော ရှေးရှေးဘာဝနာသမာဓိတို့၏ စွမ်းအားကြောင့် = အားကြီးသော မှီရာ ဥပနိဿယ သတ္တိဖြင့် ကျေးဇူးပြုပေးမှုကြောင့် ယင်းမေတ္တာဘာဝနာစိတ်သည် ထိုသတ္တဝါပညတ်အာရုံ၌ အချိန်အနည်းငယ် အတွင်းမှာပင် ငြိမ်ဝပ်စွာကပ်၍ တည်နေတတ်ပေသည်။ အကယ်၍ ထိုသတ္တဝါပညတ်အာရုံမှာ ပျောက်ပျောက်သွားခဲ့သော် သြဒါတကသိုဏ်း သို့မဟုတ် အာလောကကသိုဏ်း စတုတ္ထစျာန်သမာဓိကို တစ်ဖန် ပြန်၍ ဝင်စားပါ။ လင်းရောင်ခြည်စွမ်းအင်များ အားကောင်းလာသောအခါ ထိုသတ္တဝါပညတ်ကို တစ်ဖန်ပြန်၍ အာရုံယူပါ။ ထိုသတ္တဝါပညတ်အာရုံသည် တစ်ဖန်ပြန်၍ ထင်ရှားလာသောအခါ မေတ္တာဘာဝနာ ကမ္မဋ္ဌာန်းကို ဆက်လက်စီးဖြန်းပါ။ ထိုသတ္တဝါပညတ်အာရုံ၌ မေတ္တာဘာဝနာစိတ်ကို တစ်နာရီ နှစ်နာရီစသည့် အချိန်မျှလောက်
——有情概念上。先前以白遍、光明遍等建立到第四禅的修习定,由于能提供强大的亲依止力,慈修习心很快便能安稳地贴住所缘。如果该有情概念时而消失,应重新进入白遍或光明遍第四禅;光明再次强盛时,再取该有情概念为所缘。它重新清楚以后,继续散播慈业处,努力使慈修习心在此所缘上安住一小时、两小时等长时间——
ငြိမ်ဝပ်စွာ ကပ်၍တည်နေအောင် ကြိုးစားအားထုတ်ပါ။ တစ်နာရီ နှစ်နာရီစသည်ဖြင့် မေတ္တာဘာဝနာစိတ်သည် ထိုသတ္တဝါပညတ်အာရုံ၌ ငြိမ်ဝပ်စွာ ကပ်၍ တည်လာသောအခါ ထိုသမာဓိသည်လည်း ထိုင်တိုင်းရ၍ ခိုင်မြဲ လာသောအခါ စျာန်အင်္ဂါများကို ဆင်ခြင်ကြည့်ပါ။ စျာန်အင်္ဂါငါးပါးတို့ ထင်ရှားနေပါက ပထမစျာန်သမာဓိသို့
——。当慈修习心能如此安住,并且每次入座都能获得稳定的定时,应审察禅支。若五禅支清楚,便已到达第一禅定——
原书第 619 页
သမထကမ္မဋ္ဌာန်းပိုင်း -- မေတ္တာဘာဝနာ ဆိုက်ပြီ ဖြစ်၏။ ယင်း ပထမစျာန်သမာဓိကို ဝသီဘော်ငါးတန် နိုင်နင်းအောင် လေ့ကျင့်၍ ဒုတိယစျာန်သို့၊ ဒုတိယစျာန်သမာဓိကိုလည်း ဝသီဘော် ငါးတန် နိုင်နင်းအောင် လေ့ကျင့်၍ တတိယစျာန်သို့ ဆိုက်အောင် ဆက်လက်ပွားများပါ။
——。应训练第一禅的五自在;熟练以后修到第二禅,再训练第二禅的五自在,继续修到第三禅。
စျာန်အင်္ဂါငါးပါး
五禅支
၁။ ဝိတက် = သတ္တဝါပညတ် အာရုံ၌ မေတ္တာဘာဝနာစိတ်ကို ရှေးရှူတင်ပေးခြင်းသဘော။
一、寻:把慈修习心投向有情概念所缘。
၂။ ဝိစာရ = သတ္တဝါပညတ် အာရုံကို ထပ်ကာထပ်ကာ သုံးသပ်ဆင်ခြင်ခြင်းသဘော။
二、伺:反复审察并持续贴住有情概念所缘。
၃။ ပီတိ = သတ္တဝါပညတ် အာရုံကို နှစ်သက်ခြင်းသဘော။
三、喜:欢喜于有情概念所缘。
၄။ သုခ = သတ္တဝါပညတ် အာရုံ၏ အရသာကို ချမ်းချမ်းသာသာ ခံစားခြင်းသဘော။
四、乐:安乐地体验有情概念所缘的滋味。
၅။ ဧကဂ္ဂတာ = သတ္တဝါပညတ် အာရုံတစ်ခုတည်းပေါ်၌ စိတ်ကျရောက် တည်ငြိမ်နေခြင်းသဘော။
五、一境性:心落在并安住于唯一的有情概念所缘。
''ဤသူတော်ကောင်းသည် စိတ်ဆင်းရဲကင်းပါစေ''ဟူသော မေတ္တာဘာဝနာ၌ တတိယစျာန်သို့ ဆိုက်သည် တိုင်အောင် မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းပြီးသောအခါ ထိုသူတော်ကောင်းကိုပင် ထပ်မံအာရုံယူ၍ ဤသူတော်ကောင်းသည် ----- ၁။ ဘေးရန်ကင်းပါစေ (တတိယစျာန်သို့ ဆိုက်အောင်) ၂။ စိတ်ဆင်းရဲကင်းပါစေ (တတိယစျာန်သို့ ဆိုက်အောင်) ၃။ ကိုယ်ဆင်းရဲကင်းပါစေ (တတိယစျာန်သို့ ဆိုက်အောင်) ၄။ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် မိမိ၏ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ပါစေ (တတိယစျာန်သို့ ဆိုက်- အောင်) --- မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို ဆက်လက်စီးဖြန်းပါ။ ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ လေ့ကျင့်ပါ။
以‘愿这位善人免于心苦’修到第三禅以后,仍以同一位善人为对象,继续依四种方式修慈:一、愿他免于危难——修到第三禅;二、愿他免于心苦——修到第三禅;三、愿他免于身苦——修到第三禅;四、愿他健康安乐,善自维持此身——修到第三禅。应当反复不断地练习。
မေတ္တာစျာန်ကို ကြိမ်ဖန်များစွာ ဝင်စားပါ။
反复进入慈禅。
သစေ ပနဿ ဝေရိမှိ စိတ္တမုပသံဟရတော တေန ကတာပရာဓာနုဿရဏေန ပဋိဃမုပ္ပဇ္ဇတိ၊ အထာနေန ပုရိမပုဂ္ဂလေသု ယတ္ထ ကတ္ထစိ ပုနပ္ပုနံ မေတ္တံ သမာပဇ္ဇိတွာ ဝုဋ္ဌဟိတွာ ပုနပ္ပုနံ တံ ပုဂ္ဂလံ မေတ္တာယန္တေန ပဋိဃံ ဝိနောဒေတဗ္ဗံ။ (ဝိသုဒ္ဓိ-၁-၂၉ဝ။) ပုရိမပုဂ္ဂလေသူတိ ပိယာဒီသု စျာနဿ အာရမ္မဏဘူတေသု ပုရိမေသု ပုဂ္ဂလေသု။ မေတ္တံ သမာပဇ္ဇိ- တွာတိ ပဋိဃံ ဝိက္ခမ္ဘေတွာ ဥပ္ပါဒိတံ မေတ္တာစျာနံ သမာပဇ္ဇိတွာ။ (မဟာဋီ-၁-၃၅၅) ဤအထက်ပါ အဋ္ဌကထာ ဋီကာတို့က ဝေရီ = ရန်သူပုဂ္ဂိုလ်၌ မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းရာ မေတ္တာစျာန်ကို ရသည်တိုင်အောင် အောင်မြင်မှုကို မရဖြစ်နေခဲ့သော် ပိယဂရုဘာဝနီယပုဂ္ဂိုလ်၊ အတိပ္ပိယ သဟာယကပုဂ္ဂိုလ်၊ မဇ္စျတ္တပုဂ္ဂိုလ်တို့၌ မေတ္တာစျာန်ကို အဖန်ဖန် ဝင်စား၍ ဝေရီပုဂ္ဂိုလ်၌ တစ်ဖန်ပြန်၍ မေတ္တာ ဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းပါဟု ညွှန်ကြားထား၏။ ဤညွှန်ကြားချက်များနှင့်အညီ ပုဂ္ဂိုလ်တစ်ဦးတစ်ဦးကို
《清净道论》说:‘如果把心导向怨敌时,由于忆起他所作的伤害而生起嗔恚,就应反复在先前诸人中的任何一人身上进入慈等至,出定以后再反复对那位怨敌修慈,以消除嗔恚。’(《清净道论》1-290。)‘先前诸人’,是指亲爱者等先前曾作为慈禅所缘的人;‘进入慈’,是指镇伏嗔恚以后,进入已经生起的慈禅。(《大复注》1-355。)依这些义注的指导,若以怨敌为对象尚不能成功证得慈禅,应先在亲爱而可敬者、极亲爱的友伴及中立者身上反复进入慈禅,再回到怨敌身上散播慈业处。对每一位对象——
အာရုံပြု၍ မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းရာ၌ တတိယစျာန်သို့ ဆိုက်သည်တိုင်အောင် ပွားများအားထုတ်ဖို့ လိုအပ်ပေသည်။ မေတ္တာစျာန်ကို ကြိမ်ဖန်များစွာ ဝင်စားနိုင်ဖို့ လိုအပ်ပေသည်။
——修慈时,都必须修到第三禅,并能反复进入慈禅。
ထိုကြောင့် အသင်သူတော်ကောင်းသည် အထက်ပါအတိုင်း ပိယဂရုဘာဝနီယ = ချစ်ခင်လေးစားအပ်- သော ဆရာသမားကိုဖြစ်စေ ဆရာသမားနှင့်အလားတူ ကြည်ညိုလေးစားထိုက်သူကို ဖြစ်စေ တတိယစျာန်သို့
因此,善人应先依上法,以亲爱而可敬的导师,或类似导师、值得恭敬的人为对象,成功修到第三——
原书第 620 页
တိုင်အောင်သော မေတ္တာစျာန်ကို အောင်မြင်စွာ ရရှိပြီးသောအခါ အလားတူပင် နောက်ထပ် ကြည်ညိုလေးစား ထိုက်သော ပုဂ္ဂိုလ်တစ်ဦးကို ပြောင်း၍ မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းပါ၊ တတိယစျာန်သို့ ဆိုက်သည့် တိုင်အောင် ပွားများပါ။ မေတ္တာပွားနည်း (၄)မျိုးလုံး၌ မေတ္တာစျာန်ကို ရရှိအောင် ပွားများပါ။
——禅;再换一位值得恭敬的人修慈,同样修到第三禅,并以四种修慈方式全部证得慈禅。
ဘာဝေန္တေန စ ဧကေကသ္မိ ကောဋ္ဌာသေ မုဒုံ ကမ္မနိယံ စိတ္တံ ကတွာ တဒနန္တရေ တဒနန္တရေ ဥပသံဟရိ- တဗ္ဗံ။ (ဝိသုဒ္ဓိ-၁-၂၈၉။) စျာနစိတ္တံ ဥပနေတဗ္ဗံ ဥပ္ပါဒေတဗ္ဗန္တိ အတ္ထော။ (မဟာဋီ-၁-၃၅၄။) မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို မေတ္တာစျာန်ရသည့်တိုင်အောင် ပွားများအားထုတ်ရမည့် ပုဂ္ဂလကောဋ္ဌာသ = ပုဂ္ဂိုလ်အုပ်စုသည် ပိယဂရုဘာဝနီယ၊ အတိပ္ပိယသဟာယက၊ မဇ္စျတ္တ၊ ဝေရီဟု လေးအုပ်စု ရှိ၏။ မေတ္တာ ဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းသော ယောဂါဝစရပုဂ္ဂိုလ်သည် ပုဂ္ဂိုလ်အုပ်စု တစ်ခုတစ်ခု၌ စိတ်ဓာတ်ကို နူးညံ့- အောင် မေတ္တာဘာဝနာအမှု၌ ခံ့ညားအောင် ပြုပြင်ပြီးမှ မေတ္တာစျာန်ကို ကြိမ်ဖန်များစွာ ဝင်စား၍ နူးညံ့အောင် ပြုပြီးမှ နောက်ပုဂ္ဂိုလ်အုပ်စု တစ်ခု တစ်ခု၌ မေတ္တာစျာန်စိတ်ကို ရှေးရှုဆောင်အပ် ဖြစ်စေအပ်၏ဟု ညွှန်ကြား ထားသောကြောင့် ပုဂ္ဂိုလ်အုပ်စု တစ်မျိုးတစ်မျိုး၌ အနည်းဆုံး ဆယ်ယောက် အယောက်နှစ်ဆယ်ခန့်လောက်
《清净道论》说:‘修习者应在每一类对象上令心柔软、适业,然后依次导向紧接着的下一类。’(《清净道论》1-289。)也就是说,应把禅心导向下一类并令它生起。(《大复注》1-354。)应修到慈禅的对象共有四类:亲爱而可敬者、极亲爱的友伴、中立者、怨敌。瑜伽行者在每一类对象上修慈,令心柔软而善于从事慈修习,并反复进入慈禅以后,才把慈禅心依次导向下一类。因此,每一类至少应选十至二十人——
မေတ္တာစျာန်ကို ရရှိအောင် ကြိုးစားအားထုတ်ပါ။
——努力修到证得慈禅。
