三十二身分(下)
《趣向涅槃之道》中文全译本 · 非缩略版
止业处篇 · 原书第 578–600 页 · 172 个翻译单元
缅文为主本的机器规范化候选文本,尚未逐页人工校勘;中文全卷标记为「待义审」,缅文语义、上座部实修义理与中文表达三层人工审核尚未通过。引用前请回核原书。
原书第 578 页
အကယ်၍ သေးငယ်သော ကသိုဏ်းဝန်းနိမိတ်ကို အာရုံပြု၍ ဖြစ်ပေါ်လာသော ဥပစာရသမာဓိကို အခြေ ခံ၍ ယင်းသေးငယ်သော ကသိုဏ်းပဋိဘာဂနိမိတ်ကို တိုးပွားအောင် ပြုလုပ်ခဲ့လျှင်လည်း နိမိတ်ကို ဖြန့်ကြက် ပြီးနောက် ပဋိဘာဂနိမိတ်သို့ တစ်ဖန်ပြန်၍ ဆိုက်ရောက်လာရာ ဤအပိုင်းတွင် အဖြူရောင်ကသိုဏ်း ပဋိဘာဂ နိမိတ်အာရုံနှင့် ဘာဝနာစိတ်တို့သည် တစ်သားတည်းလိုဖြစ်ကာ ဘာဝနာစိတ်သည် အဖြူရောင်ကသိုဏ်း ပဋိ- ဘာဂနိမိတ်အာရုံ၌ လှုပ်၍ မရအောင် ငြိမ်ဝပ်စွာ ကပ်၍ တည်နေပေလိမ့်မည်။ ထိုအခါတွင်ကား စျာန်အင်္ဂါ များသည်လည်း စွမ်းအား ပြည့်ပြည့်ဝဝဖြင့် အထူးထင်ရှားလာသည့်အတွက် အပ္ပနာစျာန်သို့ ဆိုက်ရောက်ပြီ ဖြစ်ပေသည်။
若以缘取小遍圆之相而生的近行定为基础,把这一小遍似相扩大,那么扩展禅相以后再次到达似相时,白遍似相所缘与修习心仿佛合为一体;修习心牢固不动地贴住白遍似相所缘而安住。此时五禅支以充足力量特别明显,便已达到安止禅。
အကယ်၍ ယင်းသေးငယ်သော ကသိုဏ်းဝန်းပဋိဘာဂနိမိတ်၌ အပ္ပနာစျာန်သမာဓိကို ဖြစ်စေပြီးမှ အဖြူ ရောင် ကသိုဏ်းဝန်းနိမိတ်ကို တိုးပွားအောင် ပြုလုပ်ခဲ့လျှင်လည်း နိမိတ်ကို ဖြန့်ကြက်ပြီးနောက် ပဋိဘာဂနိမိတ်သို့ တစ်ဖန်ပြန်၍ ဆိုက်ရောက်လာရာ ဤအပိုင်းတွင် အဖြူရောင်ကသိုဏ်း ပဋိဘာဂနိမိတ်အာရုံနှင့် ဘာဝနာ စိတ်တို့သည် တစ်သားတည်းလိုဖြစ်ကာ ဘာဝနာစိတ်သည် အဖြူရောင်ကသိုဏ်း ပဋိဘာဂနိမိတ်အာရုံ၌ လှုပ်၍ မရအောင် ငြိမ်ဝပ်စွာ ကပ်၍တည်နေပေလိမ့်မည်။ ထိုအခါတွင်ကား စျာန်အင်္ဂါများသည်လည်း စွမ်းအား ပြည့်ပြည့် ဝဝဖြင့် အထူးထင်ရှားလာသည့်အတွက် ဒုတိယအကြိမ် အပ္ပနာစျာန်သို့ တစ်ဖန်ဆိုက်ရောက်ပြီ ဖြစ်ပေသည်။
若先在小遍圆似相上生起安止禅定,之后才扩大白遍圆之相,那么扩展禅相以后再次到达似相时,白遍似相所缘与修习心也仿佛合为一体;修习心牢固不动地贴住白遍似相所缘而安住。此时五禅支以充足力量特别明显,便第二次到达安止禅。
ငယ်သော ကသိုဏ်းဝန်းပဋိဘာဂနိမိတ်၌ တစ်ကြိမ်၊ ကြီးမားကျယ်ပြန့်သော အတိုင်းအတာပမာဏ မရှိသော ကသိုဏ်းဝန်းပဋိဘာဂနိမိတ်၌ တစ်ကြိမ် -- ဤသို့ နှစ်ကြိမ်တိုင်တိုင် အပ္ပနာစျာန်သို့ ဆိုက်ရောက်သည် ဟူ၏။
也就是说,在小遍圆似相上一次,在广大无量的遍圆似相上再一次,共两次达到安止禅。
အာနာပါနဿတိသမာဓိပိုင်း၌ ရေးသားတင်ပြခဲ့သည့်အတိုင်း ဤသြဒါတကသိုဏ်း၌လည်း ပထမစျာန်ကို ရစ အာဒိကမ္မိကပုဂ္ဂိုလ်သည် စျာန်အင်္ဂါတို့ကို ခဏခဏ ဆင်ခြင်မှုလုပ်ငန်းကို ခေတ္တရပ်ဆိုင်းထား၍ ထိုအဖြူ- ရောင်ကသိုဏ်း ပဋိဘာဂနိမိတ်အာရုံ၌ ဘာဝနာစိတ်၏ ငြိမ်ဝပ်စွာ ကပ်၍ တည်နေမှု = စျာန်ဝင်စားမှု လုပ်ငန်း- ရပ်ကိုသာ ဦးစားပေး၍ အလုပ်လုပ်ရမည်ဖြစ်သည်။ ထိုကြောင့် စျာန်သမာဓိကို တစ်နာရီ နှစ်နာရီခန့် စသည်ဖြင့် တည်တံ့အောင် အဓိဋ္ဌာန်ပြုကာ ကြိုးစားအားထုတ်ပါ။
如入出息念定篇所说,白遍初禅的初学者,应暂时停止频繁审察禅支,优先练习让修习心安静地贴住白遍似相所缘而安住,也就是入禅。应决意使禅定维持一小时、两小时等,并为此努力。
အပြစ် ---- အကယ်၍ စျာန်သမာပတ်ကို ဝင်စားမှု အားနည်း၍ စျာန်အင်္ဂါများကို ဆင်ခြင်မှု များပြား ပါက ထိုပုဂ္ဂိုလ်၏သန္တာန်၌ စျာန်အင်္ဂါတို့သည် ရုန့်ရင်းကုန်သည်ဖြစ်၍ ထင်လာတတ်ကုန်၏။ ထိုသို့ထင်လာ လတ်သော် ထိုယောဂါဝစရပုဂ္ဂိုလ်၏ ထိုစျာန်အင်္ဂါတို့သည် ဤသို့ ရုန့်ရင်းကုန်သည် အားနည်းကုန်သည်ဖြစ်၍ ထင်လာသည်၏ အဖြစ်ကြောင့် ဘာဝနာဖြင့် အထက်အထက်သော စျာန်သို့ တက်ခြင်းငှာ အကြောင်းတရား၏ အဖြစ်သို့ မရောက်ရှိကြလေကုန်။ ထိုယောဂါဝစရပုဂ္ဂိုလ်သည် စျာန်သမာဓိကို မပွားစေအပ် မလေ့လာအပ်သည် ရှိသော် အထက်အထက်သောစျာန်ကို ရရှိစိမ့်သောငှာ အားထုတ်ပါသော်လည်း မိမိရရှိထားပြီးသော ပထမစျာန် မှလည်း ဆုတ်ယုတ်တတ်၏၊ ဒုတိယစျာန်သို့ ရောက်ရှိဖို့ရန်လည်း မစွမ်းနိုင်ရှိတတ်သည်။ ဤကား အပြစ်တည်း။
过失——若入禅力弱,却频繁审察禅支,禅支会在这人的相续中显得粗糙。由于禅支如此粗糙、薄弱,它们便不能成为凭借修习提升到更高禅那的原因。禅修者若没有培育、熟习已经获得的禅定,即使努力求取更高禅,也可能从已有的初禅退失,又无力达到第二禅。这就是过失。
(ဝိသုဒ္ဓိ-၁-၁၄၈။)
(《清净道论》1-148。)
ထို့ကြောင့် မိမိရရှိထားပြီးသော ပထမစျာန်ကို ခိုင်ခံ့အောင် ရှည်မြင့်စွာ တည်တံ့အောင် ကြိုးစားဖို့ လိုအပ် ပေသည်။ ထိုစျာန်ကို ရရှိစဥ်အခါက (၁) စားသုံးခဲ့သော ဘောဇဥ်၊ (၂) မှီဝဲခဲ့သော ပုဂ္ဂိုလ်၊ (၃) မှီဝဲခဲ့သော ကျောင်း၊ (၄) မှီဝဲခဲ့သော ဣရိယာပုထ်၊ (၅) ပွားများခဲ့သော အချိန်တို့ကို ကောင်းစွာ မှတ်သား၍ထားပါ။
因此必须努力使已经获得的初禅稳固、长久。应妥善记住获得该禅时的五项条件:一、所吃的食物;二、所亲近的人;三、所住的寺院;四、所采用的威仪;五、修习的时间。
အကယ်၍ ရပြီးစျာန်သည် ပျောက်ပျက်ခဲ့သော် ထိုအခြင်းအရာတို့ကို ပြည့်စုံစေ၍ တစ်ဖန် စျာန်ကို ဖြစ်စေ- ခြင်းငှာလည်း စွမ်းနိုင်ပေလိမ့်မည်။ ကျေပွန်စွာ မလေ့လာအပ်သေးသော စျာန်သမာဓိကိုလည်း ကျေပွန်စွာ လေ့လာမှုကို ပြုလျက် အဖန်ဖန် အထပ်ထပ် အပ္ပနာစျာန်ကို ဝင်စားခြင်းငှာလည်း စွမ်းနိုင်ပေလိမ့်မည်။
若已得之禅消失,重新具足这些条件,便能再度生起禅那;对于尚未熟练的禅定,也能继续熟习,反复进入安止禅。
(ဝိသုဒ္ဓိ-၁-၁၄၆။)
(《清净道论》1-146。)
原书第 579 页
သမထကမ္မဋ္ဌာန်းပိုင်း -- သြဒါတကသိုဏ်း ထိုအခြင်းအရာနိမိတ်ကို မှတ်သားခြင်းဖြင့် ထိုအခြင်းအရာတို့ကို ပြည့်စုံစေသော ထိုယောဂါဝစရပုဂ္ဂိုလ် အား အပ္ပနာစျာန်မျှသည်သာလျှင် ပြည့်စုံနိုင်၏၊ မြင့်ရှည်စွာ တည်တံ့ခြင်းသည်မူကား မပြည့်စုံသေးပေ။ စျာန် သမာဓိ၏ ဘေးရန်ဖြစ်ကြကုန်သော ကာမစ္ဆန္ဒနီဝရဏစသော ကိလေသာ အညစ်အကြေးတို့ကို ကောင်းစွာ သုဓ်သင်သန့်ရှင်းအောင် ပြုလုပ်ခြင်းဟူသော အကြောင်းတရားကြောင့် စျာန်သမာဓိ၏ မြင့်ရှည်စွာသော ကာလ ပတ်လုံး တည်တံ့ခြင်းသည် ဖြစ်နိုင်၏။ မှန်ပေသည် အကြင်ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် (၁) သက်ရှိသက်မဲ့ ကာမဝတ္ထု အစုစု၌ အပြစ်ကို ဆင်ခြင်ခြင်း၊ မစင်မကြယ် ရွံရှာစက်ဆုပ်ဖွယ် အသုဘသဘောကို နှလုံးသွင်းခြင်း (အသုဘကမ္မဋ္ဌာန်းကို နှလုံးသွင်းခြင်း)၊ ကာမဂုဏ်တို့မှ ထွက်မြောက်ခြင်း၌ အကျိုးအာနိသင်ကို ဆင်ခြင်ခြင်း စသည်တို့ဖြင့် ကာမဂုဏ်တို့၌ လိုလားတောင့်တမှု = ကာမစ္ဆန္ဒနီဝရဏ အညစ်အကြေးကို ကောင်းစွာ မခွာမူ၍၊
记住并恢复上述条件,能使安止禅生起,却还不能保证它长久维持;只有善加清除禅定的敌对法——欲贪盖等烦恼杂染,禅定才能长时间安住。若禅修者没有通过观察种种有情、无情欲乐对象的过患,作意不净、可厌的厌恶性〔即修不净业处〕,以及观察出离欲乐的利益等方式,善加清除对欲乐的希求,也就是欲贪盖——
(၂) ကိုယ်စိတ်တို့ ပူပန်ခြင်းကို ကောင်းစွာ ငြိမ်းအေးသည်ကို မပြုမူ၍ = ကိုယ်စိတ်တို့၏ ပူပန်ခြင်း၏အကြောင်း ဖြစ်သော ဒေါသဟူသော ဗျာပါဒနီဝရဏကို ကောင်းစွာ သုဓ်သင်ရှင်းလင်းခြင်းကို မပြုမူ၍၊ (၃) ရှေးဦးအစ ကြိုးစားအားထုတ်ခြင်း = အာရမ္ဘဓာတ်စသော ဝီရိယသမ္ဗောဇ္စျင် ဖြစ်ကြောင်းတရားတို့ကို နှလုံးသွင်းခြင်း၊ အာလောကသညာ = အရောင်အလင်း အမှတ်သညာကို နှလုံးသွင်းခြင်း စွမ်းနိုင်ပါက အာလောကကသိုဏ်းကို နှလုံးသွင်းခြင်း စသည်တို့၏ အစွမ်းဖြင့် စိတ်စေတသိက်တို့၏ ထိုင်းမှိုင်းမှု ထိနမိဒ္ဓနီဝရဏကို ကောင်းစွာ မပယ်- ဖျောက်မူ၍၊ (၄) စိတ်တည်ငြိမ်မှု သမာဓိဖြစ်ကြောင်း သမထနိမိတ်ကို နှလုံးသွင်းခြင်း၊ သမာဓိသမ္ဗောဇ္စျင် ဖြစ်ကြောင်းတရားတို့ကို နှလုံးသွင်းခြင်း စသည်တို့၏ အစွမ်းဖြင့် စိတ်ပျံ့လွင့်မှု = ဥဒ္စစ္စ၊ နောင်တတစ်ဖန် ပူပန်မှု = ကုက္ကုစ္စဟူသော နီဝရဏ အညစ်အကြေးတို့ကို ကောင်းစွာ ပယ်နှုတ်အပ်သည်ကို မပြုမူ၍၊ (၅) ရတနာသုံးတန်
——二、没有令身心热恼平息,也就是没有善加清除身心热恼之因——嗔恚盖;三、没有通过作意初发精进的发勤界等能生精进觉支之法、作意光明想,或有能力时作意光明遍等方式,善加去除心与心所的迟钝——昏沉睡眠盖;四、没有通过作意能生心定的止相、能生定觉支之法等,善加去除心的散乱——掉举,以及事后追悔——恶作这两种盖垢;五、对于三宝——
ကံ-ကံ၏အကျိုးတရားစသည့် (၈)ဌာနတို့၌ သို့လော သို့လော တွေးတောယုံမှားခြင်း ဝိစိကိစ္ဆာနီဝရဏ အညစ် အကြေး၊ မာန်ယစ်ခြင်း မာန်ထောင်လွှားခြင်းစသော သမာဓိ၏ ဘေးရန်ဖြစ်ကုန်သော ကိလေသာ အညစ်အကြေး တို့ကို ကောင်းစွာ သုဓ်သင်ရှင်းလင်းခြင်းကို မပြုမူ၍ စျာန်ကို ဝင်စား၏။
——业与业果等八处仍犹疑不决,未善加清除疑盖,以及我慢、骄慢等禅定的敌对烦恼杂染,却进入禅那。
ထိုကဲ့သို့သော ယောဂါဝစရပုဂ္ဂိုလ်မျိုးသည် မသုဓ်သင်အပ်သော မိမိတို့ကိန်းအောင်းရာ ဝါးခေါင်းစသော နေရာသို့ ဝင်ရောက်သော ပျားပိတုန်းကဲ့သို့လည်းကောင်း၊ ဘေးရန်ကို မသုဓ်သင်အပ်သေးသော ဥယျာဥ်သို့ ဝင်ရောက်မိသော ရှင်ဘုရင်ကဲ့သို့လည်းကောင်း လျင်မြန်စွာသာလျှင် စျာန်မှထွက်၍ လာရတတ်၏၊ စျာန်မှ ထရတတ်၏၊ အချိန်ကြာမြင့်စွာ စျာန်ဝင်စား၍ မရနိုင်။ အလျော်အားဖြင့်ကား အကြင်ယောဂါဝစရပုဂ္ဂိုလ် သူမြတ်သည် သမာဓိ၏ ဘေးရန်ဖြစ်ကုန်သော သမာဓိ၏ ဆန့်ကျင်ဘက် နီဝရဏတရားတို့ကို ကောင်းစွာ သုဓ်သင် ရှင်းလင်း စင်ကြယ်စေ၍ စျာန်ကို ဝင်စားသည် ဖြစ်အံ့၊ ထိုယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် ကောင်းစွာ သုဓ်သင် အပ်သော မိမိတို့ကိန်းအောင်းရာ ဝါးခေါင်းစသော နေရာသို့ ဝင်ရောက်သော ပျားပိတုန်းကဲ့သို့လည်းကောင်း၊ ရွံရှာအပ်သော ဘေးရန်မရှိသဖြင့် ကောင်းစွာ စင်ကြယ်သော ဥယျာဥ်သို့ ဝင်ရောက်လာသော ရှင်ဘုရင်ကဲ့သို့
这样的禅修者,就像蜂进入尚未清理的竹筒住处,又像国王进入尚未清除危险的园林,很快便会从禅中出来,不能久住于禅。反之,若禅修者善加清除禅定的敌对法——诸盖,才进入禅那,他便像蜂进入已经清理好的竹筒住处,又像国王进入清净、没有可怖危险的园林——
လည်းကောင်း တစ်နေ့ပတ်လုံးသော်လည်း စျာန်သမာပတ်၏ အတွင်း၌သာလျှင် နေနိုင်ပေသည်။ ထိုကြောင့် စျာန်သမာဓိ၏ ရှည်မြင့်စွာ တည်တံ့ခြင်းကို အလိုရှိသော ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် သမာဓိ၏ ဘေးရန် ဖြစ်သော နီဝရဏ အညစ်အကြေးတို့ကို သုဓ်သင်ရှင်းလင်း စင်ကြယ်စေ၍ စျာန်သမာပတ်ကို ဝင်စားပါလေ။
——即使整天也能安住于禅定之中。因此,希望禅定长久维持的禅修者,应先清除禅定的敌人——诸盖杂染,再进入禅定。
(ဝိသုဒ္ဓိ-၁-၁၄၅-၁၄၇။ မဟာဋီ-၁-၁၇၆-၁၇၇။)
(《清净道论》1-145—147;《大复注》1-176—177。)
〔မှတ်ချက် ---- ကာမစ္ဆန္ဒနီဝရဏကို နှိမ်နင်းနိုင်ရေးအတွက် အသုဘကမ္မဋ္ဌာန်းကို ပွားများမှုကိုလည်း- ကောင်း၊ ဗျာပါဒနီဝရဏကို တိုက်ဖျက်ရေးအတွက် မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို ပွားများမှုကိုလည်းကောင်း၊ ထိနမိဒ္ဓနီဝရဏကို နှိမ်နင်းနိုင်ရေးအတွက် အာလောကကသိုဏ်းကို ပွားများမှုကိုလည်းကောင်း အထူးလိုအပ် သည်ကို သတိပြုမှတ်သားပါ။ မေဃိယသုတ္တန်နှင့် အညီပင်တည်း။〕
〔注——应特别记住:为了镇伏欲贪盖,必须修习不净业处;为了对治嗔恚盖,必须修习慈心业处;为了镇伏昏沉睡眠盖,必须修习光明遍。这正符合《弥醯经》的教导。〕
原书第 580 页
အထက်တွင် ရေးသားတင်ပြခဲ့သည့်အတိုင်း စျာန်ဖြစ်ပေါ်ခဲ့ရာ အချိန်ကာလ အခြင်းအရာများကို အမှတ် မထားမိခြင်းကြောင့် ထိုအခြင်းအရာတို့ကို မပြည့်စုံစေနိုင်ခြင်း၊ စျာန်ဝင်စားမှု နည်းပါးခြင်း၊ ကာမဂုဏ်နှင့် ပတ်- သက်၍ ကြံစည်စိတ်ကူးမှု ကာမဝိတက်၊ တစ်ဦးဦးအပေါ် မကျေနပ်မှုနှင့် ဆက်စပ်နေသော ဗျာပါဒဝိတက်စသော နီဝရဏ အညစ်အကြေးတို့၏ နှိပ်စက်မှုကို ခံရခြင်းစသော အကြောင်းတရားတို့ကြောင့် စျာန်မှ လျှောကျခြင်း၊ သမထနိမိတ်ဖြစ်သော အဖြူရောင်ကသိုဏ်းနိမိတ် ပျောက်ကွယ်သွားခြင်းစသည့် ပြဿနာများသည် ပေါ်ပေါက် လာခဲ့သော် အထက်တွင် ရေးသားတင်ပြခဲ့သည့် အစီအစဥ်အတိုင်း အာနာပါနကမ္မဋ္ဌာန်းမှစ၍ တစ်ဖန် သမာဓိကို ထူထောင်ဖို့ လိုအပ်ပေသည်။
若因为没有记住所获禅那的时间与条件,无法重新具足这些条件;入禅次数太少;受到欲寻、与不满某人有关的嗔恚寻等盖垢侵扰,以致从禅退失,或白遍之相这一止相消失等问题出现,就必须依上述次第,从入出息业处开始重新建立定。
၁။ အာနာပါန စတုတ္ထစျာန်သမာဓိ၊ သို့မဟုတ် ဓာတုမနသိကာရ ဥပစာရသမာဓိ၊ ၂။ (၃၂)ကောဋ္ဌာသ (အဇ္စျတ္တ - ဗဟိဒ္ဓ)၊ ၃။ ဗဟိဒ္ဓ အရိုးစုကောဋ္ဌာသ - ပဋိကူလမနသိကာရ၊ ၄။ ဗဟိဒ္ဓ အရိုးကောဋ္ဌာသ၏ အဖြူရောင်ကသိုဏ်း --- ဤ အစီအစဥ်ကို ထိုင်တိုင်း ထိုင်တိုင်း ပြုလုပ်သင့်၏။ လေ့ကျင့်ခန်း ကျွမ်းကျင်လာပါက အချိန်အနည်း- ငယ် အတွင်းမှာပင် အဖြူရောင်ကသိုဏ်းရုပ်ကို အာရုံယူ၍ ပထမစျာန်စသည့် စျာန်သမာဓိများ ဖြစ်ပေါ်လာသည့် တိုင်အောင် ကြိုးပမ်းနိုင်မည် ဖြစ်သည်။
每次坐禅,都应依次修习:一、入出息第四禅定,或界作意近行定;二、内外三十二身分;三、外在骸骨身分的厌恶作意;四、外在骸骨身分的白遍。练习熟练以后,便能在很短时间内取白遍色为所缘,努力令初禅等禅定生起。
အထူးသတိပြုရန် အချက်တစ်ရပ်
特别应注意的一点
ဤသမထနိမိတ်ဖြစ်သော (၁) အာနာပါနနိမိတ်၌လည်းကောင်း၊ (၂) သုံးဆယ့်နှစ်ကောဋ္ဌာသ၌လည်း- ကောင်း၊ (၃) ပဋိကူလမနသိကာရလမ်းမှ ပွားများအပ်သော အရိုးစုကောဋ္ဌာသ၌လည်းကောင်း၊ (၄) ဗဟိဒ္ဓ အရိုးကောဋ္ဌာသ၏ အဖြူရောင်ကို ပြည်တည်၍ ပြုစုပျိုးထောင်ထားအပ်သော အဖြူရောင်ကသိုဏ်းရုပ်၌လည်း- ကောင်း -- န လက္ခဏံ မနသိကာတဗ္ဗံ။ (ဝိသုဒ္ဓိ-၁-၁၂၁။)ဟူသော ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၏ ညွှန်ကြားချက်နှင့် အညီ ယခုကဲ့သို့ သမာဓိကို ထူထောင်ခိုက်၌ သဘာဝလက္ခဏာနှင့် သာမညလက္ခဏာများကို နှလုံးမသွင်းဖို့ အထူးသတိပြုပါ။ အကယ်၍ နှလုံးသွင်းခဲ့လျှင် ကမ္မဋ္ဌာန်း လမ်းပြောင်းသွား၍ သမာဓိဖြစ်ခြင်း၏ အကြောင်း ဖြစ်သော သမထနိမိတ်ကို ရရှိလိမ့်မည် မဟုတ်ပေ။
在这些止禅之相中:一、入出息相;二、三十二身分;三、从厌恶作意法门培育的骸骨身分;四、以外在骸骨身分的白色为基础、加以修习培育的白遍色——依《清净道论》义注的指示:‘na lakkhaṇaṃ manasikātabbaṃ——不应作意特相。’(《清净道论》1-121。)建立这种定时,必须特别注意,不要作意自性特相与共相。若作意这些特相,业处之道就会转变,也就不能获得作为定之因的止禅之相。
