道非道智见清净释:思惟智章(之七)

《趣向涅槃之道》中文全译本 · 非缩略版

观禅篇 · 原书第 156–166 页 · 84 个翻译单元

本页并入了原书的相邻小节:道非道智见清净释:思惟智章。

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 156 页
အနိစ္စာနုပဿနာဉာဏ်သည် မာနစွဲကို ပယ်ခွာနိုင်သည်မှာ ဖြိုခွဲဖျက်ဆီးနိုင်သည်မှာ မှန်၏။ သို့သော် ယင်းအနိစ္စာနုပဿနာဉာဏ်သည် ဒုက္ခာနုပဿနာဉာဏ် အနတ္တာနုပဿနာဉာဏ် နှစ်ပါးတို့က အားကြီးသော မှီရာ ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြုပေးပါမှ ထက်မြက်လာ၏၊ စူးရှလာ၏၊ ရဲရင့်လာ၏၊ တိုးပွားလာ၏၊ စွမ်းအင် ပြည့်ဝလာ၏။ ထိုကဲ့သို့ ထက်မြက် စူးရှ ရဲရင့်လာသော၊ တိုးပွားလာသော၊ စွမ်းအင်ပြည့်ဝလာသော၊ ဒုက္ခာ- နုပဿနာဉာဏ် အနတ္တာနုပဿနာဉာဏ် နှစ်ပါးတို့၏ အားကြီးသော မှီရာ ဥပနိဿယသတ္တိထူးကြီးဖြင့် ကျေးဇူး ပြုပေးမှု အရှိန်အဝါထူးကြီးကို ဆက်ခံရသော အနိစ္စာနုပဿနာဉာဏ်ကသာလျှင် မာနစွဲကို ဖြိုခွဲဖျက်ဆီးနိုင်သော- ကြောင့် သင်္ခါရတရားတို့ကို အနိစ္စလက္ခဏာယာဥ်တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ပြီးသော်လည်း ဒုက္ခလက္ခဏာ နှင့် အနတ္တလက္ခဏာကိုပါ တင်၍ ဆက်လက်ကာ ဝိပဿနာရှုပွားသုံးသပ်ရန် (ဝိသုဒ္ဓိ-၂-၂၆၄)၌ အဋ္ဌကထာ
无常随观智能够破除、摧毁慢执,这是事实。然而,只有苦随观智与无我随观智以强力亲依止缘力资助它,无常随观智才会变得锐利、敏锐、勇健、增长而力量圆满。只有承受这两种随观智强力亲依止缘的特殊资助,变得锐利、敏锐、勇健、增长而力量圆满的无常随观智,才能摧毁慢执。正因如此,义注师在《清净道论》2-264说明:把诸行提到无常相上修观、审察以后,还应继续把苦相与无我相——
ဆရာတော်က ဖွင့်ဆိုသွားတော်မူခြင်း ဖြစ်ပေသည်။
——提到诸行上修观、审察。
အလားတူပင် ဒုက္ခာနုပဿနာဉာဏ်သည် တဏှာ = နိကန္တိကို ကုန်ခန်းစေနိုင်သည်ကား မှန်၏။ သို့သော် ယင်းဒုက္ခာနုပဿနာဉာဏ်အား အနိစ္စာနုပဿနာဉာဏ် အနတ္တာနုပဿနာဉာဏ် နှစ်ပါးတို့က တဏှာ = နိကန္တိကို ကုန်ခန်းစေနိုင်သည့် စွမ်းအင်များ ပြည့်ဝလာအောင် ပင်ကိုပကတိအားဖြင့် အားကြီးသော မှီရာ ဥပနိဿယ သတ္တိဖြင့် ကျေးဇူးပြုပေးသောကြောင့် ယင်းဒုက္ခာနုပဿနာဉာဏ်သည် စွမ်းအင်တိုးပွားလာသော ပြည့်ဝလာသော အနုပဿနာဉာဏ်တစ်ခု ဖြစ်လာ၏၊ ထက်မြက်စူးရှလာ၏၊ ရဲရင့်လာ၏။ ထို့ကြောင့် သင်္ခါရတရားတို့ကို ဒုက္ခ လက္ခဏာယာဥ်တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ပြီးနောက်လည်း ယင်းသင်္ခါရတရားတို့ကို အနိစ္စဟုလည်းကောင်း၊ အနတ္တဟုလည်းကောင်း လက္ခဏာယာဥ်တင်ကာ ဝိပဿနာရှုပွားသုံးသပ်ရန် အဋ္ဌကထာဆရာတော်က (ဝိသုဒ္ဓိ- ၂-၂၆၄)၌ ဆက်လက်၍ ဖွင့်ဆိုသွားတော်မူခြင်း ဖြစ်၏။
同样,苦随观智能够使爱——即贪著——穷尽,这是事实。然而,无常随观智与无我随观智必须以本来强有力的亲依止缘力资助苦随观智,使它具足令爱与贪著穷尽的力量;苦随观智由此成为力量增长、趋于圆满、锐利敏锐而勇健的随观智。正因如此,义注师在《清净道论》2-264继续说明:把诸行提到苦相上修观、审察以后,还应把同一诸行提到无常相与无我相上修观、审察。
လိုရင်းအကျဥ်းချုပ် မှတ်သားရန်
应记住的要义
ဤအရာ၌ ဤဆိုလတ္တံ့သော စကားကား အကျဥ်းချုပ်ဆိုလိုရင်း အနက်သဘောတရားတည်း။ အထက်ပါ အရူပသတ္တက ရှုနည်းဝယ် ပဋိပါဋိ = အစဥ်အားဖြင့် ရှုနည်း ဟူသော ဝိပဿနာရှုနည်းကို ရေးသားတင်ပြခဲ့၏။
这里,以下所说就是应当记住的简要义。上文说明非色七法观法时,已经写出依次第观照的方式,即次第法。
ဤသို့ ရေးသားဖွင့်ဆိုခဲ့သည့်အတိုင်း ပဋိပါဋိနည်းအားဖြင့် သင်္ခါရတရားတို့ကို လက္ခဏာရေးသုံးတန်ကို တင်ကာ ဝိပဿနာရှုပွားသုံးသပ်ခြင်း သမ္မသနလုပ်ငန်းရပ်ကို အလေ့အကျက် များပြားသော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်၌ အကြင်အခါဝယ် အနတ္တာနုပဿနာဉာဏ်သည် ထက်မြက်လာ၏၊ ရဲရင့်လာ၏၊ သန့်သန့်ရှင်းရှင်း ဖြစ်ပေါ်လာ၏။
禅修者依上述次第法,把三相提到诸行上,反复熟习思惟的作业;当无我随观智在其智中变得锐利、勇健而清净地生起时——
ထိုအခါဝယ် အနိစ္စာနုပဿနာဉာဏ် ဒုက္ခာနုပဿနာဉာဏ် နှစ်မျိုးတို့သည်လည်း ထိုအနတ္တာနုပဿနာဉာဏ်၏ နောက်သို့ အစဥ်တစိုက် လိုက်ပါကြရ၏။ ထိုအခါ၌ အနတ္တာနုပဿနာဉာဏ်က ဒိဋ္ဌိကို ပယ်ခွာခြင်း လုပ်ငန်းရပ်ကို ပြုလုပ်ပြီး ဖြစ်တော့၏။ မှန်ပေသည် - မိစ္ဆာဒိဋ္ဌိမှန်သမျှတို့သည် အတ္တဝါဒ အတ္တဒိဋ္ဌိလျှင် အခြေခံအကြောင်းရင်း ဇစ်မြစ် ရှိကြကုန်၏။ အနတ္တာနုပဿနာဉာဏ်သည်လည်း အတ္တဒိဋ္ဌိနှင့် ဖြောင့်ဖြောင့်ထိပ်တိုက် ဆန့်ကျင်ဘက် အနုပဿနာဖြစ်၏။ ထိုကြောင့် အနိစ္စာနုပဿနာဉာဏ် ဒုက္ခာနုပဿနာဉာဏ်နှစ်ပါးတို့က အားကြီးသောမှီရာ ဥပနိဿယသတ္တိထူးကြီးဖြင့် ကျေးဇူးပြုပေးလိုက်သည့် အရှိန်အဝါသတ္တိထူးကြီးကို ဆက်ခံရသော စွမ်းအင်သတ္တိ ပြည့်ဝစုံညီလာသော၊ ထက်မြက်စူးရှ ရဲရင့်သန့်ရှင်းလာသော အနတ္တာနုပဿနာဉာဏ်သည် အတ္တဒိဋ္ဌိကို ဖြိုခွဲနိုင်ခြင်း ဖြစ်ပေသည်။ (မဟာဋီ-၂-၄၁၆။) အကြင်အခါ၌ကား အနိစ္စာနုပဿနာဉာဏ်သည် ထက်မြက်စူးရှလာ၏၊ ရဲရင့်လာ၏၊ သန့်သန့်ရှင်းရှင်း
——无常随观智与苦随观智也会持续跟随无我随观智。这时,无我随观智便完成了破除见的作用。确实,一切邪见都以我论、我见为根本;无我随观智又是我见的直接对治。因此,承受无常随观智与苦随观智以强力亲依止缘给予的特殊资助,变得力量圆满、锐利敏锐、勇健清净的无我随观智,便能够摧毁我见。(《大复注》2-416。)当无常随观智变得锐利、敏锐、勇健而清净——
ဖြစ်ပေါ်လာ၏၊ ထိုအခါ၌ ဒုက္ခာနုပဿနာဉာဏ် အနတ္တာနုပဿနာဉာဏ် နှစ်မျိုးတို့သည်လည်း ထိုအနိစ္စာ နုပဿနာဉာဏ်၏ နောက်သို့ အစဥ်တစိုက် လိုက်ပါကြရကုန်၏။ ထိုအခါဝယ် အနိစ္စာနုပဿနာဉာဏ်က မာနကို
——地生起时,苦随观智与无我随观智也会持续跟随无常随观智。这时,无常随观智便完成了破除——
原书第 157 页
မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ နိဒ္ဒေသ -- သမ္မသနဉာဏ်ခန်း ပယ်ခွာခြင်း လုပ်ငန်းရပ်ကို ပြုပြီး ဖြစ်တော့၏။ မှန်ပေသည် -- သင်္ခါရတရားတို့ကို နိစ္စဟု စွဲယူခြင်းသည် ထင်ရှားရှိလတ်သော် ''ဣဒံ နိစ္စံ ဣဒံ ဓုဝံ = ဤဌာနသည် မြဲသည့် နိစ္စတည်း၊ ခိုင်ခံ့သည့် ဓုဝတည်း'' (မ-၁- ၄ဝ၁။) --- ဤသို့စသည်ဖြင့် ဗကဗြဟ္မာ၏ သန္တာန်၌ကဲ့သို့ မာန်မာနတရား ထောင်လွှားတက်ကြွခြင်းသည် ဖြစ်ပေါ်လာတတ်၏။ အနိစ္စာနုပဿနာသည်လည်း သင်္ခါရတရားကို နိစ္စဟု စွဲယူတတ်သော နိစ္စဂါဟ၏ ဖြောင့်- ဖြောင့် ထိပ်တိုက် ဆန့်ကျင်ဘက် အနုပဿနာဖြစ်၏။ ထို့ကြောင့် ဒုက္ခာနုပဿနာဉာဏ် အနတ္တာနုပဿနာဉာဏ် နှစ်ပါးတို့က အားကြီးသော မှီရာဥပနိဿယသတ္တိထူးကြီးဖြင့် ကျေးဇူးပြုပေးမှု အရှိန်အဝါ သတ္တိထူးကြီးကို ဆက်ခံရသော စွမ်းအင်သတ္တိ ပြည့်ဝစုံညီလာသော၊ ထက်မြက်စူးရှ ရဲရင့်သန့်ရှင်းလာသော အနိစ္စာနုပဿနာ- ဉာဏ်သည် မာနစွဲကို ဖြိုခွဲဖျက်ဆီးနိုင်ခြင်း ဖြစ်ပေသည်။ (မဟာဋီ-၂-၄၁၆။)