၁။ ပိယဂရုဘာဝနီယပုဂ္ဂိုလ်၌ အယောက် (၂ဝ)ခန့်၊ ၂။ အတိပ္ပိယသဟာယကပုဂ္ဂိုလ်၌ အယောက် (၂ဝ)ခန့်၊ ၃။ မဇ္စျတ္တပုဂ္ဂိုလ်၌ အယောက် (၂ဝ)ခန့်၊ ၄။ ဝေရီပုဂ္ဂိုလ်၌ ရှိခဲ့လျှင် ရှိသမျှပုဂ္ဂိုလ် --- ဤသို့ အစဥ်အတိုင်း ပွားပါ။ ပိယဂရုဘာဝနီယပုဂ္ဂိုလ်၌ မေတ္တာစျာန်ကို ဝင်စား၍ စိတ်ဓာတ် နူးညံ့ ပျော့ပျောင်းလာသောအခါ အတိပ္ပိယသဟာယကပုဂ္ဂိုလ်၌ ပြောင်း၍ မေတ္တာစျာန်ကို ရရှိအောင် ကြိုးစားပါ။
次第如下:一、亲爱而可敬者约二十人;二、极亲爱的友伴约二十人;三、中立者约二十人;四、若有怨敌,则对所有怨敌修慈。在亲爱而可敬者身上进入慈禅、令心柔软以后,再转向极亲爱的友伴,努力证得慈禅。
အနည်းဆုံး ဆယ်ယောက် အယောက်နှစ်ဆယ်ခန့်၌ မေတ္တာစျာန်ကို ရရှိအောင်ပွားများပါ။ ထိုအခါ ပိယဂရု- ဘာဝနီယပုဂ္ဂိုလ်နှင့် အတိပ္ပိယသဟာယကပုဂ္ဂိုလ်သည် ညီတူသွား၍ ထိုပုဂ္ဂိုလ်နှစ်မျိုးသည် ပိယပုဂ္ဂိုလ်အုပ်စု၌ တည်၍ ညီမျှသွားပေမည်။ ထိုအခါ မေတ္တာပွားရမည့် ပုဂ္ဂိုလ်အစဥ်မှာ အတ္တ၊ ပိယ၊ မဇ္စျတ္တ၊ ဝေရီ ဟု လေးမျိုး ရှိသွားပေမည်။
至少应对十至二十人修到慈禅。此时,亲爱而可敬者与极亲爱的友伴变得平等,合为亲爱者一类;修慈的对象次第便成为自己、亲爱者、中立者、怨敌四类。
ပိယဂရုဘာဝနီယပုဂ္ဂိုလ်အုပ်စုနှင့် အတိပ္ပိယသဟာယကပုဂ္ဂိုလ်အုပ်စုသည် တစ်ပြေးတစ်ညီတည်းဖြစ်၍ မေတ္တာချင်းညီမျှသွားသော် မေတ္တာစျာန်ကို ကြိမ်ဖန်များစွာ ဝင်စားသဖြင့် စိတ်ဓာတ်သည် နူးညံ့ပျော့ပျောင်း၍ မဇ္စျတ္တပုဂ္ဂိုလ်အုပ်စု၌ ပြောင်း၍ မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းရန် ခံ့ညားလတ်သော် မဇ္စျတ္တ = မချစ် မမုန်း လျစ်လျူရှုထိုက်သူ အလယ်အလတ် ပုဂ္ဂိုလ်တစ်ဦးကို အာရုံယူ၍ မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို တတိယ စျာန်သို့ ဆိုက်သည့်တိုင်အောင် စီးဖြန်းပါ။ အောင်မြင်မှုကို ရရှိခဲ့သော် နောက်တစ်ယောက်၌ အလားတူ မေတ္တာ ပွားပါ။ အနည်းဆုံး အယောက် (၂ဝ)ခန့် မေတ္တာပွားပါ။ မေတ္တာစျာန်ကို ကြိမ်ဖန်များစွာ ဝင်စားပါ။ စိတ်ဓာတ် နူးညံ့ပျော့ပျောင်းလာ၍ ဝေရီ = ရန်သူပုဂ္ဂိုလ် မုန်းသည့်ပုဂ္ဂိုလ် အုပ်စု၌ မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းရန် ခံ့ညားလတ်သော် ရန်သူပုဂ္ဂိုလ် တစ်ယောက် = မုန်းသည့်ပုဂ္ဂိုလ် တစ်ယောက်၌ မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို
亲爱而可敬者与极亲爱的友伴两类平等、慈心无别以后,借助反复进入慈禅,令心柔软而适合转向中立者;然后以一位既不爱也不憎、可中立看待的人为对象,修到第三禅。成功以后,再换另一位作同样的修习;至少应对约二十位中立者修慈,并反复进入慈禅。心变得柔软,适合转向怨敌或自己所憎的人时,便以一位怨敌为对象开始散播慈业处——
စတင်၍ စီးဖြန်းပါ။ အနည်းငယ်မျှ မကျေမနပ်ဖြစ်ဖူးသူကို ရှေ့ဦးစွာ မေတ္တာပွားပါ။ အမုန်းဆုံးပုဂ္ဂိုလ်ကို နောက်ဆုံး ထားပါ။ ရန်သူပုဂ္ဂိုလ် မုန်းသည့်ပုဂ္ဂိုလ် မကျေမနပ်ဖြစ်ဖူးသည့်ပုဂ္ဂိုလ် မရှိက သီးသန့်ရှာကြံ၍ ပွားရန် မလိုပါ။
——。先从自己只曾稍感不满的人开始,把最憎恨的人放在最后。如果没有怨敌、憎恨或不满的人,不必特意寻找一个来修。
ရန်သူပုဂ္ဂိုလ်ရှိမှသာလျှင် ရန်သူပုဂ္ဂိုလ်အုပ်စုကို ပွားရန်ဖြစ်သည်။ ရန်သူပုဂ္ဂိုလ်ရှိပါက ကုန်အောင်ပွားပါ။ ယခု
只有确有怨敌时才修怨敌这一类;若有,就应对所有怨敌修慈。现在——
原书第 621 页
သမထကမ္မဋ္ဌာန်းပိုင်း -- မေတ္တာဘာဝနာ ရေးသားခဲ့သော ပိယ၊ မဇ္စျတ္တ၊ ဝေရီပုဂ္ဂိုလ် အုပ်စုအားလုံးသည် လိင်တူသည့် အသက်ရှင်ဆဲပုဂ္ဂိုလ်သာ ဖြစ်စေ ရမည်။ အောင်မြင်မှု ရရှိပါက သီမာသမ္ဘေဒ = ပုဂ္ဂိုလ်အပိုင်းအခြား ပြိုရန် ဆက်လက်၍ အားထုတ်ရ၏။
——应知:上述亲爱者、中立者和怨敌各组,都必须是与自己同性、仍然在世的人。修习成功以后,继续努力破除界限(sīmāsambheda)。
သီမာသမ္ဘေဒ = အပိုင်းအခြားဖြိုရန်
破除界限(sīmāsambheda)
ဤသူကို အာရုံပြု၍ မေတ္တာစျာန်ကို ပွားများ၍ရ၏၊ ဤသူကို အာရုံပြု၍ မေတ္တာစျာန်ကို ပွားများ၍ မရ ဟုဆိုလျှင် အပိုင်းအခြား ရှိနေသေး၏၊ အပိုင်းအခြား မပြိုသေးပေ။ ဤသူကို အာရုံပြု၍ မေတ္တာစျာန်ကို ဝင်စား ရသည်မှာ ပို၍ ကောင်း၏၊ လွယ်ကူ၏၊ ဤသူကို အာရုံပြု၍ မေတ္တာစျာန်ကို ဝင်စားရသည်မှာ သိပ်မကောင်းလှ၊ မလွယ်ကူလှဟု ဆိုလျှင်လည်း အပိုင်းအခြား ရှိနေသေး၏၊ အပိုင်းအခြား မပြိုသေးပေ။ မေတ္တာချင်း မညီမျှသမျှ အပိုင်းအခြားကား ရှိနေသေးသည်သာ ဖြစ်၏။ အတ္တ၊ ပိယ၊ မဇ္စျတ္တ၊ ဝေရီဟူသော ပုဂ္ဂိုလ်လေးမျိုးလုံး၌ မေတ္တာ စိတ်ဓာတ် ညီမျှအောင် ကြိုးစားအားထုတ်ရ၏။ ပုဂ္ဂိုလ်အုပ်စု အပိုင်းအခြားပြိုအောင် ပုဂ္ဂိုလ်အုပ်စု တစ်ခုနှင့် တစ်ခု မေတ္တာစိတ်ဓာတ် ညီမျှသွားအောင် ကြိုးစားရာ၌ အောက်ပါအစဥ်အတိုင်း ကြိုးစားအားထုတ်ပါ။
如果还会说‘以此人为对象可以证得慈禅,以彼人为对象则不可以’,界限就仍然存在,尚未破除;如果还会说‘以此人为对象进入慈禅较好、较容易,以彼人为对象则不太好、不容易’,界限也仍然存在。只要慈心尚不平等,界限便仍然存在。因此,必须努力使自己、亲爱者、中立者、怨敌四类对象上的慈心平等。为了破除各类人之间的界限,应依下列次第修习。
၁။ အတ္တ = မိမိ၊ ၂။ ပိယ = ပိယဂရုဘာဝနီယ + အတိပ္ပိယသဟာယက၊ ၃။ မဇ္စျတ္တ = မချစ်မမုန်း အလယ်အလတ်ပုဂ္ဂိုလ်၊ ၄။ ဝေရီ = ရန်သူပုဂ္ဂိုလ် မုန်းသည့်ပုဂ္ဂိုလ် --- ထိုတွင် မိမိကိုယ်ကို အာရုံပြု၍ မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းရာ၌ကား မေတ္တာစျာန်ကို မရရှိနိုင်။
一、自己;二、亲爱者,即亲爱而可敬者与极亲爱的友伴;三、中立者,即既不爱也不憎的人;四、怨敌,即仇敌或自己所憎的人。这里,以自己为对象散播慈业处,不能证得慈禅。
သို့သော် ဤအပိုင်း၌ သီမာသမ္ဘေဒ = ပုဂ္ဂိုလ်အုပ်စု အပိုင်းအခြားပြိုရန် အတွက်သာ ပွားများခြင်း ဖြစ်သည်။
但在这一阶段,对自己修慈只是为了破除各类人之间的界限。
ထိုကြောင့် မိမိကိုယ်ကို အာရုံပြု၍ အချိန်အနည်းငယ် မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းပါ။ ထိုနောင် ပိယ ပုဂ္ဂိုလ်တစ်ဦး၌ တတိယစျာန်သို့ ဆိုက်သည်တိုင်အောင် မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းပါ။ ထိုနောင် မဇ္စျတ္တ ပုဂ္ဂိုလ်တစ်ဦး၌လည်း တတိယစျာန်သို့ ဆိုက်သည်တိုင်အောင် မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းပါ။ ထိုနောင် ဝေရီပုဂ္ဂိုလ်တစ်ဦး၌လည်း တတိယစျာန်သို့ ဆိုက်သည်တိုင်အောင် မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းပါ။ ပိယ၊ မဇ္စျတ္တ၊ ဝေရီ ပုဂ္ဂိုလ်သုံးဦးလုံး၌ (၄)ချက်စီ (၄)ချက်စီ ပွားပါ။ တစ်ချက်တစ်ချက်၌ တတိယစျာန်သို့ ဆိုက်ပါစေ။
因此,先以自己为对象短时间修慈;然后以一位亲爱者为对象修到第三禅,再以一位中立者为对象修到第三禅,接着以一位怨敌为对象修到第三禅。对亲爱者、中立者、怨敌三人,都应逐一以四种方式修到第三禅。
အောင်မြင်မှုကို ရရှိခဲ့သော် ----- ၁။ အတ္တ = မိမိကိုယ်ကို တစ်ဖန် ပြန်ပွားပါ။
成功以后,再次对自己修慈。
၂။ ပိယ = နောက်ချစ်သည့် ပုဂ္ဂိုလ်တစ်ယောက်၊ ၃။ မဇ္စျတ္တ = နောက်အလယ်အလတ် မချစ်မမုန်းပုဂ္ဂိုလ်တစ်ယောက်၊ ၄။ ဝေရီ = နောက် ရန်သူပုဂ္ဂိုလ်တစ်ယောက် --- အလားတူပင် ထပ်၍ မေတ္တာပွားပါ။ အတ္တ၌ မေတ္တာစျာန်ကို မရနိုင်သော်လည်း ပိယ၊ မဇ္စျတ္တ၊ ဝေရီ ပုဂ္ဂိုလ်တို့ကို မေတ္တာပွားတိုင်း မေတ္တာပွားတိုင်း (၄)ချက်လုံး၌ တတိယစျာန်သို့ ဆိုက်ပါစေ။ ဤသို့လျှင် ပိယ၊ မဇ္စျတ္တ၊ ဝေရီပုဂ္ဂိုလ်တို့၌ တစ်ယောက်ပြီး တစ်ယောက်၊ တစ်ယောက်ပြီး တစ်ယောက် ပြောင်း၍ အတ္တ၊ ပိယ၊ မဇ္စျတ္တ၊ ဝေရီဟူသော အစဥ်အတိုင်း အကြိမ်များစွာ အခေါက်ပေါင်းများစွာ မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းပါ။
然后换一位亲爱者、一位中立者和一位怨敌,同样再修一轮。虽然以自己为对象不能证得慈禅,但每次对亲爱者、中立者和怨敌修慈时,四种方式都应达到第三禅。如此不断更换亲爱者、中立者与怨敌,依自己、亲爱者、中立者、怨敌的次第,反复许多轮散播慈业处。
ထိုသို့ မေတ္တာပွားရာ၌ မေတ္တာဘာဝနာ၏ အရှုခံအာရုံဖြစ်သည့် သတ္တဝါပညတ်များသည် တစ်ယောက်ပြီး တစ်- ယောက် ပြောင်းနေပါသော်လည်း မေတ္တာဘာဝနာစိတ် မေတ္တာစျာန်စိတ်မှာ ညီမျှမှု ရှိနေအောင် အကြိမ်များစွာ ပွားများပါ။ မေတ္တာဘာဝနာ၏ အရှုခံအာရုံဖြစ်သည့် သတ္တဝါပညတ်တွေသည် မည်သို့ပင် ပြောင်းသွားစေကာမူ