၁။ အာနာပါနပဋိဘာဂနိမိတ်ဟူသော ပညတ်အစုအပုံ၊ ၂။ (၃၂)ကောဋ္ဌာသဟူသော ပုံသဏ္ဌာန်ပညတ် အစုအပုံ၊ ၃။ အရိုးစုကောဋ္ဌာသဟူသော ပညတ်အစုအပုံ၊ ၄။ အဖြူရောင်ကသိုဏ်းဝန်းဟူသော ပညတ်အစုအပုံ --- ဤ အသီးအသီးသော ပညတ်အစုအပုံ၌သာ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ထားပါ။ ဤကဲ့သို့သော ပညတ်နိမိတ် အသီးအသီးကို အာရုံယူ၍ နှလုံးသွင်း ရှုပွားပါမှသာလျှင် ပရိကမ္မနိမိတ် ဥဂ္ဂဟနိမိတ် ပဋိဘာဂ နိမိတ်ဟူသော နိမိတ်သုံးမျိုး ထင်လာနိုင်၍ ပရိကမ္မဘာဝနာ ဥပစာရဘာဝနာ အပ္ပနာဘာဝနာဟူသော ဘာဝနာ သမာဓိများသည်လည်း အစဥ်အတိုင်း ဖြစ်လာနိုင်သောကြောင့် ဖြစ်သည်။
一、称为入出息似相的概念聚;二、称为三十二身分的形状概念聚;三、称为骸骨身分的概念聚;四、称为白遍圆的概念聚——只应让修习心安静地贴住这些各别的概念聚而安住。只有取这些各别的概念之相为所缘,作意、观修,遍作相、取相、似相三种相才可能出现;遍作修习、近行修习、安止修习这些修习定也才可能依次生起。
အကယ်၍ (၃၂)ကောဋ္ဌာသတို့၌လည်းကောင်း၊ အဖြူရောင်ကသိုဏ်းဝန်း၏ တည်ရာ အရိုးစုအာရုံ၌ လည်းကောင်း ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာကို စိုက်၍ ရှုလိုက်မိပါက ဓာတ်ကမ္မဋ္ဌာန်းလမ်းသို့ ပြောင်း သွားပြီဖြစ်၍ ယောဂါဝစရပုဂ္ဂိုလ်၏ သမာဓိသည် ထက်လျှင်ထက်သလို ထိုထိုကောဋ္ဌာသများ အဖြူရောင်
若在三十二身分,或作为白遍圆依处的骸骨所缘上,专注、观照四大种的自性特相,业处之道就已经转入界业处;随着瑜伽行者的定越来越锐利,那些身分以及作为白遍圆依处的那些骸骨——
原书第 581 页
သမထကမ္မဋ္ဌာန်းပိုင်း -- သြဒါတကသိုဏ်း ကသိုဏ်းဝန်း၏တည်ရာ ထိုထိုအရိုးစုများသည် ပြိုပြိုကျကျသွားသည်ကိုလည်းကောင်း၊ ယင်းတို့၌ တည်ရှိသော ရုပ်ကလာပ်အမှုန်များကိုလည်းကောင်း တွေ့ရှိနိုင်ပေသည်။ ထိုသို့ ဖြစ်နေပါက စျာန်သမာဓိကို ရရှိဖို့ရန်မှာ အလွန်ခဲယဥ်းသွားပြီ ဖြစ်ပေသည်။ တစ်ဖန် ရုပ်ကလာပ်အမှုန်များကို တွေ့၍လည်းကောင်း၊ (၃၂)ကောဋ္ဌာသ တို့၏ ပြိုပြိုကျနေသည်ကို တွေ့မြင်၍လည်းကောင်း လက္ခဏာယာဥ်သုံးချက်တင်၍ ဝိပဿနာရှုမိပါကလည်း သို့မဟုတ် ဖြစ်-ပျက် ရှုမိပါကလည်း ပို၍ပင် လမ်းလွဲသွားပြီ ဖြစ်ပေသည်။
——会逐渐崩解,他也会看见其中的色聚微粒。这时,要获得禅那定便极其困难。再者,如果看见色聚微粒或三十二身分正在崩解,便把它们提到三相上修毗婆舍那,或者观它们生灭,就会更加偏离正道。
ဝိပဿနာဉာဏ်၏ အရှုခံအာရုံများမှာ ရုပ်အစစ် နာမ်အစစ် ပရမတ်အစစ်များသာ ဖြစ်ကြ၏။ ရုပ်ကလာပ် တစ်ခုတစ်ခု၏ အတွင်း၌ တည်ရှိသော (၈)မျိုး၊ (၉)မျိုး၊ (၁ဝ)မျိုး စသော ရုပ်ပရမတ်တရား၊ နာမ်ကလာပ် တစ်ခုတစ်ခု၏ အတွင်း၌ တည်ရှိသော (၈)မျိုး၊ (၁၁)မျိုး၊ (၁၂)မျိုး၊ (၃၄)မျိုး စသော နာမ်ပရမတ်တရားတို့ကို ဝိပဿနာဉာဏ်ပညာမျက်စိဖြင့် ခွဲခြားစိတ်ဖြာ၍ ဓာတ်ခွဲနိုင် ရှုနိုင်ပါမှ ရုပ်အစစ် နာမ်အစစ် ပရမတ်အစစ် ဓာတ် အနှစ်ကို တွေ့မည် ဖြစ်၏။ ရုပ်အစစ် နာမ်အစစ် ပရမတ်အစစ် ဓာတ်အနှစ်ကိုမျှ မသိမမြင်သေးဘဲ ဖြစ်-ပျက် ဖြစ်-ပျက်ဟု ဝိပဿနာရှုနေလျှင်ကား ပိုးသာကုန်၍ မောင်ပုံစောင်းမတတ် ဖြစ်ချေမည်၊ ဘုရားသာသနာနှင့် အလွဲကြီး လွဲလေပြီ၊ သတိရှိစေ။
观智所观的所缘,只能是真实色、真实名、真实胜义法。必须以观智之眼分析、辨别每一粒色聚中所含八种、九种、十种等胜义色法,以及每一名聚中所含八种、十一种、十二种、三十四种等胜义名法,能够这样观照以后,才能见到真实色、真实名、真实胜义法的法体精髓。若连真实色、真实名、真实胜义法的法体精髓都还没有知见,就只喊着‘生灭、生灭’修观,终究只是徒费工夫而不能掌握实修,已经大大偏离佛陀的教法;务须谨慎。
နိမိတ်သုံးမျိုး နှင့် ဘာဝနာသုံးမျိုး
三种禅相与三种修习
ဗန်းငယ် ဆန်ကောငယ် စလောင်းဖုံးငယ် ပမာဏခန့်ရှိသော သေးငယ်သော အဖြူရောင်ကသိုဏ်း ပဋိ- ဘာဂနိမိတ်ကို အပ္ပနာစျာန်သို့ မဆိုက်ခင်မှာပင် ဖြစ်စေ၊ အပ္ပနာစျာန်သို့ ဆိုက်ပြီးနောက်မှပင် ဖြစ်စေ ကသိုဏ်း ဝန်းကို တိုးပွားအောင် ပြုလုပ်ခဲ့သော် စကြဝဠာတစ်ခုလုံးမှသည် စကြဝဠာအနန္တသို့တိုင်အောင် ဖြန့်ကြက်နိုင်၏။
小簸箕、小盘或碗盖大小的白遍似相,无论在尚未达到安止禅以前,还是达到安止禅以后,只要扩大遍圆,就能从一个世界一直扩展到无量世界。
ထိုသို့ ဖြန့်ကြက်ပြီးနောက် ကြီးမားကျယ်ပြန့်သွားသော ထိုကသိုဏ်းဝန်းကို သို့မဟုတ် ထိုကသိုဏ်းဝန်း၏ အစိတ် အပိုင်း တစ်ခုကို အာရုံပြု၍ အဖြူ အဖြူဟုပင် ထပ်ကာထပ်ကာ ရှုပွားသုံးသပ်နေပါက ဘာဝနာစိတ်သည် ထို အဖြူရောင်ကသိုဏ်းဝန်းအာရုံ၌ တဖြည်းဖြည်း ငြိမ်ဝပ်စွာကပ်၍ တည်လာပေလိမ့်မည်။ ထိုကသိုဏ်းဝန်းနိမိတ် သည်လည်း တဖြည်းဖြည်း ပရိကမ္မနိမိတ်မှသည် ဥဂ္ဂဟနိမိတ်သို့၊ ဥဂ္ဂဟနိမိတ်မှသည် ပဋိဘာဂနိမိတ်သို့တိုင်အောင် ပြောင်းလဲသွားမည် ဖြစ်၏။ ထိုပဋိဘာဂနိမိတ်ကား အလွန်စင်ကြယ်သန့်ရှင်း၏။ ဥဂ္ဂဟနိမိတ်၌ အပြစ်ဒေါသ အနည်းငယ်ရှိသော်လည်း ဤပဋိဘာဂနိမိတ်ကား အပြစ်ဒေါသ လုံးဝကင်းစင်၍ စကြဝဠာအနန္တသို့တိုင်အောင် ပျံ့သွားသော်လည်း ကသိုဏ်းဝန်း၌ မညီညာမှုများ လုံးဝမရှိဘဲ အလွန်ညီညာချောမွေ့သော အလွန်သန့်ရှင်း စင်ကြယ် ကြည်လင်သော နိမိတ် ဖြစ်နေပေမည်။ ထိုနိမိတ်၌ကား ပုံသဏ္ဌာန်လည်း မရှိတော့ပေ။ ဤတွင်
扩展以后,取这个已经广大扩展的遍圆,或取其中一部分为所缘,反复观修、审察‘白、白’,修习心就会逐渐安静地贴住白遍圆所缘而安住。这个遍圆之相也会逐渐从遍作相转为取相,再从取相转为似相。似相极其清净;取相还略有瑕疵,似相则完全无垢。即使扩展至无量世界,遍圆中也完全没有不平整之处,而是极其平整、光洁、清净、明澈的相;此时也不再有形状。这里——
နိမိတ်သုံးမျိုးနှင့် ဘာဝနာသုံးမျိုးကို ထပ်မံ၍ ရှင်းလင်းတင်ပြအပ်ပါသည်။
——再次说明三种禅相与三种修习。
၁။ အရိုးစုအာရုံ၌ အဖြူ အဖြူ ဟု အဖြူရောင်သြဒါတကသိုဏ်းနိမိတ်ကို ယူနေခိုက် ထိုနိမိတ်မှာ ပရိကမ္မ နိမိတ် ဖြစ်၏။ ထိုအဖြူရောင် ပရိကမ္မနိမိတ်ကို အာရုံယူ၍ အဖြူ အဖြူဟု ဘာဝနာလုပ်ငန်းရပ်ကို စတင် ပြုစု ပျိုးထောင်မှုသည် ပရိကမ္မဘာဝနာ မည်၏။ ထိုအခိုက်၌ ဖြစ်ပေါ်နေသော သမာဓိကို ပရိကမ္မဘာဝနာသမာဓိ ဟုလည်း ခေါ်ဆိုနိုင်ပေသည်။ အဇ္စျတ္တ အရိုးကောဋ္ဌာသ၌လည်းကောင်း၊ ဗဟိဒ္ဓ အရိုးကောဋ္ဌာသ၌လည်းကောင်း အဇ္စျတ္တ ဗဟိဒ္ဓ နှစ်မျိုးလုံး၌ ဤပရိကမ္မဘာဝနာသညာကို ရရှိနိုင်ပေသည်။
一、在骸骨所缘上取白遍之相,作意‘白、白’时,这个相是遍作相。取白色遍作相为所缘,开始培育‘白、白’这一修习作业,称为遍作修习;此时生起的定也可称为遍作修习定。无论在内在骸骨身分、外在骸骨身分,还是内外两者之上,都可以获得这种遍作修习之想。
၂။ အကြင်အခါ၌ကား ထိုအဖြူရောင် ပရိကမ္မနိမိတ်ကို စိတ်ဖြင့် ကောင်းစွာ ယူနိုင်၏၊ ပကတိသော ပသာဒ စက္ခုဖြင့် မြင်ရသကဲ့သို့ မနောဒွါရ၌ ထင်လာ၏။ အရိုးစုကောဋ္ဌာသ ပျောက်၍ အဖြူရောင်ကသိုဏ်းဝန်း ဖြစ်- လာ၏။ ထိုအခါ၌ ယောဂါဝစရပုဂ္ဂိုလ်သည် အဇ္စျတ္တ အရိုးစုကောဋ္ဌာသမှစ၍ အဖြူရောင်ကသိုဏ်းဝန်း၌ ပရိကမ္မ
二、到了能够以心善取白色遍作相、使它如同肉眼所见般显现在意门时,骸骨身分消失,白色遍圆出现。如果瑜伽行者是从内在骸骨身分开始,正在努力获得遍作——
原书第 582 页
ဘာဝနာသညာကို ရရှိအောင် ကြိုးစားအားထုတ်နေသူဖြစ်လျှင် ဗဟိဒ္ဓ အရိုးစုကောဋ္ဌာသ၏ အဖြူရောင်ကို အာရုံယူ၍ ပရိကမ္မဘာဝနာသညာကို ရရှိအောင် ပြောင်း၍ ရှုလိုက ရှုနိုင်ပြီ။ (အကယ်၍ ဗဟိဒ္ဓသို့ ပြောင်း၍ မရှုလိုဘဲ အဇ္စျတ္တ အရိုးစုကောဋ္ဌာသ၌သာ အပ္ပနာစျာန်သို့ တိုင်အောင် ကြိုးစားလိုကလည်း ကြိုးစားနိုင်ပေ သည်။) အကယ်၍ ဗဟိဒ္ဓ အရိုးစုကောဋ္ဌာသ၏ အဖြူရောင်ကို အာရုံယူ၍ အဖြူရောင်ကသိုဏ်း ပရိကမ် လုပ် ငန်းကို စတင်ပြုစုပျိုးထောင်သူ ပရိကမ္မဘာဝနာသညာကို ရရှိအောင် ကြိုးစားအားထုတ်သူဖြစ်လျှင် အခြား ဗဟိဒ္ဓအရိုးစုကောဋ္ဌာသသို့ ထပ်ပြောင်းနေဖွယ် မလိုတော့ပေ။ မူလအရိုးစုကောဋ္ဌာသမှ အဖြူရောင်ကသိုဏ်း ဝန်းအဖြစ် ထင်လာမြင်လာသော ထိုနိမိတ်ကား ဥဂ္ဂဟနိမိတ်တည်း။ ဘာဝနာမှာ အဖြူရောင်ကသိုဏ်း ပရိကမ် လုပ်ငန်းကို ပြုစုပျိုးထောင်နေသည့် ပရိကမ္မဘာဝနာသာ ရှိသေး၏။ သို့သော် ထိုဘာဝနာကား အဖြူရောင်
——修习之想,这时若想转到外在,也可以取外在骸骨身分的白色为所缘,转而努力获得遍作修习之想。〔若不想转向外在,想只在内在骸骨身分上努力直至安止禅,也可以这样做。〕如果本来就是取外在骸骨身分的白色为所缘,开始培育白遍遍作、努力获得遍作修习之想,就不必再转到其他外在骸骨身分。由原来的骸骨身分显现为白色遍圆的这个相,就是取相;此时的修习仍只是培育白遍遍作作业的遍作修习。不过,这一修习已经安静地——
ကသိုဏ်းအာရုံ၌ ငြိမ်ဝပ်စွာ ကပ်၍ တည်နေပြီ ဖြစ်၏၊ ပရိကမ္မဘာဝနာသမာဓိဟုပင် ခေါ်ဆိုနိုင်၏။ ဝိသုဒ္ဓိမဂ္ဂ အဋ္ဌကထာ (ဝိသုဒ္ဓိ-၁-၁၄ဝ။)၊ အဋ္ဌသာလိနီအဋ္ဌကထာ (အဘိ-ဋ္ဌ-၁-၁၆ဝ။)၊ မဟာနိဒ္ဒေသအဋ္ဌကထာ (မဟာနိ- ဋ္ဌ-၁၁၁။)တို့၌ သုခသည် ကိုယ်ဝန်တည်၍ ရင့်ကျက်ခြင်းသို့ ရောက်လတ်သော် ခဏိကသမာဓိ ဥပစာရသမာဓိ အပ္ပနာသမာဓိဟူသော သုံးမျိုးကုန်သော သမာဓိကို ပြည့်စေနိုင်၏ဟု ဖွင့်ဆိုထား၏။ ပဋိသမ္ဘိဒါမဂ္ဂအဋ္ဌကထာ (ပဋိသံ-ဋ္ဌ-၁-၁၁၇။)၌ကား ခဏိကသမာဓိ ဝိပဿနာသမာဓိ ဥပစာရသမာဓိ ပဌမဇ္စျာနသမာဓိဟု လေးမျိုး ဖွင့်ဆိုထား၏။ ဤပရိကမ္မဘာဝနာသမာဓိကိုပင် ခဏိကသမာဓိဟူ၍လည်း ယင်းအဋ္ဌကထာတို့၌ ခေါ်ဝေါ် သုံးစွဲထားပေသည်။
——贴住白遍所缘而安住,也可以称为遍作修习定。《清净道论》义注(《清净道论》1-140)、《殊胜义注》(《殊胜义注》1-160)及《大义释义注》(《大义释义注》111)解释:乐以定为胎,渐至成熟时,能圆满刹那定、近行定与安止定三种定。《无碍解道义注》(《无碍解道义注》1-117)则解释为刹那定、毗婆舍那定、近行定与初禅定四种。上述义注也把这里的遍作修习定称为刹那定。
၃။ ထိုသို့ ပရိကမ္မဘာဝနာသမာဓိဖြင့် အဖြူရောင်ကသိုဏ်းအာရုံ၌ ငြိမ်ဝပ်စွာကပ်၍ တည်ကြည်နေသော သမာဓိရှိသော ယောဂါဝစရပုဂ္ဂိုလ်သူမြတ်၏ သန္တာန်၌ ထိုနောင် ထိုဥဂ္ဂဟနိမိတ်၌ပင် ပရိကမ္မဘာဝနာသမာဓိဖြင့် အဖြူ အဖြူဟု အဖန်တလဲလဲ ပွားများအားထုတ်ခြင်း ဘာဝနာလုပ်ငန်းရပ်ကို ဆက်လက်၍ ကြိုးပမ်းခဲ့သော် အရိုးစုကောဋ္ဌာသအာရုံပေါ်၌ ထင်နေသော အဖြူရောင် သြဒါတကသိုဏ်းဝန်းနှင့် ပုံစံတူ အဖြူရောင် သြဒါတ ကသိုဏ်းဝန်းသည် မူလတည်ရာ အရိုးစုအာရုံနိမိတ်မှ လွတ်၍ တည်နေသည် ဖြစ်အံ့၊ တစ်နည်း -- မူလ အဖြူ- ရောင် သြဒါတကသိုဏ်းဝန်း၏ တည်ရာဖြစ်သော အရိုးစုကောဋ္ဌာသအာရုံသည် ပျောက်ကွယ်သွား၍ ဆွတ်ဆွတ် ဖြူနေသော အဖြူရောင် သြဒါတကသိုဏ်းဝန်းသာ တည်နေသည် ဖြစ်အံ့၊ ထိုကသိုဏ်းဝန်းကား ဘာဝနာသညာ ကြောင့် ဖြစ်ပေါ်လာသော ပညတ်အဖြူရောင် သြဒါတကသိုဏ်းဝန်းအာရုံတည်း။ ထိုအာရုံသည် ယောဂါဝစရ ပုဂ္ဂိုလ်၏စိတ်၌ ငြိမ်သက်စွာ တည်နေ၏၊ လှုပ်ရှားမှု မရှိ၊ ဘာဝနာစိတ်၌ ကောင်းစွာ သွင်းထားအပ်သကဲ့သို့ဖြစ်၏။
三、瑜伽行者以遍作修习定安静、稳固地贴住白遍所缘以后,继续就在取相上以遍作修习定反复培育、用功作意‘白、白’。这时,另一个形状与显现在骸骨身分所缘上的白遍圆相同的白遍圆,脱离原来的骸骨所缘之相而安住;换言之,作为原白遍圆依处的骸骨身分所缘消失,只剩下一片纯白的白遍圆。这一遍圆是由修习之想产生的概念白遍圆所缘;它静静安住在瑜伽行者心中,不动不摇,仿佛已经善巧地置入修习心中。
မပျောက်မပျက် ကွက်ကွက်ကွင်းကွင်း ရှင်းရှင်းလင်းလင်း ကြည်ကြည်လင်လင် ထင်ထင်ရှားရှား ထင်လာ၏။
它不消失、不残缺,鲜明、清楚、澄澈、明亮而显著地呈现。
ထိုနိမိတ်ကား ဥဂ္ဂဟနိမိတ်ထက် အဆအရာအထောင်မက သာလွန်၍ ကြည်လင်၏။ ဆွတ်ဆွတ်ဖြူသော ဗျိုင်း ငယ်သည် ညိုမှောင်သော မိုးတိမ်တိုက်အတွင်း၌ ပျံဝဲနေသကဲ့သို့၊ တိမ်တိုက်ကြားမှ ထွက်ပေါ်လာသော လဝန်း ကဲ့သို့၊ ဥဂ္ဂဟနိမိတ်ကို ဖောက်ခွဲ၍ ထွက်လာသကဲ့သို့ ထိုဥဂ္ဂဟနိမိတ်ထက် အဆပေါင်း အရာအထောင်မက စင်ကြယ်သည်ဖြစ်၍ ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်ဝ၌ ထင်လာ၏။
这个相比取相清澈百千倍。它如纯白的小鹭飞翔在深暗的云层中,又如月轮从云隙中显出,仿佛破开取相而出;它比取相清净百千倍,显现在瑜伽行者的智门中。
ထိုနိမိတ်ကား ပရမတ္ထဓမ္မမှ လွတ်နေသော ပညတ်သက်သက်သာတည်း။ မူလပရိကမ္မနိမိတ် ဥဂ္ဂဟနိမိတ် တို့၏တည်ရာ အရိုးစုကောဋ္ဌာသကား ဤ၌ သက်ရှိသတ္တဝါတို့၏အရိုးစုကောဋ္ဌာသ ဖြစ်ခြင်းကြောင့် ရုပ်ကမ္မဋ္ဌာန်း ပိုင်းတွင်း ရေးသားတင်ပြခဲ့သည့်အတိုင်း (၄၄)မျိုးသော ရုပ်ပရမတ်တရားတို့၏ အစုအပုံသာတည်း။ ထိုကြောင့် ပရိကမ္မနိမိတ် ဥဂ္ဂဟနိမိတ်တို့ကား ပရမတ္ထဓမ္မမှ မလွတ်သေးပေ။ ယင်း ဥဂ္ဂဟနိမိတ်မှ လွတ်ထွက်လာသော အလွန် ကြည်လင်တောက်ပနေသော ဤနိမိတ်ကား မူလပရိကမ္မနိမိတ် ဥဂ္ဂဟနိမိတ်များနှင့် အလားတူသော- ကြောင့် ပဋိဘာဂနိမိတ်တည်း။ ထိုနိမိတ်ကို အာရုံယူ၍ ပွားများနေသော ကာမာဝစရသမာဓိကား နီဝရဏ
这个相只是脱离胜义法的纯概念。原先作为遍作相、取相依处的骸骨身分,因为属于有生命有情的骸骨身分,正如色业处篇所说,只是四十四种胜义色法之聚;所以遍作相与取相还没有脱离胜义法。这个从取相中脱颖而出、极其清澈明亮的相,与原来的遍作相、取相相似,因而称为似相。以该似相为所缘而修习的欲界定,能够镇伏诸——
原书第 583 页
သမထကမ္မဋ္ဌာန်းပိုင်း -- သြဒါတကသိုဏ်း ဘေးရန်များကို ပယ်ခွာနိုင်၏။ ထိုဘာဝနာကို ဥပစာရဘာဝနာဟု ခေါ်ဆို၍ ထိုသမာဓိကို ဥပစာရသမာဓိဟု ခေါ်ဆိုလေသည်။ ဤအပိုင်းတွင် နိမိတ်ကို တိုးပွားအောင် ပြုလုပ်လိုပါက ပြုလုပ်နိုင်သည်။
——盖敌。这样的修习称为近行修习,这样的定称为近行定。在这个阶段,如果想扩大禅相,也可以扩大。
ထိုပဋိဘာဂနိမိတ်ကိုပင် ဥပစာရသမာဓိဖြင့် ဆက်လက်ပွားများခဲ့သော် ထိုပဋိဘာဂနိမိတ်ကို အာရုံပြု၍ သမာဓိကို ဆက်လက်ထူထောင်ခဲ့သော် ရူပါဝစရ ပထမစျာန်သမာဓိသို့ ဆိုက်ရောက်နိုင်၏။ ထိုရူပါဝစရ ပထမ စျာန်သမာဓိကို အပ္ပနာသမာဓိဟု ခေါ်ဆိုပေသည်။ ထိုဘာဝနာကိုလည်း အပ္ပနာဘာဝနာဟု ခေါ်ဆိုပေသည်။
若继续以近行定培育这个似相,继续取似相为所缘建立定,就能达到色界初禅定。这个色界初禅定称为安止定;这种修习也称为安止修习。
ဤကား ဉာဏ်ကြီးရှင်တို့အတွက်တည်း။ ဤအပိုင်းတွင်လည်း အဖြူရောင်ကသိုဏ်းဝန်းနိမိတ်သည် ကြီးမား ကျယ်ပြန့်မှု မရှိသေးက တိုးပွားအောင် ပြုလုပ်လိုပါက ပြုလုပ်နိုင်ပေသည်။ ကသိုဏ်းဝန်းကို တိုးပွားအောင် ဖြန့်ကြက်ပြီးနောက် ဖြစ်ပေါ်လာသော ပရိကမ္မနိမိတ် ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ်တို့ကို အာရုံယူ၍ အစဥ်အတိုင်း ဖြစ်ပေါ်လာသော ပရိကမ္မသမာဓိ ဥပစာရသမာဓိ အပ္ပနာသမာဓိတို့၌လည်း နည်းတူ သဘောပေါက်ပါလေ။
以上是为智慧锐利者而说。在这个阶段,若白色遍圆之相还不广大,也可以把它扩大。扩大遍圆以后,取依次生起的遍作相、取相、似相为所缘,而依次生起遍作定、近行定、安止定,也应以同样方式理解。
