行道智见清净释(之四)
《趣向涅槃之道》中文全译本 · 非缩略版
观禅篇 · 原书第 350–374 页 · 227 个翻译单元
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书第 350 页
မူခြင်း ဖြစ်သည်။ ထို စကားရပ်၌ အကြင်အဖို့အားဖြင့် သင်္ခါရတရားတို့သည် အတ္တ မရှိကုန် အတ္တ မဖြစ်ကုန်၊ ထိုအဖို့အစုအားဖြင့် အတ္တ၏ဥစ္စာ မဟုတ်ကုန်။ မှန်ပေသည် ----- အတ္တရှိသော်သာ အတ္တ၏ဥစ္စာ ရှိသင့်ပေသည်။
在这句话中,就诸行没有自我、不是自我这一端而言,它们也不是自我的所有物;因为只有自我存在,才可能有自我的所有物。
(အတ္တ မရှိသဖြင့် အတ္တ၏ဥစ္စာလည်း မရှိပေ။ ) ထိုကြောင့် ----- သုညမိဒံ အတ္တေန ဝါ အတ္တနိယေန ဝါ = ဤ သင်္ခါရတရားအပေါင်းသည် အတ္တမှလည်းကောင်း၊ အတ္တနှင့်စပ်သော ဥစ္စာမှလည်းကောင်း ကင်းဆိတ်၏ဟု အဋ္ဌကထာက ဖွင့်ဆိုခြင်း ဖြစ်သည်။
(既然没有自我,也就没有自我的所有物。)所以义注解释:‘suññamidaṃ attena vā attaniyena vā——这一切诸行,空无自我,也空无与自我有关的我所。’
အဘယ်ကြောင့် သင်္ခါရတရားတို့၌ ထိုသို့ အတ္တ အတ္တနိယ နှစ်မျိုးမှ ကင်းဆိတ်ရပါသနည်းဟူမူ --- သင်္ခါရ တရားတို့ကို ယောဂါဝစရပုဂ္ဂိုလ်သည် ပစ္စက္ခဉာဏ် အနုမာနဉာဏ် နှစ်မျိုးတို့ဖြင့် စူးစမ်းရှာဖွေ စိစစ်သော်လည်း ယင်းသင်္ခါရတရားတို့၌ အတ္တ အတ္တနိယ နှစ်မျိုးလုံးကို ရှာဖွေ၍ မရနိုင်သောကြောင့်ပင် ဖြစ်သည်။ တစ်ပါးသော သတ္တဝါကိုလည်းကောင်း၊ တစ်ပါးသော သင်္ခါရတရားကိုလည်းကောင်း အတ္တ၏ပရိက္ခရာ အသုံးအဆောင် ဖြစ်မှု၌ အတ္တ၏ သုခ-ဒုက္ခကို ပြီးစေတတ်သည်၏ အဖြစ်၌ တည်နေသည်ကို ပစ္စက္ခဉာဏ် အနုမာနဉာဏ် နှစ်မျိုးတို့ဖြင့် စူးစမ်းရှာဖွေသော်လည်း မတွေ့မမြင်သောကြောင့် ဖြစ်သည်ဟု ဆိုလိုပေသည်။ (မဟာဋီ-၂- ၄၅၅။) ဒွိကောဋိကာ သုညတာနုပဿနာ ----- အထက်တွင် ဖော်ပြခဲ့သော ''ဤ သင်္ခါရတရား အပေါင်းသည် အတ္တမှလည်းကောင်း၊ အတ္တနှင့်စပ်သော ဥစ္စာမှလည်းကောင်း ကင်းဆိတ်၏''ဟူသော ဤ ရှုနည်းမှာ အတ္တ
为什么诸行空无自我与我所这两者?因为禅修者以现见智、推断智审察、寻求诸行时,在其中找不到自我与我所;他又以这两种智审察:是否有另一有情或另一诸行,作为自我的资具、用具,能够成办自我的乐与苦,却仍然不见。(《大复注》2-455。)上面‘这一切诸行,空无自我,也空无与自我有关的我所’这一观法——
အတ္တနိယဟူသော အဖို့အစု နှစ်ခုရှိသော ဒွိကောဋိကာ သုညတာနုပဿနာ ရှုပွားနည်းပင် ဖြစ်သည်။
——正是具有自我与我所两端的二端空随观修法。
စတုကောဋိကာ သုညတာနုပဿနာ
四端空随观
သော ဧဝံ နေဝ အတ္တာနံ၊ န ပရံ ကိဉ္စိ အတ္တနော ပရိက္ခာရဘာဝေ ဌိတံ ဒိသွာ ပုန ''နာဟံ ကွစနိ၊ ကဿစိ ကိဉ္စနတသ္မိ၊ံ န စ မမ ကွစနိ၊ ကိသ္မိဉ္စိ ကိဉ္စနတတ္ထီ''တိ ယာ ဧတ္ထ စတုကောဋိကာ သုညတာ ကထိတာ၊ တံ ပရိဂ္ဂဏှာတိ။ (ဝိသုဒ္ဓိ-၂-၂၉၁။) ဤ စတုကောဋိကာ သုညတာနုပဿနာ ရှုနည်းမှာ ဥပရိပဏ္ဏာသပါဠိတော် စာမျက်နှာ (၅ဝ)၊ အာနေဉ္ဇ- သပ္ပါယသုတ်၌ လာရှိပေသည်။ ဤရှုကွက်၏ ဆိုလိုရင်းကို ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာက ဤသို့ရှင်းပြထား၏။
巴利原文(缅文字体):‘သော ဧဝံ နေဝ အတ္တာနံ၊ န ပရံ ကိဉ္စိ အတ္တနော ပရိက္ခာရဘာဝေ ဌိတံ ဒိသွာ ပုန ''နာဟံ ကွစနိ၊ ကဿစိ ကိဉ္စနတသ္မိ၊ံ န စ မမ ကွစနိ၊ ကိသ္မိဉ္စိ ကိဉ္စနတတ္ထီ''တိ ယာ ဧတ္ထ စတုကောဋိကာ သုညတာ ကထိတာ၊ တံ ပရိဂ္ဂဏှာတိ။’译:他如此不见任何处有自己的自我,也不见另有任何事物作为自我的资具;于是又摄取这里所说的四端空:‘我不在任何处;我不属于任何人的任何所有物;我的任何处都没有;任何处都没有属于我的任何所有物。’(《清净之道》2-291。)这种四端空随观见于《后分五十经篇》第50页《不动适宜经》;《清净之道》义注如下解释其义。
ဧဝမယံ ယသ္မာ နေဝ ကတ္ထစိ အတ္တာနံ ပဿတိ၊ န တံ ပရဿ ကိဉ္စနဘာဝေ ဥပနေတဗ္ဗံ ပဿတိ၊ န ပရဿ အတ္တာနံ ပဿတိ၊ န ပရဿ အတ္တာနံ အတ္တနော ကိဉ္စနဘာဝေ ဥပနေတဗ္ဗံ ပဿတိ။ တသ္မာနေန စတုကောဋိကာ သုညတာ ပရိဂ္ဂဟိတာ ဟောတီတိ။ (ဝိသုဒ္ဓိ-၂-၂၉၂။) ဧဝံ အဇ္စျတ္တံ၊ ဗဟိဒ္ဓါ စ ခန္ဓာနံ အတ္တတ္တနိယသုညတာ သုဒ္ဓသင်္ခါရပုဉ္ဇတာ စတုကောဋိကသုညတာ ပရိဂ္ဂဏှနေန ဒိဋ္ဌာ ဟောတိ။ တေန ဝုတ္တံ ''ဧဝမယ''န္တိအာဒိ။ (မဟာဋီ-၂-၄၅၆။) ဤအထက်ပါ အဋ္ဌကထာဋီကာတို့၏ ဖွင့်ဆို ရှင်းလင်းချက်များနှင့်အညီ အသင်သူတော်ကောင်းသည်-- ၁။ အဇ္စျတ္တ ခန္ဓာ (၅)ပါး၌ အတ္တ မရှိမှုသဘော၊ ၂။ အဇ္စျတ္တ ခန္ဓာ (၅)ပါး၌ အနတ္တနိယ = အတ္တနှင့်စပ်သော ဥစ္စာ မရှိမှုသဘော၊ ၃။ ဗဟိဒ္ဓ ခန္ဓာ (၅)ပါး၌ အတ္တ မရှိမှုသဘော၊ ၄။ ဗဟိဒ္ဓ ခန္ဓာ (၅)ပါး၌ အနတ္တနိယ = အတ္တနှင့်စပ်သော ဥစ္စာ မရှိမှုသဘော --- ဤ (၄)မျိုးသော သဘောတရားတို့ကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှုရမည် ဖြစ်သည်။ ဤသို့
巴利《清净之道》原文(缅文字体):‘ဧဝမယံ ယသ္မာ နေဝ ကတ္ထစိ အတ္တာနံ ပဿတိ၊ န တံ ပရဿ ကိဉ္စနဘာဝေ ဥပနေတဗ္ဗံ ပဿတိ၊ န ပရဿ အတ္တာနံ ပဿတိ၊ န ပရဿ အတ္တာနံ အတ္တနော ကိဉ္စနဘာဝေ ဥပနေတဗ္ဗံ ပဿတိ။ တသ္မာနေန စတုကောဋိကာ သုညတာ ပရိဂ္ဂဟိတာ ဟောတီတိ။’译:他在任何处都不见自己的自我,不见自己的自我可被看作他人的任何所有物;不见他人的自我,也不见他人的自我可被看作自己的任何所有物,所以便摄取了四端空。(《清净之道》2-292。)巴利《大复注》原文(缅文字体):‘ဧဝံ အဇ္စျတ္တံ၊ ဗဟိဒ္ဓါ စ ခန္ဓာနံ အတ္တတ္တနိယသုညတာ သုဒ္ဓသင်္ခါရပုဉ္ဇတာ စတုကောဋိကသုညတာ ပရိဂ္ဂဏှနေန ဒိဋ္ဌာ ဟောတိ။ တေန ဝုတ္တံ ''ဧဝမယ''န္တိအာဒိ။’译:依四端空的摄取,便见到内、外诸蕴空无自我与我所,而且只是纯粹诸行的聚集,所以说‘他如此’等。(《大复注》2-456。)依上述义注、复注的解释,贤善的禅修者应以毗婆舍那智看见四种性质:一、内五蕴无自我;二、内五蕴无我所,即没有与自我有关的所有物;三、外五蕴无自我;四、外五蕴无我所,即没有与自我有关的所有物。如此——
(၄)ဌာနတို့၌ အတ္တ - အတ္တနိယ မရှိမှုကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှုနိုင် သိမ်းဆည်းနိုင်ပါလျှင် -----
——若能在这四处以毗婆舍那智看见、摄取自我与我所的不存在——
原书第 351 页
ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ နိဒ္ဒေသ -- သင်္ခါရုပေက္ခာဉာဏ်ခန်း စတုကောဋိက သုညတာနုပဿနာကို ရှုပွားနိုင်သည် မည်ပေသည်။
——便称为能够修习四端空随观。
၁။ နာဟံ ကွစနိ
一、我不在任何处(nāhaṃ kvacani)
ငါသည် ----- တစ်စုံတစ်ခုသော ဌာန၌သော်လည်းကောင်း၊ တစ်စုံတစ်ခုသော ကာလ၌သော်လည်းကောင်း၊ တစ်ခုတစ်ခုသော ဓမ္မ၌သော်လည်းကောင်း၊ အဇ္စျတ္တ ခန္ဓာ (၅)ပါး၌သော်လည်းကောင်း၊ ဗဟိဒ္ဓ ခန္ဓာ (၅)ပါး၌ သော်လည်းကောင်း အတ္တကို မမြင်ပေ။ ထို ဖော်ပြပါ အဇ္စျတ္တ ဗဟိဒ္ဓ နှစ်ဌာန၌ တည်ရှိသော ခန္ဓာ (၅)ပါးတည်း ဟူသော ဓမ္မ အသီးအသီးတို့၌ ဥပါဒ်-ဌီ-ဘင်ဟူသော ထိုကာလအတွင်းဝယ် တစ်စုံတစ်ခုသော အတ္တ၏ မရှိမှုကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အနတ္တ-အနတ္တဟု အနတ္တာနုပဿနာကို ရှုပါ ဟူလိုသည်။ ယင်း အနတ္တာနုပဿနာ ဘာဝနာလုပ်ငန်းရပ်ကိုပင် အတ္တမှ ကင်းဆိတ်မှုကို ရှုနေသောကြောင့် သုညတာနုပဿနာ ဟုလည်း ခေါ်ဆိုပေသည်။ ဤကား ကောဋိအဖို့အစု တစ်ခုတည်း၊ ပထမ ကောဋိတည်း။
我在任何地点、任何时间、任何法中,在内五蕴或外五蕴中,都不见自我。意思是:对于存在于内、外两处的每一种五蕴法,应在其生、住、灭期间,以毗婆舍那智看见其中没有任何自我,观为‘无我、无我’,修无我随观。由于这种无我随观禅修正观照其空无自我,也称为空随观。这就是第一端。
၂။ ကဿစိ ကိဉ္စနတသ္မိံ
二、我不属于任何人的任何所有物(kassaci kiñcanatasmiṃ)
မိမိ၏အတ္တကို တစ်စုံတစ်ယောက်သော သူတစ်ပါး၏ ကြောင့်ကြအပ်သော ဥစ္စာ၏ အဖြစ်၌ ဆောင်အပ်- သည်ကို မမြင် = မိမိ၏ အတ္တကို တစ်စုံတစ်ယောက်သော သူတစ်ပါး၏ ကြောင့်ကြအပ်သော အသုံးအဆောင် အခြံအရံ ပရိက္ခရာအဖြစ်၌ ဆောင်ထားအပ်သည်ကို မမြင် = မိမိ၏အတ္တကို တစ်စုံတစ်ယောက်သော သူတစ်ပါး၏ အစ်ကိုအရာ၌မူလည်း အစ်ကိုဟု၊ အဆွေခင်ပွန်း အဖော်သဟာယ် အရာ၌မူလည်း အဆွေခင်ပွန်း အဖော် သဟာယ်ဟု၊ အသုံးအဆောင် ပရိက္ခရာအရာ၌မူလည်း အသုံးအဆောင် ပရိက္ခရာဟု အောက်မေ့ မှတ်ထင်၍ ဆောင်ထားအပ်သည်ကို မမြင်။ ထိုသို့ မမြင်အောင် ဝိပဿနာရှုရမည် ဖြစ်သည်။ မိမိ၏ အတ္တနှင့် စပ်နေသော အရာများ မရှိပုံ အတ္တနိယသဘောမှ ဆိတ်သုဥ်းပုံကို မြင်အောင်ရှုရသော အတ္တနိယ သုညတာနုပဿနာပင်တည်း။
不见自己的自我被当作某个他人所关切的所有物;也就是不见自己的自我被当作某个他人所关切的用具、眷属或资具,不见它被认作他人的兄长、朋友伴侣或资具。应以毗婆舍那修到如此不见。这就是我所空随观:看见没有任何事物与自己的自我相连,空无我所。
ဤကား ကောဋိအဖို့အစု တစ်ခုတည်း၊ ဒုတိယ ကောဋိတည်း။
这是一端,即第二端。
ပထမကောဋိကား ကာလသုံးပါး သန္တာန်နှစ်ပါးအတွင်း၌ တည်ရှိသော သင်္ခါရတရားတို့၌ မိမိ၏ အတ္တ မရှိမှုကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အနတ္တဟု ဝိပဿနာရှုရန် ညွှန်ကြားထားသော ဒေသနာတော် တည်း။ ဤ ဒုတိယ ကောဋိကား ယင်းသင်္ခါရတရားတို့၌ မိမိ၏ အတ္တနှင့် စပ်သော တစ်စုံတစ်ခုသော တရား၏ မရှိမှုကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အနတ္တဟု ဝိပဿနာရှုရန် ညွှန်ကြားထားသော ဒေသနာတော်ပင် ဖြစ်သည်။
第一端教导:以毗婆舍那智看见三时、内外两种相续中的诸行没有自己的自我,观为无我。第二端教导:以毗婆舍那智看见这些诸行中没有任何事物与自己的自我有关,观为无我。
မိမိ၏ အတ္တလည်း မရှိ၊ မိမိ၏ အတ္တနှင့် စပ်သော ဥစ္စာလည်း မရှိလျှင် အဘယ်အရာသာ ရှိသနည်းဟူမူ သုဒ္ဓသင်္ခါရပုဉ္ဇတာ = ဒုက္ခသစ္စာ သမုဒယသစ္စာအမည်ရသော သင်္ခါရတရား အစုအပုံ သက်သက်သာ ရှိသည် ဟူ၏။ ယင်းသင်္ခါရတရားတို့၌ မိမိ၏ အတ္တမှလည်းကောင်း၊ အတ္တနိယမှလည်းကောင်း ကင်းဆိတ်မှု၊ သင်္ခါရတရား အစုအပုံ သက်သက်သာ ရှိမှုကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အနတ္တ-အနတ္တဟု ရှုရမည် ဖြစ်သည်။
若自己的自我不存在,与自己自我有关的所有物也不存在,那么实际有什么?只有纯粹的诸行聚(suddhasaṅkhārapuñjatā),也就是名为苦谛与集谛的诸行聚。应以毗婆舍那智看见这些诸行空无自己的自我与我所,唯有纯粹诸行的聚集,观为‘无我、无我’。
အနတ္တဉာဏ် အမြင်သန်လာ၍ အတ္တမှ ကင်းဆိတ်မှုကို သင်္ခါရတို့၌ ဉာဏ်အမြင် ဆိုက်နေသော် အတ္တမျှ မရှိလျှင် အတ္တနှင့်စပ်နေသော ဥစ္စာ မရှိမှုကိုလည်း သဘောတွေ့မည်သာ ဖြစ်သည်။ သင်္ခါရတရားတို့၏ ဥပါဒ်စွန်း ဘင်စွန်း- ကို တစ်နည်း ဘင်စွန်းကို ဉာဏ်အမြင်သန်ပါက အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေသည့် အတ္တမရှိမှုကို သဘောကျမည်သာ ဖြစ်သည်။ အတ္တကို ရှာမတွေ့လျှင် အဘယ်မှာလျှင် အတ္တနှင့်စပ်သော ဥစ္စာလည်း ရှိနိုင်တော့- မည်နည်း။ မရှိနိုင်သည်သာ ဖြစ်သည်။ တစ်ဖန် အတ္တနှင့်စပ်သော ဖန်ဆင်းရှင် ပရမ-အတ္တ မရှိပုံကိုလည်း မှတ်သားပါဦး။
无我智的知见变得锐利,智见安住于诸行空无自我时,就会了知:连自我都没有,自然也没有与自我有关的所有物。若对诸行的生端、灭端,或仅对灭端,智见锐利,便会明白其中没有以坚固实质常住的自我。既找不到自我,哪里还会有与自我有关的所有物?绝不可能有。此外,还应理解:也没有与自我有关的创造者、最高我。
原书第 352 页
အတ္တ အတ္တနိယ သုညတ
我与我所空
''ဤအရှင်သည် ဗြဟ္မာ ဖြစ်၏၊ မဟာဗြဟ္မာ ဖြစ်၏၊ လွှမ်းမိုးနိုင်သူ ဖြစ်၏၊ မည်သူကမျှ မလွှမ်းမိုးနိုင်သူ ဖြစ်၏၊ စင်စစ် အလုံးစုံကို မြင်သူ ဖြစ်၏၊ စီမံသူ ဖြစ်၏၊ စျာန်၌ လေ့လာပြီးသူ ဖြစ်၏၊ ဖြစ်ပြီး ဖြစ်ဆဲ သတ္တဝါတို့၏ အဖ ဖြစ်၏၊ ငါတို့ကို ဤအရှင်ဗြဟ္မာ ဖန်ဆင်းထား၏။'' (ဒီ-၁-၁၇။ ဗြဟ္မဇာလသုတ်။) --- ဤသို့ စသည့် သာသနာပ အယူအဆ ရှိကြကုန်သော သမဏ ဗြာဟ္မဏတို့ ကြံဆထားအပ်သော ထို ဖန်ဆင်းရှင် အတ္တ၏ ကြောင့်ကြဖွယ်ဖြစ်သော ထိုဖန်ဆင်းရှင် အတ္တနှင့် စပ်ဆိုင်နေသော မိမိအတ္တ မရှိမှုကို ယင်းသင်္ခါရတရားတို့၌ ဉာဏ်ဖြင့် မြင်အောင် ကြည့်ရှုရမည် ဖြစ်သည်။ ထိုကြောင့် အသင်သူတော်ကောင်းသည် ယင်းသင်္ခါရတရားတို့၌ မိမိ၏ အတ္တလည်း မရှိ၊ မိမိအတ္တနှင့် စပ်ဆိုင်သော မိမိအတ္တကို ဖန်ဆင်းလိုက်သော မိမိမှ တစ်ပါးသော ပုဂ္ဂိုလ်သတ္တဝါဟူသော ဖန်ဆင်းရှင်အတ္တလည်း မရှိသည်ကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင်
‘此尊是梵天,是大梵天,是胜者、无能胜者、全见者、主宰者、禅定自在者,是已生与正在出生诸有情之父;我们是这位梵天所造。’(《长部》1-17,《梵网经》。)对持有这类教外主张的沙门、婆罗门所构想的创造者自我,禅修者应在诸行中以智看见:没有自己的自我与那一创造者自我相属,自己的自我并不是它所关切的所有物。因此,贤善者应以毗婆舍那智看见:这些诸行中既没有自己的自我,也没有与自己自我有关、创造自己的另一人或有情——创造者自我——
ကြည့်၍ ကာလသုံးပါး သန္တာန်နှစ်ပါး အတွင်း၌ တည်ရှိသော ယင်းသင်္ခါရတရား အစုအပုံကို အနတ္တ အနတ္တဟု ရှုပါ။
——并把存在于三时、内外两种相续中的诸行聚观为‘无我、无我’。
၃။ န စ (မမ) ကွစနိ
三、我的任何处都没有(na ca mama kvacani)
သူတစ်ပါး၏ အတ္တကိုလည်း တစ်စုံတစ်ခုသော ဌာန၌သော်လည်းကောင်း၊ တစ်စုံတစ်ခုသော ကာလ၌သော် လည်းကောင်း၊ တစ်စုံတစ်ခုသော တရားဓမ္မ၌သော်လည်းကောင်း၊ အဇ္စျတ္တ ခန္ဓာငါးပါး၌သော်လည်းကောင်း၊ ဗဟိဒ္ဓ ခန္ဓာငါးပါး၌သော်လည်းကောင်း မရှိသည်ကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ကာလသုံးပါး သန္တာန်နှစ်ပါး အတွင်း၌ တည်ရှိကုန်သော ယင်းသင်္ခါရတရားတို့ကို အနတ္တ အနတ္တဟု ရှုပါ။ ဤကား တတိယ ကောဋိတည်း။
对任何地点、任何时间、任何法,在内五蕴或外五蕴中,都应以智看见没有他人的自我,并把存在于三时、内外两种相续中的这些诸行观为‘无我、无我’。这是第三端。
၄။ မမ ကိသ္မိဉ္စိ ကိဉ္စနတတ္ထိ
四、任何处都没有属于我的任何所有物(mama kismiñci kiñcanat’atthi)
ထိုယောဂါဝစရပုဂ္ဂိုလ်သည် သူတစ်ပါး၏ အတ္တသည် ငါ၏ တစ်စုံတစ်ခုသော အဇ္စျတ္တ ဗဟိဒ္ဓတရား၌ ကြောင့်ကြအပ်သော ပရိက္ခရာ အသုံးအဆောင်အဖြစ်၌ ရှိ၏ဟူ၍ မမြင်။ မိမိ၏ အစ်ကိုအရာ၌ အစ်ကိုဟူ၍ အဆွေခင်ပွန်း အဖော်သဟာယ် အရာ၌မူလည်း အဆွေခင်ပွန်း အဖော်သဟာယ်ဟူ၍၊ အသုံးအဆောင် ပရိက္ခရာ အရာ၌မူလည်း အသုံးအဆောင် ပရိက္ခရာဟူ၍ ဤသို့ တစ်စုံတစ်ခုသော ဌာန၌ မိမိမှ တစ်ပါးသောသူ၏ အတ္တကို ဤမိမိ၏ ကြောင့်ကြအပ်သော ဥစ္စာ၏အဖြစ်ဖြင့် ဆောင်အပ်သည်ကို မမြင် ဟူလိုသည်။ ယင်းသဘောကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ယင်းသင်္ခါရတရားတို့ကို အနတ္တဟုပင် ရှုရမည် ဖြစ်သည်။ ဤကား စတုတ္ထ ကောဋိတည်း။
这位禅修者不见他人的自我存在于自己任何内、外法中,成为自己所关切的资具、用具。意思是:不见自己以‘兄长’看待兄长,以‘朋友伴侣’看待朋友伴侣,以‘资具’看待资具,而把在任何处的另一个人的自我视为自己所关切的所有物。应以毗婆舍那智看见这种性质,把这些诸行观为无我。这是第四端。
''ငါ၏ အကျိုးငှာ စီရင်တတ်သော တည်နေသော ပရော ပုရိသော = တစ်ပါးသော ယောကျာ်း ပုဂ္ဂိုလ် မည်သည် ရှိ၏၊ ထိုတစ်ပါးသော ပုဂ္ဂိုလ်၏ အစွမ်းအားဖြင့် ငါ့အား အလုံးစုံသည် ပြီးစီး၏။'' ဤသို့လျှင် အချို့သော မိစ္ဆာအယူရှိသူတို့သည် ကြံဆအပ်သည်၏ အစွမ်းအားဖြင့် မိမိမှ တစ်ပါးသော အတ္တကိုလည်းကောင်း၊ ထိုမိမိမှ တစ်ပါးသော အတ္တကို မိမိ၏ ကြောင့်ကြဖွယ်ဖြစ်၍ ဖြစ်သည်ကိုလည်းကောင်း၊ အဇ္စျတ္တ ဗဟိဒ္ဓ သင်္ခါရတရားစုတို့၌ ဉာဏ်ဖြင့် ရှာဖွေကြည့်သော်လည်း မတွေ့ မမြင်ဟု နံပါတ် (၃)နှင့် (၄)တို့က ဆိုလိုပေသည်။ ထိုကြောင့် ဤရှုကွက် (၄)မျိုးတို့၏ ဆိုလိုရင်းကို အောက်ပါအတိုင်း မှတ်သားပါ။ ----- ၁။ နာဟံ ကွစနိ ----- ဤပထမ ရှုကွက်မှာ သင်္ခါရတရားတို့၌ မိမိ၏ အတ္တ မရှိမှုကို မြင်အောင် ရှုရန် ညွှန်ကြားသော ရှုကွက်ဖြစ်၏။
有些持邪见者推想:‘有另一男子、人物,为我的利益而安排、存在;依他的力量,我的一切都得以成就。’第三、第四项的意思是:依智在内外诸行聚中寻求,也不见这样的他人自我,亦不见那他人自我是自己所关切的所有物。所以四种观法的意义如下:一、‘我不在任何处’教导观见诸行中没有自己的自我。
原书第 353 页
ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ နိဒ္ဒေသ -- သင်္ခါရုပေက္ခာဉာဏ်ခန်း ၂။ ကဿစိ ကိဉ္စနတသ္မိံ ----- ဤဒုတိယရှုကွက်မှာ မိမိအတ္တ၏ပင်လျှင် တစ်စုံတစ်ယောက်သော သူ၏ အတ္တနိယ မဟုတ်သည်ကို = အတ္တနှင့်ဆက်စပ်မှု မရှိသည်ကို မြင်အောင်ရှုရန် ညွှန်ကြားသော ရှုကွက်ဖြစ်၏။
二、我不属于任何人的任何所有物(kassaci kiñcanatasmiṃ)——这一第二观法教导观见:自己的自我不属于任何人的我所,即与他人的自我没有关联。
