佛随念业处

《趣向涅槃之道》中文全译本 · 非缩略版

止业处篇 · 原书第 634–635 页 · 15 个翻译单元

缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。

原书第 634 页
ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း
佛随念业处
သော ဘဂဝါ ဣတိပိ အရဟံ။
彼世尊亦即是阿罗汉(So Bhagavā itipi arahaṃ)。
၁။ ဝါသနာအငွေ့ဓာတ်နှင့် တကွ ခပ်သိမ်းဥဿုံ ကုန်အောင်စုံသော (၁၅ဝဝ)ကိလေသာတို့မှ အဝေးကြီး ဝေးကွာတော်မူခြင်းတည်းဟူသော ဤအကြောင်းကြောင့် အရဟံ မည်တော်မူပါပေသော မြတ်စွာဘုရား။
一、世尊远离一千五百种烦恼,乃至连同烦恼习气也都完全远离;由于这个原因,世尊称为‘阿罗汉’。
၂။ တစ်ထောင့်ငါးရာ ကိလေသာရန်သူတို့ကို အရဟတ္တမဂ် ဉာဏ်သန်လျက်ဖြင့် အကြွင်းမဲ့ ပယ်သတ်ခြင်း တည်းဟူသော ဤအကြောင်းကြောင့် အရဟံ မည်တော်မူပါပေသော မြတ်စွာဘုရား။
二、世尊以阿罗汉道智之剑,把一千五百烦恼敌毫无剩余地斩尽;由于这个原因,世尊称为‘阿罗汉’。
၃။ အဝိဇ္ဇာ-တဏှာ ဦးစီးသည့် ပဋိစ္စသမုပ္ပါဒ် သံသရာစက်ရဟတ်၏ ထောက်အကန့်တို့ကို အရဟတ္တမဂ် ဉာဏ်သန်လျက်ဖြင့် ချိုးဖဲ့ဖျက်ဆီးတော်မူခြင်းတည်းဟူသော ဤအကြောင်းကြောင့် အရဟံ မည်တော်မူပါပေ သော မြတ်စွာဘုရား။
三、世尊以阿罗汉道智之剑,摧毁了以无明、爱为首的缘起轮回之车的轮辐;由于这个原因,世尊称为‘阿罗汉’。
၄။ သူမတူသော သီလ သမာဓိ ပညာ ဂုဏ်သကတ်ကြောင့် လူနတ်ဗြဟ္မာ သတ္တဝါတို့၏ မြတ်သောအလှူ ပူဇော်အထူးကို ခံယူတော်မူထိုက်ခြင်းတည်းဟူသော ဤအကြောင်းကြောင့် အရဟံ မည်တော်မူပါပေသော မြတ်စွာဘုရား။
四、世尊具有无与伦比的戒、定、慧功德,堪受人、天、梵天等有情最殊胜的布施与供养;由于这个原因,世尊称为‘阿罗汉’。
၅။ ဆိတ်ကွယ်ရာအရပ်၌ မကောင်းမှုဟူသမျှတို့ကို ပြုတော်မမူ ပြောတော်မမူ ကြံစည်တော် မမူသဖြင့် ဆိတ်ကွယ်ရာ မရှိခြင်းတည်းဟူသော ဤအကြောင်းကြောင့် အရဟံ မည်တော်မူပါပေသော မြတ်စွာဘုရား။
五、世尊即使在隐秘处,也不造任何身恶行,不说任何恶语,不起任何恶念,因而没有需要隐藏之事;由于这个原因,世尊称为‘阿罗汉’。
ဤအရဟံဂုဏ်တော်၏ အနက်ငါးချက်တို့ကို ကျေပွန်စွာ ရအောင် ကျက်ပါ။ သမ္မာသမ္ဗုဒ္ဓစသော အခြား အခြားသော ဂုဏ်တော်တို့၏ အနက်အဓိပ္ပါယ်ကိုလည်း ကျေပွန်စွာ ရအောင် ကျက်ပါ။ ထိုဂုဏ်တော်များထဲက မိမိကြိုက်နှစ်သက်ရာ ဂုဏ်တော်တစ်ခုကို ရွေးချယ်၍ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းကို စတင်စီးဖြန်းရမည် ဖြစ်သည်။