(ဝိသုဒ္ဓိ-၁-၁၂၂။ အဘိဓမ္မတ္ထသင်္ဂဟ ကမ္မဋ္ဌာန်းပိုင်း ကြည့်ပါ။)
(参见《清净道论》1-122;《阿毗达磨义论》业处品。)
ဆန်ကောငယ် ဗန်းငယ် စလောင်းဖုံးငယ်လောက် သေးငယ်သော အဖြူရောင် သြဒါတကသိုဏ်းဝန်း ပဋိဘာဂနိမိတ်၌ အပ္ပနာစျာန်သမာဓိသို့ ဆိုက်လောက်အောင် ဉာဏ်မထက်မြက်သူတို့မှာကား တစ်ထိုင်တည်း အတွင်းမှာပင် ပဋိဘာဂနိမိတ်ပေါ်လာပြီးနောက် ထိုနိမိတ်ကို တိုးပွားအောင် ပြုလုပ်၍ အပ္ပနာစျာန်သို့ ဆိုက်- အောင် ရှုပွားနိုင်ရန် မစွမ်းနိုင်ပေ။ သို့သော် ထိုပဋိဘာဂနိမိတ်၏ ဖြစ်ပေါ်လာခြင်း မည်သည်ကား အလွန် ခဲခဲ ယဥ်းယဥ်း ပြုကျင့်ရသော လုပ်ငန်းရပ်တစ်ခု ဖြစ်၏။ ထိုကြောင့် ကသိုဏ်းဝန်းကို ဖြန့်ကြက်လျက် အပ္ပနာစျာန်သို့ ဆိုက်ရောက်အောင် တစ်ရှိန်ထိုး ကြိုးပမ်းရန် မစွမ်းဆောင်နိုင်သော ယောဂါဝစရ ပုဂ္ဂိုလ်သူမြတ်သည် ---- စကြာမင်း ဖြစ်လိမ့်မည်ဟု ဟောကိန်းထွက်ထားပြီးသော ကိုယ်ဝန်သားငယ်ကို မယ်တော်မိဖုရားကြီးက အထူး ယုယစောင့်ရှောက်သကဲ့သို့ ထိုရအပ်ပြီးသော ပဋိဘာဂနိမိတ်ကို ပျောက်ကွယ်မသွားအောင် အသပ္ပါယ ခုနစ်ပါး
智慧不够锐利者,无法在小簸箕、小盘或碗盖大小的白遍圆似相上达到安止禅定;也没有能力在一次坐禅之内,似相出现以后便立即扩大它,修到安止禅。然而,似相的出现本身就是一项极难成就的修习。因此,若瑜伽行者不能扩大遍圆、一路努力直至安止禅,就应像王后特别爱护已经预言将成为转轮王的胎儿那样,珍护自己已经获得的似相,使它不致消失;他应远离七种不适宜——
တို့ကို ရှောင်ရှားလျက် သပ္ပါယ ခုနစ်ပါးတို့ကို မှီဝဲလျက် အပ္ပနာကောသလဒတရား (၁ဝ)ပါးနှင့် ပြည့်စုံအောင် ဖြည့်ကျင့်လေရာသည်။ ဣန္ဒြေ ငါးပါး ဗောဇ္စျင် ခုနစ်ပါးတို့ကို ညီမျှအောင် ကြိုးပမ်းလေရာသည်။ (ကြိုးစားပုံ အစီအရင်ကို အာနာပါနဿတိသမာဓိပိုင်းတွင် ပြန်ကြည့်ပါ။)
——亲近七种适宜,并努力具足十种安止善巧法;还应努力使五根与七觉支达到平衡。〔用功次第请回看入出息念定篇。〕
စျာန်အင်္ဂါ ငါးပါး
五禅支
၁။ ဝိတက် = အဖြူရောင်ကသိုဏ်း ပဋိဘာဂနိမိတ်အာရုံပေါ်သို့ စိတ်ကို ရှေးရှူတင်ပေးခြင်းသဘော။
一、寻——把心导向、投置在白遍似相所缘上的性质。
၂။ ဝိစာရ = အဖြူရောင်ကသိုဏ်း ပဋိဘာဂနိမိတ်အာရုံကို ထပ်ကာထပ်ကာ သုံးသပ်ဆင်ခြင်ခြင်းသဘော။
二、伺——反复审察白遍似相所缘的性质。
၃။ ပီတိ = အဖြူရောင်ကသိုဏ်း ပဋိဘာဂနိမိတ်အာရုံကို နှစ်သက်ခြင်းသဘော။
三、喜——喜爱白遍似相所缘的性质。
၄။ သုခ = အဖြူရောင်ကသိုဏ်း ပဋိဘာဂနိမိတ်အာရုံ၏ အရသာကို ချမ်းချမ်းသာသာ ခံစားခြင်းသဘော။
四、乐——安乐地体验白遍似相所缘之味的性质。
၅။ ဧကဂ္ဂတာ = အဖြူရောင်ကသိုဏ်း ပဋိဘာဂနိမိတ်အာရုံ တစ်ခုတည်းပေါ်သို့ စိတ်ကျရောက် တည်ငြိမ် နေခြင်းသဘော။
五、一境性——心只落在白遍似相这一所缘上,安定而住的性质。
ယောဂါဝစရပုဂ္ဂိုလ်သည် အထက်တွင် ရေးသားတင်ပြခဲ့သည့်အတိုင်း အဖြူရောင်ကသိုဏ်းဝန်းကို အရပ် ဆယ်မျက်နှာသို့ တိုင်အောင် စွမ်းအားရှိသလောက် ဖြန့်ကြက်ပြီးနောက် ရရှိလာသော အဖြူရောင်ကသိုဏ်း ပဋိဘာဂနိမိတ်ကို၊ သပ္ပါယ ခုနစ်ပါးတို့ကို ပြည့်စုံစေလျက် အပ္ပနာကောသလဒတရား ဆယ်ပါးတို့ကို ပြီးစီးပြည့်စုံ စေလျက်၊ ဥပစာရသမာဓိဘာဝနာဖြင့် အဖန်ဖန် အထပ်ထပ် မှီဝဲပွားများခဲ့သည်ရှိသော် မကြာမြင့်မီ အချိန်ကာလ အတွင်းမှာပင် နီဝရဏများ ကွာရှဲကာ စျာန်အင်္ဂါ ငါးပါးနှင့် ပြည့်စုံသည့် ပထမစျာန်သမာဓိသို့ ဆိုက်ရောက် ပေလတ္တံ့။
瑜伽行者依照上述方法,尽自己的能力把白遍圆扩展到十方;然后具足七种适宜、圆满十种安止善巧法,以近行定修习反复亲近、培育所获得的白遍似相。不久诸盖便会远离,他将达到具足五禅支的初禅定。
原书第 584 页
ဣဓ ဘိက္ခဝေ ဘိက္ခု ဝိဝိစ္စေဝ ကာမေဟိ ဝိဝိစ္စ အကုသလေဟိ ဓမ္မေဟိ သဝိတက္ကံ သဝိစာရံ ဝိဝေကဇံ ပီတိသုခံ ပဌမံ စျာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ (မ-၁-၈၉။) ရဟန်းတို့ …ဤသာသနာတော်၌ ရဟန်းသည် ကာမဂုဏ်တို့မှ ကင်း၍သာလျှင် အကုသိုလ်တရားတို့မှ ကင်း၍သာလျှင် ဝိတက်နှင့်တကွဖြစ်သော ဝိစာရနှင့်တကွဖြစ်သော နီဝရဏကင်းဆိတ်ခြင်းကြောင့် ဖြစ်ပေါ် လာသည့် ပီတိ သုခရှိသော ပထမစျာန်သို့ ရောက်၍ နေ၏။ (မ-၁-၈၉။)
‘诸比丘,在此教法中,比丘远离诸欲,远离不善法,进入并安住于有寻有伺、离生喜乐的初禅。’(《中部》1-89。)
ဒုတိယစျာန်သို့
趋向第二禅
မိမိရရှိထားပြီးသော ပထမစျာန်ကို ဝသီဘော်ငါးတန်တို့ဖြင့် နိုင်နင်းအောင် လေ့ကျင့်ပြီးသော ယောဂါဝစရ ပုဂ္ဂိုလ်သူမြတ်သည် အဝါးဝစွာ လေ့လာအပ်ပြီးသော အဖြူရောင် သြဒါတကသိုဏ်းလျှင် အာရုံရှိသော ပထမ စျာန်မှ ထ၍ ပထမစျာန်၏ အပြစ်ဒေါသကို ဤသို့ဆင်ခြင်အပ်၏။ ဤပထမစျာန်သမာပတ်ကား နီဝရဏ ပယ်- ခွာရေးလုပ်ငန်း၌ ရှေးဦးပထမ ဖြစ်သောကြောင့် နီးကပ်သော နီဝရဏ ရန်သူရှိ၏ဟုလည်းကောင်း၊ သြဒါတ ကသိုဏ်း ပဋိဘာဂနိမိတ်အာရုံပေါ်သို့ ဘာဝနာစိတ်ကို ရှေးရှုတင်ပေးရခြင်း ဝိတက်၊ သြဒါတကသိုဏ်း ပဋိဘာဂ နိမိတ်အာရုံကို ထပ်ကာထပ်ကာ သုံးသပ်ဆင်ခြင်ခြင်း ဝိစာရ -- ဤစျာန်အင်္ဂါ နှစ်ပါးတို့သည်ကား ငြိမ်သက်မှု သမာဓိစွမ်းအင်ကို အလိုရှိနေသော ယောဂါဝစရပုဂ္ဂိုလ်သူမြတ်အတွက် အလွန်ပင်ပန်းသော တရားများဖြစ်နေ၍ ရုန့်ရင်းကြမ်းတမ်းနေ၏။ အာရုံပေါ်သို့ ဘာဝနာစိတ်ကို တင်တင်ပေးနေရခြင်း အာရုံကို ထပ်ကာထပ်ကာ သုံးသပ်
瑜伽行者已经以五自在熟练掌握自己所证的初禅;从已经熟习、以白遍为所缘的初禅出定以后,应如此省察初禅的过患:一、初禅等至在镇伏诸盖的修习中位居最初,因而邻近诸盖这一敌对法;二、寻——把修习心导向、投置在白遍似相所缘上,以及伺——反复审察白遍似相所缘,这两个禅支对于希求寂静定力的瑜伽行者而言,是极其费力而粗重的法。不断把修习心投置在所缘上、不断审察所缘,对于希求——
နေရခြင်း သဘောတို့သည် ငြိမ်သက်မှုသမာဓိကို အလိုရှိသော ပုဂ္ဂိုလ်အဖို့ စိတ်၏ ကြမ်းတမ်းသော အမူအရာ တစ်မျိုး ဖြစ်နေ၏။ ရုန့်ရင်းကြမ်းတမ်းသော အရာဝတ္ထုမည်သည် ပြန့်ပြောကြီးမားသော်လည်း အကာကဲ့သို့ လွယ်ကူစွာ ချိုးဖျက်နိုင်၏။ သို့အတွက် စျာန်အင်္ဂါများကား အားနည်းလှ၏ဟုလည်းကောင်း - ဤသို့ ပထမစျာန်၏ အပြစ်ကို မြင်အောင်ရှု၍၊ ဒုတိယစျာန်ကို ငြိမ်သက်သော တရားဟူ၍ နှလုံးသွင်းပြီးလျှင်၊ ပထမစျာန်၌ လိုချင် ငဲ့ကွက် တသက်သက်ရှိခြင်းကို ကုန်စေ၍ ဒုတိယစျာန်ကို ရရှိခြင်းငှာ ဘာဝနာလုပ်ငန်းရပ်၌ ကြိုးစားအားထုတ်- ခြင်းကို ပြုအပ်ပေ၏။
——寂静定力者而言,是一种粗重的心理活动。粗重之物即使广大,也像硬壳一样容易折断;所以初禅的禅支力量薄弱。瑜伽行者应这样观见初禅的过患,把第二禅作意为寂静之法,断尽对初禅的希求与眷恋,为证得第二禅而努力修习。
ထိုသို့ အားထုတ်လတ်သော် ထိုယောဂါဝစရပုဂ္ဂိုလ်အား အကြင်အခါ၌ သြဒါတကသိုဏ်း ပဋိဘာဂနိမိတ် လျှင် အာရုံရှိသော ပထမစျာန်မှ ထ၍ သတိနှင့် ပြည့်စုံသည်ဖြစ်၍ သမ္ပဇဥ်ဉာဏ်နှင့် ပြည့်စုံသည်ဖြစ်၍ စျာန်အင်္ဂါ ငါးပါးတို့ကို ရှေးရှုဉာဏ်ဖြင့် သက်၍ ဆင်ခြင်စဥ် ဝိတက်ဝိစာရတို့သည် ရုန့်ရင်းကြမ်းတမ်းသောအားဖြင့် ထင်လာ ကုန်၏၊ ပီတိ သုခ ဧကဂ္ဂတာတို့သည် ငြိမ်သက်သောအားဖြင့် ထင်လာကုန်၏၊ ထိုအခါ၌ ရုန့်ရင်းကြမ်းတမ်းသော ဝိတက် ဝိစာရ စျာန်အင်္ဂါတို့ကို ပယ်ခြင်းငှာလည်းကောင်း၊ ငြိမ်သက်သော ပီတိ သုခ ဧကဂ္ဂတာတို့ကို ရရှိခြင်းငှာ လည်းကောင်း ထိုသြဒါတကသိုဏ်း ပဋိဘာဂနိမိတ်ကိုပင်လျှင် အာရုံပြု၍ အဖြူ အဖြူ ဟု အဖန်ဖန် အထပ်ထပ် နှလုံးသွင်းသော ထိုယောဂါဝစရပုဂ္ဂိုလ်သည် မကြာမီ အချိန်ကာလ အတွင်းမှာပင်လျှင် ဝိတက် ဝိစာရတို့ ငြိမ်း- သွားသော ပီတိ သုခ ဧကဂ္ဂတာဟူသော စျာန်အင်္ဂါ သုံးပါးသာ ကျန်ရှိသော ဒုတိယစျာန်သို့ ဆိုက်ရောက်နိုင်
如此用功时,瑜伽行者从以白遍似相为所缘的初禅出定,具足念与正知智,以省察智转向、审察五禅支;这时,寻、伺显得粗重,喜、乐、一境性则显得寂静。于是,为了舍离寻、伺这两个粗重禅支,获得喜、乐、一境性三个寂静禅支,他仍以白遍似相为所缘,反复作意‘白、白’。不久,寻与伺便会止息,只余喜、乐、一境性三个禅支,他就能达到——
ပေသည်။ (ဝိသုဒ္ဓိ-၁-၁၅ဝ-၁၅၂။) ဝိတက္ကဝိစာရာနံ ဝူပသမာ အဇ္စျတ္တံ သမ္ပသာဒနံ စေတသော ဧကောဒိဘာဝံ အဝိတက္ကံ အဝိစာရံ သမာဓိဇံ ပီတိသုခံ ဒုတိယံ စျာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ (မ-၁-၈၉။) ဝိတက်ဝိစာရတို့၏ ငြိမ်းခြင်းကြောင့် မိမိ၏ကိုယ်တွင်းအဇ္စျတ္တသန္တာန်၌ စိတ်ကို ကြည်လင်စေတတ်သော မြတ်သော တည်ကြည်မှု သမာဓိကို ပွားစေတတ်သော ဝိတက်လည်း မရှိသော ဝိစာရလည်း မရှိသော ပထမ စျာန်သမာဓိကြောင့်ဖြစ်သော တစ်နည်း သမ္ပယုတ်သမာဓိကြောင့်ဖြစ်သော ပီတိ သုခရှိသော ဒုတိယစျာန်သို့
——第二禅。(《清净道论‘由于寻与伺止息,在自身内在相续中,使心明净的殊胜定力得以增长;其中无寻、无伺,并具足由初禅定而生——另一释为由相应定而生——的喜与乐的第二禅——’
原书第 585 页
သမထကမ္မဋ္ဌာန်းပိုင်း -- သြဒါတကသိုဏ်း ရောက်၍နေ၏။ (မ-၁-၈၉။)
——他成就并安住于第二禅。’(《中部》1-89。)
တတိယစျာန်သို့
趋向第三禅
ဤဒုတိယစျာန်ကိုလည်း ဝသီဘော်ငါးတန် နိုင်နင်းအောင် လေ့ကျင့်ပါ။ ယင်းစျာန်ကို ဝသီဘော်ငါးတန် နိုင်နင်းအောင် လေ့ကျင့်ပြီးသော် ယောဂါဝစရပုဂ္ဂိုလ်သည် အဝါးဝစွာ လေ့လာအပ်ပြီးသော ဒုတိယစျာန်မှ ထ၍ ဤဒုတိယစျာန်သမာပတ်ကား နီးကပ်သော ဝိတက် ဝိစာရဟူသော ရန်သူရှိ၏ဟုလည်းကောင်း၊ ထိုဒုတိယစျာန် သမာပတ်၌ စိတ်၏ လောက်လက်ပေါ်သည်၏ အဖြစ်ဟူသော ပေါ်လွင်သော အခြင်းအရာအားဖြင့် ဖြစ်သော အကြင်ပီတိသည် ရှိ၏၊ ဤပီတိကြောင့်ပင်လျှင် ဤဒုတိယစျာန်ကို ရုန့်ရင်းကြမ်းတမ်း၏ဟူ၍ ဘုရားအစရှိသော သူတော်ကောင်း သူမြတ်လောင်းတို့သည် ဟောကြားတော်မူအပ်ကုန်၏ဟု ဘုရားရှင်သည် ဟောကြားတော် မူအပ်သော ပီတိ၏ ရုန့်ရင်းကြမ်းတမ်းသည်၏ အဖြစ်ကြောင့် စျာန်အင်္ဂါများကား အားနည်းလှ၏ဟုလည်း- ကောင်း ထိုဒုတိယစျာန်၌ အပြစ်ဒေါသကို မြင်အောင်ရှု၍၊ တတိယစျာန်ကို ငြိမ်သက်သောအားဖြင့် နှလုံးသွင်း၍၊ ဒုတိယစျာန်၌ လိုချင်ငဲ့ကွက် တသက်သက်ရှိခြင်းကို ကုန်စေ၍ တတိယစျာန်ကို ရရှိခြင်းငှာ ယင်းအဖြူရောင်
还应当把第二禅训练到成就五自在。熟练掌握以后,瑜伽行者从已经熟习的第二禅出定,省察:一、第二禅等至邻近寻、伺这两种敌对法;二、第二禅等至中有一种喜,它以心的踊跃浮动为显著行相,正因为有这喜,佛陀等诸圣善士才把第二禅说为粗显。由于世尊所说的喜本身粗显,第二禅的禅支力量也很薄弱。他这样看清第二禅的过患,把第三禅作意为寂静,断尽对第二禅的希求与眷恋,为证得第三禅,仍取白色——
သြဒါတကသိုဏ်း ပဋိဘာဂနိမိတ်ကိုပင် အာရုံပြု၍ အဖြူ အဖြူ ဟု ရှုပွားခြင်း ဘာဝနာလုပ်ငန်းရပ်၌ ကြိုးစား အားထုတ်ခြင်းကို ပြုအပ်ပေ၏။
——遍似相为所缘,努力修习‘白、白’。
ထိုသို့ အားထုတ်လတ်သော် ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် အကြင်အခါ၌ ဒုတိယစျာန်မှ ထ၍ သတိနှင့် ပြည့်စုံသည်ဖြစ်၍ သမ္ပဇဥ်ဉာဏ်နှင့် ပြည့်စုံသည်ဖြစ်၍ ပီတိ သုခ ဧကဂ္ဂတာဟူသော စျာန်အင်္ဂါတို့ကို ရှေးရှူ ဉာဏ်ဖြင့် သက်၍ဆင်ခြင်စဥ် ပီတိသည် ရုန့်ရင်းကြမ်းတမ်းသောအားဖြင့် ထင်လာ၏၊ သုခနှင့် ဧကဂ္ဂတာ- ကား ငြိမ်သက်သောအားဖြင့် ထင်လာ၏။ ထိုအခါ၌ ရုန့်ရင်းကြမ်းတမ်းသော ပီတိစျာန်အင်္ဂါကို ပယ်ခြင်းငှာ ငြိမ်သက်သော သုခ ဧကဂ္ဂတာ စျာန်အင်္ဂါကို ရရှိခြင်းငှာ ထိုသြဒါတကသိုဏ်း ပဋိဘာဂနိမိတ်ကိုပင်လျှင် အဖြူ အဖြူ ဟု အဖန်ဖန် အထပ်ထပ် နှလုံးသွင်းသော ထိုယောဂါဝစရပုဂ္ဂိုလ်သည် မကြာမီ အချိန်ကာလအတွင်းမှာပင် တတိယစျာန်သို့ ဆိုက်ရောက်နိုင်ပေသည်။ (ဝိသုဒ္ဓိ-၁-၁၅၃-၁၅၄။) ဤစျာန်၌ ပီတိသည် တစ်ဖန်ပြုတ်သွား၍ သုခ ဧကဂ္ဂတာဟူသော စျာန်အင်္ဂါနှစ်ပါးသာ ကျန်ရှိပေလိမ့်မည်။
如此用功时,瑜伽行者从第二禅出定,具足念与正知智,以省察智转向、审察喜、乐、一境性三个禅支;这时,喜显得粗重,乐与一境性则显得寂静。于是,为了舍离喜这一粗重禅支、获得乐与一境性两个寂静禅支,他仍以白遍似相为所缘,反复作意‘白、白’。不久便能达到第三禅。(《清净道论》1-153—154。)在这一禅中,喜再次脱落,只余乐与一境性两个禅支。
ပီတိယာ စ ဝိရာဂါ ဥပေက္ခကော စ ဝိဟရတိ၊ သတော စ သမ္ပဇာနော၊ သုခဉ္စ ကာယေန ပဋိသံဝေဒေတိ၊ ယံ တံ အရိယာ အာစိက္ခန္တိ ''ဥပေက္ခကော သတိမာ သုခဝိဟာရီ''တိ၊ တတိယံ စျာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။
巴利经文(缅文转写):‘ပီတိယာ စ ဝိရာဂါ ဥပေက္ခကော စ ဝိဟရတိ၊ သတော စ သမ္ပဇာနော၊ သုခဉ္စ ကာယေန ပဋိသံဝေဒေတိ၊ ယံ တံ အရိယာ အာစိက္ခန္တိ “ဥပေက္ခကော သတိမာ သုခဝိဟာရီ”တိ၊ တတိယံ စျာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။’
(မ-၁-၈၉။)
(《中部》1-89。)
ပီတိ၏လည်း ကင်းခြင်းကြောင့် သြဒါတကသိုဏ်း ပဋိဘာဂနိမိတ်ကို အညီအမျှ လျစ်လျူ ရှုလျက် သတိ ရှိလျက် သမ္ပဇဥ်ဉာဏ်ရှိလျက် နေ၏၊ ကာယိကသုခ စေတသိကသုခကိုလည်း ရူပကာယ နာမကာယဖြင့် ခံစား၏။
译:‘又因离喜,他对白遍似相保持中舍而住,有念、有正知,并以色身、名身感受身乐与心乐。
အကြင် တတိယစျာန်ကြောင့် ထိုတတိယစျာန်နှင့် ပြည့်စုံသူကို ''အညီအမျှ လျစ်လျူရှုသူ သတိရှိသူ ချမ်းသာစွာ နေလေ့ရှိသူ''ဟု အရိယာသူတော်ကောင်းတို့သည် ချီးမွမ်းစကား ပြောကြားတော်မူကြကုန်၏၊ ထိုတတိယစျာန်သို့ ရောက်၍နေ၏။ (မ-၁-၈၉။)
由于具足第三禅,诸圣者称他为“住于舍者、具念者、乐住者”;他进入并安住于第三禅。’(《中部》1-89。)
စတုတ္ထစျာန်သို့
趋向第四禅
ဤတတိယစျာန်ကိုလည်း ဝသီဘော်ငါးတန် နိုင်နင်းအောင် လေ့ကျင့်ပါ။ တတိယစျာန်ကို ဝသီဘော် ငါးတန်တို့ဖြင့် နိုင်နိုင်နင်းနင်း လေ့ကျင့်ပြီးသော ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် အဝါးဝစွာ လေ့လာအပ်ပြီး- သော တတိယစျာန်မှ ထ၍ ---- ဤ တတိယစျာန်သမာပတ်သည် ပီတိဟူသော နီးကပ်သောရန်သူ ရှိ၏ဟု လည်းကောင်း၊ ထိုတတိယစျာန်၌ အကြင်စျာန်အင်္ဂါကို သုခဟူ၍ စိတ်နှလုံးသွင်းမှုသည် ရှိ၏၊ ဤသုခဖြင့်ပင်လျှင်
还应当把第三禅训练到成就五自在。熟练掌握以后,瑜伽行者从已经熟习的第三禅出定,省察:一、第三禅等至邻近喜这一敌对法;二、在第三禅中,心对称为乐的禅支仍有作意,正因为这一乐——
原书第 586 页