这样修慈时,作为所观所缘的有情概念虽然一个接一个地更换,慈修习心与慈禅心却必须保持平等;无论作为慈修习所缘的有情概念怎样更换——
原书第 622 页
တူညီသော မေတ္တာဘာဝနာစိတ် တစ်မျိုးတစ်စားတည်းသာ တူမျှသော မေတ္တာစျာန် တစ်မျိုးတစ်စားတည်းသာ တည်ရှိနေပါက သီမာသမ္ဘေဒဟူသော ပုဂ္ဂိုလ်အပိုင်းအခြားကား ပြိုသွားပြီ ဖြစ်၏။ အတ္တ၊ ပိယ၊ မဇ္စျတ္တ၊ ဝေရီ ဟူသော ပုဂ္ဂိုလ် လေးမျိုးတို့တွင် မည်သူ့ကို သတ်ဖို့ရန် ခေါ်သွားပါဟု ပြောဆိုနိုင်သေးလျှင် သီမာသမ္ဘေဒ မဖြစ်သေး၊ ပုဂ္ဂိုလ်အပိုင်းအခြား ရှိနေသေး၏။ မည်သူ့ကို သတ်ဖို့ရန် ခေါ်သွားပါဟု မပြောရက်လျှင် ပုဂ္ဂိုလ် လေးမျိုးလုံး၌ ညီမျှသော မေတ္တာစိတ်ဓာတ်ရှိလျှင် သီမာသမ္ဘေဒ ဖြစ်ပြီ၊ ပုဂ္ဂိုလ်အပိုင်းအခြား ပြိုလေပြီ။
——只要始终只有同一种、同等的慈修习心与慈禅,界限便已破除。如果在自己、亲爱者、中立者、怨敌四者之中,还能指出某人交给来索命的人杀害,便还没有破除界限;若不忍把任何一人交出去,对四者的慈心完全平等,才算已经破除界限。
ဧဝံ သီမာသမ္ဘေဒသမကာလမေဝ စ ဣမိနာ ဘိက္ခုနာ နိမိတ္တဉ္စ ဥပစာရဉ္စ လဒ္ဓံ ဟောတိ။ သီမာသမ္ဘေဒေ ပန ကတေ တမေဝ နိမိတ္တံ အာသေဝန္တော ဘာဝေန္တော ဗဟုလီကရောန္တော အပ္ပကသိရေနေဝ ပထဝီကသိဏေ ဝုတ္တနယေနေဝ အပ္ပနံ ပါပုဏာတိ။ (ဝိသုဒ္ဓိ-၁-၃ဝ၁။) ဤဆိုအပ်ခဲ့ပြီးသောနည်းဖြင့် ပုဂ္ဂိုလ်အပိုင်းအခြားကို ပယ်ဖျက်သည်နှင့်မျှသော ကာလ၌သာလျှင် ဤ မေတ္တာကမ္မဋ္ဌာနိက ရဟန်းတော်သည် ပုဂ္ဂိုလ်အပိုင်းအခြား ကင်းသော သတ္တဝါပညတ်နိမိတ်ကိုလည်းကောင်း၊ ဥပစာရစျာန်ကိုလည်းကောင်း ရရှိသည် ဖြစ်၏။ ပုဂ္ဂိုလ်အပိုင်းအခြားကို ပယ်ဖျက်ခြင်း = သီမာသမ္ဘေဒကို ပြုပြီး လတ်သော်ကား ထိုသီမာသမ္ဘေဒ၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသော ပုဂ္ဂိုလ်အပိုင်းအခြား ကင်းနေသော သတ္တဝါ ပညတ်ဟူသော ထိုသမထနိမိတ်ကိုပင်လျှင် ရိုသေစွာ မှီဝဲခဲ့သော် ပွားများခဲ့သော် ကြိမ်ဖန်များစွာ အလေ့အလာ ပြုခဲ့သော် မငြိုမငြင်သဖြင့်လျှင် ပထဝီကသိုဏ်း၌ ဆိုအပ်ခဲ့ပြီးသည့်အတိုင်း ပထမစျာန် ဒုတိယစျာန် တတိယစျာန်
《清净道论》说:‘就在破除界限的同时,这位比丘获得了相与近行;界限破除以后,亲近、修习并多作此相,便能毫不费力地依地遍所说的方法到达安止。’(《清净道论》1-301。)依上述方法一破除人与人之间的界限,修慈比丘便获得没有人员界限的有情概念相与近行禅。其后,恭敬地亲近、修习、反复练习这个由破界而生、没有人员界限的有情概念止相,就能如地遍所说,达到第一禅、第二禅、第三禅——
ဟူသော အပ္ပနာစျာန်သို့ ရောက်ရှိနိုင်၏။ (ဝိသုဒ္ဓိ-၁-၃ဝ၁။) နိမိတ် ----- ကသိုဏ်းကမ္မဋ္ဌာန်းစသည်တို့၌ ထိုထိုကသိုဏ်းဝန်းစသည်ကို သိမ်းဆည်းခြင်းကို အရင်းခံ ပြုသဖြင့် ဘာဝနာ၏စွမ်းအားကြောင့် ရရှိလာသော ဥဂ္ဂဟနိမိတ်ကို အမှီပြု၍ စျာန်၏ကျက်စားရာ အာရုံအဖြစ် ဖြင့် ပဋိဘာဂနိမိတ်သည် ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်ဝ၌ ထင်လာသကဲ့သို့ ဤမေတ္တာကမ္မဋ္ဌာန်း၌ အလားတူ ထင်လာသော ပဋိဘာဂနိမိတ်မည်သည် မရှိပေ။ စင်စစ်အားဖြင့်သော်ကား ဆိုအပ်ခဲ့ပြီးသော အကြင်သို့သော ပုဂ္ဂိုလ်အပိုင်းအခြားကို ဖြိုခွဲဖျက်ဆီးခြင်း ဤသီမာသမ္ဘေဒကို ယောဂါဝစရပုဂ္ဂိုလ်သည် ရရှိ၏၊ ထိုသီမာသမ္ဘေဒ ဖြစ်သော ပုဂ္ဂိုလ်အပိုင်းအခြား ကင်းသော သတ္တဝါပညတ်အာရုံသည်သာလျှင် ပဋိဘာဂနိမိတ်ကဲ့သို့ ဖြစ်ခြင်း- ကြောင့် နိမိတ် မည်၏။ မှန်ပေသည် ---- ယောဂါဝစရပုဂ္ဂိုလ်သည် အတ္တ ပိယ မဇ္စျတ္တ ဝေရီဟူသော ပုဂ္ဂိုလ်
——等安止禅。(《清净道论》1-301。)这里的‘相’需要说明:修遍时,以摄取遍圆相等为入门,由修习力获得取相,再由取相生起作为禅所缘的似相;慈业处却没有同样显现的似相。实际上,瑜伽行者所达到的破界状态,以及由此而有的、没有人员界限的有情概念所缘,因为作用类似似相,所以称为‘相’。瑜伽行者以慈修习力,对自己、亲爱者、中立者、怨敌四者得到平等的慈心,因而得以破除人与人之间的界限——
လေးမျိုးတို့ အပေါ်၌ မေတ္တာဘာဝနာ၏ စွမ်းအားကြောင့် ညီမျှသော မေတ္တာနှင့်ယှဥ်သော စိတ်ထားကို ရရှိသဖြင့် ပုဂ္ဂိုလ်အပိုင်းအခြားကို ဖြိုခွဲဖျက်ဆီးနိုင်ခြင်းဟူသော ထိုသီမာသမ္ဘေဒကို ရရှိလတ်သော် မေတ္တာဘာဝနာ၏ လွန်ကဲသော စွမ်းအား ရှိလာကြသည့် အတွက်ကြောင့် နီဝရဏတို့သည် ကွာကျသွားကြကုန်သည်သာလျှင် ဖြစ်ကုန်၏၊ ကိလေသာတို့သည် ငြိမ်ဝပ်သွားကြကုန်သည်သာလျှင် ဖြစ်ကုန်၏၊ ဥပစာရသမာဓိဖြင့် မေတ္တာဘာ- ဝနာစိတ်သည် ကောင်းစွာ တည်ကြည်လာသည်သာလျှင် ဖြစ်၏။ ထိုကြောင့် --- ပုဂ္ဂိုလ်အပိုင်းအခြား ကင်းသော သတ္တဝါပညတ်နိမိတ်ကိုလည်းကောင်း၊ ဥပစာရစျာန်ကိုလည်းကောင်း ရရှိသည်ဖြစ်၏ -- ဤသို့စသော အထက် ပါ စကားရပ်ကို အဋ္ဌကထာဆရာတော်က ဖွင့်ဆိုသွားတော်မူခြင်း ဖြစ်၏။ (မဟာဋီ-၁-၃၆၃။) ပုဂ္ဂိုလ်အပိုင်းအခြားကင်းသော သီမာသမ္ဘေဒကို မရရှိခင်တုန်းကလည်း ပိယ မဇ္စျတ္တ ဝေရီဟူသော ပုဂ္ဂိုလ်
——。一旦获得这种破界,由于慈修习力强盛,诸盖便退落,烦恼寂静,慈修习心也以近行定善住。因此义注师说他‘获得了没有人员界限的有情概念相与近行禅’。(《大复注》1-363。)在尚未破除界限以前,瑜伽行者以亲爱者、中立者、怨敌等人——
တို့ကို အာရုံယူ၍ ဥပစာရမေတ္တာစျာန် အပ္ပနာမေတ္တာစျာန်တို့ကို ရရှိခဲ့သည်သာ ဖြစ်၏။ ယခုတစ်ဖန် ရရှိသော ဥပစာရစျာန် အပ္ပနာစျာန်တို့ကား ပုဂ္ဂိုလ်အပိုင်းအခြားကို ဖြိုခွဲဖျက်ဆီးနိုင်ခြင်း သီမာသမ္ဘေဒကို ရရှိပြီးနောက်မှ ပုဂ္ဂိုလ်အပိုင်းအခြားကင်းသော သတ္တဝါပညတ်ကို အာရုံပြု၍ဖြစ်ပေါ်လာသော ဥပစာရစျာန် အပ္ပနာစျာန်ဟူသော မေတ္တာစျာန်တို့ကိုသာ ရည်ညွှန်းထားသည်ဟု မှတ်သားပါ။
——为对象,也已获得近行慈禅与安止慈禅。这里再次说到的近行禅与安止禅,则专指破界以后,以没有人员界限的有情概念为所缘而生起的慈禅。
原书第 623 页
သမထကမ္မဋ္ဌာန်းပိုင်း -- မေတ္တာဘာဝနာ ထိုသို့ သီမာသမ္ဘေဒကို ရရှိပြီးနောက် ယောဂါဝစရပုဂ္ဂိုလ်သည် ----- ၁။ အနောဓိသောဖရဏာ မေတ္တာ စေတောဝိမုတ္တိ (၅)မျိုး၊ ၂။ သြဓိသောဖရဏာ မေတ္တာ စေတောဝိမုတ္တိ (၇)မျိုး၊ ၃။ ဒိသာဖရဏာ မေတ္တာ စေတောဝိမုတ္တိ (၁ဝ)မျိုး --- တို့ကို ဆက်လက်၍ အားထုတ်နိုင်ပေသည်။
破除界限以后,瑜伽行者可以继续修习:一、五种无限定遍满慈心解脱;二、七种有限定遍满慈心解脱;三、十种方位遍满慈心解脱。
ပဌမဇ္စျာနာဒိဝသေန အပ္ပနာပ္ပတ္တစိတ္တဿေဝ ဟိ အယံ ဝိကုဗ္ဗနာ သမ္ပဇ္ဇတိ။ (ဝိသုဒ္ဓိ-၁-၃ဝ၁။) တမ္ပိ အပ္ပနာပ္ပတ္တစိတ္တဿေဝ သမ္ပဇ္ဇတီတိ ဝေဒိတဗ္ဗံ။ (ဝိသုဒ္ဓိ-၁-၃ဝ၂။) အပ္ပနာပ္ပတ္တစိတ္တဿေဝ န ဥပစာရမတ္တလာဘိနော။ ပဂုဏဗလဝဘာဝါပါဒနေန ဝေပုလဒာဒိဝိသေသ- ပ္ပတ္တဿ သြဓိသော၊ အနောဓိသော စ ဒိသာဖရဏာဒိဝသေန စျာနဿ ပဝိဇမ္ဘနာ ဝိကုဗ္ဗနာ ဝိဝိဓာ ကိရိယာတိ ကတွာ။ (မဟာဋီ-၁-၃၆၃။) ဤအထက်ပါ အဋ္ဌကထာ ဋီကာတို့၏ ညွှန်ကြားတော်မူချက်နှင့်အညီ အနောဓိသောဖရဏာ မေတ္တာ၊ သြဓိသောဖရဏာ မေတ္တာ၊ ဒိသာဖရဏာ မေတ္တာတို့ကို ပွားများအားထုတ်လိုသော ယောဂါဝစရပုဂ္ဂိုလ်သည် သီမာသမ္ဘေဒကို ရရှိပြီးနောက် ပိယ မဇ္စျတ္တ ဝေရီဟူသော သတ္တဝါပညတ် အာရုံ၌ ပထမစျာန် ဒုတိယစျာန် တတိယစျာန်ဟူသော အပ္ပနာစျာန်တို့ကို ရရှိထားပြီး ဖြစ်ရပေမည်။ ဥပစာရစျာန်ကို ရရှိရုံမျှဖြင့်ကား မလုံ- လောက်သေး ဟူလိုသည်။ (စတုက္ကနည်းအရ မေတ္တာတတိယစျာန် ပဉ္စကနည်းအရ မေတ္တာစတုတ္ထစျာန်ကို
《清净道论》说:‘只有以初禅等达到安止的心,才能成就这种变通。’(《清净道论》1-301。)‘这一点也应知只有达到安止的心才能成就。’(《清净道论》1-302。)也就是说,这只适用于已经达到安止的人,而不适用于仅得近行的人。‘变通’是指:由于已令禅熟练、强盛而达到广大等殊胜,禅便能以有限定、无限定及方位遍满等方式扩展,作种种活动。因此,想修习无限定遍满慈、有限定遍满慈与方位遍满慈的瑜伽行者,在破除界限以后,必须已在亲爱者、中立者、怨敌等有情概念所缘上证得初禅、第二禅、第三禅等安止禅;仅得近行禅还不够——
အဝါးဝစွာ လေ့လာထားပြီး ပွားများထားပြီး ဖြစ်ရမည် ဟူလို။)
——。也就是说,依四分法须熟练修习慈第三禅,依五分法则须熟练修习慈第四禅。
အနောဓိသောဖရဏာ မေတ္တာ စေတောဝိမုတ္တိ (၅) မျိုး
无限定遍满慈心解脱的五种
၁။ သဗ္ဗေ သတ္တာ (က) အဝေရာ ဟောန္တု၊ ( ခ ) အဗျာပဇ္ဇာ ဟောန္တု၊ ( ဂ ) အနီဃာ ဟောန္တု၊ (ဃ) သုခီ အတ္တာနံ ပရိဟရန္တု။
一、sabbe sattā:愿一切有情:(甲)免于危难;(乙)免于心苦;(丙)免于身苦;(丁)健康安乐,善自维持此身。