——慢的作用。确实,只要对诸行的常执明显存在,就会像婆迦梵天那样产生慢的自高自举:‘ဣဒံ နိစ္စံ ဣဒံ ဓုဝံ’——‘这里是常的,这里是恒久的。’(《中部》1-401。)无常随观智正是把诸行执为常的常执之直接对治。因此,承受苦随观智与无我随观智以强力亲依止缘给予的特殊资助,变得力量圆满、锐利敏锐、勇健清净的无常随观智,便能够摧毁慢执。(《大复注》2-416。)
အကြင်အခါ၌ကား ဒုက္ခာနုပဿနာဉာဏ်သည် ထက်မြက်စူးရှလာ၏၊ ရဲရင့်လာ၏၊ သန့်သန့်ရှင်းရှင်း ဖြစ်ပေါ်လာ၏။ ထိုအခါ၌ကား အနိစ္စာနုပဿနာဉာဏ်၊ အနတ္တာနုပဿနာဉာဏ် နှစ်မျိုးတို့သည်လည်း ထို ဒုက္ခာနုပဿနာဉာဏ်၏ နောက်သို့ အစဥ်တစိုက် လိုက်ပါကြရကုန်၏။ ထိုအခါဝယ် ဒုက္ခာနုပဿနာဉာဏ်က တဏှာ = နိကန္တိတရားကို ကုန်ခန်းစေခြင်းကို ပြုပြီးဖြစ်တော့၏။ မှန်ပေသည် --- သင်္ခါရတရားတို့၏ အပေါ်၌ သုခဟုထင်သော အမှတ်သညာသည် ထင်ရှားရှိလတ်သော် ယင်းသင်္ခါရတရားတို့ကို ''ငါ့ဟာ''ဟု တဏှာဖြင့် စွဲယူခြင်း တဏှာဂါဟတရားသည် ထင်ရှားဖြစ်ပေါ်လာ၏။ ဒုက္ခာနုပဿနာသည်လည်း တဏှာ = နိကန္တိတရား၏ ဖြောင့်ဖြောင့် ထိပ်တိုက် ဆန့်ကျင်ဘက် အနုပဿနာတစ်မျိုးဖြစ်၏။ ထို့ကြောင့် အနိစ္စာနုပဿနာဉာဏ် အနတ္တာ- နုပဿနာဉာဏ် နှစ်မျိုးတို့က အားကြီးသော မှီရာ ဥပနိဿယသတ္တိထူးကြီးဖြင့် ကျေးဇူးပြုပေးမှု အရှိန်အဝါ
当苦随观智变得锐利、敏锐、勇健而清净地生起时,无常随观智与无我随观智也会持续跟随苦随观智。这时,苦随观智便完成使爱——即贪著——穷尽的作用。确实,只要把诸行认作乐的乐想明显存在,以爱把诸行执为‘我的’这种爱执便会明显生起。苦随观智正是爱与贪著的直接对治。因此,承受无常随观智与无我随观智以强力亲依止缘给予的特殊资助——
သတ္တိထူးကြီးကို ဆက်ခံရသော၊ စွမ်းအင်သတ္တိ ပြည့်ဝစုံညီလာသော၊ ထက်မြက်စူးရှ ရဲရင့်သန့်ရှင်းလာသော ဒုက္ခာနုပဿနာဉာဏ်သည် တဏှာ = နိကန္တိတရားကို ကုန်ခန်း ပျက်စီးစေနိုင်ခြင်း ဖြစ်ပေသည်။
——变得力量圆满、锐利敏锐、勇健清净的苦随观智,便能够使爱与贪著穷尽。
(မဟာဋီ-၂-၄၁၆။)
(《大复注》2-416。)
ဤသို့လျှင် သင်္ခါရတရားတို့ကို အနတ္တဟု ဝိပဿနာဉာဏ်ဖြင့် ရှုမြင်သော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ဒိဋ္ဌိကို ပယ်ခွာခြင်းမည်သည် ဖြစ်ပေါ်လာ၏။ အနိစ္စဟု ဝိပဿနာဉာဏ်ဖြင့် ရှုမြင်သော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ မာနကို ပယ်ခွာခြင်းမည်သည် ဖြစ်ပေါ်လာ၏။ ဒုက္ခဟု ဝိပဿနာဉာဏ်ဖြင့် ရှုမြင်သော ယောဂါဝစရ ပုဂ္ဂိုလ်၏ သန္တာန်၌ တဏှာ = နိကန္တိကို ကုန်ခန်းစေခြင်းမည်သည် ဖြစ်ပေါ်လာ၏။ ဤသို့လျှင် ဤဝိပဿနာသည် မိမိ မိမိ၏ အရာဌာန၌သာလျှင် ရပ်တည်၍ နေပေ၏ဟူသော ဤနည်းဥပဒေသကို ညွှန်ပြအပ်ပေသည်။
如此,把诸行观为无我的禅修者,会在相续中生起破除见;把诸行观为无常的禅修者,会在相续中生起破除慢;把诸行观为苦的禅修者,会在相续中使爱与贪著穷尽。这里所指示的原则是:每一种观都只安住于自己的作用范围。
(ဝိသုဒ္ဓိ-၂-၂၆၄။)
(《清净道论》2-264。)
ထို့ကြောင့် အသင်သူတော်ကောင်းသည် သင်္ခါရတရားတို့ကို လက္ခဏာရေးသုံးတန်လုံး တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ပါမှ တဏှာစွဲ မာနစွဲ ဒိဋ္ဌိစွဲဟူသော အစွဲသုံးမျိုးလုံး ပြုတ်နိုင်မည်ဟူသော ဓမ္မူပဒေသ ရှေးဟောင်း ကျင့်စဥ်ထုံး တစ်ရပ်ကို ရိုသေစွာ နာယူမှတ်သားလေရာသည်။ ယင်း ဓမ္မူပဒေသအရ သင်္ခါရတရားတို့ကို အနတ္တဟု ရှုရုံသက်သက်မျှဖြင့်လည်း ယင်းအနတ္တာနုပဿနာဉာဏ်က ဒိဋ္ဌိကို တဒင်္ဂအားဖြင့် မခွာနိုင် မပယ်နိုင်။ အနိစ္စဟု ရှုရုံသက်သက်မျှဖြင့်လည်း ယင်းအနိစ္စာနုပဿနာဉာဏ်က မာနစွဲကို တဒင်္ဂအားဖြင့် မခွာနိုင် မပယ်နိုင်။ ဒုက္ခဟု ရှုရုံသက်သက်မျှဖြင့်လည်း ယင်းဒုက္ခာနုပဿနာဉာဏ်က သိမ်မွေ့သော နိကန္တိတဏှာကို မကုန်စေနိုင် တဒင်္ဂ အားဖြင့် မပယ်နိုင်။ အနုပဿနာဉာဏ်တစ်ခုကို ကျန်အနုပဿနာဉာဏ်နှစ်ခုတို့က အားကြီးသောမှီရာ ဥပနိဿယ သတ္တိဖြင့် အားပေးထောက်ပံ့မှသာလျှင် ဆိုင်ရာဆိုင်ရာ အနုပဿနာဉာဏ်က ဆိုင်ရာဆိုင်ရာ ကိလေသာတို့ကို
因此,贤善禅修者应恭敬领受并牢记这项古老的法义教导与修行传统:只有把三相全都提到诸行上修观、审察,才能拔除爱执、慢执、见执三种执著。依这项教导,只把诸行观为无我,无我随观智还不能以彼分断除见;只观为无常,无常随观智还不能以彼分断除慢执;只观为苦,苦随观智还不能使微细的贪著之爱穷尽,也不能以彼分断除它。必须由其余两种随观智以强力亲依止缘资助某一种随观智,相应的随观智才会——
တဒင်္ဂအားဖြင့် ခွာနိုင် ပယ်နိုင်သည်ဟု သိရှိလေရာသည်။
——以彼分断除各自所对治的烦恼。应当如此理解。
原书第 158 页
ပဂုဏ ဖြစ်လေပြီ
已经纯熟
ဧတ္တာဝတာ ပနဿ ရူပကမ္မဋ္ဌာနမ္ပိ အရူပကမ္မဋ္ဌာနမ္ပိ ပဂုဏံ ဟောတိ။ (ဝိသုဒ္ဓိ-၂-၂၆၄။) ဤသို့ ရေးသားတင်ပြခဲ့သည့်အတိုင်း ရူပသတ္တကရှုနည်း အရူပသတ္တကရှုနည်းတို့ကို အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်- ဌာနတို့၌ အဝါးဝစွာ နိုင်နိုင်နင်းနင်း ဝိပဿနာ ရှုပွားသုံးသပ်နိုင်ခဲ့သော် ရုပ်ကမ္မဋ္ဌာန်း နာမ်ကမ္မဋ္ဌာန်း နှစ်မျိုးလုံး သည်လည်း အဝါးဝစွာ နိုင်နိုင်နင်းနင်း လေ့လာအပ်ပြီးသာ ဖြစ်တော့၏၊ ပဂုဏဖြစ်လေပြီ။ (ဝိသုဒ္ဓိ-၂-၂၆၄။)
巴利《清净道论》原文(缅文字体):‘ဧတ္တာဝတာ ပနဿ ရူပကမ္မဋ္ဌာနမ္ပိ အရူပကမ္မဋ္ဌာနမ္ပိ ပဂုဏံ ဟောတိ။ (ဝိသုဒ္ဓိ-၂-၂၆၄။)’译:‘至此,他的色业处与非色业处都已经纯熟。’依照上文所述,如果能够在内、外两方面熟练而善巧地以色七法与非色七法修观、审察,那么色业处与名业处两者都已经充分学会、达到纯熟。(《清净道论》2-264。)
မဟာဝိပဿနာ (၁၈) မျိုး (ဝိသုဒ္ဓိ -၂-၂၆၄။)
十八大观(《清净道论》2-264)
ဤ လက်လည်စွာလှ အဝါးဝအောင် လေ့လာအပ်ပြီးသော ရုပ်ကမ္မဋ္ဌာန်း နာမ်ကမ္မဋ္ဌာန်းရှိသော ထိုယောဂါ- ဝစရပုဂ္ဂိုလ်သည် အထက်ဘင်္ဂါနုပဿနာမှစ၍ ပဟာနပရိညာ၏ အစွမ်းဖြင့် ဤသမ္မသနဉာဏ်ပိုင်း၌ကဲ့သို့ တစ်- စိတ်တစ်ဒေသအားဖြင့်သာ မဟုတ်ဘဲ သရုပ်အားဖြင့်လည်းကောင်း၊ ကိစ္စအားဖြင့်လည်းကောင်း၊ အလုံးစုံသော အခြင်းအရာအားဖြင့် ဆိုအပ်လတ္တံ့ကုန်သော အကြင်မဟာဝိပဿနာ (၁၈)မျိုးတို့သည် ရှိကုန်၏။ ထို မဟာ ဝိပဿနာ (၁၈)မျိုးတို့၏ ဤတီရဏပရိညာစခန်းဖြစ်သည့် သမ္မသနဉာဏ်ပိုင်း၌ပင်လျှင် ရှေ့ဦးစွာ တစ်စိတ် တစ်ဒေသကို ထိုးထွင်းလျက်သိသည်ဖြစ်၍ ထိုအနုပဿနာဉာဏ် အသီးအသီးက ဤအရာ၌ ဖြစ်သင့် ဖြစ်ထိုက် ကုန်သော ထိုထိုအနုပဿနာ၏ ထိပ်တိုက်ဆန့်ကျင်ဘက် ဖြစ်ကုန်သော နိစ္စဟု အမှတ်မှားခြင်း နိစ္စသညာ စသည်တို့ကို ပယ်စွန့်လေ၏။ ပယ်ခွာလေ၏။
这位已熟练掌握色业处与名业处的禅修者,从较高阶的坏灭随观开始,依断遍知之力,将完整获得下文所说的十八大观;不像在思惟智阶段只获得其中一部分,而是就自性、作用与一切行相全部获得。在属于审察遍知阶段的思惟智这里,他已经先行、部分地洞见这十八大观;每一种随观智就在此舍断、去除与它直接相反而又应由它断除的常想等法。
အနိစ္စာနုပဿနာ အစရှိကုန်သော ဝိပဿနာပညာတို့သည် (၁၈)မျိုးကုန်သော မဟာဝိပဿနာတို့ မည်- ကုန်၏။ ယင်း မဟာဝိပဿနာ (၁၈)မျိုးတို့တွင် သင်္ခါရတရားတို့အပေါ်၌ --- ၁။ အနိစ္စာနုပဿနာကို ပွားစေသော ယောဂီသည် နိစ္စဟု အမှတ်မှားသော နိစ္စသညာကို ပယ်ခွာ၏။
以无常随观等观慧为首的十八种观,称为十八大观。其中,对于诸行:一、修习无常随观的禅修者,断除错认为常的常想。
၂။ ဒုက္ခာနုပဿနာကို ပွားစေသော ယောဂီသည် သုခဟု အမှတ်မှားသော သုခသညာကို ပယ်ခွာ၏။