ထို တတိယစျာန်ကို ရုန့်ရင်းကြမ်းတမ်း၏ဟူ၍ ဟောကြားတော်မူအပ်၏၊ ဤသို့ ဟောကြားတော်မူအပ်သော သုခ၏ ရုန့်ရင်းကြမ်းတမ်းသည်၏ အဖြစ်ကြောင့် စျာန်အင်္ဂါများကား အားနည်းလှ၏ဟုလည်းကောင်း ဤသို့လျှင် တတိယစျာန်၌ အပြစ်ဒေါသကို မြင်အောင်ရှု၍ စတုတ္ထစျာန်ကို ငြိမ်သက်သောအားဖြင့် နှလုံးသွင်း၍ တတိယ စျာန်၌ လိုချင်ငဲ့ကွက် တသက်သက်ရှိခြင်းကို ကုန်စေ၍ စတုတ္ထစျာန်ကို ရရှိခြင်းငှာ အဖြူရောင်ကသိုဏ်း ပဋိ ဘာဂနိမိတ်ကိုပင် အာရုံပြု၍ အဖြူ အဖြူ ဟု ပွားများအားထုတ်ခြင်း ဘာဝနာလုပ်ငန်းရပ်၌ ကြိုးစားအား- ထုတ်ခြင်းကို ပြုအပ်ပေ၏။
——世尊才把第三禅说为粗显;由于乐本身粗显,第三禅的禅支力量薄弱。他这样看清第三禅的过患,把第四禅作意为寂静,断尽对第三禅的希求与眷恋;为了证得第四禅,仍以白遍似相为所缘,努力培育‘白、白’这一修习。
ထိုသို့ အားထုတ်လတ်သော် ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် အကြင်အခါ၌ တတိယစျာန်မှ ထ၍ သတိနှင့် ပြည့်စုံသည်ဖြစ်၍ သမ္ပဇဥ်ဉာဏ်နှင့် ပြည့်စုံသည်ဖြစ်၍ သုခ ဧကဂ္ဂတာဟူသော စျာန်အင်္ဂါတို့ကို ရှေးရှူ ဉာဏ်ဖြင့် သက်၍ ဆင်ခြင်စဥ် ထိုတတိယစျာန်ရ ပုဂ္ဂိုလ်အား စိတ်၌ဖြစ်သော ဝမ်းမြောက်ခြင်း စေတသိက သောမနဿဟု ခေါ်ဆိုအပ်သော သုခသည် ရုန့်ရင်းကြမ်းတမ်းသောအားဖြင့် ထင်လာ၏၊ ဥပေက္ခာဝေဒနာသည် သာလျှင်လည်းကောင်း၊ စိတ္တေကဂ္ဂတာ = စိတ်၏တည်ငြိမ်မှု သမာဓိသည်လည်းကောင်း ငြိမ်သက်သောသဘော အားဖြင့် ထင်လာ၏။ ထိုအခါ၌ ရုန့်ရင်းကြမ်းတမ်းသော သုခစျာန်အင်္ဂါကို ပယ်ခြင်းငှာလည်းကောင်း ငြိမ်သက်- သော ဥပေက္ခာ ဧကဂ္ဂတာဟူသော စျာန်အင်္ဂါကို ရရှိခြင်းငှာလည်းကောင်း ထိုသြဒါတကသိုဏ်း ပဋိဘာဂနိမိတ် အာရုံကိုပင်လျှင် အဖြူ အဖြူ ဟု အဖန်ဖန် အထပ်ထပ် နှလုံးသွင်းသော ထိုယောဂါဝစရပုဂ္ဂိုလ်သည် မကြာမီ
如此用功时,瑜伽行者从第三禅出定,具足念与正知智,以省察智转向、审察乐与一境性两个禅支;这时,心中生起的悦——即称为心所悦受的乐——显得粗重,舍受与心一境性则显得寂静。于是,为了舍离乐这一粗重禅支、获得舍与一境性两个寂静禅支,他仍以白遍似相为所缘,反复作意‘白、白’。不久——
အချိန်ကာလ အတွင်းမှာပင်လျှင် စတုတ္ထစျာန်သမာဓိသို့ ဆိုက်ရောက်နိုင်ပေသည်။ ဤစတုတ္ထစျာန်သမာဓိကို လည်း ဝသီဘော်ငါးတန်တို့ဖြင့် နိုင်နင်းအောင် လေ့ကျင့်ပါ။ (ဝိသုဒ္ဓိ-၁-၁၅၉။) သုခဿ စ ပဟာနာ ဒုက္ခဿ စ ပဟာနာ ပုဗ္ဗေဝ သောမနဿဒေါမနဿာနံ အတ္ထင်္ဂမာ အဒုက္ခမသုခံ ဥပေက္ခာသတိပါရိသုဒ္ဓိံ စတုတ္ထံ စျာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ အယံ ဝုစ္စတိ ဘိက္ခဝေ သမ္မာသမာဓိ။ (မ-၁-၈၉။) ချမ်းသာ ဆင်းရဲကို ပယ်ခြင်းကြောင့်လည်းကောင်း၊ ရှေးဦးကပင် ဝမ်းသာခြင်း နှလုံးမသာယာခြင်းတို့၏ ချုပ်ခြင်းကြောင့်လည်းကောင်း ဆင်းရဲ ချမ်းသာကင်းသော ဥပေက္ခာကြောင့်ဖြစ်သော သတိ၏ စင်ကြယ်ခြင်း ရှိသော စတုတ္ထစျာန်သို့ ရောက်၍နေ၏။ ရဟန်းတို့ …ဤသမာဓိကို မှန်စွာ တည်ကြည်ခြင်း သမ္မာသမာဓိဟူ၍ ဆိုအပ်၏။ (မ-၁-၈၉။) ဤကား ဗဟိဒ္ဓအရိုးစု၏ အဖြူရောင် သြဒါတကသိုဏ်းနိမိတ်ကို အာရုံယူ၍ စတုတ္ထစျာန်သမာဓိသို့ ဆိုက်-
——便能达到第四禅定。还应当把第四禅定训练到成就五自在。(《‘随着乐的舍离与苦的舍离,并由于先前的悦与忧已经灭没,他进入并安住于不苦不乐、由舍而念清净的第四禅。诸比丘,这称为正定。’(《中部》1-89。)这就是取外在骸骨的白色遍相为所缘,达到第四禅定的——
အောင် ရှုပွားပုံ အကျဥ်းတည်း။ အကျယ်ကို အာနာပါနဿတိသမာဓိပိုင်းတွင် ရေးသားတင်ပြခဲ့သည့် အချက် အလက်များကို နည်းမှီး၍ သိရှိပါလေ။ ပဉ္စကနည်းကိုလည်း သဘောပေါက်လောက်ပေပြီ။ (အဇ္စျတ္တ အရိုးစု ကောဋ္ဌာသ၌ အဖြူရောင် ပရိကမ္မဘာဝနာသညာကို ရရှိပြီးသော သူတော်ကောင်းသည်လည်း အလိုရှိပါက၊ ရှု၍လည်း ကောင်းပါက ယင်းအဇ္စျတ္တအဖြူရောင်ကသိုဏ်းရုပ်၌ ကသိုဏ်းရုပ်ကို အလိုရှိသလောက် ဖြန့်ကျက် လျက် ပရိကမ္မဘာဝနာ ဥပစာရဘာဝနာ အပ္ပနာဘာဝနာတို့ကို နည်းတူပင် ပွားများနိုင်သည်။) အကယ်၍ အသင် သူတော်ကောင်းသည် အလိုရှိခဲ့ပါမူ ဤအချိန်တွင် ပန်းပွင့်အဖြူ ပိတ်စအဖြူ ကျောက်တုံးအဖြူစသော အဖြူ ရောင် သြဒါတကသိုဏ်းနိမိတ်တို့ကို ပြောင်း၍ အာရုံယူပြီး ရှုလိုက ရှုနိုင်သည်သာ ဖြစ်သည်။ အကျော်ပန်းခိုင် ကဲ့သို့သော ပန်းခိုင်တစ်ခု၏ အဖြူရောင်ကို သြဒါတကသိုဏ်းနိမိတ်အဖြစ် လှမ်း၍ အာရုံယူလိုက်သောအခါ
——简要修法。详细内容,应依入出息念定篇所说的要点类推而知;五分法也应已经能够理解。〔已经在内在骸骨身分上获得白色遍作修习之想的贤善者,如果愿意、也适合这样观修,同样可以随意扩大内在白遍色,在其上培育遍作修习、近行修习与安止修习。〕如果贤善者愿意,此时也可以转而取白花、白布、白石等白遍之相为所缘观修。例如,远取一簇白色花朵的白色作为白遍之相时——
အချို့အချို့သော ဉာဏ်ထက်မြက်သူ ယောဂါဝစရပုဂ္ဂိုလ်တို့အဖို့ မကြာမီ အချိန်ကာလအတွင်းမှာပင် အဖြူ ရောင်ကသိုဏ်းဝန်း အသွင်သို့ ပြောင်းသွားတတ်၏၊ အရပ်ဆယ်မျက်နှာသို့ ကြည့်လိုက်တိုင်း တစ်လောကလုံးကို အဖြူရောင်ဖြင့် လွှမ်းခြုံထားသည်ကို တွေ့မြင်ရတတ်၏။ ငြိမ်သက်သော သမာဓိကို လျင်မြန်စွာ ရရှိတတ်၏။
——某些智慧锐利的瑜伽行者,会在很短时间内使它转成白色遍圆;无论看向十方哪一方,都能看见整个世界被白色覆盖,并迅速获得寂静的定。
ရှေးရှေးသော ဘာဝနာသမာဓိတို့၏ အားကြီးသောမှီရာ ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြုပေးမှုကြောင့် ဘာဝနာ
由于先前诸修习定的强力亲依止缘给予助益,修习——
原书第 587 页
သမထကမ္မဋ္ဌာန်းပိုင်း -- သြဒါတကသိုဏ်း သမာဓိမှာ လျင်မြန် လွယ်ကူစွာ ဖြစ်ပေါ်လာပြီးနောက် အဖြူရောင် သြဒါတကသိုဏ်းဝန်းမှာလည်း အချိန် အနည်းငယ် အတွင်းမှာပင် ပရိကမ္မနိမိတ် ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ်ဟူသော နိမိတ်သုံးမျိုးသို့ အစဥ်အတိုင်း ပြောင်းသွားကာ ပထမစျာန်သမာဓိ ဒုတိယစျာန်သမာဓိ တတိယစျာန်သမာဓိ စတုတ္ထစျာန်သမာဓိများသည်လည်း တစ်ခုပြီးတစ်ခု အစဥ်အတိုင်း ဖြစ်ပေါ်လာတတ်ပေသည်။ ပန်းပွင့်တစ်ပွင့်အတွင်းမှ ဘာဝနာဟူသော အနှစ်ကို ထုတ်ယူလိုက်ခြင်းပင်တည်း။ အလားတူပင် ရွံရှာစက်ဆုပ်ဖွယ်ကောင်းလှသော အဇ္စျတ္တ သို့မဟုတ် ဗဟိဒ္ဓ သက်ရှိ သွားကောဋ္ဌာသမှလည်း စတုတ္ထစျာန်သမာဓိသို့ တိုင်အောင်သော ဘာဝနာအနှစ်ကို ထုတ်ယူလိုက အလွယ် တကူပင် ရယူနိုင်မည် ဖြစ်ပေသည်။ ကြိုးစားက ဘုရားဖြစ်နိုင်၏။
——定迅速、容易地生起以后,白色遍圆也会在很短时间内依次转成遍作相、取相、似相三种相;初禅定、第二禅定、第三禅定、第四禅定也会依次一一生起。这就像从一朵花中提取修习的精华。同样,如果想从内在或外在活人的、极其可厌厌恶的牙齿身分中,提取直至第四禅定的修习精华,也能轻易获得。只要努力,佛果亦可成就。
အာနာပါနကျင့်စဥ်လမ်းမှ စတုတ္ထစျာန်သမာဓိသို့ ဆိုက်အောင် ပွားများအားထုတ်ထားပြီးသော ယောဂါ- ဝစရပုဂ္ဂိုလ်အဖို့ သြဒါတကသိုဏ်းကို အာရုံပြု၍ စတုတ္ထစျာန်သမာဓိသို့ ဆိုက်အောင် ပွားများအားထုတ်မှု ဘာဝနာ လုပ်ငန်းခွင်မှာ အလွန်ကြီးမခက်ခဲတော့ပြီ ဖြစ်၏။ အကယ်၍ ဝိပဿနာပိုင်းအထိ ကျေနပ်မှု အထိုက်အလျောက် ရရှိထားသော ယောဂါဝစရပုဂ္ဂိုလ် ဖြစ်မူကား ဆိုဖွယ်ရာပင် မရှိ ဖြစ်တော့သည်။
对于已经循入出息念之道培育至第四禅定的瑜伽行者来说,以白遍为所缘、培育至第四禅定的修习作业已经不很困难;如果这位瑜伽行者在毗婆舍那方面也已有相当成就,就更不必说。
အချို့သော ယောဂါဝစရပုဂ္ဂိုလ်များ၌ ဖြစ်တတ်ပုံ
某些瑜伽行者可能出现的情形
၁။ အာကင်္ခမာနဿ ဝဏ္ဏတော၊ ၂။ အာကင်္ခမာနဿ ပဋိကူလတော၊ ၃။ အာကင်္ခမာနဿ သုညတော ကမ္မဋ္ဌာနံ ဥပဋ္ဌဟိဿတိယေဝ။ (အဘိ-ဋ္ဌ-၂-၂၄၃။) ၁။ အလိုရှိသသူအား ဝဏ္ဏကသိုဏ်းအားဖြင့်၊ ၂။ အလိုရှိသသူအား ပဋိကူလမနသိကာရအားဖြင့်၊ ၃။ အလိုရှိသသူအား သုညတအားဖြင့် ကမ္မဋ္ဌာန်းသည် ထင်ရှားလာလိမ့်မည်သာတည်း။(အဘိ-ဋ္ဌ-၂-၂၄၃။) အထက်တွင် ရေးသားတင်ပြခဲ့သော ရှုကွက်များမှာ ဤအဋ္ဌကထာအဖွင့်နှင့် အညီ ---- ၁။ အရိုးစုကောဋ္ဌာသ၏ ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလသဘောကို အာရုံယူ၍ ပထမစျာန်သမာဓိသို့ ဆိုက်- အောင် ရှုပွားပုံ၊ ၂။ ထိုအရိုးစုကောဋ္ဌာသ၏ သြဒါတ = အဖြူရောင်ကို အာရုံယူ၍ ဝဏ္ဏကသိုဏ်းလမ်းမှ စတုတ္ထစျာန်သမာဓိ သို့ တိုင်အောင် ရှုပွားပုံ ဖြစ်သည်။
巴利义注(缅文转写):‘一、ākaṅkhamānassa vaṇṇato;二、ākaṅkhamānassa paṭikūlato;三、ākaṅkhamānassa suññato kammaṭṭhānaṃ upaṭṭhahissatiyeva。’译:‘一、对于有此愿望者,业处会依色遍而显现;二、对于有此愿望者,业处会依厌恶作意而显现;三、对于有此愿望者,业处会依空而显现。’(《阿毗达磨义注》2-243。)以上所说的观修方法,正是依照这段义注的解释:一、取骸骨身分可厌、厌恶的性质为所缘,观修直到初禅定;二、取同一骸骨身分的 odāta——白色为所缘,循色遍之道观修直到第四禅定。
၃။ သုညတရှုပွားပုံကို ရုပ်ကမ္မဋ္ဌာန်းပိုင်း နာမ်ကမ္မဋ္ဌာန်းပိုင်း ပဋိစ္စသမုပ္ပါဒ်ပိုင်း ဝိပဿနာပိုင်းတို့တွင် ရေးသား တင်ပြခဲ့ပြီးလေပြီ။
三、依空而观修的方法,已经在色业处篇、名业处篇、缘起篇与毗婆舍那篇中说明。
သို့သော် အချို့အချို့သော ယောဂါဝစရပုဂ္ဂိုလ်များ၌ အရိုးစုကောဋ္ဌာသ၏ ပဋိကူလသဘောကို အာရုံ ယူ၍ ပထမစျာန်သမာဓိသို့ ဆိုက်သည်တိုင်အောင် ရှုထားပြီးသော်လည်း အဖြူရောင် သြဒါတကသိုဏ်းသို့ ပြောင်း၍ ရှုလိုက်သောအခါ ထိုအဖြူရောင်ကသိုဏ်း ဘာဝနာလုပ်ငန်းရပ်က အလွန်မြဲမြံခိုင်ခံ့လာလျှင် အရိုးစု ၏ ပဋိကူလသဘောကို တစ်ဖန် ပြန်အာရုံယူ၍ ရှုမရတော့ဘဲ အရိုးစုကိုမြင်အောင် စိုက်လိုက်ရုံမျှဖြင့် တစ်ခဏ အတွင်းမှာပင် အဖြူရောင်ကသိုဏ်းဘက်သို့ လွယ်လင့်တကူ ကူး၍ သွားတတ်၏။ ထိုအခါမျိုး၌ အရိုးစု၏ ပဋိကူလသဘောကို အာရုံစိုက်ဖို့ရန် အချိန်မပေးနိုင် ဖြစ်နေတတ်၏။ ထိုကဲ့သို့ အရိုးစုကို စိုက်၍ရှုလိုက်ကာမျှ အချိန်အနည်းငယ်အတွင်းမှာပင် အလွန်လျင်လျင်မြန်မြန် အဖြူရောင် သြဒါတကသိုဏ်းဘက်သို့ ပြောင်းပြောင်း သွားတတ်ပါက အရိုးစု၏ပဋိကူလအာရုံသို့ ဘာဝနာစိတ်ကို ပြန်လည်ရောက်ရှိအောင် အထူးကြိုးပမ်းနေပါလျှင်
不过,有些瑜伽行者虽然已经取骸骨身分的厌恶性为所缘,观修直到初禅定;但转修白遍以后,如果白遍修习变得极其稳固,再想回头取骸骨的厌恶性为所缘时,就会无法观修。只要把心投向骸骨、试图看清骸骨,心便会在一刹那间轻易转到白遍一边,来不及专注骸骨的厌恶所缘。如果心总在专注骸骨以后极快地转向白遍一边,而他仍特别努力要让修习心回到骸骨的厌恶所缘——
原书第 588 页
အသင်သူတော်ကောင်းအတွက် စိတ်ပင်ပန်းဖွယ်ရာ ဖြစ်တတ်ပေသည်။ အချိန်လည်း ကြန့်ကြာသွားတတ်ပေသည်။
——贤善者便可能因此心生疲劳,也会耽搁时间。
သို့အတွက် အရိုးစုကို စိုက်၍ ရှုလိုက်ကာမျှဖြင့် လွယ်လင့်တကူ လျင်လျင်မြန်မြန် အဖြူရောင် သြဒါတကသိုဏ်း ဘက်သို့ ပြောင်းလဲသွားပါက အဖြူရောင် သြဒါတကသိုဏ်းလမ်းမှ စတုတ္ထစျာန်သမာဓိသို့ ပေါက်သည်တိုင်- အောင် ဆက်လက်၍သာ ရှုပါ။ အကယ်၍ အသင်သူတော်ကောင်းသည် ဝိပဿနာသို့ မကူးရသေးသူ ဖြစ်လျှင် ယင်းစတုတ္ထစျာန်သမာဓိကိုပင် ဝိပဿနာ၏ အခြေပါဒကပြု၍ ဝိပဿနာသို့ ကူးလိုက ကူးနိုင်ပြီ ဖြစ်ပေသည်။
因此,如果一专注骸骨,心便轻易、迅速地转到白遍一边,就只管循白遍之道继续观修,直至通达第四禅定。如果贤善者尚未转入毗婆舍那,也可以用这个第四禅定作为毗婆舍那的基础禅,进而转修毗婆舍那。
သို့သော် ဤကျမ်း၌ကား အရိုးစုကောဋ္ဌာသ၏ ပဋိကူလသဘောကို အာရုံယူ၍ ပထမစျာန်သမာဓိသို့ဆိုက်အောင် လည်းကောင်း၊ အဇ္စျတ္တ သို့မဟုတ် ဗဟိဒ္ဓ အရိုးစုကောဋ္ဌာသ၏ အဖြူရောင်ကို အာရုံယူ၍ သြဒါတကသိုဏ်း လမ်းမှ စတုတ္ထစျာန်သမာဓိသို့ ဆိုက်သည်တိုင်အောင်လည်းကောင်း နှစ်မျိုးလုံးကို ရှုပွားနိုင်သူ ရှု၍ရသူတို့အနေ ဖြင့် အလုပ်စခန်းကို ဆက်လက်ဖော်ပြထားပါသည်။ ထိုသို့ပင် ဖော်ပြထားသော်လည်း အရိုးစုကောဋ္ဌာသ၏ ပဋိ ကူလသဘောကို ပြန်၍ရှုရန် အချိန်မရတော့ဘဲ အဖြူရောင် သြဒါတကသိုဏ်းဘက်သို့ အလွယ်တကူ လျင်လျင် မြန်မြန် ပြောင်းသွားတတ်သူတို့ကား အရိုးစု၏ ပဋိကူလသဘောကို အာရုံယူ၍ ပထမစျာန်သမာဓိသို့ ဆိုက် အောင် ရှုပွားသည့်အပိုင်းကို ချန်လှပ်ထားနိုင်သည်ဟု မှတ်ပါ။
不过,本书接下来的实修说明,是为两类观修都能成就的人而设:既能取骸骨身分的厌恶性为所缘,达到初禅定;又能取内在或外在骸骨身分的白色为所缘,循白遍之道达到第四禅定。虽然如此,对于那些来不及回观骸骨身分的厌恶性,心便轻易、迅速转向白遍一边的人,应当知道:他们可以省略取骸骨厌恶性为所缘、观修至初禅定的这一部分。
နီလကသိုဏ်း = အညိုရောင်ကသိုဏ်း
青遍(褐色遍)
အထက်တွင် ရေးသားတင်ပြခဲ့သည့်အတိုင်း အာနာပါနကမ္မဋ္ဌာန်းမှစ၍ သြဒါတကသိုဏ်း စတုတ္ထစျာန် သမာဓိသို့ ဆိုက်သည်တိုင်အောင် သမာဓိကို ထူထောင်ပါ။ အသင်သူတော်ကောင်းသည် ဓာတ်ကမ္မဋ္ဌာန်းကို စတင်အားထုတ်ထားသူ ဖြစ်လျှင်လည်း ဓာတ်ကြီးလေးပါးမှစ၍ သြဒါတကသိုဏ်း စတုတ္ထစျာန်သမာဓိသို့ ဆိုက်သည်တိုင်အောင် သမာဓိကို ထူထောင်ပါ။ လင်းရောင်ခြည်စွမ်းအင်များ အားကောင်းလာသောအခါ ---- ၁။ ညိုသော ပန်းပွင့်များ၌သော်လည်းကောင်း၊ ၂။ ညိုသော အဝတ်၌သော်လည်းကောင်း၊ ၃။ ညိုသော အဆင်းရှိသော မျက်စဥ်းညိုကျောက် အစရှိသော ကျောက်ဓာတ်၌သော်လည်းကောင်း --- နီလကသိုဏ်းနိမိတ်ကို ရယူနိုင်ပေသည်။ (ဝိသုဒ္ဓိ-၁-၁၆၇။) ထို့ပြင် အထက်တွင် ရှင်းပြခဲ့သည်အတိုင်း (၃၂)ကောဋ္ဌာသတို့တွင် ဆံပင် သည်းခြေ စသည်တို့ကဲ့သို့ ညိုသော ကောဋ္ဌာသတို့၏ ညိုသော အရောင်ကို အာရုံယူ၍ နီလကသိုဏ်းနိမိတ်ကိုလည်း ယူနိုင်သည်သာ
如上所述,应从入出息念业处开始建立定,直至达到白遍第四禅定。若贤善者是从界业处开始用功,也应从四大种起建立定,直至达到白遍第四禅定。当光明之力强盛时,可以从:一、褐色花朵;二、褐色布;三、褐色眼药石等矿物——取得青遍之相。(《清净道论》1-167。)此外,如前所说,在三十二身分之中,也可以取头发、胆汁等褐色身分的褐色为所缘,取得青遍之相——
ဖြစ်သည်။
——就是如此。
ထိုကြောင့် အသင်ယောဂီသူတော်ကောင်းသည် သြဒါတကသိုဏ်းလမ်းမှ စတုတ္ထစျာန်သမာဓိသို့ ဆိုက်- အောင် သမာဓိထူထောင်ပြီးသောအခါ ထိုစတုတ္ထစျာန်သမာဓိကြောင့် ဖြစ်ပေါ်လာသော ဉာဏ်အရောင်အလင်း ဖြင့် မိမိ၏ရှေ့တွင် သို့မဟုတ် ရှု၍လွယ်ကူရာ အရပ်တွင် တည်ရှိသော ဗဟိဒ္ဓ (၃၂)ကောဋ္ဌာသတို့တွင် ဆံပင် ကောဋ္ဌာသ၏ ညိုသော အရောင်အဆင်းကို လှမ်းအာရုံယူပါ။ သို့မဟုတ် အလိုရှိပါက၊ ရှု၍လည်းရပါက အဇ္စျတ္တ ဆံပင်ကောဋ္ဌာသ၏ ညိုသော အရောင်အဆင်းကို လှမ်းအာရုံယူပါ။ ထိုအညိုရောင်ကို အာရုံယူ၍ ---- နီလံ နီလံ နီလံ = အညို အညို အညို ဟု ရှုနေပါ၊ နှလုံးသွင်းနေပါ။