၂။ သဗ္ဗေ ပါဏာ ။ ပ ။
二、sabbe pāṇā:愿一切有息者如是。
၃။ သဗ္ဗေ ဘူတာ ။ ပ ။
三、sabbe bhūtā:愿一切已生者如是。
၄။ သဗ္ဗေ ပုဂ္ဂလာ ။ ပ ။
四、sabbe puggalā:愿一切补特伽罗如是。
၅။ သဗ္ဗေ အတ္တဘာဝပရိယာပန္နာ (က) အဝေရာ ဟောန္တု၊ ( ခ ) အဗျာပဇ္ဇာဟောန္တု၊ ( ဂ ) အနီဃာ ဟောန္တု၊ (ဃ) သုခီ အတ္တာနံ ပရိဟရန္တု။
五、sabbe attabhāvapariyāpannā:愿一切属于个体生命者:(甲)免于危难;(乙)免于心苦;(丙)免于身苦;(丁)健康安乐,善自维持此身。
၁။ ခပ်သိမ်းကုန်သော ခန္ဓာငါးပါး၌ ငြိကပ်တွယ်တာခြင်း ရှိကြကုန်သော သတ္တဝါတို့သည် ----- (က) ဘေးရန် ကင်းကြပါစေ၊ ( ခ ) စိတ်ဆင်းရဲ ကင်းကြပါစေ၊ ( ဂ ) ကိုယ်ဆင်းရဲ ကင်းကြပါစေ၊
一、愿一切执著五蕴的有情:(甲)免于危难;(乙)免于心苦;(丙)免于身苦——
原书第 624 页
(ဃ) ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ကြပါစေ။
——;(丁)健康安乐,善自维持此身。
၂။ ခပ်သိမ်းကုန်သော ထွက်သက် ဝင်သက် ရှိကြကုန်သော သတ္တဝါတို့သည်။ ပ ။
二、愿一切有出息入息的有情如是。
၃။ ခပ်သိမ်းကုန်သော ကံကိလေသာကြောင့် ထင်ရှားဖြစ်ကြကုန်သော သတ္တဝါတို့သည်။ ပ ။
三、愿一切因业与烦恼而显现、已经出生的有情如是。
၄။ ခပ်သိမ်းကုန်သော ငရဲသို့ ကျရောက်ခြင်းသဘော ရှိကြကုန်သော သတ္တဝါတို့သည်။ ပ ။
四、愿一切具有堕入地狱之性质的有情如是。
၅။ ခပ်သိမ်းကုန်သော ခန္ဓာကိုယ်အတ္တဘော၌ အကျုံးဝင်ကြကုန်သော သတ္တဝါတို့သည်။ ပ ။
五、愿一切摄属于此身个体生命的有情如是。
သြဓိသောဖရဏာ မေတ္တာ စေတောဝိမုတ္တိ (၇) မျိုး
有限定遍满慈心解脱的七种
၁။ သဗ္ဗာ ဣတ္ထိယော (က) အဝေရာ ဟောန္တု၊ ( ခ ) အဗျာပဇ္ဇာ ဟောန္တု၊ ( ဂ ) အနီဃာ ဟောန္တု၊ (ဃ) သုခီ အတ္တာနံ ပရိဟရန္တု။
一、sabbā itthiyo:愿一切女性:(甲)免于危难;(乙)免于心苦;(丙)免于身苦;(丁)健康安乐,善自维持此身。
၂။ သဗ္ဗေ ပုရိသာ ။ ပ ။
二、sabbe purisā:愿一切男性如是。
၃။ သဗ္ဗေ အရိယာ ။ ပ ။
三、sabbe ariyā:愿一切圣者如是。
၄။ သဗ္ဗေ အနရိယာ ။ ပ ။
四、sabbe anariyā:愿一切非圣者如是。
၅။ သဗ္ဗေ ဒေဝါ ။ ပ ။
五、sabbe devā:愿一切天人如是。
၆။ သဗ္ဗေ မနုဿာ ။ ပ ။
六、sabbe manussā:愿一切人类如是。
၇။ သဗ္ဗေ ဝိနိပါတိကာ (က) အဝေရာ ဟောန္တု၊ ( ခ ) အဗျာပဇ္ဇာ ဟောန္တု၊ ( ဂ ) အနီဃာ ဟောန္တု၊ (ဃ) သုခီ အတ္တာနံ ပရိဟရန္တု။
七、sabbe vinipātikā:愿一切堕恶趣者:(甲)免于危难;(乙)免于心苦;(丙)免于身苦;(丁)健康安乐,善自维持此身。
၁။ ခပ်သိမ်းကုန်သော အမျိုးသမီးတို့သည် ----- (က) ဘေးရန်ကင်းကြပါစေ၊ ( ခ ) စိတ်ဆင်းရဲကင်းကြပါစေ၊ ( ဂ ) ကိုယ်ဆင်းရဲကင်းကြပါစေ၊ (ဃ) ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ကြပါစေ။
一、愿一切女性:(甲)免于危难;(乙)免于心苦;(丙)免于身苦;(丁)健康安乐,善自维持此身。
၂။ ခပ်သိမ်းကုန်သော အမျိုးသားတို့သည်။ ပ ။
二、愿一切男性如是。
၃။ ခပ်သိမ်းကုန်သော အရိယာသူတော်ကောင်းတို့သည်။ ပ ။
三、愿一切圣者如是。
၄။ ခပ်သိမ်းကုန်သော အရိယာမဟုတ်သော ပုထုဇန်တို့သည်။ ပ ။
四、愿一切非圣凡夫如是。
၅။ ခပ်သိမ်းကုန်သော နတ် (ဗြဟ္မာ) တို့သည်။ ပ ။
五、愿一切天人及梵天如是。
၆။ ခပ်သိမ်းကုန်သော လူသားတို့သည်။ ပ ။
六、愿一切人类如是。
၇။ ခပ်သိမ်းကုန်သော အပါယ်သား သတ္တဝါတို့သည်။ ပ ။
七、愿一切恶趣有情如是。
အနောဓိသောဖရဏာ မေတ္တာ စေတောဝိမုတ္တိ (၅)မျိုး၊ သြဓိသောဖရဏာ မေတ္တာ စေတောဝိမုတ္တိ (၇)မျိုး နှစ်ရပ်ပေါင်းသော် (၁၂)မျိုးတည်း။ တစ်မျိုးတစ်မျိုး၌ ဘေးရန်ကင်းကြပါစေ - စသည်ဖြင့် (၄)ချက် (၄)ချက်စီ မေတ္တာပွားရသဖြင့် (၄ × ၁၂ = ၄၈) မျိုး ဖြစ်သည်။
五种无限定遍满慈心解脱与七种有限定遍满慈心解脱,合计十二种;每一种都以‘愿免于危难’等四种方式修慈,所以共有四乘十二,即四十八种。
原书第 625 页
ပွားများအားထုတ်ပုံ အစီအစဥ်
修习次第
၁။ မိမိရရှိထားပြီးသော သြဒါတကသိုဏ်း သို့မဟုတ် အာလောကကသိုဏ်းကို အာရုံပြု၍ စတုတ္ထစျာန် သမာဓိသို့ ဆိုက်အောင် သမာဓိကို ထူထောင်ပါ။
一、以自己已经修成的白遍或光明遍为所缘,建立定直到第四禅。
၂။ အတ္တ၊ ပိယ၊ မဇ္စျတ္တ၊ ဝေရီ ပုဂ္ဂိုလ်လေးမျိုးတို့၌ ပုဂ္ဂိုလ်အပိုင်းအခြား ကင်းအောင် သီမာသမ္ဘေဒကို ရရှိ ပြီးနောက် ပိယ မဇ္စျတ္တ ဝေရီဟူသော သတ္တဝါပညတ်အာရုံ၌ မေတ္တာစျာန်ကို ကြိမ်ဖန်များစွာ ဝင်စားပါ။
二、在自己、亲爱者、中立者、怨敌四类人之间破除界限以后,以亲爱者、中立者和怨敌的有情概念为所缘,反复进入慈禅。
၃။ မေတ္တာညီမျှသောအခါ ကျောင်းဝင်းတစ်ခုအတွင်း၌ သို့မဟုတ် ခြံဝင်းတစ်ခုအတွင်း၌ တည်ရှိသော အထက်ပါ ပုဂ္ဂိုလ် (၁၂)မျိုးကို လင်းရောင်ခြည် စွမ်းအင်အကူအညီဖြင့် မြင်အောင်ကြည့်ပါ။ အမျိုးသား အမျိုးသမီး အရိယာ ပုထုဇန် လူ နတ် တိရစ္ဆာန် အပါယ်သားသတ္တဝါအားလုံးကို ခြုံငုံ၍ မြင်အောင် ကြည့်ပါ။ မြင်သောအခါ ထိုသတ္တဝါ အားလုံးကို အာရုံပြု၍ -----
三、慈心平等时,借助光明看见一座寺院或一个围院范围内上述十二类对象:男性、女性、圣者、凡夫、人、天人、畜生及恶趣有情等。清楚看见以后,以这一切有情为所缘——
ခန္ဓာငါးပါး၌ ငြိကပ်တွယ်တာခြင်းရှိကြကုန်သော သတ္တဝါအားလုံးတို့သည် -- ဘေးရန်ကင်းကြပါစေ
——愿一切执著五蕴的有情免于危难。
ဘေးရန်ကင်းကြပါစေ ဟု မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို ကြိမ်ဖန်များစွာ စီးဖြန်းပါ။ တတိယစျာန်သို့ ဆိုက်သည် တိုင်အောင် စီးဖြန်းပါ။ အောင်မြင်မှုကို ရရှိပါက စိတ်ဆင်းရဲကင်းကြပါစေ၌လည်း တတိယစျာန်သို့ ဆိုက်- ရောက်အောင်၊ ကိုယ်ဆင်းရဲကင်းကြပါစေ၌လည်း တတိယစျာန်သို့ ဆိုက်အောင်၊ ကျန်းကျန်းမာမာ ချမ်းချမ်း သာသာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ကြပါစေ၌လည်း တတိယစျာန်သို့ ဆိုက်အောင် ဆက်လက်၍ မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းပါ။ သဗ္ဗေသတ္တာ၌ (၄)ချက် မေတ္တာပွားရသကဲ့သို့ - သဗ္ဗေပါဏာ စသည် တို့၌လည်း အလားတူပင် (၄)ချက်စီ မေတ္တာပွားပါ။ အားလုံးပေါင်းသော် (၁၂ × ၄ = ၄၈) မျိုးသော မေတ္တာစျာန် များကို ရရှိအောင် မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းပါ။
反复散播‘愿免于危难’的慈业处,直到第三禅。成功以后,再分别以‘愿免于心苦’‘愿免于身苦’‘愿健康安乐,善自维持此身’修到第三禅。正如对sabbe sattā以四种方式修慈,对sabbe pāṇā等其余各类也各以四种方式修习;应散播慈业处,证得十二乘四,即四十八种慈禅。
ကျောင်းဝင်းတစ်ခုအတွင်း၌ (၄၈)မျိုးသော မေတ္တာဘာဝနာကမ္မဋ္ဌာန်းတို့ကို စီးဖြန်း၍ အောင်မြင်မှု ရရှိ- သောအခါ၊ ကျောင်းတိုက် နှစ်တိုက်သုံးတိုက် အတွင်း၌ သို့မဟုတ် ခြံဝင်း နှစ်ခုသုံးခုတို့၏ အတွင်း၌ (၄၈)မျိုး၊ ရပ်ကွက်တစ်ခုအတွင်း၌ သို့မဟုတ် ကျေးရွာတစ်ခုအတွင်း၌ (၄၈)မျိုး၊ မြို့နယ်တစ်ခုအတွင်း၌ (၄၈)မျိုး၊ ပြည်နယ် တစ်ခုအတွင်း၌ (၄၈)မျိုး၊ သို့မဟုတ် တိုင်းတစ်ခုအတွင်း၌ (၄၈)မျိုး၊ တိုင်းပြည်တစ်ပြည်အတွင်း၌ (၄၈)မျိုး၊ တစ်ကမ္ဘာလုံး၌ (၄၈)မျိုး၊ (၃၁)ဘုံဟူသော စကြဝဠာတစ်ခုလုံး၌ (၄၈)မျိုး၊ အနန္တစကြဝဠာတို့၌ (၄၈)မျိုး ----- ဤသို့ တဖြည်းဖြည်း ဖြန့်ကြက်၍ မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းပါ။
在一座寺院范围内成功修成四十八种慈以后,依次扩大范围:两三座寺院或两三个围院、一个街区或村庄、一个城镇、一个省或行政区、一个国家、整个世界、含三十一界的一整个轮围世界,直至无量轮围世界;每一范围都修习四十八种慈,逐步扩展散播。
ဒိသာဖရဏာ မေတ္တာ စေတောဝိမုတ္တိ (၁ဝ) မျိုး
十方遍满慈心解脱的十种
အထက်ပါအတိုင်း အနန္တစကြဝဠာသို့ တိုင်အောင် ဖြန့်ကြက်၍ မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို ပွားများလျက် မေတ္တာစျာန်ကို ရရှိသောအခါ ----- ၁။ အရှေ့တည့်တည့် အနန္တစကြဝဠာ၌ (၄၈)မျိုး၊ ၂။ အနောက်တည့်တည့် အနန္တစကြဝဠာ၌ (၄၈)မျိုး၊ ၃။ မြောက်တည့်တည့် အနန္တစကြဝဠာ၌ (၄၈)မျိုး၊ ၄။ တောင်တည့်တည့် အနန္တစကြဝဠာ၌ (၄၈)မျိုး၊ ၅။ အရှေ့တောင်ထောင့်အရပ် အနန္တစကြဝဠာ၌ (၄၈)မျိုး၊ ၆။ အနောက်မြောက်ထောင့်အရပ် အနန္တစကြဝဠာ၌ (၄၈)မျိုး၊
如上将慈修习扩展到无量轮围世界并证得慈禅以后,再向各方修习:一、正东方的无量轮围世界,四十八种;二、正西方,四十八种;三、正北方,四十八种;四、正南方,四十八种;五、东南方,四十八种;六、西北方,四十八种——