二、修习苦随观的禅修者,断除错认为乐的乐想。
၃။ အနတ္တာနုပဿနာကို ပွားစေသော ယောဂီသည် အတ္တဟု အမှတ်မှားသော အတ္တသညာကို ပယ်ခွာ၏။
三、修习无我随观的禅修者,断除错认为我的我想。
၄။ အနိစ္စာနုပဿနာ စသည်တို့ကြောင့် ကောင်းစွာ ဖြစ်ပေါ်၍လာသော သင်္ခါရတရားတို့ကို ငြီးငွေ့သော အခြင်းအရာအားဖြင့် အဖန်တလဲလဲ ရှုသော နိဗ္ဗိဒါနုပဿနာကို ပွားစေသော ယောဂီသည် သင်္ခါရတရား- တို့၌ နှစ်သက်မြတ်နိုးခြင်း နန္ဒီတရားကို ပယ်ခွာ၏။
四、修习厌离随观的禅修者,断除对诸行的喜爱。厌离随观,是在无常随观等观智良好生起之后,反复随观诸行而厌离的观。
၅။ သင်္ခါရတရားတို့၏ အနိစ္စ ဒုက္ခ အနတ္တဖြစ်၍ အနိဋ္ဌအသုဘအခြင်းအရာကို သိမြင်သော ဝိပဿနာဉာဏ် ရှေ့သွားရှိ၍ ယင်းသင်္ခါရတရားတို့ကို ရွံရှာစက်ဆုပ်ဖွယ် အခြင်းအရာအားဖြင့် အဖန်တလဲလဲ ရှုသော ဝိရာဂါနုပဿနာကို ပွားစေသော ယောဂီသည် သင်္ခါရတရားတို့၌ တပ်မက်သော ရာဂကို ပယ်ခွာ၏။
五、修习离贪随观的禅修者,断除对诸行的贪。离贪随观以前导的观智照见诸行无常、苦、无我而不可意、不净,再反复随观诸行可厌、可离贪的行相。
(သင်္ခါရတရားတို့၏ ပျက်ခြင်းဘင်ကား ရွံရှာစက်ဆုပ်ဖွယ် ဝိရာဂသဘောတရား ဖြစ်၏။ ယင်းဝိရာဂ သဘောကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ကြည့်၍ လက္ခဏာယာဥ်သုံးတန် တစ်လှည့်စီ တင်ကာ ရှုပွား သုံးသပ်သော ဝိပဿနာကို ဝိရာဂါနုပဿနာဟု ခေါ်သည်။ တစ်နည်း --- သင်္ခါရတို့၏ ပျက်ခြင်းဘင်ကို အာရုံယူ၍ လက္ခဏာယာဥ်သုံးချက်ကို တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ခိုက် ရာဂသည် တဒင်္ဂအားဖြင့် ချုပ်ငြိမ်းသွား၏။ ထို့ကြောင့် ယင်းအနုပဿနာကို ဝိရာဂါနုပဿနာဟု ဆိုသည်။ ရာဂ၏ စင်စစ်ချုပ်ရာ နိဗ္ဗာန်ကို အာရုံပြု၍ ဖြစ်ပေါ်လာသော အရိယမဂ်ဉာဏ်ကိုလည်း ဝိရာဂါနုပဿနာဟုဆိုသည်။ ဝိသုဒ္ဓိ- ၁-၂၈၂။)
〔诸行的坏灭是应当离贪的性质。以观智看见这种离贪性质,再轮流把三相提到诸行上修观、审察的观,称为离贪随观。另一说:以诸行的坏灭为所缘,把三相提到诸行上修观、审察时,贪以彼分止息,所以该随观称为离贪随观。以贪真正止息之处——涅槃——为所缘而生起的圣道智,也称为离贪随观。(《清净道论》1-282。)〕
原书第 159 页
မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ နိဒ္ဒေသ -- သမ္မသနဉာဏ်ခန်း ၆။ သင်္ခါရတရားတို့၏ ခဏမစဲတသဲသဲ ချုပ်ပျက်ခြင်းခဏဘင်ကို အာရုံယူ၍ လက္ခဏာယာဥ်ကိုတင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ခြင်းတည်းဟူသော နိရောဓာနုပဿနာကို ပွားစေသော ယောဂီသည် သင်္ခါရ တရားတို့၏ အကြောင်းရင်း သမုဒယကို ပယ်ခွာ၏။ (သင်္ခါရတရားတို့၏ ခဏမစဲ တသဲသဲ ချုပ်ပျက်ခြင်း ခဏဘင်ကို အာရုံပြု၍ ဖြစ်ပေါ်လာသော အနုပဿနာကိုလည်း နိရောဓာနုပဿနာဟု ဆိုသည်။
六、修习灭随观的禅修者,以诸行刹那不停、接连止息坏灭的坏灭刹那为所缘,把三相提到诸行上修观、审察,因而断除诸行之因——集。〔以诸行刹那不停、接连止息坏灭的坏灭刹那为所缘而生起的随观,也称为灭随观。
ကိလေသာတို့ကို တဒင်္ဂအားဖြင့် ချုပ်ငြိမ်းစေသော အနုပဿနာတည်း။ ရာဂ၏ စင်စစ်ချုပ်ငြိမ်းရာ နိဗ္ဗာန်ကို အာရုံပြု၍ ဖြစ်ပေါ်လာသော အရိယမဂ်ဉာဏ်ကိုလည်း နိရောဓာနုပဿနာဟုပင် ဆိုသည်။ - ဝိသုဒ္ဓိ- ၁-၂၈၂။) ၇။ သင်္ခါရတရားတို့ကို တစ်ဖန် မစွဲယူ မစွဲလမ်းမူ၍ စွန့်လွှတ်ကြောင်းဖြစ်သော ပဋိနိဿဂ္ဂါနုပဿနာကို ပွားစေသော ယောဂီသည် တစ်ဖန် ဘဝသစ် အခြင်းအရာအားဖြင့် သင်္ခါရတရားတို့ကို စွဲယူခြင်း၊ နိစ္စ စသည်တို့၏ အခြင်းအရာအားဖြင့် စွဲလမ်းခြင်းတို့ကို ပယ်ခွာ၏။ (သင်္ခါရတရားတို့၏ ပျက်ခြင်းဘင်ကို အာရုံယူ၍ လက္ခဏာယာဥ်ကို တင်ကာ ရှုပွားသုံးသပ်တတ်သော ဝိပဿနာသည် တဒင်္ဂ၏ အစွမ်းဖြင့် ခန္ဓာငါးပါး၊ ဘဝသစ်ကို ပြုပြင်တတ်သော အဘိသင်္ခါရတရားတို့နှင့် အတူတကွ ကိလေသာတို့ကို ပယ်စွန့်- တတ်သောကြောင့် ပရိစ္စာဂပဋိနိဿဂ္ဂလည်း မည်၏၊ သင်္ခတတရားတို့၏ ခဏမစဲ တသဲသဲ ချုပ်ပျက်ခြင်း
这种随观以彼分令烦恼止息;以贪真正止息之处——涅槃——为所缘而生起的圣道智,也称为灭随观。(《清净道论》1-282。)七、修习舍遣随观的禅修者,不再取著、执取诸行,因而断除以再生新有的方式取著诸行,以及以常等行相执取诸行。〔以诸行的坏灭为所缘、把三相提到诸行上修观、审察的观,能以彼分把烦恼连同诸蕴、造作新有的胜行一起舍弃,所以称为遍舍舍遣;又因为它看见有为法刹那不停、接连止息坏灭这一有为过患,而倾向并跃入与有为法正相反的无为涅槃,所以——
တည်းဟူသော သင်္ခတအပြစ်ကို ရှုမြင်သဖြင့် ထိုသင်္ခတတရားနှင့် ထိပ်တိုက် ဆန့်ကျင်ဘက် ပြောင်းပြန် ဖြစ်သော အသင်္ခတ နိဗ္ဗာန်တရားတော်မြတ်၌ ညွတ်ကိုင်းရှိုင်းသောအားဖြင့် ပြေးဝင်သောကြောင့် ပက္ခန္ဒန ပဋိနိဿဂ္ဂလည်းမည်၏။ အရိယမဂ်ဉာဏ်သည် အကြွင်းမဲ့ ပယ်သတ်တတ်သော သမုစ္ဆေဒ၏ အစွမ်းဖြင့် ခန္ဓအဘိသင်္ခါရတရားတို့နှင့်တကွ ကိလေသာတို့ကို ပယ်စွန့်တတ်သောကြောင့် ပရိစ္စာဂပဋိနိဿဂ္ဂလည်း မည်၏၊ အာရုံမျက်မှောက်ပြုသည်၏ အစွမ်းဖြင့် အသင်္ခတ အငြိမ်းဓာတ် နိဗ္ဗာန်၌ ပြေးဝင်သောကြောင့် ပက္ခန္ဒနပဋိနိဿဂ္ဂလည်း မည်၏။ ဝိသုဒ္ဓိ-၁-၂၈၂။ ယင်းပဋိနိဿဂ္ဂနှင့် ပြည့်စုံသော ဝိပဿနာဉာဏ်သည် ပဋိနိဿဂ္ဂါနုပဿနာမည်၏။) ၈။ သင်္ခါရတရားတို့၏ ခဏတိုင်း ခဏတိုင်း၌ ပျက်မှု ခဏဘင်ကို အာရုံယူ၍ လက္ခဏာယာဥ်တင်ကာ အဖန် တလဲလဲ ရှုသော ခယာနုပဿနာကို ဖြစ်စေသော ယောဂီသည် ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲတည်းဟူသော
——也称为趣入舍遣。圣道智以无余正断把烦恼连同诸蕴、胜行一起舍弃,所以称为遍舍舍遣;又以所缘直接现前的方式跃入无为寂静界涅槃,所以也称为趣入舍遣。(《清净道论》1-282。)具足这种舍遣的观智,称为舍遣随观。〕八、修习灭尽随观的禅修者,以诸行在每一刹那坏灭的坏灭刹那为所缘,把三相提到诸行上反复随观,因而断除把色与名误认成整块实体的——
အတုံးအခဲပေါ်၌ အမှတ်မှားတတ်သော ဃနသညာကို ပယ်ခွာ၏။ (သင်္ခါရတရားတို့၏ သန္တတိဃန သမူဟဃန ကိစ္စဃန အာရမ္မဏဃနတည်းဟူသော ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲတို့ကို အကြင်ဝိပဿနာ ပညာဖြင့် ခွဲခြားဝေဖန် စိတ်ဖြာခြင်း ဖြိုခွဲဖျက်ဆီးခြင်းကို ပြု၍ ပရမတ်အစစ် ဓာတ်အနှစ်ဖြစ်သော ယင်းသင်္ခါရတရားတို့ကို ------- အနိစ္စံ ခယဋ္ဌေန = ကုန်တတ် ပျက်တတ်သော အနက်သဘောကြောင့် အနိစ္စဟု ရှု၏။ ထိုဝိပဿနာပညာသည် ခယာနုပဿနာ မည်၏။ သင်္ခါရတရားတို့၏ ခဏဘင်ကို အဖန်တလဲလဲ ရှုသည်မှ စ၍ ထိုခယာနုပဿနာ၏ ထက်ဝန်းကျင် ပြည့်စုံခြင်းသည် ဖြစ်လေရကား ဃနသညာ၏ ကွာ- ခြင်းသည် ဖြစ်၏။ ထိုဘင်္ဂါနုပဿနာ = ခယာနုပဿနာမှ ရှေးအဖို့၌ကား ခယာနုပဿနာ၏ ထက်ဝန်းကျင် မပြည့်စုံသေးသည်၏ အဖြစ်ကြောင့် ဃနသညာ၏ ကွာခြင်းသည် မဖြစ်သေး။ ဃနသညာဟူသည် သန္တတိ- ဃန သမူဟဃန ကိစ္စဃန အာရမ္မဏဃနတို့၏ အစွမ်းဖြင့် သင်္ခါရတရားတို့ကို တစ်ခုတည်းအဖြစ် စွဲယူခြင်း
——密集想。〔以观慧分析、分解并破除诸行的相续密集、组合密集、作用密集与所缘密集,即色块、名块,而后对其中真实究竟的诸行法作‘အနိစ္စံ ခယဋ္ဌေန’——‘因灭尽义而无常’的观照;这种观慧称为灭尽随观。从反复观照诸行的坏灭刹那开始,灭尽随观才趋于圆满,密集想因而被舍断;在坏灭随观——即灭尽随观——以前,它尚未圆满,所以密集想还未被舍断。所谓密集想,就是依相续、组合、作用、所缘四种密集,把诸行错误地认作——