因此,瑜伽行者循白遍之道建立定,直至达到第四禅定以后,应借助由该第四禅定所生的智慧光明,远取自己前方或便于观照之处的外在三十二身分中,头发身分的褐色为所缘;如果愿意,而且能够观照,也可以远取内在头发身分的褐色为所缘。取该褐色为所缘,反复观照、作意:‘nīlaṃ、nīlaṃ、nīlaṃ’,即‘褐色、褐色、褐色’。
ပရိကမ္မနိမိတ် ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ်ဟူသော နိမိတ်သုံးပါး၊ ပရိကမ္မဘာဝနာ ဥပစာရဘာဝနာ အပ္ပနာဘာဝနာဟူသော ဘာဝနာသုံးပါး၊ ပရိကမ္မသမာဓိ ဥပစာရသမာဓိ အပ္ပနာသမာဓိဟူသော သမာဓိသုံးပါး တို့ကို အစဥ်အတိုင်း ရသည်တိုင်အောင် ရှေးသြဒါတကသိုဏ်း၌ ဆိုအပ်ခဲ့ပြီးသည့်အတိုင်း ဆက်လက် နှလုံး သွင်းပါ။
应当依照前面白遍所说的方法,继续作意,直至依次获得遍作相、取相、似相三种相,遍作修习、近行修习、安止修习三种修习,以及遍作定、近行定、安止定三种定。
原书第 589 页
သမထကမ္မဋ္ဌာန်းပိုင်း -- ပီတကသိုဏ်း ဥဂ္ဂဟနိမိတ်၌ကား ကသိုဏ်းအပြစ်ဒေါသများ ထင်နေသေး၏၊ ပဋိဘာဂနိမိတ်ကား ကသိုဏ်းဝန်းမှလွတ်၍ ကောင်းကင်၌တည်နေသော ဣန္ဒနီလာပတ္တမြားဖြင့် ပြီးသော ယပ်ဝန်းအတူ ထင်လာ၏။ ပဋိဘာဂနိမိတ်ကို တိုးပွားအောင် ပြုလိုကပြု၍ ဆက်လက်ကာ သမာဓိကို ထူထောင်ခဲ့သော် အစဥ်အတိုင်း စတုတ္ထစျာန်သမာဓိသို့ တိုင်အောင် ဆိုက်ရောက်နိုင်ပေသည်။ ကြွင်းသော အကြောင်းအရာများကို ရှေးသြဒါတကသိုဏ်း၌ ဆိုအပ်- ခဲ့ပြီးသည့် နည်းအတိုင်း သိရှိပါလေ။
取相仍显有遍圆的瑕疵;似相则脱离遍圆,犹如以帝青宝石制成的圆扇悬在空中一般显现。如果愿意,可以扩大似相;继续建立定,便能依次达到第四禅定。其余内容,应依前面白遍所说的方法理解。
အသင်သူတော်ကောင်းသည် ဆံပင်နိမိတ်ကို အာရုံပြု၍ နီလကသိုဏ်းကို စတုတ္ထစျာန်သမာဓိသို့ ဆိုက်- သည်တိုင်အောင် သမာဓိကို ထူထောင်ပြီးသောအခါ အောက်မဲညိုပွင့်ကဲ့သို့ သို့မဟုတ် မြခွာညိုပွင့်ကဲ့သို့သော ပန်းတစ်ပွင့်ကို အာရုံယူ၍ အညိုရောင်ကသိုဏ်းကို ပွားများအားထုတ်ကြည့်ပါ။ ယင်းအညိုရောင် ပန်းပွင့် တစ်- ပွင့်က အသင်သူတော်ကောင်း၏ ဘာဝနာစိတ်ကို စတုတ္ထစျာန်သမာဓိသို့ ဆိုက်သည်တိုင်အောင် အားကြီးသော မှီရာ အာရုံအကြောင်းတရားအဖြစ် ရပ်တည်ကာ အာရမ္မဏူပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးလိမ့်မည်သာ ဖြစ်ပေသည်။ ပန်းတစ်ပွင့်မှ စတုတ္ထစျာန်သမာဓိဟူသော ဘာဝနာအနှစ်ကို ထုတ်ယူလိုက်ခြင်းပင် ဖြစ်၏။ နည်းမှန် လမ်းမှန် နှလုံးသွင်းတတ်သည့် ယောနိသောမနသိကာရရှိသူကို ကုသိုလ်တရားတို့က အမြဲတမ်း စောင့်ကြိုလျက်ပင် ရှိပေသည်။ ဘုရားရှင်၏ ကျေးဇူးတော်ကား အလွန်ကြီးမားတော်မူပါပေစွ။
贤善者以头发之相为所缘,修习青遍并建立定直至第四禅以后,还可以取一朵深褐色或翡翠褐色的花为所缘,试修褐色遍。那一朵褐色花,会成为修习心直至达到第四禅定的强力所缘亲依止,以所缘亲依止缘之力给予助益。这正是从一朵花中提取第四禅定这一修习精髓。诸善法总是在等待能够如理作意的人;佛陀的恩德实在无比广大。
ပီတကသိုဏ်း = အဝါရောင်ကသိုဏ်း
黄遍(黄色遍)
မိမိရရှိထားပြီးဖြစ်သော စတုတ္ထစျာန်သမာဓိသို့ တိုင်အောင်သော သမာဓိကို တစ်ဖန် ထူထောင်ပါ။ လင်း- ရောင်ခြည် စွမ်းအင်များ အားကောင်းလာသောအခါ ---- ၁။ ရွှေသော အဆင်း = ဝါသော အဆင်းရှိသော ပန်း၌သော်လည်းကောင်း၊ ၂။ ရွှေသော အဆင်း = ဝါသော အဆင်းရှိသော အဝတ်၌လည်းကောင်း၊ ၃။ ရွှေသော အဆင်း = ဝါသော အဆင်းရှိသော ဆေးဒန်း မြင်းသီလာ အစရှိသော ကျောက်ဓာတ်၌သော် လည်းကောင်း --- ပီတကသိုဏ်းနိမိတ်ကို ရယူနိုင်၏။ (ဝိသုဒ္ဓိ-၁-၁၆၈။) ၄။ (၃၂)ကောဋ္ဌာသတို့တွင် အဆီခဲစသည်ကဲ့သို့ ဝါရွှေသော အရောင်အဆင်းရှိသော ကောဋ္ဌာသ၌လည်း ပီတကသိုဏ်းနိမိတ်ကို ရယူနိုင်၏။
应再次建立自己已经获得的定,直至第四禅定。当光明之力强盛时,可以从:一、金黄色的花;二、金黄色的布;三、雌黄、雄黄等金黄色矿物——取得黄遍之相。(《清净道论》1-168。)四、在三十二身分中,也可以从脂肪等金黄色身分取得黄遍之相。
စတုတ္ထစျာန်သမာဓိသို့ တိုင်အောင် သမာဓိကို ထူထောင်ပြီးသောအခါ ထိုစတုတ္ထစျာန်သမာဓိကြောင့် လင်းရောင်ခြည်များ ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပလာသောအခါ ယင်းလင်းရောင်ခြည် အကူအညီ ဖြင့် အဇ္စျတ္တ သို့မဟုတ် ဗဟိဒ္ဓ (၃၂)ကောဋ္ဌာသတို့တွင် အဆီခဲ၏ သို့မဟုတ် ကျင်ငယ်၏ အဝါရောင်ကို အာရုံယူ၍ ပီတကံ ပီတကံ ပီတကံ = အဝါ အဝါ အဝါ ဟု နှလုံးသွင်းပါ။
建立定直至第四禅定以后,由该第四禅定所生的光明变得闪耀明亮时,应借助光明,从内在或外在三十二身分中,取脂肪或尿的黄色为所缘,作意:‘pītakaṃ、pītakaṃ、pītakaṃ’,即‘黄色、黄色、黄色’。
ကြွင်းသော အချက်အလက်များကို သြဒါတကသိုဏ်း၌ ဆိုခဲ့သည့် အချက်များကို နည်းမှီ၍ သိရှိပါလေ။
其余要点,应依白遍所说的内容类推而知。
စတုတ္ထစျာန်သမာဓိသို့ ဆိုက်အောင် ပွားများပါ။
应修习直至达到第四禅定。
ကျင်ကြီး ကျင်ငယ်တို့သည် သဘာဝအားဖြင့် အလွန်ရွံရှာစက်ဆုပ်ဖွယ်ကောင်းသော ကောဋ္ဌာသများပင် ဖြစ်ကြ၏။ မည်မျှပင် ရွံရှာဖွယ်ကောင်းသော ကောဋ္ဌာသပင် ဖြစ်ချင်ဖြစ်ပါစေ၊ အသင်သူတော်ကောင်း၏သန္တာန်၌ နည်းမှန်လမ်းမှန် နှလုံးသွင်းတတ်သည့် ယောနိသောမနသိကာရတရားသည် ထင်ရှား တည်ရှိနေသည် ဖြစ်အံ့၊
大便与小便本来就是极其可厌、可恶的身分。无论某一身分多么可厌,只要贤善者的相续中确实具足能够依正道如理作意的法——
原书第 590 页
ထိုကျင်ကြီးသည် သို့မဟုတ် ထိုကျင်ငယ်သည် အဝါရောင်ဖြစ်ပါက ဝါရွှေသော အရောင်ရှိသော ထိုကျင်ကြီးက သို့မဟုတ် ထိုကျင်ငယ်က အသင်သူတော်ကောင်း၏ သန္တာန်ဝယ် စတုတ္ထစျာန်သမာဓိ ဖြစ်ပေါ်လာသည်တိုင်- အောင် အာရမ္မဏပစ္စယသတ္တိဖြင့် အာရုံအဖြစ် ရပ်တည်ကာ ကျေးဇူးပြုပေးနေမည်သာ ဖြစ်ပေသည်။ ယင်း စတုတ္ထစျာန်ကို ဝိပဿနာ၏ အခြေပါဒကပြု၍ ဝိပဿနာသို့ ကူးခဲ့သော် ပါရမီအားလျော်စွာ အရဟတ္တဖိုလ်သို့ တိုင်အောင်ပင် ဆိုက်ရောက်နိုင်ပေသည်။ ထိုကြောင့် နိဗ္ဗာန်ကို လိုလားတောင့်တလျက်ရှိသော အသင်သူတော်- ကောင်းသည်လည်း ယောနိသောမနသိကာရကို အမြဲတမ်း မွေးမြူပါ။ အနှစ်သာရ ဘာမျှရှာမရသော ခန္ဓာအိမ် အတွင်းမှ ဘာဝနာဟူသော အနှစ်ကို ထုတ်ယူစမ်းပါ။ တန်ဖိုးရှိသော ဘဝတစ်ခုဖြစ်အောင် အစွမ်းကုန် ကြိုးပမ်း ပါလော့။
——那么,如果大便或小便呈黄色,这呈金黄色的大便或小便,就会作为所缘,以所缘缘之力给予助益,直至贤善者的相续中生起第四禅定。若以该第四禅作为毗婆舍那的基础禅,转修毗婆舍那,便能随自己的巴拉密,甚至达到阿罗汉果。因此,渴望涅槃的贤善者也应时常培育如理作意;试从毫无实质可寻的蕴身之中,提取名为修习的精髓,竭尽全力使这一生成为有价值的一生。
ပန်းပိတောက်နှင့် ငုရွှေဝါ
缅甸紫檀花与阿勃勒花
ပိတောက်တွေ ရွှေရည်လူးသည့် အတာကူးသည့် လတန်ခူးပတ်ဝန်းကျင်တွင် ပင်လုံးကျွတ် ဖူးပွင့်ဝေဆာ လျက်ရှိသော ပန်းပိတောက်နှင့် ငုရွှေဝါတို့က ယခုကဲ့သို့ အဝါရောင် ပီတကသိုဏ်းကို ပွားများအားထုတ်လျက် ရှိသော သူတော်ကောင်းကို ''လာစမ်းပါ ရှုကြည့်စမ်းပါ''ဟု ဖိတ်ခေါ်နေသကဲ့သို့ ရှိကြ၏။ ပီတကသိုဏ်း၌ စတုတ္ထ စျာန်သမာဓိသို့ ဆိုက်သည်တိုင်အောင် အဝါးဝစွာ လေ့လာထားပြီသော အချို့သော ယောဂါဝစရပုဂ္ဂိုလ်တို့သည် ပင်လုံးကျွတ် ပွင့်နေသော ပိတောက်ပန်းတို့ကို တွေ့မြင်ရသောအခါ၊ ပင်လုံးကျွတ် ပွင့်နေသော ငုရွှေဝါတို့ကို တွေ့မြင်ရသောအခါ ရှေးရှေးဘာဝနာသမာဓိတို့၏ အကူအညီကို ယူ၍ဖြစ်စေ၊ မယူဘဲနှင့်ပင်ဖြစ်စေ ယင်း ပင်းလုံးကျွတ် ပွင့်နေသော ပန်းတို့၏ အဝါရောင်ကို ပီတကသိုဏ်းနိမိတ်အဖြစ် လှမ်း၍ အာရုံယူလိုက်ပါက အချိန်အနည်းငယ်အတွင်းမှာပင် တစ်လောကလုံးကို အဝါရောင်ဖြင့် လွှမ်းခြုံထားသည်ကို တွေ့မြင်ရကာ
在泼水节前后的德固月,缅甸紫檀披上金辉,满树花蕾竞放;缅甸紫檀花与阿勃勒花,仿佛正在邀请修习黄色黄遍的贤善者:‘请来吧,请观照吧。’有些瑜伽行者已经善巧修习黄遍,直至达到第四禅定;当他们看见满树盛开的缅甸紫檀花或阿勃勒花时,无论借助从前诸修习定,还是不借助它们,只要远取满树花朵的黄色作为黄遍之相,片刻之间便能看见整个世界为黄色所遍覆——
စတုတ္ထစျာန်သမာဓိကို လွယ်ကူစွာပင် ထူထောင်ရရှိကြသော ဟူ၏။ ကားစီးသွားလျက်ပင် လေ့ကျင့်၍ ရတတ် ကြ၏။ တရားတော်၏ ဂုဏ်ကျေးဇူးတော်ကား ကြီးမားတော်မူလှပေသည်။ နည်းမှန်လမ်းမှန် နှလုံးသွင်းတတ်- သည့် ယောနိသောမနသိကာရရှိသူ ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးအဖို့ အဝါရောင် ဝတ်စုံတစ်ခုသည်လည်း ပီတ ကသိုဏ်း၏ တည်ရာ အာရုံနိမိတ် ဖြစ်နိုင်၏။ ယင်း အဝါရောင်ဝတ်စုံက ပီတကသိုဏ်းကို ပွားများလျက်ရှိသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ စတုတ္ထစျာန်သမာဓိ ဖြစ်ပေါ်လာသည့်တိုင်အောင် အာရမ္မဏပစ္စယသတ္တိဖြင့် အာရုံအကြောင်းတရားအဖြစ် ရပ်တည်ကာ ကျေးဇူးပြုလျက်ပင် ရှိ၏။
——据说,他们很容易就能建立第四禅定,甚至乘车途中也能修习。法的功德实在广大。对于能够依正道如理作意的瑜伽行者,一件黄色衣服也能成为黄遍所依的所缘之相;这件黄色衣服会作为所缘之因,以所缘缘之力给予修习黄遍的瑜伽行者助益,直至其相续中生起第四禅定。
လောဟိတကသိုဏ်း = အနီရောင်ကသိုဏ်း
红遍(红色遍)
၁။ နီသော အဆင်းရှိသော ပန်း၌သော်လည်းကောင်း၊ ၂။ နီသော အဆင်းရှိသော အဝတ်၌သော်လည်းကောင်း၊ ၃။ နီသော အဆင်းရှိသော ပတ္တမြားနီ စသော ကျောက်ဓာတ်၌သော်လည်းကောင်း --- လောဟိတကသိုဏ်း နိမိတ်ကို ရယူနိုင်သည်။ (ဝိသုဒ္ဓိ-၁-၁၆၈။) ၄။ သွေးကောဋ္ဌာသ စသည်တို့ကဲ့သို့ နီသော ကောဋ္ဌာသ၌လည်း လောဟိတကသိုဏ်းနိမိတ်ကို ရယူနိုင်သည်။
可以从:一、红色花朵;二、红色布;三、红宝石等红色矿物——取得红遍之相。(《清净道论》1-168。)四、也可以从血液等红色身分取得红遍之相。
အာနာပါနဿတိသမာဓိကိုဖြစ်စေ သြဒါတကသိုဏ်းလျှင် အာရုံရှိသော သမာဓိကိုပင်ဖြစ်စေ စတုတ္ထစျာန် သမာဓိသို့ ဆိုက်သည်တိုင်အောင် သမာဓိကို ထူထောင်ပါ။ လင်းရောင်ခြည်စွမ်းအင်များ အထူး အားကောင်း လာသောအခါ ယင်းလင်းရောင်ခြည်၏ အကူအညီဖြင့် အဇ္စျတ္တ၌ သို့မဟုတ် ဗဟိဒ္ဓ၌ တည်ရှိသော နီးစပ်ရာ လွယ်ကူရာ၊ အသည်း နှလုံးစသည်တို့၏ ဝန်းကျင်၌ တည်ရှိသော အိုင်နေသော သွေးကောဋ္ဌာသ၏ သို့မဟုတ်
应建立入出息念定,或以白遍为所缘的定,直至达到第四禅定。当光明之力特别强盛时,应借助光明,从内在或外在附近便于观照之处,取积存在肝脏、心脏等周围的血液身分,或——
原书第 591 页
သမထကမ္မဋ္ဌာန်းပိုင်း -- ပထဝီကသိုဏ်း နှလုံးအိမ်၏ အတွင်း၌ တည်ရှိသော သွေးကောဋ္ဌာသ၏ အနီရောင်ကို အာရုံယူ၍ - လောဟိတကံ လောဟိတကံ လောဟိတကံ = အနီ အနီ အနီ ဟု နှလုံးသွင်းနေပါ။ နိမိတ်သုံးမျိုး ဘာဝနာသုံးမျိုး သမာဓိသုံးမျိုးတို့ကို အစဥ်အတိုင်း ဖြစ်ပေါ်လာအောင် စတုတ္ထစျာန်သမာဓိသို့ ဆိုက်သည်တိုင်အောင် ရှုပါ။
——取心脏腔内血液身分的红色为所缘,反复作意:‘lohitakaṃ、lohitakaṃ、lohitakaṃ’,即‘红色、红色、红色’。应依次使三种相、三种修习与三种定生起,观修直至达到第四禅定。
လောဟိတကသိုဏ်းကို စတုတ္ထစျာန်သမာဓိသို့ ဆိုက်အောင် အဝါးဝစွာ လေ့လာထားပြီးသော သူတော်- ကောင်း တစ်ဦးကို ပဒုမ္မာကြာပန်း တစ်ပွင့်ကလည်း ''လာစမ်းပါ ရှုကြည့်စမ်းပါ''ဟု ဖိတ်ခေါ်သကဲသို့ တည်ရှိ နေမည်သာ ဖြစ်၏။ နီမြန်းသော လယ်ခေါင်ရန်းပန်း တစ်ပွင့်ကလည်း ''လာစမ်းပါ ရှုကြည့်စမ်းပါ''ဟု ဖိတ်ခေါ်သကဲ့သို့ တည်ရှိနေမည်သာ ဖြစ်၏။ ပတ္တမြားလက်စွပ် တစ်ကွင်းကလည်း ''လာစမ်းပါ ရှုကြည့်စမ်းပါ''ဟု ဖိတ်ခေါ်သကဲ့သို့ တည်ရှိနေမည်သာ ဖြစ်၏။ အနီရောင်ဝတ်စုံ တစ်စုံကလည်း ''လာစမ်းပါ ရှုကြည့်စမ်းပါ''ဟု ဖိတ်ခေါ်သကဲ့သို့ တည်ရှိနေမည်သာ ဖြစ်၏။ မက်မောဖွယ်ရာ မြတ်နိုးဖွယ်ရာ နှစ်သက်ဖွယ်ရာ တဏှာလောဘ ဖြစ်စရာ ငါးဖြာအာရုံ ကာမဂုဏ်အတွင်းမှ ဘာဝနာဟူသော အနှစ်ကို ထုတ်ယူခြင်းပင် ဖြစ်၏။ ဤကဲ့သို့သော ကျင့်စဥ်များကို ဘုရားရှင်၏ လက်ထက်တော်မှသည် ယနေ့သိုတိုင်အောင် မပျောက်မပျက်အောင် ထိန်းသိမ်း
对于已经善巧修习红遍、直至达到第四禅定的贤善者,一朵红莲也仿佛在邀请:‘请来吧,请观照吧。’一朵鲜红的木槿花、一枚红宝石戒指、一套红色衣服,也都仿佛如此邀请。这样,便是从可意、可珍、可喜而能引生爱贪的五种欲乐所缘之中,提取名为修习的精髓。这类修行方法从佛陀时代一直传承至今,未曾失传;世代诸师与僧团不断守护——
စောင့်ရှောက်တော်မူလာသော ဆရာစဥ်ဆက် မပျက်မကွက် သယ်ဆောင်တော်မူလာသော သံဃာတော်၏ ဂုဏ်တော် ကျေးဇူးတော်ကား ကြီးမားတော်မူပါပေစွ။
——并完整传承,其功德与恩德实在广大。
အလွန်ရွံရှာစက်ဆုပ်ဖွယ်ကောင်းသော သွားတစ်ချောင်းသည်လည်း အဖြူရောင် သြဒါတကသိုဏ်းအဖြစ် ရပ်တည်ကာ စတုတ္ထစျာန်သမာဓိသို့ ဆိုက်အောင် ကျေးဇူးပြုပေးနိုင်သော စွမ်းအားရှိနေ၏။ အလွန်မြတ်နိုး ဖွယ်ရာသော ပတ္တမြားရတနာတစ်လုံးကလည်း အနီရောင် လောဟိတကသိုဏ်းအဖြစ် ရပ်တည်ကာ စတုတ္ထစျာန် သမာဓိသို့ ဆိုက်အောင် ကျေးဇူးပြုပေးနိုင်သော စွမ်းအားရှိနေ၏။ ယောနိသောမနသိကာရ ရှိသူ ယောဂါဝစရ ပုဂ္ဂိုလ်တစ်ဦးအနေဖြင့် ငါးဖြာအာရုံ ကာမဂုဏ်ညွန်ဗွက်မှ စတုတ္ထစျာန်သမာဓိသို့ တိုင်အောင်သော ဘာဝနာ ဟူသော အနှစ်သာရကို အချိန်မရွေး ထုတ်ယူ၍ ရနိုင်၏။ ယင်းစတုတ္ထစျာန်သမာဓိကို ဝိပဿနာ၏ အခြေ ပါဒကပြု၍ ဝိပဿနာသို့ ကူးခဲ့သော် ပါရမီအားလျော်စွာ အရဟတ္တဖိုလ်သို့ တိုင်အောင်သော အကျိုးကျေးဇူးများ ကိုလည်း ရရှိနိုင်သည်သာ ဖြစ်၏။ အကယ်၍ ပါရမီနုံ့၍ အရဟတ္တဖိုလ်သို့ မပေါက်ရောက်သေးခဲ့လျှင်လည်း
一颗极其可厌的牙齿,也能作为白色白遍,具有助成第四禅定的力量;一颗极其珍爱的红宝石,也能作为红色红遍,具有助成第四禅定的力量。对于具足如理作意的瑜伽行者,无论何时,都能从五欲所缘的泥沼之中,提取直至第四禅定、名为修习的精髓。若以该第四禅定作为毗婆舍那的基础禅,转修毗婆舍那,便能随自己的巴拉密,获得直至阿罗汉果的利益。即使巴拉密尚弱,未能达到阿罗汉果——
မလျှောကျသော စျာန်ရှိသော ထိုသူတော်ကောင်းကို သံသရာခရီးတွင် အလွန်အဆင့်အတန်း မြင့်မားလှသော ဗြဟ္မာချမ်းသာကြီးက ''လာစမ်းပါ လာစမ်းပါ''ဟု ဆီးကြိုဖိတ်ခေါ်လျက် ရှိနေမည်သာ ဖြစ်ပေသည်။ ဤမျှ ကြီးမားလှသော ဂုဏ်ကျေးဇူးရှိသည့် ဤကဲ့သို့သော တရားထူး တရားမြတ်များကို သာသနာတော်၌ သက်ဝင် ယုံကြည်မှု သဒ္ဓါတရားကို လက်ကိုင်ထားလျက်ရှိသော သင်ကဲ့သို့သော သူတော်ကောင်းတစ်ဦးသည် အဘယ်- ကြောင့် မပွားများ အားမထုတ်ဘဲ နေထိုက်ပါအံ့နည်း။ အချိန်ရှိခိုက် လုံ့လစိုက်ပါလော့။
——只要禅那不退失,在轮回旅途中,极其殊胜的梵天之乐也会迎面邀请这位贤善者:‘请来吧,请来吧。’像你这样以信心归依佛陀教法的贤善者,面对功德如此广大的殊胜妙法,怎能不加修习用功呢?趁还有时间,精勤努力吧。