原书第 626 页
၇။ အရှေ့မြောက်ထောင့်အရပ် အနန္တစကြဝဠာ၌ (၄၈)မျိုး၊ ၈။ အနောက်တောင်ထောင့်အရပ် အနန္တစကြဝဠာ၌ (၄၈)မျိုး၊ ၉။ အောက်အရပ် အနန္တစကြဝဠာ၌ (၄၈)မျိုး၊ ၁ဝ။ အထက်အရပ် အနန္တစကြဝဠာ၌ (၄၈)မျိုး --- ဤသို့လျှင် အရပ်ဆယ်မျက်နှာတို့၌ (၁ဝ × ၄၈ = ၄၈ဝ) သော မေတ္တာစျာန်တို့ကို ရရှိအောင် ကြိုးစား အားထုတ်ပါ။ အနန္တစကြဝဠာသို့တိုင်အောင် ဖြန့်ကြက်လျက် ပွားများထားအပ်သော မေတ္တာစျာန် (၄၈)မျိုးကိုပါ ထပ်၍ ပေါင်းသော် (၄၈ + ၄၈ဝ = ၅၂၈) သွယ်သော မေတ္တာကမ္မဋ္ဌာန်း မေတ္တာစျာန်များကို ရရှိနိုင်ပေသည်။
——;七、东北方,四十八种;八、西南方,四十八种;九、下方,四十八种;十、上方,四十八种。十方共十乘四十八,即四百八十种慈禅;再加上遍满无量轮围世界的一般四十八种,合计四十八加四百八十,即五百二十八种慈业处、慈禅。
ဤ (၅၂၈) သွယ်သော မေတ္တာစျာန်တို့ကို အဝါးဝစွာ နိုင်နိုင်နင်းနင်း ဝင်စားနိုင်သော ယောဂါဝစရပုဂ္ဂိုလ်သည် မေတ္တသုတ္တန်စသော ထိုထိုသုတ္တန်တို့၌လာရှိသော မေတ္တာပွားနည်းများကို ပြောင်း၍ ပွားများအားထုတ်ပါက မေတ္တာစျာန်များကို လွယ်ကူစွာပင် ရရှိနိုင်ပေသည်။
能够熟练、自如进入这五百二十八种慈禅的瑜伽行者,若改用《慈经》等诸经所说的修慈方法来修,也能轻易证得慈禅。
မေတ္တာစျာန်၏ အကျိုး (၁၁) ပါး
慈禅的十一种功德
ရဟန်းတို့ …စင်စစ်အားဖြင့် အရပ်ဆယ်မျက်နှာ အနန္တစကြဝဠာတို့၌ သတ္တဝါအားလုံးတို့အပေါ်ဝယ် ဖြန့်ကြက်၍ ရိုသေသဖြင့် မှီဝဲအပ်သော၊ မေတ္တာစျာန်ဆိုက်သည်တိုင်အောင် ပွားများ၍ ထားအပ်သော၊ မေတ္တာ စျာန်ဝင်စားခြင်းကို ကြိမ်ဖန်များစွာ အလေ့အလာပြုအပ်သော၊ ကပြီးသော ယာဥ်ကဲ့သို့ ပြုအပ်ပြီးသော၊ တည်ရာ ဝတ္ထုကဲ့သို့ ပြုအပ်ပြီးသော၊ စွဲစွဲမြဲမြဲ ခိုင်ခိုင်ခံ့ခံ့ တည်တံ့အောင် ဆောက်တည်ထားအပ်သော၊ ဝသီဘော် ငါးတန် နိုင်နင်းအောင် လေ့ကျင့်အပ်ပြီးသော၊ စိတ်၏ ဒေါသစသော ဆန့်ကျင်ဘက် တရားတို့မှ လွတ်မြောက်ကြောင်း ဖြစ်သော မေတ္တာ စေတောဝိမုတ္တိ၏ (၁၁)ပါးကုန်သော အကျိုးတရားတို့ကို မချွတ်ဧကန် ရလိမ့်မည်ဟု မျှော်လင့် အပ်ကုန်၏။ အဘယ် (၁၁)ပါးတို့နည်းဟူမူ ----- ၁။ ချမ်းသာစွာ အိပ်စက်ရ၏။
‘诸比丘,当慈心解脱受到恭敬地亲近、修习、多作,被作为车乘、作为所依而建立,牢固安住,并以五自在善加训练时,可以期待十一种功德。’也就是说,慈禅遍满十方无量轮围世界的一切有情,修习直到安止,并反复进入;它被充分运用、奠定为所依、牢固建立,且已训练到熟练五自在,能使心从嗔怒等相反法中解脱。这样修习慈心解脱,必定可以期待十一种功德。是哪十一种呢?一、安乐入睡。
၂။ ချမ်းသာစွာ အိပ်ရာမှ နိုးရ၏။
二、安乐醒来。
၃။ ယုတ်မာသော မကောင်းသော အိပ်မက်ဆိုးကို မမြင်မက်ရ။
三、不做恶梦。
၄။ လူသားတို့၏ ချစ်ခင်မြတ်နိုးမှုကို ခံယူရ၏။
四、为人所爱。
၅။ နတ်တို့၏ ချစ်ခင်မြတ်နိုးမှုကို ခံယူရ၏။
五、为非人所爱。
၆။ နတ်တို့သည် ရင်ဝယ်သားကဲ့သို့ သနားစောင့်ရှောက်ကုန်၏။
六、诸天如护爱子一般守护他。
၇။ ထိုမေတ္တာစျာန်ကို ဖြန့်ကြက်လေ့ ရှိသသူအား မီးသည်လည်းကောင်း၊ အဆိပ်သည်လည်းကောင်း၊ လက်နက်သည်လည်းကောင်း မရောက်မကပ်။
七、火、毒与刀兵不能伤害他。
၈။ မေတ္တာစျာန်ဖြင့် နေလေ့ရှိသောပုဂ္ဂိုလ်၏ စိတ်သည် လျင်မြန်စွာ တည်ကြည်၏၊ သမာဓိ အဖြစ်မြန်၏။
八、心迅速得定。
၉။ မျက်နှာအဆင်းသည် ကြည်လင်၏။
九、容颜明净。
၁ဝ။ မတွေမဝေသည်ဖြစ်၍ စုတေရ၏။
十、临终不迷惑。
၁၁။ မေတ္တာစျာန်သမာပတ်ထက် အလွန်ဖြစ်သော အရဟတ္တဖိုလ် တိုင်အောင်သော အထက် မဂ်ဖိုလ်ကို
十一、如果未能证悟超越慈禅等至、直至阿罗汉果的更高道果——
ထိုးထွင်း မသိခဲ့သော် ဗြဟ္မာပြည်သို့ လားရ၏။ (အံ-၃-၅၄၂။)
——便往生梵天界。(《增支部》3-542。)
原书第 627 页
ကရုဏာဘာဝနာ
悲修习
အသင်သူတော်ကောင်းသည် ရှေးဦးစွာ မိမိနှင့် နီးစပ်ရာ လိင်တူ အသက်ရှင်ဆဲ ဒုက္ခိတသတ္တဝါတစ်ဦးကို ရွေးချယ်ပါ။ ထိုသတ္တဝါ၏ ဆင်းရဲဒုက္ခများကို ဆင်ခြင်ပါ။ ကရုဏာကို ဖြစ်စေပါ။
善人,首先选择一位与自己亲近、同性、仍然在世而正在受苦的有情;思惟他的痛苦,令悲心生起。
ထိုနောင် သြဒါတကသိုဏ်း သို့မဟုတ် အာလောကကသိုဏ်း စတုတ္ထစျာန်ကို ပြန်ဝင်စားပါ။ လင်းရောင်- ခြည်စွမ်းအင်များ အားကောင်းလာသောအခါ အထက်ပါ ဒုက္ခိတသတ္တဝါကို လင်းရောင်ခြည်စွမ်းအင် အကူ အညီဖြင့် မြင်အောင်ကြည့်ပါ။ မြင်သောအခါ ထိုဒုက္ခိတသတ္တဝါကို အာရုံပြု၍ မေတ္တာစျာန်ကို ဝင်စားပါ။ ထိုနောင် မေတ္တာစျာန်မှ ထ၍ ထိုဒုက္ခိတသတ္တဝါကိုပင် အာရုံပြု၍ ----- အယံ သပ္ပုရိသော ဒုက္ခာ မုစ္စတု။
然后重新进入白遍或光明遍第四禅。光明强盛时,借助光明看见上述受苦的有情;看见以后,以他为对象进入慈禅。出慈禅以后,仍以这位受苦者为对象,作意:‘Ayaṃ sappuriso dukkhā muccatu——’
= ဤသူတော်ကောင်းသည် ဆင်းရဲဒုက္ခမှ လွတ်ပါစေ။ --- ဤသို့ကြိမ်ဖန်များစွာ ကရုဏာဘာဝနာကို ပွားပါ။ တတိယစျာန်သို့ ဆိုက်သည်တိုင်အောင် ဝသီဘော် ငါးတန် နိုင်နင်းအောင် ပွားများပါ။ ထိုနောင် မေတ္တာကမ္မဋ္ဌာန်း၌ ရေးသားတင်ပြခဲ့သည့်အတိုင်း ပိယပုဂ္ဂိုလ်၌၊ ထိုနောင် မဇ္စျတ္တပုဂ္ဂိုလ်၌၊ ထိုနောင် ဝေရီပုဂ္ဂိုလ်၌ အစဥ်အတိုင်း ကရုဏာဘာဝနာကို တတိယစျာန်သို့ ဆိုက်သည် တိုင်အောင် ပွားပါ။
‘愿这位善人脱离痛苦。’如此反复修习悲,直到第三禅,并训练到熟练五自在。然后依慈业处所说的次第,对亲爱者、中立者、怨敌修悲,逐一修到第三禅。
ပုထုဇန်မှန်သမျှ အပါယ်ဘေးဆိုးကြီးမှ မလွတ်သေးသဖြင့် သနားစရာ သတ္တဝါချည်းသာတည်း။ သံသရာ အဆက်ဆက်မှသည် ယနေ့တိုင်အောင် မှားခဲ့မိသော ဒုစရိုက်တို့ကြောင့် အပါယ်ဝဋ်ဆင်းရဲဒုက္ခကို အပါယ်ဘေးမှ မလွတ်သမျှ ခံစားကြရဦးမည်သာ ဖြစ်ကြသဖြင့် သနားစရာချည်းသာတည်း။ သတ္တဝါတိုင်းသည် အိုဘေးဆိုးကြီး နာဘေးဆိုးကြီး သေဘေးဆိုးကြီးမှ မလွတ်မြောက်ကြသေးသဖြင့် သနားစရာချည်းသာတည်း။ ယင်းကဲ့သို့သော သနားစရာသဘောကို အာရုံယူ၍ သုခိတသတ္တဝါတို့၌လည်း ကရုဏာဘာဝနာကို ပွားနိုင်သည်။
一切凡夫尚未脱离堕恶趣的大危险,都是可悲悯的有情。由于从无始轮回直到今天所造的恶行,只要尚未脱离恶趣之险,就仍可能遭受恶趣轮回的痛苦;又因为一切有情都还不能脱离衰老、疾病与死亡的大危险,所以都值得悲悯。把这些可悲悯之相作为所缘,即使对目前安乐的有情,也能够修悲。
အောင်မြင်မှုကို ရရှိပါက မေတ္တာစျာန်၌ ရေးသားတင်ပြခဲ့သည့်အတိုင်း အတ္တ၊ ပိယ၊ မဇ္စျတ္တ၊ ဝေရီဟူသော ပုဂ္ဂိုလ် လေးမျိုးတို့၌ ပုဂ္ဂိုလ်အပိုင်းအခြားကင်းအောင် သီမာသမ္ဘေဒကိုပြု၍ သီမာသမ္ဘေဒပြုပြီးသော ထိုသတ္တဝါ ပညတ်နိမိတ်ကို မှီဝဲခြင်း ပွားများခြင်း အကြိမ်များစွာ ပြုခြင်းဖြင့် ပထမစျာန် ဒုတိယစျာန် တတိယစျာန်သို့ ဆိုက်အောင် ကရုဏာ အပ္ပနာစျာန်ကို တိုးပွားအောင် ပြုလုပ်ပါ။ ထိုနောင် အနောဓိသောဖရဏာ ကရုဏာ၊ သြဓိသောဖရဏာ ကရုဏာ၊ ဒိသာဖရဏာ ကရုဏာဘာဝနာတို့ကို ဆက်လက်ပွားများပါ။
成功以后,依慈禅所说的方法,在自己、亲爱者、中立者、怨敌四类人之间破除界限;亲近、修习并反复练习破界后所得的有情概念相,使悲安止禅增长,达到初禅、第二禅、第三禅。然后继续修习无限定遍满悲、有限定遍满悲与方位遍满悲。
အနန္တစကြဝဠာ သတ္တဝါအားလုံးတို့အပေါ်၌ ဖြန့်ကြက်၍ ပွားများထားအပ်သော ----- ၁။ အနောဓိသောဖရဏာ ကရုဏာဘာဝနာ (၅) မျိုး၊ ၂။ သြဓိသောဖရဏာ ကရုဏာဘာဝနာ (၇) မျိုး၊ ၃။ ဒိသာဖရဏာ ကရုဏာဘာဝနာ (၁ဝ × ၁၂ = ၁၂ဝ) မျိုး၊ အားလုံးပေါင်းသော် ကရုဏာဘာဝနာ (၁၃၂) မျိုးတည်း။
把悲遍满无量轮围世界的一切有情,共有:一、五种无限定遍满悲修习;二、七种有限定遍满悲修习;三、十方乘十二类,即一百二十种方位遍满悲修习。合计一百三十二种悲修习。
原书第 628 页
မုဒိတာဘာဝနာ
喜修习
မုဒိတာဘာဝနာကို ပွားများလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် သုခိတသတ္တဝါဖြစ်သည့် အလွန်ချစ်ခင် မြတ်နိုးအပ်သော အပေါင်းအဖော် သူငယ်ချင်းဖြစ်သည့် လိင်တူ အသက်ရှင်ဆဲ အတိပ္ပိယသဟာယကပုဂ္ဂိုလ်ကို ရွေးချယ်ပါ။ မြင်လိုက်က ဝမ်းသာမှု ရွှင်လန်းမှုကို အများဆုံး ဖြစ်စေနိုင်သည့် ပုဂ္ဂိုလ်ကို ရွေးချယ်ပါ။
想要修习喜的瑜伽行者,应选择一位与自己同性、仍然在世、生活安乐的极亲爱友伴;见到此人时,最能令自己生起欢喜与愉悦。
သြဒါတကသိုဏ်း သို့မဟုတ် အာလောကကသိုဏ်း စတုတ္ထစျာန်သမာဓိကို တစ်ဖန်ပြန်၍ ဝင်စားပါ။
再次进入白遍或光明遍第四禅定。