၃။ န စ (မမ) ကွစနိ ----- ဤ တတိယရှုကွက်မှာ သင်္ခါရတရားတို့၌ သူတစ်ပါး၏ အတ္တမရှိမှုကို မြင်အောင် ရှုရန် ညွှန်ကြားသော ရှုကွက် ဖြစ်၏။
三、我的任何处都没有(na ca mama kvacani)——这一第三观法教导观见诸行中没有他人的自我。
၄။ (မမ) ကိသ္မိဉ္စိ ကိဉ္စနတတ္ထိ ----- ဤ စတုတ္ထရှုကွက်မှာ သူတစ်ပါးအတ္တ၏ အနတ္တနိယသဘော = မိမိ အတ္တနှင့် ဆက်စပ်မှုမရှိသည့် သဘောကို မြင်အောင်ရှုရန် ညွှန်ကြား၏။
四、任何处都没有属于我的任何所有物(mama kismiñci kiñcanat’atthi)——这一第四观法教导观见:他人的自我没有成为自己的我所,即与自己的自我没有关联。
(ဝိသုဒ္ဓိ-၂-၂၉၁-၂၉၂။ မဟာဋီ-၂-၄၅၅-၄၅၆။)
(《清净之道》2-291—292;《大复注》2-455—456。)
အသင်သူတော်ကောင်းသည် ကာလသုံးပါး သန္တာန်နှစ်ပါးအတွင်း၌ တည်ရှိသော သင်္ခါရတရားအစုအပုံ၌ ဤ (၄)မျိုးသော အတ္တ အတ္တနိယ သဘောများ မရှိမှုကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ယင်းသင်္ခါရ တရားအစုအပုံကို အနတ္တ အနတ္တဟု ရှုပါ။ ဤသို့လျှင် အဇ္စျတ္တ၌လည်းကောင်း၊ ဗဟိဒ္ဓ၌လည်းကောင်း အတ္တ အတ္တနိယမှ ဆိတ်သည်၏ အဖြစ်ဟု ဆိုအပ်သော သက်သက်သော သင်္ခါရတရားအစု၏ အဖြစ်ကို စတုကောဋိက သုညတာကို သိမ်းဆည်းသဖြင့် ရှုအပ်သည် ဖြစ်၏။
贤善者应以毗婆舍那智看见:存在于三时、内外两种相续中的诸行聚,空无这四种自我与我所;然后把诸行聚观为‘无我、无我’。如此,由摄取四端空,便见到内、外皆空无自我与我所,只是纯粹诸行聚。
ဆကောဋိက - ဆဟာကာရသုညတာနုပဿနာ
六端(六行相)空随观
စက္ခု သုညံ အတ္တေန ဝါ အတ္တနိယေန ဝါ နိစ္စေန ဝါ ဓုဝေန ဝါ သဿတေန ဝါ အဝိပရိဏာမဓမ္မေန ဝါ။
巴利原文(缅文字体):‘စက္ခု သုညံ အတ္တေန ဝါ အတ္တနိယေန ဝါ နိစ္စေန ဝါ ဓုဝေန ဝါ သဿတေန ဝါ အဝိပရိဏာမဓမ္မေန ဝါ။
ပ။ မနော သုညော။ ရူပါ သုညာ။ ပ။ ဓမ္မာ သုညာ။ စက္ခုဝိညာဏံ။ ပ။ မနောဝိညာဏံ။ စက္ခုသမ္ဖဿောတိ ဧဝံ ယာဝ ဇရာမရဏာ နယော နေတဗ္ဗော။ (ဝိသုဒ္ဓိ-၂-၂၉၂။ စူဠနိဒ္ဒေသ-၁၈၃။) ဤအထက်ပါ ပါဠိတော် အဋ္ဌကထာတို့နှင့်အညီ သင်္ခါရုပေက္ခာ ဝိပဿနာဉာဏ်၏ အရှုခံ အာရုံ ပရမတ္ထ တရားများမှာ ရှေးပိုင်း ဝိပဿနာဉာဏ်များနည်းတူ ခန္ဓာ၊ အာယတန၊ ဓာတ်၊ ဣန္ဒြေ၊ ပဋိစ္စသမုပ္ပါဒ်သဘော တရားများပင် ဖြစ်ကြသည်ဟု မှတ်ပါ။ ယင်း သင်္ခတပရမတ်တရားတို့ကို ရုပ်နာမ်နှစ်ပါးနည်း၊ ခန္ဓာငါးပါးနည်း၊ အာယတန (၁၂)ပါးနည်း၊ ဓာတ် (၁၈)ပါးနည်း၊ ပဋိစ္စသမုပ္ပါဒ် အင်္ဂါ (၁၂)ပါးနည်း စသည်ဖြင့် ပုံ၍ ယင်း အစု အပုံလိုက်သော ပရမတ္ထဓာတ်သား အသီးအသီးကို ----- ၁။ အတ္တမှ လည်းကောင်း၊ ၂။ အတ္တနိယ = အတ္တနှင့် စပ်သော ဥစ္စာမှလည်းကောင်း၊ ၃။ နိစ္စဟု ကြံဆထားအပ်သော အတ္တမှသော်လည်းကောင်း၊ အခြား တစ်စုံတစ်ခု တစ်စုံတစ်ယောက်မှ
ပ။ မနော သုညော။ ရူပါ သုညာ။ ပ။ ဓမ္မာ သုညာ။ စက္ခုဝိညာဏံ။ ပ။ မနောဝိညာဏံ။ စက္ခုသမ္ဖဿောတိ ဧဝံ ယာဝ ဇရာမရဏာ နယော နေတဗ္ဗော။’译:眼空无自我、我所、常、坚固、恒常与不变易法;乃至意也是如此。色等乃至法、眼识乃至意识、眼触等,都应依此方法推至老死。(《清净之道》2-292;《小义释》183。)依这些巴利圣典与义注,行舍观智所观的胜义法,和此前诸观智一样,就是蕴、处、界、根与缘起诸法。把这些有为胜义法依色名二法、五蕴、十二处、十八界、十二缘起支等分组,然后对每一组胜义界分别观见:一、空无自我;二、空无我所,即与自我有关的所有物;三、空无被设想为常的自我或其他任何人、任何事物——
လည်းကောင်း၊ ၄။ မြဲမြံ ခိုင်ခံ့သည့် ဓုဝ သဘောမှလည်းကောင်း၊ ၅။ အခါခပ်သိမ်း ထင်ရှားရှိသည်၏ အဖြစ်ဟူသော သဿတ သဘောမှလည်းကောင်း၊ ၆။ ဖောက်ပြန်ခြင်း ကင်းသည်၏ အဖြစ်ဟူသော အဝိပရိဏာမဓမ္မ သဘောမှလည်းကောင်း ---- ဆိတ်သုဥ်းမှု ကင်းဆိတ်မှု သုညတသဘောကို ယင်းသင်္ခါရတရားတို့၌ ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ကြည့်၍ သုညံ သုညံ --- ဟု ရှုပါ။ တစ်နည်း ----- အနတ္တ အနတ္တ ၊ အနိစ္စ အနိစ္စ - ဟု ရှုပါ။
——四、空无坚固不坏的性质;五、空无一切时都显著存在的恒常性质;六、空无不变易法。以毗婆舍那智看见诸行空缺、没有这六种性质,观为‘空、空’;换言之,观为‘无我、无我;无常、无常’。
(၁) (၂) တို့ကား အနတ္တာနုပဿနာပင် ဖြစ်၏။ (၃ - ၄ - ၅ - ၆) တို့ကား အနိစ္စာနုပဿနာတို့ ဖြစ်ကြ၏။ ဤ အထက်ဖော်ပြပါ သင်္ခါရတရား အသီးအသီး၌ ဤသဘောတရား (၆)မျိုးမှ ကင်းဆိတ်မှု သုညတ
第一、第二项属于无我随观;第三至第六项属于无常随观。由于反复观照每一种诸行空无这六种性质——
原书第 354 页
သဘောကို အဖန်ဖန် အထပ်ထပ် ရှုသော အနုပဿနာဖြစ်သဖြင့် ဤ အနုပဿနာကို ဆကောဋိက သုညတာ- နုပဿနာ = ဆဟာကာရ သုညတာနုပဿနာဟု ခေါ်ဆိုပေသည်။
——所以这种随观称为六端空随观,也称六行相空随观。
အဋ္ဌ အာကာရ = အဋ္ဌကောဋိက သုညတာနုပဿနာ
八行相(八端)空随观
အထက်တွင် ဖော်ပြထားသော ရူပက္ခန္ဓာမှသည် ဇရာ-မရဏသို့တိုင်အောင်သော ခန္ဓာ အာယတန ဓာတ် ဣန္ဒြေ သစ္စ ပဋိစ္စသမုပ္ပါဒ်တရားတို့ကို ငါးပုံ တစ်ဆယ့်နှစ်ပုံစသည်ဖြင့် အုပ်စုအလိုက် တစ်ပုံစီ တစ်ပုံစီ ခွဲ၍ (၈)မျိုးသော အခြင်းအရာတို့ဖြင့် ရှုရမည် ဖြစ်သည်။ ပုံစံတစ်ခုကို ဆိုအံ့။ ----- ရုပ်တရားသည် ----- ၁။ နိစ္စသာရ = မြဲသည့် အနှစ်ဖြင့်လည်းကောင်း၊ ၂။ ဓုဝသာရ = ခိုင်ခံ့သည့် အနှစ်ဖြင့်လည်းကောင်း၊ ၃။ သုခသာရ = ချမ်းသာအစစ် သုခ အနှစ်ဖြင့်လည်းကောင်း၊ ၄။ အတ္တသာရ= အတ္တ အနှစ်ဖြင့်လည်းကောင်း၊ ၅။ မြဲသည့် နိစ္စ အဖြစ်ဖြင့်လည်းကောင်း၊ ၆။ ခိုင်ခံ့သည့် ဓုဝ အဖြစ်ဖြင့်လည်းကောင်း၊ ၇။ အခါခပ်သိမ်း တည်ရှိသည့် သဿတ အဖြစ်ဖြင့်လည်းကောင်း၊ ၈။ ဖောက်ပြန်ခြင်း ကင်းသည့် အဝိပရိဏာမဓမ္မ အဖြစ်ဖြင့်လည်းကောင်း --- အသာရ = အနှစ် မဟုတ်၊ နိဿာရ = အနှစ် မရှိ၊ သာရာပဂတ = အနှစ်မှ ကင်း၏ဟု ရှုပါ။
应把上面所说从色蕴直到老死的蕴、处、界、根、谛与缘起法,依五组、十二组等逐组分开,以八种行相观照。举色法为例:观色法空无一、常之实质;二、坚固之实质;三、真正安乐的乐之实质;四、我之实质;五、常性;六、坚固性;七、一切时存在的恒常性;八、不变易法。因此,观它非实质(asāra)、没有实质(nissāra)、离开实质(sārāpagata)。
ဝေဒနာမှသည် ဇရာ-မရဏသို့ တိုင်အောင် နည်းတူ ရှုပါ။
从受蕴直到老死,也都应同样观照。
ကျူပင်၊ ကြက်ဆူပင်၊ ရေသဖန်းပင်၊ ရေခတက်ဖြူပင် = ကြောင်မီးတူပင်၊ ပေါက်ပင်၊ ရေမြှုပ်စိုင်၊ ရေပြွက်၊ တံလျှပ်၊ ငှက်ပျောတုံး၊ မျက်လှည့်သမား ပြအပ်သော အရာဝတ္ထုသည် အနှစ်မဟုတ်သကဲ့သို့ အနှစ်မရှိသကဲ့သို့၊ အနှစ်မှ ကင်း၏သို့ မှတ်ပါ။ (ဝိသုဒ္ဓိ-၂-၂၉၂။)
应知它们非实质、没有实质、离开实质,犹如芦苇、蓖麻、乌昙跋罗树、白水蓼树、朴树、泡沫团、水泡、阳焰、芭蕉干以及幻师所示之物,都没有心材。(《清净之道》2-292。)
ဒသဟာကာရ = ဒသကောဋိက သုညတာနုပဿနာ
十行相(十端)空随观
ရုပ်တရားကို -----
对于色法——
၁။ ရိတ္တတော = နိစ္စသာရ = မြဲသော အနှစ်သာရစသည်တို့၏ မရှိခြင်းကြောင့် အနှစ်ကင်းသော တရားဟု = ရိတ္တဟု ရှု၏။
一、以空无实质(rittato)观:由于没有常之实质等,观为没有实质、空虚之法。
၂။ တုစ္ဆတော = နိစ္စအနှစ် စသည် ကင်းသဖြင့် အချည်းနှီးသော တရားဟု = တုစ္ဆဟု ရှု၏။
二、以空洞(tucchato)观:由于空无常等实质,观为空洞之法。
၃။ သုညတော = အတ္တအနှစ်မှ ကင်းဆိတ်သော တရားဟု = သုညဟု ရှု၏။
三、以空(suññato)观:由于空无我之实质,观为空。
၄။ အနတ္တတော = မိမိကိုယ်တိုင် အတ္တမဟုတ်သည်၏ အဖြစ်ကြောင့် အနတ္တဟု ရှု၏။
四、以无我(anattato)观:由于自身并不是我,观为无我。
၅။ အနိဿရိယတော = အစိုးရသည်၏အဖြစ် အစိုးရခြင်း၏ မရှိခြင်းကြောင့်လည်းကောင်း၊ တစ်စုံ တစ်ယောက်သော သူသည် အစိုးရသည်၏ အဖြစ် အစိုးရခြင်းကို ပြုစေခြင်းငှာ မစွမ်းနိုင်သည်၏ အဖြစ်- ကြောင့်လည်းကောင်း အစိုးမရဟု = အနိဿရိယဟု ရှု၏။
五、以无主宰(anissariyato)观:由于没有主宰性,也没有任何人能够使它受主宰,观为不可主宰。
原书第 355 页
ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ နိဒ္ဒေသ -- သင်္ခါရုပေက္ခာဉာဏ်ခန်း ၆။ အကာမကာရိယတော = ရေမြှုပ်စိုင်ဖြင့် အိုးခွက်စသည်ကို ပြုလုပ်လိုသော ပုဂ္ဂိုလ်အား ထိုမိမိ ပြု- လုပ်လိုသော အိုးခွက်စသည့် အမှုလုပ်ငန်းကိစ္စသည် မပြီးစီးနိုင်သကဲ့သို့ ရုပ်တရား၏ မြဲသည့်နိစ္စ အဖြစ် စသည်ကို ပြုလုပ်လိုသော ပုဂ္ဂိုလ်အား ထို မိမိပြုလုပ်လိုသော အမှုလုပ်ငန်း ကိစ္စရပ်သည် မပြီးစီးနိုင်ပေ။
六、以不随欲造作(akāmakāriyato)观:想用泡沫团制作锅碗等器具的人,无法完成想做的工作;同样,想使色法成为常等的人,也不能完成其愿。
တစ်နည်းဆိုသော် မိမိအလိုဆန္ဒ၏ အစွမ်းအားဖြင့် တစ်စုံတစ်ခုသော ပြုလုပ်ခြင်း ကိရိယာသည် မရှိ၊ ထိုကြောင့် အကာမကာရိယဟု ရှု၏။
换言之,没有任何依自己意愿而作的动作,所以观为不随欲造作。
၇။ အလဗ္ဘနီယတော = '' ရုပ်သည် ဤသို့ ဖြစ်စေသတည်း၊ ဤသို့ မဖြစ်ပါစေသတည်း၊'' ဤသို့ တောင့်တ၍ မရအပ် မရနိုင်ဟု = အလဗ္ဘနီယဟု ရှု၏။
七、以不可得(alabbhanīyato)观:无法藉愿求而得到‘愿色如此,愿色不如此’,所以观为不可得。
၈။ အဝသဝတ္တကတော = (က) မိမိသည် သူတစ်ပါး၏ အလိုသို့ မလိုက်တတ်သည်၏ အဖြစ်ကြောင့် အလိုအတိုင်း မဖြစ်ဟု၊ (ခ) သူတစ်ပါးကိုလည်း မိမိ၏အလို၌ မဖြစ်စေနိုင်သောကြောင့် အလိုအတိုင်း မဖြစ်စေနိုင်ဟု = အဝသဝတ္တကဟု ရှု၏။
八、以不随欲转(avasavattakato)观:(一)因为自身不顺从他人的愿望,观为不依愿转;(二)因为也不能使他人依自己的愿望转,观为不能使其依愿转。
၉။ ပရတော = အကြင်ရုပ်နာမ်သန္တတိ အစဥ်၌ မိမိရုပ်တရားကိုယ်တိုင် ဖြစ်နေ၏၊ ထို ရုပ်နာမ်သန္တတိ အစဥ်ကို သူတစ်ပါးကဲ့သို့ပင် မစီမံအပ် မစီမံနိုင်သည်၏ အဖြစ်ကြောင့် သူစိမ်းပြင်ပဟု = ပရဟု ရှု၏။
九、以他(parato)观:即使色法正存在于自己的名色相续中,也不能加以安排,仿佛陌生他人,所以观为外来的他者。
၁ဝ။ ဝိဝိတ္တတော = ရုပ်တရားသည် ပြုလုပ်တတ်သူ = ဖန်ဆင်းတတ်သူ အတ္တစသည်တို့မှ ကင်းဆိတ်သကဲ့သို့
十、以远离(vivittato)观:色法空无作者、创造者、自我等;同样——
ထို့အတူ ရုပ်တရားသည် အကြောင်းတရားမှလည်းကောင်း၊ အကျိုးတရားမှလည်းကောင်း ကင်းဆိတ်၏
——色法也空无因法与果法。
ဟု = ဝိဝိတ္တဟု ရှု၏။ မှန်ပေသည် ----- အကြောင်းတရားနှင့် အကျိုးတရားသည်လည်းကောင်း၊ အကျိုး
所以观为远离。的确,因法与果法,以及果法与因法,并不是像怀孕者与胎儿那样——
တရားနှင့် အကြောင်းတရားသည်လည်းကောင်း ကိုယ်ဝန်ရှိလျက် ကိုယ်ဝန်နှင့်တကွ တည်နေသည်ကား
——相互含藏而共同存在。
မဟုတ်ပေ။ အကြောင်းတရား၌ အကျိုးတရားသည် မတည်၊ အကျိုးတရား၌လည်း အကြောင်းတရားသည်
果不住于因中,因也不住于果中;它们不是像胎儿住于母体那样,果住于因、因住于果——
မတည်။ ကိုယ်ဝန်တည်နေသကဲ့သို့ အကြောင်း၌ အကျိုး၊ အကျိုး၌ အကြောင်း တည်နေကြသည်ကား
——并非如此。
မဟုတ်။ အကြောင်းတရားထင်ရှားတည်ရှိနေပါက အကျိုးတရား၏ ထင်ရှားဖြစ်ခြင်းမျှသာ ဖြစ်သည်။
当因法显现存在时,只是果法随之显现生起。
အကြောင်းကား သတ်သတ်၊ အကျိုးကားသတ်သတ် တခြားစီသာ ဖြစ်သည်။ ဤသို့လျှင် အကြောင်း
因是独立的因,果是独立的果,二者各别——
တရားနှင့် အကျိုးတရားတို့သည် အချင်းချင်း ကင်းဆိတ်ကြပေသည်။
——因此,因法与果法彼此空无、互不内含。
ဝေဒနာက္ခန္ဓာမှသည် ဇရာမရဏသို့ တိုင်အောင်သော တရားတို့ကို နည်းတူပင် ရှုပါ။ (ဝိသုဒ္ဓိ-၂-၂၉၃။)
从受蕴直到老死之法,也都应同样观照。(《清净之道》2-293。)
ဒွါဒသဟာကာရ သုညတာနုပဿနာ
十二行相空随观
ရုပ်တရားသည် ----- ၁။ န သတ္တော = သတ္တဝါ မဟုတ် = တိတ္ထိတို့သည် ကြံဆအပ်သော အတ္တဟုဆိုအပ်သော သတ္တဝါ မဟုတ်။
色法:一、不是有情(na satto),即不是外道所构想、称为自我的有情。
၂။ န ဇီဝေါ = ဇီဝမဟုတ် = တိတ္ထိတို့သည် ကြံဆအပ်သော ဇီဝကောင် = အသက်ကောင် မဟုတ်။
二、不是生命者(na jīvo),即不是外道所构想的生命实体。
၃။ န နရော = နရ မဟုတ် = ဆောင်တတ်သော သူ မဟုတ် = ဆောင်တတ်သော အတ္တ မဟုတ်။
三、不是人(na naro),即不是能承担者,不是能够承担的自我。
၄။ န မာဏဝေါ = မာဏဝ မဟုတ် = မာနဖြစ်ရာ မဟုတ် = မာနဖြစ်ရာ အတ္တ မဟုတ်။
四、不是青年(na māṇavo),即不是慢的所依,不是作为慢所依的自我。
၅။ န ဣတ္ထီ = ဣတ္ထီ မဟုတ် = တိတ္ထိတို့သည် ကြံဆအပ်သော ကိုယ်ဝန်တည်ရာ ဣတ္ထီ = အတ္တ မဟုတ်။
五、不是女人(na itthī),即不是外道所构想、作为怀孕处的女人或自我。
၆။ န ပုရိသော = ပုရိသ မဟုတ် = တိတ္ထိတို့သည် ကြံဆအပ်သော ပုရိသ မဟုတ် = ပြဓာန်းသည်၏ အဖြစ်ဖြင့် ရှေး၌ တည်တတ်သော အတ္တ မဟုတ်။
六、不是男子(na puriso),即不是外道所构想的男子,不是以主导者身份居先的自我。
၇။ န အတ္တာ = အတ္တမဟုတ် = တိတ္ထိတို့သည် ကြံဆအပ်သော ငါ-ဟူသော မာနကိုထားရာ အတ္တ မဟုတ်။
七、不是自我(na attā),即不是外道所构想、作为‘我’慢所依的自我。
原书第 356 页
ရုပ်တရားသည် ငါ-ဟု ပြုအပ်သော ဒိဋ္ဌိ၏ တည်ရာဝတ္ထု၏ အဖြစ်ကြောင့် ယင်းရုပ်တရားကို အဟံဟူ၍
由于色法是‘我见’所依之事,持自我见论者便把色法称为‘我’(ahaṃ)、‘自我’(attā)。
လည်းကောင်း၊ အတ္တဟူ၍လည်းကောင်း အတ္တဒိဋ္ဌိဝါဒ အယူရှိသော ပုဂ္ဂိုလ်တို့က ခေါ်ဆိုအပ်ပေသည်။
也就是把它称作我或自我。
၈။ န အတ္တနိယံ = အတ္တ၏ ဥစ္စာ မဟုတ်။
八、不是我所(na attaniyaṃ),即不是自我的所有物。
မှတ်ချက် ----- အကယ်စင်စစ်မှာမူ ရုပ်တရားသည် ထိုသို့ အတ္တဇီဝစသော သဘောတရားရှိသည်ကား မဟုတ်ပေ၊ ထိုကြောင့် သုညတသဘောကို သိမ်းဆည်းခြင်း အစီအရင်ကို ပြခြင်းငှာ ရူပံ န သတ္တော = ရုပ်တရား- သည် သတ္တဝါ မဟုတ်စသည်ကို မိန့်ဆိုတော်မူခြင်း ဖြစ်သည်။ ထိုကြောင့် ဤဖော်ပြခဲ့သော (၁)မှ (၈)သို့ တိုင်- အောင်သော ပုဒ်တို့ဖြင့် ရုပ်တရား၏ အတ္တသုညတ = အတ္တမှ ကင်းဆိတ်မှု သဘောကို ရှုရန် ညွှန်ကြားပြသနေ၏။
说明:实际上,色法并不具有自我、生命者等性质。为了显示摄取空性的次第,圣典才说‘rūpaṃ na satto——色法不是有情’等。因此,以上第一至第八项教导观照色法的我空,即空无自我。
နောက်တွင် ဆက်လက်ဖော်ပြမည့် (၄)ပုဒ်တို့ဖြင့် ကြောင့်ကြဖွယ် ပလိဗောဓအဖြစ်၏ မရှိမှု၊ ရုပ်တရား၌ အတ္တနှင့် စပ်ဆိုင်သော တစ်စုံတစ်ရာ အဖြစ်၏ မရှိခြင်းကို ရှုရန် ညွှန်ပြထားအပ်ပေသည်။ (မဟာဋီ-၂-၄၅၈။) ၉။ နာဟံ = ငါ မဟုတ်။
随后四项则教导观照:没有可忧虑、可牵挂的我所,也没有任何事物在色法中属于自我。(《大复注》2-458。)九、不是我(nāhaṃ)。
၁ဝ။ န မမ = ငါ၏ အတ္တ၏ ဥစ္စာ မဟုတ်။
十、不是我的(na mama),即不是我的自我之所有物。
၁၁။ န အညဿ = သူတစ်ပါး၏ အတ္တ၏ ဥစ္စာ မဟုတ်။
十一、不是他人的(na aññassa),即不是他人自我的所有物。
၁၂။ န ကဿစိ = တစ်စုံတစ်ယောက်သော သူ၏ အတ္တ၏ ဥစ္စာလည်း မဟုတ်။
十二、不属于任何人(na kassaci),即也不是任何人的自我之所有物。
မှတ်ချက် ----- ရုပ်တရား၌ မိမိ၏ အတ္တ သူတစ်ပါး၏ အတ္တဟူသော တစ်စုံတစ်ခုသော အတ္တ၏ မရှိခြင်း- ကြောင့် ဖြစ်သည်။ န အတ္တနိယံ - ဟူသော ပုဒ်ဖြင့် ပြအပ်ပြီးသည်သာလျှင် ဖြစ်သော အနက်ကို ပရိယာယ် တစ်မျိုး ဖြစ်ကုန်သော - န မမ၊ န အညဿ၊ န ကဿစိဟူသော သုံးပုဒ်တို့ဖြင့် ထပ်မံ ဖော်ပြအပ်သည်ဟု မှတ်ပါ။ (မဟာဋီ-၂-၄၅၈။) ဝေဒနာက္ခန္ဓာမှသည် ဇရာမရဏသို့တိုင်အောင်သော တရားတို့၌လည်း ဤနည်းပင်တည်း။
说明:这是因为色法中没有自己的自我、他人的自我,或任何自我。‘不是我所’已经表达的意思,又用作为不同说法的‘不是我的、不是他人的、不属于任何人’三句重说。(《大复注》2-458。)从受蕴直到老死之法,也都同理。
(ဝိသုဒ္ဓိ-၂-၂၉၃။ မဟာဋီ-၂-၄၅၇-၄၅၈။)
(《清净之道》2-293;《大复注》2-457—458。)
ဒွါစတ္တာလီသာ အာကာရ - သုညတာနုပဿနာ
四十二行相空随观
ရှေးကလာပသမ္မသနဉာဏ်ပိုင်း၌ ကလာပသမ္မသနဉာဏ် မြဲမြံခိုင်ခံ့ရန်အတွက် ရည်ရွယ်၍ ပွားများ- အပ်သော တော (၄ဝ)ခေါ် ဘာဝနာ (၄ဝ)သည်လည်း ဤအပိုင်း၌ သုညတာနုပဿနာ၏ မြဲမြံခြင်း အကျိုးငှာ ဖြစ်ကုန်၏ဟု ပြခြင်းအကျိုးငှာ ဤ (၄၂)မျိုးသော အခြင်းအရာတို့ဖြင့် သုညတာနုပဿနာကို ဖော်ပြခြင်း ဖြစ်- ပေသည်။ တော (၄ဝ)ခေါ် ဘာဝနာ (၄ဝ)တို့၏ အဓိပ္ပါယ်ကို ရှေး၌ ရေးခဲ့ပြီ။ ဤ၌ ရှေးတွင် မရေးခဲ့ရသေးသော ပုဒ်တို့ကို ထပ်မံ၍ ဖော်ပြအပ်ပါသည်။
为了说明:此前在思惟智阶段,为使思惟智坚固而修习的所谓四十‘以……观’法,在本阶段也能令空随观坚固,所以这里用四十二种行相开示空随观。四十种观法的含义前面已经写过;这里再说明先前没有解释的词。
အသရဏီဘူတတော = ရုပ်တရားသည် ဘေးကို မဖျောက်ပယ်တတ်သောကြောင့် ကိုးကွယ်ရာဟု ယူခြင်းငှာ မသင့်သည်ဖြစ်၍ ကိုးကွယ်ရာဖြစ်မှု မဟုတ်သည်၏ အဖြစ်ကြောင့် အသရဏီဘူတ ဖြစ်ပေသည်။
以不成归依(asaraṇībhūtato)观:色法不能消除危险,不宜执为归依,所以它不成归依。
ယင်းသဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အသရဏီဘူတဟု ရှုပါ။
以智看见这种性质,观为‘不成归依’。