ပထဝီကသိုဏ်း = မြေကသိုဏ်း
地遍(土遍)
၁။ ကသိုဏ်းဝန်းအဖြစ် ပြုပြင်အပ်ပြီးသော မြေ၊ ၂။ ကသိုဏ်းဝန်းအဖြစ် မပြုပြင်အပ်သေးသော ပြကတေ့သော ကောက်စပါးနယ်ရာ တလင်းစသော မြေ၊ ၃။ အပိုင်းအခြားရှိသည်သာ ဖြစ်သော မြေ၊ ၄။ အပိုင်းအခြား မရှိသည်ကား မဟုတ်သော မြေ၊ ၅။ မန်းငယ် = ဗန်းငယ် ဆန်ကောငယ် ပမာဏရှိသော မြေ၊ ၆။ အိုးစရည်းဖုံး စလောင်းဖုံး ပမာဏရှိသော မြေ --- ဤမြေတို့၌ ပထဝီကသိုဏ်းနိမိတ်ကို ရယူနိုင်ပေသည်။ (ဝိသုဒ္ဓိ-၁-၁၂ဝ။)
可以从下列地面取得地遍之相:一、已经修成遍圆的地面;二、尚未修成遍圆的天然地面,如打谷场;三、有边界的地面;四、不是没有边界的地面;五、小簸箕、小盘或小簸箩大小的地面;六、锅盖或盘盖大小的地面。(《清净道论》1-120。)
原书第 592 页
တတ္ထ ယေန အတီတဘဝေပိ သာသနေ ဝါ ဣသိပဗ္ဗဇ္ဇာယ ဝါ ပဗ္ဗဇိတွာ ပထဝီကသိဏေ စတုက္က- ပဉ္စကဇ္ဈာနာနိ နိဗ္ဗတ္တိတပုဗ္ဗာနိ၊ ဧဝရူပဿ ပုညဝတော ဥပနိဿယသမ္ပန္နဿ အကတာယ ပထဝိယာ ကသိတ- ဋ္ဌာနေ ဝါ ခလမဏ္ဍလေ ဝါ နိမိတ္တံ ဥပ္ပဇ္ဇတိ။ (ဝိသုဒ္ဓိ-၁-၁၂ဝ။) ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးသည် ရှေးရှေးအတိတ်ဘဝ၌လည်း သာသနာတော်တွင်း၌သော်လည်းကောင်း ရသေ့ရဟန်းအဖြစ်၌သော်လည်းကောင်း ရှင်ရဟန်းပြုဖူး၍ ပထဝီကသိုဏ်း၌ စတုက္ကစျာန် ပဉ္စကစျာန်တို့ကို ဖြစ်စေအပ်ဖူးကုန်၏၊ ဤသို့ သဘောရှိသော ဘာဝနာကြောင့်ဖြစ်သော ကောင်းမှုကုသိုလ် ပါရမီ ပုညသမ္ဘာရ အဆောက်အဦရှိသော အားကြီးသော ဘာဝနာကုသိုလ်တည်းဟူသော မှီရာ ဥပနိဿယနှင့် ပြည့်စုံသော ထို ယောဂါဝစရပုဂ္ဂိုလ်မြတ်အဖို့မူကား အလောင်းတော် ဟတ္ထိပါလသတို့သားသည် ကသိုဏ်းဝန်းအဖြစ် မပြုပြင်အပ် သေးသော ဂင်္ဂါမြစ်ရေအယဥ်ကို ကြည့်၍ အာပေါကသိုဏ်းနိမိတ်ကို လွယ်ကူစွာ ရယူနိုင်သကဲ့သို့ -- အလားတူပင်
巴利文(缅文转写):‘Tattha yena atītabhavepi sāsane vā isipabbajjāya vā pabbajitvā paṭhavīkasiṇe catukka-pañcakajjhānāni nibbattitapubbāni, evarūpassa puññavato upanissayasampannassa akatāya pathaviyā kasitaṭṭhāne vā khalamaṇḍale vā nimittaṃ uppajjati。’(《清净道论》1-120。)瑜伽行者若在过去生曾于佛陀教法中出家,或作仙人出家,并曾依地遍生起四分法、五分法诸禅;这样具福而具有修习善业巴拉密、圆满强力亲依止者,就像菩萨护象童子看着未经修成遍圆的恒河水流,也能轻易取得水遍之相那样——同样,
ကသိုဏ်းဝန်းအဖြစ် မပြုပြင်အပ်သေးသော ပကတိသော မြေဝယ် လယ်ထွန်ရာ အရပ်၌သော်လည်းကောင်း ကောက်နယ်တလင်း အဝန်း၌သော်လည်းကောင်း ပရိကမ္မနိမိတ်ကို ယူခဲ့သော် ပထဝီ ပထဝီ ဟု စီးဖြန်းခဲ့သော် ထိုပရိကမ္မနိမိတ်မှ ဥဂ္ဂဟနိမိတ်သို့ တစ်ခဏချင်း ပြောင်းလဲသွား၍ ဥဂ္ဂဟနိမိတ်ကို ရရှိနိုင်ပေသည်။
——他从未经修成遍圆的天然耕地或打谷场取遍作相,反复念诵‘paṭhavī、paṭhavī’,遍作相便会在一刹那间转成取相,从而获得取相。
(ဝိသုဒ္ဓိ-၁-၁၂ဝ။)
(《清净道论》1-120。)
ဤအထက်ပါ ညွှန်ကြားချက်များနှင့်အညီ အသင်သူတော်ကောင်းသည်လည်း ပထဝီကသိုဏ်း၌ နိမိတ်ကို ရယူလိုခဲ့သော် ညီညာ၍ မြက် သစ်ရွက် ခဲစသော အပြစ်ကင်းသော ပကတိသော မြေကြီးတစ်နေရာတွင် တုတ်ဖြင့် ဖြစ်စေ အရာဝတ္ထုတစ်ခုဖြင့် ဖြစ်စေ ဝန်းဝိုင်းသော အရေးအသားတစ်ခုကို ပြုပါ။ မန်းငယ် = ဗန်းငယ် ဆန်ကော- ငယ် ပမာဏမှစ၍ အသင်သူတော်ကောင်း၏ ဆန္ဒရှိသလောက် ပမာဏကို ပြုပါ။ အရုဏဝဏ္ဏာယ မတ္တိကာယ ကသိဏံ ကာတဗ္ဗံ။ (ဝိသုဒ္ဓိ-၁-၁၂ဝ။)ဟူသော ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၏ ညွှန်ကြားချက်နှင့်အညီ ကသိုဏ်းပြုလုပ်မည့် မြေကြီး၏ အရောင်မှာ မမည်းလွန်း မဖြူလွန်းသော အနီရောင် = အရုဏ်ရောင် အသင့်အတင့် သန်းနေသော မြေကြီးရောင် ဖြစ်ပါစေ။ ထို မြေအဝန်းအဝိုင်းကို စိုက်ကြည့်၍ ---- ပထဝီ ပထဝီ ပထဝီ = မြေ မြေ မြေ ဟု နှလုံးသွင်းပါ။
依照上述指示,贤善者若想取得地遍之相,应在一处平整、没有草叶石块等瑕疵的天然土地上,用木棍或其他物件画出圆形边界;大小可从小簸箕、小盘或小簸箩起,依自己所愿而定。《清净道论》义注说:‘Aruṇavaṇṇāya mattikāya kasiṇaṃ kātabbaṃ——应以曙红色的泥土制作遍。’(《清净道论》1-120。)因此,泥土不可太黑或太白,而应略带适度的红色、曙光色。注视这个地圆,反复作意:‘paṭhavī、paṭhavī、paṭhavī’,即‘地、地、地’。
မျက်စိကို ဖွင့်လိုက် ပိတ်လိုက် ပြုလုပ်၍ နိမိတ်ကို ယူကြည့်ပါ။ အကယ်၍ နိမိတ်မှာ မထင်မရှား ဖြစ်နေလျှင် အာနာပါနဿတိသမာဓိကို စတုတ္ထစျာန်သို့ ဆိုက်သည်တိုင်အောင် တစ်ဖန်ပြန်၍ သမာဓိကို ထူထောင်ပါ၊ သို့မဟုတ် သြဒါတကသိုဏ်း စတုတ္ထစျာန်သမာဓိသို့ ဆိုက်သည်တိုင်အောင် သမာဓိကို ထူထောင်ပါ။ ထို စတုတ္ထစျာန်သမာဓိကြောင့် ဖြစ်ပေါ်လာသော အရောင်အလင်း၏ အကူအညီဖြင့် ထို မိမိပြုပြင်ထားသော ပထဝီ ကသိုဏ်းဝန်းနိမိတ်ကို လှမ်းကြည့်၍ ပထဝီ ပထဝီ ပထဝီ = မြေ မြေ မြေ ဟု နှလုံးသွင်းပါ။ ပကတိသော မျက်စိဖြင့် မြင်ရသကဲ့သို့ နိမိတ်ကို ယူ၍ရခဲ့သော် မိမိနှစ်သက်ရာ နေရာသို့သွား၍ ထိုင်နိုင်ပြီ။ ထိုသို့ ထိုင်သော အခါ၌လည်း မိမိရရှိထားပြီးသော စတုတ္ထစျာန်သမာဓိကို တစ်ဖန်ပြန်ထူထောင်၍ လင်းရောင်ခြည်စွမ်းအင်များ ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပလာသောအခါ ထိုလင်းရောင်ခြည်၏ အကူအညီဖြင့် ထိုပထဝီကသိုဏ်း
睁眼、闭眼交替地取得禅相。如果禅相不清楚,应重新建立入出息念定直至第四禅,或建立白遍第四禅定;然后借助第四禅定所生的光明,远观自己制成的地遍圆,反复作意‘地、地、地’。如果已经能像睁眼时一样取得禅相,就可以到自己喜欢的地方坐禅。坐下后,再次建立已经获得的第四禅定;当光明之力闪耀强盛时,借助光明,再次远取那个地遍——
နိမိတ်ကိုပင် တစ်ဖန်ပြန်လည်၍ လှမ်းကာ အာရုံယူပါ။ ကသိုဏ်းဝန်းနိမိတ်ကို တစ်ဖန် အာရုံယူ၍ ရခဲ့သော် ထိုပထဝီကသိုဏ်းနိမိတ်ကို အဖန်ဖန် အထပ်ထပ် မှီဝဲပါ။
——之相为所缘。能够再次取到遍圆之相以后,应反复亲近、修习该地遍之相。
န ဝဏ္ဏော ပစ္စဝေက္ခိတဗ္ဗော၊ န လက္ခဏံ မနသိကာတဗ္ဗံ။ အပိစ ဝဏ္ဏံ အမုဉ္စိတွာ နိဿယသဝဏ္ဏံ ကတွာ ဥဿဒဝသေန ပဏ္ဏတ္တိဓမ္မေ စိတ္တံ ပဋ္ဌပေတွာ မနသိကာတဗ္ဗံ။ (ဝိသုဒ္ဓိ-၁-၁၂၂။) ထိုသို့ ပထဝီကသိုဏ်းနိမိတ်ကို နှလုံးသွင်းရာ၌ ထိုပထဝီကသိုဏ်းဝန်း၌ တည်သော အရုဏ်ရောင် အဆင်း-
巴利文(缅文转写):‘Na vaṇṇo paccavekkhitabbo, na lakkhaṇaṃ manasikātabbaṃ. Api ca vaṇṇaṃ amuñcitvā nissayasavaṇṇaṃ katvā ussadavasena paññattidhamme cittaṃ paṭṭhapetvā manasikātabbaṃ。’(《清净道论》1-122。)作意地遍之相时,不应以意识省察、作意地遍圆上类似曙光色的颜色——
原书第 593 页
သမထကမ္မဋ္ဌာန်းပိုင်း -- ပထဝီကသိုဏ်း နှင့်တူသော အရောင်အဆင်းကိုလည်း မနောဝိညာဏ်ဖြင့် မဆင်ခြင်အပ် နှလုံးမသွင်းအပ်။ ထိုပထဝီကသိုဏ်း ဝန်း၏ တည်ရာ မြေကြီး၏ ထဒ္ဓလက္ခဏာ = ခက်မာခြင်း ပထဝီဓာတ် လက္ခဏာကိုလည်း နှလုံးမသွင်းအပ်။
——也不应作意地遍圆所依泥土的坚硬特相,即地界的特相。
စင်စစ်မူကား အရောင်အဆင်းကို မလွှတ်မူ၍ ထိုအရောင်အဆင်းကို မိမိအရောင်အဆင်း၏ မှီရာ ပထဝီကသိုဏ်း ဝန်းနှင့်တူသော အခြင်းအရာ တူသောအလားရှိသည်ကို ပြု၍ ပထဝီဓာတ်ထူပြောသည်၏အဖြစ် သတ္တိအားဖြင့် လွန်သည်၏ အဖြစ်ဖြင့် ပထဝီ = မြေဟူသော လောကဝေါဟာရပညတ်၌ စိတ်ကို ရှေးရှူတည်စေ၍ ပထဝီ ပထဝီ = မြေ မြေ ဟု နှလုံးသွင်းပါ။
正确的方法是:不舍离颜色,却使该颜色呈现为与其所依地遍圆同样的形态;然后依地界占优势、显著增盛的力量,把心导向‘paṭhavī——地’这一世俗概念,反复作意‘paṭhavī、paṭhavī’,即‘地、地’。
အကယ်၍ အသင်သူတော်ကောင်းသည် ပထဝီကသိုဏ်းဝန်း၌ တည်ရှိသော အရုဏ်ရောင် ဟူသော အရောင်အဆင်းကို နှလုံးသွင်းပါက ပထဝီကသိုဏ်း မဖြစ်တော့ဘဲ ဝဏ္ဏကသိုဏ်း = အရောင်ကသိုဏ်း ဖြစ်သွား ပေလိမ့်မည်။ အကယ်၍ အသင်သူတော်ကောင်းသည် ပထဝီကသိုဏ်းဝန်း၌ ထူပြောလျက်ရှိသော ပထဝီဓာတ်၏ ခက်မာမှုသဘောကို နှလုံးသွင်းမိပါက ပထဝီကသိုဏ်းကို နှလုံးသွင်းသည် မမည်တော့ဘဲ ဓာတ်ကမ္မဋ္ဌာန်းကို နှလုံးသွင်းသည် မည်ပေလိမ့်မည်။ ပထဝီကသိုဏ်းလမ်းမှ ဓာတ်ကမ္မဋ္ဌာန်းလမ်းဘက်သို့ ပြောင်းသွားပြီ ဖြစ်၏။
如果贤善者作意地遍圆上的曙红色,所修就不再是地遍,而会转成色遍;如果作意地遍圆中占优势的地界坚硬性,就不再称为作意地遍,而成了作意界业处,已经从地遍之道转到界业处之道。
ပို၍ရှုပ်ထွေးသော ပြဿနာတစ်ရပ်ကား ယင်းပထဝီကသိုဏ်းဝန်း၌ တည်ရှိသော မာမှုသဘောကို နှလုံးသွင်းမိ ပါက ယင်းပထဝီကသိုဏ်းဝန်းကလည်း အရပ်ဆယ်မျက်နှာသို့ ပြန့်ကားသွားသောအခါ ယင်းမာမှုသဘောက ယောဂါဝစရပုဂ္ဂိုလ်၏ ရူပကာယတစ်ခုလုံးကို လွှမ်းခြုံထားသကဲ့သို့ဖြစ်ကာ သမာဓိ၏ စွမ်းအင် ထက်မြက်လာ- သည်နှင့်အမျှ မာမှုသဘောမှာလည်း လွန်ကဲလာကာ ထိုယောဂီသူတော်ကောင်းအနေဖြင့် ထိုမာမှုသဘောကို သည်းမခံနိုင် ဖြစ်တတ်ပေသည်။ သတိရှိစေ။ ဤစည်းကမ်းချက်ကို ပကတိသော မြေဝန်း၌ နိမိတ်ယူစဥ်၌သော် လည်းကောင်း၊ တစ်နေရာတွင် တရားထိုင်စဥ် ယင်းနိမိတ်ကို တစ်ဖန်ပြန်၍အာရုံယူစဥ်၌လည်းကောင်း လိုက်နာပါ။
更麻烦的是:如果作意地遍圆的坚硬性,随着地遍圆扩展到十方,坚硬性仿佛遍覆瑜伽行者全身;定力越锐利,坚硬性也越强,瑜伽行者甚至可能无法忍受。务须谨慎。无论面对天然土圆取得禅相,还是坐禅时重新取该相,都要遵守这项规则。
မြေကြီး၌တည်ရှိသော မူလပထဝီကသိုဏ်းဝန်းကို မျက်စိဖွင့်တုံမှိတ်တုံပြု၍ နိမိတ်ကိုယူရာ၌ ပကတိသော ဖွင့်ထားသော မျက်စိဖြင့် ကသိုဏ်းဝန်းနိမိတ်ကို မြင်ရသကဲ့သို့ မှိတ်ထားသောအခါ၌လည်း ထိုကသိုဏ်းဝန်း နိမိတ်သည် ထင်နေပါက ထိုအခါ ဥဂ္ဂဟနိမိတ် ဖြစ်ပေါ်လာပြီ ဖြစ်၏။ တစ်ဖန် တစ်နေရာတွင် သွားရောက်ကာ တရားထိုင်သောအခါ၌လည်း မိမိရရှိထားပြီးသော စတုတ္ထစျာန်သမာဓိကို ထူထောင်ပြီးနောက် ထိုစတုတ္ထစျာန် သမာဓိကြောင့် ဖြစ်ပေါ်လာသော လင်းရောင်ခြည်၏ အကူအညီဖြင့် ထိုမူလနိမိတ်ယူခဲ့ဖူးသော ပထဝီကသိုဏ်း ဝန်းနိမိတ်ကိုပင် တစ်ဖန်ပြန်၍ အာရုံယူလိုက်သောအခါ ဖွင့်ထားသော မျက်စိဖြင့် မြင်ရသကဲ့သို့ ထင်လာပါမူ ထိုအခါတွင်လည်း ဥဂ္ဂဟနိမိတ်သည် ဖြစ်ပေါ်လာသည် မည်၏။ ထိုဥဂ္ဂဟနိမိတ်ကိုပင် ဆက်လက်၍ နှလုံးသွင်း ခဲ့သော် မှီဝဲခဲ့သော် ပွားများခဲ့သော် အစဥ်အတိုင်း နီဝရဏတို့သည် ခွာအပ်ပြီး ဖြစ်ကုန်၏ = ကွာသွားကြကုန်၏၊
面对地上的原始地遍圆,睁眼、闭眼交替取相时,如果闭眼后遍圆之相仍像睁眼所见一样显现,取相就已经生起。后来到其他地方坐禅,建立已得的第四禅定,借助其所生光明,再次取原先取得禅相的地遍圆为所缘;如果也像睁眼所见一样显现,同样称为取相生起。继续作意、亲近、修习这个取相,诸盖就会依次远离——
ကိလေသာတို့သည် အနည်ထိုင်သွားကြကုန်၏၊ ဥပစာရသမာဓိဖြင့် စိတ်သည် တည်ကြည်လာ၏။ ပဋိဘာဂ နိမိတ်သည် ဖြစ်ပေါ်လာ၏။ ထိုပဋိဘာဂနိမိတ်ကို တိုးပွားအောင် ပြု၍သော်လည်းကောင်း မတိုးပွားစေဘဲသော် လည်းကောင်း ဆက်လက်၍ နှလုံးသွင်းခဲ့သော် စတုတ္ထစျာန်သမာဓိသို့ တိုင်အောင် ဆိုက်ရောက်နိုင်ပေသည်။
——诸烦恼沉伏,心以近行定而安定,似相随之生起。无论扩大似相还是不扩大,只要继续作意,都能达到第四禅定。
သို့သော် နိမိတ်ကို ဖြန့်ကြက်ခဲ့သော် ဘာဝနာသမာဓိမှာ ရှည်မြင့်စွာ တည်နိုင်သဖြင့် နိမိတ်ကို စွမ်းအား ရှိသ- လောက် ဖြန့်ကြက်ပြီးလျှင် စတုတ္ထစျာန်သို့ ဆိုက်အောင် ရှုပါ။
不过,扩大禅相能让修习定长久维持,所以应依自己的能力扩大禅相,再观修直至第四禅。
ဥဂ္ဂဟနိမိတ်၌ လက်ချောင်းရာ တုတ်ရာ စသည့် ကသိုဏ်းအပြစ်ဒေါသများ ထင်ရှားနေတတ်၏။ ပဋိဘာဂ နိမိတ်ကား အိတ်အတွင်းမှ ထုတ်ယူအပ်သော ကြေးမုံဝန်းကဲ့သို့လည်းကောင်း၊ ကောင်းစွာ ပွတ်အပ်ပြီးသော ခရုသင်းခွက်ကဲ့သို့လည်းကောင်း၊ တိမ်တိုက်အကြားမှ ထွက်ပေါ်လာသော လပြည့်ဝန်းကဲ့သို့လည်းကောင်း၊ မိုးတိမ်ညိုဝ၌ ပျံသန်းနေသော ဥဗျိုင်းတို့ကဲ့သို့ လည်းကောင်း ဥဂ္ဂဟနိမိတ်ကို ထွင်းဖောက်၍ ထွက်ပေါ်လာ သကဲ့သို့ ထိုဥဂ္ဂဟနိမိတ်ထက် အဆပေါင်း အရာအထောင်မက အလွန်စင်ကြယ်သန့်ရှင်းသည်ဖြစ်၍ ထင်လာ
取相还会显出指痕、棍痕等遍圆瑕疵;似相则仿佛破开取相而出,如从袋中取出的圆镜、善加磨光的螺杯、从云层间显出的满月,又如飞翔在暗云中的白鹭;它比取相清净百千倍而显现——
原书第 594 页
တတ်ပေ၏။ (ဝိသုဒ္ဓိ-၁-၁၂၂။) အထက်တွင် ရေးသားတင်ပြထားသည့်အတိုင်း သြဒါတကသိုဏ်းမှစ၍ အခြားအခြားသော ကသိုဏ်းတို့၌ ဘာဝနာသမာဓိအရှိန်အဝါ အားကောင်းလာသော အချို့သော ယောဂါဝစရပုဂ္ဂိုလ်အဖို့မူကား ပထဝီကသိုဏ်း နိမိတ်ဝန်းကိုပင် အထူးမပြုလုပ်ရတော့ဘဲ သြဒါတကသိုဏ်းစသည်တို့ဖြင့် စတုတ္ထစျာန်သမာဓိသို့ ဆိုက်အောင် သမာဓိကို ထူထောင်၍ ထိုစတုတ္ထစျာန်သမာဓိဘာဝနာစိတ်ကြောင့် ဉာဏ်အရောင်အလင်းသည် ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပလာသောအခါ မိမိထိုင်၍ တရားနှလုံးသွင်းရာ အောက်၌ဖြစ်စေ ပတ်ဝန်းကျင်၌ဖြစ်စေ တည်ရှိနေသော အရုဏ်ရောင်အဆင်းရှိသော ပကတိမြေကြီးကိုပင် ယင်းစတုတ္ထစျာန် ဘာဝနာသမာဓိကြောင့် ထွက်ပေါ်လာသော ဉာဏ်အရောင်အလင်းဓာတ်ဖြင့် ထိုးစိုက်၍ ပထဝီကသိုဏ်းနိမိတ်ကို ယူခဲ့သော်လည်း ရရှိ နိုင်သည်သာ ဖြစ်ပေသည်။ ယင်းနိမိတ်ကိုပင် အဖန်ဖန် အထပ်ထပ် မှီဝဲပွားများခဲ့သော် အစဥ်အတိုင်း နိမိတ်
——就是如此。(《清净道论》1-122。)如上所述,有些瑜伽行者从白遍起,已经在其他诸遍积累强盛的修习定力;他们不必特别制作地遍圆,只须先以白遍等建立定直至第四禅。第四禅修习心所生的智慧光明闪耀明亮时,便以智慧光明照向自己坐禅处下方或周围略带曙红色的天然土地,也能取得地遍之相。反复亲近、修习该相,便能依次生起——
သုံးမျိုး ဘာဝနာသုံးမျိုး သမာဓိသုံးမျိုးတို့ ဖြစ်ပေါ်လာနိုင်၏။ ပဋိဘာဂနိမိတ်သို့ ဆိုက်သောအခါ နိမိတ်ကို စွမ်း- အား ရှိသလောက် ဖြန့်ကြက်၍ စတုတ္ထစျာန်သမာဓိသို့ ဆိုက်သည်တိုင်အောင် ဆက်လက်ပွားများပါ။
——三种相、三种修习与三种定。达到似相以后,应尽力扩大禅相,继续修习直至第四禅定。
အာပေါကသိုဏ်း = ရေကသိုဏ်း
水遍
