死随念业处(maraṇassati)

《趣向涅槃之道》中文全译本 · 非缩略版

止业处篇 · 原书第 638–640 页 · 11 个翻译单元

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 638 页
မရဏဿတိ = မရဏာနုဿတိကမ္မဋ္ဌာန်း
死随念业处(maraṇassati)
တစ်ခုသော ဘဝ၌ အကျုံးဝင်သော ဇီဝိတိန္ဒြေ = အသက်၏ ပြတ်စဲခြင်းသည် မရဏ မည်၏။ ယင်း ဇီဝိတိန္ဒြေအသက်၏ ပြတ်စဲခြင်းဟု ဆိုအပ်သော သေခြင်းမရဏကို အဖန်ဖန်အမှတ်ရခြင်း အဖန်ဖန်ရှုခြင်းသည် မရဏဿတိ = မရဏာနုဿတိကမ္မဋ္ဌာန်း မည်၏။
一个生命范围内的命根断绝,称为‘死’;反复忆念、反复观照这种称为命根断绝的死亡,称为死随念,即死随念业处。
တတ္ထ တတ္ထ ဟတမတသတ္တေ သြလောကေတွာ ဒိဋ္ဌပုဗ္ဗသမ္ပတ္တီနံ သတ္တာနံ မတာနံ မရဏံ အာဝဇ္ဇေတွာ သတိဉ္စ သံဝေဂဉ္စ ဉာဏဉ္စ ယောဇေတွာ ''မရဏံ ဘဝိဿတီ''တိအာဒိနာ နယေန မနသိကာရော ပဝတ္တေတဗ္ဗော။
巴利义注说:‘看见各处被杀或自然死亡的有情以后,应忆念自己过去曾见过、原有成就而今已经死亡的有情之死,使念、悚惧与智相应,并以“死亡将会发生”等方法作意。’
(ဝိသုဒ္ဓိ-၁-၂၂၃။)
(《清净道论》1-223。)
原书第 639 页
သမထကမ္မဋ္ဌာန်းပိုင်း -- မရဏာနုဿတိကမ္မဋ္ဌာန်း ထိုထိုအရပ်၌ အသတ်ခံရသော သတ္တဝါ၊ ဓမ္မတာအလျောက် သေသော သတ္တဝါတို့ကို ကြည့်၍ မြင်- လိုက်ဖူးသော စည်းစိမ်ရှိကုန်သော သေကုန်သော သတ္တဝါတို့၏ သေခြင်းကို ဆင်ခြင်၍ သတိကိုလည်းကောင်း၊ သံဝေဂကိုလည်းကောင်း၊ ဉာဏ်ကိုလည်းကောင်း ယှဥ်စေ ဖြစ်စေ၍ သေခြင်းမရဏသည် ငါ့အား ဖြစ်လတ္တံ့ဟု ဤသို့စသောနည်းဖြင့် နှလုံးသွင်းခြင်း မနသိကာရကို ဖြစ်စေအပ်၏။ ဤသို့ ဖြစ်စေသောသူသည် ယောနိသော မနသိကာရအားဖြင့် ဖြစ်စေသည် မည်၏၊ လမ်းရိုးလမ်းမှန် သင့်သော အကြောင်းအားဖြင့် မရဏာနုဿတိကို ဖြစ်စေသည် မည်၏။ (ဝိသုဒ္ဓိ-၁-၂၂၃။) ဤအထက်ပါ အဋ္ဌကထာ၏ ညွှန်ကြားချက်နှင့်အညီ မရဏဿတိ = မရဏာနုဿတိကမ္မဋ္ဌာန်းကို စီးဖြန်း လိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ရှေးဦးစွာ မိမိရရှိထားပြီးသော စတုတ္ထစျာန်သမာဓိကို တစ်ဖန်ပြန်၍ ထူ- ထောင်ပါ။ လင်းရောင်ခြည်စွမ်းအင်များသည် အထူးအားကောင်းလာသောအခါ ပြိုးပြိုးပြက်ပြက် တလက်လက်
义注的意思是:看见各处被杀或自然死亡的有情以后,忆念自己曾经见过、原有成就而今已经死亡的有情之死,使念、悚惧与智相应,依‘死亡将会发生在我身上’等方式作意。如此作意,便是如理作意,是以正确、合乎因理的方法令死随念生起。(《清净道论》1-223。)想依上述义注指导修习死随念业处的瑜伽行者,首先应重新建立自己已经证得的第四禅定。光明变得特别强盛、闪耀明亮时——
