止业处篇

《趣向涅槃之道》中文全译本 · 非缩略版

止业处篇 · 原书第 540–541 页 · 13 个翻译单元

本页并入了原书的相邻小节:写作宗旨与愿望、业处的种类、四十种业处、一切处业处与随身业处。

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 540 页
သမထကမ္မဋ္ဌာန်းပိုင်း
止业处篇
ရည်ညွှန်းချက် အာသီသ
写作宗旨与愿望
နိဗ္ဗာနဂါမိနိပဋိပဒါ အမည်ရသော ဤကျမ်း၌ အာနာပါနဿတိသမာဓိကို ဝိပဿနာ၏ အခြေပါဒက ပြု၍ ဝိပဿနာရှုပွားပုံကို အရဟတ္တဖိုလ်ပေါက် ရေးသားတင်ပြခဲ့၏။ သို့အတွက် သမာဓိကို ထူထောင်ပုံ သမထ ကမ္မဋ္ဌာန်းပိုင်းတွင် အာနာပါနကမ္မဋ္ဌာန်း တစ်မျိုးကိုသာလျှင် ရေးသားတင်ပြရသေး၏။ ကြွင်းကျန်သော ကမ္မဋ္ဌာန်း တို့ကို မရေးသား မတင်ပြရသေးပေ။ ထို့ကြောင့် ဤသမထကမ္မဋ္ဌာန်းပိုင်းတွင် သမထကမ္မဋ္ဌာန်းအချို့ကို ရေးသား တင်ပြထားပေအံ့။ ထိုသို့ ရေးသားတင်ပြရာ၌ ယခုကဲ့သို့ အာနာပါနဿတိသမာဓိကို အခြေခံ၍ ဝိပဿနာသို့ ကူးပြီးနောက် ဝိပဿနာပိုင်းတွင် အတော်အသင့် ကျေနပ်မှုကို ရရှိသောအခါ အခြားအခြားသော သမထကမ္မ- ဋ္ဌာန်းများကိုပါ ဆက်လက်၍ အားထုတ်လိုသေးသူ ယောဂီသူတော်ကောင်းများအတွက် အထူးသဖြင့် ရည်ရွယ်၍ ဤသမထကမ္မဋ္ဌာန်းပိုင်းကို ရေးသားတင်ပြခြင်း ဖြစ်ပေသည်။ သို့သော် အာနာပါနကမ္မဋ္ဌာန်းဖြင့် စတုတ္ထစျာန်
在这部名为《趣向涅槃之道》的书中,前文已经说明:以入出息念定为毗婆舍那的基础,修习毗婆舍那,直至证得阿罗汉果。因此,在说明如何建立定的止业处部分,至今只写了入出息念这一种业处,尚未说明其余业处。故在本止业处篇中,将再说明若干止业处。本篇特别为这样一类贤善禅修者而写:他们已经以入出息念定为基础转入毗婆舍那,对观禅部分已有相当程度的满意,仍希望继续修习其他止业处。不过,若有人已经依入出息念业处修习达到第四禅——
သမာဓိသို့ ဆိုက်အောင်ဖြစ်စေ၊ ဓာတ်ကမ္မဋ္ဌာန်းအကျဥ်းနည်းဖြင့် ဥပစာရသမာဓိသို့ ဆိုက်အောင်ဖြစ်စေ ပွားများ အားထုတ်ပြီးသော သူတော်ကောင်းတို့သည်လည်း ဝိပဿနာသို့ မကူးသေးမီ ဤ သမထကမ္မဋ္ဌာန်းများကို အားထုတ်လိုက အားထုတ်နိုင်သည်သာ ဖြစ်ပေသည်။ ဤကဲ့သို့သော ပုဂ္ဂိုလ်များအတွက်သာ ရည်ရွယ်၍ ဤ အပိုင်းကို ရေးသားတင်ပြထားပေသည်။ သမာဓိ တစ်ခုခုကို အောင်အောင်မြင်မြင် အားမထုတ်ရသေးသော ပုဂ္ဂိုလ်ဖြစ်မူ သို့မဟုတ် ဝိပဿနာပိုင်းတွင်လည်း အားရကျေနပ်မှု မရသေးသော ပုဂ္ဂိုလ်ဖြစ်မူ ထိုထိုကမ္မဋ္ဌာန်းကို စတင်အားသစ်လိုပါက ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာတွင် ညွှန်ကြားထားသည့်အတိုင်းသာ အားထုတ်လေရာသည်။
