已获成功的修行次第
《趣向涅槃之道》中文全译本 · 非缩略版
止业处篇 · 原书第 640–641 页 · 12 个翻译单元
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书第 640 页
အောင်မြင်မှု ရရှိနေသော ကျင့်စဥ်
已获成功的修行次第
အာနာပါန စတုတ္ထစျာန်သမာဓိကိုဖြစ်စေ၊ သြဒါတကသိုဏ်း စတုတ္ထစျာန်သမာဓိကိုဖြစ်စေ၊ အာလောက ကသိုဏ်း စတုတ္ထစျာန်သမာဓိကိုဖြစ်စေ အခြေခံ၍ ယင်းစတုတ္ထစျာန်သမာဓိနှင့် ယှဥ်သော ဉာဏ်ကြောင့် ဖြစ်ပေါ် လာသော ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပနေသော လင်းရောင်ခြည်၏ အကူအညီကိုယူ၍ အထက်- တွင် ရေးသားတင်ပြခဲ့သည့်အတိုင်း မေတ္တာကမ္မဋ္ဌာန်း၊ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း၊ အသုဘကမ္မဋ္ဌာန်း၊ မရဏာနုဿတိ ကမ္မဋ္ဌာန်းတည်းဟူသော စတုရာရက္ခကမ္မဋ္ဌာန်းများကို ပွားများအားထုတ်ပါက ယောဂီအများစု၌ အောင်မြင်မှု များစွာ ရရှိသည်ကို တွေ့ရှိရပေ၏။ ဤစတုရာရက္ခကမ္မဋ္ဌာန်းတို့ကို ဝိပဿနာသို့ မကူးမီ ရုပ်ကမ္မဋ္ဌာန်း နာမ် ကမ္မဋ္ဌာန်းတို့ကို မကြိုးစားရသေးမီ ကြိုတင်၍ အားထုတ်ထားသင့်ပေ၏။
以入出息念第四禅、白遍第四禅或光明遍第四禅为基础,借助与第四禅相应之智所生、闪耀明亮的光明,依前文所说的方法修习慈业处、佛随念业处、不净业处与死随念业处这四护卫业处,多数禅修者都获得了显著成功。应在转入毗婆舍那以前、尚未开始色业处与名业处以前,预先修习这四护卫业处。
အကယ်၍ အသင်သူတော်ကောင်းသည် ဝိပဿနာသို့ မကူးမီ ကသိုဏ်းဆယ်ပါး သမာပတ်ရှစ်ပါး၊ ဗြဟ္မဝိဟာရ ခေါ် ဗြဟ္မစိုရ်တရားလေးပါး၊ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း၊ အသုဘကမ္မဋ္ဌာန်း၊ မရဏာနုဿတိကမ္မဋ္ဌာန်း တို့ကို အဝါးဝစွာ လေ့လာထားပြီးဖြစ်ပါက ပို၍ပို၍ ကောင်းသည်သာ ဖြစ်၏၊ တိုင်းထက်အလွန် တံခွန်နှင့်ဘုရား ဖြစ်ချေသည်။ ယင်းကမ္မဋ္ဌာန်းအသီးအသီး၌ တည်ရှိသော နာမ်တရားတို့ကို နာမ်ကမ္မဋ္ဌာန်းပိုင်းတွင် ဇယားများ- ဖြင့် ရေးသားတင်ပြထားခဲ့၏။ နည်းမှီ၍ သိမ်းဆည်းပါ။ ယင်းနာမ်တရားတို့ကို လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန် နည်းအားဖြင့် သိမ်းဆည်းပါ။ နေဝသညာနာသညာယတနစျာန်မှတစ်ပါး ဤသမထကမ္မဋ္ဌာန်းပိုင်း၌ ရေးသား တင်ပြထားသော ကမ္မဋ္ဌာန်းအားလုံးတို့၌ စျာနဓမ္မတို့ကို လက္ခဏ ရသ စသောအားဖြင့် သိမ်းဆည်းပါ။ သိမ်းဆည်း ပြီးလတ်သော် စျာနဓမ္မအမည်ရသော ယင်းစျာန်နာမ်တရားတို့ကို နယဝိပဿနာဟု ခေါ်ဆိုအပ်သော ကလာပ