လင်းရောင်ခြည်စွမ်းအင်များ အားကောင်းလာသောအခါ အထက်ပါ သုခိတသတ္တဝါဖြစ်သည့် အတိပ္ပိယသ- ဟာယက ပုဂ္ဂိုလ်ကို လှမ်းအာရုံ ယူပါ။ လက်နှိပ်မီးဖြင့် ထိုးစိုက်ကြည့်နေသကဲ့သို့ ထိုပုဂ္ဂိုလ်ကို မြင်သောအခါ ထိုပုဂ္ဂိုလ်ကို အာရုံပြု၍ မေတ္တာစျာန်ကို တစ်ဖန် ဝင်စားပါ၊ ထိုနောင် ကရုဏာစျာန်ကို တစ်ဖန် ဝင်စားပါ။
光明强盛时,以前述极亲爱而安乐的人为所缘,令其如在手电照耀下一般清楚显现。看见以后,先以他为对象进入慈禅,再进入悲禅。
ထိုနောင် ကရုဏာစျာန်မှ ထ၍ ထိုပုဂ္ဂိုလ်ကိုပင် အာရုံပြု၍ ----- အယံ သပ္ပုရိသော ယထာလဒ္ဓသမ္ပတ္တိတော မာဝိဂစ္ဆတု။
出悲禅以后,仍以此人为对象作意:‘Ayaṃ sappuriso yathāladdhasampattito mā vigacchatu——’
ဤသူတော်ကောင်းသည် ရရှိပြီးသော စည်းစိမ်ချမ်းသာမှ မရွေ့လျောပါစေသတည်း - ဟု ----- ဤသို့ မုဒိတာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းပါ။ တတိယစျာန်သို့ ဆိုက်အောင် ကြိမ်ဖန်များစွာ ထပ်ကာ ထပ်ကာ ပွားများပါ။ ရှေးရှေးသော ဘာဝနာသမာဓိတို့၏ အားကြီးသော မှီရာ ဥပနိဿယသတ္တိဖြင့် ကျေးဇူး ပြုပေးမှု အရှိန်အဝါ သတ္တိထူးကြီးကို ဆက်ခံရသော ကရုဏာ မုဒိတာဘာဝနာသည် လွယ်ကူချောမောနေမည်သာ ဖြစ်ပေသည်။ အတိတ်က ချမ်းသာခဲ့သည့်ပုံ၊ ပစ္စုပ္ပန်ချမ်းသာနေဆဲပုံ၊ အနာဂတ်၌ ချမ်းသာလတ္တံ့ပုံတို့ကို အာရုံ ယူ၍ ရှုနိုင်သည်သာ ဖြစ်သည်။
‘愿这位善人不失去已经获得的成就与幸福。’如此散播喜业处,反复修到第三禅。由于悲修习与喜修习承接先前诸修习定的强大亲依止力,修习会变得容易顺利。可以取此人过去曾经幸福、现在仍然幸福,或未来将会幸福的形象为所缘。
ထိုနောင် ပိယပုဂ္ဂိုလ်၊ ထိုနောင် မဇ္ဈတ္တပုဂ္ဂိုလ်၊ ထိုနောင် ဝေရီပုဂ္ဂိုလ်၌ အစဥ်အတိုင်း မုဒိတာဘာဝနာကို ဖြစ်စေပါ၊ မုဒိတာစျာန်ကို ရရှိအောင် ကြိုးစားအားထုတ်ပါ။ မုဒိတာအပ္ပနာစျာန်ကို တိုးပွားအောင် ပြုလုပ်ပါ။
然后依次对亲爱者、中立者、怨敌生起喜修习,努力证得喜禅,使喜安止禅增长。
အတ္တ၊ ပိယ၊ မဇ္စျတ္တ၊ ဝေရီ ပုဂ္ဂိုလ်လေးမျိုးတို့၌ ညီမျှသော မုဒိတာဘာဝနာစိတ်ရှိအောင် ပုဂ္ဂိုလ် အပိုင်းအခြား ကင်းအောင် သီမာသမ္ဘေဒကို ပြု၍ သီမာသမ္ဘေဒကို ပြုပြီးသော ထိုသတ္တဝါပညတ်နိမိတ်ကိုပင်လျှင် မှီဝဲခြင်း ပွားများခြင်း ကြိမ်ဖန်များစွာ အလေ့အလာပြုခြင်းဖြင့် မုဒိတာဘာဝနာ အပ္ပနာစျာန်ကို တိုးပွားအောင် ပြုလုပ်ပါ။
应使自己、亲爱者、中立者、怨敌四类对象上的喜修习心平等,破除人与人之间的界限;亲近、修习并反复练习破界后所得的有情概念相,使喜安止禅增长。
ထိုနောင် အနန္တစကြဝဠာ၌ တည်ရှိကြသော အနန္တသတ္တဝါတို့ကို အာရုံပြု၍ ----- ၁။ အနောဓိသောဖရဏာ မုဒိတာဘာဝနာ (၅) မျိုး၊ ၂။ သြဓိသောဖရဏာ မုဒိတာဘာဝနာ (၇) မျိုး၊ ၃။ ဒိသာဖရဏာ မုဒိတာဘာဝနာ (၁ဝ × ၁၂ = ၁၂ဝ) မျိုး၊ အားလုံးပေါင်းသော် မုဒိတာဘာဝနာ (၁၃၂) မျိုး၊ ဤ မုဒိတာဘာဝနာတို့ကို ဆက်လက်၍ ပွားများပါ။ မေတ္တာစျာန်၌ ဆိုခဲ့သည့် အချက်အလက်တို့ကို နည်းမှီ၍သာ ပွားများပါ။
然后以无量轮围世界中的无量有情为对象,继续修习:一、五种无限定遍满喜;二、七种有限定遍满喜;三、十方乘十二类,即一百二十种方位遍满喜。合计一百三十二种喜修习。修法依慈禅所说的要点类推。
原书第 629 页
ဥပေက္ခာဘာဝနာ
舍修习
ဥပေက္ခာဗြဟ္မဝိဟာရဘာဝနာကို ပွားများအားထုတ်လိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ရှေးဦးစွာ ----- ၁။ သြဒါတကသိုဏ်း သို့မဟုတ် အာလောကကသိုဏ်း စတုတ္ထစျာန်ကို တစ်ဖန်ပြန်၍ ဝင်စားပါ။ လင်းရောင်- ခြည် စွမ်းအင်များ အားကောင်းလာသောအခါ ----- ၂။ မချစ်မမုန်း အလယ်အလတ် မဇ္စျတ္တ လိင်တူ အသက်ရှင်ဆဲ ပုဂ္ဂိုလ်တစ်ဦးကို အာရုံပြု၍ တတိယစျာန်သို့ ဆိုက်အောင် မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းပါ။
想要修习舍梵住的瑜伽行者,首先应:一、重新进入白遍或光明遍第四禅;光明强盛以后,二、以一位与自己同性、仍然在世、既不爱也不憎的中立者为对象,散播慈业处直到第三禅。
၃။ ထိုပုဂ္ဂိုလ်ကိုပင် အာရုံပြု၍ တတိယစျာန်သို့ ဆိုက်အောင် ကရုဏာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းပါ။
三、仍以此人为对象,散播悲业处直到第三禅。
၄။ ထိုပုဂ္ဂိုလ်ကိုပင် အာရုံပြု၍ တတိယစျာန်သို့ ဆိုက်အောင် မုဒိတာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းပါ။
四、仍以此人为对象,散播喜业处直到第三禅。
ထိုသို့ ရအပ်ပြီးသော တတိယစျာန်ရှိသော ယောဂါဝစရပုဂ္ဂိုလ်သည် အဝါးဝစွာ လေ့လာအပ်ပြီးသော ယင်း ဗြဟ္မဝိဟာရ တတိယစျာန်မှ ထ၍ ----- ၁။ သုခိတာ ဟောန္တု = သတ္တဝါတို့သည် ချမ်းသာခြင်းသို့ ရောက်ကြပါစေကုန်သတည်းဟု ဤသို့ စသည်ဖြင့် မေတ္တာဗြဟ္မဝိဟာရ တတိယစျာန်သို့ ဆိုက်အောင် မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းခြင်းသည် ယင်း တတိယစျာန်၏ သတ္တဝါတို့ အပေါ်၌ မြတ်နိုးတနာ ပြုသောအားဖြင့် နှလုံးသွင်းခြင်းနှင့် ယှဥ်သည်၏ အဖြစ်ကြောင့်လည်းကောင်း၊ ၂။ ဒုက္ခာ မုစ္စန္တု = သတ္တဝါတို့သည် ဆင်းရဲဒုက္ခမှ လွတ်ကြပါစေကုန်သတည်း -- ဤသို့ ကရုဏာဗြဟ္မ- ဝိဟာရ ဘာဝနာကို တတိယစျာန်သို့ ဆိုက်သည့်တိုင်အောင် စီးဖြန်းခြင်းသည် ယင်း တတိယစျာန်၏ မုန်းခြင်း ချစ်ခြင်း၏ အနီး၌ ကျင်လည်သည်၏ အဖြစ်ကြောင့်လည်းကောင်း၊ ၃။ ယထာလဒ္ဓ သမ္ပတ္တိတော မာဝိဂစ္ဆန္တု = သတ္တဝါတို့သည် ရရှိပြီးသော စည်းစိမ်ချမ်းသာမှ မရွေ့လျော
已经如此获得并熟练三种梵住第三禅以后,从这些禅出定,观见它们的过患:一、以‘sukhitā hontu——愿诸有情获得安乐’等方式修慈梵住直到第三禅,与对有情亲爱作意相应;二、以‘dukkhā muccantu——愿诸有情脱离痛苦’修悲梵住直到第三禅,仍在憎与爱附近活动;三、以‘yathāladdhasampattito mā vigacchantu——愿诸有情不失去已经获得的成就与幸福’——
ကြပါစေကုန်သတည်း -- ဤသို့ မုဒိတာဗြဟ္မဝိဟာရ ဘာဝနာကို တတိယစျာန်သို့ ဆိုက်သည့်တိုင်အောင် စီးဖြန်းခြင်းသည် ယင်း တတိယစျာန်၏ ဝမ်းမြောက်ခြင်း သောမနဿနှင့် ယှဥ်သည်၏ အဖြစ်ကြောင့် ရုန့်ရင်းသည်၏ အဖြစ်ကြောင့်လည်းကောင်း --- ဤသို့လျှင် မေတ္တာဗြဟ္မဝိဟာရ တတိယစျာန် ကရုဏာဗြဟ္မဝိဟာရ တတိယစျာန် မုဒိတာဗြဟ္မဝိဟာရ တတိယစျာန်တို့၌ အပြစ်ကို မြင်အောင်ရှု၍ ဥပေက္ခာဗြဟ္မဝိဟာရ စတုတ္ထစျာန်၏ ငြိမ်သက်သောသဘော ရှိ- သည်၏ အဖြစ်ကြောင့် အကျိုးအာနိသံသကိုလည်း မြင်အောင်ရှု၍ ထိုယောဂါဝစရပုဂ္ဂိုလ်၏ ပြကတေ့အားဖြင့် သာလျှင် လျစ်လျူရှုလေ့ရှိသော ဥပေက္ခာအရာ၌ ထားနိုင်သော (အထက်၌ တင်ပြထားသည့်အတိုင်း မေတ္တာ ဗြဟ္မဝိဟာရ တတိယစျာန် ကရုဏာဗြဟ္မဝိဟာရ တတိယစျာန် မုဒိတာဗြဟ္မဝိဟာရ တတိယစျာန်တို့ကို ပွားထား ပြီးသော) အကြင် အလယ်အလတ် မချစ်မမုန်း မဇ္စျတ္တပုဂ္ဂိုလ်သည် ရှိ၏၊ ထိုပြကတေ့ မဇ္စျတ္တပုဂ္ဂိုလ်ကို လျစ်လျူ
——修喜梵住直到第三禅,则与喜悦相应,仍属粗显。如此观见慈、悲、喜梵住第三禅的过患,同时观见舍梵住第四禅寂静的功德。然后,对那位本来便能中立看待、既不爱也不憎,并且已经修过慈、悲、喜第三禅的中立者,以舍置心——
ရှု၍ ဥပေက္ခာဗြဟ္မဝိဟာရဘာဝနာကို ဖြစ်စေအပ်၏။ ပွားများပုံမှာ ----- ထိုမဇ္စျတ္တပုဂ္ဂိုလ် တစ်ဦးတည်းကိုပင် အာရုံပြု၍ မေတ္တာဗြဟ္မဝိဟာရ တတိယစျာန် ကရုဏာဗြဟ္မဝိဟာရ တတိယစျာန် မုဒိတာဗြဟ္မဝိဟာရ တတိယ စျာန်တို့ကို ဝင်စားပြီးနောက် အထက်ပါအတိုင်း ဆင်ခြင်၍ သို့မဟုတ် ဤသူတော်ကောင်းသည် ငါက ----- ၁။ ဘေးရန်ကင်းပါစေဟု မေတ္တာဘာဝနာကို ပွားများသော်လည်း ဘေးရန်ကင်းချင်မှ ကင်းမည်၊ စိတ်ဆင်းရဲ ကင်းပါစေဟု မေတ္တာဘာဝနာကို ပွားများသော်လည်း စိတ်ဆင်းရဲ ကင်းချင်မှ ကင်းမည်၊ ကိုယ်ဆင်းရဲ
——而令舍梵住修习生起。修法如下:仍以同一位中立者为对象,进入慈、悲、喜梵住第三禅以后,依上法思惟;或者思惟:即使我对这位善人修慈,愿他免于危难,他也未必免于危难;愿他免于心苦,他也未必免于心苦;愿他免于身苦——
原书第 630 页
ကင်းပါစေဟု မေတ္တာဘာဝနာကို ပွားများသော်လည်း ကိုယ်ဆင်းရဲ ကင်းချင်မှ ကင်းမည်၊ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် မိမိ၏ ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ပါစေဟု မေတ္တာဘာဝနာကို ပွားများသော်လည်း ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် မိမိ၏ ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ချင်မှ ရွက်ဆောင်နိုင်မည်။