အနဿာဒတော = ရုပ်တရားသည် သာယာအပ်သည် မဟုတ်သောကြောင့် ယင်းရုပ်တရားကို မသာယာ အပ်ဟု = အနဿာဒဟု ရှုပါ။ (ဤပုဒ်ကား နိဒ္ဒေသပါဠိတော်၌ မရှိပါ၊ ရှိခဲ့သော် (၄၃)မျိုးသော အခြင်းအရာ ဖြစ်ပေလိမ့်မည်။ ----- မဟာဋီ-၂-၄၅၈။)
以无滋味(anassādato)观:色法不应受喜爱,所以观色法为无滋味。(《义释》巴利没有这一词;若有,就会成为四十三种行相。《大复注》2-458。)
原书第 357 页
ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ နိဒ္ဒေသ -- သင်္ခါရုပေက္ခာဉာဏ်ခန်း အာဒီနဝတော = ရုပ်တရား၏ ဖြစ်ခြင်းသည် ရှိလတ်သော် အလုံးစုံသော အပြစ်စု အပြစ်ပုံကြီး = အာဒီနဝကို ရခြင်းကြောင့် ရုပ်တရားကို အပြစ်အစု အပြစ်အပုံ ရှိသော တရားဟု = အာဒီနဝဟု ရှုပါ။ (ဤပုဒ်လည်း တော - ၄ဝ - တွင် ပါဝင်ပေသည်။) သမုဒယတော = ဖြစ်ခြင်းသဘောအားဖြင့် သမုဒယဟု ရှုပါ။
以过患(ādīnavato)观:色法一旦生起,就得到一切过失、过患的大聚集,所以观色法为具有过患聚的法。(此词也包括在四十种观法中。)以生起(samudayato)观:依生起之性观为生起。
အတ္ထင်္ဂမတော = ချုပ်ခြင်းသဘောအားဖြင့် အတ္ထင်္ဂမဟု ရှုပါ။
以灭没(atthaṅgamato)观:依止息之性观为灭没。
မှတ်ချက် ----- ရုပ်နာမ် သင်္ခါရတရားတို့ကို ဖြစ်စေတတ်သော အကြောင်းတရားတို့သည်လည်း အနိစ္စ တရားတို့သာ ဖြစ်ကြ၏။ အနိစ္စဖြစ်သော အကြောင်းတရားတို့ကြောင့် ဖြစ်ပေါ်လာကြရကုန်သော အကျိုး ရုပ်နာမ်- တို့သည်လည်း အနိစ္စတရားတို့ပင် ဖြစ်ကြရကုန်၏။ ရုပ်နာမ် သင်္ခါရတရားတို့၏ အနိစ္စဖြစ်မှုသည် အကြောင်းတရား ဟူသော သူတစ်ပါး၏အလိုအတိုင်း ဖြစ်ကြရ၏။ အနိစ္စာနုပဿနာကို ရှုပွားသော ယောဂါဝစရပုဂ္ဂိုလ်သည်လည်း သင်္ခါရတရားတို့၏ အနိစ္စဖြစ်မှုသည် အကြောင်းတရားဟူသော သူတစ်ပါး၏ အနိစ္စဖြစ်မှုနှင့် ဆက်စပ်နေပုံကို မြင်အောင် ရှုရမည် ဖြစ်သည်။ တစ်ဖန် သင်္ခါရတရားတို့၌ နိစ္စဟူသော အနှစ်သာရမှ ကင်းသည်ကိုလည်း မြင်အောင် ရှုရမည် ဖြစ်သည်။ ယင်းသို့ ရှုမြင်နိုင်ခဲ့သော် အနိစ္စာနုပဿနာဉာဏ်က --- ''သင်္ခါရတရားတို့သည် အကြောင်းတရားဟူသော သူတစ်ပါး၏ အလိုအတိုင်း ဖြစ်သည်၏ အဖြစ်ဖြင့်လည်းကောင်း၊ နိစ္စအနှစ်မှ ကင်း-
说明:能产生色名诸行的因法也只是无常法;由无常因法所生的果色名也只是无常法。色名诸行的无常性依因法这一‘他者’的状况而成。修无常随观的禅修者,还应看见诸行的无常性如何与因法这一他者的无常性相连,也应看见诸行空无常之实质。如此观见时,无常随观智显示‘诸行依因法这一他者的状况而成,而且空无常之实质’——
သည်၏ အဖြစ်ကို ဖော်ပြသဖြင့်လည်းကောင်း''----- သင်္ခါရတရားတို့၌ သုညတသဘောကို ထင်ရှားစေသကဲ့သို့ အလားတူပင် ဤသမုဒယဟု အတ္ထင်္ဂမဟု သင်္ခါရတရားတို့ကို ရှုခြင်းသည်လည်း သင်္ခါရတရားတို့၌ အကျိတ်အခဲ အမြဲတည်နေသည့် ခိုင်မာသည့် အနှစ်သာရ အတ္တမှ ဆိတ်သုဥ်းမှု သုညတသဘောကိုပင် ထင်ရှားဖော်ပြ နေပေသည်ဟု နှလုံးပိုက်၍ ဤရှုကွက် နှစ်မျိုးကို မိန့်ဆိုတော်မူခြင်း ဖြစ်ပေသည်။ (မဟာဋီ-၂-၄၅၈။) ဤရှုကွက်မှာ အကြောင်းတရားဖြစ်ခြင်းကြောင့် အကျိုးတရားဖြစ်ပုံ ပစ္စယတော ဥဒယဒဿန၊ အကြောင်းတရားချုပ်ခြင်းကြောင့် အကျိုးတရားချုပ်ပုံ ပစ္စယတော ဝယဒဿန ရှုကွက်ပင် ဖြစ်သည်။ ခဏတော ဥဒယဗ္ဗယဒဿနသည်လည်း အကျုံးဝင်လျက်ပင် ရှိသည်။
——从而显明诸行的空性。同样,以‘生起、灭没’观照诸行,也显明诸行空无凝固、常住、坚实的自我。应怀抱这种理解,才宣说这两种观法。(《大复注》2-458。)这就是依缘见生(paccayato udayadassana)与依缘见灭(paccayato vayadassana);也包括依刹那见生灭(khaṇato udayabbayadassana)。
အဿာဒတော = သုခ သောမနဿဟူသော သာယာဖွယ်ကို ဖြစ်စေတတ်သော သဘောတရားဟု = အဿာဒဟု ရှုပါ။
以滋味(assādato)观:观为能产生乐与悦受这一滋味性质。
ရုပ်တရားစသော သင်္ခါရတရားတို့သည် အဿာဒအားဖြင့် ရှုသင့်သော တရားတို့လည်း ဖြစ်ကြပြန်ကုန်၏။
色法等诸行,也可以从滋味这一面加以观照。
ယံ ခေါ ရူပံ ပဋိစ္စ ဥပ္ပဇ္ဇတိ သုခံ သောမနဿံ၊ အယံ ရူပဿ အဿာဒေါ။ (သံ-၂-၂၃။) = ရုပ်တရားကို အစွဲပြု၍ ဖြစ်ပေါ်လာသော သုခဝေဒနာ သောမနဿဝေဒနာသည် ရုပ်တရား၏ သာယာဖွယ် သဘောတရားတည်း။ (သံ-၂-၂၃။) ဤသို့ အဿာဒ = သာယာဖွယ် သဘောတရားအားဖြင့် ရုပ်တရားကို ရှုခြင်းသည် အကြောင်း ပစ္စည်း တရားနှင့် အကျိုး ပစ္စယုပ္ပန်တရား၏ ဖြစ်ပုံကို ထင်ရှားစွာ ဖော်ပြသဖြင့် သုညတသဘောကို ထင်ရှားစေ၏။
巴利原文(缅文字体):‘ယံ ခေါ ရူပံ ပဋိစ္စ ဥပ္ပဇ္ဇတိ သုခံ သောမနဿံ၊ အယံ ရူပဿ အဿာဒေါ။’译:缘色而生的乐受与悦受,就是色的滋味。(《相应部》2-23。)如此从滋味这一面观色,清楚显示因法与缘所生果法如何生起,所以显明空性。
အာဒီနဝတော = အပြစ်အားဖြင့် အာဒီနဝ အာဒီနဝဟု ရှုပါ။
以过患(ādīnavato)观:依过患而观为‘过患、过患’。
ယံ ရူပံ အနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ၊ အယံ ရူပဿ အာဒီနဝေါ။ (သံ-၂-၂၁။) = အကြင် ရုပ်တရားသည် အနိစ္စ ဒုက္ခ ဝိပရိဏာမဓမ္မ ဖြစ်၏၊ ဤ အနိစ္စ ဒုက္ခ ဝိပရိဏာမဓမ္မ သဘော တရားသည် ရုပ်တရား၏ အပြစ်အာဒီနဝတည်း။ (သံ-၂-၂၁။)
巴利原文(缅文字体):‘ယံ ရူပံ အနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ၊ အယံ ရူပဿ အာဒီနဝေါ။’译:色是无常、苦、变易法;这种无常、苦、变易法,就是色的过患。(《相应部》2-21。)
原书第 358 页
ဤသို့ ရုပ်တရား၏ အနိစ္စ ဒုက္ခ ဝိပရိဏာမဓမ္မဟူသော အပြစ်အာဒီနဝကို ရှုခြင်းသည် ရုပ်တရား၌ နိစ္စသဘော သုခသဘော အဝိပရိဏာမဓမ္မသဘောတရားတို့မှ ဆိတ်သုဥ်းမှု သုညတသဘောကို ထင်ရှားစေခြင်း ထင်ရှားဖော်ပြခြင်းကြောင့် ရုပ်တရား၌ သုညတသဘောကိုပင် ထင်ရှားစေ၏။ ရှေး၌ ဤ အာဒီနဝရှုကွက်ကို အကြိမ်ကြိမ် ဆိုပြီးလျက် ဤ၌ တစ်ဖန်ထပ်၍ ဆိုခြင်းသည် အဿာဒသဘောကို ပယ်သောအားဖြင့် ရှုကွက်ကို ရည်ရွယ်၍ တစ်ဖန် ဆိုသည်ဟု သိပါလေ။ (မဟာဋီ-၂-၄၅၈။) နိဿရဏတော = ထွက်မြောက်ကြောင်းသဘောအားဖြင့် နိဿရဏ နိဿရဏဟု ရှုပါ။
如此观色的无常、苦、变易法这一过患,显明色法空无常、乐与不变易法,也就是显明色的空性。虽然前面已多次说过这种过患观,这里为了表达以过患排除滋味,才再次宣说。(《大复注》2-458。)以出离(nissaraṇato)观:依出离之性观为‘出离、出离’。
ယော ရူပေ ဆန္ဒရာဂဝိနယော ဆန္ဒရာဂပ္ပဟာနံ၊ ဣဒံ ရူပဿ နိဿရဏံ။ (သံ-၂-၂၃။) ရုပ်တရား၌ တွယ်တာတပ်မက်နေသော ဆန္ဒရာဂကို ပယ်ဖျောက်ခြင်းသည် ရုပ်တရား၏ ထွက်မြောက်ရာ = ရုပ်တရားမှ ထွက်မြောက်ရာ ထွက်မြောက်ကြောင်း တရားတည်း။ (သံ-၂-၂၃။) ဤသို့ ဟောကြားတော်မူသည့်အတိုင်း ရုပ်တရား၏ ထွက်မြောက်ရာ ထွက်မြောက်ကြောင်း နိဿရဏ သဘောကို ရှုခြင်းသည်လည်း ရုပ်တရား၏ သုညတသဘောကို ထင်ရှားစေ၏။
巴利原文(缅文字体):‘ယော ရူပေ ဆန္ဒရာဂဝိနယော ဆန္ဒရာဂပ္ပဟာနံ၊ ဣဒံ ရူပဿ နိဿရဏံ။’译:对色的欲贪之调伏、欲贪之断除,就是色的出离,即从色出离的道路。(《相应部》2-23。)依此教说,观色的出离处、出离道这一出离性质,也显明色的空性。
သို့အတွက် သမုဒယသဘော အတ္ထင်္ဂမသဘောစသော ထိုထိုရှုနည်း ရှုကွက်တို့သည် သုညတာနုပဿနာကို တိုးပွားစေသော ဘာဝနာလုပ်ငန်းရပ်တို့သာ ဖြစ်ကြသည်ဟု မှတ်ပါ။
所以应知:生起、灭没等各种观法,都只是增长空随观的禅修作业。
(၄၂) ပါးသော အခြင်းအရာ
四十二种行相
(၁) အနိစ္စတော (၂ ) ဒုက္ခတော (၃) ရောဂတော (၄) ဂဏ္ဍတော (၅) သလဒတော (၆) အဃတော (၇) အာဗာဓတော (၈) ပရတော (၉) ပလောကတော (၁ဝ) ဤတိတော (၁၁) ဥပဒ္ဒဝတော (၁၂) ဘယတော (၁၃) ဥပသဂ္ဂတော (၁၄) စလတော (၁၅) ပဘင်္ဂုတော (၁၆) အဒ္ဓုဝတော (၁၇) အတာဏတော (၁၈) အလေ- ဏတော (၁၉) အသရဏတော (၂ဝ) အသရဏီဘူတတော (၂၁) ရိတ္တတော (၂၂) တုစ္ဆတော (၂၃) သုညတော (၂၄) အနတ္တတော (၂၅) အနဿာဒတော (၂၆) အာဒီနဝတော (၂၇) ဝိပရိဏာမဓမ္မတော (၂၈) အဿာရ- ကတော (၂၉) အဃမူလတော (၃ဝ) ဝဓကတော (၃၁) ဝိဘဝတော (၃၂) သာသဝတော (၃၃) သင်္ခတတော (၃၄) မာရာမိသတော (၃၅) ဇာတိဓမ္မတော (၃၆) ဇရာဓမ္မတော (၃၇) ဗျာဓိဓမ္မတော (၃၈) မရဏဓမ္မတော (၃၉) သောက-ပရိဒေဝ-ဒုက္ခ-ဒေါမနဿ-ဥပါယာသဓမ္မတော (၄ဝ) သမုဒယတော (၄၁) အတ္ထင်္ဂမတော (၄၂) အဿာဒတော • အာဒီနဝတော (၄၃) နိဿရဏတော။ (ဝိသုဒ္ဓိ-၂-၂၉၃။) မှတ်ချက် ----- (၂၅) အနဿာဒတောကို နှုတ်ပါက (၄၂) ဖြစ်သည်။ (၂၆)တွင် အာဒီနဝတော ပါပြီး
一、无常;二、苦;三、病;四、痈;五、箭;六、恶;七、疾;八、他;九、崩坏;十、灾厄;十一、祸患;十二、怖畏;十三、灾患;十四、动摇;十五、破坏;十六、不恒;十七、无保护;十八、无避难;十九、无归依;二十、不成归依;二十一、无实质;二十二、空洞;二十三、空;二十四、无我;二十五、无滋味;二十六、过患;二十七、变易法;二十八、无实质;二十九、恶之根;三十、杀戮者;三十一、衰损;三十二、有漏;三十三、有为;三十四、魔食;三十五、生法;三十六、老法;三十七、病法;三十八、死法;三十九、愁、悲、苦、忧、恼法;四十、生起;四十一、灭没;四十二、滋味与过患;四十三、出离。(《清净之道》2-293。)说明:若除去第二十五‘无滋味’,就是四十二项;第二十六已有‘过患’,第四十三处又重复一次‘过患’,若两处合算一项,也是四十二种行相。
ဖြစ်၏။ တစ်ဖန် (၄၃) နေရာတွင်လည်း အာဒီနဝတော ထပ်ပါ နေပြန်၏။ ယင်းနှစ်ခုကို တစ်ခုအဖြစ် ရေတွက်ပါက (၄၂)ပါးသော အခြင်းအရာပင် ဖြစ်၏။ ရှေးကလာပသမ္မသနပိုင်းတွင် သဘောတူရာ စုပေါင်း၍ အနိစ္စလက္ခဏာ (၁ဝ)ချက်၊ ဒုက္ခလက္ခဏာ (၂၅)ချက်၊ အနတ္တလက္ခဏာ (၅)ချက်တို့ကိုရေးသားတင်ပြခဲ့၏။ ဤ၌ ပါဠိတော်- ကြီးများနှင့် အဋ္ဌကထာတို့၌ ဖွင့်ဆိုထားသည့်အတိုင်း ရေးသားတင်ပြထားပါ၏။ စွမ်းနိုင်ပါက ဤအထက်ပါ အစဥ်အတိုင်းလည်း ထပ်မံ၍ ရှုပါ။ ဝေဒနာက္ခန္ဓာမှသည် ဇရာမရဏသို့ တိုင်အောင်သော တရားတို့၌လည်း နည်းတူပင် ရှုပါ။ မထင်ရှားသော အနက်အဓိပ္ပါယ်များကို ရှေး တော (၄ဝ)ပိုင်းတွင် ပြန်ကြည့်ပါ။ ရှေးပိုင်းတွင် သင်္ခါရတရားတို့၏ ဖြစ်မှု ပျက်မှု ဥဒယဗ္ဗယ နှစ်မျိုးလုံးကို အာရုံယူ၍ ဝိပဿနာ ရှု၏။ ဤအပိုင်းတွင်ကား ပျက်မှု ဝယသဘောသက်သက်ကိုသာ အာရုံယူ၍ ဝိပဿနာရှုရ၏။ ဤမျှသာ ထူးသည်။
此前在思惟智部分,把同类合并,列为十种无常行相、二十五种苦行相、五种无我行相。这里依巴利圣典与义注的解释列出。若有能力,也应依上列次序再观;从受蕴直到老死之法,也都同样观照。不清楚的含义,可回看此前四十种观法部分。此前的观法以诸行的生、灭两者为所缘;本阶段只取灭这一性质为所缘而修观,差别仅在这里。
原书第 359 页
ရှင်သေမင်း မမြင်နိုင်သူ
死王所不能见者
သုညတော လောကံ အဝေက္ခဿု၊ မောဃရာဇ သဒါ သတော။
巴利经文(缅文字体):‘သုညတော လောကံ အဝေက္ခဿု၊ မောဃရာဇ သဒါ သတော။
အတ္တာနုဒိဋ္ဌိံ ဦဟစ္စ၊ ဧဝံ မစ္စုတရော သိယာ။
အတ္တာနုဒိဋ္ဌိံ ဦဟစ္စ၊ ဧဝံ မစ္စုတရော သိယာ။
ဧဝံ လောကံ အဝေက္ခန္တံ၊ မစ္စုရာဇာ န ပဿတိ။
ဧဝံ လောကံ အဝေက္ခန္တံ၊ မစ္စုရာဇာ န ပဿတိ။’译:‘莫伽罗阇,应当常具正念,观世间为空;拔除我随见,如是便能超越死亡。死王看不见如此观照世间的人。’
(ခု-၁-၄၄၈။ စူဠနိ-၁၈ဝ။)
(《小部》1-448;《小义释》180。)
မောဃရာဇ = ဒါယကာတော် မောဃရာဇရသေ့။ သဒါ = နေ့ရောညဥ့်ပါ အခါခပ်သိမ်း။ သတော = သတိပဋ္ဌာန် လေးပါး မပြတ်ပွားလျက် ထင်သော သတိနှင့် ပြည့်စုံသည် ဖြစ်၍။ အတ္တာနုဒိဋ္ဌိံ = အတ္တဟူ၍ အစဥ်ပြေးသွားသော နှစ်ဆယ်သော တည်ရာဝတ္ထု ရှိသော သက္ကာယဒိဋ္ဌိကို။ ဦဟစ္စ = နာမရူပပရိစ္ဆေဒဉာဏ် ပစ္စယပရိဂ္ဂဟဉာဏ်တို့ဖြင့် နှုတ်ပစ်ပယ်ခွာ၍။ သုညတော = နိစ္စ သုခ အတ္တ သုဘစသော အနှစ်သာရမှ ဆိတ်သုဥ်းသောအားဖြင့်။ လောကံ = ဒုက္ခသစ္စာ သမုဒယသစ္စာဟူသည့် ရုပ်နာမ်ဓမ္မ သင်္ခါရလောကကို။ အဝေ- က္ခဿု = ဝိပဿနာဉာဏ်ပညာ စက္ခုဖြင့် စေ့စေ့ငုငု ကြည့်ရှုဆင်ခြင်လျက် အဖန်ဖန် အထပ်ထပ် ရှုပွား သုံးသပ် ပါလေလော။ ဧဝံ = ဤသို့ ရှုပွား သုံးသပ်နိုင်ခဲ့သည်ရှိသော်။ မစ္စုတရော = (၃၁)နိုင်ငံ ပိုင်စံစိုးနင်း ရှင်သေမင်းကို ကျော်လွှားလွန်မြောက်၍ သွားနိုင်သည်။ သိယာ = ဖြစ်လေရာ၏။ ဧဝံ = ဤသို့ ဟောအပ်ပြီးသော နိစ္စ သုခ
‘莫伽罗阇’,即施主莫伽罗阇仙人。‘常’,即昼夜一切时。‘具念’,即不断修习四念处,具足现起之念。‘我随见’,即以二十种所依事为基础、不断追逐‘自我’的有身见。‘拔除’,即以名色分别智与缘摄受智除去、舍离。‘以空’,即空无常、乐、我、净等实质。‘世间’,即名为苦谛、集谛的色名法诸行世间。‘应观’,即应以毗婆舍那智这一慧眼,周密观察、反复修观审察。‘如此’,即若能如此修观审察。‘超越死亡’,即越过统治三十一界的死王。‘便能’,即能够如此成就。又,‘如此’是说依上述方法,空无常、乐——
အတ္တ ဓုဝ သဿတ အဝိပရိဏာမဓမ္မစသော အနှစ်သာရမှ ဆိတ်သုဥ်းသော အခြင်းအရာအားဖြင့်။ လောကံ = ဒုက္ခသစ္စာ သမုဒယသစ္စာဟူသည့် ရုပ်နာမ်ဓမ္မ သင်္ခါရလောကကို။ အဝေက္ခန္တံ = ဝိပဿနာဉာဏ်ပညာ စက္ခုဖြင့် စေ့စေ့ငုငု မြော်ရှုဆင်ခြင်လျက်ရှိသော သူကို။ မစ္စုရာဇာ = (၃၁)နိုင်ငံ ပိုင်စံစိုးနင်း ရှင်သေမင်းသည်။ န ပဿတိ = ဘယ်တော့မှ မမြင်နိုင်လေပြီ။ (ခု-၁-၄၄၈။ စူဠနိ-၁၈ဝ။ ဝိသုဒ္ဓိ-၂-၂၉၃။)
——我、坚固、恒常、不变易法等实质。‘世间’,仍是名为苦谛、集谛的色名法诸行世间。‘如此观照者’,即正以毗婆舍那智这一慧眼周密观察的人。‘死王’,即统治三十一界的死王;他再也看不见这样的人。(《小部》1-448;《小义释》180;《清净之道》2-293。)
ဘယ နှင့် နန္ဒီ
怖畏与欢喜(bhaya 与 nandī)
ဧဝံ သုညတော ဒိသွာ တိလက္ခဏံ အာရောပေတွာ သင်္ခါရေ ပရိဂ္ဂဏှန္တော ဘယဉ္စ နန္ဒိဉ္စ ဝိပ္ပဟာယ သင်္ခါရေသု ဥဒါသီနော အဟောသိ မဇ္စျတ္တော၊ အဟန္တိ ဝါ မမန္တိ ဝါ န ဂဏှာတိ ဝိဿဋ္ဌဘရိယော ဝိယ ပုရိသော။
巴利《清净之道》原文(缅文字体):‘ဧဝံ သုညတော ဒိသွာ တိလက္ခဏံ အာရောပေတွာ သင်္ခါရေ ပရိဂ္ဂဏှန္တော ဘယဉ္စ နန္ဒိဉ္စ ဝိပ္ပဟာယ သင်္ခါရေသု ဥဒါသီနော အဟောသိ မဇ္စျတ္တော၊ အဟန္တိ ဝါ မမန္တိ ဝါ န ဂဏှာတိ ဝိဿဋ္ဌဘရိယော ဝိယ ပုရိသော။
ပ။ ဣစ္စဿ သင်္ခါရုပေက္ခာဉာဏံ နာမ ဥပ္ပန္နံ ဟောတိ။ (ဝိသုဒ္ဓိ-၂-၂၉၄။) ဤသို့လျှင် သင်္ခါရတရားတို့၏ အနိစ္စသဘော ဒုက္ခသဘော အနတ္တသဘောတို့ကို စူးစမ်းဆင်ခြင် ဆုံးဖြတ်ခြင်း တီရဏပရိညာ၏ အစွမ်းဖြင့် ခန္ဓာတစ်ပါးစီ တစ်ပါးစီ အသီးအသီး ခွဲခြား၍ ခန္ဓာ (၅)ပါးတို့၌ (၄၂)ပါးသော အခြင်းအရာတို့ဖြင့် သုညတသဘောကို ဉာဏ်ဖြင့် ပိုင်းခြားယူနိုင် သိမ်းဆည်းနိုင် မြင်နိုင်သော်လည်း အနိစ္စာနုပဿနာ ဒုက္ခာနုပဿနာ အနတ္တာနုပဿနာဟူသော သုံးမျိုးသော အနုပဿနာ၏ အစွမ်းဖြင့်သာလျှင် ဝိပဿနာဘာဝနာကို လုံ့လကြိုးကုတ် ပွားများအားထုတ်သော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌သာလျှင် သင်္ခါရု- ပေက္ခာဉာဏ်သည် ဖြစ်ပေါ်လာနိုင်၏။ ထိုကြောင့် သင်္ခါရတရားတို့၌ သုညတသဘောကို မြင်ပြီး၍ လက္ခဏာရေး သုံးတန်ကို တင်ပြီး၍ သင်္ခါရတရားတို့ကို စူးစမ်းဆင်ခြင် သုံးသပ်သော ယောဂါဝစရပုဂ္ဂိုလ်သည် -----
ပ။ ဣစ္စဿ သင်္ခါရုပေက္ခာဉာဏံ နာမ ဥပ္ပန္နံ ဟောတိ။’译:‘如此见到诸行为空,再把三相提到诸行之上而加以摄取的人,舍弃怖畏与欢喜,对诸行舍置、中立;不执取为“我”或“我所”,如同舍弃妻子的男子。……于是,他的行舍智便生起。’(《清净之道》2-294。)禅修者依审察遍知,分别审察诸行的无常、苦、无我性质,逐一分开五蕴,并以四十二种行相在五蕴中以智辨别、摄取、看见空性;然而,只有在以无常随观、苦随观、无我随观这三种随观精勤修习毗婆舍那的禅修者相续中,行舍智才能生起。因此,见到诸行为空、把三相提到诸行之上而审察诸行的禅修者——
၁။ သင်္ခါရတရားတို့၌ လျစ်လျူ မရှုသည့်အတွက် သင်္ခါရတရားတို့၏ ပျက်စီးခြင်းကို မှီ၍ ဖြစ်လတ္တံ့သော ကြောက်ရွံ့ခြင်း = ဘယကိုလည်းကောင်း၊ ၂။ ထိုသင်္ခါရတရားတို့၏ ပြည့်စုံခြင်းကို မှီ၍ ဖြစ်လတ္တံ့သော ဝမ်းမြောက်နှစ်သက်ခြင်း = နန္ဒီ = ပီတိ၊ ပီတိနှင့် တကွသော တဏှာကိုလည်းကောင်း ပယ်စွန့်နိုင်၏။ တစ်နည်း -----
——能够舍弃两者:一、因未能舍置诸行,依诸行的毁坏而将生起的怖畏(bhaya);二、依诸行的圆满而将生起的欢喜(nandī),也就是喜以及与喜俱行的爱。换一种说法——
原书第 360 页
၁။ သင်္ခါရတရားတို့၌ အပျက်သက်သက်ကိုသာ ဝိပဿနာဉာဏ်ဖြင့် မြင်နေသဖြင့် ကြောက်မက်ဖွယ်ရာ ဘေးဟု ထင်မြင်သည်၏အစွမ်းဖြင့် ဖြစ်ပေါ်လာသော ဉာဏ်ဟူသော ကြောက်ခြင်း ဉာဏဘယကိုလည်းကောင်း၊ ၂။ သင်္ခါရတရားတို့ကို လက္ခဏာယာဥ်သုံးချက်ကို တင်၍ ရှုပွားသုံးသပ်ခြင်း သမ္မသန၏ အစွမ်းဖြင့် ဖြစ်ပေါ်- လာသော နှစ်သက်ဝမ်းမြောက်ခြင်း ပီတိဟူသော နန္ဒီကိုလည်းကောင်း ပယ်စွန့်နိုင်၏။
——一、由于毗婆舍那智只看见诸行不断坏灭,由可怖的显现而生起的智所怖畏(ñāṇabhaya);二、由于把三相提到诸行之上加以思惟、审察而生起的欢喜,即名为喜的 nandī;这两者都能舍弃。
ပယ်စွန့်နိုင်သည်ဖြစ်၍ သင်္ခါရတရားတို့၌ လေးတူချိန်သို့ ဥဒါသိန်မူနေ၏ = အလယ်အလတ်၌ တည်၍ လျစ်လျူ ရှုနေ၏။ သင်္ခါရတရားတို့ကို ငါဟူ၍လည်းကောင်း၊ ငါ၏ ဥစ္စာဟူ၍လည်းကောင်း မစွဲယူတော့ပေ။