အမှတ်မှားခြင်းတည်း။) ၉။ သင်္ခါရတရားတို့၏ ပျက်ခြင်း ချုပ်ခြင်းကို အဖန်တလဲလဲ ရှုသော ဝယာနုပဿနာကို ဖြစ်စေသော ယောဂီ- သည် အာယူဟနအမည်ရသော ကုသိုလ်သင်္ခါရ အကုသိုလ်သင်္ခါရတို့ကို ပေါင်းစုရုံးစည်းခြင်းကို ပြုတတ်- သော တဏှာကို ပယ်ခွာ၏။ (ပစ္စက္ခအားဖြင့်လည်းကောင်း အနုမာန-ဆ၍ သိသော အနွယအားဖြင့်
——一个整体。〕九、修习衰灭随观的禅修者,反复随观诸行的坏灭、止息,因而断除那种能造成‘积集’——即积聚、集合善行与不善行——的爱。〔以现见方式,又以通过推断而知的类智方式,观诸行的坏灭——
原书第 160 页
လည်းကောင်း သင်္ခါရတရားတို့၏ ဘင်ကို ရှု၍ ထိုဘင်ဟု ဆိုအပ်သော ချုပ်ခြင်း၌သာလျှင် နှလုံးသွင်း- သည်၏အဖြစ် နှလုံးညွတ်သည်၏ အဖြစ်သည် ဝယာနုပဿနာ မည်၏။ သင်္ခါရတရားတို့၏ ထိုပျက်ခြင်း ချုပ်ခြင်းကို ရှုသော ဝယာနုပဿနာဖြင့် ပုညာဘိသင်္ခါရ အပုညာဘိသင်္ခါရ အာနေဉ္ဇာဘိသင်္ခါရတည်း ဟူသော သင်္ခါရတို့ကို ဆည်းပူးရုံးစုပေါင်းစည်းခြင်းကို ပြုသော တဏှာကို စွန့်ခွာနိုင်သတည်း။ အကြင် မပြတ် ဆက်ကာ ဆက်ကာ ဖြစ်သော ဝဋ်တရားအကျိုးငှာ အကြင်တဏှာဖြင့် ကုသိုလ်သင်္ခါရ အကုသိုလ် သင်္ခါရတို့ကို ဆည်းပူးရုံးစု ပေါင်းစည်းခြင်းကို ပြု၏ = ပြုစုပျိုးထောင်၏။ ထိုဝဋ်တရား၌ တဏှာဖြင့် ထိုယောဂီ၏ စိတ်သည်ကား မညွတ်ပြီ၊ ထို့ကြောင့် ဝယာနုပဿနာကို ဖြစ်စေသောယောဂီသည် အာယူ- ဟနကို ပယ်ခွာ၏ဟု မိန့်ဆိုခြင်း ဖြစ်သည်။ မဟာဋီ-၂-၄၁၇။) ၁ဝ။ သင်္ခါရတရားတို့၏ ဇရာ-မရဏ (= ဌီကာလ-ဘင်ကာလ) ဟူသော နှစ်ပါးသော အဖို့အစုတို့ဖြင့် ဖောက်ပြန်
——并只作意、倾向于称为坏灭的止息,就是衰灭随观。以这种观诸行坏灭、止息的衰灭随观,能够舍断那种积聚福行、非福行与不动行的爱。正是这种爱为了持续不断的轮回法而积聚、培育善行与不善行;然而该禅修者的心不再以爱倾向轮回,所以说修习衰灭随观的禅修者断除积集。(《大复注》2-417。)十、修习变易随观的禅修者,反复随观诸行由老与死——即住立期与坏灭期——这两个阶段而变异、败坏的——
ပျက်စီးခြင်း ဝိပရိဏာမသဘောကို အဖန်တလဲလဲ ရှုသော ဝိပရိဏာမာနုပဿနာကို ဖြစ်စေသော ယောဂါ- ဝစရပုဂ္ဂိုလ်သည် သင်္ခါရတရားတို့၌ မြဲမြံသည်၏ အဖြစ်ကို မှတ်တတ်သော ဓုဝသညာကို ပယ်ခွာ၏။
——变易性质,因而断除把诸行认作恒久的恒久想。
၁၁။ အနိမိတ္တာနုပဿနာ အမည်ရသော အနိစ္စာနုပဿနာကို ဖြစ်စေသော ယောဂါဝစရပုဂ္ဂိုလ်သည် သန္တတိ ဃန သမူဟဃန မပြိုသဖြင့် ရုပ်သန္တတိ နာမ်သန္တတိ ရုပ်ကလာပ် နာမ်ကလာပ်တို့ကို ပရမတ္ထဓာတ်သား တစ်ခုတည်း တစ်လုံးတစ်ခဲတည်း၏ အဖြစ်ကို မှတ်သားတတ်သော သညာဖြင့် စွဲယူအပ်သော လုံးလုံး လျောင်းလျောင်း အထည်ကိုယ်ရှိသကဲ့သို့ ကပ်၍ ထင်ခြင်းဟူသော နိမိတ်ကို ပယ်ခွာ၏။
十一、修习无相随观——即无常随观——的禅修者,断除‘相’:由于未破除相续密集与组合密集,色相续、名相续、色聚、名聚被想执取为一项完整的究竟法,因而像圆整而具有实体形状一般显现,这种贴附显现就是相。
၁၂။ အပ္ပဏိဟိတာနုပဿနာ အမည်ရသော တောင့်တတပ်မက် နှစ်သက်ဖွယ် မရှိဟု အသိဉာဏ်ဖြစ်ကြောင်း ဖြစ်သော ဒုက္ခာနုပဿနာကို ဖြစ်စေသော ယောဂါဝစရပုဂ္ဂိုလ်သည် သုခကို တောင့်တတတ်သော တဏှာ ဟူသော ပဏိဓိကို ပယ်ခွာ၏။
十二、修习无愿随观——即苦随观,它使人了知诸行没有值得希求、爱著之处——的禅修者,断除名为‘愿’的爱,即对乐的希求。
၁၃။ သုညတာနုပဿနာအမည်ရသော သင်္ခါရတရားတို့၏ အတ္တမှ ဆိတ်သုဥ်းသည်၏ အဖြစ်ကို အဖန်တလဲလဲ ရှုတတ်သော အနတ္တာနုပဿနာကို ဖြစ်စေသော ယောဂါဝစရပုဂ္ဂိုလ်သည် သင်္ခါရတရားတို့၌ အတ္တဟု မှားသောအားဖြင့် နှလုံးသွင်းခြင်း အတ္တာဘိနိဝေသကို ပယ်ခွာ၏။
十三、修习空随观——即无我随观,反复随观诸行空无有我——的禅修者,断除我执著,即错误地把诸行作意为我。
၁၄။ သင်္ခါရတရားတို့၏ နိစ္စ သုခ အတ္တမှ ဆိတ်သုဥ်းသည်၏ အဖြစ်ကို အာရုံယူ၍ ဖြစ်ပေါ်လာသော လွန်ကဲ- သော ဝိပဿနာဟု ဆိုအပ်သော အဓိပညာဓမ္မဝိပဿနာကို ဖြစ်စေသော ယောဂါဝစရပုဂ္ဂိုလ်သည် သင်္ခါရ တရားတို့၌ နိစ္စသာရ စသည်တို့ကို စွဲယူသည်၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသော မှားသော နှလုံးသွင်းခြင်းဟု ဆိုအပ်သော တဏှာနှင့်တကွသော ဒိဋ္ဌိကို = သာရာဒါနာဘိနိဝေသကို ပယ်ခွာ၏။
十四、修习增上慧法观——即以诸行空无常、乐、我为所缘而生起的殊胜观——的禅修者,断除取著实质之执著;后者是因执取诸行具有常之实质等而生起、与爱相伴的邪见,也就是错误的作意。
၁၅။ အကြောင်းတရားနှင့်တကွသော နာမ်ရုပ်ကို ဟုတ်တိုင်းမှန်စွာ ရှုမြင်တတ်သော ဝိပဿနာပညာ၊ အကြောင်း တရားနှင့်တကွသော ယင်းနာမ်ရုပ်၏ အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာကို ဟုတ်တိုင်းမှန်စွာ ရှုမြင်တတ်သော ဝိပဿနာပညာဟူသော ယထာဘူတဉာဏဒဿနကို ဖြစ်စေသော ယောဂါဝစရပုဂ္ဂိုလ်သည် ''ငါသည် အတိတ်ဘဝက ဖြစ်ခဲ့လေသလော'' ဤသို့ စသည်ဖြင့် ဖြစ်ပေါ်လာ- သော မှားသောအားဖြင့် နှလုံးသွင်းတတ်သော သမ္မောဟာဘိနိဝေသ၊ ''အစိုးရသော ပရမီသွာဗြဟ္မာ စသည်ကြောင့် လောကသည် ဖြစ်ပေါ်လာ၏'' ဤသို့စသည်ဖြင့် ဖြစ်ပေါ်လာသော မှားသောအားဖြင့် နှလုံးသွင်းတတ်သော သမ္မောဟာဘိနိဝေသကို ပယ်ခွာ၏။
十五、修习如实智见的禅修者,断除痴执著。如实智见,是如实看见连同因法在内的色名之观慧,也是如实看见连同因法在内的色名无常、苦、无我行相之观慧。所谓痴执著,包括因错误作意而生起的‘我在过去世存在过吗?’等疑惑,以及‘世间由主宰者、最高天神等创造’等错误作意。
၁၆။ သင်္ခါရတရားတို့၏ အပျက်ကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ကြည့်၍ လက္ခဏာယာဥ်တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်လျက်ရှိသော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်၌ ယင်းသင်္ခါရတရားတို့ကို ကြောက်လန့်ဖွယ်ရာ
十六、禅修者以观智看见诸行的坏灭,把三相提到诸行上修观、审察时,诸行会在其智中显现为可怖畏的重大危险。由这种怖畏现起而生起的过患随观,反复看见一切有中诸行变异败坏的——
原书第 161 页
မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ နိဒ္ဒေသ -- သမ္မသနဉာဏ်ခန်း ဘေးဆိုးကြီးများအဖြစ်ထင်လာ၏။ ယင်းသို့ ကြောက်လန့်ဖွယ်ရာ ဘေးဆိုးကြီးအဖြစ် ထင်လာသည်၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသော ဘဝအားလုံးတို့၌ သင်္ခါရတရားတို့၏ ဖောက်ပြန် ပျက်စီးတတ်သည့် ဝိပရိ- ဏာမဓမ္မအပြစ်ကို ရှုမြင်တတ်သော အာဒီနဝါနုပဿနာကို ဖြစ်စေသော ယောဂါဝစရပုဂ္ဂိုလ်သည် တစ်စုံ တစ်ခုသော သင်္ခါရတရားမျှ၏လည်း ပုန်းအောင်းရာ မှီခိုရာ မရှိသည်၏ အဖြစ်ကို မြင်ခြင်းကြောင့် မှီခိုရာဟု ကပ်ငြိတတ်သောအားဖြင့် မှားမှားယွင်းယွင်း နှလုံးသွင်းတတ်သော တဏှာဟူသော အာလယာဘိနိဝေသကို ပယ်ခွာ၏။
——过患。修习这种过患随观的禅修者,由于看见没有任何一项诸行可以作为藏身处或依靠,便断除依恋执著;后者是名为爱的错误作意,把诸行贴附、执著为依靠。