请把阿罗汉功德的这五种含义熟记纯熟,也把正等正觉者等其余各项功德的含义熟记纯熟。然后,从这些功德中选择自己最喜欢的一项,开始修习佛随念业处。
ပွားများပုံမှာ ဤသို့ ဖြစ်၏။
修习方法如下。
ရှေးဦးစွာ သြဒါတကသိုဏ်း သို့မဟုတ် အလောကကသိုဏ်း စတုတ္ထစျာန်ကို ဝင်စားပါ။ လင်းရောင်ခြည် စွမ်းအင်များ အားကောင်းလာသောအခါ မိမိဖူးမြင်နေကျ ရုပ်ပွားတော် တစ်ဆူကို လင်းရောင်ခြည်၏ အကူ အညီဖြင့် လှမ်း၍အာရုံယူပါ။ ထိုရုပ်ပွားတော်ကို မျက်စိဖြင့် ဖူးတွေ့ရသကဲ့သို့ ထင်ထင်ရှားရှား မြင်တွေ့ရအောင် ကြိုးစားပါ။ သက်တော်ထင်ရှား ဘုရားကို မဖူးတွေ့လိုက်ရသဖြင့် ရုပ်ပွားတော်မှ တစ်ဆင့် သက်တော်ထင်ရှား ဘုရားအာရုံသို့ ရောက်အောင် ဉာဏ်ကို ရှေးရှုကပ်ဆောင်လို၍ ယခုကဲ့သို့ အာရုံယူခိုင်းဖြစ်သည်။ ရုပ်ပွားတော်ကို ပကတိမျက်စိဖြင့် ဖူးတွေ့ရသကဲ့သို့ ထင်ထင်ရှားရှား မြင်တွေ့ရသောအခါ ယင်းရုပ်ပွားတော်ကိုပင် သက်တော် ထင်ရှားဘုရားဟု အမှတ်ထားကာ အာရုံယူကြည့်ပါ။ အတိတ် နီးကပ်သော ဘဝတစ်ခုက သက်တော်ထင်ရှား ဘုရားကို ဖူးတွေ့ခဲ့ရဖူးပါက ထိုအခါတွင် ထိုသက်တော်ထင်ရှားဘုရား၏ မိမိဖူးတွေ့ခဲ့ရစဥ်က ပုံတော်အတိုင်း
首先进入白遍或光明遍第四禅。光明强盛时,借助光明,把自己经常礼敬的一尊佛像取为所缘,努力使它如同肉眼亲见一般清楚。由于我们没有亲见在世佛陀,才以佛像为媒介,想让智趋向、接近在世佛陀这一所缘,所以这样教取所缘。佛像清楚得如同肉眼亲见以后,就把它认作在世佛陀而取为所缘。如果过去某一近世曾亲见在世佛陀,这时便可能依当时亲见的形貌——
ပေါ်လာတတ်ပေသည်။ ပေါ်လာခဲ့သော် ထိုပုံတော်ကိုပင် အာရုံယူပါ။ အကယ်၍ သက်တော်ထင်ရှား ဘုရားရှင်၏ ပုံမပေါ်ခဲ့သော် မိမိဖူးတွေ့နေရသော ရုပ်ပွားတော်ကိုပင် သက်တော်ထင်ရှားဘုရားဟု အမှတ်ထားပါ။ တစ်ဖန် ထိုပုံတော်မှ ဂုဏ်တော်သို့ ပြောင်း၍ အာရုံယူပါ။ ဘဂဝါဂုဏ်တော်တို့တွင် အကျုံးဝင်သော သိရီဘုန်းတော်မှာ ဘုရားရှင်၏ ရူပကာယတော်၏ တင့်တယ်စမ္ပယ်ပုံကို အာရုံယူ၍ ပွားများရသော ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းတည်း။