因为能够舍弃这两者,他对诸行如秤杆平衡般保持中立,即安住中道而舍置诸行;不再执取诸行为‘我’或‘我的所有物’。
မှန်ပေသည် ----- အချင်းခပ်သိမ်းအားဖြင့် သင်္ခါရတရားတို့၌ ကြောက်ခြင်း ဘယ၊ သင်္ခါရတရားတို့၌ နှစ်သက် ပျော်မွေ့ခြင်း = နန္ဒီတရားတို့၏ သက်ဝင်ခွင့် ဖြစ်နိုင်ခွင့်သည် မရှိတော့ပြီ ဖြစ်သည်။ စင်စစ်အားဖြင့်သော်ကား သင်္ခါရတရားတို့၌ အညီအမျှ လျစ်လျူရှုခြင်း = ဥပေက္ခာသည်သာလျှင် ကောင်းစွာတည်နေပေသည်။ စွန့်လွှတ် ထားအပ်ပြီးသော မယားရှိသော ယောကျာ်းကဲ့သို့ ဖြစ်နေ၏။
的确,怖畏诸行的 bhaya 与欣乐诸行的 nandī,已经完全没有进入、发生的机会;唯有对诸行平等舍置的舍(upekkhā)善加安住,如同一个已经舍弃妻子的男子。
ယောကျာ်းတစ်ယောက်၌ အလွန်နှစ်သက်မြတ်နိုးအပ်သော အမျိုးသမီးတစ်ဦး ရှိနေ၏။ ထိုအမျိုးသမီး၏ အခြားယောကျာ်းတို့နှင့် ဖောက်ပြားမှုကို တွေ့မြင်သဖြင့် ထိုယောကျာ်းသည် ထိုအမျိုးသမီးကို မယားအဖြစ်မှ စွန့်လွှတ်လိုက်၏။ ထိုသို့ စွန့်လွှတ်ပြီးသည့် နောက်ပိုင်းတွင် ထိုအမျိုးသမီးကို ယောကျာ်းတစ်ပါးတို့နှင့် ဖောက်ပြား- နေသည်ကို ထိုယောကျာ်း တွေ့မြင်သော်လည်း ထိုယောကျာ်း၏ သန္တာန်ဝယ် ထိုအမျိုးသမီး၏ အပေါ်၌ အမျက် ထွက်ခြင်းလည်း မဖြစ်၊ စိတ်နှလုံး မသာယာခြင်းလည်း မဖြစ်တော့ဘဲ စင်စစ်အားဖြင့် ထိုအမျိုးသမီးအပေါ်၌ ဥဒါသိန်မူလျက် ဥပေက္ခာပြုသည် လျစ်လျူရှုသည် ဖြစ်ရာသကဲ့သို့ ဤဥပမာအတူပင်လျှင် ----- ဤယောဂါဝစရပုဂ္ဂိုလ်သည် အလုံးစုံသော သင်္ခါရတရားတို့မှ လွတ်မြောက်လိုသည် ဖြစ်၍ ပဋိသင်္ခါ- နုပဿနာဉာဏ်ဖြင့် သင်္ခါရတရားတို့ကို လက္ခဏာယာဥ် သုံးချက်ကို တင်၍ စူးစမ်းလတ် သုံးသပ်လတ်သော်
一个男子曾有一位自己极为喜爱珍重的女人。后来他看见她与别的男子通奸,便舍弃她,不再把她当作妻子。舍弃以后,即使再看见她与别人通奸,他也不再对她发怒或心生不悦,只对她保持中立、平等舍置。此喻也是如此:这位禅修者想要解脱一切诸行,以审察随观智把三相提到诸行之上而审察时——
သင်္ခါရတရားတို့၌ ''ငါ-ငါ့ဥစ္စာ''ဟု စွဲယူအပ်သည်ကို မမြင်မူ၍ ဘယ-နန္ဒီ ဟူသော အစွန်းနှစ်ဘက်ကို ပယ်စွန့်၍ ခပ်သိမ်းသော သင်္ခါရတရားတို့၌ ဥဒါသိန်မူသည် = ဥပေက္ခာပြုသည် = အလယ်အလတ်၌ တည်လျက်နေသည် = လျစ်လျူရှုသည် ဖြစ်နေ၏။
——在诸行中看不见任何值得执为‘我、我所’之物,于是舍弃 bhaya 与 nandī 两端,对一切诸行保持中立、修舍、安住中道而舍置。
ဤသို့ သိသော ဤသို့ ရှုသော ဤသို့ မြင်သော ထိုယောဂါဝစရပုဂ္ဂိုလ်၏ စိတ်သည် (၃၁)ဘုံတို့၌ တွန့်၏ ရှုံ့၏ နစ်၏ မပျံ့၊ မွေ့လျော်သောအားဖြင့် မပြေးဝင်၊ လျစ်လျူရှုခြင်း ဥပေက္ခာသည်လည်းကောင်း၊ စက်ဆုပ် ရွံရှာသည်၏ အဖြစ်သည်လည်းကောင်း ကောင်းစွာ တည်နေ၏။
如此了知、如此观照、如此看见的禅修者,其心对三十一界退缩、收缩、沉伏而不扩散,不再因欣乐而趋入;舍与厌离也都善加安住。
ပဒုမ္မာကြာဖက်၌ ရေပေါက်တို့သည် တွန့်ကုန် ရှုံ့ကုန် နစ်ကုန် မပျံ့ကုန်သကဲ့သို့၊ မီး၌ ပစ်ထည့်အပ်သော ကြက်တောင်သည်လည်းကောင်း အကြောတုံးသည်လည်းကောင်း တွန့်၏ ရှုံ့၏ နစ်၏ မပျံ့၏သို့၊ ဤဥပမာ အတူပင်လျှင် ထိုယောဂါဝစရပုဂ္ဂိုလ်အား (၃၁)ဘုံတို့၌ စိတ်သည် တွန့်နေ၏ ရှုံ့နေ၏ နစ်နေ၏ မပျံ့ဖြစ်နေ၏၊ ဥပေက္ခာသည်လည်းကောင်း စက်ဆုပ်ရွံရှာသည်၏ အဖြစ်သည်လည်းကောင်း ကောင်းစွာ တည်နေ၏။ ဤသို့ တည်နေသော ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် သင်္ခါရုပေက္ခာမည်သော ဉာဏ်သည် ဖြစ်ပေါ်လာပေသည်။
如水滴落在红莲叶上便退缩、收缩、沉伏而不铺散,又如羽毛或筋腱块投入火中便退缩、收缩、沉伏而不铺散;同样,这位禅修者的心对三十一界退缩、收缩、沉伏而不扩散,舍与厌离善加安住。在这样安住的禅修者相续中,名为行舍的智便生起。
(ဝိသုဒ္ဓိ-၂-၂၉၄။)
(《清净之道》2-294。)
原书第 361 页
ငြိမ်နေတတ်ပုံ
心如何安住不动
ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် ဘင်္ဂဉာဏ်ပိုင်းမှ အစပြု၍ သင်္ခါရတရားတို့၏ အပျက်သက်သက်ကိုပင် အာရုံစိုက်၍ ဝိပဿနာ ရှုပွားသုံးသပ်လာရာ ဤသင်္ခါရုပေက္ခာဉာဏ်ပိုင်းသို့ ဆိုက်ရောက်လာသောအခါ၌လည်း ယင်းသင်္ခါရတရားတို့၏ အပျက်သက်သက်ကိုပင် အာရုံယူ၍ လက္ခဏာယာဥ် သုံးချက်ကို တစ်လှည့်စီတင်ကာ ဝိပဿနာရှုမြဲပင် ဆက်လက်၍ ရှုနေရ၏။ သင်္ခါရတရားတို့၏ အပျက်သက်သက်ကို အာရုံယူ၍ လက္ခဏာယာဥ် သုံးချက်ကို တစ်လှည့်စီ တင်လျက် ဝိပဿနာ ရှုနေသောအခါ သင်္ခါရတရားတို့၏ ဘယ၊ အာဒီနဝ၊ နိဗ္ဗိန္ဒ သဘောများသည် အဆင့်ဆင့် ဉာဏ်တွင် ထင်လာ၏။ ထိုမှတစ်ဆင့် သင်္ခါရတရားတို့မှ လွတ်ရာဘက်သို့ စိတ်ကို စေလွှတ်၍ သင်္ခါရတရားတို့၏ အပျက်သက်သက်ကိုပင် အာရုံယူ၍ လက္ခဏာယာဥ် သုံးချက်ကို တစ်လှည့်စီ တင်လျက် ဆက်လက်၍ ဝိပဿနာရှုလာရာ မုဉ္စိတုကမျတာသဘော ပဋိသင်္ခါသဘောများသည်လည်း သက်ဝင်- လာပေသည်။
从坏灭智阶段开始,禅修者便专注诸行唯有坏灭而修观审察;到达行舍智阶段,仍以诸行唯有坏灭为所缘,把三相轮流提到诸行之上,继续照常修观。这样修观时,诸行的怖畏、过患、厌离性质依次在智中显现;继而,他把心导向脱离诸行的一面,仍取诸行唯有坏灭为所缘,轮流提起三相而继续修观,欲解脱与审察的性质也随之出现。
အချို့ယောဂါဝစရပုဂ္ဂိုလ်များ၌ ဘင်္ဂဉာဏ်မှ စ၍ ပဋိသင်္ခါဉာဏ်သို့တိုင်အောင်သော ဉာဏ်တို့၌ ဉာဏ်စဥ် တစ်ဆင့် တစ်ဆင့်တွင် မကြာသည်လည်း ရှိ၏။ အချို့၌ အနည်းငယ် ပို၍ ကြာသည်လည်း ရှိ၏။ ထိုသို့ သင်္ခါရ တရားတို့ကို လက္ခဏာယာဥ်တင်၍ ဝိပဿနာ ရှုပွားသုံးသပ်နေရာက သင်္ခါရုပေက္ခာဉာဏ်သို့ ဆိုက်ခါနီးအချိန် ဆိုက်ရောက်ချိန်တို့၌ ဝိပဿနာစိတ်သည် ပို၍ ငြိမ်သက်လာ၏။ အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါး အတွင်း၌ တည်ရှိသော ရုပ်တရား နာမ်တရားတို့ကို အဇ္ဈတ္တ တစ်လှည့်၊ ဗဟိဒ္ဓ တစ်လှည့်၊ ရုပ် တစ်လှည့်၊ နာမ် တစ်လှည့်၊ လက္ခဏာယာဥ် သုံးချက်ကိုလည်း တစ်လှည့်စီ တင်၍ အဆက်မပြတ် ဝိပဿနာရှုနေသော် စိတ်သည် တဖြည်းဖြည်း ပို၍ ပို၍ ငြိမ်လာတတ်၏။
有些禅修者从坏灭智到审察智,各级智进展得很快;有些人在某些阶段稍久。如此把三相提到诸行之上修观审察,临近或到达行舍智时,观心会越来越寂静。若对存在于过去、未来、现在三时的色法名法,内、外轮流,色、名轮流,三相也轮流提起而不间断地修观,心便逐渐越来越安静。
ဘာဝနာစိတ်သည် သင်္ခါရတရားတို့၏ အပျက်ကို အာရုံပြု၍ အနိစ္စအခြင်းအရာ သို့မဟုတ် ဒုက္ခအခြင်း အရာ သို့မဟုတ် အနတ္တအခြင်းအရာ၌ ထိုကဲ့သို့ ငြိမ်ဝပ်စွာ ကပ်၍ တည်နေသော် အဇ္ဈတ္တ သင်္ခါရအာရုံ၌ ငြိမ်ဝပ်စွာ ကပ်တည်နေလျှင် အဇ္ဈတ္တ၌သာ ဆက်လက်ရှုနေပါ။ ဗဟိဒ္ဓ သင်္ခါရအာရုံ၌ ငြိမ်ဝပ်စွာ ကပ်တည်နေလျှင် ဗဟိဒ္ဓ၌သာ ဆက်လက်ရှုနေပါ။ ထိုကဲ့သို့သော အချိန်အခါမျိုး၌ အဇ္ဈတ္တ တစ်လှည့် ဗဟိဒ္ဓ တစ်လှည့် လှည့်၍ ရှုရန် မကြိုးစားပါနှင့်။ အဇ္ဈတ္တ ဗဟိဒ္ဓတို့၌ ရှုကွက်များ စုံနေပြီ ဖြစ်သောကြောင့် ဖြစ်သည်။
若禅修心以诸行坏灭为所缘,安稳地依止无常、苦、无我中的某一行相:安住于内在诸行所缘,就只继续观内;安住于外在诸行所缘,就只继续观外。这时不要再勉强内外轮换,因为内、外各种观法都已经修习完备。
အကယ်၍ အဇ္ဈတ္တ၌ ရုပ်တစ်လှည့် နာမ်တစ်လှည့် လှည့်လည်၍ လက္ခဏာယာဥ်တင်လျက် ရှုနေခိုက်၌ ဘာဝနာစိတ်သည် ဘာဝနာအာရုံ၌ ငြိမ်ဝပ်စွာ ကပ်တည်နေလျှင် အဇ္ဈတ္တ၌သာ ဆက်ရှုနေပါ။ ရုပ်တရားကို ရှုခိုက် ငြိမ်လာလျှင် ရုပ်တရားကိုသာ ဆက်ရှုနေပါ။ နာမ်တရားကို ရှုခိုက် ငြိမ်လာလျှင်လည်း နာမ်တရားကိုသာ ဆက်ရှုနေပါ။ ဗဟိဒ္ဓ၌လည်း နည်းတူပင် မှတ်ပါ။ ထိုသို့ ဘာဝနာစိတ်သည် ဘာဝနာအာရုံ၌ ငြိမ်ဝပ်စွာ ကပ်၍ အလွန်အကြူး အထူး တည်ငြိမ်လာသောအခါ ကြောင့်ကြ မစိုက်ရတော့ဘဲ အညီအမျှ သက်သက်သာသာ ရှုနေရသောအခါ ရံခါ ရုပ်တရားများကိုလည်း ရှုမရ ဖြစ်နေတတ်၏။ စက္ခုဒွါရဝီထိစသော ပဉ္စဒွါရ ဝီထိများ- ကိုလည်း ရှုမရ ဖြစ်နေတတ်၏။ မနောဒွါရဝီထိ နာမ်တရားစုများကိုသာ ရှုရနေတတ်၏။ ပို၍ ပို၍ ကောင်း- သည်သာ ဖြစ်သည်။
若在内在相续中轮流观色、观名并提起三相时,禅修心安住于当前所缘,就只继续观内;观色时心安静下来,便只继续观色;观名时安静下来,也只继续观名。外在相续亦应同样理解。当心对所缘极其安稳、无需费力而平等轻松地观照时,有时会无法再观色法,也无法再观眼门心路等五门心路,只能观意门心路名法聚;这反而是修观更进一步。
တစ်ဖန် ထိုမနောဒွါရဝီထိ နာမ်တရားစုတို့တွင်လည်း အကောင်းအုပ်စု နာမ်တရားစုတို့ကိုသာ ဤအချိန်တွင် ဦးစားပေး၍ ရှုနေပါ။ ကုသိုလ်ဇောများ စောသည့် မနောဒွါရိကဇောဝီထိ စိတ်အစဥ် နာမ်တရားစုတို့ကိုသာ လက္ခဏာယာဥ်တင်၍ ဦးစားပေးလျက် ဝိပဿနာရှုပါ။ အကယ်၍ ရုပ်ကိုလည်း ရှုရနေသေးပါက -----
在这些意门心路名法聚中,此时应优先观善法组;也就是优先把三相提到善速行生起的意门速行心路名法聚上而修观。若仍能观色,则——
原书第 362 页
၁။ ရုပ် - ရှု ----- ရုပ် - ပျက် - အနိစ္စ (ဒုက္ခ - အနတ္တ)၊ ရှုသည့်ဉာဏ်လည်း - ပျက် - အနိစ္စ (ဒုက္ခ - အနတ္တ)၊ ၂။ နာမ် - ရှု ----- နာမ် - ပျက် - အနိစ္စ (ဒုက္ခ - အနတ္တ)၊
——一、观色:色坏灭——无常(苦、无我);观照之智也坏灭——无常(苦、无我)。二、观名:名坏灭——无常(苦、无我);
ရှုသည့်ဉာဏ်လည်းပျက် - အနိစ္စ (ဒုက္ခ - အနတ္တ) ---
观照之智也坏灭——无常(苦、无我)。
ဤသို့ စသည်ဖြင့် လက္ခဏာယာဥ် သုံးချက်ကို တစ်လှည့်စီတင်၍ ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုနေပါ။
应如此轮流提起三相,反复多次观照。
အကယ်၍ အသင်သူတော်ကောင်းသည် သမထယာနိကပုဂ္ဂိုလ်ဖြစ်၍ စျာန်ရသူဖြစ်လျှင် ဤအချိန်ကား၊ ပကိဏ္ဏကသင်္ခါရတရားတို့ကို ကြိမ်ဖန်များစွာ ရှုပွားပြီး ဖြစ်သဖြင့်၊ ယုဂနဒ္ဓနည်းကို ကြိုးပမ်းရန် အကောင်းဆုံးသော အချိန်ကာလကြီးတစ်ခုပင် ဖြစ်သည်။ အခွင့်ကောင်းကြီး တစ်ရပ်ကား ဆိုက်ရောက်လာပေပြီ။ မိမိရရှိထားသော စျာန်အသီးအသီးကို တစ်ခုစီ ဝင်စား၍ ယင်းစျာန်နာမ်တရားစုတို့ကို လက္ခဏာယာဥ် တင်ကာ ဝိပဿနာရှုပါ။
如果贤善者是已经证得禅那的止行者,此时已经反复观照种种诸行,正是实践双运法(yuganaddha-naya)的最好时机。良机已经来到:逐一进入自己所证得的每一种禅那,出定后便把三相提到该禅那名法聚上而修观。
ဥပမာ ----- ပထမစျာန်ကို ဝင်စားပါ။ ယင်းစျာန်မှထ၍ ယင်းစျာန်နာမ်တရားစုတို့ကို လက္ခဏာယာဥ် သုံးချက် တစ်လှည့်စီ တင်၍ ဝိပဿနာရှုပါ။ အလားတူပင် ဒုတိယစျာန်ကို ဝင်စားပါ။ ယင်း ဒုတိယစျာန် နာမ်တရား- တို့ကိုလည်း လက္ခဏာယာဥ် သုံးချက်ကို တစ်လှည့်စီ တင်၍ ဝိပဿနာရှုပါ။ တတိယစျာန် စသည်တို့၌လည်း နည်းတူပင် ရှုပါ။ အကယ်၍ အသင်သူတော်ကောင်းသည် အာနာပါနစတုတ္ထစျာန်တွင်သာမက ကသိုဏ်း (၁ဝ)ပါး အသီးအသီး၌ သမာပတ် (၈)ပါးတို့ကိုပါ ရရှိထားသူ ဖြစ်ပါက ထိုထို ရရှိပြီး စျာန်များကို တစ်ဖန် ဝင်စား၍ ထိုထိုစျာန်မှ ထတိုင်း ထတိုင်း ထိုထိုစျာန်နာမ်တရားစုတို့ကို အနိစ္စတစ်လှည့် ဒုက္ခတစ်လှည့် အနတ္တတစ်လှည့် လှည့်၍သာ ဝိပဿနာရှုပါ။ အကယ်၍ စတုရာရက္ခကမ္မဋ္ဌာန်းများကိုပါ ပွားများထားပြီးသူ ဖြစ်ပါက ထိုနာမ် တရားစုတို့ကိုလည်း ပုံစံတူပင် ရှုပါ။ ရံခါ ရှု၍ရနေသေးပါက ယင်းစျာန်နာမ်တရားစုတို့၏ မှီရာ ဝတ္ထုရုပ်တို့ကိုလည်း
例如,先进入初禅;出初禅后,把三相轮流提到初禅名法聚上修观。同样进入第二禅,出定后也轮流提起三相观第二禅名法;第三禅等亦复如是。若贤善者不仅证得入出息念第四禅,还在十遍的每一遍处证得八定,就再进入各个已证之禅,每次出定后,轮流观该禅名法聚为无常、苦、无我。若也修成四护卫禅修业处,同样观照那些禅那名法聚。有时若仍能观,也应对这些禅那名法聚所依的所依色——
ဝိပဿနာရှုပါ။ ရံခါ ရှုနေသည့် ဝိပဿနာဉာဏ်ကိုလည်း တစ်ဖန် ထပ်မံ၍ ဝိပဿနာရှုပါ။ ရံခါ ရှု၍ ရနေသေးပါက အဇ္ဈတ္တ တစ်လှည့်၊ ဗဟိဒ္ဓ တစ်လှည့် လှည့်၍ ဝိပဿနာ ရှုပါ။
——修观;有时也把正在观照的毗婆舍那智,再以后一毗婆舍那智观照;若仍能观,有时还轮流观内、观外。
ဤသို့ ဝိပဿနာရှုရာ၌ အချို့သော ယောဂါဝစရပုဂ္ဂိုလ်များသည် ဤသင်္ခါရုပေက္ခာဉာဏ်ပိုင်းတွင် ခပ်ကြာကြာ နေနေရတတ်သည်လည်း ရှိ၏။ အချို့ သူတော်ကောင်းတို့ကား ဤဉာဏ်ပိုင်းတွင် ခပ်ကြာကြာ မနေရဘဲ သန္တိပဒအမည်ရသည့် အငြိမ်းဓာတ်သို့ ပြေးသွားသက်ဝင်သွားတတ်ကြသည်လည်း ရှိ၏။ အများအားဖြင့် အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်ဌာနလုံးတို့၌ အပျက်ကိုချည်း မြင်နေသော ဝိပဿနာဉာဏ်သည် အလွန်အားကောင်း မောင်းသန်လာပါက ဤသင်္ခါရုပေက္ခာဉာဏ်ပိုင်းတွင် ခပ်ကြာကြာမနေတော့ဘဲ မဖြစ်မပျက်သည့် နယ်ဘက်သို့ ကူးတက်သွားတတ်ပေ၏။ သင်္ခါရတရားတို့၏ အပျက်ကိုချည်း ရှုမြင်နေသော ဝိပဿနာဉာဏ်မှာ အနည်းငယ် အားပျော့နေပါက အရှိန် သိပ်အားမကောင်းလှသဖြင့် မဖြစ်မပျက်သည့် နယ်ဘက်သို့ လွယ်လွယ်နှင့် မကူးနိုင်- သေးဘဲ ဤငြိမ်နေသည့်အပိုင်းတွင် ခပ်ကြာကြာ နေနေရတတ်ပေ၏။
这样修观时,有些禅修者会在行舍智阶段停留较久;另一些人不必久留,便迅速趋入名为寂静处(santipada)的寂静界。通常,看见内外两处唯有坏灭的毗婆舍那智若极为强劲,就不会久留在行舍智阶段,而会转入没有生灭的境地;若这种智稍弱、势力不足,便不易转入没有生灭的境地,而会在这一安静阶段停留较久。
အရေးအကြီးဆုံးသော အချိန်တစ်ချိန်
最重要的时刻
ဥဒယဗ္ဗယဉာဏ်ပိုင်းမှ စ၍ ဤသင်္ခါရုပေက္ခာဉာဏ်ပိုင်းသို့ တိုင်အောင် ဖော်ပြခဲ့သော ဉာဏ်အစဥ် အဆင့် ဆင့်တို့မှာ ပါရမီရင့်ညောင်းနေသည့် သူတော်ကောင်းများအဖို့ တစ်ထိုင်တည်းအတွင်းမှာသော်လည်း ရရှိနိုင်သော ပေါက်ရောက်နိုင်သော ဉာဏ်များ ဖြစ်ကြ၏။ တစ်ထိုင်တည်းအတွင်းမှာပင် ထိုဉာဏ်များကို ရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ ဥဒယဗ္ဗယဉာဏ်မှ စ၍ ဤသင်္ခါရုပေက္ခာဉာဏ်သို့ တိုင်အောင်သော ဝိပဿနာဉာဏ်တို့၏ အဆင့်ဆင့် ဖြစ်ပေါ်ခိုက် အချိန်များကား အသင်သူတော်ကောင်းအတွက် အရေးကြီးသော အချိန်ကာလများပင် ဖြစ်ကြသည်။
从生灭智直到行舍智的上述各级观智,对波罗蜜成熟的善人来说,甚至可以在一座之间证得。无论是否一座即得,从生灭智至行舍智各级观智依次生起的这段时间,对贤善者都是极其重要的时刻。
原书第 363 页
ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ နိဒ္ဒေသ -- သင်္ခါရုပေက္ခာဉာဏ်ခန်း ဣရိယာပုထ်လေးပါးလုံး၌ ဝိပဿနာစိတ်များ ဆက်စပ်မိအောင် ဆက်တိုက် ရှုနိုင်ဖို့ အရေးကြီးလှပေသည်။
要使观心在行、住、坐、卧四威仪中连续衔接,至关重要。
သွားခိုက် လာခိုက် ကွေးခိုက် ဆန့်ခိုက်စသော ထိုထို ဣရိယာပထ သမ္ပဇညအခိုက်တို့၌ ----- ရုပ်နာမ် နှစ်ပါးနည်း၊ ခန္ဓာငါးပါးနည်း၊ အာယတန တစ်ဆယ့်နှစ်ပါးနည်း၊ ဓာတ် တစ်ဆယ့်ရှစ်ပါးနည်း၊ ပဋိစ္စသမုပ္ပါဒ်အင်္ဂါ တစ်ဆယ့်- နှစ်ပါးနည်း စသည့် ထိုထိုဝိပဿနာ ရှုနည်းတို့တွင် မိမိကြိုက်နှစ်သက်ရာ နည်းတစ်ခုဖြင့်ပင် ဖြစ်စေ၊ နှစ်ခု သုံးခုဖြင့်ပင် ဖြစ်စေ၊ နည်းအားလုံးတို့ဖြင့်ပင် ဖြစ်စေ ယင်းသင်္ခါရတရားတို့ကို သိမ်းဆည်းလျက် လက္ခဏာရေး သုံးတန်ကို တစ်လှည့်စီတင်၍ ကာလသုံးပါး သန္တာန်နှစ်ပါးတို့၌ တစ်လှည့်စီ ဝိပဿနာ ရှုနေပါ။ သင်္ခါရုပေက္ခာ- ဉာဏ်ကို မကျော်လွှားနိုင်သူ သူတော်ကောင်းတို့အတွက် ဝိပဿနာဉာဏ်များကို ရင့်ကျက်အောင် ဣန္ဒြေများ ရင့်ကျက်အောင် ထပ်မံ၍ လေ့ကျင့်ခြင်းပင် ဖြစ်သည်။ အရှင်ရာဟုလာမထေရ်မြတ်တို့ လေ့ကျင့်ခဲ့သော ထုံးဟောင်း အတိုင်းပင် ဖြစ်သည်။
在行走、来往、屈伸等各种威仪正知的时刻,可用色名二法、五蕴、十二处、十八界、十二缘起支等观法中的一种、两三种,乃至全部方法,摄取诸行,把三相轮流提起,在三时、内外两种相续中轮流修观。对尚不能超越行舍智的人,这正是继续使观智与诸根成熟的训练,如同罗睺罗长老所遵行的旧范。
ဣရိယာပထ - သမ္ပဇည ရှုကွက် အမြွက်
威仪、正知观法提示
ဤအပိုင်းကား ဝိပဿနာပိုင်း သက်သက် ဖြစ်သဖြင့် ရုပ်အတုများကို ဝိပဿနာရှုရန် ရှုကွက်ကို ချန်လှပ် ထားပါ။ စင်္ကြံတစ်နေရာတွင် ခေတ္တရပ်၍ မျက်စိမှိတ်လျက် သမာဓိကို ထူထောင်ပါ။ ရုပ်နာမ်တို့ကို သိမ်းဆည်းပါ။
本阶段纯属观修,所以应从观修所缘中略去非真实色。先在经行道某处暂时站定,闭眼建立定力,再摄取色名。
ရုပ်တရားတို့ကို သိမ်းဆည်းရာ၌ (၆)ဒွါရ၊ (၄၂)ကောဋ္ဌာသတို့၌ တည်ရှိသော ရုပ်အစစ်တို့ကိုသာ သိမ်းဆည်းပါ။
摄取色法时,只摄取存在于六门、四十二身分中的真实色。