တောက်ပလာသောအခါ ထိုလင်းရောင်ခြည်၏ အကူအညီဖြင့် မိမိမြင်ဖူးသော လိင်တူ အသုဘအလောင်းကောင် ကို ပြန်လည်၍ အာရုံယူပါ။ ထိုအသုဘအလောင်းကောင်၏ ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလသဘောကို အာရုံ ယူ၍ ပထမစျာန်သမာဓိသို့ ဆိုက်အောင် အသုဘဘာဝနာကို ပွားလိုက ဆက်လက်ပွားပါ။ ထိုနောင် မိမိ၏ ဇီဝိတိန္ဒြေပြတ်စဲကာ သေနေသောပုံကို ဉာဏ်ဖြင့် ကပ်ဆောင်၍ ကြည့်ပါ။ မိမိသေနေသောပုံကို တွေ့မြင်ပါက ဇီဝိတိန္ဒြေ၏ ပြတ်စဲမှုသဘောကို တစ်ဖန်ပြန်၍ အာရုံယူပါ။ ထိုဇီဝိတိန္ဒြေ၏ ပြတ်စဲမှု သဘောကို မြင်သော အခါ ---- ၁။ မရဏံ ဘဝိဿတိ = သေခြင်းတရားသည် မချွတ်ဖြစ်လတ္တံ့ဟုလည်းကောင်း၊ ၂။ ဇီဝိတိန္ဒြိယံ ဥပစ္ဆိဇ္ဇိဿတိ = ဇီဝိတိန္ဒြေသည် ပြတ်စဲလတ္တံ့ဟုလည်းကောင်း၊ ၃။ မရဏံ မရဏံ = သေခြင်းသဘော သေခြင်းသဘောဟုလည်းကောင်း --- လမ်းရိုးလမ်းမှန် နည်းမှန်လမ်းမှန် သင့်သော အကြောင်းအားဖြင့် နှလုံးသွင်းခြင်း ယောနိသောမနသိ-
——,借助光明,再取自己见过的、与自己同性的不净尸体为所缘。若想继续修不净,就取尸体令人厌恶、可厌的性质为所缘,把不净修到初禅定。然后以智趋向、观见自己的命根断绝而死亡的形象。看见自己已经死亡以后,再取命根断绝这一性质为所缘。看见命根断绝时,可以依下列任一种方式作意:一、‘maraṇaṃ bhavissati——死亡必将发生’;二、‘jīvitindriyaṃ upacchijjissati——命根必将断绝’;三、‘maraṇaṃ, maraṇaṃ——死亡,死亡。’应以正确、合乎因理的方法,令如理作——
ကာရကို ဖြစ်စေပါ။ မရဏံ မရဏံဟု ကြိမ်ဖန်များစွာ နှလုံးသွင်းပါ။ ဤသို့သော ယောနိသောမနသိကာရကို ဖြစ်စေသည်သာလျှင် ဖြစ်သော ဣန္ဒြေထက်မြက်သူ ဉာဏ်ထက်မြက်သူ အချို့သော ယောဂါဝစရပုဂ္ဂိုလ်အား မကြာမီ အချိန်ကာလအတွင်းမှာပင် နီဝရဏတရားတို့သည် ကွာကျသွားကြကုန်၏။ သေခြင်း = မရဏလျှင် တည်ရာအာရုံရှိသော သတိသည် ကောင်းစွာတည်လာ၏။ ဥပစာရသမာဓိသို့ ဆိုက်ရောက်သည်သာလျှင် ဖြစ်- သော မရဏာနုဿတိကမ္မဋ္ဌာန်းသည် ဖြစ်ပေါ်လာ၏။ ထိုဇီဝိတိန္ဒြေအသက်၏ ပြတ်စဲမှု မရဏသဘောကို အာရုံ ယူ၍ မရဏံ မရဏံ ဟု ကြိမ်ဖန်များစွာ နှလုံးသွင်းနေသော ထိုယောဂါဝစရပုဂ္ဂိုလ်၏ မရဏဿတိဘာဝနာ စိတ်သည် တစ်နာရီ နှစ်နာရီစသည်ဖြင့် ထိုမရဏအာရုံ၌ ကပ်၍ တည်နေသော် စျာန်အင်္ဂါများကို ဆင်ခြင် ကြည့်လိုက်က စျာန်အင်္ဂါ ငါးပါးတို့သည် ထင်ရှားနေမည် ဖြစ်၏။ သို့သော် ဥပစာရစျာန်မျှသာ ဖြစ်၏။ ဇီဝိတိ- န္ဒြေကား ပရမတ္ထဓမ္မသဘာဝ ဖြစ်၏။ ယင်း ပရမတ္ထဓမ္မသဘာဝ၏ ပြတ်စဲမှုကို ဉာဏ်ဖြင့် ကပ်ဆောင်၍ ကြည့်ရှု