——,他也未必免于身苦;愿他健康安乐、善自维持此身,他也未必能够如此。
၂။ ဆင်းရဲဒုက္ခမှ လွတ်ပါစေဟု ကရုဏာဘာဝနာကို ပွားများသော်လည်း ဆင်းရဲဒုက္ခမှ လွတ်ချင်မှ လွတ်မည်။
二、即使修悲,愿他脱离痛苦,他也未必脱离。
၃။ ရရှိပြီး စည်းစိမ်ချမ်းသာမှ မရွေ့လျောပါစေသတည်းဟု မုဒိတာဘာဝနာကို ပွားများသော်လည်း ရရှိပြီး စည်းစိမ်ချမ်းသာမှ ရွေ့လျောချင်လည်း ရွေ့လျောမည်။
三、即使修喜,愿他不失去已经获得的成就与幸福,他仍可能失去。
၄။ အဘယ်ကြောင့်နည်းဟူမူ သတ္တဝါအားလုံးတို့သည် ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကြကုန်၏ဟု ဤသို့ ဆင်ခြင်၍ ----- အယံ သပ္ပုရိသော ကမ္မဿကော။
四、为什么呢?因为一切有情都只以自己的业为所有。因此应思惟:‘Ayaṃ sappuriso kammassako——’
ဤသူတော်ကောင်းသည် ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိ၏။ --- ဤသို့လျှင် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ပွားများပါ။ မေတ္တာ ကရုဏာ မုဒိတာ ဗြဟ္မဝိဟာရတရားတို့၌ တတိယစျာန်ကို အခြေခံပြီးမှ တက်လာသဖြင့် ဥပေက္ခာဗြဟ္မဝိဟာရ စတုတ္ထစျာန်သို့ မကြာမီ အချိန်ကာလ အတွင်းမှာပင် ဆိုက်ရောက်သွားပေလိမ့်မည်။ အောင်မြင်မှုရရှိပါက အလားတူပင် မဇ္စျတ္တပုဂ္ဂိုလ် ခပ်များများ၌ လည်းကောင်း၊ ထိုနောင် ပိယပုဂ္ဂိုလ် ခပ်များများ၌လည်းကောင်း၊ ထိုနောင် အတိပ္ပိယသဟာယကပုဂ္ဂိုလ် ခပ် များများ၌လည်းကောင်း၊ ထိုနောင် ဝေရီပုဂ္ဂိုလ် ခပ်များများ၌လည်းကောင်း တစ်ဦးချင်းကို အာရုံပြု၍ ပုံစံတူပင် ဥပေက္ခာဘာဝနာကို ပွားများပါ။ ထိုနောင် အတ္တ၊ ပိယ၊ မဇ္စျတ္တ၊ ဝေရီဟူသော ပုဂ္ဂိုလ်လေးမျိုးတို့၌ ပုဂ္ဂိုလ်အပိုင်း အခြား ကင်းအောင် သီမာသမ္ဘေဒကိုပြု၍ သီမာသမ္ဘေဒပြုပြီးနောက် ရရှိလာသော ထိုသတ္တဝါပညတ်နိမိတ်
‘这位善人以自己的业为所有。’应如此反复修习。舍梵住以慈、悲、喜三种梵住第三禅为基础而上升,所以很快便能达到舍梵住第四禅。成功以后,应以同样方法,先对许多中立者,继而对许多亲爱者、许多极亲爱的友伴、许多怨敌逐一修舍。然后在自己、亲爱者、中立者、怨敌四类人之间破除界限,以破界后所得的有情概念相——
ကိုပင် အာရုံပြု၍ ဥပေက္ခာဗြဟ္မဝိဟာရဘာဝနာကို မှီဝဲပါ ပွားများပါ ကြိမ်ဖန်များစွာ အလေ့အလာပြုပါ။ ဤသို့ ပြုကျင့်သော ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ပထဝီကသိုဏ်း၌ ဖွင့်ဆိုရေးသားခဲ့သည့်အတိုင်းပင်လျှင် ဥပေက္ခာဗြဟ္မဝိဟာရ စတုတ္ထစျာန်သည် ဖြစ်ပေါ်၍လာပေ၏။ ထိုနောင် ----- ၁။ အနောဓိသောဖရဏာ ဥပေက္ခာဗြဟ္မဝိဟာရဘာဝနာ (၅) မျိုး၊ ၂။ သြဓိသောဖရဏာ ဥပေက္ခာဗြဟ္မဝိဟာရဘာဝနာ (၇) မျိုး၊ ၃။ ဒိသာဖရဏာ ဥပေက္ခာဗြဟ္မဝိဟာရဘာဝနာ (၁ဝ × ၁၂ = ၁၂ဝ) မျိုး၊ အားလုံးပေါင်းသော် (၁၃၂) မျိုး၊ ဤ (၁၃၂) မျိုးသော ဥပေက္ခာဗြဟ္မဝိဟာရ ဘာဝနာတို့ကို ဆက်လက်၍ ပွားများအားထုတ်ပါ။
——为所缘,亲近、修习并反复练习舍梵住。依地遍所说的方法,舍梵住第四禅便会在瑜伽行者相续中生起。此后继续修习:一、五种无限定遍满舍梵住;二、七种有限定遍满舍梵住;三、十方乘十二类,即一百二十种方位遍满舍梵住;合计一百三十二种舍梵住修习。
အမေး ----- ဤ ဥပေက္ခာဗြဟ္မဝိဟာရ စတုတ္ထစျာန်သည် ပထဝီကသိုဏ်းစသည်တို့၌ ဖြစ်ပြီးသော တတိယ စျာန်ရှိသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌လည်း ဖြစ်လေသလောဟု မေးရန်ရှိ၏။
问:已经在地遍等修到第三禅的瑜伽行者相续中,是否也能生起这种舍梵住第四禅?
အဖြေ ----- မဖြစ်ဟူပေ။ အဘယ်ကြောင့်နည်းဟူမူ ----- ပထဝီကသိုဏ်းစသည်တို့၌ တတိယစျာန်ကား ပထဝီကသိုဏ်းစသည်လျှင် အာရုံရှိ၏။ ဥပေက္ခာဗြဟ္မဝိဟာရ စတုတ္ထစျာန်ကား သတ္တဝါပညတ်လျှင် အာရုံရှိ၏။
答:不能。为什么呢?地遍等第三禅以地遍等为所缘,舍梵住第四禅则以有情概念为所缘。
ထိုသို့ အာရုံ၏ သဘောမတူသည်၏ အဖြစ်ကြောင့်တည်း။ အလျော်အားဖြင့်ဆိုရမူ မေတ္တာကမ္မဋ္ဌာန်း ကရုဏာ ကမ္မဋ္ဌာန်း မုဒိတာကမ္မဋ္ဌာန်းတို့၌ ဖြစ်ပြီးသော တတိယစျာန်ရှိသော ယောဂါဝစရပုဂ္ဂိုလ်၏သန္တာန်၌သာလျှင် ဤ ဥပေက္ခာဗြဟ္မဝိဟာရ စတုတ္ထစျာန်သည် ဖြစ်ပေါ်လာနိုင်၏။ အဘယ်ကြောင့်နည်းဟူမူ သတ္တဝါပညတ်အာရုံချင်း
两者所缘性质不同。适当的说法是:只有已经在慈、悲、喜业处证得第三禅的瑜伽行者相续中,才能生起这种舍梵住第四禅。为什么呢?因为二者同以有情概念为所缘——
原书第 631 页
သမထကမ္မဋ္ဌာန်းပိုင်း -- ဗြဟ္မဝိဟာရ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန် သဘောတူညီမှု ရှိသည်၏ အဖြစ်ကြောင့်တည်း။ ပိယပုဂ္ဂိုလ်၌ မေတ္တာစျာန် ကရုဏာစျာန် မုဒိတာစျာန်တို့ကို ဖြစ်စေလျှင် ယင်းပိယပုဂ္ဂိုလ်၌ပင် ဥပေက္ခာဗြဟ္မဝိဟာရစျာန်ကို ဖြစ်စေနိုင်၏။ ဤသို့စသည်ဖြင့် ပိယပုဂ္ဂိုလ်ချင်း မဇ္စျတ္တပုဂ္ဂိုလ်ချင်း ဝေရီပုဂ္ဂိုလ်ချင်း တူညီကြ၏။ တစ်ဖန် သတ္တဝါအားလုံးတို့၌ မေတ္တာ တတိယစျာန် ကရုဏာ တတိယစျာန် မုဒိတာ တတိယစျာန်ကို ဖြစ်စေလျှင် ယင်းသတ္တဝါအားလုံးတို့၌ပင် ဥပေက္ခာဗြဟ္မဝိဟာရ စတုတ္ထ စျာန်ကို ဖြစ်စေနိုင်၏။ ဤသို့လျှင် သတ္တဝါပညတ်အာရုံချင်း တူညီမှု ရှိ၏။ (ဝိသုဒ္ဓိ-၁-၂၈၇-၃၁၉ - ကြည့်။)
——,性质相同。若对某一亲爱者生起慈禅、悲禅、喜禅,便能在同一位亲爱者身上生起舍梵住禅;中立者与怨敌也同样。若对一切有情生起慈第三禅、悲第三禅、喜第三禅,也能对这一切有情生起舍梵住第四禅。两者都以有情概念为所缘。(参见《清净道论》1-287、319。)
လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်
特相、作用、现起、近因
၁။ ဟိတာကာရပ္ပဝတ္တိလက္ခဏာ မေတ္တာ၊ ၂။ ဟိတူပသံဟာရရသာ၊ ၃။ အာဃာတဝိနယပစ္စုပဋ္ဌာနာ၊ ၄။ သတ္တာနံ မနာပဘာဝဒဿနပဒဋ္ဌာနာ။
慈:一、以利益行相转起为特相;二、以带来利益为作用;三、以除去怨恨为现起;四、以看见有情可爱的一面为近因。
ဗျာပါဒူပသမော ဧတိဿာ သမ္ပတ္တိ၊ သိနေဟသမ္ဘဝေါ ဝိပတ္တိ။ (ဝိသုဒ္ဓိ-၁-၃၁၁။) ၁။ မေတ္တာသည် ---- သတ္တဝါတို့၏ အကျိုးစီးပွားကို ကျင့်သော အခြင်းအရာအားဖြင့် ဖြစ်ခြင်း လက္ခဏာ ရှိ၏။ ဝါ။ အကျိုးစီးပွားဟူသော အဖို့အစုကို ဖြစ်စေခြင်း လက္ခဏာ ရှိ၏။
嗔恚止息是慈的成功;爱著生起是慈的失败。(《清净道论》1-311。)一、慈的特相,是以谋求有情利益的方式转起,或者说,令利益生起。
၂။ သတ္တဝါတို့၏ အကျိုးစီးပွားကို ကပ်၍ ဆောင်ခြင်း ကိစ္စ (ရသ) ရှိ၏။ ဝါ။ သတ္တဝါတို့၏ အကျိုးစီးပွားကို ကပ်၍ ဆောင်ခြင်းဟူသော ပြည့်စုံသောဂုဏ် (သမ္ပတ္တိရသ) ရှိ၏။
二、慈的作用,是把利益带给有情;也可说,以带来有情利益为其成就作用。
၃။ ရန်ငြိုးကို ပယ်ဖျောက်တတ်သော သဘောတရားဟု ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်အား ရှေးရှု ထင်တတ်၏။ (ဥပဋ္ဌာနာကာရပစ္စုပဋ္ဌာန်)။ ဝါ။ ရန်ငြိုးပျောက်ခြင်းဟူသော အကျိုးကို ဖြစ်စေတတ်၏။
三、慈现起为除去怨恨:它在观照者之智前,显现为能除去怨恨的法,这是行相现起;也可说,它产生怨恨消失这一结果——
(ဖလပစ္စုပဋ္ဌာန်)။
——,这是结果现起。
၄။ သတ္တဝါတို့၏ မြတ်နိုးဖွယ်ရာကိုသာ ရှုမြင်တတ်သော ယောနိသောမနသိကာရလျှင် နီးစွာသော အကြောင်း ရှိ၏။ သတ္တဝါတို့အား ဖျက်ဆီးလိုသော ပျက်စီးစေလိုသော ဗျာပါဒ = ဒေါသ၏ ဝိက္ခမ္ဘနပဟာန်အားဖြင့် ငြိမ်းခြင်းသည် ထိုမေတ္တာ၏ ပြည့်စုံခြင်း မည်၏၊ ကောင်းစွာ ကိစ္စပြီးခြင်း မည်၏။ တွယ်တာတပ်မက်ခြင်း တဏှာသိနေဟ၏ ဖြစ်ခြင်းသည် ထိုမေတ္တာ၏ ပျက်စီးခြင်း မည်၏။ (ဝိသုဒ္ဓိ-၁-၃၁၁။) ၁။ ဒုက္ခာပနယနာကာရပ္ပဝတ္တိလက္ခဏာ ကရုဏာ၊ ၂။ ပရဒုက္ခာသဟနရသာ၊ ၃။ အဝိဟိံ သာပစ္စုပဋ္ဌာနာ၊ ၄။ ဒုက္ခာဘိဘူတာနံ အနာထဘာဝဒဿနပဒဋ္ဌာနာ။
四、以如理作意见到有情可爱的一面,是慈的近因。以镇伏断令想要伤害有情的嗔恚止息,是慈的成功与善成其事;爱染执著的生起,则是慈的失败。(《清净道论》1-311。)悲:一、以想要除去痛苦的行相转起为特相;二、以不忍他人受苦为作用;三、以不加害为现起;四、以看见被痛苦压倒者无依无靠为近因。
ဝိဟိံ သူပသမော တဿာ သမ္ပတ္တိ၊ သောကသမ္ဘဝေါ ဝိပတ္တိ။ (ဝိသုဒ္ဓိ-၁-၃၁၁။) ၁။ ကရုဏာသည် ---- သတ္တဝါတို့၏ ဆင်းရဲဒုက္ခကို ပယ်ရှားလိုသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းသဘော လက္ခဏာ ရှိ၏။
