智见清净释(下)
《趣向涅槃之道》中文全译本 · 非缩略版
观禅篇 · 原书第 521 页 · 3 个翻译单元
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书第 521 页
ဉာဏဒဿနဝိသုဒ္ဓိ နိဒ္ဒေသ -- ဘာဝနာဘိသမယ ဖြစ်စေအပ်ကုန်သော လောကတ္တရာ ဖြစ်ကုန်သော သီလမဂ္ဂင် သမာဓိမဂ္ဂင် ပညာမဂ္ဂင်တို့ဖြင့် အရိယပုဂ္ဂိုလ်သည် မိမိ၏ ရုပ်နာမ်သန္တာန်အစဥ်ကို ထုံစေ၏၊ ထိုကြောင့် လောကုတ္တရဘာဝနာသည်သာလျှင် ထိုအရိယမဂ်ဉာဏ်၏ ကိစ္စ မည်ပေသည်။ (ဝိသုဒ္ဓိ-၂-၃၃၈-၃၃၉။) သမ္မာဒိဋ္ဌိ အမည်ရသော အရိယမဂ်ဉာဏ်သည် မိမိနှင့် ယှဥ်ဖက် မဂ္ဂင် (၇)ပါးတို့အား သဟဇာတစသော ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြု၏၊ ဖိုလ်စိတ္တုပ္ပါဒ် စသည်တို့နှင့် ယှဥ်သော သမ္မာဒိဋ္ဌိ။ ပ ။ သမ္မာသမာဓိတို့အား အနန္တရစသော ပစ္စယသတ္တိတို့ဖြင့်လည်းကောင်၊ ဥပနိဿယစသော ပစ္စယသတ္တိတို့ဖြင့်လည်းကောင်း ကျေးဇူး ပြုပေး၏။ ထိုကြောင့် အရိယမဂ်ဉာဏ်သည် မဂ္ဂင်တရားကိုယ်များဖြစ်သော သီလ သမာဓိ ပညာတို့ကိုလည်း ဖြစ်စေ၏၊ ရုပ်နာမ် သန္တာန် အစဥ်၌လည်း ထုံ၏ ထုံစေ၏၊ ထိုကြောင့် ဘာဝနာ မည်၏။ ယင်း ဘာဝနာကို
——令出世间戒道支、定道支、慧道支生起;圣者又以这些道支熏习自己的色名相续。因此,唯有出世间修习才是圣道智的作用。(《清净之道》2-338—339。)名为正见的圣道智,以俱生等缘力资助与自己相应的其余七道支;又以无间等缘力与强力亲依止缘等缘力,资助与果心生起等相应的正见乃至正定。因此,圣道智既令作为诸道支法体的戒、定、慧生起,也熏习色名相续,所以称为修习。这里所指的——
ဘာဝနာဘိသမယ၌ အလိုရှိအပ်၏ ဟူလိုသည်။
——正是这种修习现观中的修习。
ဉာဏဒဿနဝိသုဒ္ဓိနိဒ္ဒေသ ပြီး၏။
智见清净释终。