၁၇။ သင်္ခါရတရားတို့ကို စွန့်လွှတ်ခြင်း၏ အကြောင်းဖြစ်သော ယင်းသင်္ခါရတရားတို့၏ အနိစ္စအချက် ဒုက္ခ အချက် အနတ္တအချက်စသည်တို့၌ အဖန်တလဲလဲ ဆင်ခြင်တတ် ရှုပွားတတ်သော ဝိပဿနာဉာဏ်ဟု ဆိုအပ်သော ပဋိသင်္ခါနုပဿနာကို ဖြစ်စေသော ယောဂါဝစရပုဂ္ဂိုလ်သည် အပ္ပဋိသင်္ခ အမည်ရသော သင်္ခါရတရားတို့၏ အနိစ္စအချက် စသည်တို့၌ အဖန်တလဲလဲ ဆင်ခြင်တတ်သော ရှုပွားတတ်သော ဝိပဿနာဉာဏ်၏ ဆန့်ကျင်ဘက် ဖြစ်သော အဝိဇ္ဇာကို ပယ်ခွာ၏။
十七、修习审察随观的禅修者,断除名为不审察的无明;审察随观是称为观智的法,反复审察、观修诸行的无常、苦、无我等要点,从而成为舍弃诸行的因。不审察的无明,正与这种能对诸行无常等要点反复审察、观修的观智相反。
၁၈။ သံသရာဝဋ်ဆင်းရဲဒုက္ခ၏ ကင်းပြတ်ရုပ်သိမ်း ချုပ်ငြိမ်းခြင်း အကျိုးငှာ အဖန်တလဲလဲ ရှုသော ဝိဝဋ္ဋာနုပ- ဿနာအမည်ရသော သင်္ခါရုပေက္ခာဉာဏ် အနုလောမဉာဏ်ကို ဖြစ်စေသော ယောဂါဝစရပုဂ္ဂိုလ်သည် ကာမဂုဏ်နှင့် စပ်ယှဥ်ခြင်း အစရှိသော ကိလေသာ၏ ဖြစ်ခြင်းဟု ဆိုအပ်သော မှားမှားယွင်းယွင်း နှလုံး သွင်းခြင်း ဟူသော သံယောဂါဘိနိဝေသကို ပယ်ခွာ၏။ (ဝိသုဒ္ဓိ-၂-၂၆၄။) ထို (၁၈)ပါးသော မဟာဝိပဿနာတို့တွင် ဤ ယောဂါဝစရပုဂ္ဂိုလ်သည် အနိစ္စ ဒုက္ခ အနတ္တဟူသော လက္ခဏာသုံးပါးအပေါင်း၏ အစွမ်းဖြင့် သင်္ခါရတရားတို့ကို မြင်အပ်ကုန်သည်၏ အဖြစ်ကြောင့် အနိစ္စာနုပဿနာ ဒုက္ခာနုပဿနာ အနတ္တာနုပဿနာတို့သည် ရအပ်သည် မည်ကုန်၏။
十八、修习还灭随观——即为了脱离、止息轮回之苦而反复随观的行舍智与随顺智——的禅修者,断除结缚执著;后者是由欲乐结缚等烦恼生起而成的错误作意。(《清净道论》2-264。)在这十八大观中,由于这位禅修者依无常、苦、无我三相的总体看见诸行,所以已经获得无常随观、苦随观与无我随观。
အနိမိတ္တာနုပဿနာ အပ္ပဏိဟိတာနုပဿနာ သုညတာနုပဿနာ
无相随观、无愿随观与空随观
ယာ စ အနိစ္စာနုပဿနာ ယာ စ အနိမိတ္တာနုပဿနာ၊ ဣမေ ဓမ္မာ ဧကတ္ထာ၊ ဗျဉ္ဇနမေဝ နာနံ။ ။ ယာ စ ဒုက္ခာနုပဿနာ ယာ စ အပ္ပဏိဟိတာနုပဿနာ၊ ဣမေ ဓမ္မာ ဧကတ္ထာ ဗျဉ္ဇနမေဝ နာနံ။ ။ ယာ စ အနတ္တာ- နုပဿနာ ယာ စ သုညတာနုပဿနာ၊ ဣမေ ဓမ္မာ ဧကတ္ထာ၊ ဗျဉ္ဇနမေဝ နာနံ။ (ပဋိသံ-၂၅၉။ ဝိသုဒ္ဓိ-၂-၂၆၅) အနိစ္စာနုပဿနာ အနိမိတ္တာနုပဿနာဟူသော ဤအနုပဿနာ နှစ်မျိုးတို့သည် အနက်အားဖြင့် တူကုန်၏၊ သဒ္ဒါသည်သာလျှင် ထူး၏။ ဒုက္ခာနုပဿနာ အပ္ပဏိဟိတာနုပဿနာဟူသော ဤအနုပဿနာ နှစ်မျိုးတို့သည် အနက်အားဖြင့် တူကုန်၏၊ သဒ္ဒါသည်သာလျှင် ထူး၏။ အနတ္တာနုပဿနာ သုညတာနုပဿနာဟူသော ဤ အနုပဿနာ နှစ်မျိုးတို့သည် အနက်အားဖြင့် တူကုန်၏၊ သဒ္ဒါသည်သာလျှင် ထူး၏။
巴利原文(缅文字体):‘ယာ စ အနိစ္စာနုပဿနာ ယာ စ အနိမိတ္တာနုပဿနာ၊ ဣမေ ဓမ္မာ ဧကတ္ထာ၊ ဗျဉ္ဇနမေဝ နာနံ။ ။ ယာ စ ဒုက္ခာနုပဿနာ ယာ စ အပ္ပဏိဟိတာနုပဿနာ၊ ဣမေ ဓမ္မာ ဧကတ္ထာ ဗျဉ္ဇနမေဝ နာနံ။ ။ ယာ စ အနတ္တာ- နုပဿနာ ယာ စ သုညတာနုပဿနာ၊ ဣမေ ဓမ္မာ ဧကတ္ထာ၊ ဗျဉ္ဇနမေဝ နာနံ။ (ပဋိသံ-၂၅၉။ ဝိသုဒ္ဓိ-၂-၂၆၅)’译:‘无常随观与无相随观这两种法,意义相同,只有文句不同;苦随观与无愿随观这两种法,意义相同,只有文句不同;无我随观与空随观这两种法,意义相同,只有文句不同。’也就是说,无常随观与无相随观意义相同,只是名言不同;苦随观与无愿随观意义相同,只是名言不同;无我随观与空随观意义相同,只是名言不同。
(ပဋိသံ-၂၅၉။ ဝိသုဒ္ဓိ-၂-၂၆၅။)
(《无碍解道》259;《清净道论》2-265。)
အနိမိတ္တာနုပဿနာ
无相随观
နိမိတ္တန္တိ သန္တတိယံ၊ သမူဟေ စ ဧကတ္တသညာယ ဂယှမာနံ ကာလန္တရာဝဋ္ဌာယိဘာဝေန၊ နိစ္စဘာဝေန စ သင်္ခါရာနံ သကိစ္စပရိစ္ဆေဒတာယ သဝိဂ္ဂဟံ ဝိယ (သဝိဂ္ဂဟာနံ ဝိယ) ဥပဋ္ဌာနမတ္တံ။ (မဟာဋီ-၂-၄၁၇။) နိမိတ္တန္တိ သင်္ခါရနိမိတ္တံ။ ယံ သင်္ခါရာနံ သမူဟာဒိဃနဝသေန၊ သကိစ္စပရိစ္ဆေဒတာယ စ သဝိဂ္ဂဟာနံ ဝိယ ဥပဋ္ဌာနံ။ (မဟာဋီ-၂-၄၃၉။)
巴利《大复注》原文(缅文字体):‘နိမိတ္တန္တိ သန္တတိယံ၊ သမူဟေ စ ဧကတ္တသညာယ ဂယှမာနံ ကာလန္တရာဝဋ္ဌာယိဘာဝေန၊ နိစ္စဘာဝေန စ သင်္ခါရာနံ သကိစ္စပရိစ္ဆေဒတာယ သဝိဂ္ဂဟံ ဝိယ (သဝိဂ္ဂဟာနံ ဝိယ) ဥပဋ္ဌာနမတ္တံ။ (မဟာဋီ-၂-၄၁၇။) နိမိတ္တန္တိ သင်္ခါရနိမိတ္တံ။ ယံ သင်္ခါရာနံ သမူဟာဒိဃနဝသေန၊ သကိစ္စပရိစ္ဆေဒတာယ စ သဝိဂ္ဂဟာနံ ဝိယ ဥပဋ္ဌာနံ။ (မဟာဋီ-၂-၄၃၉။)’译:‘所谓相,是诸行在相续与组合中被一合想所执取,因而显得跨越时段而住、仿佛恒常;又由于各自作用有所界定,仅仅现起得仿佛具有形体〔或如同有形体者〕。所谓相,即诸行之相;诸行由于组合等密集以及各自作用的界定,而显现得仿佛具有形体,这就是诸行之相。’
原书第 162 页
နိမိတ္တဓမ္မေသူတိ သမူဟာဒိဃနဝသေန စ သကိစ္စပရိစ္ဆေဒတာယ စ သပရိဂ္ဂဟေသု ခန္ဓေသု။
巴利《根本复注》原文(缅文字体):‘နိမိတ္တဓမ္မေသူတိ သမူဟာဒိဃနဝသေန စ သကိစ္စပရိစ္ဆေဒတာယ စ သပရိဂ္ဂဟေသု ခန္ဓေသု။’译:‘“在有相之法中”,是说诸蕴由于组合等密集以及各自作用的界定,而显得有所界限。’
(မူလဋီ-၁-၁၁၃။)
(《根本复注》1-113。)
နိမိတ္တဓမ္မာ သင်္ခါရာ တေဟိ သနိမိတ္တာ သဝိဂ္ဂဟာ ဝိယ ဥပဋ္ဌဟန္တီတိ တေသံ အဘာဝိတဘာဝနဿ ဘာဝိတဘာဝနဿ စ ဥပဋ္ဌဟနာကာရံ ဒဿေန္တော ''သမူဟာဒီ''တိအာဒိမာဟ။ (အနုဋီ-၁-၁၂၁။) နိမိတ္တန္တိ သင်္ခါရနိမိတ္တံ၊ အတီတာနာဂတပစ္စုပ္ပန္နာနံ သင်္ခါရာနမေဝေတံ အဓိဝစနံ။ (ဝိသုဒ္ဓိ-၂-၂၈၄။) သင်္ခါရနိမိတ္တန္တိ ''သင်္ခါရာနံ သမူဟာဒိဃနဝသေန၊ သကိစ္စပရိစ္ဆေဒတာယ စ သဝိဂ္ဂဟာနံ ဝိယ ဥပဋ္ဌာန''န္တိ ဝုတ္တော ဝါယမတ္ထော။ သင်္ခါရာနံ ပန တထာ ဥပဋ္ဌာနံ သင်္ခါရဝိနိမုတ္တံ န ဟောတီတိ အာဟ ''အတီတာ။ ပ ။
巴利原文(缅文字体):‘နိမိတ္တဓမ္မာ သင်္ခါရာ တေဟိ သနိမိတ္တာ သဝိဂ္ဂဟာ ဝိယ ဥပဋ္ဌဟန္တီတိ တေသံ အဘာဝိတဘာဝနဿ ဘာဝိတဘာဝနဿ စ ဥပဋ္ဌဟနာကာရံ ဒဿေန္တော ''သမူဟာဒီ''တိအာဒိမာဟ။ (အနုဋီ-၁-၁၂၁။) နိမိတ္တန္တိ သင်္ခါရနိမိတ္တံ၊ အတီတာနာဂတပစ္စုပ္ပန္နာနံ သင်္ခါရာနမေဝေတံ အဓိဝစနံ။ (ဝိသုဒ္ဓိ-၂-၂၈၄။) သင်္ခါရနိမိတ္တန္တိ ''သင်္ခါရာနံ သမူဟာဒိဃနဝသေန၊ သကိစ္စပရိစ္ဆေဒတာယ စ သဝိဂ္ဂဟာနံ ဝိယ ဥပဋ္ဌာန''န္တိ ဝုတ္တော ဝါယမတ္ထော။ သင်္ခါရာနံ ပန တထာ ဥပဋ္ဌာနံ သင်္ခါရဝိနိမုတ္တံ န ဟောတီတိ အာဟ ''အတီတာ။ ပ ။’译:‘诸行是相法;由于它们,有相之法仿佛有形体而现起。为显示尚未修习者与曾经修习者面前诸行的显现方式,所以说“组合等”。(《随复注》1-121。)所谓相,即诸行之相;这是对过去、未来、现在诸行的称呼。(《清净道论》2-284。)所谓诸行之相,就是前面所说“诸行由于组合等密集以及各自作用的界定,显现得仿佛有形体”之义。不过,诸行这样显现,并不是另有一个离开诸行的东西,所以说“过去……”,’
အဓိဝစန''န္တိ။ (မဟာဋီ-၂-၄၄၇။) ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာဆရာတော်က နိမိတ္တအရ သင်္ခါရနိမိတ်ကို ဆိုလိုကြောင်းကိုလည်းကောင်း၊ ထိုနိမိတ္တ ဟူသော အမည်သည် အတိတ် အနာဂတ် ပစ္စုပ္ပန်ဟူသော ကာလသုံးပါးအတွင်း၌ တည်ရှိသော သင်္ခါရတရားတို့၏ အမည်ဖြစ်ကြောင်းကိုလည်းကောင်း (ဝိသုဒ္ဓိ-၂-၂၈၄)၌ ဖွင့်ဆိုထားတော်မူ၏။
巴利续文(缅文字体):‘အဓိဝစန''န္တိ။ (မဟာဋီ-၂-၄၄၇။)’译:‘……是其称呼。’(《大复注》2-447。)《清净道论》义注师在《清净道论》2-284解释:这里的‘相’是指诸行之相;‘相’这一名称,也是对存在于过去、未来、现在三时中的诸行所作的称呼。