——定,或依界业处简略法修习达到近行定,在尚未转入毗婆舍那以前也想修习这些止业处,同样可以修习。本篇正是为这几类人而写。若尚未成功修成任何一种定,或在观禅部分尚未获得满意,而想从头修习某一种业处,则应完全依照《清净之道》所指导的方法修习。
ကမ္မဋ္ဌာန်း အမျိုးအစား
业处的种类
ကမ္မဋ္ဌာန်းသည် သမထကမ္မဋ္ဌာန်း၊ ဝိပဿနာကမ္မဋ္ဌာန်းအားဖြင့် နှစ်မျိုး ရှိ၏။
业处分为止业处与观业处两种。
(မဟာနိ-ဋ္ဌ-၃၅၇။ ဝိသုဒ္ဓိ-၁-၂၃၅။ မဟာဋီ-၁-၃၂၇။ သံ-ဋီ-၂-၉၇။)
(《大义释义注》357;《清净之道》1-235;《大复注》1-327;《相应部复注》2-97。)
ကမ္မဋ္ဌာန်း (၄ဝ)
四十种业处
သမထကမ္မဋ္ဌာန်းကို ကျမ်းဂန်များ၌ အမျိုးအစား (၄ဝ) ဖော်ပြထားပေသည်။ ပါဠိတော်၌ တိုက်ရိုက်လာသော ၁။ ကသိုဏ်း (၈)ပါး၊ ၂။ အသုဘ (၁ဝ)ပါး၊ ၃။ အနုဿတိ (၁ဝ)ပါး၊ ၄။ ဗြဟ္မဝိဟာရ (၄)ပါး၊ ၅။ အရူပ (၄)ပါး၊ ၆။ ဧကာသညာ = အာဟာရေ ပဋိကူလသညာ (၁)ပါး၊ ၇။ ဧကာဝဝတ္ထာန = စတုဓာတုဝဝတ္ထာန် (၁)ပါး၊ အားလုံးပေါင်းသော် သမထကမ္မဋ္ဌာန်း (၃၈)ပါး --- ပါဠိတော်၌ တိုက်ရိုက်လာသော ဤ (၃၈)ပါးတို့၌ အဋ္ဌကထာ၌ လာသော အာလောက ကသိုဏ်းနှင့် အာကာသ ကသိုဏ်းကို သွင်း၍ ကမ္မဋ္ဌာန်း (၄ဝ) ဖြစ်သည်။ (ဒီ-ဋီ-၁-၁၇။ သံ-ဋီ-၁-၁၈။ အံ-ဋီ-၁-၂၁။)
诸典籍列有四十种止业处。巴利原典直接列出:一、八遍;二、十不净;三、十随念;四、四梵住;五、四无色;六、一想,即食厌想;七、一分别,即四界分别。合计三十八种止业处。在原典直接列出的这三十八种中,再加入义注所列的光明遍与空间遍,便成为四十种业处。(《长部复注》1-17;《相应部复注》1-18;《增支部复注》1-21。)
原书第 541 页
သမထကမ္မဋ္ဌာန်းပိုင်း -- အကျိုးဂုဏ်အင် အာနိသင် ကသိုဏ်း (၁ဝ)ပါးရှိရာ အာလောက ကသိုဏ်းကို သြဒါတ ကသိုဏ်း၌ သွင်း၍၊ အာကာသ ကသိုဏ်းကို အနန္တာကာသ ကသိုဏ်း၌ သွင်း၍ ဓမ္မသင်္ဂဏီပါဠိတော် (အဘိ-၁-၅၅။) ၌ ကသိုဏ်း (၈)ပါး ဟောတော်မူသည်။
十遍之中,《法集论》(《阿毗达磨藏》1-55)把光明遍摄入白遍,把空间遍摄入无边空,因此宣说八遍。
မဇ္စျိမပဏ္ဏာသပါဠိတော် မဟာသကုလုဒါယီသုတ္တန် (မ-၂-၂ဝ၇။) ၌ ကသိုဏ်း (၁ဝ)ပါး တစ်နည်း ဟောတော် မူသည်။
《中分五十经篇》的《摩诃娑俱罗优陀夷经》(《中部》2-207)则以另一种方式宣说十遍。
သဗ္ဗတ္ထက - ပါရိဟာရိယ
一切处业处与随身业处
ထို သမထကမ္မဋ္ဌာန်း (၄ဝ)ကို သဗ္ဗတ္ထက ကမ္မဋ္ဌာန်း = သဗ္ဗတ္ထိက ကမ္မဋ္ဌာန်း၊ ပါရိဟာရိယ ကမ္မဋ္ဌာန်းဟူ၍ နှစ်မျိုး ခွဲခြားလျက် ခေါ်ဝေါ်သုံးစွဲသည်။
这四十种止业处又分为两类,称为一切处业处(sabbatthaka-kammaṭṭhāna,亦作 sabbatthika-kammaṭṭhāna)与随身业处(pārihāriya-kammaṭṭhāna)。

本页是帕奥禅师缅文「五大册」第五册(趣向涅槃之道·第五册,书名暂定)的现代汉语全译本,非缩略版、非节译;译者 Dhammesanā。卷前、正文与原书索引均与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。