——显现出来。若有这样的形象显现,就取那一形象为所缘;若没有显现,便仍把眼前所见的佛像认作在世佛陀。然后从形象转向功德,取功德为所缘。世尊功德中的吉祥庄严功德,是以佛陀色身的庄严美好为所缘而修的佛随念业处。
ဤ၌ကား ဂုဏ်တော်ကိုသာ ပွားလိုသဖြင့် ပုံတော်မှ တစ်ဆင့် ဂုဏ်တော်သို့ ပြောင်း၍ အာရုံယူခိုင်းခြင်းဖြစ်သည်။
这里想要修的是功德,所以教行者以形象为媒介,再转而取功德为所缘。
ဂုဏ်တော်များစွာထဲက အရဟံဂုဏ်တော် အမှတ် (၄)ကို ပုံစံအဖြစ်ထား၍ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းကို ပွားများပုံကို တင်ပြပေအံ့။
现在以诸多功德中的第四种阿罗汉功德为例,说明佛随念业处的修法。
原书第 635 页
သမထကမ္မဋ္ဌာန်းပိုင်း -- အသုဘကမ္မဋ္ဌာန်း ဘုရားရှင်၏ သန္တာန်၌ တည်ရှိသော သူမတူသော သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ်တို့ကြောင့် လူနတ် ဗြဟ္မာ သတ္တဝါတို့၏ မြတ်သောအလှူ ပူဇော်အထူးကို ခံယူတော်မူထိုက်ခြင်းတည်းဟူသော ဂုဏ်တော်ကို အာရုံ ပြု၍ ---- သော ဘဂဝါ ဣတိပိ အရဟံ ဟု ဖြစ်စေ၊ အရဟံ အရဟံ ဟု ဖြစ်စေ --- ပွားများအားထုတ်ပါ။ ယင်းဂုဏ်တော်အပေါ်၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်၍တည်နေအောင် ကြိုး- စားပါ။ တစ်နာရီ နှစ်နာရီခန့် ဂုဏ်တော်အာရုံ၌ ဘာဝနာစိတ်သည် ငြိမ်ဝပ်စွာ ကပ်၍တည်နေသော် စျာန် အင်္ဂါ ငါးပါးတို့ ထင်ရှားလာမည် ဖြစ်သည်။ သို့သော် ဤ စျာန်အင်္ဂါတို့မှာ ဥပစာရစျာန်မျှသာ ဖြစ်သည်။
以佛陀相续中无与伦比的戒德、定德与慧德为所缘,忆念佛陀堪受人、天、梵天等有情最殊胜的布施与供养这一功德,反复修习:‘So Bhagavā itipi arahaṃ——彼世尊亦即是阿罗汉’,或只念‘arahaṃ、arahaṃ——阿罗汉、阿罗汉’。努力使修习心安静地贴住所缘而住。若修习心能在功德所缘上安住一小时、两小时,五禅支便会清楚显现;不过,这些禅支只属于近行禅。
ဂုဏ်တော်တို့၏ နက်နဲသည့်အတွက် အပ္ပနာစျာန်သို့ကား မဆိုက်နိုင်။ အခြားဂုဏ်တော်များကိုလည်း နည်းမှီး၍ ပွားပါလေ။
由于佛功德甚深,不能达到安止禅。其余佛功德也应仿照这种方法修习。

本页是帕奥禅师缅文「五大册」第五册(趣向涅槃之道·第五册,书名暂定)的现代汉语全译本,非缩略版、非节译;译者 Dhammesanā。卷前、正文与原书索引均与缅文主本逐单元对照。主本为缅文原版,英译本只作参考,不参与定稿。