၁။ သပိတ်၊ ခွက်၊ ပုံးစသည်၌ အနားရေးနှင့်အမျှ ပြည့်အောင်ထည့်ထားအပ်သော ကသိုဏ်းဝန်းအဖြစ် ပြု- လုပ်ထားအပ်သော၊ အညို အဝါ အဖြူ အနီ အရောင်တို့ဖြင့် ရောယှက်မှု မရှိ ပကတိ ကြည်လင်သန့်ရှင်းသော၊ ကောင်းကင်မှ ကျလာသော မိုးရေ၊ သို့မဟုတ် ထိုရေနှင့် အလားတူ သန့်ရှင်းသော ရေ၌သော်လည်းကောင်း၊ ၂။ ရေတွင်း၊ ရေကန်၊ တစ်ဘက်ဆည်ကန်၊ သမုဒ္ဒရာမှ တက်လာသော ဆားငံရေဖြင့် ပြည့်သော ဆားကျင်း၊ ဒီချောင်း၊ သမုဒ္ဒရာစသော ကသိုဏ်းဝန်းအဖြစ် မပြုပြင်အပ်သော ရေ၌သော်လည်းကောင်း အာပေါကသိုဏ်း နိမိတ်ကို ယူနိုင်ပေသည်။ (ဝိသုဒ္ဓိ-၁-၁၆၅။) ဤ ညွှန်ကြားချက်များနှင့်အညီ အသင်သူတော်ကောင်းအတွက် အကောင်းဆုံးသော ရေမှာ ကြည်လင် သန့်ရှင်းသော ရေတွင်းရေပင် ဖြစ်သည်။ ရေတွင်းရေ မရခဲ့သော် သပိတ်၌ဖြစ်စေ၊ အိုးခွက်တစ်ခု၌ဖြစ်စေ ရေ ပြည့်အောင်ထည့်၍ အာပေါကသိုဏ်းနိမိတ်ကို ယူပါ။ ရေတွင်းရေ၌ဖြစ်စေ၊ သပိတ် အိုးခွက်စသည်၌ တည်ရှိ-
可以从下列水取得水遍之相:一、装在钵、杯、桶等容器中,盛满至边缘而制成遍圆,不混杂褐、黄、白、红等颜色,天然清净的雨水,或与之相似的净水;二、尚未制成遍圆的井水、池水、单边筑坝的池水、盐田中由海水蒸成的咸水、潮沟水或海水等。(《清净道论》1-165。)依这些指示,贤善者最适合采用清净井水;若没有井水,也可把水盛满钵或其他容器,取得水遍之相。无论取井水还是钵器中的——
သော ရေ၌ဖြစ်စေ အာပေါကသိုဏ်းနိမိတ်ကို ယူရာ၌ ရေဟူသော ပညတ်သက်သက်ကိုသာ အာရုံယူပါ။ ရေ တွင်း နံရံနှင့် ရေတွင်းအောက်ခြေကိုလည်းကောင်း၊ သပိတ် အိုးခွက်တို့၏ နံရံနှင့် အောက်ခြေကိုလည်းကောင်း မကြည့်မိရန် သတိပြုပါ။ ရေသက်သက်ကိုသာ ကြည့်၍ နိမိတ်ယူပါ။ တစ်ဖန် ထိုသို့နိမိတ်ယူရာ၌ မိမိရရှိထား- ပြီးသော အာနာပါနစတုတ္ထစျာန်ကိုလည်းကောင်း သို့မဟုတ် သြဒါတကသိုဏ်း စတုတ္ထစျာန်ကိုလည်းကောင်း ဝင်စားပြီးမှ လင်းရောင်ခြည်စွမ်းအင်များ အားကောင်းလာသောအခါမှ အာပေါကသိုဏ်းနိမိတ်ကို ယူခဲ့သော် ပို၍ အရမြန်တတ်သည်။ ရှေးရှေး ဘာဝနာသမာဓိများက အားကြီးသောမှီရာ ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြု ပေးနေသောကြောင့် ဖြစ်သည်။
——水,都只应取‘水’这一概念为所缘。必须留意,不要看井壁、井底或钵器的壁面与底部,只看水本身而取得禅相。取相以前,若先进入自己已经获得的入出息念第四禅或白遍第四禅,待光明之力强盛以后再取水遍之相,往往更快成功;这是因为从前诸修习定以强力亲依止给予助益。
န ဝဏ္ဏော ပစ္စဝေက္ခိတဗ္ဗော၊ န လက္ခဏံ မနသိကာတဗ္ဗံ။ (ဝိသုဒ္ဓိ-၁-၁၆၅။) ထိုသို့ အာပေါကသိုဏ်းနိမိတ်ကို ယူရာ၌ ရေ၏အရောင်ကို နှလုံးမသွင်းပါနှင့်၊ အရောင်ကို နှလုံးသွင်းခဲ့သော် ဝဏ္ဏကသိုဏ်းဘက်သို့ ကူးသွားမည်။ အာပေါဓာတ်၏ ယိုစီးခြင်း ပဂ္ဃရဏလက္ခဏာကိုလည်း နှလုံးမသွင်းပါနှင့်၊ ရေ၏ အေးမှု သီတလက္ခဏာကိုလည်း နှလုံးမသွင်းပါနှင့်၊ ဓာတ်ကို နှလုံးသွင်းခဲ့သော် ဓာတ်ကမ္မဋ္ဌာန်းဘက်သို့ ကူးသွားမည် ဖြစ်၏။ အထူးသဖြင့် ရေ၏ အေးမှုသဘောကို နှလုံးသွင်းပါက သမာဓိအားကောင်းလာသောအခါ
巴利文(缅文转写):‘Na vaṇṇo paccavekkhitabbo, na lakkhaṇaṃ manasikātabbaṃ——不应省察颜色,不应作意特相。’(《清净道论》1-165。)取得水遍之相时,不要作意水的颜色,否则会转到色遍;不要作意水界的流动、渗出特相,也不要作意水的冷性,否则会转到界业处。特别是,若作意水的冷性,当定力强盛时——
原书第 595 页
သမထကမ္မဋ္ဌာန်းပိုင်း -- တေဇောကသိုဏ်း ထိုသို့ နှလုံးသွင်းနေသော ယောဂါဝစရပုဂ္ဂိုလ်၏ ခန္ဓာကိုယ်၌ ချမ်းတက်လာတတ်၏။ ထိုကြောင့် အဆင်း၏မှီရာ အာပေါကသိုဏ်းကို အဆင်းနှင့်တကွ တူသော အခြင်းအရာရှိသည်ကို ပြု၍ အာပေါဓာတ် ထူပြောသည်၏ အစွမ်းဖြင့် အာပေါ = ရေဟူသော လောကဝေါဟာရ၌ စိတ်ကို ထား၍ ---- အာပေါ အာပေါ အာပေါ = ရေ ရေ ရေ ဟု နှလုံးသွင်းပွားများပါ။ နိမိတ်သုံးမျိုး၊ ဘာဝနာသုံးမျိုး၊ သမာဓိသုံးမျိုး အစဥ်အတိုင်း ပေါ်လာ၍ စတုတ္ထစျာန်သမာဓိသို့ တိုင်အောင် အစဥ်အတိုင်း ဆိုက်ရောက်နိုင်ပေသည်။
——瑜伽行者的身体可能越来越寒冷。因此,应不舍离颜色,却使水遍呈现为与颜色同样的形态;依水界占优势的力量,把心安置在‘āpo——水’这一世俗概念上,反复作意‘āpo、āpo、āpo’,即‘水、水、水’。三种相、三种修习与三种定会依次出现,行者也能依次达到第四禅定。
ဤအာပေါကသိုဏ်း၌ ဥဂ္ဂဟနိမိတ်သည် လှုပ်သကဲ့သို့ ထင်လာတတ်၏။ အာပေါကသိုဏ်းနိမိတ်ကို ယူခဲ့စဥ်က ရေသည် ရေမြှုပ် ရေပြွက်နှင့် ရောသော ရေဖြစ်ခဲ့မူ ထိုပုံစံအတိုင်းသာ ထင်လာတတ်၏။ လှိုင်းတံပိုး ထခြင်း၊ ရေမြှုပ် ရေပြွက်နှင့် ရောနှောနေခြင်းစသော ကသိုဏ်းအပြစ်ဒေါသသည် ထင်လာတတ်၏။ ထိုကြောင့် ငြိမ်သက်၍ နက်ရှိုင်းသော ရေ၌ နိမိတ်ယူခြင်းက အပြစ်ဒေါသ နည်းပါးသဖြင့် ပိုကောင်းလှပေသည်။ ပဋိဘာဂ နိမိတ်ကား တုန်လှုပ်ခြင်းကင်းသည် ဖြစ်၍ ကောင်းကင်၌ ထားအပ်သော မြယပ်ဝန်းကဲ့သို့လည်းကောင်း၊ မြ- ကြေးမုံဝန်းကဲ့သို့လည်းကောင်း ဖြစ်၍ ရှေးရှုထင်လာ၏။ ထိုယောဂါဝစရပုဂ္ဂိုလ်သည် ထိုပဋိဘာဂနိမိတ် ထင်- သည်နှင့် အတူတကွသာလျှင် ဆိုခဲ့ပြီးသည့်အတိုင်း ဥပစာရစျာန် အပ္ပနာစျာန်တို့သို့ ရောက်ရှိနိုင်ပေသည်။
水遍的取相往往显得晃动;如果取相时水中混有泡沫、水泡,也会照样显现,波浪、泡沫、水泡等遍圆瑕疵仍然存在。因此,深而平静的水瑕疵较少,更适合取相。似相则静止不动,仿佛悬在空中的翡翠圆扇或翡翠圆镜。似相一显现,瑜伽行者便能如前所说,达到近行禅与安止禅。
(ဝိသုဒ္ဓိ-၁-၁၆၅-၁၆၆။)
(《清净道论》1-165—166。)
တေဇောကသိုဏ်း = မီးကသိုဏ်း
火遍
ရှေးရှေး ဘဝထိုထိုက ပြုအပ်ဆည်းပူးအပ်ခဲ့ဖူးသော တေဇောကသိုဏ်း ဘာဝနာလုပ်ငန်း၌ ဘာဝနာကု- သိုလ် ပုညသမ္ဘာရ ရှိခဲ့ဖူးသော ပုဂ္ဂိုလ်အား ကသိုဏ်းဝန်းအဖြစ် မပြုပြင်အပ်သေးသော မီး၌ တေဇောကသိုဏ်း နိမိတ်ကို ယူခဲ့သော် ရရှိနိုင်သည်သာ ဖြစ်၏။
过去生曾在火遍修习中积累修习善业与福德资粮者,可以直接从未经修成遍圆的火取得火遍之相。
၁။ ဆီမီးတောက် ဆီမီးလျှံ၌လည်းကောင်း၊ ၂။ ချက်ပြုတ်ရာ မီးဖို၌လည်းကောင်း၊ ၃။ သပိတ်ဖုတ်ရာ ဌာန၌တည်ရှိသော မီးပုံ၌လည်းကောင်း၊ ၄။ တောမီးလောင်ရာ မီးတောက် မီးလျှံ၌လည်းကောင်း --- အမှတ်မရှိ မီးတောက်လောင်ရာ အရပ်၌ မီးလျှံကို ကြည့်ရှုစဥ် ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ် ဖြစ်ပေါ် လာနိုင်၏။
例如,在下列火焰中任意观察,都可能生起取相与似相:一、油灯火焰;二、炊事炉火;三、烧钵处的火堆;四、森林火灾的火焰。
အတိတ်ဘဝထိုထိုက တေဇောကသိုဏ်းကို စီးဖြန်းမှု ပါရမီ ပုညသမ္ဘာရ မရှိသော ယောဂါဝစရပုဂ္ဂိုလ် သည်ကား တေဇောကသိုဏ်းဝန်းကို ပြုလုပ်ထိုက်၏။ ပြုလုပ်ပုံ အစီအရင်ကား -- အနှစ်အဆီရှိ၍ ခြောက်သွေ့- သော ထင်းခွဲခြမ်းတို့ကို သင့်တော်ရာ တစ်နေရာ၌ သပိတ်ဖုတ်သည့် ပုံစံအနေအထားအားဖြင့် အစုအပုံလိုက် မီးတောက် မီးလျှံ ထွက်ပေါ်လာသည်တိုင်အောင် မီးရှို့ပါ။
过去生没有积累火遍修习巴拉密与福德资粮的瑜伽行者,则应制作火遍圆。方法是:在适当地点堆放干燥而富含树脂的劈柴,仿照烧钵的方式点燃,直到形成旺盛火焰。
သင်ဖြူးဖျာ၊ သားရေပိုင်း၊ ပုဆိုးကြမ်း၊ သစ်သားပျဥ်ချပ် စသည့် တစ်ခုခုတွင် တစ်ထွာလောက် အတိုင်း အရှည်ရှိသော ဝန်းဝိုင်းသော အပေါက်ကို ဖောက်၍ ထိုအပေါက်ဖောက်ထားသော အရာဝတ္ထုကို ရှေး၌ထား၍ သို့မဟုတ် တစ်ထွာခန့် ဝန်းဝိုင်းသော အပေါက်ရှိသော ဇလုံပေါက်တစ်ခုကို ရှေး၌ထား၍ ထိုင်ပြီးလျှင် ---- ၁။ မီးပုံအောက်၌ လောင်နေသော မြက်ထင်းကိုလည်းကောင်း၊ ၂။ အထက်သို့ တက်သော အခိုးအညွန့်ကိုလည်းကောင်း ---
在席子、皮革、粗布或木板等物上开一个直径约一拃的圆孔,把有孔之物放在前方;也可在前方放置一个有约一拃圆孔的盆,坐下以后,不要作意:一、火堆下方正在燃烧的草木;二、向上升腾的烟焰——
原书第 596 页
နှလုံးမသွင်းမူ၍ အလယ်၌ မကျဲမူ၍ တစ်ခဲနက် တစ်လုံးတည်းအားဖြင့် တောက်လောင်နေသော မီး တောက် မီးလျှံ၌ ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ်ကို ယူပါလေ။ (ဝိသုဒ္ဓိ-၁-၁၆၆။) ဝဏ္ဏော န ပစ္စဝေက္ခိတဗ္ဗော၊ ဥဏှတ္တဝသေန လက္ခဏံ န မနသိကာတဗ္ဗံ။ (ဝိသုဒ္ဓိ-၁-၁၆၆။) ထိုသို့ တေဇောကသိုဏ်းနိမိတ်ကို ယူရာ၌ ထိုမီးတောက်မီးလျှံ၏ အညို အဝါ အနီစသည်အားဖြင့် ပြား- သော အရောင်ကို နှလုံးမသွင်းပါနှင့်။ အရောင်ကို နှလုံးသွင်းခဲ့သော် ဝဏ္ဏကသိုဏ်းဘက်သို့ ကူးသွားမည်ဖြစ်၏။
——而应从中央不稀疏、凝成一片燃烧的火焰取得取相与似相。(《清净道论》1-166。)巴利文(缅文转写):‘Vaṇṇo na paccavekkhitabbo, uṇhattavasena lakkhaṇaṃ na manasikātabbaṃ——不应省察颜色,不应依热性作意特相。’(《清净道论》1-166。)取得火遍之相时,不要作意火焰呈褐、黄、红等不同颜色,否则会转到色遍。
ထိုမီးတောက် မီးလျှံ၏ ပူသော လက္ခဏာကိုလည်း နှလုံးမသွင်းပါနှင့်။ ပူသော လက္ခဏာကို နှလုံးသွင်းပါက ဓာတ်ကမ္မဋ္ဌာန်းလမ်းဘက်သို့ ပြောင်းသွားမည် ဖြစ်၏။ ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးသည် တေဇောကသိုဏ်းကို ပွားရာ၌ မီးတောက်မီးလျှံ၏ ပူသော သဘောကို အာရုံယူမိသဖြင့် သမာဓိအရှိန်အဝါ အားကောင်း၍ ကသိုဏ်း ဝန်းသည်လည်း အရပ်ဆယ်မျက်နှာသို့ ပြန့်သွားသောအခါ မူလ နှလုံးသွင်းမိသော ပူသောသဘောမှာ အလွန် ထင်ရှားလာ၍ ထိုအပူရှိန်၏ ဒဏ်ချက်ကို မခံနိုင်သဖြင့် ထွက်ပြေးရဖူး၏။ မီးတောက်မီးလျှံတွေက ထိုယောဂီ၏ ခန္ဓာကို ဝိုင်း၍ လောင်နေကြသော ဟူ၏။ ထိုကြောင့် မီးတောက်မီးလျှံ၌ရှိသော အရောင်အဆင်း၏ တည်ရာ မီးကို အဆင်းနှင့်တကွသာလျှင် ပြု၍ တေဇောဓာတ် များပြားထူပြောသည်၏အစွမ်းဖြင့် တေဇော = မီးဟူသော လောကဝေါဟာရပညတ်၌ စိတ်ကိုထား၍ တေဇော တေဇော တေဇော = မီး မီး မီး ဟု နှလုံးသွင်းပွားများပါ။
也不要作意火焰的热性,否则会转到界业处。有一位瑜伽行者修火遍时取火焰热性为所缘;随着定力强盛、遍圆扩展十方,最初作意的热性变得极其显著,他无法承受热力,只得逃走;据说火焰仿佛围绕着他的身体燃烧。因此,应把火作为火焰颜色的所依而不离颜色,依火界占优势的力量,把心安置在‘tejo——火’这一世俗概念上,反复作意‘tejo、tejo、tejo’,即‘火、火、火’。
ဤသို့ ပွားများအားထုတ်သော ထိုယောဂါဝစရပုဂ္ဂိုလ်အား ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ်များ ဖြစ်ပေါ်လာမည် ဖြစ်၏။ (ဝိသုဒ္ဓိ-၁-၁၆၆ - ကြည့်ပါ။) ဤညွှန်ကြားချက်များနှင့်အညီ တေဇောကသိုဏ်းကို ပွားများအားထုတ်လိုသော အသင်ယောဂီ သူတော်- ကောင်းသည် မိမိရရှိထားပြီးသော စတုတ္ထစျာန်သမာဓိကို တစ်ဖန်ပြန်၍ ထူထောင်ပါ၊ ရှေးဦးစွာ ထမင်း ဟင်း ချက်ရာ မီးဖို၌ တည်ရှိသော မီးတောက်မီးလျှံ၌ အောက်ပိုင်းထင်းစ အပေါ်ပိုင်းမီးညွန့်တို့ကို မကြည့်ဘဲ အလယ် မီးတောက်ကိုသာ ကြည့်၍ တေဇောကသိုဏ်းနိမိတ်ကို ယူကြည့်ပါ။ မအောင်မြင်ခဲ့သော် ဆယ်လက်မခန့် အပေါက် ရှိသော ဇလုံပေါက်တစ်ခုကို ရှေးကခံထား၍ ထိုဇလုံပေါက်၏ ရှေး၌ တည်ရှိသော မီးတောက်မီးလျှံ၌ တေဇော ကသိုဏ်းနိမိတ်ကို ယူကြည့်ပါ၊ အောင်မြင်တတ်ပါသည်။ နိမိတ်သုံးမျိုး ဘာဝနာသုံးမျိုး သမာဓိသုံးမျိုးတို့ကို အစဥ်အတိုင်း ရရှိအောင် ကြိုးစားအားထုတ်ပါ။ ရှေးယခင်က အိမ်ကိုမီးလောင်ခြင်း၊ တောမီးလောင်ခြင်း စသည်
这样修习,取相与似相便会生起。(参见《清净道论》1-166。)依这些指示,想修火遍的贤善者应先重新建立已经获得的第四禅定;起初可观察炊事炉火,不看下方木柴或上方火舌,只看中央火焰,试取火遍之相。若不成功,可把一个开有约十英寸圆孔的盆置于前方,再取盆孔前面的火焰为相,往往能够成功。应努力依次获得三种相、三种修习与三种定。如果过去曾看见房屋失火、森林火灾等——
တို့ကို မြင်ခဲ့ဖူးလျှင်လည်း မိမိရရှိထားပြီးသည့် စတုတ္ထစျာန်သမာဓိ တစ်ခုခုကို ထူထောင်ပြီးနောက် ယင်းမီး- တောက်မီးလျှံ၏ အလယ်သားကို အာရုံယူ၍လည်း တေဇောကသိုဏ်းကို ပွားနိုင်ပါသည်။
——也可以先建立自己已经获得的某一种第四禅定,再取当时火焰的中央部分为所缘,修习火遍。
ထိုသို့ အားထုတ်သော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ဖြစ်ပေါ်လာသော ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ် နှစ်မျိုးတို့တွင် ဥဂ္ဂဟနိမိတ်ကား မီးတောက်မီးလျှံသည် ပြတ်၍ပြတ်၍ ကျသည်နှင့် တူသည်ဖြစ်၍ ထင်လာ၏။
这样用功时,取相与似相会在瑜伽行者的相续中生起;其中,取相显得像火焰不断断落。
ကသိုဏ်းဝန်းအဖြစ် မပြုပြင်အပ်သော မီးပုံ၌ တေဇောကသိုဏ်းနိမိတ်ကို ယူသော ပုဂ္ဂိုလ်အားကား ကသိုဏ်း၏ အပြစ်ဒေါသသည် ထင်ရှား၏၊ မီးအပိုင်းအစ = မီးထင်းစသည်လည်းကောင်း၊ မီးကျီးစု မီးကျီးခဲပုံသည်လည်း- ကောင်း၊ ပြာသည်လည်းကောင်း၊ မီးခိုးသည်လည်းကောင်း ထင်နေတတ်၏။ ပဋိဘာဂနိမိတ်သည်ကား မတုန် လှုပ်သည်ဖြစ်၍ ကောင်းကင်၌ ဖြန့်ခင်းထားအပ်သော ကမ္ဗလာပိုင်းကဲ့သို့လည်းကောင်း၊ ရွှေယပ်ဝန်းကဲ့သို့ လည်းကောင်း၊ ရွှေသည်တိုင်ကဲ့သို့လည်းကောင်း ထင်လာ၏။ ထိုယောဂါဝစရပုဂ္ဂိုလ်သည် ထိုပဋိဘာဂနိမိတ်၏ ထင်သည်နှင့် အတူတကွသာလျှင် ဥပစာရစျာန်သို့လည်းကောင်း အပ္ပနာစျာန်သို့လည်းကောင်း ရောက်ရှိနိုင်- ပေသည်။ (ဝိသုဒ္ဓိ-၁-၁၆၆။)
若从未经修成遍圆的火堆取得火遍之相,遍的瑕疵仍会明显显现:燃料木块、炭堆、灰烬与烟等都可能显现。似相则静止不动,像铺在空中的毯片、金色圆扇或金柱。似相一显现,瑜伽行者便能达到近行禅与安止禅。(《清净道论》1-166。)
原书第 597 页
ဝါယောကသိုဏ်း = လေကသိုဏ်း
风遍
ဝါယောကသိဏံ ဘာဝေတုကာမေနာပိ ဝါယုသ္မိံ နိမိတ္တံ ဂဏှိတဗ္ဗံ။ တဉ္စ ခေါ ဒိဋ္ဌဝသေန ဝါ ဖုဋ္ဌဝသေန ဝါ။ (ဝိသုဒ္ဓိ-၁-၁၆၇။) ဝါယောကသိုဏ်းကို ပွားများအားထုတ်လိုသော ယောဂါဝစရပုဂ္ဂိုလ်သည်လည်း လေ၌ နိမိတ်ကို ယူအပ် ၏။ ထို ဝါယောကသိုဏ်းနိမိတ်ကိုလည်း ---- ၁။ အမြင်၏ အစွမ်းဖြင့်လည်းကောင်း၊ ၂။ အတွေ့၏ အစွမ်းဖြင့်လည်းကောင်း --- ယူအပ်ပေသည်။ ထိုကြောင့် ---- ၁။ သစ်ပင်ဖျား သစ်ရွက်ဖျားစသည်တို့၌ တိုက်ခတ်၍နေသော လေကို ကြည့်၍ မြင်၍လည်း ဝါယောကသိုဏ်း နိမိတ်ကို ယူနိုင်၏။
巴利文(缅文转写):‘Vāyokasiṇaṃ bhāvetukāmenāpi vāyusmiṃ nimittaṃ gaṇhitabbaṃ. Tañca kho diṭṭhavasena vā phuṭṭhavasena vā。’(《清净道论》1-167。)想修风遍的瑜伽行者,应从风取得禅相;风遍之相可以依两种方式取得:一、依所见;二、依所触。因此,观察风吹动树梢、叶梢等,也能依所见取得风遍之相。
၂။ မိမိ၏ ကိုယ်အင်္ဂါ အစိတ်အပိုင်း တစ်နေရာ၌ လာရောက်တွေ့ထိနေသော လေကိုလည်း ဝါယောကသိုဏ်း နိမိတ်အဖြစ် ယူနိုင်၏။
二、也可以把触到身体某一部位的风,作为风遍之相。
မိမိ၏ ကိုယ်အင်္ဂါ၌ တွေ့ထိလာသော လေကို ဝါယောကသိုဏ်းနိမိတ်အဖြစ် ယူလိုသော် ရှေးဦးစွာ မိမိရရှိ ထားပြီးသော စတုတ္ထစျာန်သမာဓိကို တစ်ဖန်ပြန်၍ ထူထောင်ပါ။ လင်းရောင်ခြည်စွမ်းအင်များ အားကောင်း လာသောအခါ လေသာပြူတင်းပေါက်စသည်မှ ဝင်လာ၍ ကိုယ်အင်္ဂါ အစိတ်အပိုင်း တစ်နေရာ၌ လာရောက် ထိခိုက်သော လေအစု၌ သတိကို ဖြစ်စေ၍ ဝါတော ဝါတော ဝါတော = လေ လေ လေ ဟု နှလုံးသွင်း ပွားများပါ။