ဤကဲ့သို့ ရှင်းလင်းဖွင့်ဆိုချက်နှင့် ဆက်စပ်၍ ဋီကာဆရာတော်များက ''အဓိဝစနံ နာမံရှိရာ ဥပစာ''- ဟူသော သဒ္ဒါစည်းကမ်းနှင့်အညီ ဤသို့ ရှင်းလင်းတင်ပြထားတော်မူကြ၏။ ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် တကယ့် ဝိပဿနာနယ်မြေ အစစ်သို့ ရောက်အောင် မစီးဖြန်းရသေးသော မစီးဖြန်းဖူးသေးသော ပုဂ္ဂိုလ်နှင့် စီးဖြန်းဖူးသော်လည်း ဝိပဿနာကမ္မဋ္ဌာန်းကို ခေတ္တယာယီ ဖြစ်စေ၊ ခပ်ကြာကြာ ဖြစ်စေ ချထားသော ပုဂ္ဂိုလ်တို့သည် ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့ကို အတုံးလိုက် အခဲလိုက် မြင်နေတတ်၏၊ ရုပ်တရားတို့ကို သန္တတိဃန အတုံးအခဲ၊ သမူဟဃန အတုံးအခဲ၊ ကိစ္စဃန အတုံးအခဲ မပြိုဘဲ၊ နာမ်တရားတို့ကိုလည်း သန္တတိဃန အတုံးအခဲ၊ သမူဟဃန အတုံးအခဲ၊ ကိစ္စဃန အတုံးအခဲ၊ အာရမ္မဏဃန အတုံးအခဲ မပြိုဘဲ အတုံးလိုက် အခဲလိုက် မြင်နေတတ်၏။
对于这项解释,诸复注师又依‘称呼、名称所在之处,可作借称’这一语法规则进一步说明:从未修习毗婆舍那业处、尚未令智见抵达究竟法而进入真正观域的人,以及虽曾修习、却暂时或较长时间搁置毗婆舍那业处的人,往往把色、名、因、果这些诸行看成整块实体。他们看见色法时,相续密集、组合密集、作用密集尚未破除;看见名法时,相续密集、组合密集、作用密集与所缘密集也尚未破除,因而只是整块整块地看见。
ထိုသန္တတိဃန အတုံးအခဲ = ရုပ်နာမ် သန္တတိ အစဥ်အတန်း အတုံးအခဲ၊ သမူဟဃန အတုံးအခဲ = ရုပ်- နာမ် အပေါင်းအစု အတုံးအခဲ၊ ကိစ္စဃန အတုံးအခဲ = ရုပ်-နာမ် လုပ်ငန်းကိစ္စ အတုံးအခဲ၊ အာရမ္မဏဃန အတုံးအခဲ = အာရုံယူတတ်သော ဝိပဿနာရှုနေသော နာမ်တရားတို့၏ အတုံးအခဲ ဟူသော ဤအတုံးအခဲတို့မှာ ဝိပဿနာဘာဝနာကို မပွားများရသေးသော၊ သို့မဟုတ် ဝိပဿနာကမ္မဋ္ဌာန်းကို ချထားသော ပုဂ္ဂိုလ်တို့အဖို့ ထင်လာ မြင်လာသော ရုပ်-နာမ်ဓမ္မ သင်္ခါရတရားတို့၏ အတုံးအခဲတို့သာ ဖြစ်ကြ၏။ သင်္ခါရတရားတို့ မရှိက အတုံးအခဲ- လည်း မရှိနိုင်ပြီ။ သင်္ခါရတရားတို့မှ လွတ်သော အတုံးအခဲမည်သည် မရှိနိုင်သောကြောင့် ဖြစ်၏။
所谓相续密集,是色名相续次第看似一整块;所谓组合密集,是色名的集合看似一整块;所谓作用密集,是色名的作用看似一整块;所谓所缘密集,是取所缘而修观的名法看似一整块。这些整块表象,只是尚未修习毗婆舍那或已经搁置毗婆舍那业处的人面前,色名诸行所呈现的密集。若没有诸行,密集也不可能存在;因为不可能另有一种脱离诸行而存在的密集。
သင်္ခါရတရားတို့၏ အပေါင်းအစုဖြစ်သော သန္တတိဃန အတုံးအခဲ သမူဟဃန အတုံးအခဲ ကိစ္စဃန အတုံးအခဲ အာရမ္မဏဃန အတုံးအခဲတို့၏ သင်္ခါရနိမိတ်ဟူသော အမည်ကို အစိတ်အစိတ် ဖြစ်သော ဃနပြို- ပြီးသော ပရမတ်အစစ် ဓာတ်အနှစ်ဖြစ်သော သင်္ခါရတရားတို့၌ တင်စား၍ သင်္ခါရတရားတို့ကိုပင် သင်္ခါရနိမိတ် ဟု ခေါ်ဆိုထားခြင်း ဖွင့်ဆိုထားခြင်း ဖြစ်ပေသည်။
相续密集、组合密集、作用密集与所缘密集,都是诸行的集合,本来称为‘诸行之相’。论师把这个属于密集的名称借用于密集已经破除、各各分明而真实究竟的诸行界法,所以也把究竟诸行本身称作‘诸行之相’。
ဤအဆိုအမိန့်များအရ ရုပ်တရား နာမ်တရားတို့ကို ဃန အသီးအသီး ပြိုအောင် ဉာဏ်ဖြင့် မဖြိုခွဲရ- သေးဘဲ ပရမတ်သို့ ဉာဏ်အမြင် မဆိုက်သေးဘဲ အတုံးလိုက် အခဲလိုက်အတိုင်းသာ ဝိပဿနာ ရှုနေလျှင်ကား၊ အတုံးလိုက် အခဲလိုက်ကိုပင် ကြည့်၍ ဖြစ်ပျက် ရှုနေလျှင်ကား အနိစ္စဟု ရှုနေလျှင်ကား နိမိတ္တကိုသာ ဝိပဿနာ ရှုနေသေးသည် မည်၏။ အနိမိတ္တကို ရှုသည် မမည်။ နိမိတ္တကိုသာ ရှုနေသေးလျှင် အနိမိတ္တကို ဝိပဿနာ
依这些教说,如果尚未以智逐一分析色法、名法,令各种密集破除,智见尚未抵达究竟,只以整块实体修毗婆舍那;也就是只看整块实体的生灭,或把它观作无常,那么仍只是以‘相’为所缘修观,并不是观无相。若还只是在观相,尚不能以无相为所缘修观——
原书第 163 页
မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ နိဒ္ဒေသ -- သမ္မသနဉာဏ်ခန်း မရှုနိုင်သေးလျှင် အနိမိတ္တာနုပဿနာ မမည်သေးပေ။ အနိမိတ္တာနုပဿနာ မမည်သေးပါက အနိစ္စာနုပ- ဿနာလည်း မမည်သေးပေ။ အနိစ္စာနုပဿနာ မမည်သေးလျှင် ဝိပဿနာဉာဏ် အစစ်လည်း မဖြစ်သေးပေ။
——就还不能称为无相随观;不能称为无相随观,也不能称为无常随观;不能称为无常随观,也就还不是真正的观智。
ဘုရားဟော တကယ့် ဝိပဿနာအစစ်သို့ မဆိုက်ရောက်သေးပေ။
这还没有到达佛陀所教的真实毗婆舍那。
ထင်ရှားစေအံ့။ -- ဘုရားဟော တကယ့်ဝိပဿနာအစစ်ကား ရုပ်ကလာပ် နာမ်ကလာပ်တို့ကို ဉာဏ်ဖြင့် တွေ့မြင်သောအခါ ယင်းရုပ်ကလာပ် နာမ်ကလာပ်တို့ကို ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲတည်းဟူသော ရုပ်ဃန နာမ်ဃနတို့ကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ပရမတ်အစစ် ဓာတ်အနှစ်ဖြစ်သော ရုပ်နာမ်တို့ကို သိမ်းဆည်းပြီးလျှင် ယင်းရုပ်နာမ် ပရမတ်တရားတို့၏ အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ လက္ခဏာယာဥ်သုံးချက် တစ်လှည့်စီ တင်ကာ ရှုပွားသုံးသပ်ရသော လုပ်ငန်းခွင်မျိုးသာ ဖြစ်၏။
为了说明得更清楚:佛陀所教的真实毗婆舍那,是以智看见色聚、名聚以后,以智分析、破除称为色块与名块的色密集、名密集,摄取其中真实究竟的色法与名法;然后以智看见这些究竟色名的无常、苦、无我行相,轮流把三相提到它们上面修观、审察。只有这样的作业,才属于真实的毗婆舍那领域。
အကယ်၍ အသင်သူတော်ကောင်းသည် မိမိ၏ ခန္ဓာကိုယ်အတွင်းသို့ စိုက်ရှုလိုက်သောအခါ မာမှု ကြမ်းမှု လေးမှု ပျော့မှု ချောမှု ပေါ့မှု၊ ယိုစီးမှု ဖွဲ့စည်းမှု၊ ပူမှု အေးမှု၊ ထောက်မှု တွန်းမှု ဟူသော ဓာတ်သဘာဝတို့ကို အတုံးလိုက် အခဲလိုက်သာ တွေ့မြင်နေသည် ဖြစ်အံ့၊ ရုပ်ကလာပ် နာမ်ကလာပ်မျှကိုသော်လည်း ဉာဏ်ဖြင့် မတွေ့မြင်သေးသည် ဖြစ်အံ့၊ ရုပ်ကလာပ် နာမ်ကလာပ်ကို မြင်သော်လည်း ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် ရုပ်ဃန နာမ်ဃန အသီးအသီးကို ဖြိုခွဲဖျက်ဆီးလျက် ရုပ်ပရမတ် နာမ်ပရမတ်တို့ကို မသိမ်းဆည်းနိုင်သေးသည် ဖြစ်ငြားအံ့၊ ဤကဲ့သို့သော ပရမတ်သို့ ဉာဏ်အမြင် မဆိုက်သေးသော သသမ္ဘာရပထဝီ၊ သသမ္ဘာရအာပေါ၊ သသမ္ဘာရ တေဇော၊ သသမ္ဘာရဝါယောဓာတ်မျှလောက်ကိုသာ တွေ့မြင်နေသေးသော အသင်သူတော်ကောင်းသည် ယင်း အတုံးလိုက် အခဲလိုက်သာ တွေ့မြင်နေရသော ဓာတ်သဘာဝတို့ကို ဝိပဿနာရှုနေပါက သို့မဟုတ် ဝိပဿနာ
贤善者,如果你把注意力投向自己身体内部时,只把坚硬、粗糙、沉重、柔软、光滑、轻盈,流动、黏结,热、冷,支持、推动这些界的性质看成整块;如果尚未以智看见色聚、名聚;或者虽看见色聚、名聚,却仍不能逐一分析、破除色密集与名密集,摄取究竟色法与究竟名法,使智见抵达究竟;也就是说,你还只看见尚未抵达究竟的具构件地界、具构件水界、具构件火界、具构件风界。若把这些只能整块看见的界之性质作为毗婆舍那所缘,或者声称自己正在修毗婆舍那——
ရှုနေသည်ဟု ဆိုပါက ထိုဝိပဿနာမှာ နိမိတ္တကိုသာ ရှုနေသော ဝိပဿနာ ဖြစ်၏၊ အနိမိတ္တကို ဝိပဿနာ ရှုနေသော အနိမိတ္တာနုပဿနာ အနိစ္စာနုပဿနာကား မဟုတ်သေးပေ။ ထို့ကြောင့် ရုပ်နာမ်တို့ကို ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် မသိမ်းဆည်းနိုင်သေးသော ယောဂါဝစရပုဂ္ဂိုလ်၏ ဝိပဿနာကို တကယ့် ဘုရားဟော ဝိပဿနာအစစ် မဟုတ်သေးဟု ဆိုခြင်း ဖြစ်၏။
——这种观仍只是观‘相’,还不是以无相为所缘的无相随观与无常随观。因此,本书才说:尚不能摄取究竟色名、令智见抵达究竟的禅修者,其所谓毗婆舍那,还不是佛陀真正教导的毗婆舍那。