善士,如果在转入毗婆舍那以前,已经熟练学习十遍、八等至、称为梵住的四梵住,以及佛随念、不净、死随念业处,那就更好,可说好上加好。名业处篇已经用诸表说明存在于每一种业处中的名法;应依这些方法加以摄取,并依特相、作用、现起、近因摄取这些名法。除非想非非想处禅以外,对于本止业处篇所说的一切业处,都应依特相、作用等摄取其中的禅那法。摄取以后,应把这些称为禅那法的禅那名法,依称为理路观的聚——
သမ္မသန နည်းအားဖြင့်လည်းကောင်း၊ အနုပဒဓမ္မဝိပဿနာအားဖြင့်လည်းကောင်း လက္ခဏာယာဥ် တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ပါ။
——思惟法,以及逐法观,把三相提到其上,修习、审察毗婆舍那。
ကလာပသမ္မသန ---- ပထဝီကသိုဏ်း၌ ပထမစျာန်ကို ဝင်စားပါ။ ယင်း ပထမစျာန်သမာပတ် အတွင်း၌ တည်ရှိသော မနောဒွါရာဝဇ္ဇန်း၌ နာမ်တရား (၁၂)လုံး၊ ဇောအသီးအသီး၌ နာမ်တရား (၃၄)လုံးစီ -- ဤ နာမ်တရားတို့ကို ပေါင်းစုခြုံငုံ၍ လက္ခဏာယာဥ်သုံးချက်ကို တစ်လှည့်စီ တင်၍ တွင်တွင်ကြီး ဝိပဿနာရှုပါ။
聚思惟:进入地遍初禅。总摄这一初禅等至中意门转向的十二名法,以及每一个速行中的三十四名法,轮流把无常、苦、无我三相提到这些名法上,反复强力修习毗婆舍那。
ဗဟိဒ္ဓ၌လည်း နည်းတူရှုပါ။ ဒုတိယစျာန်စသည်တို့၌လည်းကောင်း၊ ကြွင်းကျန်သော ကသိုဏ်းတို့၌လည်းကောင်း ကြွင်းကျန်သော ကမ္မဋ္ဌာန်းတို့၌လည်းကောင်း ဥပစာရ စျာနဓမ္မ အပ္ပနာစျာနဓမ္မတို့ကို နည်းတူ ရှုပါ။
外在也同样观修。在第二禅等其余诸禅、其余诸遍及其余业处中,也同样观照近行禅那法与安止禅那法。
အနုပဒဓမ္မ ဝိပဿနာ ---- ပထဝီကသိုဏ်း၌ ပထမစျာန်ကို ဝင်စားပါ။ ယင်းပထမစျာန် သမာပတ် အတွင်း၌ တည်ရှိသော မနောဒွါရာဝဇ္ဇန်း၌ (၁၂)မျိုးသော နာမ်တရား၊ ဇော အသီးအသီး၌ (၃၄)မျိုးသော
逐法观:进入地遍初禅。摄取这一初禅等至中意门转向的十二种名法,以及每一个速行中的三十四种——
原书第 641 页
သမထကမ္မဋ္ဌာန်းပိုင်း -- အောင်မြင်မှု ရရှိနေသော ကျင့်စဥ် နာမ်တရားတို့ကို သိမ်းဆည်း၍ ယင်းနာမ်တရားတို့မှ အသိစိတ်ကို ရွေးထုတ်၍ လက္ခဏာယာဥ် သုံးတန် တစ်- လှည့်စီ တင်၍ ဝိပဿနာ ရှုပါ။ ဖဿကို ရွေးထုတ်၍ လက္ခဏာယာဥ်သုံးတန် တစ်လှည့်စီ တင်၍ ဝိပဿနာရှုပါ။
——名法;摄取这些名法,再从中先取出识,轮流把三相提到它上面修观;再取出触,轮流把三相提到它上面修观。
ဤသို့စသည်အားဖြင့် စျာန်သမာပတ်အတွင်း၌ တည်ရှိသော နာမ်တရားတို့ကို တစ်လုံးစီ တစ်လုံးစီ ရွေးထုတ်၍ လက္ခဏာယာဥ်သုံးချက် တင်၍ ဝိပဿနာရှုပါ။ ဤသမထကမ္မဋ္ဌာန်းပိုင်းတွင် ရေးသားတင်ပြထားသော ကြွင်း- ကျန်သော ကမ္မဋ္ဌာန်းတို့၌လည်း ဥပစာရစျာနဓမ္မ၊ အပ္ပနာစျာနဓမ္မ နာမ်တရားတို့ကို ပုံစံတူပင် ရှုပါ။
如此逐一取出禅那等至中的每一种名法,把三相提到其上而修观。本止业处篇所说的其余业处,也应以同样方法观照近行禅那法与安止禅那法。