若要从接触身体的风取得风遍之相,应先重新建立自己已经获得的第四禅定;光明之力强盛时,把念置于从通风窗等处进入、触到身体某一部位的那股风,反复作意‘vāto、vāto、vāto’,即‘风、风、风’。
အကယ်၍ သစ်ပင်ဖျား သစ်ရွက်ဖျားစသည်တို့၌ တိုက်ခတ်၍နေသော လေကိုကြည့်၍ နိမိတ်ကို ယူလိုခဲ့ သော် ရှေးဦးစွာ မိမိရရှိထားပြီးသော စတုတ္ထစျာန်သမာဓိကို ထူထောင်ပြီးနောက် လင်းရောင်ခြည်စွမ်းအင်များ အားကောင်းလာသောအခါ ထိုလင်းရောင်ခြည်၏ အကူအညီဖြင့် ထိုလေကို မြင်အောင်ကြည့်၍ ထိုလေ၌ သတိကို ဖြစ်စေ၍ ဝါတော ဝါတော ဝါတော = လေ လေ လေ ဟု နှလုံးသွင်းပွားများပါ။ နိမိတ်သုံးပါး၊ ဘာဝနာ သုံးပါး၊ သမာဓိသုံးမျိုးလုံးရအောင် အစဥ်အတိုင်း ပွားများအားထုတ်ပါ။
若要观察吹动树梢、叶梢的风而取相,也应先建立自己已经获得的第四禅定;光明之力强盛时,借助光明看见那股风,把念置于风上,反复作意‘vāto、vāto、vāto’,即‘风、风、风’。应依次修习,获得三种相、三种修习与三种定。
ဥဂ္ဂဟနိမိတ်ကား ခုံလောက် = ဖိုခနောက်မှ ချအပ်ကာမျှဖြစ်သော နို့ဃနာဆွမ်း၏ အခိုးအငွေ့အလုံးနှင့် တူစွာ တုန်လှုပ်သည် ဖြစ်၍ ထင်လာ၏။ ပဋိဘာဂနိမိတ်သည်ကား ငြိမ်သက်သော အနေအထိုင်ရှိသည် မတုန် လှုပ်သည်ဖြစ်၍ ထင်လာ၏။ ကြွင်းနည်းတူ မှတ်လေ။ (ဝိသုဒ္ဓိ-၁-၁၆၇။)
取相显得晃动,如刚从炉架上端下来的浓乳粥所冒出的团团蒸气;似相则安静不动。其余方法类推而知。(《清净道论》1-167。)
အာလောကကသိုဏ်း = အလင်းရောင်ကသိုဏ်း
光明遍
အာလောက ကသိုဏ်းကို နိမိတ်ယူလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ---- ၁။ နံရံပေါက်ဖြင့် ဝင်၍ ထင်လာသော လရောင် နေရောင်အဝန်း၊ ၂။ သံကောက်ပေါက်ဖြင့် ဝင်၍ ထင်လာသော လရောင် နေရောင်အဝန်း၊ ၃။ လေသောက်တံခါးပေါက်ဖြင့် ဝင်၍ ထင်လာသော လရောင် နေရောင်အဝန်း --- ဤအဝန်း တစ်ခုခု၌ နိမိတ်ကို ယူနိုင်၏။ (ဝိသုဒ္ဓိ-၁-၁၆၉။)
想取得光明遍之相的瑜伽行者,可以从下列任一种光圈取得禅相:一、月光或日光从墙洞射入形成的光圈;二、月光或日光从格栅孔射入形成的光圈;三、月光或日光从通风窗射入形成的光圈。(《清净道论》1-169。)
原书第 598 页
အာလောကကသိုဏ်းဘာဝနာလုပ်ငန်း၌ ပြုအပ်ခဲ့ဖူးသော အဓိကာရကောင်းမှုကုသိုလ် ပါရမီရှိသော ပုဂ္ဂိုလ်အား နံရံပေါက်စသည်တို့တွင် တစ်ခုခုသော အပေါက်ဖြင့် နေရောင်သည်လည်းကောင်း လရောင်သည် လည်းကောင်း ဝင်၍ နံရံ၌လည်းကောင်း မြေ (= ကြမ်းပြင်) ၌လည်းကောင်း ထင်လာသော အလင်းရောင် အဝန်းကို မြင်၍သာလျှင် ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ်သည် ဖြစ်ပေါ်လာနိုင်၏။ တစ်ခဲနက်ထူသော အရွက်ရှိ- သော သစ်ပင်၏ အခက်ကြားဖြင့်လည်းကောင်း၊ တစ်ခဲနက်ထူသော သစ်ခက်မဏ္ဍပ်ကြားဖြင့်သော်လည်းကောင်း ထွက်၍ မြေ၌သာလျှင် ထင်လာသော အရောင်အဝန်းကို မြင်၍သာလျှင်လည်း ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ်သည် ဖြစ်ပေါ်လာနိုင်၏။ (ဝိသုဒ္ဓိ-၁-၁၆၉။) အာလောကကသိုဏ်း ဘာဝနာလုပ်ငန်း၌ ဖြည့်ဆည်းပူးခဲ့သော ပါရမီအရှိန်အဝါ အားပျော့သော ယောဂါ ဝစရပုဂ္ဂိုလ်သည်ကား အထက်တွင် ဖော်ပြခဲ့သော အလင်းရောင်သုံးမျိုးတို့တွင် တစ်မျိုးမျိုး၌ အာလောကော
过去曾在光明遍修习中积累相应善业巴拉密者,仅看见日光或月光从墙洞等孔隙射入,在墙壁或地面上形成的光圈,便能生起取相与似相;仅看见光线穿过枝叶茂密的树隙或浓密棚架,在地面形成的光圈,也能生起取相与似相。(《清净道论》1-169。)修习光明遍的巴拉密较弱者,则应从上述三类光中任选一种,反复作意‘āloko——
အာလောကော အာလောကော = အလင်းရောင် အလင်းရောင် အလင်းရောင် ဟု နှလုံးသွင်းပွားများပါ။
——āloko、āloko’,即‘光明、光明、光明’。
မအောင်မြင်ခဲ့သော် အိုးတစ်လုံး၏အတွင်း၌ ဆီမီးကို ညှိထွန်း၍ အိုးဝကိုပိတ်၍ အိုး၌ အပေါက်တစ်ခု ပြုလုပ်၍ နံရံသို့ ရှေးရှုတည်ထားပါ။ ထိုဖောက်ထားသောအပေါက်မှ ဆီမီးရောင်သည် ထွက်၍ နံရံ၌ အဝန်းအဝိုင်း ထင်နေ ပေမည်။ ထိုနံရံ၌ ထင်နေသော ဆီမီးရောင် အဝန်းအဝိုင်းကို အာလောကော အာလောကော အာလောကော = အလင်းရောင် အလင်းရောင် အလင်းရောင် ဟု နှလုံးသွင်းပွားများပါလေ။ ဤသို့ ပြုပြင်စီမံထားသော အလင်းရောင်ကသိုဏ်းဝန်းကား လရောင် နေရောင်တို့ကြောင့် ထင်နေသော ကသိုဏ်းဝန်းထက် ပို၍ တာရှည် ခံပေသည်။ (ဝိသုဒ္ဓိ-၁-၁၆၉။) အာနာပါနဿတိသမာဓိကို စတုတ္ထစျာန်သမာဓိသို့ တိုင်အောင်လည်းကောင်း အခြားအခြားသော ကသိုဏ်း တို့၌ စတုတ္ထစျာန်သမာဓိသို့ တိုင်အောင်လည်းကောင်း သမာဓိကို ထူထောင်ထားပြီးသော ယောဂါဝစရပုဂ္ဂိုလ် သည် ညနေချမ်းအခါ သို့မဟုတ် နံနက်ခင်းအခါဝယ် ထူထဲသော သစ်ခက်သစ်ရွက်ရှိသော သစ်ပင်၏ အကြားမှ
若仍未成功,可以在罐内点灯,封住罐口,在罐身开孔,使孔口朝向墙壁;灯光会从孔中射出,在墙上形成圆形光圈。应对墙上的灯光圆圈反复作意‘āloko、āloko、āloko’,即‘光明、光明、光明’。这样制成的光明遍圆,比日光、月光形成的遍圆维持得更久。(《清净道论》1-169。)已经建立入出息念第四禅或其他诸遍第四禅的瑜伽行者,也可以在傍晚或清晨,取从枝叶茂密的树间——
မြင်တွေ့ရသော နေရောင်ခြည်၏ အလင်းရောင်ကို အာရုံယူ၍ အာလောကကသိုဏ်းနိမိတ်ကို ရယူခဲ့သော် လွယ်လွယ်ကူကူပင် နိမိတ်ကိုယူ၍ ရတတ်ပေ၏၊ အလင်းရောင်စွမ်းအင်မှာလည်း ပို၍အားကောင်းတတ်ပေသည်။
——所见日光为所缘,取得光明遍之相;这样往往很容易取到禅相,光明之力也更强。
မှောင်မိုက်နေသော ညဥ့်အခါဝယ် ယင်းကဲ့သို့သော ကသိုဏ်းဝန်းနိမိတ်ကို ဖြန့်ကြက်ခဲ့သော် ကသိုဏ်းဝန်းကို ဖြန့်ကြက်ထားပြီးရာ အရပ်အတွင်း၌တည်ရှိနေသော အလင်းရောင်မှာ နေ့အခါ၌ကဲ့သို့ပင် လင်းနေသော ဟူ၏။
据说,若在黑夜把这样的遍圆之相扩大,遍圆所扩展的范围内会像白昼一样明亮。
အင်္ဂုတ္တရနိကာယ် သတ္တကနိပါတ် ပစလာယမာနသုတ္တန် (အံ-၂-၄၆၃။) ၌ လာရှိသော ဘုရားရှင်၏ ညွှန်ကြားတော် မူချက်နှင့် ညီညွတ်လျက်ပင် ရှိပေသည်။
这正符合《增支部·七集·睡意经》(AN 7.61;《增支部》2-463)中佛陀的教导。
ဤအာလောကကသိုဏ်း၌ ဥဂ္ဂဟနိမိတ်သည် နံရံ၌လည်းကောင်း၊ မြေ = ကြမ်းပြင်၌လည်းကောင်း၊ သစ် ခက် သစ်ရွက်ကြား စသည်၌လည်းကောင်း ထင်နေသော ပကတိအလင်းရောင် အဝန်းအဝိုင်းနှင့် တူ၏။ ပဋိ- ဘာဂနိမိတ်သည်ကား ဘုရားရှင်၏ တစ်လံမျှလောက်သော ရောင်ခြည်တော်ဝန်းကဲ့သို့ တစ်ခဲနက် အတုံးလိုက် အခဲလိုက် ဖြစ်၍ အထူးကြည်လင်လှသော အလင်းရောင်အစုနှင့် တူ၏။ ကြွင်းနည်းတူ မှတ်ပါ။
光明遍的取相,与墙壁、地面、枝叶间等处实际显现的自然光圈相似;似相则像佛陀周身一寻的光轮,凝成一团极其澄澈的光明。其余方法类推而知。
(ဝိသုဒ္ဓိ-၁-၁၆၉။)
(《清净道论》1-169。)
ဤအာလောကသညာ ခေါ် အာလောကကသိုဏ်းမှာ ထိနမိဒ္ဓ ပယ်ဖျောက်ရေးတွင် အကောင်းဆုံးသော လက်နက်တစ်မျိုး ဖြစ်၏။ အင်္ဂုတ္တိုရ်ပါဠိတော် သတ္တကနိပါတ် ပစလာယမာနသုတ္တန်၌ ဘုရားရှင်သည် ထိနမိဒ္ဓ ပျောက်ကင်းကြောင်း တရား (၇)မျိုးကို ခွဲခြားဟောကြားထားတော်မူ၏။ ယင်း (၇)မျိုးတို့တွင် ဤအာလောက သညာသည်လည်း တစ်ခုအပါအဝင် ဖြစ်သည်။ နိဗ္ဗာန်ကို လိုလားတောင့်တလျက်ရှိသော ယောဂါဝစရပုဂ္ဂိုလ်တိုင်း
这种光明想,即光明遍,是驱除昏沉睡眠的最佳利器之一。《增支部·七集·睡意经》中,佛陀分别开示了驱除昏沉睡眠的七种方法,光明想就是其中之一。每一位渴望涅槃的瑜伽行者——
原书第 599 页
သမထကမ္မဋ္ဌာန်းပိုင်း -- အာကာသကသိုဏ်း လက်ကိုင်ထားသင့်သော ကမ္မဋ္ဌာန်းတစ်ခုပင် ဖြစ်သည်။ ဒိဗ္ဗစက္ခုအဘိညာဏ်၏ အခြေခံကသိုဏ်းတို့တွင် ဤ အာလောကကသိုဏ်းမှာ အကောင်းဆုံး အမြတ်ဆုံးသော ကသိုဏ်းတစ်ခုပင် ဖြစ်သည်။
——都应把它作为一项常用业处。在作为天眼通基础的诸遍中,光明遍也是最殊胜的一种。
အာကာသကသိုဏ်း = ကောင်းကင်ကသိုဏ်း
限定虚空遍(虚空遍)
၁။ နံရံပေါက်၌သော်လည်းကောင်း၊ ၂။ သံကောက်ပေါက်၌သော်လည်းကောင်း၊ ၃။ လေသောက်ပြူတင်းပေါက်ကြား၌သော်လည်းကောင်း --- အာကာသ ကသိုဏ်း = အကြားအပေါက် ကသိုဏ်း = ကောင်းကင် ကသိုဏ်းနိမိတ်ကို ရယူနိုင်ပေသည်။
可以从下列孔隙取得限定虚空遍之相:一、墙洞;二、格栅孔;三、通风窗的孔隙。限定虚空遍也就是孔隙遍、虚空遍。
ရှေးရှေးဘဝက အာကာသကသိုဏ်း ဘာဝနာလုပ်ငန်း၌ ပြုအပ်ခဲ့ဖူးသော အဓိကာရကောင်းမှု ကုသိုလ် ရှိသသူအား နံရံပေါက်စသော အကြားအပေါက်တစ်ခုခုကို တွေ့မြင်ခဲ့သော် ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ်သည် လွယ်ကူစွာပင် ဖြစ်ပေါ်လာနိုင်၏။ အဓိကာရ ကောင်းမှုကုသိုလ် အားနည်းသူကား နေပြောက်မထိုးရအောင် ကောင်းစွာမိုးထားအပ်သော မဏ္ဍပ်၌သော်လည်းကောင်း၊ သားရေ၊ ဖျာစသည်တို့တွင် တစ်ခုခု၌သော်လည်း- ကောင်း တစ်ထွာ လက်လေးသစ် စသည်ပမာဏရှိသော ဝန်းဝိုင်းသော အပေါက်ကို ပြုလုပ်၍ ထိုကသိုဏ်းဝန်း အဖြစ် ပြုလုပ်ထားအပ်သော အပေါက်ကိုသော်လည်းကောင်း၊ နံရံပေါက်စသော တစ်ခုခုသော အပေါက်ကိုသော် လည်းကောင်း အာကာသကသိုဏ်းနိမိတ်အဖြစ် အာရုံယူ၍ အာကာသော အာကာသော အာကာသော = ကောင်းကင် ကောင်းကင် ကောင်းကင် ဟူ၍ နှလုံးသွင်းပွားများအပ်၏။
过去生曾在限定虚空遍修习中积累相应善业者,一看见墙洞等孔隙,便很容易生起取相与似相。相应善业较弱者,可在遮蔽严密、阳光无法穿透的棚中,或在皮革、席子等物上,开一个直径约一拃或四指的圆孔;以这个制成的遍圆孔,或墙洞等任一孔隙作为限定虚空遍之相,反复作意‘ākāso、ākāso、ākāso’,即‘虚空、虚空、虚空’。
အကယ်၍ အောင်မြင်မှု မရခဲ့လျှင် တစ်ထွာခန့် တစ်ပေခန့် အပေါက်အဝိုင်းတစ်ခုကို သစ်သားပျဥ်ချပ်တွင် စက်ဝိုင်းကျကျ ဖောက်ပါ။ ထိုအာကာသကသိုဏ်းဝန်းပါသော ပျဥ်ချပ်ကို သစ်ပင် မိုးသား တိမ်ရိပ်စသော အပြစ် ကင်းစင်သည့် ကောင်းကင်ဘက်သို့ မြှောက်၍ ကိုင်ထားပါ။ ထိုအဝန်းအဝိုင်း အာကာသနိမိတ်ကို ပျဥ်ပြားချပ် ဝန်းကျင်အတွင်း၌ စိတ်စိုက်၍ အာရုံယူကြည့်ပါ။ ကသိုဏ်းဝန်းအပေါက်ကို ကျော်လွန်၍ ကောင်းကင်ဘက်သို့ လိုက်မကြည့်ပါနှင့်။ ပျဥ်ပြားချပ်တွင် ဖောက်ထွင်းထားသော ကသိုဏ်းဝန်း၌သာ အာကာသကသိုဏ်းနိမိတ်ကို ယူပါ။ အကယ်၍ လွယ်ကူစွာဖြင့် နိမိတ်ကိုယူ၍ မရဖြစ်နေသေးလျှင် မိမိရရှိထားပြီးသော စတုတ္ထစျာန်သမာဓိကို တစ်ဖန်ပြန်၍ ထူထောင်ပါ။ ထိုနောင် ပုံစံတူပင် အာကာသကသိုဏ်းဝန်းနိမိတ်ကို မျက်စိဖွင့်၍ ပြန်ယူကြည့်ပါ။
若不成功,可在木板上开一个直径约一拃或一英尺的圆孔,把带孔木板举向没有树木、云层或阴影等瑕疵的天空;只把木板孔内的圆形虚空作为所缘,不要越过遍圆孔追看外面的天空,只从木板的圆孔取得限定虚空遍之相。如果仍不容易取相,应重新建立自己已经获得的第四禅定,然后照样睁眼再取限定虚空遍圆之相。
မျက်စိမှိတ်လိုက်သောအခါ ဥဂ္ဂဟနိမိတ်သည် ထင်လာပါက အောင်မြင်မှုကို ရရှိပေပြီ။ အောင်မြင်မှုရရှိသောအခါ နိမိတ်ကိုခိုင်အောင် အနည်းငယ် ဆက်လက်လေ့ကျင့်၍ မိမိအလိုရှိရာ အရပ်သို့သွား၍ ထိုင်လျက် ပွားများနိုင် ပေသည်။
闭眼以后,取相若仍显现,就已经成功。成功以后,继续稍加练习使禅相稳固,再到自己喜欢的地方坐下修习。
မိမိကြိုက်နှစ်သက်ရာ နေရာ၌ ထိုင်သောအခါ မိမိရရှိထားပြီးသည့် သမာဓိများကို တစ်ဖန်ပြန်၍ ထူထောင်ပါ။ ထိုနောင် မိမိရရှိထားပြီးဖြစ်သည့် အာကာသကသိုဏ်းဝန်းနိမိတ်ကိုပင် တစ်ဖန်ပြန်၍ အာရုံယူပါ။
在自己喜欢的地方坐下时,应重新建立已得的诸定,再次取已经获得的限定虚空遍圆之相为所缘。
ရှေးရှေး ဘာဝနာသမာဓိတို့၏ အားကြီးသောမှီရာ ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြုပေးမှု အရှိန်အဝါသတ္တိထူးကို ဆက်ခံရသော နောက်နောက်သော ဘာဝနာသမာဓိမှာလည်း လွယ်ကူချောမောလျက်ပင် ရှိနေတတ်ပါသည်။
从前诸修习定以强力亲依止之力给予助益,承接这种强大作用的后续修习定,往往也会顺利、容易地生起。
ဤအာကာသကသိုဏ်း၌ ဥဂ္ဂဟနိမိတ်သည် နံရံပေါက်စသည်တို့နှင့် အတူတကွ ထိုမူလနံရံပေါက်စသည် တို့နှင့် တူသည်သာလျှင် ဖြစ်ပေသည်။ ဥဂ္ဂဟနိမိတ်အခိုက်၌ ဘာဝနာစွမ်းအား နည်းပါးသည့်အတွက်ကြောင့် ကသိုဏ်းဝန်းကို တိုးပွားအောင် ပြုလုပ်သော်လည်း မတိုးပွားနိုင်သေးပေ။ ပဋိဘာဂနိမိတ်ကား နံရံစွန်းစသည် မထင်တော့ဘဲ ကောင်းကင်အဝန်းသက်သက်သာ ဖြစ်၍ ထင်လာတော့သည်။ ထိုအခါ အာကာသကသိုဏ်း
限定虚空遍的取相仍与原来的墙洞等一同显现,和原来的墙洞等相似;在取相阶段,修习力还弱,即使尝试扩大遍圆,也不能扩大。似相则不再显现墙缘等,只显现纯粹的虚空圆;这时,限定虚空遍——
原书第 600 页
ဘာဝနာလုပ်ငန်း အာကာသကသိုဏ်း ဘာဝနာသမာဓိသည် မြဲမြံသွားပြီ ဖြစ်သောကြောင့် ကသိုဏ်းဝန်းကို တိုးပွားစေသော်လည်း ကသိုဏ်းဝန်းသည် တိုးပွားလာနိုင်ပေသည်။ ကြွင်းနည်းတူပြီ။ (ဝိသုဒ္ဓိ-၁-၁၆၉။) ကသိုဏ်း (၁ဝ)ပါး ဤတွင် ပြီးဆုံးသွားပြီ ဖြစ်ပါသည်။ ကသိုဏ်းဆယ်ပါးတို့၌ ကသိုဏ်းတိုင်း ကသိုဏ်း တိုင်းဝယ် စတုတ္ထစျာန်သမာဓိသို့ ဆိုက်အောင် အကြိမ်ကြိမ် အဖန်ဖန် အထပ်ထပ် ပွားများအားထုတ်ပါလေ။
——修习与定已经稳固,所以扩大遍圆时,遍圆也能随之扩大。其余方法类推而知。(《清净道论》1-169。)至此十遍已经讲完。对于十遍中的每一遍,都应反复修习,直至达到第四禅定。
ထိုသို့ ကြိုးစားအားထုတ်နိုင်ပါက မည်သည့်အရာဝတ္ထုနှင့် တွေ့ကြုံရသည်ဖြစ်စေ ကသိုဏ်းဝန်းနိမိတ်အဖြစ် အာရုံယူ၍ ရနိုင်သည့် အရာဝတ္ထုမှန်ပါက ကသိုဏ်းနိမိတ်အဖြစ် လှမ်း၍ အာရုံယူလိုက်သည်နှင့် တစ်ပြိုင်နက် ကသိုဏ်းနိမိတ်ကို လွယ်လွယ်ကူကူပင် ရယူနိုင်ပေသည်။ သက်ရှိ သက်မဲ့ ကာမဝတ္ထုအစုစုမှ ဘာဝနာဟူသော အနှစ်ကို ထုတ်ယူတတ်ပါက ယခုကဲ့သို့သော ယောနိသောမနသိကာရ ထင်ရှားရှိနေသော ယောဂါဝစရပုဂ္ဂိုလ် တစ်ဦးအဖို့ စတုတ္ထစျာန်သမာဓိကဲ့သို့သော ဘာဝနာအနှစ်သာရများကား လွယ်လွယ်ကူကူပင် ထွက်ပေါ်လာမည် ဖြစ်ပေသည်။ ယင်းစတုတ္ထစျာန်သမာဓိကို အခြေခံ၍ ဝိပဿနာသို့ ကူးတက်သွားပါက ယင်းသမာဓိတရားတို့က အရဟတ္တဖိုလ်ရသည်တိုင်အောင် ကျေးဇူးပြုနေမည်သာ ဖြစ်ပေသည်။ ယခုအခါ၌ကား ကသိုဏ်းပညတ်ကို အာရုံယူ၍ ရရှိသော စတုတ္ထစျာန်သမာဓိကို အခြေခံ၍ အရူပစျာန်များကို ပွားများအားထုတ်ပုံ အပိုင်းကို
如果能够这样努力,无论遇到什么事物,只要它可以作为遍圆之相的所缘,远取它为遍相时,就能轻易获得遍相。如果懂得从一切有生命、无生命的欲乐对象中提取名为修习的精髓,对于这样具足如理作意的瑜伽行者,第四禅定等修习精髓便会轻易生起。以第四禅定为基础转修毗婆舍那,这些定法甚至能助益他达到阿罗汉果。接下来,本书将说明如何以缘取遍概念所得的第四禅定为基础,修习诸无色禅——
ဆက်လက်၍ ရေးသားတင်ပြအပ်ပါသည်။
——的方法。