အကယ်၍ အသင်သူတော်ကောင်းသည် ပါရမီအားလျော်စွာ ရုပ်ကလာပ်များကို တွေ့ရှိ၍ ထိုရုပ်ကလာပ်- တို့၏ အလွန် လျင်လျင်မြန်မြန် ဖြစ်မှု ပျက်မှုကို ကြည့်၍ ဖြစ်ပျက်ဟုလည်းကောင်း၊ အနိစ္စဟုလည်းကောင်း ရှုနေလျှင်လည်း နိမိတ္တဓမ္မကို ဝိပဿနာရှုနေသေးသည် မည်၏။ ရုပ်ကလာပ်တို့ဟူသည် သမူဟပညတ် သဏ္ဌာန ပညတ်စသည့် ပညတ်များ မကွာသည့် ပညတ်များ မစင်သေးသည့် အသေးဆုံး ပညတ် အတုံးအခဲများ ဖြစ်ကြ၏။
贤善者,即使由于波罗蜜成熟而看见色聚,又看见这些色聚极其迅速地生灭,并把这种现象观作‘生灭’或‘无常’,仍只是以有相之法为所缘修观。因为色聚仍是没有脱离组合概念、形状概念等概念的最小概念性团块。
ပညတ်ဟူသမျှသည် နိမိတ္တဓမ္မမျိုးသာ ဖြစ်၏။ ယင်းရုပ်ကလာပ်များကို ဃန အသီးအသီး ပြိုအောင် ဉာဏ်ဖြင့် ခွဲခြား စိတ်ဖြာ၍ ရှုနိုင်ပါမှသာလျှင် ပရမတ်သို့ ဉာဏ်အမြင် ဆိုက်၍ ယင်းပရမတ် ရုပ်တရားတို့သည်သာလျှင် အနိမိတ္တဓမ္မတို့ ဖြစ်ကြ၏။ ယင်းအနိမိတ္တဓမ္မတို့သည်သာလျှင် ဝိပဿနာဉာဏ်၏ အရှုခံအာရုံတို့ ဖြစ်ကြ၏။
一切概念都属于有相之法。只有以智分析这些色聚,逐一破除密集,令智见抵达究竟,才会看见究竟色法;只有这些究竟色法才是无相之法,也只有这些无相之法才是观智真正的所缘。
အကယ်၍ အသင်သူတော်ကောင်းသည် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းရာ၌ ရုပ်ကလာပ်များ- ကိုသော်မှ မမြင်ဖူးသေးဟု ဆိုလျှင်၊ တစ်နည်းဆိုရသော် ရုပ်ကလာပ် နာမ်ကလာပ်ကိုသော်မျှ မမြင်ဖူးသေးဘဲ ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲအတိုင်း ဖြစ်ပျက်ရှုနေသည် အနိစ္စဟု ရှုနေသည်ဟုဆိုလျှင် ယင်းကဲ့သို့သော ရှုမှုမှာ ရုပ်ပရမတ် နာမ်ပရမတ် ဖြစ်သော အနိမိတ္တဓမ္မသို့ ဉာဏ်အမြင် မဆိုက်သေးသော ရှုမှုမျှသာ ဖြစ်နေသဖြင့် အနိမိတ္တာနုပဿနာ အနိစ္စာနုပဿနာဟူသော အမည်ကို မရရှိနိုင်ဟူသော ဤအချက်ကိုကား အထူးပြော- ဖွယ်ရာပင် မလိုတော့ပေ။ အနိမိတ္တာနုပဿနာ အနိစ္စာနုပဿနာ အမည်မရနိုင်လျှင် ဝိပဿနာအစစ်လည်း မဖြစ်နိုင်သေးဟူသော အချက်မှာလည်း ရှင်းလျက် လင်းလျက် ထင်းလျက်ပင် ရှိပေသည်။ ပညာရှိသော်လည်း သတိဖြစ်ခဲ၏။
贤善者,如果修习毗婆舍那业处时甚至从未看见色聚;换句话说,连色聚、名聚都从未看见,只把整块色、整块名的生灭观作无常,那么这种观察的智见尚未抵达作为究竟色法、究竟名法的无相之法,自然更不可能获得无相随观、无常随观之名。不能称为无相随观与无常随观,也就显然还不可能是真正的毗婆舍那。即使是智者,也很难时时具念。
原书第 164 页
ရုပ်ကလာပ် နာမ်ကလာပ် တစ်ခုတစ်ခု အတွင်း၌ တည်ရှိသော ရုပ်တရား၊ နာမ်တရား ပရမတ္ထဓာတ်သား အသီးအသီး၏ ဥပါဒ်စွန်း ဘင်စွန်းကို ဉာဏ်အမြင် ဆိုက်ပါမှ သန္တတိဃန ပြိုမည် ဖြစ်၏။ ဥပါဒ်စွန်း ဘင်စွန်းကို ဉာဏ်ဖြင့် ပိုင်းခြားမမြင်ဘဲ ရုပ်ကလာပ် နာမ်ကလာပ် တစ်ခုအတွင်း၌ တည်ရှိသော ပရမတ္ထဓာတ်သားတို့၏ ဘင်ကာလနှင့် အခြားရုပ်ကလာပ် နာမ်ကလာပ်တစ်ခုအတွင်း၌ တည်ရှိသော ပရမတ္ထဓာတ်သားတို့၏ ဥပါဒ် ကာလကို၊ တစ်နည်းဆိုရသော် ရှေးရှေး ပရမတ္ထဓာတ်သားတို့၏ ဘင်ကာလနှင့် နောက်နောက် ပရမတ္ထဓာတ်- သားတို့၏ ဥပါဒ်ကာလကို တစ်ဆက်တည်း တစ်စဥ်တည်းကဲ့သို့ ထင်နေ မြင်နေ တွေ့နေလျှင် ဥပါဒ်စွန်း ဘင်စွန်းကို ကန့်၍ ပိုင်းခြား၍ မမြင်လျှင် သင်္ခါရတရားတို့သည် ဥပါဒ်-ဌီ-ဘင်ဟူသော ကာလတစ်ပါးမှ ဥပါဒ်-ဌီ-ဘင်ဟူသော အခြားကာလတစ်ပါးသို့ တိုင်အောင် တည်နေနိုင်သည်ဟူသော အယူအဆမှားသည် ဖြစ်ပေါ်လာတတ်၏။ ရှေးရှေး
只有智见抵达每一个色聚、名聚内部各项究竟色法、名法各自的生端与坏端,相续密集才会破除。如果不能以智分别生端与坏端,而把一个色聚、名聚内究竟法的坏灭期与另一个色聚、名聚内究竟法的生起期,看成同一条连续不断的次第;换句话说,把前面究竟法的坏灭期与后面究竟法的生起期看成连续不断,不能划清并分别生端与坏端,就会生起一种错见,认为诸行能够从一段生、住、灭时期持续存在到另一段生、住、灭时期。于是便会把先前究竟法与后来究竟法——
ပရမတ္ထဓာတ်သားနှင့် နောက်နောက် ပရမတ္ထဓာတ်သားကို တစ်ခုတည်းဟု ယူဆလာတတ်၏။ ဧကတ္တ သညာ- တည်း။ ယင်းသို့ ယူဆခဲ့သော် သင်္ခါရတရားတို့ကို နိစ္စအဖြစ် လက်ခံလာတတ်၏။
——认作同一项法,这就是一合想(ekatta-saññā)。这样认取以后,便会把诸行接受为常。
တစ်ဖန် ရုပ်ကလာပ် နာမ်ကလာပ် တစ်ခုတစ်ခု အတွင်း၌ တည်ရှိသော အုပ်စုအလိုက် အုပ်စုအလိုက် ဖြစ်နေကြသော ရုပ်တရား နာမ်တရား ပရမတ္ထဓာတ်သားတို့ကို -------- ဤကား ပထဝီ၊ ဤကား အာပေါ၊ ဤကား တေဇော၊ ဤကား ဝါယော စသည်ဖြင့်လည်းကောင်း - ဤကား ဖဿ၊ ဤကား ဝေဒနာ၊ ဤကား သညာ၊ ဤကား စေတနာ၊ ဤကား ဝိညာဏ် စသည်ဖြင့်လည်းကောင်း တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြမ်းစိတ်ဖြာ၍ မယူနိုင် မရှုနိုင် မမြင်နိုင်လျှင် သမူဟဃန = ရုပ်အပေါင်းအစု အတုံးအခဲ နာမ်အပေါင်းအစု အတုံးအခဲ မပြိုပေ။
再者,每一个色聚、名聚内部,都有一组一组的究竟色法与究竟名法。如果不能以智逐一分析、取来观照:‘这是地界,这是水界,这是火界,这是风界’等等;又不能逐一分析、取来观照:‘这是触,这是受,这是想,这是思,这是识’等等,那么组合密集——即色法集合的整块与名法集合的整块——就还没有破除。
သမူဟဃန မပြိုလျှင် သမူဟပညတ် သဏ္ဌာနပညတ်များ မကွာနိုင်သေးသဖြင့် သဝိဂ္ဂဟဓမ္မ = သဏ္ဌာန်ဒြပ် ရှိသော တရားမျိုးသာ ဖြစ်နေ၏။ ယင်းသဝိဂ္ဂဟဓမ္မတို့ကို ပရမတ္ထဓာတ်သားတစ်ခုတည်း အနေ ထင်လာတတ် မြင်လာတတ် ယူဆလာတတ်၏၊ ဧကတ္တ သညာတည်း။ သဏ္ဌာန်ဒြပ်ရှိသော တရား မှန်သမျှ သဝိဂ္ဂဟဓမ္မ မှန်သမျှ နိမိတ္တဓမ္မတို့သာ ဖြစ်ကြ၏။ ယင်းနိမိတ္တဓမ္မတို့ကို ဝိပဿနာရှုနေသော် အနိမိတ္တာနုပဿနာ မမည်သဖြင့် အနိစ္စာ- နုပဿနာလည်း မမည်ရကား ဝိပဿနာ အစစ်အမှန်လည်း မဟုတ်သေးသည်သာဟု မှတ်သားလေရာသည်။
组合密集尚未破除,组合概念与形状概念就还没有脱落,于是所见仍只是‘有形体之法’,也就是显得具有形状实体之法。人会把这些有形体之法看作、理解为同一项究竟法,这也是一合想。一切有形体之法,一切显得有形体之法,都只是有相之法。若以这些有相之法为毗婆舍那所缘,就不能称为无相随观;不能称为无相随观,也不能称为无常随观,所以应当知道,这还不是真实的毗婆舍那。
အပ္ပဏိဟိတာနုပဿနာ
无愿随观
ပဏိဓိန္တိ သုခပတ္ထနံ၊ ရာဂါဒိပဏိဓိံ ဝါ ၊ အတ္ထတော တဏှာဝသေန သင်္ခါရေသု နိန္နတံ။
巴利《大复注》原文(缅文字体):‘ပဏိဓိန္တိ သုခပတ္ထနံ၊ ရာဂါဒိပဏိဓိံ ဝါ ၊ အတ္ထတော တဏှာဝသေန သင်္ခါရေသု နိန္နတံ။’译:‘所谓愿,是对乐的希求;或者,是贪等希求。就真实义而言,是由爱而倾向诸行。’
(မဟာဋီ-၂-၄၁၇။)
(《大复注》2-417。)
ချမ်းသာသုခကို လိုလားတောင့်တခြင်းကို ပဏိဓိဟု ခေါ်ဆိုသည်။ တစ်နည်း -- ရာဂစသော တောင့်တ- ခြင်းကို = ရာဂဟူသော တောင့်တခြင်းကို ပဏိဓိဟု ခေါ်ဆိုသည်။ ပရမတ္ထ တရားကိုယ် အနက်သဘောဖြင့်ကား တဏှာ၏ အစွမ်းဖြင့် ရုပ်နာမ်သင်္ခါရတရားတို့၌ ညွတ်ကိုင်းရှိုင်းသည်၏ အဖြစ်ကို ဆိုလိုပေသည်။ အပ္ပဏိဟိတ ဟူသည် ယင်းပဏိဓိ၏ ဆန့်ကျင်ဘက်တည်း။
希求、渴望安乐,称为‘愿’(paṇidhi)。另一种解释是,贪等希求——也就是以贪而希求——称为‘愿’。依究竟法的真实义,是指由爱的力量而倾向色名诸行。‘无愿’(appaṇihita)则与这种‘愿’相反。