——意生起,反复作意‘maraṇaṃ, maraṇaṃ——死亡,死亡’。有些根与智锐利的瑜伽行者,只这样令如理作意生起,不久诸盖便会脱落;以死亡为所缘的念善加安住,达到近行定的死随念业处便会生起。若取命根断绝这一死亡性质为所缘,反复作意‘死亡,死亡’,死随念修习心能贴住所缘而住一小时、两小时,检查禅支时就会看见五禅支清楚显现;不过,这只属于近行禅。命根是胜义法;因为必须以智趋向、观见这一胜义法的断绝——
ရသဖြင့် ယင်းပရမတ်တရား၏ နက်နဲရကား ဥပစာရသမာဓိမျှသို့သာ ဆိုက်ရောက်နိုင်၏၊ အပ္ပနာစျာန်သမာဓိသို့ မဆိုက်ရောက်နိုင်။
——,而胜义法甚深,所以只能达到近行定,不能达到安止禅定。
၁။ မရဏံ မေ ဓုဝံ = ငါ၏ သေခြင်းတရားသည် မြဲ၏ ဟုလည်းကောင်း၊ ၂။ ဇီဝိတံ မေ အဓုဝံ = ငါ၏ အသက်ရှင်ခြင်းသည် မမြဲ ဟုလည်းကောင်း၊ ၃။ မရဏပရိယောသာနံ မေ ဇီဝိတံ = ငါ၏ အသက်ရှင်ခြင်းသည် သေခြင်းလျှင် အဆုံးအပိုင်းအခြား ရှိ၏ ဟုလည်းကောင်း ---
也可以这样作意:一、‘maraṇaṃ me dhuvaṃ——我的死亡是确定的’;二、‘jīvitaṃ me adhuvaṃ——我的生命是不确定的’;三、‘maraṇapariyosānaṃ me jīvitaṃ——我的生命以死亡为终点。’
原书第 640 页
ဤသို့လည်း နှလုံးသွင်းနိုင်သည်သာ ဖြစ်သည်။ မိမိကြိုက်နှစ်သက်ရာ နှလုံးသွင်းနည်း တစ်ခုခုကို ရွေး- ချယ်၍ နှလုံးသွင်းပါ။ အကယ်၍ အထက်ပါအတိုင်း နှလုံးသွင်းသောအခါ အောင်မြင်မှုမရ ဖြစ်နေပါက မိမိ ရရှိထားပြီးသည့် စတုတ္ထစျာန်သမာဓိကိုပင် တစ်ဖန်ပြန်၍ ထူထောင်ပါ။ ထိုစတုတ္ထစျာန်သမာဓိနှင့် ယှဥ်သော ဉာဏ်ကြောင့် လင်းရောင်ခြည်များ ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပလာသောအခါ ဗဟိဒ္ဓ အသုဘ အလောင်းကောင်ကို တစ်ဖန်ပြန်၍ အာရုံယူပါ။ ထိုနောင် မိမိ၏ ဤဘဝသေမည့် အနာဂတ်ဘက်သို့ ဉာဏ်ကို စေလွှတ်၍ ဉာဏ်ဖြင့်ကပ်ဆောင်၍ တဖြည်းဖြည်း လှမ်းကြည့်ပါ။ ထိုအခါ မိမိသေသည့် ပုံကို တွေ့ရှိနိုင်ပါသည်။
可以选择自己喜欢的任何一种方式作意。如果依上述方式作意仍未成功,就重新建立自己已经证得的第四禅定。与第四禅定相应之智所生的光明闪耀明亮时,再次取外在不净尸体为所缘;然后把智送向自己这一生未来死亡的时刻,以智趋向,一步步向前看,便可能看见自己死亡的形象。
တွေ့ရှိသော် ဇီဝိတိန္ဒြေ၏ ပြတ်စဲမှုသဘောကို အာရုံယူ၍ အထက်ပါအတိုင်း ဆက်လက်ပွားများပါ။ ဥပစာရ သမာဓိသို့ တိုင်အောင်သော အောင်မြင်မှုကို ရရှိနိုင်ပေသည်။
看见以后,取命根断绝的性质为所缘,依上述方法继续修习,便能成功达到近行定。

本页是帕奥禅师缅文「五大册」第五册(趣向涅槃之道·第五册,书名暂定)的现代汉语全译本,非缩略版、非节译;译者 Dhammesanā。卷前、正文与原书索引均与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。