နေဝသညာနာသညာယတနစျာန်နာမ်တရားတို့ကိုကား နယဝိပဿနာခေါ်သော ကလာပသမ္မသနနည်း အားဖြင့်သာ ပေါင်းစုခြုံငုံ၍ ဝိပဿနာရှုပါ။ သာဝကတို့သည် ယင်းနေဝသညာနာသညာယတနစျာနဓမ္မတို့ကို တစ်လုံးစီ တစ်လုံးစီ အနုပဒဓမ္မ ဝိပဿနာနည်းအားဖြင့် ဝိပဿနာ မရှုနိုင်။ ဤ သမထကမ္မဋ္ဌာန်းပိုင်း၌ မဖော်ပြ ထားသော ကြွင်းကျန်သော သမထကမ္မဋ္ဌာန်းတို့ကို ပွားများအားထုတ်လိုပါက ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၌ ညွှန်ကြား ထားသည့်အတိုင်း နည်းမှီ၍ အားထုတ်ပါလေ။
非想非非想处禅的名法,只能用称为理路观的聚思惟法总摄而修观;诸声闻不能依逐法观逐一观照这些非想非非想处禅那法。如果想修习本止业处篇没有说明的其余止业处,应依《清净道论》义注的指导而用功。
ရှေးဝိပဿနာပိုင်း၌ ရေးသားတင်ပြခဲ့သည့်အတိုင်း အတိတ် အနာဂတ် ပစ္စုပ္ပန်ဟူသော ကာလသုံးပါး၊ အဇ္စျတ္တ ဗဟိဒ္ဓဟူသော သန္တာန်နှစ်ပါးအတွင်း၌တည်ရှိသော တစ်နည်း (၃၁)ဘုံအတွင်း၌တည်ရှိသော အကြောင်း တရားနှင့် တကွသော ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့ကို လက္ခဏာရေးသုံးတန် တင်ကာ တွင်တွင်ကြီး ဝိပဿနာ ရှုထားပြီးဖြစ်သော အသင်သူတော်ကောင်းသည် ဤအပိုင်းတွင် ဖော်ပြထားသော စျာနဓမ္မအမည်ရသော နာမ်တရားတို့ကိုလည်း ကလာပသမ္မသနနည်း အနုပဒဓမ္မဝိပဿနာနည်းဟူသော ဝိပဿနာရှုနည်းတို့ဖြင့် ဝိပ- ဿနာ ရှုပွားသုံးသပ်ခဲ့သော် ပါရမီအားလျော်စွာ အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်သို့ ဆိုက်ရောက်နိုင်မည်သာ ဖြစ်ပေသည်။ အငြိမ်းကြီးငြိမ်း အအေးကြီးအေးတော်မူသည့် မဟာအသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန် တရားတော်မြတ်ကြီးကို အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် ဧကန် မျက်မှောက်ပြုနိုင်မည်သာ ဖြစ်ပေသတည်း။ ထို
如前面观禅篇所说,善士已经对过去、未来、现在三时,内在、外在两相续,也就是三十一界中的连同因法之色名诸行,反复把三相提到其上而修观。若再用聚思惟与逐法观这两种观法,观照本篇所说、称为禅那法的名法,就能随自己的波罗蜜,达到圣道智、果智与涅槃,必定能以圣道智、果智亲证极其寂灭、极其清凉的无为界——寂静界涅槃。那——
အခါတွင် ဖလသမာပတ်ကို အကြိမ်ကြိမ် ဝင်စားလျက် အောက်ပါ ဥပသမာနုဿတိကမ္မဋ္ဌာန်းမြတ်ကို စီးဖြန်း ကြည့်ပါ။ မျက်မှောက်ဘဝ၌ပင် ချမ်းသာစွာ နေထိုင်ရသည့် ဒိဋ္ဌဓမ္မသုခဝိဟာရ ချမ်းသာထူး ချမ်းသာမြတ်ကြီးကို အသင်သူတော်ကောင်းကိုယ်တိုင် ခံစားရ ခံစားနိုင်ပေလိမ့်မည်။
——时,应反复进入果定,再试着修习下面殊胜的寂止随念业处。善士将在现法亲自体验安乐住的殊胜妙乐。