အပ္ပဏိဟိတာနုပဿနာဟူသည် သင်္ခါရတရားတို့ အပေါ်၌ တဏှာဖြင့် လိုလားတောင့်တမှု ကင်းပြတ်- အောင် ကျင့်သော အနုပဿနာတည်း။ သင်္ခါရတရားတို့၌ ဒုက္ခာနုပဿနာဉာဏ် ရင့်သန်လာလျှင် အပ္ပဏိဟိတသို့ ဆိုက်ရောက်လာမည် ဖြစ်ပေသည်။ ထို့ကြောင့် အပ္ပဏိဟိတာနုပဿနာနှင့် ဒုက္ခာနုပဿနာတို့သည် တရားကိုယ် အနက်သဘောအားဖြင့် တူညီကြပေသည်။
所谓无愿随观,是为了断除以爱希求诸行而修习的随观。对诸行的苦随观智成熟时,就会到达无愿。因此,无愿随观与苦随观在法的真实意义上相同。
原书第 165 页
သုညတာနုပဿနာ
空随观
သင်္ခါရတရားတို့၌ သာမိ-နိဝါသိ-ကာရက-ဝေဒက-အဓိဋ္ဌာယကဟု သာသနာပ အယူအဆရှိသူ အတ္တဝါဒ သမားတို့ ကြံဆအပ်သော အတ္တမှ ဆိတ်သုဥ်းမှုကို မြင်အောင် အဖန်ဖန် အထပ်ထပ် ရှုသော အနုပဿနာ- ဉာဏ်သည် သုညတာနုပဿနာဉာဏ် မည်၏။ ထို့ကြောင့် သုညတာနုပဿနာဉာဏ်နှင့် အနတ္တာနုပဿနာ- ဉာဏ်တို့သည် တရားကိုယ် အနက်သဘောအားဖြင့် တူကြသည်။
外道我论者设想:诸行中存在所有者我、常住我、能作者我、能受者我与主宰者我。反复随观诸行,直至看见其中空无这些被设想的我,这种随观智称为空随观智。因此,空随观智与无我随观智在法的真实意义上相同。
အဓိပညာဓမ္မဝိပဿနာ
增上慧法观
အဓိပညာဓမ္မဝိပဿနာ ပန သဗ္ဗာပိ ဝိပဿနာ။ (ဝိသုဒ္ဓိ-၂-၂၆၅။) ရူပါဒိအာရမ္မဏံ ဉတွာ တဒါရမ္မဏဿ စိတ္တဿ ဘင်္ဂံ ဒိသွာ သင်္ခါရာ ဧဝ ဘိဇ္ဇန္တိ၊ သင်္ခါရာနံ မရဏံ၊ န အညော ကောစိ အတ္ထီတိ ဘင်္ဂဝသေန သုညတံ ဂဟေတွာ ပဝတ္တာ ဝိပဿနာ အဓိပညာ စ သာ ဓမ္မေသု စ ဝိပဿနာတိ အဓိပညာ ဓမ္မဝိပဿနာ၊ တာယ နိစ္စသာရာဒိအာဒါနဝသေန ပဝတ္တံ အဘိနိဝေသံ သတဏှံ ဒိဋ္ဌိ ပဇဟတိ။ (မဟာဋီ-၂-၄၁၇။) အဓိပညာဓမ္မဝိပဿနာဟူသည် ဝိပဿနာဉာဏ် အားလုံးကိုပင် ဆိုလိုသည်။ (ဝိသုဒ္ဓိ-၂-၂၆၅။) ရုပ်တရား နာမ်တရားစသည့် ဝိပဿနာဉာဏ်၏ အရှုခံအာရုံဖြစ်သော သင်္ခါရအာရုံကို သိပြီး၍ ထိုရုပ်တရား နာမ်တရား စသည်ကို အာရုံပြု၍ ဖြစ်ပေါ်လာသော စိတ်၏ = ဝိပဿနာမနောဒွါရိက ဇောဝီထိ စိတ်အစဥ်၏ ပျက်ခြင်း = ဘင်ကို မြင်၍ သင်္ခါရတရားတို့သည်သာလျှင် ပျက်ကုန်၏၊ သင်္ခါရတရားတို့၏သာလျှင် သေခြင်းသည် ဖြစ်၏၊ ပျက်သော သေသော သင်္ခါရတရားတို့မှ အခြားတစ်ပါးသော တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သတ္တဝါ
巴利原文(缅文字体):‘အဓိပညာဓမ္မဝိပဿနာ ပန သဗ္ဗာပိ ဝိပဿနာ။ (ဝိသုဒ္ဓိ-၂-၂၆၅။) ရူပါဒိအာရမ္မဏံ ဉတွာ တဒါရမ္မဏဿ စိတ္တဿ ဘင်္ဂံ ဒိသွာ သင်္ခါရာ ဧဝ ဘိဇ္ဇန္တိ၊ သင်္ခါရာနံ မရဏံ၊ န အညော ကောစိ အတ္ထီတိ ဘင်္ဂဝသေန သုညတံ ဂဟေတွာ ပဝတ္တာ ဝိပဿနာ အဓိပညာ စ သာ ဓမ္မေသု စ ဝိပဿနာတိ အဓိပညာ ဓမ္မဝိပဿနာ၊ တာယ နိစ္စသာရာဒိအာဒါနဝသေန ပဝတ္တံ အဘိနိဝေသံ သတဏှံ ဒိဋ္ဌိ ပဇဟတိ။ (မဟာဋီ-၂-၄၁၇။)’译:‘增上慧法观,就是一切毗婆舍那。(《清净道论》2-265。)了知色等所缘,又看见取该所缘之心的坏灭以后,依坏灭而取空义:“只是诸行坏灭,只是诸行死亡,此外没有任何人。”这样生起的观,既是增上慧,又是对诸法的观,所以称为增上慧法观。由它断除与爱相伴的邪见执著;这种执著由于把诸行执取为常之实质等而生起。’(《大复注》2-417。)所谓增上慧法观,就是一切观智。(《清净道论》2-265。)禅修者了知作为观智所缘的色、名等行所缘,再看见缘取色、名等而生起的心——即毗婆舍那意门速行心路——的坏灭,观见:‘只是诸行坏灭,只是诸行死亡;离开这些坏灭、死亡的诸行,并没有另一个人或有情——’
မည်သည် မရှိဟု ပျက်ခြင်း = ဘင်၏ အစွမ်းဖြင့် သင်္ခါရတရားတို့၏ သုညဖြစ်မှုကို = အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေတတ်သည့် အတ္တမှ ဆိတ်သုဥ်းမှုကို ဉာဏ်ဖြင့် ပိုင်းခြားယူ၍ ဖြစ်ပေါ်လာသော ဝိပဿနာဉာဏ်သည် လွန်ကဲသော ပညာလည်း ဟုတ်၏၊ ထိုလွန်ကဲသော ပညာဟူသည် သင်္ခါရဓမ္မတို့၌ ရှုနေသော ဝိပဿနာဉာဏ်လည်း ဟုတ်၏၊ ထို့ကြောင့် အဓိပညာဓမ္မဝိပဿနာ မည်ပေသည်။ ထိုအဓိပညာဓမ္မဝိပဿနာဖြင့် သင်္ခါရတရားတို့၌ နိစ္စဟူသော အနှစ်သာရ၊ သုခဟူသော အနှစ်သာရ၊ အတ္တဟူသော အနှစ်သာရ ရှိ၏ စသည်ဖြင့် စွဲယူသည်၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသော သင်္ခါရဓမ္မတို့ကို နိစ္စ-သုခ-အတ္တ-ဓုဝ စသည်ဖြင့် မြဲမြံစွာ နှလုံး သွင်းခြင်းဟု ဆိုအပ်သော တဏှာနှင့်တကွသော ဒိဋ္ဌိကို ပယ်စွန့်နိုင်၏။ (မဟာဋီ-၂-၄၁၇။)
——于是依坏灭,以智分别诸行之空:诸行空无以凝固、坚实、核心实质而住的我。这样生起的观智既是殊胜的智慧,又是在诸行法中修观的观智,所以称为增上慧法观。由这种增上慧法观,能够断除与爱相伴的邪见;该邪见由于执取诸行具有常的实质、乐的实质、我的实质等,把诸行牢固地作意为常、乐、我、恒久等而生起。(《大复注》2-417。)
ယထာဘူတဉာဏဒဿန
如实智见
ယထာဘူတဉာဏဒဿနံ ကင်္ခါဝိတရဏဝိသုဒ္ဓိယာ ဧဝ သင်္ဂဟိတံ။ (ဝိသုဒ္ဓိ-၂-၂၆၅။) ယထာဘူတဉာဏဒဿနံ နာမ သပ္ပစ္စယနာမရူပဒဿနံ။ တေန ''အဟောသိံ နု ခေါ အဟမတီတမဒ္ဓါန''န္တိ ဧဝမာဒိကံ၊ ''ဣဿရတော လောကော သမ္ဘဝတီ''တိ ဧဝမာဒိကဉ္စ သမ္မောဟာဘိနိဝေသံ ပဇဟတိ။
巴利原文(缅文字体):‘ယထာဘူတဉာဏဒဿနံ ကင်္ခါဝိတရဏဝိသုဒ္ဓိယာ ဧဝ သင်္ဂဟိတံ။ (ဝိသုဒ္ဓိ-၂-၂၆၅။) ယထာဘူတဉာဏဒဿနံ နာမ သပ္ပစ္စယနာမရူပဒဿနံ။ တေန ''အဟောသိံ နု ခေါ အဟမတီတမဒ္ဓါန''န္တိ ဧဝမာဒိကံ၊ ''ဣဿရတော လောကော သမ္ဘဝတီ''တိ ဧဝမာဒိကဉ္စ သမ္မောဟာဘိနိဝေသံ ပဇဟတိ။’译:‘如实智见只摄属于度疑清净。(《清净道论》2-265。)所谓如实智见,就是看见连同因法的色名。由此断除痴执著,例如:“我在过去时存在过吗?”以及“世间由主宰者所生”等。’
(မဟာဋီ-၂-၄၁၇-၄၁၈။)
(《大复注》2-417—418。)
အကြောင်းတရားနှင့် တကွသော နာမ်ရုပ်ကို သိမြင်တတ်သော ဉာဏ်သည် ယထာဘူတဉာဏဒဿန မည်၏။ ယင်းဉာဏ်ကို ကင်္ခါဝိတရဏဝိသုဒ္ဓိပိုင်းဖြင့်သာလျှင် သိမ်းကျုံးရေတွက်အပ်၏။ ထိုဉာဏ်ဖြင့် ''ငါသည် အတိတ်ကာလက ဖြစ်ခဲ့လေသလော၊'' ဤသို့ စသော ပြင်းစွာ တွေဝေလျက် မှားမှားယွင်းယွင်း နှလုံးသွင်းခြင်း-
能够知见连同因法的色名之智,称为如实智见。这种智只摄属于度疑清净。由这种智,能够断除‘我在过去时存在过吗?’等由强烈疑惑而生的错误作意——
原书第 166 页
ကိုလည်းကောင်း၊ ''ဖန်ဆင်းရှင် ပိုင်ရှင် ဣဿရကြောင့် လောကသည် ဖြစ်ပေါ်လာရ၏။'' ဤသို့ စသော ပြင်းစွာ တွေဝေလျက် မှားမှားယွင်းယွင်း နှလုံးသွင်းခြင်းကိုလည်းကောင်း ပယ်စွန့်နိုင်၏။ (မဟာဋီ-၂-၄၁၇-၄၁၈။) ဤမျှဖြင့် ယောဂါဝစရပုဂ္ဂိုလ်သည် အနိစ္စာနုပဿနာဉာဏ်၊ ဒုက္ခာနုပဿနာဉာဏ်၊ အနတ္တာနုပဿနာ- ဉာဏ်၊ အနိမိတ္တာနုပဿနာဉာဏ်၊ အပ္ပဏိဟိတာနုပဿနာဉာဏ်၊ သုညတာနုပဿနာဉာဏ်၊ အဓိပညာဓမ္မ ဝိပဿနာ၊ ယထာဘူတဉာဏဒဿနဟူသော ဤဝိပဿနာဉာဏ်တို့ကို ရအပ်သည် မည်သည်သာလျှင် ဖြစ်ပေ၏။
——也能断除‘世间由创造者、所有者、主宰神所创造’等由强烈疑惑而生的错误作意。(《大复注》2-417—418。)至此,禅修者已经获得八种观智:无常随观智、苦随观智、无我随观智、无相随观智、无愿随观智、空随观智、增上慧法观与如实智见。
ကြွင်းကုန်သော နိဗ္ဗိဒါနုပဿနာစသော ဝိပဿနာဉာဏ် (၁ဝ)ပါးတို့၌ အချို့ကို ရရှိပြီး ဖြစ်၏၊ အချို့ကိုကား မရအပ်သေးပေ။ နောက်၌ ထင်ရှားလတ္တံ့။
其余以厌离随观等为首的十种观智,有些已经获得,有些尚未获得;后文将会明了。
သမ္မသနဉာဏ်ခန်း ပြီး၏။
思惟智章终。

本页是帕奥禅师缅文「五大册」第五册(趣向涅槃之道·第五册,书名暂定)的现代汉语全译本,非缩略版、非节译;译者 Dhammesanā。卷前、正文与原书索引均与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。