加害止息是悲的成功;忧伤生起是悲的失败。(《清净道论》1-311。)一、悲的特相,是以想要除去有情痛苦的方式转起。
၂။ သူတစ်ပါးတို့၏ ဆင်းရဲဒုက္ခကို ပယ်ရှားလိုသည်၏ အဖြစ်ဖြင့် သည်းမခံနိုင်ခြင်း ကိစ္စ ရှိ၏။ (ကိစ္စရသ)။
二、悲的作用,是不忍他人的痛苦,即想要除去他人的痛苦。
၃။ သတ္တဝါတို့ကို မညှဥ်းဆဲခြင်းကို ဖြစ်စေတတ်၏။ (ဖလပစ္စုပဋ္ဌာန်)။ သတ္တဝါတို့ကို ညှဥ်းပန်းနှိပ်စက်ခြင်း
三、悲现起为不加害:它产生不伤害有情的结果;也会在观照者之智前,显现为加害的对治——
原书第 632 页
ဝိဟိံ သာ၏ ဆန့်ကျင်ဘက်အဖြစ်ဖြင့် ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ဉာဏ်အား ရှေးရှုထင်လာတတ်၏။
——、与加害相反的法。
(ဥပဋ္ဌာနာကာရပစ္စုပဋ္ဌာန်)။
前者是结果现起,后者是行相现起。
၄။ ဆင်းရဲဒုက္ခဖြင့် အညှဥ်းပန်း အနှိပ်စက်ခံနေကြရကုန်သော သတ္တဝါတို့၏ ကိုးကွယ်အားထားရာ မရှိသည်၏ အဖြစ်ကို ရှုတတ်သော ယောနိသောမနသိကာရလျှင် နီးစွာသော အကြောင်းရှိ၏။ သတ္တဝါတို့ကို ညှဥ်းဆဲ- ကြောင်းဖြစ်သော ညှဥ်းဆဲသော အခြင်းအရာအားဖြင့် ဖြစ်သော ကရုဏာ၏ ထိပ်တိုက် ဆန့်ကျင်ဘက် ဒေါသမူ စိတ်စေတသိက်တရားစု၏ ငြိမ်းအေးခြင်းသည် ထိုကရုဏာ၏ ပြည့်စုံခြင်း မည်၏၊ ကောင်းစွာ ကိစ္စပြီးခြင်းမည်၏။ ဒုက္ခိတသတ္တဝါတို့အပေါ်၌ သောကဖြစ်ခြင်းသည် ထိုကရုဏာ၏ ပျက်စီးခြင်းမည်၏။
四、以如理作意见到被痛苦折磨的有情无依无靠,是悲的近因。作为悲的正对治,加害与嗔相应心所法组的止息,是悲的成功与善成其事;对于受苦有情生起忧伤,则是悲的失败。
(ဝိသုဒ္ဓိ-၁-၃၁၁။)
(《清净道论》1-311。)
၁။ ပမောဒနလက္ခဏာ မုဒိတာ၊ ၂။ အနိဿာယနရသာ၊ ၃။ အရတိဝိဃာတပစ္စုပဋ္ဌာနာ၊ ၄။ သတ္တာနံ သမ္ပတ္တိဒဿနပဒဋ္ဌာနာ။
喜:一、以欢喜为特相;二、以不嫉妒为作用;三、以除去不乐为现起;四、以看见有情的成就为近因。
အရတိဝူပသမော တဿာ သမ္ပတ္တိ၊ ပဟာသသမ္ဘဝေါ ဝိပတ္တိ။ (ဝိသုဒ္ဓိ-၁-၃၁၁။) ၁။ မုဒိတာသည် ---- သူတစ်ပါးတို့၏ စည်းစိမ်ဥစ္စာ ကုံလုံပြည့်စုံသည်ကို ကြည်ရွှင်ဝမ်းမြောက်ခြင်း သဘော လက္ခဏာ ရှိ၏။
不乐止息是喜的成功;欢笑亢奋生起是喜的失败。(《清净道论》1-311。)一、喜的特相,是对他人的财富、幸福与成就欢欣喜悦。
၂။ သူတစ်ပါးတို့၏ စည်းစိမ်ဥစ္စာ ကုံလုံပြည့်စုံသည်ကို မငြူစူခြင်း ကိစ္စရှိ၏။ ဝါ။ ငြူစူခြင်း၏ ဆန့်ကျင်ဘက် ဖြစ်၍ ထိုဣဿာကို ပယ်ဖျက်ခြင်းကိစ္စ ရှိ၏။
二、喜的作用,是对他人的财富、幸福与成就不嫉妒;也就是说,它与嫉妒相反,能够除去嫉妒。
၃။ သူတစ်ပါးတို့၏ စည်းစိမ်ဥစ္စာတို့၌လည်းကောင်း လွန်ကဲမြင့်မြတ်သော သမထ ဝိပဿနာ အစဖြာသည့် အဓိကုသလဓမ္မတို့၌လည်းကောင်း မမွေ့လျော် မနှစ်သက်ခြင်းကို ပယ်ဖျောက်တတ်သော အခြင်းအရာ အားဖြင့် ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်အား ရှေးရှုထင်လာတတ်၏။ (ဥပဋ္ဌာနာကာရပစ္စုပဋ္ဌာန်) တစ်နည်း ---- သူတစ်ပါးတို့၏ စည်းစိမ်ဥစ္စာတို့၌လည်းကောင်း လွန်ကဲမြင့်မြတ်သော သမထ ဝိပဿနာ အစဖြာသည့် အဓိကုသလဓမ္မတို့၌လည်းကောင်း မမွေ့လျော် မနှစ်သက်ခြင်း အရတိ၏ ပျောက်ငြိမ်း- ခြင်းကို ဖြစ်စေတတ်၏။ (ဖလပစ္စုပဋ္ဌာန်တည်း။) ၄။ သတ္တဝါတို့၏ စည်းစိမ်ကုံလုံ ပြည့်စုံသည်ကို အသင့်ရှုနိုင်သော ယောနိသောမနသိကာရလျှင် နီးစွာသော အကြောင်းရှိ၏။ သူတစ်ပါးတို့၏ စည်းစိမ်ဥစ္စာတို့၌လည်းကောင်း လွန်ကဲမြင့်မြတ်သည့် သမထ ဝိပဿနာ အစဖြာသည့် အဓိကုသလဓမ္မတို့၌လည်ကောင်း မမွေ့လျော် မနှစ်သက်နိုင်ခြင်း အရတိ၏ ပျောက်ငြိမ်း-
三、喜现起为除去不乐:对于他人的财富、幸福,以及殊胜的止、观等增上善法,它在观照者之智前显现为能除去不乐与不喜,这是行相现起;换一种说法,它产生不乐止息这一结果,这是结果现起。四、以如理作意见到有情的成就,是喜的近因。对于他人的财富、幸福及殊胜的止、观等增上善法,不乐与不喜止息,是喜的成功——
ခြင်းသည် ထိုမုဒိတာ၏ ပြည့်စုံခြင်း မည်၏။ ဝါ။ ကောင်းစွာ ကိစ္စပြီးခြင်း မည်၏။ သူတစ်ပါးတို့၏ စည်းစိမ်ဥစ္စာနှင့် အဓိကုသလဓမ္မတို့၌ ကာမဂုဏ်အိမ်၌ မှီ၍ဖြစ်ပေါ်လာသော ဂေဟသိတပီတိအားဖြင့် ကြည်ရွှင်ဝမ်းမြောက်ခြင်းသည် ထိုမုဒိတာ၏ ပျက်စီးခြင်း ဝိပတ္တိ မည်၏။ (ဝိသုဒ္ဓိ-၁-၃၁၁။) ၁။ သတ္တေသု မဇ္စျတ္တာကာရပ္ပဝတ္တိလက္ခဏာ ဥပေက္ခာ၊ ၂။ သတ္တေသု သမဘာဝဒဿနရသာ၊ ၃။ ပဋိဃာနုနယဝူပသမပစ္စုပဋ္ဌာနာ၊ ၄။ ''ကမ္မဿကာ သတ္တာ၊ တေ ကဿ ရုစိယာ သုခိတာ ဝါ ဘဝိဿန္တိ၊ ဒုက္ခတော ဝါ မုစ္စိဿန္တိ၊ ပတ္တသမ္ပတ္တိတော
——与善成其事;若依住于欲乐之家而生起世俗之喜,对他人的财富、幸福及增上善法欢欣,则是喜的失败。(《清净道论》1-311。)舍:一、以对有情中立的方式转起为特相;二、以看见有情平等为作用;三、以嗔恨与亲爱止息为现起;四、以这样见到有情各自是业的所有者为近因:‘有情以业为自己的所有;他们岂会依谁的意愿而获得安乐、脱离痛苦,或不失去已经获得的成就——’
原书第 633 页
သမထကမ္မဋ္ဌာန်းပိုင်း -- ဗြဟ္မဝိဟာရ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန် ဝါ န ပရိဟာယိဿန္တီ''တိ ဧဝံ ပဝတ္တကမ္မဿကတာဒဿနပဒဋ္ဌာနာ။
——?’
ပဋိဃာနုနယဝူပသမော တဿာ သမ္ပတ္တိ၊ ဂေဟသိတာယ အညာဏုပေက္ခာယ သမ္ဘဝေါ ဝိပတ္တိ။
嗔恨与亲爱止息,是舍的成功;依家而有的无智舍生起,是舍的失败。
(ဝိသုဒ္ဓိ-၁-၃၁၁-၃၁၂။)
(《清净道论》1-311—312。)
၁။ ဥပေက္ခာသည် ---- သတ္တဝါတို့၌ အလယ်အလတ်သဘောရှိသော အခြင်းအရာအားဖြင့် ဖြစ်ခြင်း လက္ခဏာ ရှိ၏။
一、舍的特相,是以对有情保持中立的方式转起。
၂။ သတ္တဝါတို့၌ ဥဒါသိန်အားဖြင့် ဖြစ်ခြင်းကြောင့် ညီမျှသည်၏ အဖြစ်ကိုသာ ရှုခြင်းကိစ္စ ရှိ၏။
二、舍的作用,是以中正不偏的态度只见有情平等。
၃။ သတ္တဝါတို့၌ မုန်းခြင်း ချစ်ခြင်းတို့ကို ငြိမ်းစေခြင်းကို ဖြစ်စေတတ်၏။ (ဖလပစ္စုပဋ္ဌာန်တည်း။) ၄။ သတ္တဝါတို့သည် မိမိတို့ ပြုထားအပ်သော ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကြကုန်၏။ ထိုသတ္တဝါတို့သည် အဘယ်သူ၏ အလိုအားဖြင့် ချမ်းသာပါစေဟု မေတ္တာပို့သသည့်အတိုင်း ချမ်းသာခြင်းသို့ ရောက်ကုန်သည် မူလည်း ဖြစ်ကုန်လတ္တံ့နည်း။ ဆင်းရဲဒုက္ခမှ လွတ်ပါစေဟု ကရုဏာဘာဝနာကို ပွားသည့်အတိုင်း ဆင်းရဲ ဒုက္ခမှမူလည်း လွတ်ကုန်လတ္တံ့နည်း။ ရပြီးစည်းစိမ်မှ မရွေ့လျောပါစေသတည်းဟု မုဒိတာဘာဝနာကို ပွားသည့်အတိုင်း ရောက်ရှိအပ်ပြီး ရရှိအပ်ပြီးသည့် စည်းစိမ်မှမူလည်း မဆုတ်ယုတ်ဘဲ ရှိကုန်လတ္တံ့နည်း။
三、舍令对有情的嗔恨与亲爱止息,这是结果现起。四、有情只以自己所造的业为所有;他们岂会仅因他人修慈、愿其安乐便获得安乐,仅因他人修悲、愿其脱离痛苦便脱离痛苦,或仅因他人修喜、愿其不失去已经获得的成就便不再退失——
ဤသို့သော အခြင်းအရာအားဖြင့် ဖြစ်ပေါ်လာသော ကံသာလျှင် မိမိ၏ ကိုယ်ပိုင်ဥစ္စာ ရှိသည်၏အဖြစ်ကို ရှုတတ်သော ဉာဏ်လျှင် နီးစွာသော အကြောင်း ရှိ၏။ မုန်းခြင်း ချစ်ခြင်းတို့ကို ငြိမ်းစေခြင်းသည် = မုန်းခြင်း ချစ်ခြင်းတို့၏ ငြိမ်းခြင်းသည် ထိုဥပေက္ခာဗြဟ္မဝိဟာရ၏ ပြည့်စုံခြင်း ကောင်းစွာပြီးစီးခြင်း သမ္ပတ္တိ မည်၏။ ကာမဂုဏ်ကို မှီသော ဉာဏ်ကင်းသော မောဟနှင့်ယှဥ်သော ဥပေက္ခာ၏ ဖြစ်ခြင်းသည် ထို ဥပေက္ခာဗြဟ္မဝိဟာရ၏ ပျက်စီးခြင်း ဝိပတ္တိ မည်၏။ (ဝိသုဒ္ဓိ-၁-၃၁၁။) ယင်းဗြဟ္မဝိဟာရတရား လေးပါးတို့၌ တည်ရှိသော စျာန်နာမ်တရားတို့ကို သိမ်းဆည်းပုံကို နာမ်ကမ္မဋ္ဌာန်း ပိုင်း ဇယားများတွင် ရေးသားတင်ပြခဲ့၏။ မေတ္တာဟူသည် အဒေါသစေတသိက်ပင်တည်း။ မေတ္တာပထမစျာန် နာမ်တရား (၃၄)တည်း။ ကရုဏာ၌ ကရုဏာတစ်လုံး ထပ်တိုး၍ ကရုဏာပထမစျာန် နာမ်တရား (၃၅)တည်း။
——?如是以智观见有情各以自己的业为所有,是舍的近因。嗔恨与亲爱止息,是舍梵住的成功与善成其事;依欲乐之家而有、与无明相应的无智舍生起,则是舍梵住的失败。(《清净道论》1-311。)四梵住禅的名法如何摄取,已经在名业处篇诸表中说明。慈的法体是不嗔心所;慈初禅有三十四名法。悲另加悲心所,悲初禅有三十五名法。
မုဒိတာ၌ မုဒိတာတစ်လုံး ထပ်တိုး၍ မုဒိတာပထမစျာန် နာမ်တရား (၃၅)တည်း။ ဥပေက္ခာဗြဟ္မဝိဟာရ၏ တရားကိုယ်မှာ တတြမဇ္စျတ္တတာ စေတသိက်ပင်တည်း။ ဥပေက္ခာဗြဟ္မဝိဟာရစျာန် နာမ်တရား (၃၁)တည်း။
喜另加喜心所,喜初禅有三十五名法。舍梵住的法体是中舍性心所;舍梵住禅有三十一名法。

本页是帕奥禅师缅文「五大册」第五册(趣向涅槃之道·第五册,书名暂定)的现代汉语全译本,非缩略版、非节译;译者 Dhammesanā。卷前、正文与原书索引均与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。