နာမ်တရားတို့ကို သိမ်းဆည်းရာ၌ အာယတနဒွါရအလိုက် ဖြစ်ပေါ်နေသော နာမ်တရားတို့ကို ဖြစ်စေ၊ ဣရိယာ- ပုထ်ကို ဖြစ်စေနိုင်သော မနောဒွါရိကဇောဝီထိ စိတ်အစဥ်အတွင်း၌ တည်ရှိသော နာမ်တရားတို့ကို ဖြစ်စေ၊ ဘဝင်နာမ်တရားစုတို့နှင့် တကွ အားလုံးရောနှော၍ သိမ်းဆည်းပါ။ ယင်း ရုပ်နာမ်တို့ကို လက္ခဏာယာဥ်တင်၍ ဝိပဿနာရှုပါ။ ဝိပဿနာဉာဏ် အရှိန်အဝါ ကောင်း၍ တော်တော်လေး အသားကျလာသောအခါ ဖြည်းဖြည်း စင်္ကြံလျှောက်ကြည့်ပါ။ ဖြည်းဖြည်း စင်္ကြံလျှောက်လျက် ရုပ်နာမ်တို့ကို ဆက်လက် သိမ်းဆည်းကာ ဝိပဿနာ ဆက်လက် ရှုနေပါ။ တော (၄ဝ)ခေါ် ဘာဝနာ (၄ဝ) ရှုကွက် စသည့် ဝိပဿနာဉာဏ်စဥ် အတိုင်း အဆင့်ဆင့် ဖော်ပြခဲ့သော ဝိပဿနာရှုကွက် အားလုံးကိုလည်း သွားခိုက် စသည်တို့၌ ရှုနိုင်သည်သာ ဖြစ်ပါသည်။ ရှေ့သို့ တိုးခိုက်၊ နောက်သို့ ဆုတ်ခိုက်၊ တည့်တည့်ကြည့်ခိုက်၊ စောင်းငဲ့ကြည့်ခိုက်၊ ကွေးခိုက်၊ ဆန့်ခိုက်၊ ဒုကုဋ်-သပိတ်
摄取名法时,可以摄取依各处门生起的名法,或能产生威仪的意门速行心路中的名法,并与有分名法聚合摄取。把三相提到这些色名上修观。观智有力且相当熟练时,试着在经行道上缓慢行走;一边缓慢行走,一边继续摄取色名修观。此前依观智次第说明的四十种‘以……观’法等一切观法,在行走等时也都能修:向前时、后退时、直视时、旁视时、屈伸时,以及持双层衣、钵——
-သင်္ကန်းကို ဆောင်ခိုက်၊ စားခိုက်၊ သောက်ခိုက်၊ ခဲခိုက်၊ လျက်ခိုက်၊ ကျင်ကြီး-ကျင်ငယ်စွန့်ခိုက်၊ သွားခိုက်၊ ရပ်ခိုက်၊ ထိုင်ခိုက်၊ အိပ်ခိုက်၊ နိုးခိုက်၊ စကားပြောခိုက်၊ စကားမပြော ဆိတ်ဆိတ်နေခိုက် စသည့် ထိုထို ဣရိယာ- ပထပိုင်းဆိုင်ရာ သမ္ပဇညပိုင်းဆိုင်ရာ ရှုကွက်တို့၌လည်း ရုပ်နာမ်တို့ကို သိမ်းဆည်းလျက် ဝိပဿနာရှုပါ။ ဝိပဿနာ အရှိန်အားကောင်းလာသောအခါ ယင်းသင်္ခါရတရားတို့၏ အပျက်သက်သက်ကို အာရုံယူ၍ ဝိပဿနာရှုပါ။
——与僧衣时,进食、饮水、咀嚼、舔食、大小便时,行、住、坐、卧、醒来、说话、默然等一切威仪与正知的观修时刻,都应摄取色名而修观。观智有力后,只取这些诸行的坏灭为所缘而修观。
ရံခါ ရှုသည့် ဝိပဿနာဉာဏ်= ဝိပဿနာ မနောဒွါရိကဇောဝီထိ စိတ်အစဥ် နာမ်တရားစုတို့ကိုလည်း ဝိပဿနာ ရှုပေးပါ။ ဗဟိဒ္ဓ၌လည်း နည်းတူရှုပါ။
有时也应把正在观照的毗婆舍那智——即毗婆舍那意门速行心路名法聚——再以后一毗婆舍那智观照;外在相续也同样观。
ရံခါ အတိတ် အဆက်ဆက်မှသည် အနာဂတ်ဆုံးသည့်တိုင်အောင် ပဋိစ္စသမုပ္ပါဒ် အင်္ဂါရပ် အသီးအသီး၏ အပျက်သက်သက်ကိုလည်း အာရုံယူ၍ ဝိပဿနာ ရှုပါ။ ရံခါ ရှုသည့် ဉာဏ်ကိုလည်း တစ်ဖန်ပြန်၍ ဝိပဿနာရှုပါ။
有时从相续过去世直到未来世终,取每一缘起支唯有坏灭为所缘修观;有时也把观照之智再度修观。
အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်မျိုးလုံး၌ ရှုပါ။
内在、外在两种相续都应观照。
မျက်စိဖွင့်၍ ရှုကြည့်ပါ
睁眼观照
ဤသို့ ဣရိယာပုထ် လေးပါးလုံး၌ ရုပ်နာမ်တို့ကို သိမ်းဆည်းလျက် ယင်း ရုပ်နာမ်သင်္ခါရတရားတို့၏ အပျက်သက်သက်ကို အာရုံယူ၍ လက္ခဏာယာဥ်သုံးချက်ကို တစ်လှည့်စီ တင်၍ တွင်တွင်ကြီး ဝိပဿနာ ရှုနေ-
若能如此在四威仪中摄取色名,以色名诸行唯有坏灭为所缘,轮流提起三相而持续修观——
原书第 364 页
ခဲ့သော် သင်္ခါရတရားတို့၏ အပျက်ကို အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်နှစ်ပါးလုံး၌ အလွန် လျင်လျင်မြန်မြန် ဉာဏ်ဖြင့် တွေ့မြင်လာမည် ဖြစ်၏။ ထိုအခါတွင် တစ်နေရာရာတွင် ရပ်၍ဖြစ်စေ ထိုင်၍ဖြစ်စေ သင်္ခါရတရားတို့၏ အပျက်- ကိုပင် အာရုံယူကာ ဆက်လက်၍ ဝိပဿနာရှုပါ။ သင်္ခါရတရားတို့၏ အပျက်များသည် အလွန် လျင်လျင်မြန်မြန် ဉာဏ်၌ ထင်လာသောအခါ မျက်စိဖွင့်၍လည်း ရှုကြည့်ပါ။ ထိုသို့ရှုရာ၌ ရှေးဦးအစတွင် အဝါးဝစွာ မလေ့ကျင့် ရသေးသဖြင့် သက်ရှိသက်မဲ့ တစ်လောကလုံးဝယ် ကြည့်လိုက်သမျှ ဘယ်အရာ၌ မဆို ရုပ်ကလာပ် အမှုန်များ- ကိုသာ တွေ့မြင်နေတတ်သေး၏။ ထိုသို့ တွေ့မြင်ခဲ့သော် ယင်းရုပ်ကလာပ်များကို ဃန အသီးအသီး ပြိုအောင် ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ပရမတ်ရုပ်တရားတို့ကို ဆက်လက်၍ ဝိပဿနာရှုပါ။ ရုပ်ပရမတ်သို့ ဉာဏ်အမြင် ဆိုက်ပါမှ ယင်းရုပ်တရားတို့ကို လက္ခဏာယာဥ်သုံးချက် တစ်လှည့်စီ တင်၍ ဝိပဿနာ ရှုပါ။ ဝိပဿနာဉာဏ်များ
——便会以智极迅速地看见内外两种相续中诸行的坏灭。此时可在经行道某处站着或坐着,继续只取诸行坏灭为所缘修观。当诸行坏灭极迅速地显现在智中,也试着睁眼观照。起初尚不熟练,观看有情、无情的整个世间时,无论看向哪里,可能都只见到色聚微粒;这时应以智逐一破除这些色聚的密集,继续观胜义色。智见到达胜义色以后,再把三相轮流提到这些色法之上修观。当诸观智——
တစ်ဖန် ရင့်ကျက်လာပြန်သောအခါ ရုပ်ကလာပ် အမှုန်များကို မတွေ့တော့ဘဲ ရုပ်ပရမတ် သက်သက်ကိုသာ တွေ့ရှိနေမည် ဖြစ်ပေသည်။ ထိုအခါ ယင်းရုပ်ပရမတ်တရားတို့၏ အပျက်ကိုပင် အာရုံယူ၍ ဆက်လက်၍ ဝိပဿနာရှုပါ။ အလားတူပင် ဗဟိဒ္ဓ သက်ရှိသတ္တဝါတို့၏သန္တာန်၌ တည်ရှိသော နာမ်တရားတို့ကိုလည်း ဗဟိဒ္ဓချင်း တူညီ၍ ခြုံငုံပြီး ဝိပဿနာ ရှုပါ။ အဇ္ဈတ္တ ဗဟိဒ္ဓတို့၌ တစ်လှည့်စီ ရှုနေပါ။ ထိုသို့ ဣရိယာပုထ်ချင်း စပ်မိအောင် ဝိပဿနာ ရှုနိုင်ပါက သင်္ခါရတရားတို့၏ အပျက်ကို သိသော ဝိပဿနာဉာဏ်သည် အလွန် အားကောင်းလာကာ မကြာမီ အချိန်ကာလအတွင်းမှာပင် သင်္ခါရတရားတို့ကို လျစ်လျူ ရှုနိုင်သော သင်္ခါရုပေက္ခာဉာဏ်အဆင့်သို့ ရောက်ရှိသွားမည် ဖြစ်ပါသည်။
——再度成熟时,便不再见色聚微粒,只见纯粹的胜义色;此时继续只取这些胜义色法的坏灭为所缘修观。同样,对外在有情相续中的名法,也以外在相续同类总摄的方式观照;内、外轮流修观。若能使观修在各威仪之间如此衔接,了知诸行坏灭的观智就会变得非常强大,不久便到达能够舍置诸行的行舍智阶段。
ဘာဝနာစိတ်သည် ငြိမ်ဝပ်စွာ သင်္ခါရအာရုံ၌ ကပ်၍ တည်နေခဲ့သော်
若禅修心安住于诸行所缘
ထိုသို့ ဝိပဿနာရှုလာရာ၌ အဇ္ဈတ္တ၌ဖြစ်စေ ဗဟိဒ္ဓ၌ဖြစ်စေ ရှုနေရင်း သဒ္ဓါနှင့် ပညာ၊ ဝီရိယနှင့် သမာဓိ- တို့သည် ညီမျှလာကြသဖြင့် ဘာဝနာစိတ်သည် သင်္ခါရတရားတို့၏ အပျက်အာရုံပေါ်၌ ကြောင့်ကြမစိုက်ရတော့ဘဲ သက်သက်သာသာ ထိုင်ကြည့်နေရသကဲ့သို့ ငြိမ်ဝပ်စွာကပ်၍ တည်လာတတ်ပေသည်။ ဘာဝနာစိတ်မှာ လှုပ်ရှားမှု မရှိ ဖြစ်နေတတ်၏။ အဇ္ဈတ္တ တစ်လှည့်၊ ဗဟိဒ္ဓ တစ်လှည့်၊ ရုပ် တစ်လှည့်၊ နာမ် တစ်လှည့်၊ အကြောင်း တစ်လှည့်၊ အကျိုး တစ်လှည့် လှည့်၍ လက္ခဏာရေးသုံးတန်တွင်လည်း တစ်လှည့်စီ လှည့်၍ ဆက်လက်၍ ဝိပဿနာရှုရန် မကြိုးစားပါနှင့်။ ထိုသို့ ကြိုးစားလိုက်ပါက ဝိပဿနာသမာဓိမှာ ပျက်ပြားသွားတတ်ပေသည်။ အဇ္ဈတ္တ သင်္ခါရ တရားတို့ကို ဝိပဿနာရှုခိုက် ဘာဝနာစိတ်သည် ယင်းသင်္ခါရအာရုံ၌ ငြိမ်လာလျှင် အဇ္ဈတ္တ သင်္ခါရတရားမှာပင် ဆက်လက်၍ ဝိပဿနာ ရှုနေပါ။ ဗဟိဒ္ဓ သင်္ခါရတရားတို့ကို ဝိပဿနာရှုခိုက် ယင်းသင်္ခါရအာရုံ၌ ဘာဝနာ-
如此修观,无论正观内或观外,当信与慧、精进与定达到平衡时,禅修心不必再费力,仿佛只是轻松坐看,安稳依止诸行坏灭这一所缘,甚至显得不再活动。此时不要勉强内外轮换、色名轮换、因果轮换,也不要继续轮流提起三相;若如此勉强,观定反而会退失。观内在诸行时,禅修心若安住于该所缘,就继续只观内在诸行;观外在诸行时,禅修心若安住于外在诸行所缘——
စိတ်သည် ငြိမ်ဝပ်စွာ ကပ်၍ တည်လာလျှင် ယင်းဗဟိဒ္ဓ သင်္ခါရတရားကိုပင် ဆက်လက်၍ ဝိပဿနာ ရှုနေပါ။
——便继续只观这些外在诸行。
ရုပ်တရားကို ဝိပဿနာရှုခိုက် ယင်းရုပ်တရားအာရုံ၌ ဘာဝနာစိတ်သည် ငြိမ်ဝပ်စွာ ကပ်၍ တည်နေလျှင် ယင်းရုပ် တရားကိုပင် ဆက်လက်၍ ဝိပဿနာ ရှုနေပါ။ နာမ်တရားကို ဝိပဿနာရှုခိုက် ဘာဝနာစိတ်သည် ယင်းနာမ်တရား အာရုံ၌ ငြိမ်ဝပ်စွာ ကပ်၍တည်နေလျှင် ယင်းနာမ်တရားကိုပင် ဆက်လက်၍ ဝိပဿနာ ရှုနေပါ။ ရံခါ ရှုနေသည့် ဝိပဿနာဉာဏ်ကိုလည်း တစ်ဖန်ပြန်၍ ဝိပဿနာရှုပါ။ ရှုကွက်စုံနေသဖြင့် ကြိုက်ရာကို ရွေးချယ်ရှုခြင်းဖြစ်သည်။
观色时,禅修心若安住于色法所缘,就继续只观色;观名时,若安住于名法所缘,就继续只观名。有时也把正在观照的毗婆舍那智再度修观。由于各种观法都已修习完备,这只是选择自己最相应的所缘来观。
ပုဂ္ဂလဇ္ဈာသယ
个别意乐(puggalajjhāsaya)
ဤအချိန်တွင် အသင်သူတော်ကောင်းသည် အကယ်၍ သမထယာနိကပုဂ္ဂိုလ် ဖြစ်လျှင် မိမိကြိုက်ရာ စျာန်ကို ရွေးချယ်၍ ထိုစျာန်နှင့် စျာနသမ္ပယုတ်တရားဟူသော စျာန်နာမ်တရားတို့ကို ဦးစားပေး၍ လက္ခဏာရေး သုံးတန်တွင်လည်း အနတ္တလက္ခဏာကို ဦးစားပေး၍ ဝိပဿနာ ရှုပေးပါ။ ပြိုပြို ပျက်ပျက်နေသော သင်္ခါရ
这时,贤善者若是止行者,应选择自己最相应的禅那,优先观该禅与其相应法,也就是禅那名法;在三相中又应优先观无我相。对于不断崩解、坏灭的诸行——
原书第 365 页
ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ နိဒ္ဒေသ -- သင်္ခါရုပေက္ခာဉာဏ်ခန်း တရားတို့၏ ကုန်ဆုံးရာ မဖြစ်မပျက်သည့် အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်ဘက်သို့ စိတ်ကို ညွတ်ကိုင်းလျက် သင်္ခါရတရားတို့၏ အပျက်မှ လွတ်ရန် ဦးတည်ချက်ဖြင့် စျာန်နာမ်တရားတို့ကိုလည်းကောင်း၊ ရှုနေသည့် ဝိပဿနာ- ဉာဏ်ကိုလည်းကောင်း အနတ္တလက္ခဏာယာဥ်ကို တင်ကာ တွင်တွင်ကြီးသာ ဝိပဿနာ ရှုနေပါ။ ရံခါ ယင်းစျာန် နာမ်တရားတို့၏ မှီရာ ဟဒယ၌ တည်ရှိသော ဘူတရုပ် ဥပါဒါရုပ် (၅၄)မျိုးတို့ကိုလည်းကောင်း၊ ရှုနေသည့် ဝိပဿနာဉာဏ်ကိုလည်းကောင်း အနတ္တလက္ခဏာယာဥ် တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်နေပါ။
——应把心倾向诸行灭尽之处、没有生灭的无为寂静界涅槃,以脱离诸行坏灭为方向,把无我相提到禅那名法与正在观照的毗婆舍那智上,持续强力修观。有时也把无我相提到这些禅那名法所依、位于心所依处的四大与所造色五十四法,以及观照之智上而修观审察。
ဤသို့ ရှုနေသော်လည်း မဖြစ်မပျက်သည့် နယ်ဘက်သို့ လွယ်လွယ်နှင့် မကူးနိုင်သေး ဖြစ်နေခဲ့သော် အတိတ် အနာဂတ် ပစ္စုပ္ပန်ဟူသော ကာလသုံးပါးလုံး အတွင်း၌ တည်ရှိသော ရုပ်နာမ်တို့ကို သိမ်းဆည်းလျက် ရုပ်နာမ်နှစ်ပါးနည်းဖြင့်ပင် ဖြစ်စေ၊ ခန္ဓာငါးပါးနည်းဖြင့်ပင် ဖြစ်စေ လက္ခဏာယာဥ်တင်ကာ တစ်ဖန်ပြန်၍ ဝိပဿနာ ရှုပါ။ အတိတ်အဆက်ဆက်မှသည် အနာဂတ်ဆုံးသည်အထိ အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် ရှုနေပါ။ ရုပ်နာမ် နှစ်ပါးနည်း၊ ခန္ဓာငါးပါးနည်း နှစ်နည်းလုံးဖြင့်လည်း ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုပါ။ တစ်ဖန် ပဋိစ္စသမုပ္ပါဒ် ပထမနည်းအတိုင်း ပဋိစ္စသမုပ္ပါဒ် အင်္ဂါ (၁၂)ရပ်တို့ကိုလည်း အသီးအသီးခွဲခြား၍ ----- ''အဝိဇ္ဇာဖြစ်ခြင်းကြောင့် သင်္ခါရဖြစ်၏''- ဤသို့ စသည်ဖြင့် အကြောင်းအကျိုးမစပ်တော့ဘဲ အဝိဇ္ဇာ သင်္ခါရစသည့် ထိုထိုအင်္ဂါရပ်တို့ကို ဖြစ်ခဲ့သည့် ဖြစ်နေသည့် ဖြစ်လတ္တံ့ဖြစ်သည့် ဝီထိစိတ်အစဥ်အတိုင်း သမ္ပယုတ် တရားတို့နှင့်တကွ လက္ခဏာယာဥ်ကို
若如此修观仍不能轻易转入没有生灭的境地,就再摄取过去、未来、现在三时中的色名,以色名二法或五蕴法提起三相修观;从相续过去世直到未来世终,内、外轮流观照,并以这两种方法反复多次修观。又依缘起第一法分别十二缘起支,不再用‘因无明生起,故行生起’等方式把因果串连起来,而是把无明、行等各支连同相应法,依它们过去已经生起、现在正在生起、未来将要生起的实际心路次第,提起三相——
တင်ကာ တစ်ဖန်ပြန်၍ ဝိပဿနာရှုပါ။ ကာလသုံးပါးလုံး၌ အတိတ်အဆက်ဆက်မှသည် အနာဂတ်အဆက်ဆက် ဆုံးသည်တိုင်အောင် တိုးလျှိုပေါက် ရှုပါ။ အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် ရှုပါ။ ဗဟိဒ္ဓကို ရှုရာ၌ကား ဗဟိဒ္ဓချင်း တူညီ၍ သာမန်ပေါင်းစု ခြုံငုံ၍သာ ရှုပါ။ ထိုသို့ ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုရာ၌ နောက်ဆုံးတွင် အနတ္တလက္ခဏာကို ဦးစားပေ၍ ရှုပါ။
——再度修观。贯通三时,从相续过去世一直观到相续未来世终;内、外轮流观,观外时以外在相续同类总摄。如此反复多次以后,最终优先观无我相。
ဤသို့လျှင် သင်္ခါရတရားတို့ကို အဖန်ဖန် အထပ်ထပ် ဝိပဿနာဉာဏ်ဖြင့် ကြိတ်ချေ နင်းနယ်ခဲ့သော် သင်္ခါရတရားတို့၏ အပျက်သက်သက်ကို ရှုနေသော ဝိပဿနာဉာဏ်များသည် အလွန်အားကောင်းလာမည် ဖြစ်သည်။ သင်္ခါရတရားတို့၏ အပျက်များသည် အသင် သူတော်ကောင်း၏ ဝိပဿနာဉာဏ်၌ အလွန် လျင်လျင်မြန်မြန် ထင်လာမည် ဖြစ်သည်။ ဝိပဿနာဘာဝနာစိတ်သည်လည်း သင်္ခါရတရားတို့၏ အပျက်အာရုံ၌ တဖြည်းဖြည်း ငြိမ်ဝပ်စွာကပ်၍ တည်လာမည် ဖြစ်သည်။
如此以毗婆舍那智反复磨炼诸行,专观诸行唯有坏灭的观智便会非常强大,诸行的坏灭会极其迅速地显现在贤善者的观智中,观心也逐渐安稳依止诸行坏灭这一所缘。
ဝိပဿနာ ဘာဝနာစိတ်သည် သင်္ခါရတရားတို့၏ အပျက်အာရုံ၌ ထိုသို့ ငြိမ်ဝပ်စွာ ကပ်၍ တည်နေသော အချိန်၌ ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် သင်္ခါရတရားတို့အပေါ်၌ ကြောင့်ကြမှု တောင့်တမှု မရှိတော့သဖြင့် ယောဂါဝစရပုဂ္ဂိုလ်၏ ဘာဝနာစိတ်သည်လည်း ဘယ - နန္ဒီဟူသော အစွန်းနှစ်ဘက်မှ လွတ်နေမည် ဖြစ်သည်။
当观心如此安稳依止诸行坏灭的所缘时,禅修者相续中对诸行已无忧虑和企求,禅修心也就远离 bhaya 与 nandī 两端。
သင်္ခါရတရားတို့အပေါ်၌ ကြောင့်ကြပြေ၍ တောင့်တပြေ၍ နေသာထိုင်သာ ရှိလာသော ဉာဏ်ဖြစ်သည်။ ထိုအချိန် အခါတွင် ပျက်ပျက်နေသော သင်္ခါရတရားတို့မှ လွတ်ရာ မဖြစ်မပျက်သည့် နိဗ္ဗာန်ဘက်သို့ မိမိ၏ စိတ်ကို စေလွှတ်- ၍ = နိဗ္ဗာန်သို့ ဆိုက်ရောက်ရန် ဦးတည်၍ ညွတ်ကိုင်းရှိုင်း၍ မိမိရရှိထားသော စျာန်နာမ်တရားတို့မှ နှစ်သက်ရာ စျာန်နာမ်တရားတို့ကို ရွေးချယ်၍ ဦးစားပေး၍ အနတ္တလက္ခဏာယာဥ်ကို တင်ကာ ဝိပဿနာ ရှုနေပါ။ ဤအပိုင်း- တွင် အချို့သော ယောဂါဝစရပုဂ္ဂိုလ်တို့ကား စတုတ္ထစျာန်ကို အနတ္တလက္ခဏာယာဥ်ကို တင်ကာ ဝိပဿနာ ရှုရသည်ကို ပို၍ နှစ်ခြိုက်ကြ၏။ အချို့ကား တတိယစျာန်ကို ပို၍ နှစ်ခြိုက်ကြ၏။ အကြိုက်ချင်း အဇ္ဈာသယ- ချင်းကား မတူညီကြပေ။ ထိုသို့ရှုရာ၌ ရံခါ ရှုသည့် ဝိပဿနာဉာဏ်ကိုလည်း တစ်ဖန် ပြန်၍ ဝိပဿနာရှုပါ။
这是一种对诸行已无忧无求、安适自在的智。此时把心导向从不断坏灭的诸行解脱、转入没有生灭的涅槃;也就是以到达涅槃为方向,从已证禅那的名法中选择最相应者,优先把无我相提到其上修观。本阶段有些禅修者最相应于以无我观第四禅,有些则最相应于第三禅;各人的意乐不同。如此观时,有时也把观照之智再度修观。
အကယ်၍ အသင်သူတော်ကောင်းသည် သမထယာနိကပုဂ္ဂိုလ် မဟုတ်သဖြင့် စျာန်မရသူ ဖြစ်ခဲ့သော် ဓာတ်ကမ္မဋ္ဌာန်းလမ်းစဥ်မှ ဝိပဿနာသို့ ကူးလာသူ ဖြစ်ခဲ့သော် ကာလသုံးပါး သန္တာန်နှစ်ပါး အတွင်း၌ တည်ရှိသော
如果贤善者不是止行者、未证禅那,而是从界业处次第转入观修的人,那么在三时、内外两种相续中——
原书第 366 页
တေဘူမကသင်္ခါရတရားတို့ကို လက္ခဏာယာဥ် သုံးချက် တစ်လှည့်စီ တင်၍ အကွက်စေ့အောင် ဝိပဿနာ ဉာဏ်စဥ်အတိုင်း အကြိမ်ကြိမ် ရှုပြီးပါက ဤသင်္ခါရုပေက္ခာဉာဏ်ပိုင်းသို့ ရောက်ရှိလာသောအခါ ရုပ်တရားတို့ကို အာရုံပြု၍ ဖြစ်ပေါ်လာသော အကောင်းအုပ်စု နာမ်တရားတို့ကိုသာ ဦးစားပေး၍ ဝိပဿနာရှုပါ။ ထိုသို့ ရှုခဲ့သော် သင်္ခါရတရားတို့၏ အပျက်ကို အာရုံပြုနေသော ဝိပဿနာဉာဏ်နှင့် ယှဥ်တွဲလျက်ရှိသော သမာဓိမှာ အလွန် အားကောင်းလာတတ်၏။ သင်္ခါရတရားတို့၏ အပျက်အာရုံ၌ ငြိမ်ဝပ်စွာကပ်၍ တည်နေတတ်၏။ အချို့ ယောဂီ- များ၌ ဤဉာဏ်ပိုင်းသို့ ရောက်ရှိလာသောအခါ သင်္ခါရတရားတို့ကို ဝိပဿနာရှုရင်း ဝိပဿနာဉာဏ်လည်း တဖြည်းဖြည်း တစ်စထက် တစ်စ ရင့်ကျက်လာပါက ရုပ်တရားတို့၏ အပျက်ကို မတွေ့ရတော့ဘဲ နာမ်တရားတို့၏ အပျက်မျှကိုသာ တွေ့ရတတ်သည်လည်း ရှိတတ်၏။ ထိုအခါ၌ ရုပ်တရားတို့၏ အပျက်ကို သိအောင် သက်သက်
——应依观智次第,把三相轮流提到三界诸行之上,反复周遍修观。到达行舍智阶段时,应优先观以色法为所缘而生起的善法组名法。如此观时,与专取诸行坏灭为所缘的观智相应之定会变得很强,安稳依止诸行坏灭的所缘。有些禅修者在这一阶段随观智逐渐成熟后,会不再见色法的坏灭,只见名法的坏灭;这时不要刻意勉强自己一定要看见色法的坏灭——
မကြိုးစားပါနှင့်။ ရုပ်သဘောများကို မတွေ့တွေ့အောင် စူးစမ်းခဲ့သော် သမာဓိ ပျက်ပြားသွားတတ်သဖြင့် သမာဓိန္ဒြေသည်လည်း ယုတ်လျော့သွားတတ်ပေသည်။ သို့အတွက် နာမ်အပျက်သက်သက်ကိုသာ ဆက်လက်၍ ဝိပဿနာရှုနေပါ။ ရှုသည့်ဉာဏ်ကိုလည်း တစ်ဖန်ပြန်၍ ဝိပဿနာရှုနေပါ။ လက္ခဏာရေးသုံးတန်တွင်လည်း မိမိနှစ်ခြိုက်ရာ လက္ခဏာကို ဦးစားပေး၍ ရှုပါ။ ဤအပိုင်းတွင် ကြာနေသော ယောဂါဝစရပုဂ္ဂိုလ်များအဖို့ ဓမ္မာရုံ လိုင်းဝယ် ကုသိုလ်ဇော စောသည့် မနောဒွါရိကဇောဝီထိ နာမ်တရားစုတို့ကို ယင်းနာမ်တရားတို့၏ အပျက်ကို အာရုံယူ၍ အနတ္တလက္ခဏာကို ဦးစားပေး၍ ရှုခြင်းသည် ယောဂီအများစု၌ ပို၍ ကောင်းသည်ကို တွေ့ရ၏။
——因为强行搜寻色法,会使定退失、定根减弱。因此,只继续观名法唯有坏灭,也把观照之智再度修观;三相中可优先观自己最相应的一相。对在此阶段停留较久的人,多数以法所缘线路中善速行生起的意门速行心路名法聚为所缘,只取其坏灭并优先观无我相,效果更好。
ဤကား သုဒ္ဓဝိပဿနာယာနိက ပုဂ္ဂိုလ်အတွက် ပြောဆိုချက်တည်း။
以上是对纯观行者所说。
သမထယာနိကပုဂ္ဂိုလ်ပင် ဖြစ်စေ သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်ပင် ဖြစ်စေ အကယ်၍ ဤအပိုင်းတွင် ရက်နှင့်ချီ၍ လနှင့်ချီ၍ ရက်ပေါင်းများစွာ လပေါင်းများစွာ ကြာညောင်းနေပါက ရူပသတ္တကရှုနည်း အရူပသတ္တက ရှုနည်းတို့ဖြင့် ဝိပဿနာဘာဝနာကို အရှိန်အားကောင်းအောင် တစ်ဖန် ပြန်လည်၍ ကြိုးစားပါ။ ဝိပဿနာ ဉာဏ်စဥ်အတိုင်းလည်း အစဥ်အတိုင်း ဆက်လက်၍ ကြိုးစားပါ။ ဤသို့ အကြိမ်ကြိမ် အဖန်ဖန် ကြိုးစားခဲ့သော် ဤသင်္ခါရုပေက္ခာဉာဏ်သို့ အရှိန်ကောင်းကောင်းဖြင့် တစ်ဖန်ပြန်လည်၍ ဆိုက်ရောက်လာမည်သာ ဖြစ်ပေသည်။
无论止行者还是纯观行者,若在此阶段停留数日、数月乃至很久,就再以色七法、非色七法使观修恢复强劲,并依观智次第继续努力。如此反复精勤,必能再次以强劲势力到达行舍智。
သဒ္ဓါ ဝီရိယ သတိ သမာဓိ ပညာဟူသော ဣန္ဒြေများလည်း ရင့်ကျက်လာခဲ့သော် ညီမျှလာခဲ့သော် သန္တိပဒ အမည်ရသည့် မဖြစ်မပျက်သည့် အငြိမ်းဓာတ် နယ်ဘက်သို့ ကူးတက်သွားနိုင်မည် ဖြစ်ပေသည်။
当信、精进、念、定、慧五根逐渐成熟并达到平衡,就能够转入名为寂静处、没有生灭的寂静界。
ဤတွင် အခွင့်သင့်၍ ယုဂနဒ္ဓ နည်းအကြောင်းကို ရေးသားတင်ပြအပ်ပါသည်။ -----
这里顺便说明双运法。
ယုဂနဒ္ဓသုတ္တန် (အံ-၁-၄၇၅။)
《双运经》(《增支部》1-475)
ဧဝံ မေ သုတံ။ ဧကံ သမယံ အာယသ္မာ အာနန္ဒော ကောသမ္ဗိယံ ဝိဟရတိ ဃောသိတာရာမေ။ တတြ ခေါ အာယသ္မာ အာနန္ဒော ဘိက္ခူ အာမန္တေသိ ''အာဝုသော ဘိက္ခဝေ''တိ။ ''အာဝုသော''တိ ခေါ တေ ဘိက္ခူ အာယသ္မတော အာနန္ဒဿ ပစ္စဿောသုံ။ အာယသ္မာ အာနန္ဒော ဧတဒဝေါစ ----- ယော ဟိ ကောစိ အာဝုသော ဘိက္ခု ဝါ ဘိက္ခုနီ ဝါ မမ သန္တိကေ အရဟတ္တပ္ပတ္တိံ ဗျာကရောတိ၊ သဗ္ဗော သော စတူဟိ မဂ္ဂေဟိ ဧတေသံ ဝါ အညတရေန။ ကတမေဟိ စတူဟိ။
巴利《双运经》原文(缅文字体):‘ဧဝံ မေ သုတံ။ ဧကံ သမယံ အာယသ္မာ အာနန္ဒော ကောသမ္ဗိယံ ဝိဟရတိ ဃောသိတာရာမေ။ တတြ ခေါ အာယသ္မာ အာနန္ဒော ဘိက္ခူ အာမန္တေသိ ''အာဝုသော ဘိက္ခဝေ''တိ။ ''အာဝုသော''တိ ခေါ တေ ဘိက္ခူ အာယသ္မတော အာနန္ဒဿ ပစ္စဿောသုံ။ အာယသ္မာ အာနန္ဒော ဧတဒဝေါစ ----- ယော ဟိ ကောစိ အာဝုသော ဘိက္ခု ဝါ ဘိက္ခုနီ ဝါ မမ သန္တိကေ အရဟတ္တပ္ပတ္တိံ ဗျာကရောတိ၊ သဗ္ဗော သော စတူဟိ မဂ္ဂေဟိ ဧတေသံ ဝါ အညတရေန။ ကတမေဟိ စတူဟိ။
၁။ ဣဓ အာဝုသော ဘိက္ခု သမထပုဗ္ဗင်္ဂမံ ဝိပဿနံ ဘာဝေတိ၊ တဿ သမထပုဗ္ဗင်္ဂမံ ဝိပဿနံ ဘာဝယ- တော မဂ္ဂေါ သဉ္ဇာယတိ၊ သော တံ မဂ္ဂံ အာသေဝတိ ဘာဝေတိ ဗဟုလီကရောတိ။ တဿ တံ မဂ္ဂံ အာသေဝတော ဘာဝယတော ဗဟုလီကရောတော သံယောဇနာနိ ပဟီယန္တိ၊ အနုသယာ ဗျန္တီ ဟောန္တိ။
၁။ ဣဓ အာဝုသော ဘိက္ခု သမထပုဗ္ဗင်္ဂမံ ဝိပဿနံ ဘာဝေတိ၊ တဿ သမထပုဗ္ဗင်္ဂမံ ဝိပဿနံ ဘာဝယ- တော မဂ္ဂေါ သဉ္ဇာယတိ၊ သော တံ မဂ္ဂံ အာသေဝတိ ဘာဝေတိ ဗဟုလီကရောတိ။ တဿ တံ မဂ္ဂံ အာသေဝတော ဘာဝယတော ဗဟုလီကရောတော သံယောဇနာနိ ပဟီယန္တိ၊ အနုသယာ ဗျန္တီ ဟောန္တိ။
၂။ ပုန စပရံ အာဝုသော ဘိက္ခု ဝိပဿနာပုဗ္ဗင်္ဂမံ သမထံ ဘာဝေတိ၊ တဿ ဝိပဿနာပုဗ္ဗင်္ဂမံ သမထံ
၂။ ပုန စပရံ အာဝုသော ဘိက္ခု ဝိပဿနာပုဗ္ဗင်္ဂမံ သမထံ ဘာဝေတိ၊ တဿ ဝိပဿနာပုဗ္ဗင်္ဂမံ သမထံ
原书第 367 页
ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ နိဒ္ဒေသ -- သင်္ခါရုပေက္ခာဉာဏ်ခန်း ဘာဝယတော မဂ္ဂေါ သဉ္ဇာယတိ၊ သော တံ မဂ္ဂံ အာသေဝတိ ဘာဝေတိ ဗဟုလီကရောတိ၊ တဿ တံ မဂ္ဂံ အာသေဝတော ဘာဝယတော ဗဟုလီကရောတော သံယောဇနာနိ ပဟီယန္တိ၊ အနုသယာ ဗျန္တီ ဟောန္တိ။
ဘာဝယတော မဂ္ဂေါ သဉ္ဇာယတိ၊ သော တံ မဂ္ဂံ အာသေဝတိ ဘာဝေတိ ဗဟုလီကရောတိ၊ တဿ တံ မဂ္ဂံ အာသေဝတော ဘာဝယတော ဗဟုလီကရောတော သံယောဇနာနိ ပဟီယန္တိ၊ အနုသယာ ဗျန္တီ ဟောန္တိ။
၃။ ပုန စပရံ အာဝုသော ဘိက္ခု သမထဝိပဿနံ ယုဂနဒ္ဓံ ဘာဝေတိ၊ တဿ သမထဝိပဿနံ ယုဂနဒ္ဓံ ဘာဝယတော မဂ္ဂေါ သဉ္ဇာယတိ၊ သော တံ မဂ္ဂံ အာသေဝတိ ဘာဝေတိ ဗဟုလီကရောတိ။ တဿ တံ မဂ္ဂံ အာသေဝတော ဘာဝယတော ဗဟုလီကရောတော သံယောဇနာနိ ပဟီယန္တိ၊ အနုသယာ ဗျန္တီ ဟောန္တိ။
၃။ ပုန စပရံ အာဝုသော ဘိက္ခု သမထဝိပဿနံ ယုဂနဒ္ဓံ ဘာဝေတိ၊ တဿ သမထဝိပဿနံ ယုဂနဒ္ဓံ ဘာဝယတော မဂ္ဂေါ သဉ္ဇာယတိ၊ သော တံ မဂ္ဂံ အာသေဝတိ ဘာဝေတိ ဗဟုလီကရောတိ။ တဿ တံ မဂ္ဂံ အာသေဝတော ဘာဝယတော ဗဟုလီကရောတော သံယောဇနာနိ ပဟီယန္တိ၊ အနုသယာ ဗျန္တီ ဟောန္တိ။
၄။ ပုန စပရံ အာဝုသော ဘိက္ခုနော ဓမ္မုဒ္ဓစ္စဝိဂ္ဂဟိတံ မာနသံ ဟောတိ၊ သော အာဝုသော သမယော ယံ တံ စိတ္တံ အဇ္စျတ္တမေဝ သန္တိဋ္ဌတိ သန္နိသီဒတိ ဧကောဒိ ဟောတိ သမာဓိယတိ၊ တဿ မဂ္ဂေါ သဉ္ဇာယတိ၊ သော တံ မဂ္ဂံ အာသေဝတိ ဘာဝေတိ ဗဟုလီကရောတိ။ တဿ တံ မဂ္ဂံ အာသေဝတော ဘာဝယတော ဗဟုလီကရောတော သံယောဇနာနိ ပဟီယန္တိ၊ အနုသယာ ဗျန္တီ ဟောန္တိ။
၄။ ပုန စပရံ အာဝုသော ဘိက္ခုနော ဓမ္မုဒ္ဓစ္စဝိဂ္ဂဟိတံ မာနသံ ဟောတိ၊ သော အာဝုသော သမယော ယံ တံ စိတ္တံ အဇ္စျတ္တမေဝ သန္တိဋ္ဌတိ သန္နိသီဒတိ ဧကောဒိ ဟောတိ သမာဓိယတိ၊ တဿ မဂ္ဂေါ သဉ္ဇာယတိ၊ သော တံ မဂ္ဂံ အာသေဝတိ ဘာဝေတိ ဗဟုလီကရောတိ။ တဿ တံ မဂ္ဂံ အာသေဝတော ဘာဝယတော ဗဟုလီကရောတော သံယောဇနာနိ ပဟီယန္တိ၊ အနုသယာ ဗျန္တီ ဟောန္တိ။
ယော ဟိ ကောစိ အာဝုသော ဘိက္ခု ဝါ ဘိက္ခုနီ ဝါ မမ သန္တိကေ အရဟတ္တပ္ပတ္တိံ ဗျာကရောတိ၊ သဗ္ဗော သော ဣမေဟိ စတူဟိ မဂ္ဂေဟိ ဧတေသံ ဝါ အညတရေနာတိ။ (အံ-၁-၄၇၅-၄၇၆။)
ယော ဟိ ကောစိ အာဝုသော ဘိက္ခု ဝါ ဘိက္ခုနီ ဝါ မမ သန္တိကေ အရဟတ္တပ္ပတ္တိံ ဗျာကရောတိ၊ သဗ္ဗော သော ဣမေဟိ စတူဟိ မဂ္ဂေဟိ ဧတေသံ ဝါ အညတရေနာတိ။ (အံ-၁-၄၇၅-၄၇၆။)’
ဘာသာပြန်နှင့် အဓိပ္ပါယ် ရှင်းလင်းချက်
译文与义释
တပည့်တော်သည် ဤသို့ ကြားနာခဲ့ရပါသည်။ အခါတစ်ပါး၌ အရှင်အာနန္ဒာသည် ကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အရှင်အာနန္ဒာသည် သီတင်းသုံးဖော် ရဟန်းတော်တို့ကို ''ငါ့ရှင် ရဟန်းတို့''ဟု ခေါ်တော်မူ၏။
我如是听闻:一时,尊者阿难住在憍赏弥城瞿师罗园。那时,尊者阿难召唤同住比丘说:‘诸贤比丘!’
သီတင်းသုံးဖော် ရဟန်းတော်တို့က ''အရှင်ဘုရား''ဟု အရှင်အာနန္ဒာအား ပြန်ကြားလျှောက်ထားကြကုန်၏။
同住比丘答尊者阿难说:‘贤友!’
အရှင်အာနန္ဒာမထေရ်မြတ်သည် ဤတရားစကားတော်ကို မိန့်ကြားတော်မူ၏။ ----- ငါ့ရှင်တို့ …ရဟန်းယောကျာ်း ဖြစ်စေ ရဟန်းမိန်းမ ဖြစ်စေ မည်သူမဆို တပည့်တော်၏ အထံ၌ အရ- ဟတ္တဖိုလ်သို့ ဆိုက်ရောက်ခြင်းကို ပြောကြားလျှောက်ထား၏၊ ထိုရဟန်းယောကျာ်း ရဟန်းမိန်းမအားလုံးသည် မဂ်လေးပါးတို့ဖြင့်လည်းကောင်း၊ ထိုမဂ်လေးပါးတို့တွင် တစ်ပါးပါးဖြင့်လည်းကောင်း အရဟတ္တဖိုလ်သို့ ဆိုက်ရောက်- ကြောင်းကို ပြောကြားလျှောက်ထား၏။ အဘယ်လေးပါးတို့နည်းဟူမူ? ----- ၁။ ငါ့ရှင်တို့ …ဤသာသနာတော်၌ ရဟန်းတော်သည် သမထလျှင် ရှေ့သွားရှိသော ဝိပဿနာကို ပွားများ၏၊ သမထလျှင် ရှေ့သွားရှိသော ဝိပဿနာကို ပွားများသော ထိုရဟန်းတော်အား သောတာပတ္တိမဂ်သည် ထင်ရှားဖြစ်ပေါ်လာ၏၊ တစ်နည်း ----- ပုဗ္ဗဘာဂသတိပဋ္ဌာနမဂ်ဟူသော လောကိယ ဝိပဿနာမဂ်သည် ထင်ရှားဖြစ်ပေါ်လာ၏။ ထိုရဟန်းတော်သည် ထိုမဂ်ကို မှီဝဲ၏၊ ပွားများ၏၊ ကြိမ်ဖန်များစွာ အလေ့အလာ
尊者阿难宣说此法:‘诸贤,任何比丘或比丘尼在我面前宣称已经证得阿罗汉果,他们全都由这四道,或其中任何一道而证得。哪四道呢?一、诸贤,在此,比丘以止为先导而修观;对于以止为先导而修观的比丘,入流道便显现;另一说,名为前分念处道的世间观道便显现。他亲近、修习——
ပြု၏၊ ထိုမဂ်ကို မှီဝဲသော ပွားများသော ကြိမ်ဖန်များစွာ အလေ့အလာပြုသော ထိုရဟန်းတော်အား သံယောဇဥ်တို့သည် ပျောက်ပျက်ကုန်၏ = ပယ်ပြီးဖြစ်ကုန်၏။ အနုသယတို့သည် ကင်းပျောက် ရုပ်သိမ်း ချုပ်ငြိမ်းကုန်၏။ (အံ-၁-၄၇၅။) သမထပုဗ္ဗင်္ဂမန္တိ သမထံ ပုဗ္ဗင်္ဂမံ ပုရေစာရိကံ ကတွာ။ မဂ္ဂေါ သဉ္ဇာယတီတိ ပဌမော လောကုတ္တရမဂ္ဂေါ နိဗ္ဗတ္တတိ။ သော တံ မဂ္ဂ န္တိ ဧကစိတ္တက္ခဏိကမဂ္ဂဿ အာသေဝနာဒီနိ နာမ နတ္ထိ၊ ဒုတိယမဂ္ဂါဒယော ပန ဥပ္ပါ- ဒေန္တော တမေဝ အာသေဝတိ ဘာဝေတိ ဗဟုလီကရောတီတိ ဝုစ္စတိ။ (အံ-ဋ္ဌ-၂-၃၄၆။)
——多修习那道。对于如此亲近、修习、多修习那道的比丘,诸结断除,诸随眠灭尽、息灭。’(《增支部》1-475。)巴利《增支部义注》原文(缅文字体):‘သမထပုဗ္ဗင်္ဂမန္တိ သမထံ ပုဗ္ဗင်္ဂမံ ပုရေစာရိကံ ကတွာ။ မဂ္ဂေါ သဉ္ဇာယတီတိ ပဌမော လောကုတ္တရမဂ္ဂေါ နိဗ္ဗတ္တတိ။ သော တံ မဂ္ဂ န္တိ ဧကစိတ္တက္ခဏိကမဂ္ဂဿ အာသေဝနာဒီနိ နာမ နတ္ထိ၊ ဒုတိယမဂ္ဂါဒယော ပန ဥပ္ပါ- ဒေန္တော တမေဝ အာသေဝတိ ဘာဝေတိ ဗဟုလီကရောတီတိ ဝုစ္စတိ။ (အံ-ဋ္ဌ-၂-၃၄၆။)’
原书第 368 页
သမထပုဗ္ဗင်္ဂမံ ဝိပဿနံ ဘာဝေတီတိ ဣဒံ သမထယာနိကဿ ဝသေန ဝုတ္တံ။ သော ဟိ ပဌမံ ဥပစာရသမာဓိံ ဝါ အပ္ပနာသမာဓိံ ဝါ ဥပ္ပါဒေတိ၊ အယံ သမထော။ သော တဉ္စ တံသမ္ပယုတ္တေ စ ဓမ္မေ အနိစ္စာ- ဒီဟိ ဝိပဿတိ၊ အယံ ဝိပဿနာ၊ ဣတိ ပဌမံ သမထော၊ ပစ္ဆာ ဝိပဿနာ။ တေန ဝုစ္စတိ ''သမထပုဗ္ဗင်္ဂမံ ဝိပဿနံ ဘာဝေတီ''တိ။ ပ။ ပဌမော လောကုတ္တရမဂ္ဂေါ နိဗ္ဗတ္တတီတိ သောတာပတ္တိမဂ္ဂံ သန္ဓာယ ဝဒတိ၊ လောကိယမဂ္ဂဝသေနေဝ ဝါ ဣမိဿာ ပါဠိယာ အတ္ထော ဝေဒိတဗ္ဗော။ ကထံ? မဂ္ဂေါ သဉ္ဇာယတိ၊ ပုဗ္ဗဘာ- ဂိယော လောကိယမဂ္ဂေါ ဥပ္ပဇ္ဇတိ။ အာသေဝတိ နိဗ္ဗိဒါနုပဿနာဝသေန။ ဘာဝေတိ မုစ္စိတုကမျတာဝသေန။
巴利复注及《中部义注》原文(缅文字体):‘သမထပုဗ္ဗင်္ဂမံ ဝိပဿနံ ဘာဝေတီတိ ဣဒံ သမထယာနိကဿ ဝသေန ဝုတ္တံ။ သော ဟိ ပဌမံ ဥပစာရသမာဓိံ ဝါ အပ္ပနာသမာဓိံ ဝါ ဥပ္ပါဒေတိ၊ အယံ သမထော။ သော တဉ္စ တံသမ္ပယုတ္တေ စ ဓမ္မေ အနိစ္စာ- ဒီဟိ ဝိပဿတိ၊ အယံ ဝိပဿနာ၊ ဣတိ ပဌမံ သမထော၊ ပစ္ဆာ ဝိပဿနာ။ တေန ဝုစ္စတိ ''သမထပုဗ္ဗင်္ဂမံ ဝိပဿနံ ဘာဝေတီ''တိ။ ပ။ ပဌမော လောကုတ္တရမဂ္ဂေါ နိဗ္ဗတ္တတီတိ သောတာပတ္တိမဂ္ဂံ သန္ဓာယ ဝဒတိ၊ လောကိယမဂ္ဂဝသေနေဝ ဝါ ဣမိဿာ ပါဠိယာ အတ္ထော ဝေဒိတဗ္ဗော။ ကထံ? မဂ္ဂေါ သဉ္ဇာယတိ၊ ပုဗ္ဗဘာ- ဂိယော လောကိယမဂ္ဂေါ ဥပ္ပဇ္ဇတိ။ အာသေဝတိ နိဗ္ဗိဒါနုပဿနာဝသေန။ ဘာဝေတိ မုစ္စိတုကမျတာဝသေန။
ဗဟုလီကရောတိ ပဋိသင်္ခါနုပဿနာဝသေန။ အာသေဝတိ ဝါ ဘယတုပဋ္ဌာနာဒိဉာဏဝသေန။ ဘာဝေတိ မုစ္စိတုကမျတာဒိဉာဏဝသေန။ ဗဟုလီကရောတိ ဝုဋ္ဌာနဂါမိနိဝိပဿနာဝသေန။
ဗဟုလီကရောတိ ပဋိသင်္ခါနုပဿနာဝသေန။ အာသေဝတိ ဝါ ဘယတုပဋ္ဌာနာဒိဉာဏဝသေန။ ဘာဝေတိ မုစ္စိတုကမျတာဒိဉာဏဝသေန။ ဗဟုလီကရောတိ ဝုဋ္ဌာနဂါမိနိဝိပဿနာဝသေန။’
(အံ-ဋီ-၂-၃၄၄။ မ-ဋ္ဌ-၁-၁၁၂။)
(《增支部复注》2-344;《中部义注》1-112。)
သမထလျှင် ရှေ့သွားရှိသော ဝိပဿနာကို ပွားများ၏ -- ဟူသော ဤစကားကို သမထယာနိကပုဂ္ဂိုလ်၏ အစွမ်းဖြင့် ဟောကြားတော်မူခြင်း ဖြစ်၏။ မှန်ပေသည် ----- ထိုသမထယာနိကပုဂ္ဂိုလ်သည် ရှေ့ဦးစွာ ဥပစာရ သမာဓိကိုလည်းကောင်း အပ္ပနာစျာန်သမာဓိကိုလည်းကောင်း ဖြစ်ပေါ်စေ၏။ ဤသမာဓိကား သမထတည်း။
‘以止为先导而修观’这句话,是依止行者而说。确实,止行者先令近行定或安止禅定生起;这种定就是止。
ထိုသမထယာနိကပုဂ္ဂိုလ်သည် ထိုဥပစာရသမာဓိ သို့မဟုတ် အပ္ပနာစျာန်သမာဓိကိုလည်းကောင်း၊ ထိုသမာဓိနှင့် ယှဥ်သော သမ္ပယုတ်တရားစုတို့ကိုလည်းကောင်း အနိစ္စ စသည်တို့ဖြင့် လက္ခဏာယာဥ်ကိုတင်ကာ ဝိပဿနာရှု၏။
止行者把三相提到近行定或安止禅定,以及与该定俱在的相应法聚之上,观为无常等而修观。
ဤသို့ ရှုခြင်းသည်ကား ဝိပဿနာတည်း။ ထိုကြောင့် ''သမထလျှင် ရှေ့သွားရှိသော ဝိပဿနာကို ဖြစ်စေ၏''ဟု ဟောကြားတော်မူခြင်း ဖြစ်သည်။ (အံ-ဋ္ဌ-၂-၃၄၆။ အံ-ဋီ-၂-၃၄၄။) ဤနည်းကား ယေဘုယျအားဖြင့် သမထ ယာနိကပုဂ္ဂိုလ်တို့သည် နာမ်တရားကို အဦးမူသဖြင့်၊ ထိုနာမ်တရားတို့တွင်လည်း စျာန်နာမ်တရား= စျာန်သင်္ခါရ တရားတို့ကို အဦးမူသဖြင့် ဝိပဿနာ နှလုံးသွင်းခြင်းကို ပြုလုပ်ကြကုန်၏ဟု နှလုံးပိုက်၍ ဖွင့်ဆိုခြင်း ဖြစ်သည်။
这种观照就是观。因此说‘以止为先导而修观’。(《增支部义注》2-346;《增支部复注》2-344。)这段解释的意思是:一般而言,止行者以名法为先而作意观;在这些名法中,又以禅那名法,即禅那诸行为先。
(မ-ဋီ-၁-၂ဝ၄။)
(《中部复注》1-204。)
မဂ္ဂေါ သဉ္ဇာယတိ = မဂ်သည် ထင်ရှားဖြစ်၏ ဟူရာ၌ ပထမလောကုတ္တရမဂ် = သောတာပတ္တိမဂ်၏ ထင်ရှားဖြစ်ခြင်းတည်း။ ထိုသောတာပတ္တိမဂ်ကား စိတ္တက္ခဏ တစ်ချက်သာ ဖြစ်ရိုးဓမ္မတာ ရှိသဖြင့် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ဖြစ်ခြင်းမည်သည် မရှိရကား ပွားများ၍ မရနိုင်၊ အာသေဝနပစ္စည်း စသည်ဖြင့် ကျေးဇူးပြုခြင်း မည်သည် မရှိပေ။ သို့သော် ဒုတိယမဂ်= သကဒါဂါမိမဂ် အစရှိသည့် အရိယမဂ်တို့ကို ဖြစ်စေနိုင်ခဲ့သော်= ဖြစ်ပေါ်- လာအောင် ဝိပဿနာကို ဆက်လက်ပွားများနိုင်ခဲ့သော် ထိုသောတာပတ္တိမဂ်ကိုပင်လျှင် မှီဝဲ၏ ပွားများ၏ ကြိမ်ဖန် များစွာ အလေ့အလာပြု၏ဟု ခေါ်ဆိုနိုင်ပေ၏။ (အံ-ဋ္ဌ-၂-၃၄၆။) တစ်နည်း ----- အရိယမဂ်၏ ရှေ့အဖို့၌ ဖြည့်ကျင့်အပ်သော ပုဗ္ဗဘာဂသတိပဋ္ဌာနမဂ်ဟူသော လောကိယမဂ် = ဝိပဿနာမဂ်၏ အစွမ်းဖြင့်သာလျှင် ဤပါဠိတော်၏ အနက်အဓိပ္ပါယ်ကို သိရှိပါလေ။ အဘယ်သို့ သိရှိရမည်-
所谓‘道显现’,是第一出世间道,即入流道显现。入流道依法只生起一个心刹那,不能一再重复生起,所以不能把它再度修习,也不能以重复缘等方式起资助作用。然而,若能使第二道即一来道等其余圣道生起,换言之,若能继续修观使它们生起,也可以说是在亲近、修习、多修习那入流道。(《增支部义注》2-346。)另一说,应当只依须在圣道之前修圆满、名为前分念处道的世间道,即观道,来理解这段巴利经文。应当怎样理解——
နည်းဟူမူ? ----- မဂ္ဂေါ သဉ္ဇာယတိ = မဂ်သည် ထင်ရှားဖြစ်ပေါ်လာ၏ဟူသည် အရိယမဂ်၏ ရှေ့အဖို့၌ ဖြစ်သော လောကိယဝိပဿနာမဂ်သည် ဖြစ်ပေါ်လာ၏။ ဤသို့ ဆိုလို၏။ (အံ-ဋီ-၂-၃၄၄။) အာသေဝတိ = မှီဝဲ၏ဟူသည် နိဗ္ဗိဒါနုပဿနာ၏ အစွမ်းဖြင့် မှီဝဲ၏။ ဘာဝေတိ = ပွားများ၏ဟူသည် မုဉ္စိတုကမျတာဉာဏ်၏ အစွမ်းဖြင့် ပွားများ၏။ ဗဟုလီကရောတိ = ကြိမ်ဖန်များစွာ အလေ့အလာပြု၏ဟူသည် ပဋိသင်္ခါနုပဿနာဉာဏ်၏ အစွမ်းဖြင့် ကြိမ်ဖန်များစွာ အလေ့အလာပြု၏။ (= နိဗ္ဗိဒါနုပဿနာဉာဏ်သို့ ဆိုက်သော် လောကိယဝိပဿနာမဂ်ကို မှီဝဲသည် မည်၏။ မုဉ္စိတုကမျတာဉာဏ်သို့ ဆိုက်သော် လောကိယဝိပဿနာမဂ်ကို ပွားများသည်မည်၏။ ပဋိသင်္ခါနုပဿနာဉာဏ်သို့ ဆိုက်သော် လောကိယဝိပဿနာမဂ်ကို ကြိမ်ဖန်များစွာ အလေ့အလာပြုသည် မည်၏။) (အံ-ဋီ-၂-၃၄၄။)
——呢?‘道显现’是说,位于圣道前分的世间观道生起。(《增支部复注》2-344。)‘亲近’是依厌离随观而亲近;‘修习’是依欲解脱智而修习;‘多修习’是依审察随观智而多修习。也就是说,到达厌离随观智,便称为亲近世间观道;到达欲解脱智,便称为修习;到达审察随观智,便称为多修习。(《增支部复注》2-344。)
原书第 369 页
ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ နိဒ္ဒေသ -- သင်္ခါရုပေက္ခာဉာဏ်ခန်း တစ်နည်း ----- ဘယတုပဋ္ဌာနဉာဏ် အာဒီနဝဉာဏ် နိဗ္ဗိဒါနုပဿနာဉာဏ်တို့သို့ ဆိုက်ခဲ့သော် လောကိယ ဝိပဿနာမဂ်ကို မှီဝဲသည် မည်၏။ မုဉ္စိတုကမျတာဉာဏ် ပဋိသင်္ခါနုပဿနာဉာဏ် သင်္ခါရုပေက္ခာဉာဏ်တို့သို့ ဆိုက်ခဲ့သော် ယင်းလောကိယမဂ်ကို ပွားများသည် မည်၏။ ဝုဋ္ဌာနဂါမိနိဝိပဿနာသို့ ဆိုက်ရောက်ခဲ့သော် ယင်းလောကိယမဂ်ကို ကြိမ်ဖန်များစွာ အလေ့အလာပြုသည် မည်၏။ (အံ-ဋီ-၂-၃၄၄။) (ဝုဋ္ဌာနဂါမိနိဝိပဿနာ အကြောင်းအရာသည် နောက်တွင် ထင်ရှားလတ္တံ့။) ဤကား အမှတ်(၁) ပုဂ္ဂိုလ် ဖြစ်သည်၊ အမှတ်(၂) ပုဂ္ဂိုလ်၏ အကြောင်းကို ဆက်လက်၍ ဖတ်ရှုကြည့်ပါ။
另一说,到达怖畏现起智、过患智与厌离随观智,称为亲近世间观道;到达欲解脱智、审察随观智与行舍智,称为修习世间观道;到达趣向出起观,称为多修习世间观道。(《增支部复注》2-344。趣向出起观将在后文详说。)以上是第一类人;请继续看第二类人。
၂။ ငါ့ရှင်တို့ …နောက်တစ်မျိုးကား ရဟန်းတော်သည် ဝိပဿနာလျှင် ရှေ့သွားရှိသော သမထကို ပွား- များ၏၊ ဝိပဿနာလျှင် ရှေ့သွားရှိသော သမထကိုပွားများသော ထိုရဟန်းတော်အား သောတာပတ္တိမဂ်သည် သို့မဟုတ် လောကိယမဂ်သည် ထင်ရှားဖြစ်ပေါ်လာ၏။ ထိုရဟန်းတော်သည် ထိုမဂ်ကို မှီဝဲ၏၊ ပွားများ၏၊ ကြိမ်ဖန်များစွာ အလေ့အလာပြု၏။ ထိုမဂ်ကို မှီဝဲသော ပွားများသော ကြိမ်ဖန်များစွာ အလေ့အလာ ပြုသော ထိုရဟန်းအား သံယောဇဥ်တို့သည် ပျောက်ပျက်ကုန်၏ = ပယ်ပြီး ဖြစ်ကုန်၏။ အနုသယတို့သည် ကင်းပျောက် ရုပ်သိမ်း ချုပ်ငြိမ်းကုန်၏။ (အံ-၁-၄၇၅။) ဝိပဿနာပုဗ္ဗင်္ဂမန္တိ ဝိပဿနံ ပုဗ္ဗင်္ဂမံ ပုရေစာရိကံ ကတွာ သမထံ ဘာဝေတိ၊ ပကတိယာ ဝိပဿနာလာဘီ ဝိပဿနာယ ဌတွာ သမာဓိံ ဥပ္ပါဒေတီတိ အတ္ထော။ (အံ-ဋ္ဌ-၂-၃၄၆။) ဝိပဿနာပုဗ္ဗင်္ဂမံ သမထံ ဘာဝေတီတိ ဣဒံ ပန ဝိပဿနာယာနိကဿ ဝသေန ဝုတ္တံ။ သော တံ ဝုတ္တ- ပ္ပကာရံ သမထံ အသမ္ပာဒေတွာ ပဉ္စုပါဒါနက္ခန္ဓေ အနိစ္စာဒီဟိ ဝိပဿတိ။ (အံ-ဋီ-၂-၃၄၄။)
二、诸贤,又有一类比丘以观为先导而修止。对于以观为先导而修止的比丘,入流道或世间道便显现。他亲近、修习、多修习那道。对于如此亲近、修习、多修习那道的比丘,诸结断除,诸随眠灭尽、息灭。(《增支部》1-475。)巴利义注与复注原文(缅文字体):‘ဝိပဿနာပုဗ္ဗင်္ဂမန္တိ ဝိပဿနံ ပုဗ္ဗင်္ဂမံ ပုရေစာရိကံ ကတွာ သမထံ ဘာဝေတိ၊ ပကတိယာ ဝိပဿနာလာဘီ ဝိပဿနာယ ဌတွာ သမာဓိံ ဥပ္ပါဒေတီတိ အတ္ထော။ (အံ-ဋ္ဌ-၂-၃၄၆။) ဝိပဿနာပုဗ္ဗင်္ဂမံ သမထံ ဘာဝေတီတိ ဣဒံ ပန ဝိပဿနာယာနိကဿ ဝသေန ဝုတ္တံ။ သော တံ ဝုတ္တ- ပ္ပကာရံ သမထံ အသမ္ပာဒေတွာ ပဉ္စုပါဒါနက္ခန္ဓေ အနိစ္စာဒီဟိ ဝိပဿတိ။ (အံ-ဋီ-၂-၃၄၄။)’
အမှတ်(၁) ပုဂ္ဂိုလ်ကား သမထယာနိက ပုဂ္ဂိုလ် ဖြစ်၏။ ဤ အမှတ်(၂) ပုဂ္ဂိုလ်ကား သုဒ္ဓဝိပဿနာယာနိက ပုဂ္ဂိုလ်ဖြစ်၏။ ထိုသုဒ္ဓဝိပဿနာယာနိက ပုဂ္ဂိုလ်သည် ထိုဆိုခဲ့ပြီးသည့် ဥပစာရသမာဓိ အပ္ပနာသမာဓိဟူသော နှစ်မျိုးပြားသော သမထကို မဖြစ်စေမူ၍ မပြည့်စုံစေမူ၍ ဥပါဒါနက္ခန္ဓာငါးပါးတို့ကို အနိစ္စစသည်တို့ဖြင့် လက္ခ- ဏာယာဥ်ကို တင်ကာ ဝိပဿနာရှု၏။ ဤသို့လျှင် ဝိပဿနာကို ရှေ့သွားပြု၍ ထိုနောင် သမထကို ပွားများ၏။
第一类人是止行者;第二类人则是纯观行者。这位纯观行者不令上述近行定与安止定两种止生起、不使其圆满,便把三相提到五取蕴之上,观为无常等而修观。这样便是先以观为先导,随后修习止。
ပကတိအားဖြင့် ဝိပဿနာဉာဏ်ကို ရလေ့ရှိသော ပုဂ္ဂိုလ်သည် ဝိပဿနာ၌ ရပ်တည်၍ သမာဓိကို ဖြစ်စေ၏ဟု ဆိုလို၏။ ထိုကဲ့သို့သော ရဟန်းတော်၏ သန္တာန်၌လည်း အရိယမဂ်တရားသည် ထင်ရှားဖြစ်ပေါ်လာနိုင်သည်သာ ဖြစ်ပေသည်။ (အံ-ဋ္ဌ-၂-၃၄၆။ အံ-ဋီ-၂-၃၄၄။) ဤအထက်ပါ အဋ္ဌကထာ ဋီကာအဖွင့်တို့ကို ကြည့်၍ သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်သည် သမာဓိကို လုံးဝ မထူထောင်ဟူ၍ အယူအဆ မမှားစေလိုပါ။ စျာန်၏ အနီးအနား၌ ဖြစ်လေ့ရှိသော ဥပစာရသမာဓိ အစစ်နှင့် အပ္ပနာစျာန်သမာဓိကိုသာ ရရှိအောင် မထူထောင်ခြင်း ဖြစ်သည်။ သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်တို့ လိုက်နာ ပြုကျင့်အပ်သော ဓာတ်ကမ္မဋ္ဌာန်းလမ်းမှ သဒိသူပစာရအားဖြင့် ဥပစာရသမာဓိ၊ မုချအားဖြင့် ခဏိကသမာဓိ အမည်ရသော သမာဓိကိုကား သုဒ္ဓဝိပဿနာယာနိက ပုဂ္ဂိုလ်သည် ထူထောင်ရသည်သာ ဖြစ်၏။ အောက်ပါ အဋ္ဌကထာ ဋီကာအဖွင့်တို့ကို ကြည့်ပါ။
意思是:本来已能获得观智的人,立足于观而令定生起。这种比丘的相续中,圣道法同样能够显现。(《增支部义注》2-346;《增支部复注》2-344。)不要因上述义注、复注的解释而误以为纯观行者完全不建立定;他们只是不建立真正生于禅那近侧的近行定和安止禅定。纯观行者依界业处次第必须建立的定,依相似近行而称近行定,依直接意义则称刹那定;这种定仍须建立。请看以下义注、复注原文。
ဣဓ ပနေကစ္စော ဝုတ္တပ္ပကာရံ သမထံ အနုပ္ပါဒေတွာဝ ပဉ္စုပါဒါနက္ခန္ဓေ အနိစ္စာဒီဟိ ဝိပဿတိ၊ အယံ ဝိပဿနာ။ တဿ ဝိပဿနာပါရိပူရိယာ တတ္ထ ဇာတာနံ ဓမ္မာနံ ဝေါဿဂ္ဂါရမ္မဏတော ဥပ္ပဇ္ဇတိ စိတ္တဿ ဧက- ဂ္ဂတာ၊ အယံ သမထော။ ဣတိ ပဌမံ ဝိပဿနာ၊ ပစ္ဆာ သမထော။ တေန ဝုစ္စတိ ''ဝိပဿနာပုဗ္ဗင်္ဂမံ သမထံ ဘာဝေတီ''တိ။ (မ-ဋ္ဌ-၁-၁၁၃။)
巴利《中部义注》原文(缅文字体):‘ဣဓ ပနေကစ္စော ဝုတ္တပ္ပကာရံ သမထံ အနုပ္ပါဒေတွာဝ ပဉ္စုပါဒါနက္ခန္ဓေ အနိစ္စာဒီဟိ ဝိပဿတိ၊ အယံ ဝိပဿနာ။ တဿ ဝိပဿနာပါရိပူရိယာ တတ္ထ ဇာတာနံ ဓမ္မာနံ ဝေါဿဂ္ဂါရမ္မဏတော ဥပ္ပဇ္ဇတိ စိတ္တဿ ဧက- ဂ္ဂတာ၊ အယံ သမထော။ ဣတိ ပဌမံ ဝိပဿနာ၊ ပစ္ဆာ သမထော။ တေန ဝုစ္စတိ ''ဝိပဿနာပုဗ္ဗင်္ဂမံ သမထံ ဘာဝေတီ''တိ။ (မ-ဋ္ဌ-၁-၁၁၃။)’
原书第 370 页
သမထံ အနုပ္ပါဒေတွာဝါတိ အဝဓာရဏေန ဥပစာရသမာဓိံ နိဝတ္တေတိ၊ န ခဏိကသမာဓိံ ။ န ဟိ ခဏိကသမာဓိံ ဝိနာ ဝိပဿနာ သမ္ဘဝတိ။ ဝိပဿနာပါရိပူရိယာတိ ဝိပဿနာယ ပရိပုဏ္ဏတာယ ဝုဋ္ဌာနဂါမိနိ- ဘာဝပ္ပတ္တိယာ။ (မ-ဋီ-၁-၂ဝ၄။) ဤသာသနာတော်၌ အချို့သော သုဒ္ဓဝိပဿနာယာနိက ပုဂ္ဂိုလ်သည် ဆိုအပ်ခဲ့ပြီးသော ဥပစာရသမာဓိ အပ္ပနာသမာဓိဟု နှစ်မျိုးပြားသော သမထကို မဖြစ်စေမူ၍သာလျှင် ဥပါဒါနက္ခန္ဓာငါးပါးတို့ကို အနိစ္စစသည်တို့ဖြင့် လက္ခဏာယာဥ်ကို တင်ကာ ဝိပဿနာ ရှုပွား သုံးသပ်၏။ ဤကား ဝိပဿနာတည်း။ ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် ဝိပဿနာဉာဏ်များ၏ ပြည့်စုံလာခြင်းကြောင့် သင်္ခါရအာရုံမှ ထမြောက်၍ သင်္ခါရတို့မှ လွတ်ရာ နိဗ္ဗာန်သို့ တစ်ဟုန်တည်းပြေးသွားသော ဝုဋ္ဌာနဂါမိနိဝိပဿနာသည် ဖြစ်ပေါ်လာ၏။ ယင်း ဝုဋ္ဌာနဂါမိနိ ဝိပဿနာတွင် အရိယမဂ်တရားလည်း ပါဝင်၏။ ထိုအရိယမဂ်ခဏ၌ ဖြစ်ပေါ်သွားကြကုန်သော သမ္မာဒိဋ္ဌိ
巴利《中部复注》原文(缅文字体):‘သမထံ အနုပ္ပါဒေတွာဝါတိ အဝဓာရဏေန ဥပစာရသမာဓိံ နိဝတ္တေတိ၊ န ခဏိကသမာဓိံ ။ န ဟိ ခဏိကသမာဓိံ ဝိနာ ဝိပဿနာ သမ္ဘဝတိ။ ဝိပဿနာပါရိပူရိယာတိ ဝိပဿနာယ ပရိပုဏ္ဏတာယ ဝုဋ္ဌာနဂါမိနိ- ဘာဝပ္ပတ္တိယာ။ (မ-ဋီ-၁-၂ဝ၄။)’在此教法中,有些纯观行者不令上述近行定、安止定两种止生起,便把三相提到五取蕴之上,观为无常等而修观审察;这就是观。由于这位禅修者的诸观智逐渐圆满,从诸行所缘出起、从诸行解脱而疾趋涅槃的趣向出起观便会生起;趣向出起观中也包含圣道。圣道心刹那生起的正见——
အစရှိကုန်သော အရိယမဂ္ဂဓမ္မတို့သည် နိဗ္ဗာန်ကို အာရုံပြုလျက် ရှိကြ၏။ ထိုအရိယမဂ္ဂဓမ္မတို့တွင် သမ္မာသမာဓိ ခေါ် စိတ္တေကဂ္ဂတာလည်း ပါဝင်၏။ ယင်းစိတ္တေကဂ္ဂတာ သမာဓိသည်လည်း နိဗ္ဗာန်ကိုပင် အာရုံပြု၍ ဖြစ်ပေါ်- လာ၏။ ဤ၌ စိတ္တေကဂ္ဂတာဟူသည် နိဗ္ဗာန်ဟူသည့် အာရုံတစ်ခုတည်းပေါ်သို့ စိတ်ကျရောက်နေခြင်းသဘော တည်း။ ဤမဂ္ဂသမာဓိကား သမထတည်း။ ထိုကြောင့်ဝိပဿနာလျှင် ရှေ့သွားရှိသော သမထကို ပွားများ၏ဟု မိန့်ဆိုခြင်း ဖြစ်သည်။ (မ-ဋ္ဌ-၁-၁၁၃။) ဤအထက်ပါ အဋ္ဌကထာစကားရပ်၌ ''သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်သည် သမထကို မဖြစ်စေမူ၍သာ- လျှင်''ဟု ကန့်ကွက်ခြင်း အနက်သဘောရှိသော သာလျှင်-ဟူသော စကားဖြင့် အဋ္ဌကထာ၌ သုံးစွဲထား၏။ ထို သာလျှင်-ဟူသော စကားဖြင့် စျာန်၏ အနီးအပါး၌ ဖြစ်လေ့ရှိသော ဥပစာရသမာဓိ အစစ်ကိုသာ နစ်စေ၏။
——等圣道法都缘取涅槃,其中也包括名为心一境性的正定。心一境性之定同样缘取涅槃而生;这里的心一境性,是心落在涅槃这一唯一所缘上的性质。这种道定就是止。因此说‘以观为先导而修止’。(《中部义注》1-113。)上述义注说‘纯观行者唯不令止生起’,其中‘唯’含排除之意;它所排除的,只是真正生于禅那近侧的近行定。
ခဏိကသမာဓိကို မနစ်စေပါ။ သဒိသူပစာရအားဖြင့် ဥပစာရသမာဓိ အမည်ရသော မုချအားဖြင့် ခဏိက သမာဓိအမည်ရသော ခဏိကသမာဓိကိုကား မနစ်စေပါ။ အကြောင်းမူ ခဏိကသမာဓိနှင့် ကင်း၍ ဝိပဿနာ- ဉာဏ်၏ မဖြစ်နိုင်သောကြောင့်ပင်တည်း။ (မ-ဋီ-၁-၂ဝ၄။) ခဏိကသမာဓိဟူသည် မည်ကဲ့သို့သော သမာဓိမျိုးကို ဆိုလိုသည်ဟူသော အကြောင်းအရာများနှင့် ပတ်သက်သည့် အချက်အလက်အများကို ပထမတွဲ သမာဓိထူထောင်သင့်ပုံ အပိုင်းတွင် ရှင်းလင်းတင်ပြခဲ့ပြီးပင် ဖြစ်၏။
它并不排除刹那定,也不排除依相似近行而称近行定、依直接意义则称刹那定的这种刹那定。因为离开刹那定,观智不可能生起。(《中部复注》1-204。)关于刹那定究竟指哪一种定,第一册修定篇已有详细说明。
ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ (ဝိသုဒ္ဓိ-၂-၂၂၂) တွင် ညွှန်ကြားထားသော ယေဘုယျ စည်းကမ်း သတ်မှတ်ချက် အရ ---- သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်သည် ရုပ်ကမ္မဋ္ဌာန်းမှစ၍ နှလုံးသွင်းရမည်ဖြစ်ရာ ဓာတ်ကြီးလေးပါးကို အာရုံယူ၍ စတင်ကာ သမာဓိကို ထူထောင်ရမည် ဖြစ်၏။ ရုပ်တုံးရုပ်ခဲတည်းဟူသော ရုပ်ဃန အသီးအသီးကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ရုပ်ကလာပ် တစ်ခုတစ်ခု အတွင်း၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို ရှုမြင်နိုင်ပါက သိမ်းဆည်းနိုင်ပါက သဒိသူပစာရအားဖြင့် ဥပစာရသမာဓိ အမည်ရသော မုချအားဖြင့် ခဏိကသမာဓိဟု ခေါ်ဆိုသော ခဏိကသမာဓိသို့ ဆိုက်ရောက်ပြီ ဖြစ်၏။ ထိုခဏိကသမာဓိကိုကား မတားမြစ်ပါ၊ ထိုကဲ့သို့သော ခဏိကသမာဓိသို့ ဆိုက်အောင်ကား သမာဓိကို ထူထောင်ရမည်သာ ဖြစ်သည်ဟု ဆိုလိုပါသည်။ ခဏိကသမာဓိ အကြောင်း အပြည့်အစုံကို ပထမတွဲ၌ ပြန်ကြည့်ပါ။
依《清净之道》(2-222)所示的一般准则,纯观行者须从色业处开始作意:先缘取四大而建立定,以智破除各个色块的色法密集;当能观见、摄取每一色聚中的四大时,便已到达依相似近行而称近行定、依直接意义称刹那定的刹那定。这种刹那定并未被排除;意思是说,仍必须建立定而达到这样的刹那定。刹那定的完整说明见第一册。
အောက်ပါ အမှတ် (၃) ပုဂ္ဂိုလ်ကား ယုဂနဒ္ဓနည်းကို ပွားများအားထုတ်သူ ရဟန်းတော်ပင်ဖြစ်၏။ ထမ်းပိုး တစ်ခု၌ နွားနှစ်ကောင်ကို ယှဥ်စုံ ကထားသကဲ့သို့ သမထနှင့် ဝိပဿနာကို ယှဥ်တွဲ၍ အားထုတ်သော ယောဂါဝစရ ရဟန်းတော်ပင် ဖြစ်၏။
以下第三类人,是修习双运法的比丘;如同把两头牛成对套在一具轭上,他把止与观配合起来而精勤修习。
原书第 371 页
ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ နိဒ္ဒေသ -- သင်္ခါရုပေက္ခာဉာဏ်ခန်း ၃။ ငါ့ရှင်တို့ …နောက်တစ်မျိုးကား ရဟန်းတော်သည် သမထ-ဝိပဿနာကို အစုံဖွဲ့၍ ပွားများ၏၊ သမထ ဝိပဿနာကို အစုံဖွဲ့၍ ပွားများသော ထိုရဟန်းတော်အား မဂ်သည် (= သောတာပတ္တိမဂ်သည် သို့မဟုတ် လောကိယမဂ်သည် ) ထင်ရှားဖြစ်ပေါ်လာ၏။ ထိုရဟန်းသည် ထိုမဂ်ကို မှီဝဲ၏ ပွားများ၏ ကြိမ်ဖန်များစွာ အလေ့အလာပြု၏။ ထိုမဂ်ကို မှီဝဲသော ပွားများသော ကြိမ်ဖန်များစွာ အလေ့အလာပြုသော ထိုရဟန်း- တော်အား သံယောဇဥ်တို့သည် ပျောက်ပျက်ကုန်၏ = ပယ်ပြီး ဖြစ်ကုန်၏၊ အနုသယတို့သည် ကင်းပျောက် ရုပ်သိမ်း ချုပ်ငြိမ်းကုန်၏။ (အံ-၁-၄၇၅။) ယုဂနဒ္ဓံ ဘာဝေတီတိ ယုဂနဒ္ဓံ ကတွာ ဘာဝေတိ။ တတ္ထ တေနေဝ စိတ္တေန သမာပတ္တိံ သမာပဇ္ဇိတွာ တေနေဝ သင်္ခါရေ သမ္မသိတုံ န သက္ကာ။ အယံ ပန ယာဝတာ သမာပတ္တိယော သမာပဇ္ဇတိ၊ တာဝတာ သင်္ခါရေ သမ္မသတိ။ ယာဝတာ သင်္ခါရေ သမ္မသတိ၊ တာဝတာ သမာပတ္တိယော သမာပဇ္ဇတိ။ ကထံ? ပဌမဇ္စျာနံ သမာပဇ္ဇတိ၊
三、诸贤,又有一类比丘双运修习止观。对于双运修习止观的比丘,入流道或世间道便显现。他亲近、修习、多修习那道;对于如此亲近、修习、多修习那道的比丘,诸结断除,诸随眠灭尽、息灭。(《增支部》1-475。)巴利《增支部义注》原文(缅文字体):‘ယုဂနဒ္ဓံ ဘာဝေတီတိ ယုဂနဒ္ဓံ ကတွာ ဘာဝေတိ။ တတ္ထ တေနေဝ စိတ္တေန သမာပတ္တိံ သမာပဇ္ဇိတွာ တေနေဝ သင်္ခါရေ သမ္မသိတုံ န သက္ကာ။ အယံ ပန ယာဝတာ သမာပတ္တိယော သမာပဇ္ဇတိ၊ တာဝတာ သင်္ခါရေ သမ္မသတိ။ ယာဝတာ သင်္ခါရေ သမ္မသတိ၊ တာဝတာ သမာပတ္တိယော သမာပဇ္ဇတိ။ ကထံ? ပဌမဇ္စျာနံ သမာပဇ္ဇတိ၊
တတော ဝုဋ္ဌာယ သင်္ခါရေ သမ္မသတိ၊ သင်္ခါရေ သမ္မသိတွာ ဒုတိယဇ္စျာနံ သမာပဇ္ဇတိ။ တတော ဝုဋ္ဌာယ ပုန သင်္ခါရေ သမ္မသတိ။ သင်္ခါရေ သမ္မသိတွာ တတိယဇ္စျာနံ။ ပ။ နေဝသညာနာသညာယတနသမာပတ္တိံ သမာပဇ္ဇတိ၊ တတော ဝုဋ္ဌာယ သင်္ခါရေ သမ္မသတိ။ ဧဝမယံ သမထဝိပဿနံ ယုဂနဒ္ဓံ ဘာဝေတိ နာမ။ (အံ-ဋ္ဌ-၂-၃၄၆။) ယုဂနဒ္ဓနည်းကို ပွားများ၏ ဟူသည် သမထ-ဝိပဿနာကို အစုံဖွဲ့၍ = ယှဥ်စုံဖွဲ့၍ ပွားများ၏။ ထိုသို့ ပွားရာ၌ ထိုစိတ်ဖြင့်ပင်လျှင် စျာန်သမာပတ်ကို ဝင်စား၍ ထိုစိတ်ဖြင့်ပင်လျှင် သင်္ခါရတရားတို့ကို လက္ခဏာယာဥ်ကို တင်၍ ဝိပဿနာ ရှုပွားသုံးသပ်ခြင်းငှာ မတတ်ကောင်းပေ။ ဤယောဂါဝစရ ရဟန်းတော်သည်ကား အကြင်မျှ- လောက်သော စျာန်သမာပတ်တို့ကို ဝင်စား၏၊ ထိုမျှလောက်သော စျာန်သင်္ခါရတရားတို့ကို လက္ခဏာယာဥ်ကို တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်၏။ အကြင်မျှလောက်သော စျာန်သင်္ခါရတရားတို့ကို လက္ခဏာယာဥ်ကိုတင်ကာ
တတော ဝုဋ္ဌာယ သင်္ခါရေ သမ္မသတိ၊ သင်္ခါရေ သမ္မသိတွာ ဒုတိယဇ္စျာနံ သမာပဇ္ဇတိ။ တတော ဝုဋ္ဌာယ ပုန သင်္ခါရေ သမ္မသတိ။ သင်္ခါရေ သမ္မသိတွာ တတိယဇ္စျာနံ။ ပ။ နေဝသညာနာသညာယတနသမာပတ္တိံ သမာပဇ္ဇတိ၊ တတော ဝုဋ္ဌာယ သင်္ခါရေ သမ္မသတိ။ ဧဝမယံ သမထဝိပဿနံ ယုဂနဒ္ဓံ ဘာဝေတိ နာမ။ (အံ-ဋ္ဌ-၂-၃၄၆။)’所谓修习双运法,是把止与观配成一对、结合起来修习。这样修习时,不能以同一个心进入禅定,又以那同一个心把三相提到诸行之上修观审察。这位禅修比丘进入多少种禅定,就把三相提到多少种禅那诸行之上而修观审察;把三相提到多少种禅那诸行之上而修观审察,就进入多少种禅定。
ဝိပဿနာ ရှုပွားသုံးသပ်၏၊ ထိုမျှလောက်သော စျာန်သမာပတ်တို့ကို ဝင်စား၏။ အဘယ်သို့ ပွားများ အားထုတ်- သနည်းဟူမူ? ---- ပထမစျာန်ကို ဝင်စား၏၊ ထိုပထမစျာန်မှ ထ၍ သင်္ခါရတရားတို့ကို (= ပထမစျာန် နာမ်တရား = ပထမစျာန် သင်္ခါရတရားတို့ကို) လက္ခဏာယာဥ်ကို တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်၏။ ယင်းသင်္ခါရတရားတို့ကို လက္ခဏာယာဥ်ကို တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ပြီးနောက် ဒုတိယစျာန်ကို ဝင်စား၏၊ထိုဒုတိယစျာန်မှ ထ၍ ဒုတိယစျာန် သင်္ခါရတရား (= ဒုတိယစျာန် နာမ်တရား )တို့ကို တစ်ဖန် လက္ခဏာယာဥ်ကို တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ပြန်၏။ ယင်း ဒုတိယစျာန် သင်္ခါရတရားတို့ကို လက္ခဏာယာဥ်ကို တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ပြီး- နောက် တတိယစျာန်သမာပတ်ကို။ပ။ နေဝသညာနာသညာယတနစျာန်သမာပတ်ကို ဝင်စားပြန်၏။ ထို နေဝ- သညာနာသညာယတနစျာန်မှ ထ၍ နေဝသညာနာသညာယတန သင်္ခါရတရား = နေဝသညာနာသညာယတန
应当怎样修习呢?先进入初禅;从初禅出定以后,把三相提到诸行,即初禅名法、初禅诸行之上而修观审察。观照这些诸行以后,再进入第二禅;从第二禅出定,再把三相提到第二禅诸行,即第二禅名法之上而修观审察。这样观照第二禅诸行以后,再进入第三禅,乃至非想非非想处定;从非想非非想处定出定以后,把三相提到非想非非想处诸行,即非想非非想处——
စျာန်နာမ်တရားစုတို့ကို လက္ခဏာယာဥ်ကို တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်၏။ ဤသို့ ပွားများသည်ရှိသော် ဤယောဂါဝစရ ရဟန်းတော်သည် သမထဝိပဿနာကို အစုံဖွဲ့၍ ပွားများသည် မည်၏ = ယုဂနဒ္ဓနည်းကို ပွားများသည် မည်၏။ (အံ-ဋ္ဌ-၂-၃၄၆။) ဤယုဂနဒ္ဓနည်းမှာ အများနားလည်နေသော ယုဂနဒ္ဓနည်းနှင့် မတူသည်ကိုကား အသင်သူတော်ကောင်း- သည် သတိပြုသင့်၏။ စျာန်သမာပတ်ကို ဝင်စား၍ ဝိပဿနာရှုနိုင်သော သူတော်ကောင်းတို့၏ အရာသာ ဖြစ်ချေသည်။ ဤသင်္ခါရုပေက္ခာဉာဏ်ပိုင်းသို့ ရောက်ရှိလာသော အသင်သူတော်ကောင်းသည် ဤအချိန်တွင် ဤ ယုဂနဒ္ဓနည်းကို ဦးစားပေး၍ ရှုပွားရန် အထူး သင့်လျော်လှပေသည်။ တစ်ဖန် အမှတ် (၄) ပုဂ္ဂိုလ်ကို ဆက်လက်၍ ဖတ်ရှုကြည့်ပါ။
——禅那名法聚之上而修观审察。如此修习,才称为双运修习止观,即修习双运法。(《增支部义注》2-346。)贤善者应当注意:这里的双运法不同于一般人所理解的双运法;它只适用于既能入禅定、又能修观的人。贤善者已经到达行舍智阶段,此时优先修习这种双运法,尤其适宜。接着请看第四类人。
၄။ ငါ့ရှင်တို့ …နောက်တစ်မျိုးကား ရဟန်းတော်အား တရားတို့၌ ပျံ့လွင့်ခြင်း 'ဓမ္မုဒ္ဓစ္စ'သည် အထူးသဖြင့် ယူထားအပ်သော စိတ်သည် ဖြစ်ပေါ်နေ၏။ ငါ့ရှင်တို့ …အကြင်အခါ၌ ထိုဝိပဿနာစိတ်သည်
四、诸贤,又有一类比丘,其心被法掉举(dhammuddhacca)扰乱。诸贤,当那毗婆舍那心——
原书第 372 页
(ဂေါစရဇ္စျတ္တ) နိဗ္ဗာန်၌သာလျှင် ကောင်းစွာ တည်နေ၏၊ ကောင်းစွာ နစ်နေ၏၊ ကောင်းစွာ တည်ကြည်နေ၏၊ စိတ်ကို ကောင်းစွာ ထားနိုင်၏။ ထိုအခါ ထိုရဟန်းအား မဂ်သည် (= သောတာပတ္တိမဂ်သည် သို့မဟုတ် လောကိယမဂ်သည်) ထင်ရှားဖြစ်ပေါ်လာ၏၊ ထိုရဟန်းသည် ထိုမဂ်ကို မှီဝဲ၏၊ ပွားများ၏၊ ကြိမ်ဖန်များစွာ အလေ့အလာပြု၏။ ထိုမဂ်ကို မှီဝဲသော ပွားများသော ကြိမ်ဖန်များစွာ အလေ့အလာပြုသော ထိုရဟန်း- အား သံယောဇဥ်တို့သည် ပျောက်ပျက်ကုန်၏ = ပယ်ပြီး ဖြစ်ကုန်၏၊ အနုသယတို့သည် ကင်းပြတ် ရုပ်သိမ်း ချုပ်ငြိမ်းကုန်၏။
——唯独善住、沉静、专一、等持于作为所缘内在(gocarajjhatta)的涅槃时,那位比丘的入流道或世间道便显现。他亲近、修习、多修习那道;对于如此亲近、修习、多修习那道的比丘,诸结断除,诸随眠灭尽、息灭。
ငါ့ရှင်တို့ …ရဟန်းယောကျာ်းဖြစ်စေ၊ ရဟန်းမိန်းမဖြစ်စေ မည်သူမဆို တပည့်တော်၏ အထံ၌ အရ- ဟတ္တဖိုလ်သို့ ရောက်ခြင်းကို ပြောကြား၏၊ ထိုရဟန်းယောကျာ်း ထိုရဟန်းမိန်းမ အားလုံးသည် ဤမဂ်လေးပါး- တို့ဖြင့်လည်းကောင်း၊ တစ်ပါးပါးဖြင့်လည်းကောင်း အရဟတ္တဖိုလ်သို့ ရောက်ခြင်းကို ပြောကြား၏ဟု မိန့်ဆိုတော် မူ၏။ (အံ-၁-၄၇၅-၄၇၆။) ဓမ္မုဒ္ဓစ္စဝိဂ္ဂဟိတန္တိ သမထဝိပဿနာဓမ္မေသု ဒသဝိပဿနုပက္ကိလေသ သင်္ခါတေန ဥဒ္ဓစ္စေန ဝိဂ္ဂဟိတံ၊ သုဂ္ဂဟိတန္တိ အတ္ထော။ (အံ-ဋ္ဌ-၂-၃၄၆။) ဓမ္မုဒ္ဓစ္စဝိဂ္ဂဟိတမာနသန္တိ သြဘာသာဒီသု အရိယဓမ္မောတိ ပဝတ္တံ ဥဒ္ဓစ္စံ ဝိက္ခေပေါ ဓမ္မုဒ္ဓစ္စံ၊ တေန ဓမ္မုဒ္ဓစ္စေန ဝိပဿနာဝီထိတော ဥဂ္ဂမနေန ဝိရူပံ ဂဟိတံ ပဝတ္တိယမာနံ ဓမ္မုဒ္ဓစ္စဝိဂ္ဂဟိတမာနသံ။
诸贤,任何比丘或比丘尼在我面前宣称已经证得阿罗汉果,他们全都由这四道,或其中任何一道而证得。’(《增支部》1-475—476。)巴利义注与复注原文(缅文字体):‘ဓမ္မုဒ္ဓစ္စဝိဂ္ဂဟိတန္တိ သမထဝိပဿနာဓမ္မေသု ဒသဝိပဿနုပက္ကိလေသ သင်္ခါတေန ဥဒ္ဓစ္စေန ဝိဂ္ဂဟိတံ၊ သုဂ္ဂဟိတန္တိ အတ္ထော။ (အံ-ဋ္ဌ-၂-၃၄၆။) ဓမ္မုဒ္ဓစ္စဝိဂ္ဂဟိတမာနသန္တိ သြဘာသာဒီသု အရိယဓမ္မောတိ ပဝတ္တံ ဥဒ္ဓစ္စံ ဝိက္ခေပေါ ဓမ္မုဒ္ဓစ္စံ၊ တေန ဓမ္မုဒ္ဓစ္စေန ဝိပဿနာဝီထိတော ဥဂ္ဂမနေန ဝိရူပံ ဂဟိတံ ပဝတ္တိယမာနံ ဓမ္မုဒ္ဓစ္စဝိဂ္ဂဟိတမာနသံ။’
(အံ-ဋီ-၂-၃၄၄။)
(《增支部复注》2-344。)
သမထ ဝိပဿနာ ဘာဝနာတို့ကို ပွားများအားထုတ်ရာ၌ သြဘာသစသော ဥပက္ကိလေသတရားတို့ ထင်ရှား ဖြစ်ပေါ်လာသောအခါ ယင်းသြဘာသစသည်ကိုပင် အရိယဓမ္မဟု စွဲယူလျက် ဖြစ်ပေါ်လာသော စိတ်ကား မူလ ကမ္မဋ္ဌာန်းအာရုံမှ ပျံ့လွင့်သွားသော ဓမ္မုဒ္ဓစ္စပင်တည်း။ ယင်းဓမ္မုဒ္ဓစ္စဖြင့် ကောင်းစွာယူထားအပ်သော စိတ်ကား ဓမ္မုဒ္ဓစ္စဝိဂ္ဂဟိတမာနသအမည်ရသော စိတ်ပင်တည်း။ သင်္ခါရတရားတို့ကို အနိစ္စဟု (ဒုက္ခဟု အနတ္တဟု) နှလုံး သွင်း၏။ ယင်းသို့ နှလုံးသွင်းနေရာက သြဘာသ စသည်တို့ ဖြစ်ပေါ်လာသော် ယင်းသြဘာသ စသည်ကိုပင် အရိယဓမ္မဟု နှလုံးသွင်းမိသဖြင့် ဝိပဿနာလမ်းကြောင်းမှ တိမ်းစောင်းသွားသော စိတ် ဖြစ်၏။ ထိုစိတ် ဖြစ်ပေါ်- နေသောအခါ သင်္ခါရတရားတို့ကို အနိစ္စဟု (ဒုက္ခဟု အနတ္တဟု) ဟုတ်တိုင်းမှန်စွာ မသိတော့ပေ။ သို့သော် သပ္ပါယ (၇)ပါး စသည်တို့ကို ရရှိသောအခါ၌ကား ယင်း ဥပက္ကိလေသတရားတို့ကို ကျော်လွှား လွန်မြောက်၍
修习止观时,光明等观随烦恼显现;执取光明等为圣法而生起的心偏离原本的业处所缘,这就是法掉举。被这种法掉举扰乱的心,称为‘被法掉举扰乱之心’(dhammuddhaccaviggahita-mānasa)。本来他把诸行作意为无常、苦或无我;作意之际,光明等生起,他却把光明等作意为圣法,禅修心因而偏离观道。此心生起时,便不能再如实了知诸行为无常、苦或无我。然而,当获得七种适宜等顺缘时,他越过这些观随烦恼——
ဝိပဿနာလမ်းကြောင်းပေါ်သို့ တစ်ဖန်ပြန်၍ ရောက်ရှိသွားပြန်၏။ ဆက်လက်၍ ကြိုးပမ်းရာ ဝိပဿနာ လမ်း- ကြောင်းကို လွှမ်းမိုးလျက် ဂေါစရဇ္စျတ္တအမည်ရသော ထိုနိဗ္ဗာန်အာရုံ၌သာလျှင် ကောင်းစွာ တည်နေပေသည်။
——重新回到观道;继续精勤后,观心克服原先的偏离,唯独善住于名为所缘内在的涅槃所缘。
(အံ-ဋ္ဌ-၂-၃၄၆-၃၄၇။)
(《增支部义注》2-346—347。)
ဒိသာကာက - ကျီး
方向乌鸦(disākāka)
တံ ပနေတံ သစေ သန္တိပဒံ နိဗ္ဗာနံ သန္တတော ပဿတိ၊ သဗ္ဗံ သင်္ခါရပ္ပဝတ္တံ ဝိဿဇ္ဇေတွာ နိဗ္ဗာနမေဝ ပက္ခန္ဒတိ။ နော စေ နိဗ္ဗာနံ သန္တတော ပဿတိ၊ ပုနပ္ပုနံ သင်္ခါရာရမ္မဏမေဝ ဟုတွာ ပဝတ္တတိ သာမုဒ္ဒိကာနံ ဒိသာကာကော ဝိယ။ (ဝိသုဒ္ဓိ-၂-၂၉၄-၂၉၅။) ထိုသင်္ခါရုပေက္ခာဉာဏ်သည် ပူပန်ခပ်သိမ်းမှ ငြိမ်းအေးရာ ဖြစ်သော အမတဓာတ် မသေရာ အမြိုက်နိဗ္ဗာန် တရားတော်မြတ်ကို ငြိမ်သက်သောအားဖြင့် အကယ်၍ မြင်ငြားအံ့၊ အလုံးစုံသော သင်္ခါရတရားတို့၏ ဖြစ်ခြင်း = သင်္ခါရပ္ပဝတ္တကို စွန့်လွှတ်၍ နိဗ္ဗာန်သို့သာလျှင် ပြေးဝင်သွား၏။ (ဝိသုဒ္ဓိ-၂-၂၉၄-၂၉၅။)
巴利《清净之道》原文(缅文字体):‘တံ ပနေတံ သစေ သန္တိပဒံ နိဗ္ဗာနံ သန္တတော ပဿတိ၊ သဗ္ဗံ သင်္ခါရပ္ပဝတ္တံ ဝိဿဇ္ဇေတွာ နိဗ္ဗာနမေဝ ပက္ခန္ဒတိ။ နော စေ နိဗ္ဗာနံ သန္တတော ပဿတိ၊ ပုနပ္ပုနံ သင်္ခါရာရမ္မဏမေဝ ဟုတွာ ပဝတ္တတိ သာမုဒ္ဒိကာနံ ဒိသာကာကော ဝိယ။ (ဝိသုဒ္ဓိ-၂-၂၉၄-၂၉၅။)’译:‘如果行舍智把寂静处涅槃看作寂静,它便舍弃一切诸行的转起,唯独趋入涅槃;如果还不能如此看见涅槃,它便仍以诸行为所缘,反复转起,如海上船员所用的方向乌鸦。’这里解释:行舍智若把息灭一切热恼、无死的甘露涅槃看作寂静,便舍弃一切诸行转起,唯独趋入涅槃。(《清净之道》2-294—295。)
原书第 373 页
ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ နိဒ္ဒေသ -- သင်္ခါရုပေက္ခာဉာဏ်ခန်း သင်္ခါရတရားတို့၏ အပျက်ကို အာရုံယူ၍ လက္ခဏာယာဥ်ကို တင်ကာ ရှုနေသော သင်္ခါရုပေက္ခာဉာဏ်သည် ထက်မြက်စူးရှခြင်း သန့်ရှင်းခြင်း ရဲရင့်ခြင်းဟူသော အင်္ဂါရပ်များ စုံညီခြင်းသို့ ရောက်ရှိလာသဖြင့် သင်္ခါရတရားတို့၌ လျစ်လျူရှုခြင်းသည် ပြီးစီးလတ်သော် ထိုသင်္ခါရုပေက္ခာဉာဏ်သည် အကြိမ်များစွာ ဖြစ်၍ ရင့်ကျက်ခြင်းသို့ ရောက်ရှိလာ၏၊ ယင်းသို့ ရင့်ကျက်ခြင်းသို့ ရောက်ရှိလာသဖြင့် အရိယမဂ်ဉာဏ်အားလျော်သော အနုလောမ- ဉာဏ်၏ အကြောင်းတရား၏ အဖြစ်သို့ ရောက်ရှိ၍ နိဗ္ဗာန်ကို ငြိမ်သက်သောအားဖြင့် မြင်သည် မည်၏။ ထိုသို့ ဖြစ်သော ဉာဏ်သည်လည်း အလုံးစုံသော သင်္ခါရတရားတို့၏ ဖြစ်ခြင်းဟူသော သင်္ခါရပ္ပဝတ္တကို စွန့်လွှတ်၍ နိဗ္ဗာန်သို့ ပြေးသွားသက်ဝင်သည် မည်ပေသည်။ ဤအပိုင်းတွင် ဤအထက်ပါ သင်္ခါရုပေက္ခာဉာဏ်ကို အနုလောမ-
行舍智取诸行坏灭为所缘,把三相提到其上而观;当它具足锐利、清净、勇健等特质,对诸行的舍置已告完成时,便会反复生起而成熟。成熟以后,它成为能令随顺智与圣道智相应之因,也就称为把涅槃看作寂静;这样的智舍弃一切诸行转起,疾趋、证入涅槃。这里依同一法,连同随顺智与种姓智,总称为行舍智——
ဉာဏ် ဂေါတြဘုဉာဏ်တို့နှင့်တကွ တစ်ခုတည်းအဖြစ်သို့ ဆောင်၍ ဧကတ္တနည်း၏အစွမ်းဖြင့် သင်္ခါရုပေက္ခာဉာဏ် ဟူ၍ပင် ဆိုထားသည် မှတ်ပါ။ (မဟာဋီ-၂-၄၅၉-၄၆ဝ။) နိဗ္ဗာန်ကို ငြိမ်သက်သောအားဖြင့် အကယ်၍ မမြင်သေးငြားအံ့ = ထိုရွေ့လောက် နိဗ္ဗာန်ကို ငြိမ်သက်သော အားဖြင့် မမြင်သေးသမျှ ကာလပတ်လုံး သင်္ခါရုပေက္ခာဉာဏ်သည်လည်း မရင့်ကျက်သေးပေ။ ထိုသို့ မရင့်ကျက် သေးပါက သင်္ခါရုပေက္ခာဉာဏ်သည် နိဗ္ဗာန်ကို ငြိမ်သက်သောအားဖြင့် မမြင်နိုင်သေးပေ။ ထိုသို့ မမြင်နိုင်သေး- ငြားအံ့ ----- ယင်းသင်္ခါရုပေက္ခာဉာဏ်သည် အဖန်တလဲလဲ သင်္ခါရတရားလျှင် အာရုံရှိသည်သာလျှင် ဖြစ်၍ ဖြစ်ပေါ်နေ၏။ သင်္ခါရတရားတို့၏ အပျက်ကိုလည်းကောင်း၊ ရှုသည့် ဝိပဿနာဉာဏ်၏ အပျက်ကိုလည်းကောင်း ဝိပဿနာ ရှုနေ၏။ သမုဒြာကို ကူးသန်းသွားလာကုန်သော သင်္ဘောသားတို့၏ အရပ်မျက်နှာကို သိသော ဒိသာကာက ကျီးကဲ့သို့ မှတ်ပါ။ (ဝိသုဒ္ဓိ-၂-၂၉၄-၂၉၅။)
——应当知道,这是依同一理路(ekatta-naya)而说。(《大复注》2-459—460。)如果还不能把涅槃看作寂静,也就是只要尚未如此看见涅槃,行舍智就还没有成熟;未成熟时,也不能把涅槃看作寂静。此时,行舍智仍一再以诸行为所缘而转起,观照诸行的坏灭,也观照正在观照之观智的坏灭,如渡海船员所用、能辨方向的乌鸦。(《清净之道》2-294—295。)
ရှေးယခင် ခေတ်ဟောင်းက သမုဒြာကို ကူးကုန်သော သင်္ဘောသားတို့သည် လှေသင်္ဘောသို့ တက်စီးကြ- ကုန်သည် ရှိသော် အရပ်မျက်နှာကို ကြည့်သော သိသော ဒိသာကာက မည်သည့် ကျီးကို ယူဆောင်၍ သွားတတ်- ကြကုန်၏။ ထိုသင်္ဘောသားတို့သည် လှေသင်္ဘောသည် လေပြင်းမုန်တိုင်းဒဏ်ကြောင့် သွားနေကျ လမ်းကြောင်းမှ တိမ်းစောင်း၍ လမ်းလွဲသို့ ရောက်ရှိသွားသောအခါ ဆိပ်ကမ်းများ မထင်မရှား ဖြစ်လာတတ်၏၊ ထိုအခါ၌ ဒိသာကာက ကျီးကို လွှတ်လိုက်ကြကုန်၏။ ထိုကျီးသည် လင်းယဥ်တိုင်ဖျားမှ ကောင်းကင်သို့ ပျံတက်၍ အရှေ့ အနောက် တောင် မြောက် ဟူသော တူရူအရပ်၊ အထောင့်အရပ်ဟူသော အလုံးစုံသော အရပ်မျက်နှာတို့သို့ လှည့်လည်၍ ပျံသန်းကြည့်လေ၏။ ထိုထိုအရပ်သို့ တစ်ခုပြီး တစ်ခု အစဥ်သဖြင့် ပျံသန်းကြည့်လေရာ ကမ်းကို အကယ်၍ မြင်ငြားအံ့၊ ထိုမြင်ရာ ကမ်းဘက်သို့သာလျှင် ပျံသန်းသွားလေ၏၊ အကယ်၍ ကမ်းကို မမြင်ငြားအံ့၊
古时横渡海洋的船员登船时,会带上一只名为方向乌鸦、能观察辨认方位的乌鸦。当船被暴风吹离惯常航线而迷失方向、看不见港岸时,他们就放出方向乌鸦。乌鸦从桅杆顶端飞上天空,巡看东、西、南、北四正方与各隅方等一切方向。它依次朝各方飞行探查;若看见岸,就一直飞向那岸;若看不见岸——
အဖန်တလဲလဲ လှေသင်္ဘောသို့ပင် ပြန်လာ၍ လင်းယဥ်တိုင်ထိပ်၌သာလျှင် နားနေ၏။
——便一次又一次飞回船上,停在桅杆顶端。
ဤဥပမာအတူပင်လျှင် သင်္ခါရုပေက္ခာဉာဏ်သည် ပူပန်ခပ်သိမ်းမှ ငြိမ်းအေးရာဖြစ်သော အမတဓာတ် မသေရာ အမြိုက်နိဗ္ဗာန် တရားတော်မြတ်ကြီးကို ငြိမ်သက်သောအားဖြင့် အကယ်၍ မြင်ငြားအံ့၊ အလုံးစုံသော သင်္ခါရတရားတို့၏ ဖြစ်ခြင်းဟူသော သင်္ခါရပ္ပဝတ္တကို စွန့်လွှတ်၍ နိဗ္ဗာန်သို့သာလျှင် ပြေးဝင်သွား၏။ နိဗ္ဗာန်ကို ငြိမ်သက်သောအားဖြင့် အကယ်၍ မမြင်သေးငြားအံ့၊ အဖန်တလဲလဲ သင်္ခါရတရားလျှင် အာရုံရှိသည်ဖြစ်၍ ဖြစ်ပေါ်နေ၏။ (ဝိသုဒ္ဓိ-၂-၂၉၅။) ထိုသင်္ခါရုပေက္ခာဉာဏ်သည် မန်းဖျား = စကောဖျား၌ လှိမ့်အပ် ဆင့်အပ်သော မုန့်ညက်ကဲ့သို့လည်းကောင်း၊ ဝါဖန်လေးငယ်ဖြင့် ခတ်အပ်သော အစေ့ထုတ်ထားပြီးသော ဝါဂွမ်းကဲ့သို့လည်းကောင်း၊ အထူးထူး အပြားပြား အားဖြင့် သင်္ခါရတရားတို့ကို သိမ်းဆည်း၍ ဉာဏ်ဖြင့် ပိုင်းခြားယူ၍ ဘယနှင့် နန္ဒီဟူသော အစွန်းနှစ်ဘက်ကို ပယ်၍ - သင်္ခါရတရားတို့ကို အနိစ္စ ဒုက္ခ အနတ္တ စသော အခြင်းအရာအားဖြင့် စိစစ်ခြင်း၏ အထွတ်အထိပ်သို့
同样,行舍智若把息灭一切热恼、无死的甘露涅槃看作寂静,便舍弃一切诸行转起,唯独趋入涅槃;若还不能如此看见涅槃,就一再以诸行为所缘而转起。(《清净之道》2-295。)行舍智又如在圆竹匾上来回滚动的面团,也如被小弹棉弓反复弹打的去籽棉花:它以种种方式摄取诸行,以智分别诸行,舍弃怖畏与欢喜两端;由于已经到达以无常、苦、无我等行相审察诸行的顶峰——
原书第 374 页
ရောက်ရှိနေသည်၏ အဖြစ်ကြောင့် သင်္ခါရတရားတို့၌ အလယ်အလတ် လျစ်လျူရှုသကဲ့သို့ သင်္ခါရတရားတို့ကို အနိစ္စ ဒုက္ခ အနတ္တစသော အခြင်းအရာအားဖြင့် စိစစ်ခြင်း၌လည်း လျစ်လျူရှုသည်ဖြစ်၍ အနိစ္စာနုပဿနာ ဒုက္ခာနုပဿနာ အနတ္တာနုပဿနာဟူသော သုံးမျိုးသော အနုပဿနာ၏ အစွမ်းဖြင့် တည်နေပေ၏။ ဤသို့ တည်နေသော သင်္ခါရုပေက္ခာဉာဏ်သည် ----- ၁။ သုံးမျိုးသော ဝိမောက္ခမုခ၏ အဖြစ်သို့ ရောက်ရှိ၍၊ ၂။ (၇)မျိုးသော အရိယပုဂ္ဂိုလ်တို့ကို ခွဲခြမ်းဝေဖန်ခြင်းငှာ အကြောင်းတရား ဖြစ်၍ နေပေသည်။
——所以既对诸行保持中立舍置,也对以无常、苦、无我等行相审察诸行这件事保持舍置,安住于无常随观、苦随观、无我随观三种随观。如此安住的行舍智:一、能够成为三种解脱门;二、成为分别七类圣者的根本因素。
ဝိမောက္ခမုခ (၃) မျိုး
三种解脱门
အနိစ္စတော မနသိကရောန္တော အဓိမောက္ခဗဟုလော အနိမိတ္တံ ဝိမောက္ခံ ပဋိလဘတိ။ ဒုက္ခတော မနသိကရောန္တော ပဿဒ္ဓိ ဗဟုလော အပ္ပဏိဟိတံ ဝိမောက္ခံ ပဋိလဘတိ။ အနတ္တတော မနသိကရောန္တော ဝေဒဗဟုလော သုညတဝိမောက္ခံ ပဋိလဘတိ။ (ပဋိသံ-၂၅၄။ ဝိသုဒ္ဓိ-၂-၂၉၆။)
巴利《无碍解道/清净之道》原文(缅文字体):‘အနိစ္စတော မနသိကရောန္တော အဓိမောက္ခဗဟုလော အနိမိတ္တံ ဝိမောက္ခံ ပဋိလဘတိ။ ဒုက္ခတော မနသိကရောန္တော ပဿဒ္ဓိ ဗဟုလော အပ္ပဏိဟိတံ ဝိမောက္ခံ ပဋိလဘတိ။ အနတ္တတော မနသိကရောန္တော ဝေဒဗဟုလော သုညတဝိမောက္ခံ ပဋိလဘတိ။ (ပဋိသံ-၂၅၄။ ဝိသုဒ္ဓိ-၂-၂၉၆။)’译:‘作意无常者,信胜解偏盛,得无相解脱;作意苦者,轻安偏盛,得无愿解脱;作意无我者,慧偏盛,得空解脱。’(《无碍解道》254;《清净之道》2-296。)
အနိစ္စာနုပဿနာ = အနိမိတ္တဝိမောက္ခ
无常随观与无相解脱
သင်္ခါရတရားတို့ကို ဖြစ်ခြင်း ပျက်ခြင်း၏ အစွမ်းဖြင့် ယင်းသင်္ခါရတရားတို့၏ ဥပါဒ်စွန်း ဘင်စွန်းကို ဉာဏ်ဖြင့် ပိုင်းခြားယူလျက် အနိစ္စဟု ရှု၏။ အနိစ္စာနုပဿနာဉာဏ်တည်း။ ယင်းအနိစ္စာနုပဿနာဉာဏ်သည် -- ''ဥဒယတော ပုဗ္ဗေ သင်္ခါရာ နတ္ထိ = ဖြစ်ခြင်း (= ဥဒယ) မှ ရှေး၌ သင်္ခါရတရားတို့သည် မရှိကုန်'' ဟူ၍ ထိုသင်္ခါရတရားတို့၏ သွားရာဂတိကို သို့မဟုတ် ဆက်လက်ဖြစ်ပုံကို ကောင်းစွာလိုက်၍ ရှာသည်ရှိသော် -- ''ဝယတော ပရံ န ဂစ္ဆန္တိ၊ ဧတ္ထေဝ အန္တရဓာယန္တိ = ပျက်ခြင်း (= ဘင်) မှ နောက်ကာလ၌ သင်္ခါရတရားတို့သည် ဆက်၍ မသွားကုန်၊ ဤ ပျက်ရာ ဘင်ကာလ၌ပင်လျှင် ကွယ်ပျောက်ကုန်၏''ဟု သင်္ခါရတရားတို့၏ သွားရာ ခရီးအားဖြင့် ကောင်းစွာ သုံးသပ်၏။ ယင်းသို့ သုံးသပ်သော အနိစ္စဟု သင်္ခါရတရားတို့ကို နှလုံးသွင်းသော ယောဂါဝစရပုဂ္ဂိုလ်အား ကုန်တတ် ပျောက်တတ်သော ခယသဘောအားဖြင့် သင်္ခါရတရားတို့သည် ထင်လာကုန်၏၊ အဓိမောက္ခဗဟုလ = ယုံကြည်-
禅修者以生灭分别诸行的生端与灭端,观它们为无常;这就是无常随观智。无常随观智以巴利语‘ဥဒယတော ပုဗ္ဗေ သင်္ခါရာ နတ္ထိ’——‘诸行在生起以前并不存在’——追察诸行的去向和相续方式;又以‘ဝယတော ပရံ န ဂစ္ဆန္တိ၊ ဧတ္ထေဝ အန္တရဓာယန္တိ’——‘诸行灭后不再前往任何地方,只在灭处消失’——审察诸行的去向。这样作意诸行为无常的禅修者,诸行便以会穷尽、会消失的灭尽性质显现,信胜解与信根因而偏盛——
ချက် သဒ္ဓိန္ဒြေ အဖြစ်များလာ၏။ သင်္ခါရနိမိတ်မှ ကင်းဆိတ်သည့် အနိမိတ္တ အမည်ရသော ဝိမောက္ခကို ရရှိနိုင်၏။
——并能证得离一切行相、名为无相的解脱。
(ဝိသုဒ္ဓိ-၂-၂၉၅-၂၉၆ - ကြည့်။)
(参见《清净之道》2-295—296。)
သင်္ခါရတရားတို့ကို အနိစ္စဟု တွင်တွင် ရှုနေရာ၊ ဒုက္ခာနုပဿနာဉာဏ် အနတ္တာနုပဿနာဉာဏ်တို့၏ အားကြီးသော မှီရာ ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြုပေးမှု အရှိန်အဝါ သတ္တိထူးကြီးကို ခံယူရသော အနိစ္စာ- နုပဿနာဉာဏ်သည် ဣန္ဒြေစုံညီ၍ ရင့်ကျက်လာသောအခါ သင်္ခါရနိမိတ် ကင်းခြင်းကြောင့် အနိမိတ္တအမည် ရသော နိဗ္ဗာနဓာတ်ကို အနိမိတ္တ အခြင်းအရာအားဖြင့် အာရုံပြု၍ = ဝိပဿနာဉာဏ်၏ အဆုံး၌ အနိမိတ္တအမည် ရသော နိဗ္ဗာန်ကိုပင် အနိမိတ္တ အခြင်းအရာအားဖြင့် အာရုံပြု၍ အရိယမဂ်တရားသည် ဖြစ်ပေါ်လာ၏၊ ထိုအရိယ- မဂ်ဉာဏ်သည် အနိမိတ္တ အမည်ရသော နိဗ္ဗာနဓာတ်၌ အာရုံပြုသောအားဖြင့် ဖြစ်ပေါ်လာသောကြောင့် အနိမိတ္တလည်း အမည်ရ၏၊ ကိလေသာတို့မှ လွတ်မြောက်သည်၏ အဖြစ်ကြောင့် ဝိမောက္ခလည်း အမည်ရ၏။
当禅修者反复观诸行为无常时,无常随观智获得苦随观智与无我随观智强力亲依止缘力的资助;诸根具足而成熟后,圣道法便在观智终点缘取因离行相而称为‘无相’的涅槃界,以无相行相生起。由于这圣道智缘取名为无相的涅槃界而生,所以也称无相;由于从烦恼解脱,所以又称解脱。
သတ္တလောက အမည်ရသော သတ္တဝါအပေါင်း၏ လောကသုံးပါးမှ ထွက်မြောက်ခြင်း၏ အကြောင်း ဖြစ်သော- ကြောင့် မုခလည်း အမည်ရ၏။
又因为它是有情世间的一切有情从三界出离的门户,所以称为门。
ထိုကြောင့် ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် သင်္ခါရတရားတို့ကို အနိစ္စဟု ရှုသော အနိစ္စာနုပဿနာ- ဉာဏ်ဖြင့် နိမိတ္တ၏ အစွမ်းဖြင့် သင်္ခါရတရားတို့ကို သိမ်းဆည်း၍ ဝိပဿနာကို အားထုတ်လတ်သော် ''အကြင် နိဗ္ဗာန်၌ ဤသင်္ခါရနိမိတ်သည် အချင်းခပ်သိမ်း မရှိ၊ ထိုနိဗ္ဗာန်သည် အနိမိတ္တ မည်၏''ဟု အနိမိတ္တ အခြင်းအရာ
因此,禅修者以无常随观智观诸行为无常,依行相摄取诸行而精勤修观时,作意:‘涅槃中完全没有这种行相,因此涅槃称为无相。’他以无相行相作意涅槃,使趣向出起观与圣道相接——